← Chapters

အခန်း (၇၁၅-၇၁၇)

Vol. 48 Ch. 715-717

အခန်း (၇၁၅-၇၁၇)

Vol. 48 Ch. 715-717

အပိုင်း ( 715 )

ပျက်စီးခြင်း ၂

သူ၏မျက်လုံးများထဲတွင် ရုန်းကန်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

“ ဆရာ “

ရွှေရောင်မီးလျှံ ပျံထွက်လာခဲ့ပြီး၊ နီရဲနေသော မျက်လုံးများဖြင့် ကျယ်လောင်စွာ အော်ဟစ်ကာ၊ လူသားဧကရာဇ်ကို နှိုးရန် ကြိုးပမ်းနေတော့သည်။

သူမကို မြင်လိုက်ရသောအခါတွင် လူသားဧကရာဇ်၏ မျက်လုံးများထဲတွင် ရှိနေသည့် ရုန်းကန်မှုများက ပိုမိုအားကောင်းလာခဲ့သည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်၊ လူသားဧကရာဇ်၏ မျက်လုံးများ ရုတ်တရက် နီရဲသွားခဲ့ပြီး၊ ရူးသွပ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ သတ် သတ် သတ် “

သူသည် ရူးသွပ်သွားပုံရကာ ကောင်းကင်ဘုံကို ဟိန်းဟောက်နေတော့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို မြင်တွေ့သွားခဲ့ပြီး၊ တစ်ဖက်လူက လူသားရုပ်သေးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း၊ အသိစိတ်ကျန်ရှိနေသေးသည်ဟု ယုံကြည်သွားခဲ့သည်။

အန္တိမနယ်ပယ်သို့ ရောက်ရှိသွားသောအခါတွင်၊ အသက်က ကောင်းကင်ဘုံကဲ့သို့ ထာဝရတည်တံ့ကာ၊ သက်တမ်းမှာလည်း အဆုံးမဲ့သွားသည်။

ရုပ်ခန္ဓာနှင့် ရှေးဦးဝိညာဥ်နှစ်ခုစလုံးက ဖျက်စီး၍ မရသော၊ မသေဆုံးသွားသော အသိစိတ်နှင့်အတူ ထာဝရတည်တံ့နေသည်။

ထိုကဲ့သို့သော တည်ရှိမှုများက ရုပ်သေးအဖြစ် ပြောင်းလဲသွားမည်ဆိုလျှင်တောင်မှ၊ အသက်မီးပွားကို ကိုင်ဆောင်ထားနိုင်သေးပြီး၊ တဖန်ပြန်၍ ရှင်သန်နိုင်ဦးမည် ဖြစ်သည်။

“ လူသားဧကရာဇ် စည်းတံဆိပ် “

ကြယ်တာရာ T-Rex နတ်ဘုရားက ကြီးမားသော ဧရာမ ရွှေရောင်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

သူ၏ယခုလက်ရှိ ကျင့်ကြံရေးနှင့်သာဆိုပါက၊ အဆိုပါ စည်းတံဆိပ်၏ စွမ်းအားမှာ မှန်းဆ၍ပင် ရလိမ့်မည် မဟုတ်ပေ။

စည်းတံဆိပ်ပေါ်ပေါက်လာသောကြောင့်၊ လေထုနှင့် တိမ်သားတိမ်စိုင်များ ချက်ချင်းပြောင်းလဲသွားခဲ့ပြီး၊ မိုင်သန်းချီသော ဧရိယာအတွင်းရှိ အမှောင်ထု ကွယ်ပျောက်သွားကာ၊ ရွှေရောင်အလင်းတန်းမှာ ဘုံကိုးဆင့် ကောင်းကင်ဘုံကိုပင် ထိုးဖောက်သွားခဲ့သည်။

“ သွား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် နိယာမ စွမ်းအားတစ်ခုကို ထုတ်လွှတ်လာခဲ့ပြီး၊ လူသားဧကရာဇ် စည်းတံဆိပ်ကို ကြီးမားသွားစေကာ၊ လူသားဧကရာဇ်ကို ဖိနှိပ်နေတော့သည်။

လူသားဧကရာဇ်မှာ အော်ဟစ်ဟိန်းဟောက်လာခဲ့ပြီး၊ လူသားဧကရာဇ် စည်းတံဆိပ်ကို တိုက်ခိုက်ရန်အတွက် သူ၏လက်သီးကို မြှောက်လာခဲ့သည်။

“ ဘုမ်းးး “

လူသားဧကရာဇ် စည်းတံဆိပ်မှာ လူသားဧကရာဇ်၏ လက်မောင်းကို ထိမှန်သွားခဲ့ကာ၊ အသွေးအသားကို ပေါက်ကွဲသွားစေပြီး၊ ရွှေရောင်သွေးများ စီးကျလာစေခဲ့သည်။

“ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ စွမ်းအားလဲ “ ထိုမြင်ကွင်းကို မြင်လိုက်ရသောအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားကပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူ၏ အန္တိမ အထွတ်အထိပ် စွမ်းအားဖြင့် အန္တိမအဆင့် ပညာရှင်ကို အမှန်တကယ် ဒဏ်ရာရသွားစေခဲ့သည်။

သူက အန္တိမအဆင့်သို့ မရောက်သေးသော်လည်း၊ လူသားဧကရာဇ် စည်းတံဆိပ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို လုံလုံလောက်လောက် ပြသနိုင်ခဲ့သည်။

သို့သော် အဆိုပါ စည်းတံဆိပ်တစ်ခုတည်းကို မှီခိုကာ အန္တိမအဆင့် ပညာရှင်ကို တန်ပြန်တိုက်ခိုက်ရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

“ ဝရုန်းးးး “

လူသားဧကရာဇ်မှ လူသားဧကရာဇ် စည်းတံဆိပ်ကို ထိုးချလိုက်ရာ၊ မျက်စိကျိန်းသွားစေလောက်သည်အထိ တောက်ပေသော လက်သီးအလင်းတန်းတစ်ခု ဆင်းသက်လာခဲ့သည်။

“ ဘမ်း “

တောက်ပသော လက်သီးအလင်းတန်းမှာ အလွန်တရာ စူးရှနေခဲ့ကာ၊ ရပ်တန့်၍ မရလောက်အောင်အထိ အားကောင်းနေခဲ့ကာ၊ စကြာဝဠာ နိယာမကပင် မတားဆီးနိုင်ဘဲ၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိုးချလာခဲ့သည်။

ဝှစ်

လက်သီးထိုးချက် တစ်ခုသည် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေရန် လုံလောက်နေခဲ့သည်။

၎င်းမှာ အန္တိမ ပညာရှင်၏ စွမ်းအားဖြစ်သည်။

၎င်းသည် နိယာမ နတ်စွမ်းအားကို အသုံးမပြုဘဲ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့်သာ တိုက်ခိုက်လာခဲ့သည့် တိုက်ကွက်တစ်ခုဖြစ်သည်။

သို့သော် ၎င်းကပင် အန္တိမ အထွတ်အထိပ် ပညာရှင်များ တောင့်ခံနိုင်သည်ထပ် ကျော်လွန်နေခဲ့သည်။

အထွတ်အထိပ်နယ်ပယ်နှင့် ပေါင်းစပ်ဒြပ်စင်နယ်ပယ်တို့ကြားတွင် တိုင်းတာ၍ မရသော ချောက်နက်တစ်ခု ရှိနေခဲ့ပြီး၊ မည်မျှပင် ထူးချွန်ထက်မြက်နေပါစေ၊ ထိုကွာဟချက်ကို ဖာထေးရန် မည်သို့မျှ မဖြစ်နိုင်လှပေ။

“ သတ် “ လူသားဧကရာဇ်သည် အော်ဟစ်ဟိန်းဟောက်ကာ၊ လက်သီးချက်ဆယ်ခုကျော်ကို ဆက်တိုက် ပစ်သွင်းလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခုလုံး တောက်ပသွားခဲ့သည်၊ ဆယ်ခုထပ်ပိုသော လက်သီးအလင်းတန်းတို့မှာ အမှောင်နယ်မြေကို လင်းထိန်သွားစေခဲ့သည်။

