← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉) ကြမ်းတမ်းသော အနောက်လေက မြစ်ကိုဖြတ်၍တိုက်ခိုက်လာ။ ဘယ်အချိန် ပြန်ရောက်မလဲ

လောကကြီးထဲရှိ ပွင့်ချပ်ခုနစ်လွှာကျင့်ကြံသူသည် ပွင့်ချပ်ရှစ်လွှာက ထိုက်တောင်တန်းပမာ ကြီးမားလှကြောင်း သိထားကြပေ၏။ ရို့လီနှင့် လို့လန်၏လူများကတောင် ထိုအရာကို သိထားကြသည်။ သူတို့သည် ပေတစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ ယွီရှန်းရုန်ကို သတ်ဖြတ်ရန် ရည်ရွယ်စိတ်က စိုးစဉ်းမျှမကျန်ဘဲ ပျောက်ကွယ်သွားလေ၏။

မဖြစ်နိုင်တာ။

ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်က ဤနေရာ၌ ရှိနေခဲ့လျှင်တောင် ယွီရှန်းရုန်၏အမည်ကို ကြားသည်နှင့် ထွက်ပြေးရုံသာ တတ်နိုင်သည်။ ဤနေရာသို့ရောက်လာသည့်သူများထဲတွင် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူက မပါပေ။ ရလဒ်က ခန့်မှန်း၍ရနေပြီဖြစ်သည်။ ယင်းက သူတို့အတွက် ချေမှုန်းခံရသည့် ရွှံ့အိုင် ဖြစ်လောက်သည်။

စွမ်းအင်ဓားများ ဖြတ်သွားသည့်နေရာတိုင်းတွင် ဓားသွားများက လူတို့ကို ပိုင်းဖြတ်သွားသည်နှင့်မတူ၊ သူတို့သည် ကောက်ရိုးများကို လှီးဖြတ်နေသည်နှင့်တူပေ၏။

လူငယ်ယွီကျန့်ဟိုင်က ထိုမြင်ကွင်းကြောင့် မှင်တက်သွားသည်။ သူသည် သူ့ရှေ့ရှိလူကဲ့သို့ သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် အင်အားကို မည်မျှ ဆာလောင်ကြောင်း၊ မည်မျှ သန်မာချင်ကြောင်း မည်သူမှမသိပေ။ ယွီရှန်းရုန် အမိန့်ပေးသည့်အတိုင်း သူ လုပ်ခဲ့၏။ သူက နေရာမှာတင် နာနာခံခံ ရပ်နေလျက် စွမ်းအင်ဓားများက လွန့်လူးနေကာ သူ့နားရှိ ရို့လီသားများလဲကျကုန်၏။

ခဏအကြာတွင် ယွီရှန်းရုန်သည် မူလနေရာသို့ပြန်လာပြီး သူသည် ငယ်ရွယ်သော လူငယ်ယွီကျန့်ဟိုင်ကို ကြည့်ပြီးနောက် ဘာမှမဖြစ်ခဲ့သလိုကြည့်နေ၏။ သူက ဘယ်လက်ကို မြှောက်လိုက်ရာ သက်တော်ရှည်ဓားသည် ဓားအိမ်ထဲသို့ပြန်ရောက်ပြီး ဓားကို ပြန်ပိုက်ထားလိုက်၏။

တိုက်ပွဲသည် ဤအတိုင်း အဆုံးသတ်သွားသည်။ မီတာတစ်ရာအတွင်းရှိ သစ်ပင်ပန်းမန်များအားလုံး ယွီရှန်းရုန်ကြောင့် လဲကျကုန်သည်။

ကျောစိမ့်ဖွယ်လေပြေသည် လေထဲ၌ သံချေးနံ့ကို သယ်ဆောင်လာ၏။ ယင်းက ယွီကျန့်ဟိုင်ကို အနံ့ရသွားစေသည်။

“မင်း ကြောက်နေလား” ယွီရှန်းရုန်က မေးလိုက်၏။ သူက အသားကျနေပြီဖြစ်သောကြောင့် သက်ရောက်မခံရပေ။

လူငယ်ယွီကျန့်ဟိုင်သည် မကြောက်ကြောင်း ခေါင်းခါပြလိုက်သည်။

ယင်းက ယွီရှန်းရုန်၏ မှန်းဆချက်ကို ကျော်လွန်နေသည်။ လူငယ်ယွီကျန့်ဟိုင်သည် ခက်ခဲမှုများစွာကို ကြံ့ကြံ့ခံခဲ့သောကြောင့် မည်သည့်အချိန်တွင် ကြောက်ရမည်၊ မကြောက်ရမည်မှန်း သိနေတာဖြစ်ဟန်တူ၏။

“ခင်ဗားရဲ့ ဓားသိုင်းက အံ့ဩဖို့ကောင်းလိုက်တာ” လူငယ်ယွီကျန့်ဟိုင်က ပြော၏။

“ငါလည်း အဲလို့ထင်တယ်”

“ခင်ဗျားက ကျုပ်ရဲ့တာ့ရှစ်ရှိုးဆိုတော့ ဓားဘယ်လိုသုံးရမလဲဆိုတာ သင်ပေးနိုင်မလား”

“…” ယွီရှန်းရုန်က ခေါင်းအနည်းငယ်ခါလျက် ခပ်တည်တည်အနေအထားဖြင့် ပြန်ပြောလိုက်သည်။

“မင်းက ဓားနဲ့မသင့်တော်ဘူး”

“ဒါဆို ကျုပ်နဲ့ဘာသင့်တော်တာလဲ”

“ဓားမော့” ယွီရှန်းရုန်က ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လူငယ်ယွီကျန့်ဟိုင်က ရွှင်မြူးသွားတော့သည်။ “ကျုပ် ဓားမော့တွေကို ကြိုက်တယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ။ ဓားမော့တွေက မိုက်တယ်လေ။ ယောက်ျားတစ်ယောက်ရဲ့ ခွန်အားကို ဓားမော့သုံးပြီးပဲ ပြသနိုင်တာ”

“…” ယွီရှန်းရုန်က အောင်မြင်စွာပြန်ပြောလိုက်၏။ သူက မျက်လုံးမှိတ်ထားလျက် အနားယူလိုက်တော့သည်။

လူငယ်ယွီကျန့်ဟိုင်က ဘေးတွင်ရပ်နေသည်။ သူက သစ်ကိုင်းခြောက်ကို ဝေ့ယမ်းနေသည်။ သူသည် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဝှေ့ယမ်းနေသည်။

ဘန်း ဘန်း ဘန်း

လူငယ်ယွီကျန့်ဟိုင်သည် သစ်ကိုင်းဖြင့် သစ်ပင်ပင်စည်ကို ရိုက်နေလေ၏။ သူ၏ခွန်အားသည် သူ့အသက်အရွယ်ရှိ လူငယ်တစ်ယောက် ပိုင်ဆိုင်သင့်သည့်အရာ မဟုတ်ပေ။ သူက ပြောလိုက်သည်။

“ကျုပ် ခင်ဗျားလောက်အစွမ်းထက်လာမှာ ကြိမ်းသေတယ်”

“ဒီလိုမျှော်လင့်ရတာပဲ”

ဝူချီအန်းများသည် အသက်ပြန်ရှင်လာပြီးနောက် ပြန်လည်ကျင့်ကြံလာနိုင်မလား မသိရပေ။ အသက်ပြန်ရှင်လာခြင်း၏ ဘေးထွက်ဆိုးကျိုးကို မည်သူမှ မသိရပေ။ ယခုအချိန်တွင် ကျင့်ကြံခြင်းအကြောင်းပြောဖို့က စောလွန်းနေသေးသည်။

သူတို့အနားယူပြီးနောက် ယွီရှန်းရုန်သည် လူငယ်ယွီကျန့်ဟိုင်ကို သူနှင့်အတူခေါ်သွားကာ အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။

ငါးရက်ကြာပြီးနောက် ရို့လီ၏ အရှေ့ဘက်ဝါးတောအုပ်ထဲတွင် ဖြစ်သည်။

ခရီးရှည်ကြီးက လူငယ်ယွီကျန့်ဟိုင်ကို နွမ်းလျသွားစေသည်။ သူက လမ်းလျှောက်နိုင်ရန် ခက်ခဲလာသည်။ သူသည် အချိန်ကြာမြင့်စွာထိန်းထားပြီးနောက် သူ၏အကန့်အသတ်ကို ရောက်နေပြီဖြစ်သည်။

သူတို့နှစ်ယောက်သားသည် ကျယ်ပြောလှသည့် ကန္တာရ၊ လေထန်လှသော တောင်တက်လမ်းများနှင့် တိမ်ပင်လယ်ကို ဖြတ်ကျော်ခဲ့ရသည်။

