← Chapters

အခန်း (၁၃၀၃-၁၃၀၄)

Vol. 131 Ch. 1303-1304

အခန်း (၁၃၀၃-၁၃၀၄)

Vol. 131 Ch. 1303-1304

အခန်း (၁၃၀၃) - ဖျက်သိမ်းခြင်း

နင်ပေ့ယိုနှင့် အခြားသူများမှာ အစပိုင်းတွင် မိန်းမောသွားကြပြီး ခဏအကြာတွင် ဒေါသတကြီး ဖြစ်သွားကြသည်။

တစ်ဖက်လူ၏ စကားတစ်ခွန်းတည်းဖြင့် သူတို့၏ ဌာနမှူး ရာထူးကိုပါ ဖယ်ရှားလိုက်ပြီတဲ့လား။

"ဒါယူး မသေမျိုးအရှင်... ဒေသအသီးသီးက ဌာနမှူးတွေရဲ့ ရာထူးဆိုတာ ခင်ဗျား ပြောတိုင်း ဖယ်ရှားလို့ ရတဲ့အရာ မဟုတ်ပါဘူး။ ဒါဟာ အဆင့်ဆင့် အတည်ပြုချက်တွေ လိုအပ်တဲ့ ကိစ္စပါ။ ခင်ဗျား ခုလို လုပ်တာဟာ စည်းကမ်းနဲ့ မညီညွတ်ပါဘူး "

ဟု ရွှီနန်ကွေးက လေးနက်စွာ ပြောသည်။

"အတည်ပြုချက်ကိစ္စကိုတော့ ငါ နန်ချင်းကြယ်တာရာနယ်မြေကနေ ထွက်သွားတာနဲ့ စတင်ဆောင်ရွက်မှာပါ။ မင်းတို့ ကံကောင်းမယ်လို့ မထင်ပါနဲ့၊ ငါ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဘယ်သူကမှ မင်းတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး "

ဒါယူး မသေမျိုးအရှင်က အေးစက်စက်ဖြင့်

"မင်းတို့ ဟွမ်ချင်းကျွဲ နောက်ကို လိုက်ပြီး ရမ်းကားခဲ့တဲ့အတွက် ဒီနေ့လိုမျိုးကို ကြိုတွေးထားသင့်တယ်"

ဟု ပြောသည်။

"ကဲ... ဒီတစ်ခေါက်တော့ ငါတို့ တကယ် ရှုံးနိမ့်ခဲ့ပြီ။ အနိုင်ရတဲ့သူက အနိုင်ပဲ၊ ရှုံးတဲ့သူက ရှုံးသူပဲ။ ဒါယူး မသေမျိုးအရှင် ပြောတဲ့အတိုင်းပဲ လုပ်လိုက်ကြပါ။ နောက်ပိုင်းမှာတော့ ကျုပ်တို့အားလုံးဟာ ရဲဘော်ဟောင်းတွေ မဟုတ်တော့ဘဲ မိတ်ဆွေတွေအဖြစ်ပဲ နေကြတာပေါ့"

ဟု ဟွမ်ချင်းကျွဲ က တည်ငြိမ်စွာ ပြောသည်။

"ချင်းကျဲ့ မိတ်ဆွေ... ကျုပ်တို့က ဒီလိုမျိုးနဲ့ ရယ်စရာ ဖြစ်သွားရမှာလား "

ဟု ရှဲ့ကျစ် အဖွဲ့ဝင်တစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောလိုက်သည်။

"လက်ရုံးက ပေါင်ကို မနိုင်ဘူး (အားမတန်မာန်လျှော့) ပေါ့ဗျာ။ ကျုပ်တို့ ကြိုးစားခဲ့ကြပြီးသားပါ၊ ဒီနှစ်တွေအတွင်းမှာလည်း အောင်မြင်မှု အချို့တော့ ရှိခဲ့ပါတယ်"

"နောင်တစ်ချိန်မှာ ဝိညာဥ်သုတ်သင်ခြင်းဌာနရဲ့ အကြီးအကဲတွေက ရှဲ့ကျစ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းချင်လာရင် ကျုပ်တို့ ချန်ရစ်ခဲ့တဲ့ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေက သူတို့ကို အကူအညီ ဖြစ်စေမှာပါ။ အဲဒီအခါကျရင် ဒါဟာ ရယ်စရာတစ်ခု ဖြစ်မလာတော့ပါဘူး "

ဟု ဟွမ်ချင်းကျွဲ က နှစ်သိမ့်လိုက်သည်။

ကျိတူးခုံးယွမ်နှင့် ဖေးလုတို့က ဘာမျှမပြောကြဘဲ၊ လုံဖူး မသေမျိုးအရှင်ကမူ ပြုံးလိုက်ပြီး ဟွမ်ချင်းကျွဲ ၏ စကားကို ငြင်းဆန်ခြင်း မပြုပေ။

လူတိုင်းမှာ ဝိညာဥ်သုတ်သင်ခြင်းဌာန၏ တံဆိပ်နှင့် ရှဲ့ကျစ်အဖွဲ့၏ တံဆိပ်တို့ကို အပ်နှံပြီးနောက်၊ ဒါယူးတို့၏ အကြည့်အောက်တွင် ချိုင့်ဝှမ်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ဖန့်ချန် ထွက်ခွာတော့မည့်အချိန်တွင် ဝမ်ချုံးစန်းက သူ့ကို ခေါ်ထားပြီး သူကိုယ်တိုင်လည်း ကိုယ်ပွားလုပ်သည့် ပညာတွင် နားလည်မှုရှိကြောင်း၊ နောင်အခါတွင် အပြန်အလှန် ပိုမို ရင်းနှီးစွာ ဆွေးနွေးကြရန် ဖော်ရွေစွာ ပြောဆိုလိုက်သည်။

