← Chapters

အခန်း (၇၂၄-၇၂၆)

Vol. 49 Ch. 724-726

အခန်း (၇၂၄-၇၂၆)

Vol. 49 Ch. 724-726

အပိုင်း ( 724 )

ကောင်းကင်ဘုံ ကပ်ဘေးကို ရိုက်ချိုးခြင်း၊ ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်းခြင်း

ဆန်စေ့အရွယ်ရှိ သေးငယ်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

တစ်ချက်မျှ ငေးကြည့်လိုက်မည်ဆိုပါက မှိန်ဖျော့သော အဆိုပါ မီးခိုးရောင် အလင်းတန်းက သာမန်အလင်းတစ်ခုသာ ဖြစ်နေသည်ဟု ထင်ရမည် ဖြစ်သည်။

သို့သော် ၎င်းပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံးမှာ ရုတ်တရက် ရပ်တန့်သွားသည့်အလား ဖြစ်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ အထက်တွင် ရှိနေသည့် မိုးကြိုးတောင်၏ ဖိနှိပ်မှုကပင် အံ့ဖွယ်ကောင်းလောက်အောင် ရပ်တန့်သွားခဲ့သည်။

အဆိုပါ မြင်ကွင်းသည် အန္တိမနယ်ပယ်မှ ပညာရှင်ကိုပင် စကားမပြောနိုင်လောက်သည်အထိ အံ့ဩဆွံ့အသွားစေနိုင်ပေသည်။

မိုးကြိုးတောင်၏ ဖိနှိပ်မှုသည် ပဥ္စမမြောက် ကောင်းကင်ဘုံ ကပ်ဘေးကို ကိုယ်စားပြုပြီး၊ ယခင်တစ်ကြိမ် အဆပေါင်းများစွာ ပိုမိုအားကောင်းနေမည် ဖြစ်သည်။

ထိုကဲ့သို့သော ကပ်ဘေးမျိုးနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်ရမည်ဆိုပါက၊ အန္တိမအဆင့် ပညာရှင်ကပင် နေရာမှာပင် ပွဲချင်းပြီးသွားနိုင်ခြေရှိသည်။ သူသည် ကောင်းကင်ဘုံ၏ ဘုန်းတန်ခိုးကို မည်သို့မျှတောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ ကောင်းကင်ဘုံ ကပ်ဘေးသည် မီးခိုးရောင် အလင်းတန်းကြောင့် ရပ်တန့်သွားခဲ့ရသည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်

မီးခိုးရောင် အလင်းတန်းမှာ အနည်းငယ် လှုပ်ခါသွားခဲ့သည်။

“ ဗွီ “

ဖော်ပြ၍ မရသော စွမ်းအင်လှိုင်းတစ်ခု ချက်ချင်း ပေါက်ထွက်လာခဲ့သည်။

အဆိုပါ စွမ်းအင်လှိုင်းအောက်တွင် မိုးကြိုးတောင်တန်း၏ ဖိနှိပ်မှုမှာ စတင်၍ လှုပ်ခါလာခဲ့ပြီး၊ ပြိုကျသွားတော့မည့် လက္ခဏာရပ်များ ပြသလာခဲ့သည်။

“ နောက်ဆုံးတော့ သန့်စင်တာ အောင်မြင်သွားပြီပဲ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

ယခင်က သူသည် ကောင်းကင်ဘုံ ကပ်ဘေးများကို ဆက်တိုက် ခုခံနေရင်းဖြင့်၊ သူ၏ကိုယ်ပိုင် ကောင်းကင်ဘုံ တာအိုကိုပါ တစ်ပြိုင်နက် သန့်စင်နေခဲ့သည်။

အဆိုပါ ကောင်းကင်ဘုံ တာအိုမှာ အလွန်ငယ်ရွယ်ကာ၊ ဆန်စေ့တစ်စေ့အရွယ်မျှ သေးငယ်နေခဲ့သော်လည်း၊ သန့်စင်ခြင်း ဖြစ်စဥ်မှာ ခက်ခဲ၊ ကြာရှည်နေခဲ့သည်။

ကောင်းကင်ဘုံ ကပ်ဘေးများကို ဆက်တိုက်ခုခံနေခဲ့ရသောကြောင့် သန့်စင်ခြင်းဖြစ်စဥ်မှာ ပိုမိုကြာရှည်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်

နောက်ဆုံးသော အရေးကြီး အခိုက်အတန့်တွင် သန့်စင်ခြင်း အောင်မြင်သွားခဲ့သည်။

သန့်စင်မှု အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ခုခု ထူးဆန်းနေသည်ကို အာရုံခံမိသွားခဲ့သည်။

သူသည် သူ၏ စိတ်သဘောထားက ပိုမိုအေးစက်သွားပုံရခဲ့ပြီး၊ သက်ရှိများအပေါ်တွင် ထားရှိသည့် သူ၏စိတ်ခံစားချက်များက လျင်မြန်စွာ ပျောက်ကွယ်သွားသည်ဟု သတိပြုမိသွားခဲ့သည်။

လီရို့ရှီနှင့် သူ့မိဘများအကြားရှိ သူ၏ နှောင်ကြိုးမှာလည်း လျင်မြန်စွာ လျော့ပါးသွားခဲ့သည်။

ကောင်းကင်ဘုံ တာအိုက စိတ်ခံစားချက်မဲ့တယ်

အသစ်စက်စက် ကောင်းကင်ဘုံ တာအိုကပင် စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများ ကင်းမဲ့နေခဲ့သည်။

ငယ်ရွယ်သော ကောင်းကင်ဘုံ တာအိုကို သန့်စင်ခဲ့ပြီးသည့်နောက်တွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားမှာ ကောင်းကင်ဘုံ တာအို၏ စိတ်ဆန္ဒကို အမွေဆက်ခံရရှိခဲ့ပြီး၊ သူကိုယ်တိုင်ကပင် စိတ်ခံစားချက်နှင့် လိုအပ်ဆန္ဒများ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။

“ ဟမ့် “

၎င်းကို သတိပြုမိသွားသောအခါတွင် ချက်ချင်းနှာခေါင်းရှုံ့ကာ အဆိုပါ စိတ်ဆန္ဒကို ပြောင်းပြန်လှန်နေတော့သည်။

သူသည် ကောင်းကင်ဘုံ တာအိုကို သန့်စင်နေသူဖြစ်ပြီး၊ သန့်စင်ခံနေရသည့်လူ မဟုတ်ပေ။

အကယ်၍ သူကသာ ကောင်းကင်ဘုံ တာအိုကဲ့သို့ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများ ကင်းမဲ့သွားမည်ဆိုပါက၊ သူသည် သူအဖြစ်သာ ဆက်ရှိနေတော့မည် မဟုတ်ပေ။

( တစ်ခြားတစ်ယောက်လို လုံးဝပြောင်းလဲသွားတာမျိုးပါ )

စိတ်ပြောင်းလဲခြင်းအပြင်၊ သန့်စင်ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် အကြီးမားဆုံး အကျိုးအမြတ်မှာ သူ၏စွမ်းအား ပြောင်းလဲမှုပင် ဖြစ်သည်။

ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူက စကြာဝဠာကို ကိုင်ဆောင်ထားကာ၊ အရာအားလုံးကို အမိန့်ပေးနိုင်သည်ဟု ခံစားနေခဲ့ရသည်။

“ ဘုမ်းး “

ကောင်းကင်ထက်ရှိ မိုးကြိုးတောင်၏ ဖိနှိပ်မှုမှာ ထပ်မံ၍ ကျဆင်းလာခဲ့ပြန်သည်။

သို့ရာတွင် ဤတစ်ကြိမ်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်မှ ရှိမနေတော့ပေ။

“ ချိုးဖျက် “

သူ၏ လက်ချောင်းကို အသာအယာ လှုပ်ရမ်းကာ၊ စကားတစ်ခွန်းပြောလာခဲ့သည်။

ထိုစကားလုံးလေး တစ်လုံးသည် ကောင်းကင်နှင့် ကမ္ဘာမြေ၏ အမှန်တရားကို ကိုယ်စားပြုနေပုံရကာ၊ မူလနယ်မြေတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

“ ခရက် “

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် နှစ်ခြမ်းကွဲသွားသည့်အလား ဖြစ်နေသည့် ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခုမှာ မိုးကြိုးတောင်၏ အလယ်ဗဟိုတည့်တည့်တွင် ပေါ်ပေါက်လာခဲ့သည်။

“ ဖျက်စီး “

ကြယ်တာရာ T-Rex နတ်ဘုရားမှ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလာခဲ့သည်၊ သူ၏အသံသည် ကောင်းကင်ဘုံ၏ ဘုန်းတန်ခိုးကို သယ်ဆောင်ထားသည့်အလား တုန်ခါနေခဲ့သည်။

ထို့နောက်တွင် အန္တိမ ပညာရှင်ကိုပင် နှိမ်နင်းနိုင်စွမ်းရှိသည့် အဆိုပါ မိုးကြိုးတောင်မှာ နေရာမှာတင် ပြိုကွဲသွားခဲ့သည်။

ခမ်းနားထည်ဝါသော မည်သည့်လှုပ်ရှားမှုမှ မလိုအပ်ခဲ့သလို၊ အံ့ဖွယ်ကောင်းသော မည်သည့်သဘာဝဖြစ်စဥ်မှ မပေါ်ပေါက်လာခဲ့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ရိုးရှင်းသော စကားလုံးတစ်ခုနှင့်တင် ပဥ္စမမြောက် ကောင်းကင်ဘုံ ကပ်ဘေးမှာ အစအနပင် ရှာမရတော့ဘဲ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သူ၏ စကားလုံးမှာ နိယာမ စည်းမျဥ်းအလား ဖြစ်နေခဲ့သည်။

သူ၏ မျက်လုံးများအတွင်းတွင် တောက်ပသော နတ်အလင်းတန်းတစ်ခု ရှိနေခဲ့ပြီး၊ သူသည် သူ၏လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်ခဲလိုက်သည်။

“ အန္တိမနယ်ပယ်လား။ မဟုတ်ဘူး၊ ငါက အဲ့အဆင့်ကို ကျော်သွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်များကို ငေးကြည့်နေတော့သည်။

ထိုအချိန်၌ သူသည် သူ၏လက်ပေါ်တွင် ရှိနေသည့် မျဥ်းကြောင်းတစ်ခုချင်းစီတိုင်းနှင့် သူ၏ခန္ဓာကိုယ်က အားကောင်းသော တာအိုစည်းချက်များ ထုတ်လွှတ်နေသည်ကို ခံစားမိနေခဲ့သည်။

အကယ်၍ အထွတ်အထိပ် ပညာရှင်တစ်ဦးဦးကသာ ဤအနီးအနားတွင် ရှိနေမည်ဆိုပါက၊ နေရာမှာတင် ဉာဏ်အလင်းရသွားမည် ဖြစ်ပြီး၊ ကောင်းကင်ဘုံ တာအို၏ အသံကို ကြားသိသွားနိုင်ပေသည်။

“ ကောင်းကင်ဘုံ တာအိုက ငါပဲ၊ ငါက ကောင်းကင်ဘုံ တာအိုပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ တိုးညှင်းစွာ ရေရွတ်ပြောဆိုနေခဲ့သည်။

ယခုတွင် သူသည် ငယ်ရွယ်သော ကောင်းကင်ဘုံ တာအိုနှင့် တစ်သားတည်းဖြစ်သွားပြီဖြစ်ပြီး၊ ၎င်း၏ လုပ်နိုင်စွမ်းအားလုံးကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို အုပ်စိုးခြင်း၊ ပြန်လည်မွေးဖွားခြင်းကို ကျွမ်းကျင်ခြင်းနှင့် စကြာဝဠာများ ဖန်တီးခြင်း၊ ခေတ်ကာလများ စတင်ပေးခြင်း ……

အကယ်၍ အတိတ်က ကြယ်တာရာ T-Rex နတ်ဘုရားက အယောက်သောင်းနှင့်ချီ၍ ရှိနေမည်ဆိုလျှင်တောင်မှ၊ ယခုလက်ရှိသူ့ကို စိန်ခေါ်နိုင်လိမ့်မည် မဟုတ်ပေ။

“ ဘုမ်းးး “

ထိုအချိန်တွင် ကောင်းကင်ထက်ရှိ အဆုံးမဲ့ ကပ်ဘေးတိမ်တိုက်များမှာ မည်သို့မျှ မပျောက်ကွယ်သွားသေးပေ။

ထို့အပြင် ယခင်ကထပ် ပိုမိုအားကောင်းသည့် ဖိအားတစ်ခု ပေါ်ထွက်လာပုံရပြီး၊ ဆဌမမြောက် ကောင်းကင်ဘုံ ကပ်ဘေး ဆင်းသက်လာတော့မည့်အလား ဖြစ်နေခဲ့သည်။

ပဥ္စမမြောက် ကောင်းကင်ဘုံ ကပ်ဘေးကပင် အန္တိမနယ်ပယ်ကို သုတ်သင်ရန် လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။

ဆဌမမြောက် ကပ်ဘေးသာဆိုပါက ……….

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ အလွန်တရာ တည်ငြိမ်နေခဲ့ပြီး၊ ဒေါသများ မရှိသကဲ့သို့ မည်သည့်စိတ်ခံစားချက်မှ ဖြစ်ပေါ်မနေခဲ့ပေ။

ယခုတွင် သူသည် ယခင်ကထပ် ပိုမိုအေးစက်နေခဲ့ပြီ ဖြစ်သည်။

နက်ရှိုင်းသော ချိတ်ဆက်မှု/ပတ်သက်မှု မရှိဘူးဆိုပါက၊ မည်သည့်စိတ်ခံစားချက်ကမှ သူ့ကို လှုပ်ခတ်သွားစေလိမ့်မည် မဟုတ်ပေ။

၎င်းမှာ ဆိုးရွားသော အရာဟု တရားသေသတ်မှတ်လိုက်၍ မရပေ။

အနိမ့်ဆုံး အနေဖြင့် သူ၏တာအိုနှလုံးသားမှာ အလွန်တရာ ခိုင်မာနေပြီဖြစ်ပြီး၊ မည်သည့်အရာကမှ ၎င်းကို လှုပ်ခါသွားစေနိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ကောင်းကင်ထက်သို့ မော့ကြည့်ကာ၊ သူ၏လက်ချောင်းများကို လှုပ်ရမ်းလိုက်သည်။

