← Chapters

အခန်း (၇၃၃-၇၃၅)

Vol. 49 Ch. 733-735

အခန်း (၇၃၃-၇၃၅)

Vol. 49 Ch. 733-735

အပိုင်း ( 733 )

အဆုံးသတ် တိုက်ပွဲ ၂

တစ်ချိန်က သူသည် သူ့ကို အသက်ပြန်သွင်းပေးမယ်ဟု ကိုယ့်ကိုကိုယ် ပြောဆိုခဲ့ပြီး၊ ယခုတွင် သူသည် အဆိုပါ ကတိကို ဖြည့်ဆည်းနိုင်ခဲ့ပြီ ဖြစ်သည်။

လျူချင်းယွမ်မှာလည်း သူ့ကို ပြန်ကြည့်လာခဲ့ကာ၊ အလွန်တရာ အံ့ဩသွားခဲ့သည်။

ရှုကျိုးသည် စကားအနည်းငယ်ပြောကာ၊ အကျဥ်းချုံး၍ ရှင်းပြလိုက်ပြီး၊ လျူချင်းယွမ်ကို သူ၏ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ပို့လွှတ်လိုက်သည်။

အမှောင်နယ်မြေ ခရီးစဥ် မပြီးဆုံးသေးပေ။

“ ဆရာ၊ ကျွန်တော်တို့က ဘာဆက်လုပ်ကြမှာလဲဗျ “

အနောက်တွင် ရှိနေသည့် လူငယ်မျက်နှာ အကြီးအကဲမှ လေးလေးနက်နက် မေးမြန်းလာခဲ့သည်။

ရှုကျိုးမှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ အမှောင်နယ်မြေကို ဖျက်စီးမယ် “

ဤတစ်ကြိမ် နယ်မြေဖြတ်ကျော်လာရခြင်းမှာ လျူချင်းယွမ်ကို အသက်ပြန်သွင်းရန်အတွက်သာလျှင် မဟုတ်ဘဲ၊ နောင်တွင်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို အပြီးတိုင် ဖယ်ရှားရန်အတွက် အမှောင်နယ်မြေတစ်ခုလုံးကိုပါ သုတ်သင်ရှင်းလင်းရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။

“ ဗွီ “

ရှုကျိုးသည် ခြေတစ်လှမ်းလှမ်းလိုက်ကာ၊ ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူသည် မိုင်သန်းဆယ်နှင့်ချီသော အမြင့်တစ်နေရာသို့ ရောက်ရှိသွားခဲ့သည်။

ထိုနေရာ၌ သူသည် အမှောင်နယ်မြေတစ်ခုလုံးကို မြင်တွေ့နိုင်ပြီ ဖြစ်သည်။

“ တကယ်ကို ကြီးမားကျယ်ပြန့်လွန်းတဲ့ ကမ္ဘာကြီးတစ်ခုပဲ “

အမှောင်နယ်မြေဟု ခေါ်ဆိုသည့် အရာမှာ စကြာဝဠာတစ်ခု မဟုတ်ဘဲ၊ ကုန်းမြေကြီးတစ်ခုသာ ဖြစ်နေခဲ့သည်။

သို့ရာတွင် ဤကုန်းမြေ၏ မြေမျက်နှာသွင်ပြင် အနေအထားမှာ စကြာဝဠာ အတွင်းရှိ ဂြိုဟ်တိုင်းထပ် သာလွန်နေခဲ့ကာ၊ မိုင်ဘီလီယ့ ရာနှင့်ချီ၍ ကြီးမား၊ ကျယ်ဝန်းနေခဲ့သည်။

“ ဆိုတော့ ဒီလိုပေါ့ “

ရှုကျိုးသည် အောက်ဘက်တွင် ရှိနေသည့် ကုန်းမြေကျယ်ကြီးကို ကြည့်ကာ၊ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

သူ၏ ယခုလက်ရှိ စွမ်းအားကြောင့်၊ သူသည် စက္ကန့်ပိုင်းအတွင်းမှာပင် အမှောင်နယ်မြေ၏ တကယ့်မူလဇစ်မြစ်ကို နားလည်သွားခဲ့သည်။

အမှောင်နယ်မြေဟု ခေါ်ဆိုသော အရာသည် မူလနယ်မြေ၏ အမှောင်ဘက်ခြမ်းဖြစ်သည်။

၎င်းသည် မူလနယ်မြေနှင့်အတူ မွေးဖွားလာခဲ့သည်။

မည်သည့်အတွက်ကြောင့် အမှောင်နယ်မြေ ပညာရှင်များက အလွန်တရာ အစွမ်းထက်လွန်းနေရသနည်း

သိသာထင်ရှားသော အကြောင်းအရင်းတစ်ခုမှာ အမှောင်နယ်မြေက မူလနယ်မြေ၏ ကံကြမ္မာကို စုပ်ယူနေခြင်းပင် ဖြစ်သည်။

၎င်းကပင် မူလနယ်မြေကို ဆက်တိုက်ကျဆုံးသွားစေခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှုကျိုးသည် ကြယ်ပြာဂြိုဟ်ကို မည်သည့်အတွက်ကြောင့် မူလနယ်မြေဟု ခေါ်ဆိုရလဲဆိုသည်ကို နားလည်သွားခဲ့သည်။

“ စကြာဝဠာရဲ့ အစမှာ တာအိုနိယာမ အားလုံး စုစည်းကြတဲ့ နေရာက မူလနယ်မြေပဲ “

ရှုကျိုးသည် လေသံတိုးတိုးလေးဖြင့် ရေရွတ်ပြောဆိုနေခဲ့သည်။

၎င်းမှာ မူလနယ်မြေ၏ ဇစ်မြစ်ဖြစ်သည်။

စကြာဝဠာ အစတွင် ၎င်းသည် မူလနယ်မြေ၏ အားဖြည့်ပျိုးထောင်ပေးခြင်းကို ခံယူခဲ့ရသည်။

ကောင်းကင်ဘုံ တာအိုမှာလည်း မူလနယ်မြေအတွင်းတွင် နေထိုင်ကာ၊ ကမ္ဘာလုံးကို အုပ်စိုးခဲ့သည်။

မူလနယ်မြေ၏ အရေးပါမှုက သိသိသာသာ ကြီးမားနေခဲ့သည်။

အမှောင်နယ်မြေ၏ အစွမ်းထက် ပညာရှင်များက မူလနယ်မြေကို ဖျက်ဆီးရန်အတွက် မည်သည့်အတွက်ကြောင့် ကြိုးစားခဲ့ရသနည်း

အဓိကအကြောင်းအရင်းမှာ မူလနယ်မြေအတွင်းရှိ ကောင်းကင်ဘုံ တာအိုပင် ဖြစ်သည်။

၎င်းကို ရသရွေ့၊ ကောင်းကင်ဘုံ တာအို၏ စိတ်ဆန္ဒကို အနည်းငယ်မျှကိုသာ သန့်စင်နိုင်ခဲ့သည်ဆိုပါက၊ အမှောင်နယ်မြေ တစ်ခုလုံးကို ကျော်လွန်ရန် လုံလောက်သွားမည် ဖြစ်သည်။

