← Chapters

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း (၆၂၂) မင်း သဘောအတိုင်းပဲ

အမှန်တော့ ယွီရှန်းရုန်သည် ယန်စီရင်စုတိုက်ပွဲတွင် သူ့အင်အားကို ဖုံးကွယ်ထားခဲ့လေသည်။ သူ စစ်သူကြီးရှစ်ယောက်ထဲမှ မာလုဖျင်နှင့် တိုက်ခိုက်နေစဉ်အတွင်း သူသာ ပွင့်ချပ်ခြောက်လွှာအဆင့် ဖြစ်နေလျှင် ဤသို့သော တိုက်ပွဲရေးရာ ကျွမ်းကျင်သည့် ပွင့်ချပ်ရှစ်လွှာ မာလုဖျင်နှင့် အချိန်အကြာကြီး မည်သို့တိုက်ခိုက်နိုင်မည်နည်း။ သူက ယုံကြည်ချက်ရှိသော်လည်း မဆင်မခြင် မလုပ်ပေ။

ယွီရှန်းရုန်က နွံတောကို စောင့်ကြပ်ရင်း ၄၉ ရက်တာအတွင်း ဆက်တိုက် လေ့ကျင့်နေခဲ့သည်။ နွံ့တော၏ ထူးခြားသည့် ဂုဏ်သတ္တိများက ယွီရှန်းရုန်အား အဆင့်တက်လှမ်းဖို့ အခွင့်အရေ ပေးလာသည်။ ပွင့်ချပ်ရှစ်လွှာအဆင့်သို့ ပြန်ရောက်ပြီးသည့်နာက်တွင် သူက မရင်းနှီးသလို နေရခက်သလို မခံစားခဲ့ရပေ။ သူက အလျှင်အမြန် လှုပ်ရှားလိုက်၏။ သူ့အမြန်နှုန်းက အထွတ်အထိပ်အခြေအနေမှာ ရှိစဉ်ကကဲ့သို့ နီးကပ်လာလေပြီ။

တစ်ချိန်တည်းဆိုသလို ခရမ်းရောင်အလင်းတန်း လွှမ်းခြုံထားသည့် လှံများစွာက ယွီရှန်းရုန်ဆီ တိုးဝင်လာကြသည်။

ထိုစဉ် ယွီရှန်းရုန်က မြင်ကွင်းမှ ပျောက်သွားသည်။

ဘာစီရာက စိတ်ထဲ လေးလံသွားသည်။ သူက အလွန်အမင်း ဒေါသထွက်လာသည်။ သူက ယခင်က လူများစွာ၏ အသက်ကို ယူခဲ့ဖူးသော်လည်း ယွီရှန်းရုန်နှင့် ရင်ဆိုင်သည့်အခါ သတိလက်လွတ်မနေရဲပေ။

သိပ်မကြာခင် ယွီရှန်းရုန်၏ ပုံရိပ်များစွာက ကောင်းကင်ထဲ ပြည့်နှက်လာသည်။

ဘန်း ဘန်း ဘန်း

ပုံရိပ်တစ်ခုချင်းစီက အသက်ရှည်ဓားကို ဝေ့ယမ်းလာကြသည်။

“နှင်းတောင်“

လှံများက နှင်းများကဲ့သို့ ကျဆင်းလာသည်။

နှင်းများကို ဓားဖြင့် လွဲခုတ်ခြင်းက ယွီရှန်းရုန် ငယ်စဉ်ကတည်းက လေကျင့်ခဲ့သည့် ဓားရေးတစ်မျိုး ဖြစ်၏။ ဤသည်က သူ့အတွက် ထိုးသွင်းဖို့၊ ပိုင်းဖြတ်ဖို့၊ ကြားဝင်ဖို့၊ ခုတ်ထစ်ဖို့ အားစိုက်ထုတ်စရာ မလိုပေ။ ဓားရေး၏ အခြေခံ လှုပ်ရှားပုံများကို သပ်သပ်ရပ်ရပ် လုပ်ဆောင်လိုက်သည်။

ခရမ်းရောင် အလင်းကွင်းက အသက်ရှည်ဓားကြောင့် ဖရဲသီးအလား နှစ်ပိုင်း ခွဲခံလိုက်ရပြီး လေထဲ လွှင့်ပျောက်သွားသည်။

