← Chapters

အခန်း (၆၁၃-၆၁၅)

Vol. 41 Ch. 613-615

အခန်း (၆၁၃-၆၁၅)

Vol. 41 Ch. 613-615

အခန်း (၆၁၃) စူးစမ်းရှာဖွေမှုက ဘယ်တော့မှအဆုံးမသတ်

ကျိထျန်းတောက်ပေါ် ကျူးထျန်းယွမ်၏ နားလည်သဘောပေါက်မှုကို အခြေခံလျှင် မိစ္ဆာအိုကြီးကျိသည် သူ၏သားကို သွားခွင့်ပေးဖို့က မဖြစ်နိုင်ပေ။ တကယ်တော့ သူ့သားကို မြင်တွေ့ရန် အခွင့်အရေးတောင် ပေးမှာမဟုတ်။ သူသည် မိစ္ဆာဝေဟင်မျှော်နန်း၏ စည်းမျဉ်းကို သတိပြုမိသည်။ မိစ္ဆာဝေဟင်မျှော်နန်းအတွင်းသို့ ဝင်သည့်သူတိုင်းသည် သူတို့၏အတိတ်နှောင်ကြိုးကို ဖြတ်တောက် ထားရမည်။ ထို့အကြောင်းအရင်းကြောင့် သူသည် အရင်ဆုံးလှုပ်ရှားပြီးမှ သတင်းပို့ရန် ဆုံးဖြတ်လိုက်တာပဲ ဖြစ်သည်။ မိစ္ဆာအိုကြီးကျိက သူ၏သားဆီ ဆုံးဖြတ်ချက်အပ်နှင်းထားမည်ဟု မထင်ထားပေ။

လုကျိုးက လက်နောက်ပစ်ထားလျက် အဝေးကို မျှော်ငေးကြည့်နေ၏။ အံ့ဖွယ်မြို့တော်၏ ကောင်းကင်တစ်ဝက်သည် နေရောင်ကြောင့် နီနေ၏။ ခြွင်းချက်မရှိ လှပသောမြင်ကွင်းတစ်ခု ဖြစ်သည်။ တပည့်တစ်ယောက်ကို သင်ကြားပြသပေးခြင်းက ရှည်ကြာပြီးခက်ခဲသော ခရီးစဉ် တစ်ခုဟု သူ့ဖာသာသူ တွေးလိုက်၏။ သို့သော် သူသည် တပည့်များကို သွန်သင်သည့်အချိန်တွင် ကျိထျန်းတောက်နှင့် မတူညီပေ။

ကျူးဟုန်ကုန်းက ခဏတာစဉ်းစားပြီးနောက် နောက်ဆုံးတွင် ကျူးထျန်းယွမ်ဖက် လှည့်ပြီး အရိုအသေပေးလိုက်၏။

ထောက်

ကျူးထျန်းယွမ်က အရှက်မဲ့ပြီး သူ့မျက်နှာ၏အရေပြားသည် မြို့ရိုးလောက် ထူသည်ဆိုသည့်တိုင် ယခုအချိန်၌ ဝေ့တက်လာသော ခံစားချက်များကို မထိန်းနိုင်တော့ပေ။

ကျူးဟုန်ကုန်းက သုံးကြိမ်သုံးခါတိုင်တိုင် ကန်တော့ပြီးနောက် ပြောလိုက်၏။

“ခင်ဗျားနဲ့အတူ မသွားနိုင်တာ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ရှစ်စွင်းက ကျုပ်ကို ပျိုးထောင်ပေးပြီး ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ပြပေးခဲ့တယ်။ သူ့ကို ဘယ်လိုလုပ်စွန့်ပစ်နိုင်မလဲ ”

ကျူးထျန်းယွမ်သည် ကျူးဟုန်ကုန်း၏စကားများကို ကြားသောအခါ သက်ပြင်းချလိုက်၏။

ကျန့်ဖူနှင့်ကျန်သည့်သူများကလည်း ခေါင်းခါလိုက်ကာ နှမြောတသဖြစ်နေကြသည်။

ကျန့်ဖူက သက်ပြင်းချလျက် ကျူးဟုန်ကုန်းကို ဖျောင့်ဖျရန်ကြိုးစားလိုက်သည်။

“သခင်လေး ပြန်မလာရင် ရှေးဟောင်းသူတော်စင်ဂိုဏ်းက တခြားသူတွေရဲ့လက်ထဲ ရောက်သွားလိမ့်မယ် ”

ကျူးထျန်းယွမ်က ကျန့်ဖူကို ဖြတ်ပြောရန်လက်တစ်ဖက်မြှောက်လိုက်၏။ "မင်းရဲ့ရွေးချယ်မှုကို ငါ လေးစားတယ် ” တစ်စုံတစ်ယောက်ကို ပျိုးထောင်သည့်အပြုအမူထက် ကျက်သရေရှိသည့် အရာ မရှိပေ။ ကျူးဟုန်ကုန်း၏ဆုံးဖြတ်ချက်ကို သူ အနည်းငယ်အံ့ဩသင့်သွားသော်ငြား ၎င်းကို သူနားလည်နိုင်ပေ၏။

ကျူးဟုန်ကုန်းက ပြော၏။ “ကျွန်တော်က ရှေးဟောင်းသူတော်စင်ဂိုဏ်းကို စိတ်မဝင်စားဘူး။ သူတော်စင်သားတော်ဖြစ်လာဖို့ ရည်ရွယ်ချက်လည်းမရှိဘူး ”

ကျူးထျန်းယွမ်က သက်ပြင်းထပ်ချပြီးပြောလိုက်၏။ "အင်း ... အင်း ဟုတ်ပါပြီလေ။ ဒီနေ့ မင်းကို တွေ့ခွင့်ရတာနဲ့တင် ပျော်နေပါပြီ”

“တင်း ... ကျူးဟုန်ကုန်းကို သင်ပြဆုံးမပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်ငါးရာ”

လုကျိုးသည် ထိုအတွက် ဆုရရှိမည်ဟု မထင်ထားပေ။ သူသည် သူ့ပုံစံအတိုင်း ဆောင်ရွက်လိုက် ရုံသာရှိ၏။ ၎င်းကို အခြေခံကြည့်လျှင် ထိုငမိုက်သား၏အကျင့်စရိုက်ကိုမြင်တွေ့နိုင်သည်။ ထိုငမိုက်သားက နှုတ်ဖွာသော်ငြား စိတ်ရင်းစစ်မှန်၏။ သင်ခန်းစာတွေအားလုံးက အချည်းနှီး မဖြစ်ဘူးပဲ။

လုကျိုးက ကောင်းကင်ကို မော့ကြည့်လျက် ခေါ်လိုက်သည်။

“လောင်ပါ့”

ကျူးဟုန်ကုန်းသည် ချက်ချင်းထရပ်ပြီး လုကျိုးနောက်လိုက်ရန်ပြင်လိုက်၏။

ခဏတာ ပဲကြာလိုက်သော်ငြား ကျူးထျန်းယွမ်သည် မှင်သက်နေရာမှ သတိဝင်လာပုံပေါ်၏။ သူက အရှက်မရှိ တောင်းဆိုလိုက်သည်။ “ငါ့သား ... ငါ့ကို မင်းမသွားခင် အဖေလို့ခေါ်နိုင်မလား ”

“...”