“ ဗွီ ဗွီ ဗွီ “

ချက်ချင်းဆိုသလိုပင် ထောင်နှင့်ချီသော လမ်းကြောင်းများ ပေါ်ထွက်လာခဲ့သည်။

အဆိုပါ လမ်းကြောင်းတစ်ခုချင်းစီတိုင်းသည် ယခင်က တစ်ကြိမ်တစ်ခါမှ မပေါ်ထွက်လာခဲ့ဖူးဘဲ၊ ယခုမှသာလျှင် သူအသစ်ဖန်တီးလိုက်သည့် အရာများ ဖြစ်သည်။

အတွေးတစ်ခုတည်းဖြင့် လမ်းကြောင်းထောင်နှင့်ချီ၍ ဖန်တီးခြင်း၊ ၎င်းမှာ ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရား၏ လုပ်နိုင်စွမ်းဖြစ်ပြီး၊ ၎င်းမှာ သူ၏အကန့်အသတ်နှင့် အလွန်တရာ ဝေးကွာနေခဲ့သည်။

“ သွား “

ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ဝေ့ရမ်းရာ၊ အဆိုပါ လမ်းကြောင်းများမှာ ကောင်းကင်ထက်သို့ ချက်ချင်း မြင့်တက်သွားခဲ့သည်။

“ ပေါက်ကွဲစမ်း “

သူ၏ လက်သီးကို ဆုပ်ခဲလိုက်ရာ၊ ထောင်နှင့်ချီသော လမ်းကြောင်းတို့မှာ ချက်ချင်းပေါက်ကွဲသွားခဲ့သည်။

လမ်းကြောင်းတစ်ခု၏ ကိုယ်တိုင်ဖျက်စီးခြင်းမှာ မည်သည့် အယူအဆဖြစ်သနည်း

ဓာတ်ကြီးငါးပါး တာအို ပြိုကွဲသွားခြင်းကို စိတ်ကူးကြည့်ပါလေ၊ စကြာဝဠာ တစ်ခုလုံး၏ ဓာတ်ကြီးငါးပါး မတည်ရှိတော့ဘူးဆိုပါက၊ ဓာတ်ကြီးငါးပါးဖြင့် ဖွဲ့စည်းထားသည့် အရာအားလုံးမှာ ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။

၎င်းမှာ လမ်းကြောင်းတစ်ခု ပြိုကွဲသွားခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်သည်။

လမ်းကြောင်းတစ်ခု၏ ကိုယ်တိုင်ဖျက်စီးခြင်း၏ သက်ရောက်မှုကမူ ပို၍ကြီးမားနေခဲ့ပြီး၊ အန္တိမနယ်ပယ် ပညာရှင်၏ ကိုယ်တိုင်ဖောက်ခွဲခြင်းကြောင့် ပေါ်ထွက်လာမည့် စွမ်းအင်လှိုင်းထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းနေမည် ဖြစ်သည်။

wunzinnnosp

……………………………………………………………………………………………………………………………………………

အပိုင်း ( 725 )

ကောင်းကင်ဘုံ ကပ်ဘေးကို ရိုက်ချိုးခြင်း၊ ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်းခြင်း ၂

ယခု ကြယ်တာရာ T-Rex နတ်ဘုရား ဖန်တီးထားသည့် တာအိုက ဓာတ်ကြီးငါးပါး တာအိုနှင့် မယှဥ်နိုင်သော်လည်း၊ ထောင်နှင့်ချီသော တာအိုများ၏ တစ်ပြိုင်နက် ကိုယ်တိုင်ဖျက်စီးခြင်း၏ စွမ်းအားမှာ အလွန်ပင် အံ့ဖွယ်ကောင်းလွန်းနေမည် ဖြစ်သည်။

“ ဘုမ်းးး “

ချက်ချင်းဆိုသလိုပင် ကမ္ဘာတစ်ခုလုံး မည်းမှောင်သွားခဲ့သည်။

နေ၊ လနှင့် ကြယ်များမှာ သူတို့၏ ‌တောက်ပမှုများကို ဆုံးရှုံးသွားခဲ့ကြသည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်ကို အသာအယာ ဝေ့ရမ်းကာ၊ မူလနယ်မြေကို မထိခိုက်သွားစေဘဲ၊ အဆိုပါ စွမ်းအင်လှိုင်းကို အလွယ်တကူ ထိန်းချုပ်လိုက်သည်။

သို့သော် ကောင်းကင်ထက်ရှိ မြောက်များစွာသော ကပ်ဘေးတိမ်တိုက်များကမူ ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ ပေါက်ကွဲမှုကြောင့် လုံဝပြန့်ကျဲသွားခဲ့သည်။

၎င်းမှာ အတော်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်။

ကောင်းကင်ဘုံ တာအိုမှ ဖွဲ့စည်းထားသော ကပ်ဘေးတိမ်တိုက်များသည် ကောင်းကင်ဘုံ တာအို၏ ကိုယ်စားလှယ်ဖြစ်သည်။

ယခု၌ ၎င်းတို့အားလုံးမှာ ကြယ်တာရာ T-Rex နတ်ဘုရားကြောင့် ပေါက်ကွဲထွက်သွားခဲ့သည်။

ကပ်ဘေးတိမ်တိုက်များ မရှိတော့သောကြောင့်၊ ကောင်းကင်ဘုံ ကပ်ဘေးမှာလည်း ပျောက်ကွယ်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ လုပ်ရပ်က ကောင်းကင်ဘုံ ကပ်ဘေး၏ အရင်းအမြစ်ကို အမြစ်မှ ဆွဲလှန်လိုက်သည်ဟုပင် ပြောနိုင်ပေသည်။

“ ဝှစ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ယံသို့ ရုတ်တရက် ထောင်တက်သွားခဲ့သည်။

သူသည် ခြေတစ်လှမ်းလှမ်းကာ၊ အဆုံးမဲ့ ဟင်းလင်းပြင်အတွင်းသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။

ဟင်းလင်းပြင်ကိုလည်း အမျိုးအစားများစွာ ခွဲခြားထားခဲ့သည်။ ဟင်းလင်းပြင် စွမ်းအင်လှိုင်း လှုပ်ရှားမှု အားပျော့သော နေရာရှိပြီး၊ ၎င်းသည် ဟင်းလင်းပြင် ပို့ဆောင်ရေး ပြုလုပ်ရန်အတွက် သင့်တော်လှပေသည်။

သို့သော် ကမ္ဘာ့မူလ၊ တာအိုနိယာမ …စသည့်အရာများကမူ ဟင်းလင်းပြင်၏ ပိုမိုနက်ရှိုင်းသော အလွှာများတွင် ရှိနေခဲ့ပြီး၊ အန္တိမ အထွတ်အထိပ် ပညာရှင်များကပင် ထိုနေရာများဆီသို့ အလွယ်တကူ ခြေမချနိုင်ကြပေ။

