← Chapters

နတ်ဘုရားတစ်ပိုင်း ခေါင်းဆောင်ကြီး ပြန်ရောက်လာခြင်း

Vol. 10 Ch. 913

နတ်ဘုရားတစ်ပိုင်း ခေါင်းဆောင်ကြီး ပြန်ရောက်လာခြင်း

Vol. 10 Ch. 913

လွန်ခဲ့သော အချိန်အနည်းငယ်က.....။

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးသည် မီးခိုးရောင်ဆံပင်ရှည်ရှိကာ ပိန်ပိန်ပါးပါးလူတစ်ယောက်ဖြစ်သည်။ သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရုပ်ရည်ချောမောသော်လည်း ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ပျံသန်းလာ၏။ ထိုမျှသာမက သူ၏မျက်လုံးများထဲတွင် စိုးရိမ်သောကအရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။

ကြည့်ရသရွေ့ သူက ကောင်းကင်တံတားကျွန်းဆွယ် ခရီးစဥ်တွင် အကြောင်းကိစ္စတစ်ခုခုကြောင့် မတင်မကျဖြစ်လာခဲ့ဟန်တူသည်။

သူက ကောင်းကင်တံတားပင်လယ်အပေါ်တွင်သာ ရှိသေးသော်လည်း ခပ်ဝေးဝေးရှိ ရှင်းကုံကျစ်တာအိုဂိုဏ်းအား ပြတ်ပြတ်သာသား မြင်နေရသည်။

သူ ဂိုဏ်းမှ ထွက်သွားပြီး ပြန်လာသည့်အချိန်တိုင်း သူသည် ဂိုဏ်းတည်ရှိနေသည့် တလက်လက် တောက်ပနေသော သက်တန့်များကို နှစ်ခြိုက်စွာ ကြည့်ရှုကာ အချိန်အနည်းငယ် ကုန်ဆုံးလေ့ရှိသည်။

သို့သော် ဤတစ်ကြိမ်တွင် အရှေ့ရှိ ဂိုဏ်းအား မြင်လိုက်ရသောအခါ သူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ပျံနေရာမှ ရပ်တန့်လိုက်၏။

တလက်လက်တောက်ပနေသော သက်တန့်များကို သူ မမြင်ရတော့ဘဲ ထိုအစား မိုးကုပ်စက်ဝန်းထက်တွင် လွင့်မျောနေသော အမည်းရောင်အရိပ်သဏ္ဍာန်ခုနစ်ခုကိုသာ မြင်လိုက်ရ၏။ သူက ဂိုဏ်းမှားရောက်လာသည်လားဟူ၍ပင် အမှားမှားအယွင်းယွင်း တွေးမိလိုက်သည်။

သို့သော် သူ၏အတွေးမဆုံးခင်မှာပင် အပြာရောင်သက်တန့်ဖြစ်ခဲ့ဖူးသော နယ်မြေဆီမှ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ပဲ့တင်ထပ်လာ၏။ မိုးကောင်းကင်မှာ မိုးကြိုးပစ်လိုက်သည့်အလား တုန်ခါသွားပြီး ဧရာမလှိုင်းလုံးကြီးတစ်လုံးက ကောင်းကင်တံတားပင်လယ်ကို ဖြတ်၍ ပျံ့လွင့်လာတော့သည်။

နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးမှာ မျက်နှာပျက်သွားကာ ရှေ့တစ်လှမ်းလှမ်းလိုက်ရာ ရှင်းကုံကျစ်တာအိုဂိုဏ်းအပေါ်တည့်တည့် ရောက်သွားတော့သည်။

****

ပိုင်ရှောင်ချန်းက ကျယ်လောင်စွာအော်ဟစ်ကာ ဆေးပေါင်းဖိုအလုံးတစ်ထောင်ကျော်ကို ပေါက်ကွဲသွားစေပြီး အရပ်မျက်နှာတစ်ခွင်သို့ ဝတ်မှုန်များစွာ ပျံ့နှံ့သွားအောင်လုပ်လိုက်စဥ်ကတည်းက အချိန်အနည်းငယ်မျှသာ ကုန်လွန်သေးသည်။