ဝါးပင်များအကြား ဆင်းသက်လိုက်ချိန်တွင် ယွီကျန့်ဟိုင်က လှဲချလိုက်လေ၏။ “ကျွန်တော် မသွားနိုင်တော့ဘူး”

“မင်းမှာ ရွေးချယ်စရာမရှိဘူး။ လမ်းလျှောက်ရမယ်”

သူတို့ခဏနားရုံသာရှိသည်။

ယွီရှန်းရုန်သည် ဝါးတောအုပ်ဆီကနေ သူတို့ဆီသို့ တစ်စုံတစ်ခုပျံသန်းလာသည်ကို ကြားလိုက်ရသည်။ သူက ထရပ်ပြီးလက်ကိုလှုပ်ရှားလိုက်သည်။ နွယ်ပင်အချို့က ပျံသန်းလာကာ ယွီကျန့်ဟိုင်ကို ကောက်ယူသွားလျက် သူ့ဘေးသို့ဆွဲခေါ်သွားသည်။ သူ၏အပြုအမူများက သေသပ်ပြီးတိကျသည်။ သူက လက်တစ်ဖက်နောက်ပစ်ထားလျက် နွယ်ကြိုးများက သူ၏လက်ကောက်ဝတ်ကို ကြိမ်ဖန်များစွာရစ်ပတ်ထားသည်။ သူ၏နောကျောကမတ်နေလျက် အမူအရာက တည်ငြိမ်နေ၏။ သူက တောအုပ်အပြင်ဖက်သို့လျှောက်သွားလိုက်သည်။ ပြီးနောက် သက်တော်ရှည်ဓားကိုဆွဲထုတ်ကာ စွမ်းအင်ဓားတစ်လက်ထုတ်လိုက်၏။

၎င်းသည် ဝါးတချို့ကိုဖြတ်တောက်ပြီးနောက် ဝါးတောအုပ်ပေါ်ရှိကျင့်ကြံသူကို ထိမှန်သွားတော့သည်။

ယွီရှန်းရုန်က ဓားတစ်ချက်လွှဲယမ်းလိုက်တိုင်းတွင် ကျင့်ကြံသူတစ်ယောက်ကျလာ၏။ သူက ကြည့်စရာတောင်မလိုပေ။ သူ၏မျက်လုံးက ရှေ့သို့သာကြည့်နေသည်။

ထိုစဉ် မျက်စိကန်းလောက်သည့်အရှိန်ဖြင့် သူ့ဆီသို့အရိပ်တစ်ရိပ်ကျရောက်လာ၏။ တစ်ချိန်တည်းတွင် ပွင့်ချပ်ခြောက်လွှာ ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်သည် ထိုပုံရိပ်နှင့် ပေါင်းစည်းသွားသည်။ ဝါးတောအုပ်ကို ဖြတ်သန်းလာတော့သည်။

ဝံပုလွေသည် အစွယ်ငေါငေါဖြင့်ခုန်အုပ်လိုက်သည်။ လက်နှစ်ဖက်တွင် ချွန်ထက်သော ဓားသွားများဖြင့် ကိုင်ဆောင်ထားလျက် ယွီရှန်းရုန်၏မျက်နှာကို ချိန်ရွယ်နေသည်။ သူ၏လှုပ်ရှားမှုများက လျှပ်ပြက်သည့်ပမာြမန်ဆန်လှပေ၏။

ယွီရှန်းရုန်သည် လက်ဝါးနှစ်ဖက်ကိုပူးကပ်လိုက်ပြီး သူ၏သက်တော်ရှည်ဓားကို လက်နှစ်ဖက်ကြားတွင် ကိုင်ထားလိုက်၏။ စွမ်းအင်ဓားသည် ရုတ်တရက်ပြန့်ကားသွားကာ သူ၏သက်တော်ရှည်ဓားကို ရစ်ပတ်လိုက်သည်။ ၎င်းသည် လျှပ်ပြက်သောအရှိန်ဖြင့် ခေါင်းဖြတ်စက်ပမာကျဆင်းလာသည်။

စက္ကန့်ဝက်အတွင်း ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ထက်ခြမ်းခြမ်းခံလိုက်ရကာ ဘယ်တစ်ခြမ်း ညာတစ်ခြမ်းကျသွား၏။

စိတ်ဝိညာဉ်သဏ္ဌာန်၏ အလယ်ရှိလူက တူညီသည့်ကံကြမ္မာကို ခံစားလိုက်ရသည်။ တိုက်ပွဲပြီးသွားချေပြီ။

တစ်ဖန်လေထဲ၌ ကြောက်လန့်တကြားအော်သံများပေါ်ထွက်လာသည်။

“သူက ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူတစ်ယောက်မဟုတ်ဘူး ... နောက်ဆုတ်ကြ”

“အစီအစဉ်ပြောင်းပြီ ပြေးကြဟေ့”

ကျန်ရှိနေသော ကျင့်ကြံသူများသည် အနောက်အရပ်ဆီသို့ထွက်ပြေးကြသည်။

ယွီရှန်းရုန်သည် မပြောင်းလဲသောအမူအရာဖြင့် ယွီကျန့်ဟိုင်ကိုခေါ်သွားကာ ခရီးဆက်တော့သည်။ သူသည် တောအုပ်အပြင်ဖက်သို့ရောက်ပြီးလေထဲပျံတက်သွား၏။ သူက ဘေးကိုကြည့်လိုက်ရာ လူငယ်ယွီကျန့်ဟိုင်က အိပ်ပျော်သွားပြီဖြစ်သည်။

ကြမ်းတမ်းသောအနောက်လေက မြစ်ကိုဖြတ်တိုက်လာလေရာ မည်သည့်အချိန်မှ ပြန်ရောက်မည်နည်း။

လျန်စီရင်စုမြို့ရိုးပေါ်တွင် ဖြစ်သည်။

စီးဝူယာ့သည် ရို့လီကို ရင်ဆိုင်နေ၏။ သူ့အတွေးထဲနစ်နေပုံပေါ်သည်။

ထိုစဉ် ကျန်းအိုက်ကျန့်က ခုန်တက်လာပြီး မြို့ရိုးပေါ်တွင် ထိုင်လိုက်၏။

“မင်းရဲ့လူတွေ အဆင်ပြေတာသေချာလား”

“သူတို့တွေက ကောင်းကင်ကျုံးကိုကျော်ဖြတ်ပြီး တာ့ယန်ရဲ့ဘယ်ဖက်ခြမ်းမှာ မြို့စောင့်တပ်တစ်ခု ဖွဲ့ထားတယ်။ လို့လန်ရဲ့တပ်ဖွဲ့က အဲ့ဒီမှာ ခမ်းနားသောအစီအရင်တစ်ခု ချမှတ်ထားမယ်ဆိုရင် ဖောက်ဝင်ဖို့ခက်ခဲမှာပဲ။ ငါ စေလွှတ်ထားတဲ့လူတွေကို ယုံတယ်။ ငါ မယုံတဲ့လူတွေကို မစေလွှတ်ဘူး။ သူတို့ကိုယုံတယ်” စီးဝူယာ့က ပြန်ပြောလိုက်၏။

“ဖောက်ဝင်တာလား” ကျန်းအိုက်ကျန့်ကခေါင်းခါလိုက်သည်။

“မင်းလိုချင်တာက တိုက်ခိုက်တာပဲလေ။ ဒါပေမဲ့ ငါ့ကိစ္စတွေကို ရှင်းရှင်းလင်းလင်းပြောရမယ်။ ငါက ခုခံဖို့ပဲမင်းကို ကူညီပေးမှာ”

“တိုက်ခိုက်တာက အကောင်းဆုံးခုခံမှုပဲ”

“…” ကျန်းအိုက်ကျန့်က လက်နှစ်ဖက်ဖြန့်လိုက်၏။ သူကခေါင်းခါကာပြောလိုက်တော့သည်။ “ဒီအစီအစဉ်ကို ငြင်းလို့ရလား” “ရတယ်။ ဒါပေမဲ့ အချည်းအနှီးပဲ”

“မင်းတို့ကို သည်းမခံနိုင်တော့ဘူး” ကျန်းအိုက်ကျန့်က ဆွံ့အသွားသည်။ “အဆုံးကျ ငါက တာ့ယန်ရဲ့တတိယမင်းသား ဖြစ်နေသေးတုန်းပဲ။ တခြားမျိုးနွယ်တွေက ငါ့မြေကို ကျူးကျော်လာတဲ့အချိန် ငါ ဘာမှမလုပ်ဘဲ ထိုင်နေနိုင်မှာလဲ။ ငါ့ကိုပြော ... ဘယ်အချိန်လဲ။ ကူညီဖို့အတွက် အစွမ်းရှိသမျှ အားလုံးလုပ်ပေးမယ်”