ကောင်းကင်ဘုံ တာအိုကမူ ပိုမိုနက်ရှိုင်းသော ပုန်းကွယ်နေလျက်ရှိသည်။

အကယ်၍ အန္တိမနယ်ပယ်မှ ပညာရှင်တစ်ဦး သွားရောက်နိုင်သည့် ဟင်းလင်းပြင် အလွှာအရေအတွက်က တစ်ရာဖြစ်နေမည်ဆိုပါက၊ ကောင်းကင်ဘုံ တာအိုကမူ အနည်းဆုံးအနေဖြင့် အလွှာတစ်သောင်းအထက်တွင် တည်ရှိနေမည် ဖြစ်သည်။

ထိုနေရာအတွင်းသို့ ဝင်သွားမည်ဆိုပါက၊ အန္တိမ နယ်ပယ်မှ ပညာရှင်က ကျဆုံးသွားနိုင်ခြေရှိသည်။

သို့သော် ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ခြေတစ်လှမ်းလှမ်းကာ၊ ဟင်းလင်းပြင်၏ အလွှာများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး၊ ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။

“ ကောင်းကင်ဘုံ တာအို “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့သို့ ငေးကြည့်နေတော့သည်။

ယခုတွင် သူသည် ငယ်ရွယ်သော ကောင်းကင်ဘုံ တာအိုကို သန့်စင်ခဲ့ပြီးပြီ ဖြစ်သောကြောင့်၊ သူသည် အစစ်အမှန် စကြာဝဠာအတွင်းရှိ ကောင်းကင်ဘုံ တာအို၏ အရိပ်အငွေ့များကို အာရုံခံလာနိုင်ခဲ့သည်။

ထိုအချိန်၌ သူ့အရှေ့ရှိ အဆုံးမဲ့ ဟင်းလင်းပြင်တွင် အရောင်မဲ့ လေစီးကြောင်းတစ်ခု လိမ်ယှက်လည်ပတ်နေခဲ့သည်။

အကယ်၍ သာမန်လူတစ်ဦးသာ ဤနေရာသို့ ရောက်လာမည်ဆိုပါက၊ သူတို့သည် မည်သည့်အရာကိုမှ ရှာဖွေထောက်လှမ်းမိလိမ့်မည် မဟုတ်ပေ။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ အရှေ့ဘက်တွင် ရှိနေသည့် အဆိုပါ အရောင်မဲ့ လေစီးကြောင်းက ဤကမ္ဘာ၏ ကောင်းကင်ဘုံ တာအိုဆိုသည်ကို သိနေခဲ့သည်။

“ မင်းနဲ့ငါ တူညီတဲ့ အရင်းအမြစ်ဆီကနေ ရောက်လာကြတာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ အရောင်မဲ့ လေစီးကြောင်းကို ကြည့်နေတော့သည်။

အစစ်အမှန် ကောင်းကင်ဘုံ တာအိုကို မြင်တွေ့လိုက်ရပြီးသည့်နောက်တွင် သူသည် ဒေါသထွက်သွားရမည့်အစား၊ အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့သည်။

“ ငါနဲ့ပေါင်းစည်းလိုက်၊ ဒီနေ့ကစပြီးတော့ ငါတို့က တစ်ယောက်တည်း ဖြစ်သွားလိမ့်မယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို ဆန့်ထုတ်ကာ၊ ကောင်းကင်ဘုံ တာအိုကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။

ပေါင်းစည်းမည်ဟု ပြောဆိုနေသော်လည်း၊ သူသည် ၎င်းကို သန့်စင်ရန် ရည်ရွယ်ထားခဲ့သည်။

“ ဘုမ်းးး “

အလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး၊ များပြားလွန်းလှသော တာအိုများက သူ့ကို ဖုံးလွှမ်းလာခဲ့သည်၊ ၎င်းမှာ ကောင်းကင်ဘုံ တာအို၏ ခုခံမှုဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် မည်သို့မျှ မကြောက်လန့်သွားခဲ့ပေ၊ ယခုတွင် သူ၏လုပ်နိုင်စွမ်းမှာ အဆုံးမရှိ များပြားနေပြီ ဖြစ်သည်။

အတွေးတစ်ခုတည်းဖြင့် သူသည် ထောင်နှင့်ချီသော တာအိုများကို ဖန်တီးကာ သူ၏ပတ်ပတ်လည်တွင် နေရာချထားလိုက်သည်။

ယခင်က သူသန့်စင်ထားခဲ့သည့် ကောင်းကင်ဘုံ တာအိုက အသစ်မွေးဖွားလာခဲ့သည့် ကောင်းကင်ဘုံ တာအိုဖြစ်သော်လည်း၊ သူ့ကိုယ်သူ ထိန်းချုပ်သူအဖြစ် ဆောင်ရွက်ထားသောကြောင့် စွမ်းအားမှာ ကောင်းကင်ဘုံ တာအိုထပ်ပင် ပိုမိုအားကောင်းနေခဲ့သည်။

“ အကျဥ်းချ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လက်ချောင်းတစ်ချောင်းကို မြှောက်လာခဲ့သည်။

ထို့နောက်တွင် ထောင်တစ်ခု ပေါ်ထွက်လာခဲ့ကာ၊ အရောင်မဲ့ လေစီးကြောင်းကို ဖုံးလွှမ်းသွားခဲ့သည်။

သို့ရာတွင် ကောင်းကင်ဘုံ တာအိုမှာ အရာအားလုံးကို ဖြေရှင်းနိုင်စွမ်းရှိနေခဲ့သည်၊ အ‌ရောင်မဲ့ လေစီးကြောင်းသည် ဆက်လက်၍ ကြီးမားလာခဲ့ပြီး၊ အကျဥ်းထောင်ကို လျင်မြန်စွာ အရည်ပျော်သွားစေခဲ့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ဘုံ တာအိုကို လုပ်ချင်တိုင်း လုပ်ခွင့်မပေးခဲ့ပေ။

သူ၏လက်ထဲတွင် နတ်စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာခဲ့သည်။

နတ်စွမ်းအင်လှိုင်းတစ်ခုချင်းစီတိုင်းမှာ အန္တိမ ပညာရှင်ကို သတ်ဖြတ်နိုင်သည်အထိ လုံလုံလောက်လောက် အားကောင်းနေခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို သယ်ဆောင်လာကာ အရောင်မဲ့ လေစီးကြောင်းဆီသို့ ပြေးဝင်သွားတော့သည်။

“ သန့်စင် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ စကားတစ်ခွန်းပြောဆိုလာခဲ့ရာ၊ အကျဥ်းထောင်သည် ရုတ်တရက် နီရဲသွားခဲ့ပြီး၊ မီးဖိုတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ကောင်းကင်ဘုံ တာအိုကို စတင်၍ သန့်စင်နေတော့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် တင်ပျဥ်ခွေထိုင်နေတော့သည်။

သူ၏ယခုလက်ရှိ စွမ်းအားနှင့်သာဆိုပါက အတွေးတစ်ခုတည်းဖြင့် အရာအားလုံးကို သိမြင်နိုင်ကာ၊ အရာအားလုံးကို လုပ်နိုင်စွမ်းရှိနေပြီဖြစ်သည်။