ချက်ချင်းပင် အရောင်များ ပျံ့နှံ့လာကာ အပြာရောင်သက်တန့်ပြန်ဖြစ်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အရိပ်အယောင် ထင်ဟပ်လာပါသော်လည်း ထိုအခိုက်အတန့်မှာပင် သူ၏မျက်နှာသည် လူသေကောင်အလား ဖြူဆုတ်သွားတော့သည်။

" ထပ်မဖြစ်ပါနဲ့တော့ "

မကြာသေးမီက သက်တန့်ဒေသက ဆေးပေါင်းဖိုများစွာ ပေါက်ကွဲခဲ့၍ အားနည်းသွားခြင်းကြောင့်ပေလား၊ အခြားအကြောင်းတစ်ခုခုကြောင့်ပေလား၊ မည်သို့ပင်ဆိုစေ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံစွမ်းအား အလုံးအရင်းနှင့်အတူ ထိုဆေးပေါင်းဖိုအလုံး ၁၅၀၀ ပေါက်ကွဲခြင်းက သက်တန့်ဒေသအတွက် လက်ခံရန် များလွန်းနေသည်။

ပထမဆုံးပေါက်ကွဲမှု၏ တုန်ခါလှိုင်းက ဆက်လက်ပျံ့နှံ့နေစဥ်မှာပင် သက်တန့်ကြီး ပြိုကျလာတော့သည်။

အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် ဧရာမအက်ကြောင်းကြီးပွင့်ထွက်လာကာ သက်တန့်ထက်တွင် တည်ရှိခဲ့ဖူးသော အဆောက်အအုံများ အတွင်းထဲ ကျွံကျသွားသည်ကို မြင်နိုင်သည်။ ထိုသို့ဖြစ်ပျက်နေစဥ် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးက ကောင်းကင်ယံတွင် ပေါ်လာပြီး အောက်ဖက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဆွံ့အလျက်သာ စိုက်ကြည့်နေကြတော့သည်။

အက်ကြောင်းကြီးက ကျင်းကြီးတစ်ကျင်းအဖြစ် ကျယ်လာပြီး ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူကိုပင် ဝါးမျိုသွားတော့သည်။

ထိုအချိန်တွင် ဝတ်မှုံ၏ မယုံကြည်နိုင်ဖွယ် စွမ်းအားက သက်တန့်၏အခြားနေရာများကို သန့်စင်ပေးလိုက်သည့်အတွက် ထစ်ခြုန်းမြည်ဟည်းသံများ ဆက်လက်ပဲ့တင်ထပ်လာကာ မူလအရောင်ပြန်ရသွားတော့သည်။

သို့သော် မြို့လေးမြို့၏ ဂိုဏ်းသားများအားလုံး မြင်နေရသည်မှာ အပြာရောင်သက်တန့်တွင် ပေါက်သွားသည့် ကျင်းပေါက်ကြီးမှ ထွက်ကျလာနေသော အကျိုးအပဲ့များ ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာမူ ကြောက်လန့်တုန်ရီလျက် ဖြစ်ပျက်နေသည်များကို ရပ်၍သာကြည့်နေတော့သည်။

မကြာမီ မြို့များထဲရှိ အံအားသင့်တိတ်ဆိတ်နေမှုသည် ဆူညံပွက်လောရိုက်မှုကြီးအဖြစ် ပွင့်ထွက်လာတော့သည်။

" ပြို၊ ပြိုကျသွားတာလား "