ဖန့်ချန်က ရိုသေသစွာ ခေါင်းညိတ်ပြီးမှ ချိုင့်ဝှမ်းမှ ထွက်ခွာလာသည်။

"ပြောရမယ်ဆိုရင် ဟွမ်ချင်းကျွဲ ခေါ်လာတဲ့ ဒီရှဲ့ကျစ် အဖွဲ့ဝင်တွေကလည်း မသေမျိုးလမ်းကြောင်းပေါ်မှာ ထိပ်တန်း ပါရမီရှင်တွေပါပဲ "

လုံဖူး မသေမျိုးအရှင်က ရုတ်တရက် သက်ပြင်းချလိုက်သည်။

"တကယ်လို့ သူတို့သာ ဒီနှစ်တွေအတွင်းမှာ ဒေသအသီးသီးက ဌာနမှူးတွေကို အမျက်မထွက် မိဘူးဆိုရင်၊ သူတို့ရဲ့ စွမ်းရည်နဲ့ဆိုရင် ဝိညာဥ်သုတ်သင်ခြင်းဌာနမှာ ရာထူးမြင့်မြင့်ကို ရောက်နိုင်ကြမှာပါ "

"ဟွမ်ချင်းကျွဲ က အရမ်း အလျင်စလို လုပ်လွန်းတယ်။ အရင်တုန်းက ဟွမ်တောက်ကျင်းတောင် သူ့ကို စိတ်မရှည်လို့ အရေးယူခဲ့ရတာပဲ။ ရှဲ့ကျစ် အဖွဲ့ဝင်တွေဆိုတာ ဌာနမှာ နေရာမရနိုင်ဘူးဆိုတာ ဒါကိုကြည့်ရင် သိသာပါတယ်"

ဟု ဒါယူး မသေမျိုးအရှင်က လှောင်ပြောင်လိုက်သည်။

ကျိတူးခုံးယွမ်က ခေါင်းညိတ်သည်။

"ဒီကာလအတွင်းမှာ ကျုပ် နန်ချင်းမှာ ရှိနေပေမဲ့ တခြားမိတ်ဆွေတွေဆီကနေ ဌာနတွင်းမှာ ပျံ့နှံ့နေတဲ့ သတင်းစကားတွေကို ကြားနေရတယ်။ ရှဲ့ကျစ်အဖွဲ့ ရှိနေတဲ့ နှစ်တွေအတွင်းမှာ တကယ်ကိုပဲ နေရာအတော်များများမှာ ဒုက္ခရောက်ပြီး ပြဿနာတွေ အများကြီး ဖြစ်ခဲ့ရတာပါ "

"ဌာနက အခု လိုအပ်နေတာက တည်ငြိမ်မှုပါ။ ရှဲ့ကျစ်အဖွဲ့ ရှိနေတာက ဒီအရာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ် "

ဖေးလု မသေမျိုးအရှင်က အေးဆေးစွာ ပြောသည်။

"အောက်ခြေက ဌာနမှူးတွေရဲ့ လုပ်ရပ်တွေက မှားကောင်းမှားလိမ့်မယ်၊ ဒါပေမဲ့ သူတို့က အရင်းအမြစ်ကို ထိခိုက်အောင် လုပ်တာမျိုး မဟုတ်ဘူး။ သူတို့ကို အခွင့်အရေး ပိုပေးသင့်တယ်။ တစ်ချက်တည်းနဲ့ အကုန်လုံးကို ရိုက်ချိုးပစ်ဖို့ မကောင်းဘူး "

"အကြီးအကဲ လေးဦးခင်ဗျား... ကျုပ်က ဒီတစ်ခေါက် အလကားသက်သက် အာရုံလွှဲဖို့ ခေါ်လာခံရတာပါ။ နောက်ထပ် ကိစ္စမရှိတော့ရင် ကျုပ် အရင် ပြန်ခွင့်ပြုပါဦး "

ဝမ်ချုံးစန်းက ပြုံးရွှင်စွာဖြင့် လက်ယှက်ကာ ခွင့်ပန်သည်။

အဆင့် (၆) မသေမျိုး လေးဦးမှာ ဂရုမစိုက်စွာ ခေါင်းညိတ်ပြလိုက်သည်။

သူတို့အမြင်တွင် အဆင့် (၆) ဖြစ်မှသာ တစ်တန်းတည်း ဟု သတ်မှတ်ကြပြီး၊ အဆင့် (၆) အောက်တွင် ရှိနေသမျှမှာ လုပ်ဖော်ကိုင်ဖက် ဖြစ်သည့်တိုင် အနည်းငယ်တော့ လိုအပ်ချက် ရှိနေသေးသည်ဟု ယူဆကြသည်။

...

ဖန့်ချန်၏ နောက်သို့ အရိပ်တစ်ခုလို အမြဲလိုက်ပါနေသော ကျိထျန်းတု နှင့် ဆူယာတို့သည် ယခုမှသာ ဖန့်ချန်၏ တကယ့်အထောက်အထားကို သဘောပေါက်သွားကြသည်။

"သူသာ ဝိညာဥ်သုတ်သင်ခြင်းဌာနရဲ့ အဖွဲ့ဝင်ဆိုရင် ကျုပ်တို့ရဲ့ အရင် ခန့်မှန်းချက်တွေက မှားနေပြီ။ ဒါဆိုရင် မသေမျိုးလောကငယ် က ကျင့်ကြံသူတွေက ကြားကနေ ဝင်နှောင့်ယှက်နေတာ မဟုတ်ဘူးပေါ့ "

ကျိထျန်းတု၏ မျက်နှာမှာ လေးနက်သွားသည်။

" ဝိညာဥ်သုတ်သင်ခြင်း ဌာနက ဟွမ်ချင်းကျွဲ နဲ့ စကားပြောတုန်းက မြေဝက်ဝံဂြိုလ် မှာ သူတို့ကို အဆင်ပြေအောင် လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အဲဒီအချိန်တုန်းက စကားပြောပုံအရ နင် သူ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိခဲ့တာလား "

