← Chapters

အခန်း (၇၂၇-၇၂၉)

Vol. 49 Ch. 727-729

အခန်း (၇၂၇-၇၂၉)

Vol. 49 Ch. 727-729

အပိုင်း ( 727 )

ကျော်ဖြတ်ခြင်း ၂

“ ထလာခဲ့ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်ကို မြှောက်လိုက်ရာ၊ ကောင်းကင်ဘုံ တာအိုမီးဖိုမှာ ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။

“ ဖိနှိပ် “

နောက်ထပ် စကားတစ်ခွန်း ပြောလိုက်ရာ၊ ဟင်းလင်းပြင် အတွင်းတွင် နားကွဲသွားစေလောက်သည့် ကောင်းကင်ဘုံ တာအို၏ အသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။

ထို့နောက်တွင် ကောင်းကင်ဘုံ တာအိုမီးဖို ဆယ့်နှစ်ခု အတူတကွ ဆင်းသက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လာကြသည်။

အဆိုပါ စွမ်းအင်လှိုင်းအောက်တွင် အရောင်မဲ့ လေစီးကြောင်းမှာ ပြင်းပြင်းထန်ထန် ရုန်းကန်လာခဲ့သည်။

ဤစကြာဝဠာ၏ ကောင်းကင်ဘုံ တာအိုမှာ အလွန်ခေါင်းမာလွန်းလှသည်၊ သို့သော် လဝက်တိတိ ဆက်တိုက်သန့်စင်ခံခဲ့ရပြီးသည့်နောက်တွင်၊ လက်လျော့လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ ဇွီ ဇွီ “

ဟင်းလင်းပြင် အလွှာများ တစ်ခုပြီးတစ်ခု ပြိုကွဲလာခဲ့သည်။

အဆိုပါ မြင်ကွင်းသည် အလွန်ပင် အံ့ဖွယ်ကောင်းလွန်းနေခဲ့ပြီး၊ အန္တိမအဆင့် ပညာရှင်ကပင် အံ့ဩတုန်လှုပ်သွားနိုင်ပေသည်။

ဤနေရာက ကောင်းကင်ဘုံ တာအိုတည်ရှိရာ ဟင်းလင်းပြင်၏ အလွှာသောင်းနှင့်ချီသော အနက်ပိုင်းတွင် ရှိနေသည်ကို သိကြရမည် ဖြစ်သည်။

ယခု၌ ဤနေရာမှာ ထပ်မံ၍ ပြိုကျပျက်စီးနေခဲ့ပြီး၊ ပိုမိုနက်ရှိုင်းသော နေရာမှ ဟင်းလင်းပြင် အလွှာများကို လှစ်ဟပြသလာခဲ့သည်။

“ ဘုမ်း ဘုမ်း ဘုမ်း “

ဖိအားမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့ပြီး၊ ဟင်းလင်းပြင်၏ အတွင်းပိုင်း အလွှာများကို ဆက်တိုက်ပေါက်ကွဲသွားစေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သောင်းနှင့်ချီသော ဟင်းလင်းပြင် အလွှာများ ထပ်မံ၍ ပြိုကျလာခဲ့ပြန်သည်။

ဟင်းလင်းပြင် အလွှာ နှစ်သောင်း

၎င်းက အံ့ဖွယ်ကောင်းသော ပမာဏဖြစ်ပြီး၊ အန္တိမအဆင့် ပညာရှင်ကပင် ထိုမျှအနက်ပိုင်းထိ ရောက်ရှိနိုင်မည် မဟုတ်ပေ။

သို့ရာတွင် ၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ အကန့်အသတ် ဟုတ်မနေခဲ့ပေ။

“ ဝရုန်းးးး “

ဟင်းလင်းပြင် တစ်ခုလုံး လှုပ်ခါကာ၊ ပြိုကျလာခဲ့သည်။

ကောင်းကင်ဘုံ တာအိုမီးဖို ဆယ့်နှစ်ခုသည် ကြီးမားသော ဖိအားကို ထုတ်လွှတ်ကာ အရာအားလုံးကို အရည်ဖျော်နေလျက်ရှိသည်၊ အကယ်၍ ကြယ်အလုံး တစ်ဘီလီယံကိုပင် အဆိုပါ မီးဖိုများအတွင်းတွင် ထားလိုက်မည်ဆိုပါက၊ ၎င်းတို့မှာလည်း ဘာမှမကျန်တော့သည်အထိ အရည်ပျော်သွားကြမည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ဟင်းလင်းပြင် အလွှာတစ်သောင်း ထပ်မံ၍ ပေါက်ကွဲသွားခဲ့ပြန်သည်။

“ အရှုံးမပေးသေးဘူးလား “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့ပြီး၊ သူ၏လက်သီးကို တင်းကြပ်စွာ ဆုပ်ခဲ၍၊ အားပါပြင်းထန်စွာ ဖိချလာခဲ့သည်။

ဘုမ်းးး

ကောင်းကင်ဘုံ တာအိုမီးဖို ဆယ့်နှစ်ခုသည် ယခင်ကထပ် အဆတစ်ရာတိတိ သာလွန်အားကောင်းသော ဖိအားကို ရုတ်တရက် ထုတ်လွှတ်လာခဲ့သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သန့်စင်မှုကြောင့်၊ အရောင်မဲ့ လေစီးကြောင်းမှာ စတင်၍ ပြိုကွဲလာခဲ့သည်။

၎င်း၏ ပုံစံကပင် အဆက်မပြတ် တွန့်လိမ်လာခဲ့သည်။

မလျှော့သော စိတ်ဆန္ဒမှာလည်း တဖြည်းဖြည်း ယိုင်နဲ့လာခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင်

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာလည်း တစ်လွှာပြီးတစ်လွှာ ပြိုကျလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပြိုကျပျက်စီးသွားသည့် ဟင်းလင်းပြင် အလွှာများမှာ အလွှာတစ်သိန်းအထိ ရောက်ရှိသွားခဲ့သည်။

“ ဗွီ “

ထိုစဥ် ဟင်းလင်းပြင် အနောက်ဘက်မှ ထူးဆန်းသော ဖရိုဖရဲ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

သို့ရာတွင် အဆိုပါ အလင်းတန်းသည် တစ်ခဏခန့်သာ တောက်ပခဲ့သည်။

၎င်းသည် ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး၊ လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

“ ဟမ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ဘုံ တာအိုသန့်စင်ခြင်းကိုသာ အာရုံစိုက်နေခဲ့သော်လည်း၊ အဆိုပါ ထူးခြားမှုကို သတိပြုမိနေသေးသည်။

ထူးဆန်းသော ဖရိုဖရဲ အလင်းတန်းက တစ်စက္ကန့်၏ တစ်ဘီလီယံပုံတစ်ပုံထပ် လျော့နည်းသော အချိန်ပမာဏအထိသာ ပေါ်ထွက်လာခဲ့သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့သွားခဲ့သည်။

“ ဟင်းလင်းပြင် အလွှာတစ်သိန်းနောက်ကနေ အလင်းတန်းတစ်ခု ထွက်လာခဲ့တာလား “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ထိုကိစ္စမှာ အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့သည်။

ဟင်းလင်းပြင် အလွှာတစ်သိန်းဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း

အန္တိမ အအထွတ်အထိပ် ပညာရှင်ကပင် ဒါဇင်နှင့်ချီသော ဟင်းလင်းပြင်အလွှာအတွင်းသို့ ခြေချနိုင်ပြီး၊ ဟင်းလင်းပြင် အလွှာတစ်ရာအနားသို့ အနည်းငယ်မျှသာ ချဥ်းကပ်နိုင်ပေသည်။

အန္တိမနယ်ပယ်မှ ပညာရှင်ကမူ အများဆုံးအနေဖြင့် ဟင်းလင်းပြင် အလွှာတစ်သောင်းအထိသာ ထိုးဖောက်ဝင်ရောက်နိုင်သည်။

အတွင်းပိုင်း/အနက်ပိုင်းသို့ ရောက်သွားလေလေ၊ ရုပ်ခန္ဓာက ပိုမိုပြိုကွဲကာ၊ ရှေးဦးဝိညာဥ်မှာလည်း သေဆုံးခြင်း အန္တရာယ်နှင့် ပိုမိုနီးကပ်လေလေ ဖြစ်သည်။

ကောင်းကင်ဘုံ တာအိုကဲ့သို့သော ဤစကြာဝဠာ၏ အုပ်စိုးသူကပင် ဟင်းလင်းပြင် အလွှာတစ်သောင်းအတွင်းတွင်သာ အခြေချနေထိုင်ခဲ့သည်။

သို့သော် ဟင်းလင်းပြင် အလွှာတစ်သိန်း ……..

