← Chapters

အခန်း (၁၅၆)

Vol. 16 Ch. 156

အခန်း (၁၅၆)

Vol. 16 Ch. 156

အိမ်ပြန်ရောက်သောအခါ ကျန်းနျန် ပဝါ မချွတ်နိုင်သေးမီမှာပင် လုယွီက သူမကို ပွေ့ချီကာ အခန်းထဲသို့ ခေါ်သွားခဲ့သည်။ သူမမှာ အလွန် ကြောက်လန့်သွားပြီး လုယွီ၏ ပခုံးကို စိတ်တိုတိုဖြင့် တွန်းကာ မေးလိုက်သည်။ "ရှင် ဘာလုပ်နေတာလဲ။"

လုယွီ၏ နက်မှောင်သော မျက်ဝန်းများမှာ မြင်မရသော မှောင်မိုက်မှုများဖြင့် ပြည့်နှက်နေပြီး သူက ရုတ်တရက် ပြုံးလိုက်သည်။ "မင်းကို ခဏလောက် ဖက်ထားချင်ရုံပါ။"

ကျန်းနျန် - .......

သူမ လုယွီကို တစ်ခါမျှ မယုံကြည်တော့ပေ။

သူသည် မနက်စောစောက သူမကို လိမ်ညာခဲ့ပြီး မကြာခင် ပြီးတော့မည်ဟု ထင်အောင် လုပ်ကာ မိုးလင်းသည့်အထိ သူမကို မလွှတ်ပေးခဲ့ပေ။

ပ၀ါမှာ ခေါင်းအုံးဘေးတွင် ပြန့်ကျဲသွားပြီး ကြမ်းတမ်းသော လက်ဖဝါးမှာ ကျန်းနျန်၏ ခါးကို ပွတ်သပ်နေခဲ့သည်။ အင်္ကျီကော်လာမှ ကြယ်သီးများမှာ အားဖြင့် ဖြုတ်ခြင်း ခံလိုက်ရသည်။ ကျန်းနျန်သည် စိုးရိမ်တကြီးဖြင့် ပဝါကို ဆုပ်ကိုင်ကာ လုယွီကို တွန်းထုတ်ရန် ကြိုးစားသော်လည်း သူမ၏ လက်ကလေးနှစ်ဖက် ဘာမှမလုပ်နိုင်မီမှာပင် တစ်ဖက်လူ၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရပြီး ခေါင်းပေါ်တွင် ဖိထားခြင်း ခံလိုက်ရသည်။

အနီရောင် အင်္ကျီမှာ သူမ၏ ညှပ်ရိုးနားတွင် ပုံနေပြီး သူမ၏ ရင်ဘတ်ပေါ်ရှိ နက်မှောင်သော ဦးခေါင်းကြောင့် ကျန်းနျန်မှာ ငုံ့မကြည့်ဝံ့ဘဲ ဖြစ်နေသည်။

ပခုံးပေါ်မှ အကိုက်ခံလိုက်ရမှုကြောင့် ကျန်းနျန်မှာ မျက်ရည်ဝဲသွားပြီး သူမ၏ ခန္ဓာကိုယ် တစ်ဝက်မှာ ထုံကျင်သွားသည်။

"လုယွီ..."

"ရှင် စကားမတည်ဘူး။"

ကျန်းနျန်သည် အနိုင်ကျင့်ခံရသဖြင့် အသံလေး တုန်သွားကာ နှာရှုံ့လိုက်မိသည်။

လုယွီသည် သူမ၏ ချောမွေ့သော ခါးလေးကို နမ်းလိုက်သည်။ သူမ သူ့ကို တွန်းထုတ်ရန် ကြိုးစားသော်လည်း သူ၏ လက်ချောင်းများမှာ သူမနှင့် ယှက်နွယ်နေသဖြင့် သူမ လှုပ်ရှား၍ မရဘဲ ထုံကျဉ်သော ခံစားချက်များကို အောင့်ခံနေရတော့သည်။

"နျန်နျန်။"

လုယွီ၏ ဒူးမှာ ကုတင်အစွန်းတွင် ဖိထားပြီး သူ၏ နက်မှောင်သော မျက်ဝန်းများမှာ ခံစားချက်များဖြင့် ပြည့်နှက်ကာ ကျန်းနျန်ကို စိုက်ကြည့်နေသည်။ သူမ၏ မြှောက်တက်နေသော လည်ပင်း၊ ညှို့ယူအား ပြင်းထန်နေချိန်ရှိ ဆွဲဆောင်မှုရှိသော အမူအရာများမှာ သူ့ကို အရူးအမူး ဖြစ်စေရန် လုံလောက်လှသည်။

