← Chapters

အခန်း (၂၆၉)

Vol. 27 Ch. 269

အခန်း (၂၆၉)

Vol. 27 Ch. 269

“သူ့ကိုသာ အချိန်နည်းနည်း ထပ်ပေးလိုက်မယ်ဆိုရင် သူက ခင်းကျင်းချက်တွေကိုတောင် စီရင်နိုင်ဦးမှာပဲ”

ရွှီရန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ရင်း “မှန်တာပေါ့”

“ဘာပဲဖြစ်ဖြစ် အရမ်းကြီး စိုးရိမ်မနေကြပါနဲ့”

“ကျွန်တော်တို့ နည်းလမ်းတစ်ခုခု ရှာတွေ့မှာပါ။ တကယ်လို့ အနာဂတ်မှာ နတ်ဘုရားတွေ အမှန်တကယ် ဆင်းသက်လာခဲ့မယ်ဆိုရင်တောင် ကျွန်တော် သူတို့ကို တစ်ပါးချင်းစီ လိုက်သတ်ပြပါ့မယ်”

ရွှီရန်၏ မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပွင့်လန်းသွားသည်။

သူ့အမူအရာကြားက ယုံကြည်ချက်များမှာ အဖွဲ့သားများကို ဆွဲဆောင်နိုင်လောက်အောင်ပင် ပြင်းထန်လှသည်။ အဖွဲ့သားအားလုံးမှာ မသိစိတ်ဖြင့် နောက်သို့ အနည်းငယ် လန်သွားကြပြီး အံ့အားသင့်နေကြတော့သည်။

“ဒီလောက်တောင် ယုံကြည်မှုရှိတာလား”

ရွှီရန်က ချက်ချင်းပြန်မဖြေဘဲ တောင်ထိပ်ပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေလိုက်သည်။ သူသည် အဝေးက မီးရောင်စုံများ လင်းထိန်နေသည့် မြို့ပြမြင်ကွင်းကြီးကို ငုံ့ကြည့်နေ၏။ ထိုမြင်ကွင်းမှာ တောက်လောင်နေသော မီးပင်လယ်ကြီးနှင့်ပင် တူလှသည်။

ကြည်လင်သော လရောင်သည် သူ၏ သွယ်လျသော ကိုယ်ဟန်ပေါ်သို့ ဖြာကျနေသည်။

ညဉ့်ကောင်းကင်ယံအောက်တွင် လူငယ်လေး၏ မျက်ဝန်းများမှာ စူးရှတောက်ပနေတော့သည်။

“ဦးလေးတို့ အနှိုင်းမဲ့ အောင်နိုင်ခြင်းဆိုတာကို မြင်ဖူးကြလား”

အဖွဲ့သားအားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး “မမြင်ဖူးပါဘူး”

ရွှီရန်က အားရပါးရ ရယ်မောလိုက်ပြီး “မကြာခင် အနာဂတ်မှာ ကျွန်တော် ဦးလေးတို့ကို မြင်စေရပါ့မယ်”

ပြောပြောဆိုဆိုဖြင့် ရွှီရန်သည် ရှေ့မှ ဦးဆောင်ကာ တောင်ပေါ်မှ ခုန်ဆင်းသွားတော့သည်။

“ကျွန်တော် အမေ့ဆီကို ဘေးကင်းကြောင်း သတင်းအရင်ပို့လိုက်ဦးမယ်...”

...

