အခန်း (၇၃၀-၇၃၂)
Vol. 49 Ch. 730-732
အပိုင်း ( 730 )
ဧကရာဇ်ဟုန်
ထိုနေရာတစ်ခုလုံးမှာ ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လူငယ်မျက်နှာ အကြီးအကဲ ထုန်ရင်၊ လျူမေ့နှင့် တစ်ခြားလူများသည် အံ့ဩတုန်လှုပ်မှုကြောင့် ဆွံ့အလုနီးပါး ဖြစ်သွားကြသည်။
စစ်ပွဲက မစတင်သေးသော်လည်း၊ သူတို့သည် ရုပ်သေးအဖြစ် ပြောင်းသွားသည့် ရှေးခေတ် လူသားဧကရာဇ်နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်က ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ရှေးခေတ် လူသားဧကရာဇ်က ရှေးခေတ်မှ အစွမ်းအထက်ဆုံး ပညာရှင်တို့၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခြင်းကို ခံထားရပြီး၊ မျိုးနွယ်စုတစ်သောင်းကို အုပ်စိုးခဲ့သည့် ပညာရှင်တစ်ဦး ဖြစ်သည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။
သို့သော် ယခုတွင်ကား သူသည် ဤကဲ့သို့သော အခြေအနေမျိုးအထိ ကျဆုံးသွားခဲ့ရသည်။
လူတိုင်းကို ကျောချမ်းသွားစေသည့် အရာမှာ လူသားဧကရာဇ်ကို ဤကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိသွားအောင် မည်သူက ပြုလုပ်ခဲ့လဲဆိုသည်ပင် ဖြစ်သည်။
အကယ်၍ သူတို့ကသာ သူ့ကို ရင်ဆိုင်ရမည်ဆိုပါက၊ သူတို့မှာ မည်သို့မျှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
ရှုကျိုးမှာလည်း တစ်ဖက်လူကို ကြည့်နေလျက်ရှိသည်။
သူ၏ မျက်လုံးများထဲတွင် လွမ်းမောတမ်းတနေသည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။
ထိုနေ့က သူ၏ရုပ်ခန္ဓာမှာ ဤလူ့ကြောင့် ပျက်စီးသွားခဲ့ရပြီး၊ သူ၏ ခရမ်းရောင် နန်းတော်နှင့် ရှေးဦးဝိညာဥ်တို့ပင် ပျက်စီသွားခဲ့သည်။
သို့သော် ၎င်းကပင် သူ့အား ပြန်လည်မွေးဖွားခြင်းဖြစ်စဥ်ကို ခံယူသွားရစေခဲ့ပြီး၊ အဆင့်ထိုးဖောက်မှုနှင့်အတူ ကောင်းကင်ဘုံ တာအိုကိုပင် ဖမ်းဆုပ်ရန် အခွင့်အရေး ရသွားစေခဲ့သည်။
ယခုလူသားဧကရာဇ်ကို ထပ်မံ၍ မြင်တွေ့လိုက်ရသောအခါတွင်၊ ရှုကျိုး၏ အကြည့်များထဲတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
“ သတ် “
ထိုအချိန်တွင် ရှေးခေတ် လူသားဧကရာဇ်မှ သားရဲကဲ့သို့ ဟိန်းဟောက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ခရက် ခရက်
ကောင်းကင်ယံတစ်ခုလုံးတွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားခဲ့ပြီး၊ ကမ္ဘာကို ပြိုကွဲသွားစေနိုင်သည့် လက်သီးအလင်းတန်းတစ်ခုသည် ရှုကျိုးထံသို့ ကျရောက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် မြောက်များစွာသော ကြယ်များ ပေါက်ကွဲသွားသကဲ့သို့၊ လက်ကြီးတစ်ဖက်က ကြယ်များကို အပိုင်းပိုင်း အစစ ဖြစ်သွားစေသကဲ့သို့ ဖြစ်နေသည့် အံ့ဖွယ်ကောင်းသော သဘာဝဖြစ်စဥ်များ ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ အန္တိမ ပညာရှင်က အင်ပြည့်အားပြည့်သုံး၍ တိုက်ခိုက်လာသောကြောင့် ဖြစ်သည်။
“ ဆရာ၊ သတိထား “
လျူမေ့၊ လူငယ်မျက်နှာ အကြီးအကဲ ထုန်ရင်နှင့် တစ်ခြားလူများသည် အံ့ဩတကြီး အော်ပြောလာကြသည်၊ အကယ်၍ ရှုကျိုးကသာ ဤနေရာတွင် ကျရှုံးသွားမည်ဆိုပါက၊ သူတို့မှာလည်း သေချာပေါက် သေဆုံးသွားရမည် ဖြစ်သည်။
သို့ရာတွင် ရှုကျိုးကမူ အဆိုပါ လက်သီးအလင်းတန်းကို ကြည့်နေခဲ့ကာ၊ မည်သို့မျှ မလှုပ်ရှားသွားခဲ့ပေ။
၎င်းက သူ၏မျက်နှာနားသို့ ရောက်ရှိလာသည့် အချိန်မှသာလျှင် ဖြည်းညှင်းစွာ စကားပြောလာခဲ့သည်။
“ ရပ် “
ရှုကျိုးမှ လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည်။
လက်သီးအလင်းတန်းသော်လည်းကောင်း၊ ဟင်းလင်းပြင် အက်ကွဲကြောင်းများသော်လည်းကောင်း၊ အံ့ဖွယ်ကောင်းသော သဘာဝဖြစ်စဥ်သော်လည်းကောင်း၊ ၎င်းတို့အားလုံးမှာ အစအနပင် ကျန်မနေခဲ့ဘဲ၊ လုံးဝပျောက်ကွယ်သွားသည်။
လူသားဧကရာဇ်မှာလည်း ရှုကျိုး၏ အရှေ့မှာပင် တိုက်ရိုက်ရပ်တန့်သွားခဲ့ကာ၊ မည်သို့မျှ မလှုပ်ရှားလာတော့ပေ။
“ နိုးထလာတော့ “
ရှုကျိုးမှ စကားထပ်ပြောလာခဲ့သည်၊ ဤတစ်ကြိမ်တွင် သူ၏လေသံမှာ တိုးညင်းမနေခဲ့ဘဲ၊ ကျယ်လောင်မာန်ပါ နေခဲ့သည်။
ဝရုန်းးး
ကောင်းကင်ဘုံ တာအို၏ ဘုန်းတန်ခိုး ကျဆင်းလာသည့်အလား ဖြစ်သွားကာ၊ နေရာအနှံ့တွင် တာအိုအသံများ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။