လှံများက ပေတစ်သိန်းအနက်ရှိ ချောက်နက်ထဲ ကျရောက်သွားကြသည်။

ဘာစီရာက ဝေဟင်မှ ပုံရိပ်ကို စိုက်ကြည့်နေသည်။ ထိုစဉ် သူက တုတ်ချောင်းကို ဝေ့လိုက်ရင်း “ကာကွယ်ကြ”

တခြားသော ခရမ်းရောင်အလင်းနှင့် မတူသည့် အလင်းကွင်းတစ်ခုက ဘာစီရာဆီမှ ပျံ့နှံ့လာသည်။ ထိုအရာက ဝေဟင်လိုက်ကာ အသေးစားလိုမျိုး ဖြစ်၏။

နတ်ဆရာများသည် ခရမ်းနီရောင် အကာအရံဖြင့် ဝန်းရံထားသည်။

ထိုစဉ် လူငယ် ယွီကျန့်ဟိုင်က ယွီရှန်းရုန်၏ ဓားအိမ်ကို ကိုင်ဆောင်ထားဆဲ ဖြစ်၏။ သူ့မျက်ဝန်းအထက် ပြင်းပြသည့် စိတ်အားထက်သန်မှုတို့ ရှိနေသည်။ ဤသည်က သူ တခြားသူများထက် စိတ်အားထက်သန်စွာ လိုချင်ခဲ့ရသည့် စွမ်းအားနှင့် ကျင့်ကြံဆင့် ဖြစ်ပေသည်။ သူက အဆုံးအစွန် စွမ်းအားက ဘာနှင့်တူကြောင်း စိတ်ကူးကြည့်ခဲ့ဖူးသော်လည်း ယွီရှန်းရုန်၏ စွမ်းအားကို မြင်တွေ့လိုက်ရသည့်အခါ အံ့အားသင့်မိသွားဆဲ ဖြစ်၏။

သူက အိပ်ငွေ့ချခံလိုက်ရသည့် လူတစ်ယောက်လိုမျိုး ဖြစ်သွားကာ လမ်းမအထက် တခြားသူများနှင့် သူ့တိုက်ပွဲ မြင်ကွင်းများကို ပြန်လည် အမှတ်ရသွားသည်။ သူ့အစ်ကိုဖျင်အန်း၊ သူ လို့လန်သို့ ရောင်းစားခံခဲ့ရစဉ်အခါက ခက်ခဲမှုများ၊ ဗိုက်ပြည့်ဖို့အတွက် ပေါက်စီများကို တခြားသူများနှင့် လုယက်တိုက်ခိုက်ခဲ့ရခြင်းများကိုလည်း အမှတ်ရသွားသည်။ တစ်ရက် သူက အားကောင်းသည့် ကျင့်ကြံသူ ဖြစ်လာဖို့ မျှော်လင့်ထားသည်။ ဤသည်ကသာ တခြားသူများ၏ ခြေထောက်အောက် နင်းခြေခံရမည် မဟုတ်ပေ။ စွမ်းအားကသာ အနိုင်ကျင့်ခံရခြင်းမှ ကာကွယ်ပေးနိုင်သည်။

လူငယ် ယွီကျန့်ဟိုင်က ကောင်းကင်မှ စွမ်းအင်ဓားများကို ကြည့်ရင်း မျက်လုံးအပြူးသားဖြင့် ရေရွတ်လိုက်သည်။

“အရမ်းအားကောင်းလိုက်တာ ”

ကံဆိုးစွာဖြင့် ယွီရှန်းရုန်သည် ခရမ်းရောင် စုန်းမန္တန်များအပေါ် အာရုံအပြည့်အဝ စိုက်ထားသည့်အတွက် ထိုချီးကျူးမှုကို မကြားလိုက်ရပေ။

နှင်းတောင် အဆုံးသတ်သွားသည်နှင့် လှံများနှင့် ခရမ်းရောင် အလင်းကွင်းများက စွမ်းအင်ဓားများစွာအောက် အလွယ်တကူ ပျက်စီးသွားပြီး လေထဲ အမှုန့်ပမာ လွင့်ပြယ်သွားသည်။