အဖေလို့ ခေါ်ရမှာလား။ ရိုးရိုးသားသားဆိုရလျှင် ကျူးဟုန်ကုန်းသည် အစောတုန်းက ကန်တော့စဉ်၌ ကျူးထျန်းယွမ်ကို အဖေဟု ခေါ်ချင်စိတ်ရှိခဲ့သည်။ သို့သော် ကျူးထျန်းယွမ်၏ ယခုစရိုက်ကို မြင်သောအခါ စိတ်အားထက်သန်မှုများက အပြည့်အဝပျောက်ကွယ်သွား၏။ အနေခက်လိုက်လေခြင်း ... သူက ဆိတ်ဆိတ်သာနေလျက် ခြံဝန်းအပြင်ဖက်သို့ လုကျိုးနောက် လိုက်ထွက်သွားသည်။

“ဘေးကင်းတဲ့ခရီးဖြစ်ပါစေ ချန်းပေ့ကျိ ”

“သခင်လေး”

နှစ်ယောက်ထွက်သွားပြီးနောက် ကျူးထျန်းယွမ်က စိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချလိုက်၏။ “ငါက လူဖြစ်ရှုံးတာပဲ ”

ကျန့်ဖူက ဒူးထောက်လျက်ပြောလိုက်၏။ "အသုံးမကျတာ ကျွန်တော်ပါ ”

“တော်လောက်ပြီ။ ငါတို့ပြောနေတာ မိစ္ဆာအိုကြီးကျိလေ။ မင်းက သူ့ကို တကယ်အနိုင်ယူနိုင်မယ်များ ထင်နေလား ” ကျူးထျန်းယွမ်က မျက်ဆံလည်သွားသည်။

“အမ်း” ကျန့်ဖူ၏မျက်နှာက နီသွားတော့သည်။

“သူက ကြီးမြတ်တဲ့ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပဲလေ။ သူသာ ရည်ရွယ်ချက်ရှိရင် မင်း သေလောက်ရောပေါ့။ မင်း ဒီမှာ ရပ်နေနိုင်ဦးမယ်ထင်လား။ ဒါပေမဲ့ သူ့ရဲ့စိတ်နေသဘောထား ဒီလောက်ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" ကျူးထျန်းယွမ်ကပြောလိုက်၏။

“သခင်လေးက ဂိုဏ်းကို အမွေဆက်ခံဖို့မသွားဘူးဆိုရင် ... ကျွန်တော်တို့က ဘာမှမလုပ်ဘူးဆိုရင် ဂိုဏ်းက တခြားသူလက်ထဲကျသွားမှာလား ” ကျန့်ဖူက မေးလိုက်သည်။

“ပြီးတော့ ရှေးဟောင်းသူတော်စင်ဂိုဏ်းက ယုတ်လျော့နေပြီးပြီ။ သွားမယ်ဆိုရင်လည်း သွားပါစေတော့ ... ငါ့သား ကောင်းကောင်းမွန်မွန်နေရတော့ ငါ စိတ်အေးပြီ ”

“ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ ”

“ငါတို့နေရမှာပေါ့။ ငါ့ကို အဖေလို့ မခေါ်မချင်း ငါ မသွားဘူး။ အဲ့ဒီကျေးဇူးမသိတတ်တဲ့ ကောင်စုတ်လေး”

ကျူးထျန်းယွမ်က အခဲမကြေစွာပြောလိုက်၏။

တာ့ကျန်းနန်းဆောင်ထဲတွင်ဖြစ်သည်။

ကျူးဟုန်ကုန်းသည် စကားတစ်ခွန်းမှမပြောဘဲ လုကျိုးနောက် လိမ်လိမ်မာမာလိုက်လာ၏။

လုကျိုး၏အတွေးများက ကျူးဟုန်ကုန်းမရှိ။ သူသည် အစောတုန်းက မှတ်တမ်းအကြောင်း တွေးနေတာဖြစ်သည်။ သူသည် ထိုင်ခင်းဆီသို့လျှောက်သွားလျက် အတွေးနစ်နေပြီး တင်ပျဉ်ခွေချိတ်ထိုင်လိုက်၏။

သူ၏ရှစ်စွင်း အတွေးနစ်နေတာမြင်သောအခါ ကျူးဟုန်ကုန်းသည် သူ၏ရှစ်စွင်းကို မနှောင့်ယှက်ရဲပေ။ သူ လှည့်ထွက်သွားပြီး သူ၏စန်းရှစ်ရှိုး တွမ့်မူရှန်းက တာ့ကျင်းနန်းဆောင်ထဲ ဝင်သွားတာတွေ့၏။ သူက ချက်ချင်းအရိုအသေပေးကာပြောလိုက်တော့သည်။ “စန်းရှစ်ရှိုးဆီကနေ အပြစ်ကိုလက်ခံလိုက်ပါ့မယ် ရှစ်စွင်း ”

လုကျိုးသည် မှတ်တမ်းကို လှန်ကြည့်နေသောကြောင့် ကျူးဟုန်ကုန်းပြောတာကို မကြားပေ။

ကျူးဟုန်ကုန်းက တာ့ကျင်းနန်းဆောင်မှ ထွက်သွားတော့သည်။ “စန်းရှစ်ရှိုး ”

“ဘာလဲ ”

“ကျေးဇူးပြုပြီး ကျွန်တော့်ကိုရိုက်ပါ ” ကျူးဟုန်ကုန်းက အရိုအသေပေးကာတောင်းဆိုလိုက်သည်။

တွမ့်မူရှန်းကမျက်မှောင်ကျုံ့လိုက်၏။ "ငါ့မှာ အဲ့လိုထူးထူးဆန်းဆန်းအကြိုက်တွေမရှိဘူး ”

“ကျွန်တော်ပြောတာ အဲ့လိုမဟုတ်ဘူးလေ။ ကျွန်တော်အမှားလုပ်မိပြီး တုတ်နဲ့အရိုက်ခံရသင့်တယ်။ ရှစ်စွင်းက မအားသေးလို့ ရှစ်ရှိုးက အခုချိန်မှာ အကြီးဆုံးပဲ။ ရှစ်ရှိုး ကျွန်တော့်ကို အပြစ်ပေးတာ အသင့်တော်ဆုံးပဲလေ။ ဒီမှာရိုက်လိုက်ပါ။ မထိန်းချုပ်ထားနဲ့ ”

ကျူးဟုန်ကုန်းက သူ့နောက်ကျောကို လက်ညှိုးထိုးပြ၏။

တွမ့်မူရှန်းသည် ကျူးဟုန်ကုန်းကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့်ကြည့်ပြီးပြောလိုက်သည်။ "ထူးဆန်းလိုက်တာ ”

ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားကာ လူသူကင်းမဲ့သည့်ရင်ပြင်ဆီသို့သွားလိုက်၏။

တွမ့်မူရှန်းသည် အဝေးသို့မရောက်သေးခင် ကျူးဟုန်ကုန်း စိတ်ခံစားချက်ဖြင့် ထုတ်ဖော်ပြောတာကို ကြားလိုက်ရ၏။ “စန်းရှစ်ရှိုးက နဲနဲတော့တုံးအပေမဲ့ ငါ့ကို တကယ်ကြင်နာတာပဲ ”

တွမ့်မူရှန်းက လှည့်လာ၏။ “လောင်ပါ့ ဒီကိုလာခဲ့ ”

“ဟမ်” ကျူးဟုန်ကုန်းက ဇဝေဇဝါဖြစ်သွားသည်။

တွမ့်မူရှန်းသည် ကျူးဟုန်ကုန်း မလှုပ်တာကို မြင်သောအခါ သူကရောက်လာပြီး ကျူးဟုန်ကုန်းကို တစ်ဖက်လှည့်ကာ ကျူးဟုန်ကုန်း၏တင်ပါးကို ပြင်းပြင်းထန်ထန် ကန်လိုက်၏။

ကျူးဟုန်ကုန်းသည် ကတီရာကျော်လေးသော်ငြား တွမ့်မူရှန်း၏ကန်ချက်ကို ခံနိုင်ရည်မရှိပေ။ သူက လေထဲလွင့်ထွက်သွား၏။

သူ၏သနားစဖွယ်အော်သံက တာ့ကျင်းနန်းတော်ထဲတွင် ပေါ်ထွက်လာတော့သည်။

“ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရုံပဲ ... ကောင်းပြီ ငါ့ရဲ့လှံသိုင်းကို အရောင်တင်ဖို့ အခွင့်ရေးကောင်းတစ်ခုပဲ ”

“အား”

တာ့ကျန်းနန်းဆောင်ထဲတွင်ဖြစ်သည်။

လုကျိုးသည် မှတ်တမ်းစာရွက်များကို လှန်နေ၏။ စာကြောင်းများသည် မှိန်နေပြီဖြစ်သော်ငြား အများစုက ဖတ်၍ရသေးသည်။

“ပြဿနာက ရွှေကြာကြောင့်ဖြစ်လားဆိုတာမသေချာသေးဘူး။ တစ်ယောက်ယောက်က ငါ့စကားကို နားထောင်ပြီး ကြိုးစားချင်မှာလား ”

