← Chapters

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀) မိစ္ဆာအိုကြီးကျိက အရှက်မရှိတဲ့လူပဲ

လုကျိုး “ …”

လုကျိုး၏ တပည့်ဆယ်ယောက်အနက် ကျူးဟုန်ကုန်းသည် အရွယ်အစားအားဖြင့် အကြီးဆုံး ဖြစ်၏။ သူက ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားလေသည်။

ကျူးထျန်းယွမ်က ဘယ်လိုလုပ် အဲဒီလို ပြောရတာလဲ …

ကျူးထျန်းယွမ်၏ မှတ်ချက်က ကျူးဟုန်ကုန်းအား နောက်နှစ်လှမ်းလောက် ဆုတ်သွားစေသည်။ သူက အလန့်တကြားဖြင့် ပြောလိုက်၏။

“ကျုပ်ကို မထိနဲ့။ ခင်ဗျားက ဘယ်သူလဲ”

“ငါက မင်းအဖေ ” ကျူးထျန်းယွမ်က အသံမြင့်ကာ ခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။

ကျူးဟုန်ကုန်းက ထပ်မံ နောက်ဆုတ်လိုက်သည်။ သူက တခြားလူများကို ကြည့်ကာ “ကျုပ်ကို အခွင့်ကောင်းယူနေတာလား ”

“ မင်းဆီမှာ အခွင့်ကောင်းယူစရာ ရှိတယ် ထင်လို့လား” ကျူးထျန်းယွမ်က မျက်လုံးဝေ့ကာ ပြန်လည်ချေပလိုက်သည်။

ကျူးဟုန်ကုန်းက အခြေအနေကို သေချာအကဲခတ်လိုက်သည်။ ကြည့်ရသည်မှာ သိပ်မကောင်းလှပေ။ ထို့နောက် သူက သူ့အား မေ့လဲသွားအောင်လုပ်သည့် လူအိုကြီးအား ကြည့်လိုက်သည်။ ထိုလူအိုကြီးက သူအား တစ်ချက်တည်းဖြင့် သတိမေ့အောင် လုပ်နိုင်သည့်အတွက် အလွန်အားကောင်းရမည်။ သူက တခြားရုပ်ဆိုးများသည် သိပ်အားမကောင်းကြောင်း သေချာလေသည်။ အထူးသဖြင့် သူ့ကို အခွင့်ကောင်းယူလိုသည့် လူအိုကြီး ဖြစ်၏။

ဉာဏ်ကောင်းတဲ့လူက လက်စားချေဖို့ ဆယ်နှစ်တာ စောင့်ဆိုင်းနိုင်တယ် …

ဆိုရိုးရှိသည် မဟုတ်ပါလော။ သူ့အနေနှင့် ထိုလူများကို ပတ်သက်နေစရာ မလိုပေ။ သူက ရယ်မောလိုက်ပြီး “ အာ …ခင်ဗျား တစ်ယောက်ယောက်နဲ့ မှားနေပြီတူတယ်။ ကျုပ်က … သာမန်ပြည်သူတစ်ယောက်ပဲ ”

ဘူ

ကျူးဟုန်ကုန်း စကားအဆုံးတွင် အီးပေါက်လိုက်သည်။

မည်သူကများ အနံ့ကို သည်းခံနိုင်မည်နည်း။

ကျန့်ဖူနှင့် ကျူးထျန်းယွမ်က ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။

ဒါက အခွင့်အရေးပဲ …

ကျူးဟုန်ကုန်းက ခြေဖျားကြွကာ အော်ပြောလိုက်သည် “ လူအတွေ တာ့တာပဲ ”

ဘန်း

“အား” ကျူးဟုန်ကုန်းက လှည့်လိုက်သည်နှင့် တံခါးတည့်တည့် ဝင်တိုးမိလေသည်။ သူ့နှာခေါင်းက ဒဏ်ရာရသွားပြီး မျက်နှာက ချက်ချင်း ယောင်လာသည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို မဆင့်ခေါ်နိုင်သလို မပျံသန်းနိုင်ကြောင်း သဘောပေါက်လိုက်၏။

ကျန့်ဖူက ပျာယာခတ်သွားသည်။ သူက ဒူးတစ်ဖက်ထောက်ကာ “သခင်လေး တောင်းပန်ပါတယ်။ သခင်လေး ဝင်လာတုန်းက ချီသွေးကြောရှစ်ခုကို စည်းပိတ်ထားခဲ့တာ …”

ကျူးထျန်းယွမ်က ကျူးဟုန်ကုန်းဆီ ပြေးသွားပြီး ထူပေးလိုက်သည်။ ထို့နောက် သူက မေးလိုက်သည်။ “သား အဆင်ပြေရဲ့လား။ ကျန့်ဖူရဲ့ အကြောပိတ်တဲ့နည်းက ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့ အရည်အချင်းတစ်ခုပဲ။ မင်း သတိမထားမိတာ ပုံမှန်ပါပဲ ”

ကျူးဟုန်ကုန်းက ကူကယ်ရာမဲ့သည့် အမူအရာမျိုး ပြောင်းသွားလေသည်။ ညှိနှိုင်းရေးက အလုပ်မဖြစ်သည့်အတွက် အတင်းအကျပ် အားသုံးဖို့သာ ဆုံးဖြတ်လိုက်သည်။ သူက စတင်ခြိမ်းခြောက်လိုက်၏။

“မယုံဘူး … ကျုပ် ဒါကို မှတ်ထားမယ်။ ခင်ဗျားကို အမှန်အတိုင်း‌ ပြောလိုက်မယ်။ ကျုပ် ရှစ်စွင်း မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်က တပည့်တွေ ဆိုးနေရင်တောင် သူတို့ဘက်ကို မျက်နှာလိုက်တယ်လို့ လူသိများတယ်။

သူက သေချာပေါက် လက်စားချေပေးလိမ့်မယ်။ တကယ်လို့ ကျုပ်ရှစ်စွင်းသာ ဒီနေ့ဖြစ်ခဲ့တာကို သိသွားရင် တန်ကြေးပေးရလိမ့်မယ်။ ဒီအကြောင်းမသိအောင် တားဖို့ ကျုပ်ကို နှုတ်ပိတ်ဖို့ တွေးမနေနဲ့။ ကျုပ်ရှစ်စွင်းက ကျုပ်ဆီမှာ အမှတ်အသားချန်ထားခဲ့ပေးပြီးသား … တစ်ခုခုဖြစ်သွားရင် ခင်ဗျားတို့ ပြန်လည်ပေးဆပ်ရမှာပဲ ”

လုကျိုးက ကျူးဟုန်ကုန်းသည် သူချန်ခဲ့သည့် အမှတ်အသားကြောင်း သိနေ၍ အံ့အားသင့်သွားသည်။ ကြည့်ရသည်မှာ သူ့ရှစ်ယောက်မြောက် တပည့်ကို လျှော့တွက်ခဲ့ဟန်ပေါ်သည်။

ကျူးထျန်းယွမ်က သက်ပြင်းချကာ “ငါ သိပါတယ်။ သူ့အကြောင်းကို ငါ သေချာသိတာပေါ့။ ငါ့သား မင်း တော်တော်ခံစားခဲ့ရမှာပဲ။ မင်း သူ့ဆီကနေ ရိုက်နှက်ခံနေရတယ်မလား”

သူက ကျူးဟုန်ကုန်းကို ဝမ်းနည်းမှုအရိပ်အယောင်စွက်ကာ ကြည့်လာသည်။

သို့သော် အဖေနှင့်သားက ကွဲပြားနေ၏။

ကျူးဟုန်ကုန်းက ကျူးထျန်းယွမ်လက်ကို ဖယ်ကာ ပြောလိုက်သည်။ “ဟေး … ခင်ဗျားကြည့်ရတာ စည်းမရှိတဲ့လူလိုပဲ”