ဝှစ်

ယွီရှန်းရုန်က ဆင်းသက်လာသည့်အခါ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ ပေတစ်ရာ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်က ရွှေရောင်လက်ကို လှုပ်ရှားလာသည်။

နတ်ဆရာများက ထိုအရာကို ကြည့်ကာ တအံ့တဩ ရေရွတ်လိုက်ကြသည်။

“မဖြစ်နိုင်တာ … ”

ဝုန်း

စိတ်ဝိညာဉ်သဏ္ဍာန်၏ ရွှေရောင်လက်ကြီးက အောက်သို့ ကျဆင်းလာသည်။

ခရမ်းရောင် အကာအရံက ချက်ချင်းဆိုသလို လှိုင်းတွန့်ထလာသည်။

ယွီရှန်းရုန်က တခြားလူများရှေ့ အသက်ရှည်ဓားကို ကိုင်ဆောင်လျက် ရပ်နေည်။ သူက ဓားသွားပေါ် လက်နှစ်ချောင်း တင်လိုက်ပြီး စိတ်ဝိညာဉ်သဏ္ဌာန်ကို သေချာထိန်းချုပ်လိုက်သည်။ သူက ခုန်အုပ်ဖို့ စောင့်ဆိုင်းနေသည့် ကျားတစ်ကောင်လို ဖြစ်၏။ အကာအရံ အက်လာသည်နှင့် သူက ချက်ချင်းဆိုသလို တိုက်ခိုက်လာလိမ့်မည်။

ထိုစဉ် ဘာစီရာက သူ့နှလုံးသားကို အပ်ဖြင့် ထိုးခံရသလိုမျိုး ဖြစ်လာကာ အမိန့်ပေးလိုက်သည်။

“ ယဇ်ပူဇော်ဖို့ ပြင်ကြ ”

နတ်ဆရာနှစ်ယောက်က အကာအရံ အလယ်သို့ ခုန်ဝင်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို မီးတောက်လောင်လာ၏။

ခရမ်းရောင် အကာအရံက ပိုမို ထူထပ်သွားကာ အလင်းရောင်က ပိုအားကောင်းလာသည်။ ထို့နောက် ခရမ်းရောင်မှ ပိုနက်လာသည်။

ဝုန်း

စိတ်ဝိညာဉ်သဏ္ဌာန်က ထပ်မံ၍ ပြင်းထန်စွာ ရိုက်လာပြန်သည်။

အကာအရံထက်တွင် လှိုင်းတွန့်များ ထွက်ပေါ်လာသည်။

ယွီရှန်းရုန်က အကာအရံသည် အားဖြည့်ထားကြောင်း မြင်လိုက်သည့်အခါ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။

“စိတ်ဝင်စားစရာပဲ”

သူက အသက်ရှည်ဓားကို လေထဲ မြှောက်လိုက်သည်။ သူ့အသက်ရှည်ဓားက ပြန်လည်ပြုတ်ကျလာပြီး လေထဲတွင် ဝေ့ဝဲနေသည်။ ထို့နောက် စိတ်ဝိညာဉ်သဏ္ဌာန်၏ လက်ထဲ ပျံသန်းသွားသည်။

စိတ်ဝိညာဉ်သဏ္ဌာန်က အသက်ရှည်ဓားကို ဆွဲကိုင်လိုက်သည်။

အသက်ရှည်ဓားက စွမ်းအားခန္ဓာကိုယ်ကြီး၏ ရစ်ပတ်ခံလိုက်ရသလိုမျိုး တောက်ပလာသည်။ ထိုအရာက အသက်ရှည်ဓားကို ပင်မအဖြစ် ထားကာ ဧရာမအရွယ် ဓားတစ်ချောင်း ဖွဲ့စည်းလာသည်။

ဘာစီရာ၏ မျက်နှာက နီရဲလာသည်။ ထိုအရာကို မြင်လိုက်သည့်အခါ သူ့အကြည့်များက အကြောက်တရားအပြည့် ဖြစ်လာသည်။