နောက်တစ်မျက်နှာကိုဖတ်၍ရသည်။ လူတစ်ယောက်ရဲ့စိတ်ကို မှန်းဆဖို့ကခက်ခဲလွန်းတယ်။ ငါ့ရဲ့စွမ်းအားကို ထိန်းချုပ်ထားရမယ်။ ငါ့ကိုယ်ငါ ကာကွယ်ဖို့လုံလောက်တဲ့စွမ်းအားရှိထားရမယ်။ ကျင့်ကြံသူတချို့က လောဘကြီးပြီး ကျင့်စဉ်တွေကို ခိုးယူချင်နေတာကို ခံစားမိတယ်။ တချို့ကျင့်စဉ်တွေက နက်နဲလွန်းတယ်။ ဒါပေမဲ့ ငါ အဲဒါတွေကို မှတ်မိတယ်။ ဒီကျင့်စဉ်တွေကို ဘယ်သူဖန်တီးခဲ့တာလဲ။

လုကျိုးသည် ထိုစာကိုဖတ်ချိန်၌ ဇဝေဇဝါဖြစ်သွား၏။ လော့အမျိုးသမီး၏ကျင့်စဉ်က သူမမွေးရပ်မြေက လာတာမဟုတ်ဘူးလား။ ဒီလိုဆိုရင်ကျင့်စဉ်တွေကို ဘယ်ကရလာတာလဲ။ မှတ်တမ်းသည် ကျင့်စဉ်များ၏ရင်းမြစ်ကို မပြောထားပေ။ သူသည် သူ့ဖာသာသူခန့်မှန်းရုံသာ တတ်နိုင်၏။

နောက်ထပ်စာမျက်နှာများက သူမ၏ ခံစားချက်များကို မှတ်တမ်းတင်ထားတာဖြစ်သည်။ သူ့ကို မည်သည့်အချက်အလက်မှမထောက်ပံ့ပေးနိုင်ပေ။ သူ စာအုပ်ဖတ်တာ တဝက်လောက်ရောက်ချိန်၌ စိတ်ဝင်စားစရာကို ထပ်တွေ့လာ၏။ ရေးထားသည်မှာ အချိန်အကြာကြီး သုတေသနလုပ်ပြီးတော့ ရွှေကြာက အသက်ဓာတ်ကိုစုပ်ယူပြီး အနီရောင်ကြာပွင့်က အသက်ကို မစုပ်ယူတာကို သက်သေပြလိုက်နိုင်တယ်။ နှစ်ခြောက်ရာသက်တမ်းရှိတဲ့ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက် ဖြစ်တဲ့ မော့ပေက ဖုန်းခယ်က ပွင့်ချပ်ကိုးလွှာအဆင့်ကို မရောက်ခဲ့ဘူး။ သူ သေသွားတယ်။ အနှစ်လေးရာက မလုံလောက်ဘူး။ ယန်စီရင်စုရဲ့ ရှဲ့ဟန်၊ အနှစ်လေးရာ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့ကျရှုံးခဲ့တယ်။ သူ သေသွားခဲ့တယ်။ အနှစ်ခြောက်ရာ မလုံလောက်ဘူး။ လျန်စီရင်စုရဲ့ ဟန်စုန်း အနှစ်သုံးရာ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူက ပွင့်ချပ်ကိုးလွှာကို ရောက်ဖို့ကျရှုံးခဲ့တယ်။ သူ သေသွားတယ်။ အနှစ်ခုနစ်ရာက မလုံလောက်ဘူး။

ဆိုရလျှင် ထိုစာမျက်နှာသုံးမျက်နှာ၌ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရရှိအောင်ကြိုးပမ်းရာ၌ ကျရှုံးကြောင်း မှတ်တမ်းတင်ထားလေ၏။

ထိုစာများကိုဖတ်ချိန်၌ လုကျိုးသည် ကျူးထျန်းယွမ်က သူမကို ဒဏ္ဍာရီလာဟု ရည်ညွှန်းပြီး ပြောဆို ခဲ့ရသည့် အကြောင်းအရင်းကို လုကျိုးသဘောပေါက်သွားသည်။ ထိုပွင့်ချပ်ရှစ်လွှာ သိုင်းပညာရှင် များသည် သမိုင်းကြောင်းတစ်လျှောက် နာမည်ကျော်ကြားသည့် မဟာအကျော် အမော်များ ဖြစ်သည်။ ထိုသို့တိုင် သူတို့က သူမ၏အစမ်းသပ်ခံနှင့် သုတေသနပြုလုပ်ခံ အရာဝတ္ထုများ ဖြစ်သွား၏။

အငယ်ဆုံးသည် အသက်တစ်ရာကျင့်ကြံသူသာဖြစ်သည်။

စာထဲတွင် ရေးထားသည်က တာ့ယန်ရဲ့ချင်စီရင်စုက ဉာဏ်ကြီးရှင် မော့ကျန်းနန် အသက်တစ်ရာ ပွင့်ချပ်ကိုးလွှာအဆင့်ကိုရောက်ဖို့ကျရှုံးခဲ့တယ်။ သူ အသက်ရှင်သန်လုနီးပါးဖြစ်ခဲ့ပေမဲ့ သူ့သက်တမ်း ကိုးရာနီးပါးဆုံးရှုံးခဲ့တာ။ ဒီနေရာက လူတွေက ပွင့်ချပ်ကိုးလွှာအဆင့်ကို မရနိုင်တော့တာများလား။ ငါ တခြားမျိုးနွယ်တွေဆီသွားကြည့်သင့်လား။

နောက်ထပ်စာမျက်နှာများက သူမ၏အပျက်သဘောခံစားချက်များကိုရေးထားသည်။

“တစ်နေ့ကျ ငါ အဖြေကိုရှာမယ်။ စူးစမ်းရှာဖွေမှုက ဘယ်တော့မှ အဆုံးမသတ်ဘူး။ အရှုံးမပေးလိုက်နဲ့ ”

…

အခန်း (၆၁၄) ယွီကျန့်ဟိုင် မင်းက ကံကောင်းသားပဲ

လုကျိုးက ထိုအရာကို ဖတ်လိုက်ပြီးသည့်နောက်တွင် အမျိုးသမီးလော့၏ စိတ်အခြေအနေသည် အလွယ်တကူ ယိမ်းယိုင်လွယ်ကြောင်း သတိပြုမိလိုက်သည်။ သူမက ငယ်ရွယ်ဟန်ပေါ်သော်လည်း သူမ၏ စိတ်ခြေအနေကို မည်သို့စီမံရမည်ကို သိထားပုံပေါ်သည်။ သူမက မကြာခဏ ကိုယ်ရေးမှတ်တမ်းထဲ အားပေးစကားများ ရေးသားလေ့ရှိ၏။ သူမဘာသာ စံနှုန်းတစ်ခု သတ်မှတ်ထားသည်မှာ သိသာလှသည်။

လုကျိုးက တာ့ယန်၏ မင်းဆရာ ပြောသည့် ရူးနေသောလူ ဟူသည်မှာ သူမကို ရည်ညွှန်းတာလားဟု စဉ်းစားမိသွားသည်။

သူတို့အမြင်တွေက ဘာလို့ အဲလောက်တောင် ကွဲပြားနေရတာလဲ ….

လုကျိုးက ဆက်ဖတ်လိုက်သည်။

ငါ ဈေးကနေ မြေပုံတစ်ခုကို ဝယ်လာခဲ့တယ်။ ထူးဆန်းတာက အသေးစိတ်ကလွဲရင် ပုံကြမ်းက ငါ့မွေးရပ်မြေနဲ့ တူနေတာပဲ။ တစ်ခါတစ်လေ ငါ အိပ်မက် မက်နေသလို ခံစားရတယ်။ ဒါပေမဲ့ ငါက အိပ်မက်နဲ့ လက်တွေ့ကြား ခွဲခြားနိုင်ပါသေးတယ်။

နောက်ထပ်စာရွက်တချို့တွင် လုကျိုး နားမလည်သည့် သင်္ကေတများ ပြည့်နှက်နေသည်။

ဒါက သူမ မကြာခဏ အသုံးပြုတဲ့ သင်္ကေတ ဖြစ်ရမယ် …

သူက ဆက်ဖတ်လိုက်သည်။

ငါက ရွှေကြာက သက်တမ်းဘယ်လောက်ယူထားလဲဆိုတာ ဆုံးဖြတ်ဖို့ ငယ်ရွယ်တဲ့ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတွေ လိုအပ်နေတယ်။ ဒါက ခက်ခဲတဲ့ မေးခွန်းတစ်ခုပဲ … ဒီနေရာက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတွေက သက်တမ်း နှစ်တစ်ထောင်အထိပဲ နေနိုင်ကြတယ်။ ရွှေကြာက နှစ်ကိုးရာနှင့် အထက် သက်တမ်းကို စုပ်ယူထားတာပဲ။

