← Chapters

အခန်း (၂၆၃)

Vol. 27 Ch. 263

အခန်း (၂၆၃)

Vol. 27 Ch. 263

အလင်းတိုင်ကြီး၏ အချင်းမှာ တစ်မီတာခန့်ပင် ရှိသည်။ ထိုထူထဲလှသော အလင်းတိုင်ကြီးအတွင်း၌ အရာအားလုံး ညှိုးနွမ်းပျက်စီးသွားသည့် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းများမှာ အလင်းနှုန်းဖြင့် ဖြစ်ပေါ်နေတော့သည်။ မိုးကြိုးများ၊ လျှပ်စီးများ၊ တောင်တန်းများ၊ မိုင်ထောင်ချီကျယ်ပြောသော အိုင်ထွန်းမြစ်မကြီးများ၊ ကုဋေကုဋာမကသော ကြယ်တာရာများ အားလုံးမှာ မျက်စိရှေ့တွင်တင် အမှုန့်ခြေခံလိုက်ရသလို အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားကြသည်။

ကြယ်အစုအဝေးများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကာ စကြဝဠာကြီးတစ်ခုလုံး သုညအဖြစ်သို့ ပြောင်းလဲသွားသည်။

ယင်၊ ယန်နှင့် အနန္တဟင်းလင်းပြင်တို့ပင် ဘာမှမရှိတော့သော ဘဝသို့ ရောက်ရှိသွားသည်။

ဤမြင်ကွင်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး မည်သူမျှ မတားဆီးနိုင်၊ မခုခံနိုင်သော အဆုံးစွန်ဖျက်ဆီးခြင်း အငွေ့အသက်များ ပြည့်နှက်နေသည်။ လူသားတစ်ယောက်အနေဖြင့် အရာအားလုံး ပျက်စီးသွားသည်ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေရုံမှတစ်ပါး အခြားမရှိချေ။

နတ်ဘုရားသတ်တပ်ဖွဲ့မှ အဖွဲ့ဝင် ၁၄ ယောက်စလုံးမှာ မျက်လုံးအပြူးသား ဖြစ်သွားကြရသည်။ သူတို့သည် မီတာ ၁၀ ကျော်ခန့်အကွာသို့ အလိုအလျောက် နောက်ဆုတ်သွားကြမိ၏။ သူတို့၏ နှလုံးခုန်သံများမှာ အသက်ရှူရကျပ်သည်အထိ ပြင်းထန်နေတော့သည်။

အရမ်းကို ကြောက်စရာကောင်းတာပဲ။

လျိုယန်က တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

“အမလေး... အဲဒီအလင်းတိုင်ကြီးက ငါ့အသက်ကိုတောင် ခြိမ်းခြောက်နိုင်မယ့်ပုံပဲ”

လင်ဖုန်းက အားလုံးကို လှည့်ကြည့်လိုက်ပြီး “မင်းတို့အားလုံးလည်း ငါခံစားရသလိုပဲ ခံစားနေရတာလား”

“သွေးစွမ်းအင် ၁.၂ သန်းရှိတဲ့ မိစ္ဆာကို သတ်နိုင်တာ အံ့ဩစရာ မဟုတ်တော့ဘူး။ ဒါက တကယ့်ကို ယုတ္တိမရှိအောင် အစွမ်းထက်လွန်းနေတာပဲ”

အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်က အနုမြူဗုံးကို ပစ်လွှတ်လိုက်သလိုမျိုးပင်။

“တကယ့်ကို ထိတ်လန့်စရာပဲ။ ပိုပြီး ကြောက်ဖို့ကောင်းတာက အဲဒီအလင်းတိုင် ထွက်ပေါ်လာချိန်မှာ ထူးဆန်းတဲ့ တုန်ခါမှုတစ်ခု ဖြန့်ကျက်သွားတာပဲ။ ရန်သူကို အရင်ထိမှန်ပြီးမှ အလင်းတိုင်က ပေါက်ကွဲထွက်လာသလိုမျိုး ခံစားရစေတယ်”

အားလုံးမှာ အသက်ကို ပြင်းပြင်းရှူရင်း မှင်သက်နေကြတော့သည်။

အလင်းတိုင်ကြီး၏ အဆုံးသတ်ဆီသို့ လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် တစ်ရေကန်လုံးကို တုန်ခါသွားစေသည့် ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။

“ဘုန်း”

...