သို့သော် အမှောင်နယ်မြေသည် ထိုကိစ္စကို မည်သို့မျှ အကောင်အထည် ဖော်နိုင်တော့မည် မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ရှုကျိုးက ကောင်းကင်ဘုံ တာအိုကို အပြည့်အဝ သန့်စင်လိုက်ပြီဖြစ်သောကြောင့် ဖြစ်သည်။

“ အမှောင်နယ်မြေက မူလနယ်မြေကြောင့် ဖြစ်တည်နေခဲ့တာ၊ အခုချိန်မှာတော့ ဆက်ရှိနေစရာ မလိုတော့ဘူး “

ရှုကျိုးမှ အေးအေးလူလူ ရေရွတ်ပြောဆိုနေခဲ့သည်။

ထို့နောက်တွင် သူ၏ပုံရိပ် လှုပ်ရှားသွားခဲ့ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံစံအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် သူသည် သူ၏လက်ဝါးကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

သူသည် ကောင်းကင်ဘုံ တာအိုကို သန့်စင်ခဲ့ပြီးသည့်နောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်၍ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်ဟုန်ကို သတ်ဖြတ်ခြင်းမှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်းသာလျှင် ဖြစ်သည်။

ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရား၏ အစစ်အမှန် လှုပ်ရှားမှုက မည်မျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း

“ ဘုမ်းးး “

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် ဖရိုဖရဲအရောင် ဧရာမ လက်ကြီးတစ်ဖက် ပေါ်ထွက်လာခဲ့ပြီး၊ မိုင်ဘီလီယံပေါင်းများစွာ ကျယ်ဝန်းသည့် အမှောင်နယ်မြေကို ဖုံးလွှမ်းသွားခဲ့သည်။

အဆိုပါ လက်ကြီး၏ အလျားနှင့် အနံက အံ့ဖွယ်ကောင်းလောက်အောင် ကြီးမားနေခဲ့ပြီး၊ အမှောင်နယ်မြေတစ်ခုလုံးကိုပင် တိုက်ရိုက်ဖုံးလွှမ်းသွားခဲ့သည်။

ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“ ဘုမ်းးး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဖရိုဖရဲရောင် လက်ကြီးသည် အောက်ဘက်သို့ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

၎င်းသည် ပြိုင်ဘက်ကင်း ဖိအားနှင့်အတူ အမှောင်နယ်မြေ၏ မြေပြင်တစ်ခုလုံးကို ရုတ်တရက် ချေမွလာခဲ့သည်။

ဘမ်း ဘမ်း ဘမ်း

ချက်ချင်းဆိုသလိုပင် အမှောင်နယ်မြေ၏ မိုင်ဘီလီယံပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ပေါ်ရှိ ကုန်းမြေများသော်လည်းကောင်း၊ ရေကန်များသော်လည်းကောင်း၊ ပင်လယ်များသော်လည်းကောင်း၊ အရာအားလုံး လုံးဝပြိုကွဲပျက်စီးသွားခဲ့ပြီး၊ မည်သည့်အရာမှ ကျန်မနေခဲ့ပေ။

အမှောင်နယ်မြေ၏ များပြားလွန်းလှသော သက်ရှိများမှာလည်း ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး၊ ပြာမှုန်လေးပင် ကျန်မနေခဲ့ပေ။

“ ဘုမ်း ဘုမ်း ဘုမ်း “

မကြာခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ ကောင်းကင်ယံသို့ ထောင်တက်လာခဲ့သည်။

အဆိုပါ အရှိန်အဝါများသည် အန္တိမနယ်ပယ်မှ ပညာရှင်တို့၏ အရှိန်အဝါများသည်။

ဧကရာဇ် မျိုးနွယ်စုနှစ်ခု၏ အန္တိမ ပညာရှင်များသည် ထိုဖြစ်ရပ်ကိုသတိပြုမိသွားကာ၊ အပြင်းအထန် ခုခံလာကြသည်။

သို့ရာတွင် သူတို့၏ ခုခံမှုများမှာ အချည်းနှီးသာ ဖြစ်နေခဲ့သည်။

အညှာအတာ ကင်းမဲ့သော ဧရာမ လက်ကြီး၏အောက်တွင် အန္တိမ ပညာရှင်များကပင် ပုရွတ်ဆိတ်ကဲ့သို့ ဖြစ်နေခဲ့သည်။

ဝရုန်းးးး

မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်နယ်မြေတစ်ခုလုံးနှင့် ထရီလီယံနှင့်ချီသော သက်ရှိသတ္တဝါများ ပျောက်ဆုံးသွားခဲ့သည်။

အဆုံးမဲ့ သွေးမြူထုနှင့် မီးများ လွှမ်းခြုံလာခဲ့သည်။

“ ငါ့နယ်မြေရဲ့ အုတ်မြစ်ကို ဘယ်ကောင်က လာထိရဲတာလဲကွ “

ထိုအချိန်တွင် ရှေးဟောင်းအသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ဗွီ

ထို့နောက်တွင် ရှေးကျသော စွမ်းအင်လှိုင်းတစ်ခု ဖြာထွက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ဧရာမ လက်ကြီးသည် အဆိုပါ စွမ်းအင်လှိုင်း၏ လွှမ်းမိုးမှုကို ခံလိုက်ရကာ၊ ရပ်တန့်သွားခဲ့သည်။

ထိုမြင်ကွင်းမှာ အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။

ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားက ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်းထားကာ၊ ထိုအဆင့်သို့ ရောက်ရှိသွားပြီး၊ အန္တိမ ပညာရှင်များကပင် သူ့အတွက် ပုရွက်ဆိတ်သာသာမျှသာ ဖြစ်နေသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ယခုတွင် တစ်စုံတစ်ဦးက သူ၏ တိုက်ကွက်ကို ရပ်တန့်သွားအောင် ပြုလုပ်လာခဲ့လေသည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဟင်းလင်းပြင် အတွင်းပိုင်းသို့ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကြည့်ကာ၊ ပေါ့ပေါ့ပါးပါး စကားပြောလိုက်သည် “ အမှောင်နယ်မြေ ဘိုးဘေး၊ မင်းက ကိုယ်ထင်ပြလာဖို့ ဆုံးဖြတ်လိုက်ပြီလား “

ဟင်းလင်းပြင် အတွင်းတွင် ရှေးကျသော ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

သူသည် ဆံပင်များ ဖြူဖွေးနေကာ၊ မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ မည်သည့်နတ်စွမ်းအားမှ မရှိသည့် အိုမင်းရင့်ရော်နေသော လူအိုကြီးတစ်ဦးကဲ့သို့သာ ဖြစ်နေခဲ့သည်။

သို့သော် သူ၏ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် စွမ်းအားမှာ ကြယ်တာရာ T-Rex နတ်ဘုရားကိုပင် လေးလေးနက်နက် ဖြစ်သွားစေခဲ့သည်။

