← Chapters

အခန်း (၂၆၇)

Vol. 27 Ch. 267

အခန်း (၂၆၇)

Vol. 27 Ch. 267

“ကျွန်တော်တို့ အခြေအနေကို ပြောင်းလဲနိုင်တယ်။ ကျွန်တော့်ကိုယုံပါ။ ကျွန်တော်တို့ ဒီစစ်ပွဲကို အနိုင်တိုက်နိုင်မှာပါ”

ရွှီရန်သည် မျှော်လင့်ချက်မဲ့မနေသည့်အပြင် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။

နတ်ဘုရားမူလဓာတ်ဆိုသည်မှာ သူ့အတွက်တော့ ပြောပလောက်သည့်အရာ မဟုတ်ပေ။

ပြောပြောဆိုဆိုဖြင့် ရွှီရန်သည် အရှေ့ဘက်အရပ်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

“အဲဒီဘက်မှာ တောက်ပပြီး ထူးဆန်းတဲ့ အနီရောင်အလင်းတန်းကြီး ကောင်းကင်ယံဆီ ပစ်တက်သွားတာကို ကျွန်တော် ခံစားမိတယ်။ အရမ်းကို ထူးဆန်းပြီး ကြည့်ရတာတောင် ပျို့အန်ချင်စရာ ကောင်းလှတယ်”

“သွားကြစို့ အားလုံး အတူတူ သွားကြမယ်”

ရွှီရန်သည် အသေးစား သံချပ်ကာ ရတနာအဆောင်နှစ်ခုကို ကပ်လိုက်ပြီး အောင်မြင်မှုအဆင့်သို့ ရောက်ရှိနေသည့် သုံးထောင်သော မိုးကြိုးခြေလှမ်းကို အသုံးပြုကာ အနီရောင်အလင်းတန်း တောက်လောင်နေသည့် နေရာဆီသို့ အရူးအမူး ပြေးထွက်သွားတော့သည်။

သူ၏ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသော အရှိန်ကြောင့် နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များမှာ အံ့အားသင့်သွားကြရသည်။

ဘုရားရေ... သူက ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ။

သို့သော် ငါးမိနစ်ခန့် အသည်းအသန် ပြေးပြီးနောက်တွင်မူ ရွှီရန်၏ သွေးစွမ်းအင်မှာ ထက်ဝက်ကျော်ခန့် ကုန်ခမ်းသွားသည်။

၎င်းကို မြင်လိုက်ရသော လင်ဖုန်းက “မင်းရဲ့ သွေးစွမ်းအင်က မလုံလောက်တော့ဘူး ထင်

တယ်။ လာ... ငါ့ကျောပေါ်တက် ငါ မင်းကို ပိုးပြီး သွားမယ်”

ရွှီရန်က ခေါင်းညိတ်ပြလျက် လင်ဖုန်း၏ ကျောပေါ်သို့ တက်လိုက်သည်။

သူသည် သူ့ကိုယ်ပေါ်ရှိ အသေးစား သံချပ်ကာ ရတနာအဆောင်ကို ခွာထုတ်လိုက်ပြီး အသေးစား အားအင်ဖြည့် ရတနာအဆောင်တစ်ခုကို ပြန်လည်ကပ်လိုက်သည်...

လေသံများ တဝေါဝေါ မြည်ဟည်းနေတော့၏။

အဖွဲ့သားများမှာ ယခင်ကကဲ့သို့ စိတ်ပေါ့ပါးမနေကြတော့ဘဲ တစ်ဦးထက်တစ်ဦး ပို၍ လေးလံထိုင်းမှိုင်းကာ မျှော်လင့်ချက်မဲ့နေသော မျက်နှာပေးများ ရှိနေကြသည်။

ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း “မထိတ်လန့်ကြပါနဲ့။ အကာအကွယ် ဒိုင်းလွှားရဲ့ အာနိသင်တွေက အခုထိ ရှိနေပါသေးတယ်”