လိုက်ကာများကို ပိတ်ထားသဖြင့် အထဲသို့ စီးဝင်နေသော အလင်းရောင်များကို ပိတ်ဆို့ထားသည်။

လုယွီသည် ခေါင်းကို လွှဲကာ ကျန်းနျန်၏ ခြေကျင်းဝတ်ကို နမ်းလိုက်သည်။ သူ၏ တုန်ရီနေသော ပခုံးများပေါ်တွင် သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော ခြေထောက်တစ်ဖက်မှာ တင်နေသည်။

ကျန်းနျန်သည် ခေါင်းအုံးထဲတွင် ခေါင်းဝှက်ထားပြီး လည်ချောင်းထဲမှ ညည်းညူသံများကို ထိန်းရန် ခေါင်းအုံးစွပ်ကို တင်းတင်းကိုက်ထားခဲ့သည်။

သူမ ထိုသို့ လုပ်ချင်သော်လည်း တစ်စုံတစ်ယောက်က သဘောမတူခဲ့ပေ။

နောက်ဆုံးတွင် ကျန်းနျန်သည် သူမ၏ အသံများပင် အက်ကွဲသွားသကဲ့သို့ ခံစားရသည်။ သူမသည် မျက်နှာကျက်ကို ဝေဝေဝါးဝါး ကြည့်နေစဉ် လုယွီသည် သူမ၏ အမြင်အာရုံထဲသို့ ရောက်လာခဲ့သည်။ သူမသည် စိတ်တိုတိုဖြင့် ခေါင်းကို လွှဲလိုက်ပြီး သူ့ကို လျစ်လျူရှုထားလိုက်သည်။ လုယွီက သူမ၏ နှာခေါင်းထိပ်လေးကို နမ်းကာ ပြောလိုက်သည်။ "ကိုယ် မင်းကို ရေချိုးခန်း ခေါ်သွားပေးမယ်။"

ကျန်းနျန်၏ လက်ချောင်းလေးများပင် အားကုန်နေပြီဟု ပြောလျှင် ပိုမည်မဟုတ်ပေ။

လုယွီက သူမကို သန့်ရှင်းရေး လုပ်ပေးကာ အခန်းထဲသို့ ပြန်ပွေ့ချီလာခဲ့သည်။ ကျန်းနျန်သည် အသံ အက်ကွဲစွာဖြင့် ပြောလိုက်သည်။ "ရှင်က လူလိမ်ပဲ။"

လုယွီ ရယ်မောလိုက်သည်။ "နောက်တစ်ခါကြရင် ကိုယ် ပိုသတိထားပါ့မယ်။"

ကျန်းနျန်၏ စိုစွတ်နေသော မျက်ဝန်းများမှာ ချက်ချင်းပင် ဝိုင်းစက်သွားသည်။ "ရှင်က နောက်တစ်ခါတောင် လိုချင်သေးတာလား။"

ထိုအမျိုးသားမှာ အရှက်မရှိဘဲ "အင်း" ဟု ပြန်ဖြေကာ ဆက်ပြောလိုက်သည်။ "ကိုယ်တို့ အိုတဲ့အထိ နောက်တစ်ခါ ဆိုတာ အမြဲ ရှိနေမှာပဲ။"

ကျန်းနျန် - …

မှောင်လာသောအခါ တပ်ရင်းမှူးဟဲ၏ သားကြီး ဟဲမင် ရောက်လာပြီး ထမင်းစားရန် အချိန်ရောက်ပြီဖြစ်သဖြင့် လာခဲ့ကြရန် ပြောသည်။ ကျန်းနျန်သည် ကုတင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေပြီး လုယွီကို ရန်လိုသောအကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။ "ကျွန်မ ဘာလုပ်ရမလဲ။"

လုယွီ ပြောလိုက်သည်။ "ကိုယ် အစ်မလန်ကို သွားပြောလိုက်မယ်၊ မင်း ပင်ပန်းလို့ နားချင်နေတယ်လို့ပေါ့။"

"ဟင့်အင်း။"

ကျန်းနျန် သက်ပြင်းချလိုက်သည်။ "လက်ထပ်ပြီး ပထမဆုံးနေ့မှာ ဒီလို မလုပ်နိုင်ပါဘူး။"