ကျူးထျန်းယွမ်က မျက်မှောင်ကြုတ်ကာ အလေးအနက် ပြောလာသည်။ “ငါက တကယ် မင်းအဖေကွ ”

“…”

“သခင်လေး” သူ့နောက်မှ ကျန့်ဖူက ဝင်ပြောလာသည်။

ဤမြင်ကွင်း …

ကျူးထျန်းယွမ်က ပြောလိုက်သည်။ “ငါ့သား အခုစိတ်ရှုပ်ထွေးနေမယ်ဆိုတာ သိတယ်။ ဒါက ပုံမှန်ပါပဲ။ မင်းဖင်မှာ လိပ်ပြာပုံ မွေးရာပါအမှတ်ရှိတယ်။ မင်းအမေက မင်း ငယ်ငယ်တုန်းက လုပ်ပေးခဲ့တာ … မင်း ငါ့ကို မယုံရင် ဘောင်းဘီချွတ်ပြီး ကြည့်ကြည့်လိုက် …

ပြီးတော့ မင်းက ငါငယ်ငယ်တုန်းကနဲ့ ချွတ်စွပ်ပဲ။ ငါ့လိုမျိုး ချောမောပြီးတော့ ယုံကြည်ချက်လည်း အပြည့်ပဲ။ ငါ မှားစရာအကြောင်း မရှိဘူး ”

“…”

ငါက သူတို့ပြောလိုက်ရုံနဲ့ ဘောင်းဘီချွတ်လိုက်ရမှာလား … ငါ ဘောင်းဘီချွတ်လိုက်ရင်တောင် ဘယ်လိုလုပ် ကြည့်ရမှာလဲ

ငါ့ခေါင်းကို ဖြုတ်လိုက်ရမှာလား …

သူက ကျူးဟုန်ကုန်းသည် စဉ်းစားနေကြောင်း မြင်သည့်အခါ ကျူးထျန်းယွမ်က လက်ဝေ့လိုက်သည်။

ကျန့်ဖူက ခေါင်းညိတ်လိုက်၏။ သူက အခန်းအတွင်း ဝင်ကာ ကြေးမုံတစ်ချပ်ဖြင့် ပြန်ထွက်လာသည်။ ထို့နောက် သူက ပြောလိုက်၏။

“သခင်လေး ခွင့်လွှတ်ပေးပါ ”

လက်တစ်ချက်အဝေ့တွင် တပည့်နှစ်ယောက်က ကျူးဟုန်ကုန်း၏ လက်မောင်းကို ချုပ်ထားလိုက်ကြသည်။

ကျူးဟုန်ကုန်းက ရုန်းကန်နေ၏။ “ ခင်ဗျားတို့တွေ ကျုပ်ကို အခွင့်ကောင်းယူချင်တဲ့ နှာဘူးတွေဆိုတာ သိနေတယ်။ ငါ့ကို လွှတ်စမ်း ”

သူက ရုန်းကန်ရင်း လေအေးတစ်ချက်ကို ခံစားမိလိုက်သည်။ သူ လှည့်ကြည့်လိုက်သည့်အခါ သူ့တင်တွင် လိပ်ပြာပုံ အမှတ်အသားက မှန်ထဲ ရောင်ပြန်ဟပ်နေ၏။

သူက ကြောင်အမ်းသွားလေသည်။

တကယ်ကြီးလား …

လုကျိုးက ကိုယ့်ကိစ္စကိုသာ အာရုံစိုက်ရင်း အကြည့်လွဲလိုက်သည်။ ကျူးဟုန်ကုန်း၏ ဆရာအနေနှင့် သူက ထိုအကြောင်းကို သိထားလေသည်။ သို့သော်လည်း ကျူးဟုန်ကုန်းကို ပြောပြနေစရာ မလိုပေ။

ကျူးထျန်းယွမ်က ပြောလိုက်သည် “ မင်း လေးနှစ်သားတုန်းက မိစ္ဆာအိုကြီကျိက ခေါ်သွားတာပဲ။ အဲဒီမိစ္ဆာအိုကြီးကျိက အရှက်မရှိဘူး။ ငါ့ကို လှည့်စားသွားသေးတယ် ”

ကျူးဟုန်ကုန်း၏ အမူအရာက တောင့်တင်းနေ၏။ သူက ယုံဖို့ အခက်တွေ့နေသည်။

ကျန့်ဖူက လက်ဝေ့လိုက်သည့်အခါ တပည့်နှစ်ယောက်က သူ့ဘောင်းဘီကို ပြန်တင်ပေးသွားသည်။ ထို့နောက် ဘေးဘက်သို့ တရိုတသေ ကပ်ရပ်လိုက်ကြ၏။

ကျူးဟုန်ကုန်းက မေးလိုက်သည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

“ ထားလိုက်ပါ … အဲဒီအကြောင်း ဆက်မပြောဘဲ နေကြစို့။ ငါ့သား မိစ္ဆာအိုကြီးကျိဆီမှာ ဘယ်လိုလဲ”

ကျူးထျန်းယွမ်က မေးလိုက်သည်။

“အာ …” ကျူးဟုန်ကုန်းက ကြောင်အမ်းနေဆဲ ဖြစ်၏။

ထိုစဉ် လုကျိုးက ကျူးထျန်းယွမ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူ ပြောလိုက်၏။

“ အဲဆိုတော့ ခင်ဗျားက သူ့ကို သူ့အဖေဆိုတာ ပြောပြချင်တာလား”

ကျူးထျန်းယွမ်သည် စိတ်ခံစားချက်များကို ချိုးနှိမ်ထားပြီး လုကျိုးအား ကြည့်လိုက်သည်။ သူက သူ့သားနှင့် ပြန်တွေ့ဆုံရသည်မှာ စိတ်လှုပ်ရှားလွန်းသွားပြီး တခြားလူရှိနေကြောင်း မေ့လျော့သွားခဲ့သည်။

“ ဆရာကြီးလု … နယ်ကျော်နေပြီလို့ ထင်တယ်။ ကျန့်ဖူ ဆရာကြီးလုကို ပြန်လိုက်ပို့လိုက် ”

ကျန့်ဖူက လုကျိုးဆီ လျှောက်သွားကာ ထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။

“ဆရာကြီးလု ဒီဘက် … ”

လုကျိုးက တည်တည်ငြိမ်ငြိမ် အမူအရာရှိနေဆဲ ဖြစ်ကာ လက်ကို အသာမြောက်လိုက်သည်။ သူ့လက်ချောင်းကြား အပြာဖျော့ဖျော့ အလင်းတန်း တောက်ပလာသည်။

ကျန့်ဖူက အန္တရာယ်ကို ခံစားမိကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်မြောက်ကာ သူ့ဘာသာ ကာကွယ်လိုက်ရ၏။

လုကျိုးက ထိုအရာကို သတိထားမိဟန်မပေါ်ပေ။ သူက ကျူးထျန်းယွမ်အား ကြည့်ကာ ကျန့်ဖူလက်ပေါ် လက်ဝါးတင်လိုက်သည်။

ဘန်း

ကျန့်ဖူက အားပြင်းပြင်း ရိုက်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ သူ့လက်မောင်းတစ်ဝိုက်ရှိ ကာကွယ်ရေးစွမ်းအားသည် ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ အားပြင်းပြင်း လက်ဝါးချက်က သူ့အား နောက်လွှင့်သွားစေ၏။

