← Chapters

အခန်း (၁၃၀၁-၁၃၀၂)

Vol. 131 Ch. 1301-1302

အခန်း (၁၃၀၁-၁၃၀၂)

Vol. 131 Ch. 1301-1302

အခန်း (၁၃၀၁) - မမျှော်လင့်ထားသော နောက်ခံအကြောင်းရင်း

"မောင်လေး..."

ကျိထျန်းတု သည် အလွန်အမင်း စိတ်ဓာတ်ကျနေသော မျက်နှာဖြင့် ဆူယာကို ကြည့်လိုက်သည်။

ယခုအချိန်တွင် သူသည် ရယ်ရမလား၊ ငိုရမလားပင် မသိတော့ပေ။

အနည်းဆုံးတော့ သူ့အတွက် ရင်းနှီးသော ဝိညာဉ်အဖော်တစ်ယောက် ရှိနေပြီဖြစ်သဖြင့် စကားပြောဆိုနိုင်တော့မည်ဖြစ်သည်။

"ခင်ပွန်းသည်... သူ တကယ်ပဲ ဒီမှာ အန္တရာယ်ရှိတယ်ဆိုတာ ကြိုသိနေတာလား "

ဆူယာသည် အသိစိတ်မဲ့စွာဖြင့် မေးလိုက်သည်။

"သေချာပေါက် သိထားတာပေါ့ "

ကျိထျန်းတုက သက်ပြင်းရှည် တစ်ချက်ချလိုက်သည်။

"အစ်ကိုကြီးဆိုတာ အရင်က အစ်ကိုကြီး မဟုတ်တော့ဘူး။ ရှေ့ဘဝအကြောင်းကို ပြန်သတိရလာတယ်လို့ ပြောပေမဲ့ ငါကြည့်ရတာတော့ ရှေးဟောင်းသတ္တဝါ တစ်ကောင်က သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သလိုပဲ။ မဟုတ်ရင် သူက ခင်ဗျားကို ဒီနေရာမှာ အသေခံခိုင်းဖို့ စေလွှတ်ပါ့မလား "

ဆူယာသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် သူမ၏ အကြည့်များမှာ ဖန့်ချန်နှင့် နဂါးအိုကြီးထံသို့ ဖြည်းညင်းစွာ ရောက်ရှိသွားသည်။

"ဒီနှစ်ယောက်က ဘယ်သူတွေလဲ"

"သူတို့ရဲ့ နောက်ခံကိုတော့ အခုထိ မသိရသေးဘူး။ ခင်ဗျားနဲ့ ကျနော် ကို သတ်လိုက်တဲ့ ဒီလူအိုကြီးက လေလံပွဲတုန်းက ကျနော် တို့နဲ့ ရန်ကျင်းအတွက် ပြိုင်ခဲ့တဲ့သူပဲ။ သူတို့က မသေမျိုးလောကငယ် ကနေ လာတာဖြစ်မယ်လို့ ထင်တယ်"

ဟု ကျိထျန်းတု က ပြောသည်။

တစ်ချိန်တည်းမှာပင် ဖန့်ချန်သည် ဆူယာ၏ ပီဖူသဲ ကို ကောက်ယူလိုက်ပြီး နဂါးအိုကြီးအား အပေါ်ရှိ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးစေကာ မသေမျိုးကျောက်တုံးများစွာကို ရရှိလိုက်သည်။

ထိုမသေမျိုးဆွေးနွေးပွဲတွင် ကျောက်တုံးတစ်ထောင်ကျော် သုံးစွဲခဲ့ရသော်လည်း၊ ယခုတွင်မူ ကျိထျန်းတုတို့ ထံမှ ကျောက်တုံးတစ်ထောင်ငါးရာကျော် ပြန်လည်ရရှိသွားသည်။

၎င်းတို့အနက် ငါးရာမှာ သူတို့၏ ပိုင်ဆိုင်မှုဖြစ်ပြီး၊ တစ်ထောင်မှာ ရန်ကျင်း ဝယ်ယူရန်အတွက် ပြင်ဆင်ထားသော ရန်ပုံငွေများဖြစ်သည်။

နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ရသော ကျောက်တုံးများ သူတစ်ပါးလက်သို့ ရောက်သွားပြီး မိမိတို့ကိုယ်တိုင်လည်း ဝိညာဉ်များ ဖြစ်သွားရသည်ကို မြင်သောအခါ ကျိထျန်းတု နှင့် ဆူယာတို့၏ မျက်ဝန်းထဲတွင် ဒေါသအမျက်များ တောက်လောင်လာသည်။

သူတို့သည် နတ်ဆိုးများအဖြစ် ပြောင်းလဲကာ ထိုလူနှစ်ယောက်ကို အသက်ရှင်လျက် ဝါးစားပစ်ချင်စိတ် ပေါက်နေကြသည်။