အဆိုပါ စကားနှစ်ခွန်းသည် စကြာဝဠာ၏ အမှန်တရာများ ပါဝင်နေပုံရပြီး၊ မြေကမ္ဘာတစ်ခုလုံးကို လှုပ်ရမ်းသွားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှေးခေတ် လူသားဧကရာဇ်၏ ခန္ဓာကိုယ်မှာလည်း ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။
သူ၏မျက်လုံးများ အတွင်းတွင် ဖျော့တော့သော ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာခဲ့သည်။
သို့သော် ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဝိညာဥ်ထိန်းချုပ်အပ် ၃၆၅ချောင်းမှာလည်း စတင်၍ တုန်ခါလာခဲ့ပြီး၊ အမှောင်စွမ်းအင်စီးကြောင်းကို ထုတ်လွှတ်ကာ၊ လူသားဧကရာဇ်ကို အဆက်မပြတ် တိုက်စားနေတော့သည်။
ရှုကျိုး၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်၊ သူ၏ မျက်လုံးများအတွင်းတွင် နတ်အလင်းတန်း တစ်ခုပေါ်လာခဲ့ပြီး၊ ရှေးခေတ် လူသားဧကရာဇ်၏ မျက်ခုံးများကြားကို ကြည့်လိုက်သည်။
“ ဗွီ “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တစ်စုံတစ်ခုက သူ့အား တားဆီးပိတ်ဆို့နေသည့်အလား ခံစားသွားခဲ့ရသည်။
သို့သော် ယခုလက်ရှိ သူ၏စွမ်းအားနှင့်သာဆိုပါက မည်ကဲ့သို့သော အရာက သူ၏အမြင်အာရုံကို တားဆီးပိတ်ဆို့နိုင်သနည်း။ သူအလိုရှိမည်ဆိုပါက ကောင်းကင်ဘုံ တာအိုကပင် ၎င်း၏ မူလကို ချက်ချင်းပြသလာရမည် ဖြစ်သည်။
ရှုကျိုးမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ သူ၏ မျက်လုံးများသည် နတ်အလင်းတန်းဖြင့် တောက်ပလာခဲ့ပြီး၊ ပိတ်ဆို့မှုကို တိုက်ရိုက်ထိုးဖောက်ကာ၊ ရှေးခေတ် လူသားဧကရာဇ်၏ အသိစိတ်ပင်လယ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ရှေးခေတ် လူသားဧကရာဇ်၏ အသိစိတ်ပင်လယ်ကို မြင်တွေ့လာရပြီ ဖြစ်သည်။
သူသည် လူသားဧကရာဇ်၏ ခရမ်းရောင် နန်းတော်က အဆုံးမဲ့ အမှောင်စွမ်းအင်တို့ဖြင့် ဖုံးလွှမ်းနေသည်ကို မြင်တွေ့သွားခဲ့သည်။
အဆိုပါ အမှောင်စွမ်းအင် အတွင်း၌၊ ၉၉၉၉ချောင်းသော ဝိညာဥ်ထိန်းချုပ် အပ်များသည် သူ၏ခရမ်းရောင် နန်းတော်ကို ထိုးဖောက်ကာ၊ သူ၏ ရှေးဦးဝိညာဥ်ထံသို့ ဦးတည်သွားနေကြသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုး၏ အကြည့်များ အလွန်တရာ အေးစက်သွားခဲ့သည်။
သူသည် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ကာ၊ သူ့အရှေ့တွင် ရှိနေသည့် လူသားဧကရာဇ်ကို ထပ်ကြည့်၍၊ သက်ပြင်းချနေတော့သည် “ ဒီလိုဆိုရင်တော့ ………. မင်းရဲ့ ရုပ်ခန္ဓာနဲ့ ရှေးဝိညာဥ်ကို ပြန်ပြီးတော့ တည်ဆောက်ပေးဖို့ပဲ တတ်နိုင်တော့တယ် “
လူသားဧကရာဇ်၏ ရုပ်ခန္ဓာနှင့် ရှေးဦးဝိညာဥ်တို့မှာ အပြည့်အဝ တိုက်စားခံလိုက်ရပြီ ဖြစ်သည်။
သူ့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေရန်မှာ မဖြစ်နိုင်လှပေ။
ကံကောင်းထောက်မစွာဖြင့် ရှုကျိုး၏ ယခုလက်ရှိ လုပ်နိုင်စွမ်းနှင့်သာဆိုပါက၊ ရှေးဦးဝိညာဥ်ကို ပြန်လည်ဖန်တီးခြင်းကပင် ခက်ခဲသော အလုပ်တစ်ခု ဟုတ်မနေတော့ပေ။
“ ဒီကိစ္စအတွက် တောင်းပန်ပါတယ် “
ရှုကျိုးသည် ချိုသာစွာ ပြောဆိုကာ၊ ပြင်းပြင်းထန်ထန် ခြေဆောင့်လိုက်သည်။
ဘုမ်းးးး
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့သည်။
အဆိုပါ စွမ်းအင်သည် သာမန်စွမ်းအင် မဟုတ်ဘဲ၊ အရာအားလုံးကို ဖျက်စီးနိုင်စွမ်းရှိသည့် ကောင်းကင်ဘုံ တာအို၏ စိတ်ဆန္ဒကို သယ်ဆောင်ထားခဲ့သည်။
၎င်းနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် အန္တိမ တာအိုကပင် ချက်ချင်း ပြိုကွဲသွားမည် ဖြစ်သည်။
အတင်းအကြပ် ခုခံမည်ဆိုပါက လုံးဝပျက်စီးခြင်းသို့သာ ဦးတည်သွားရမည် ဖြစ်သည်။
ရှေးခေတ် လူသားဧကရာဇ်ကို အဆက်မပြတ် တိုက်စားနေသည့် အမှောင်စွမ်းအင်သည် ထိုစွမ်းအင်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင်၊ မီးတောက်အရှေ့သို့ ရောက်သွားသည့် နှင်းကဲ့သို့ ချက်ချင်းအရည်ပျော်သွားခဲ့သည်။
သို့ရာတွင် အမှောင်စွမ်းအင် ပျောက်ကွယ်သွားခြင်းမှာ လူသားဧကရာဇ်က ဆက်လက်၍ အတိုက်စားမခံရတော့ဘူးဟု ဆိုလိုမနေပေ။
ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအခိုက်အတန့်တွင် လူသားဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းသည် အမှောင်စွမ်းအင်၏ စုပ်ယူမှုကို ခံလိုက်ကြရသည်၊ အမြစ်ကို မဖယ်ရှားသေးသရွေ့၊ အမှောင်စွမ်းအင် ပေါက်ထွက်မှုများ ရှိနေဦးမည် ဖြစ်သည်။