မည်သူကမှ ထိုနေရာတွင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

ကောင်းကင်ဘုံ တာအိုကပင် ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

၎င်းမှာ စကြာဝဠာ၏ တားမြစ်နယ်မြေတစ်ခုဖြစ်နေခဲ့ပြီ ဖြစ်သည်၊ မည်သည့်သက်ရှိသတ္တဝါကမှ ထိုနေရာသို့ ခြေမချနိုင်ကြပေ၊ ၎င်းကို ထိတွေ့မိပါက အန္တိမပညာရှင်ကပင် သေဆုံးသွားနိုင်ပေသည်။

သို့သော် ယခုတွင်ကား ကြယ်တာရာ T-Rex နတ်ဘုရားသည် ဟင်းလင်းပြင် အလွှာတစ်သိန်းအလွန်တွင် ဖရိုဖရဲ အလင်းတန်းတစ်ခု တည်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

“ ဟင်းလင်းပြင် အလွှာတစ်သိန်းနောက်မှာ ဘာတွေ ရှိနေလောက်မလဲ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများမှာ တလက်လက် တောက်ပလာခဲ့ပြီး၊ သိလိုစိတ်မှာလည်း ပိုမိုအားကောင်းလာခဲ့သည်။

ဒီစကြာဝဠာအလွန်မှာ ကမ္ဘာတစ်ခု ရှိနေတာများလား

အဆိုပါ မှန်းဆချက်မှာ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်၊ အကယ်၍ သူကသာ ထိုနေရာသို့ ရောက်ရှိသွားမည်ဆိုပါက၊ ၎င်းသည် သူက ကျော်ဖြတ်ခြင်းကို ပြုလုပ်နိုင်ပြီဟု ဆိုလိုခြင်း ဖြစ်သွားနိုင်ပေသည်။

ထိုနေရာသို့ ရောက်ရှိသွားရုံနှင့် ကျော်ဖြတ်ခြင်းကို ပြုလုပ်နိုင်မည်မဟုတ်ပေ၊ ကျော်ဖြတ်ခြင်းကို ပြုလုပ်နိုင်ရန် လုံလောက်သည့် စွမ်းအားရှိမှသာလျှင်၊ ထိုနေရာသို့ ရောက်ရှိသွားမည် ဖြစ်သည်။

“ အခုချိန်မှာတော့ အဲ့ကိစ္စတွေကို ဘေးချိတ်ထားလိုက်တာပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏အကြည့်ကို ရုတ်သိမ်းကာ၊ ကောင်းကင်ဘုံ တာအို သန့်စင်ခြင်း၏ နောက်ဆုံးအဆင့်ကိုသာ အပြီးသတ် လုပ်ဆောင်နေတော့သည်။

ဟင်းလင်းပြင် အလွှာတစ်သိန်းအလွန်တွင် မည်သည့်အရာပင် ရှိနေပါစေ၊ ၎င်းက သူနှင့် သက်ဆိုင်လိမ့်မည် မဟုတ်ပေ။

သူ၏အဓိက ရည်မှန်းချက်မှာ စကြာဝဠာ၏ ကောင်းကင်ဘုံ တာအိုကို အပြည့်အဝ သန့်စင်ကာ၊ ၎င်းကို သူ့ကိုယ်ပိုင်ပစ္စည်း ပြုလုပ်ရန်ပင် ဖြစ်သည်။

“ ဗွီ ဗွီ “

ထိုအချိန်တွင် အရောင်မဲ့ လေစီကြောင်းထံမှ စွမ်းအင်လှိုင်းများ ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ ကောင်းကင်ဘုံ တာအို၏ မလျှော့သော ဇွဲလုံ့လပင် ဖြစ်သည်။

ကောင်းကင်ဘုံ တာအိုထံတွင် ခံစားချက်နှင့် လိုအပ်ဆန္ဒများ မရှိသော်လည်း၊ သန့်စင်ခံနေရသည့် အချိန်တွင် ခုခံလိုစိတ်ကို ထုတ်လွှတ်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ အဆက်မပြတ် သန့်စင်မှုအောက်တွင် ခိုင်မာသော အဆိုပါ စိတ်ဆန္ဒကပင် အလွန်တရာ အားနည်းသွားခဲ့ပြီ ဖြစ်သည်။

“ အချိန်ကျပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မည်သည့်စကားမှ ထပ်ပြောမနေတော့ဘဲ၊ လက်ဆန့်တန်းကာ၊ ဆုပ်ကိုင်လိုက်သည်။

“ ငါနဲ့ ပေါင်းစပ်စမ်း “

သူသည် အရောင်မဲ့ လေစီးကြောင်းကို ဖမ်းဆုပ်ကာ၊ သူ၏ပါးစပ်ကို ဖွင့်၍ ၎င်းကို မြိုချလိုက်သည်။

“ ဘုမ်းးး “

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးမှာ သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ထွက်လာခဲ့သည်။

“ ဘယ်လောက်တောင် ကြီးစိုးလိုက်တဲ့ စွမ်းအင်လဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တင်ပျဥ်ခွေထိုင်ကာ အဆိုပါ စွမ်းအင်ကို လျင်မြန်စွာ သန့်စင်နေတော့သည်။

သန့်စင်ခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေကာ၊ ကောင်းကင်ဘုံ တာအို၏ ခိုင်မာသည့် စိတ်ဆန္ဒက ပြိုကွဲလုနီးပါး ဖြစ်နေခဲ့သော်လည်း၊ ပေါင်းစည်းရခြင်းက ဤမျှခက်ခဲနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

အကယ်၍ ၎င်းကိုသာ လဝက်တိတိ မသန့်စင်ခဲ့ဘူးဆိုပါက၊ ၎င်းကို မြိုချလိုက်သည့် အချိန်မှာပင် သူပေါက်ကွဲ သေဆုံးသွားရမည် ဖြစ်သည်။

အဆိုပါ စွမ်းအင်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သို့ရာတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ကြယ်တာရာ T-Rex နတ်ဘုရားက အဆိုပါအဆင့်ကို မည်ကဲ့သို့တလွဲဖြစ်သွားခွင့်ပြုမည်နည်း

ယခုလက်ရှိ အချိန်၌ သူသည် တွေးလိုက်ရုံဖြင့် အတိတ်နှင့် အနာဂတ်တို့ကို သိမြင်နေနိုင်ပြီ ဖြစ်သည်။

အကယ်၍ သူ့ထံတွင် အကြွင်းမဲ့ ယုံကြည်မှု မရှိဘူးဆိုပါက၊ သူသည် ကောင်းကင်ဘုံ တာအိုကို အလောတကြီး မြိုချလိုက်မည် မဟုတ်ပေ။

“ ပေါင်းစည်း “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးများကို မှိတ်ကာ၊ သူ့ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် စွမ်းအင်ကို စတင်၍ သန့်စင်နေတော့သည်။