ထို့နောက်၌ အဆိုပါ လက်သီးအလင်းတန်းများသည် ကြယ်တာရာ T-Rex နတ်ဘုရားအပေါ်သို့ မိုးရွာသွန်းနေသကဲ့သို့ ဆင်းသက်လာခဲ့သည်။

“ ဖွင့် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ဓားကို လွှဲရမ်းလာခဲ့ရာ၊ လူသားဧကရာဇ်ဓားသည် ဟင်းလင်းပြင်ကို ပြိုကွဲသွားစေခဲ့ကာ၊ အံ့ဖွယ်ကောင်းသော ရွှေ‌ရောင်ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

ဓားအလင်းတန်းသည် ကမ္ဘာမုန်တိုင်းကို ဖြစ်ပေါ်လာစေခဲ့ပြီး၊ မြေပြင်ကို ပိုင်းဖြတ်ကာ၊ ဟင်းလင်းပြင်အတွင်းတွင် ကမ္ဘာများကို မျောလွင့်လာစေခဲ့သည်။

အဆိုပါ ဓားချက်တစ်ခုတည်းဖြင့်၊ ကမ္ဘာပင်လယ် ပေါ်ထွက်လာခဲ့ပြီး၊ များပြားလွန်းလှသော သက်ရှိအဖွဲ့အစည်းများ မွေးဖွားလာခဲ့သည်။

၎င်းသည် စကြာဝဠာ နိယာမ စွမ်းအားနှင့် ပေါင်းစည်းထားကာ၊ သူ၏ နိယာမအားလုံးဖြင့် စုစည်းထားသည့်၊ သူ့ဘဝသက်တမ်းတစ်လျှောက်လုံး၏ အစွမ်းအထက်ဆုံး ဓားချက်ဖြစ်သည်။

ဓားချက်တစ်ချက်ဖြင့် ကမ္ဘာတစ်ခွင်လုံး မှောင်မိုက်သွားခဲ့သည်။

“ ဝရုန်းးးး “

ဓားအလင်းတန်းသည် လက်သီးအလင်းတန်းများနှင့် တိုက်မိသွားပြီး၊ ကမ္ဘာမြေ လှုပ်ခါသွားစေနိုင်သည့် လှိုင်းလုံးများကို ချက်ချင်း ထုတ်လွှင့်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများသည် ကမ္ဘာပင်လယ်အတွင်းတွင် ရှိနေသည့် မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော သက်ရှိအဖွဲ့အစည်းများကို ဖျက်စီးသွားခဲ့သည်။

“ ခရက် “ ဟင်းလင်းပြင်သည် တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲသွားခဲ့ပြီး၊ ထောင်နှင့်ချီသော အလွှာပေါင်းများစွာကို မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုကွဲသွားစေကာ၊ ထာဝရ တည်တံ့သော ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားစေခဲ့သည်။

နောင်အနာဂတ်တွင် ဤနယ်မြေမှာ ပျက်စီးခြင်း နယ်မြေတစ်ခု ဖြစ်လာတော့မည်ဖြစ်ပြီး၊ ဤနေရာသို့ ချဥ်းကပ်လာကြသည့် သက်ရှိသတ္တဝါတိုင်းမှာ ဟင်းလင်းပြင်အတွင်းသို့ ကျဆင်းသွားကာ၊ စိတ်ဝိညာဥ်များ ဖျက်စီးခံလိုက်ရမည် ဖြစ်သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်များကပင် ဤနေရာနားသို့ ရောက်လာချိန်တွင် သေခြင်းရှင်ခြင်း အကြပ်အတည်းကို ခံစားလိုက်ရမည် ဖြစ်သည်။

“ ဝရုန်းးး “

ဓားချက်တစ်ချက်က လက်းသီးအလင်းတန်းပေါင်းများစွာကို ဖျက်စီးသွားခဲ့သော်လည်း၊ တော်တော်များများ ကျန်ရှိနေသေးသည်။

လက်သီးအလင်းတန်း ဆယ်ခုနီးပါးမှာ ကြယ်တာရာ T-Rex နတ်ဘုရားအပေါ်သို့ ကျဆင်းလာခဲ့သည်။

ဤအဆင့် တိုက်ပွဲများအတွင်း၌၊ တိုက်ခိုက်မှုများ စတင်ပြုလုပ်သည်နှင့်တစ်ပြိုင်နက်၊ ထိပ်တိုက်ရင်ဆိုင်ရုံသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး၊ မည်သို့မျှ ပုန်းကွယ်နိုင်လိမ့်မည် မဟုတ်ပေ။

အန္တိမ ပညာရှင်၏ တိုက်ခိုက်မှုများမှာ အန္တိမ အထွတ်အထိပ် ပညာရှင်များကပင် အချိန်မှီမတုံ့ပြန်နိုင်လောက်သည်အထိ မြန်ဆန်လွန်းသော အမြန်နှုန်းဖြင့် တစ်ပြိုင်နက်နီးပါး ကျရောက်လာခဲ့သည်။

“ ဖူးးးး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရပြီး၊ သူ့ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် ရာနှင့်ချီသော အရိုးပေါင်းများစွာ ထပ်မံ၍ ပျက်စီးသွားခဲ့ပြန်သည်။

အကယ်၍ တစ်ခြားလူများကသာ ဤမြင်ကွင်းကို မြင်တွေ့သွားကြမည်ဆိုပါက၊ အလွန်တရာ ကြောက်ရွံ့ထိတ်လန့်သွားကြမည် ဖြစ်သည်။

လူသားဧကရာဇ်၏ လက်သီးထိုးချက် တစ်ခုချင်းစီတိုင်းသည် မည်သည့်အန္တိမ အထွတ်အထိပ် ပညာရှင်ကိုမဆို ချေမှုန်းနိုင်လောက်သည်အထိ လုံလုံလောက်လောက် အစွမ်းထက်နေခဲ့သည်၊ သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ၎င်းတို့ကို တောင့်ခံနိုင်ခဲ့ကာ၊ အသက်ရှင်နေသေးသည်။

သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူက ဆက်မတိုက်နိုင်တော့ဘူးဆိုသည်ကို သိနေခဲ့သည်။

ဆက်တိုက်နေမည်ဆိုပါက၊ သူသေချာပေါက် သေဆုံးသွားရလိမ့်မည် ဖြစ်သည်။

“ ဆွစ်ရှ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး၊ အန္တိမနယ်မြေ၏ ကာကွယ်အောက်မှုတွင် ရှိနေသည့် မူလနယ်မြေ ရှိရာဘက်သို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

သို့သော် လူသားဧကရာဇ်မှာ ပိုမိုမြန်ဆန်နေခဲ့ပြီး၊ အနောက်ဘက်မှ လက်သီးအလင်းတန်းများစွာ ပေါ်ထွက်လာခဲ့သည်။

“ ဘုမ်း ဝုန်း “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဓားကို ဆက်တိုက်လွှဲရမ်း၍ ၎င်းတို့ကို ပိတ်ဆို့တားဆီးရုံသာ ပြုလုပ်နေနိုင်ခဲ့သည်။

သူသည် အသက်ရှူကြိမ်တစ်ကြိမ် အတွင်းမှာပင် ဒါဇင်နှင့်ချီသော လက်သီးထိုးချက်များကို ခုခံခဲ့ရသည်။

အန္တိမ အထွတ်အထိပ် ပညာရှင်ကိုပင် ချေမှုန်းနိုင်သည့် လက်သီးထိုးချက်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားမှာ မကျဆုံးသွားသေးပေ။

သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အသွေးအသားများ စုတ်ပြတ်သပ်နေပြီး၊ ဒဏ်ရာမရှိသည့် နေရာဟူ၍ မရှိတော့ဘဲ၊ ကြီးမားသော အရိုးစုကြီးကသာလျှင် သူ့ကိုထောက်ကန်ပေးထားခဲ့သည်။

အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက၊ တစ်စုံတစ်ခုကို ခိုးယူသွားသည့် နဂါးအရိုးစုအား စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးက နောက်မှ လိုက်ဖမ်းနေသည့်အလား ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