“ ပေါက်ကွဲ “
ရှုကျိုးသည် သူ၏လက်ကို မြှောက်ကာ၊ လက်ညှိုးညွှန်လိုက်သည်။
ခရက် ခရက်
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ လူသားဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ စတင်၍ ပေါ်ပေါက်လာခဲ့သည်။
ထို့နောက်တွင် သူ၏ ရုပ်ခန္ဓာသည် အားလုံး၏ ကြောက်လန့်တကြား ဖြစ်နေကြသော အကြည့်များအောက်မှာပင် လျင်မြန်စွာ ပြိုကွဲသွားပြီး၊ အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ၊ ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားတော့သည်။
ရှုကျိုးကမူ တည်ငြိမ်နေစဲဖြစ်ပြီး၊ သူ၏လက်ချောင်းများကို ထပ်မံ၍ လှုပ်ရှားလာခဲ့ပြန်သည်။
“ ဘုမ်းးးး “
လူသားဧကရာဇ်၏ ခရမ်းရောင် နန်းတော် ပေါက်ကွဲသွားခဲ့သည်။
ကြီးမားသော စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ လူသားဧကရာဇ်၏ ရှေးဦးဝိညာဥ်ကို အပိုင်းပိုင်း အစစအဖြစ် ချက်ချင်းပေါက်ကွဲသွားစေခဲ့သည်။
၎င်းမှာ လုံးဝပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။
အကယ်၍ တစ်ခြားလူတစ်ဦးဦးသာ ဖြစ်နေမည်ဆိုပါက၊ လူသားဧကရာဇ် ကျဆုံးသွားသည်ကို ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်ကြမည် ဖြစ်သည်။
သို့သော် ရှုကျိုးကမူ သူ၏လက်သီးကို ဆုပ်လိုက်ပြီး၊ ပြန့်ကျဲသွားသည့် ရှေးဦးဝိညာဥ် စွမ်းအင်အမှုန်များကို ချက်ချင်းစုစည်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူသည် လူသားဧကရာဇ်၏ ရှေးဦးဝိညာဥ်ကို ပြန်လည်တည်ဆောက်ပေးလိုက်သည်။
“ ရှေးဦးဝိညာဥ်ကို ဖွဲ့စည်းပြီးပြီဆိုတော့၊ ရုပ်ခန္ဓာကို ပြန်ပြီးတော့ တည်ဆောက်ပေးဖို့က ပိုလွယ်သွားပြီ “
ရှုကျိုးသည် သူ့အရှေ့တွင် ရှိနေသည့် လူသားဧကရာဇ်ကို ငေးကြည့်နေတော့သည်။
ယခုမျှသာ ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သောကြောင့်၊ တစ်ဖက်လူသည် အသိစိတ်ပြန်ရ၍ နိုးထလာရန်အတွက် အချိန်တစ်ချို့ ယူရမည် ဖြစ်သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 731 )
ဧကရာဇ်ဟုန် ၂
ရှုကျိုးသည် သူ၏လက်ကို လှုပ်ရှားကာ၊ လူသားဧကရာဇ်၏ ရှေးဦးဝိညာဥ်ကို သူ၏ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ပို့လွှတ်လိုက်သည်။
ထို့နောက်၌ သူသည် အနောက်ဘက်တွင် ရှိနေသည့် လူငယ်မျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားလူများကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ မင်းတို့က ဘာတွေကို ဒီလောက်တောင် ကြောက်နေရတာတုန်း “
ထိုအချိန်၌ လူငယ်မျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားလူ၊ အားလုံး၏ မျက်နှာများပေါ်တွင် ကြောက်လန့်တကြား ဖြစ်နေသည့် အမူအရာများ ကြီးစိုးနေလျက်ရှိသည်။
အစောပိုင်း အချိန်က ပေါ်ထွက်လာခဲ့သည့် ရှုကျိုး၏ နည်းလမ်းမှာ သူတို့မျှော်မှန်ထားသည်ထပ် များစွာပိုနေခဲ့သည်။
လူသားဧကရာဇ်ပေါ်လာခဲ့ကာ၊ ရှုကျိုးလှုပ်ရှားသည့် အချိန်အထိ စက္ကန့်ပိုင်းမျှသာ ကြာရှည်ခဲ့သည်။
သို့သော် ရှုကျိုးသည် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် အန္တိမ ပညာရှင်ကို ချေမှုန်းကာ၊ ရှေးဦးဝိညာဥ်ကိုပင် ပြန်လည်ပုံသွင်း တည်ဆောက်ခဲ့သည်။
အရေးအကြီးဆုံး အရာမှာ ရှုကျိုးက လူသားဧကရာဇ်ကို ရပ်တန့်သွားစေရန်အတွက် စကားတစ်ခွန်းသာ ပြောလိုက်သည်ဆိုသည်ကို သူတို့အားလုံး မြင်တွေ့ခဲ့ရခြင်းပင် ဖြစ်သည်။
“ ဆရာ၊ အခုလက်ရှိနင်က ဘယ်နယ်ပယ်ကို ရောက်နေတာလဲဟင် “
လျူမေ့သည် မအောင့်ထားနိုင်တော့ဘဲ၊ သိလိုစိတ်များဖြင့် မေးမြန်းလာခဲ့သည်။
စကားတစ်ခွန်းဖြင့် အန္တိမ ပညာရှင်ကို ရပ်တန့်သွားစေခြင်း
ရိုက်ချက်တစ်ခုဖြင့် အန္တိမ ပညာရှင်ကို သေဆုံးသွားစေခြင်း
ထိုကဲ့သို့သော အရာများသည် အန္တိမ ပညာရှင်တစ်ဦး၏ လုပ်နိုင်စွမ်းထပ် များစွာကျော်လွန်နေခဲ့သည်။
တစ်ခြားလူမှာလည်း မယုံကြည်နိုင် ဖြစ်နေသော အမူအရာများဖြင့် ရှုကျိုးကို ကြည့်လာကြသည်။
ရှုကျိုးကမူ မေးခွန်းကို ပြန်မဖြေဘဲ၊ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ မင်းတို့အားလုံးမှာ မစ်ရှင်တစ်ခုပဲ ရှိတယ်၊ သတ် “
“ ဟုတ်ကဲ့ “
လူငယ်မျက်နှာ အကြီးအကဲနှင့် တစ်ခြားလူများသည် မည်သို့မျှ မကျေမနပ် မဖြစ်သွားကြပေ၊ ထို့အစား သူတို့သည် အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