“ဒီနေ့ည”

“အမ်း ... ငါပြောခဲ့တာကို ပြန်ရုပ်သိမ်းလို့ရသေးလား”

“မရဘူး”

အံ့ဖွယ်မြို့တော်ထဲရှိ တာ့ကျန်းနန်းဆောင်ထဲတွင်ဖြစ်သည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် လုကျိုး၏ကောင်းကင်ကျမ်းစာ စွမ်းအားသည် အဆပေါင်းများစွာ ပြန်ပြည့်နေပြီဖြစ်သည်။ တစ်ချိန်တည်းတွင် သူသည် အကြားစွမ်းအား၏အကန့်အသတ်ကို ချဲ့ထွင်ရန် ဆက်တိုက်ကြိုးပမ်းနေ၏။ စွမ်းအားအတွက် ဂါထာများကို မှတ်ထားပြီး ၎င်းကို အသုံးပြုကြည့်နေသည်။

သူသည် စနစ်မျက်နှာပြင်ကို ထပ်ဖွင့်လိုက်၏။

ကုသိုလ်မှတ် = ၆၆၂၀၃

ထပ်တိုးလာသည့် ကုသိုလ်မှတ်များသည် ယွီရှန်းရုန်ဆီမှဖြစ်သည်။

လုကျိုးသည် သူ၏ကုသိုလ်မှတ်များကို ကြည့်ပြီးခေါင်းခါလိုက်၏။ ယခုအချိန်တွင် ယွီကျန့်ဟိုင် အခြေအနေ မည်သို့ရှိကြောင်းသိချင်၏။

ဒီငမိုက်သား ... စာပြန်ရေးတော့ သူသေမှာမလို့လား။

ခဏနေပြီးနောက် လုကျိုးသည် အသုံးပစ္စည်းစာရင်းကိုဖွင့်ကြည့်ပြီး ပြောလိုက်၏။

“ရွှေကြာဝယ်မယ်”

“တင်း ... ကုသိုလ်မှတ်ငါးသောင်းသုံးပြီးပါပြီ။ ရွှေကြာတစ်ခုရရှိပါပြီ”

အစက သူသည်၎င်းကို ချက်ချင်းအသုံးပြုချင်ခဲ့၏။ သူ၏ကျင့်ကြံဆင့်တိုးတက်ချိန်တွင် အသုံးပစ္စည်းကတ်များ၏ တန်ကြေးတိုးသွားကြောင်း အမှတ်ရသွားချိန်တွင် နောက်ထပ်ကုသိုလ်မှတ်တစ်သောင်းသုံးပြီး အသေရိုက်ချက်ကတ်တစ်ကတ်ဝယ်လိုက်သည်။ ၎င်းကို သူ၏နောက်ဆုံးဝှက်ဖဲအနေဖြင့် သိမ်းထားနိုင်၏။ ဝယ်ယူပြီးနောက် သူ နောက်ဆုံးတွင် ပြောလိုက်သည်။

“ရွှေကြာကို သုံးမယ်”

ခဏအကြာတွင် အသုံးပစ္စည်းကတ်က သူ့နားရှိ ကြယ်အလင်းစက်များအတွင်း ပျံဝဲနေသည်။ နောက်ဆုံးတွင် သူစွမ်းအင်ဗဟိုချက်၏ချီပင်လယ်တွင် စုဝေးလာတော့သည်။ စွမ်းအင်ဒီရေလှိုင်းတို့က ပေါ်ထွက်လာပြီးနောက် ပင်လယ်လှိုင်းပမာ မြင့်တက်လာ၏။ ဝေ့တက်လာသော ကနဦးချီက အရှေ့ဖက်သို့ပေါက်ကွဲထွက်လာပြီး သူ့စွမ်းအင်ဗဟိုချက်၏ ဒီရေလှိုင်းပမာ တိုးဝင်လာသည်။ တစ်ချိန်တည်းတွင် သူ၏စိတ်နှလုံးက ငြိမ်းချမ်းနေ၏။ တာ့ကျန်းနန်းဆောင်နားတဝိုက် လေတိုက်ခတ်သံက သူ့နားထဲရှင်းရှင်းလင်းလင်းကြားနေရသည်။

တာ့ကျန်းနန်းဆောင်ထက်တွင် တိုင်များကွဲထွက်သွား၏။ ကနဦးချီက ပရမ်းပတာဖြစ်သွားလျက် လုကျိုးနား စုဝေးလာသည်။

ထိုစဉ် ကျူးထျန်းယွမ်က ကျူးဟုန်ကုန်း၏ကိုယ်အလေးချိန်ကိုပံ့ပိုးပေးနေ၏။ သူတို့က တာ့ကျန်းနန်းဆောင်နားတွင်ရှိနေတာဖြစ်သည်။

ဝေ့တက်လာသော ကနဦးချီများကို တွေ့သောအခါ ထိတ်လန့်သွားလေ၏။

“ငါ့သား တာ့ကျန်းနန်းဆောင်က ဒုက္ခတွေ့နေပြီ” ကျူးထျန်းယွမ်က အထိတ်တလန့်ပြောလိုက်သည်။

“တည်တည်ငြိမ်ငြိမ်နေ”

ကျူးဟုန်ကုန်းက ကျူးထျန်းယွမ်ကိုဆွဲလိုက်သည်။ သူက နာကျင်မှုကိုတောင့်ခံကာ ပြောလိုက်သည်။

“ဒီမှာအသစ်ဆိုတော့ ဘာမှမသိလောက်ဘူး။ ဒါမျိုးကိစ္စကြုံတွေ့ရတိုင်း ငြိမ်ငြိမ်လေးနေရမယ်”

“ငါ့သား မင်းက မသိတတ်လိုက်တာ။ တစ်စုံတစ်ယောက် ပွင့်ချပ်ပေါက်နေတာ ... ဖြစ်နိုင်တာက မင်းထက်ကြီးတဲ့သူတွေ ဖြစ်လောက်တယ်လေ။ သူတို့ဆီကသွားပြီး သင်ယူသင့်တယ်”

ကျုးထျန်းယွမ်က ပြောလိုက်၏။

“ခင်ဗျားက မသိတာ။ ကျုပ်ကိုကော ဘာမှပြဿနာသွားမရှာနဲ့”

“ဒါက မင်းအဖေကို ပြောသင့်တဲ့ပုံစံလား။ ငါ မင်းထက်အသက်အများကြီး ကြီးတယ်”

ကျူးထျန်းယွမ်က အကြီးတစ်ယောက်သွင်ပြင်ဖြင့်ပြောလိုက်၏။

“တစ်စုံတစ်ယောက်က ပွင့်ချပ်တစ်လွှာပေါက်ရုံပဲလေ။ ဘာမှ မဟုတ်ဘူး။ အရင်တုန်းက မိစ္ဆာအိုကြီးကျိ ပွင့်ချပ်တစ်လွှာပေါက်တာကိုကြည့်ခဲ့တာ။ သူ့တပည့်တွေဆို အေးဆေးပေါ့”

ဖုန်း

တာ့ကျန်းနန်းဆောင်က မိုးခြိမ်းသံကပေါ်ထွက်လာသည်။ “ထွက်သွား”

…

အခန်း(၆၂၀) ပွင့်ချပ်ခြောက်လွှာ မျှော်နန်းသခင်

အပြောစွမ်းရည်ကို ရရှိဖို့ ကမ္ဘာအသီးသီးမှ သက်ရှိများ၏ ဘာသာစကားကို နားလည်ထားရမည်။

အပြောစွမ်းရည်ကို ထုတ်မသုံးခင် လေထုထဲ မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။ ဤသည်က အားကောင်းလွန်းလှ၏။

အပြာရောင် ကောင်းကင်ကျမ်း ထူးခြားအံ့ဖွယ်စွမ်းအားက ကျူးထျန်းယွမ်နှင့် ကျူးဟုန်ကုန်းတို့ကို ထိခတ်လာသည်။ သူတို့က စက်ဝန်းပြတ်သဏ္ဌာန် လွင့်စဉ်သွားပြီး မြေပေါ် ပြန်လည်ပြုတ်ကျလာသည်။

“အား” ကျူးဟုန်ကုန်း၏ ယခငဒဏ်ရာက မသက်သာသေးသည့်အတွက် ဒဏ်ရာပိုရသွားသည်။ သူက နာကျင်မှုကြောင့် ရှုံ့တွကာ မျက်နှာတွင် ချွေးများနစ်နေ၏။

ကျူးထျန်းယွမ်က အံ့အားသင့်သွားသော်လည်း အခြေအ‌နေ ကောင်းနေသေးသည်။ သူက ကျူးဟုန်ကုန်းအား ကူပေးလိုက်ပြီး ကျင်းဟယ်နန်းဆောင်သို့ ထော့နဲ့ထော့နဲ့ဖြင့် သွားလိုက်ကြသည်။