“ သတ် “

လူသားဧကရာဇ်မှာ ရူးသွပ်သွားပုံရပြီး၊ လက်သီးများ ဆက်တိုက် ပစ်သွင်းလာခဲ့သည်၊ လက်သီးအလင်းတန်း တစ်ခုချင်းစီတိုင်းသည် အချိန်နှင့် ဟင်းလင်းပြင်ကို ထိခိုက်သွားစေခဲ့ကာ၊ ပတ်ဝန်းကျင်ရှိ တာအိုနိယာမတို့၏ လည်ပတ်မှုများကိုပင် ရပ်တန့်သွားစေခဲ့သည်။

“ ခရက် “

ဤတစ်ကြိမ်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အရိုးစုတစ်ဝက်မှာ အပိုင်းပိုင်း အစစအဖြစ် ပေါက်ကွဲသွားခဲ့သည်။

အရိုးစုတစ်ဝက်သာလျှင် အကောင်းအတိုင်း ကျန်ရှိနေခဲ့သည်။

“ ရောက်တော့မယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့ဘက်တွင် ရှိနေသည့် မူလနယ်မြေ ဝင်ပေါက်တည်ရှိရာ လမ်းကြောင်းကို ကြည့်နေခဲ့သည်။

သူ၏ ပုံရိပ်မှာ လျှပ်စီးတန်းကဲ့သို့ ရွေ့လျားနေလျက်ရှိပြီး၊ အန္တိမနယ်မြေ၏ ကာကွယ်မှုအောက်တွင် ရှိနေသည့် ဝင်ပေါက်ထံသို့ လျင်မြန်စွာ တိုးဝင်သွားတော့သည်။

အနောက်ဘက်ရှိ လူသားဧကရာဇ်သည် ဝင်ပေါက်ရှေ့တွင် ရပ်တန့်သွားခဲ့ပြီး၊ အရှေ့ဘက်သို့ လက်သီးထိုးချက်များ ထပ်မံ၍ ပစ်သွင်းလာခဲ့သည်။

“ ဘုမ်းးး “

လက်သီးထိုးချက်တစ်ခုသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိမှန်သွားကာ၊ အကောင်းတိုင်း ကျန်ရှိနေသည့် အရိုးစုတစ်ဝက်ကိုပါ ပြိုကွဲပျက်စီးသွားစေခဲ့သည်။

ခရမ်းရောင် နန်းတော်ပင် ပေါက်ကွဲသွားပြီး၊ ရှေးဦးဝိညာဥ်တစ်ဝက် ပျက်စီးသွားကာ၊ သူ၏ အသက်အရင်းအမြစ်မှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။

လူသားဧကရာဇ်သည် ကြယ်တာရာ T-Rex နတ်ဘုရားက သေချာပေါက် ကျဆုံးသွားပြီဟု အာရုံခံမိသွားသကဲ့သို့ ဆက်မလိုက်လာတော့ပေ။

သူသည် နက်ရှိုင်းသော ဝင်ပေါက်ကို စိုက်ကြည့်နေခဲ့ပြီး၊ သူ၏ အနီရောင် မျက်လုံးများထဲတွင် ဖျော့တော့သော ရွှေရောင်အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ သို့သော် ၎င်းသည် ကိုယ်တိုင်ပုန်းကွယ်နေသကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

တစ်ခဏ အကြာတွင် ထိုနေရာသို့ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ဆင်းသက်လာခဲ့သည်။

အဆိုပါ ပုံရိပ်၏ အနောက်ဘက်တွင် အဆုံးမဲ့ အမှောင်ထု အရှိန်အဝါကို ထုတ်လွှတ်နေသည့် အမှောင်ဧကရာဇ် ပုလ္လင်တစ်လုံး မျောလွင့်နေလျက်ရှိသည်။

မှုန်ဝါးဝါး ပုံရိပ်သည် ဝင်ပေါက်ကို ကြည့်ကာ စကားပြောလာခဲ့သည် “ နှမြောစရာပဲ၊ နောက်တစ်ချက်လောက် ထိသွားရင် လုံးဝပျောက်ကွယ်သွားမှာ “

“ အဲ့လူရဲ့ ကံတရားကပဲ ထူးခြားနေတာလား၊ ဒါမှမဟုတ် မင်းကပဲ သူ့ကို လွှတ်ပေးလိုက်တာလား “

မှုန်ဝါးဝါး ပုံရိပ်မှာ လူသားဧကရာဇ်ကို ကြည့်လာခဲ့သည်။

လူသားဧကရာဇ်သည် သူ၏ပါးစပ်ကို ဖွင့်ဟကာ တိုးညှင်းစွာ အော်ဟစ်လာခဲ့သည် “ သတ် သတ် “

သူသည် အစစ်အမှန် ရုပ်သေးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ကာ၊ သူ၏ မျက်လုံးများထဲတွင် မည်သည့်စိတ်ခံစားချက်မှ ရှိမနေခဲ့ပေ။

မှုန်ဝါးဝါးပုံရိပ်မှာ ရုတ်တရက် ရယ်မောကာ၊ ခေါင်းတခါခါ ဖြစ်သွားခဲ့သည် “ ဝိညာဥ်ထိန်းချုပ်အပ်ရဲ့ သန့်စင်မှုအောက်မှာ မင်းရဲ့ လူသားဆန်မှုတွေ ပျောက်ကွယ်သွားပြီးတော့၊ သတ်ဖြတ်ရေး လက်နက်တစ်ခု ဖြစ်သွားခဲ့တဲ့ပုံပဲ “

“ မေ့လိုက်ပါတော့လေ။ အဲ့လူက ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းနေပါစေ၊ ဒီတိုက်ကွက်ကို ခံလိုက်ရတော့ သူ့ရဲ့ အန္တိမ လမ်းကြောင်းက လုံးဝပြတ်တောက်သွားပြီ။ ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ခဲ့ပြီ၊ အခုဆိုရင် မူလနယ်မြေရဲ့ ဗျူဟာကို အေးအေးဆေးဆေး အကောင်အထည်ဖော်လို့ရပြီ ”

မှုန်ဝါးဝါး ပုံရိပ်၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

သူသည် အစမှအဆုံး မည်သို့မျှ မလှုပ်ရှားခဲ့ဘဲ၊ ရုပ်သေးကိုသာလျှင် လှုပ်ရှားခိုင်းခဲ့သည်။

၎င်းတို့အားလုံးမှာ စိတ်နှလုံးသား စမ်းသပ်ခြင်းအတွက် ဖြစ်သည်။

အန္တိမ နယ်ပယ်သို့ တက်လှမ်းရန်အတွက် အရေးကြီးဆုံးအရာမှာ တာအိုနားလည်မှု မဟုတ်ဘဲ၊ စိတ်နှလုံးသား စမ်းသပ်ခြင်းသာလျှင် ဖြစ်ပေသည်။

အကယ်၍ စိတ်တာအိုကသာ ထိုအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ဘူးဆိုပါက၊ အန္တိမနယ်မြေသို့ မည်သို့မျှ ရောက်ရှိလိမ့်မည် မဟုတ်ပေ။

…

မူလနယ်မြေ လမ်းကြောင်း၏ တစ်ခြားတစ်ဖက်၌

တိကျွမ်း၊ လူငယ်မျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြား ပညာရှင်များမှာ ဤနေရာကို စောင့်ကြပ်နေလျက်ရှိသည်။

ရုတ်တရက်ဆိုသလိုပင် ဝင်ပေါက်ထံမှ စွမ်းအင်လှိုင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

တိကျွမ်းနှင့် တစ်ခြားလူများ၏ အမူအရာများ ပြောင်းလဲသွားကာ၊ သတိတကြီး ဖြစ်သွားခဲ့ပြီး၊ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်

ကမ္ဘာကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ အန္တိမနယ်မြေပင် ဖြစ်သည်။

အန္တိမနယ်မြေ၏ အနောက်ဘက်တွင် အပျက်အစီးများ စုပုံနေလျက်ရှိသည်။

အဆိုပါ အပျက်အစီးပုံသည် အသက်စွမ်းအား ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ပျက်စီးနေသော ရှေးဦးဝိညာဥ်တစ်ခုကို ကာကွယ်နေခဲ့သည်။

“ ရှုကျိုး ”

တိကျွမ်းသည် အဆိုပါ ရှေးဦးဝိညာဥ်ကို ချက်ချင်းမှတ်မိသွားကာ၊ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး၊ ရှေ့သို့ အလောတကြီး ပြေးတက်လာခဲ့သည်။

လူငယ်မျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြား ပညာရှင်များမှာလည်း အမူအရာများ ပြောင်းလဲသွားကာ၊ အကြည့်များ ဖလှယ်နေကြတော့သည်။

ဘာတွေဖြစ်နေတာလဲဟ

အခုခေတ်ရဲ့ လူသားဧကရာဇ်က အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားတာလား၊ ရှေးဦးဝိညာဥ်ပါ ပြိုကွဲနေပြီးတော့၊ ကျဆုံးလုနီးပါး ဖြစ်နေတာလား

ကယ်နိုင်ပါဦးမလား

……………………………………………………………………………………………………………………………………….

