← Chapters

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း (၆၁၆) ဓားနတ်ဆိုး၏ ကာကွယ်မှု

စုန်းအတတ် ကျင့်ကြံသူက စိတ်ငြိမ်သွားသည်။ သူက တာ့ယန်၏ ဓားသမားသည် အကျိုးအကြောင်းသင့်ကြောင်း အမြင်မျိုး ရှိသွား၏။ သူက သူ့အပြုအမူ၏ အကျိုးဆက်နှင့် အကျိုးမြတ်အကြောင်းကို သေချာရှင်းပြနိုင်လျှင် အသက်ရှင်နိုင်ခွင့်ရလာနိုင်သည်။ သူ့အနေနှင့် ခယဝပ်တွားနေဖို့ မလိုပေ။

“ဒါက ခြိမ်းခြောက်အကျပ်ကိုင်တွယ်လို့ တွေးလိုက် ” သူက ယွီရှန်းရုန်အား ကြည့်ကာ လက်မြှောက်လိုက်သည်။ ယွီရှန်းရုန်အား လက်ဝါးပေါ်မှ အမှတ်အသားကို ပြလိုက်ပြီးနောက် “ငါက လိုလန်တော်ဝင်မြို့ရဲ့ ဘိုနာမိသားစုက ရှီအန်းပဲ။ မင်း ငါ့ကို လက်ပါရင် ငါ့မိသားစုက အသေးစိတ်နောက်ကြောင်းလိုက်ကြလိမ့်မယ်။ မင်းဘာသာ ဘာလို့ ပြဿနာကြား အရောက်ခံနေရဦးမှာလဲ ”

ယွီရှန်းရုန်က ခေါင်းအသာညိတ်ကာ “ဟုတ်တယ်။ ငါက ပြဿနာတွေ မကြိုက်ဘူး”

“ပြီးတော့ လိုလန်က တာ့ယန်နဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းခဲ့တာပဲ။ ရွှေကြာဖြတ်တောက်ရေး ခေတ်ကာလမှာ စိတ်မကောင်းဖွယ် ဖြစ်ရပ်တချို့ ရှိလာခဲ့တယ်ဆိုပေမဲ့ ငါတို့တိုင်းပြည်ကြားက ဆက်ဆံရေးအပေါ် သက်ရောက်မှု မရှိပါဘူး။ ငရဲဂိုဏ်းက တာ့ယန်ထဲ သောင်းကျန်းပြီး အံ့ဖွယ်မြို့တော် ကျဆုံးသွားပြီလို့ ပြောကြတယ်။ အဲဒီအတွက် စိတ်မကောင်းပါဘူး … ” နတ်ဆရာ ရှီအန်းက ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့က သေသွားကြပြီ ” ယွီရှန်းရုန်က မြေပေါ်မှ အလောင်းများကို တစ်ချက်ကြည့်လိုက်သည်။

ရှီအန်းက ခေါင်းခါကာ “ငါ အထက်ပိုင်းကို သေချာပြောပြလိုက်မယ်။ အားလုံးက မင်း ဘယ်လိုပြုမူမလဲဆိုတာပေါ် မူတည်နေတာပဲ ”

ယွီရှန်းရုန်က ထပ်မံ ခေါင်းညိတ်လိုက်သည်။ သူက ရှေ့တစ်လှမ်းတိုးလာလိုက်၏။ လရောင်က သူ့မျက်နှာဘေးဘက်ကို ဖြာကျနေကာ သူ့အေးစက်စက် အမူအရာကို မီးမောင်းထိုးပြထားသည် “ငါ့ရပ်တည်ချက်က အစကတည်းက တစ်ခါမှ မပြောင်းလဲဖူးဘူး … ”

“အရမ်းကောင်းတယ်။ အခြေအနေနဲ့ အချိန်အခါပေါ် သဟဇာတ ဖြစ်တဲ့လူတွေကို သဘောကျတယ်။ ငါတို့တွေ ထပ်တွေ့ကြတာပေါ့” ရှီအန်းက လှည့်လိုက်သည်။ သူ လှည့်လိုက်သည်နှင့် သူ့မျက်နှာအထက် မှောင်မှိုင်းကာ ရက်စက်သည့် အမူအရာမျိုး ထွက်ပေါ်လာသည်။

ဝှစ် ဝှစ် ဝှစ်

ရှီအန်းက ရုတ်ခြည်းဆိုသလို သူ့အနောက်ဘက်မှ စွမ်းအင်ဓားများ အသံကို ကြားလိုက်ရသည်။

ဟမ် …

သူက မျက်လုံးပြူးသွားပြီး ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည် “ မင်း ခိုးကြောင်ခိုးဝှက် တိုက်တယ်လား ”

လေထုထဲ စွမ်းအင်ဓားများစွာက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။ သူတို့က နဂါးတစ်ကောင်အဖြစ် ပြောင်းသွားပြီး ရှီအန်းဆီ ပြေးဝင်သွားသည်။

ရှီအန်းက အော်လိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် သူ့ဝန်းကျင်တွင် အကာအရံအလွှာတစ်ခု ဖန်တီးလိုက်သည်။ ခရမ်းရောင်စက်ဝန်းက ခါးလှည့်ကွင်းလို ဖြစ်နေသည်။

ယွီရှန်းရုန် ရှီအန်းအား မကြည့်ပေ။ သူ့စွမ်းအင်ဓားက လျှပ်စီးလို အရှိန်ဖြင့် လှုပ်ရှားသွားစဉ် သူက မထူးမခြားနား တစ်ဖက် လှည့်လိုက်၏။

ဘန်း

စွမ်းအင်ဓားက ရှီအန်း၏ ရင်ဘတ်ထဲ ထိုးစိုက်သွားသည်။

အသက်ရှည်ဓားက လေထဲတွင် တစ်ပတ်ပတ်ပြီးနောက် ယွီရှန်းရုန်၏ ဓားအိမ်ထဲ ပြန်ရောက်လာသည်။

ရှီအန်းက တောအုပ်အတွင်း လဲကျသွားသည်။

ယွီရှန်းရုန်၏ လှုပ်ရှားမှုများက ရေလိုမျိုး ချောမွေ့နေသည်။ သူက အမြဲလိုလို တည်ငြိမ်နေ၏။

တစ်ဖက်တွင် ရှီအန်းက မျက်လုံးအပြူးသား ဖြစ်နေသည်။ သူက တိတ်ဆိတ်နေသည့် တောအုပ်၊ ကြယ်တာရာစုံလင်နေသည့် ကောင်းကင်နှင့် နွံ့တောအား ကြည့်လိုက်သည်။ ထို့နောက် သူ့အဖော်များ၏ အလောင်းများကို ကြည့်လိုက်သည်။ သူက အသက်ဓာတ် ဖြည်းဖြည်းချင်း လွင့်ပြယ်နေသည်ကို ခံစားမိလေသည်။ သူက မြေပေါ် လဲကျနေသောကြောင့် နာကျင်မှုပင် မသိတော့ပေ။

ယွီရှန်းရုန်က သစ်ကိုင်းပေါ် ပြန်သွားလိုက်ပြီး နောက်အပြုအမူကို စဉ်းစားနေသည်။

ထိုစုန်းအတတ် ကျင့်ကြံသူများက အရိုးမြှပ်နှံရာ ကုန်းမြေသို့ ရောက်လာသည့်အတွက် တာဝန်ရှိသည်မှာ သိသာလှသည်။ ယခု သူတို့အားလုံးကို သတ်လိုက်ပြီဖြစ်၍ မည်သူမှ ပြန်အကြောင်းကြားနိုင်တော့မည် မဟုတ်ပေ။ ဤသည်က အာရုံစိုက်စရာ ဖြစ်လာလိမ့်မည်။ လို့လန်က ရှာဖွေရေးအဖွဲ့ကို စေလွှတ်လောက်သည်။ ဤနေရာကို ရှာဖို့ မခက်လှပေ။

ဒီလိုဆိုရင် နောက်ထပ် ဘာဆက်လုပ်ရမှာလဲ …

ယွီရှန်းရုန်က ပြဿနာများကို အမုန်းတီးဆုံး ဖြစ်၏။ သူက မျက်လုံးဖွင့်ကာ ရေအိုင်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ ပြောလိုက်သည်။ “ အရင်ကသာ ဒီလိုဖြစ်ခဲ့ရင် ကျွန်တော် ဒီပြဿနာကြား ဝင်ပါမှာ မဟုတ်ဘူး”