“ဘုန်း”

ဝပ်နေသော နဂါးတစ်ကောင်နှင့် တူလှသော ကျင်းမြို့တော်၏ တောင်တန်းများကြားတွင် ထိုပေါက်ကွဲသံကြီးကြောင့် တောတွင်းမှ ငှက်များပင် လန့်ဖျပ်ကာ ပျံတက်သွားကြသည်။

လျှို့ဝှက်ဟင်းလင်းပြင်တွင် အက်ကြောင်းတစ်ခု ပွင့်ထွက်သွားပြီး အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားနှင့် ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရားတို့သည် ထိုအက်ကြောင်းထဲသို့ ဖြည်းညင်းစွာ လွင့်မျော၍ ဝင်ရောက်သွားကြသည်။

တစ်ခဏချင်းအတွင်းမှာပင် ထိုအက်ကြောင်းမှာ ပြန်လည်ပျောက်ကွယ်သွားတော့သည်။

လျှို့ဝှက်ဟင်းလင်းပြင်အတွင်း၌မူ မီတာ ၁၀ ခန့် မြင့်သော ရုပ်တုကြီးတစ်ခုမှာ မားမားမတ်မတ် ရပ်တည်နေသည်။

၎င်း၏ တစ်ကိုယ်လုံးမှာ ထူးဆန်းလှသော အဆောင်များဖြင့် ဖုံးလွှမ်းထားပြီး ထိုအဆောင်များမှာ အလွန်ပင် ရှုပ်ထွေးလှကာ အစွမ်းထက်လှသော မကောင်းဆိုးဝါး စွမ်းအင်များ ကိန်းအောင်းနေကြသည်။

ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရားက ချီးကျူးစကား မဆိုဘဲ မနေနိုင်တော့ချေ။

“ကောင်းတယ် အဆောင်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင်ကို စွမ်းတယ်"

“ယဇ်ပူဇော်ခြင်း ခင်းကျင်းတဲ့အစီအရင်နဲ့ ပတ်သက်တဲ့ ရုပ်တုတွေ အားလုံး ပြီးစီးသွားပြီလို့ ထင်တယ်”

အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားက မောက်မာစွာဖြင့် ပြုံးလိုက်ရင်း “ဟုတ်တယ် မင်းရဲ့ လျှို့ဝှက်ဟင်းလင်းပြင်ရဲ့ ဖုံးကွယ်မှုကြောင့် အရာအားလုံးက အဆင်ပြေပြေ ပြီးသွားခဲ့တာ"

“အစီအစဉ်တွေ အားလုံးက ပြီးပြည့်စုံနေပြီ။ အခု ငါတို့ ယဇ်ပူဇော်ခြင်း ခင်းကျင်းချက်ကို အသက်သွင်းလိုက်ရုံပဲ။ ကျင်းမြို့တော်တစ်ခုလုံးက လူသားတွေကို ယဇ်ပူဇော်ပြီးရင် ကောင်းကင်ယံမှာ အက်ကြောင်းတစ်ခုဖြစ်အောင် နယ်ပယ်ဖျက်ဆီးခြင်း တိုက်ကွက်ကို ထုတ်သုံးလို့ရပြီ။ အက်ကြောင်းလေး တစ်စွန်းတစ်စ ပွင့်သွားတာနဲ့ ငါတို့ရဲ့ ညစ်ညမ်းမှုတွေက ဒီကမ္ဘာထဲကို အလုံးအရင်းနဲ့ ကျူးကျော်ဝင်ရောက်နိုင်တော့မှာ”

ထိုစကားကြောင့် ဂျယ်လီငါးကြီးမှာ အားရပါးရ ရယ်မောရန် ပြင်လိုက်တော့သည်။

ရုတ်တရက်ဆိုသလိုပင် သူသည် အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏တစ်ကိုယ်လုံးရှိ ဖားပြုပ်ကဲ့သို့ အဖုအထစ်များအားလုံးမှာ သက်တန့်ရောင်များအဖြစ် ပြောင်းလဲသွားတော့သည်။

“ဒုက္ခပဲ ငါစီစဉ်ထားတဲ့ ဟင်းလင်းပြင်တွေ အားလုံး ရိုက်ချိုးခံလိုက်ရပြီ။ ငါ့ရဲ့ အဖော်သစ်သားအပိုင်းအစတွေနဲ့လည်း အဆက်အသွယ် လုံးဝ ပြတ်တောက်သွားပြီ”

