← Chapters

အခန်း (၇၁၈-၇၂၀)

Vol. 48 Ch. 718-720

အခန်း (၇၁၈-၇၂၀)

Vol. 48 Ch. 718-720

အပိုင်း ( 718 )

ကောင်းကင်ဘုံ တာအို ဖန်ဆင်းခြင်း

“ ဇွီ ဇွီ “

ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်မှာ ဆက်တိုက် ကုသခံနေခဲ့ရသည်။

အန္တိမနယ်ပယ်၏ စွမ်းအင်မှာ အလွန်တရာ သန့်စင်နေခဲ့ပြီး၊ မိနစ်ပိုင်းအတွင်းမှာပင် မပျောက်ကင်းနိုင်တော့သည့် ဒဏ်ရာများမှာ တစ်ခုပြီးတစ်ခု သက်သာပျောက်ကင်းသွားခဲ့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ အသိစိတ်မှာ မနိုးထလာသေးပေ။

အကယ်၍ သူသာ နိုးထလာမည်ဆိုပါက၊ လုံးဝတအံ့တဩ ဖြစ်သွားမည် ဖြစ်သည်။

လူသားဧကရာဇ် ဓားထံမှ စီးဆင်းလာသည့် အန္တိမ စွမ်းအင်နှင့် လူသားဧကရာဇ်တို့ကြောင့် ရရှိခဲ့သည့် ဒဏ်ရာများက ယခုတွင် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။

အဆိုပါ ဒဏ်ရာများမှာ သူ၏ ပြန်လည်မွေးဖွားခြင်းအတွက် လိုအပ်သည့် အာဟာရဓာတ်များအဖြစ် ပြောင်းလဲသွားပုံရသည်။

ဟင်းလင်းပြင်အတွင်းရှိ ရွှေရောင်မီးလျှံမှာလည်း ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

“ အဲ့တာက ဆရာဟောင်းထားခဲ့တဲ့ အရေးပေါ် အစီအစဥ်ပဲ “

သူမ နားလည်သွားကာ၊ တအံ့တဩ ဖြစ်သွားခဲ့သည်။

လွန်ခဲ့‌သော နှစ်တစ်သိန်းအကြာက လူသားဧကရာဇ်သည် သူ၏ဓားအတွင်းတွင် လျှို့ဝှက်အစီအစဥ်တစ်ခု ချန်ရစ်ထားခဲ့သည်။

၎င်းမှာ နောက်နှစ်တစ်သိန်းသုံးသောင်းကျော်အကြာတွင် ဒဏ်ရာအပြင်းအထန် ရရှိသွားကာ သေဆုံးသွားမည့် ကြယ်တာရာ T-Rex နတ်ဘုရားအတွက် ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

၎င်းကို နားလည်သွားသောအခါတွင် ရွှေရောင်မီးလျှံမှာ ပို၍တက်ကြွသွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ယခုလက်ရှိအချိန်တွင် ယခင်လူသားဧကရာဇ်က ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ကင်းမဲ့သော ရုပ်သေးတစ်ခုဖြစ်သွားသောကြောင့် ဖြစ်သည်။

ဒါတွေ အကုန်လုံးကို ဆရာက တမင်စီစဥ်ထားခဲ့တာများလား

ဒါမှမဟုတ် စစ်မတိုက်ခင် အချိန်မှာ ဒါတွေ ဖြစ်လာမှာကို ကြိုမြင်နေခဲ့လို့ နောက်မျိုးဆက် လူသားဧကရာဇ် ပြန်လည်မွေးဖွားလာနိုင်ဖို့ ပြင်ဆင်ပေးထားခဲ့တာများလား

“ ဆရာ “

ရွှေရောင်မီးလျှံမှာ မျက်ရည်တရွှဲရွှဲ ဖြစ်သွားခဲ့သည်၊ သို့သော် သူမသည် ယခုလက်ရှိ အချိန်တွင် ယခင်ဆရာဟောင်းအကြောင်းကို တွေးတောမနေတော့ပေ။

သူမသည် သူမ၏ အရှေ့တွင် ရှိနေသည့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ အမူအရာ တင်းကြပ်သွားခဲ့သည် “ ရှင်အောင်မြင်မှ ဖြစ်မယ်နော် ….. “

“ ဗွီ ဗွီ “

ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အပြည့်အဝ ပြန်လည်သက်သာ ပျောက်ကင်းသွားပြီ ဖြစ်သည်။

၎င်းတို့အားလုံးက နှေးကွေးကြာရှည်ခဲ့ပုံရသော်လည်း၊ အရာအားလုံးမှာ မိနစ်မပြည့်ခင် အချိန်အတွင်းမှာပင် ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။

မီတာသောင်းချီ ရှည်လျားသော ခန္ဓာကိုယ်ကြီးမှာ ပြန်လည်ဖြစ်တည်လာခဲ့ပြီ ဖြစ်သည်။

အပိုင်းပိုင်း အစစ ပျက်စီးပြိုကွဲသွားခဲ့သော အန္တိမ အထွတ်အထိပ် ပညာရှင်၏ ခန္ဓာကိုယ်က ဆယ်မိနစ်မပြည့်ခင် အချိန်မှာပင် ပြန်လည်ဖြစ်တည်လာခြင်းမှာ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်။

သို့သော် အန္တိမနယ်ပယ် ပညာရှင်အတွက်မူ ၎င်းက ကိစ္စကြီးတစ်ခု ဟုတ်မနေခဲ့ပေ။

သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်က ပြန်လည်တည်ဆောက်ခဲ့ပြီးပြီ ဖြစ်သော်လည်း၊ အရေးအကြီးဆုံး အရာမှာ သူ၏ရှေးဦးဝိညာဥ် ဖြစ်သည်။

သူ၏ရှေးဦးဝိညာဥ် မီးတောက်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။

များသောအားဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးမှာ သေလုမျောပါး ဖြစ်နေပြီဖြစ်ပြီး၊ နတ်ဝိညာဥ် သုတ်သင်ခံလိုက်ရသည့်အလား ဖြစ်နေခဲ့သည်၊ ၎င်းမှာ ကမ္ဘာလောကမှ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်ပြီး၊ အန္တိမနယ်ပယ်မှ ပညာရှင်ကပင် ၎င်းကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

သေဆုံးသွားသူကို အသက်ပြန်သွင်း၍ မရပေ၊ ၎င်းမှာ စကြာဝဠာ၏ အခြေခံစည်းမျဥ်းဖြစ်ပြီး၊ ကောင်းကင်ဘုံ တာအိုနှင့် ညီမျှလုနီးပါး ဖြစ်နေခဲ့သည်။

အန္တိမ နယ်ပယ်မှ ပညာရှင်ကပင် အသက်ကို ဖန်တီးနိုင်ကာ၊ အသက်ပေါင်းများစွာကို ဖျက်စီးနိုင်သော်လည်း၊ မည်သူ့ကိုမှ ပြန်လည်မွေးဖွားလာအောင် မလုပ်နိုင်ပေ။