"သူတို့နောက်ကို လိုက်သွားပါ။ ပြီးရင် ယင်လောက ဆီ သွားပါ။ ခင်ပွန်းသည်က လူလွှတ်ပြီး ရှာတဲ့အခါ ငါက သူတို့နောက်ကို ဆက်လိုက်သွားပြီး သူတို့ရဲ့ နောက်ခံအကြောင်းကို စုံစမ်းမယ်"

ဟု ဆူယာက လေးနက်စွာ ပြောသည်။

ကျိထျန်းတု ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်၍

"ကောင်းပါပြီ" ဟု ဆိုသည်။

နောက်တစ်နေ့တွင် သူတို့နှစ်ဦးသည် ဖန့်ချန်၏ နောက်သို့ လိုက်ပါလာပြီး နောက်ထပ် နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။

"သူ ဘယ်သူ့ကို စောင့်နေတာလဲ "

ဆူယာက အေးစက်စက်ဖြင့် မေးသည်။

ကျိထျန်းတုက သက်ပြင်းချလိုက်သည်

"လေလံပွဲတုန်းက သူက အထွတ်ထိပ်ဝိညာဉ်ကျောက်တုံးတွေကို ဝယ်ရုံတင်မကဘဲ နတ်ဘုရားတွေရဲ့ ဝိညာဉ်တွေကိုပါ ဝယ်နေတာ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သူက ဝိညာဉ်တွေ ရောင်းတဲ့သူတွေနဲ့ အရောင်းအဝယ် စကားပြောနေတာ။ ဒီနေ့လည်း အတူတူပဲ ဖြစ်လိမ့်မယ်။"

"ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် လောက်ပဲရှိတဲ့ သူက ဘာလို့ ဒီလောက်များပြားတဲ့ ကျောက်တုံးတွေကို ကိုင်တွယ်ခွင့် ရနေတာလဲ။ တစ်စုံတစ်ယောက် လုယူသွားမှာ မကြောက်ဘူးလား "

ဆူယာသည် မိမိဘာသာ ရေရွတ်နေမိသည်။

"သူ့နောက်ခံက သာမန်မဟုတ်ဘူးလို့ ကျုပ်ထင်တယ်။ အဆင့် (၆) မသေမျိုးအရှင် တစ်ဦးဦးက သူ့ကို အရေးပေးထားတာ ဖြစ်မယ်။ အစ်မ သတိထားမိလား၊ သူက အဲဒီလူအိုကြီးနဲ့ စကားပြောတဲ့အခါ လူငယ်တစ်ယောက်လိုမျိုး ရိုသေမှုမပြဘဲ ပေါ့ပေါ့ပါးပါးပဲ ပြောနေတာ"

ဟု ကျိထျန်းတူက ပြောသည်။

"ခင်ပွန်းသည်သာ အညစ်ကြေးကင်းစင် မသေမျိုးလမ်းကြောင်းပေါ်ကို ပြန်ရောက်လာရင် ဒီလို အဆင့် (၆) လောက်က ဘာမှမဟုတ်တော့ဘူး။ နောက်အဆင့်တွေအတွက် ဆေးဝါးတွေလည်း ပြင်ဆင်ပြီးသား၊ ကျိမျိုးနွယ်မှာလည်း သုံးဖို့ကျန်နေတဲ့ စာရင်းဝင်ခွင့် တစ်ခုရှိသေးတယ်။ ခင်ပွန်းသည်ရဲ့ စွမ်းရည်နဲ့ဆိုရင် နှစ်ငါးရာအတွင်းမှာ အဆင့် (၇) အထိ ပြန်ရောက်နိုင်တယ်။ အဲဒီအချိန်ကျရင် နောက်ကွယ်ကနေ ကြွက်လို လှုပ်ရှားနေတဲ့သူတွေကို ငါတို့ အကုန်ရှင်းပစ်လို့ ရပြီ"

ဟု ဆူယာက အေးစက်စက်ဖြင့် ပြောသည်။

ကျိထျန်းတု က တွန့်ဆုတ်နေပြီးနောက် ရုတ်တရက် မေးလိုက်သည်

"အစ်မ.. ခင်ဗျား ဒေါသမထွက်ဘူးလား။ အစ်ကိုကြီးက ခင်ဗျား အသက်ရှင်သလား၊ သေသွားသလားဆိုတာတောင် ဂရုမစိုက်ခဲ့ဘူးလေ "

"သူ့မှာ သူ့အစီအစဉ်နဲ့သူ ရှိမှာပေါ့။ ငါတို့ ဂရုစိုက်စရာ မလိုပါဘူး။ ဝိညာဉ်ဖြစ်သွားရင်လည်း ယင်လောကမှာ ဆက်ကျင့်ကြံလို့ ရတာပဲ။ တကယ်လို့ ဖူတူလောက ကို သွားနိုင်ရင် ငါတို့ မဟာယင်မိစ္ဆာ လမ်းစဉ်ကို လျှောက်နိုင်တယ်။ ဒါပေမဲ့ ခင်ပွန်းသည်ရဲ့ အကူအညီမပါရင်တော့ ဘာမှလုပ်လို့ မရဘူး။ အရင်ကိစ္စတွေကို နောက်ထပ် မပြောပါနဲ့တော့"