…

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ ကုန်ဆုံးသွားခဲ့သည်။

ယနေ့၌

“ ဘုမ်းး “

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုသည် ဟင်းလင်းပြင် အလွှာတစ်သောင်း တည်ရှိရာနေရာမှ ကောင်းကင်ထက်သို့ ထောင်တက်သွားခဲ့သည်။

သို့သော် အဆိုပါ စွမ်းအင်လှိုင်းမှာ ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ ရုတ်တရက် ဖွင့်ဟလာခဲ့သည်။

“ အောင်မြင်ပြီ “

ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှိန်အဝါတွင် မည်သည့်စွမ်းအင်လှိုင်းမှ ရှိမနေခဲ့ပေ။

အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦးဦးကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက၊ သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက ကျင့်ကြံရေး မရှိသည့် သာမန်လူတစ်ယောက်ဟုသာ သတ်မှတ်လိုက်မည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်သည် အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့ပြီး၊ မည်သည့်စိတ်ခံစားချက်မှ ရှိမနေခဲ့ပေ။

၎င်းမှာ ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရား ဖြစ်သည်။

“ မူလအခြေအနေကို ပြန်သွားရောက်သွားတာလား “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ချိုသာစွာ ပြောဆိုလာခဲ့သည်၊ အကယ်၍ အန္တိမ ပညာရှင်တစ်ဦးက သူ၏အရှေ့တွင် ရှိနေမည်ဆိုပါက၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကပင် ကြယ်တာရာ T-Rex နတ်ဘုရားက သေမျိုးတစ်ဦးဟုသာ ထင်မှတ်သွားမည် ဖြစ်သည်။

သို့သော် အမှန်တိုင်းပြောရမည်ဆိုပါက သူ၏ ဆံပင်မွှေးတစ်ခုကပင် အန္တိမ ပညာရှင်ကို ချေမှုန်းနေနိုင်ပြီ ဖြစ်သည်။

“ ဒီနေ့ကစပြီးတော့ ငါက ကောင်းကင်ဘုံ တာအိုဖြစ်သွားပြီးတော့၊ ကောင်းကင်ဘုံ တာအိုကလည်း ငါဖြစ်သွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ချိုသာစွာ ရေရွတ်ပြောဆိုလာခဲ့ပြန်သည်။

သို့သော် ဤတစ်ကြိမ်၌ သူ၏စကားလုံးများသည် ငယ်ရွယ်သော ကောင်းကင်ဘုံ တာအိုကို သန့်စင်နိုင်ခဲ့သည့် အချိန်နှင့် လုံးဝကွဲပြားသော အလေးချိန်ကို သယ်ဆောင်ထားခဲ့သည်။

သူ၏ စကားပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်

ဝရုန်းးးး

စကြာဝဠာအနှံ့တွင် ရှိနေသည့် များပြားလွန်းလှသော တာအို နိယာမများမှာ ဤနေရာဆီသို့ စုပြုံရောက်ရှိလာကြသည်။

သူနားလည်ထားသည့် ဖန်တီးခြင်း၊ ဖျက်ဆီးခြင်း၊ အသက်နှင့် မရဏ နိယာများဖြစ်စေ၊ သူနားလည်မသေးသော နိယာမများပင် ဖြစ်စေ၊ နိယာမ အားလုံးမှာ သူ့ဆီသို့ တိုးဝှေ့ရောက်ရှိလာကြသည်။

ထို့နောက်တွင် သူသည် ၎င်းတို့က သူ့အရှေ့တွင် ရိုသေလေးစားစွာဖြင့် ဒူးထောက်လာကြသည်ကို မြင်တွေ့လိုက်ရသည်။

အမျိုးမျိုးသော နိယာမများက ရိုသေလေးစားစွာ ဦးညွတ်ခြင်း ……

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားမှာ စကြာဝဠာ တစ်ခုလုံး၏ စိတ်ဆန္ဒကို ကိုယ်စားပြုနေလျက်ရှိပြီး၊ သူသည် အရာအားလုံး၏ အထက်တွင် တည်ရှိနေသည့် အန္တိမ တည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် အကယ်၍ သူကသာ အန္တိမတာအိုတစ်ခုကို ဖျက်စီးချင်သည်ဆိုပါက၊ စကားတစ်ခွန်းသာ ပြောလိုက်ရမည် ဖြစ်သည်။ လက်ချောင်းလေးပင် မြှောက်စရာမလိုဘဲ၊ အဆိုပါ အန္တိမ တာအိုမှာ ကိုယ်တိုင်ဖောက်ခွဲဖျက်စီးသွားမည် ဖြစ်သည်။

“ ဆိုတော့ ဒီနိယာမတွေမှာလည်း အသိစိတ်ရှိတာပေါ့ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို ခံစားမိသွားကာ၊ အသာအယာ ပြုံးနေတော့သည်။

ယခင်က သူသည် ၎င်းကို နားလည်ရန်အတွက် အလွန်တရာ အဆင့်နိမ့်နေခဲ့သည်။

သို့သော် ယခုတွင်ကား သူသည် သူ့ရှေ့တွင် ဒူးထောက်နေကြသည့် ကောင်းကင်နှင့် ကမ္ဘာမြေတာအိုအားလုံးက အသိစိတ်များ ပိုင်ဆိုင်ထားသည်ဆိုသည်ကို မြင်တွေ့နေခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ အဆိုပါ တာအိုများကလည်း သူတစ်ဦးတည်းကိုသာလျှင် ဆရာသခင်အဖြစ် အသိအမှတ်ပြုကြသည်။

“ ဆိုတော့ ကျော်ဖြတ်ခြင်းဆိုတာက ဒီဟာလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးများ မှိတ်လိုက်ကာ၊ ကျော်ဖြတ်ခြင်း၏ လက္ခဏာရပ်များကို ခံစားကြည့်နေတော့သည်။

ယခုတွင် သူသည် အန္တိမနယ်ပယ်၏ အထက်သို့ အပြည့်အဝ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

တွေးလိုက်ရုံဖြင့်ပင်၊ စကြာဝဠာ တစ်ခုလုံးက သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည် ဖြစ်သည်။

သေဆုံးသွားသူများကို ပြန်လည်ရှင်သန်စေခြင်းကပင် သူ၏အတွေးတစ်ခုအတွင်းတွင်သာ တည်ရှိနေခဲ့သည်။

“ ဆရာ ……. “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားပြီးတော့၊ ရှည်လျားသော အချိန်မြစ် ပေါ်ထွက်လာခဲ့သည်၊ သူသည် လျူချင်းယွမ်၏ စွမ်းအင်အမှုန်များကို လိုက်လံရှာဖွေနေတော့သည်။

တစ်ခဏအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ရလဒ်တစ်ခုကို ရရှိလာခဲ့သည်။

သို့သော် နောက်ဆက်တွဲဖြစ်ရပ်သည် သူ့ကို အနည်းငယ် မှင်သက်သွားစေခဲ့သည်။

…………………………………………………………………………………………………………………………………..