နောက်ထပ် ဆက်ဖတ်လိုက်ရသည်မှာ …

ငါ ဒီနေ့ နည်းလမ်း အသစ်တစ်ခု တွေးမိတယ်။ အနီရောင် အက္ခရာတွေက လူတစ်ယောက်ရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်တယ်။ ကျန်ရှိနေတဲ့ အက္ခရာတွေက ငါ့ဇစ်မြစ်ကို အလွယ်လေး ပေါက်ကြားသွားစေနိုင်တယ်။ သူတို့ကို ရှေးဟောင်းဗိမာန်ထဲမှာ ဝှက်ထားခဲ့တယ်။

ထို့နောက်တွင် စာသားမပါဘဲ ရက်စွဲများသာ ရှိနေသည်။

ထို့နောက် လုကျိုးက စာရွက်အရေအတွက်တချို့ စုတ်ဖြဲခံထားရကြောင်း တွေ့လိုက်ရသည်။

ဒုတိယနောက်ဆုံးစာရွက်တွင် ဖတ်လိုက်ရသည်မှာ …

လူတစ်ယောက်ရဲ့ သက်တမ်းကို ပြန်လည်ဖြည့်တင်းနိုင်မဲ့ နည်းလမ်းကို အဆင့်တက်လှမ်းရင်း လုပ်လို့ရတယ်။ ဒါပေမဲ့ လိုလားချက်တွေက တင်းကျပ်တယ်။ ငါ့စမ်းသပ်ချက်တွေက အနီရောင်အက္ခရာတွေကို အသုံးမပြုနိုင်ဘူးလို့ ပြနေတယ်။ ငါ့ခန့်မှန်းချက်အရတော့ ရွှေကြာက သက်တမ်း နှစ် ၁၁၀၀ ကနေ ၁၂၀၀ လောက်အထိ ယူထားတယ်။ ရွှေကြာရဲ့ ပြဿနာကို ဖြေရှင်းပြီးသွားပေမဲ့ ဒီနည်းလမ်းက စိတ်ရှည်ဖို့ လိုတယ်။

ဒီကိစ္စအတွက် တခြားသင့်တော်တဲ့ နည်းလမ်း မရှိတော့ဘူးလား။ တကယ်လို့ အားလုံးသာ ငါ့လိုမျိုး စူးစမ်းလိုတဲ့ စိတ်ဝိညာဉ်မျိုး ရှိကြရင် …

ဒါပေမဲ့ ဒီနေရာက လူအများစုက ပွင့်ချပ်ကိုးလွှာအကြောင်း စိတ်မဝင်စားကြဘူး။ ငါ့ဆီမှာ မိုးမြေ အတားအဆီးပြဿနာအတွက် အဖြေမရှိတာ ကံဆိုးတာပဲ။ တစ်ခုကံကောင်းတာက ဒီနေရာက လူတွေက အဲဒီအရာကြောင့် ပြဿနာမရှိဘူး။

နောက်ဆုံးစာရွက်တွင် ဖတ်လိုက်ရသည်မှာ …

ငါက ဒီကိုရောက်လာတဲ့ တစ်ဦးတည်းသောလူ မဟုတ်ဘူး။

နောက်ဆုံးစာရွက်ရှိ လက်ရေးက ရှုပ်ယှက်ခတ်နေပြီး အလျှင်စလို ရေးသားထားဟန်ပေါ်နေသည်။

ကိုယ်ရေးမှတ်တမ်းပေါ် မူတည်၍ လုကျိုးက ထိုအမျိုးသမီးလော့သည် သူမ မထိန်းချုပ်နိုင်သည့် စွမ်းအားအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတမျိုး ရှိထားကြောင်း ကောက်ချက်ချလိုက်သည်။ သူက ယွင်ထျန်းလော့၏ ထိုအမျိုးသမီးသည် ပွင့်ချပ်ကိုးလွှာအဆင့် သို့မဟုတ် ဆယ်လွှာအဆင့် ဖြစ်နိုင်ကြောင်း ကောက်ချက်ချမှုကို သဘောတူမိ၏။

အကယ်၍ ပါဝင်အကြောင်းအရာများသာ အမှန်ဖြစ်နေလျှင် ဒီလိုမျိုး နက်နဲသည့် ကျင့်ကြံဆင့်ဖြင့် အနီရောင်ကြာ ပိုင်ဆိုင်ထားသူ နှစ်ယောက်နှင့်အထက် ရှိလိမ့်မည်။

တာ့ယန်ရဲ့ မင်းဆရာ ပြောခဲ့သလိုမျိုး ကပ်ဘေးဆိုတာ ဘာလို့မရှိသေးတာလဲ ….

ကျန်စာရွက်များတွင် သူမ၏ အလုပ်များအကြောင်း အသေးစိတ်မှတ်သားထားသည်။ သူတို့က အရူးတစ်ယောက်၏ အဓိပ္ပါယ်မရှိ ကောက်ခြစ်ထားသည်မျိုးနှင့် မတူပေ။ ရွှေကြာကြောင့် အသက်ဓာတ် ပမာဏအမြောက်အများ ဆုံးရှုံးသွားသည်မှာ အမှန် ဖြစ်၏။ သူမက သက်တမ်း နှစ် ၁၁၀၀ မှ ၁၂၀၀ ကြား ကောက်ချက်ချခဲ့သည်။

အရူးတစ်ယောက်က ဒီလိုအဖြေမျိုး ဘယ်လိုထုတ်နိုင်မှာလဲ …

လုကျိုးက ထိုအမျိုးသမီးလော့သည် အသက်ရှင်သေးရဲ့လားဟု တွေးမိလိုက်သည်။

အဲလိုဆိုရင် သူမက ဘယ်မှာလဲ … သူမက ဒီနှစ်တွေမှာ အသက်ရှင်နေတုန်းလား။ ရွှေကြာကို ဖြတ်တောက်လိုက်တဲ့ ပြဿနာ ဖြေရှင်းလိုက်တာကို သူမ ဘယ်လိုတွေးနေမလဲ

သူက စာအုပ်ကို ပိတ်လိုက်သည်။ စာအုပ်၏ ထောင့်တစ်နေရာက သက်တမ်းအိုမင်းမှုကြောင့် ပဲ့သွားလေသည်။

သူက သူ့ဘာသာ တိတ်တဆိတ် ဆက်လက် စဉ်းစားနေသည်။ သူက စာအုပ်အတွင်း မွေးရပ်မြေအကြောင်း ပြောမထားသည့်အတွက် အနည်းငယ် စိတ်ပျက်မိသွားသည်။ သူမ၏ မွေးရပ်မြေမှ လူအားလုံးက အနီရောင်ကြာကို ကျင့်ကြံကြလားဟု သိချင်နေမိသည်။

အနီရောင်ကြာ …

လုကျိုးက ခရုလေးကို အမှတ်ရသွားသည်။ သူမဆီမှ အနီရောင်ကြာ ကျင့်ကြံရေးအကြောင်း တစ်ခုခု သိနိုင်သည်။

ထို့နောက် သူက မျက်လုံးမှိတ်ကာ တရားထိုင်လိုက်သည်။

………………

နောက်တစ်ရက်တွင် လုကျိုးက ခရုလေးအား တာ့ကျန်းနန်းဆောင်ဆီ ဆင့်ခေါ်ပြီး တခြားလူများကို အပြင်ထုတ်လိုက်သည်။

ခရုလေးက သူမရှစ်စွင်း ဘာလိုချင်သည်ကို မသိသည့်အတွက် ဦးညွှတ်ကာ “ရှစ်စွင်း”

လုကျိုးက ပြောလိုက်သည် “စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြပါဦး ”

“အိုး” ခရုလေးက လက်သေးသေးလေးကို ဖြန့်လိုက်သည်။ သူမ၏ အတွေးတစ်ချက်ဖြင့် အနီရောင်ရုပ်တုနှင့် တူသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ထိုစိတ်ဝိညာဉ်သဏ္ဌာန်က အနီရောင် ဖြစ်နေသော်လည်း အနီရောင်ကြာတော့ မဟုတ်ပေ။