ဟု ဆူယာက ကျိထျန်းတုကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

ကျိထျန်းတုလည်း သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။

နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် လင်ပေါင် ရောက်ရှိလာသည်။

ဖန့်ချန်ကို မြင်သောအခါ သူ အံ့အားသင့်သွားပြီး

"မင်းက ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် လောက်ပဲရှိတာလား။ အဲဒီလူက မင်းကို ဒီလို အရေးကြီးတဲ့ ကိစ္စအတွက် လွှတ်လိုက်တာလား။ ငါ့ကို အရမ်းအထင်သေးလွန်းနေတာ မဟုတ်ဘူးလား"

ဟု မေးသည်။

"ဆရာကြီး... စီးပွားရေးဆိုတာ စီးပွားရေးပါပဲ၊ အထင်သေးတာ မဟုတ်ပါဘူး"

ဖန့်ချန်က ရယ်မော၍

"ဒီနေ့တော့ အရောင်းအဝယ်အသေးစိတ်ကိုပဲ ပြောရအောင်။ တကယ်လို့ အရောင်းအဝယ် ဖြစ်ရင် ဖူတူလောကရဲ့ ဘယ်နေရာမှာ တွေ့ရင် အဆင်ပြေမလဲ"

ဟု ပြောသည်။

လင်ပေါင် ခဏမျှ တိတ်ဆိတ်နေပြီးနောက် တည်နေရာတစ်ခုကို ပေးကာ အဖြေမစောင့်တော့ဘဲ ထွက်သွားသည်။

...

ရက်အနည်းငယ်အကြာတွင် ရှဲ့ကျစ် ၏ တံဆိပ်မှာ ပူလာသည်။

ဖန့်ချန်သည် ထိုအညွှန်းအတိုင်း တန်တိုင်တောင်အနီးရှိ ချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိလာသည်။

သူသည် စတုတ္ထမြောက် ရောက်ရှိသူဖြစ်သည်။

မကြာမီတွင် နင်ပေ့ယို၊ ရွှီနန်ကွေးနှင့် လင်အန်လန်တို့လည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။

လူတိုင်းမှာ နားလည်မှုရှိကြပြီး ဟွမ်ချင်းကျွဲ ၏ မှာကြားချက်အတိုင်း တာဝန်အသေးစိတ်ကို ပြောဆိုခြင်း မပြုကြပေ။

သို့သော် သူတို့၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် ဖန့်ချန်ကဲ့သို့ပင် မည်သည့်တိုးတက်မှုမျှ မရှိကြကြောင်း သိသာသည်။

တစ်ဝက်ကျော်ခန့် ကြာပြီးနောက်တွင် ဟွမ်ချင်းကျွဲ ရောက်ရှိလာသည်။

သူ၏ ဘေးတွင် အမြဲရှိနေတတ်သော စာတန့်ဌာနမှုး မပါလာပေ။

သို့သော် သူနှင့်အတူ လူတိုင်း အံ့ဩမှင်သက်သွားမည့်သူများ ပါလာသည်။

ဟွမ်ချင်းကျွဲ ၏ အသက်ရှူသံမှာ အားနည်းနေပြီး ဒဏ်ရာရထားပုံရသည်။

ရှဲ့ကျစ် အဖွဲ့ဝင်များမှာ ဟွမ်ချင်းကျွဲ နှင့်အတူ ပါလာသော အဆင့်မြင့် မသေမျိုးအရှင် ငါးဦးကို အံကြိတ်ကြည့်နေကြသည်။

ဆယ်မျက်နှာဂိုဏ်းမှ လုံဖူ မသေမျိုးအရှင်၊ ရှီခုံးစျေး မှ ကျိတူးခုံးယွမ်၊ ပိုင်လူစျေး မှ ဖေးလု မသေမျိုးအရှင်၊ ဝိညာဥ်သုတ်သင်ဌာန မှ ဒါယူး မသေမျိုးအရှင်နှင့် ကွမ်းချင်းဂိုဏ်းမှ ဝမ်ချုံးစန်းတို့ ဖြစ်ကြသည်။

"မင်းတို့ ဘယ်သူတွေလဲ။ ချင်းကျွဲ မိတ်ဆွေကို ချက်ချင်း လွှတ်ပေးလိုက် "

နင်ပေ့ယိုက အရင်ဆုံး အော်ပြောသည်။

"ရပါတယ်... သူတို့က ဌာနက အကြီးအကဲတွေပါ"

ဟု ဟွမ်ချင်းကျွဲ က အားနည်းစွာဖြင့် လက်ကာပြလိုက်သည်။

သို့သော် သူ၏ စိတ်အခြေအနေမှာ အလွန်ပင် မကောင်းမွန်ပေ။

ဤငါးဦးစလုံးက ဝိညာဥ်သုတ်သင်ဌာနကလား။ လူတိုင်း ထိတ်လန့်သွားကြသည်။

"မင်းကတော့ တကယ်ကို အရူးပဲ "