သူသည် သူက ဤစကြာဝဠာ၏ ကောင်းကင်ဘုံ တာအိုအား သန့်စင်နိုင်၊ မနိုင်ဆိုသည်ကို သိရှိနေခဲ့ပြီးပြီ ဖြစ်သည်။

သန့်စင်ခြင်း ဖြစ်စဥ်အတွင်းတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဟင်းလင်းပြင်ကို လက်ယပ်ခေါ်လိုက်သည်။

လီရို့ရှီနှင့် တစ်ခြားလူနှစ်ဦး၏ ပုံရိပ်များ ပေါ်ထွက်လာခဲ့သည်။

ထိုအချိန်၌ သူမတို့ကိုယ်ပေါ်ရှိ ကျိန်စာစွမ်းအားမှာ အလွန်တရာ အားကောင်းပြင်းထန်နေခဲ့သည်။

ဤအချိန်အတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ဘုံ ကပ်ဘေးနှင့် ရင်ဆိုင်နေရသောကြောင့် ကျိန်စာပေါက်ထွက်လာခြင်းကို တားဆီးရန်အတွက် သူမတို့သုံးဦးထံတွင် တားမြစ်ချက်တစ်ခု ရေးဆွဲထားခဲ့သည်။

“ ချိုးဖျက် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် နတ်အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်၊ အလင်းတန်းတစ်ခုသည် လီရို့ရှီနှင့် ကျန်နှစ်ဦးအပေါ်သို့ ချက်ချင်းကျရောက်သွားခဲ့သည်။

အဆိုပါ အလင်းတန်းသည် အလွန်တရာ သန့်စင်နေလျက်ရှိပြီး၊ ကောင်းကင်ဘုံ တာအို စွမ်းအားကို သယ်ဆောင်ထားခဲ့သည်။

၎င်းသည် အရာအားလုံးကို သန့်စင်ပေးနိုင်သည်။

ချက်ချင်းဆိုသလိုပင် ယခင်က သူ့ကို ပြဿနာများစွာ ပေးခဲ့သည့် ကျိန်စာစွမ်းအားသည် အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပျောက်ကွယ်စပြုလာခဲ့သည်။

လက်ချောင်းတစ်ချောင်းလှုပ်လိုက်သည့် အချိန်အတွင်းမှာပင် လီရို့ရှီ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အနက်ရောင် အမှတ်အသားများမှာ လုံးဝပျောက်ကွယ်သွားပြီး၊ သူမ၏ နှင်းဖြူသဖွယ် နူးညံ့သော အသားအရည်ကို ပြန်လည်ပေါ်ပေါက်လာစေခဲ့သည်။

ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့မှာလည်း ထိုအတိုင်းသာ ကြုံတွေ့နေခဲ့ကြသည်၊ သူတို့ထံတွင် မြှုပ်နှံထားသည့် ကျိန်စာစွမ်းအားမှာ အပြည့်အဝ တိုက်စားခံလိုက်ရသည်။

သို့ရာတွင် သူတို့သုံးဦးသည် ကိုမာဖြစ်နေသည့် အခြေအနေအတွင်းသို့ ကျရောက်နေစဲဖြစ်ပြီး၊ မည်သူမှ မနိုးထလာခဲ့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုလူသုံးဦးက အဆင်ပြေနေပြီဆိုသည်ကို သိနေခဲ့သည်၊ သူတို့သည် အိပ်ပျော်နေသည့် အခြေအနေတွင်းသို့ ကျရောက်နေခြင်းသာ ဖြစ်ပြီး၊ သူတို့ပြန်နိုးလာသည်နှင့်တစ်ပြိုင်နက် ပုံမှန်အတိုင်းသာ ဖြစ်သွားကြမည် ဖြစ်သည်။

ထို့အပြင် သူသည် သူတို့သုံးဦး၏ ခန္ဓာကိုယ်အတွင်းတွင် ကောင်းကင်ဘုံ တာအိုစွမ်းအား၏ တစ်စွန်းတစ်စကို မြှုပ်နှံလိုက်သည်၊ ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းသည် သူတို့၏ ဘဝသက်တမ်းကို နှစ်သောင်းနှင့်ချီ၍ မြင့်တက်သွားစေမည် ဖြစ်သည်။

ရှုတျန်ဟိုင်၏ ဖြူဖြူဖွေးဖွေး ဆံပင်များကပင် တဖန်ပြန်၍ နက်မှောင်သွားခဲ့ပြီး၊ သူသည် အသွင်အပြင်မှာလည်း လူငယ်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

လီယန်ဖင်းမှာလည်း ထို့အတိုင်းပင် ဖြစ်သည်၊ သူမသည် ငယ်ရွယ်နုပျိုသော မိန်းကလေးတစ်ဦးအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်၊ အံ့ဩဖွယ်ကောင်းသော အရာမှာ လီရို့ရှီနှင့် အတော်လေး တူညီနေသည့် အလှတရားပင် ဖြစ်သည်။

“ ဝှစ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို ဝေ့ရမ်းကာ၊ သူတို့ကို လုံခြုံသော နေရာတစ်ခုဆီသို့ ပို့လိုက်သည်။

ယခု၌ သူသည် တွေးလိုက်ရုံဖြင့် လူများကို မိုင်ဘီလီယံပေါင်းများစွာ ကွာဝေးသည့် နေရာဆီသို့ ပို့ဆောင်နေနိုင်ပြီဖြစ်သည်။

ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သန့်စင်ခြင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေတော့သည်။

ဤစကြာဝဠာ၏ ကောင်းကင်ဘုံ တာအို တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းဘီလီယံတစ်ရာကျော်နေခဲ့ပြီ ဖြစ်သည်၊ ထို့ကြောင့် ၎င်းကို သန့်စင်ရခြင်းအတွက် အချိန်အတိုင်းအတာတစ်ခုအထိ ပေးဆပ်ရမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် ငယ်ရွယ်သော ကောင်းကင်ဘုံ တာအိုတစ်ခုကို သန့်စင်ထားနိုင်ခဲ့ပြီး၊ ထိုအဖြစ်အပျက်ကို ကြုံတွေ့ထားခဲ့ပြီးပြီ ဖြစ်သောကြောင့်၊ သူ၏ယခုလက်ရှိ စွမ်းအားနှင့်သာဆိုပါက၊ အချိန်ကို ချုံ့နေနိုင်ပြီ ဖြစ်သည်။

“ ဟမ် “

ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ဝန်းများ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

“ ငါ့ကို ကြည့်နေတဲ့ အကြည့်တစ်ခု ရှိနေတာလား “

သူသည် ဟင်းလင်းပြင်ကို မော့ကြည့်ကာ၊ မျက်လုံးများ တောက်ပသွားခဲ့သည်။

သို့သော် ထိုအကြည့်မှာ အလွန်တရာ ဝေးကွာနေကာ၊ ဤစကြာဝဠာကိုပင် ကျော်လွန်နေပုံရသည်။

ယခုလက်ရှိ သူ့အတွက်ပင် ၎င်းကို နားလည်နိုင်ရန် ခက်ခဲနေခဲ့သည်။

“ ဒီစကြာဝဠာအလွန်က လူတစ်ယောက်လား “ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်၊ အဲ့တာက ဘယ်သူများဖြစ်နိုင်မလဲ