သူက ထိုသို့ပြောလိုက်ပြီးနောက် မျက်လုံးပြန်မှိတ်ပြီး အိပ်စက်လိုက်သည်။

…………..…

လုကျိုးက စနစ်မှ အသိပေးချက်ကို ကြားလိုက်ရသည့်အခါ လျန့်စီရင်စုတွင် တိုက်ပွဲ ဖြစ်နေပြီဟု ထင်လိုက်မိသည်။ သို့သော်လည်း သေချာစဉ်းစားကြည့်ပြီးသည့်နောက်တွင် ရို့လီကသာ တိုက်ခိုက်လာပါက အသိပေးချက်များစွာ ထွက်လာမည် ဖြစ်ကြောင်း တွေးလိုက်မိသည်။ အမှတ်က သိပ်မများသော်လည်း အနည်းငယ်ဟု မယူဆသင့်ပေ။

လုကျိုးက လျန့်စီရင်စုဆီ စာပို့ မေးဖို့ ပြောလိုက်သည်။

သိပ်မကြာခင် စီးဝူယာ့က လျန့်စီရင်စုတွင် အားလုံးအဆင်ပြေကြောင်းနှင့် ငြိမ်းအေးနေကြောင်း အကြောင်းပြန်လာခဲ့၏။ သူက ပြဿနာမရှိကြောင်း အာမခံထားခဲ့သည်။

“ ကြည့်ရတာ ယွီရှန်းရုန် သတ်လိုက်တာ တူတယ်” လုကျိုးက ရေရွတ်လိုက်ပြီးနောက် လောင်ပါ့အား စီးဝူယာ့နှင့် ဆက်သွယ်ခိုင်းကာ လိုလန်မှ သတင်းအရင်းအမြစ်ကို ယွီရှန်းရုန်ဘက်မှ ကူညီပေးခိုင်းခဲ့သည်။

သူ သိပ်မကြာခင် လို့လန်ဆီ သွားရတော့မှာပဲ …

လျိုကော’၏ ပြောစကားရ ကျိထျန်းတောက်၏ မှတ်ဉာဏ်သလင်းကျောက်သည် လို့လန် တော်ဝင်များဆီ ရှိဖို့ရာ များသည်။

…………….

နေ့လယ်ဘက်တွင် တွမ့်မူရှန်းက တာ့ကျန်းနန်းဆောင်ဆီ ရောက်ရှိလာသည်။ “ ရှစ်စွင်း အမိန့်ရှိပါ ”

လုကျိုးက တွမ့်မူရှန်းအား ကြည့်ကာ နားမလည်ဖြစ်သွားလေသည်။ “လောင်ပါ့က ဘယ်မှာလဲ”

တွမ့်မူရှန်းက ပြန်ဖြေလိုက်၏။ “ လောင်ပါ့က အခုတလော ကြိုးစားနေတာ။ သူက အခန်းထဲအောင်းပြီး အသက်ရှုနည်းစနစ်ကို ကျင့်ကြံနေပါတယ်။ ကျွန်တော် သူ့ကိုယ်စား လုပ်ပေးပါ့မယ် ”

လုကျိုးက ခေါင်းညိတ်ကာ “ကောင်းပြီလေ။ ဒီစာကို စီးဝူယာ့ဆီ ပို့ပြီး ယွီရှန်းရုန်ကို ကူညီဖို့ နည်းလမ်း စဉ်းစားခိုင်းလိုက်”

“ဟုတ် ရှစ်စွင်း” တွမ့်မူရှန်းက လှည့်ထွက်သွားသည်။

……….

ထိုစဉ် ကျင်းဟယ်နန်းဆောင်အတွင်းရှိ အခန်းတစ်ခု၌

“အား ဖြည်းဖြည်းလုပ်ပါ” ကျူးဟုန်ကုန်းက ကုတင်ပေါ် လဲလျောင်းရင်း အော်နေသည်။

“ငါ့သား မိစ္ဆာအိုကြီးကျိက ထပ်ရိုက်လိုက်ပြီလား။ တွေ့လား … မင်း ငါနဲ့အတူတူ လိုက်လာသင့်တာကို။ ဒီမှာ ဘာလို့ဆက်နေနေတာလဲ။ မင်း ဝေဒနာခံစားရရုံပဲ ရှိတယ်” ကျူးထျန်းယွမ်က နန်းဆောင်ထဲ ရောက်လာကတည်းက ကျူးဟုန်ကုန်းနောက်မှ တကောက်ကောက်လိုက်နေလေ့ရှိသည်။

“ရှစ်စွင်းကို မစော်ကားနဲ့ …. ဒါက စန်းရှစ်ရှိုး လုပ်လိုက်တာ”

“ဒီလိုဆိုရင် သူ့ကို တာဝန်ယူခိုင်းရမှာပေါ့။ မင်းရှစ်စွင်းက ရိုက်တယ်ဆိုရင် ငါ ဘာမှမပြောဘူး။ မင်း ရှစ်ရှိုးက လူတွေကို စိတ်တိုင်းကျ ဘယ်လိုလုပ်ရိုက်နိုင်ရတာလဲ ”

ထိုစဉ် တံခါးပွင့်လာကာ တွမ့်မူရှန်းက အခန်းထဲ ဝင်လာသည်။ သူက ဘယ်ဘက်လက်တွင် နယ်ရှင်လှံ ကိုင်ထားပြီး ညာဘက်တွင် ဒဏ်ကျေဆေး ပုလင်း ရှိနေသည်။

သူက ပြောလိုက်၏။ “လောင်ပါ့ မင်းအတွက် ”

ကျူးထျန်းယွမ်က တွမ့်မူရှန်း၏ ကြွက်သားပြိုင်းပြိုင်းထနေသည့် ခန္ဓာကိုယ်အား လှည့်ကြည့်လိုက်သည်။ တွမ့်မူရှန်း၏ လှုပ်ရှားမှုတိုင်းက ကြောက်မက်ဖွယ် ခွန်အားတို့ ထုတ်ဖော်ပြသနေသည်။

သူက မေးလိုက်သည်။ “မင်းက ”

“တွမ့်မူရှန်း … ကျူးဟုန်ကုန်းရဲ့ စန်းရှစ်ရှိုး ” တွမ့်မူရှန်းက ပြန်ဖြေလိုက်၏။

ကျူးထျန်းယွမ်က အံ့အားသင့်သွားသည်။ သူက အလျင်စလို ပြောလိုက်၏။ “အော် မင်းကိုး … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တတိယတပည့်လေး။ ငါ့သားက တစ်ခါတစ်လေ ခေါင်းမာတတ်ပေမဲ့ အစ်ကိုကြီးအနေနဲ့ စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်ကွာ။ တကယ်လို့ သူ တစ်ခုခု အမှားလုပ်မိရင်လည်း ရိုက်သာရိုက်လိုက် … ငါ့မျက်နှာကို ထောက်နေစရာ မလိုဘူး”

ကျူးဟုန်ကုန်း “ … ”

တွမ့်မူရှန်းက ကျူးဟုန်ကုန်းအကြောင်း ပြောထားသည်ကို ကြားထားပြီးလေပြီ။ ထို့ကြောင့် သူက လက်နှစ်ဖက်ယှက်ကာ “ဦးလေး ဒါက ဘာမှမဟုတ်ပါဘူး။ ရှစ်တိကို ဘာမှစိတ်ထဲ မထားပါဘူး ”

“မင်းလိုမျိုး သဘောထားကြီတဲ့ အစ်ကိုကြီးမျိုး ရှိတာ ကျူးဟုန်ကုန်းရဲ့ ရှစ်ဘဝ ဆုလာဘ်ပဲ ဖြစ်ရမယ် ”

“ ဒါက တစ်ရက်သုံးကြိမ် လူးပေးရမှာပါ။ သူ သုံးရက်အတွင်း ပြန်ကောင်းသွားပါလိမ့်မယ်။ ကျွန်တော် သွားစရာလေးရှိသေးလို့ ခွင့်ပြုပါဦး”

“ကောင်းကောင်းသွားပါ”

ကျူးဟုန်ကုန်း “ … ”

…………….