" မင်းမေဘ၊ ဒီကောင် အရောင်တွေပြန်ရအောင် ဘယ်လိုလုပ်လိုက်တာတုန်း။ အစထဲက အဏ္ဏဝါခေါ်သံဂိုဏ်းက ရှေးရိုးစွဲ ဂိုဏ်းတစ်ဂိုဏ်းလို့ ငါပြောခဲ့သားပဲ။ ဒီကောင်က ငါတို့လူ မဟုတ်ဘူး။ ဒီကိစ္စက ဒီကောင် အပြစ်ပေးခံရတာမြင်ရဖို့ အခွင့်​အရေးကောင်းလေကွာ။ ဒီခွေးကောင် နောက်ဆုံးအချိန်​ေရာက်မှ ဘယ်လိုလုပ် အကုန်ပြောင်းပြန်နိုင်ရတာတုန်း "

" အဲဒီ အဏ္ဏဝါခေါ်သံဂိုဏ်းက ခွေးကောင်က ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ဒေါသတကြိိီး ပတ်ရမ်းနေရအောင် ဘာကောင်မို့လို့တုံး။ နတ်အဆင့်ကျင့်ကြံသူဖြစ်နေလို့သာ ဒီကောင် ကံကောင်းနေတာ၊ ဂိုဏ်းထဲမှာ သိုသိုသိပ်သိပ်နေတယ်ဆိုရင်လဲ ထားဦး။ ဒါပေမဲ့ ဒီကောင် ဘယ်လောက်တောင် အရှက်မရှိလဲ ကြည့်စမ်းပါဦးကွာ။ ဒါ ငါတို့ ရှင်းကုံကျစ်တာအိုဂိုဏ်းကို လုံးဝအထင်သေးတာပဲကွ။ ငါတို့ အားလုံး ပေါင်းပြိီး သူ့ကျင့်ကြံခြင်းအခြေခံကို ဖျက်စီးပစ်ဖို့ သေချာပေါက် တရားဝင်အဆိုပြုချက်တင်သွင်းရမယ် "

နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး မရှိစဥ်က ထိုကဲ့သို့စကားမျိုးအား တစ်ယောက်မှ ကျယ်ကျယ်လောင်လောင်မပြောရဲပေ။ သို့သော် ယခုအခါ သူတို့မှာ ဆက်သည်းမခံနိုင်တော့ပေ။

ပိုင်ကျိမ်းထျန်၊ လီရှမ်းတောက်နှင့် သံမဏိသွေးကြောခေါင်းဆောင်ကြီးတို့အားလုံး၏မျက်နှာများထက်တွင် အမျိုးမျိုးသော အရိပ်အယောင်များ ရှိနေသည်။ သူတို့သည် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြိီး ပြန်ရောက်လာသည်ကို အာရုံရလိုက်ပြီး စိုးရိမ်တကြီး အကြည့်ချင်းဖလှယ်လိုက်ကြပြိီးနောက် လေပေါ်သို့ အတူပျံတက်လိုက်ကြသည်။

ထိုအချိန်တွင် ကောင်းကင်ကို မှေးမှိန်စေ၍ မြေငလျင်တို့ လှုပ်ခတ်သွားစေသော အသံကြီးတစ်သံ ပေါ်ထွက်လာ၏။

" မင်း ဘာလုပ်နေတာလဲ ပိုင်ရှောင်ချန်း။ မင်းသေချင်နေတာလား၊ ဘာဖြစ်ချင်နေတာတုံး "

ထိုစဥ် ပိုင်ရှောင်ချန်းသည် အပြာရောင်သက်တန့်ပေါ်ရှိ မီတာ ၃၀၀ အကျယ် ကျင်းကြီး၏ အစွန်း၌ မတ်တတ်ရပ်နေကာ တိုးလျှိုပေါက် အခြားတစ်ဖက်ရှိ မြေပြင်ကို ငုံ့ကြည့်နေသည်။ ယခုအခါတွင် စိုးရိမ်သောကများက သူ့နှလုံးသားကို ဖျစ်ညှစ်နေပြီး သူ၏ခေါင်းထဲတွင် ဖြေရှင်းချက်တစ်ခုကို အပြေးအလွှားစဥ်းစားနေသည်။