ဆူယာက မျက်မှောင်ကြုတ်လျက် မေးသည်။

သူမ ရုတ်တရက် သတိထားမိသွားသည်မှာ မြေဝက်ဝံဂြိုလ် ကိစ္စမအောင်မြင်ရခြင်းမှာ ကျိထျန်းတု နှင့် ပတ်သက်နေနိုင်သည်ဟုပင်။

ကျိထျန်းတု ၏ စရိုက်ကို သူမ သိသည်။

မရည်ရွယ်ဘဲနဲ့ ဟွမ်ချင်းကျွဲ ကို အမျက်တော်ရှအောင် လုပ်မိလိုက်တာ ဖြစ်နိုင်ပြီး၊ အဲဒီအတွက်ကြောင့် ဝိညာဥ်သုတ်သင်ခြင်း ဌာနက သူတို့ကို ကူညီမပေးဘဲ ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်။

"ကျုပ် ပြောလိုက်တဲ့ စကားတွေက အလွန်အကျွံ မဟုတ်ပါဘူး။ သူတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပါဘူး။ ကျုပ်တို့ ဆွေးနွေးပြီးတဲ့အခါမှာ ဝိညာဥ်သုတ်သင်ခြင်းဌာနက ကျုပ်တို့နဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အခြေအနေတွေကို လက်ခံခဲ့တာပဲ "

ကျိထျန်းတု ၏ အမူအရာမှာ သဘာဝမကျပေ။

"ဒါဆို ဘာလို့ သူတို့က နောက်ကျောကို ဓားနဲ့ ထိုးရတာလဲ။ ဒါယူး မသေမျိုးအရှင်က ဟွမ်ချင်းကျွဲ ရဲ့ စီစဉ်မှုနဲ့ပဲ ဒါတွေကို လုပ်တာ ဖြစ်မယ် "

ဆူယာ၏ အကြည့်များမှာ အဖွဲ့၏ ရှေ့ဆုံးတွင် လမ်းလျှောက်နေသော ဟွမ်ချင်းကျွဲ ထံသို့ ရောက်ရှိသွားသည်။

"ဆိုလိုတာက... ဒါယူး မသေမျိုးအရှင်က ဟွမ်ချင်းကျွဲ ရဲ့ အကြံအစည်ကြောင့်ပဲ ဝင်ပါတာပေါ့ "

ကျိထျန်းတုမှာ တုန်လှုပ်သွားပြီး ထိုအကြောင်းများကို ပြန်တွေးကြည့်သောအခါ ကြက်သီးမွေးညင်းများပင် ထလာသည်။

ဒါဆိုလျှင် မဟာမြေမသေမျိုးအရှင်နှင့် ကြယ်မိုး မသေမျိုးအရှင်တို့၏ ရန်ငြိုးရန်စမှာ ဝိညာဥ်သုတ်သင်ခြင်း ဌာန၏ လက်ချက်ပဲ ဖြစ်မလား။

အသွေးသား မသေမျိုး အငွေ့အသက်ကို ချန်ရစ်ထားခဲ့ပြီး ကြယ်မိုး မသေမျိုးအရှင်ကို မဟာမြေ မသေမျိုးအရှင် လုပ်တာလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ခဲ့တာလား။

"စိတ်တိုစရာ ကောင်းလိုက်တာ တကယ်လို့ ဒါက ဝိညာဥ်သုတ်သင်ခြင်း ဌာနရဲ့ လက်ချက်သာဆိုရင်၊ ကျုပ်တို့က သူတို့နဲ့ တစ်နေ့နေ့တော့ စာရင်းရှင်းရလိမ့်မယ် "

ကျိထျန်းတု က ဒေါသတကြီးဖြင့် သွားများကြိတ်လျက် ပြောသည်။

အဖွဲ့၏ ရှေ့ဆုံးတွင် လူတိုင်းက ဟွမ်ချင်းကျွဲ နှင့်အတူ သွားနေကြသည်။

ယခုတွင် သူတို့သည် ရှဲ့ကျစ်အဖွဲ့ဝင်များ မဟုတ်တော့သလို၊ ဝိညာဥ်သုတ်သင်ခြင်းဌာန ဌာနမှူးများလည်း မဟုတ်တော့ပေ။

တာဝန်မှာလည်း ကြိုတင် ပြီးဆုံးသွားပြီဖြစ်၍ လျှို့ဝှက်ထားရန် မလိုတော့ပေ။

"ချင်းကျွဲ မိတ်ဆွေ... ကျုပ်တို့ တကယ်ပဲ ဒီအတိုင်း အရှက်တကွဲ ထွက်သွားရမှာလား။ အဲဒီလေးယောက်ထဲမှာ ဘယ်သူက ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ သစ္စာဖောက်လဲဆိုတာ တကယ်မသိဘူးလား"

ရှဲ့ကျစ် အဖွဲ့ဝင်တစ်ဦးက ရုတ်တရက် မေးသည်။

"ခင်ဗျား ပြောပြလိုက်ပါ။ အခုချိန်မှာ ဘာမှ မလုပ်နိုင်ရင်တောင် ကျုပ်တို့ သိထားချင်တယ် "

လူတိုင်း၏ အကြည့်များမှာ ဟွမ်ချင်းကျွဲ ထံသို့ ရောက်ရှိသွားသည်။

ဟွမ်ချင်းကျွဲ က သက်ပြင်းချကာ ခေါင်းခါလိုက်သည်

"တန့်ဌာနမှူး က တစ်စုံတစ်ရာ သဲလွန်စကို ရခဲ့ပုံရတယ်။ ဒါပေမဲ့ သူ အခု အသက်ဆုံးရှုံးသွားပြီဆိုတော့ အဲဒီသဲလွန်စကလည်း ပြတ်တောက်သွားပြီပေါ့ "