သူ မှားသွားတာလား … သူ ရွှေရောင်ကြေးမုံ ပုံရိပ်ကနေ မှားမြင်မိတာလား။

လုကျိုးက လက်ဝေ့လိုက်သည်။ ရွှေရောင်ထိုက်ရွီကြေးမုံက သူလက်ထဲ ပေါ်လာလေ၏။ ကမ္ဘာဦးချီ ထည့်သွင်းလိုက်သည့်အခါ ကြေးမုံက ခရုလေးအပေါ် တောက်ပလာသည်။ ထို့နောက် အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်အောက် အနီကြာကို ထုတ်ပြလာသည်။

“အနီရောင်ကြာ …” လုကျိုးက ကြေးမုံကို သိမ်းကာ မေးလိုက်သည် “ အဆင့်တက်ခါနီးပြီလား ”

ခရုလေးက နားမလည်သည့်အတွက် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ “ရှစ်စွင်း တပည့် နောက်ထပ် အဆင့်တက်တော့မှာလား”

နောက်ထပ် …

တခြားလူတွေသာ ထိုအရာကို ကြားသွားလျှင် စိတ်မကောင်းဖြစ်သွားကြလိမ့်မည်။

လုကျိုးက သူမ၏ ကျင့်ကြံဆင့်ကို အကဲဖြတ်လိုက်သည်။ သူမက နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် နောက်ဆုံးအဆင့်သို့ ရောက်နေလေပြီ။ သို့သော်လည်း သူမက ဒုက္ခမိုင်တစ်ရာရှုကွင်းမှ အနည်းငယ် အလှမ်းကွာနေသေး၏။ ထူးခြားသည့် ရတနာတစ်ခုအနေနှင့် ကြေးမုံသည် အရာဝတ္ထု၏ စစ်မှန်မှုကို အကဲဖြတ်ပေးနိုင်သည်။ မှားယွင်းစရာအကြောင်း မရှိပေ။ ဆိုလိုသည်မှာ ခရုလေး၏ တကယ့်အလားအလားအစစ်က ဒုက္ခမိုင်တစ်ရာရှုကွင်း အဆင့်သို့ ရောက်နေပြီးသား ဖြစ်၏။ ထိုအရာက ကျင့်ကြံဆင့် မဟုတ်ပေ။

နိုးထအသက်ဝင်ခြင်း တစ်မျိုး ဖြစ်ပေသည်။

“ခရုလေး အနီရောင်ကြာကို အရင်က မြင်ဖူးလား” လုကျိုးက မေးလိုက်သည်။

ခရုလေးက ခေါင်းညိတ်ကာ “ဟုတ်”

“ဘယ်မှာလဲ ”

“တပည့် မမှတ်မိဘူး ”

“ ဘယ်ကနေ ရောက်လာတာလဲဆိုတာ မှတ်မိလား”

“မမှတ်မိဘူး ”

လုကျိုးက ခရုလေးသည် သူ့ကဲ့သို့ မှတ်ဉာဏ်ပျောက်ဆုံးနေတာလားဟု စဉ်းစားမိသွားသည်။

“အခုတော့ ဒီလောက်ပဲ။ သွားပြီး ကျင့်ကြံတော့ ”

“ဟုတ် ရှစ်စွင်း” ခရုလေး တာ့ကျန်းနန်းဆောင်မှ ထွက်လာလိုက်သည်။

လုကျိုးက သူမ ထွက်သွားသည်ကို ကြည့်နေရင်း အနီရောင်ကြာ ကျင့်ကြံသူများသည် ပုရွက်ဆိတ်အနားမှ ဧရာမကြီးလို ဖြစ်နေမည်လားဟု အတွေးနယ်ချဲ့နေသည်။

စာအုပ်ထဲတွင် အနီရောင်ကြာက အသက်ဓာတ်ကို မစုပ်ယူကြောင်း ရေးထားသည်။ ဆိုလိုသည်မှာ အနီရောင်ကြာ ကျင့်ကြံသူများသည် ပွင့်ချပ်ရှစ်လွှာနှင့် ကိုးလွှာကြား ကန့်သတ်ခံထားရသူများ မဟုတ်ပေ။

အချိန်ရေစီးကြောင်းက ပြောင်းလဲလာလေပြီ။ အနာဂတ်တွင် ဘာဖြစ်လာမည်ကို မည်သူမှ မသိနိုင်ပေ။

………….…

ဆယ်ရက်ကြာမြင့်ပြီးသည့်နောက်

လရောင်အောက်တွင်

အရိုးမြှပ်နှံရာ ကုန်းမြေအဆုံးတွင် ယွီရှန်းရုန်က နွံ့တောအနီး မြင့်မားသည့် သစ်ပင်၏ သစ်ကိုင်းပေါ် လဲလျောင်းကာ ဓားကို လက်ထဲ ပွေ့ထားလေသည်။ သူ့မျက်လုံးများကို မှိတ်ထား၏။

ဟီး

ကျီလျန့်က သူ့အား အဝေးမှ ပတ်လျှောက်နေသည်။ ထို့နောက် သူက နွံ့တောအထက် ပတ်လည်ပျံသန်းပြလိုက်၏။

ဒါက အစားအစာကို ရှာနေတာလား ဒါမှမဟုတ် မြင်းမကို ရှာနေတာလား

ထိုစဉ် ယွီရှန်းရုန်က မျက်လုံးဖွင့်လာသည်။ သူ့နားများက လှုပ်ခတ်သွား၏။ သူက သစ်ကိုင်းပေါ်မှ ခုန်ချလိုက်သည်။ မိုးမခသစ်ပင်လိုမျိုး သူက ခန္ဓာကိုယ်ကို ထိန်းကာ နွံ့တောဆီ ပျံသန်းလာလိုက်သည်။ ထို့နောက် သူက ငုံ့ကြည့်လိုက်၏။

သူက အသံတစ်သံကို ကြားလိုက်ရသည်။

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏ “ တာ့ရှစ်ရှိုးက ကံကောင်းသားပဲ ”

ယွီကျန့်ဟိုင် အသက်ပြန်ဝင်လာသည့် အရိပ်အယောင်များ ရှိလာသည်။

ဝူချီအန်းများသည် ဂူထဲတွင် နေထိုင်ကာ အညစ်အကြေးများကို စားသုံးကြသည်။ သူတို့‌ သေဆုံးသွားသည့်အခါ သူ့တို့နှလုံးသားက မပျက်မစီး ကျန်ရှိနေ၏။ သူတို့ကို မြှပ်နှံလိုက်သည့်အခါ ပြန်လည် မွေးဖွားလာကြသည်။

ယွီရှန်းရုန်က ကမ္ဘာဦးချီသည် နွံ့တောထဲ ဆွဲယူခံလိုက်ရကြောင်း ခံစားမိလိုက်သည်။ သူက နေနှင့်လ အဆီအနှစ်တို့၏ သိပ်သည်းဆသည် ပိုများလာကြောင်း ခံစားမိလိုက်၏။ သူက ဆယ်ရက်အတွင်း နွံတောကို အသေးစား ပြောင်းလဲမှုအထိ စောင့်ကြည့်နေခဲ့သည်။ အစပိုင်းတွင် တိတ်ဆိတ်ကာ လှုပ်ရှားမှု ကင်းမဲ့နေသည်။ အချိန်တစ်ခုကြာပြီးနောက် သူက စိုးရိမ်ကာ စိတ်ပျက်လာသည်။ ထိုသို့ဆိုလျှင်ပင် သူက လက်မလျော့နိုင်ပေ။ ဤသည်က ယွီကျန့်ဟိုင်၏ နောက်ဆုံး အခွင့်အရေး ဖြစ်၏။ သူက ဘာမဆိုလုပ်ပေးလိုသည့်အတွက် စိတ်ရှည်လက်ရှည် ဆက်လက် စောင့်ဆိုင်းလိုက်သည်။

ယွီရှန်းရုန်က ကမ္ဘာဦးချီတချို့ကို လှည့်ပတ်ကာ နွံ့တောဆီ ပို့ပေးလိုက်သည်။ သူက အပေါ်ယံအောက် ဘာဖြစ်နေလဲဆိုတာ အာရုံခံကြည့်ဖို့ ကြိုးစားလိုက်၏။ သဘာဝကြောင့်လား ဒါမှမဟုတ် အံ့ဩဖွယ် ပတ်ဝန်းကျင်ကြောင့်လား မသိရသော်လည်း သူ့ကမ္ဘာဦးချီသည် နွံ့တောအနား ရောက်သည်နှင့် သဘာဝသို့ ပြန်လည်ရောက်ရှိသွားသည်။