ဒီစကြာဝဠာကို ကျော်ဖြတ်သွားနိုင်ခဲ့တဲ့ အန္တိမ ပညာရှင်တစ်ယောက်လား

ဒါမှမဟုတ် စကြာဝဠာ အပြင်ဘက်က တည်ရှိမှုတစ်ခုများလား

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းကာ၊ ထိုအကြည့်ကို လျစ်လျူရှုထားလိုက်သည်။

ယခုလက်ရှိ သူ၏စွမ်းအားနှင့်သာဆိုပါက၊ သူသည် စကြာဝဠာ အလွန်မှ တစ်စုံတစ်ဦးကိုပင် သတ်ဖြတ်နေနိုင်ပြီဖြစ်သည်။

သူသည် မည်သို့မျှ မကြောက်ရွံ့ဘဲ၊ ယုံကြည်ချက် ရှိနေပြီ ဖြစ်သည်။

…

ကြယ်တာရာ T-Rex နတ်ဘုရားက ကောင်းကင်ဘုံ တာအိုကို သန့်စင်ရင်းဖြင့် အလုပ်ရှုပ်နေစဥ်အချိန်တွင်

မူလနယ်မြေအတွင်းရှိ ဟင်းလင်းပြင်တစ်ခုအတွင်း၌

တိကျွမ်း၊ လူငယ်မျက်နှာ အကြီးအကဲနှင့် တစ်ခြားလူများသည် ယခင်က ကောင်းကင်ဘုံ ကပ်ဘေး တည်ရှိရာဘက်သို့ ငေးကြည့်ကာ၊ အမူအရာများ လေးနက်နေကြသည်။

“ ကောင်းကင်ဘုံ ကပ်ဘေး ပျောက်သွားပြီ “

“ လူသားဧကရာဇ်က ကောင်းကင်ဘုံ ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီလား “

ကလေးမျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားလူများမှာ စိတ်ထဲတွင် မှန်းဆတွက်ချက်နေကြသည်။

တိကျွမ်းသည် အရင်ဦးဆုံး လှုပ်ရှားလာခဲ့ပြီး၊ ကောင်းကင်ဘုံ ကပ်ဘေးရှိရာဘက်သို့ ဦးတည်သွားတော့သည်။

ကလေးမျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားလူများမှာလည်း သူ့နောက်သို့ လျင်မြန်စွာ လိုက်လာကြသည်။

သို့သော် သူတို့သည် ထိုနေရာတွင် မည်သည့်အရာကိုမှ မမြင်တွေ့ခဲ့ရပေ။

“ ရှု ……. ငါ့သူငယ်ချင်းးး ….. “

တိကျွမ်းမှာ အလွန်တရာ စိုးရိမ်ပူပန်သွားခဲ့သည်။

ကလေးမျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားလူများမှာလည်း စိတ်ရှုပ်ထွေးသွားကြသည်။

တစ်ချို့လူများကမူ မျက်လုံးများ တောက်ပသွားကြသည်။

ကြယ်တာရာ T-Rex နတ်ဘုရားက ကောင်းကင်ဘုံ ကပ်ဘေးရဲ့ တိုက်ခိုက်မှုကြောင့် နတ်ဝိညာဥ် ဆုံးရှုံးသွားတာလား၊ အဲ့တာကြောင့် ငါတို့ရဲ့ သွေးအဆီအနှစ်တွေကို ဘာမှ မလုပ်နိုင်တာများလား

တကယ်လို့ အဲ့အတိုင်းသာ ဖြစ်နေမယ်ဆိုရင်၊ ငါတို့က လွတ်လပ်သွားပြီ မဟုတ်ဘူးလား

လူတစ်ချို့က ထိုအကြောင်းကို တွေးတောစဥ်းစားနေသည့် အချိန်မှာပင်

သူတို့၏ နားများအတွင်းတွင် အသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“ ငါ ဘာမှမဖြစ်ဘူး၊ မင်းတို့အားလုံး ကိုယ့်လမ်းကိုယ်သွားကြ “

ချက်ချင်းဆိုသလိုပင် တိကျွမ်းအပါအဝင် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြသည်။

“ ဒီအသံက ……. “

ကလေးမျက်နှာ အကြီးအကဲမှာ အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

၎င်းက ကြယ်တာရာ T-Rex နတ်ဘုရား၏ အသံဖြစ်သောကြောင့် သူအံ့ဩသွားခြင်း မရှိဘဲ၊ ထိုအသံက တာအို၏ အသံကို သယ်ဆောင်ထားသောကြောင့် သူအံ့ဩသွားရခြင်းဖြစ်သည်။

သူတို့သည် ကောင်းကင်ဘုံ တာအိုက သူတို့ကို စကားပြောနေသကဲ့သို့ ခံစားသွားကြရသည်။

“ အခုဆိုရင် လူသားဧကရာဇ်ရဲ့ စွမ်းအားက ဘယ်အဆင့်ကို ရောက်နေတာလဲ “

“ ဒီလိုကောင်းကင်ဘုံ ကပ်ဘေးကိုတောင် ကျော်ဖြတ်နိုင်ခဲ့တယ် “

အားလုံးသည် အတိုင်းအဆမရှိ အံ့ဩတုန်လှုပ်သွားကြသည်။

ယခင်က မကောင်းသော အတွေးများ တွေးခဲ့ကြသူများမှာလည်း အလွန်တရာ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး၊ ထိုအတွေးများကို အလောတကြီး ဖိနှိပ်ကာ၊ ကိုယ်ကို ဝပ်တွားထားကြသည်။

သူတို့သည် ယနေ့မှစ၍ မသင့်တော်သော မည်သည့်အတွေးကိုမှ မတွေးတောဘဲ၊ သူတို့၏ ဆရာသခင်အဖြစ် ကြယ်တာရာ T-Rex နတ်ဘုရားအား ထာဝရလေးစားနေရတော့မည်ဆိုသည်ကို သိသွားခဲ့သည်။

…………………………………………………………………………………………………………………………………………..