အကယ်၍ တူညီသော စိတ်ထား၊ မျိုးရိုးဗီဇနှင့် အသိစိတ်တို့ဖြင့် ပြန်လည်ဖန်တီးခံလိုက်ရမည်ဆိုပါက၊ ၎င်းက မူလကိုယ် မဟုတ်သည့်အတွက်၊ ပြန်လည်မွေးဖွားခြင်းဟု ခေါ်ဆိုနိုင်လိမ့်မည် မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် သက်ရှိသတ္တဝါတိုင်းကို စကြာဝဠာ၏ ထူးခြားသော စွမ်းအင်အမှုန်များဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။

သက်ရှိသတ္တဝါတစ်ကောင် သေဆုံးသွားသည့် အချိန်တွင်၊ အဆိုပါ စွမ်းအင်အမှုန်များက စကြာဝဠာအတွင်းသို့ ပြန်ရောက်သွားကာ၊ ကောင်းကင်ဘုံ တာအိုနှင့် ပြန်လည်ပေါင်းစည်းသွားလေ့ ရှိသည်။

ကျယ်ပြောလှသော စကြာဝဠာ အတွင်း၌၊ စက္ကန့်တိုင်းတွင် များစွာသော အသက်အသစ်များ မွေးဖွားလေ့ရှိသည်။

အသစ်မွေးဖွားလာခဲ့သည့် အဆိုပါ အသက်အသစ်များထံတွင် ယခင်က သေဆုံးသွားခဲ့သော သက်ရှိသတ္တဝါတို့၏ စွမ်းအင်အမှုန်များ ပါဝင်နေမည် ဖြစ်သည်။

စကြာဝဠာမှာ ပြန်လည်မွေးဖွားခြင်း ဖြစ်သည်။

တစ်စုံတစ်ဦးကို ပြန်လည်ရှင်သန်စေခြင်းမှာ စကြာဝဠာ၏ သံသရာ စက်ဝန်းကို ချိုးဖောက်လိုက်ခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံ တာအို တည်ဆောက်ထားသည့် စည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်လိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပြုလုပ်ရာတွင် ရင်ဆိုင်ရမည့် အခက်အခဲမှာ ကျော်ဖြတ်ခြင်း ပြုလုပ်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲနှင့် များစွာကွာခြားနေမည် မဟုတ်ပေ။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ အခြေအနေကမူ အနည်းငယ် ကွဲပြားနေခဲ့သည်။

သူ၏ဒဏ်ရာများမှာ လူသားဧကရာဇ်ကြောင့် ရရှိခဲ့ခြင်းဖြစ်ပြီး၊ သန့်စင်သော စွမ်းအင်များကို ထုတ်လွှတ်ပေးနေသည့် လူသားဧကရာဇ်ဓားမှာလည်း လူသားဧကရာဇ်ထံမှ ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်းတို့နှစ်ခု၏ ပေါင်းစည်းမှုမှာ ထူးဆန်းသော အကျိုးသက်ရောက်မှုတစ်ချို့ကို ဖြစ်ပေါ်သွားစေခဲ့သည်။

“ ဗွီ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေးဦးဝိညာဥ် မီးတောက်မှာ ရုတ်တရက် လောင်ကျွမ်းလာခဲ့သည်။

“ အောင်မြင်သွားပြီ “ ရွှေရောင်မီးလျှံမှာ အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။

အပြင်ကမ္ဘာရှိ တိကျွမ်းမှာလည်း မျက်လုံးများ ပြူးကျယ်သွားကာ၊ ပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည် “ တကယ်ပဲ အသက်ပြန်ရှင်လာတာလား “

အကယ်၍ သူ၏ကိုယ်ပိုင် မျက်လုံးများဖြင့် လူကိုယ်တိုင် မြင်တွေ့ရခဲ့ခြင်းသာ မဟုတ်ဘူးဆိုပါက၊ သူသည် ၎င်းကို မည်သို့မျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။

သို့သော် ထိုဖြစ်ရပ်မှာ သူ၏မျက်လုံးများ ရှေ့တွင် အမှန်တကယ် ဖြစ်ပွားနေခဲ့သည်။

“ ရွှီးး ရွှီးး “

ရှေးဦးဝိညာဥ် မီးတောက်သည် ပိုပို၍ ကြီးမား၊ အားကောင်းလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်လွန်းလှသော အသက်စွမ်းအင်တစ်ခုမှာ ကောင်းကင်ယံသို့ ထောင်တက်သွားခဲ့သည်။

ရှေးဦးဝိညာဥ် မီးတောက် တောက်လောင်ခြင်း

“ ဗွီ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် စိတ်စွမ်းအင် လှိုင်းတစ်ခု ပျံ့လွင့်လာခဲ့သည်။

“ ငါ …. ငါတကယ် မသေဘူးလား “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ ပွင့်ဟလာခဲ့သည်၊ သူသည် ဤတစ်ကြိမ် အိပ်ပျော်ခြင်းက ရာစုနှစ်တစ်ခုလောက် ကြာရှည်သည်ဟု ခံစားနေခဲ့ရသည်။

သို့သော် သူသည် ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို မှတ်မိနေသေးသည်။

လူသားဧကရာဇ်၏ တိုက်ခိုက်မှုကို ခံခဲ့ရကာ၊ ရုပ်ခန္ဓာနှင့် ရှေးဦးဝိညာဥ် အားလုံး ဆုံးရှုံးသွားခဲ့ပြီး၊ ကျဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးသော အခိုက်အတန့်တွင် နွေးထွေးသော စွမ်းအင်တစ်ခုက သူ့ ရှေးဦးဝိညာဥ်၏ အစစ်အမှန် မျိုးစေ့ကို ကာကွယ်ပေးလာခဲ့သည်။

ထို့ကြောင့်ပင် သူသည် ပြန်လည်ရှင်သန်လာရန် အခွင့်အရေး ရခဲ့ခြင်းဖြစ်သည်။

“ ဆရာ၊ အရမ်းကောင်းတယ်၊ ရှင်အသက်ရှင်နေတယ် “ ရွှေရောင်မီးလျှံ၏ မျက်လုံးများ အတွင်းမှ ဝမ်းသာမျက်ရည်များ ကျဆင်းလာခဲ့ပြီး၊ သူမသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ဝိညာဥ်ကို ဆုပ်ကိုင်ကာ ဝမ်းသာအားရ ခုန်ပေါက်နေတော့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အတွေးတစ်ခုတည်းဖြင့် ယခင်က မည်သည့်အရာများ ဖြစ်ပွားခဲ့လဲဆိုသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။

“ ဆိုတော့ အဲ့တာက လူသားဧကရာဇ်ရဲ့ အစီအစဥ်လား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် မှင်သက်သွားကာ၊ မယုံကြည်နိုင် ဖြစ်သွားခဲ့သည် “ လူသားဧကရာဇ်က ငါ့ကို အပိုင်းပိုင်း အစစ ဖြစ်သွားအောင် လုပ်ခဲ့တာက ပြန်လည်မွေးဖွားတာကို ကူညီဖို့အတွက်များလား “