အမှောင်နယ်မြေ ဘိုးဘေးသည် ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ တာအိုရောင်းရင်း၊ မင်းက အဲ့အဆင့်ကို ရောက်နေပြီလေ၊ ဘာလို့ အငယ်လေးတွေကို ပြဿနာရှာနေရတာလဲ “

“ ငါ့ကို မျက်နှာသာ ပေးပြီးတော့ သူတို့ကို သွားခွင့်ပေးလိုက်ပါ “

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ တဟားဟား ရယ်မောနေတော့သည်။

“ ငါ့ကို တာအိုရောင်းရင်းလို့ ခေါ်ရအောင် မင်းက ဘာမို့လို့လဲ “ ဟုအေးစက်စွာ ပြောဆိုလိုက်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဧရာမ လက်ကြီးသည် ရုတ်တရက် ဦးတည်ချက်ပြောင်းကာ၊ အမှောင်နယ်မြေ ဘိုးဘေးဆီသို့ ပြေးဝင်သွားတော့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အမှောင်နယ်မြေက ယနေ့ထိ တည်ရှိနေခဲ့ရခြင်းမှာ သူ့အ‌ရှေ့တွင် ရှိနေသည့် အမှောင်နယ်မြေ ဘိုးဘေးကြောင့်ဆိုသည်ကို သိနေခဲ့သည်။

သူအမှောင်နယ်မြေကို တိုက်ခိုက်လိုက်ရခြင်းမှာ ထိုလူ ပေါ်ထွက်လာစေရန်အတွက် ဖြစ်သည်။

ယခုတွင် တစ်ဖက်လူ ပေါ်လာခဲ့ပြီဖြစ်သောကြောင့် သူ မည်သို့မျှ ညှာတာနေတော့မည် မဟုတ်ပေ။

ချက်ချင်းဆိုသလိုပင် မိုင်ဘီလီယံပေါင်းများစွာ အရွယ်ရှိသည့် ဧရာမ လက်ကြီးမှာ အမှောင်နယ်မြေ ဘိုးဘေးကို အားပါပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။

အမှောင်နယ်မြေ ဘိုးဘေး၏ အမူအရာ ပြောင်းလဲသွားကာ၊ ခုခံရန်အတွက် သူ၏လက်ကို အလျင်စလို မြှောက်လာခဲ့သည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်

“ ဘုမ်းးး “

အမှောင်နယ်မြေ ဘိုးဘေး၏ လက်မောင်းသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ချေမွခြင်းကိုခံလိုက်ရသည်။

“ မင်းက ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံ တာအိုနဲ့ ပေါင်းစပ်ခဲ့တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

ထိုအချိန်တွင် အမှောင်နယ်မြေ ဘိုးဘေး၏ အမူအရာ လုံးဝပြောင်းလဲသွားကာ၊ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

ယခင်က သူသည် သူ့အရှေ့တွင် ရှိနေသည့်လူက သူကဲ့သို့ပင် ကောင်းကင်ဘုံ တာအို၏ စိတ်ဆန္ဒ အနည်းငယ်နှင့် ပေါင်းစည်းကာ၊ ကျော်ဖြတ်ခြင်းအဆင့်သို့ ခြေလှမ်းတစ်လှမ်းချနိုင်ခဲ့သည်ဟုသာ ထင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုကြည့်ရသလောက်အရဆိုပါက ပြိုင်ဘက်၏ ခွန်အားက သူထင်ထားသည်ထပ် များစွာသာလွန်နေပုံရသည်။

ပြိုင်ဘက်သည် ပြီးပြည့်စုံသော ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်းသွားခဲ့သည်။

ကွာဟချက်သည် အန္တိမ အထွတ်အထိပ်နှင့် အန္တိမ ပညာရှင်ကြားရှိ ကွာဟချက်ထပ်ပင် ပိုမိုကြီးမားနေခဲ့သည်။

“ စိတ်အေးအေးထားပါ၊ ငါနောက်ဆုတ်ပေးမယ်၊ အဆင်ပြေတယ်မလား “

အမှောင်နယ်မြေ ဘိုးဘေးသည် အလောတကြီး စကားပြောလာခဲ့ကာ၊ လျင်မြန်စွာ နောက်ဆုတ်သွားတော့သည်။

သူသည် ဤမျှ အစွမ်းထက်သော ပြိုင်ဘက်နှင့် တိုက်ခိုက်ရမည်ဆိုပါက၊ မည်သို့မျှ မနိုင်နိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။

“ နောက်ကျသွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးအေးလူလူ ပြန်ပြောကာ၊ ဆက်လက်၍ တိုက်ခိုက်လာခဲ့သည်။

ဘုမ်းးး

၎င်းသည် ဘီလီယံရာနှင့်ချီ၍ ကျယ်ဝန်းသော အမှောင်နယ်မြေတစ်ခုလုံးကို ချေမှုန်းကာ အမှောင်နယ်မြေ ဘိုးဘေးကို ဖမ်းဆုပ်လိုက်သည်။

“ ဒါကို လုပ်ရမှဖြစ်မှာလား “

အမှောင်နယ်မြေ ဘိုးဘေးသည် အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံစားနေရသောကြောင့်၊ တည်ငြိမ်မှု လုံးဝပျောက်ဆုံးကာ၊ အလွန်တရာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။

“ ငါ့အတွက် ပေါက်ကွဲစမ်းး “

အမှောင်နယ်မြေ ဘိုးဘေးမှ အော်ဟစ်ကြုံးဝါးလာခဲ့ရာ၊ ဧရာမ လက်ကြီးကို တားဆီးပိတ်ဆို့ရန်အတွက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့သည်။

“ ဟမ့် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်၊ သူ၏လက်သည် မည်သည့်သက်ရောက်မှုကိုမှ မခံလိုက်ရဘဲ၊ အမှောင်နယ်မြေ ဘိုးဘေးကို ဖမ်းချုပ်ရန် ဆင်းသက်လာခဲ့သည်။

သူ၏ ယခုလက်ရှိအဆင့်တွင် အမှောင်နယ်မြေ ဘိုးဘေးကပင် သူ၏ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။

ခြေလှမ်းတစ်ဝက် ကျော်ဖြတ်ခြင်း ပညာရှင်ဆိုသည်မှာ သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေမည် ဖြစ်သည်။

“ သေ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မည်သည့်သနားညှာတာမှုကိုမှ မပြသဘဲ၊ သူ၏လက်ကို တင်းကြပ်စွာ ဆုပ်ခဲလိုက်သည်။

“ သက်ညှာပေးပါ။ ငါ့ကို ချမ်းသာပေးမယ်ဆိုရင်၊ ငါ …………….. “

အမှောင်နယ်မြေ ဘိုးဘေးမှ အထိတ်တလန့် အော်ပြောလာခဲ့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားက မည်သို့မျှ မရပ်တန့်သွားခဲ့သောကြောင့် အရာအားလုံး အချည်းနှီးဖြစ်နေခဲ့သည်။