ခုနှစ်ရက်ကြာမြင့်ပြီးနောက်

မနက်ခင်းတွင်

နွံတောကို ဖြတ်၍ ယွီရှန်းရုန်က တောအုပ်ထဲမှ ပျံသန်းလာသည်။ သူက ပူပေါင်းအပြောင်းအလဲကို စစ်ဆေးကြည့်လိုက်ပြီး အပေါ်ယံမျက်နှာပြင်အောက်ကို အာရုံခံကြည့်လိုက်သည်။ ယခင်ခုနှစ်ရက်နှင့် နှိုင်းယှဉ်ကြည့်ပါက ယခုအခါ အသက်ဓာတ်ကို ရှင်းရှင်းလင်းလင်း ခံစားမိလာပြီဖြစ်၏။ ဆိုလိုသည်မှာ ယွီကျန့်ဟိုင်က အသက်ပြန်ရှင်လာဖို့ ခြေတစ်လှမ်း နီးကပ်လာလေပြီ။

ယွီရှန်းရုန်က လေ့လာစစ်ဆေးလိုက်ပြီးသည့်နောက် အသက်ရှည်ဓားကို ဆွဲကာ ဓားရေး ကစားလိုက်သည်။

သူက ကျီလျန့်သည် အနီးအနားရှိ တောင်ပေါ် အစာရှာထွက်နေကြောင်း မြင်လိုက်ရ၍ ပြုံးလိုက်မိသည်။

ခဏအကြာတွင် ခရမ်းဝတ် ကျင့်ကြံသူများက ကျီလျန့်ဆီ ပျံသန်းလာသည်ကို မြင်လိုက်ရ၏။

ကျီလျန့်က အလန့်တကြားဖြစ်လာသည်။ လူများ ချည်းကပ်လာသည်ကို ခံစားမိသည့်အခါ ချက်ချင်း ပြန်လှည့်လာပြီး ယွီရှန်းရုန်အနောက်ရှိ တောအုပ်မှ သစ်ပင်များကြား ပုန်းအောင်းနေလိုက်သည်။

ခရမ်းဝတ် ကျင့်ကြံသူသုံးယောက်က ပျံသန်းလာကြသည်။ သူတို့က ယွီရှန်းရုန်သည် လေထဲ ပျံနေသည်ကို မြင်သည့်အခါ ဦးညွှတ်ပြီး နှုတ်ဆက်လိုက်၏။

“ ဒီမှာလူတစ်ယောက် ရှိတယ်။ မိတ်ဆွေ ကျုပ်တို့လူတွေကို တွေ့မိသေးလား။ သူတို့က ကျုပ်တို့လို အဝတ်မျိုး ဝတ်ထားပါတယ်” ရှေ့ဆုံးမှ ခရမ်းဝတ် ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။

ယွီရှန်းရုန်က ရိုးသားလှသည်။ သူက နွံတောအနီးမှ အလောင်းများကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ “သူတို့ကို ပြောတာလား”

ခရမ်းဝတ် ကျင့်ကြံသူသုံးယောက်က ကြည့်လိုက်သည့်အခါ အလောင်းများကို မြင်လိုက်ရသည်။ သူတို့က တုန်လှုပ်သွားကာ ဆင်းသက်လာကြ၏။ သူတို့က စုန်းအတတ် ထုတ်သုံးရင်း အလောင်းများကို စုစည်းဖို့ ပြင်လိုက်ကြသည်။ သူတို့က အလောင်းများကို ရေတွက်ရင်း မျက်နှာအထက် ယုံရခက်သည့် အမူအရာမျိုး ရှိနေကြ၏။

ထိုအဖွဲ့ရှိ ခေါင်းဆောင်က မေးလာသည်။ “ မိတ်ဆွေ လူသတ်သမားကို မြင်လိုက်သေးလား”

ယွီရှန်းရုန်က ပြုံးကာ “သူတို့က ခင်ဗျားတို့ရဲ့ အဖော်တွေကိုး … သေဆုံးမှုအတွက် စိတ်မကောင်းပါဘူး။ လူသတ်သမားက တော်ဝင်မြို့တော်ကို ထွက်သွားပြီ ”

“မိတ်ဆွေ ကျေးဇူးပါ” ခရမ်းဝတ် ကျင့်ကြံသူက လက်မြောက်လိုက်သည်။ ခရမ်းရောင် စုန်း ပိုက်ကွန်တစ်ခု ပေါ်လာပြီး အလောင်းများကို သယ်ကာ “ မြန်မြန် အကြောင်းပြန်ကြားကြစို့ ”

“နားလည်ပါပြီ“

သုံးယောက်သား အရိုးမြှပ်နှံရာ ကုန်းမြေမှ အလောင်းများဖြင့် ထွက်သွားကြသည်။

ယွီရှန်းရုန်က နွံ့တောထဲ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းခါကာ “ တာ့ရှစ်ရှိုးကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး … ” သူက ဆက်ပြောလိုက်သည် “ဒါပေမဲ့ ဘဝမှာ တုံးတုံးအအ အရာတွေ လုပ်ဖူးရမယ်လေ ”

ထိုသို့ပြောလိုက်ပြီးနောက် သူက တောအုပ်ဆီ ပျံသန်းသွားလိုက်သည်။

………..…

ညအချိန် ကျရောက်လာသည်။

နွံ့တောရှိ ပူပေါင်းများက ကြီးသထက် ကြီးမားလာသည်။ အသံများကလည်း ပိုမို ကျယ်လောင်လာ၏။

ညနက်သန်းခေါင်း ရောက်လာသည့်အခါ ပိုမို ဆူညံလာခဲ့သည်။

ယွီရှန်းရုန်က တောအုပ်မှ ပျံသန်းထွက်လာပြီး နွံ့တောကို လေ့လာလိုက်သည်။ သူက ပြောလိုက်၏ “ တာ့ရှစ်ရှိုးက သေသွားတာတောင် ဒေါသကကြီးနေတုန်းပဲ”

သူက တောအုပ်ထဲ ပြန်ဝင်သွားလိုက်သည်။

………….…

ကံကောင်းစွာဖြင့်‌ နောက်ငါးရက်တာအတွင်း မည်သူကမှ နွံ့တောဆီ ရောက်မလာကြပေ။ အားလုံးက ချောမွေ့နေ၏။

...

“နောက်ထပ် ၂၂ ရက် ကျန်သေးတယ်” ယွီရှန်းရုန်က သစ်ခေါက်ပေါ် သူ့အသက်ရှည်ဓားဖြင့် ရက်များကို မှတ်ထားလိုက်သည်။

ဤတစ်ကြိမ် နွံ့တောမှ အသံများက ပိုမို ကျယ်လောင်လာခဲ့သည်။

ယွီရှန်းရုန်က ကောင်းကင်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် နွံ့တောအား ပြန်ကြည့်လိုက်၏။ ကြည်လင်နေသည့် ရေကန်က ပူပေါင်းထနေဆဲ ဖြစ်၏။ လှုပ်ရှားမှုများစွာ ရှိနေလေရာ တစ်ယောက်ယောက်သာ ရောက်လာလျှင် ပြဿနာတက်သွားနိုင်သည်။

…………

ယွီရှန်းရုန်က ရေအိုင်ထဲက ပူပေါင်းသံများ ရပ်တန့်သွားသည့်အထိ နောက်ဆယ်ရက်တာကို အေးအေးဆေးဆေး အချိန်ကုန်ဆုံးခဲ့သည်။

အခန်း (၆၁၇) နောက်ဆုံးအသက်ပြန်ရှင်လာခြင်း

ယွီရှန်းရုန်၌ အာရုံစူးစိုက်မှုတို့ မရှိတော့ပေ။ ခဏအကြာတွင် သူသည် ရေအိုင်အထက်တွင် ပေါ်လာ၏။ သူ၏ခြေထောက်က ရေပေါ်၌ မြဲမြံစွာရှိနေ၏။ ထိုသို့တိုင် သူ ရေမစိုပေ။ သူက တိတ်တဆိတ် နားထောင်နေလေ၏။ သူ၏ပတ်ဝန်းကျင်က အင်မတန်ဆိတ်ငြိမ်နေသည်။ နေရာတစ်ခုက အင်မတန်တိတ်ဆိတ်နေလေ နားထဲအသံကို ပိုကြားရလေ ဖြစ်သည်။ ဤအရာကို သူ အတွေ့အကြုံရှိ၏။ တဝီဝီ မြည်နေသည့် အသံဖျော့ဖျော့ကို ကြားရသည်။ လေတိုက်သံလား ... မဟုတ်ဘူး။

ယွီရှန်းရုန်က ပျံသန်းလိုက်၏။ သူ့ဆီသို့ လို့လန်မြို့မှ ကျင့်ကြံသူများစွာ ပျံသန်းလာနေတာကို တွေ့ရသည်။ ခရမ်းရောင်ဝတ်ရုံနှင့် ချပ်ဝတ်ကျင့်ကြံသူများစွာ ဖြစ်သည်။

“နောက်ထပ်ဆက်တိုက်” ယွီရှန်းရုန်က ယခုအချိန်တွင် ခေါင်းကိုက်လာတော့သည်။ သူ၏စွမ်းရည်ဖြင့် သူသည် ထိုလူများကို ဖယ်ရှားနိုင်သည်။ သို့သော် သူသည် လူသားတစ်ယောက် ဖြစ်နေသေး၏။ လို့လန်က သူ့ဆီ တပ်ဖွဲ့စေလွှတ်ခဲ့လျှင် သူသည် အင်အားကုန်ခန်းမှုကြောင့် တဖြည်းဖြည်းချင်း ပြိုလဲသွားလိမ့်မည်။ ထိုအကြောင်းကို ခဏတာစဉ်းစားပြီးနောက် ကျီလျန့်ကို ကြည့်ကာ ခေါ်လိုက်သည်။

ကျီလျန့်

ဟီး ... ကျီလျန့်က သူ့ဆီ စိတ်လှုပ်ရှားစွာ ပျံသန်းလာ၏။

ယွီရှန်းရုန်က ကျီလျန့်ကို ပုတ်ပြီး ပြောလိုက်၏။ “သူတို့ကို အဝေးခေါ်သွားလိုက်။ ကောင်းကင်ကျုံးရဲ့ တောင်ဘက်ဆီ ပျံသွား ... ကောင်းကင်ကျုံးရဲ့တောင်ဘက်အမြင့်ဆုံးနေရာထိကို သူတို့ ရောက်နိုင်မယ် မထင်ဘူး။ အဲဒီအခါကျရင် သူတို့ကို ခွာချခဲ့”

ဟီး ....