လူတိုင်း နောက်ထပ် ဘာမှ မပြောကြတော့ပေ။

သူတို့သည် ရှီခုံးစျေး တွင် ပထမဆုံး စုဝေးခဲ့သည့် ခြံဝင်းသို့ ပြန်ရောက်လာကြသည်။

"လူကြီးမင်းတို့အားလုံး... ဒီတစ်ခေါက်တော့ ကျုပ်ကြောင့် အားလုံး ဒုက္ခရောက်ခဲ့ရပြီ။ နောင်တစ်ချိန်မှာ တစ်စုံတစ်ယောက် အခက်အခဲ ရှိလာရင် ဟွမ်မျိုးနွယ်စုဆီ သွားပြီး ကျုပ်အဖေကို ရှာလိုက်ပါ။ သူ ကူညီပေးပါလိမ့်မယ်။"

ဟွမ်ချင်းကျွဲ က လက်ထဲတွင် ရှိသော လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။

"ကျုပ် လက်ဖက်ရည်နဲ့ပဲ အစားထိုးပြီး တစ်ခွက်လောက် တိုက်ပါရစေ။ ဒီနေ့ပြီးရင် အားလုံးပဲ ရှေ့ဆက်မယ့်လမ်းမှာ အောင်မြင်ပါစေ "

လူတိုင်းက လက်ထဲရှိ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ကြသည်။

သောက်ပြီးနောက် နင်ပေ့ယိုက ရုတ်တရက်

"ချင်းကျွဲ မိတ်ဆွေ၊ ခင်ဗျား ပြောပုံအရဆိုရင် သိုင်းဝိညာဥ်နယ်မြေ မှာ ဆက်မနေတော့ဘူး ထင်တယ်နော် "

"ကျုပ် အိမ်ကို ကတိပေးထားတယ်။ ဒီတစ်ခေါက် ရှဲ့ကျစ်အဖွဲ့ မအောင်မြင်ခဲ့ရင် သူတို့ရဲ့ စီစဉ်မှုအတိုင်း အထက်နယ်မြေသုံးခုဆီ သွားပြီး ကျင့်ကြံတော့မယ်လို့ ပြောထားတယ် "

ဟွမ်ချင်းကျဲ့က တိုးတိုးလေး ပြောသည်။

လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အလိုအလျောက် ပြုံးလိုက်မိကြသည်။

သူတို့အတွက် ဒါကလည်း သတင်းကောင်းတစ်ခုပင်။

သူတို့နှင့်အတူ တိုက်ခိုက်ခဲ့ဖူးသော မိတ်ဆွေတစ်ဦးက အထက်နယ်မြေ သုံးခုတွင် ပုန်းအောင်း ကျင့်ကြံနေပါက၊ နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့အတွက် အကျိုးအမြတ် အများကြီး ရနိုင်ပေသည်။

"ချင်းကျွဲ မိတ်ဆွေရဲ့ ခရီးစဉ် ချောမွေ့ပါစေ "

ရွှီနန်ကွေးက စပ်စုကာ မေးသည်။

"ကျုပ်တို့က အထက်နယ်မြေ သုံးခုအကြောင်း သိပ်မသိသေးဘူး။ ချင်းကျွဲ မိတ်ဆွေအနေနဲ့ အဲဒီဘက်က သတင်းအချက်အလက်တွေ ကြိုတင် စုဆောင်းထားတာမျိုး ရှိလား "

"အထက်နယ်မြေ သုံးခုက လျှို့ဝှက်ဆန်းကြယ်တယ်လို့ ထင်မနေပါနဲ့၊ တကယ်တမ်းမှာတော့ သိပ်ပြီး ကောင်းတဲ့နေရာမျိုး မဟုတ်ပါဘူး။ အဲဒီမှာ တိုက်ပွဲတွေက အောက်နယ်မြေ ခြောက်ခုထက် ပိုပြီး ရက်စက်ကြမ်းကြုတ်တယ်။ ကျုပ်မိသားစုက ကျုပ်ကို အဲဒီကို ပစ်ချပြီး လေ့ကျင့်ပေးချင်နေတာပါ အဆင့် (၄) ကို ရောက်ဖို့အတွက် အစောကြီးကတည်းက ပြင်ဆင်ထားချင်တာလေ "

ဟွမ်ချင်းကျွဲ က ဒီအကြောင်းကို ဆက်ပြောချင်ပုံမရဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

နောက်တစ်နေ့တွင် ဟွမ်ချင်းကျွဲ သည် လူတိုင်း၏ ပို့ဆောင်ခြင်းကို ခံယူပြီးနောက် ထွက်ခွာသွားသည်။

ဖန့်ချန်တို့လည်း အသီးသီး ထွက်ခွာသွားကြသည်။

ရှီခုံးစျေး မှ ထွက်လာပြီးနောက် ဖန့်ချန်က ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သည်။

ဒီတစ်ခေါက် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေမှာ ထူးဆန်းတဲ့ နေရာတွေ အများကြီး ရှိနေတယ်။

ဟွမ်ချင်းကျွဲ နဲ့ ဒါယူး မသေမျိုးအရှင်တို့မှာလည်း ကိုယ်စီလျှို့ဝှက်ချက်တွေ ရှိနေတာ ဖြစ်နိုင်သည်။

သို့သော် ဖန့်ချန်ကတော့ ဒီကိစ္စကို ထပ်ပြီး စိတ်မဝင်စားတော့ပေ။

မသေမျိုးအရိုးဆီ ဝယ်ပြီးတာနဲ့ နန်ချင်းကြယ်တာရာနယ်မြေကနေ ထွက်ခွာပြီး ယင်လောက ဘက်သို့ သွားကာ ကျင့်ကြံတော့မည်။