ကံကောင်းထောက်မစွာ ဝတ်မှုန်မှာ သက်တန့်ကိုသန့်စင်ရာတွင် လိုအပ်သောသက်ရောက်မှုရှိခဲ့၍ ယခုအခါ သက်တန့်ခုနစ်ခု၏ အရောင်ခုနစ်ရောင်လုံး ပြန်ရသွားလေပြီ။ ထို့ပြင် ယခင်က သူ၏ဆေးဖော်စပ်ခြင်းမှ မီးခိုးငွေ့များသက်ရောက်ခံထားရသော ဂိုဏ်းသားများမှာ ယခုတွင် သူတို့ကျော်ဖြတ်ခဲ့ရသည့် စိတ်ဆင်းရဲမှုဒဏ်ကြောင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံများ သန့်စင်သွားခဲ့သည်ကို သတိထားမိလိုက်သည်။

ပိုင်ရှောင်ချန်းသည်လည်း ထိုသည်ကို သတိထားမိလိုက်ရာ သူ၏အပြစ်ရှိသလိုခံစားချက်များ အတန်ငယ် လျော့ပါးသွားသည်။ သို့သော် သူ ခုခံ၍မပြောနိုင်ခင် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး၏ ဓားသွားတမျှ စူးရှသော အကြည့်က သူ့အပေါ် ကျရောက်လာ၏။ ထိုလူကား မြင်နေရသည်ထက်ပို၍ အလွန်အမင်း စိတ်တိုနေကြောင်း သိသာထင်ရှားလှသည်။

နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူ၏ နတ်ဘုရားအာရုံက ဆက်လက်ပျံ့နှံ့သွားပြီး အောက်ဖက်ရှိ ကျင့်ကြံသူများပြောနေသော အကြောင်းအရာများအားလုံးကိုကြားလိုက်သည်တွင် သူမရှိစဥ်အေတာအတွင်း မည်သည်တို့ ဖြစ်ပွားခဲ့သည်ကို သူ သဘောပေါက်သွားတော့သည်။

သက်တန့်ခုနစ်ခုလုံးမှာ လူသူကင်းမဲ့နေပြီး လူတိုင်းသည် အောက်ဖက်ရှိ မြို့များထံသို့ ရွှေ့ပြောင်းသွားခဲ့ကြောင်းလည်း သူ သတိထားမိလိုက်သည်။

ပိုင်ရှောင်ချန်း၏ ဆေးဖော်စပ်ခြင်းက အလွန်စွမ်းအားကြီးပြီး အန္တရာယ်များနိုင်သည်ကို သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ သို့သော် အပြာရောင်သက်တန့်ပေါ်ရှိ ကျင်းပေါက်ကြီးအား ကြည့်လိုက်သောအခါ သူ၏ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်လာတော့သည်။

" ရှင်းပြစမ်း "

သူက မိုးခြိမ်းသံအလား ကျယ်လောင်လှသော အသံဩဩကြီးဖြင့် အော်ငေါက်လိုက်သည်။ သူက အင်္ကျီလက်စကို ခါယမ်းလျက် သူ၏စကားလုံးများကို လေးနက်စေလိုက်ရာ သက်တန့်ခုနစ်ခုလုံး တသိမ့်သိမ့်တုန်သွားပြီး အောက်ဖက်ရှိ ဂိုဏ်းသားများမှာ ကြောက်လန့်ခြင်းများ၊ မျှော်လင့်ခြင်းများဖြင့် တုန်တက်သွားတော့သည်။

အခြားနတ်အဆင့်ကျင့်ကြံသူများမှာ တခဏသာ ချီတုံချတုံဖြစ်သွား၏။ ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်တို့သည် ပိုင်ရှောင်ချန်းကြောင့် ဖြစ်ပွားခဲ့သည့် ကပ်ဘေးများကို တွေးကာ သူအရေးနိမ့်နေချိန် တိုက်ခိုက်ရန်မှာ အချိန်ကောင်းဖြစ်ကြောင်း ပြန်တွေးမိလိုက်သည်။