အပိုင်း ( 726 )

ကျော်ဖြတ်ခြင်း

တစ်ချိန်တည်းမှာပင် မူလနယ်မြေအတွင်းရှိ လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌

အဆိုပါ လျှို့ဝှက်နယ်မြေသည် ကြယ်တာရာ T-Rex နတ်ဘုရားက လီရို့ရှီ၊ ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့အတွက် အထူးတလည် ဖန်တီးပေးထားသော နယ်မြေတစ်ခု ဖြစ်သည်။

ယခင်က ဖြစ်ရပ်များကို ရင်ဆိုင်ခဲ့ရပြီးသည့်နောက်တွင် သူသည် ထိုသုံးဦးကို ကျောင်းတွင် ထားရန် စိတ်မချတော့ပေ။

ဤအချိန်၌ လျှို့ဝှက်နယ်မြေအတွင်းရှိ ထိုလူသုံးဦးမှာ တဖြည်းဖြည်း နိုးထလာခဲ့သည်။

“ ဒါက ဘယ်နေရာ …….. “

သူတို့သုံးဦးသည် သူတို့၏ ဦးခေါင်းများကို ကိုင်ကာ အနည်းငယ် ကြောင်အသွားကြသည်။

သူတို့သည် ရှည်လျားသော အိမ်မက်တစ်ခုကို မက်နေသကဲ့သို့ ခံစားနေခဲ့ရပြီး၊ နိုးထလာခဲ့ပြီးသည့်နောက်တွင်၊ သူတို့က မရင်းနှီးသော နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို ရှာတွေ့သွားကြသည်။

“ ကောင်းကင်ပေါ်ကနေ အစွမ်းထက် ပညာရှင်တစ်ယောက် ဆင်းလာခဲ့တယ်၊ မစ္စတာလျူလည်း တိုက်ပွဲမှာ သေသွားပြီးတော့၊ ကျောင်းအုပ်ဝုလည်း အပြင်းအထန် ဒဏ်ရာရသွားတယ် ……. “

လီရို့ရှီသည် အဖြစ်အပျက်များကို အရင်ဦးဆုံး မှတ်မိသွားခဲ့ပြီး၊ သူမ၏ အသားအရည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ ဖြူဖျော့နေခဲ့သည်။

သူမသည် သူမ၏ခန္ဓာကိုယ်ကို အလောတကြီး ထိတွေ့ကိုင်တွယ်ကာ၊ စကားပြောစက်ကို ထုတ်ယူလိုက်ပြီး၊ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

“ ရှုကျိုး “

“ စိတ်အေးအေးထားပါ၊ ငါအဆင်ပြေတယ်၊ နင်တို့တွေလည်း အဆင်ပြေပါတယ် “

တစ်ဖက်မှ ချိုသာသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက၊ ဤလျှို့ဝှက်နယ်ပယ်သည် ကမ္ဘာကြီးနှင့် လုံးဝခွဲခြားခံထားရသောကြောင့်၊ ဤခေါ်ဆိုမှုက မည်သို့မျှ မချိတ်ဆက်သွားသင့်ပေ။

သို့သော် ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရား၏ စွမ်းအားနှင့်သာဆိုပါက အရာအားလုံး ဖြစ်နေနိုင်ပြီ ဖြစ်သည်။

သူသည် အတွေးတစ်ခုတည်းဖြင့် မိုင်သန်းချီအကွာသို့ အသံပို့လွှတ်နိုင်ပေသည်။

ရှုကျိုး၏ အသံကို ကြားလိုက်ရသောအခါတွင် လီရို့ရှီ၏ ဖြူဖျော့ဖျော့ မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

သူမသည် သူမနှင့် သူမ၏ မိဘများကို ရန်သူများ ဖမ်းသွားရခြင်းက ရှုကျိုးကြောင့် ဖြစ်သည်ဆိုသည်ကို အကြမ်းဖျင်း နားလည်နေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ အစွမ်းထက် ပညာရှင်တစ်ဦးက သူမတို့ကို မည်သို့မျှ မျက်စိကျသွားလိမ့်မည် မဟုတ်ပေ။

“ ရှုကျိုး၊ နင်အဆင်ပြေတာကို ငါဝမ်းသာတယ် “ လီရို့ရှီမှ ပျော်ရွှင်စွာ ပြောဆိုနေတော့သည်။

“ အင်း၊ နင်နဲ့ အမေတို့က အဲ့မှာပဲ နေနေကြ၊ အဲ့နေရာက တော်တော်လေးကို လုံခြုံတယ်၊ ငါပြန်လာတာကို စောင့်နေကြ “

“ အိုကေ “ လီရို့ရှီသည် နာနာခံခံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

သို့သော် သူမသည် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး၊ သူမ၏ အသံမှာ အနည်းငယ် တုန်ရင်သွားခဲ့သည် “ ရှုကျိုး၊ မစ္စတာလျူ ……. “

“ ငါသိတယ် “ ရှုကျိုးမှ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ အများကြီး တွေးပူနေဖို့ မလိုပါဘူး၊ နောက်အနာဂတ်မှာ ငါတို့က သူနဲ့ ပြန်တွေ့ရဦးမှာပါ “

ပြန်တွေ့ရဦးမှာလား

လီရို့ရှီ၏ မျက်နှာလေးပေါ်တွင် ဇဝေဇဝါ ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

သူမသည် လျူချင်းယွမ်၏ အရှိန်အဝါက ပျောက်ကွယ်သွားကာ သူလုံးဝ ကျဆုံးသွားခဲ့ပြီဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့သည်။

သို့ရာတွင် ရှုကျိုး၏ အေးဆေးတည်ငြိမ်သော အသံကို ကြားလိုက်ရသောအခါတွင် သူမ၏ စိတ်နှလုံးသားမှာလည်း တည်ငြိမ်သွားခဲ့ကာ၊ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင် လီရို့ရှီသည် ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့ကို ကြည့်ကာ၊ အပြုံးဖြင့် စကားပြောလိုက်သည် “ အမေ၊ အဖေ၊ စိတ်မပူပါနဲ့၊ ကျွန်မတို့အားလုံး အဆင်ပြေပါတယ်၊ ရှုကျိုးလည်း အဆင်ပြေတယ် “

ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့မှ ခေါင်းငြိမ့်ပြလာခဲ့သည်။

သူတို့သည် ရှုကျိုးနှင့် လီရို့ရှီတို့၏ စကားဝိုင်းကို ကြားခဲ့ရသည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့ နှစ်ဦးစလုံး အံ့ဩတုန်လှုပ်သွားကြသည်။

“ အချစ်၊ မင်းက ဘာလို့ ပိုငယ်လာရတာလဲ “

“ ရှင်ကမှ ငယ်နေတာလေ၊ ရှင်က ကျိုးလေးနဲ့ တရွယ်တည်း ပြန်ဖြစ်သွားတာလား “

ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့သည် တစ်ဦးကိုတစ်ဦး ငေးမောကြည့်ရှုကာ မှင်သက်သွားကြသည်။

သူတို့သည် သူတို့၏အသက် နှစ်ဆယ်ကျော်က အသွင်အပြင်များကို ပြန်လည်ရရှိနေခြင်းမှလွဲ၍ မည်သည့်အရာမှ ပြောင်းလဲမနေခဲ့ပေ။

လီရို့ရှီမှ အပြုံးဖြင့် ပြောပြလိုက်သည် “ အဲ့တာက ရှုကျိုး လုပ်ထားတာ ဖြစ်နိုင်တယ်၊ သူက အခုဆိုရင် တော်တော်ကြီးကို စွမ်းနေပြီလေ၊ ဒါမျိုးတွေ လုပ်နိုင်တာက ပုံမှန်ပါပဲ “

စကားပြောနေရင်းဖြင့် သူမသည် သူမကိုယ်သူမ ကြည့်ရှုစစ်ဆေးကာ၊ သူမ၏ ပါးစပ်လေးကို တအံ့တဩဖြင့် ဖုံးအုပ်မိသွားခဲ့သည်။