ထို့နောက်တွင် သူ၏ ရုပ်ခန္ဓာနှင့် ရှေးဦးဝိညာဥ်တို့ လုံးဝပြိုကွဲသွားခဲ့ပြီး၊ သွေးတစ်စက်ပင် မကျန်ခဲ့သည့်အတွက်၊ ပြန်လည်မွေးဖွားနိုင်မည့် မျှော်လင့်ချက်ပါ ပျောက်ကွယ်သွားခဲ့သည်။

“ ဘုမ်းးးး “

အမှောင်နယ်မြေ ဘိုးဘေး ကျဆုံးသွားမှုနှင့်အတူ၊ အမှောင်နယ်မြေ တစ်ခုလုံးသည် ထောက်တိုင်တစ်ချို့ ပြိုကျပျက်စီးသွားသည့်အလား ကျယ်လောင်သော အသံကြီးတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။

ဘုမ်း ဝုန်းး

ဟင်းလင်းပြင် ဆုတ်ပြဲသွားပြီး၊ တာအိုနိယာမ ပြိုကွဲသွားကာ၊ အရာအားလုံး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

“ ပြီးသွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုမြင်ကွင်းကို ကြည့်နေခဲ့ပြီး၊ သူ၏မျက်လုံးများထဲတွင် ပင်ပန်းနွမ်းနွယ်မှု အရိပ်အငွေ့များ ပြသလာခဲ့သည်။

ယနေ့မှစ၍ အမှောင်နယ်မြေဆိုသည့် ပြဿနာမှာ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကြယ်ပြာဂြိုဟ်မှာ ငြိမ်းချမ်းသွားပြီ ဖြစ်သည်။

“ ပြန်ကြမယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ရှုကျိုး၏ ပုံစံအဖြစ် ပြန်ပြောင်းကာ၊ သူ့အနောက်တွင် ရှိနေသည့် လူငယ်မျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားလူများကို လှည့်ကြည့်လာခဲ့သည်။

သူသည် အကူအညီရရန်အတွက် ထိုလူများကို ခေါ်လာခဲ့သော်လည်း၊ ယခု၌ သူတို့ကိုပင် မလိုအပ်တော့သည့်ပုံပင်။

“ အရာအားလုံးပြီးဆုံးသွားပြီ “

ရှုကျိုးသည် ကောင်းကင်ယံကို ငေးကြည့်ကာ၊ စိတ်သက်သာရာရသွားခဲ့သည်။

ရန်သူအားလုံး သုတ်သင်ရှင်းလင်းခံလိုက်ရာ၊ ဝန်ထုပ်ဝန်ပိုးအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ ဟမ်။ ရှင်းရမဲ့ ပြဿနာတစ်ခု ကျန်နေသေးတဲ့ပုံပဲ “ ရှုကျိုးသည် တွက်ချက်နေရင်းဖြင့်၊ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 734 )

အဆုံးသတ် တိုက်ပွဲ ၃

အမှောင်နယ်မြေမှာ လုံးဝဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။

သို့သော် မူလနယ်မြေ၏ ပညာရှင်များကမူ ထိုအကြောင်းကို မသိကြသေးပေ။

ကြယ်ပြာဂြိုဟ်

တိကျွမ်းသည် အမှောင်နယ်မြေလမ်းကြောင်း၏ ဝင်ပေါက်ရှိရာ ဟင်းလင်းပြင်တွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။

သူသည် တစ်ခါတစ်ရံတွင် မျက်လုံးများ ဖွင့်လာခဲ့ကာ၊ စိုးရိမ်ပူပန်မှုများ စွန်းထင်းနေသော မျက်လုံးများဖြင့် အမှောင်နယ်မြေအတွင်းပိုင်းကို ငေးမောကြည့်ရှုနေခဲ့သည်။

“ အထဲမှာ ဘာတွေဖြစ်နေပြီလဲဆိုတာကို ငါသိချင်မိတယ် “

ရှုကျိုးက လျူမေ့နှင့် တစ်ခြားလူများကို ဦးဆောင်ကာ အမှောင်နယ်မြေအတွင်းသို့ ဝင်သွားခဲ့သည့် အချိန်ကတည်းက၊ တိကျွမ်းသည် ရံဖန်ရံခါတွင် စိုးရိမ်စိတ်များကို ခံစားနေခဲ့ရသည်။

ရှုကျိုးကသာ ဤစစ်ဆင်ရေးတွင် ကျဆုံးသွားခဲ့မည်ဆိုပါက၊ ကြယ်ပြာဂြိုဟ်တစ်ခုလုံးက ကြီးမားသော ကပ်ဘေးတစ်ခုအား ရင်ဆိုင်ရမည်ဆိုသည်ကို သူကောင်းစွာနားလည်နေခဲ့သည်။

“ ဗွီ “

တိကျွမ်းက တိတ်တဆိတ် စိုးရိမ်ပူပန်နေသည့် အချိန်တွင်

အမှောင်နယ်မြေလမ်းကြောင်း၏ ဝင်ပေါက်တွင် အားကောင်းသော စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပျံ့လွင့်လာခဲ့သည်။

“ ဟမ် “

တိကျွမ်းသည် ချက်ချင်း မတ်တပ်ထရပ်လာခဲ့ကာ၊ အမူအရာလေးနက်သွားပြီး၊ အမှောင်နယ်မြေလမ်းကြောင်း၏ ဝင်ပေါက်ကို စူးစူးစိုက်စိုက် ကြည့်ရှုနေတော့သည်။

သူသည် ရှုကျိုးတို့ ဝင်သွားပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင် လှုပ်ရှားမှု တစ်ခုခု ဖြစ်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ ဘာပဲဖြစ်ဖြစ်၊ အခုလက်ရှိ အချိန်မှာ ငါက ကြယ်ပြာဂြိုဟ်ရဲ့ အစွမ်းအထက်ဆုံး ပညာရှင်ပဲ၊ နောက်ဆုံးအချိန်အထိ ခံတိုက်မှဖြစ်မယ် “

တိကျွမ်းသည် လေးနက်နေသော အမူအရာဖြင့် အမှောင်နယ်မြေလမ်းကြောင်း၏ ဝင်ပေါက်ရှေ့တွင် မတ်တပ်ရပ်လိုက်လိုက်သည်။

ထို့နောက်တွင် စက္ကန့်ပိုင်းမျှကြာတွင်

အမှောင်နယ်မြေလမ်းကြောင်းမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။

“ စီနီယာရှုလား “

ထိုပုံရိပ်ကို မြင်လိုက်ရသောအခါတွင် တိကျွမ်းသည် အနည်းငယ် အံ့ဩကာ၊ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ စီနီယာ၊ ဘာလို့ မြန်မြန်ဆန်ဆန် ပြန်လာခဲ့တာလဲဗျ “

တိကျွမ်းသည် အလောတကြီး ရှေ့တက်ကာ မေးမြန်းလာခဲ့သည် “ အမှောင်နယ်မြေမှာ အတားအဆီးတစ်ခုခုနဲ့ ကြုံခဲ့ရလို့လားဗျ “

ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ အမှောင်နယ်မြေကို ငါအမြစ်ကနေ ဆွဲလှန်လိုက်ပြီလေ။ ဒီနေ့ကစပြီးတော့ မူလနယ်မြေက ပြင်ပရန်သူတွေကို ကြောက်နေစရာ မလိုတော့ဘူး “

“ ဘာကြီး “

တိကျွမ်းသည် နေရာမှာပင် အေးခဲကြောင်အသွားခဲ့သည်။

အမှောင်နယ်မြေကို အမြစ်ကနေ ဆွဲလှန်လိုက်တာလား

အမှောင်နယ်မြေတွင် မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော တပ်ဖွဲ့များနှင့် အစွမ်းထက် ပညာရှင်များစွာ ရှိနေသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

အမှောင်နယ်မြေတွင် တော်ဝင်မိသားစု ဆယ့်ခြောက်ခုနှင့် ဧကရာဇ် မိသားစုသုံးခု ရှိနေပြီး၊ အန္တိမပညာရှင်ပင် သုံးဦးထပ်မနည်း တည်ရှိနေခဲ့သည်။

ဝင်သွားတာမှ ဘာမှ မကြာသေးဘူး၊ အမှောင်နယ်မြေတစ်ခုလုံးကို အပြတ်ရှင်းလိုက်ပြီလားဟ

ရှုကျိုးအနောက်တွင် ရှိနေသည့် လူငယ်မျက်နှာ အကြီးအကဲသည် တိကျွမ်း၏ မယုံကြည်နိုင် ဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါတွင်၊ လေသံတိုးတိုးလေးဖြင့် ချက်ချင်းပြောပြလိုက်သည်။

“ ဆရာက ကျော်ဖြတ်ခြင်းအဆင့်ကို ရောက်နေပြီ “

“ ကျော်ဖြတ်ခြင်း အဆင့်လား “

တိကျွမ်းသည် ကြက်သီးများထသွားပြီး၊ မယုံကြည်နိုင် ဖြစ်သွားသော အမူအရာဖြင့် ရှုကျိုးကို ပြန်ကြည့်လာခဲ့သည်။

ကျော်ဖြတ်ခြင်းနယ်ပယ် ….. ၎င်းမှာ အန္တိမ နယ်ပယ်ထပ်ပင် သာလွန်သော တည်ရှိမှုဖြစ်သည်။

ရှုကျိုးက အဲ့အဆင့်ကို တကယ်ကြီး ရောက်သွားပြီလားဟ

ရှုကျိုးကမူ အေးဆေးတည်ငြိမ်နေစဲဖြစ်ပြီး၊ အသာအယာ ပြုံးကာ၊ တိကျွမ်းကို ကြည့်လာခဲ့သည် “ အခုတော့ အကြီးမားဆုံး အကြပ်အတည်းကြီးကို ဖြေရှင်းခဲ့ပြီးပြီ။ ကျန်နေသေးတဲ့ ပြဿနာတွေကို ဖြေရှင်းရမဲ့ အချိန်ရောက်ပြီ “

“ ကျန်နေသေးတဲ့ ပြဿနာတွေလား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် တိကျွမ်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သို့သော် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် အံ့ဩတကြီး ပြောဆိုလာခဲ့သည် “ ကမ္ဘာ့ကြယ်ကို ပြောတာလား “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ကမ္ဘာ့ကြယ်

ရှေးခေတ်ကတည်းက ကြယ်ပြာဂြိုဟ်နှင့် ထိပ်တိုက်တွေ့နေခဲ့သည့် အင်အားစုတစ်ခု

အဆိုပါ ကမ္ဘာ့ကြယ်သည် အမှောင်နယ်မြေက ထူးခြားသော နည်းလမ်းများဖြင့် ဖန်တီးထားသော ပုံစံတူ ကမ္ဘာတစ်ခုဖြစ်သည်။

သို့သော် ယခုတွင်ကား ကမ္ဘာ့ကြယ်နှင့် ကြယ်ပြာဂြိုဟ်တို့မှာ လုံးဝကွဲပြားခြားနားနေခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ကြယ်သည် ကြယ်ပြာဂြိုဟ်မှ လူအများအပြား၏ အသက်များကို နှုတ်ယူသွားသောကြောင့်၊ ၎င်းကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရမည် ဖြစ်သည်။

“ ဝှစ် “

ရှုကျိုးမှ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ သူ၏ပုံရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သူ၏ယခုလက်ရှိ အမြန်နှုန်းနှင့်သာဆိုပါက နယ်မြေနှစ်ခုအကြား သွားလာရခြင်းမှာ စက္ကန့်ပိုင်းမျှသာ အချိန်ယူရမည် ဖြစ်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် သူသည် ကမ္ဘာ့ကြယ်၏ အထက်သို့ ရောက်ရှိလာခဲ့သည်။

အကယ်၍ သူက အထွတ်အထိပ် နယ်ပယ်တွင်သာ ရှိနေဦးမည်ဆိုပါက၊ သူရောက်ရှိလာမှုမှာ ကမ္ဘာ့ကြယ်၏ ဘုရင်နှစ်ပါးကို နိုးနိုးကြားကြား ဖြစ်သွားစေမည် ဖြစ်သည်။

သို့သော် ယခုတွင်ကား မည်သည့်စွမ်းအင်လှိုင်းမှ မပေါ်ထွက်လာခဲ့ပေ။

ကမ္ဘာ့ကြယ်၏ ဘုရင်သုံးပုံးအနက် အစွမ်းအထက်ဆုံး ဖြစ်သည့် မြေအောက်လောကဘုရင်ကပင် အဆင့်မြင့် အထွတ်အထိပ်တွင်သာ ရှိနေခဲ့သည်။

ထို့ကြောင့် သူသည် ရှုကျိုး၏ တည်ရှိမှုကို မည်သို့မျှ ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ရှုကျိုး၏ အနောက်မှ တိကျွမ်းပါ လိုက်ပါလာခဲ့သည်၊ သူသည် မကြာသေးခင် အချိန်ကမှ အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိထားသောကြောင့်၊ ကမ္ဘာ့ကြယ်ပေါ်တွင် မည်သည့်စွမ်းအင်လှိုင်းမှ မဖြစ်ပေါ်သွားစေခဲ့ပေ။

တိကျွမ်းသည် အောက်ဘက်တွင် ရှိနေသည့် ကမ္ဘာ့ကြယ်ကို ငေးကြည့်ကာ၊ မျက်လုံးများ အေးစက်သွားခဲ့သည်။

ဤဂြိုဟ်သည် ကြယ်ပြာဂြိုဟ်၏ ငြိမ်းချမ်းမှုကို ရာစုပေါင်းများစွာ ကြာရှည်သည်အထိ နှောင့်ယှက်ခဲ့ပြီး၊ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့လေသည်။