ပန်းခြံအတွင်း၌ ရွှီရန်သည် လရောင်အောက်တွင် ပြန်လည်ရောက်ရှိလာသည်။

ချီယွန်းတောင်ခြေတွင် စောင့်ဆိုင်းနေသော ညွှန်ကြားရေးမှူးက “မင်း ပြန်လာပြီလား” ဟု နှုတ်ဆက်လိုက်သည်။

“ကျွန်တော် ပြန်လာပါပြီ”

“ဒဏ်ရာဘာညာ မရခဲ့ဘူးမလား”

“မရပါဘူး ဒါပေမဲ့ ရလဒ်ကိုတော့ သိပ်အားမရဘူးဗျာ။ ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရားနဲ့ အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားတို့ လွတ်သွားကြတယ်။ အဲဒီ လှပတဲ့ အဖော်

သစ်သားကြီးကိုလည်း လွဲချော်ခဲ့ရတယ်လေ”

ရွှီရန်၏ မျက်နှာတွင် နှမြောတသဖြစ်မှုများ ဖုံးလွှမ်းနေပြီး နောင်တရသံဖြင့် ပြောဆိုနေသည်မှာ ဝမ်းနည်းပူဆွေးနေသကဲ့သို့ပင် ထင်မှတ်ရသည်။

သူ့ထံတွင် နတ်ဘုရားမူလဓာတ် ၄ စက်နှင့် မြင့်မြတ်သော ရွှေရောင်သွေး ၄ စက် ရှိနေသေးသော်လည်း လူဟူသည်မှာ အမြဲတစေ ကိုယ်ရထားသည့်အရာအပေါ် ကျေနပ်နိုင်မူမရှိပေ။

အကယ်၍သာ အဖော်သစ်သား၏ ပင်မသစ်ကိုင်းကို ရရှိခဲ့မည်ဆိုလျှင် ၎င်းကို မြင့်မြတ်သော ရွှေရောင်သွေးအစက် ၅၀ သို့မဟုတ် နတ်ဘုရားမူလဓာတ်၂၅ စက်အဖြစ် ပြောင်းလဲနိုင်မည်ပင်။

တွေးကြည့်ရုံနှင့်ပင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

ညွှန်ကြားရေးမှူးမှာမူ ဆွံ့အသွားပြီး “...”

ဘုရားရေ... တစ်မြို့လုံး ဝရုန်းသုန်းကား ဖြစ်နေတဲ့အချိန်မှာ မင်းတွေးနေတာက ရန်ငြိုးဖွဲ့နတဘုရားရဲ့ ရတနာတွေကို လုယူဖို့ပဲလား။

အဖော်သစ်သားက ဘာလဲဆိုသည်ကို အသေအချာ နားမလည်သော်လည်း အလွန်တန်ဖိုးရှိသော ရတနာတစ်ခုဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။ မဟုတ်လျှင် ဤလူငယ်လေးမှာ ရွှေတွင်းကြီးတစ်ခု ဆုံးရှုံးလိုက်ရသည့်အလား မျက်နှာမျိုး ပေါ်ပေါက်လာမည် မဟုတ်ချေ။

ညွှန်ကြားရေးမှူးမှာ သူ့ကို မည်သို့နှစ်သိမ့်ရမည်ကို ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားရသည်။

ရွှီရန်ကတော့ သူ့ဘာသာသူ ခဏမျှ သက်ပြင်းတရှုံ့ရှုံ့ ချနေမိ၏။

သူသည် မြင့်မြတ်သော ရွှေရောင်သွေးတစ်စက်ကို နှလုံးသားအတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ပေါင်းစပ်ထည့်သွင်းလိုက်ပြီး သူတို့နှစ်ဦးမှာ တောင်ပတ်လမ်းအတိုင်း အိမ်သို့ပြန်ရင်း ဟိုအကြောင်းသည်အကြောင်း ပြောဆိုလာခဲ့ကြသည်။

နာရီဝက်ခန့် ကြာပြီးနောက် လမ်းလျှောက်နေစဉ်အတွင်းမှာပင် မြင့်မြတ်သော ရွှေရောင်သွေး၄ စက်စလုံးကို အပြည့်အဝ သန့်စင်ပြီးစီးသွားခဲ့သည်။