“ ငါ …. ငါက အဆင့်၅ကို ရောက်သွားတာလား “

ယခင်က သူမသည် စတုတ္ထအဆင့်သို့ ရောက်ရှိခါစသာ ရှိနေခဲ့သည်။

သို့သော် ယခုတွင်ကား သူမသည် ပဥ္စမအဆင့်သို့ ရောက်ရှိနေခဲ့သည်၊ သူမသည် သူမ၏ အောက်ပိုင်းဝမ်းဗိုက် အတွင်းတွင် သူမကို အားဖြည့်ပေးနေသည့် အံ့ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။

အဆိုပါ စွမ်းအင်၏ အဆက်မပြတ်အားဖြည့်ပေးမှုကြောင့် သူမ၏ စွမ်းအားမှာ ဆက်တိုက်မြင့်တက်လာနေခဲ့သည်။

“ အဲ့တာက ငါ ……. ငါမေ့နေတဲ့ အချိန်မှာ ရှုကျိုးက အဲ့တာကို ငါ့ခန္ဓာကိုယ်ထဲကို ထည့်လိုက်တာများလား “ လီရို့ရှီ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့သည်။

…

ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုလူသုံးဦး၏ အတွေးများကို လျစ်လျူရှုထားခဲ့သည်။

အကယ်၍ သူသာ သိချင်သည်ဆိုပါက၊ တွေးလိုက်ရုံဖြင့် သက်ရှိအားလုံး၏ အတွေးများကို သိမြင်နိုင်ပေသည်။

သို့ရာတွင် ယခုလက်ရှိ အချိန်၌ သူ့ထံတွင် ထိုကဲ့သို့သော ကိစ္စများကို တွေးပူနေရန် အချိန်မရှိပေ။

သူသည် ကောင်းကင်ဘုံ တာအို သန့်စင်ခြင်း၏ အရေးကြီးသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

တစ်ရက်

နှစ်ရက်

ငါးရက်

မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ကုန်ဆုံးသွားခဲ့သည်။

“ ဒီစကြာဝဠာရဲ့ ကောင်းကင်ဘုံ တာအိုနဲ့ ငယ်ရွယ်တဲ့ ကောင်းကင်ဘုံ တာအိုက တကယ်ကို မတူဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မအောင့်ထားနိုင်တော့ဘဲ ညီးတွားနေမိတော့သည်။

သူက ငယ်ရွယ်သော ကောင်းကင်ဘုံ တာအိုကို သန့်စင်ရန်အတွက် ရက်ပိုင်းမျှသာ အချိန်ယူခဲ့ရသည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။

ယခုတွင်ကား သူသည် ငယ်ရွယ်သော ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်းနိုင်ခဲ့ပြီး၊ ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေကာ၊ အံ့ဖွယ်ကောင်းလောက်သည်အထိ အစွမ်းထက်နေခဲ့သော်လည်း၊ ဤစကြာဝဠာ၏ ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်းရန်အတွက် လဝက်တိတိ အချိန်ယူခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သန့်စင်ခြင်းဖြစ်စဥ်က ယခုတွင် နောက်ဆုံးသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“ သန့်စင် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့တွင် ရှိနေသည့် အရောင်မဲ့ လေစီးကြောင်းကို စိုက်ကြည့်ကာ လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

သူ၏လက်အတွင်းမှ နတ်စွမ်းအား တစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ကောင်းကင်ဘုံ တာအိုမီးဖိုအဖြစ် ပြောင်းလဲသွားကာ၊ အရောင်မဲ့ ရေစီးကြောင်းကို ပြင်းထန်စွာ လောင်ကျွမ်းပြာချ၍၊ ချက်ချင်းသန့်စင်လိုက်သည်။

“ ဗွီ “

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာခဲ့သည်။

အဆိုပါ စွမ်းအင်လှိုင်းအောက်တွင် ထောင်နှင့်ချီသော ဟင်းလင်းပြင် အလွှာများ ချက်ချင်းပြိုကွဲသွားပြီး၊ ဘာမှမရှိသော အရာများအဖြစ် ပြောင်းလဲသွားခဲ့သည်။

အဆုံးမဲ့ တာအိုနှင့် နိယာမ အကုန်လုံးသည် သုညအဖြစ်သို့ ပြိုကွဲသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားက ဤနေရာကို သီးသန့်ခွဲခြားထားသောကြောင့်၊ ၎င်းက မူလနယ်မြေကို မည်သို့မျှ မထိခိုက်သွားစေခဲ့ပေ။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ အဆိုပါ စွမ်းအင်လှိုင်းတစ်ခုတည်းဖြင့် မူလနယ်မြေတစ်ခုလုံးကို ပျက်စီးသွားစေမည် ဖြစ်သည်။

အန္တိမ အထွတ်အထိပ် ပညာရှင် ရာဂဏန်းက အတူတကွ ပူးပေါင်း လုပ်ဆောင်ကြမယ်ဆိုလျှင်တောင်မှ၊ အဆိုပါ စွမ်းအင်လှိုင်းကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

“ အချည်းနှီး ခုခံနေတာ ရပ်လိုက်တော့ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးစက်စွာ နှာခေါင်းရှုံ့၍ ကောင်းကင်ဘုံ တာအိုကို စကားပြောလိုက်သည်။

ဤစကြာဝဠာ၏ ကောင်းကင်ဘုံသည် နှစ်ပေါင်း ဘီလီယံရာနှင့်ချီ၍ တိုးတက်ပြောင်းလဲနေခဲ့သောကြောင့်၊ သူ၏ စိတ်ဆန္ဒမှာ အလွန်တရာ ခိုင်မာအားကောင်းနေခဲ့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားက လဝက်တိတိ သန့်စင်လာခဲ့သောကြောင့်၊ ကောင်းကင်ဘုံ တာအိုက အားနည်းနေသည့် အခြေအနေအတွင်းသို့ ကျရောက်နေခဲ့ပြီ ဖြစ်သည်။

“ အချိန်ကျပြီ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများတွင် နတ်အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။

သူ၏လက်ကို မြှောက်ကာ၊ ဆယ့်နှစ်ကြိမ်တိတိ လှုပ်ရှားလိုက်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကောင်းကင်ဘုံ တာအိုမီးဖို ဆယ့်နှစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ သူ့မူလကိုယ်၏ စိတ်ဆန္ဒဖြစ်ပြီး၊ ငယ်ရွယ်သော ကောင်းကင်ဘုံ တာအို၏ ရိုးရှင်းသော ပုံစံများအဖြစ် အသွင်ယူထားသော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို သယ်ဆောင်ထားစဲပင် ဖြစ်သည်။

အဆိုပါ ကောင်းကင်ဘုံ တာအိုမီးဖို တစ်ခုချင်းစီတိုင်းသည် ယခင်က ကောင်းကင်ဘုံ ကပ်ဘေးတွင် ရင်ဆိုင်ခဲ့ရသော မိုးကြိုးတောင်ထပ် သာလွန်သည့် စွမ်းအားကို ကိုင်ဆောင်ထားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင် တစ်ခုလုံး ကမောက်ကမ ဖြစ်လာခဲ့ကာ၊ ကမ္ဘာပျက်ကပ်သဖွယ် ဖြစ်နေသည့် ကသောင်းကနင်း မြင်ကွင်းတစ်ခု ဖြစ်တည်လာခဲ့သည်။

All Chapters