ဖန့်ချန်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ထိုဝမ်ချုံးစန်း ဆိုသူမှာ အရင်က ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ကိုးကွယ်သယောင်ရှိပြီး အခုတော့ ဝိညာဥ်သုတ်သင်ဌာနတွင် ရာထူးကြီးကြီး ရထားပြန်ပြီလား။

"ချင်းကျွဲ... ဒီလူတွေက ရှဲ့ကျစ် အဖွဲ့ဝင်တွေ အကုန်လုံးလား"

ဒါယူး မသေမျိုးအရှင်က ဖန့်ချန်ကို ကြည့်ကာ

"ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူပါ ပါသေးတယ်လား"

ဟု မေးသည်။

"ဒါယူး မသေမျိုးအရှင်၊ ဒါက ဖန့်မိတ်ဆွေရဲ့ နည်းလမ်းလေးပါ"

ဟု ဟွမ်ချင်းကျဲ့က ပြောသည်။

ဝမ်ချုံးစန်းက ဖန့်ချန်ကို ကြည့်ကာ ပြုံး၍

"ဒါက ကိုယ်ပွားလုပ်တဲ့ ပညာလား။ ငါလည်း ဒီပညာမှာ နည်းနည်းပါးပါး ကျွမ်းကျင်တယ်၊ အခွင့်အရေးရရင် ဆွေးနွေးကြတာပေါ့"

ဟု ဆိုသည်။

ဖန့်ချန်သည် ဝမ်ချုံးစန်းက သူ့ကို သိကြောင်း၊ သူကိုယ်တိုင်ကလည်း ဝမ်ချုံးစန်းကို သိကြောင်း သေချာသွားပြီဖြစ်သည်။

"ချင်းကျွဲ မိတ်ဆွေ... ဒါ ဘာတွေဖြစ်နေတာလဲ "

ရှဲ့ကျစ် အဖွဲ့ဝင်တစ်ဦးက သံသယဖြင့် မေးသည်။

"ဒီကိစ္စကို ငါပဲ ရှင်းပြတော့မယ်။ ဒီနေ့ကစပြီး ရှဲ့ကျစ် အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ။ မင်းတို့ ဒီလိုပဲ ဆက်ပြီး ရူးသွပ်နေမယ်ဆိုရင် ဝိညာဥ်သုတ်သင်ဌာနမှာ ဘာတွေ ဖြစ်ကုန်မလဲ"

ဒါယူး မသေမျိုးအရှင်က ဟွမ်ချင်းကျွဲ ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"မင်းတို့က တော်တော်တော် တတ်နိုင်တယ်။ ရှဲ့ကျစ်အဖွဲ့ဝင် အကုန်လုံးကို စုစည်းပြီး ငါတို့ ငါးယောက်လုံးကို တစ်ခါတည်းနဲ့ ပစ်မှတ်ထားဖို့ ကြံစည်ရဲတယ်ပေါ့"

အခန်း (၁၃၀၂) - အခွင့်အရေးကို ဖယ်ရှားခြင်း

တစ်ကြိမ်တည်းနဲ့... လူငါးယောက်ကို စောင့်ကြည့်တာလား

လူတိုင်းမှာ ဟွမ်ချင်းကျွဲ ထံသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြပြီး အမူအရာမှာ အလွန်ပင် ထူးဆန်းနေကြသည်။

ဒါယူး မသေမျိုးအရှင်၏ စကားအရဆိုလျှင် သူတို့၏ တာဝန်မှာ ဤနေရာတွင် ရှိနေသော လူငါးယောက်လုံးကို စောင့်ကြည့်ရန် ဖြစ်နေသည်ဟု ဆိုလိုနေခြင်းလော။

လူအားလုံးမှာ တူညီသော တာဝန်ပစ်မှတ်များ မဟုတ်ကြဘူးပေါ့။

ဟွမ်ချင်းကျွဲ သည် သူ၏ နှုတ်ခမ်းကို ဖိဆွဲလိုက်ပြီး မျက်နှာပေါ်တွင် အတင်းအကျပ် အပြုံးတစ်ခု ဖန်တီးလိုက်သည်။

"ကျုပ် သုဿန်ပင်လယ် မှာ တိုက်ခိုက်ခံရပြီးကတည်းက လုပ်ဆောင်ချက်တိုင်းကို ပိုပြီး သတိထားလာမိတယ်။ ဒီတစ်ခေါက် ရှဲ့ကျစ် ရဲ့ လှုပ်ရှားမှုမှာ အစကတည်းက ပစ်မှတ်တစ်ခုတည်းသာ ရှိတာပါ"