အန္တိမ အထွတ်အထိပ်နယ်ပယ်တွင် ပြန်လည်မွေးဖွားခြင်း

သေးငယ်သော အမှားအယွင်းတစ်ခုကပင် အမှန်တကယ် သေဆုံးသွားစေနိုင်သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကမူ အချိန်ကိုက်၊ အံကိုက်ဖြစ်နေခဲ့သည်။

သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဥ် နှစ်ခုစလုံးမှာ အပြည့်အဝ သုတ်သင်ခံလိုက်ရသော်လည်း အသက်မျှင်မျှင်မျှ ကျန်နေခဲ့ပြီး၊ ထိုကဲ့သို့ အသက်မျှင်မျှင်မျှ ကျန်ရစ်နေခဲ့ခြင်းကပင် သူ့အား ပြန်လည်ရှင်သန်နိုင်မည့် အခွင့်အရေးကို ပေးအပ်ခဲ့သည်။

၎င်းတို့အားလုံး၏ အခြေခံအုတ်မြစ်က လူသားဧကရာဇ် ဓားတွင် ရှိနေခဲ့သည့် လူသားဧကရာဇ်က ကြိုတင်ပြင်ဆင်ထားခဲ့သည့် သန့်စင်သော အန္တိမအဆင့် နတ်စွမ်းအားပင် ဖြစ်သည်။

“ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်တဲ့ အစီအစဥ်လဲ “

လူသားဧကရာဇ်က သူ၏ဓားကို လွန်ခဲ့သော နှစ်တစ်သိန်းကျော်အကြာက ချန်ရစ်ထားခဲ့သည်ဆိုသည့် အကြောင်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။

အဆိုပါ အစီအစဥ်သည် နှစ်သိန်းနှင့်ချီ၍ ကျော်ဖြတ်လာခဲ့ရပြီး၊ ယခုမှသာလျှင် အကောင်အထည် ပေါ်လာခဲ့သည်။

အကယ်၍ အမှားအယွင်း တစ်ခုခု ရှိခဲ့မည်ဆိုပါက၊ ဖြစ်ပေါ်လာမည့် ရလဒ်မှာ သူအမှန်တကယ် သေဆုံးသွားခြင်းပင် ဖြစ်သည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 719 )

ကောင်းကင်ဘုံ တာအို ဖန်ဆင်းခြင်း ၂

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုကဲ့သို့ အောင်မြင်သွားရခြင်းမှာ သူ၏ခိုင်မာနက်ရှိုင်းလွန်းလှသော ကျင့်ကြံရေး အခြေခံအုတ်မြစ်က တစ်ထောင့်တစ်နေရာမှ ပါဝင်နေခဲ့သည်ဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။ တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များကမူ ထိုအဆင့်ကို အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။

အန္တိမနှင့် နယ်ပယ်နှင့် နီးကပ်နေသည့် အန္တိမတစ်ပိုင်း ပညာရှင်ကပင် ထိုကဲ့သို့ ပြင်းထန်လွန်းလှသော ဒဏ်ရာများကို တောင့်ခံနိုင်မည် မဟုတ်ဘဲ၊ လုံးဝပျောက်ကွယ်သွားနိုင်ခြေသာ များသည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားက ၎င်းကို တောင့်ခံနိုင်ခဲ့သည်။

“ ဟမ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးသည့်နောက်၌၊ သူ၏အခြေအနေကို မစစ်ဆေးအားသေးဘဲ၊ လီရို့ရှီနှင့် သူ၏မိဘများရှိရာဘက်သို့သာ လှည့်ကြည့်လိုက်သည်။

“ ဝှစ် “

သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ နတ်စွမ်းအားများမှာ သမုဒ္ဒရာကဲ့သို့ မြင့်တက်လာခဲ့ပြီး၊ လီရို့ရှီနှင့် တစ်ခြားနှစ်ဦးကို ဖုံးလွှမ်းသွားခဲ့သည်။

“ ဗွီ ဗွီ “

နတ်စွမ်းအားသည် ထိုလူသုံးဦးအပေါ်တွင် ရှိနေသည့် ကျိန်စာစွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်နေတော့သည်။

တစ်ခဏအကြာ၌ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ရှိနေသည့် ကျိန်စာစွမ်းအားမှာ လျင်မြန်စွာ ပျောက်ကွယ်စပြုလာခဲ့သည်။

ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားကပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူ၏နတ်စွမ်းအားက ထိုလူသုံးဦးပေါ်တွင် ရှိနေသည့် ကျိန်စာစွမ်းအားကို ဖယ်ရှားသည့် အမြန်နှုန်းမှာ ယခင်ကထပ် အဆတစ်ရာကျော်အထိ ပိုမိုမြန်ဆန်နေခဲ့သည်။

၎င်းသည် သူ၏နတ်စွမ်းအားက ယခင်ထပ် အဆပေါင်းများစွာ ပိုမိုအားကောင်းလာပြီဟု ညွှန်းဆိုနေခြင်း ဖြစ်သည်။

သို့ရာတွင် ထိုအချိန်၌ လီရို့ရှီနှင့် တစ်ခြားနှစ်ဦးပေါ်တွင် ရှိနေသည့် ကျိန်စာစွမ်းအားမှာ တဟုန်ထိုး ပျံ့နှံ့နေစဲဖြစ်ပြီး၊ အဆတစ်ရာမြန်ဆန်သော အမြန်နှုန်းကပင် အလွန်တရာ နှေးကွေးနေသေးသည်။

ထို့အပြင် ကျိန်စာစွမ်းအားမှာ ဗိုင်းရပ်စ်ကဲ့သို့ ဆက်တိုက်ပျံ့နှံ့နေခဲ့သည်။

ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရား၏ နည်းလမ်းဖြင့်ပင်၊ ၎င်းကို ဖိနှိပ်နေရုံသာ တတ်နိုင်ခဲ့သည်။

“ ဒီလိုစွမ်းအားမျိုးကိုသာ စောစောစီးစီးရခဲ့မယ်ဆိုရင်၊ ကျိန်စာကို ချက်ချင်းဖိနှိပ်နိုင်ခဲ့မှာ “ ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် ညီးတွားနေတော့သည်။

သို့သော် သူသည် ယခုလက်ရှိသူက ယခင်ကနှင့် အနည်းငယ် ကွဲပြားနေပြီဆိုသည်ကိုပါ နားလည်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှာ သူ၏ခန္ဓာကိုယ်ကို ကြည့်နေတော့သည်။

ဤအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ အန္တိမ အထွတ်အထိပ်အဆင့်ကို လုံးဝကျော်လွန်နေခဲ့ပြီဖြစ်သည်။