အပိုင်း ( 716 )

သေဆုံးခြင်းနှင့် ရှင်သန်ခြင်း

ထိုနေရာတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အမှောင်နယ်မြေအတွင်းသို့ ဝင်သွားသည့် ကြယ်တာရာ T-Rex နတ်ဘုရားက ဤကဲ့သို့သော အခြေအနေမျိုးဖြင့် ပြန်ရောက်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

အထူးသဖြင့် ထုန်ရင်နှင့် တစ်ခြားလူများဖြစ်ပြီး၊ သူတို့မှာ လုံးဝအံ့ဩတုန်လှုပ်နေကြသည်။

သူတို့အားလုံးသည် ကြယ်တာရာ T-Rex နတ်ဘုရားက အန္တိမအဆင့်အောက်တွင် ပြိုင်ဘက်ကင်းပြီး သူ့အား မည်သူကမှ ထိခိုက်အောင် မလုပ်နိုင်ဘူးဆိုသည်ကို ကောင်းစွာနားလည်နေကြသည်။

အန္တိမအဆင့်မှ ပညာရှင်ကပင် ကြယ်တာရာ T-Rex နတ်ဘုရားကို ဤကဲ့သို့ ဖြစ်သွားအောင် ပြုလုပ်နိုင်ပေသည်။

သို့သော် ၎င်းကပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက အဲ့ဒီပညာရှင်ရဲ့ လက်ထဲကနေ တကယ်ကြီး ထွက်ပြေးလာနိုင်ခဲ့တာလား

၎င်းသည် နဝမအဆင့် ပညာရှင်တစ်ဦးက အထွတ်အထိပ် ပညာရှင်တစ်ဦးထံမှ ထွက်ပြေးလွတ်မြောက်လာခြင်းနှင့် တူညီနေလျက်ရှိသည်။

“ ဝှစ် “

တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေးဦးဝိညာဥ်ကို ကောက်ယူကာ၊ လေးလေးနက်နက် စကားပြောလာခဲ့သည် “ အားလုံးပဲ၊ ဘာကိုမှ မမြင်ခဲ့ရဘူးလို့ သဘောထားလိုက် “

ထုန်ရင်နှင့် တစ်ခြားလူတို့မှာ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ မည်သည့်စကားမှ မပြောလာကြပေ။

တိကျွမ်းမှာလည်း မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ ကြယ်တာရာ T-Rex နတ်ဘုရားနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

သူထွက်သွားသည့်နောက်တွင်

အန္တိမနယ်မြေ၏ အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦးမှ လေသံတိုးတိုးလေးဖြင့် စကားစပြောလာခဲ့သည် “ သူက တကယ်ကြီး ကျဆုံးသွားနိုင်တယ်လို့ မင်းတို့ထင်ကြလား “

တစ်ခြားလူများမှာ မည်သည့်စကားမှ ပြန်မပြောလာကြပေ။

ထိုစဥ် ကလေးမျက်နှာ အကြီးအကဲ ထုန်ရင်မှ လေသံတိုးတိုးလေးဖြင့် ပြန်ပြောလာခဲ့သည် “ တကယ်လို့ ငါသာဖြစ်နေမယ်ဆိုရင်တော့၊ လုံးဝကျဆုံးသွားလောက်ပြီ။ ဒါပင်မဲ့ ဆရာက လူသားဧကရာဇ်ပဲလေ၊ ကံတရားက သူ့လက်မှာ ရှိတယ်။ အခုအချိန်အထိ တောင့်ခံနိုင်ခဲ့တယ်ဆိုတော့ ထပ်ပြီးတော့လည်း တောင့်ခံနိုင်မှာပဲ “

လျူမေ့သည် မျက်မှောင်ကြုတ်ကာ၊ စကားဝင်ပြောလာခဲ့သည် “ သူ့ရဲ့ ခရမ်းရောင် နန်းတော် ပြိုကွဲသွားတာကို ငါတွေ့လိုက်တယ်၊ သူ့ရဲ့ ရုပ်ခန္ဓာကလည်း မရှိတော့ဘူး၊ ရှေးဦးဝိညာဥ်ကတောင် တစ်ဝက်တစ်ပျက်နဲ့ ယိုင်နဲ့နဲ့ ဖြစ်နေပြီ “

“ ရုပ်ခန္ဓာက ပြန်ပြီးတော့ တည်ဆောက်လို့ရပါတယ်၊ ဒါပင်မဲ့ ရှေးဦးဝိညာဥ် ထိခိုက်သွားတာကတော့၊ ငါတို့လိုအဆင့်က လူတွေကတောင်မှ ပြန်ကောင်းအောင် လုပ်ဖို့ ခက်တယ် “

“ သူက မီးငြိမ်းသွားတော့မဲ့ပုံ ဖယောင်းတိုင်လိုပဲ၊ အချိန်မရွေး သေသွားနိုင်တယ် “

တစ်ခြားလူများမှာလည်း တိတ်တဆိတ် ခေါင်းငြိမ့်နေကြတော့သည်။

သူတို့အားလုံးသည် ကြယ်တာရာ T-Rex နတ်ဘုရားက တောင့်ခံနေသည်ကို မြင်တွေ့ခဲ့ရသော်လည်း၊ သူ၏အခြေအနေက အလွန်တရာ ဆိုးရွားနေသောကြောင့်၊ သူက အချိန်မရွေး ကျဆုံးသွားနိုင်သည်ဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။

အကြီးအကဲထုန်ရင်မှ လေးလေးနက်နက် စကားထပ်ပြောလာခဲ့သည် “ ဘာပဲဖြစ်ဖြစ်ပါလေ၊ သူမသေသေးဘူး၊ အဲ့တာကြောင့် အားလုံးက တစ်ခြားအတွေးတွေ တွေးမနေသင့်ဘူး “

သူ၏ သွေးအဆီအနှစ်မှာ ရှုကျိုးထံတွင် ရှိနေစဲဖြစ်ပြီး၊ ၎င်းကို ခံစားနေရသောကြောင့်၊ ရှုကျိုးက မသေဆုံးသေးဘဲ၊ အသိစိတ်ရှိနေသေးသည်ဆိုသည်ကို နားလည်နေခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် တစ်ခြားလူများမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။

သူတို့မှာလည်း ထိုအကြောင်းအရင်းကို ကောင်းစွာနားလည်နေကြသည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ အခြေအနေကို မြင်လိုက်ရသောအခါတွင်၊ သူတို့၏ အနာဂတ်များအတွက် သူတို့ကိုယ်တိုင် စီစဥ်ရတော့မည် ဖြစ်သည်။

အထူးသဖြင့် အမှောင်နယ်မြေဆိုသည့် အကြပ်အတည်းကို မဖြေရှင်းရသေးသော အချိန်မျိုးတွင် ဖြစ်သည်။

အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရားကသာ အမှန်တကယ် ကျဆုံးသွားမည်ဆိုပါက၊ သူတို့မှာ မူလနယ်မြေ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေတော့မည် မဟုတ်ပေ။