ယခင်က သေရမည်ကို ကြောက်သည့်အတွက် အမှောင်နယ်မြေသို့ မဝင်ရဲခဲ့ကြပေ။
ယခုတွင်ကား ရှုကျိုးက အန္တိမ ပညာရှင်များကို လမ်းဘေးခွေးဝက်များကဲ့သို့ စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်စွမ်းရှိနေသောကြောင့်၊ မည်သည့်အရာကို ကြောက်လန့်ရပါတော့မည်နည်း။
ရှုကျိုးပြောသလိုပင် သတ်ဖြတ်ခြင်းကိုသာ လုပ်ဆောင်ရမည် ဖြစ်သည်။
“ ဆရာ၊ အမိန့်သာပေးလိုက်ပါ၊ ဓားတောင်ကို ကျော်ဖြတ်ရာပဲဖြစ်ဖြစ်၊ မီးပင်လယ်မှာ လက်ပစ်ကူးရတာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့က အကြိမ်တစ်ထောင်အထိ သေပေးဖို့ ဆန္ဒရှိပါတယ် “ လူငယ်မျက်နှာ အကြီးအကဲသည် စိတ်အားထက်သန်စွာဖြင့် ကြေညာလာခဲ့သည်။
ရှုကျိုးကမူ သူတို့ကို အာရုံစိုက်မနေတော့ပေ။
ထိုအချိန်တွင် သူသည် သူ၏မျက်လုံးများကို မှိတ်ကာ စိတ်စွမ်းအားကို ထပ်မံ၍ ဖြန့်ကျက်နေခဲ့သည်။
သူသည် ထိုနေ့က လျူချင်းယွမ်ကို သတ်ဖြတ်ကာ၊ လီရို့ရှီနှင့် သူ၏မိဘများကို ဖမ်းဆီးသွားသည့် အမှောင်နယ်မြေ၏ ပညာရှင်ကို ရှာဖွေနေခြင်း ဖြစ်သည်။
ပထမဦးဆုံးအကြိမ် ရောက်လာခဲ့သည့် အချိန်တွင် ပြိုင်ဘက်၏ အတိမ်အနက်ကို မသိသောကြောင့်၊ မည်သို့မျှ မလှုပ်ရှားဝံ့ခဲ့ပေ။
သို့သော် ယခုတွင်ကား သတ်ဖြတ်လိုစိတ်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်သောကြောင့်၊ ထိုလူ့အား သတ်ကိုသတ်ရမည် ဖြစ်သည်။
…
တစ်ချိန်တည်းမှာပင်
အမှောင်နယ်မြေ အတွင်းပိုင်း
ခမ်းနားထည်ဝါသော နန်းတော်တစ်ခုအတွင်း၌
အဆိုပါ အနက်ရောင် နန်းတော်သည် အလွန်တရာ ကြီးမားကျယ်ဝန်းနေခဲ့ပြီး၊ ၎င်း၏ အရှိန်အဝါမှာလည်း အမှောင်ကြယ်တာရာသဖွယ် ဖြစ်နေခဲ့ကာ၊ ကောင်းကင်ယံတွင် လင်းလက်နေလျက်ရှိသည်။
အဆိုပါ နန်းတော်ကို လှည့်ပတ်နေသည့် အမှောင်လမ်းကြောင်းများပင် ရှိနေခဲ့သည်။
၎င်းသည် အမှောင်နယ်မြေ ဧကရာဇ် မိသားစုတစ်ခု၏ မြင့်မြတ်ခန်းမတစ်ခုဖြစ်သည်။
ဤခန်းမက နေရာတစ်ခုမျှသာဖြစ်နေခဲ့သော်လည်း၊ ၎င်းသည် မိုင်သန်းနှင့်ချီ၍ ဖုံးလွှမ်းနေခဲ့သည်။
ဤအခန်းမအတွင်း၌ နဝမအဆင့် ပညာရှင်များနှင့် အထွတ်အထိပ် ပညာရှင်များကို နေရာအနှံ့တွင် မြင်တွေ့နိုင်ပေသည်။
ပုန်းကွယ်နေသည့် အန္တိမ အထွတ်အထိပ် အရှိန်အဝါများကပင် အခု၂၀အောက် ရောက်မနေခဲ့ပေ။
၎င်းမှာ အမှောင်နယ်မြေ ဧကရာဇ် မိသားစုတစ်ခု၏ အမွေအနှစ် ဖြစ်သည်။
“ ဝူးးးးး “
ယနေ့၌ မြင့်မြတ်ခန်းမအတွင်းတွင် စူးရှသော အချက်ပေးသံတစ်သံ ရုတ်တရက် အော်မြည်လာခဲ့သည်။
ထိုအသံကို ကြားလိုက်ရသောအခါတွင် မြင့်မြတ်ခန်းမတစ်ခုလုံးနှင့် မိုင်သန်းချီသော ဧရိယာအတွင်းတွင် ရှိနေသည့် ခံတပ်နေရာအားလုံး လှုပ်ခါသွားခဲ့သည်။
ကောင်းကင်ထက်သို့ အလင်းတန်းပေါင်းများစွာ ပျံတက်လာခဲ့သည်။
အန္တိမ အထွတ်အထိပ် ပညာရှင် အယောက်နှစ်ဆယ်ကျော်မှာလည်း တစ်ပြိုင်နက် ပျံသန်းလာကြပြီး၊ မြင့်မြတ်ခန်းမ၏ အလယ်ဗဟိုတွင် ပေါ်ထွက်လာကြသည်။
သူတို့အားလုံး၏ အမူအရာများမှာ လေးနက်နေလျက်ရှိသည်။
အကြောင်းပြချက်မှာ ရိုးရှင်းလွန်းလှသည်၊ အဆိုပါ အချက်ပေးသံက အဆင့်တစ်ဆယ် အချက်ပေးသံဖြစ်နေသောကြောင့် ဖြစ်သည်။
“အဆင့်တစ်ဆယ် အချက်ပေးသံ၊ ငါတို့မျိုးနွယ်စုအတွက် သေရေးရှင်ရေး တိုက်ပွဲတစ်ခုပဲ “
“ တစ်ခြား ဧကရာဇ် မိသားစုနှစ်ခုက ငါတို့ကို စစ်ကြေညာလာတာများလား “
မြင့်မြတ်ခန်းမအတွင်းတွင် ရှိနေသည့် လူတိုင်းမှာ အမူအရာများ လေးနက်နေကြသည်။
အမှောင်နယ်မြေအတွင်းရှိ ဧကရာဇ် မိသားစုသုံးခု၏ ဆက်ဆံရေးမှာ ညီညီညွတ်ညွတ် ရှိမနေခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဧကရာဇ် မိသားစုသုံးခုစလုံးမှာ ပဋိပက္ခများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ရှေးခေတ်ကတည်းက ရန်ငြှိုးများ ရှိခဲ့ကြသည်။
ယခု အဆင့်တစ်ဆယ်အချက်ပေးသံ ပေါ်ထွက်လာခြင်းမှာ လူတိုင်းကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။
“ ဘုမ်းးးး “
ထိုအချိန်တွင် အားကောင်းသော အရှိန်အဝါတစ်ခုမှာ မြင့်မြတ်ခန်းမ၏ အတွင်းပိုင်းမှ ပေါက်ထွက်လာခဲ့သည်။
၎င်းသည် အဆုံးမဲ့ သမုဒ္ဒရာတစ်စင်းကဲ့သို့ မိုင်သန်းနှင့်ချီ၍ ကျယ်ဝန်းသော မြင့်မြတ်ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