ဝုန်း

တိုင်လုံးတစ်လုံး လဲပြိုသွားသည်။

ဝုန်း

ကျန့်ဖူက သစ်သားပြတင်းပေါက်များကို ဝင်တိုက်မိကုန်သည်။

ဝုန်း ဝုန်း ဝုန်း

ကျန့်ဖူက မြေပေါ် ပြုတ်ကျလာကာ အပျက်အစီးများက သူ့အား မြင်ကွင်းမှ ကာထားသလို ဖြစ်နေသည်။

တခြားလူများက အံ့ဩကုန်ကြသည်။

ကျန့်ဖူက မြင့်မြတ်သောဆရာအတွက် လုပ်ရည်ကိုင်ရည်ရှိသည့် လက်ထောက်တစ်ယောက် ဖြစ်ပေသည်။

သို့သော် သူက အလွယ်တကူ လွှင့်စင်သွားသည်လား။

ခြံဝန်းတစ်ခုလုံး ဆိတ်ငြိမ်သွားသည်။

လက်ရှိ အံ့ဖွယ်မြို့တော်သည် တိတ်ဆိတ်ကာ ငြိမ်းချမ်းနေသည်။ နောက်ဆုံးတွင် မြို့က အခြေတကျဖြစ်မှုကို ခံစားနေကြပြီ ဖြစ်၏။ သို့သော်လည်း ထိုစဉ် လေထုထဲ ပြင်းထန်သည့် သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသည်။

သူတို့မျက်နှာအထက် တိုက်ခတ်လာသည့် လေထုက သူတို့ရှေ့မှ လူအိုကြီးသည် ဆန့်ကျင်၍ မဖြစ်ကြောင်း သတိပေးနေသည်။

ထိုလူအိုကြီးသည် သတိပေးခြင်းမရှိဘဲ စွမ်းအားများကို ထုတ်လွှင့်နိုင်စွမ်း ရှိပုံပေါ်သည်။

ကျူးထျန်းယွမ်က ထိုလူအိုကြီးက လျှော့မတွက်တော့ပေ။

ကျူးဟုန်ကုန်းက အနည်းငယ် အံ့အားသင့်နေဆဲ ဖြစ်၏။

ကျူးထျန်းယွမ်က ခပ်ယဲ့ယဲ့ ပြုံးကာ “ဆရာကြီးလု တကယ်ကို အံ့ဖွယ်ပါပဲ။ ကျုပ် တကယ် အံ့အားသင့်သွားမိပါတယ်။ ကျုပ်တို့ စကားပြောကြတာပေါ့”

တစ်ချိန်တည်းဆိုသလို သူက စိတ်ထဲ ရွေးချယ်မှုကို ချင့်ချိန်နေမိသည်။ အံ့ဖွယ်မြို့တော်တွင် ငရဲဂိုဏ်းနှင့် မိစ္ဆာအိုကြီးကျိကို မကြောက်သည့် အဆင့်မြင့် ကျင့်ကြံသူ ရှိလိမ့်မည်ဟု မထင်ထားမိပေ။

သူ့ရည်ရွယ်ချက်က ဘာလဲ … သူက ဘာလိုချင်တာလဲ

လုကျိုးက မေးလိုက်သည်။

“ကျူးဟုန်ကုန်းကို ခေါ်ဖို့ အံ့ဖွယ်မြို့တော်ဆီ ရောက်လာတာလား”

“ဟုတ်ပါတယ်” ကျူးထျန်းယွမ်က လက်နောက်ပစ်ကာ ပြောလိုက်သည်။

“သူက ကျုပ်သားလေ။ သူ့ကို အတူတူပြန်ခေါ်သွားတာ ပုံမှန်ပါပဲ”

ထို့နောက် သူက ကျူးဟုန်ကုန်းအား ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ဆရာကြီးလုက မသိလို့။ ကျုပ်သား ငယ်ငယ်တုန်းက ပါရမီ တော်တော်ဆိုးတယ်။ သူက မကျင့်ကြံနိုင်ဘူး။ ဒါပေမဲ့ မိစ္ဆာအိုကြီးကျိက သူ့ကို စိတ်ဝင်စားနေတယ်လေ။ အဲဒါကြောင့် သူနဲ့ အလောင်းအစား လုပ်ခဲ့တာ။ တကယ်လို့ ကျုပ်သားသာ နတ်ဝိညာဉ်ဝဋ်ကြွေးချေအဆင့် ရောက်သွားခဲ့မယ်ဆိုရင် ကျုပ်သားကို ဘယ်တော့မှ ထပ်မတွေ့ဘူးဆိုပြီး ”

“သူက သဘောမတူမှာ စိုးရိမ်ပြီး ခင်ဗျားဘာသာ ခေါ်သွားဖို့ လုပ်နေတာလား” လုကျိုးက ပြောလိုက်သည်။

“အဟုတ်ပဲ …” ကျူးထျန်းယွမ်က ပြောလိုက်သည်။

“ကျုပ်က အလောင်းအစား ရှုံးသွားပြီ။ ကျုပ်သွေးသားနဲ့ ဘယ်လိုလုပ် အလွယ်လေး ခွဲနိုင်မှာလဲ။ ကျုပ်နဲ့ မိစ္ဆာအိုကြီးကျိရဲ့ ဆက်ဆံရေးက မိတ်ဆွေဆက်ဆံရေးအဖြစ် ရှိနေဦးမှာပါ။ သူက ကျုပ်သားရဲ့ ဆရာပဲလေ … သူက ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်လည်း ဖြစ်နေသေးတယ်။ ဆရာကြီးလု ဒီအဖြေကို ကျေနပ်ရဲ့လား”

တခြားနည်းဖြင့်ဆိုရလျှင် ကျူးထျန်းယွမ်၏ စကားအဓိပ္ပာယ်က “ ခင်ဗျားမှာ နက်နဲတဲ့ ကျင့်ကြံဆင့်တွေ ရှိထားတယ်ဆိုပေမဲ့ ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ ရင်ဆိုင်ရလောက်အောင် အားကောင်းပြီလား” ဟူ၍ ဖြစ်သည်။

…

အခန်း (၆၁၁) တမူထူးကဲသောမှတ်တမ်း

လုကျိုးက မုတ်ဆိပ်သပ်လျက် တည်ငြိမ်နေသော ကျူးထျန်းယွမ်ကို ကြည့်လိုက်၏။ “ကျူးဟုန်ကုန်း”

ကျူးဟုန်ကုန်းက တုန်ယင်သွားသည်။ ထိုအဘိုးကြီးခေါ်သည့်နည်းက သူနှင့် အလွန်ရင်းနှီးနေပုံ ရသည်။ သူ၏မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားတော့၏။ ဤအသွင်အပြင်၊ ဤအပြုအမူ၊ သူ့စကား၊ သူ့လေသံ၊ သူ့ဟန်ပန်၊ သူပြောဆိုသည့်စကား၊ သူ့အဝတ်အစား၊ သူ စိတ်ထဲထိအောင် ထိတ်လန့်နေမိသည်။ သို့သော် ပိုငယ်ရွယ်ပြီး စိမ်းသက်သော မျက်နှာကိုကြည့်မိချိန် သူ့ရင်ထဲ စိတ်သက်သာရာ ရသွားလေ၏။ ထိုအဘိုးအိုက သူ တွေးနေသည့်သူ မဟုတ်။ အဆုံးကျ သူက ပြောလိုက်သည်။

“လုချန်းပေ့ ... ဒီကိစ္စကနေ ဘေးထွက်နေသင့်တယ်။ ကျုပ်ရဲ့ရှစ်စွင်းကို ကျုပ်ရှင်းပြလိုက်မယ်”