ရွှီရန်၏ သွေးစွမ်းအင် မှာ တစ်သိန်းခြောက်သောင်းအထိ ထိုးတက်သွားတော့သည်။

ယနေ့နံနက်က အိမ်မှ ထွက်ခွာစဉ်က သူ၏ သွေးစွမ်းအင်မှာ ၈၀,၀၀၀ သာ ရှိသေးသော်လည်း ပြန်လာချိန်တွင်မူ ၁၆၀,၀၀၀ အထိ နှစ်ဆတိုးသွားခဲ့ရာ ၎င်းမှာ ၄ လတိုင်တိုင် ပြင်းပြင်းထန်ထန် ကျင့်ကြံရမည့် အချိန်ကို သက်သာစေခဲ့ခြင်းပင်။

ရွှီရန်၏ ဦးရေပြားမှာ ကြက်သီးတဖြန်းဖြန်း ထသွားရလောက်အောင်ပင် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

ရွှီရန်မှာ မနေနိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်မိတော့ရာ ညွှန်ကြားရေးမှူးမှာ ဘာဖြစ်သနည်းဟူသော အမူအရာဖြင့် သူ့ဘက်သို့ လှည့်ကြည့်လာသည်။

“မင်း ရုတ်တရက်ကြီး ပိုသန်မာလာသလိုပဲလို့ ငါဘာလို့ ခံစားနေရတာလဲ”

ညွှန်ကြားရေးမှူးသည် ရုတ်တရက် အံ့အားသင့်သွားပြီး ရွှီရန်အား အထက်အောက် အသေအချာ အကဲခတ်ကြည့်ရှုရင်း မေးလိုက်သည်။

ရွှီရန်က ရိုးသားစွာပင် လက်ဝါးနှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး “ဟုတ်လို့လား ခင်ဗျား တစ်ခုခု မှားနေတာများလား”

ညွှန်ကြားရေးမှူးက အာရုံစိုက်လိုက်ပြီး အထူးပင် လေးနက်သော မျက်နှာပေးဖြင့် “မဟုတ်ဘူး ငါပြောမယ်။ ငါ့ရဲ့ ပင်ကိုယ်သိစိတ်ကို ငါ အရမ်းယုံတယ်။ မင်းဆီကနေ ထူးထူးခြားခြား တစ်ခုခုကို ငါခံစားနေရတယ်ဆိုရင် ဒါက မင်းပိုပြီး သန်မာလာလို့ပဲ ဖြစ်ရမယ်”

ရွှီရန်က ရယ်ချင်စိတ်ကို အောင့်ထားရင်း “အင်း... နည်းနည်းလေးတော့ ပိုသန်မာလာတာပေါ့”

“နည်းနည်းလေးပဲလား”

“တကယ်ကို နည်းနည်းလေးပါဗျာ”

ရွှီရန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

“ဒါနဲ့ ညွှန်ကြားရေးမှူး ဒီနေ့ ကျွန်တော့်ရဲ့ ပါဝင်အားထုတ်မှုက တော်တော်လေး များတယ်ဆိုတော့... နောက်ရက်ကျရင် ဘေးကင်းဇုန်ထဲက ရတနာတိုက်ကို တစ်ခေါက်လောက် ထပ်သွားကြည့်ဦးမယ်”

ညွှန်ကြားရေးမှူး ခေတ္တမျှ အံ့အားသင့်သွားပြီးမှ ခေါင်းညိတ်ပြသည်။

“မင်းရဲ့ စွမ်းဆောင်ချက်တွေအကြောင်း ငါကြားပြီးပါပြီ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အချိန်တိုအတွင်းမှာ တိုက်ပွဲဝင် ထိပ်တန်းရတနာနှစ်ခုကိုတော့ ယူလို့ရမှာ မဟုတ်ဘူး။ အဲဒါကလွဲရင် ကျန်တဲ့ရတနာတွေကိုတော့ မင်းကြိုက်သလောက် စိတ်ကြိုက်ရွေးချယ်ခွင့် ရှိပါတယ်”

ရွှီရန်၏ မျက်ဝန်းများ အရောင်တလက်လက် တောက်ပသွားသည်။

“ကျွန်တော်ကလည်း တိုက်ပွဲဝင် ထိပ်တန်းရတနာကို ထပ်ယူဖို့ စိတ်မကူးထားပါဘူး”

သူအမှန်တကယ် သိချင်သည်မှာ ဘေးကင်းဇုန်အတွင်း၌ အဖော်သစ်သားကဲ့သို့သော မြင့်မြတ်သော ရွှေရောင်သွေးအဖြစ် ပြောင်းလဲဝါးမြိုနိုင်မည့် အရာမျိုး ရှိမရှိပင်။ အကယ်၍သာ ရှိခဲ့လျှင် ၎င်းမှာ တကယ့်ကို ထိရောက်မည့် အခွင့်အရေးပင်။

...