အဆိုပါ အရှိန်အဝါကို ခံစားမိသွားသောအခါတွင် အန္တိမ အထွတ်အထိပ် ပညာရှင် အယောက်နှစ်ဆယ်ကျော် အပါအဝင် မြင့်မြတ်ခန်းမတွင် ရှိနေကြသည့် လူတိုင်းသည် ရိုသေလေးစားမှုများကို ဖော်ထုတ်ပြသလာကြသည်။
သူတို့သည် တစ်ညီတစ်ညာတည်း အော်ဟစ်ပြောဆိုလာကြသည်။
“ ဘိုးဘေးကို ကြိုဆိုပါတယ် “
ဗွီ
မြင့်မြတ်ခန်းမအထက်တွင် ပုပြတ်ပြတ် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိုပါ ပုံရိပ်သည် အလွန်တရာ ပုကွနေခဲ့ပြီး၊ အမြင့်မှာ ၁.၂မီတာအောက်သာ ရှိနေခဲ့ကာ၊ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ မျက်နှာမှာ မှုန်ဝါးနေခဲ့သည်။
သို့သော် အဆိုပါ ပုပြတ်ပြတ် ပုံရိပ်သည် အန္တိမ အထွတ်အထိပ် အယောက်နှစ်ဆယ်ကျော်ကိုပင် ရိုသေလေးစားမှုများနှင့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်သွားစေခဲ့သည်။
အကြောင်းပြချက်မှာ ရိုးရှင်းလွန်းလှသည်၊ အဆိုပါ ပုံရိပ်က သူတို့ ကောင်းကင်အရိပ် ဧကရာဇ်မိသားစု၏ ဘိုးဘေးဖြစ်ပြီး၊ အမှောင်နယ်မြေ၏ အန္တိမ ထောက်တိုင်များအနက်မှ တစ်ဦးဖြစ်သည့် ဧကရာဇ်ဟုန်ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထိုအချိန်တွင် ဧကရာဇ်ဟုန်သည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် အဝေးသို့ ငေးကြည့်နေလျက်ရှိသည်။
အန္တိမ ပညာရှင်တစ်ဦးဖြစ်သည့်အလျောက် သူသည် တစ်ကြိမ်မျှ တွေးလိုက်ရုံဖြင့် အရာအားလုံးကို နားလည်သွားခဲ့သည်။
သူသည် သူဖန်တီးထားသည့် ရုပ်သေးအား တစ်စုံတစ်ဦးက ဖျက်စီးလိုက်သည်ဆိုသည်ကို ယခုလေးတင် အာရုံခံမိခဲ့သည်။
သို့သော် သူသည် ရန်သူ့၏ ခြေရာလက်ရာများကို မထောက်လှမ်းမိခဲ့ပေ။
၎င်းက မည်သည့်အရာကို ဆိုလိုသနည်း
၎င်းသည် ပြိုင်ဘက်၏ စွမ်းအားက သူ့ထပ်သာလွန်နေနိုင်သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
သို့သော် ဤအမှောင်နယ်မြေက သူက အန္တိမအဆင့်သို့ ရောက်ရှိနေခဲ့ပြီးပြီဖြစ်သောကြောင့်၊ မည်သူက သူ့ထပ် သာလွန်အားကောင်းပါသနည်း။
ဧကရာဇ်ဟုန်၏ မျက်လုံးများအတွင်းတွင် တွေးတောစဥ်းစားမှု အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။
သူ၏အဆင့်မျိုးတွင် အတွေးတစ်ခုတည်းဖြင့် ကိစ္စတော်တော်များများကို ကြိုတင်သိမြင်သိနိုင်သော်လည်း၊ သူသည် ယခုတွင် မည်သည့်အရာများ ဆက်ဖြစ်လာမလဲဆိုသည်ကို မမြင်နိုင်ခဲ့ပေ။
အကယ်၍ နက်နက်ရှိုင်းရှိုင်း တူးဆွမိသွားမည်ဆိုပါက၊ အဆိုပါ အခြေအနေမှာ အတော်လေး အန္တရာယ်များသွားမည် ဖြစ်သည်။
ဧကရာဇ်ဟုန်သည် မျိုးနွယ်စုတစ်ခုလုံးအား ရွှေ့ပြောင်းရမလားဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။
ထိုကဲ့သို့သာ မဟုတ်ဘဲ မထင်မှတ်ထားသော ကိစ္စသာ အမှန်တကယ် ပေါ်ပေါက်လာခဲ့မည်ဆိုပါက၊ ၎င်းသည် မိသားစုတစ်ခုလုံးကို ပျောက်ကွယ်သွားစေနိုင်သည်။
“ ဒါပင်မဲ့ ငါက မူလနယ်မြေရဲ့ ကောင်းကင်ဘုံ တာအိုကို ရှာဖို့အတွက် အဲ့ဒီကို စစ်ချီဖို့ ပြင်ဆင်နေတာလေ “
“ တကယ်လို့ အခုလက်ရှိ အချိန်မှာ မြင့်မြတ်ခန်းမကို ဖုံးထားလိုက်မယ်ဆိုရင်၊ အဲ့တာက နောက်လာမဲ့ အလုပ်တွေကို ထိခိုက်သွားစေနိုင်တယ် ”
ဧကရာဇ်ဟုန် အတွေးနက်သွားတော့သည်၊ ၎င်းမှာ သူအဓိက တွေးပူနေသည့်အရာ ဖြစ်သည်။
ဧကရာဇ် မိသားစုက မူလနယ်မြေကို မည်သည့်အတွက်ကြောင့် တိုက်ခိုက်ချင်ရသနည်း
အဘယ့်ကြောင့်ဆိုသော် မူလနယ်မြေက အန္တိမနယ်ပယ်မှ ပညာရှင်များကို ထပ်မံ၍ တိုးတက်သွားစေနိုင်သည့် အခွင့်အလမ်းတစ်ခုကို ကိုင်ဆောင်ထားသောကြောင့် ဖြစ်သည်။
အဆိုပါ အခွင့်အလမ်းမှာ မူလနယ်မြေ၏ ကောင်းကင်ဘုံ တာအိုပင် ဖြစ်သည်။
အမှောင်နယ်မြေ၏ ကောင်းကင်ဘုံ တာအိုမှာ မပြည့်မစုံဖြစ်နေခဲ့ပြီး၊ ၎င်းသည် အမှောင်နယ်မြေ ဘိုးဘေး၏ သိမ်းပိုက်ခြင်းကို ခံထားရပြီးပြီ ဖြစ်သည်။
သို့သော် သူသိထားရသလောက်အရဆိုပါက၊ မူလနယ်မြေက အန္တိမ ပညာရှင်များစွာကို မွေးထုတ်ပေးခဲ့သော်လည်း၊ ၎င်း၏ ကောင်းကင်ဘုံ တာအိုမှာ မထိမခိုက်ဖြင့် ပြီးပြည့်စုံနေသေးသည်။
အကယ်၍ သူကသာ ကောင်းကင်ဘုံ တာအိုစိတ်ဆန္ဒ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစည်းနိုင်ခဲ့မည်ဆိုပါက၊ သူသည် အန္တိမနယ်ပယ်ကို ကျော်လွန်ကာ၊ တစ်ခြားနယ်ပယ်တစ်ခုဆီသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ထိုအချိန်၌ အမှောင်နယ်မြေတစ်ခုလုံးကို စည်းလုံးညီညွတ်သွားစေခြင်းမှာ အသေးအမွှား ကိစ္စလေးတစ်ခုမျှသာ ဖြစ်သွားမည် ဖြစ်သည်။