“တကယ်လို့ ရန်ငြိုးဖွဲ့နတ်ဘုရားတွေ ဆင်းသက်လာချင်တယ်ဆိုရင် ကမ္ဘာမြေကို အရင်ဆုံး ညစ်ညမ်းအောင် လုပ်ဖို့ လိုအပ်လိမ့်မယ်။ ကမ္ဘာမြေတစ်ခုလုံး ညစ်ညမ်းသွားဖို့ဆိုတာ လနဲ့ချီပြီး ကြာနိုင်ပါတယ်။ အဲဒီအတောအတွင်း သူတို့က ညစ်ညမ်းမှုတွေ သွင်းနေချိန်မှာ ငါတို့က ပြန်ပြီး သန့်စင်လို့ ရတာပဲ”

“ပြီးတော့ ဘေးကင်းဇုန်တွေထဲမှာရှိတဲ့ ရတနာအချို့က ဒီဟောင်းလောင်းပေါက်တွေကို ပြန်ပိတ်ဖို့ အသုံးဝင်နိုင်တယ် မဟုတ်လား”

လင်ဖုန်း၏ မျက်ဝန်းများ ပြန်လည်တည်ငြိမ်လာပြီး “မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ငါတို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ အခွင့်အရေး ရှိသေးတာပဲ”

“ ကောင်းကင်ဘုံထိပ်သီးနန်းဆောင်မှာလည်း နည်းလမ်းတစ်ခုခု ရှိနေမှာပါ။ ငါတို့ ကျင့်ကြံသူအချို့ရဲ့ အသက်ကို စတေးပြီး ကောင်းကင်ယံကို ပြန်ဖာထေးတာမျိုးပေါ့”

ရွှီရန်က “အသက်စတေးဖို့ မလိုပါဘူး”

လျိုယန်က အားရပါးရ ရယ်မောလိုက်ပြီး “မဟုတ်ဘူး... ငါတို့တွေက အသက်ပေးဖို့ အသင့်ပြင်ထားပြီးသားပါ။ မင်းအတွက် နောက်ထပ် ဆယ်နှစ်စာ အချိန်ဝယ်ပေးဖို့ ငါတို့ အသက်ကို စတေးရမယ်ဆိုရင်တောင် ဒါက တကယ့်ကို တန်ပါတယ်”

ရွှီရန်က ခေါင်းခါယမ်းလိုက်ကာ “မလိုပါဘူး။ နောက်ထပ် နှစ်နှစ်လောက်ဆိုရင် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့တင် နတ်ဘုရားတွေကို သတ်ဖြတ်နိုင်ပါပြီ”

အားလုံးမှာ ဆွံ့အသွားကြသည်။

“...”

သို့သော် ရွှီရန်သည် သွေးစွမ်းအင် ၁.၂ သန်းရှိသော မိစ္ဆာများကို သတ်ဖြတ်နိုင်ရုံတင်မကဘဲ လေးကောင်ကိုပင် ဆက်တိုက် နှိမ်နင်းနိုင်ခဲ့သည်ကို ပြန်လည်တွေးတောမိသောအခါ သူတို့၏စိတ်များ အနည်းငယ် ပြန်လည်ငြိမ်သက်သွားကြသည်။

ရွှီရန်အတွက်မူ နောက်ထပ် နှစ်နှစ်ဆိုလျှင် သူသည် နတ်ဘုရားများကို အမှန်တကယ်ပင် ချေမှုန်းနိုင်ပေလိမ့်မည်။

ဤသို့ တွေးတောလိုက်မိသောအခါ အဖွဲ့သားများမှာ အနည်းငယ် ပို၍ အကောင်းမြင်လာကြတော့သည်။ ထောင်သောင်းမကသော ဆန္ဒများနှင့် နှစ်ပေါင်းသောင်းချီ အမတအမြစ်အရိုးပိုင်ရှင်များ ပေါ်ထွက်မလာသေးသော်လည်း သူတို့တွင် ရွှီရန် ရှိနေသည်။