အခန်း (၁၃၀၄) - အကူအညီအနည်းငယ်

ရွှမ်ယန် လေးဆင့်ခန္ဓာကိုယ်၏ တတိယမြောက် လျှို့ဝှက်ဆေးရည်အတွက် လိုအပ်သော မသေမျိုးအရိုးဆီ ပမာဏမှာ တစ်ကျပ်သား ဖြစ်သည်။

မှတ်တမ်းများအရ မသေမျိုးအရိုးဆီ၏ အသုံးဝင်ပုံမှာ အလွန်ကျယ်ပြန့်သော်လည်း တန်ဖိုးအရှိဆုံး အသုံးချမှုမှာ ကျင့်ကြံသူတစ်ဦး၏ အရိုးအဆစ်အရည်အချင်း ကို မြှင့်တင်ပေးခြင်းပင် ဖြစ်သည်။

ယခင်က မဟာရှနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဝိညာဉ်ခြင်ဆီ ဆိုသည်မှာ အမှန်စင်စစ် မသေမျိုးအရိုးဆီ၏ အခြေခံဗားရှင်းသာ ဖြစ်သည်။

အကယ်၍ ဝိညာဉ်ခြင်ဆီသာ လောကထဲသို့ ထွက်မလာဘဲ နောက်ထပ် နှစ်ပေါင်းသောင်းချီ၊ သိန်းချီ၍ ဆက်လက်သန္ဓေတည်နေပါက မသေမျိုးအရိုးဆီအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။

သို့သော် ၎င်းမှာ ပတ်ဝန်းကျင် အပြောင်းအလဲပေါ်တွင်လည်း မူတည်သည်။

အကယ်၍ မဟာရှ၏ ပတ်ဝန်းကျင် အခြေအနေမှာ တဖြည်းဖြည်း ဆိုးရွားလာပါက နှစ်ပေါင်းသန်းချီ ကြာမြင့်သော်လည်း ဝိညာဉ်ခြင်ဆီသည် မသေမျိုးအရိုးဆီအဖြစ်သို့ ကူးပြောင်းနိုင်မည် မဟုတ်ပေ။

အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ခမ်းခြောက်သွားရန်ပင် ဖြစ်နိုင်ချေရှိသည်။

"မင်းတို့ ကြားပြီးပြီလား။ ပြီးခဲ့တဲ့ရက်ပိုင်းက မဟာမြေ မသေမျိုးအရှင်ဟာ ကြယ်မိုး မသေမျိုးအရှင်ရဲ့ အပြင်းအထန် တိုက်ခိုက်တာကို ခံလိုက်ရပြီး ဒဏ်ရာအပြင်းအထန်နဲ့ နန်ချင်းကြယ်တာရာနယ်မြေကနေ ထွက်ပြေးသွားရတယ်တဲ့။ တကယ်လို့ ဒဏ်ရာကသာ ပြင်းထန်နေမယ်ဆိုရင် အာကာသ ထဲမှာတင် လမ်းပျောက်ပြီး ပျက်စီးသွားနိုင်တယ်ဟေ့ "

"ကြယ်မိုး မသေမျိုးအရှင်ကတော့ တကယ့်ကို အစွမ်းထက်တာပဲ။ ငါ့အထင်တော့ အဆင့် (၅) မသေမျိုးတွေထဲမှာ သူမရဲ့ စွမ်းအားက ထိပ်တန်းပဲ ဖြစ်လိမ့်မယ် "

ဖန့်ချန်သည် မလှမ်းမကမ်းတွင် ထိုင်နေသော ပုံရိပ်နှစ်ခုထံသို့ အကြည့်ပို့လိုက်သည်။

မသေမျိုးဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သည်။

မဟာမြေ မသေမျိုးအရှင်နှင့် ကြယ်မိုး မသေမျိုးအရှင်တို့၏ တိုက်ပွဲမှာလည်း အကြမ်းဖျင်း ရလဒ်ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုက်ရွှီ မသေမျိုးအရှင်က ထိုကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့သလို၊ ကြယ်မိုး မသေမျိုးအရှင်ကလည်း အခြားအကူအညီများကို မခေါ်ယူခဲ့ပေ။

သူမသည် ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့်သာ မဟာမြေ မသေမျိုးအရှင်ကို နန်ချင်းကြယ်တာရာနယ်မြေမှ ထွက်ပြေးသွားရသည်အထိ တိုက်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"လူကြီးမင်းတို့... ဝါရင့်အကြီးအကဲ ဟွမ် အခု အားနေပါပြီ။ ကျေးဇူးပြုပြီး အထဲကို ကြွပါဗျာ "

ကျင့်ကြံသူတစ်ဦး အထဲသို့ ဝင်လာပြီး စကားပြောနေသော လူနှစ်ဦးအား လက်ယှက်ဂါရဝပြုလျက် ပြောလိုက်သည်။

ထိုလူနှစ်ဦးမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြပြီး ကျင့်ကြံသူ၏ နောက်သို့ ကုတ်ကုတ်လေး လိုက်ပါကာ ဧည့်ခန်းမမှ ထွက်ခွာသွားကြသည်။

ထိုနေရာမှာ ဆယ်မျက်နှာဂိုဏ်း ၏ ဧည့်ခန်းမ ဖြစ်သည်။

ထိုနေရာသို့ မိတ်ဆွေရှာရန် သို့မဟုတ် ကျင့်ကြံသူများနှင့် တွေ့ဆုံရန် လာရောက်သူတိုင်းတွင် ခိုင်လုံသော အကြောင်းပြချက် ရှိရမည်ဖြစ်ပြီး၊ ထိုနေရာ၌ပင် အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းရသည်။