“မင်း အရမ်းမြန်မြန် ပျံလို့မရဘူး။ မဟုတ်ရင် သူတို့ မင်းကို လိုက်နိုင်မှာမဟုတ်ဘူး”

ယွီရှန်းရုန်က သူ၏ဝတ်ရုံကို ဖယ်လိုက်သည်။ သူသည် တောအုပ်ထဲသို့ ပျံသန်းသွားပြီးနောက် အကိုင်းအခက်တချို့ကို ချိုးဖဲ့လိုက်၏။ သူသည် ၎င်းတို့ကို မြင်းကျောပေါ်တွင် ထားလျက် ဝတ်ရုံခြုံလိုက်သည်။

ကျီလျန့်က တစ်ဖက်လှည့်သွားတော့သည်။

“သွားတော့”

ဟီး...

ကျီလျန့်၏ လက်ရှိဟီသံသည် ယခင်ကထက် ပိုကျယ်၏။ ၎င်းသည် တာ့ယန်၏တောအုပ်မှ ပျံ့လွင့်သွားတော့သည်။

ကျီလျန့်က တမင်တကာရုတ်ရုတ်သဲသဲဖြစ်စေခဲ့လေရာ ခရမ်းရောင်ဝတ်ကျင့်ကြံသူများနှင့် လို့လန်မြို့မှ စစ်သည်များက ၎င်းကို ချက်ချင်းတွေ့သွားကြ၏။ သူတို့အရပ်မျက်နှာပြောင်းလဲကာ ထိုနေရာကို ချက်ချင်းလိုက်ကြတော့သည်။ စစ်သားများက ခြေလျင်ဖြင့်သွားပြီး သူတို့နောက်ရှိ ကျင့်ကြံသူများက ပျံသန်းပြီးလိုက်ပါလာ၏။

တောအုပ်ထဲမှ မော့ကြည့်လိုက်ချိန်တွင် ဆိုးသွမ်းသော ကလေးတစ်ယောက်က ဒေါသထွက်နေသော နကျယ်ကောင်အုပ်ကို နှောင့်ယှက်နေတာနှင့် တူသည်။

ယွီရှန်းရုန်သည် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် သူက သစ်ပင်ပင်စည်ကို မှီကာပြောလိုက်သည်။ “မြန်မြန်မပျံနဲ့”

ကျီလျန့်သည် ယွီရှန်းရုန်လုပ်နေသည့်အရာကို သဘောပေါက်လေ၏။ ပျံသန်းနေစဉ် ခဏ ရပ်တန့်လိုက်သည်။

ခရမ်းရောင်ဝတ်ရုံနှင့်လူများသည် ကျီလျန့်သည် မောပန်းနွမ်းနယ်နေသောကြောင့် သာမန်စီးတော်သားရဲ ဖြစ်ရမည်ဟု ထင်သွားလေသည်။ သူတို့က ၎င်းနောက်သို့ ရူးသွပ်စွာ လိုက်ကြလေ၏။

နောက်ဆုံးတွင် တိမ်တိုက်များနောက် သူတို့ပျောက်ကွယ်သွားချိန်၌ ယွီရှန်းရုန်က မျက်လုံးမှိတ်လျက် သူ၏အသက်ရှူနှုန်းကို ထိန်းညှိကာအနားယူလိုက်သည်။ အစစ်အမှန်စိန်ခေါ်မှုက နောက်ထပ် ရောက်လာမည်မှန်း သူ သိနေ၏။

ကျီလျန့်သည် ကောင်းကင်ကျုံးသို့ရောက်ရန် ဆယ်ရက်ကျော်လိုအပ်သည်။ တောင်ကို အသွားအပြန်လုပ်ရန် သူ့ဆီပြန်ရောက်ဖို့က အရက်နှစ်ဆယ်လိုအပ်၏။ သို့သော်ငြား တာ့ရှစ်ရှိုးအသက်ပြန်ဝင်လာဖို့က အချိန် ဆယ့်နှစ်ရက်သာ ယူရမည့်ပုံပေါ်သည်။ ဆိုလိုသည်က သူသည် တာ့ရှစ်ရှိုးကို သူ့ဖာသာသူတာ့ယန်သို့ခေါ်လာရလိမ့်မည်။

“ငါ့ဖာသာပျံသန်းရမှာလား” ယွီရှန်းရုန်သည် ထိုအကြောင်းတွေးမိသောအခါ အနည်းငယ် ကူကယ်ရာမဲ့သွားသည်။ ကြီးမြတ်လှသော ဓားနတ်ဆိုးက ကူကယ်ရာမဲ့သည့်အခိုက်အတန့်ကို တွေ့ကြုံနေရသည်။

ကျီလျန့်ကို သုံးပြီး အာရုံလွှဲသည့် ယွီရှန်းရုန်၏နည်းဗျူဟာက အောင်မြင်သွားသည်။ သို့သော် တတိယမြောက်နေ့တွင် နွံတောသို့ ကျင့်ကြံသူများ ပိုမိုရောက်ရှိလာ၏။

ယွီရှန်းရုန်က ထွက်မပြပေ။ သူသည် တောအုပ်ထဲကနေသာ လေ့လာ၏။

ခရမ်းရောင်ဝတ်ရုံကျင့်ကြံသူများက နွံတော၏ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် အရိုးမြှုပ်နှံရာ ကုန်းမြေထက်သို့ ပျံသန်းသွားသည်။ ပြီးနောက် သူတို့သည် အရပ်မျက်နှာပြောင်းကာ ထွက်သွားတော့၏။ သူတို့လူများ၏သေဆုံးခြင်းကို စုံစမ်းစစ်ဆေးရန် ဤနေရာသို့ ရောက်လာတာဖြစ်မည်။

နောက်ထပ်သုံးရက်တာက ကုန်လွန်သွား၏။

ထိုစဉ် လို့လန်၏ အခြေစိုက်စခန်းတွင် ကာရိုးကလည်း ဤအရေးကိစ္စကို အာရုံစိုက်နေ၏။

“စစ်သူကြီး လို့လန်ကနေ အကြောင်းပြန်တာ ရပါပြီ။ ဓားနတ်ဆိုးကို မတွေ့ရသေးပေမဲ့ တာ့ယန်ဆီ ပြန်တဲ့လမ်းကြောင်းမှာ ထောင်ချောက်တွေအများကြီး ချထားပါတယ်။ သူ ပြန်လာနိုင်မှာ မဟုတ်ဘူး” လက်အောက်ငယ်သားတစ်ယောက်က အရိုအသေပေးလျက်ပြောလိုက်သည်။

ကာရိုးက မျက်လုံးဖွင့်လိုက်၏။ သူကခေါင်းညိတ်ကာပြောလိုက်တော့သည်။

“သိပ်ကောင်းတယ်။ ဘာစီရာဖက်က အခြေအနေကော”

“အရှင်ဘာစီရာက စိတ်အခြေအနေ မကောင်းဘူး။ အရှင့်အမြင်ကို လက်ခံဖို့ခက်ခဲနေတယ်”

“အရူး သူလိုလူက မဟာနတ်ဆရာအဆင့်ရောက်အောင် ဘယ်လိုများကျင့်ကြံနိုင်ခဲ့လဲ”

ကာရိုးက ပြုံးလိုက်၏။ "တာ့ယန်မှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပဲ ရှိတယ်။ မဟာမိတ်တိုင်းပြည်ဆယ့်နှစ်ခုက အတူတကွ ပူးပေါင်းဆောင်ရွက်ရမယ်။ သူ့ကိုယ်သူ လို့လန်ရဲ့ ဘုရင်လို့များ ထင်နေလား”

“ကျွန်တော် မသိပါဘူး”

“အခုတော့ ဒီလောက်ပဲ။ သူရောက်လာရင် ငါ အလုပ်များနေတာကြောင့် သူ့ကို တွေ့မှာ မဟုတ်ဘူးလို့ပြောလိုက်”

“နားလည်ပါပြီ” လက်အောက်ငယ်သားက ထွက်သွား၏။ အခြေစိုက်စခန်းမှ ထွက်သွားပြီးနောက် သူသည် နောက်ထပ်အခြေစိုက်စခန်းသို့ သွားသည်။