" ဒါပေမဲ့ ကျုပ် လက်အောက်ငယ်သားတွေထဲမှာ ဘယ်သူတွေက စင်ကြယ်သလဲဆိုတာ ကျုပ် အာမမခံနိုင်ဘူး။ ဒါကြောင့် သူတို့ကို အကြီးအကဲတွေကို အသီးသီး စောင့်ကြည့်ခိုင်းလိုက်တာပါ။ ဒါဟာ ပစ်မှတ်က ကြိုတင်မသိရှိနိုင်အောင် လှည့်စားထားတဲ့ သေးငယ်တဲ့ နည်းလမ်းတစ်ခုပဲ"

"ပြောစမ်းပါဦး၊ ဒီတစ်ခေါက် မင်းတို့ရဲ့ တကယ့်ပစ်မှတ်က ဘယ်သူလဲ။ လုံဖူးလား၊ ကျိတူးခုံးယွမ်လား၊ ဖေးလုလား၊ ချန်ခုံးလား၊ ဒါမှမဟုတ် ငါလား "

ဒါယူး မသေမျိုးအရှင်မှာ မျက်နှာပျက်သွားပြီး အေးစက်စက်ဖြင့် မေးလိုက်သည်

"မင်းတို့က ဒီလိုမျိုး လုပ်ကြတာလား။ ဝိဘာဥ်သုတ်သင်ခြင်း ဌာန ရဲ့ လုပ်ဆောင်ချက်တွေက အမြဲတမ်း အကြောင်းပြချက် ခိုင်လုံတတ်တယ်။ အခုတော့ သက်သေအထောက်အထား တစ်စုံတစ်ရာမှ မရှိဘဲနဲ့ အထက်အရာရှိတွေကို ဒီနေရာထိ လာစောင့်ကြည့်နေရသလား။ တကယ်လို့ မင်းသာ ဟွမ် ဆိုတဲ့ နာမည်မျိုး မရှိဘူးဆိုရင် မင်း အခုချိန်မှာ သေနေလောက်ပြီဆိုတာ သိသလား "

"ကျုပ် ဘာလို့ သေရမှာလဲ။ ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ ငါးယောက်ထဲမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်း နဲ့ တိတ်တဆိတ် ပူးပေါင်းနေတဲ့သူ တစ်ယောက်ယောက်များ ရှိနေလို့လား "

ဟွမ်ချင်းကျွဲ ၏ အသွင်အပြင်မှာ မကောင်းမွန်လှသော်လည်း သူ၏ အကြည့်များမှာ ဒါယူး မသေမျိုးအရှင်ကို စူးရဲစွာ စိုက်ကြည့်နေသည်။

"ဒါကြောင့် ကျုပ်တို့ ရှဲ့ကျစ် အဖွဲ့က မှန်ကန်တဲ့ ဦးတည်ချက်ကို ရှာတွေ့ခဲ့တာပဲ။ သူတို့က ဒီအခြေအနေကို တူးဖော်မိမှာ ကြောက်သွားလို့ ခွေးရူးလို ရမ်းကားပြီး တန့်ဌာနမှူး ကို သတ်ဖြတ်လိုက်တာပဲ "

"တန့်ဌာနမှူး သေသွားပြီ "

လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်မိကြသည်။

နင်ပေ့ယိုနှင့် ရွှီနန်ကွေးတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှုနှင့် မကျေနပ်မှုများ ပေါ်လွန်းနေသည်။

တန့်ဌာနမှူးမှာ ရှဲ့ကျစ် အဖွဲ့ထဲတွင် အဆင့်အတန်း အမြင့်ဆုံးဖြစ်ပြီး အဆင့် (၄) မသေမျိုးအရှင် ဖြစ်သော်လည်း နန်ချင်းကြယ်တာရာနယ်မြေတွင် အသံတိတ် အသက်ဆုံးရှုံးသွားခဲ့ရသည်။

ဟွမ်ချင်းကျွဲ ကိုယ်တိုင်လည်း အကြီးအကျယ် ဒဏ်ရာရထားပုံရသည်။

"အရူးပဲ"

ဒါယူး မသေမျိုးအရှင်က အော်ဟစ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်နေပြီး ထိုစွမ်းအားများထဲမှ အနည်းငယ်မျှသာ ဟွမ်ချင်းကျွဲ အပေါ်သို့ ကျရောက်ပါက သူသည် မလွန်ဆန်နိုင်သော ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ကဲ့သို့ ချက်ချင်းပင် ပြာဖြစ်သွားပေလိမ့်မည်။

"ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းနေတယ်လို့ ပြောရဲဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ။ ငါတို့လက်ချက်နဲ့ သေဆုံးသွားတဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေ အများကြီးပဲ။ ငါတို့ အားလုံးဟာ သွေးမြေကျတဲ့ စစ်ပွဲတွေထဲကနေ ရုန်းထွက်လာခဲ့ကြသူတွေ၊ မင်းလို လူငယ်တစ်ယောက်က ဘာလို့ ဒီလို ပြောရဲရတာလဲ "

ဒါယူး မသေမျိုးအရှင်က ဟွမ်ချင်းကျွဲ ကို စိုက်ကြည့်နေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖိအားကြောင့် ဟွမ်ချင်းကျွဲ မှာ မျက်နှာဖြူဖျော့သွားသည်။

သို့သော် ဟွမ်ချင်းကျွဲ မှာ ကြောက်ရွံ့ခြင်း မရှိဘဲ ရယ်မောလျက်

"တစ်... နှစ်... သုံး... လေး..."