ထိုအချိန်တွင် အမှောင်နယ်မြေ၏ အစွမ်းထက် ပညာရှင်တစ်ဦးဦးသာ ရောက်လာမည်ဆိုပါက၊ သူတို့က မည်သည့်နေရာသို့ သွားကြရမည်နည်း

သူတို့၏ အကြည့်များ လှုပ်ခတ်သွားခဲ့သည်၊ သူတို့သည် နှစ်ထောင်နှင့်ချီ(သို့) သောင်းနှင့်ချီ၍ နေထိုင်ခဲ့ကြသော လူများဖြစ်သောကြောင့်၊ နတ်ဆိုးများကဲ့သို့ ဉာဏ်များကာ၊ သူတို့ကိုယ်သူတို့ လမ်းကြောင်းတစ်ခုတည်းတွင်သာ ပိတ်လှောင်ထားကြမည် မဟုတ်ပေ။

“ တကယ်လို့ အဲ့လိုသာ ဖြစ်လာမယ်ဆိုရင်တော့၊ ငါတို့က မူလနယ်မြေကို စွန့်ပစ်လိုက်ဖို့ပဲ တတ်နိုင်တယ် “

တစ်စုံတစ်ဦးမှာ သူ၏စိတ်ထဲတွင် ရေရွတ်ပြောဆိုနေခဲ့သည်။

…

ဟင်းလင်းပြင်အတွင်း၌

တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ အခြေအနေကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ တာအိုရောင်းရင်း ….. မင်းထနိုင်သေးလား “

တိကျွမ်းသည် ခန္ဓာကိုယ် လုံးဝပျက်စီးသွားကာ၊ ပြိုကွဲနေသော ရှေးဦးဝိညာဥ်ကိုသာ ပိုင်ဆိုင်ထားတော့သည့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာခဲ့သည်။

၎င်းမှာ အံ့ဖွယ်ကောင်းလွန်းလှသည်။

မီတာ သောင်းနှင့်ချီ၍ ရှည်လျားသော ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်မှာ တစ်မီတာမျှသာ ကျန်နေခဲ့ပြီး၊ အသွေးအသား၊ အရိုးအများစု ကျိုးပဲ့ပျက်စီးနေခဲ့ကာ၊ မည်သည့်အရာမှ မရှိတော့သည့်အလား ဖြစ်နေခဲ့သည်။

အမာကြောဆုံးဖြစ်သည့် ဦးခေါင်းခွံနှင့် ကျောရိုးအနည်းငယ်မျှသာ ကျန်နေခဲ့သည်။

“ ဗွီ “

တိကျွမ်း၏ လက်ထဲတွင် နိယာမ နတ်စွမ်းအား ပေါ်ပေါက်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေးဦးဝိညာဥ်ကို ထိန်းသိမ်းပေးနေတော့သည်။

သူ၏မျက်လုံးများထဲတွင် ဝမ်းနည်းကြေကွဲမှု အရိပ်အငွေ့များ ဖြစ်တည်နေခဲ့သည်၊ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာ ကျဆုံးသွားခဲ့ပြီဖြစ်ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ဤကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိနေခဲ့သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သည့်အလျောက်၊ သူသည် အတွေးတစ်ခုတည်းဖြင့် ကိစ္စတော်တော်များများကို မှန်းဆတွက်ချက်နိုင်ပေသည်။

သူသည် အကြီးအကဲထုန်ရင်နှင့် လျူမေ့တို့၏ အတွေးများကို သိရှိနေခဲ့သည်။

သို့သော် ယခုတွင်ကား တိကျွမ်းမှာ မည်သည့်အရာကိုမှ ထုတ်မပြောလာခဲ့ပေ၊ သူ၏စွမ်းအားမှာ ထိုလူများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်မနေခဲ့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်နေသည့် သူ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နေသော်လည်း၊ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေးသည်။

သူသည် တိုးညှင်းစွာ ပြောဆိုလာခဲ့သည် “ မူလနယ်မြေအတွက် အစားထိုး နည်းလမ်းတစ်ခုကို ပြင်ဆင်ဖို့ အချိန်ကျပြီ “

သူသည် စိတ်ဓာတ်ကျခြင်း(သို့) ဝမ်းနည်းခြင်းတို့ကို မခံစားခဲ့ရပေ။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က အသုံးမဝင်ဘူးဆိုသည်ကို သူသိနေသောကြောင့် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ အခြေအနေမှာ အမှောင်နယ်မြေ၏ ပညာရှင်များက မည်မျှ ကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သူ့အား နားလည်သွားစေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားကပင် ထိုကဲ့သို့ ဖြစ်သွားရသောကြောင့် သူဆိုပါက အခြေအနေ ပိုဆိုးနေမည် ဖြစ်သည်။

“ ကျယ်ပြောလှတဲ့ စကြာဝဠာထဲမှာ ကြယ်ပြာဂြိုဟ်အတွက် နေရာတစ်ခုတော့ ရှိလောက်ပါတယ် “ တိကျွမ်းမှ တီးတိုးပြောဆိုနေတော့သည်။

သူသည် ကြယ်ပြာဂြိုဟ်မှ လူများ ပြောင်းရွှေ့နေထိုင်နိုင်မည့် သင့်တော်သော နေရာတစ်ခုကို ရှာဖွေရန် စီစဥ်နေတော့သည်။

တိကျွမ်းက ထိုအခြေအနေကို တွေးတောစဥ်းစားနေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သောကြောင့်၊ ၎င်းမှာ မဖြစ်နိုင်သောအရာ ဟုတ်မနေခဲ့ပေ။

သူပင် မဖြေရှင်းနိုင်သော အကြပ်အတည်းနှင့် ရင်ဆိုင်ရမည်ဆိုပါက၊ ပြောင်းရွှေ့နေထိုင်ခြင်းကသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာတစ်ခုအဖြစ် ကျန်ရှိနေခဲ့သည်။

ကျယ်ပြောလှသော စကြာဝဠာအတွင်းရှိ ဘီလီယံနှင့်ချီသော ကြယ်တာရာနှင့် မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော ဂြိုဟ်များအနက်တွင်၊ ကြယ်ပြာဂြိုဟ်၏ သက်ရှိများ နေထိုင်ရန် သင့်တော်မည့် နေရာတစ်ခုခု ရှိကိုရှိနေမည် ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော ခရီးစဥ်မှာ အလွန်တရာ ဝေးကွာနေမည် ဖြစ်သည်။

သူသိရသလောက်အရဆိုပါက သက်ရှိသတ္တဝါများ နေထိုင်နိုင်သည့် အနီးဆုံးဂြိုဟ်မှာ ကြယ်ပြာဂြိုဟ်နှင့် အလင်းနှစ်ထောင်နှင့်ချီ၍ ဝေးကွာနေခဲ့သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်ကပင် ထိုကဲ့သို့သော အကွာအဝေးကို ကျော်ဖြတ်ရန်အတွက်၊ နှစ်ထောင်နှင့်ချီ၍ အချိန်ယူရမည် ဖြစ်သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်များက အလွန်တရာ အစွမ်းထက်သော်လည်း၊ စကြာဝဠာ၏ နိယာမများကို မကျော်ြဖတ်နိုင်သေးပေ။

သူတို့က မည်မျှပင် မြန်ဆန်နေပါစေ၊ အလင်း၏ အမြန်နှုန်းနှင့် နီးကပ်ရုံသာ နီးကပ်နေမည် ဖြစ်သည်။

ထို့အပြင် သူသည် ကြယ်ပြာဂြိုဟ်၏ ပြည်သူပြည်သူများနှင့် မျိုးနွယ်စုတစ်သောင်း၏ သက်ရှိများကိုပါ ခေါ်ဆောင်သွားရဦးမည် ဖြစ်သည်။

အရေးအကြီးဆုံး အရာမှာ သူတို့ထွက်သွားသည့်နောက်တွင် အမှောင်နယ်မြေ၏ ပညာရှင်များက သူတို့နောက်သို့ ဆက်လိုက်လာဦးမည်လားဆိုသည့် အချက်ပင် ဖြစ်သည်။

“ အန္တိမနယ်မြေရဲ့ အကူအညီနဲ့ဆိုရင် ပိုမြန်သွားလောက်တယ် “

တိကျွမ်း၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။ ယခုတွင် အန္တိမနယ်မြေမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ အပြည့်အဝ သန့်စင်ခြင်းကို ခံထားရပြီး၊ မည်သူကမှ ၎င်းကို အသက်မသွင်းနိုင်ကြပေ။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ အခြေအနေနှင့်ဆိုပါက၊ ခရီးရှည်သွားရန်အတွက် မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

…………………………………………………………………………………………………………………………………..