ထို့အပြင် အစ်မလန်နှင့် တပ်ရင်းမှူးဟဲတို့က သူတို့ကို များစွာ ကူညီပေးခဲ့ကြသဖြင့် ဤကဲ့သို့သော ကိစ္စကို လျစ်လျူမရှုသင့်ပေ။ သို့သော် ယခုအခါ သူမမှာ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေပြီး အသံမှာလည်း မမှန်တော့ပေ၊ တွေးမိလေလေ ပို၍ စိတ်တိုလေလေ ဖြစ်နေသည်။

သူမသည် စောင်ထဲမှ ခြေထောက်များကို ဆန့်ထုတ်ကာ လုယွီကို နှစ်ချက် ကန်လိုက်သည်။ ထိုအမျိုးသားမှာ သူမ၏ ခြေထောက်များကို အလွယ်တကူ ဖမ်းကိုင်လိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။ "ကိုယ် အဝတ်အစား ဝတ်ပေးမယ်။"

ကျန်းနျန်မှာ တုန်လှုပ်သွားပြီး အမြန် ပြောလိုက်သည်။ "ကျွန်မဘာသာ ဝတ်မယ်။"

သူမ အဝတ်အစားလဲပြီး လုယွီနှင့်အတူ ထွက်လာချိန်တွင် အပြင်ဘက်မှာ လုံးဝ မှောင်နေပြီ ဖြစ်သည်။ သူတို့နှစ်ဦး တပ်ရင်းမှူးဟဲ၏ အိမ်သို့ သွားကြရာ ဝင်ဝင်ချင်းမှာပင် အသားဟင်းနံ့ကို ရလိုက်သည်။ ဟဲမင်နှင့် ဟဲပင်းတို့သည် ပန်းကန်နှင့် တူများကို စားပွဲပေါ်တွင် တင်နေကြပြီး လုယွီနှင့် ကျန်းနျန် အတူတူလာသည်ကို မြင်သောအခါ ပြိုင်တူ အော်လိုက်ကြသည်။ "ဦးလေးလု၊ အန်တီကျန်း။"

လုယွီနှင့် ကျန်းနျန်က ပြန်ထူးလိုက်သည်။ တပ်ရင်းမှူးဟဲသည် စားပွဲပေါ်တွင် အရက်ဖြူတစ်ပုလင်းနှင့် ဖန်ခွက်နှစ်လုံးတင်ကာ ထိုင်ခုံတွင် ထိုင်နေသည်။ လုယွီ ဝင်လာသည်နှင့် တပ်ရင်းမှူးဟဲက ပြောလိုက်သည်။ "လာ၊ ဒီနေ့ ငါတို့ ကောင်းကောင်း သောက်ကြတာပေါ့။"

လုယွီ ပြုံးလိုက်သည်။ "ဟုတ်ကဲ့။"

ကျန်းနျန် - …

လန်ဟွေ့သည် ငါးဟင်းပန်းကန်တစ်ချပ် သယ်လာပြီး ပြောလိုက်သည်။ "ဒါက မနေ့က ကျန်တဲ့ ငါးလေ။ ကြည့်ဦး၊ မပျက်မစီး ရှိနေသေးတယ်။" ထိုသို့ပြောကာ စားပွဲပေါ်တွင် တင်လိုက်သည်။

ထမင်းစားပွဲတွင် ဤစခန်း၌ ကျောင်းတစ်ကျောင်းရှိကြောင်းနှင့် စာမတတ်သူများအတွက် သင်တန်းပင် ရှိကြောင်း ကျန်းနျန် သိလိုက်ရသည်။ အိမ်ရာဝင်းရှိ ကလေးများအားလုံး ကျောင်းတက်ကြပြီး တနင်္လာနေ့ မနက်တိုင်း စစ်သည်ဇနီးသည်များမှာလည်း ထိုသင်တန်းသို့ တက်ရောက်ကြရသည်။ လန်ဟွေ့က ကျန်းနျန်ကို မေးလိုက်သည်။ "မနက်ဖြန် တနင်္လာနေ့ပဲ၊ ငါနဲ့အတူ သင်တန်းလိုက်တက်မလား။"

ကျန်းနျန် တွန့်ဆုတ်သွားသည်.....