ဤကိစ္စမတိုင်ခင် အချိန်ကတည်းက သူ၏ရုပ်ခန္ဓာက သာမန်အန္တိမ အထွတ်အထိပ်ထပ် သာလွန်နေခဲ့ပြီး၊ ရုပ်ခန္ဓာခွန်အားဖြင့်ပင် လူငယ်မျက်နှာ အကြီးအကဲကဲ့သို့သော အန္တိမ အထွတ်အထိပ် ပညာရှင်တို့အား အမှုန့်ကြိတ်နိုင်သည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။

ယခုတွင်ကား သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီးသည့်နောက်တွင်၊ သူ့ရုပ်ခန္ဓာ၏ နယ်ပယ်မှာ အဆင့်သစ်တစ်ခုအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“ ဒါက အန္တိမ နယ်ပယ်လား “

ကြယ်တာရာ T-Rex နတ်ဘုရားမှာ မရေမရာဖြစ်နေခဲ့သည်၊ သို့သော် သူသည် သူက ထိုနယ်ပယ်နှင့် အလွန်တရာ နီးကပ်နေပြီဆိုသည်ကိုတော့ သေချာနေခဲ့သည်။

သို့သော် ဤပြန်လည်မွေးဖွားခြင်းမှ ရရှိသည့် အကြီးမားဆုံး အကျိုးအမြတ်မှာ သူ၏ရုပ်ခန္ဓာတိုးတက်မှု မဟုတ်ဘဲ၊ ရှေးဦးဝိညာဥ် တိုးတက်မှုသာလျှင် ဖြစ်နေခဲ့သည်။

တိတိကျကျပြောရမည်ဆိုပါက ရှေးဦးဝိညာဥ်နှင့် ခရမ်းရောင် နန်းတော်၏ အသွင်ပြောင်းမှုပင် ဖြစ်သည်။

“ ဗွီ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်အတွင်း၌

ခရမ်းရောင်နန်းတော်သည် အဆုံးမဲ့ စကြာဝဠာ အတွင်းတွင် မျောလွင့်နေပြီး၊ စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှင့်နေလျက်ရှိသည်။

“ ဟမ်။ အဲ့တာက ဘာကြီးလဲ “

အပြင်ကမ္ဘာရှိ တိကျွမ်းသည် အဆိုပါ စွမ်းအင်လှိုင်းကို အာရုံခံမိသွားကာ၊ မျက်လုံးများ ပြူးကျယ်သွားပြီး၊ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

သူသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ တအံ့တဩဖြင့် မေးမြန်းလာခဲ့သည် “ မင်းက အဲ့အဆင့်ကို ရောက်သွားပြီလား “

အကြောင်းပြချက်မှာ ရိုးရှင်းလွန်းလှသည်၊ သူအာရုံခံမိသည့် အဆိုပါ ရှေးဦးဝိညာဥ် စွမ်းအင်လှိုင်းက အန္တိမ အထွတ်အထိပ်နယ်ပယ်ကို လုံးဝကျော်လွန်နေသောကြောင့် ဖြစ်သည်။

အန္တိမ အထွတ်အထိပ်နယ်ပယ်၌ ရုပ်ခန္ဓာ၏ နယ်ပယ်ကို သိရရန်မှာ အလွန်တရာ ခက်ခဲပြီး၊ တိုက်ခိုက်ကြသည့် အချိန်မှသာလျှင် အသေအချာ သိရှိနိုင်မည် ဖြစ်သည်။

သို့သော် ရှေးဦးဝိညာဥ် ကွာခြားချက်ကိုမူ ချက်ချင်းခွဲခြား သိမြင်နိုင်ပေသည်။

ယခု၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေးဦးဝိညာဥ် စွမ်းအင်လှိုင်းသည် သူ့အား နှိုင်းယှဥ်၍ မရသော ကြီးမြတ်သည့် ခံစားချက်ကို ခံစားသွားရစေခဲ့သည်။

တိကျွမ်းက ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေးဦးဝိညာဥ်က ထိုအဆင့်သို့ ရောက်သွားပြီလားဆိုသည်ကို သံသယဝင်ရန် လုံလောက်သော အကြောင်းပြချက်များ ရှိနေခဲ့သည်။

“ ငါ့ရဲ့ ရှေးဦးဝိညာဥ်က တကယ်ကို ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တယ် “

ကြယ်တာရာ T-Rex နတ်ဘုရားကပင် ၎င်းကို အာရုံခံမိနေခဲ့သည်၊ ဤအချိန်တွင် သူသည် သူက တာအိုဖြစ်ပြီး၊ ဤကမ္ဘာအတွင်းရှိ သက်ရှိအားလုံး၏ ဆရာသခင် ဖြစ်သော ကောင်းကင်ဘုံတာအိုဖြစ်သည်ဟု ခံစားနေခဲ့ရသည်။

ဤကမ္ဘာအတွင်းရှိ အရာအားလုံးမှာ ရှေးဦးဝိညာဥ်ကို အားကိုး၍ စကြာဝဠာကို နားလည်ဆင်ခြင်ကြသည်။

သတ္တမအဆင့် ကျင့်ကြံရေးမှာ နတ်တံတားကို ကျင့်ကြံရခြင်းဖြစ်ပြီး၊ အဌမအဆင့်မှာ ရှေးဦးဝိညာဥ်ကို ကျင့်ကြံရသည်၊ နဝမအဆင့်ကမူ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်ကို ကျင့်ကြံရသည်။

အထွတ်အထိပ် နယ်ပယ်သို့ ရောက်ရှိသွားခြင်းမှာ ကောင်းကင်နှင့် ကမ္ဘာမြေတို့ပေါ်တွင် ရှိနေသည့် ရှေးဦးဝိညာဥ်၏ နားလည်မှုအပေါ်တွင် မူတည်နေလျက်ရှိသည်။

အဆင့်နိမ့်ဖြစ်စေ၊ အဆင့်မြင့်ဖြစ်စေ၊ အန္တိမ အထွတ်အထိပ်ဖြစ်စေ၊ ကျင့်ကြံရေးက အဆိုပါ စည်းမျဥ်းအပေါ်တွင် အခြေခံထားခဲ့သည်။

ရှေးဦးဝိညာဥ် အသွင်ပြောင်းမှုက ပိုမိုမြင့်မားလေလေ၊ တာအိုနားလည်နိုင်စွမ်းက ပိုမိုအားကောင်းလေလေဖြစ်ပြီး၊ အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိရန် ပိုလွယ်လေလေဖြစ်သည်။

ယခု၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ရှေးဦးဝိညာဥ်က ကောင်းကင်ဘုံတာအို ဖြစ်လာပြီဟု ခံစားနေခဲ့ရသည်။

၎င်းက ပိုမိုမြင့်မားသော အဆင့်မဟုတ်ဘဲ၊ သူ၏ရှေးဦးဝိညာဥ်က ကျော်ဖြတ်ခြင်းနှင့် အန္တိမနယ်ပယ်ကြားရှိ ကွာဟချက်နှင့် တူညီသည့် နောက်ထပ်အဆင့်တစ်ခုသို့ အပြည့်အဝ ရောက်ရှိသွားခြင်း ဖြစ်သည်။