သူတို့ ကျင်းဟယ်နန်းဆောင်ထဲ ရောက်သွားသည့်အခါ နှစ်ယောက်သား စိတ်သက်သာရာ သက်ပြင်းချလိုက်ကြသည်။ နှစ်ဦးသား ကိုယ့်ရင်ဘတ်ကို ပုတ်လိုက်ကြ၏။

“ တောင်းပန်ပါတယ်ဗျာ … ကျွန်တော်ကို ဆွဲမချပါနဲ့တော့။ ခင်ဗျား ဒီမှာမရှိရင် ကျွန်တော်က ရေထဲက ငါးတစ်ကောင်လို အကုန်အဆင်ချောနေတာ။ အခု ခင်ဗျား ရောက်လာမှ ကံဆိုးမိုးမှောင်ကျနေရောပဲ။ စည်းမျဉ်းတွေကို ချိုးဖောက်နေရတယ် ” ကျူးဟုန်ကုန်းက တောင်းဆိုလိုက်သည်။

ကျူးထျန်းယွမ်က နဖူးမှ ချွေးများကို သုတ်ကာ စိတ်ငြိမ်ငြိမ်ထားပြီး ပြောလိုက်သည်။

“ဒါက မတော်တဆပါကွာ။ ငါတို့ဆက်ဆံရေးက သူအတွက် ဘာမှမဟုတ်ဘူးလို့ မထင်ခဲ့မိဘူး။ ဒီနေ့ခေတ် လူသားတွေက အကျင့်ပျက်လာကြပြီ။ ငါ့သား ငါနဲ့အတူတူ ရှေးဟောင်းသူတော်စင်ဂိုဏ်းကို ပြန်လိုက်ခဲ့ပြီး တော်ဝင်သခင် ရာထူးကို ယူလိုက်ပါလားကွာ။ မင်း ဘာမှလိုအပ်မှာ မဟုတ်ဘူး။ မင်း ငါ့ကို ခပ်ဝဝ မြေးလေးတစ်ယောက်တောင် ပေးနိုင်ဦးမယ်။ အဲလိုဆိုရင် ဒီမှာ နေ့တိုင်းအရိုက်ခံပြီး နေရတာထက် ပိုမကောင်းဘူးလား ”

“ထားလိုက်ပါတော့ … ကျွနတော်ကို လှည့်စားမနေနဲ့။ အဲလိုကောင်းတာမျိုးက ကျွန်တော်အတွက် ဖြစ်လာမှာ မဟုတ်ဘူး” ကျူးဟုန်ကုန်းက ကျူးထျန်းယွမ်ကို မယုံပေ။ သူ ခေါ်ဆောင်သွားခံရစဉ်အခါက ကျန့်ပုသည် တစ်ယောက်ယောက်က ရှေးဟောင်းသူတော်စင်ဂိုဏ်းကို တပ်မက်နေသည်ဟု ပြောသံကြားခဲ့ရသည်။

ကျွန်တော်ကို လာလှည့်ဖျားချင်နေတာလား … ကျွန်တော်က ဦးနှောက်မသုံးနိုင်ဘူးလို့များ တကယ်ထင်နေတာလား

“မဟုတ်တာ … ငါက မင်းအဖေပါကွာ။ ကိယ့်သားကို မညာပါဘူး“

ဒေါက် ဒေါက် ဒေါက်

အခန်းတံခါးကို တစ်ယောက်ယောက်က လာခေါက်လေသည်။

ကျူးထျန်းယွမ်၏ မျက်နှာအထက် လေးနက်သည့ အမူအရာမျိုး ထွက်ပေါ်လာကာ တံခါးကို ဖွင့်လိုက်သည်။ သူက မိန်းကလေးနှစ်ဦးသည် အခန်းထဲ သိချင်စွာ ချောင်းနေသည်ကို မြင်လိုက်ရ၏။ သူက မေးလိုက်၏ “မင်းတို့က …”

“ပါ့ရှစ်ရှိုး ” ရှောင်ယွမ်အာနှင့် ခရုလေးတို့က ကျူးဟုန်ကုန်းကို တစ်ပြိုင်နက် နှုတ်ဆက်လိုက်ကြသည်။

ကျူးဟုန်ကုန်းက ပြန်ပြောလိုက်သည်။ “ အိုး ရှစ်မေ့တို့ … ”

ကျူးထျန်းယွမ်က ပြောလိုက်သည်။ “အိုး မင်းတို့က ငါ့သားရဲ့ ရှစ်မေ့လေးတွေကိုး ”

“ပါ့ရှစ်ရှိုးနဲ့ တွေ့ဖို့ ရောက်လာတာပါ။ တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် ကျွန်မကို ပြောလို့ရပါတယ်” ရှောင်ယွမ်အာက ပြောလိုက်သည်။

“ဒီလိုဆိုရင် ကျူးဟုန်ကုန်းရဲ့ ခြေထောက်ဆေးဖို့ ရေဇလုံတစ်ခုလောက် သွားယူပေးခဲ့စမ်းပါဦး ”

ကျူးထျန်းယွမ်က ကျူးဟုန်ကုန်း၏ အကြီးများကို အမိန့်မပေးနိုင်သော်လည်း အငယ်များကိုမူ အကြီးများကို လေးစားရမည့်အတွက် ပြောနိုင်လေသည်။ သူ့သား၏ အငယ်လေးတွေကို ရေဇလုံယူခိုင်းလိုက်ခြင်းက ပြဿနာ မဟုတ်လောက်ပေ။ ထို့အပြင် ဤသည်က ရှေးဟောင်းသူတော်စင်ဂိုဏ်းအတွင်း အငယ်များသည် အကြီးများကို လေးစားမှု ပြသည့်ပုံမျိုး ဖြစ်၏။ အသက်ကြီးသူများက ငယ်သူများကို စောင့်ရှောက်ပေးကြသည်။ ထို့ကြောင့် သူတို့က အတော်လေး အဆင်ပြေလှသည်။

ကျူးဟုန်ကုန်း “ …”

ရှောင်ယွမ်အာက မျက်မှောင်ကြုတ်ကာ သူမဘာသာ လက်ညှိုးထိုးပြလိုက်ပြီး “ကျွန်မလား”

“ အင်း သွားလေ ” ကျူးထျန်းယွမ်က လက်ဝေ့ပြလိုက်သည်။

“ အချိုတည်းစရာလေး ယူလာဖို့ မမေ့နဲ့ဦးနော်။ နန်းတော်ထဲက အချိုတည်းတာကို တစ်ခါမှ မစားဖူးသေးဘူး။ အဲဒါကြောင့် နည်းနည်း မြည်းစမ်းကြည့်ချင်တယ် ”

“ မဟုတ်ဘူး မဟုတ်ဘူး” ကျူးဟုန်ကုန်းက ကုတင်ပေါ်မှ အလျင်အမြန် ဆင်းကာ “ရှောင်ရှစ်မေ့ ငါ့ခြေထောက်ဆေးဖို့ ရေ မလိုဘူး ”

ကျူးထျန်းယွမ် “ …”

“ငါ့သား ဘာတွေလုပ်နေတာလဲ။ မင်းက အစ်ကိုကြီးလေ။ သွားပြီး နားလိုက် ”

ကျူးဟုန်ကုန်းက ပြောနေရင်း ငိုလုမတတ် ဖြစ်နေရှာသည် “ကျွန်တော် တောင်းပန်ပါတယ်။ သွားပါတော့ဗျာ။ ကိစ္စတွေကို ထပ်ဆိုးအောင် မလုပ်ပါနဲ့တော့။ ကျွန်တော် အတည်ပြောနေတာပါ ”

ရှောင်ယွမ်အာက ပြောလိုက်သည် “ ပါ့ရှစ်ရှိုး မလိုချင်တာ သေချာရဲ့လား”

“အင်း” ကျူးဟုန်ကုန်းက အလေးအနက် ပြောလိုက်သည်။

“အင်း အဲဆို ကောင်းကောင်းနားပါ။ တစ်ခုခု လိုတာရှိရင် ပြောလိုက်နော်။ စန်းရှစ်ရှိုးကို ရေယူခိုင်းလိုက်မယ် ”

“…”

ထို့နောက် ရှောင်ယွမ်အာက ခရုလေးအား ဆွဲကာ ကျင်းဟယ်နန်းဆောင်မှ ထွက်သွားလေသည်။

ကျူးထျန်းယွမ်က နည်းနည်း ခေါင်းမူးနေလေ၏။

ဒီမှာ ဝါစဉ်က ဘာလို့ရှုပ်ထွေးနေပါ့လိမ့် …

သူက သူ့သားကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့သားက သူ့အား ရန်သူလို စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။

“ထွက်သွားတော့ ”

…………….