ကိုယ်ဖျောက်အတတ်၊ ထိုးထွင်းသိမြင်မှု အမြစ်အရိုး၊ အဆောင်စနစ်၊ စက္ကူရုပ်စစ်သည်တော်တပ်စု၊ စူပါပေါက်ကွဲအားပါသော ဓားချက်၊ သန်မာသော ကိုယ်ခန္ဓာစွမ်းအား၊ နတ်ဘုရားအဆင့် တိုက်ခိုက်ရေးစွမ်းရည်၊ ဖျက်ဆီးခြင်း အလင်းတန်းနှင့် အခြားသော ဝှက်ဖဲများစွာဖြင့် သူသည် နတ်ဘုရားအဆင့်ရှိသော ပါရမီရှင်တစ်ဦးပင်။

ဤသို့ တွေးမိသည်နှင့် အဖွဲ့သားများမှာ ရွှီရန်ကို မကြာခဏဆိုသလို လှည့်ကြည့်နေမိကြတော့သည်...။

...

မိနစ်သုံးဆယ်အကြာတွင် ရွှီရန် ခြေလှမ်းရပ်လိုက်သည်။

သူ၏ အကြည့်တို့က အဝေးဆီက ဖူလုံတောင်တန်းကြီးဆီသို့ စူးစိုက်သွား၏။

“ရောက်ပြီ... မီတာ ၁၀ အမြင့်ရှိတဲ့ ထူးဆန်းတဲ့ အနီရောင်အလင်းတန်းပဲ။ ဒါက အရမ်း

အရေးကြီးတဲ့ စီမံချက်တစ်ခုပဲ ထင်တယ်”

ကိုယ်ပျောက်အခြေအနေဖြင့်ပင် ရွှီရန်၏ မျက်ဝန်းများမှာ အေးစက်နေတော့သည်။ သူသည် အနီရောင်အလင်းတန်းရှိရာ နေရာကို ပစ်မှတ်ထားကာ ၃ မီတာခန့် နေရာရွှေ့လိုက်ပြီး ဖျက်ဆီးခြင်း ကပ်ဘေးအလင်းကို အသက်သွင်းလိုက်သည်။

“ဘုန်း”

ဖျက်ဆီးခြင်း ကပ်ဘေးအလင်း၏ ဖျက်ဆီးအားမှာ မီတာတစ်ရာခန့် ရှည်လျားသော လျှို့ဝှက်ဟင်းလင်းပြင်ကို ထိုးဖောက်သွားတော့သည်။ ၎င်းသည် မြေကြီးထဲသို့ပင် ထောင့်ဖြတ်အတိုင်း ၂ မီတာမှ ၃ မီတာခန့်အထိ နက်ဝင်သွားပြီးမှ ရပ်တန့်သွားသည်။

လျှို့ဝှက်ဟင်းလင်းပြင်ကြီး ပျက်စီးသွားချိန်တွင် ဟောင်းလောင်းပေါက်နေသော တွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာ၏။

လင်ဖုန်းက လမ်းကြောင်းစမ်းရန်အတွက် ကျောက်ခဲအချို့ကို ပစ်ထည့်ကြည့်ရာ ထိုကျောက်ခဲများမှာ တစ်ခဏချင်းမှာပင် ကြေမွသွားတော့သည်။

ထိုတွင်းနက်ကြီးထဲမှ ထူးဆန်းသော စွမ်းအင်အငွေ့အသက်များ လွင့်ပျံထွက်လာသည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပါးစပ်ဟ၍ ဝါးမြိုနေသကဲ့သို့ပင်။ တောင်တန်းပေါ်ရှိ သစ်ပင်များမှာ ညှိုးနွမ်းသွားပြီး ကျောက်တုံးများမှာလည်း ထိုတွင်းနက်ထဲသို့ စုပ်ယူခံရကာ အမှုန့်အဖြစ်သို့ ကြေမွသွားကြသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း အဖွဲ့သားအားလုံး၏ မျက်နှာများ အေးစက်သွားကြသည်။

“အတွင်းထဲမှာ တစ်ခုခု မှားနေပြီ”