“ ငါနဲ့ပဲ သက်ဆိုင်တဲ့ တာအိုတစ်ခုကို လွတ်လွတ်လပ်လပ် ဖန်တီးလို့ရပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်၊ သူ၏လက်ထဲတွင် နတ်အလင်းတန်းတစ်ခု လင်းလက်လာခဲ့ကာ၊ ချက်ချင်းဆိုသလိုပင် တာအိုတစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ စကြာဝဠာ နိယာမကို အခြေခံ၍ ဖန်တီးထားသော တာအိုအသစ်တစ်ခု ဖြစ်သည်။

၎င်းက စကြာဝဠာ နိယာမကို အခြေခံ၍ ဆင်းသက်လာခဲ့ခြင်း ဖြစ်သော်လည်း၊ ယခင်ကအတိုင်းသာ ရှိနေခဲ့မည်ဆိုပါက ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုကဲ့သို့သော တာအိုတစ်ခုကို ဖန်တီးရန်အတွက် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရမည် ဖြစ်သည်။

သို့သော် ယခုတွင်ကား မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းကို ဖန်တီးနိုင်ခဲ့သည်။

၎င်းမှာ ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေးဦးဝိညာဥ်၏ စွမ်းအား ဖြစ်သည်။

“ တကယ်လို့ ကောင်းကင်ဘုံတာအိုရဲ့ အသိအမှတ်ပြုမှုကို ရမယ်ဆိုရင်၊ ငါက အန္တိမနယ်ပယ်ကို အခုချက်ချင်း သွားလို့ရတယ် “

ဤအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ၎င်းကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

သူ၏ ရှေးဦးဝိညာဥ် စွမ်းအား၊ တာအိုဖန်တီးနိုင်စွမ်းတို့မှာ အန္တိမနယ်ပယ်နှင့် ယှဥ်နေနိုင်ပြီ ဖြစ်သည်။

သို့သော် သူသည် ကောင်းကင်ဘုံတာအို၏ အသိအမှတ်ပြုမှုကို မရရှိသေးပေ၊ ထို့ကြောင့် သူ၏ရှေးဦးဝိညာဥ်နှင့် ရုပ်ခန္ဓာတို့မှာ ထိုအဆင့်သို့ အပြည့်အဝ မရောက်ရှိသေးပေ။

“ ကောင်းကင်ဘုံ တာအို အသိအမှတ်ပြုမှု ……….. “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် ဖျော့တော့သော အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

သို့သော် သူသည် ကောင်းကင်ဘုံတာအိုက နောက်ထပ် အန္တိမ ပညာရှင်တစ်ဦးကို ထပ်မံ၍ ပေါ်ပေါက်လာခွင့်ပြုရန် မဖြစ်နိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ယခုလက်ရှိ သူ၏နားလည်မှုဖြင့် သူသည် ကောင်းကင်ဘုံ တာအို၏ အသိအမှတ်ပြုမှုကို ရရှိကာ၊ ထိုအဆင့်သို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

“ ကောင်းကင်ဘုံတာအိုက အဲ့တာကို အသိအမှတ်မပြုဘူးဆိုတော့လည်း ကောင်းကင်ဘုံတာအိုတစ်ခုကို ငါ့ဘာသာ ဖန်တီးမယ်ကွာ “

“ ငါ့နဲ့ပဲ သက်ဆိုင်တဲ့ ကောင်းကင်ဘုံတာအို “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် ရှိနေသည့် အလင်းတန်းမှာ တလက်လက် တောက်ပလာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ သူ့လက်ထဲတွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ကာ၊ တာအိုများ ဆက်တိုက်ဖန်တီးခံနေရသည်။

မလှမ်းမကမ်းရှိ တိကျွမ်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။

တာအိုဖန်တီးခြင်းဆိုသည်မှာ အန္တိမ အထွတ်အထိပ် ပညာရှင်တိုင်းအတွက် အလွန်တရာ မက်မောရသော၊ အလွန်ခက်ခဲကာ၊ ကြိုးစားအားထုတ်ရသော အလုပ်တစ်ခုဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားကဲ့သို့ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်းမှာပင် တာအို ဖန်တီးနိုင်သည့် လူတစ်ဦးဦကို မည်သူကြားခဲ့ဖူးပါသနည်း

၎င်းမှာ တာအိုဖန်တီးခြင်း မဟုတ်တော့ဘဲ၊ အစုလိုက်အပြုံလိုက် ထုတ်လုပ်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

တိကျွမ်း အံ့ဩတုန်လှုပ်သွားခဲ့သည်၊ ၎င်းမှာ မကြုံစဖူး ဖြစ်ရပ်ထူးဖြစ်သည်။ သူသည် ထိုအကြောင်းကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။

ထို့အပြင် ကြယ်တာရာ T-Rex နတ်ဘုရားက တာအိုဖန်တီးခြင်း တစ်ခုတည်းကိုသာလျှင် ပြုလုပ်နေခြင်းမဟုတ်ဘူးဆိုသည်ကို သိကြရမည် ဖြစ်သည်။

သူသည် တာအိုကို ဖန်တီးနေရင်းဖြင့်၊ လီရို့ရှီနှင့် တစ်ခြားလူနှစ်ဦးထံတွင် ရှိနေသည့် ကျိန်စာစွမ်းအားကို သူ၏နတ်စွမ်းအားဖြင့် တိုက်ဖျက်ပေးနေခဲ့သည်။

အန္တိမ နယ်ပယ်သို့ တက်လှမ်းရန် အသည်းအသန် ကြိုးပမ်းနေကြသည့် လူများကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ ရူးသွပ်သွားကြမည် ဖြစ်သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ တစ်ခြားလူများ၏ အတွေးများကို ဂရုစိုက်မနေခဲ့ပေ၊ သူသည် ဆယ်မိနစ်အတွင်းမှာပင် တာအိုအသစ် တစ်ဒါဇင်ကျော်ကို ဖန်တီးနိုင်ခဲ့သည်။

“ မဟုတ်ဘူး၊ မလုံလောက်သေးဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လေးလေးနက်နက် ဖြစ်နေသာ လေသံမျိုးဖြင့် ရေရွတ်ပြောဆိုနေခဲ့သည်။

တာအိုတစ်ဒါဇင်ကျော်မှာ ကောင်းကင်ဘုံတာအိုကို တုပနိုင်ရန် အလွန်တရာ အလှမ်းဝေးနေသေးသည်။

သူ၏လက်ထဲတွင် အလင်းတန်းများ အရူးအမူး ပေါက်ထွက်လာခဲ့ပြီး၊ မြောက်များစွာသော တာအိုများ ပေါ်ထွက်လာခဲ့သည်။