“စိတ်ဝိညာဉ်သဏ္ဌာန်ကို အဲလိုသုံးလို့ ရတယ်လား။ ငါ မင်းကို လျှော့တွက်ခဲ့တာပဲ”

ဘန်း

စိတ်ဝိညာဉ်သဏ္ဌာန်က ဓားဖြင့် လွဲခုတ်လိုက်သည်။ စွမ်းအင်ဓားက ခရမ်းရောင်အကာအရံကို အလွယ်တကူ ထိုးဖောက်သွား၏။

ခရမ်းရောင် အကာအရံက ပြိုကွဲသွားသည်။

“သွားပြီ … နောက်ဆုတ်ကြ” တစ်ယောက်က အော်ပြောလိုက်သည်။

ဘာစီရာက တုတ်ကောက်ကို တင်းတင်းဆုပ်ထားမိလိုက်သည်။ သူက မီတာတစ်ထောင်လောက် နောက်ဆုတ်လိုက်၍ မြင်ကွင်းမှ ပျောက်ကွယ်လုမတတ် ဖြစ်သွားလေသည်။

ကျန်ရှိနေသည့် နတ်ဆရာများက ထိုမျှ ကံမကောင်းပေ။

ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန် ပျောက်ကွယ်သွားသည်နှင့် အသက်ရှည်ဓားက သူ့လက်ထဲ ပြန်ရောက်လာသည်။ သူက ခပ်ယဲ့ယဲ့ ပြုံးကာရှေ့တိုးလာသည်။

စွမ်းအင်ဓားများက သူတို့အနား ရောက်ရှိလာသည်။ သူတို့က အစိတ်စိတ်အမြွှာမြွှာဖြစ်သွားကာ မြေပေါ်ရှိ သွေးများက မြစ်ရေလို စီးဆင်းသွားသည်။

စုန်းအတတ် ကျင့်ကြံသူများက ပြိုကွဲကာ နောက်ဆုတ်ကုန်ကြသည်။

………………

“တင်း … ပစ်မှတ်ကို သတ်လိုက်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၀ မှတ် ရရှိပါတယ် ”

“တင်း … ပစ်မှတ်ကို သတ်လိုက်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၀ မှတ် ရရှိပါတယ် ”

လုကျိုး၏ နားထဲ အသိပေးချက် ဆက်တိုက် ထွက်ပေါ်လာသည်။ သူက နားမလည်ဖြစ်သွားကာ တာ့ကျန်းနန်းဆောင် အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။

ကံစမ်းမဲ ဆယ်ကြိမ်တိုင်တိုင် ကံစမ်းပြီးသည့်နောက်တွင် အာဖရိကန်ခေါင်းဆောင် ဝင်ပူးလိုက်သလို ဖြစ်လာ၏။ လုကျိုးက မနည်း စိတ်ငြိမ်အောင်ထားကာ ထပ်မံ ကံစမ်းကြည့်နေသည်။

နောက်ဆုံးတွင် လုကျိုးက လက်နောက်ပစ်ကာ တာ့ကျန်းနန်းဆောင်မှ ထွက်လာလိုက်သည်။ သူက နေဝင်နေရာ အနောက်ဘက်ဆီ လှမ်းကြည့်လိုက်သည်။ ကောင်းကင်တစ်ဝက်လောက်က နေမင်း၏ အလင်းရောင်ဖြင့် အနီရောင် စိုးထားသကဲ့သို့ ဖြစ်၏။

နှစ်လတာ ကုန်ဆုံးသွားသော်လည်း ယွီကျန့်ဟိုင်၏ အကြောင်း မကြားရသေးပေ။ သူက ယွီရှန်းရုန်သည် မည်မျှဝေးနေလဲဟု စဉ်းစားနေမိသည်။

သူက မုတ်ဆိတ်သပ်လိုက်ပြီးနောက် အတွေးထဲ နစ်မျှောနေမိသည်။ သူက ဆရာတစ်ယောက်အနေနှင့် သူ့တပည့်များကို ပိုယုံကြည်သင့်လားဟု စဉ်းစားနေသည်။ သူတို့က ထူးချွန်သည့် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများ ဖြစ်၏။