၎င်းမှာ နှလုံးသားကွဲကြေမတတ် ဝမ်းနည်းပူဆွေးနေတော့သည်။ အဆိုပါ အဖော်သစ်သား ဆိုသည်မှာ သူနှင့်အတူ နှစ်ပေါင်း တစ်သိန်းကျော်တိုင်တိုင် ကြီးပြင်းလာခဲ့သည့် ရတနာဖြစ်ပြီး သူ၏ ရင်နှစ်သည်းချာ ညီအစ်ကိုသဖွယ်ပင်။ အဆက်အသွယ်ပြတ်သွားခြင်းမှာ ထိုအပိုင်းအစတစ်ခုလုံးကို တိုက်ရိုက်ဆုံးရှုံးလိုက်ရခြင်းပင်။

ဤဆုံးရှုံးမှုမှာ အလွန်တရာ ကြီးမားလှသည်။

သူသည် မျက်ရည်များပင် မထိန်းနိုင်ဘဲ ကျလာတော့သည်။

“ငါ ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ။ ငါ့ဂြိုလ်ပေါ်မှာပဲ ငါ လွတ်လွတ်လပ်လပ် နေနေလို့ ရပါလျက်နဲ့ အခုတော့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အောက်ကို အပို့ခံရတယ်... အခုတော့ ငါ့ရဲ့ အဖော်သစ်သား အပိုင်းအစတစ်ခုတောင် ဝါးမြိုခံလိုက်ရပြီ"

“ဒီလို အဆင့်နိမ့် ကမ္ဘာမြေပေါ်မှာ ငါ့ရဲ့ အဖော်သစ်သားကို ဝါးမြိုနိုင်တဲ့သူ ဘယ်သူရှိလို့လဲ။ ဒါက လုံးဝ မဖြစ်နိုင်တာ”

အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားက တည်ကြည်လေးနက်စွာဖြင့် “ဖြစ်နိုင်တာပေါ့... အိပ်မက်ဆိုး ကလဲ့စားချေမိခင်ကြီးတောင် ဘာဖြစ်သွားလဲဆိုတာ သာဓကရှိနေတာပဲ...”

ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရားမှာ စိုးရိမ်စိတ်နှင့် ဒေါသတို့ ရောယှက်နေသော်လည်း သူ၏နှလုံးသားကို ဓားဖြင့်အလှီးခံလိုက်ရသကဲ့သို့ နာကျင်မှုကိုလည်း မတတ်နိုင်ဘဲ ခံစားနေရသည်။

“ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ။ ငါ ကလဲ့စားချေချင်တယ် အဲဒီကောင်ကို သွားသတ်ချင်တယ်”

“မလုပ်နဲ့ စွမ်း... မင်း ငါ့ကို ကူညီမှဖြစ်မယ်။ ငါတို့ ဒီ နတ်ဘုရားရုပ်တုဆီကို စွမ်းအင်တွေ အမြန်ဆုံး ပံ့ပိုးပေးရမယ် စွမ်းအင်ပေးပြီးတာနဲ့ ငါတို့ ချက်ချင်း ထွက်ပြေးပြီး ပုန်းနေကြရအောင်"

“ အရှင်သခင် ဆင်းသက်လာတဲ့အချိန်ကျမှ ငါတို့ ပြန်ထွက်လာပြီး မှတ်တမ်းတင်ခံကြတာပေါ့"

“ငါတို့တွေ အိပ်မက်ဆိုး ကလဲ့စားချေမိခင်ရဲ့ လမ်းဟောင်းအတိုင်း လိုက်လို့ မဖြစ်ဘူး”

ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရားမှာ ချက်ချင်းဆိုသလိုပင် ပြန်လည်တည်ငြိမ်သွားသည်။

သူ၏ ရင်နှစ်သည်းချာ သူငယ်ချင်း၊ ညီအစ်ကိုများကဲ့သို့ အဖော်သစ်သားများ ဆုံးရှုံးသွားသည်မှာ နာကျင်စရာကောင်းသော်လည်း နောက်ထပ် နှစ်ပေါင်း သောင်းချီကြာအောင် ထပ်မံပျိုးထောင်လျှင် ပြန်ရနိုင်သေးသည်။

အကယ်၍ အသက်သာ ဆုံးရှုံးသွားခဲ့လျှင်မူ အရာအားလုံးမှာ တကယ်ကို အဆုံးသတ်သွားပေလိမ့်မည်။