သူမက မလိုက်ဘူးဟု ပြောချင်သော်လည်း လုယွီနှင့် အခြားသူများ၏ မျက်လုံးထဲတွင် သူမသည် စာမတတ်သူ ဖြစ်နေသည်။ အိပ်မက်ထဲမှ ကျန်းနျန်၏ လက်ရေးကို ကြည့်ခြင်းဖြင့် သူမ သိနိုင်သည်။ လုယွီက ကျန်းနျန်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "မင်း မသွားချင်ရင် မသွားနဲ့လေ။"

"အဲဒီလို ပြောလို့ မရဘူးလေ" လန်ဟွေ့က ကြားဖြတ်ပြောလိုက်သည်။ "ငါ သင်နေတာ ဆယ်ရက်ရှိပြီ၊ အခုဆို ကဗျာတစ်ပုဒ်တောင် ရွတ်တတ်နေပြီ။ ကျန်းနျန်က ငယ်သေးတော့ မှတ်ဉာဏ်ကောင်းမှာပါ။ သူ သွားရင် သေချာပေါက် ပိုမြန်မြန် တတ်မှာ။ ကျန်းနျန်၊ ငါတို့ မိန်းမတွေလည်း ပညာတတ်ဖို့ လိုတယ်လေ။ မနက်ဖြန် ငါတို့နဲ့အတူ လိုက်ခဲ့။ မှတ်စုစာအုပ်နဲ့ ဘောပင် ယူလာဖို့ မမေ့နဲ့ဦး။"

ကျန်းနျန်က မရဲတရဲဖြင့် ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့။"

လုယွီသည် မျက်လုံးများကို နှိမ့်ကာ ကျန်းနျန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ ရှေ့မှ လူသားလေးတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ကို သူ သိသည်။ ဤလျှို့ဝှက်ချက်ကို သူ တဖြည်းဖြည်း ရှာဖွေသွားမည်ဖြစ်ပြီး တစ်နေ့တွင် အဖြေပေါ်လာလိမ့်မည်။

သူ လန်ဟွေ့ကို ပြောလိုက်သည်။ "အစ်မလန်၊ နောက် နှစ်ရက်လောက် စောင့်ပါဦး။ မနက်ဖြန် ကျွန်တော်တို့ ပန်းထိုးဆိုင်ကို သွားကြမလို့။"

လန်ဟွေ့က ၎င်းကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ ပန်းထိုးဆိုင်ကို သွားရမယ်။ မနေ့က ပန်းထိုးဆိုင်က အမျိုးသမီးတွေ နင့်မိန်းမအပေါ် ဘယ်လောက် ကောင်းကြလဲ ကြည့်ဦး။ သူတို့က နင့်မိန်းမရဲ့ မိသားစုဝင်တွေပါလို့ ပြောနေကြတာ။ နင့်မိန်းမဘက်မှာ လူတွေ အများကြီး ကူညီပေးနေကြတာဆိုတော့ နောင်ကျရင် ကျန်းနျန်ကို အနိုင်ကျင့်ဝံ့ဦးမလား ကြည့်ကြတာပေါ့။"

လုယွီက ပြုံးပြီး ခေါင်းခါလိုက်သည်။ "မလုပ်ဝံ့ပါဘူး။"

တပ်ရင်းမှူးဟဲက အတိတ်မှ ကိစ္စတစ်ခုကို ထုတ်ပြောသည်။ "ဒီနှစ် မင်း ဇာတိကို ပြန်ဖြစ်သေးလား။"

လုယွီ ပြန်ဖြေလိုက်သည်။ "ပြန်ဖြစ်ပါတယ်။"

တပ်ရင်းမှူးဟဲက သူ၏ မျက်နှာကို သုတ်လိုက်သည်။ "ဟိုးအရင်က မင်းနဲ့ ရှု့ချန်ကို ငါ တစ်ဆင့်ချင်းစီ ကြည့်ခဲ့ရတာ။ အဲဒီကလေးသာ မတော်တဆ မဖြစ်ခဲ့ရင် သူလည်း အခုဆို မင်းလိုပဲ ဖြစ်နေမှာ။"

"နှမြောစရာပဲ။"

တပ်ရင်းမှူးဟဲက အရက်ကို တစ်ငုံသောက်ကာ နှုတ်ခမ်းကို သပ်လိုက်သည်။ "မင်း ဇာတိကို မင်းမိန်းမကို ဘယ်တော့ ခေါ်သွားပြီး ရှု့ချန်နဲ့ အဘိုးကို ပြမှာလဲ။ မင်း ငယ်ငယ်တုန်းက မင်းအမေက မင်းကို ရှု့ချန်ရဲ့ အဖေဆီမှာ အပ်ခဲ့တာလေ။ ဒီလောက် နှစ်တွေ အကြာကြီးဆိုတော့ မင်းတို့က မိသားစုတွေ ဖြစ်နေကြပြီ။ အခု မင်းမှာ ဇနီးသစ် ရပြီဆိုတော့ မိသားစုနဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားသင့်တယ်။"