ထိုအတွေးနှင့်အတူ ဧကရာဇ်ဟုန်၏ မျက်လုံးများအတွင်းတွင် စိတ်အားထက်သန်မှုများ စွန်းထင်းလာခဲ့သည်။
သူ၏အဆင့်တွင် ထိုကဲ့သို့သော ကိစ္စမျိုးကသာ သူ၏စိတ်ခံစားချက်များကို နှိုးဆွပေးနိုင်လေသည်။
သူသည် သူ၏မျိုးနွယ်စုကိုပင် စွန့်ပစ်နိုင်ပေသည်။
ထိုအတွေးနှင့်အတူ ဧကရာဇ်ဟုန်သည် သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူတိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည့် အချိန်တွင်
“ ဗွီ “
မြင့်မြတ်ခန်းမ၏ အထက်တွင် ကြီးမားသော အရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထို့နောက်စက္ကန့်ပိုင်းမျှအကြာ၌ မြင့်မြတ်ခန်းမ အထက်ရှိကောင်းကင်ယံတွင် ခမ်းနားထည်ဝါသော ကမ္ဘာတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဟမ် “
ဧကရာဇ်ဟုန်သည် ထူးခြားမှုကို အာရုံခံမိသွားကာ၊ ချက်ချင်းမော့ကြည့်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် သူ၏အမူအရာမှာ အပြည့်အဝ ပြောင်းလဲသွားခဲ့ရသည်။
ဒီကမ္ဘာကြီးတစ်ခုလုံး ငါ့အပေါ်မှာ ရုတ်တရက် ပေါ်ထွက်လာတာကိုတောင် ငါသတိမထားမိဘူးလား
တစ်ဖက်လူက သူ့ရဲ့ တည်ရှိမှုကို ထုတ်မပြဘဲ၊ ငါတို့ကို ရှာတွေ့သွားပြီလား
အကယ်၍ ထိုအကြောင်းသာ ပျံ့နှံ့သွားမည်ဆိုပါက၊ ရုန်းရင်းဆန်ခတ်မှုများ အကြီးအကျယ် ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
အန္တိမ ပညာရှင်ကပင် မထောက်လှမ်းနိုင်သည့် အရာတစ်ခု …. ၎င်းက မည်မျှထိတ်လန့်ဖွယ်ကောင်းလိုက်သနည်း။
“ ဆွစ်ရှ် “
ဧကရာဇ်ဟုန်သည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ခြေတစ်လှမ်းလှမ်းလိုက်သည်။
သူသည် သူ၏မျိုးနွယ်စုကို စွန့်ပစ်ကာ၊ တစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းရန် ရွေးချယ်လိုက်သည်။
ဤအဆင့်မျိုးအထိ ကျင့်ကြံထားခဲ့နိုင်ခဲ့သောကြောင့် သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုမှာ လူတိုင်းမှန်းဆနိုင်သည်ထပ် ကျော်လွန်နေခဲ့သည်။
သူ၏ စိတ်သဘောထားနှင့် စိတ်ခံစားချက်တို့မှာ ကောင်းကင်ဘုံ တာအိုကဲ့သို့ ဖြစ်နေခဲ့ပြီဖြစ်သည်။
စိတ်ခံစားချက် မရှိ၊ လိုအင်ဆန္ဒမရှိ
သူ၏ကိုယ်ပိုင်ရှင်သန်ရေးအတွက် သူ၏မျိုးနွယ်စုကိုပင် စွန့်ပစ်ခဲ့လေပြီ။
“ ဒီကျူးကျော်သူက ငါ့ခုခံနိုင်စွမ်းထပ် ကျော်လွန်နေတယ်။ တစ်ခြားဧကရာဇ် မိသားစုနှစ်ခုကို ဆက်သွယ်ပြီးတော့၊ ဘိုးဘေးကို ချက်ချင်းနှိုးမှဖြစ်မယ် “
ဗွီ
ခမ်းနားထည်ဝါသော အရှိန်အဝါတစ်ခုနှင့်အတူ၊ ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမ လက်ကြီးတစ်ဖက်က အဖော်ပြုလိုက်ပါလာခဲ့ကာ၊ ကောင်းကင်ထက်မှ ရုတ်တရက် ဆင်းသက်လာခဲ့ပြီး၊ သူထွက်ပြေးနိုင်မည့် လမ်းကြောင်းတိုင်းကို ပိတ်ဆို့သွားခဲ့သည်။
……………………………………………………………………………………………………………………………………………
အပိုင်း ( 732 )
အဆုံးသတ် တိုက်ပွဲ
ဘုမ်းးးး
ကြောက်မက်ဖွယ်ကောင်းသော ဧရာမလက်ကြီးသည် ဧကရာဇ်ဟုန်ကို တိုက်ရိုက်ဖိချလာခဲ့သည်။
အဆိုပါ လက်၏ အောက်တွင် နိယာမအားလုံးက ရပ်တန့်သွားသည့်အလား ဖြစ်သွားခဲ့သည်။
“ ဝေါင်းးး “
ဧကရာဇ်ဟုန်မှ ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့ရာ၊ သူ၏အနောက်ဘက်တွင် ကြီးမားသော ကမ္ဘာကြီးများ ရုတ်တရက် ပွင့်ဟလာခဲ့သည်။
၎င်းမှာ အန္တိမနယ်ပယ်၏ လုပ်နိုင်စွမ်းတစ်ခုဖြစ်သည်။ တွေးလိုက်ရုံဖြင့် ဒါဇင်နှင့်ချီသော ကမ္ဘာများစွာ ဖန်တီးခံလိုက်ရသည်၊ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်။
ကမ္ဘာတစ်ခုချင်းစီတိုင်းသည် အစစ်အမှန် စကြာဝဠာနှင့် ယှဥ်နိုင်လောက်သည်အထိ ပြီးပြည့်စုံကာ၊ စစ်မှန်နေခဲ့သည်။
၎င်းသည် ဧကရာဇ်ဟုန်၏ စွမ်းအားက သာမန်အန္တိမပညာရှင်ထပ် သာလွန်သည်ဆိုသည်ကို သက်သေပြုနေခဲ့သည်။
သူဤနယ်ပယ်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဖြစ်ပြီး၊ နောက်တစ်ဆင့်သို့ ဆက်သွားရန် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
တစ်ခြားသော အန္တိမ ပညာရှင်များကပင် သူ့ကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ကြောက်မက်ဖွယ်ကောင်းသော အဆိုပါ လက်ကြီးနှင့် ရင်ဆိုင်ရသောအခါတွင် ဧကရာဇ်ဟုန်၏ နည်းလမ်းအားလုံးက အချည်းနှီးဖြစ်သွားပုံရသည်။
“ ခရက် ခရက် “
“ ဘုမ်း “