တာ့ကျန်းနန်းဆောင်အတွင်း

လုကျိုးက သူ့ခန္ဓာကိုယ်ထဲမှ ကမ္ဘာဦးချီ အပြောင်းအလဲကို လေ့လာနေသည်။ သူက ဒီနေရာကို ရောက်လာပြီး ကျင့်ကြံဆင့် ပျောက်ဆုံးသွားကတည်းက သူ့ကျင့်ကြံဆင့် တိုးတက်နှုန်းသည် ကန့်သတ်ချက် ရှိလာသည်။ ထိုမတိုင်ခင် သူ့ဘာသာ ကျင့်ကြံနှုန်းက အလွန်နှေးကွေးလှ၏။ သူက စနစ်မှ စိတ်ဝိညာဉ်သဏ္ဌာန်များကို တိုက်ရိုက်ဝယ်ယူခဲ့ရသည်။

သူ့သက်တမ်းကို နှစ်တစ်ရာအထိ ပြန်ပြောင်းပြီးနောက် ရုပ်ပိုင်းစွမ်းရည်တချို့ ရလာခဲ့သည်။ သူက အမြန်နှုန်းကို တိုးမြင့်သင့်ပြီး ထိပ်ဆုံးသို့ မြန်မြန် ပြန်ရောက်ဖို့ ဆုံးဖြတ်ခဲ့သည်။

လုကျိုးက ကြာဖြတ်တောက်ရေးခေတ်ကာလသည် အပြောင်းအလဲ ဖြစ်တော့မည်ဟု ခံစားမိနေ၏။ သူက ပွင့်ချပ်ကိုးလွှာအဆင့်ကို မြန်မြန် ရောက်ရမည်။

သူက လက်ကိုမြောက်ကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ပွင့်ချပ်ငါးလွှာက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ဘေးနား ဝေ့ပတ်နေသည်။ ခဏအကြာတွင် အလင်းကွင်းက လက်ကောက်ဝတ်အထိ ဆင်းလာသည်။ ထိုစွမ်းအားက အားကောင်းလှ၏။

ပွင့်ချပ်တစ်လွှာက ရွှေကြာဘေးဘက်တွင် ထွက်ပေါ်လာသည်။ ခြောက်လွှာမြောက် ပွင့်ချပ် ထွက်ပေါ်လာခဲ့လေပြီ။ ဆိုလိုသည်မှာ သူ့ကျင့်ကြံဆင့်သည် ယခုအခါ ပွင့်ချပ်ခြောက်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်သို့ ရောက်သွားလေပြီ။

လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူက လက်ကို ဆုပ်လိုက်သည့်အခါ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားသည်။

ရွှေရောင်အလင်းတန်းက ပျောက်ကွယ်သွားပြီး နန်းဆောင်၏ အတွင်းပိုင်းက နဂိုအရောင်သို့ ပြောင်းလဲသွားသည်။

လုကျိုးက မတ်တတ်ရပ်လိုက်ပြီး ခန္ဓာကိုယ်မှ အပြောင်းအလဲများကို စစ်ဆေးကြည့်လိုက်သည်။ သူ့အလိုလိုသိစိတ်က သူသည် ကံစမ်းမဲ စမ်းကြည့်လျှင် ကံကောင်းလိမ့်မည်ဟု ပြောနေလေ၏။

“ကံစမ်းမဲ ”

“တင်း … ကုသိုလ်ရမှတ် ငါးဆယ်ကျသင့်ပါတယ်။ ပါဝင်ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှု +တစ်မှတ် ”

ကောင်းပြီ …ငါ ဒေါသမထွက်ဘူး

“ ကံစမ်းမဲ ”

“တင်း … ကုသိုလ်ရမှတ် ငါးဆယ်ကျသင့်ပါတယ်။ ပါဝင်ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှု +နှစ်မှတ် ”

လုကျိုးက ရပ်တန့်လိုက်သည်။ သူက ဒေါသမထွက်ပေ။

တကယ်ပါ …

အတွေးအခေါ် ပညာရှင်တစ်ဦးက ပြောခဲ့ဖူးသည်။

အခက်အခဲ ကြုံတွေ့တိုင်း ဒေါသမထွက်သင့်ပေ။ တည်ငြိမ်နေဖို့ လိုအပ်၏။ အကယ်၍ တစ်ယောက်ယောက်က ချောက်နက်ကို စိုက်ပြီး ပြုံးကြည့်နေလျှင် ချောက်နက်ကလည်း …

ထားလိုက်ပါတော့ …

လုကျိုးက ကံစမ်းမဲ မစမ်းခင် အပြင်ဘက်တစ်ခေါက် သွားဖို့ ဆုံးဖြတ်လိုက်သည်။

……………

တစ်ချိန်တည်းဆိုသလို

ကောင်းကင်ကျုံး၏ မိုင်တစ်သောင်းအကွာ မြောက်ဘက်တစ်နေရာတွင်

ယွီရှန်းရုန်က လူငယ်လေး ယွီကျန့်ဟိုင်ကို မြေပေါ် ချပေးလိုက်သည်။ သူ့ကျင့်ကြံဆင့်က မြင့်မားသော်လည်း ခရီးစဉ်တစ်လျှောက် အလျှင်လိုမှုကို ခံစားနေရသည်။ သူက အရှိန်မြင့်မြင့် ပျံသန်းနေရင်း နောက်လူတစ်ယောက်ကိုပါ စွမ်းအားဖြင့် ကာကွယ်ပေးထားရသေးသည်။

သူတို့ဆင်းသက်လိုက်သည့်အခါ ယွီရှန်းရုန်က တင်ပျဉ်ခွေထိုင်လိုက်ပြီး အသက်ရှုနှုန်းကို ထိန်းညှိကာ အနားယူလိုက်သည်။

လူငယ်လေး ယွီကျန့်ဟိုင်က မျက်လုံးဖွင့်လာကာ “ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ ”

“အရှေ့ပိုင်း ရို့လီရဲ့ တောင်ကြားထဲ ” ယွီရှန်းရုန်က မျက်လုံးမှိတ်ထားလျက် ပြန်ဖြေလိုက်သည်။

“တာ့ယန်ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ”

“လဝက်လောက် ”

“အဲလောက်တောင်လား”

ယွီရှန်းရုန်က မျက်လုံးဖွင့်လာကာ ခပ်ယဲ့ယဲ့ အပြုံးဖြင့် ပြောလိုက်သည်။ “ တကယ်လို့ မင်းသာ ကျင့်ကြံဆင့် ရှိရင် ငါတို့တွေ အချိန်တစ်ဝက်လောက်ပဲ ကြာမှာ။ အဲလိုမဟုတ်ရင်တော့ … ”

လူငယ်လေး ယွီကျန့်ဟိုင်က သူ့လက်သူ ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည် “ကျင့်ကြံဆင့် … ”

ယွီရှန်းရုန်က ပြုံးလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ကမ္ဘာဦးချီ ပြန်ပြည့်အောင် အားဖြည့်လိုက်သည်။

လူငယ်လေး ယွီကျန့်ဟိုင်က ခေါ်လိုက်သည် “တာ့ရှစ်ရှိုး ”

“ပြော ” ယွီရှန်းရုန် မျက်လုံးမှိတ်ထားဆဲ ဖြစ်၏။ သူက ယွီကျန့်ဟိုင်၏ တာ့ရှစ်ရှိုး အခေါ်ခံရသည်ကို သဘောတွေ့နေဟန်ပေါ်သည်။

“ဘာလို့ ကိုယ့်ဘာသာ တစ်ယောက်တည်း မပြန်လိုက်တာလဲ” ယွီကျန့်ဟိုင်သည် ကျင့်ကြံဆင့် ပျောက်ဆုံးကာ လူငယ်လေးအရွယ် ပြန်ဖြစ်နေသော်လည်း သူသည် သာမန်လူနှင့် ယှဉ်လိုက်လျှင် သူစိမ်းများအပေါ် သတိကြီးကြီးထားနေသေးသည်။

“ငါသွားရင် မင်း သေသွားလိမ့်မယ်” ယွီရှန်းရုန်က ပြောလိုက်သည်။

“ မသေပါဘူး ”

“ ကြံ့ခိုင်ချင်ယောင်ဆောင်မနေနဲ့။ အဲဒါ လူသားမပီသဘူး။ ဒါက မင်း ကြံ့ခိုင်ချင်ယောင်ဆောင်ရမဲ့ နေရာ မဟုတ်ဘူး။ ကြည့်လိုက် …”