လုယွီ၏ မျက်ခုံးမှာ အနည်းငယ် တွန့်သွားခဲ့သည်။ သူသည် ဖန်ခွက်ကို မကာ တစ်ကျိုက်တည်း သောက်လိုက်ပြီး ပြောလိုက်သည်။ "နှစ်ကုန်ပိုင်းလောက်မှပါ။"

ကျန်းနျန်သည် ခေါင်းငုံ့ထားမိပြီး စိတ်ထဲတွင် အနည်းငယ် မလုံမလဲ ဖြစ်နေသည်။

သူတို့ တပ်ရင်းမှူးဟဲ၏ အိမ်မှ ထွက်လာချိန်တွင် အတော်လေး နောက်ကျနေပြီ ဖြစ်သည်။ လုယွီဆီမှ အရက်နံ့ ခပ်သင်းသင်း ရနေသော်လည်း လေတိုက်သဖြင့် ပျောက်ကွယ်သွားသည်။ ကျန်းနျန်၏ ခန္ဓာကိုယ်မှာ အားနည်းနေဆဲ ဖြစ်သဖြင့် လုယွီက သူမကို တွဲကာ ပြန်လာခဲ့သည်။

သူမကို တွဲလာသည်ဟု ပြောလျှင် မှားပေလိမ့်မည်။ ကျန်းနျန်၏ အင်အားမှာ လုယွီအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရသကဲ့သို့ ရှိသည်။ သို့သော် သူကမူ ဘာမှမဖြစ်သကဲ့သို့ပင် သူမကို အိမ်သို့ ပြန်ခေါ်လာခဲ့သည်။ တံခါးပိတ်သွားသည်နှင့် လုယွီသည် ကျန်းနျန်ကို တံခါးချပ်တွင် ကပ်လိုက်ပြီး သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

"ကျန်းနျန်...."

ထိုအမျိုးသားသည် သူမ၏ လည်ပင်းတွင် ခေါင်းဝှက်ထားပြီး သူ၏ အသံမှာ အရက်နံ့နှင့်အတူ ရှတတ ဖြစ်နေသည်။ "မင်းက အရင်က ကိုယ့်မရီး ဖြစ်ခဲ့တဲ့အကြောင်းကို တပ်ရင်းမှူးဟဲနဲ့ တခြားသူတွေကို ကိုယ် မပြောခဲ့ဘူး။"

သူက မပြောချင်၍ မဟုတ်ပေ။ ကျန်းနျန်အနေဖြင့် လူတိုင်း၏ ဝေဖန်မှုကို မခံနိုင်မှာကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။ သူမကို ဆုံးရှုံးရမည့်အစား ဤလျှို့ဝှက်ချက်ကို သူ၏ နှလုံးသားထဲတွင် ထာဝရ မြှုပ်နှံထားချင်သည်။ သူသည် မည်သည့်အရာကိုမဆို လောင်းကြေးထပ်နိုင်သည်၊ လူတိုင်း၏ ဝေဖန်မှုကို ခံနိုင်ရည် ရှိသည်၊ သို့သော် ကျန်းနျန်နှင့် ပတ်သက်လျှင်မူ သူ လုံးဝ မသေချာခဲ့ပေ။

ကျန်းနျန်က လုယွီကို ခပ်ဖွဖွ ပြန်ဖက်လိုက်ပြီး သူ၏ ရင်ခွင်ထဲတွင် ပြောလိုက်သည်။ "ရပါတယ်။"

ဒီနေ့ ကျန်းနျန် တစ်ယောက် အနှိပ်စက်ခံရတာ များသွားလို့ ဖြစ်နိုင်သည်၊ လုယွီက ဒီညတော့ သူမကို ရှားရှားပါးပါး အလွှတ်ပေးခဲ့သည်။ သူတို့နှစ်ဦး ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေကြပြီး ကျန်းနျန်သည် လုယွီ၏ လက်မောင်းပေါ်တွင် လှဲကာ သူမ၏ လက်ချောင်းများဖြင့် သူ၏ ဝမ်းဗိုက်ကြွက်သားများပေါ်တွင် စက်ဝိုင်းလေးများ ဆွဲရင်း တိတ်တဆိတ် ရေတွက်နေမိသည်။

တစ်ခု...

နှစ်ခု....

သူမ ခြောက်ခုမြောက် ရောက်သောအခါ သူမ၏ လက်ကို လုယွီက ရုတ်တရက် ဖမ်းကိုင်လိုက်သည်။ ထိုအမျိုးသား၏ နက်မှောင်သော မျက်ဝန်းများက သူမကို စူးစိုက်ကြည့်နေပြီး ပြောလိုက်သည်။ "အိပ်မလား... ဒါမှမဟုတ် တခြားအရာတွေ လုပ်မလား၊ တစ်ခုပဲ ရွေး။"

ကျန်းနျန် - !!!