အပိုင်း ( 728 )

အမှောင်နယ်‌မြေ စစ်ဆင်ရေး

“ ဆရာ့ကို အသက်ပြန်သွင်းဖို့အတွက်၊ ကြောင်းကျိုးဆက်စပ်မှုတစ်ချို့ကို ဖြတ်တောက်ပစ်ရမှာလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို သတိပြုမိသွားကာ၊ တစ်ခဏခန့် အံ့အားသင့်သွားခဲ့သည်။

သူ၏ ယခုလက်ရှိ လုပ်နိုင်စွမ်းနှင့်သာဆိုပါက၊ အကျယ်ပြန့်ဆုံးသော ကြောင်းကျိုးဆက်စပ်မှုများကိုပင် ချက်ချင်းဖြတ်တောက်နိုင်ပေသည်။

ယခုတွင် သူသည် လမ်းကြောင်းများစွာထပ် ကျော်လွန်နေပြီဖြစ်သည်၊ ကြောင်းကျိုးဆက်စပ်မှု တာအိုကို သူနားမလည်သော်လည်း၊ တစ်ချက်မျှ တွေးလိုက်ရုံဖြင့် များပြားလွန်းလှသော ကြောင်းကျိုးဆက်စပ်မှု ကွင်းဆက်များကို သိမြင်နားလည်သွားနိုင်ပေသည်။

၎င်းက ဤစကြဝဠာ အတွင်းတွင် ရှိနေသရွေ့၊ ကောင်းကင်ဘုံ တာအို ပါဝင်ပတ်သက်နေသည့် ဆက်နွယ်မှုများကိုပင် အလွယ်တကူ ဖြတ်တောက်နိုင်ပေသည်။

သို့သော် ဂရုတစိုက် လေ့လာကြည့်ရှုခဲ့ပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ အဖြေရှာတွေ့သွားခဲ့သည်။

လျူချင်းယွမ် ပါဝင်ပတ်သက်နေသည့် ဆက်နွယ်မှုများမှာ ဤစကြာဝဠာ အတွင်းတွင် ရှိမနေခဲ့ပေ။

၎င်းတို့မှာ အမှောင်နယ်မြေတွင် ရှိနေခဲ့လေသည်။

“ အမှောင်နယ်မြေရဲ့ အန္တိမ ပညာရှင်လား “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ သူသည် စက္ကန့်ပိုင်းအတွင်းမှာပင် ဤကိစ္စကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာတွေ့သွားခဲ့သည်။

လျူချင်းယွမ်ကို အသက်ပြန်သွင်းရန်အတွက်၊ လျူချင်းယွမ်ကို သတ်ဖြတ်ခဲ့သည့် အမှောင်နယ်မြေ၏ အန္တိမ ပညာရှင်ကို သတ်ဖြတ်ရမည် ဖြစ်သည်။

အဆိုပါ အမှောင်နယ်မြေ ပညာရှင်က ဤစကြာဝဠာအတွင်းတွင် မရှိသောကြောင့်၊ သူပါဝင်ပတ်သက်နေသည့် ကိစ္စများမှာ အလွန်တရာ ရှုပ်ထွေးနေခဲ့သည်။

ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရား၏ စွမ်းအားကြောင့် လျူချင်းယွမ်ကို အတင်းအကြပ် အသက်ပြန်သွင်းရန်မှာလည်း မဖြစ်နိုင်သော ကိစ္စမဟုတ်ပေ။

သို့ရာတွင် ထိုကဲ့သို့ပြုလုပ်လိုက်မည်ဆိုပါက၊ ကြိုတင်မှန်းဆ၍ မရသော နောက်ဆက်တြွ အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။

မူလနယ်မြေအပေါ်တွင် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။

“ အဲ့လိုဆိုမှတော့ အမှောင်နယ်မြေဆီကို ခရီးထွက်သင့်တာပဲ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ အေးစက်သွားခဲ့သည်။

အမှောင်နယ်မြေနှင့် စာရင်းရှင်းရန် အချိန်ကျလာခဲ့ပြီ ဖြစ်သည်။

ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ သူသည် ဟင်းလင်းပြင် အလွှာတစ်သောင်း တည်ရှိရာ နေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး၊ အပြင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

…

အပြင်ကမ္ဘာတွင်

တိကျွမ်း၊ လူငယ်မျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များသည် မူလနယ်မြေအတွင်းရှိ အမှောင်နယ်မြေလမ်းကြောင်း၏ ဝင်ပေါက်တည်ရှိရာ နေရာတွင် စခန်းချနေလျက်ရှိသည်။

သူတို့သည် ကြယ်တာရာ T-Rex နတ်ဘုရား၏ အစောပိုင်း အမိန့်များကို လိုက်နာ၍ အမှောင်နယ်မြေ၏ ပညာရှင်များက မူလနယ်မြေအား ထပ်မံ၍ တိုက်ခိုက်လာမည်ကို ကာကွယ်ရန်အတွက် ဤနေရာကို စောင့်ကြပ်နေကြသည်။

“ ဆရာ တံခါးပိတ်ကျင့်ကြံတာကနေ ပြန်ထွက်လာဖို့အတွက် ဘယ်လောက်ကြာဦးမလဲ မသိဘူး “

လူငယ်မျက်နှာ အကြီးအကဲသည် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်ပြောဆိုနေခဲ့သည် “ တကယ်လို့ အမှောင်နယ်မြေက နောက်ထပ် အန္တိမအဆင့် ပညာရှင်တစ်ယောက်ကို ထပ်လွှတ်လာမယ်ဆိုရင်၊ ငါတို့က တောင့်ခံနိုင်မှာ မဟုတ်ဘူး “

သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ကြီးစိုးနေခဲ့သည်။

ဝှစ်

ရုတ်တရက်ဆိုသလိုပင် လေပြေလေညင်းတစ်ခု တိုက်ခတ်လာခဲ့သည်။

အစပိုင်းတွင် သူသည် ၎င်းက သဘာတအတိုင်း ဖြစ်လာသည်ဟုသာ မှတ်ယူထားကာ ၎င်းကို လျစ်လျူရှုထားလိုက်သည်။

သို့သော် လျူမေ့နှင့် တစ်ခြားလူများ၏ အလွန်တရာ ရိုသေလေးစားနေသည့် အမူအရာများကို မြင်လိုက်ရသောအခါတွင် သူသည် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

သူသည် အလောတကြီး နောက်လှည့်ကြည့်လိုက်ရာ၊ ဤကမ္ဘာအတွင်းတွင် မြင့်မားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို မြင်တွေ့သွားခဲ့သည်။

၎င်းမှာ လူသားတစ်ဦးဖြစ်သည်။

ချောမောကာ ကျက်သရေရှိသည့် အသွင်အပြင်များဖြင့် ဖြောင့်တန်းသော ကိုယ်နေဟန်ထားကို ပိုင်ဆိုင်ထားခဲ့သည်။

သို့သော် ထိုလူသည် ကျင့်ကြံရေး မရှိသည့် သေမျိုးလူသားတစ်ဦးကဲ့သို့ မည်သည့်အရှိန်အဝါကိုမှ ထုတ်လွှတ်မနေခဲ့ပေ။

သို့ရာ၌ သူ့ကို မြင်လိုက်ရသည့် အချိန်တွင် လူငယ်မျက်နှာ အကြီးအကဲသည် ထိုလူက ကြယ်တာရာ T-Rex နတ်ဘုရားဆိုသည်ကို ချက်ချင်းမှတ်မိသွားခဲ့သည်။

သွေးအဆီအနှစ်ကို ပေးထားခဲ့သောကြောင့် သူသည် ဆက်နွယ်မှုတစ်ခုကို ခံစားနေခဲ့ရသည်။

“ ငါက ဆရာ့ရဲ့ တည်ရှိမှုကိုတောင် အာရုံမခံနိုင်ခဲ့ဘူး၊ အခု သူက ဘယ်လိုအဆင့်မျိုးကို ရောက်နေတာလဲဟ “

လူငယ်မျက်နှာ အကြီးအကဲ၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

စိတ်စွမ်းအားဖြင့် ထောက်လှမ်းကြည့်ရန် ကြိုးစားလိုက်သောအခါတွင် သူပို၍ အံ့အားသင့်သွားခဲ့ရသည်။

ရှုကျိုးရပ်နေသည့် နေရာတွင် မည်သည့်အရာမှ မရှိသည့်အလား ဗလာချည်းသက်သက်ဖြစ်နေသည်ဟု သူအာရုံခံမိသွားခဲ့သည်။