သစ်ပင်ထိပ်ဖျားအထက်မှ သားရဲပျံတစ်ကောင် ဖြတ်ပျံသွားလေသည်။ ထိုအမြီးက ရှည်လျားကာ လက်သည်းများက ထက်ရှနေပြီး မျက်လုံးများက လျှပ်စီးလို တလက်လက် တောက်ပနေသည် ကြည့်ရသည်မှာ ဧရာမ သန္ဓေပြောင်း ဇီးကွက်တစ်ကောင်နှင့် တူ၏။

ယွီကျန့်ဟိုင်က ထိုမကောင်းဆိုးဝါးကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်ဝါးက ချွေးများထွက်လာသည်။ မည်သို့ပင်ဆိုစေကာမူ သူ့တုံပြန်မှုက ရွယ်တူများအတွင်း တည်ငြိမ်နေလေသည်။ ဤသည်က ရှားပါးလှ၏။

သားရဲပျံက သူတို့နှင့် နီးကပ်လာသည့်အခါ အရှိန်မလျော့ဘဲ မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားသည်။

ယွီရှန်းရုန်က ထရပ်ကာ ပြောလိုက်သည်။ “ သွားကြစို့ ”

လူငယ်လေး ယွီကျန့်ဟိုင်က ထရပ်လိုက်သည်။ ယွီရှန်းရုန်၏ အကူအညီဖြင့် နှစ်ယောက်သား တောင်ကြားမှ ပျံသန်းထွက်လာကြသည်။

………….…

မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်ဆုံးသွားလေသည်။ တောင်ကြားအဆုံးသတ်က သူတို့ရှေ့တွင် ရှိနေ၏။

လူငယ်လေး ယွီကျန့်ဟိုင်က တောအုပ်အား ကြည့်ကာ မေးလိုက်သည် “ တာ့ရှစ်ရှိုးလိုမျိုး ကျင့်ကြံဆင့် ရလာဖို့ ဘယ်လောက်ကြာမှာလဲ”

“အကြာကြီးပေါ့” ယွီရှန်းရုန်က ပြန်ဖြေလိုက်သည်။ ဤသည်က သိသာလှသည်။

သို့သော်လည်း လူငယ်လေး ယွီကျန့်ဟိုင်က ဘာမှမပြောပေ။ ထို့အစား သူက နောက်မေးခွန်းကို မေးလာသည် “ ကျွန်တော် ရနိုင်မလား ”

“ရနိုင်တာပေါ့” ယွီရှန်းရုန်ကို သူ့တိုတိုတုတ်တုတ် အဖြေအတွက် အပြစ်မတင်သင့်ပေ။ အကြောင်းမှာ လူငယ်လေး ယွီကျန့်ဟိုင်က ခရီးတစ်လျှောက်လုံး မေးခွန်းများ မရပ်မနား မေးလာခဲ့၍ ဖြစ်သည်။

“ ကျွန်တော်လည်း အဲလိုထင်တယ်” ယွီကျန့်ဟိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ယွီရှန်းရုန်က ထွက်ပေါက်အား ကြည့်ကာ “ ရှေ့ ငါးမိုင်အကွာမှာ ပေတစ်သောင်းနက်နဲ့ ချောက်နက်ကြီးရှိတယ်။ သေချာကိုင်ထား ”

“အင်း” ယွီကျန့်ဟိုင်က စိတ်လှုပ်ရှားလာသည်။

ကျင့်ကြံသူတစ်ယောက်အတွက် ငါးမိုင်က ဘာမှမဟုတ်ပေ။

သို့သော်လည်း နှစ်ယောက်သားက တောင်ကြားမှ ထွက်သွားတော့မည့်ဆဲဆဲတွင် ကောင်းကင်က မည်းနက်လာသည်။ ထို့နောက် မြေပြင်ပေါ် ခရမ်းရောင်အလင်းကွင်းများ စတင်ပေါ်ထွက်လာ၏။

…

အခန်း (၆၂၁) နက်နဲတဲ့ကျင့်ကြံဆင့်ရှိတဲ့လူတစ်ယောက်က သူ အလိုရှိရာဘာမဆိုလုပ်နိုင်တယ်

များစွာတွေ့ကြုံပြီးနောက် ယွီရှန်းရုန်သည် မျက်မှောင်အနည်းငယ်မျှသာ ကျုံ့သွားလေ၏။ သူက သက်ရောက်မခံရဘဲ ရှေ့ဆက်တိုးသွား၏။

တစ်ဖက်တွင်မူ ယွီကျန့်ဟိုင်က အထိတ်တလန့် ပြောလိုက်၏။ “လို့လန်ရဲ့လူတွေ”

ယွီကျန့်ဟိုင်သည် လို့လန်၏လူများအသုံးပြုသည့်စုန်းအတတ်ကို သိတာ သိသာ၏။ ယွီရှန်းရုန် ထင်သည့်အတိုင်းပင် လို့လန်ဆီရောင်းချခံရခြင်းနှင့် အသတ်ခံရခြင်းက ယွီကျန့်ဟိုင်၏ စွဲလန်းမှု သံသရာကြောင့် သူ့ရင်ထဲတွင် စွဲထင်နေသည့် တစ်ခုတည်းသောအရာဖြစ်သည်။

“သေချာကိုင်ထား” ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်ကို သတိပေးလိုက်လေ၏။

“အင်း”

ယွီရှန်းရုန်က အရှိန်မြင့်လိုက်၏။ နှစ်ယောက်သည် ကောင်းကင်ထဲ၌ ကြယ်တံခွန်တစ်စင်းနှင့် တူနေတော့သည်။

ခရမ်းရောင်အငွေ့များသည် အဆိပ်များဖြစ်ပုံပေါ်၏။ ထူးဆန်းသောလက်တံများသည် ပတ်ဝန်းကျင်ဆီသို့ပျံလာ၏။

ယွီရှန်းရုန်က အာရုံစိုက်နေသေးကာ သူ၏မျက်လုံးတို့က ရှေ့ကိုသာ စူးစိုက်ကြည့်နေသည်။ တစ်ချိန်တည်းတွင် သူ၏စွမ်းအင်ကို သူ့ရှေ့၌ ကတော့ချွန်သဏ္ဌာန် အရံအတားတစ်ခု ဖွဲ့တည်လိုက်သည်။ သူတို့က ရှေ့သို့ အနည်းငယ်ငိုက်သွားလျက် သူတို့ လေဟုန်စီးလိုက်သည်။

“ရှေ့သွား” လူငယ်ယွီကျန့်ဟိုင်ကလည်း အတော်လေး ပျော့ပျောင်းသည်။

သို့သော် ယွီကျန့်ဟိုင် မတွေ့ခင် ယွီရှန်းရုန်က ခရမ်းရောင်အရံအတားကို တွေ့ပြီးတာ ဖြစ်သည်။ သူက အရှိန်မလျှော့ပေ။ ထိုအစား အရှိန်တင်လိုက်၏။

လူငယ်ယွီကျန့်ဟိုင်က ၎င်းကို မကြည့်ရဲသောကြောင့် အကြည့်လွှဲလိုက်၏။

ယွီရှန်းရုန်သည် သူ၏ဓားကို ရုတ်တရက်ဆွဲထုတ်လျက် ရိုက်ချလိုက်၏။

ဘန်း

သူ၏သက်တော်ရှည်ဓားသည် ရှေ့သို့ ရောက်သွားပြီးနောက် ခရမ်းရောင်အရံအတားကို ထိုးစိုက်သွားတော့သည်။ အနီရောင်ရုန်းများသည် စွမ်းအင်လက်တံများကို အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲလျက် အရံအတားသည် ဖန်ကဲ့သို့ ကွဲသွားတော့သည်။

ဤနည်းဖြင့် နှစ်ယောက်သားသည် အရံအတားကို အောင်မြင်စွာဖောက်ထွက်နိုင်ခဲ့၏။

မီတာတစ်ရာကျော်ခန့်သွားပြီးနောက် ယွီရှန်းရုန်သည် ရုတ်တရက်ရပ်တန့်လိုက်ရသည်။

စုန်းအတတ်အစီအရင်သည် အစပိုင်းသာရှိသေးသည်။

ကောင်းကင်ထဲတွင် သူတို့ရှေ့မီတာရာချီ၌ ခရမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူများက လှံများ ကိုင်ဆောင်လျက် အတန်းလိုက်ရပ်နေကြသည်။

ကျင့်ကြံသူများ၏အလယ်တွင် ဆံပင်ဖြူဖြင့် တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည့် ကျင့်ကြံသူတစ်ယောက်ရှိနေ၏။ သူက မုတ်ဆိတ်သပ်လျက် စုန်းအတတ်အစီအရင်ထဲမှ ထွက်လာသည့် ယွီရှန်းရုန်ကို ကြည့်လိုက်သည်။