“ငါ့သားပြောတာမှန်တယ်” ကျူးထျန်းယွမ်က ခေါင်းညိတ်လိုက်၏။

“ဒါက အံ့ဖွယ်မြို့တော် ငရဲဂိုဏ်းရဲ့ပိုင်နက်ဖြစ်နေပြီးသားပဲ။ ကျုပ်တို့တွေ တိုက်ခိုက်ကြမယ်ဆိုရင် နှစ်ဖက်လုံးရှုံးနိမ့်မှာ။ အလွန်ဆုံးမှ ကျုပ်ရဲ့သားကို မတွေ့ရရုံပေါ့။ ဒါပေမဲ့ ခင်ဗျားက အသက်ဆုံးရှုံးလိမ့်မယ်။ မိစ္ဆာအိုကြီးကျိကို သိရဲ့သားနဲ့။ သူက ပြန်တိုက်ခိုက်မယ်ဆိုရင် ခင်ဗျား လှုပ်ရှားဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး”

လုကျိုးက ဆိတ်ဆိတ်သာနေလေ၏။ သူသည် အသွင်ပြောင်းကတ်၏အာနိသင်ကို ဖယ်ရှားတော့မည့်အချိန်တွင် ကျန့်ဖူက ရုတ်တရက်ပြေးထွက်လာ၏။ သူသည် လုကျိုးဆီ အမြှောက်ဆန်ပမာ တိုးဝင်လာတော့သည်။

“ကျန့်ဖူ ... မလုပ်နဲ့” ကျူးထျန်းယွမ်၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားသည်။ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်းဖြစ်သွားလေသည်။

ကျန့်ဖူသည် လုကျိုးရှေ့၌အချိန်တိုအတွင်းပေါ်လာ၏။

လုကျိုးက လက်မြှောက်လိုက်သည်။

ဝှစ်

လက်ချောင်းများကြားများမှအပြာရောင်အလင်းက တောက်ပလာ၏။ သူ၏လက်ဝါးသည် ကျန့်ဖူကို ချိန်ရွယ်နေသည်။

အဆုံးကျ ကျန့်ဖူသည် ထိုထူးခြားသောစွမ်းအားကြောင့် ရပ်တန့်ခံလိုက်ရ၏။ သူက လေထဲတောင့်ခဲနေပြီး ရှေ့ဆက်မတက်နိုင်ပေ။

သူက အစွမ်းထက်လိုက်တာ။

လုကျိုးသည် ကျန့်ဖူကို ကြည့်တောင်မကြည့်ပေ။ သူသည် ထိုလူများအပေါ် သူ၏ထူးကဲစွမ်းအားကို အသုံးပြုရန် တန်သည်ဟုမထင်။ ထို့ကြောင့် သူက လက်သီးဆုပ်လျက် ကနဦးချီကို လက်သီးတစ်ဝိုက် ရစ်ပတ်လိုက်သည်။

ဘန်း

ကျန့်ဖူက မြေပြင်ပေါ်မျက်နှာအပ်ပြီး ပြုတ်ကျသွား၏။

ကျူးထျန်းယွမ်က အထိတ်တလန့် ထုတ်ပြောလိုက်၏။ "အဘိုးကြီး၏ ကျင့်ကြံဆင့်သည် အလွန်နက်နဲသိမ်မွေ့သည်။ အလွန်အံ့ဩဖို့ကောင်းသည့်ထိန်းချုပ်မှုဖြင့်အဘိုးအိုသည် ကနဦးချီကို စုစည်းကာ သူတို့ရှေ့တစ်ပေစာခန့်ဖြန့်ကာ သူတို့၏လှုပ်ရှားမှုများကို ထိန်းချုပ်ထား၏။ ထိုအကြောင်းအရင်းကြောင့် ကျန့်ဖူ လဲကျသွားတာဖြစ်သည်။

“တကယ်လား” လုကျိုးသည် ထိုအကွက်က ရိုးရှင်းသည်ဟုခံစားရသည်။

“ခင်ဗျားရဲ့လှုပ်ရှားမှုက မိစ္ဆာအိုကြီးကျိကို အမှတ်ရသွားစေတယ်။ အဲဒီတုန်းက တခြားသူတွေကို အနိုင်ကျင့်တုန်းက ဒီအကွက်က သူ အကြိုက်ဆုံးအကွက် ဖြစ်ခဲ့တယ်လေ”

ကျူးထျန်းယွမ်က ပြောလိုက်၏။

ကျူးဟုန်ကုန်းက တံတွေးမြိုချကာ သူ့ရှေ့ရှိအဘိုးအိုကို ကြည့်လိုက်သည်။ သူ အလိုလိုပင်နောက်ဆုတ်လိုက်၏။

ဒီအဘိုးကြီးက အန္တရာယ်များတဲ့ပုံပဲ။ ငါ ထွက်ပြေးဖို့နည်းလမ်းရှာမှဖြစ်မယ်။

ထိုစဉ် လုကျိုးက ခမ်းနားသောကျင့်စဉ်တစ်ခု ထုတ်ဖော်လိုက်၏။ ဝေဝါးဝါးလှုပ်ရှားမှုများ ပေါ်လာပြီးနောက် ရှေ့ရှိမြင်ကွင်းက မှိန်ဖျော့သွားတော့သည်။ ကျူးထျန်းယွမ်က မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။. လူအိုကြီးက သူ့သားကို တိုက်ခိုက်တော့မည်ဟု သူထင်လိုက်သည်။ ချက်ချင်းပင် လက်ဝါးရိုက်ချက်ဖြင့် တိုက်ကွက်ကိုဖြတ်လိုက်၏။

လုကျိုးက သူ့လက်ဝါးဖြင့်ရိုက်လိုက်သည်။

လူအိုကြီးနှစ်ယောက်၏လက်ဝါးခြင်း တိုက်မိသွားသည်။

ဖုန်း

လုကျိုးသည် မယိမ်းယိုင်သွားပေ။ သူက ကျူးဟုန်ကုန်းရှေ့၌ ရပ်နေ၏။

ကျူးထျန်းယွမ်က လက်ကိုပြန်ရုတ်လိုက်ကာ နောက်ငါးလှမ်းခန့်ဆုတ်လိုက်ပြီးမှ သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်နိုင်သည်။ သူ့လက်ဝါးက ထုံကျဉ်နေ၏။ ထင်သည့်အတိုင်း ဤလူသည် မိစ္ဆာဝေဟင်မျှော်နန်း၏ မိတ်ဆွေတစ်ယောက် မဟုတ်။

လုကျိုးက အေးတိအေးစက်ပြောလိုက်သည်။ “ဒူးထောက်”

ကျူးဟုန်ကုန်းသည် သူ့ရှေ့ရှိအဘိုးအိုကို ကြည့်လိုက်၏။ သူ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ အဘိုးအို၏မျက်နှာသွင်ပြင်တို့ ယိုယွင်းသွားပြီး နေရာပြန်ဖွဲ့နေကြောင်း တွေ့လိုက်ရ၏။ ထိုစဉ် ကျူးထျန်းယွမ်က ပြောလိုက်၏။

"ငါ့သား မင်း ကောင်းကင်၊ မြေကြီးနဲ့ မိဘရှေ့မှာပဲ ဒူးထောက်သင့်တယ်။ ယောက်ျားတစ်ယောက်ရဲ့ ဒူးအောက်မှာ ရွှေရှိတယ်။ မင်းဒူးထောက်လို့မရဘူး။ ထားလိုက်တော့ ... ငါအားကိုးစရာ မိစ္ဆာအိုကြီးကျိရှိသေးတာပဲ။ ဒါကို ကံဆိုးတယ်လို့ပဲမှတ်လိုက်”