ယနေ့တွင်ကား ထိုအရာအားလုံး အဆုံးသတ်သွားရတော့မည် ဖြစ်သည်။

…

ကမ္ဘာ့ကြယ်

ရွှေနက်ရောင် နန်းတော်အတွင်း၌

ဤနန်းတော်သည် မီတာတစ်သောင်းမြင့်မားကာ၊ မိုင်ရာနှင့်ချီသည်အထိ ကျယ်ဝန်းနေခဲ့ပြီး၊ ကမ္ဘာ့ကြယ်၏ အကြီးမားဆုံးသော အဆောက်အဦးအဖြစ် ရပ်တည်နေခဲ့သည်။

အဆိုပါ ရွှေနက်ရောင် နန်းတော်အတွင်းတွင် ပုံရိပ်တစ်ခု တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။

သူသည် ကမ္ဘာ့ကြယ်၏ အစွမ်းအထက်ဆုံး စစ်သည်တော် မြေအောက်လောကဘုရင်ပင် ဖြစ်သည်။

“ ဝှစ် “

မြေအောက်လောကဘုရင်သည် မျက်လုံးများ ဖွင့်လာခဲ့ပြီး၊ သူ၏ကျင့်ကြံခြင်းကို ဖြည်းဖြည်းချင်း ရပ်တန့်ကာ၊ ရေရွတ်ပြောဆိုလာခဲ့သည် “ ရက်အတော်ကြာ ကျင့်ကြံနေခဲ့ပြီးနောက်မှာ ငါက အန္တိမ အထွတ်အထိပ်နယ်ပယ်နဲ့ ခြေတစ်လှမ်း ပိုနီးသွားပြီ “

“ အဲ့သားရဲကောင်က ထပ်ပြီးတော့ ကျူးကျော်လာရဲမယ်ဆိုရင်၊ ဒင်းကို လုံးဝအိမ်မပြန်နိုင်တော့အောင် ငါလုပ်မယ် “

မြေအောက်လောကဘုရင်သည် ကြယ်တာရာ T-Rex နတ်ဘုရားက ကမ္ဘာ့ကြယ်သို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး၊ ဘုရင်သုံးပါး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်မှာပင် ဘုရင်တစ်ပါးဖြစ်သည့် မျက်လုံးသုံးလုံးဘုရင်အား သတ်ဖြတ်သွားခဲ့သည့် နေ့ရက်ကို အမှတ်ရသွားခဲ့သည်။

ထိုဖြစ်ရပ်သည် ကမ္ဘာ့ကြယ်ကို အရှက်ကွဲသွားစေခဲ့သည်။

“ အန္တိမ အထွတ်အထိပ်ကို တကယ်ရောက်သွားတာနဲ့၊ ငါက အမှောင်နယ်မြေရဲ့ အကူအညီတွေကိုတောင် မလိုအပ်ဘဲ၊ ကြယ်ပြာဂြိုဟ်က ကောင်တွေကို ဖြေရှင်းနိုင်မှာ သေချာတယ် “

မြေအောက်လောကဘုရင်၏ မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

သူသည် ကြယ်ပြာဂြိုဟ်တွင် ဖြစ်ပျက်ခဲ့သည့် အရာများကို လုံးဝသတိမပြုမိခဲ့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရား ကျူးကျော်ဝင်ရောက်လာခဲ့ပြီးသည့် အချိန်ကတည်းက၊ သူသည် ကမ္ဘာ့ကြယ် တစ်ခုလုံးကို အပြည့်အဝ ပိတ်ဆို့ကာ၊ လောကကြီး တစ်ခုလုံးနှင့် အဆက်အသွယ် ဖြတ်ရန် အမိန့်ပေးခဲ့သည်။

ထိုနေ့မှစ၍ လပိုင်းမျှသာ ကုန်ဆုံးသွားသေးသည်။

အဲ့ကောင်က ဘယ်လောက်ပဲ ထူးချွန်ပေါစေ၊ ဒီကာလအတွင်းမှာ အန္တိမ အထွတ်အထိပ်ကို မရောက်သွားနိုင်ဘူး။

ငါကတော့ အဲ့နယ်ပယ်နဲ့ တော်တော်ကြီးကို နီးနေပြီ၊ အဲ့နယ်ပယ်ကို တကယ်ရောက်သွားတဲ့ နေ့ကျရင်တော့ကွာ ……………

၎င်းကို အရသာခံ၍ တွေးတောစဥ်းစားနေခဲ့သည့် အချိန်တွင် သူသည် ကမ္ဘာ့ကြယ် အထက်မှ ပေါ်ထွက်လာသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး၊ ကောင်းကင်ထက်သို့ တဟုန်ထိုး ပြေးတက်သွားတော့သည်။

“ ငါ့ရဲ့ ကမ္ဘာ့ကြယ်မှာ ဘယ်ကောင်က မဆင်မခြင် လှုပ်ရှားရဲနေတာလဲ “

အသံတစ်သံသည် ကောင်းကင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာ၌ ကောင်းကင်ယံတွင် မြေအောက်လောကဘုရင်၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 735 )

အဆုံးသတ် တိုက်ပွဲ ၄

“ တိကျွမ်းလား “

မြေအောက်လောကဘုရင်သည် ရှုကျိုး၏အနောက်ဘက်တွင် ရှိနေသည့် တိကျွမ်းကို မြင်တွေ့သွားကာ၊ တစ်ခဏခန့် မှင်သက်သွားခဲ့သည်။

ရှုကျိုးကိုမူ ခြိမ်းခြောက်မှု ကြီးကြီးမားမား မခံစားရသည့်အတွက် လုံးဝလျစ်လျူရှုထားခဲ့သည်။

သို့သော် ထိုအခိုက်အတန့်တွင် မြေအောက်လောကဘုရင်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ သူသည် တိကျွမ်းက သူ၏ချိတ်ပိတ်မှုကို ဆုတ်ဖြဲကာ၊ ဤကဲ့သို့ တိုးဝင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အရေးအကြီးဆုံး အရာမှာ သူက မည်သည့်အရာကိုမှ အာရုံမခံမိခဲ့ခြင်း ဖြစ်သည်။

“ ဝှစ် “

နောက်ထပ် အလင်းတန်းတစ်ခု ပျံသန်းရောက်ရှိလာခဲ့သည်၊ ၎င်းမှာ ဘုရင်သုံးပါးအနက်မှ တစ်ပါးဖြစ်သည့် မင်ကျိပင် ဖြစ်သည်။

သူမမှာလည်း လှုပ်ခတ်မှုကို အာရုံခံမိသွားကာ၊ လေးလေးနက်နက် ဖြစ်နေသော အမူအရာဖြင့် အပြေးအလွှားရောက်ရှိလာခဲ့သည်။

“ ဘာတွေ ဖြစ်နေတာလဲ “ မင်ကျိသည် အရှေ့တွင် ရှိနေသည့် တိကျွမ်းနှင့် ရှုကျိုးတို့ကို ကြည့်လာခဲ့ပြီး၊ ထို့နောက်တွင် မြေအောက်လောကဘုရင်ကို ကြည့်လာခဲ့သည်။