သူမ လက်ကို ချက်ချင်း ပြန်ဆွဲထုတ်လိုက်ပြီး လုယွီနှင့် မျက်နှာချင်းဆိုင်ရာမှ ကျောခိုင်းလိုက်ကာ မျက်နှာလေး နီမြန်းလျက် ပြောလိုက်သည်။ "အိပ်မယ်။"

စနောက်နေတာကို ဘေးဖယ်ထားလိုက်ရင်တောင် ဒီအတိုင်းသာ ဆက်လုပ်နေမယ်ဆိုရင် သူမ နောက်နေ့ နေထွက်တာကို မြင်ရမှာ မဟုတ်တော့ပေ။

လုယွီ သူမကို နောက်ကနေ ဖက်လိုက်ပြီး သူ၏ လက်ဖဝါးက ကျန်းနျန်၏ နူးညံ့သော ဝမ်းဗိုက်ကို ထိတွေ့နေသည်။ ကျန်းနျန်၏ ကျောရိုးမှာ ခဏမျှ တုန်သွားရသည်။ သူမ ရှေ့သို့ အနည်းငယ် ထပ်တိုးရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ခါးကို ဖက်ထားသော လက်မောင်းက အားနည်းနည်း စိုက်လိုက်သဖြင့် သူ၏ ရင်ခွင်ထဲသို့ ပြန်ရောက်သွားသည်။

သူမ၏ ကျောပြင်မှာ လုယွီ၏ သန်မာသော ရင်ခွင်နှင့် တင်းတင်းကျပ်ကျပ် ထိကပ်နေသည်၊ ကျန်းနျန်မှာ လန့်သွားပြီး သူ၏ သွယ်လျသော လက်ဖဝါးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ကျွန်မ အိပ်ချင်ပြီ။"

လုယွီ - ......

"အိပ်တော့လေ။"

ထိုအမျိုးသားသည် မျက်လုံးများကို မှိတ်ကာ ကျန်းနျန်ကို တစ်ညလုံး ဖက်ထားခဲ့သည်။ သူမ မည်သို့ပင် လှည့်ပတ်နေပါစေ သူ၏ ဖက်တွယ်မှုအောက်မှာပင် ရှိနေခဲ့ပြီး စောင်ထဲမှ တစ်ခါမျှ ထွက်မသွားခဲ့ပေ။ သူမသည် အရုဏ်တက်ချိန်အထိ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။ ကောင်းကင်ယံ လင်းပွင့်လာသောအခါ လုယွီသည် ကျန်းနျန်၏ နှုတ်ခမ်းကို နမ်းလိုက်ပြီးမှ ထကာ အဝတ်အစား ဝတ်ဆင်သည်။

ဤနေရာမှာ တပ်ရင်းနှင့် အနည်းငယ် ဝေးသဖြင့် မနက်ခင်းတွင် စစ်တပ်၏ ခရာမှုတ်သံကို မကြားရပေ။ ကျန်းနျန်ကို လုယွီက နှိုးလိုက်ခြင်း ဖြစ်သည်။

သူမ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်ရာ အနားတွင် ရှိနေသော လုယွီကို တွေ့လိုက်ရသည်။ "ဘယ်နှစ်နာရီ ရှိပြီလဲ။"

"ကိုးနာရီ ရှိပြီ။ စားပြီးရင် မြို့ထဲ သွားကြမယ်လေ။"

"ဟုတ်ပြီ။"

ကျန်းနျန်သည် ကုတင်ပေါ်မှ ခက်ခက်ခဲခဲ ထလိုက်သည်၊ သူမ၏ ခြေထောက်များမှာ တုန်ရီနေဆဲ ဖြစ်သည်။ လုယွီ၏ အကူအညီဖြင့် သူမ အမြန် အဝတ်လဲကာ မျက်နှာသစ်ရန် ထွက်လာခဲ့သည်။ မနက်စာ စားပြီးနောက် လုယွီက ပန်းကန်များကို ဆေးကြောပြီး ကျန်းနျန်ကို ခေါ်ထုတ်သွားခဲ့သည်။

ဤအကြိမ်တွင်မူ သူတို့ ကားဖြင့် သွားကြခြင်း ဖြစ်သည်။ မနက်စောစောတွင် လုယွီသည် ကားကို တပ်ရင်းထဲမှ မောင်းထုတ်လာခဲ့သည်။ အကယ်၍ မြန်မြန်မောင်းလျှင် မြို့ထဲသို့ တစ်နာရီမပြည့်မီ ရောက်နိုင်သည်။ ပန်းထိုးဆိုင်ရှိ လူများအားလုံး ထိုနေရာတွင် ရှိနေကြသည်။