အစောင့်များကို ဖြတ်ကျော်ပြီးနောက် သူသည် ပင်မတဲအပြင်ဖက်သို့ရောက်လာသည်။

“အရှင် အရှင့်စကားကို စစ်သူကြီးဆီအကြောင်းကြားပြီးပါပြီ”

တဲထဲမှ အသံထွက်ပေါ်လာသည်။ “စစ်သူကြီးက ငါ့ကို အငြိုးအတေးထားလိမ့်ဦးမယ်လို့မထင်ခဲ့ဘူး။ သူက သဘောထားမကြီးဘူးပဲ။ ငါ့အကြံပြုချက်ကို သဘောတူရဲ့လား”

လက်အောက်ငယ်သားက အကြောင်းပြန်၏။ “စစ်သူကြီးက ပြောပါတယ်။ သူက ဒီလိုအကြောင်းပြန်ချက်ကို လက်ခံဖို့ခက်ခဲပြီး လို့လန်က ဘာကြောင့်ဒီလောက်အားနည်းရလဲဆိုတာ သုံးသပ်သင့်တယ်လို့ ပြောပါတယ်”

“ဘာ”

“ဒေါသထိန်းပါအရှင်။ ဒါက စစ်သူကြီးရဲ့စကားတွေပါပဲ။ စစ်သူကြီးက အလုပ်များနေတာကြောင့် အရှင့်ကို တွေ့မှာမဟုတ်ဘူးလို့ပြောတယ်”

တဲထဲမှ အသံကတိတ်သွားတော့သည်။ မဟာနတ်ဆရာဘာစီရာသည် ဒေါသကို မျိုသိပ်လျက် နောက်ဆုံးတွင် ပြောလိုက်သည်။ “ထွက်သွား”

လက်အောက်ငယ်သားသည် မနေရဲတော့ချေ။ သူသည် အခြေစိုက်စခန်းအပြင်ဘက်သို့ တစ်ဟုန်ထိုး ထွက်သွားပြီး တောအုပ်ထဲရှိ ဝေးလံသောနေရာဆီသို့ သွားလိုက်သည်။ သူက စာတစ်စောင် ပို့ပြီးနောက် လို့လန်အခြေစိုက်စခန်းသို့ ပြန်ရောက်လာ၏။

လို့လန် အခြေစိုက်စခန်းတွင်ဖြစ်သည်။

ဘာစီရာက ကျယ်လောင်စွာ ကျိန်ဆဲလိုက်၏။ “ကာရိုး မင်းတို့လို့လန်သားတွေက ယဉ်ကျေးမှုမရှိတဲ့ လူရိုင်းတစ်သိုက်ပဲ။ မင်းကိုယ်မင်း ဘယ်လိုလုပ် လို့လန်နဲ့နှိုင်းယှဉ်ရဲတာလဲ”

ဘေးရှိ နတ်ဆရာက တလေးတစားပြောလိုက်၏။

“အရှင် ယွီရှန်းရုန်ကို နှောင့်ယှက်သင့်တယ်လို့ ထင်နေတုန်းလား”

“မင်း ဘယ်လိုတွေးတာလဲ”

“မနှောင့်ယှက်ဖို့ အကြံပြုချင်တယ်။ တာ့ယန်အပေါ် စိတ်ကောင်းစေတနာလည်းပြလို့ရတာပေါ့။ တာ့ယန်ရဲ့လက်ရှိငရဲဂိုဏ်းက မွန်းတည့်နေလို ဖြစ်နေပြီ။ မဟာမိတ်တိုင်းပြည်ဆယ့်နှစ်ခုက တောင့်မခံနိုင်မှာ စိုးရတယ်”

ဘာစီရာက သူ၏လက်အောက်ငယ်သားကို တချက်ကြည့်ပြီးနောက် ပြောလိုက်၏။

“မဟုတ်ဘူး”

“အရှင်”

“ငါက ယွီရှန်းရုန်ကို နှောင့်ယှက်ရုံတင်မကဘူး။ လို့လန်ရဲ့နယ်မြေတွေဆီ ရောက်အောင် သူ့ကိုဖိအားပေးမှာ။ ပြီးရင် ငါ သူ့ကို သတ်မယ်။ ဘာတန်ကြေးပဲပေးရပေးရ။ အဲ့လိုဖြစ်လာတဲ့အချိန် မိစ္ဆာဝေဟင်မျှော်နန်းက ရို့လီကို သေချာပေါက်အပြစ်တင်လိမ့်မယ်။ ကာရိုးက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”

“ပြောင်မြောက်ပါတယ် အရှင်”

“မင်းဆီအပ်ထားလိုက်ပြီ မှတ်ထား။ လို့လန်သားတွေပဲ အဲဒါကိုမြင်ရမယ်”

“နားလည်ပါပြီ”

လို့လန်သားတွေအဖြစ် အယောင်ဆောင်ရုံသာ လိုအပ်သည်။

မျက်စိတစ်မှိတ်အတွင်း ဆယ့်နှစ်ရက်တာ ကုန်လွန်သွား၏။

နှစ်ဆယ့်ခုနစ်ရက်အပြင် ဝူချီအန်းအတွက် ရွှေရောင်နေ့ရက်လေးဆယ်သည် အသက်ရှင်သန်နိုင်ခြေ ကျော်လွန်သွား၏။ ၄၉ရက်သည် မရှည်လွန်း၊ မတိုလွန်းပေ။ သို့သော်ငြား ကျင့်ကြံခြင်းလောကထဲ၌ ပြောင်းလဲမှုကြီးများဖြစ်စေရန် အချိန်လုံလောက်သည်။ လက်ရှိကျင့်ကြံခြင်းလောက၌ မည်သို့သောအခြေအနေရှိမှန်း မည်သူမှမသိပေ။

ခါတိုင်းလိုပင်နေက မြင့်တက်နေပြီးလကအနားယူနေသေး၏။ အရာအားလုံးက ပုံမှန်အတိုင်းထင်မှတ်ရသည်။

မနက်ပိုင်း၌ နှင်းစက်အချို့သည် သစ်ကိုင်းပေါ်ကျလာ၏။ နေရောင်က ၎င်းပေါ် ထွန်းလင်းတောက်ပနေလေရာ တလက်လက် တောက်ပနေစေတော့သည်။

ဝှစ်

ရေစက်သည် မမြင်ရသောကနဦးချီကြောင့် နှေးကွေးသွားပြီးနောက် ယွီရှန်းရုန်၏ ဆံပင်ပေါ်သို့ ရောက်လာသည်။

ထိုအခိုက်အတန့်တွင် ယွီရှန်းရုန်က မျက်လုံးဖွင့်လိုက်သည်။ သူ၏ကနဦးချီကို ဖယ်ခွာလျက် သူခေါင်းထက်ရှိ ရေစက်တို့က ချက်ချင်း ငွေ့ရည်ပျံသွားသည်။

ဖုန်း ဖုန်း ဖုန်း ပူး ပူး ပူး

ရေများ ပွက်လာပြီး နွံတော၏အလယ်မှ ရေပူဖောင်းများထလာ၏။

ယွီရှန်းရုန်က ဆင်းသက်ကာ တောအုပ်ဆီသို့ပျံသန်းသွားသည်။ သူက အနား၌ပျံသန်းလျက် အနီးတဝိုက်ကိုငုံ့ကြည့်လိုက်၏။ ရေအိုင်ရှိပူဖောင်းများက ယခုဆိုပိုများလာသည်။ ရေများဆူပွက်လာသည်နှင့် မြင့်တက်လာ၏။ ရေများအငွေ့ပြန်လာသည်နှင့် နွံတောက ရွှံ့အဖြစ် ခမ်းခြောက်သွားသည်။ တဖြည်းဖြည်းချင်း ပူဖောင်းတက်သံများလျော့သွား၏။ မြေပြင်က ပြန့်ပြူးသွားပြီး ခြောက်သွေ့သွားသည်။

ယွီရှန်းရုန်က လက်ပိုက်ထား၏။ သူက မြေပြင်ကို စိုက်ကြည့်ကာ တီးတိုးပြောလိုက်၏။

"အချိန်စေ့ပြီ”

သူက ကောင်းကင်ထဲရှိနေကို မော့ကြည့်လိုက်သည်။

အရှေ့အရပ်တွင် နေထွက်လာပြီး ၎င်း၏ရောင်ခြည်သည် အဝေးရှိလို့လန်မြို့၏တောင်ပေါ်သို့ ဖြန့်ကျက်လာသည်။ အရာအားလုံးတိတ်ဆိတ်နေသည်။