ကောင်းကင်က လူသားများအား ကျင့်ကြံရေး သင်ကြားပေးခဲ့ပြီး ပတ်ဝန်းကျင်မှ ကမ္ဘာဦးချီကို ထိန်းချုပ်ခွင့်ပေးခဲ့သည်။ ဤသည်က သူတို့ဘာသာ ကာကွယ်ဖို့ စွမ်းအား၊ ကမ္ဘာကို ဖျက်ဆီးပစ်ဖို့ စွမ်းအား တစ်ခု ဖြစ်၏။ တစ်ခါတစ်ရံတွင် အလွန်အားကောင်းသည့် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူပင် ကျယ်ပြောကာ လျှို့ဝှက်ဆန်းကြယ်သည့် သဘာဝထဲ ဆန်စေ့တစ်ခုမျှလောက်သာ ဖြစ်ပြီး အရေးမပါပေ။

“ ကောင်းပြီလေ .. ကျွန်တော်က စိတ်ရှည်ပါတယ်။ ကျွန်တော်ကို စိတ်မပျက်စေဖို့ပဲ မျှော်လင့်ပါတယ်” ယွီရှန်းရုန်က လေထဲ ပျံတက်သွားလိုက်သည်။

ညက ပိုနက်လာသည်။ ကြယ်တာရာများလည်း ဝေဟင်အထက် လင်းလက်တောက်ပနေကြ၏။

ယွီရှန်းရုန်က သစ်ပင်ထက် မြင့်မြင့် ပျံသန်းလိုက်ပြီး ကျီလျန့်ကို ရှာလိုက်သည်။ သူက ကျီလျန့်၏ အရိပ်ကို မမြင်မိပေ။ သို့သော် လရောင်အောက် သူ့ဆီ ပျံသန်းလာနေသည့် ကျင့်ကြံသူများကို မြင်လိုက်ရသည်။

ယွီရှန်းရုန်က မျက်မှောင်အသာကြုတ်ကာ တောအုပ်ထဲ ဝင်ရောက်လိုက်သည်။

…

အခန်း (၆၁၅) ကျုပ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့တွေ ဘယ်သူမှထွက်သွားခွင့်မရှိဘူး

ယွီရှန်းရုန်က သစ်ကိုင်းတစ်ကိုင်းပေါ်ဆင်းသက်လိုက်၏။ သူ၏အငွေ့အသက်ကိုဖုံးကွယ်လျက် သူ၏သက်တော်ရှည်ဓားကို ကိုင်ထားသည်။ သူက လှဲနေကာ မျက်လုံးမှိတ်ထားလိုက်၏။ သူ့ကို မထိခိုက်စေသည့်အရာအားလုံးကို လျစ်လျူရှုထားရန် ရည်ရွယ်ချက်ရှိသည်။ သူ၏ပန်းတိုင်က ရွံ့ဗွက်အိုင်ကိုစောင့်ကြပ်ပြီး နောက်ထပ်၄၉ရက်ကို ငြိမ်းငြိမ်းချမ်းချမ်းကုန်ဆုံးရန်ဖြစ်သည်။ သူက လှည့်ပြီးမျက်လုံးမှိတ်ထားလိုက်၏။

ကျင့်ကြံသူများသည် နွံတောကို အာရုံစိုက်မိဖို့ သိပ်မကြာလိုက်ပေ။ သူတို့ကရပ်တန့်သွားသည်။

ယွီရှန်းရုန်က ဇဝေဇဝါဖြစ်သွားလေ၏။ သူ မျက်လုံးအနည်းငယ်ဖွင့်လိုက်သည်။ သူသည် သိပ်သည်းနေသော သစ်ရွက်များကြားမှ ကျင့်ကြံသူများကို မြင်ရသည်။

လရောင်အောက်တွင် ကျင့်ကြံသူများက မတ်တတ်ရပ်နေလေ၏။ သူတို့အားလုံးက ခရမ်းရောင်ဝတ်ရုံများ ဝတ်ထားကာ ခေါင်းများကို ကာထားသည်။ သူတို့မျက်လုံးများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူတို့သည် မှုန်မှိုင်းနေသောလူတစ်စုနှင့်တူ၏။ သူတို့က အတန်းလိုက် လေထဲတွင် ပျံဝဲနေပုံက ခြောက်ခြားဖွယ်ကောင်းသည်။

“ရှေ့မှာ အရိုးမြှုပ်နှံရာ ကုန်းမြေပဲ။ အစီအစဉ်အရ ငါတို့တွေ သေသူတွေရဲ့အရိုးတွေကို ထိန်းချုပ်ရမယ်”

“ရာစုနှစ်ပေါင်းများစွာ အရိုးမြှုပ်နှံရာကုန်းမြေထဲမှာ လူတွေအများကြီးမြှုပ်နှံခံရတယ်။ ဒီနားတစ်ဝိုက်မြို့က သေသူတွေအားလုံးဒီမှာစွန့်ပစ်ခံရတာ။ သူတို့တွေအားလုံးကို ခမ်းခမ်းနားနား မြှုပ်နှံကြတယ် ”

ကျင့်ကြံသူများထဲမှတစ်ယောက်က ရွံ့ဗွက်အိုင်ကိုကျော်သွားသည်။ သူက အရိုးမြှုပ်နှံရာ ကုန်းမြေကိုကြည့်ပြီး ကျယ်လောင်စွာကြေညာလိုက်၏။

“လေးစားရပါသော ဘိုးဘေးတို့ သူတို့ဝိညာဉ်နဲ့ဆန္ဒတွေက သေလွန်ပြီးတဲ့နောက် ခဝါချရမယ် ”

များစွာသော ကျင့်ကြံသူများက သူ့နောက်မှပျံသန်းလာသည်။ သူတို့သည် အရိုးမြှုပ်နှံရာကုန်းမြေပေါ်ရှိအရိုးခြောက်များကို တွေ့လိုက်ရ၏။

လို့လန်မှ လူများ၏ ဝှက်ဖဲများထဲမှတစ်ခုဖြစ်သည်။

ယင်းကို ယွီရှန်းရုန် မြင်သောအခါ အနည်းငယ်စိတ်သက်သာရာရသွားသည်။ သူတို့သည် ဤနေရာသို့ ထိုအရိုးခြောက်များသည် အရိုးခြောက်များအတွက်ရောက်လာတာသိသာ၏။

အရိုးမြှုပ်နှံရာကုန်းမြေသည် လို့လန်၏ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။ အထက်အရာရှိများသည် သေသူများကို လေးစားမှုပြသခြင်းဟူသောအမည်ဖြင့် သူတို့ကို ဤနေရာတွင် စုဝေးထား၏။ အမှန်တကယ်တွင် သူတို့သေဆုံးချိန်တွင် လို့လန်ကို ကာကွယ်နိုင်ရန်ဖြစ်သည်။ စုန်းအတတ်သည် ထိုအရိုးခြောက်များကို ထိန်းချုပ်ရန်သော့ချက်ဖြစ်၏။

ယွီရှန်းရုန်က အကြည့်ပြန်ရုပ်သိမ်းလိုက်သည်။ သူသည် သူတို့ကို လျစ်လျူရှုထားလျက် မျက်လုံးမှိတ်ထားကာ အိပ်ရန်ပြင်ဆင်လိုက်သည်။

ထိုစဉ် ခရမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူများသည် ရွံ့ဗွက်ပေါ်သို့ပျံသန်းလာပြီး စက်ဝိုင်းတစ်ခု ဖွဲ့လိုက်၏။

“လုပ်လိုက်ကြတာပေါ့ ”

“ချီးကျူးစေ ”

ဦးဆောင်သည့် ခရမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူသည် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်လိုက်၏။ ပြီးနောက် သူက လက်ဖဝါးကိုပူးကပ်ကာ ကောင်းကင်ဆီသို့မြှောက်လိုက်သည်။ ခရမ်းရောင် အလင်းဖျော့ဖျော့က လက်ဖဝါးကြားမှ ပေါ်ထွက်လာ၏။