ဖန့်ချန် စုံစမ်းကြည့်ပြီးသလောက် နန်ချင်းကြယ်တာရာနယ်မြေတွင် ဆယ်မျက်နှာဂိုဏ်းမှလွဲ၍ အခြားမည်သည့် အင်အားစုတွင်မျှ ပိုလျှံသော မသေမျိုးအရိုးဆီ မရှိပေ။

ရှိလျှင်ပင် အသုံးပြုရန် သတ်မှတ်ထားပြီးသား ဖြစ်၍ ပြင်ပလူကို ရောင်းချရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် သူသည် ဆယ်မျက်နှာဂိုဏ်းသို့ လာရောက်ကာ ကံစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို လုံဖူး မသေမျိုးအရှင်က သူ့ကို တွေ့ဆုံရန် ဆန္ဒရှိမရှိ သိလိုသည်။

မသိလိုက်ဘဲနှင့် သူသည် ဤနေရာတွင် တစ်လခွဲနီးပါး စောင့်ဆိုင်းခဲ့ရသည်။

ထိုရက်များအတွင်း ကျင့်ကြံသူ အုပ်စုများစွာမှာ တွေ့ဆုံခွင့်ရ၍ ပျော်ရွှင်စွာ ထွက်ခွာသွားကြသည်ကိုလည်းကောင်း၊ အတွေ့မခံရသဖြင့် စိတ်ပျက်လက်ပျက် ထွက်သွားကြသည်ကိုလည်းကောင်း မြင်တွေ့ခဲ့ရသည်။

ကျင့်ကြံသူတစ်ဦး ဧည့်ခန်းမထဲသို့ ဝင်လာပြီး ဖန့်ချန် ရှိနေသေးသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး လက်ယှက်လျက်

"ဖန့်မိတ်ဆွေ... လုံဖူး မသေမျိုးအရှင်က ခင်ဗျားကို သူ့ရဲ့ ကျင့်ကြံရေးဂူဗိမာန်ဆီ လာဖို့ ခေါ်နေပါတယ်"

ဟု ဆိုသည်။

"ကျေးဇူးတင်ပါတယ် လင်မိတ်ဆွေ "

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြပြီး ထိုကျင့်ကြံသူနောက်သို့ လိုက်ပါကာ လုံဖူး မသေမျိုးအရှင်၏ ဂူဗိမာန်ရှိရာသို့ ပျံသန်းသွားခဲ့သည်။

လင်ချန်ဖူ သည် ဖန့်ချန်ကို တိတ်တဆိတ် အကဲခတ်နေမိသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဤလူ ရောက်လာပြီး လုံဖူး မသေမျိုးအရှင်ကို တွေ့ခွင့်တောင်းစဉ်က သူသည် ဖန့်ချန်အား အိမ်မက်ယောင်နေသော အရူးတစ်ယောက်ဟု ထင်ခဲ့မိသည်။

ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ အဆင့် (၁) မသေမျိုးအရှင်၏ တံခါးကိုပင် ဝင်ခွင့်ရရန် မသေချာသော်လည်း၊ ဆယ်မျက်နှာဂိုဏ်း၏ အဆင့်မြင့်ဆုံး အကြီးအကဲ သုံးဦးအနက် တစ်ဦးကို တွေ့ခွင့်တောင်းနေသည် မဟုတ်ပါလား။

သို့သော် အမှားအယွင်း မရှိစေရန် သူက ထိုသတင်းကို အထက်သို့ တင်ပြပေးခဲ့သည်။

မမျှော်လင့်ဘဲ တစ်လခွဲခန့်အကြာတွင် လုံဖူး မသေမျိုးအရှင်ထံမှ အကြောင်းပြန်စာ တကယ်ရောက်လာပြီး ထိုလူကို ခေါ်လာခိုင်းခြင်း ဖြစ်သည်။

လင်ချန်ဖူမှာ ဤလူ၏ နောက်ခံအကြောင်းကို အလွန်သိချင်နေသလို အားလည်းကျမိသည်။

သူကိုယ်တိုင် ဆယ်မျက်နှာဂိုဏ်းသား ဖြစ်သော်လည်း လုံဖူး မသေမျိုးအရှင်ကို မျက်နှာချင်းဆိုင် တွေ့ရခဲလှသည်။

"ဖန့်မိတ်ဆွေ... ခင်ဗျားနဲ့ လုံဖူး မသေမျိုးအရှင်က ဘယ်လိုမျိုး..."

လင်ချန်ဖူသည် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ သတိထားကာ မေးလိုက်သည်။

ဖန့်ချန် ခဏမျှ စဉ်းစားပြီးနောက် ပြုံး၍

"လုံဖူး မသေမျိုးအရှင်က ကျွန်တော့်ရဲ့ အထက်လူကြီး တစ်ယောက်ပါ။ ကျုပ်တို့ တစ်ခါပဲ တွေ့ဖူးကြသေးပေမဲ့၊ အခုလို ရုတ်တရက် လာရောက်နှောင့်ယှက်ရတာကလည်း အကူအညီတောင်းစရာ ရှိလို့ပါ"

ဟု ပြောလိုက်သည်။

အကူအညီတောင်းစရာ ရှိတာကတော့ သေချာပါသည်။

အဆင့် (၆) မသေမျိုးအရှင်ကို လာရှာသည့် မည်သူမဆို အကူအညီတောင်းရန်သာ ဖြစ်သည် မဟုတ်ပါလား။

လင်ချန်ဖူက စိတ်ထဲမှ ရေရွတ်လိုက်ပြီး အထင်ကြီးသည့် လေသံဖြင့်

"ဪ... လုံဖူး မသေမျိုးအရှင်ရဲ့ နောက်မျိုးဆက်ပေါ့။ ဖန့်မိတ်ဆွေက နောက်ပိုင်း ဆယ်မျက်နှာဂိုဏ်းမှာပဲ အခြေချမှာလား ဒါမှမဟုတ်..."