လျှို့ဝှက်ဟင်းလင်းပြင်၏ အတွင်းဘက်တွင် ပြင်းထန်သော စုပ်ယူအားရှိသည့် တွင်းနက်တစ်ခု တည်ရှိနေပြီး ၎င်း၏ ဖျက်ဆီးအားမှာ တုန်လှုပ်စရာ ကောင်းလှသည်။ ၎င်းသည် လူသားများ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကိုသာမက ဝိညာဉ်များကိုပါ ဆွဲထုတ်နိုင်စွမ်း ရှိပုံပင်။

မြေကြီးနှင့် တောင်တန်းများအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာလည်း ထိုတွင်းနက်ထဲသို့ လွင့်မျောကာ ဝင်ရောက်သွားကြသည်။ တောင်တန်းအနှံ့ရှိ သားရဲတိရစ္ဆာန်များမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသော်လည်း သူတို့၏ စွမ်းအင်များမှာ လျင်မြန်စွာ အစုပ်ယူခံလိုက်ရသဖြင့် သူတို့အားလုံး မြေပြင်ပေါ်သို့ ပြိုလဲကျကုန်ကြသည်။ သူတို့၏ အသက်ဓာတ်နှင့် ဇီဝအဆီအနှစ်များ အဓမ္မ ဆွဲထုတ်ခံနေရသည်ကို သူတို့၏မျက်လုံးများဖြင့်သာ ကြည့်နေနိုင်ကြတော့သည်။

ရွှီရန်က မျက်မှောင်ကြုတ်လျက် “တကယ်တော့ ကျွန်တော်က အတွင်းထဲအထိ ဝင်ရောက်စူးစမ်းပြီး နယ်ပယ်သစ်တွေကို လေ့လာဖို့ စိတ်ကူးထားတာ။ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး။ ဒါကို အတင်းအဓမ္မပဲ ဖျက်ဆီးပစ်ရတော့မယ်”

အနည်းငယ် နှမြောတသဖြစ်သွားသော်လည်း ရွှီရန်က ခေါင်းကို ခပ်ဖွဖွခါယမ်းလိုက်သည်။ သူသည် မီတာ ၁၀ အမြင့်ရှိသော ထူးဆန်းသည့် အနီရောင်အလင်းတန်းဆီသို့ ပစ်မှတ်ထားလိုက်ပြီး စိတ်ကို စုစည်းလိုက်တော့သည်။

ဖျက်ဆီးခြင်း ကပ်ဘေးအလင်း…

“ဂျွတ်”

ကျောက်တုံးများ အက်ကွဲသွားသည့်နှယ် ပြတ်သားသော အသံနှင့်အတူ ဖျက်ဆီးခြင်း ကပ်ဘေးအလင်းသည် မီတာ ၂၀ မြင့်သော ထူးဆန်းသည့် အနီရောင်အလင်းတန်းကို တိုက်ရိုက်ထိမှန်သွားတော့သည်။ တွင်းနက်ကဲ့သို့ ပြင်းထန်လှသော ထိုထူးဆန်းသည့် စွမ်းအင်နယ်ပယ်သည်ပင် ဖျက်ဆီးခြင်း ကပ်ဘေးအလင်းကို မည်သို့မျှ တားဆီးနိုင်ခြင်း မရှိချေ။

ရွှီရန်၏ အမြင်အာရုံထဲတွင်မူ ထိုထူးဆန်းသည့် အနီရောင်အလင်းတန်း၏ အပေါ်ပိုင်းတစ်ဝက်မှာ တစ်ခဏချင်းမှာပင် အငွေ့ပျံကာ ပျောက်ကွယ်သွားတော့သည်။

အနီရောင်အလင်းတန်း၏ တစ်ဝက်ခန့် ပျက်စီးသွားပြီးနောက် လျှို့ဝှက်ဟင်းလင်းပြင်အတွင်းရှိ တွင်းနက်နှင့်တူသော စွမ်းအင်နယ်ပယ်မှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားမှာလည်း လုံးဝ မရှိတော့ချေ။

“စုပ်ယူအား ပျောက်သွားပြီ”