အဆောင်နတ်ဘုရားရဲ့ စကားကို နားထောင်တာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်။ သူတစ်ပါးအကြံကို နားထောင်ခြင်းက ကိုယ့်ဗိုက်ကို ပြည့်စေသလို အဆောင်နတ်ဘုရားက သူတို့ထဲမှာ အသိဉာဏ်အရှိဆုံးပင်။

ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရားက ခေါင်းညိတ်လိုက်သည်။

“ငါ ဘာလုပ်ရမလဲ”

အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားက သူ၏လက်ဖဝါးကို နတ်ဘုရားရုပ်တုပေါ်သို့ တင်

လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများက ရုပ်တုကြီးအတွင်းသို့ တရဟော စီးဝင်သွားတော့သည်။

၎င်းကိုမြင်သော် ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရားသည် ခေတ္တမျှ သေချာအကဲခတ်လိုက်ပြီး သံသယများ ကင်းစင်သွားချိန်တွင် သူ၏ လက်တံကို ရုပ်တုပေါ်သို့ တင်ကာ အတွင်းစွမ်းအားများကို စတင်စီးဆင်းစေလိုက်တော့သည်။

“စွမ်းအားတွေ နည်းနည်းလောက် ပိုထည့်လိုက်ဦး။ ဒါမှ ယဇ်ပူဇော်ခြင်း ခင်းကျင်းချက်ရဲ့ အခြေခံစွမ်းအင်ကို အသက်သွင်းနိုင်မှာ။ စွမ်း... ငါ့ကို ကူညီပါဦး”

“ဒီအသက်သွင်းမှု ပြီးတာနဲ့ ငါတို့ ချက်ချင်း ထွက်ပြေးပြီး ပုန်းနေကြရအောင်”

ပြောပြောဆိုဆိုဖြင့် အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသည် စွမ်းအားများကို ပိုမိုတိုးမြှင့် ထည့်သွင်းလိုက်ရာ သူ၏မျက်နှာမှာ ဖြူလျော့သွားသည့်အထိပင်။ ဂျယ်လီငါးကြီးကလည်း အားကုန်ထုတ်သုံးလိုက်သည်။

“ဒီလောက်တောင် စွမ်းအားတွေ အများကြီး လိုတာလား”

အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားက ခေါင်းညိတ်ပြရင်း သူ၏ကိုယ်ပေါ်တွင် အဆောင်များ ကပ်လိုက်ကာ ဂျယ်လီငါးကြီးကိုလည်း အဆောင်အချို့ ကမ်းပေးလိုက်သည်။ ပြီးနောက် တည်ကြည်သောမျက်နှာဖြင့် “လိုတာပေါ့။ မင်း အင်အားပြန်ပြည့်အောင် ဒီအဆောင်တွေကို ငါ ကပ်ပေးမယ်"

ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရားသည် ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း အဆောင်နတ်ဘုရားထံတွင် ထူးခြားသော လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသဖြင့် သူ၏လက်တံဖြင့် အဆောင်များကိုယူကာ ဦးခေါင်းပေါ်တွင် ကပ်လိုက်တော့သည်။

“ဘုန်း”

နောက်တစ်ခဏချင်းမှာပင် နတ်ဘုရားရုပ်တုကြီးထံမှ ထူးဆန်းသော စွမ်းအားတစ်ခု စီးထွက်လာပြီး ၎င်းမှာ တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဂျယ်လီငါးကြီး၏ ခန္ဓာကိုယ်ကို အတင်းအဓမ္မ ဝါးမြိုပစ်လိုက်တော့သည်။

ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရား၏ ခန္ဓာကိုယ်တစ်ဝက်မှာ ထိုတွင်းနက်ထဲသို့ ပါသွားကာ သူသည် အသည်းအသန် ရုန်းကန်နေရသော်လည်း တစ်ချိန်က မြင့်မြတ်သော နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ပါလျက်နှင့် ယခု ယဇ်ပလ္လင်၏ စွမ်းအားကို မတွန်းလှန်နိုင်မှန်း သိလိုက်ရသောအခါ အားကိုးရာမဲ့သွားရတော့သည်။

သူ၏ မျက်လုံးတစ်လုံးမှာ ပြူးထွက်သွားပြီး ထိတ်လန့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။

“အဆောင်နတ်ဘုရား... ငါတို့က ညီအစ်ကိုတွေလေ သေတွင်းထဲကနေ အတူတူ လွတ်မြောက်လာခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပါ... မင်းက... မင်းက...”

All Chapters