လုကျိုးက သူ့ဘာသာ ရေရွတ်လိုက်သည်။ “ သူ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရမှာပဲ ”

………………

ပေတစ်သိန်းနက်သည့် ချောက်နက်အပေါ်တွင်

တိုက်ပွဲအပြီး နှစ်ဖက်လုံးက တစ်ယောက်နှင့်တစ်ယောက် အဝေးမှ ကြည့်နေကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်နေ၏။

စုန်းအတတ် ကျင့်ကြံသူ တစ်ရာလောက်က တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြသည်။ ဤသည်က ဆုံးရှုံးမှုအကြီးကြီး ဖြစ်၏။

ယွီရှန်းရုန်၏ စွမ်းအားက ဘာစီရာ စိတ်ကူးထက် ကျော်လွန်နေသည်။ သူက ယွီရှန်းရုန်ကို သွေးဆာသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။

ထိုစဉ် သွေးနံ့ သယ်ဆောင်ထားသည့် လေထုက လေးလံလာသလို ခံစားလာရသည်။

ဘာစီရာက အချိန်အတော်ကြာ ငြိမ်နေပြီးနောက် ပြောလိုက်သည်။

“မင်းက အရမ်းအားကောင်းသားပဲ”

“ပြီးတော့”

“တကယ်လို့ မင်းသာ စောစောလေးကလိုမျိုး မသတ်ခဲ့ရင် ငါက ဘာမှမဖြစ်ခဲ့သလိုမျိုး နောက်ဆုတ်လိုက်တော့မလို့ပဲ။ ဒါပေမဲ့ ဒီလောက်သေဆုံးမှုနဲ့ ငါ တော်ဝင်မိသားစုနဲ့ မြို့တော်ကို ဖြေရှင်းချက် ပေးနိုင်မှာ မဟုတ်ဘူး ” ဘာစီရာက ပြောလာသည်။

ယွီရှန်းရုန်က တိတ်ဆိတ်လျက်သာ ရှိနေသည်။

ယွီရှန်းရုန်နောက်တွင် ရပ်နေသည့် လူငယ် ယွီကျန့်ဟိုင်က အကြောက်တရား မရှိပေ။ သူက ရယ်မောလိုက်ပြီး “ ခင်ဗျားတို့အသက်ပဲ အရေးပါတယ် ထင်နေလား။ ခင်ဗျားတို့က တခြားတစ်ယောက်ကို ပျော်ပျော်ကြီး သတ်ပြီးတော့ ကိုယ့်လူ အသတ်ခံရတော့ သည်းမခံနိုင်ဘူးတဲ့လား။ ကျုပ်တို့ကရော ကျုပ်တို့လူတွေကို ဖြေရှင်းချက် ပေးဖို့ မလိုဘူးလို့ ထင်နေတာလား ”

“ …” ဘာစီရာက လူငယ် ယွီကျန့်ဟိုင်အား ကြည့်လိုက်သည်။

လျှာဇောင်းထက်တဲ့ လူငယ်လေးပဲ …

ယွီကျန့်ဟိုင်က လို့လန်မှ လူများကို အမုန်းဆုံး ဖြစ်၏။ သူက လေးနက်ကာ စိတ်အားထက်သန်မှုအပြည့်ဖြင့် ခေါ်လိုက်သည်။

“တာ့ရှစ်ရှိုး … ”

“ဟမ်”

“ကျွန်တော့်အတွက် သူတို့ကို သတ်ပေးပါ ” ယွီကျန့်ဟိုင်က သတ်ဖြတ်လိုစိတ် ဒေါသဖြင့် တောက်လောင်နေသည်။ သူက ဓားနတ်ဆိုး ယွီရှန်းရုန်သည် သူ့တောင်းဆိုချက်ကို လက်ခံပါ့မလား မသိပေ။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။ ဤသည်က အရိုးသားဆုံး သူ့အတွေးများ ဖြစ်၏။ သူက အသက်ရှည်ဓားကို ကိုင်ဆောင်ထားသည့် ယွီရှန်းရုန်ကို လှည့်ကြည့်လိုက်သည်။

ယွီရှန်းရုန်က ခဏတာ တုံ့ဆိုင်းသွားပြီး‌ ဘေးဘက်သို့ တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “မင်း သဘောအတိုင်းပဲ ”