ဟု ပြောသည်။

သူသည် တည်ရှိနေသော အဆင့် (၆) မသေမျိုးအရှင် လေးဦးကို လက်ညှိုးထိုးလိုက်ပြီး ဝမ်ချုံးစန်းကိုမူ မထိုးပေ။

"ဒီတစ်ခေါက် ကျုပ်တို့ရဲ့ ပစ်မှတ်က ခင်ဗျားတို့ လေးယောက်ထဲက တစ်ယောက်ပါ ချန်ခုံး မသေမျိုးအရှင်ကတော့ အလကားပါပဲ။ သူက အာရုံလွှဲဖို့အတွက်ပဲ။ တကယ်တမ်း ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းပြီး တန့်ဌာနမှူးကို တစ်ချက်တည်းနဲ့ သတ်လိုက်တဲ့သူက ခင်ဗျားတို့ကြားထဲမှာ ရှိနေတယ် "

သူပြောသော ချန်ခုံး မသေမျိုးအရှင်မှာ ဝမ်ချုံးစန်းကို ဆိုလိုခြင်းဖြစ်သည်။

ဖန့်ချန်သည် ဝမ်ချုံးစန်းကို ကြည့်လိုက်ရာ ဝမ်ချုံးစန်းမှာလည်း သူ့ကိုကြည့်ပြီး နွေးထွေးသောအပြုံးဖြင့် ပြန်လည်ပြုံးပြနေသည်။

ထိုအပြုံးမှာ တစ်ဖက်လူနှင့် ရင်းနှီးချင်စရာကောင်းလောက်အောင် သိမ်မွေ့သည်။

"လူကြီးမင်းတို့လည်း ဒေါသထွက်မနေပါနဲ့ ကျုပ်က နန်ချင်းကြယ်တာရာနယ်မြေမှာ ကြာကြာနေတဲ့သူဆိုပေမဲ့ သိုင်းဝိညာဥ်နယ်မြေ မှာ ရှဲ့ကျစ် အဖွဲ့ဝင်တွေ ပေါ်လာတယ်ဆိုတာ ကြားဖူးပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်၊ ကျုပ်တို့ ဝိညာဥ်သုတ်သင်ခြင်းဌာ နထဲက ပိုးမွှားတွေကို ရှင်းလင်းပေးတာပေါ့ "

ဝမ်ချုံးစန်းက ပြုံး၍ လက်ယှက်ကာ ဂါရဝပြုပြီး ဟွမ်ချင်းကျွဲကို ကြည့်သည်။

"ကျုပ်ကို အာရုံလွှဲဖို့ အသုံးပြုခဲ့တာကိုတော့ နည်းနည်းတော့ မကျေနပ်ပေမဲ့ တွေးကြည့်ရင် ကျုပ်ရဲ့ ကျင့်ကြံအဆင့်က အဆင့် (၄) ပဲ ရှိသေးတာဆိုတော့ ရှဲ့ကျစ် အဖွဲ့ဝင် အများကြီး လာဖို့ မလိုလောက်ပါဘူး။ ဒါဆို မင်းအမြင်မှာ ငါ့မှာ သံသယ မရှိတော့ဘူးပေါ့ ဟုတ်လား "

ဟွမ်ချင်းကျွဲ က ခေါင်းညိတ်သည်။

"အကြီးအကဲမှာ သံသယ မရှိပါဘူး။ ကျုပ်တို့လည်း အကြီးအကဲအတွက် လာတာ မဟုတ်ပါဘူး"

"ကောင်းပြီလေ။ ငါ့မှာ သံသယ မရှိဘူးဆိုတော့ တရားမျှတတဲ့ စကားတစ်ခွန်း ပြောပေးရမှာပေါ့ "

ဝမ်ချုံးစန်းက လုံဖူး၊ ကျိတူးခုံးယွမ်၊ ဖေးလုတို့ထံသို့ ကြည့်ပြီးနောက် ဒါယူးထံသို့ အကြည့်ရောက်သွားသည်။

"တန့်ဌာနမှူး ရဲ့ သေဆုံးမှုဟာ ငြင်းပယ်လို့မရတဲ့ အမှန်တရားပါပဲ။ ချင်းကျွဲ မိတ်ဆွေတောင် တစ်ဖက်လူလက်ချက်နဲ့ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါက သူတို့ ဒီတစ်ခေါက် မှန်ကန်တဲ့နေရာကို ရောက်လာတာကို ပြသနေတာပဲ။ ခင်ဗျားတို့ လေးဦးထဲမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းနေတဲ့သူ တစ်ယောက်ယောက် ရှိနေတာ သေချာတယ် "