အပိုင်း ( 717 )

သေဆုံးခြင်းနှင့် ရှင်သန်ခြင်း ၂

တိကျွမ်း၏ စိတ်နှလုံးသား ပိုမိုလေးလံလာသည့်အချိန်တွင်၊ အရှေ့ဘက်ရှိ အပျက်အစီးပုံထံမှ စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

” ဟမ် “

“ နိုးလာတာလား “

တိကျွမ်းမှ အလောတကြီး စစ်ဆေးကြည့်ရှုလိုက်ရာ၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ကျန် ရှေးဦးဝိညာဥ်တစ်ဝက်က စိတ်စွမ်းအားလှိုင်းတစ်ခု ထုတ်လွှတ်ကာ၊ သတင်းတစ်ခုခု ပေးပို့ရန် ကြိုးစားနေသည်ကို မြင်တွေ့သွားခဲ့သည်။

အဆိုပါ စိတ်စွမ်းအား လှိုင်းမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားက အလွန်တရာ အားနည်းနေကြောင်းကို သက်သေပြုနေခဲ့သည်။

သို့ရာတွင် တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ဆိုလိုရင်းကို နားလည်နေခဲ့သည်။

“ အန္တိမနယ်မြေမှာ လူရှိတာလား “

တိကျွမ်း၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ ထို့နောက်တွင် သူ၏ပုံရိပ် လှုပ်ရှားသွားခဲ့ကာ၊ အန္တိမ နယ်မြေအတွင်းသို့ ဝင်သွားတော့သည်။

တစ်ခဏအကြာတွင် သူသည် လီရို့ရှီနှင့် တစ်ခြားလူများနှင့်အတူ ပြန်ရောက်လာခဲ့ကာ၊ ပို၍လေးနက်သွားခဲ့သည်။

“ ဒီသုံးယောက်က ကြောက်စရာကောင်းတဲ့ ကျိန်စာစွမ်းအားက တိုက်စားတာကို ခံနေရတယ်၊ သူတို့ကို ကာကွယ်ပေးနေတဲ့ နတ်စွမ်းအား ရှိနေပင်မဲ့၊ အဲ့တာက အကြာကြီး ခံမှာ မဟုတ်ဘူး “

တိကျွမ်းသည် လီရို့ရှီနှင့် တစ်ခြားလူများကို ကြည့်နေတော့သည်။

ထိုလူသုံးဦး၏ ခန္ဓာကိုယ်များမှာ အနက်ရောင် ကျိန်စာအမှတ်များဖြင့် ဖုံးလွှမ်းနေလျက်ရှိသည်၊ တစ်ချိန်တည်းမှာပင် နတ်စွမ်းအား အလွှာတစ်ခုက သူတို့ကို ဖုံးလွှမ်းနေခဲ့ပြီး၊ ကျိန်စာစွမ်းအားကို တိုက်ထုတ်နေခဲ့သည်။

သို့သော် ကျိန်စာစွမ်းအားက အလွန်တရာ အားကောင်းနေသောကြောင့်၊ ကြယ်တာရာ T-Rex နတ်ဘုရားက စကြာဝဠာ နိယာမဖြင့် ဖန်တီးထားသည့် အဆိုပါ စွမ်းအင်အလွှာသည် ထင်သာမြင်သာရှိသော အမြန်နှုန်းဖြင့် ပျောက်ကွယ်နေခဲ့သည်။

ထိုအလွှာ တစ်ခုလုံး အပြည့်အဝ ပျောက်ကွယ်သွားနေသည်နှင့်တစ်ပြိုင်နက်၊ ကျိန်စာစွမ်းအားက လုံးဝပေါက်ထွက်လာလိမ့်မည် မဟုတ်ပေ။

လီရို့ရှီနှင့် တစ်ခြားလူများ၏ ရုပ်ခန္ဓာ နယ်ပယ်များအရ၊ သူတို့သည် ထိုစွမ်းအားကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ဘဲ၊ ချက်ချင်းသေဆုံးသွားရမည် ဖြစ်သည်။

“ ရှုကျိုးက ဒီအချိန်အထိ တောင့်ခံထားခဲ့တာက သူတို့သုံးယောက်ကြောင့်လား “

တိကျွမ်းသည် ၎င်းကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်၊ သူသည် နိယာမ နတ်စွမ်းအားကို အသက်သွင်းကာ၊ ကျိန်စာစွမ်းအားကို တိုက်ထုတ်ရန် ကြိုးပမ်းလိုက်သည်။

“ ဟစ် “

နတ်စွမ်းအားက ကျိန်စာစွမ်းအားကို ထိတွေ့သွားသည့် အခိုက်အတန့်တွင်

သူ၏ပုံရိပ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ရသည်။

“ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ကျိန်စာစွမ်းအားလဲ။ ငါ့ဆီကို ကျူးကျော်လာဖို့တောင် လုပ်နေတယ်ပေါ့ “

တိကျွမ်း၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။

ပထမဦးဆုံးအကြိမ်အဖြစ် ထိပ်တိုက်တွေ့လိုက်သည့် အချိန်မှာပင် သူသည် ဤကျိန်စာစွမ်းအားကို ဖြေရှင်းရာတွင် ရင်ဆိုင်ရမည့် အခက်အခဲကို နားလည်သွားခဲ့သည်။

၎င်းက သာမန်ကျိန်စာ မဟုတ်ဘဲ၊ တာအိုနိယာမအားလုံးကို လျစ်လျူရှုနိုင်သည့် အန္တိမ ပညာရှင်က ချန်ထားခဲ့သော ကျိန်စာဖြစ်သည်။

၎င်းကို စဥ်းစားမိသွားသောအခါတွင်၊ တိကျွမ်းမှာ ပို၍ တအံ့တဩဖြစ်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက ကျိန်စာစွမ်းအားကို ဤမျှကြာရှည်စွာ ဖိနှိပ်နိုင်ခဲ့သည်မှာ မယုံကြည်နိုင်ဖွယ် ကောင်းလွန်းလှသည်။

“ တာအိုရောင်းရင်း၊ ငါ့စွမ်းအားနဲ့ဆိုရင် သူတို့သုံးယောက်ကို ကယ်နိုင်မှာ မဟုတ်ဘူး “

တိကျွမ်းသည် လေးလေးနက်နက် ဖြစ်နေသော လေသံမျိုးဖြင့် စကားပြောလာခဲ့သည်၊ အန္တိမ ပညာရှင်၏ စွမ်းအားကို သယ်ဆောင်ထားသည့် ကျိန်စာမှာ သူ၏ လုပ်နိုင်စွမ်းထပ် ကျော်လွန်နေခဲ့သည်။

အကယ်၍ ၎င်းကို ဖိနှိပ်ရန် အတင်းအကြပ် ကြိုးစားလိုက်မယ်ဆိုပါက၊ အဆိုပါ ကျိန်စာမှာ သူ့ဆီသို့ပင် ကူးစက်ရောက်ရှိလာနိုင်သည်။

“ ဗွီ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အပျက်အစီးပုံသည် သူ၏ စကားကိုကြားသွားပုံရကာ၊ ပြင်းပြင်းထန်ထန် လူးလွန့်လှုပ်ရှားလာခဲ့သည်။

၎င်းကို မြင်လိုက်ရသောအချိန်၌ တိကျွမ်း၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အထွတ်အထိပ်အဆင့်တွင် ပြိုင်ဘက်ကင်းခဲ့ဖူးသော်လည်း ယခုတွင် ဤကဲ့သို့သော အခြေအနေမျိုးအထိ ကျဆင်းသွားခဲ့ရသည်။