ကျင့်ကြံသူများ၏နောက်၌ ပေတစ်သိန်းခန့်နက်သည့် ချောက်နက်ရှိသည်။ ချောက်နက်နှင့် မိုင်အနည်းငယ်အကွာ မျက်နှာချင်းဆိုင်တွင် ကောင်းကင်ကျုံးရှိ၏။ ကောင်းကင်ကျုံးကို ဖြတ်ကျော်ပြီးနောက် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် တာ့ယန်သို့ အောင်မြင်စွာပြန်သွားနိုင်တော့မည်။ ယင်းက သိပ်မဝေးတော့ပေ။ နီးစပ်လွန်းနေပြီ ဖြစ်သော်ငြား ဝေးနေသေး၏။

ယွီကျန့်ဟိုင်က မျက်လုံးဖွင့်လိုက်ရှေ့ကိုကြည့်လိုက်၏။ "လို့လန်က လူတွေ ပိုများလာတာလား”

ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်ကို ပြန်မဖြေပေ။ ထိုအစားသူ လက်ဝေ့ယမ်းလိုက်၏။ စွမ်းအင်စည်းတံဆိပ်နှစ်ခုက ပေါ်ထွက်လာသည်။ တစ်ခုက သူ့ဆီရောက်သွားပြီး နောက်တစ်ခုက လူငယ်ယွီကျန့်ဟိုင်ပေါ် ထိသွားသည်။

တောင်ဝှေးဖြင့် အဘိုးအိုက လေသံအတက်အကျမရှိပြောလိုက်၏။ “ငါတို့နောက်ဆုံးတော့တွေ့ပြီ”

“ခင်ဗျား ကံကောင်းတာပဲ” ယွီရှန်းရုန်က အထင်အမြင်သေးစွာပြောလိုက်၏။

အဘိုးအိုက ပြန်ပြောလိုက်၏။

“မင်း ငါ့ကို မမှတ်မိလောက်ဘူး။ ငါက လို့လန်က ဘာစီရာပဲ၊ လို့လန်ကနေ တာ့ယန်ကိုပြန်သွားဖို့ အကောင်းဆုံးလမ်းကြောင်း သုံးခုပဲရှိတယ်၊ ဆရာကြီး မင်းရဲ့စိတ်ထဲမှာ တစ်ခုခု လွဲချော်ကောင်းလွဲချော်နေနိုင်တယ်၊ ဒါပေမဲ့ ဂမ္ဘီရဉာဏ်ဆိုတာလည်း စုန်းအတတ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ” ဘာစီရာက ဖြည်းဖြည်းချင်း ပြောလိုက်၏။

လူငယ်ယွီကျန့်ဟိုင်က ခေါင်းခါပြီး ပြောလိုက်၏။

“ဂမ္ဘီရဉာဏ်အတွက် အောင်နိုင်ခြေက ငါးပုံတစ်ပုံပဲ ရှိတယ်။ လမ်းကြောင်းသုံးခုထဲမှာ ကြုံရာကျပန်း ရွေးရင်တောင် အဲ့ဒါကို မှန်းဆတာထက် လမ်းကြောင်းမှန်ကို ရနိုင်ခြေက ပိုမြင့်နေတာပဲ”

“…” ဘာစီရာ၏ မျက်ခွံက တွန့်သွားလေ၏။ သူက လေထဲပျံဝဲနေသော လူငယ်လေးကို တစ်ချက်ကြည့်လိုက်သည်။ "သေမျိုးတစ်ယောက်လား”

ယွီရှန်းရုန်က ခပ်ရေးရေး ပြောလိုက်သည်။ “တကယ်ပဲ သေမျိုးတစ်ယောက်”

“မောင်ရင် မင်းက သတ္တိရှိသားပဲ။ အလိုလေး … မင်းက ကျင့်ကြံခြင်းလောကနဲ့ ဘာမှမသက်ဆိုင်တဲ့ လူတစ်ယောက်ပဲ။ ကျင့်ကြံခြင်းက ဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာ မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး” ဘာစီရာက ပြောလိုက်သည်။

ယွီရှန်းရုန်သည် သူ၏တာ့ရှစ်ရှိုးကို တစ်ချက်ကြည့်လိုက်၏။ အချို့သောအကြောင်းအရင်းကြောင့် သူ၏မျက်နှာထက်တွင် အပြုံးပေါ်လာပြန်၏။

ဘာစီရာက မုတ်ဆိတ်သပ်လျက်ပြောလိုက်သည်။

“ဘာကများ ခင်ဗျားကို ရယ်စေတာလဲ လူကြီးမင်း”

“ကျုပ် တောင်းပန်ပါတယ်။ မကောင်းတဲ့စိတ် မရှိပါဘူး။ ခင်ဗျား ပြောလိုက်တာက စိတ်ဝင်စားစရာကောင်းတယ်လို့ တွေးနေမိရုံပါ။ အရင်တုန်းက ကျုပ်ကိုယ်တိုင်တောင် အဲ့လိုပြောမှာ မဟုတ်ဘူး” ယွီရှန်းရုန်က ပြောလိုက်၏။

ဘာစီရာက ဇဝေဇဝါဖြစ်သွားသည်။ လူငယ်လေးသည် သေမျိုးတစ်ယောက်မျှသာဖြစ်သည်။ အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။ အဆုံးကျ သူသည် ယွီရှန်းရုန်ကို ကြည့်ပြီးပြောလိုက်တော့၏။

“ရှည်လျားတဲ့ဇာတ်ကြောင်းပဲ။ ကျင့်ကြံခြင်းအရာမှာ မင်းက လူတွေကြားထဲ မြင့်မားတယ်ဆိုတာ ဝန်ခံတယ်။ ဒါပေမဲ့ တိုင်းပြည်အကျိုးအမြတ်အတွက် မင်းကို ကောင်းကင်ကျုံးကို ကျော်ဖြတ်ခွင့်မပေးနိုင်ဘူး”

“ကျုပ်က ယုံကြည်ချက်ရှိတဲ့သူတွေကို သဘောကျတယ်။ ကျုပ်ရဲ့ဒီဓားကို သဘောကျလိမ့်မယ်လို့ မျှော်လင့်မိတယ်” ယွီရှန်းရုန်သည် သူ၏ညာလက်ကို အနည်းငယ်မြှောက်လျက် သက်တော်ရှည်ဓားကို ဆွဲထုတ်လိုက်သည်။

ဓားအိမ်သည် ယွီကျန့်ဟိုင်ဆီ ရောက်သွားသည်။

ယွီရှန်းရုန်က သူ့ကိုလှည့်ကြည့်လိုက်သည်။

“ဒါကို ငါ့အတွက် ဂရုစိုက်ထားပေး”

“ဟုတ်ပြီ” လူငယ်ယွီကျန့်ဟိုင်က ဓားအိမ်ကို လှမ်းဖမ်းလိုက်စဉ် သူ့အသက်အရွယ်နှင့်မလိုက် လှမ်းပြောလိုက်၏။

ယွီရှန်းရုန်က ပြုံးပြီးခေါင်းညိတ်လိုက်၏။ သူ၏လက်ကို ပိုမြင့်မြင့်မြှောက်လိုက်တော့သည်။ သက်တော်ရှည်ဓား၏ ဓားသွားပေါ်ရှိ ကြက်သွေးရောင်ရုမ်းများက တောက်ပလာတော့သည်။

“အစီအရင်ကို အသက်သွင်း” ဘာစီရာက သူ၏တောင်ဝှေးကို ဝေ့ယမ်းလိုက်တော့သည်။

သူနောက်ရှိ နတ်ဆရာတစ်ဒါဇင်ခန့်က လေထဲသို့ ခရမ်းရောင် ရောင်ခြည်လုံးများ ပစ်လွှတ်တော့သည်။

ထိုအလုံးများ ကျဆင်းလာပြီးနောက် ခရမ်းရောင် ရောင်ခြည်စက်ဝိုင်းများဖန်တီးတော့သည်။

သက်တော်ရှည်ဓားက ငါ့ကို ဆယ်ကူ။ မရေမတွက်နိုင်သည့် စွမ်းအင်ဓားသွားများအဖြစ် ကွဲထွက်သွားပြီးရှေ့သို့ရောက်သွားသည်။

“မြန်လိုက်တာ”

“တာ့ယန်ရဲ့ဓားနတ်ဆိုးကတော့ ဓားနတ်ဆိုးပါပဲ” ဘာစီရာသည် ကြိုတင်တွေးဆထားပြီးသား ဖြစ်ပုံပေါ်၏။ သူ၏တောင်ဝှေးကို ဆောင့်ချလိုက်၏။ “ဖြိုခွဲ” ခရမ်းရောင်ကွင်းများက ပေါင်းစည်းသွားပြီးနောက် ကောင်းကင်ကားလိပ်က ကျဆင်းလာသည်။