ထောက်

ကျူးထျန်းယွမ်က ပြောပြီးသည်နှင့် ကျူးဟုန်ကုန်းသည် ဒူးထောက်လိုက်တော့၏။ သူ၏လှုပ်ရှားမှုက သေသပ်နေသည်။ သူက လက်နှစ်ဖက်ကိုမြေပြင်ပေါ်ချလျက် နဖူးက လက်ဖမိုးကို ထိထားသည်။ သူ မလှုပ်ပေ။

“ဒါက...” ကျူးထျန်းယွမ်က မှင်သက်သွားတော့၏။ သူက စိတ်ပျက်သွားတော့သည်။ “ငါ သိသားပဲ။ မိစ္ဆာအိုကြီးကျိက မင်းကို ကောင်းကောင်းမွန်မွန်မသင်နိုင်ဘူး။ ငါ တကယ်မယုံနိုင်ဘူးပဲ။ မင်း ဘယ်လိုလုပ် ဒီလောက်ကျောရိုးမဲ့ရတာလဲ။ ဒါက မင်းရဲ့နယ်မြေလေ။ ကျယ်ကျယ်လောင်လောင် ပြောလိုက်။ ငါ မိစ္ဆာအိုကြီးကျိကို သွားပြောရ ... အမ်း မိစ္ဆာအိုကြီးကျိ ဘယ်ချိန်တုန်းကရောက်”

ကျူးထျန်းယွမ်ပေါက်ပေါက်ဖောက်ဖောက်နေစဉ် လုကျိုးက ကျူးထျန်းယွမ်ဖက်လှည့်လာ၏။

တစ်ချက်မှမတွေးဘဲ ကျူးထျန်းယွမ်က မြေပြင်နှင့်ဝေးဝေးသို့သွားလျက် လျှပ်ပြက်သောအရှိန်ဖြင့် ခြံဝန်းထဲမှ ထွက်သွားသည်။

ကျန့်ဖူနှင့် ရှေးဟောင်းသူတော်စဉ်ဂိုဏ်း၏တပည့်များက မှင်သက်သွားတော့သည်။

လုကျိုးက ခေါင်းခါလျက် ကျူးဟုန်ကုန်းကိုကြည့်လိုက်သည်။ “ဒါက မင်းရဲ့အသုံးမကျတဲ့အဖေပဲ”

“ရှစ် ရှစ်စွင်း ကျွန် ကျွန်တော့်မှာ ခက်ခဲတဲ့အချိန်ရှိခဲ့ပါတယ်”

ကျူးဟုန်ကုန်းသည် လုကျိုးက အသွင်ပြင်ကတ်၏အာနိသင်ကိုဖယ်ရှားလိုက်သည်နှင့် ငိုချင်လာတော့သည်။

“ကျူးထျန်းယွမ် မင်း ထွက်သွားမယ်ဆိုရင် ကျူးဟုန်ကုန်းကို တွေ့လို့ရမှာမဟုတ်ဘူး” လုကျိုးက တည်ငြိမ်စွာပြောလိုက်၏။

ခြံဝန်းအပြင်ဖက်မှ သက်ပြင်းချသံပေါ်လာတော့သည်။

ပြီးမှ ကျူးထျန်းယွမ်သည် ဘာမှမဖြစ်ခဲ့သည့်ပမာ ပေါ်လာတော့၏။ သူက တံခါးဖွင့်ကာ အထဲသို့လျှောက်လာ၏။

“ဘာတွေဖြစ်နေတာလဲ”

ကျူးထျန်းယွမ်သည် ခက်ထန်သောအမူအရာဖြင့် လုကျိုးကိုကြည့်ပြီးပြောလိုက်သည်။

"မိစ္ဆာအိုကြီးကျိ မင်းက အရင်တုန်းကလို အရှက်မရှိဖြစ်နေတုန်းပဲ”

ရှေးဟောင်းသူတော်စင်ဂိုဏ်းတပည့်များက နောက်ဆုတ်မိသွားသည်။

ကျန့်ဖူသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် လုကျိုးကိုကြည့်ပြီး မျက်လုံးအပြူးသားဖြစ်နေသည်။ နောက်ဆုံးတော့ လုကျိုး၏သွင်ပြင်ပြောင်းလဲသွားတာကို သူ သဘောပေါက်သွားသည်။ သူက ချောင်းပြင်းပြင်းထန်ထန်ဆိုးတော့၏။ ပြီးနောက် သူက နာကျင်မှုကို တောင့်ခံလျက် ဒူးတစ်ဖက်ထောက်လိုက်သည်။ “နှုတ်ခွန်းဆက်ပါတယ် ချန်းပေ့ကျိ”

ကျန်သည့်သူများကလည်းလိုက်ပြောသည်။ သူတို့ရင်ထဲနှလုံးခုန်နှုန်းမြန်နေလေ၏။

“နှုတ်ခွန်းဆက်ပါတယ် ချန်းပေ့ကျိ”

“ပျော်ဖို့ကောင်းလား။ ရယ်စရာကောင်းနေလား” ကျူးထျန်းယွမ်ကလက်နှစ်ဖက်ဖြန့်လိုက်၏။

လုကျိုးက ပြောလိုက်သည်။ "ငါသာ ဒီလိုမလုပ်ရင် မင်းကို ဘယ်လိုလုပ်တွေ့မလဲ။ တစ်ယောက်ယောက်က ငါ့တပည့်ကို ဒုက္ခပေးချင်ရင် ဘယ်လိုလုပ်မလဲ။ ငါက ထိုင်ပြီးဘာမှမလုပ်ဘဲ နေနေဖို့မျှော်လင့်နေတာလား”

ကျုးထျန်းယွမ်က စဉ်းစားပြီးခေါင်းညိတ်လိုက်၏။

“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်”

ကျူးဟုန်ကုန်းသည် မျက်နှာသေဖြင့်ပြောလိုက်တော့၏။ “ရှစ်စွင်း”

လုကျိုးက ခက်ထန်စွာပြောလိုက်တော့သည်။ “ပါးစပ်ပိတ်ထား ငါ့နောက်ကွယ်မှာ မကောင်းပြောပြီး မင်း ငါ့ကို စော်ကားခဲ့တယ်။ မင်း သတ္တိရှိနေတာပဲ”

“…”

ကျူးထျန်းယွမ်က ချက်ချင်းရှင်းပြလိုက်၏။

"ဒီလောက်ထိ မသေးသိမ်နဲ့။ မင်းကြောင့် သူ့နေရာကို မေ့သွားရုံပဲ။ တပည့်ကောင်းမမွေးထုတ်နိုင်တာ ဆရာ့ရဲ့အမှားပဲ”

“မင်း ငါ့ကို စောဒကတက်နေတာလား” လုကျိုးသည် ကျူးထျန်းယွမ်ကို စိုက်ကြည့်လိုက်၏။ “မလုပ်ရဲပါဘူး”

“ဒီငမိုက်သားကြောင့်သာ မဟုတ်ရင် အဲဒီရိုင်းပျတဲ့ပြောဆိုချက်အတွက် မင်းကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး”

“…” ကျူးထျန်းယွမ်၏ မျက်နှာအိုကြီးက တောင့်တင်းသွား၏။ သူ အနေခက်စွာ ပြောလိုက်တော့သည်။ “အဲ့လိုလုပ်ဖို့မလိုဘူး။ မင်းကို ချီးကျူးခဲ့တာပဲ”

လုကျိုးက ဆွံ့အသွားသည်။ ဆိုရိုးစကားရှိသည့်အတိုင်း အပေါ်မှအလင်းတန်းသည် မမှန်လျှင် အောက်ကအလင်းတန်းသည် ကွေ့ကောက်သွားလိမ့်မည်။

ဖအေတူသားဖြစ်ပြီး သူတို့က အကြီးကို မလေးစား။ သူတို့ကဖိနပ်လျက်လောက်သည်အထို အရှက်မဲ့ကြသည်။