အိမ်သို့ ပြန်ရောက်သောအခါ ရွှီရန်၏ မိခင်ဖြစ်သူမှာ အနည်းငယ် အံ့အားသင့်သွားပြီး “အို... မင်းက လေ့ကျင့်ရေးတောအုပ်ထဲမှာ နေမှာ မဟုတ်ဘူးလား” ဟု မေးလိုက်သည်။

ရွှီရန်က တည်ငြိမ်စွာပင် “ကျွန်တော်က ချန်ပီယံလေ ပြီးတော့ ဆရာတစ်ယောက်လည်း ဖြစ်နေပြီဆိုတော့ ကြိုက်တဲ့နေရာမှာ နေလို့ရတာပေါ့”

မိခင်ဖြစ်သူက သက်ပြင်းတစ်ချက်ချလိုက်ရင်း “အေးလေ... အဲဒါလည်း ဟုတ်တာပါပဲ...”

“ဒါနဲ့ ကောင်းကင်မှာ ဖြစ်နေတဲ့ ညစ်ညမ်းမှုတွေက တော်တော်လေး ပြင်းထန်နေတာလား လူမှုကွန်ရက်တွေပေါ်မှာလည်း အဲဒီအကြောင်းတွေပဲ ပြောနေကြတာ တွေ့လို့”

ရွှီရန်က ပြုံးလျက် လက်ကာပြလိုက်ပြီး “စိတ်မပူပါနဲ့။ နတ်ဘုရားအဆင့် သတ္တဝါတွေ ဆင်းသက်လာရင်တောင် ဘာဖြစ်လဲ အမေ့သားက သူတို့ကို အပြတ်အသတ် နှိမ်နင်းပြပါ့မယ်”

သူ့အမေက ဗိုက်နှိပ်၍ ရယ်မောလိုက်ပြီး “အေးပါ အေးပါ... ဒါပေမဲ့ အရမ်းကြီး မာန်မတက်နဲ့ဦးနော် သတိတော့ ထားဦး”

ရွှီရန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

“စိတ်မချရတာမျိုး မဖြစ်စေရပါဘူး ကျွန်တော် သတိထားပါ့မယ်”

ပြောပြောဆိုဆိုဖြင့် ရွှီရန်သည် ဗီလာအတွင်းမှ ထွက်ခွာလာခဲ့ပြီး လေ့ကျင့်ရေး တောင်တန်းကြီးအတွင်းရှိ ဗီလာဇုန်ဆီသို့ ဦးတည်လိုက်တော့သည်။

ကျားမလေး “အစ်ကိုရန်... ပြန်လာပြီလား ဒဏ်ရာဘာညာ မရဘူးမလား”

ကျူးကော့ဟွမ်ကျင် “ဒီနေ့ တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ ကောင်းကင်ကြီးမှာ အပေါက်ကြီး ပွင့်သွားတယ်ဆိုတော့ ဒါက အရမ်းကို အန္တရာယ်မများဘူးလား”

ဖုန်းယန့်က အေးစက်စက် လေသံဖြင့် “လူသားတွေ ဒါကို တောင့်ခံနိုင်ပါ့မလား ငါတို့တွေ ကြီးထွားလာဖို့အတွက် အချိန်မရတော့ဘူးလား”