အကယ်၍ သွေးအဆီအနှစ်၏ ချိတ်ဆက်မှုကြောင့်သာ မဟုတ်ဘူးဆိုပါက၊ လူငယ်မျက်နှာ အကြီးအကဲသည် သူ၏ကိုယ်ပိုင် အာရုံခံနိုင်စွမ်းကိုပင် သံသယဖြစ်သွားမည် ဖြစ်သည်၊ ငါ့ရှေ့မှာ လူအရှင်လတ်လတ်ကြီး ရှိနေတာကိုတောင် သူ့ရဲ့ တည်ရှိမှုကို ထောက်လှမ်းလို့ မရဘူးပေါ့

တစ်ခြားလူများမှာလည်း ထိုအတိုင်းသာ ဖြစ်နေခဲ့ကြသည်။

တစ်ခြားသော အထွတ်အထိပ် ပညာရှင်များမှာလည်း ထပ်တူထပ်မျှ အံ့ဩသွားကြသည်။

“ ဆရာ့ရဲ့ စွမ်းအားက အဲ့အဆင့်ကို ရောက်သွားတာများလား “

လျူမေ့သည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေရင်းဖြင့်၊ မျက်လုံးများ တောက်ပသွားခဲ့သည်။

မလှမ်းမကမ်းရှိ တိကျွမ်းမှာလည်း စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်၊ သူသည် ရှုကျိုးနှင့် ကြယ်တာရာ T-Rex နတ်ဘုရားက တစ်ယောက်တည်းဖြစ်သည်ဆိုသည်ကို ယခုတွင် အပြည့်အဝ သေချာသိရှိသွားခဲ့ပြီ ဖြစ်သည်။

သူသည် ရှုကျိုးက နဝမအဆင့်အောက်မှ ယခုလက်ရှိ အဆင့်အထိ ရောက်ရှိလာသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

“ သူ့ရဲ့ ပြန်လည်မွေးဖွားခြင်း ဖြစ်စဥ်က အဲ့အဆင့်ကို ရောက်သွားစေခဲ့တာလား “

တိကျွမ်းသည် မနာလို အားကျဖြစ်နေသော အမူအရာဖြင့် ရှုကျိုးကို ကြည့်နေတော့သည်။

ထိုစဥ်

လေထဲတွင် ရှိနေသည့် ရှုကျိုးသည် သူက ဝိညာဥ်တစ်ခုနှင့် ခန္ဓာနှစ်ခု ပိုင်ဆိုင်ထားသည်ဆိုသည်ကို လူတိုင်းကို အသိပေးလိုက်သည်။

ခွန်အားက အမြင့်တစ်နေရာသို့ ရောက်ရှိသွားသည့် အချိန်တွင်၊ လျှို့ဝှက်ချက်များကို ‌ဖော်ထုတ်လိုက်ခြင်းမှာ မည်သည့်အရာကိုမှ ပြောင်းလဲသွားစေမည် ဖြစ်သည်။

၎င်းသည် စွမ်းအားမှ ယူဆောင်ပေးလာသော ယုံကြည်မှု ဖြစ်သည်။

“ အခုဆိုရင် ငါ့ရဲ့ လူသားခန္ဓာကိုယ်ကလည်း အန္တိမအဆင့်ကို ကျော်လွန်သွားပြီ “

“ ဒါပင်မဲ့ ကိုယ်ပွားနဲ့ ငါ့ကြားမှာတော့ ကွာဟချက်လေးတွေ ရှိနေတုန်းပဲ “

ရှုကျိုးသည် ထိုအတွေးနှင့်အတူ သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။

အမြင့်ပိုင်း အဆင့်များသို့ ရောက်လာခဲ့သည့် အချိန်မှစ၍၊ သူ၏မူလကိုယ်မှာ ကိုယ်ပွား၏ တိုးတက်မှု အမြန်နှုန်းကို မည်သို့မျှ အမှီမလိုက်ခဲ့ပေ။

ဒြပ်စင်ပေါင်းစည်းခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သော်လည်း ရလဒ်မှာ မပြောင်းလဲသွားခဲ့ပေ။

သို့သော် ၎င်းမှာ လူသားခန္ဓာကိုယ်၏ အမှားမဟုတ်ပေ။

လူသားခန္ဓာကိုယ်က အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် တဟုန်ထိုး တိုးတက်လာခဲ့သည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

သူသည် နှစ်နှစ်အတွင်းမှာပင် အဆင့်မရှိသော အခြေအနေမှ အန္တိမအဆင့်အထိ ရောက်ရှိလာခဲ့သည်။

၎င်းကို မည်သူက ယုံကြည်နိုင်လိမ့်မည်နည်း

၎င်းမှာ သူ၏ကိုယ်ပွားက လျင်မြန်စွာ တိုးတက်သွားသောကြောင့် ဖြစ်သည်၊ အထူးသဖြင့် ပြန်လည်မွေးဖွားခြင်းကို ခံယူခဲ့ရပြီးသည့်နောက်တွင် ဖြစ်ပြီး၊ အဆင့်ကြီးတစ်ဆင့် ခုန်ကျော်သွားကာ ကျော်ဖြတ်ခြင်းကို ပြုလုပ်နိုင်လုနီးပါးအထိ ဖြစ်သွားခဲ့သည်။

ရှုကျိုးသည် ဤနေရာတွင် ရှိနေသည့် လူတိုင်းကို ကြည့်ကာ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ အမှောင်နယ်မြေဆီကို ငါနဲ့အတူ စစ်သွားတိုက်ဖို့ ပြင်ထားကြ “

…….

အဆိုပါ စကားသည် ကမ္ဘာတစ်ခုလုံးကို ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။

တိကျွမ်းဖြစ်စေ၊ လူငယ်မျက်နှာ အကြီးအကဲပင်ဖြစ်စေ၊ လျူမေ့ဖြစ်စေ၊ တစ်ခြားသော ပညာရှင်များဖြစ်စေ၊ အားလုံး အံ့ဩမှင်သက်သွားကာ ရှုကျိုးကို စိုက်ကြည့်လာကြသည်။

ရှုကျိုးက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အမှောင်နယ်မြေဆီသို့သွားကာ စစ်တိုက်လိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

လူတိုင်း ကျောချမ်းသွားကြသည်။

လူငယ်မျက်နှာ အကြီးအကဲသည် အံကြိတ်၍ စကားစပြောလာခဲ့သည် “ ဆရာ၊ …. ကျွန်တော်တို့တွေပဲ အမှောင်နယ်မြေနဲ့ စစ်တိုက်ကြမှာလား “

အကယ်၍ ရှုကျိုးက အဆင့်တက်သွားမည်ဆိုလျှင်တောင်မှ အန္တိမနယ်ပယ်သို့ ရောက်ခါစသာ ရှိနေဦးမည် ဖြစ်သည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 729 )

အမှောင်နယ်‌မြေ စစ်ဆင်ရေး ၂

သို့သော် အမှောင်နယ်မြေတွင်မူ ဧကရာဇ် မိသားစုသုံးခု ရှိနေသောကြောင့်၊ အနည်းဆုံးအနေဖြင့် အန္တိမ ပညာရှင်သုံးဦးအထိ ပိုင်ဆိုင်ထားမည် ဖြစ်သည်။

၎င်းက မှန်းဆတွက်ချက်မှုတစ်ခုမျှသာဖြစ်ပြီး၊ အစစ်အမှန် အရေအတွက်မှာ ၎င်းထပ်ပိုနေနိုင်ပေသည်။

တိကျွမ်းကပင် မအောင့်ထားနိုင်တော့ဘဲ စကားဝင်ပြောလာခဲ့သည် “ ငါတို့တွေပဲဆိုရင်၊ အမှောင်နယ်မြေနဲ့ မယှဥ်နိုင်မှာကို ငါကြောက်မိတယ် “