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆိုပါ ကမ္ဘာအားလုံး လုံးဝပေါက်ကွဲထွက်သွားခဲ့သည်။
ဧရာမ လက်ကြီး ဆင်းသက်လာခဲ့ကာ၊ မျောက်တစ်ကောင်ကို ဖိချလိုက်သကဲ့သို့ ဧကရာဇ်ဟုန်ကို ဖိနှိပ်လာခဲ့သည်။
ဘမ်းးး
ဤနေရာတွင် ရှိနေကြသည့် လူတိုင်းသည် ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။
ဧရာမလက်ကြီးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
မြေပြင်ပေါ်တွင် ဖရဲသီးကဲ့သို့ ဦးခေါင်းကြေမွကာ၊ အပိုင်းပိုင်း အစစဖြစ်သွားသည့် အလောင်းတစ်လောင်းကိုသာ မြင်တွေ့လိုက်ကြရသည်။
သို့သော် အန္တိမနယ်ပယ်၌ ရှေးဦးဝိညာဥ် ကျန်ရှိနေသေးသရွေ့၊ ရုပ်ခန္ဓာ ပြိုကွဲသွားမည်ဆိုလျှင်တောင်မှ ပြန်လည်မွေးဖွားလာနိုင်သေးသည်။
ဗွီ
ထိုအချိန်တွင် ကြည်လင်နေသော ဝိညာဥ်ခန္ဓာတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ကာ၊ ဟင်းလင်းပြင်အတွင်းသို့ ထွက်ပြေးရန် ပြင်လိုက်သည်။
“ သေ “
ရှုကျိုးမှ စကားတစ်ခွန်း ပြောဆိုလာခဲ့သည်။
ဘုမ်းး
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဧကရာဇ်ဟုန်၏ ရှေးဦးဝိညာဥ်မှာ လေထုအတွင်းမှာပင် ပေါက်ကွဲသွားခဲ့သည်။
“ မဟုတ်ဘူးးးးးး “
လေဟာနယ်အတွင်းမှ စိတ်ပျက်အားလျော့သွားသည့် အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့သည်။
ဧကရာဇ်ဟုန်သည် ပြိုင်ဘက်က ထိုမျှလောက် အစွမ်းထက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် ထွက်ပင်မပြေးနိုင်ခဲ့ဘဲ၊ စက္ကန့်ပိုင်းအတွင်းမှာပင် ရှုကျိုး၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။
တဖြည်းဖြည်း တိုးညှင်းသွားသော အော်သံနှင့်အတူ အမှောင်နယ်မြေ၏ ထောက်တိုင်များအနက်မှ တစ်ဦးဖြစ်သည့် ဧကရာဇ်ဟုန်မှာလည်း လုံးဝကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ ဘုမ်းးး “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မြင့်မြတ်ခန်းမအလယ်ရှိ ဧကရာဇ်ဟုန်ကို ကိုယ်စားပြုသည့် ခမ်းနားထည်ဝါသော ရုပ်ထုသည် ဟိန်းဟောက်သံတစ်ခုနှင့်အတူ ပြိုကျပျက်စီးသွားခဲ့သည်။
မြင့်မြတ်ခန်းမတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အဖြစ်အပျက်များက အလွန်တရာ မြန်ဆန်နေခဲ့သောကြောင့် အမှောင်နယ်မြေ၏ အဆိုပါ ပညာရှင်များသည် အချိန်မှီမတုံ့ပြန်နိုင်ကြဘဲ၊ သူတို့၏ ဘိုးဘေးဖြစ်သူ ဧကရာဇ်ဟုန်က ရှုကျိုး၏ အရှေ့တွင် ကျဆုံးသွားသည်ဆိုသည်ကို မြင်လိုက်ကြရသည်။
“ ဝေါ “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
ဒါဇင်နှင့် ချီသော အန္တိမ အထွတ်အထိပ် ပညာရှင် အားလုံးသည် ကြောက်လန့်တကြား ဖြစ်နေသည့် အမူအရာများဖြင့် ရှုကျိုးကို ကြည့်လာကြသည်။
ဤအချိန်၌ သူတို့သည် ပြေးပင် မပြေးရဲကြပေ။
ဧကရာဇ်တစ်ပါးကပင် အလွယ်တကူ ကျဆုံးသွားခဲ့သောကြောင့်၊ သူတို့က မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း
ရှုကျိုးမှာလည်း သူတို့ကို မည်သည့်အခွင့်အရေးမှ မပေးခဲ့ချေ။
“ ဘုမ်းးးး “
ဧရာမ လက်ကြီးတစ်ဖက် ဆင်းသက်လာခဲ့ကာ၊ မိုင်သန်းနှင့်ချီ၍ ကျယ်ဝန်းသော မြင့်မြတ်ခန်းမတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
…
မိနစ်ဝက်မျှ အကြာတွင်
ရှုကျိုးသည် ဟင်းလင်းပြင်အတွင်းတွင် ထပ်မံ၍ မတ်တပ်ရပ်နေခဲ့ပြန်သည်။
မိုင်သန်းနှင့်ချီ၍ ကြီးမားကျယ်ဝန်းသော ခန်းမကြီးမှာ လုံးဝပြားချပ်သွားခဲ့ပြီ ဖြစ်သည်။
များပြားလွန်းလှသော အမှောင်နယ်မြေ ပညာရှင်များ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
လူငယ်မျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားလူများသည် သူ့အနောက်တွင် တလေးတစား မတ်တပ်ရပ်နေကြပြီး၊ အံ့ဩတကြီး ဖြစ်နေသော မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်နေကြသည်။
ရှုကျိုးက လူသားဧကရာဇ်ကို လက်ဝါးတစ်ချက်တည်းဖြင့် ချေမှုန်းခဲ့သည့် မြင်ကွင်းမှာ သူတို့အတွက် အလွန်တရာ မြန်ဆန်နေခဲ့သည်၊ ယခုဧကရာဇ်ဟုန်ကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းကမူ သူတို့အားလုံးကို အမှန်တကယ် အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
အန္တိ ပညာရှင်ကို လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ အလွယ်တကူ သတ်ဖြတ်ခြင်း …..