အဆိုပါ တာအိုအသစ်များသည် ဤကမ္ဘာကြီးနှင့် မသက်ဆိုင်ဘဲ၊ စကြာဝဠာကို ကျော်လွန်နေသည့် တာအိုများဖြစ်သည်။

ယခု၌ မိနစ်ပိုင်းအတွင်းမှာပင် တစ်ဒါဇင်ကျော်သော တာအိုများ ပေါ်ထွက်လာခဲ့ပြီးပြီ ဖြစ်သည်။

“ ဝရုန်းး “

ကောင်းကင်နှင့် ကမ္ဘာမြေအကြားတွင် ကျယ်လောင်သော ဆူညံသံတစ်ခု ပေါ်ထွက်လာခဲ့သည်။

လျှပ်စီးလက်၊ မိုးကြိုးများ ပစ်လာခဲ့ပြီး၊ တစ်ကမ္ဘာလုံး လှုပ်ရမ်းသွားခဲ့သည်၊ ဤကမ္ဘာအတွင်းရှိ တာအိုများသည် သူတို့၏ အစစ်အမှန် ပုံရိပ်များကို ထုတ်ဖော်ပြသလာခဲ့ပြီး၊ အလင်းတန်းများအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ လျင်မြန်သော တာအိုဖန်တီးမှုက ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံးကို နှောင့်ယှက်မိသွားပုံရသည်။

ကောင်းကင်ဘုံတာအိုကပင် ဤကိစ္စကြောင့် ၎င်းကို သတိပြုမိသွားနိုင်ပေသည်။

ဘုမ်းးး

ကြယ်တာရာ T-Rex နတ်ဘုရား၏ ပတ်ပတ်လည်တွင် ရှိနေသည့် ဟင်းလင်းပြင်-အချိန် ကမောက်ကမ ဖြစ်သွားခဲ့ပြီး၊ မတည်ငြိမ်သော အချိန်စီးဆင်းမှုများ ပေါ်ထွက်လာသည်နှင့်အမျှ နိယာမအားလုံး၏ လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ပြီး၊ အမျိုးမျိုးသော အချိန်နှင့် ဟင်းလင်းပြင်တို့၏ ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့သည်။

“ တာအိုရောင်းရင်း၊ ဂရုစိုက် “

တိကျွမ်းမှ အော်ပြောလာခဲ့သည် “ ၎င်းက ဒီနေရာရဲ့ ဟင်းလင်းပြင်-အချိန်ကို နှောင့်ယှက်မိသွားပြီ၊ တာအို ဖရိုဖရဲဖြစ်နေပြီ၊ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေ ပေါ်လာတော့မယ် “

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ၎င်းတို့ကို မည်သို့မျှ ဂရုမစိုက်ဘဲ၊ တာအိုဖန်တီးခြင်း အလုပ်တွင်သာ သူ့ကိုယ်သူ နှစ်မြှုပ်ထားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မိနစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ဘေးပတ်ပတ်လည်တွင် ရာနှင့်ချီသော တာအိုများ လိမ်ယှက်နေလျက်ရှိသည်။

အဆိုပါ တာအိုများသည် ဤစကြာဝဠာနှင့် မသက်ဆိုင်သော၊ ယခင်က မမြင်တွေ့ခဲ့ဖူးသည့် သူဖန်တီးထားသော အသစ်စက်စက် တာအိုများဖြစ်သည်။

“ ရောက်ခါနီးနေပြီ “

ရာနှင့်ချီသော တာအိုများသည် အစစ်အမှန် ကမ္ဘာတစ်ခု၏ အခြေခံအုတ်မြစ်ကို ဖွဲ့စည်းနေကြသည်။

သို့သော် ၎င်းတို့ကို ပြီးမြောက်အောင် လုပ်ရခြင်းမှာ အဆုံးမှတ်ဟုတ်မနေခဲ့ဘဲ၊ ခရီးစဥ်၏ အစကနဦးသာ ဖြစ်နေခဲ့သည်။

“ ဖွဲ့စည်း “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အသံပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်၊ ရုတ်တရက်ဆိုသလိုပင် ဖရိုဖရဲ နတ်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

စကြာဝဠာ နိယာမ

ထို့နောက်တွင် ရာနှင့်ချီသော တာအိုများသည် စကြာဝဠာ နိယာမနှင့် ပေါင်းစည်းသွားပြီး၊ ၎င်းနှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။

အမြန်နှုန်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်၊ တစ်ခြားလူများက ဖန်တီးခြင်း နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့ကို စမ်းသပ်ရန်နှင့် ပေါင်းစပ်ရန်အတွက် နှစ်ရာနှင့်ချီ(သို့) ထောင်နှင့်ချီ၍ အချိန်ယူရသည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားကိုယ်တိုင်ကပင် ၎င်းတို့နှစ်ခုကို ပေါင်းစည်းရန်အတွက် အတိုင်းအတာတစ်ခုအထိ အချိန်ယူခဲ့ရသည်။

ယခုတွင်ကား သူသည် တာအိုအသစ်နှင့် စကြာဝဠာ နိယာမတို့ကို မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါင်းစပ်လိုက်သည်။

၎င်းသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေးဦးဝိညာဥ် စွမ်းအားက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သက်သေပြုနေခဲ့သည်။

…

…………………………………………………………………………………………………………………………………………

အပိုင်း ( 720 )

ကောင်းကင်ဘုံတာအိုအသစ်ကို သန့်စင်ခြင်း၊ ကောင်းကင်ဘုံ ကပ်ဘေး ဆင်းသက်ခြင်း

“ ပေါင်းစည်း “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အော်ပြောလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရာနှင့်ချီသော တာအိုများမှာ သူတို့၏ ပေါင်းစည်းမှုကို စတင်၍ အရှိန်မြှင့်တင်လာကြသည်။

ယခင်က တာအိုတစ်ခုနှင့်တစ်ခု ပေါင်းစည်းရန် မိနစ်ဝက်အထိ အချိန်ယူခဲ့ရသော်လည်း၊ ယခုတွင်ကား ဆယ်စက္ကန့်ကျော်မျှသာ အချိန်ယူခဲ့ရသည်။

“ တာအိုရောင်းရင်း၊ မင်းဘာလုပ်နေတာလဲ “

တိကျွမ်းသည် သူ၏ စိတ်ထဲတွင် ရေရွတ်ပြောဆိုနေခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသည့် အမူအရာတစ်ခု တည်ရှိနေခဲ့သည်။

သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက ရာနှင့်ချီသော တာအိုများကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန်တီးပြီး၊ ထို့နောက်တွင် ၎င်းတို့အား လျင်မြန်စွာ ပေါင်းစပ်နေသည်ကို မြင်တွေ့နေခဲ့ရသည်၊ သူဘာတွေ လုပ်နေတာလဲဟ

ရုတ်တရက်ဆိုသလိုပင် တိကျွမ်းသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