ရှုကျိုးသည် ဖြေရှင်းချက်(သို့) တုံ့ပြန်မှု မည်သည့်အရာကိုမှ ပြန်မလုပ်ခဲ့ပေ။

ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်းခဲ့ပြီးသည့်နောက်တွင်၊ သူ၏စိတ်နေစိတ်ထားက ပိုမိုအေးစက်လာခဲ့ပြီး၊ သူ၏ စိတ်ခံစားချက်များကို နှိုးဆွပေးနိုင်သည့် အရာဆိုသည်မှာ မရှိသလောက်နီးပါး ရှားပါးနေခဲ့သည်။

ထို့ကြောင့် သူသည် မည်သည့်ဖြေရှင်းချက်ကိုမှ မပေးခဲ့ပေ။

ထိုစကားမှာ အမိန့်တစ်ခုသာလျှင် ဖြစ်နေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ထုန်ရင်၊ လျူမေ့နှင့် တစ်ခြားလူများမှာ သူတို့၏ နှုတ်ခမ်းများကို ကိုက်ကာ၊ စစ်ပွဲအတွက် စတင်၍ ပြင်ဆင်နေကြတော့သည်။

တိကျွမ်းမှာလည်း ၎င်းကို မြင်တွေ့သွားကာ၊ သက်ပြင်းတချချ ဖြစ်သွားတော့သည် “ မေ့လိုက်တော့၊ သူ့ရဲ့လက်စားချေချင်စိတ်က နားလည်ပေးလို့ရပါတယ် “

သူသည် ရှုကျိုးက အမှောင်နယ်မြေမှ ပညာရှင်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသည့်အတွက်၊ ပြန်လည်လက်စားချေချင်နေသည်ဟုသာ ထင်နေခဲ့သည်။

“ ဒါပင်မဲ့ ဒီတစ်ကြိမ်မှာတော့ ရလဒ်တွေ မတူလောက်တော့ပါဘူး “

တိကျွမ်းသည် အရှေ့တွင် ရှိနေသည့် လမ်းကြောင်းကို ကြည့်နေရင်းဖြင့် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

၎င်းမှာ အမှောင်နယ်မြေဖြစ်သည်၊ အစွမ်းထက် ပညာရှင်များစွာ ပါဝင်နေပြီး၊ အန္တိမအဆင့် ပညာရှင်များပင် ကင်းမဲ့မနေခဲ့ပေ။

တိကျွမ်းက တိတ်တဆိတ် စိုးရိမ်ပူပန်နေစဥ် အချိန်တွင်

ရှုကျိုးမှာ အသာအယာ ပြုံး၍ သူ့ကို ကြည့်လာခဲ့သည် “ သူငယ်ချင်း၊ မင်းက မူလနယ်မြေကို စောင့်ကြပ်ဖို့ ကျန်နေခဲ့ရမှာ “

တိကျွမ်း၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။

ယခင်က ရှုကျိုးသည် သူ့ကို မည်သို့မျှ မကြည့်လာခဲ့ပေ။

သို့သော် ယခု စကားပြောလာခဲ့သည့် အချိန်တွင်၊ ၎င်းသည် တာအိုစည်းချက်က သူ၏နားများအတွင်းတွင် ဟိန်းဟောက်နေသည့်အလား ဖြစ်နေခဲ့သည်။

ကြီးကျယ် ခမ်းနားသော အရှိန်အဝါတစ်ခုသည် သူ့စိတ်နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာတွင် ဒူးထောက်ခစားလိုစိတ်များကို ဖြစ်ပေါ်လာစေခဲ့သည်။

“ ဘာကြီး …….. အဲ့တာက ဘယ်လိုစွမ်းအားမျိုးလဲ “ တိကျွမ်းသည် အလွန်တရာ အံ့ဩတုန်လှုပ်သွားခဲ့သည်။

ထိုအချိန်တွင် ရှုကျိုးမှာလည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

ယခင်က တစ်ခြားလူများကို စကားပြောခဲ့သည့် အချိန်တွင် မည်သည့်စိတ်ခံစားချက်မှ မရှိသောကြောင့် မည်သည့်အရှိန်အဝါမှ မပါသွားခဲ့ပေ။

သို့သော် တိကျွမ်းကမူ လုံးဝကွဲပြားနေခဲ့သည်၊ သူသည် တိကျွမ်းကို မိတ်ဆွေတစ်ဦးအဖြစ် သတ်မှတ်ထားခဲ့သောကြောင့်၊ သူ့ကို စကားပြောသည့် အချိန်တွင် စိတ်ခံစားချက်တစ်ချို့ ပါဝင်သွားခဲ့သည်။

သာမန်လူတစ်ဦးကသာ ထိုကဲ့သို့သော စိတ်ခံစားချက်ကို ပြသမည်ဆိုပါက၊ မည်သည့်အရာမှ ဖြစ်သွားလိမ့်မည် မဟုတ်ပေ။

သို့သော် သူဖြစ်နေမည်ဆိုပါက အရာအားလုံး ကွဲပြားသွားပြီ ဖြစ်သည်။

ကောင်းကင်ဘုံ တာအိုက စိတ်ခံစားချက်များကြောင့် လှုပ်ရှားသွားမည်ဆိုသည်ကို တွေးကြည့်ပါလေ၊

ကပ်ဘေးကြီးများ

ကောင်းကင်ဘုံ တာအိုကို မဆိုထားနှင့်၊ ကြယ်တစ်လုံးက နှာချေလိုက်မည်ဆိုလျှင်တောင်မှ၊ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းမုန်တိုင်းများကို ဖြစ်ပေါ်သွားစေနိုင်ပြီး၊ ၎င်းက ကြယ်အဖွဲ့အစည်း တစ်ခုလုံးအထိပင် သက်ရောက်သွားစေနိုင်ပေသည်။

ကောင်းကင်ဘုံ တာအိုမှာ ဤစကြာဝဠာ၏ အမြင့်ဆုံး ဆန္ဒကို ကိုယ်စားပြုနေသည့်အတွက်၊ ၎င်း၏ လှုပ်ရှားမှုတိုင်းက ကြောက်မက်ဖွယ်ရာ အကျိုးဆက်များကို ဖြစ်ပေါ်သွားစေနိုင်သည်။

ဤအချိန်တွင် ရှုကျိုးမှ သူ၏ စိတ်ခံစားချက်များကို ပြန်လည်ရုတ်သိမ်းလိုက်ရာ၊ သူသည် ယခင်ကကဲ့သို့ အေးစက်စက် ဖြစ်သွားခဲ့သည်။

တိကျွမ်းမှာလည်း ထိုအချိန်မှသာလျှင် အသက်ရှူချောင်သွားခဲ့သည်။

ထို့နောက်၌ အံ့ဩတုန်လှုပ်နေသော အမူအရာဖြင့် ရှုကျိုးကို ပြန်ကြည့်ကာ၊ လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည် “ နောင်အနာဂတ်မှာ မင်းကို စီနီယာလို့ ခေါ်သင့်နေပြီထင်တယ် “

အကယ်၍ ကြယ်ပြာဂြိုဟ်၏ တစ်ခြားသော ပညာရှင်များကသာ ဤသတင်းကို ကြားသွားမည်ဆိုပါက၊ လွန်စွာအံ့ဩတုန်လှုပ်သွားကြမည် ဖြစ်သည်။

နှစ်ပေါင်းရာနှင့်ချီ၍ ရှင်သန်နေထိုင်ခဲ့သော တိကျွမ်းက အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် ရှုကျိုးကို စီနီယာဟု ခေါ်ဆိုခြင်း ………