အဖွဲ့သားများက ကျောက်ခဲများကို တစ်ခုပြီးတစ်ခု ပစ်ထည့်ကြည့်ကြသည်။

“တုတ်”

“တုတ်”

ကျောက်ခဲများ မြေပြင်ပေါ်သို့ ကျသွားသည့် အသံမှာ သူတို့၏ နားထဲသို့ ပြတ်သားစွာ ပဲ့တင်ထပ်လာသည်။ စိတ်မြန်လက်မြန်ရှိလှသော လျိုယန်က “ကောင်းတယ် အားလုံးထက် သာလွန်တဲ့ ချန်ပီယံပီသပါပေတယ်။ ပြဿနာကို တစ်ချက်တည်းနဲ့ ဖြေရှင်းလိုက်နိုင်ပြီ”

“ငါ အရင်ဝင်ကြည့်လိုက်ဦးမယ်”

ရွှီရန်က သူ့ကို တားလိုက်သည်။

“နေပါဦး ကျွန်တော့်ရဲ့ ကင်းထောက်ကို အရင်လွှတ်ပြီး စူးစမ်းခိုင်းလိုက်မယ်”

ပြောပြောဆိုဆိုဖြင့် ရွှီရန်၏ လင်းနို့ အမှတ် (၁) သည် လျှို့ဝှက်ဟင်းလင်းပြင်အတွင်းသို့ ပျံသန်းဝင်ရောက်သွားပြီး ထိုနေရာတစ်ဝိုက်ကို ပတ်ကြည့်တော့သည်။ လျှို့ဝှက်ဟင်းလင်းပြင်အတွင်းမှ မြင်ကွင်းအားလုံးကို လင်းနို့ အမှတ် (၁)မှတစ်ဆင့် ရွှီရန်က ကွက်ကွက်ကွင်းကွင်း မြင်တွေ့နေရသည်။

ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိတော့သော ဧရာမရုပ်တုကြီးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ကြာပန်းပလ္လင်မှာမူ နဂိုအတိုင်း ရှိနေဆဲပက်။ ထူးဆန်းသော စွမ်းအင်များက ပြန်လည်စတင်ရန် ကြိုးစားနေပြီး အခြားသော နတ်ဘုရားရုပ်တုများနှင့် အတင်းအဓမ္မ ဆက်သွယ်ရန် အားထုတ်နေသော်လည်း ဖျက်ဆီးခြင်း ကပ်ဘေးအလင်း၏ ဒဏ်ကြောင့် စွမ်းအင်များ တိုတောင်းကာ မီးပွားများ တဖျတ်ဖျတ် ထွက်ပေါ်နေတော့သည်။

ရွှီရန်က အားရပါးရ ပြုံးလိုက်ရင်း “ပြီးပြည့်စုံသွားပြီ”

“အတွင်းထဲမှာ တွင်းနက်ကြီး ဖြစ်ပေါ်နေတာက ဒီထူးဆန်းတဲ့ နတ်ဘုရားရုပ်တုကြောင့်ပဲ”

“အခုတော့ အဲဒီရုပ်တုရဲ့ တည်ဆောက်ပုံကို ကျွန်တော် ဖျက်ဆီးလိုက်ပြီဆိုတော့ ဒါကို ပြန်ပြီး အသက်သွင်းဖို့ဆိုတာ အရမ်းကို ခက်ခဲသွားပြီ။ ကဲ... အတွင်းထဲဝင်ပြီး အခြေအနေ ကြည့်ရအောင်”

ရွှီရန် စကားပြောနေစဉ်မှာပင် တည်ငြိမ်ရင့်ကျက်သော ရှောင်ရွှေးက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး အပြောင်းအလဲတစ်ခုကို သတိပြုမိသွားသည်။

“ကြည့်လိုက်ဦး အရှေ့ဘက်မှာ အနီရောင် အကာအကွယ် ဒိုင်းလွှားကြီးက အရည်ပျော်သွားပြီး ဟောင်းလောင်းပေါက်ကြီး ဖြစ်သွားပြီ”

All Chapters