"ကျုပ် ဒီမှာ အကြာကြီး မနေပါဘူး "

ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

လင်ချန်ဖူမှာ ခဏမျှ မှင်သက်သွားပြီးနောက် အခြားအကြောင်းအရာများကို ပြုံးရွှင်စွာ ပြောဆိုလာကြသည်။

သူတို့နှစ်ဦး စကားလက်ဆုံကျနေရင်း လုံဖူး မသေမျိုးအရှင်၏ ဂူဗိမာန်ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် မျက်နှာအမူအရာ တည်တင်းနေပြီး အသားအရေမှာ အနည်းငယ် မွဲပြာနေသော အဘိုးအိုတစ်ဦးမှာ စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်ပုံရသည်။

လင်ချန်ဖူသည် ထိုအဘိုးအိုကို မြင်သောအခါ ချက်ချင်းပင် ရိုသေသော အမူအရာကို ပြသလိုက်သည်

"စီနီယာ... ဒီလူက ဖန့်မိတ်ဆွေပါပဲ "

"လူကို ငါ့လက်ထဲ အပ်ခဲ့၊ မင်း ပြန်တော့ "

အဘိုးအိုက အေးစက်စက်ဖြင့် ခေါင်းညိတ်ပြပြီး ဖန့်ချန်ကို ဂူဗိမာန်ထဲသို့ ခေါ်ဆောင်သွားသည်။

ဖန့်ချန်သည် ထိုအဘိုးအိုထံမှ အားနည်းသော နတ်ဆိုးအငွေ့အသက် တစ်ခုကို ရရှိလိုက်သည်။

မထူးဆန်းလျှင် ထိုသူသည် နတ်ဆိုးကျင့်ကြံသူ တစ်ဦး ဖြစ်ပေလိမ့်မည်။

လမ်းမရှည်ကြီးကို ဖြတ်ကျော်ပြီးနောက် အဘိုးအိုသည် ဖန့်ချန်အား ပွင့်နေသော ခြံဝင်းငယ်လေးတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။

"လုံဖူး မသေမျိုးအရှင် အခုချက်ချင်း ပြန်ရောက်လာလိမ့်မယ်၊ ခဏစောင့်ပါ"

ဟု အဘိုးအိုက အေးစက်စွာ ပြောသည်။

အခုချက်ချင်း ပြန်ရောက်လာမယ်

ဖန့်ချန်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

သို့သော် စက္ကန့်အနည်းငယ်အကြာတွင် ပုံရိပ်တစ်ခုသည် ထိုအဘိုးအို၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထို့နောက် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ရာ သူ၏ ကျယ်ပြန့်သော လက်အင်္ကျီလက်ပတ်ကြီးများမှာ ပေါ်လွင်နေသည်။

လုံဖူး မသေမျိုးအရှင်လား

လုံဖူး မသေမျိုးအရှင် ဘာလုပ်မည်ကို ဖန့်ချန် စဉ်းစား၍ မပြီးသေးမီမှာပင် ကောင်းကင်တွင် မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခု ပေါ်လာသည်။

ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

ဤတိမ်တိုက်မည်းကြီးမှာ အလွန်ထူထပ်သော နတ်ဆိုးအငွေ့အသက်များကို ထုတ်လွှတ်နေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှသာ ဤသည်မှာ တိမ်တိုက်မဟုတ်ဘဲ၊ ကြီးမားသော ကိုယ်ထည်ရှိသည့် အနန္တသော လင်းနို့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သူ သိလိုက်ရသည်။

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော လင်းနို့များသည် ထိုနေရာသို့ ရူးသွပ်စွာ တိုးဝှေ့ဝင်ရောက်လာကြပြီး မျက်စိရှေ့တင်ပင် သေးငယ်သွားကာ တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့လျက် လုံဖူး မသေမျိုးအရှင်၏ လက်အင်္ကျီလက်ပတ်ထဲသို့ ဝင်ရောက်သွားကြသည်။

ထိုလုပ်ငန်းစဉ်မှာ အနည်းဆုံး လက်ဖက်ရည်တစ်ခွက်စာခန့် ကြာမြင့်ပြီး လင်းနို့အရေအတွက် မည်မျှရှိသည်ကို မရေတွက်နိုင်ပေ။

နောက်ဆုံး လင်းနို့တစ်ကောင် လက်အင်္ကျီထဲ ဝင်သွားပြီးနောက် ဖန့်ချန်ကို ခေါ်လာသော အဘိုးအိုသည်လည်း ရုတ်တရက် လင်းနို့တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ လက်အင်္ကျီထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

လုံဖူး မသေမျိုးအရှင်က သူ၏ လက်များကို ပြန်ချလိုက်ပြီး ဖန့်ချန်ကို တစ်ချက်ပြုံးကြည့်လျက်

"ဝိညာဉ်သုတ်သင်ခြင်းဌာနရဲ့ ဌာနမှူးဟောင်း၊ ရှဲ့ကျစ် အဖွဲ့ဝင်ဟောင်း... မင်း ငါ့ဆီကို ဘာကိစ္စနဲ့ လာတာလဲ။ တကယ်လို့ ဆယ်မျက်နှာဂိုဏ်းမှာ ရာထူးတစ်ခုခု လိုချင်တာဆိုရင်တော့ ပြဿနာမရှိပါဘူး "

ဖန့်ချန်မှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်သာ မဟုတ်ဘဲ၊ သူ၏ အစစ်အမှန်မှာ အဆင့် (၂) မသေမျိုးအဆင့်ရှိ တစ်ဦး ဖြစ်ကြောင်း လုံဖူးက သိရှိထားသည်။