ယခုလက်ရှိ အချိန်၌ မည်သည့်အထွတ်အထိပ် ပညာရှင်မဆို ကြယ်တာရာ T-Rex နတ်ဘုရားကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။

“ ဗွီ ဗွီ “

အပျက်အစီးပုံသည် ကောက်ရိုးကဲ့သို့သော နောက်ဆုံး အသိစိတ်တစ်မျှင် ပျောက်ကွယ်သွားတော့မယောင် တဖြည်းဖြည်း အားနည်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အပျက်အစီးပုံ၏ အလယ်ဗဟိုတွင် ရှိနေသည့် ပြိုကွဲနေသော ရှေးဦးဝိညာဥ်မှာလည်း ၎င်း၏ တောက်ပမှုကို တဖြည်းဖြည်း ဆုံးရှုံးသွားခဲ့သည်။

ရှေးဦးဝိညာဥ် မီးတောက်မှာလည်း ပျောက်ကွယ်သွားတော့မယောင် ဖြစ်နေခဲ့သည်။

“ တာအိုရောင်းရင်း “

တိကျွမ်းမှ ကျယ်လောင်စွာ အော်ခေါ်ကာ၊ မျက်ရည်များ စီးကျလာခဲ့သည်။

သူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ နောက်ဆုံးသော အသိစိတ်ကပါ ပျောက်ကွယ်သွားကာ၊ ဤစကြာဝဠာ အတွင်းမှ လုံးဝပျောက်ကွယ်သွားတော့မည်ဆိုသည်ကို သိနေခဲ့သည်။

အန္တိမ ပညာရှင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကာ၊ ရုပ်ခန္ဓာနှင့် ရှေးဦးဝိညာဥ်ပြိုကွဲသွားသည်အထိ တိုက်ခိုက်ခံခဲ့ရပြီး၊ သူ၏ခန္ဓာကိုယ်တွင် ကြီးမားသော ဒဏ်ရာတို့ဖြင့် ဖုံးလွှမ်းနေခဲ့သည်။

တိကျွမ်း၏ မျက်ဝန်းတစ်စုံတွင် မျက်ရည်တို့ဖြင့် ပြည့်နှက်နေခဲ့သည်၊ သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက အကန့်အသတ်သို့ ရောက်ရှိနေပြီဆိုသည်ကို ကောင်းစွာ နားလည်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ဒဏ်ရာများက အန္တိမ ပညာရှင်လက်ချက်ဖြစ်သောကြောင့်၊ ၎င်းတို့ ပျောက်ကင်းသွားအောင် သူမည်သို့မျှ မလုပ်နိုင်ပေ။

တိကျွမ်းသည် အပျက်အစီးပုံက တဖြည်းဖြည်းငြိမ်သက်သွားသည်ကို စောင့်ကြည့်နေခဲ့ပြီး၊ မျက်ရည်တို့မှာလည်း ရေကာတာ ကျိုးပေါက်သွားသည့်အလား ကျဆင်းနေခဲ့သည်။

“ လက်သည်းရှစ်ခုလည်း ကျဆုံးသွားပြီ၊ မင်းလည်း ကျဆုံးသွားပြီ၊ ငါ့ရဲ့ကံကြမ္မာကလည်း အဲ့လိုပဲလား “

“ မင်းတို့နဲ့ငါ ….. ဖုန်မှုန့်တွေအဖြစ် …. ကမ္ဘာမြေဆီ ပြန်သွားကြမယ် …….. “

တိကျွမ်းသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ရေရွတ်ပြောဆိုနေခဲ့သည်။

သူသည် ကြယ်ပြာဂြိုဟ်၏ မျှော်လင့်ချက်ကို မမြင်နိုင်ခဲ့ပေ။

အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း၊ အမှောင်နယ်မြေ၏ အန္တိမ ပညာရှင် အရှေ့တွင်မူ သူသည် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေမည်ဖြစ်သည်။

တိကျွမ်းသည် တောက်ပမှု ဆုံးရှုံးသွားခဲ့ပြီဖြစ်သော အပျက်အစီးပုံကိုကြည့်ကာ၊ သူ၏လက်သီးများကို ဆုပ်ခဲ၍ အရိုအသေပေးလိုက်သည်။

“ တာအိုရောင်းရင်း ……. နှုတ်ဆက်ပါတယ် “

သူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ တကယ်လို့ နောက်ဘဝသာ ရှိနေမယ်ဆိုရင်၊ ငါတို့က …….. ရဲဘော်ရဲဘက်တွေ ဆက်ဖြစ်နေဦးမှာပါပဲ “

တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရားက အမှန်တကယ် သေဆုံးသွားခဲ့ပြီဆိုသည်ကို သိနေခဲ့သည်။

သူ၏လက်ကို မြှောက်၍ ကြယ်တာရာ T-Rex နတ်ဘုရား၏ ကျန်ရှိနေသော အစိတ်အပိုင်းများကို မြှုပ်နှံကာ ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းပေါ်သို့ ပို့ပေးရန်အတွက်၊ ကြယ်တာရာ T-Rex နတ်ဘုရားကို သိမ်းဆည်းရန် ပြင်လိုက်သည်။

သို့သော် တိကျွမ်း လှုပ်ရှားလာခဲ့သည့် အချိန်တွင်

“ ဗွီ “

ရုတ်တရက်ဆိုသလိုပင် ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။

အဝေးတစ်နေရာတွင် နဂါးဟိန်းသံကဲ့သို့သော အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။

“ ဟမ် “

တိကျွမ်းမှ စိုက်ကြည့်လိုက်ရာ၊ ဟင်းလင်းပြင်အတွင်းတွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကိုသာ မြင်တွေ့သွားခဲ့သည်။

“ အဲ့တာက ဓားလား “

တိကျွမ်းသည် ၎င်းကို မှတ်မိနေခဲ့သည်၊ ၎င်းမှာ ရှုကျိုး၏ လူသားဧကရာဇ်ဓားဖြစ်သည်။

လူသားဧကရာဇ်ဓားမှာ တိုးညှင်းစွာ ဟိန်းဟောက်လာခဲ့သည်၊ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ အဆုံးမဲ့ နတ်စွမ်းအား ဖြာထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်အတွင်းတွင် ရွှေရောင် အလင်းစက်တစ်ခု ပွင့်လန်းလာခဲ့ပြီး၊ ဧရာမ စည်းတံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ နဂါးစွမ်းအင်နှင့် ပေါင်းစည်းသွားခဲ့သည်။

“ လူသားဧကရာဇ် စည်းတံဆိပ်လား “

တိကျွမ်းမှာ ကြောင်အမ်းအမ်းဖြစ်သွားရတော့သည်။

လူသားဧကရာဇ် စည်းတံဆိပ်နှင့် လူသားဧကရာဇ် ဓားတို့ တစ်ပြိုင်နက်ပေါ်ထွက်လာခဲ့ပြီး၊ နှစ်ခုစလုံး အတူတကွ တောက်ပလာခဲ့ကာ၊ မူလနယ်မြေ၏ ကောင်းကင်ယံတစ်ခုလုံးကို ရွှေရောင်အလင်းတန်းဖြင့် လင်းထိန်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် အလွန်တရာ အားကောင်းသော နတ်စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ အဲ့တာက …………. “

တိကျွမ်း၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာဖြစ်တည်လာခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် အဆိုပါ နတ်စွမ်းအားက အန္တိမ အထွတ်အထိပ်ထပ် သာလွန်အားကောင်းနေသောကြောင့် ဖြစ်သည်။

၎င်းမှာ အန္တိမနယ်ပယ်၏ စွမ်းအားဖြစ်သည်။

ထို့အပြင် အကယ်၍ သူသာ မမှားဆိုပါက၊ အဆိုပါ စွမ်းအားသည် အန္တိမနယ်ပယ်၏ သာမန်ဖန်တီးမှု ဟုတ်မနေခဲ့ဘဲ၊ များပြားလွန်းလှသော စိတ်နှလုံးသားနှင့် ဝိညာဥ်တို့ဖြင့် ဖွဲ့စည်းထားသော အရာဖြစ်နေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်အတွင်းတွင် အံ့ဖွယ်ကောင်းသော သဘာဝဖြစ်စဥ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