ငှက်များက ပျံသန်းလျက် တကျီကျီမြည်နေ၏။ ငှက်များထဲမှတစ်ကောင်သည် သန္ဓေပြောင်းငှက် ဖြစ်ပြီး နွံတော၏အလယ်ရှိအငွေ့အသက်ကိုရလိုက်ကာ ခြောက်နေသောမြေဆီကို ထိုးဆိတ်လိုက်သည်။ ၎င်းက အနံ့ရပြီးနောက် စိတ်အားထက်သန်စွာ ထိုးဆိတ်တော့၏။ မကြာမီ၌ ထိုးဆိတ်သည့်နေရာ၌ အပေါက်ပေါက်လာတော့သည်။

ဝှစ်

အညစ်အကြေးများ လွှမ်းနေသော လက်တစ်ဖက်သည် မြေပြင်ထဲမှပေါ်ထွက်လာပြီးနောက် ငှက်ကိုဆုပ်ကိုင်လိုက်၏။ ၎င်းက ငှက်တောင်ပံကို ဖျစ်ညှစ်ထားသည်။ ခဏအကြာတွင် ၎င်း၏ဆုပ်ကိုင်မှုကို ဖြေလျော့ထား၏။

ကြောက်လန့်တကြားဖြင့် ငှက်က ပျံထွက်သွားကာ သူ့အသက်ဘေးအတွက် ပျံထွက်သွားတော့သည်။

လက်က မြှောက်လျက်သာ ရှိနေသေးပြီး ကောင်းကင်ကို လက်ညှိုးထိုးလိုက်သည်။

…

အခန်း (၆၁၈) မင်းလမ်းမှာ ပိတ်နေတဲ့သူတိုင်းကို ရှင်းထုတ်ပစ်

ထိုအရာက ကျောချမ်းဖွယ် မြင်ကွင်းမျိုး ဖြစ်နေလေသည်။ အကယ်၍ ယွီရှန်းရုန်သာ သေချာမပြင်ဆင်ထားခဲ့ဘဲ ထိုအရာ ရောက်လာမည်မှန်း မသိထားခဲ့လျှင် မြင်ကွင်းကြောင့် ကျောချမ်းမိသွားလိမ့်မည်။

ယွီရှန်းရုန်က လက်မောင်းကို လေ့လာကြည့်လိုက်သည်။ လက်ချောင်းများက ဖြောင့်တန်းနေပြီး အရည်ပြားက ငယ်ရွယ်ဟန်ပေါ်သည်။ ကြည့်ရသည်မှာ ဓားမော့လေ့ကျင့်ထားသည့်သူ၏ လက်နှင့် မတူပေ။

ယွီရှန်းရုန်က ခေါင်းခါကာ “တာ့ရှစ်ရှိုးက ကံအကောင်းကြီးတော့ မဟုတ်ဘူးပဲ ”

ဝူချီအန်းက မြေမှ မွေးဖွားလာကြပြီး ကံကောင်းသူများက ယခင်အတိုင်း ပြန်လည်ထွက်ပေါ်လာနိုင်ကြသည်။ အကယ်၍ သူတို့ ကံဆိုးပါက သူတို့သည် ကလေးလေးအဖြစ်နှင့် စတင်ရလိမ့်မည်။ အကယ်၍ သူတို့တွင် အချိန်သိပ်မကျန်တော့ပါက နို့ရည် မသောက်နိုင်ခင် သေဆုံးသွားလိမ့်မည်။ ဤသည်က ဆိုးဝါးသည့် အဆုံးသတ် ဖြစ်၏။ သို့သော်လည်း လက်၏ အနေအထားအရ ရလဒ်သည် အကောင်းဆုံး မဟုတ်လျှင်ပင် လက်ခံနိုင်ဖွယ် ရှိ၏။

ဝှစ်

မြေကြီးက ကွဲထွက်လာသည်။ နွံ့တောထဲတွင် ရွှံ့လူသားတစ်ဦး မတ်တတ်ရပ်နေ၏။ သူ့အရွယ်အစားက သိပ်မကြီးလှပေ။

ယွီရှန်းရုန်က တည်ငြိမ်နေဟန် ပေါ်သော်လည်း စိတ်ထဲ၌ ဝူချီအန်းတစ်ယောက် မြေကြီးမှ ထွက်လာသည်ကို မြင်ရသည့်အခါ အနည်းငယ် အံ့အားသင့်မိနေဆဲ ဖြစ်၏။

သေဆုံးပြီးသည့်နောက်က မြေကြီးက လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ကပ်ညှိနေလိမ့်မည်။ သူက ခန္ဓာကိုယ်မှ မြေကြီးများ နည်းနည်းချင်းစီ ခါချလာသည်။ သူက ပြန်လည်မွေးဖွားလာပြီဖြစ်၍ ကျန်သည့်ကိစ္စများ အရေးမပါတော့ပေ။

ယွီရှန်းရုန်က ယွီကျန့်ဟိုင်၏ အနေအထားကို အကဲဖြတ်လိုက်သည်။ ယွီကျန့်ဟိုင်၏ ပုံစံက ယခင်ထက် သေးသွားကြောင်း သတိထားမိလိုက်သည်။ ယွီကျန့်ဟိုင်သည် လူငယ်လေးတစ်ယောက်နှင့် တူနေ၏။ ယွီကျန့်ဟိုင်၏ မျက်နှာ၊ ခန္ဓာကိုယ်နှင့် ဆံပင်တို့က ရွံ့များ ပေနေသောကြောင့် သူ့သွင်ပြင်ကို သေချာတော့ မမြင်ရပေ။ မည်သို့ပင်ဆိုစေကာမူ သူက ယွီကျန့်ဟိုင်၏ အကြည့်သည် အသက်ဓာတ်ဖြင့် တောက်ပနေပြီး သိချင်စိတ်များ ဖြစ်ကာ ဆွံ့အနေသည့် အရိပ်အယောင်မျိုးကို မြင်လိုက်ရသည်။

လူငယ်လေးက အချိန်အတော်ကြာသည့်အထိ မလှုပ်ရှားလာသေးပေ။ သူက တောင်များ၊ မြစ်နှင့် အရိုးမြှပ်နှံရာ ကုန်းမြေကို ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က လေထဲ ဝဲပျံနေသည့် ယွီရှန်းရုန်ဆီ ကျရောက်လာသည်။

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးကာ “ကောင်းပြီ … အနည်းဆုံးတော့ မသေသေးဘူးလေ”

“မသေသေးဘူးတဲ့လား” လူငယ်လေးက ထုတ်ပြောလိုက်သည်။

“တာ့ရှစ်ရှိုး အခုကစပြီး ကိုယ့်ဘာသာ အားကိုးလိုက်တော့” ယွီရှန်းရုန်က မထူးမခြားနား ပြောလိုက်သည်။ “ ဒီတစ်လျှောက်လုံး အများကြီး လုပ်လာပေးပြီးပြီ။ တာ့ရှစ်ရှိုးအနေနဲ့ အခု ကိုယ့်ကိစ္စကို လုပ်ရမဲ့အချိန်ပဲ ဟုတ်တယ်မလား … ”

လူငယ်လေး ယွီကျန့်ဟိုင်က နားမလည်စွာ မေးလာသည်။ “ခင်ဗျားက ဘယ်သူလဲ။ တာ့ရှစ်ရှိုးက ဘယ်သူလဲ။ ခင်ဗျားက ဘယ်လိုလုပ် ပျံနိုင်တာလဲ ”

“ …” ယွီရှန်းရုန်က ကြောင်သွားသည်။ သူက ယွီကျန့်ဟိုင်၏ ရွံ့ပေနေသည့် ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်သည်။ သူက လက်တစ်ချက်ဝေ့လိုက်သည့်အခါ ရေအိုင်ထဲမှ ရေတချို့က ယွီကျန့်ဟိုင်ဆီ ကျရောက်လာလေ၏။

ယွီကျန့်ဟိုင်က ထိုအရာကို မြင်သည့်အခါ အလန့်တကြား ထခုန်လိုက်သည်။ သူက လှည့်ပြေးတော့၏။ သို့သော်လည်း ရေက သူ့ကို ပိတ်ထားဟန်ပေါ်သည်။ ထိုအရာက သူ့ဆီ အလျှင်အမြန် ကျရောက်လာ၏။ သူက ချက်ချင်းဆိုသလို သန့်ရှင်သွားလေသည်။ သူ့အကြည့်များက အံ့ဩမှုအပြည့် ဖြစ်နေပြီး ယွီရှန်းရုန်အား စိုက်ကြည့်နေသည်။

ယွီရှန်းရုန်လည်း အံ့ဩနေမိ၏။ သူက ယွီကျန့်ဟိုင်အား ကြည့်ကာ “မမှတ်မိသေးဘူးလား”

“ဘာကိုလဲ”

“နာမည် ”

လူငယ်လေးက ခေါင်းခါလိုက်သည်။

ယွီရှန်းရုန်က သက်ပြင်းချလိုက်၏။

လောင်ချီ ပြောခဲ့သလို မဟုတ်ဘူးပဲ … သူ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ ဘာလို့တခြားလူလို ဖြစ်နေပါ့လိမ့်။