“ကျူးထျန်းယွမ် မင်းရဲ့မျက်နှာက မြို့ရိုးလောက်အရေထူနေတာ အရင်တုန်းကလိုပဲ”

“ထားလိုက်တော့ ... ငါ ကျူးဟုန်ကုန်းကို ရှေးဟောင်းသူတော်စင်ဂိုဏ်းကို ပြန်ခေါ်သွားချင်တယ်။ ပြီးမှတောင်းပန်မယ်။ မင်း သိသားနဲ့။ အရင်ဆုံး ရှာ ပြီးမှ သတင်းပို့။ အလိုလေး အမျိုးသားတွေက ပြောကြတယ်။ ကောင်းကင်ကကျ ဖယ်ရှားပစ်တယ်” ကျူးထျန်းယွမ်က သက်ပြင်းချလိုက်၏။

“ရှေးဟောင်းသူတော်စင်ဂိုဏ်းက အမြဲတမ်း သိုသိုသိပ်သိပ်နေနေတာ ဘာကြောင့်ရုတ်တရက်ကြီး ပေါ်လာတာလဲ” လုကျိုးက မေးလိုက်၏။

ယင်းက မိဘအနေဖြင့် သူ ပြောခဲ့သည့်အချိန်ပဲဖြစ်သည်။

ကျူးဟုန်ကုန်းက မြေပြင်ပေါ်တွင် ဝပ်တွားနေဆဲဖြစ်သည်။ သူ မလှုပ်ရဲပေ။

ကျူးထျန်းယွမ်က သူ့မေးခွန်းကို တန်းမဖြေပေ။ သူက လက်ဝေ့ယမ်းကာပြောလိုက်၏။ “ပစ္စည်းတွေ ယူလာခဲ့”

“နားလည်ပါပြီ” တပည့်တစ်ယောက်သည် အခန်းထဲသို့ဝင်လာကာ အထုပ်အပိုးဖြင့်ပြန်လာသည်။

ကျူးထျန်းယွမ်က အထုပ်ကို ဖွင့်လိုက်၏။ အညိုရောင်အဖုံးဖြင့် စာအုပ်တစ်အုပ်ရှိနေသည်။

“ဒါဘာလဲ” လုကျိုးက မေးလိုက်သည်။

“ဖွင့်ကြည့်ရင်သိလိမ့်မယ်”

လုကျိုးက စာအုပ်ရပြီးလှန်ကြည့်လိုက်သည်။ အရှေ့ပိုင်းစာမျက်နှာ တစ်ဒါဇင်ခန့်က ဆုတ်ပြဲနေသည်။ သူသည် မဆုတ်ပြဲသည့် စာမျက်နှာမှ ဖတ်လိုက်၏။ “ဒီနေရာက လူတွေက အားနည်းတယ်။ သူတို့တွေက ပွင့်ချပ်ကိုးလွှာအဆင့်ရောက်အောင် ဘယ်လိုလုပ်ရမယ်မှန်း သိတဲ့ပုံမပေါ်ဘူး။ ဒီနေရာမှာ ရင်းနှီးနေတဲ့ကောင်းကင်နဲ့မြေကြီးရဲ့အဟန့်အတားကို ခံစားမိတယ်။ ဒါပေမဲ့ ဒါကို ဘယ်နေက စစစ်ဆေးသင့်လဲ ငါ မသိဘူး။ ဒီနေရာကလူတွေ ပိုသန်မာလာအောင် ငါ ကူညီပေးချင်တယ်။ ဒါမှ သူတို့တွေ ပွင့်ချပ်ကိုးလွှာ ဒါမှမဟုတ် ပွင့်ချပ်ဆယ်လွှာစွမ်းအားရှိသူတွေနဲ့ ရင်ဆိုင်နိုင်မှာ။ ငါ ကျင့်ကြံသူတွေအများကြီးကို တွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့တွေက ရှေးရိုးဆွဲလွန်းတယ်”

ဖတ်ပြီးသည့်အချိန်တွင် လုကျိုး၏အမူအရာက တည်ငြိမ်နေ၏။ သို့သော် သူ့စိတ်ထဲတွင်မူ ထိတ်လန့်နေတော့သည်။

…

အခန်း (၆၁၂) ရွှေကြာမှတ်တမ်း

လုကျိုးက သိချင်စိတ်ကြောင့် စာရွက်ကို ဆက်လှန်လိုက်သည်။

“အများစုက ငါ့ကို ယုံကြမှာ မဟုတ်ဘူး … စိတ်ပြတ်သားမှုနဲ့ ဆုံးဖြတ်ချက် မရှိဘဲ စစ်မှန်တဲ့ တိုးတက်မှုကို မရနိုင်ဘူး။ ငါ တချို့ကို ကျင့်ကြံရေးနောက်ကွယ်က အမှန်တရားကို ပြောပြဖို့ ကြိုးစားခဲ့ပေမဲ့ … ”

လုကျိုးက စာရွက်နှင့် အဖုံးကို ကြည့်လိုက်သည်။ သူတို့က ကြာမြင့်နေသည်မှာ သိသာလှသည်။ စာအုပ်ကို ကာကွယ်ရေး မန္တရားများဖြင့် ရေးထွင်းထားခြင်း မရှိပေ။ အဖုံးက ရိုးရှင်းပြီး အကြမ်းဆန်လှ၏။ ထောင့်များက အချိန်တိုက်စားမှုကြောင့် ကြွေကျလုနီးပါး ဖြစ်နေသည်။ စာကြောင်းအများစုက ဝေဝါးနေပြီး အလယ်ရှိ စာရွက်အများစုက အမည်မသိ အကြောင်းအရင်းတချို့ကြောင့် စုတ်ပြဲနေသည်။

သူက ဆက်ဖတ်လိုသော်လည်း ကျူးထျန်းယွမ်၏ စကားကို ကြားလိုက်ရသည်။

“အဲဒါက ကျုပ် အံ့ဖွယ်မြို့တော် ရောက်လာတဲ့ အကြောင်းအရင်းထဲက တစ်ခုပဲ။ အခုတော့ ခင်ဗျားတစ်ယောက်တည်းပဲ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်သေးတယ်။ ကျုပ်က ဒီစာအုပ်ကို တစ်ယောက်ယောက်နဲ့ ခင်ဗျားဆီ ပေးခိုင်းဖို့ ကြံရွယ်ထားတာ … ခင်ဗျားကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ တကယ်လို့ ဒီဟာကို စိတ်ဝင်စားရင် ကျုပ်သားနဲ့ အလဲအလှယ် လုပ်နိုင်တယ်။ ခင်ဗျား ဘယ်လိုသဘောရလဲ ”

လုကျိုးက စာရွက်ကို ထပ်မလှန်တော့ပေ။ သူက ကျူးထျန်းယွမ်၏ စကားကို ပြန်မဖြေပေ။ သူက စာအုပ်ကို ပိတ်ကာ မေးလိုက်၏။

“ ဘာလို့ အရင်က မပြခဲ့တာလဲ ”

ကျူးထျန်းယွမ်က သက်ပြင်းချလျက် ခေါင်းခါကာ “ ဒီမတိုင်ခင်အထိ အဲဒီစာအုပ် ရှိတယ်ဆိုတာ မသိခဲ့ဘူး။ မှတ်တမ်းခန်းကို သန့်ရှင်းရေးလုပ်တုန်း စပ်စုတဲ့ တပည့်တစ်ယောက်ကြောင့် ဒါကို တွေ့သွားတာ။ ဒီစာအုပ်က အတော်လေး ပျက်စီးနေပြီ။ တစ်ယောက်ယောက်က လက်သရမ်းထားတယ် ထင်တာ။ တကယ်လို့ ခင်ဗျားကသာ ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်ကြောင်း မထုတ်ဖော်ခဲ့ရင် ဒီစာအုပ်ကို အမှိုက်လို လွှင့်ပစ်လိုက်တော့မှာ ”