မကြာမီ၌ ခရမ်းရောင်အလင်းသည် အရိုးမြှုပ်နှံရာကုန်းမြေဆီသို့ဦးတည်သွား၏။ အလင်းစက်ဝိုင်းသည် အရိုးခြောက်တစ်ခုပေါ်၌ လင်းထိန်လာသည်။ အရိုးခြောက်သည် အသက်ဝင်လာပုံပေါ်ကာ စတင်လှုပ်ရှားလာတော့သည်။

“အစီအရင်ကိုခင်းကျင်း ”

ကျန်သည့်ခရမ်းရောင်ဝတ်ရုံကျင့်ကြံသူများသည် သူတို့နေရာအသီးသီး၌ ရပ်လျက် တစ်ပြိုင်နက်တည်း လက်ဝါးများ မြှောက်လိုက်၏။ သူတို့ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူတို့ခေါင်းများ အနည်းငယ်မော့ထားသည်။ ခရမ်းရောင်ကြာပွင့်များက သူတို့နဖူးထက်တွင် ရှိနေ၏။ သူတို့ဂါထာရွတ်ဆိုလိုက်သည်နှင့် ကြာပွင့်များတောက်ပလာသည်။

ဝှစ် ဝှစ် ဝှစ်

ကနဦးချီက ဝေ့တက်လာသည်။

“ခန့်၊ ရှု၊ ဖော်၊ ထို့၊ ဖြောင်၊ ဟူ၊ ယို့၊ လျန်၊ ရှင်း”

သူတို့သည် ဂါထာများ ဆက်တိုက်ရွတ်ဆိုလိုက်ရာ ခရမ်းရောင်အငွေ့များသည် သူတို့ခန္ဓာကိုယ်ထဲမှ စတင်ပေါ်ထွက်လာ၏။ သူတို့ပတ်ဝန်းကျင်ရှိ ကနဦးချီများကို ထိန်းချုပ်လိုက်သည်။ မကြာမီ၌ ခရမ်းရောင်စုန်းအတတ်စက်ဝိုင်းများက သူတို့ခြေထောက်အောက်တွင် ပေါ်လာတော့သည်။

လေထဲတွင် တဝီဝီသံများ ပေါ်ထွက်လာသည်။ ရွံ့ဗွက်အိုင်ရှိ ကြည်လင်နေသောရေသည် အမြှုပ်ထလာသည်။

ခရမ်းဝတ်ရုံဖြင့် ကျင့်ကြံသူများက ဇဝေဇဝါဖြစ်လာသည်။

“ဂရုစိုက် ဒီမှာ အသက်ရှင်နေတဲ့လူတစ်ယောက်ရှိနေတယ် ”

စုန်းအတတ်ကျင့်ကြံသူများအနေဖြင့်သေသူများအပေါ်သူတို့၏အာရုံသည် သာမန်လူများထက် ပိုကောင်းသည်။ ရှင်သူများအတွက်လည်း သူတို့၏အာရုံက တူညီပေ၏။

သူတို့သည် ရွံ့ဗွက်အိုင်အလယ်ရှိ ကြည်လင်နေသော ရေအိုင်ကို ကြည့်ပြီး အကြည့်ချင်း ဖလှယ်လိုက်၏။ သူတို့လုပ်လက်စအလုပ်ကို ရပ်တန့်ကာ ရေအိုင်ကို ကြည့်လိုက်ကြသည်။

ထိုစဉ် တောအုပ်ထဲမှ နူးညံ့သောအသံတစ်သံသည် သူတို့နားထဲသို့ရောက်လာသည်။

“ကျုပ်တောင်းပန်ပါတယ် ”

ခရမ်းရောင်ဝတ်ရုံဖြင့်ကျင့်ကြံသူများက မှင်သက်ကုန်၏။ သူတို့သည် အသံလာရာဖက်ကို အလိုလိုလှည့်ကြည့်လိုက်ကြသည်။

လရောင်အောက်တွင် အစိမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူတစ်ယောက်သည် တောအုပ်ထဲမှ ဖြည်းဖြည်းချင်း ပျံသန်းလာပြီးနောက် သူတို့ပေါ်ရှိလေထဲတွင် ရပ်တန့်လိုက်သည်။ သူ တစ်ကိုယ်တည်းဖြစ်နေသောငြား သူ့ဆီမှ တွေးဆ၍မရသော နက်နဲသောအရှိန်ကို သူတို့အာရုံခံ မိသည်။ သူ၏အနေအထားသည် သူက အကျော်အမော်များနှင့်အချိန်ကုန်ရန်မွေးဖွားလာပြီး ဓားသွားပေါ်၌ ရှင်သန်နိုင်ရန်ယုံကြည်ချက်ရှိကြောင်း သူတို့ပြောနိုင်သည်။

ယွီရှန်းရုန်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "ဖြစ်နိုင်မယ်ဆိုရင် တခြားနေရာမှာ ဂါထာသွားရွတ်လို့ရမလား ”

“ဘာလို့လဲ ” စုန်းအတတ်ကျင့်ကြံသူက ဇဝေဇဝါဖြစ်ကာမေးလိုက်၏။

ယွီရှန်းရုန်က လကိုမော့ကြည့်ပြီးပြောလိုက်သည်။ "အနားယူဖို့အတွက် ဒီလိုတိတ်ဆိတ်ပြီး ငြိမ်းချမ်းတဲ့နေရာကို ရှာနေတာ မဟုတ်ဘူးလား ”

“ကျုပ် တောင်းပန်ပါတယ် မိတ်ဆွေ။ ကျုပ်တို့တွေက အမိန့်အတိုင်းရောက်လာပြီး ဒီနေရာမှာ ဂါထာရွတ်ဆိုရမယ် ” နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

“အရိုးမြှုပ်နှံရာကုန်းမြေက ကျယ်ဝန်းလှပါတယ်။ တခြားနေရာပြောင်းမယ်ဆိုရင်လည်း အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး ” ယွီရှန်းရုန်က နွေးထွေးစွာပြုံးလိုက်၏။ “ကျုပ် အကြံအတိုင်း လုပ်ပေးဖို့ စိတ်ရင်းနဲ့ပြောနေတာပါ ”

နောက်တန်းတွင်ရောက်နေသော ကျင့်ကြံသူတစ်ယောက်သည် မကျေမချမ်းပြောလိုက်၏။

"ငါတို့တွေက ဘာကြောင့်နေရာပြောင်းပေးရမှာလဲ။ တခြားနေရာကို မင်းပဲပြောင်းလိုက်လေ။ မင်း အနားယူဖို့အတွက် တခြားနေရာတွေအများကြီးရှိတယ်။ ဒါက ငါတို့ဂါထာရွတ်ဆိုဖို့အတွက် အကောင်းဆုံးနေရာပဲ ”

“ကျုပ်ကောပဲလေ ” ယွီရှန်းရုန်က ပြုံးပြီးပြောလိုက်သည်။ “မိတ်ဆွေ ကျေးဇူးပြုပြီးထွက်သွားပေးပါ ” ယွီရှန်းရုန်က ခေါင်းအနည်းငယ်ခါလိုက်၏။ သူ၏အမူအရာက တည်ငြိမ်နေကာ သက်ပြင်းချလျက် ပြောလိုက်သည်။ “မင်း သဘောပဲ နေလို့ရတယ် ”

ယွီရှန်းရုန်က ပြောပြီးသည်နှင့် သူ၏သက်တော်ရှည်ဓားက လက်ထဲမှ လည်ထွက်သွားသည်။ ၎င်းက နှစ်ခု၊ လေးခု၊ ရှစ်ခု မရေမတွက်နိုင်သည့် စွမ်းအင်ဓားသွားများက အစီအရင်ထဲတွင်ပေါ်လာ၏။

“ဓားနတ်ဆိုး၏ကံကြမ္မာ”

“မဟုတ်ဘူး။ ကိုယ့်ကိုကိုယ်ကာကွယ်ကြ ”

ကျင့်ကြံသူများစွာသည် သူတို့လက်များကိုမြှောက်လိုက်၏။ စုန်းအတတ်စက်ဝိုင်းထဲမှ ဧရာမ ခရမ်းရောင်အရံအတားက မြင့်တက်လာသည်။