မြေအောက်လောကဘုရင်သည် သူမကို လုံးဝလျစ်လျူရှုထားခဲ့သည်။

“ မင်းက …….. အဲ့ဒီအဆင့်ကို ရောက်သွားပြီလား “

မြေအောက်လောကဘုရင်သည် တိကျွမ်းကို စူးစူးရဲရဲ စိုက်ကြည့်လာခဲ့သည်။

သို့ရာတွင် တိကျွမ်းကမူ သူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်။

ထိုအခိုက်အတန့်တွင် တိကျွမ်းသည် ရှုကျိုးကို ကြည့်ကာ၊ လေသံတိုးတိုးလေးဖြင့် စကားပြန်ပြောလာခဲ့သည် “ ငါ့ရဲ့ အကူအညီလိုသေးလား “

“ မလိုပါဘူး “

ရှုကျိုးမှ လက်ဝေ့ရမ်းပြလိုက်သည်။

သူသည် တိကျွမ်းက မြေအောက်လောကဘုရင်ကို အလွန်တရာ မုန်းတီးနေပြီး၊ ထို့လူ့အား သူကိုယ်တိုင် ကိုင်တွယ်ချင်နေသည်ဆိုသည်ကို သိနေခဲ့သည်။

အကယ်၍ တစ်ခြားသော ကိစ္စတစ်ခုသာဆိုပါက၊ သူသည် တိကျွမ်းကို စိတ်ကြိုက်လုပ်ခွင့်ပေးလိုက်မည် ဖြစ်သည်။

သို့သော် တစ်ချိန်က မြေအောက်လောကဘုရင်နှင့် မင်ကျိတို့သည် သူ့ကို ကျဆုံးလုနီးပါး ဖြစ်သွားစေအောင် ပြုလုပ်ခဲ့ဖူးသည်။

အဆိုပါ အညှိုးအတေးကို သူကိုယ်တိုင် ဖြေရှင်းရမည်။

သူ၏စိတ်သဘောထားက ကောင်းကင်ဘုံ တာအိုနှင့် တူညီနေပြီဖြစ်သော်လည်း၊ ၎င်းသည် သူ့ထံတွင် အညှိုးအတေးများ မရှိဘူးဟု ဆိုလိုမနေခဲ့ပေ။

“ သေ “

ရှုကျိုးမှ စကားတစ်ခွန်းထုတ်ပြောလာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဧရာမ လက်ကြီးတစ်ခုသည် မြေအောက်လောကဘုရင်နှင့် မင်ကျိအပေါ်သို့ တိုက်ရိုက်ဆင်းလာခဲ့သည်။

ဝရုန်းးးး

တောင်ရွေ့လျားခြင်းနှင့် ပင်လယ်ဟိန်းဟောက်ခြင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ထိုလူနှစ်ဦးအပေါ်သို့ ကျဆင်းသွားခဲ့သည်။

မြေအောက်လောကဘုရင်နှင့် မင်ကျိတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

အဆိုပါ ဖိအားနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် သူတို့သည် ၎င်းကို မည်သို့မျှ မတောင့်ခံနိုင်ခဲ့ပေ။

သူတို့၏ တာအိုနိယာမ အားလုံး ပြိုကွဲသွားပြီး၊ မည်သို့မျှ အသက်သွင်း၍ မရတော့ပေ။

“ ဒါက အန္တိမ အထွတ်အထိပ် မဟုတ်ဘူး၊ သူက အန္တိမနယ်ပယ်ကို ရောက်သွားပြီလား “

“ မူလနယ်မြေမှာ အန္တိမ ပညာရှင်က ဘယ်အချိန်က ပေါ်လာခဲ့တာလဲ “

၎င်းမှာ မြေအောက်လောကဘုရင်၏ အတွေးထဲတွင် ရှိနေသည့် တစ်ခုတည်းသော မေးခွန်းဖြစ်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အဆိုပါ လက်ဝါးချက်၏ ချေမွခြင်းကို ခံလိုက်ရကာ၊ သူ၏အရိုးများ တစ်ခုပြီးတစ်ခု ကျိုးကြေသွားပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားခဲ့သည်။

ရှေးဦးဝိညာဥ်ပင် အစအနရှာမရဘဲ ပြိုကွဲသွားခဲ့သည်။

မင်ကျိမှာလည်း မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ၊ တူညီသော ကံကြမ္မာကို ကြုံတွေ့သွားခဲ့ပြီး၊ မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရကာ၊ သေဆုံးသွားခဲ့သည်။

ဘေးဘက်တွင် ရှိနေသည့် တိကျွမ်းမှာလည်း အံ့ဩတုန်လှုပ်သွားခဲ့သည်။

သူသည် ရှုကျိုး၏ စွမ်းအားကြောင့် အံ့အားသင့်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ သူမြင်လိုက်ရသည့် ဧရာမ လက်ကြီးကြောင့်ပင် ဖြစ်သည်။

၎င်းမှာ ရှုကျိုး၏ လက်မဟုတ်ဘဲ၊ ကောင်းကင်ဘုံ တာအိုလက်ဖြစ်နေခဲ့သည်။

၎င်းသည် နိယာမတို့၏ အဆုံးမဲ့စွမ်းအားများကို သယ်ဆောင်ထားခဲ့သည်။

အကယ်၍ အဆိုပါ ရိုက်ချက်က သူ့အပေါ်သို့ ဆင်းသက်လာမည်ဆိုပါက၊ သူသည်လည်း ထိုလူနှစ်ဦးကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။

“ သူက တကယ်ကြီးကို ကျော်ဖြတ်သွားပြီပဲ “

တိကျွမ်းသည် ရှုကျိုးကို ကြည့်နေရင်းဖြင့်၊ စိတ်ခံစားချက်များ ရောထွေးသွားခဲ့သည်။

သို့ရာတွင် ရှုကျိုးကမူ ထိုအရာများကို အာရုံစိုက်မနေခဲ့ပေ။

သူသည် အောက်ဘက်တွင် ရှိနေသည့် ကမ္ဘာ့ကြယ်ကို ကြည့်ကာ၊ အသာအယာ ခြေဆောင့်လိုက်သည်။

ဝရုန်းးးး

ချက်ချင်းဆိုသလိုပင် ကမ္ဘာ့ကြယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။

ကမ္ဘာ့ကြယ်၏ အတွင်းပိုင်းနေရာတွင် ကြီးမားသော ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ မျက်နှာပြင်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့လွင့်သွားခဲ့သည်။

ထို့နောက်တွင် ၎င်းသည် ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။

“ ဘုမ်းးး “

ကမ္ဘာအူတိုင် ပေါက်ကွဲသွားခဲ့သည်။

ကမ္ဘာ့ကြယ်ပေါ်တွင် ရှိနေသည့် အဆုံးမဲ့ သတ္တဝါများသည် ဤကပ်ဘေးအတွင်းတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

ရှုကျိုးသည် ထိုလူများကို ရန်သူများအဖြစ် သတ်မှတ်ထားခဲ့ပြီးပြီဖြစ်သောကြောင့်၊ မည်သည့်နောင်တတရားမှ မပြသခဲ့ပေ။