ဖန့်ချန်က အနာဂတ်အတွက် လမ်းစရှာရန် လာရောက်သည်ဟု သူက ထင်နေခြင်း ဖြစ်သည်။

ဖန့်ချန်သည် ရိုသေစွာဖြင့် ဂါရဝပြုလျက်

"လုံဖူးစီနီယာ... ကျုပ် ဒီတစ်ခေါက် လာတာက မသေမျိုးအရိုးဆီ အတွက်ပါ"

ဟု ပြောလိုက်သည်။

"မသေမျိုးအရိုးဆီ "

လုံဖူး မသေမျိုးအရှင်၏ မျက်နှာမှာ တည်သွားပြီး အေးဆေးစွာပင်

"မင်းက ဆယ်မျက်နှာဂိုဏ်းရဲ့ လက်ထဲမှာ ရှိတဲ့ မသေမျိုးအရိုးဆီကို ဝယ်ချင်တာလား။ ထူးခြားတဲ့ အခြေအနေ မဟုတ်ရင် ဒီပစ္စည်းကို အပြင်လူကို မရောင်းဘူးဆိုတာ မင်းသိမှာပါ"

ဟု ပြောသည်။

"စီနီယာ ဆိုလိုတာက..."

ဖန့်ချန်က ပြုံးလိုက်သည်။

တစ်ဖက်လူကသာ ငြင်းဆန်ချင်လျှင် မရောင်းပါဟု တိုက်ရိုက်ပြောရုံသာ ရှိသည် မဟုတ်ပါလား။

"မင်းလည်း သိတဲ့အတိုင်းပဲ၊ အဲဒီ ရှေးဟောင်းမသေမျိုး ရွှေခန္ဓာကိုယ် ဟာ ဆယ်မျက်နှာဂိုဏ်းက လာတာပါ။ ဒီတစ်ခေါက် အဲဒါကို ရောင်းလိုက်တဲ့အတွက် ဂိုဏ်းထဲမှာ မသေမျိုးအရိုးဆီတွေဟာ ယာယီအားဖြင့် အတော်လေး ပိုလျှံနေတယ်"

"အခုလောလောဆယ်မှာလည်း အသုံးပြုဖို့ သင့်တော်တဲ့ ကျင့်ကြံသူ မရှိသေးဘူး တချို့တစ်ဝက်ကို ရောင်းထုတ်ဖို့ ဆိုတာကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"

ဟု လုံဖူး မသေမျိုးအရှင်က စဉ်းစားလျက် ပြောသည်။

"မင်း အရင်တုန်းက ဝိညာဉ်သုတ်သင်ခြင်းဌာန အဖွဲ့ဝင် ဖြစ်ခဲ့တဲ့ မျက်နှာကို ထောက်ပြီး ငါ မင်းကို နည်းနည်းတော့ ရောင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းဘက်က တန်ဖိုးတူ မသေမျိုးကျောက်တုံး တွေ ပေးရမယ်၊ နောက်ပြီးတော့... ငါ့ကို အကူအညီ အနည်းငယ် ပေးရမယ် "

"အကူအညီ အနည်းငယ် "

ဖန့်ချန်က လက်ယှက်လျက်

"စီနီယာ ပြောတဲ့ အကူအညီ အနည်းငယ်ဆိုတာ ဘယ်လောက်အထိလဲခင်ဗျာ တကယ်လို့ ကျွန်တော့်ရဲ့ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေရင်တော့ ကျွန်တော်လည်း တတ်နိုင်မှာ မဟုတ်ပါဘူး"

ဟု မေးလိုက်သည်။

"အလွန် သေးငယ်ပါတယ်။ မသေမျိုးအရိုးဆီကို မင်းကို ရောင်းပေးနိုင်တယ်၊ မင်းက ငါ့ရဲ့ မေးခွန်းတစ်ခုကို ဖြေပေးရုံပါပဲ ဥပမာ မင်းတို့ ဒီတစ်ခေါက် စောင့်ကြည့်ခဲ့တဲ့ တကယ့်ပစ်မှတ်က ဘယ်သူလဲ ဆိုတာမျိုးပေါ့ "

ဖန့်ချန်သည် စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်

"ဒီအကူအညီကိုတော့ ကျွန်တော် ပေးနိုင်ပါတယ်ကျွန်တော့်အတွက် မသေမျိုးအရိုးဆီ တစ်ကျပ်သား လိုအပ်ပါတယ်၊ ဈေးနှုန်းက ဘယ်လောက် ဖြစ်မလဲ "

"မသေမျိုးကျောက်တုံး ၈၀၀ ပေါ့။ ဒီဈေးနှုန်းက မကြီးပါဘူး၊ အချို့သော အခြေအနေတွေမှာဆိုရင် အတော်လေးကို သက်သာနေပါပြီ။ မသေမျိုးအရိုးဆီ တစ်ကျပ်သားဟာ ကျင့်ကြံသူ တစ်သောင်းလောက်ရဲ့ ပါရမီကို မြှင့်တင်ပေးနိုင်တယ်။ ဘယ်ဂိုဏ်းအဖွဲ့အစည်းမဆို ဒါကို အပြင်ကို ထုတ်မရောင်းတဲ့ မဟာဗျူဟာမြောက် ပစ္စည်းတစ်ခုပဲ"

ဟု လုံဖူး မသေမျိုးအရှင်က ပြုံးလျက် ပြောလိုက်သည်။

"ဘယ်လိုလဲ မင်းမှာ ဒီလောက် ကျောက်တုံးပမာဏ ရှိရဲ့လား။ တကယ်လို့ မရှိဘူးဆိုရင်တော့ ဒီအရောင်းအဝယ်က ဖြစ်လာမှာ မဟုတ်ဘူးနော် "

All Chapters