ဘန်း ဘန်း ဘန်း

ခရမ်းရောင်ရောင်ခြည်စက်ဝိုင်းများသည် စွမ်းအင်ဓားများကို ပိတ်ဆို့လိုက်၏။ စွမ်းအင်ဓားများသည် တောက်ပနေသည့် ခရမ်းရောင်အဝိုင်းများကို ဖယ်ခွာနေသည်။

ယွီရှန်းရုန်က အရှေ့သို့တက်လာသည်။ သူက လက်ဝါးနှစ်ဖက်ကိုပူးကပ်လိုက်၏။ သူ၏သက်တော်ရှည်ဓားက သူ့ရှေ့တွင်ပေါ်လာပြီးနောက် ဓားနှင့်အတူ ခုန်ဆင်းလိုက်တော့သည်။

“စိတ်ဝိညာဉ်သဏ္ဌာန်”

ပွင့်ချပ်မဲ့စိတ်ဝိညာဉ်သဏ္ဌာန်သည် ယွီရှန်းရုန်ရှေ့၌ ရုတ်တရက်ပေါ်လာ၏။

ဘာစီရာသည် ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်က ၎င်း၏လက်ဖဝါးပူးကပ်မှုနှင့်အတူ လှုပ်ရှားနေတာကို မြင်ချိန်၌ အံ့ဩသင့်သွား၏။ တကယ်ပဲ စိတ်ဝိညာဉ်သဏ္ဌာန်၏ပုံစံသည် ယွီရှန်းရုန်၏ပုံစံနှင့် တူညီလှပေ၏။

အဲဒါက လှုပ်နေတယ်။

ဘာစီရာက ထိတ်လန့်မှုကြောင့် မျက်လုံးများပြူးကျယ်နေကာ အက်ကွဲသောလေသံဖြင့် ထုတ်ဖော်ပြောလိုက်၏။ "မင်းရဲ့စွမ်းအင်ဓားကို မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ထိန်းချုပ်နေတာလား။ တာ့ယန်မှာ ဒီလိုမျိုးဓားထိန်းချုပ်ရေးနည်းလမ်းရှိတာလား”

ယွီရှန်းရုန်က ခပ်ရေးရေးပြုံးလျက် သူ၏ဓားကို ဆွဲချလိုက်သည်။

ဝှစ် ဝှစ် ဝှစ်

ယင်းက ဓားနတ်ဆိုးကံကြမ္မာ၏ အဆင့်မြင့်သိုင်းပဲ ဖြစ်သည်။ ဓားနတ်ဆိုး၏ ကံကြမ္မာဖိအားသည် ဒုက္ခမိုင်တစ်ရာရှုကွင်း၏ ထိန်းချုပ်မှုအောက်တွင် အစတိုးလာ၏။

စွမ်းအင်ဓားများ ရွာသွန်းကျလာပြီး ခရမ်းရောင်ဒိုင်းကို လျင်မြန်စွာထိသွားတော့သည်။

စွမ်းအင်ဓားက ထိမိသွားချိန်တိုင်းတွင် ခရမ်းရောင်ရောင်ခြည်စက်ဝိုင်းက အလင်းဖျော့သွားသည်။

ယွီရှန်းရုန်၏မျက်လုံးက သူ၏ပစ်မှတ်များဆီတွင်သာ ရှိနေ၏။ ထိုနတ်ဆရာများအစွမ်းထက်ပုံကို သူ ခံစားမိသည်။ သူတို့သည် ကျန်းယွမ်ရှန်းထက်တောင် ပိုအစွမ်းထက်သည်။ သို့သော် သူ၏အမူအရာက တည်ငြိမ်သည်။ ယုံကြည်ချက်ရှိနေ၏။

ဓားနတ်ဆိုးကံကြမ္မာ၏နောက်ဆုံးထိမှန်သွားချိန်၌ သူတို့ဓားစွမ်းအင်ရှစ်ခုသည် ခြွင်းချက်မရှိ တောက်ပလာ၏။

ဘန်း

စွမ်းအင်ဓားများသည် ခရမ်းရောင်အရံအတားနှင့် နတ်ဆရာများစွာ၏ရင်ဘတ်ကို ထိုးဖောက်သွားသည်။

ဘာစီရာက မျက်မှောင်ကြုံလိုက်လေ၏။

“စွမ်းအင်တစ်မျိုးတည်းနဲ့ ငါတို့ရဲ့ခုခံမှုကို ဖောက်လိုက်တယ်လား” ယွီရှန်းရုန်ဆီသို့ စွမ်းအင်ဓားရှစ်ခုပြန်ရောက်သွားတာကို သူ တွေ့လိုက်ရသည်။ သို့သော် အနီးကပ်စစ်ဆေးလိုက်ရာ သူတို့သည် စွမ်းအင်ဓားများမဟုတ် သူတို့က ရွှေရောင်ပွင့်ချပ်ရှစ်ခုဖြစ်နေသည်။

ရွှေကြာပွင့်များသည် လူသတ်ရန်အသုံးပြုနိုင်၏။ သူတို့၏ထက်မြေ့မှုက ကောင်းကင်အဆင့် လက်နက်ထက်သာသည်။ ယင်းက ယွီရှန်းရုန်ရှာဖွေတွေ့ရှိထားသည့် အစောဆုံးနည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။

နတ်ဆရာရှစ်ယောက်သည် ကောင်းကင်ပေါ်မှပြုတ်ကျလာ၏။

ပထမတစ်လှည့်က ယွီရှန်းရုန်အတွက် မဟာအောင်ပွဲတစ်ခုဖြစ်သည်။

သက်တော်ရှည်ဓားက သူ့ဆီပြန်ရောက်လာ၏။

လူငယ်ယွီကျန့်ဟိုင်က အထိတ်တလန့်ထုတ်ပြောလိုက်သည်။

“ရှစ်ရှိုးရဲ့ဓားသိုင်းက ကျုပ်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ”

“အဲ့လိုလား” ယွီရှန်းရုန်သည် သူ၏တာ့ရှစ်ရှိုး သူ့ကိုချီးကျူးနေတာကို ကြားသောအခါ စိတ်ထဲကျေနပ်သွားသည်။

“ကျုပ် အရင်က မြင်ဖူးတဲ့ဟာတွေက အလွန်ဆုံးမှ သစ်ပင်တွေပဲဖြတ်နိုင်တာ”

“…” ဘာစီရာ၏လေသံတွင် မယုံနိုင်မှုများပြည့်နေ၏။ သူကပြောလိုက်၏။ “ဒီတော့ မင်းက ပွင့်ချပ်ရှစ်လွှာအဆင့် ပြန်ရောက်သွားပြီပေါ့”

ယွီရှန်းရုန်က ဇဝေဇဝါဖြစ်ကာမေးလိုက်တော့သည်။

“ဘာအံ့ဩစရာရှိလို့လဲ။ ကျုပ် ပွင့်ချပ်ရှစ်လွှာအဆင့်ကို ပြန်ရောက်သွားတာထက်ပိုပြီး ပုံမှန်ဖြစ်တဲ့ကိစ္စရှိသေးလို့လား”

“…” သူတို့ပထမဆုံးထိပ်တိုက်ရင်ဆိုင်မှု၌ လူရှစ်ယောက်သေဆုံးခဲ့သည်။ ဘာစီရာသည် ၎င်းကို လက်ခံဖို့ခက်ခဲနေ၏။

“မင်းမှာနက်နဲတဲ့ကျင့်ကြံဆင့်ရှိတာကြောင့် မင်းဘာမဆို လုပ်လို့ရမယ်လို့များထင်နေလား” ဘာစီရာက သူ၏လက်ကိုထပ်မံဝေ့ယမ်းလိုက်၏။

လို့လန်သားများက သူတို့လှံကိုမြှောက်လိုက်၏။ လှံများသည် ခရမ်းရောင် ရောင်ခြည်စက်ဝန်းများ ရစ်ပတ်ထား၏။

ကျန်သည့်နတ်ဆရာများက ခရမ်းရောင်ရုန်းများကိုထုတ်ဖော်လျက် အလင်းရောင်က ပိုထွန်းလင်း တောက်ပလာတော့သည်။

ယွီရှန်းရုန်သည် သက်တော်ရှည်ဓား၏ဓားရိုးကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ထူးမခြားနား ပြောလိုက်၏။ "ကျုပ် တောင်းပန်ပါတယ်။ နက်နဲတဲ့ကျင့်ကြံဆင့်ရှိတဲ့ လူတစ်ယောက်က တကယ်ပဲ သူ ဆန္ဒရှိတာ ဘာမဆိုလုပ်နိုင်တယ်လေ” ပြီးနောက် သူသည် အရှေ့သို့အနည်းငယ်ငိုက်လျက် နတ်ဆရာများဆီသို့တစ်ဟုန်ထိုးတက်သွားတော့သည်။

All Chapters