ယခင်က အမှောင်နယ်မြေမှာကဲ့သို့ပင်၊ သူသည် ကမ္ဘာ့ကြယ်ပေါ်တွင် ရှိနေသည့် ရှေးဦးဝိညာဥ်တိုင်းကို သုတ်သင်လိုက်ကာ၊ ပြန်လည်မွေးဖွားနိုင်မည့် မည်သည့်အခွင့်အလမ်းကိုမှ ချန်မထားခဲ့ပေ။

၎င်းတို့အားလုံးကို လုပ်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် လှည့်ထွက်ကာ၊ ပြန်သွားတော့သည်။

“ ပြန်ဖို့ အချိန်ကျပြီ “

“ ဒုက္ခတွေအားလုံး ပျောက်သွားပြီ “

ရှုကျိုးမှ အေးအေးလူလူ စကားပြောလာခဲ့သည်။

“ ဟုတ်တယ် “

တိကျွမ်းသည် ခေါင်းငြိမ့်ပြလာခဲ့ကာ၊ သူ့အနောက်မှ လိုက်သွားပြီး၊ သူ၏ မျက်နှာပေါ်တွင် လေးစားမှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

သူက ရှုကျိုး၏ ဆရာဖြစ်ခဲ့ဖူးသော်လည်း၊ ယခုတွင်ကား သူသည် ရှုကျိုးအပေါ်တွင် ကောင်းကင်ဘုံတာအို၏ ခမ်းနားထည်ဝါမှုကိုသာလျှင် မြင်တွေ့နေခဲ့ရသည်။

…

ကြယ်ပြာဂြိုဟ်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင်

ရှုကျိုးသည် သူ့အရှေ့တွင် ရှိနေသည့် ကြီးမားသော အက်ကွဲကြောင်းကြီးကြောင့် နှစ်ပိုင်းကွဲနေသည့် အပြာရောင်ဂြိုဟ်တစ်လုံးကို ကြည့်ကာ၊ သူ၏မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

သူ၏ ယခုလက်ရှိ အဆင့်ကြောင့် သူသည် ကြယ်ပြာဂြိုဟ်၏ ဧရိယာက မည်သည့်အတွက်ကြောင့် တစ်ခါတစ်ရံတွင် ကြီးမားကျယ်ပြန့်လာကာ၊ ရံဖန်ရံခါတွင် သေးကျုံ့သွားရလဲဆိုသည်ကို အလွယ်တကူ မြင်တွေ့နေနိုင်ပြီ ဖြစ်သည်။

၎င်းတို့အားလုံးမှာ ကြယ်ပြာဂြိုဟ်က စကြာဝဠာ၏ မူလအစ ဖြစ်နေသောကြောင့်ဖြစ်သည်။

ရေမြှုပ်ကဲ့သို့ပင်

ကြယ်ပြာဂြိုဟ် သေးကျုံ့သွားခြင်းသည် စကြာဝဠာ တစ်ခုလုံးက သေးကျုံ့သွားခြင်းကို ကိုယ်စားပြုသည်။

ကြယ်ပြာဂြိုဟ် ကြီးမားပြန့်ကားလာခြင်းကမူ စကြာဝဠာ တစ်ခုလုံး ကြီးမားကျယ်ပြန့်လာခြင်းကို ကိုယ်စားပြုနေခဲ့သည်။

ယခုတွင်ကား ကြယ်ပြာဂြိုဟ်သည် ဆက်တိုက်ကြီးမားပြန့်ကားနေခဲ့ပြီး၊ ၎င်းသည် စကြာဝဠာတစ်ခုလုံးက ဆက်တိုက်ကြီးမားကျယ်ပြန့်လာသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော လှုပ်ရှားမှုများမှာ ကြယ်ပြာဂြိုဟ်၏ ပြည်သူပြည်သားများအတွက် အကျိုးရှိမနေခဲ့ပေ။

ကြယ်ပြာဂြိုဟ်၏ ပြောင်းလဲမှုတိုင်းသည် ကြီးမားသော အထိကရုဏ်းများကို ဖြစ်ပေါ်စေနိုင်သည်။

တစ်ချိန်က ကြယ်ပြာဂြိုဟ်က ဓမ္မအဆုံးသတ်ခေတ်သို့ ရောက်ရှိသွားရခြင်းမှာ အမှောင်နယ်မြေမှ အန္တိမ ပညာရှင်၏ ကျိန်စာကြောင့် ဖြစ်သော်လည်း၊ ၎င်းက အကြောင်းပြချက်တစ်ခုသာလျှင် ဖြစ်ပေသည်။

အဓိက အကြောင်းအရင်းမှာ ကြယ်ပြာဂြိုဟ်က အလိုအလျောက် သေးကျုံ့သွားခြင်းကြောင့် ဖြစ်သည်။

အကယ်၍ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ အမှောင်နယ်မြေမှ အန္တိမ ပညာရှင်၏ စွမ်းရည်က မည်မျှပင် ထူးခြားပြောင်မြောက်နေခဲ့ပါစေ၊ စကြာဝဠာ ကျော်ဖြတ်ကာ မူလနယ်မြေကို ကျိန်စာတိုက်နိုင်လိမ့်မည် မဟုတ်ပေ။

“ ဒီလိုအဆက်မပြတ် ပြောင်းလဲမှုတွေက ကောင်းတဲ့အရာ မဟုတ်ဘူး “

“ အဲ့တာကြောင့် ထာဝရ တည်ငြိမ်သွားအောင် လုပ်ရမယ် “

ရှုကျိုးသည် သူ့အရှေ့တွင် ရှိနေသည့် ကြယ်ပြာဂြိုဟ်ကို ကြည့်ကာ၊ သူ၏လက်ကို ဖြေးဖြေးချင်းဆန့်တန်းလိုက်သည်။

“ ဝရုန်းးး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်ပြာဂြိုဟ်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။

ကြယ်ပြာဂြိုဟ်တစ်ခုလုံး လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ကြီးမားကျယ်ပြန့်မှု အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်နေခဲ့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ကြယ်ပြာဂြိုဟ်တစ်ခုလုံးမှာ အဆပေါင်းများစွာ ပိုမိုကြီးမားလာခဲ့သည်။

ထိုကဲ့သို့သော ဖြစ်ရပ်များသည် ပြင်းထန်သော ကပ်ဘေးကြီးများကို ဖြစ်ပေါ်လာစေနိုင်ကာ၊ များပြားလွန်းလှသော အသက်များကို ဆုံးရှုံးသွားစေမည် ဖြစ်သည်။

သို့ရာတွင် ဤတစ်ကြိမ်၌ ကြယ်ပြာဂြိုဟ်၏ သက်ရှိသတ္တဝါများသည် မညသည့်အရာကိုမှ မခံစားလိုက်ကြရပေ။

သတ္တမအဆင့်သို့ ရောက်ရှိထားသည့် လူများကသာလျှင် တစ်စုံတစ်ခုကို အနည်းငယ် သတိပြုမိသွားခဲ့သည်။

All Chapters