သူက လက်ဝေ့လိုက်သည်။ သူ ပြင်ဆင်ထားခဲ့သည့် အဝတ်များက တောအုပ်မှ ပျံသန်းထွက်ကာ ယွီကျန့်ဟိုင်ဆီ ရောက်ရှိလာသည်။

“အဲဒါကို ဝတ်လိုက် ”

ယွီကျန့်ဟိုင်က သူ့ဘာသာ ဝတ်ဆင်လိုက်၏။ အရွယ်အစားက ကြီးလွန်းနေသည်။ သူက အဝတ်အပွကြီး ဝတ်ထားသလို ဖြစ်နေသည်။

သို့သော်လည်း ယွီရှန်းရုန်က သူ့အား မလှောင်ပေ “ငါ့နောက်လိုက်ခဲ့”

“ဘာလို့လဲ”

“ဘာလို့ရမှာလဲ ”

“မသွားဘူး”

“ …” ယွီရှန်းရုန်က ယွီကျန့်ဟိုင်ရှေ့ ဆင်းသက်လာသည်။ သူက ယွီကျန့်ဟိုင်၏ အကြည့်ထဲ သတိထားမှုကို မြင်လိုက်ရသည်။ သူက ရင်းနှီးပြီးသား ခေါင်းကြောမာမှုကို မြင်လိုက်မိသည်။

“ခင်ဗျားက ဘယ်သူလဲ” ယွီကျန့်ဟိုင်က မေးလာသည်။

ယွီရှန်းရုန်က သူ့အား ထပ်မံ လေ့လာလိုက်သည်။ ၄၉ ရက်တာ ပျင်းရိမှုက သူ့အား အတွေးတချို့ ရလာစေခဲ့သည်။ သူက ခပ်တည်တည်မျက်နှာထားဖြင့် ပြောလိုက်သည်။ “ငါက မင်းရဲ့ တာ့ရှစ်ရှိုးပဲ ”

“တာ့ရှစ်ရှိုးလား…” လူငယ်လေးက ခေါင်းကုတ်လိုက်သည်။ သူ့ကြည့်ရသည်မှာ စိတ်ရှုပ်ထွေးနေဟန် ပေါ်၏။

ယွီရှန်းရုန်က လှည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ တကယ်လို့ မင်း မမှတ်မိရင်လည်း အတင်းအကျပ် ဖိအားမပေးနဲ့။ အချိန်မရှိတော့ဘူး။ မင်းကို ပြန်ခေါ်ပေးသွားမယ် ”

“ဘယ်ကိုလဲ”

“တာ့ယန်”

ကျီလျန့်ဖြင့် နွံတောမှ ကောင်းကင်ကျုံး ခရီးစဉ်က ဆယ်ရက်တာမျှသာ ကြာြမင့်ခဲ့သည်။ ကျီလျန့် မပါရှိဘဲ တစ်လတာ ကြာမြင့်လိမ့်မည်။ ဤသည်က ကြားတွင် နားသည့် အချိန်များကို ထည့်မစဉ်းစားရသေးပေ။

ယွီရှန်းရုန်က လူငယ် ယွီကျန့်ဟိုင်သည် ဒီလိုမျိုး အချိန်အတော်ကြာ ပျံသန်းမှုကို ခံနိုင်ရည်ရှိပါ့မလား မသေချာပေ။ သူက ဝူချီအန်းပေါ် များများစားစား နားလည်ထားခြင်း မရှိပေ။ ယွီကျန့်ဟိုင်၏ ကျင့်ကြံဆင့်က လူငယ်လေးအဖြစ် ပြန်လည်မွေးဖွားလာသည့်နောက်ပိုင်း အကောင်းတိုင်း ရှိနေသေးလားဟု တွေးနေမိသည်။ အကယ်၍ သူက သူတို့နှစ်ယောက်လုံးကို လေဒဏ်မှ ကမ္ဘာဦးချီဖြင့် ကာကွယ်ပေးနေလျှင် ကမ္ဘာဦးချီများစွာ ကုန်ခမ်းပြီး အမြတ်ထက် အရှုံးက ပိုများနေပေမည်။ ထို့နောက် သူက ယွီကျန့်ဟိုင်အား လှည့်ကြည့်လိုက်၏။

ထိုစဉ် ယွီကျန့်ဟိုင်က ဝတ်ရုံကို ပြင်နေသည်။ ထိုဝတ်ရုံက သူ့အတွက် ကြီးမားလွန်းနေသည်။ သူက ယွီရှန်းရုန်နောက်မှ ဖြည်းဖြည်းချင်း လိုက်လာခဲ့လိုက်၏။

ဝှစ်

ယွီရှန်းရုန်သည် ဓားကို ဝေ့ယမ်းလိုက်သည်။ စွမ်းအင်ဓားတစ်ချောင်းက ယွီကျန့်ဟိုင်၏ ဝတ်ရုံကို ဖြတ်သန်းသွားသည်။ အနားရှိ လက်မအနည်းငယ် အရှည်ကို ဖြတ်တောက်ပစ်လိုက်သည်။

လူငယ် ယွီကျန့်ဟိုင်က အံ့ဩသွားသည်။ သူက ယွီရှန်းရုန် လက်ထဲမှ ဓားကို ကြည့်လိုက်ကာ “ခင်ဗျားရဲ့ ဓားရေးက … ”

“ မိုက်တာလား”

“အင်း”

ယွီရှန်းရုန်က ကျေကျေနပ်နပ် ပြုံးလိုက်သည်။

အရင်ကတော့ တစ်ခါမှ ဝန်မခံဘဲနဲ့ …

“ကျွန်တော် ခင်ဗျားတပည့် လုပ်လို့ရမလား” ယွီကျန့်ဟိုင်က ယွီရှန်းရုန်နောက်မှ လိုက်လာလိုက်သည်။

“…”

ငါ ဒီဟာကို အခွင့်ကောင်းယူသင့်တယ် .. ငါသာ သူ့ဆရာဖြစ်လာရင် ဝါစဉ်က ရှုပ်ထွေးလွန်းလို့ ငါ့သက်တမ်း နည်းနည်း လျော့သွားနိုင်တယ် …

ယွီရှန်းရုန်က ခေါင်းခါကာ “မင်းမှာ ပိုကောင်းတဲ့ ဆရာ ရှိထားပြီးသား”

“ဘယ်မှာလဲ”

ယွီရှန်းရုန် ယွီကျန့်ဟိုင်၏ အကြည့်ထဲ ကျင့်ကြံလိုသည့် စိတ်ဆန္ဒကို တွေ့လိုက်သည့်အခါ …

ထိုအကြည့်များက သူ ရှစ်စွင်းနှင့် တွေ့ဖို့ ဆားငန်တောင်မှ လအတော်ကြာ လမ်းလျှောက်လာစဉ်အခါက အကြည့်မျိုးနှင့် ဆင်တူသည်။ သူက ရုတ်တရက် နားလည်သွားသည်။ အသက်ပြန်လည်ရှင်သန်လာခြင်းက ယွီကျန့်ဟိုင်အား ပထမသေဆုံးသည့် စက်ဝန်းသို့ ပြန်လည်ရောက်သွားစေခြင်း ဖြစ်လိမ့်မည်။ ကမ္ဘာကြီးတွင် ထူးထူးဆန်းဆန်း ဖြစ်ရပ်များစွာ ရှိသည် မဟုတ်ပါလော။ ရှင်းပြလို့ မရနိုင်သည့်ကိစ္စများစွာလည်း ရှိပေသည်။

ယွီရှန်းရုန်က ခံစားမိသည့် အံ့ဩမှုအား သိုဝှက်ထားလိုက်သည်။ သူက တာ့ယန်ဘက် လက်ညှိုးထိုးပြကာ “ သွားကြစို့ ”

စွမ်းအားတစ်ခုက သူတို့နှစ်ယောက်လုံးကို ပင့်ခေါ်သွားသည်။ သူတို့က အရိုးမြှပ်နှံရာ ကုန်းမြေသို့ ပျံသန်းလာလိုက်ကြ၏။

လူငယ် ယွီကျန့်ဟိုင်၏ အကြည့်ထဲ ပျံသန်းခြင်း၊ ကျင့်ကြံခြင်းနှင့် အနာဂတ်အပေါ် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်အပြည့် ဖြစ်နေသည်။ သူက သိချင်စွာ မေးကြည့်လိုက်သည် “တာ့ရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်နက်နဲလဲ”

“မင်း ဘယ်လိုထင်လဲ ”

“ဗြဟ္မာပင်လယ်နယ်ပယ်လား” ယွီကျန့်ဟိုင်က လေးစားသည့် အရိပ်အယောင်အပြည့်ဖြင့် ပြောလိုက်သည်။