သံမဏိသွေးကြောခေါင်းဆောင်ကြီးမှာလည်း ပိုင်ရှောင်ချန်းက ရှင်းပြရာတွင် ကူညီသင့်၊ မကူညီသင့် ဆုံးဖြတ်ရာတွင်

လွန်ဆွဲနေသည်။ သို့သော် သူသည် သက်တန့်ပေါ်ရှိ ဧရာမကျင်းပေါက်ကြီးအား ကြည့်ကာ ခါးခါးသီးသီးပြုံးလိုက်သည်။

ပိုင်ရှောင်ချန်းသည် စိတ်တိုနေသော နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးကို ကြည့်၍ ရင်တဒိန်းဒိန်းခုန်နေတော့သည်။ သူက အားတင်း၍ ပြန်ဖြေရန် ပြင်လိုက်သည်။

" အဲ ခေါင်းဆောင်ကြိီး၊ ကျုပ်....ဟို.. ဒင်း။ ဒီလိုဖြစ်သွားတာပါဗျာ။ ကျုပ်ရဲ့ အရင် အင်မော်တယ်ဂူကို လုံးဝမကြိုက်တာကြောင့်ပါ။ ဟုတ်တယ်။ အဲဒါကြောင့် ဒီလိုဖြစ်သွားတာ ”

" ကျုပ်ရဲ့ အင်မော်တယ်ဂူက ကျုပ်တို့ ရှင်းကုံကျစ်တာအိုဂိုဏ်းကို စောင့်ကြပ်ဖို့ သိပ်ကောင်းတဲ့ နေရာမဟုတ်ပါဘူး။ အဲဒါကြောင့် အဲဒါကို လုံးဝဖျက်ဆီးလိုက်ပြီး ဒီကျင်းကြီးနဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါမှ ဆရာကြီးရဲ့ဂုဏ်အရှိန်အဝါအောက်မှာရှိေနတဲ့ ခရမ်းရောင်သက်တန့်ကို ကျုပ် ကြည့်နိုင်သလို တစ်ခါတည်း အောက်ဖက်က မြို့လေးမ်ြို့ကိုလဲ ငုံ့ကြည့်နိုင်ပါမယ်။ အခုဆိုရင် ကျုပ်က တစ်ဂိုဏ်းလုံးမှာ ဖြစ်ပျက်နေတာအားလုံးကို ကြည့်နိုင်ပါပြီ ”

" ဒီလိုလုပ်မှပဲ ကျုပ် တကယ် အဆင်ပြေမှာ။ ပြီးတော့ ကျုပ်ရဲ့နှလုံးသားထဲမှာ ခေါင်းဆောင်ကြီးရယ်၊ အောက်ဖက်က ဂိုဏ်းသူဂိုဏ်းသားတွေကို ဂရုတစိုက် ရှိနေပါတယ်။ ကျုပ်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို ကျုပ်တို့ ရှင်းကုံကျစ်တာအိုဂိုဏ်းအတွက် ပေးဆပ်ထားတာပါ "

သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် စလိုက်သော်လည်း စကားလုံးများထွက်လာသည်နှင့် ပို၍ ယုံကြည်ချက်ရှိလာပြီး သူ့စကားများအား လေးနက်စေရန် ရင်ဘတ်ကို တဘုန်းဘုန်း ရိုက်နှက်လိုက်တော့သည်။ သူ့ကိုကြည့်ရသည်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းအတွက် အရိုးေကြကြေ အရေခမ်းခမ်း ကြိုးစားရန် မည်သည့်အားထုတ်မှုကိုမှ အလေအလွင့်မခံချင်သည့်ဟန် တူသည်။

မြို့လေးမြို့ရှိ ဂိုဏ်းသားအပေါင်းမှာ သူ့စကားများကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ဒေါသများ ပေါက်ကွဲသွားတော့သည်။

" အရှက်မရှိလိုက်တာ "

"လုံးဝပြင်လို့မရဘူး"