လုကျိုးက စာအုပ်၏ နောက်ဆုံးအပိုင်းကို လှန်လိုက်သည်။ သူက စာတန်းကို ဖတ်လိုက်၏။

ပွင့်ချပ်ရှစ်လွှာက လူသားကျင့်ကြံဆင့်အတွက် ကန့်သတ်ချက်လို့ အများစုက တွေးကြပေမဲ့ ငါက တခြားဟာကို သိနေတယ်။ မိုးမြေ အတားအဆီးနဲ့ ပတ်သက်ပြီး တစ်ခုခုကို သတိထားမိတယ်။ ရွှေကြာက လူသားကျင့်ကြံဆင့်ကို ကန့်သတ်ထားတယ်ဆိုတာ သိခဲ့ရတယ်။ ငါ ဒါကို ဘယ်လိုဖယ်ရှားလိုက်ရမလဲ …

ထို့နောက် စာရွက်များစွာက စုတ်ပြဲနေသည်။

လုကျိုး အကောင်းတိုင်း မြင်လိုက်ရသည့် နောက်ထပ်စာရွက်တွင် ရေးသားထားသည်မှာ ဤသို့ ဖြစ်၏။

နောက်ဆုံးတော့ တစ်ယောက်က ငါ့ကို ယုံခဲ့ပြီ။ သူက ယွင်မျိုးရိုးနဲ့ လူအိုကြီးပဲ။ ငါ သူ့ကို သနားပြီးတော့ သူ့ကျင့်စဉ်ကို ပြင်ပေးခဲ့တယ်။ ရွှေကြာကြောင့် ဖြစ်တဲ့ ပြဿနာဆိုတာ မသေချာသေးတော့ ဘယ်သူကများ ငါ့စကားကို ယုံပြီး စမ်းကြည့်ရဲမှာလဲ …

ထိုအရာကို ဖတ်ပြီးသည့်နောက် လုကျိုးက စိတ်ထဲမှ တွေးလိုက်မိသည်။

ယွင်မျိုးရိုးနဲ့လူက ယွင်ထျန်းလော့ကို ပြောတာလား …

လုကျိုးက ကျူးထျန်းယွမ်အား ခေါင်းညိတ်ကာ မေးလိုက်သည်။ “ဒီစာအုပ်ပိုင်ရှင်ကို သိလား”

သူသည် အမျိုးသမီးလော့နှင့် ပတ်သက်ပြီး သဲလွန်စရလိုက်သည်ဟု ထင်မိသည်။ သူက ရှာဖွေနေခဲ့သော်လည်း ဤနေရာတွင် သဲလွန်စ တွေ့လာလိမ့်မည်ဟု မထင်ထားမိပေ။

ကျူးထျန်းယွမ်က ခေါင်းခါကာ “သူမက နောက်ဆုံးစာရွက်မှာ လက်မှတ်ရေးထိုးထားခဲ့တယ်။ ဒီစာအုပ်ရဲ့ ပိုင်ရှင်က နာမည်ကျော် အမျိုးသမီးပဲ ”

“နာမည်ကျော်တဲ့လား ” လုကျိုး နားလည်ထားသလောက် အမျိုးသမီးလော့သည် နာမည်ကျော် မဟုတ်ဘဲ လျှို့ဝှက်အဆန်းကြယ်ဆုံးလူ ဖြစ်၏။

“အစ်ကိုကျိ ”

“ငါ့ကို အဲလိုမခေါ်နဲ့ ” လုကျိုးက ငြင်းလိုက်သည်။

“ အတိတ်က ရန်ငြိုးတွေကို ဘာလို့ထွေးပွေ့ထားဦးမှာလဲ။ ကျုပ်ရဲ့ အကောင်းဆုံး ရတနာကို ထုတ်ပေးပြီးပြီလေ။ ကျေးဇူးပြုပြီး ရန်ငြိုးတွေ မထားပါနဲ့” ကျူးထျန်းယွမ်က ပြောလိုက်သည်။

လုကျိုးက မြေပေါ် မှောက်လျက်ဖြစ်နေသည့် ကျူးဟုန်ကုန်းအား ကြည့်ကာ တွေးလိုက်မိသည်။

ဒါက မျိုးရိုးလိုက် လက္ခဏာများလား။

နှစ်ယောက်သား လွန်ခဲ့သည့် နှစ်များစွာက တွေ့ဆုံခဲ့စဉ်အခါက ကျူးထျန်းယွမ်၏ သဘောထားသည် ယခုလိုသာ ဖြစ်၏။ ယခု သူတို့ ပြန်တွေ့ပြန်တော့လည်း များများစားစား ပြောင်းလဲသွားခြင်း မရှိပေ။

“ မင်း ဒီစာအုပ်ကို ဖတ်ပြီးပြီလား” လုကျိုးက ထိုမေးခွန်းကို မေးလိုက်ပြီးနောက် သိသာနေသည့် မေးခွန်းကို မေးလိုက်သလို ခံစားလိုက်ရသည်။

“ရှာတွေ့တုန်းက ဖတ်ခဲ့ပါတယ် …”

လုကျိုးက နောက်ဆုံးစာရွက်ကို လှန်လိုက်သည်။ ထိုနေရာတွင် လော့(ဝေဝါးနေသော အလယ်စာလုံး) ယင်ဟူ၍ ပါရှိသည်။

လော့ … ယင်တဲ့လား …

ဤသည်က သူ ရှာဖွေနေခဲ့သည့် အမျိုးသမီးလော့ ဖြစ်ပေသည်။

တာ့ယန်၏ မင်းဆရာ ချန်ထားခဲ့သည့် စာပေါ် မူတည်၍ ထိုသူသည်လည်း ဤအမျိုးသမီးလော့ကို ရှာဖွေနေကြောင်း သိသာလှသည်။ သို့သော်လည်း သူတို့နှစ်ဦးကြား ကျင့်ကြံရေးနှင့် ပတ်သက်ပြီး ကွဲလွဲသည့် အမြင်မျိုး ရှိနေသည်မှာ သိသာလှသည်။

တာ့ယန်၏ မင်းဆရာက ပွင့်ချပ်ကိုးလွှာအဆင့်သည် ကပ်ဘေးယူဆောင်လာမည် ဖြစ်၍ မည်သူမှ မတက်လှမ်းသင့်ကြောင်း အခိုင်အမာ ယူဆထားသည်။

လော့ တစ်ခုခု ယင်ကမူ ကျင့်ကြံသူများသည် ပွင့်ချပ်ကိုးလွှာအဆင့်နှင့် ရင်ဆိုင်နိုင်လောက်အောင် အားကောင်းဖို့ အားပေးဟန်ပေါ်၏။

နှစ်ဦးသားက တူညီသည့် နေရာမှ လာကြသော်လည်း ဘာလို့များ အမြင်တွေကွဲပြားနေရသနည်း။

“အဲဒီအမျိုးသမီးလော့ ဘယ်ထွက်သွားလဲ သိလား” လုကျိုးက မေးလိုက်သည်။

ကျူးထျန်းယွမ်က ခေါင်းခါကာ “အရင်တော်ဝင်သခင်က သူမကို မြင်ဖူးတယ်။ ဒါပေမဲ့ ကျုပ်က မသိဘူး။ အခု သူမ ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ သူမက သေသွားတာ ဖြစ်နိုင်တယ် ”

“သေသွားတာတဲ့လား”