သို့သော် တိကျွမ်းထံတွင် တစ်ခြားသော ရွေးချယ်စရာ မရှိခဲ့ပေ။

ယခု သူ၏အမြင်တွင် ရှုကျိုးမှာ နှစ်ပေါင်းသောင်းနှင့်ချီ၍ ရှင်သန်နေထိုင်ခဲ့သော ထိုစီနီယာများနှင့် တစ်တန်းတည်း ရှိနေခဲ့ပြီ ဖြစ်သည်။

အထူးသဖြင့် ရှုကျိုး၏ မျက်လုံးများထဲတွင် ရှိနေသည့် မထီမဲ့မြင်ပြုမှုနှင့် အေးစက်မှုကို မြင်လိုက်ရသောအချိန်တွင် ဖြစ်ပြီး၊ သူသည် ရှုကျိုးက တစ်ခြားလူတစ်ဦးဖြစ်သည်ဟုပင် ထင်သွားလုမတတ် ဖြစ်သွားစေခဲ့သည်။

ပို၍ အရေးကြီးသောအရာမှာ ရှုကျိုး မတော်တဆ ဖော်ထုတ်ခဲ့သည့် အရှိန်အဝါမှာ သူ့အား ဒူးထောက်ခစားလိုစိတ်များ ဖြစ်ပေါ်သွားစေခြင်း ဖြစ်သည်။

၎င်းမှာ သူက ကောင်းကင်ဘုံ တာအိုကို မြင်တွေ့နေရသည့်အလား ဖြစ်နေခဲ့သည်။

အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် သဘောတူခြင်း(သို့)ငြင်းပယ်ခြင်းတို့ မပြုလုပ်ဘဲ၊ သူ၏ဦးခေါင်းကိုသာ အသာအယာ ခါရမ်းနေတော့သည်။

ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစပ်လိုက်သည့် အချိန်ကတည်းက တိကျွမ်းနှင့် မိတ်ဆွေမဖြစ်နိုင်တော့ဘူး ဆိုသည်ကို သူကောင်းစွာ နားလည်နေခဲ့သည်။

အကယ်၍ သူက ထိုကဲ့သို့ အလိုရှိသည်ဆိုလျှင်တောင်မှ၊ တိကျွမ်းက ကြောက်ရွံ့မှုကို အလိုအလျောက်ခံစားနေရမည် ဖြစ်သည်။

ယခုတွင် သူတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားကျယ်ပြန့်နေပြီ ဖြစ်သည်။

အကယ်၍ ရှုကျိုးက သူ၏အဆင့်အတန်းကို နှိမ့်ချ၍ တိကျွမ်းကို သူငယ်ချင်းဟု ခေါ်လိုက်မည်ဆိုပါက၊ ၎င်းမှာ တာအိုကို ပြိုကွဲသွားစေနိုင်ပေသည်၊ တိကျွမ်း၏ ယခုလက်ရှိ ကျင့်ကြံရေးနှင့်ဆိုပါက၊ သူသည် အဆိုပါ ဝဋ်ကို မည်သို့မျှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ သန်မာသူတွေရဲ့ လမ်းကြောင်းက ….. တကယ်ကြီးကို အထီးကျန်ရတာပဲ “

ထိုအခိုက်အတန့်တွင် ရှုကျိုးမှာ တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

“ ဆရာ၊ ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ “

ထိုအချိန်တွင် ထုန်ရင်၊ လျူမေ့နှင့် တစ်ခြားလူများ ပျံသန်းရောက်ရှိလာခဲ့သည်။

သူတို့သည် သူတို့၏ တပည့်တပန်းများအတွက် အမျိုးမျိုးသော အရေးကိစ္စများကို စီစဥ်ချမှတ်ပေးခဲ့ကာ၊ စစ်ပွဲအတွက် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ တိကျွမ်းကို ထပ်ကြည့်လာခဲ့သည် “ မူလနယ်မြေကို မင်းလက်ထဲ လွှဲထားလိုက်မယ် “

တိကျွမ်းမှ ခေါင်းငြိမ့်ပြလာခဲ့သည်။

လျူမေ့နှင့် တစ်ခြားလူများမှာ မနာလိုအားကျ ဖြစ်သွားကြသည်။

အကယ်၍ သူတို့ကသာ နောက်တွင် နေခဲ့ရမည်ဆိုပါက၊ ဘာမဆို လုပ်ပေးကြမည် ဖြစ်သည်။

သို့သော် ယခု၌ သူတို့မှာ ရှုကျိုး၏ အမိန့်များကို နာခံရုံသာ ပြုလုပ်နိုင်ကြသည်။

ရှုကျိုးမှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ အန္တိမနယ်မြေ ပေါ်ထွက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၊ ထုန်ရင်၊ လျူမေ့နှင့် တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်တို့မှာ အန္တိမနယ်မြေအတွင်းသို့ ဝင်သွားကာ၊ အမှောင်နယ်မြေလမ်းကြောင်းဆီသို့ ဦးတည်သွားကြတော့သည်။

ဆွစ်ရှ်

အန္တိမနယ်မြေသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ၊ အမှောင်နယ်မြေလမ်းကြောင်းအတွင်းသို့ ဝင်သွားတော့သည်။

…

တစ်ခဏ အကြာ

အဆုံးမဲ့ အမှောင်ထုအတွင်းတွင်

အလင်းတန်းတစ်ခု ပေါက်ထွက်လာကာ၊ အန္တိမနယ်မြေ ပေါ်ထွက်လာခဲ့သည်။

“ ငါတို့ရောက်လာပြီ “

“ ဒါက အမှောင်နယ်မြေလား “

ထုန်ရင်၊ လျူမေ့နှင့် တစ်ခြားလူများသည် ပတ်ဝန်းကျင်ကို သတိတကြီး ကြည့်ရှုစစ်ဆေးနေကြတော့သည်။

သူတို့သည် မရင်းနှီးသော နယ်မြေသို့ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိလာကြခြင်း ဖြစ်သည်။

အန္တိမနယ်မြေ၏ ကမ္ဘာ့ဒိုင်းက သူတို့ကို ကာကွယ်ပေးထားသော်လည်း၊ သူတို့သည် အားကောင်းသော ငြင်းပယ်မှုကို ခံစားနေကြရသေးသည်။

၎င်းမှာ ဤကမ္ဘာ၏ တွန်းကန်မှုဖြစ်သည်။

“ အမှောင်နယ်မြေက ငါတို့ စကြာဝဠာရဲ့ အမှောင်ဘက်ခြမ်းလို့ ကောလဟာလတွေ ထွက်နေတယ်လေ “

“ အဲ့တာကြောင့် ဒီနေရာမှာ ရှိနေတဲ့ နိယာမ အကုန်လုံးက ငါတို့စကြာဝဠာရဲ့ နိယာမတွေကို ငြင်းပယ် တွန်းကန်နေတာပဲ “

ထုန်ရင်သည် တိတ်တဆိတ် ရေရွတ်ပြောဆိုနေတော့သည် “ ဒီနေရာမှာ ရှင်သန်ဖို့ဆိုတာက လုံးဝကို မဖြစ်နိုင်သလောက်နီးပါးပဲ၊ ဒါပင်မဲ့ အန္တိမနယ်မြေရဲ့ အကာကွယ်ကို ရထားတဲ့ ငါတို့ကတော့ ကံတော်တော်တော်ကောင်းတယ် “

“ ဒါပင်မဲ့ အဲ့လိုဖြစ်နေမယ်ဆိုရင်တောင်မှ အမှောင်နယ်မြေရဲ့ အဆင့်တူ ပညာရှင်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါတို့က အောက်စည်းကိုပဲ ရောက်သွားဖို့များတယ်၊ ဒါက သူတို့ရဲ့ ပိုင်နက်ပဲလေ “

သူ စိတ်မသက်မသာ ဖြစ်နေသည့် အချိန်တွင်

ရှုကျိုးသည် အားကောင်းကာ အဆုံးမဲ့သော စိတ်စွမ်းအားလှိုင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