တာအိုကို ဖန်တီးပြီး ပေါင်းစပ်တယ်ဆိုတော့၊ အဲ့တာက ………

တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ရည်ရွယ်ချက်ကို ဝေဝေဝါးဝါး မှန်းဆမိသွားခဲ့သည်။

အဆိုပါ မှန်းဆချက်မှာ အလွန်တရာ အံ့ဖွယ်ကောင်းလွန်းနေသည့်အတွက်၊ တိကျွမ်းမှာ အံ့ဩတုန်လှုပ်သွားခဲ့ရသည်။

“ သူက ကောင်းကင်ဘုံတာအိုကို ပေါင်းစပ်ဖို့ ကြိုးစားနေတာများလား “

တိကျွမ်း၏ ရင်ခုန်သံပင် ရပ်တန့်သွားခဲ့သည်။

ကောင်းကင်ဘုံတာအိုမှာ တာအိုအားလုံး၏ ခေါင်းဆောင်ဖြစ်သည်။

ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ အမျိုးမျိုးသော တာအိုများမှာ ကောင်းကင်ဘုံတာအိုမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သီအိုရီအရ၊ ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ အမျိုးမျိုးသော တာအိုများကလည်း ကောင်းကင်ဘုံ တာအိုဖြစ်သည်ဟု သတ်မှတ်၍ ရပေသည်။

ဘယ် …. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အဲ့တာက ကောင်းကင်ဘုံ တာအိုလေ

အန္တိမ အထွတ်အထိပ် ပညာရှင်များကပင် တာအိုများကို ကောင်းကင်ဘုံ တာအိုအဖြစ် မပေါင်းစည်းနိုင်ဘူးဆိုသည်ကို သိကြရမည်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် သူတို့နားလည်ထားသည့် တာအိုများက ဆယ်ဂဏန်းထပ် မပိုသောကြောင့် ဖြစ်သည်။

သို့သော် ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားကမူ လုံးဝကွဲပြားနေခဲ့သည်။

သူသည် ရာနှင့်ချီသော တာအိုများကို ပေါင်းစည်းမှုအတွက် တိုက်ရိုက်ဖန်တီးခဲ့သည်။

ထို့အပြင် ရာနှင့်ချီသော အဆိုပါ တာအိုများသည် ဤကမ္ဘာ(သို့) စကြဝဠာတို့နှင့် ရောနှောခြင်း မရှိဘဲ၊ သီးခြားရပ်တည်နေခဲ့သည်။

သူက သူတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ ကောင်းကင်ဘုံ တာအိုကို ဖန်တီးနေတာများလား

အဲ့တာက ဖြစ်နိုင်ပါ့မလား

“ ရူးလွန်းတယ် ………. “

တိကျွမ်း၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ နည်းလမ်းသည် သမိုင်းတွင် မည်သူကမှ မကြိုးစားဝံ့ခဲ့သော‌ နည်းလမ်းဖြစ်သည်။

“ ဗွီ ဗွီ “

ထိုအချိန်၌ အဆိုပါ တာအိုများမှာ ဆက်လက်၍ ပေါင်းစည်းနေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရာနှင့်ချီသော တာအိုတို့မှာ စကြာဝဠာ နိယာမနှင့် ပေါင်းစည်းသွားခဲ့သည်။

“ ဟင်းလင်းပြင်-အချိန် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ညှိုးညွှန်လိုက်ရာ၊ ဟင်းလင်းပြင်-အချိန် တာအို ပေါ်ထွက်လာခဲ့သည်။

“ နောက်ဆုံးအဆင့် “

“ အောင်မြင်မလား၊ ကျရှုံးမလားဆိုတာက နောက်လာမဲ့ ဖြစ်ရပ်အပေါ်မှာ မူတည်သွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များ လေးနက်သွားခဲ့သည်၊ ရာနှင့်ချီသော တာအိုများကို ပေါင်းစည်းခဲ့သော်လည်း၊ ၎င်းတို့အားလုံးမှာ စကြာဝဠာ နိယာမကို အခြေခံ၍ ဖန်တီးထားခဲ့ခြင်းဖြစ်သည်။

ယခုတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီဖြစ်ပြီး၊ ၎င်းသည် စကြာဝဠာ နိယာမ၏ စွမ်းအားကို အဆုံးမရှိ မြှင့်တင်ပေးခဲ့သည်။

သို့သော် ထိုအဆင့်သို့ မရောက်ရှိခဲ့ပေ။

ထိုအဆင့်သို့ အမှန်တကယ် ရောက်ရှိရန်အတွက်၊ သူသည် ၎င်းကို တည်ရှိနေပြီးသား စကြာဝဠာ၏ တာအိုနှင့် ပေါင်းစည်းပေးရမည် ဖြစ်သည်။

တည်ရှိနေပြီးသား ကောင်းကင်ဘုံတာအိုကို တုပရန် ကြံရွယ်ထားသောကြောင့် ထိုကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ဘုံ တာအိုကို ကိုယ်တိုင်မဖန်တီးနိုင်ပေ၊ သူသည် တည်ရှိနေပြီးသား ကောင်းကင်ဘုံ တာအို၏ အတည်ပြုချက်ကို ရယူကာ၊ ဆက်လက်၍ ဖန်တီးရမည် ဖြစ်သည်။

သို့ရာတွင် ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ဤစကြာဝဠာ၏ ကောင်းကင်ဘုံတာအို၏ ကြောင်းကျိုးဆက်စပ်မှုကို ထိခိုက်သွားစေမည် ဖြစ်သည်။

မည်သည့်အရာများ ဖြစ်ပေါ်လာမလဲဆိုသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားမှာ စိတ်ပိုင်းဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။

“ ပေါင်းစည်း “

ဟင်းလင်းပြင်-အချိန်တာအိုမှာလည်း စတင်၍ ပေါင်းစပ်လာခဲ့သည်။

“ ဓာတ်ကြီးငါးပါး “

“ အသက်နဲ့ မရဏ “

“ အစီအရင် အဆောင် “

“ … “

ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်ကို ဆက်တိုက်မြှောက်နေခဲ့ရာ၊ တာအိုအလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး၊ သူ၏တာအိုနှင့် ပေါင်းစည်းသွားကြသည်။

“ ဘုမ်းးး “

ချက်ချင်းဆိုသလိုပင် တာအိုဟိန်းဟောက်သံများ ဆက်တိုက် ပေါ်ထွက်လာနေခဲ့သည်။

ဤအချိန်တွင် နဝမအဆင့် ပညာရှင်တစ်ဦးဦးကသာ ရှိနေမည်ဆိုပါက၊ ဉာဏ်အလင်းပွင့် ဖြစ်စဥ်အတွင်းသို့ ကျရောက်သွားမည်ဖြစ်ကာ၊ တာအိုနှင့် ထိတွေ့နိုင်ကာ၊ အကျိုးအမြတ် ကြီးကြီးမားမား ရရှိသွားမည် ဖြစ်သည်။