ဝမ်ချုံးစန်းက ပြုံးလျက်

"ချင်းကျွဲ မိတ်ဆွေ၊ တန့်ဌာနမှူးက သေခါနီးအချိန်မှာ ဘယ်သူ့ကို စောင့်ကြည့်နေခဲ့တာလဲဆိုတာ ပြောပြလိုက်ရင် ကျုပ်တို့ကို အဖြေတစ်ခု ရနိုင်မှာပေါ့။"

ဒါယူးတို့ လေးဦးမှာ ဟွမ်ချင်းကျွဲ ထံသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

လုံဖူးက ပြုံး၍

"ချန်ခုံး မသေမျိုးအရှင် ပြောတာ မှန်တယ်။ ချင်းကျွဲ မိတ်ဆွေ၊ ပြောပြပါဦး။ တန့်ဌာနမှူးက ခင်ဗျားတို့ လေးယောက်ထဲက ဘယ်သူ့ကို စောင့်ကြည့်ဖို့ တာဝန်ယူခဲ့တာလဲ "

ဟွမ်ချင်းကျွဲ မှာ အမူအရာ ပြောင်းလဲသွားပြီး ခေါင်းကို ငုံ့ထားရာမှ အတော်ကြာမှ မော့ကြည့်လိုက်သည်

"တန့်ဌာနမှူး က ချန်ခုံး မသေမျိုးအရှင်ကို စောင့်ကြည့်နေတာပါ "

ဝမ်ချုံးစန်းမှာ အံ့ဩသွားပြီးနောက် မျက်နှာပျက်ကာ

"မင်းက ငါ့မှာ သံသယမရှိဘူးလို့ ပြောပြီးတော့ ရှဲ့ကျစ် ထဲက အစွမ်းအထက်ဆုံးသူကို ငါ့ကို စောင့်ကြည့်ခိုင်းတာလား"

ဟု မေးသည်။

"ခင်ဗျားတို့ရဲ့ ကျင့်ကြံအဆင့်က မြင့်လွန်းလို့ ခင်ဗျားတို့ကို စောင့်ကြည့်ရင် ပေါ်သွားမှာ စိုးလို့ပါ။ ချန်ခုံး မသေမျိုးအရှင်ကို စောင့်ကြည့်တာက အသင့်တော်ဆုံးပါပဲ။ တကယ်လို့ တစ်ဖက်လူက သတိထားမိရင်တောင် ကျုပ်တို့ရဲ့ ပစ်မှတ်က ချန်ခုံး မသေမျိုးအရှင် ဖြစ်နေတယ်လို့ ထင်သွားအောင် လှည့်စားထားတာပါ "

ဟွမ်ချင်းကျွဲ က ပွင့်လင်းစွာ ပြောသည်။

"ချန်ခုံး မသေမျိုးအရှင်က တန့်ဌာနမှူးကို တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ အရည်အချင်း မရှိဘူး။ အဲဒီသဲလွန်စက ပြတ်သွားပြီ "

ဒါယူးက တည်ကြည်စွာ ပြောသည်။

အသံမထွက်ဘဲ ငြိမ်နေသော ဖေးလု မသေမျိုးအရှင်က ရုတ်တရက် ဟွမ်ချင်းကျွဲ ကို ကြည့်လိုက်သည်

"ချင်းကျွဲ မိတ်ဆွေ၊ ရှဲ့ကျစ် အဖွဲ့ ဒီကို ဘာလို့ လာရတာလဲဆိုတာ အခု တိုက်ရိုက်ပဲ ပြောပြလိုက်ပါ။ ဒီနေ့တော့ ငါတို့ အကုန်လုံး ရှိနေပြီ၊ ဘယ်သူ့ကိုမှ စိုးရိမ်စရာ မလိုတော့ဘူး "

"သိုင်းဝိညာဥ်နယ်မြေကို မပြန်ခင်အထိတော့ ကျုပ် ဘာမှ ပြောမှာ မဟုတ်ပါဘူး "

ဟွမ်ချင်းကျွဲ က ခေါင်းခါသည်။

ကျိတူးခုံးယွမ်က သက်ပြင်းချလိုက်သည်

"ဒီအကြောင်းပြချက်က ခိုင်လုံမှု မရှိဘူး။ ငါတော့ မင်းတို့ အဖွဲ့ထဲမှာ ဘယ်သူက ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းနေသလဲဆိုတာတောင် မသေချာဘူးလို့ ထင်တယ်။ နောက်ပြီး မင်းတို့မှာ ဘာသက်သေမှလည်း မရှိဘူး"

"တန့်ဌာနမှူး သေဆုံးမှုက တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်နိုင်တယ်။ ဒီရက်ပိုင်းမှာ တန်တိုင်တောင်နယ်မြေမှာ လှုပ်ရှားနေတဲ့ အဆင့် (၆) မသေမျိုးအရှင်တွေ အများကြီးပဲ။ သူတို့ထဲမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းကလူတွေလည်း ပါနိုင်တာပဲလေ "