“စာအုပ်ထဲမှာ သူမက ကျင့်ကြံရေးမှာ ကျွမ်းကျင်ပေမဲ့ ထိန်းချုပ်ရေးမှာ မကျွမ်းကျင်ဘူးလို့ ပြောထားတယ်” ကျူးထျန်းယွမ်က ပြောလိုက်သည်။

“ သူမ ထိန်းချုပ်နိုင်စွမ်းက မကောင်းမှတော့ အသက်ရှင်ဖို့ ခက်လိမ့်မယ် ထင်တာပဲ ”

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

လုကျိုးက စာအုပ်ကို မဖတ်ရသေးပေ။ ထို့ကြောင့် သူက သက်သေရှာဖို့ အလျင်မလိုပေ။ ထို့အပြင် ကျူးထျန်းယွမ်က ထိုအရာနှင့် ပတ်သက်နေပြီး လိမ်ညာနေစရာ မလိုပေ။ သို့သော်လည်း သူမက ထိန်းချုပ်ရေးမှာ မကျွမ်းကျင်လျှင် ယွင်ထျန်းလော့ကို မည်သို့သင်ကြားပေးခဲ့သနည်း။ သူမက တကယ်ကို လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။

တာ့ယန်၏ မင်းဆရာကဲ့သို့ သူမသည် အင်မတန် လျှို့ဝှက်ဆန်းကြယ်၏။ မည်သို့ပင်ဆိုစေကာမူ လုကျိုးက တာ့ယန်၏ မင်းဆရာ၏ ကျင့်ကြံဆင့်သည် ပွင့်ချပ်ရှစ်လွှာအဆင့် ကျော်လွန်နေကြောင်း သေချာသွားသည်။

ကျူးထျန်းယွမ်က လုကျိုး အတွေးနက်နေသည်ကို မြင်သည့်အခါ ခေါင်းညိတ်ကာ “ ကြည့်ရတာ ဒီစာအုပ်က အစ်ကိုကျိအတွက် အရမ်းအရေးပါပုံပဲ။ ဒီလိုဆိုရင် ကျုပ်သားကို ခေါ်သွားလို့ ရမလား ”

လုကျိုးက ပြန်မဖြေခင် ကျူးဟုန်ကုန်းက ဝပ်တွားကာ “ ရှစ်စွင်း … ကျွန်တော့်ရဲ့လေးနက်မှုကို နေရော၊ လပါ သက်သေဖြစ်ပါစေ၊ ကျွန်တော် ဘယ်တော့မှ ထွက်မသွားဘူး။ ကျေးဇူးပြုပြီး သက်ညှာပေးပါ”

ကျူးထျန်းယွမ် “ …”

သူက ကျူးဟုန်ကုန်းအား ကြည့်ကာ ကြောင်အမ်းသွားသည်။

လုကျိုးက ပြောလိုက်သည် “မတ်တတ်ရပ်ပြီး ပြော ”

“ဟုတ် ရှစ်စွင်း” ကျူးဟုန်ကုန်းက ခက်ခက်ခဲခဲ ထရပ်လိုက်သည်။

“ မင်းက တကယ်ကို ကျူးထျန်းယွမ်ရဲ့ သားပဲ။ မင်းကို ငါ ခေါ်လာတုန်းက အရမ်းငယ်သေးလို့ မင်း မမှတ်မိတာပဲ။ မင်းက ဒီကမ္ဘာကို မင်းမိဘတွေကြောင့် ရောက်လာတာလေ။ သူတို့ကို ဘယ်လိုလုပ် အသိအမှတ်မပြုဘဲ နေလို့ရမှာလဲ” လုကျိုးက အတိတ်ကို ပြန်လည်တွေးရင်း ပြောလိုက်သည်။

“အာ …” ကျူးထျန်းယွမ်က ထိုစကားကို ကြားသည့်အခါ စိတ်ထဲ တစ်ခုခု ဖြစ်လာသည်။ သူက လုကျိုးအား စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လာသည်။

ဒါက ငါ သိထားတဲ့ မိစ္ဆာအိုကြီးကျိ ဟုတ်ရဲ့လား …

ကျန့်ပုက ဒဏ်ရာရနေသည့် ရင်ဘတ်ပေါ် လက်တစ်ဖက်တင်ကာ လျှောက်လှမ်းလာသည်။ သူက ဦးညွှတ်လိုက်ပြီး “ သခင်လေး ရှေးဟောင်းသူတော်စင်ဂိုဏ်းကနေ ထွက်သွားကတည်းက တော်ဝင်သခင်က ကောင်းကောင်း အနားမယူနိုင်သလို အစားအသောက်လည်း ခံတွင်းမတွေ့တော့ဘူး။ တော်ဝင်သခင်မက နာမကျန်းဖြစ်ပြီးတော့ အရွယ်ကောင်းနဲ့ ကွယ်လွန် … ”

“တော်တော့ ” ကျူးထျန်းယွမ်က ပြောလိုက်သည်။

ကျန့်ပုက ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး ဆက်မပြောတော့ပေ။

ကျူးထျန်းယွမ်က ပြုံးကာ “ဒါတွေက အတိတ်တွေပါ။ သူ့ကို နားမထောင်နဲ့။ မင်း နတ်ဝိညာဉ်ဝဋ်ကြွေးချေအဆင့် ရောက်သွားတာကို သိရတာ တခြားသူထက် ပိုပျော်တယ် ”

လုကျိုးက ပြောလိုက်သည်။ “မင်းက အလောင်းအစား ရှုံးသွားပြီ”

“ကျုပ် ဝန်ခံပါတယ်” ကျူးထျန်းယွမ်က ပြောလိုက်သည်။

လုကျိုးက သူ့မှတ်ဉာဏ်များထဲ ရှာလိုက်သည်။ ကျူးဟုန်ကုန်း၏ ပါရမီက အမှန်တကယ် ဆိုးရွားလှသည်။

သူက မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ရောက်ပြီးနောက်မှ ဘယ်လိုရုတ်တရက် တိုးတက်လာတာလဲ …

သူ့ခန္ဓာကိုယ်ပိုင်ရှင် ကျိထျန်းတောက်တွင် လူတစ်ယောက်၏ ဖွဲ့စည်းပုံနှင့် ပါရမီကို ဆင့်ကဲပြောင်းလဲပေးနိုင်သည့် ထူးခြားအံ့ဖွယ် နည်းလမ်းမျိုး ရှိနေလျှင် သူ့တပည့်ကိုးယောက်လုံးက အင်မတန် ထူးချွန်နေသည့်အကြောင်း ရှင်းပြပြီးသား ဖြစ်သွားလိမ့်မည်။

“ဒူးထောက်” လုကျိုးက ပြောလိုက်သည်။

ကျူးဟုန်ကုန်းက အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း သူ့ရှစ်စွင်းက အလေးအနက် ပြောနေကြောင်း မြင်သည့်အခါ အလျင်စလို ဒူးထောက်လိုက်သည်။

လုကျိုးက သူ့ကျောပေါ် လက်တင်ကာ “ ရှေးခေတ်အချိန်ကတည်းက မွေးဖွားပေးပြီး ပြုစုပျိုးထောင်ပေးတဲ့ ကျေးဇူးထက် မွန်မြတ်တာ မရှိဘူး။ မင်း ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်ပါ ”

ကျူးထျန်းယွမ်လည်း အံ့အားသင့်သွားသည်။ သူက သူသိထားသည့် မိစ္ဆာအိုကြီးကျိသည် ဤသို့ပြောလိမ့်မည်ဟု မယုံနိုင်ပေ။ အချိန်တစ်ခုကြာသည့်အထိ သူက ဆွံအစွာ ကြောင်အမ်းနေမိသည်။

All Chapters