အဆင့်မြင့် တာအိုများနှင့် အန္တိမ တာအိုများ၊ တစ်ခုပြီးတစ်ခု စကြာဝဠာ နိယာမနှင့် ပေါင်းစည်းသွားခဲ့သည်။

အဆိုပါ ပေါင်းစည်းမှုသည် ယခင်ကထပ် များစွာပိုမိုခက်ခဲလာခဲ့သည်။

၎င်းတို့က ဤစကြာဝဠာ၏ မူလတာအိုများ ဖြစ်နေခဲ့ပြီး၊ ယခင်က ကြယ်တာရာ T-Rex နတ်ဘုရား ဖန်တီးခဲ့သည့် ရာနှင့်ချီသော တာအိုများနှင့် လုံးဝကွဲပြားနေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြောက်မက်ဖွယ်ကောင်းသော ရှေးဦးဝိညာဥ် စွမ်းအားကို မှီခိုရင်းဖြင့်၊ တာအို အမျိုးအစားနှစ်ခုကို အတင်းအကြပ် ပေါင်းစည်းနေခဲ့သည်။

“ ဗွီ ဗွီ ”

မှုန်ဝါးဝါး ဖြစ်နေသည့် မီးခိုးရောင် အလင်းစက်ဝန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ပုံပေါ်လာတော့မယ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များ စူးရှသွားပြီး၊ သူ၏ လှုပ်ရှားမှုများမှာလည်း ပိုမိုမြန်ဆန်လာခဲ့သည်။

အချိန်များ ဆက်တိုက် စီးဆင်းနေလျက်ရှိသည်။

နာရီဝက်

တစ်နာရီ

ခြောက်နာရီ

အဆိုပါ ပေါင်းစည်းမှုသည် အံ့ဖွယ်ကောင်းလောက်အောင် ကြာရှည်နေခဲ့သည်။

…

မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့တစ်ဝက် ကျော်လွန်သွားခဲ့သည်။

“ ဗွီ “

ရုတ်တရက်ဆိုသလိုပင် ဖော်ပြ၍ မရသော လျှို့ဝှက်ဆန်းကြယ်သည့် တုန်ခါမှုတစ်ခုမှာ ကောင်းကင်ထက်သို့ ထောင်တက်သွားခဲ့သည်။

အဆိုပါ တုန်ခါမှုထံတွင် မည်သည့်ဖိအားမှ ပါဝင်မနေခဲ့ပေ၊ အန္တိမ အထွတ်အထိပ်အောက်ရှိ လူများမှာ ၎င်းကို သတိပြုမိလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် မူလနယ်မြေတွင် ရှိနေသည့် တိကျွမ်းအပါအဝင် အန္တိမ အထွတ်အထိပ်တွင် ရှိနေသည့် လူတိုင်းမှာ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

မူလနယ်မြေအတွင်းရှိ မည်သူ မမြင်နိုင်၊ မတွေ့နိုင်သော ဟင်းလင်းပြင်တစ်ခုအတွင်း၌

တင်ပျဥ်ခွေထိုင်နေသည့် ကလေးမျက်နှာနှင့် အဘိုးအိုတစ်ဦးမှာ မျက်လုံးများ ရုတ်တရက် ဖွင့်ဟလာခဲ့သည်။

“ ဒီတုန်ခါမှုက ……. “

သူသည် အလွန်တရာ ထူးဆန်းသော တုန်ခါမှုတစ်ခုကို ယခုလေးတင် ခံစားခဲ့ရပြီး၊ ကြက်သီးများ ထသွားခဲ့သည်။

တုန်ခါမှု သပ်သပ်သာဆိုပါက သူ့ကို များစွာတုန်လှုပ်သွားစေမည် မဟုတ်ပေ။ အရေးအကြီးဆုံး အရာမှာ သူနားလည်ထားသည့် တာအိုနိယာမ အားလုံးက ဒူးထောက်ကျသွားတော့မည့်အလား တုန်ရင်နေသည်ကို သူအာရုံခံမိနေခြင်းပင် ဖြစ်သည်။

အန္တိမ နယ်ပယ်လား

အဲ့တာထပ် ပိုတယ်

အန္တိမနယ်ပယ်၏ ဖိအားသာဆိုပါက အများဆုံးအနေဖြင့် သူ၏ရုပ်ခန္ဓာကိုသာ တုန်ခါသွားစေမည် ဖြစ်သည်။

သို့သော် ယခုတွင်ကား သူနားလည်ထားသည့် တာအို နိယာမအားလုံးက ဦးညွတ်ရတော့မည့်အလား တုန်ရင်နေလျက်ရှိသည်။

“ အဲ့တာက ……. ကောင်းကင်ဘုံတာအိုများလား “

သူသည် အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်ပြီး၊ ရှေးခေတ် တိမ်တိုက်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲဖြစ်နေသောကြောင့် ကောင်းကင်ဘုံတာအို၏ တည်ရှိမှုကို သိနေခဲ့သည်။

ကောင်းကင်ဘုံတာအိုကသာလျှင် သူနားလည်ထားခဲ့သည့် တာအို နိယာမများကို ဒူးထောက်ကျသွားစေနိုင်သည်။

“ ကောင်းကင်ဘုံတာအိုက ဘက်မလိုက်ဘူး၊ ချစ်ခြင်းမရှိ၊ မုန်းခြင်းလည်းမရှိဘူး၊ ဘယ်အရေးကိစ္စကိုမှလည်း ဝင်မစွက်ဖက်ဘူး၊ ငါက အဲ့တာရဲ့ တုန်ခါမှုကို ဘယ်လိုလုပ် ခံစားနေရတာလဲဟ “

သူ၏စိတ်ထဲတွင် သံသယတို့ဖြင့် ပြည့်နှက်သွားခဲ့သည်၊ သူသည် တုန်ခါမှု ထွက်ပေါ်လာရာဘက်သို့ ငေးမော ကြည့်ရှုနေတော့သည်။

သူတစ်ဦးတည်း မဟုတ်ပေ၊ မူလနယ်မြေအတွင်းတွင် ရှိနေကြသည့် လျူမေ့နှင့် တစ်ခြားလူများပါဝင်သော အန္တိမ အထွတ်အထိပ် ပညာရှင် အကုန်လုံးသည် ထိုနေရာဘက်သို့ လှမ်းမျှော်ကြည့်ရှုလာကြသည်။

…

တိကျွမ်းမှာလည်း သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းကို အံ့ဩတုန်လှုပ်နေသော အမူအရာဖြင့် ကြည့်ရှုကာ၊ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

သူ၏ မျက်လုံးများဖြင့် လူကိုယ်တိုင် မြင်တွေ့နေရခြင်းသာ မဟုတ်ဘူးဆိုပါက၊ သူသေရမည်ဆိုလျှင်တောင်မှ ထိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာလိမ့်ဟု မည်သို့မျှ ယုံကြည်မည် မဟုတ်ပေ။

All Chapters