ရွှီရန်က လက်ဝါးကြီးဖြင့် ဝှေ့ယမ်းပြလိုက်ပြီး “အဲဒါတွေကို စိတ်မပူကြပါနဲ့။ သူတို့တွေ ကောင်းကင်ဘုံကို မရောက်နိုင်ပါဘူး နေ့တိုင်း ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး ကျင့်ကြံရမယ့်အချိန်ကျရင် မပျင်းကြနဲ့။ အဲဒါက ဘာထက်မဆို ပိုတန်ဖိုးရှိတယ်”

ကျားမလေးက လက်သီးလက်မောင်းတန်းရင်း “ဟုတ်တယ် ဟုတ်တယ်။ လူအများကြီး မျှော်လင့်ချက်မဲ့နေကြတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကြောက်နေလို့ ဘာထူးမှာလဲ”

“နတ်ဘုရားလို့ ခေါ်တဲ့ကောင်တွေက နည်းနည်းလေး ပိုသန်မာတဲ့ သတ္တဝါတွေပါပဲ ကျွန်မ သူတို့ကို အကုန်လုံး ရိုက်ခွဲပစ်နိုင်တယ်”

ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှာ ပြင်းထန်သော အလင်းတန်းများဖြင့် တောက်ပနေတော့သည်။

ရွှီရန်က အားရပါးရ ရယ်မောလိုက်ပြီး “ကောင်းပြီ ကောင်းပြီ ဒါဆိုရင် ငါတို့ အဖွဲ့ဖွဲ့ပြီး သူတို့ကို သွားသတ်ကြတာပေါ့”

ကျားမလေးမှာ ကတိတစ်ခု ရလိုက်သည့်အလား စိတ်လှုပ်ရှားသွားပြီး ခေါင်းလေးကို တဆတ်ဆတ်ညိတ်ကာ “ကောင်းပါပြီ ကျွန်မက ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်သူများ၏ ဘုရင်လေ”

မိန်းကလေးငယ်မှာ ရဲရင့်စွာ ရယ်မောလိုက်တော့သည်။

ကျူးယွီဟန်ကမူ ဘေးမှနေ၍ အားနည်းသော အကြည့်ဖြင့် ကြည့်နေမိသည်။

“...”

ရွှီရန်သည် ထိုမိန်းကလေးငယ်နှစ်ဦးကို ကြည့်ရင်း မြင့်မြတ်သော ရွှေရောင်သွေးများကိုသာ အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်မည်ဆိုလျှင် အလွန်ကောင်းမည်ဟု တွေးတောနေမိ၏။ ထိုသို့ဆိုလျှင် သူသည် အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်ပေါင်း ရာနှင့်ချီ၍ မွေးထုတ်ပေးနိုင်မည်ပင်။

သို့သော် နှမြောစရာကောင်းသည်မှာ ဝါးမြိုရန်အတွက် ရတနာများမှာ အလွန်ပင် ရှားပါးလွန်းလှသည်။

အနာဂတ်တွင် နတ်ဘုရားသတ်တပ်ဖွဲ့ကို ဦးဆောင်၍ ညစ်ညမ်းဧရိယာများအတွင်းသို့ သွားရောက်စွန့်စားရန် လိုအပ်ပေလိမ့်မည်။

သို့သော်လည်း လောလောဆယ်တွင်မူ ဘေးကင်းဇုန်အတွင်းရှိ ရတနာတိုက်ကြီးကို အသုံးချနိုင်သေးသည်။

နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ရတနာများထဲတွင် မြင့်မြတ်သော ရွှေရောင်သွေးအဖြစ် ပြောင်းလဲဝါးမြိုနိုင်မည့် အရာတစ်ခုခုတော့ ရှိနေနိုင်သည်။

တကယ်လို့ မရှိရင်ရော…

ရွှီရန်သည် သု့ကိုယ်သူ စိတ်ထဲမှ ကျိန်ဆဲနေမိ၏။

နိမိတ်မရှိတာတွေ တွေးမနေစမ်းနဲ့။

ဘယ်လိုလုပ် မရှိဘဲ နေမှာလဲ။

သေချာပေါက် ရှိရမယ်။

All Chapters