" သူက ငါတို့ တစ်ဂိုဏ်းလုံးကို သေချာပေါက် ဖျက်စီးချင်နေတာ။ ဒါက သေဒဏ်အကြိမ်တစ်သောင်းနဲ့ ထိုက်တန်တဲ့ ပြစ်မှုတစ်ခုပဲ "

အဆင့်နိမ့်ဂိုဏ်းသားများသာ ထိုကဲ့သို့ြပုမူနေကြသည်မဟုတ်ပေ။ အခြားနတ်အဆင့်ကျင့်ကြံသူသုံးဦး၏ မျက်နှာများအပေါ်တွင်လည်း ထူးဆန်းသော အမူအရာများ ပေါ်လာတော့သည်။ သို့သော် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးမှာ သဘောကျသွားဟန်တူ၏။ သူက ရက်ရက်စက်စက်အပြစ်တင်ရန် စဥ်းစားလိုက်သော်လည်း သူ၏ကောင်းကင်တံတားကျွန်းဆွယ်ခရီးကို ပြန်တွေးမိကာ တုလင်ဖေးက သူ့ကို ပိုင်ရှောင်ချန်းအား

စောင့်ရှောက်ရန် နောက်တစ်ကြိမ်သတိပေးခဲ့သည်ကို သတိရလိုက်သည်။

ထိုသည်က သူတို့နှစ်ယောက်ကြားတွင် ထူးခြားသောပတ်သက်မှုတစ်ခုရှိရမည်ဆိုသော သူ၏ ထင်မြင်ချက်ကို ခိုင်မာသွားစေပြီး လက်ရှိအခြေအနေအား မည်သို့ဖြေရှင်းရမည်ဆိုသည်နှင့်ပတ်သက်၍ သူ ချီတုံချတုံဖြစ်သွားတော့သည်။

တခဏကြာသော် သူက အေးစက်စက်နှာမှုတ်ကာ ပြောလိုက်၏။

" မင်း ဂိုဏ်းထဲမှာ ထပ်ပြီး ဆေးဖော်တာတွေ့လို့ကတော့ ငါကိုယ်တိုင် မင်းကို ထပ်မလုပ်နိုင်အောင် လုပ်ပစ်မယ် "

ထို့နောက် သူက အင်္ကျီလက်စကို ခါယမ်းပြီး ပြန်ရန် လှည့်လိုက်သည်။

ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်တို့သည် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးက ပြင်းထန်သောပြစ်ဒဏ်နှင့် ပြစ်မှုကြီးတစ်ခုဟု လူတိုင်း ထင်ထားခဲ့သည့်ကိစ္စကို အသေးအမွှားရာဇဝတ်မှုတစ်ခုအဖြစ် ပြောင်းလဲလိိုက်သည်အား မြင်သောအခါ တအံ့တသြပင့်သက်ရှိုက်သွားကြတော့သည်။

သံမဏိသွေးကြောခေါင်းဆောင်ကြီးသည်လည်း တုန်လှုပ်သွား၏။

ပိုင်ရှောင်ချန်းသည်ပင် ကြက်သေသေသွားသည်။ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးက ထိုသို့ပြောဆိုကာ ဖြစ်ပျက်ခဲ့သည်များနှင့်ပတ်သက်၍ မေးခွန်းတစ်ခုပင် မထုတ်ဘဲ နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူသည် ဖြစ်နိုင်ခြေမရှိသောအရာများအားလုံး ဖြစ်ပျက်လာခြင်းကြောင့် ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ထို့နောက် ခေါင်းဆောင်ကြီးက သူ၏အနာဂတ်တိုးတက်မှုအလားအလာအတွက် လုပ်နေသည်လားပင် သိချင်လာတော့သည်။