အပြင်သိပ်မထွက်တတ်သော ကောမိန်သည်ပင် ယွီရှနှင့် အခြားသူများနှင့်အတူ ပန်းထိုးဒီဇိုင်းများကို ဆွေးနွေးနေသည်။ သူတို့ ဝင်လာသောအခါ လူအချို့က ရယ်မောလိုက်ကြသည်။ ကျားယွမ်က စနောက်ခဲ့သည်။ "အို့ ဘယ်သူတွေ ရောက်လာတာလဲ။"

စုနကလည်း ဝင်ပြောခဲ့သည်။ "မင်္ဂလာမောင်နှံသစ်တွေပေါ့။"

ဖန်ရှန်းလည်း ပြောလိုက်သည်။ "သတို့သမီးလေး အိမ်ပြန်လာပြီလား။"

ကျန်းနျန် ပြုံးလိုက်သည်။ "ဟုတ်ကဲ့၊ ပြန်လာပါပြီ။"

ပန်းထိုးဆိုင်တစ်ခုလုံး ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။ လုယွီသည် ကားပေါ်မှ ပစ္စည်းများကို ယူလာကာ စားပွဲပေါ်တွင် တင်လိုက်သည်။ စုနမှာမူ လုယွီ သတို့သမီး လာကြိုသည့်နေ့က သူတို့၏ ကြမ်းတမ်းသော အပြုအမူများကို တွေးနေဆဲ ဖြစ်သည်။ သူမ လုယွီကို မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ရှင်တို့ကို ကြည့်ပါဦး။ သတို့သမီးကို ကြိုဖို့ ငါတို့ တံခါးကိုတောင် ဖျက်စီးပစ်တော့မလို့။ အကယ်၍ တံခါးပျက်သွားရင် ငါတို့ ညဘက် အိပ်တဲ့အခါ အေးပြီး သေကုန်ရင် ဘယ်လိုလုပ်မလဲ။"

ရှု့ရွှယ်လည်း ပြောလိုက်သည်။ "အေးလို့ မသေရင်တောင် သူခိုးတွေနဲ့ ကြုံရင် ဘယ်လိုလုပ်မလဲ။"

လုယွီလည်း ရယ်မောလိုက်သည်။ "သူတို့လည်း အတိုင်းအတာတစ်ခုအထိတော့ သိကြပါတယ်။"

ထို့နောက် သူ ပစ္စည်းများကို ချထားပြီး ပြောလိုက်သည်။ "မင်္ဂလာဆောင်နေ့က ဖြစ်ခဲ့တာတွေအတွက် အားနာလို့ လူတိုင်းအတွက် တစ်ခုစီ ဝယ်လာခဲ့ပါတယ်။"

ယွီရှသည် အရင်ဆုံး ပြေးကြည့်ခဲ့သည်၊ အားလုံးမှာ ကောင်းမွန်သော ပစ္စည်းများဖြစ်သဖြင့် အတော်လေး ငွေကုန်ကြေးကျ များလိမ့်မည်ဟု သူမ ထင်လိုက်မိသည်၊ ထို့ကြောင့် သူမ ခေါင်းလှည့်ကာ ကျန်းနျန်ကို ကြည့်ပြီး ရိုးသားစွာ အားကျသောစိတ်ဖြင့် ပြောလိုက်သည်။ "ကျန်းနျန်၊ နင် ဘဝဟောင်းက ဘယ်လို ကုသိုလ်တွေ လုပ်ခဲ့လို့ ဒီလို ယောကျ်ားကောင်းနဲ့ လက်ထပ်ရတာလဲ။"

ကျန်းနျန် - …

လုယွီ ပြုံးလိုက်သည်။

နေ့လယ်ပိုင်းတွင် လုယွီသည် လူတိုင်းကို အနီရောင်ကြယ်ဟိုတယ်တွင် ကျွေးမွေးခဲ့သည်။ ထမင်းစားနေစဉ် ကောမိန်က ကွမ်းချန်မှ သူဌေးအကြောင်း ပြောပြသည်။ "ရဲဘော်တန့်က နောက် နှစ်ရက်၊ သုံးရက်နေရင် ယွမ်မြို့ကို လာလိမ့်မယ်၊ နင့်ကိုလည်း တွေ့ချင်တယ်လို့ ပြောထားတယ်။ သူ ရောက်လာရင် ငါ နင့်ကို ဖုန်းဆက်လိုက်မယ်၊ အဲအခါကြရင် နင် လာခဲ့ပေါ့။"