“ကျွန်တော်ကြားဖူးတာတော့ ဗြဟ္မာပင်လယ်နယ်ပယ် ကျင့်ကြံသူတွေက ပျံနိုင်တယ်တဲ့ ”

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးကာ “အဲဒီထက် မြင့်တယ်”

“အဲဆို နတ်ဒေဝါဦးတည်နယ်ပယ်လား” ယွီကျန့်ဟိုင်က သူ့နောက်မှ လူသည် မည်မျှအံ့ဩဖို့ကောင်းကြောင်း တွေးမိပြီး မျက်လုံးအပြူးသား ဖြစ်သွားသည်။

နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူများသည် ဂိုဏ်းရှိကြပြီး ထောက်ပံ့သူကောင်းကောင်း ရှိတတ်ကြသည်။

“အဲထက် မြင့်တယ်” ယွီရှန်းရုန်က ခေါင်းအသာယမ်းလိုက်သည်။

“တာ့ရှစ်ရှိုးက … နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်လား” ယွီကျန့်ဟိုင်သည် ထိုစကားများကို မနည်းပြောလိုက်ရသည်။ သူ့အသံက စိတ်လှုပ်ရှားမှုနှင့် လေးစားမှုအပြည့် ဖြစ်နေ၏။ သူက နွံ့တောမှ မည်သို့ထွက်လာကြောင်း၊ မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့် ဖြစ်ကြောင်း၊ နာမည်ကြားရုံဖြင့် ကြောက်လန့်သွားစေနိုင်သည့် ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကြောင်း၊ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့ကြောင်းကို မေ့လျော့သွားလေပြီ။ ကံအဆုံးသတ်က စွဲလမ်းမှုကနေ စတင်လာလေ့ရှိသည်။ သူ့စွဲလမ်းမှုက လိုလန်တွင် သေဆုံးပြီးသည့်နောက် အစပြုခဲ့ခြင်း ဖြစ်လိမ့်မည်။

ယွီရှန်းရုန်က အစပိုင်းတွင် ကြွားလုံးထုတ်ချင်သော်လည်း သေချာစဉ်းစားကြည့်ပြီးသည့်နောက်တွင် ပျင်းလာမိသည်။ ထို့ကြောင့် သူက ပြောလိုက်၏။ “နောက်ကျ မင်းလည်း ငါ့လို အားကောင်းလာမှာပါ”

လူငယ် ယွီကျန့်ဟိုင်က စိတ်လှုပ်ရှားလာမိစဉ် သူတို့ရှေ့မှ တောအုပ်အတွင်း ခရမ်းရောင်မြူများ ထွက်ပေါ်လာသည်။ ထိုအရာက ဘေးဘက်သို့ ပျံ့နှံ့သွားပြီး လမ်းကို ပိတ်ပင်ထား၏။

ယွီရှန်းရုန်က ခေါင်းအသာယမ်းကာ “ကိစ္စတွေက မချောဘူးဆိုတာ သိနေတယ်”

သူက ယွီကျန့်ဟိုင်ကို ခေါ်ဆောင်ကာ မြောက်ဘက်သို့ ပျံသန်းသွားလိုက်သည်။

လိုလန်၏ စုန်းအတတ်ပညာတွင် အားနည်းချက်က ထိုအရာ ဖြစ်၏။ စုန်းအတတ်သည် အားကောင်းသော်လည်း အစီအရင်ခင်းကျင်းပြီး မန္တန်အသက်သွင်းဖို့ အချိန် လိုအပ်သည်။ သူတို့ရန်သူများက သူတို့မန္တန်အသုံးမဝင်အောင် ရှောင်ကွင်းသွားလိုက်ရုံ ဖြစ်၏။

ယွီရှန်းရုန်က ထိုအရာကို သိထားသည့်အတွက် မြောက်ဘက်သို့ ပျံသန်းသွားလိုက်သည်။

လူငယ် ယွီကျန့်ဟိုင်က ပျံသန်းရသည်ကို မကြောက်ပေ။ သူက ပျော်နေမိ၏။ သူက မြင့်ချည်နှိမ့်ချည် ဖြစ်နေသည့် ခံစားချက်ကို သဘောကျမိသည်။ ကြည့်ရသည်မှာ တချို့ဉာဉ်က မွေးရာပါ ဖြစ်ပုံပေါ်၏။

နှစ်ယောက်သား တစ်ရက်တာ ပျံသန်းလာလိုက်ကြသည်။ ခရမ်းရောင်အတားအဆီးက ပျောက်ကွယ်သွားပြီ ဖြစ်၏။

ယွီရှန်းရုန်က တည်နေရာပြောင်းကာ အရှေ့ဘက်သို့ ဦးတည်လိုက်သည်။

“ရို့လီ ပိုင်နက်”

ယွီရှန်းရုန်တို့က ဆင်းသက်လိုက်ကြသည်။

“ဒီမှာ ခဏနားကြမယ်”

လူငယ် ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။ သူက ဘေးပတ်လည်ကို သိချင်စွာ လိုက်ကြည့်နေ၏။

ခဏအကာတွင် ရို့လီကျင့်ကြံသူတချို့က ပတ်ဝန်းကျင်သို့ ရောက်လာကြလေသည်။ သူတို့က လှံများ၊ လေးများ၊ ဓားများကို ကိုင်ဆောင်ကာ ဝိုင်းထားကြသည်။

ယွီရှန်းရုန်က အေးဆေးနေဟန်ပေါ်သည်။ သူက ဓားရိုးအား လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ထားလိုက်သည်။ သူ့အကြည့်များက အနည်းငယ် မှေးသွားသလို ဖြစ်သွားသည်။

လေပြေတစ်ချက် တိုက်ခတ်သွားပြီး သစ်ရွက်များက ကြွေကျလာသည်။

လူငယ် ယွီကျန့်ဟိုင်က တခြားမျိုးနွယ်စုများကို မြင်သည့်အခါ မကြောက်ပေ။ ထို့အစား သူက ယွီရှန်းရုန်ဘေးနား ကပ်လိုက်ပြီး သူတို့အား ရန်လိုစိတ်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက သစ်ကိုင်းကို ကောက်ကိုင်လိုက်ပြီး ခုခံဖို့ အသင့်ပြင်လိုက်၏။

ယွီရှန်းရုန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “အဝေးကြီး မနေနဲ့နော်”

“အင်း”

ထိုစဉ် သစ်ပင်နောက်မှ လူတစ်ယောက်က တုတ်ကောက်ဖြင့် ထွက်လာလေသည်။ သူက ပြောလိုက်၏။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဒုတိယသခင်လေးလား။ မင်း ဒီကနေ ထွက်မသွားနိုင်လောက်တော့ဘူး ထင်ပါရဲ့”

ယွီရှန်းရုန်က မျက်လုံးဖွင့်လိုက်သည်။ သူ့အသက်ရှည်ဓားက ဓားအိမ်မှ ထွက်လာသည်။

ထိုအရာက အနီရောင်အလင်းတစ်ချက် ဖြတ်ခနဲ လက်သွားပြီး လမ်းရှိ အရာအားလုံးကို ပိုင်းဖြတ်ပစ်လိုက်သည်။ စွမ်းအင်ဓားတစ်ခုချင်းစီက ယွီကျန့်ဟိုင်ကိုမူ ဝေ့ပတ်ရှောင်ကွင်းသွားသည်။

သစ်ပင်များက ပြိုလဲလာသည်။

သူတို့ကို ဝိုင်းထားကြသော ရို့လီဒါဇင်ချီက ချက်ချင်း အသတ်ခံလိုက်ရသည်။

ယွီကျန့်ဟိုင်က တအံ့တဩ ဖြစ်နေမိသည်။

ယွီရှန်းရုန်က လေသံအတက်အကျမရှိ ပြောလိုက်၏။ “ခင်ဗျားတို့က သေချင်မှ‌တော့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

“သွားကြ … သူ့ကို အခွင့်အရေး မပေးနဲ့ ”

သူတို့အနားမှ လူများစွာက ချီတက်လာကြသည်။

ယွီရှန်းရုန်က ညာဘက်လက်ကို မြောက်လိုက်သည်။ သူ့လက်မောင်း မြေပြင်နှင့် တစ်တန်းတည်း ဖြစ်နေသည်။ သူ့အသက်ရှည်ဓားကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူက မြင်ကွင်းမှ ပျောက်သွားသည်။

ဝှစ်

ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာသည်။

တုတ်ကောက်နှင့် ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့အသံက တုန်ယင်နေကာ “သွားပြီ … ပေတစ်ရာတဲ့လား။ သူတို့ပြောတော့ သူက ပွင့်ချပ်ခြောက်လွှာပဲ ရောက်သေးတာဆို … နောက်ပြန်ဆုတ်ကြ။ သတင်းက မှားနေပြီ။ နောက်ဆုတ်ကြ ”

“မရတော့ဘူး ”

All Chapters