သူခဏရပ်ပြီးနောက်

"တကယ်လို့ မင်းရဲ့ အစီအစဉ်ကို ဝိညာဉ်နတ်ဘုရားဂိုဏ်းက သိသွားရင် ငါတို့အချင်းချင်း အပြန်အလှန် သံသယဖြစ်အောင် လုပ်နေတာ ဖြစ်ရင်ရော ဘယ်လိုလုပ်မလဲ "

ဟွမ်ချင်းကျွဲ မှာ အမူအရာ ပြောင်းလဲသွားသည်။

"ဒါက အဖြေမရှိတဲ့ ပုစ္ဆာပဲ။ စစ်ဆေးလို့မရတော့ဘူး ဒီလူ လေးဦးစလုံးက အဆင့် (၆) မသေမျိုးတွေ၊ သက်သေအထောက်အထား မရှိဘဲနဲ့ ဝိညာဥ်သုတ်သင်ခြင်း ဌာနက ဒီကိစ္စကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး..."

ဝမ်ချုံးစန်းက ရေရွတ်သည်။

ဒါယူး မသေမျိုးအရှင်က ဟွမ်ချင်းကျွဲ ကို အေးစက်စက် ကြည့်ကာ

"ငါက သိုင်းဝိညာဥ်နယ်မြေ ဝိညာဥ်သုတ်သင်ခြင်းဌာနရဲ့ အထက်အရာရှိအနေနဲ့ အခုပဲ ကြေညာလိုက်မယ်။ ရှဲ့ကျစ် အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ။ မင်းက ဒီနေ့ကစပြီး ဝိညာဥ်သုတ်သင်ခြင်း ဌာနရဲ့ အဖွဲ့ဝင် မဟုတ်တော့ဘူး။ ဘယ်လိုဌာနရေးရာကိစ္စမှ ပါဝင်ခွင့် မရှိတော့ဘူး "

"ခင်ဗျားမှာ ဒီလိုလုပ်ပိုင်ခွင့် မရှိဘူး "

ဟွမ်ချင်းကျဲ့က အေးစက်စက်ဖြင့် ပြောသည်။

ဒါယူးက လုံဖူးတို့အုပ်စုကို ကြည့်ကာ

"ဒီမှာ အဆင့် (၆) မသေမျိုး လေးယောက် ရှိတယ်။ သူတို့ အကုန်လုံးက ငါ့ဆုံးဖြတ်ချက်ကို သဘောတူရင် အထက်နယ်မြေ သုံးခုဆီ ရောက်သွားရင်တောင် ဘယ်သူမှ ငါ့ကို အပြစ်ပြောနိုင်မှာ မဟုတ်ဘူး။ လုံဖူး... ခင်ဗျားတို့ရဲ့ သဘောထားက ဘယ်လိုလဲ "

"ရှဲ့ကျစ် တော်တော်လေး ရမ်းကားလွန်းနေပြီ၊ ငါ သဘောတူတယ် "

လုံဖူးက ခေါင်းညိတ်သည်။

ကျိတူးခုံးယွမ်နှင့် ဖေးလုတို့လည်း ခေါင်းညိတ်လိုက်ကြသည်။

ဟွမ်ချင်းကျွဲ ၏ မျက်နှာမှာ ဖြူဖျော့နေပြီး လဲကျလုနီးပါး ဖြစ်နေသည်ကို နင်ပေ့ယိုက ပြေးလာကာ ထိန်းလိုက်သည်။

"ကျုပ် အဆင်ပြေပါတယ်... မင်းတို့၊ အရင်ဆုံး အခြေစိုက်စခန်းကို ပြန်သွားကြပါ။ နောက်ပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်တယ် "

ဟွမ်ချင်းကျဲ့က တိုးတိုးလေး ပြောသည်။

ဒါယူးကမူ လက်ကာပြကာ

"သူတို့လည်း အခြေစိုက်စခန်း ပြန်စရာ မလိုတော့ဘူး။ ဒီနေ့နောက်ပိုင်း သူတို့ရဲ့ ဝိညာဥ်သုတ်သင်ခြင်းဌာနဆိုတဲ့ ဌာနမှူး ရာထူးကိုပါ ဖယ်ရှားလိုက်ပြီ သူတို့ဟာ ဌာနရဲ့ အဖွဲ့ဝင်တွေ မဟုတ်တော့ဘူး။ ဒီလိုမှသာ မင်းတို့ ဒီနေ့လုပ်ခဲ့တဲ့အရာတွေကို အများပြည်သူ သိသွားရင်တောင် မကျေနပ်မှုတွေ မဖြစ်လာမှာ။ ဒါက မင်းတို့ကို ကာကွယ်ပေးတာပဲ၊ ကျေးဇူး မကန်းကြနဲ့ "

All Chapters