ဓားနတ်ဆိုး၏ကံကြမ္မာက ရွာသွန်းကျလာတော့သည်။

ဘန်း ဘန်း ဘန်း

စွမ်းအင်ဓားများသည် စုန်းအတတ်အရံအတားများကို လွယ်လင့်တကူဖယ်ရှားလိုက်သည်။ ကျန်ရှိသည့်စွမ်းအင်ဓားများသည် များစွာသောကျင့်ကြံသူများ၏ရင်ဘတ်ကို ချက်ချင်းထိုးဖောက်သွား၏။ စုန်းအတတ်ကျင့်ကြံသူ ငါးဆယ်ကျော်ထဲတွင် ဆယ်ယောက်ကျော်က ချက်ချင်းသေသွားလေ၏။

ကျန်ရှိသည့်ကျင့်ကြံသူများသည် ဂါထာရွတ်ဆိုပြီးနောက် သူတို့မျက်နှာထက်တွင် ကြောက်လန့်နေသည့်အမူအရာပေါ်လာတော့သည်။

ယွီရှန်းရုန်က လက်မြှောက်လိုက်၏။ သူ၏သက်တော်ရှည်ဓားသည် သူ၏ဆုပ်ကိုင်မှုထဲတွင်ပြန်ရောက်လာသည်။ သူက တင်းကြပ်စွာဆုပ်ကိုင်ထားလျက် ရှေ့တိုးလာသည်။

“သူ့ကိုတားကြ ”

“သူ့ကိုသတ်”

များစွာသောခရမ်းရောင် ရောင်ခြည်စက်ဝန်းများပေါ်လာပြီး ယွီရှန်းရုန်ဆီတိုးဝင်တော့၏။

ယွီရှန်းရုန်သည် လျှပ်ပြက်သောအရှိန်ဖြင့် လှုပ်ရှားကာ ဓားကိုရှေ့တိုးလိုက်သည်။ မရေမတွက်နိုင်သော စွမ်းအင်ဓားများသည် ဝင်လာပြီး ခရမ်းရောင်အလင်းစက်ဝိုင်းများကို ဖယ်ရှားလိုက်၏။

ဖုန်း ဖုန်း ဖုန်း

များစွာသောကျင့်ကြံသူများလွင့်ထွက်ကုန်၏။

တချိန်တည်းတွင် မည်သူမှသတိမပြုမိသေးခင် စွမ်းအင်ဓားများက လေထဲတွင်ဖွဲ့တည်လာပြီး ရွာသွန်းကျလာကာ သူတို့ရင်ဘတ်များကို ထိုးဖောက်သွား၏။ သူတို့အနောက်သို့လွင့်ထွက်သွားသည်။

ထောက် ထောက် ထောက်

အလောင်းများသည် ကောင်းကင်ထက်မှ ရွံ့ဗွက်အိုင်ထဲသို့ပြုတ်ကျကုန်သည်။

မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူအယောက်ငါးဆယ်ကျော်ထဲတွင် စုန်းအတတ် ကျင့်ကြံသူ ဆယ်ယောက်ကျော်သာ ကျန်တော့၏။

ခေါင်းဆောင်ဖြစ်ဟန်တူသူက မျက်မှောင်ကျုံ့လျက် လက်ဝေ့ယမ်းကာပြောလိုက်သည်။

“နောက်ဆုတ်”

ကျင့်ကြံသူများက လှည့်ထွက်သွားတော့သည်။

ယွီရှန်းရုန်က တည်ငြိမ်စွာပြောလိုက်တော့သည်။ “ကျုပ် တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့တွေ ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး ”

ထိုလူများထွက်ပြေးလွတ်မြောက်သွားပြီး ဤအဖြစ်အပျက်ကို သတင်းဖြန့်ခဲ့လျှင် ဆိုးပေလိမ့်မည်။

ယွီရှန်းရုန်က အမြန်ဆုံးအရှိန်ဖြင့်လှုပ်ရှားလိုက်သည်။ သူ၏ဓားပေါ်ရှိအနီရောင်အလင်းက တောက်ပလာ၏။

ခမ်းနားသောကျင့်စဉ်

နောက်တွင်ကျန်နေခဲ့သော ကျင့်ကြံသူတစ်ယောက်၏ရင်ဘတ်ကို ထိုးဖောက်သွားသည်။ သူက ရပ်တန့်သွားပြီးနောက် လျှပ်ပြက်သောအရှိန်ဖြင့်ဆက်လက်လှုပ်ရှားလိုက်၏။

ကောင်းစွာလေ့ကျင့်ထားသည့် စုန်းအတတ်ကျင့်ကြံသူ ငါးယောက်က လှည့်လာပြီး ခရမ်းရောင်စက်ကွင်းများကို သုံးလိုက်သည်။

မဟာနတ်ဆရာနှင့်တိုက်ခိုက်ဖူးသည့်အတွေ့အကြုံရှိသော ယွီရှန်းရုန်သည် ခရမ်းရောင်စက်ကွင်းများကို သူ့နားကပ်ခွင့်မပြုပေ။ သူသည် သက်တော်ရှည်ဓားကို အားကောင်းကောင်းဖြင့် ချက်ချင်းလွှဲယမ်းလိုက်သည်။

ခြေရာမဲ့ဓား

မရေမတွက်နိုင်သော စွမ်းအင်ဓားများသည် ပတ်ဝန်းကျင်၌ ပေါ်လာကာ ခရမ်းရောင်ဝတ်များကို လှဲကျင်းသွားသည်။

သူတို့မော့ကြည့်လိုက်သည့်အချိန်၌ ယွီရှန်းရုန်သည် သူတို့ရှေ့နားကို ရောက်လာပြီးဖြစ်သည်။ သူ လက်နှစ်ဖက်ဖြန့်ကာ စွမ်းအင်ဓားများက သူတို့နားတွင် ရစ်ဝဲနေ၏။

ဝှစ် ဝှစ် ဝှစ်

စွမ်းအင်ဓားများပေါ်ထွက်လာပြီး ကျင့်ကြံသူများ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

“တာ့ယန်က ဓားသမားတစ်ယောက်လား ” လက်ရှိတွင် အသက်ရှင်ကျန်ရစ်သည့် စုန်းအတတ် ကျင့်ကြံသူတစ်ယောက်သာရှိတော့သည်။

ကျင့်ကြံသူသည် အဝေးသို့ပြေးသွားသည်။ သူ၏ရဲဘော်ရောင်းရင်းများ သေသွားတာကို မြင်သောအခါ သူ ရပ်တန့်လိုက်သည်။ သူလှည့်လာပြီး ယွီရှန်းရုန်ကို ကြည့်လိုက်၏။ ပြေးတာက အကျိုးမထူးမှန်းသူသိနေသည်။

ယွီရှန်းရုန်က ဓားမြှောက်လျက် ခေါင်းခါကာ ပြောလိုက်တော့သည်။ “ကျုပ် လုပ်ဖို့ရည်ရွယ်ထားတာ ဒါမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်မှာရွေးချယ်စရာမရှိဘူး ”

“…” စုန်းအတတ်ကျင့်ကြံသူ၏ခေါင်းဆောင်က ပြောလိုက်သည်။ “တာ့ယန်ရဲ့ကျင့်ကြံသူတွေအားလုံးက ဒီလိုအရှက်မရှိ ကောက်ကျစ်သလား ”

“ကြိုက်သလိုပြောလို့ရတယ် ” ယွီရှန်းရုန်သည်စကားများကို စိတ်မဝင်စားပေ။

ခေါင်းဆောင်စုန်းအတတ်ကျင့်ကြံသူက ရူးသွပ်စွာရယ်မောလျက်ပြောလိုက်သည်။ "တာ့ယန်က တစ်ယောက်တည်း တိုက်ခိုက်တဲ့အခါမှ သန်မာတာ ဝန်ခံတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မင်းသတ်လိုက်တာ အဆင့်နိမ့် စုန်းအတတ်ကျင့်ကြံသူလေးတွေပဲ။ မင်း ငါ့ကို သတ်မယ်ဆိုရင်တော့ တော်ဝင်မြို့က အဆုံးထိအောက်ခြေကိုလိုက်မှာ ကမ္ဘာအဆုံးထိပြေးမယ်ဆိုရင်တောင် သူတို့ မင်းနောက်လိုက်ဦးမှာပဲ ”

“ဒါက ခြိမ်းခြောက်တာလား ” ယွီရှန်းရုန်က ရယ်ချင်သွား၏။

All Chapters