ယခင်က ဤနေရာသို့ လာခဲ့သည့် အချိန်တွင် သူသည် အမှောင်နယ်မြေ၏ အန္တိမ ပညာရှင်က ၎င်းအား ထောက်လှမ်းမိသွားမည်ကို စိုးရိမ်သောကြောင့် သူ၏စိတ်စွမ်းအားကို ပေါ့ပေါ့ဆဆ မထုတ်လွှတ်ဝံ့ခဲ့ပေ။

သို့သော် ယခုတွင်ကား သူသည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သို့မျှ စိုးရိမ်ပူပန်မနေတော့ပေ။

“ ဗွီ “

သမုဒ္ဒရာကဲ့သို့ အားကောင်းသော စိတ်စွမ်းအားသည် အဆုံးမဲ့ မြေပြင်ကို ချက်ချင်းဖုံးလွှမ်းသွားခဲ့သည်။

ယခင်က ဤနေရာကို စူးစမ်းလေ့လာခဲ့သည့် အချိန်တွင် ရှုကျိုးသည် ဤနယ်မြေက အလွန်တရာ ကျယ်ဝန်းကာ အဆုံးမဲ့ပုံရသည်ကိုသာ မြင်တွေ့ခဲ့ရသည်။

အမှောင်နယ်မြေလမ်းကြောင်း ဝင်ပေါက်ရှိ ဤနေရာသည် မိုင်သန်းနှင့်ချီသော ဧရိယာအတွင်းတွင် မည်သည့်သက်ရှိသတ္တဝါမှ မရှိသည့် သီးခြားနယ်မြေတစ်ခုဖြစ်သည်။

ရှုကျိုး၏ စိတ်စွမ်းအားက မိုင်တစ်သန်းကျော်အထိ ရောက်ရှိသွားသောအခါတွင်၊ သူသည် အရှေ့ဘက်တွင်ရှိနေသည့် အစွမ်းထက် အရှိန်အဝါတစ်ခုက ကောင်းကင်ထက်သို့ ထောင်တက်လာသည်ကို အာရုံခံမိသွားခဲ့သည်။

“ ဘုမ်းးး “

အားကောင်းသော နတ်စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အမှောင်နယ်မြေတစ်ခုလုံး အနည်းငယ် လှုပ်ခါသွားခဲ့သည်။

ထိုစွမ်းအားကို အာရုံခံမိသွားသောအခါတွင် ထုန်ရင်၊ လျူမေ့နှင့် တစ်ခြားသော အန္တိမအဆင့် ပညာရှင်တို့၏ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူတို့သည် အထွတ်အထိပ်နယ်ပယ်မှ ပညာရှင်က ထိုကဲ့သို့သော စွမ်းအားမျိုး မထုတ်လွှတ်နိုင်ဘူးဆိုသည်ကို ကောင်းစွာ သိရှိနေခဲ့သည်။

“ အဲ့တာက အန္တိမ ပညာရှင်ပဲ “

“ ငါတို့က အဲ့ဒီလို ပညာရှင်မျိုးနဲ့ တန်းပြီးတော့ ရင်ဆိုင်နေရပြီလားဟ “

ထုန်ရင်နှင့် တစ်ခြားလူများမှာ စိတ်ကျဥ်းကြပ်သွားကြသည်။

သူတို့သည် ဤခရီးစဥ်တွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် မလွဲမသွေရင်ဆိုင်ရမည်ဆိုသည်ကို သိနေသော်လည်း၊ ဤမျှမြန်မြန်ဆန်ဆန် ဖြစ်ပျက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူတို့အားလုံးမှာ ရှုကျိုးကို တစ်ပြိုင်နက် ကြည့်ရှုလာကြသည်။

ထိုကဲ့သို့သော တည်ရှိမှုများနှင့်ရင်ဆိုင်ရသောအခါတွင် သူတို့မှာ ရှုကျိုးကိုသာ အားကိုးရမည် ဖြစ်သည်။

ရှုကျိုးမှာလည်း ထိုဘက်သို့ ငေးမောကြည့်ရှုနေလျက်ရှိသည်၊ သူ၏ အကြည့်များထဲတွင် ကြောင်အမ်းအမ်း ဖြစ်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ယခုလေးတင် ပေါ်ထွက်လာခဲ့သည့် အဆိုပါ စွမ်းအင်လှိုင်းကို သူလွန်စွာ ရင်းနှီးနေသောကြောင့် ဖြစ်သည်။

“ ဗွီ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အလင်းတန်းတစ်ခုမှာ အဆုံးမဲ့ အမှောင်ထုကမ္ဘာကို ထိုးဖောက်လာခဲ့သည်။

အန္တိမ ပညာရှင်သည် လျင်မြန်စွာ ချဥ်းကပ်လာနေခဲ့သည်။

ထိုကဲ့သို့သော တည်ရှိမှုများအတွက် မိုင်သန်းဂဏန်းဆိုသည့် အကွာအဝေးမှာ မျက်စိတစ်မှိတ်စာမျှသာ ကြာရှည်နေမည် ဖြစ်သည်။

ထို့နောက်တွင် ခမ်းနား ထည်ဝါသည့် ပုံရိပ်တစ်ခုမှာ အားလုံး၏ အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

သို့သော် ထိုပုံရိပ်ကို မြင်လိုက်ရသောအခါတွင် ထုန်ရင်၊ လျူမေ့နှင့် တစ်ခြားလူများ တစ်ပြိုင်နက် အံ့ဩတုန်လှုပ်သွားကြသည်။

“ လူ …….. လူသားဧကရာဇ်လား “

“ ရှေးခေတ် လူသားဧကရာဇ်လား “

သူတို့အားလုံးသည် ထိုပုံရိပ်ကို ကြည့်နေရင်းဖြင့် ကြောက်လန့်တကြား ဖြစ်သွားကြသည်။

အန္တိမ ပညာရှင်၏ အရှိန်အဝါကို ထုတ်လွှတ်နေသည့် မြင့်မားသော ပုံရိပ်မှာ ရှေးခေတ် လူသားဧကရာဇ် ဖြစ်နေခဲ့သည်။

ထုန်ရင်နှင့် လျူမေ့တို့မှာ ရှေးဟောင်းဂိုဏ်းများမှ ဆင်းသက်လာကြခြင်း ဖြစ်သောကြောင့်၊ သူတို့၏ ဂိုဏ်းများအတွင်းရှိ မှတ်တမ်းများတွင် မှတ်တမ်းတင်ထားသော ရှေးဟောင်းလူသားဧကရာဇ်၏ အသွင်အပြင်ကို သေချာပေါက် မြင်ဖူးကြသည်။

ထို့ကြောင့် သူတို့သည် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ထိုပုဂ္ဂိုလ်က ရှေးခေတ် ကြယ်ပြာဂြိုဟ်၏ အစွမ်းအထက်ဆုံး ပညာရှင်ဖြစ်ကြောင်းကို ချက်ချင်း မှတ်မိသွားကြသည်။

“ အဲ့တာက …. ရုပ်သေးလား “

“ ရှေးခေတ် လူသားဧကရာဇ်က ရုပ်သေးဖြစ်သွားတာလား “

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် ထုန်ရင်သည် တစ်စုံတစ်ခုကို နားလည်သွားပြီး၊ ပို၍ကြောက်ရွံ့ထိတ်လန့်သွားခဲ့သည်။

ရှေးခေတ် လူသားဧကရာဇ်က အမှောင်နယ်မြေ ပညာရှင်၏ ရုပ်သေးတစ်ခု ဖြစ်သွားခြင်း၊ ထိုကဲ့သို့သော ကိစ္စမျိုးသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကာ၊ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

All Chapters