“ ဆရာက ကျော်လွန်သွားတာများလား “
လျူမေ့၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အဆိုပါ မှန်းဆချက်သည် သူမကို ကျောချမ်းသွားစေခဲ့သည်။
အန္တိမနယ်ပယ်ကို ကျော်လွန်သွားမှသာလျှင် အန္တိမ ပညာရှင်များကို အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
အန္တိမနယ်ပယ်ကပင် သူမတို့အတွက် အလွန်တရာ အလှမ်းဝေးနေခဲ့သည့်အတွက် ကျော်ဖြတ်ခြင်း/ကျော်လွန်ခြင်းဆိုပါက ……..
ရှုကျိုးကို ကြည့်နေသည့် လျူမေ့၏ အကြည့်ထဲတွင် ရှိနေသည့် ရိုသေလေးစားမှုနှင့် အံ့ဩမှုတို့မှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။
သို့သော် ရှုကျိုးကမူ သူတို့ကို ဂရုစိုက်မနေခဲ့ပေ။
ဧကရာဇ်ဟုန်နှင့် ဟုန်မင်းဆက်တစ်ခုလုံးကို သုတ်သင်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် မျက်လုံးများ အသာအယာ ထပ်မှိတ်ကာ၊ ထပ်မံ၍ အာရုံခံနေတော့သည်။
ယခုလက်ရှိ အချိန်၌ သူသည် အတွေးတစ်ခုတည်းဖြင့် စကြာဝဠာ အတွင်းရှိ အရာအားလုံး၏ ကြောင်းကျိုးဆက်စပ်မှုကို မြင်တွေ့နေနိုင်ပြီ ဖြစ်သည်။
တစ်ခဏ အကြာတွင် သူသည် လျူချင်းယွမ်နှင့် သက်ဆိုင်သည့် ကြောင်းကျိုးဆက်စပ်မှုကို မြင်တွေ့သွားခဲ့သည်။
“ ကြောင်းကျိုးဆက်စပ်မှု ပြတ်တောက်သွားပြီ၊ အသက်ပြန်သွင်းလို့ရပြီ “
ရှုကျိုးမှ သူ၏လက်ကို အသာအယာ မြှောက်လိုက်ရာ၊ နတ်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ခြေထောက်များအောက်တွင် အချိန်မြစ် ပေါ်ထွက်လာခဲ့သည်။
ဗွီ
ချက်ချင်းဆိုသလိုပင် နတ်အလင်းတန်းတစ်ခုသည် အချိန်မြစ်ကို ဆန့်ကျင်၍ အချိန်ကာလများကို ကျော်ဖြတ်ကာ၊ အထက်ပိုင်းသို့ ပြောင်းပြန်ပြေးဝင်သွားခဲ့သည်။
မကြာခင် အချိန်မှာပင် သူသည် ဟင်းလင်းပြင်-အချိန်အတွင်းရှိ လျူချင်းယွမ်ကို ရှာတွေ့သွားခဲ့သည်။
“ ပြန်လာ “
ရှုကျိုးမှ လက်ဝေ့ရမ်းလိုက်ရာ၊ နတ်အလင်းတန်းသည် လျူချင်းယွမ်ကို အချိန်မြစ်အတွင်းမှ ဆွဲထုတ်၍၊ ပစ္စုပ္ပန်ဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
“ ဘုမ်းးးး “
ချက်ချင်းဆိုသလိုပင် အချိန်မြစ်တစ်ခုလုံး လှုပ်ခါသွားခဲ့သည်။
များပြားသော ကြောင်းကျိုးဆက်စပ်မှု လမ်းကြောင်းများမှာ ပြိုကျတော့မည့်အလား တုန်ရင်သွားကြသည်။
၎င်းမှာ ရှုကျိုးက အတိတ်ကို ပြင်ဆင်ကာ အနာဂတ်ကို ပြောင်းလဲလိုက်သောကြောင့် ဖြစ်သည်။
ထိုကဲ့သို့သော လုပ်ရပ်သည် ပြင်းထန်သော နောက်ဆက်တွဲအကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်ပြီး၊ အချိန်-ဟင်းလင်းပြင် မုန်တိုင်းကိုပါ နှိုးဆွမိသွားစေနိုင်ကာ၊ စကြာဝဠာတစ်ခုလုံးကို ချက်ချင်းပြိုကျပျက်စီးသွားစေနိုင်သည်။
အန္တိမ ပညာရှင်ကပင် ထိုကဲ့သို့သော အကျိုးဆက်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ရှုကျိုး၏ ယခုလက်ရှိ လုပ်နိုင်စွမ်းမှာ အန္တိမ နယ်ပယ်ကို ကျော်လွန်နေခဲ့ပြီး၊ သူ၏ခြေတစ်ဖက်ကို အသာအယာ ဆောင့်ချလိုက်ရာ၊ အချိန်-ဟင်းလင်းပြင်မှာ ချက်ချင်းငြိမ်သက်သွားခဲ့သည်။
တစ်ခဏအကြာတွင် နတ်အလင်းတန်းသည် လျူချင်းယွမ်ကို ပစ္စုပ္ပန်ဆီသို့ ပြန်လည်ရောက်ရှိလာစေခဲ့သည်။
“ ဒါက ……… ဘယ်နေရာကြီးလဲ “
လျူချင်ယွမ်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ ကြောင်အသွားခဲ့သည်။
လွန်ခဲ့သော စက္ကန့်ပိုင်းအတွင်းက သူသည် ကျောင်းတွင် ကျင့်ကြံနေခဲ့ဖြစ်ပြီး၊ ထို့နောက်တွင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ၊ သူ့အား မရင်းနှီးသော နေရာတစ်ခုဆီသို့ ပို့ဆောင်လိုက်သည်ဟု ခံစားသွားရစေခဲ့သည်။
“ ဆရာ “
ရှုကျိုးသည် လျူချင်းယွမ်ကို ငေးကြည့်နေခဲ့ပြီး၊ တည်ငြိမ်နေသည့် သူ၏မျက်နှာပေါ်တွင် စိတ်ခံစားချက် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။