အောက်ဖက်ရှိ ဂိုဏ်းသားအပေါင်းမှာ အံ့အားသင့်သွားတော့သည်။

နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးသည် သူ၏လုပ်ဆောင်ချက်အပေါ် လူအများက မည်သို့တုံ့ပြန်သည်ကို မြင်သောအခါ ပိုင်ရှောင်ချန်းအား အနည်းငယ် သက်ညှာလွန်းသွားကြောင်း သဘောပေါက်လိုက်၏။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါးပြန်ကြည့်ကာ ပြောလိုက်သည်။

“ မင်း ဒီအင်မော်တယ်ဂူကျင်းကြီးကို ကြိုက်တယ်ဆိုတော့ အဲဒီထဲမှာပဲ နေတော့ "

ထို့နောက် သူက ခရမ်းရောင်သက်တန့်ဆီသို့ ပြန်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ကျင်းပေါက်ကြီးကို ကြည့်ကာ မျက်နှာပျက်သွား၏။ အစပိုင်းတွင် သူက ကွင်းလုံးကျွတ် လွတ်သွားပြီဟု ထင်ခဲ့ပါသော်လည်း ထိုအစား သူ၏အပြစ်ဒဏ်မှာ ကျင်းပေါက်ကြီးတစ်ကျင်းအတွင်း နေထိုင်ရန် ဖြစ်သွားလေပြီ။

" အာ ဘာပဲဖြစ်ဖြစ်။ ဒါက တကယ်လဲ ငါ့အမှားပဲ ဆိုတော့ သည်းခံရုံပေါ့ကွာ "

ပိုင်ရှောင်ချန်းသည် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြိီးကြောင့် အလွန်စိတ်လှုပ်ရှားနေလွန်းသဖြင့် အောက်ဖက်ရှိ လူအပေါင်း မည်မျှဒေါသထွက်နေသည်ကို လုံးဝသတိမထားမိပေ။

အခြားနတ်အဆင့်ကျင့်ကြံသူများမှာမူ ပိုင်ရှောင်ချန်းအား အနီးကပ်ကြည့်လိုက်မိသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးကို သူတို့ သိထားသည့်အချက်အရ သူတို့သုံးယောက်အနက် တစ်ယောက်သာ ပိုင်ရှောင်ချန်းကဲ့သို့ ကိစ္စတစ်ခု လုပ်ခဲ့မိပါက ကြီးလေးသော အပြစ်ဒဏ်ခံရမည်မှာ မလွဲမသွေပင်။

သို့ေသာ် သူက ပိုင်ရှောင်ချန်းကို လျှော့ပေါ့ပေးလိုက်သည်။ ထိုအခြင်းအရာကြောင့် ပိုင်ရှောင်ချန်းတွင် လျှို့ဝှက်ဆန်းကြယ်ပြီး မထင်မှတ်ထားသော နောက်ခံများရှိကြောင်း သူတို့ သုံးသပ်လိုက်တော့သည်။

အောက်ဖက်ရှိ ဂိုဏ်းသားများအားလုံး ဝမ်းနည်းပက်လက်ဖြစ်သွားတော့သည်။ သူတို့က ပိုင်ရှောင်ချန်း ကံဆိုးသည်ကို မြင်ချင်လွန်း၍အူယားနေပြီး အချို့က သူ အသတ်ခံရမည်ကိုပင် မျှော်လင့်နေခဲ့ကြသည်။

သို့သော် နောက်ဆုံးတွင် မည်သူမျှ ထိခိုက်နစ်နာသွားခြင်းမရှိကြောင်း လူအများစု သတိထားမိလိုက်ကြသည်။ အမှန်တကယ်တော့ အစက ပိုင်ရှောင်ချန်းသည် အဏ္ဏဝါခေါ်သံဂိုဏ်းမှ အမည်မသိ လူတစ်ယောက်သာဖြစ်ပြီး ယခု ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ရုတ်ခြည်း တဟုန်ထိုးကျော်ကြားလာခဲ့သည့်အတွက် သူတို့ မနာလိုမရှုစိမ့်နိုင်အောင် ဖြစ်နေခဲ့ကြခြင်းကြောင့်လည်း ဖြစ်ပေသည်။

All Chapters