ကျန်းနျန် ပြောလိုက်သည်။ "ဟုတ်ကဲ့။"

အစ်မတန့် လာနိုင်သည်ဆိုသည်မှာ သူမ၏ မျှော်လင့်ချက်ထဲတွင် ရှိပြီးသား ဖြစ်သည်။ သို့သော် ဤမျှ မြန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ကျန်းနျန်သည် သူမ၏ ပန်းထိုးပညာကို ယုံကြည်မှုရှိပြီး အစ်မတန့်၏ ယခုတစ်ခေါက် ခရီးစဉ်မှာလည်း ပန်းထိုးကိစ္စအတွက် ဖြစ်လိမ့်မည်ဟု သေချာနေသည်။ ဘေးမှ ယွီရှက ၎င်းကို ကြားသောအခါ သိချင်စိတ်ဖြင့် မေးသည်။ "ရဲဘော်တန့်က ဘယ်သူလဲ။"

ကောမိန်သည် ကွမ်းချန်မှ သူဌေး တန့်ခယ်နှင့် ကျန်းနျန်တို့၏ ပတ်သက်မှုကို ရှင်းပြလိုက်သည်။ လူတိုင်းက ကျန်းနျန်ကို အံ့သြတကြား ကြည့်လိုက်ကြသည်။ တုန်းရှု့ကလည်း ကျန်းနျန်ကို ကြည့်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ ခေါင်းငုံ့ကာ ရေသောက်နေလိုက်သည်။

ယွီရှ သက်ပြင်းချလိုက်သည်။ "ကျန်းနျန်၊ ငါ ပြောတာ မှန်သားပဲ။ နင်က ဒီအလုပ် လုပ်ဖို့ကို မွေးဖွားလာတာ။"

ရှု့ရွှယ်သည် အသားတစ်ဖဲ့ကို ကိုက်ကာ ပါးစပ်ထဲတွင် ဝါးရင်း ပြောလိုက်သည်။ "ငါ နင့်ကို ဒီထက် ပိုစောစော မသိခဲ့ရတာ တကယ် နှမြောတာပဲ။ အကယ်၍ ငါသာ နင့်ကို စောစော သိခဲ့ရင် နင့်ကို ပန်းထိုးပညာ သင်ပေးခဲ့တဲ့သူနဲ့ တွေ့ဖို့ ငါ့အဘွားနဲ့အတူ လိုက်သွားမိမှာ။"

၎င်းကို ကြားသောအခါ ကျန်းနျန်၏ ရင်ခုန်သံမှာ မြန်သွားပြီး အသိစိတ်မရှိဘဲ လုယွီကို လှမ်းကြည့်လိုက်မိသည်။ သေချာပါသည်၊ သူမသည် သူ၏ အကြည့်နှင့် ဆုံသွားခဲ့သည်။

ကျန်းနျန် - !!!

သူမသည် လုယွီကို ယခင်က ပြောခဲ့ဖူးသည့် စကားကို မေ့မသွားခဲ့ပေ၊ သူမသည် ကိုယ့်ဘာသာ သင်ယူခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့ဖူးသည် မဟုတ်ပါလား။

လုယွီသည် ကျန်းနျန်အတွက် အသားတစ်ဖဲ့ ထည့်ပေးကာ သူမ၏ ခွက်ထဲသို့ ရေနွေး ငှဲ့ပေးလိုက်သည်။ "တစ်ခုခု စားလိုက်ဦး။"

၎င်းမှာ သာမန် စကားတစ်ခွန်း ဖြစ်သော်လည်း အိမ်ရောက်ရင်တော့ စာရင်းရှင်းခံရတော့မည်ဟု ကျန်းနျန် စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ ခံစားလိုက်ရသည်။

သူမ အမြန် ခေါင်းငုံ့လိုက်ပြီး အခြားသူများ ဘာပြောပြော သူမ အာရုံမစိုက်နိုင်တော့ပေ။ သူမ၏ စိတ်သည် လုယွီထံသို့သာ ရောက်နေသည်၊ သူ မျက်တောင်ချလိုက်သော လှုပ်ရှားမှု၊ သူ ပြန်မော့ကြည့်လိုက်ချိန်ရှိ တည်ငြိမ်သော အမူအရာများမှာ ကျန်းနျန်အတွက် မုန်တိုင်းမလာမီ တိတ်ဆိတ်မှုမျိုး ခံစားရစေသည်။

All Chapters