လျှပ်စီးလက်လာခဲ့ပြီး၊ ခမ်းနားသော ကောင်းကင်ခုံရုံး ပေါ်ထွက်လာခဲ့ကာ၊ ကမ္ဘာတစ်ခွင်လုံးကို ခုနစ်ရောင် နတ်အလင်းတန်းဖြင့် လင်းထိန်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ပင်လယ်လှိုင်းလုံးကြီးသဖွယ် ဖြစ်နေသည့် စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့သည်။

၎င်းက ရှေးဟောင်းသဘာဝဖြစ်စဥ် တစ်ခုဖြစ်သော်လည်း၊ ယခုအချိန်တွင် ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။

“ ဘာတွေဖြစ်နေတာလဲဟ “

တိကျွမ်းသည် အံ့ဖွယ်ကောင်းသော သဘာဝဖြစ်စဥ်ကို ကြည့်ကာ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်၊ ဤအရာက မည်သည့်အတွက်ကြောင့် ရုတ်တရက် ပေါ်ထွက်လာရလဲဆိုသည်ကို သူနားမလည်နိုင် ဖြစ်နေခဲ့သည်။

“ ဗွီ “

ထိုအချိန်၌ သမုဒ္ဒရာကဲ့သို့သော နတ်စွမ်းအားမှာ ဆူနာမီလှိုင်းလုံးသဖွယ် ကောင်းကင်ထက်သို့ မြင့်တက်သွားခဲ့သည်၊ ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ် အပျက်အစီးပုံထံသို့ စီးဆင်းသွားခဲ့သည်။

“ ဇွီ ဇွီ “

၎င်းမှာ အန္တိမနယ်ပယ်မှ နတ်စွမ်းအား ဖြစ်သည်။

အဆိုပါ နတ်စွမ်းအားအောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ဒဏ်ရာများမှာ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် သက်သာ ပျောက်ကင်းလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏အရိုးများနှင့် မရီဒန်များ အသစ်ပြန်လည် ဖွဲ့စည်းလာခဲ့သည်။

ထို့နောက်တွင် သူ၏ ကိုယ်တွင်းအဂ်ါများ၊ အသွေးအသားများ၊ အရေပြား ………

“ သဘာဝဖြစ်စဥ်ကလာတဲ့ အဲ့ဒီနတ်စွမ်းအားက သူ့ရဲ့ ရုပ်ခန္ဓာကို ပြန်ပြီးတော့ တည်ဆောက်ပေးနေတာလား “

တိကျွမ်းသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် အံ့ဩတကြီး ဖြစ်နေလျက်ရှိသည်။

ထိုဖြစ်ရပ်မှာ အလွန်ပင် အံ့ဖွယ်ကောင်းကာ၊ မယုံကြည်နိုင်စရာကောင်းလွန်းလှသည်။

ဤအကြောင်းသာ ပျံ့နှံ့သွားမည်ဆိုပါက၊ ၎င်းကို မည်သူကမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်က လုံးဝဖျက်စီးခံလိုက်ရပြီး၊ အရိုးများပင် အနည်းငယ်မျှသာ ကျန်နေခဲ့သည်ဆိုသည်ကို သိကြရမည်ဖြစ်သည်၊ အန္တိမ အထွတ်အထိပ် ပညာရှင်ဆိုလျှင်တောင်မှ၊ ထိုမျှပြင်းထန်သော ဒဏ်ရာများကို ကိုယ်တိုင်ပြန်လည်ကုသနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယခုတွင်မူ အဆိုပါ နတ်စွမ်းအားက ၎င်းတို့ကို လျင်မြန်စွာ ကုသပေးနေခဲ့သည်။

အရေးအကြီးဆုံး အရာမှာ အဆိုပါ နတ်စွမ်းအားက အစစ်အမှန် ဖြစ်တည်မှုတစ်ခုထံမှ ဆင်းသက်လာခဲ့ခြင်း မဟုတ်ဘူးဆိုသည်ပင် ဖြစ်သည်။

( ပညာရှင်၊ ရတနာပစ္စည်းတို့လို အရာမျိုးတွေဆီကနေ ရောက်လာတာ မဟုတ်ဘူးဆိုတဲ့ သဘောပါ )

၎င်းမှာ ရှေးဟောင်းသဘာဝဖြစ်စဥ်ထံမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သဘာဝဖြစ်စဥ်မှ အန္တိမအဆင့် နတ်စွမ်းအား ပေါ်ထွက်လာခြင်း ……..

အကယ်၍ ထိုအကြောင်းသာ ပျံ့နှံ့သွားမည်ဆိုပါက၊ လူအများစုသည် ၎င်းက ဒဏ္ဍာရီတစ်ခုဟုသာ မှတ်ယူလိုက်ကြမည် ဖြစ်သည်။

“ လူသားဧကရာဇ် ဓား၊ လူသားဧကရာဇ် စည်းတံဆိပ် …….. အဲ့တာက ရှေးဟောင်း လူသားဧကရာဇ်များလား “ တိကျွမ်းသည် ဆက်ထုံးလေးများကို ချိတ်ဆက်မိသွားကာ၊ ပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။

လွန်ခဲ့သော နှစ်တစ်သိန်းအကြာက ရှေးဟောင်း လူသားဧကရာဇ် ….

သူက ကြယ်တာရာ T-Rex နတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီးတော့ တည်ဆောက်ပေးဖို့အတွက် အနာဂတ်ကို ရောက်လာခဲ့တာလား

မဟုတ်ဘူး ……. အဲ့တာက ပြန်လည်တည်ဆောက်တာထပ်ပိုတယ်၊ အဲ့တာက ပြန်လည်မွေးဖွားခြင်းပဲ

ရှေးဦးဝိညာဥ်မှ ခရမ်းရောင် နန်းတော်အထိ၊ ထို့နောက်တွင် ရုပ်ခန္ဓာဆီသို့၊ ၎င်းမှာ အခြေခံအကျဆုံး ပြန်လည်မွေးဖွားခြင်း ဖြစ်သည်။

ဤဖြစ်ရပ်သည် သေဆုံးခြင်းမှ ရှင်သန်ခြင်းနှင့် တူညီပြီး၊ ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်း ဖြစ်သည်။

အန္တိမ အထွတ်အထိပ် ပြန်လည်မွေးဖွားခြင်းလား။ ဘာတွေ ဖြစ်နေတာလဲဟ

ခေတ်အဆက်ဆက် ကြာရှည်တဲ့ စကြာဝဠာရဲ့ သမိုင်းကြောင်းတစ်လျှောက်လုံးမှာတောင်မှ အဲ့လိုဖြစ်ရပ်မျိုး မရှိခဲ့ဘူးလေ

“ အဲ့လောက် မရိုးရှင်းဘူး။ ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်ပေးတာက ဖြစ်နိုင်ခြေ ရှိတယ်။ အရေးအကြီးဆုံးက ရှေးဦဝိညာဥ်ပဲ “

တိကျွမ်း အတွေးနက်သွားခဲ့သည် “ သူ့ရဲ့ ရှေးဦးဝိညာဥ်နဲ့ ရှေးဦးဝိညာဥ် မီးတောက်က လုံးဝပျောက်ကွယ်သွားခဲ့တယ်၊ အဲ့တာက လုံးဝသေဆုံးသွားတာနဲ့ အတူတူပဲ။ သူ့ရဲ့ ရှေးဦးဝိညာဥ် မီးတောက်က ပြန်ပြီးတော့ တောက်လောင်လာနိုင်မှာလား “

“ ဒီခြေလှမ်းက အန္တိမအဆင့်က အဲ့ဒီပညာရှင်ကတောင် မလုပ်နိုင်လောက်ဘူး “

တိကျွမ်းသည် အရှေ့သို့ စူးစိုက်ကြည့်ရှုနေခဲ့ပြီး၊ မဖြစ်နိုင်ဘူးဟု ထင်ထားသည့် ကိစ္စရပ်က အမှန်တကယ် ဖြစ်ပေါ်လာပါစေဟု မျှော်လင့်ဆုတောင်းနေတော့သည်။

All Chapters