…

အခန်း (၆၂၃) ရှင်သန်နေထိုင်ရန်

ယွီရှန်းရုန်က လေထဲတက်လှမ်းလိုက်သည်။ သူ၏ရှေ့၌ လေပြင်းတစ်ချက်ဝေ့တိုက်လာ၏။

ဘာစီရာ၏မျက်လုံးများ နီရဲသွားကာ သူအော်ပြောလိုက်သည်။

“ထောင့်လေးထောင့်မှ နတ်ဘုရားတွေကို ပင့်ဖိတ်ပါတယ်”

ကျန်ရှိသည့် စုန်းအတတ်ကျင့်ကြံသူများသည် ရောင်ခြည်စက်ဝိုင်းလေးခုကိုထုတ်ဖော်လိုက်၏။

“အိုး ... မဟာနတ်ဆရာ၊ နတ်ဘုရားအပေါင်းတို့ ကျွန်ုပ်၏ တောင်းပန်မှုကို နားထောင်ပေးပါ။ အသင့်၏ခွန်အားကို ငှားတော်မူပါ။ အသင့်ဝိညာဉ်ကို ပြန်ရောက်ပါစေ။ ထောင့်လေးထောင့်မှာ မနေဘဲ အသင့်ဝိညာဉ်ပြန်ရရှိဖို့ပေတစ်သိန်းမြင့်တဲ့လူတွေအတွက် စောင့်နေပါတယ်။ ပြန်လာခဲ့ပါ”

ရောင်ခြည်စက်ဝိုင်းလေးခုသည် ကြီးမားလွန်းသောကြောင့် ကောင်းကင်ကို စွန်းထင်းသွားစေ၏။ သူတို့သည် ဘာစီရာဆီသို့ လျင်မြန်စွာပျံသန်းလာသည်။

ယွီရှန်းရုန်က လျင်မြန်စွာလှုပ်ရှားလျက် ယခင်အတိုင်းတည်ငြိမ်နေသည်။ ယင်းကို မြင်သောအခါ ဘာစီရာက သူ မှန်းဆထားသည်ထက် ပိုအစွမ်းထက်မှန်းသိလိုက်သည်။

စုန်းအတတ်ကျင့်ကြံသူများအနက် အဆင့်နိမ့်ကျင့်ကြံသူများသည် တစုံတယောက်ကို ကုသပေးရန် သို့မဟုတ် တစုံတယောက်ကို မောင်းထုတ်ရန် အခြေခံဂါထာများသာ ရွတ်ဆိုနိုင်၏။ သူတို့သည် ဗြဟ္မာပင်လယ်နယ်ပယ်များနှင့်ညီမျှသည်။ အလယ်အဆင့်ကျင့်ကြံသူများသည် အဆင့်နိမ့်နှင့် အလယ်အဆင့်စုန်းအစီအရင်များ၊ စုန်းအတတ်ထောင်ချောက်များ၊ ကျိန်စာများကို သုံးနိုင်ပြီး တစ်ပါးသူ၏ဆန္ဒကိုထိန်းနိုင်၏။ အဆင့်မြင့်စုန်းအတတ်ကျင့်ကြံသူများသည် ခမ်းနားသော အစီအရင်များကို ခင်းကျင်းနိုင်ပြီး တပ်ဖွဲ့တစ်ခုလုံးကို ထိန်းထားနိုင်၏။ ထိုစွမ်းအားများအပြင် ခမ်းနားသော နတ်ဆရာများသည် သေသူကိုထိန်းချုပ်ကာ သူတို့၏ခန္ဓာကိုယ်ထဲ နတ်ဒေဝါများကို ဖိတ်ခေါ်နိုင်၏။

ဘာစီရာသည် နောက်ဆုံးသော အမျိုးအစားဆိုတာ သိသာ၏။

ယွီရှန်းရုန်က သုံးကိုယ်ခွဲလိုက်သည်။

ဘယ်ဖက်၊ အလယ်နှင့် ညာဖက် သူ၏ပုံရိပ်သည် လျင်မြန်စွာလှုပ်ရှားနေ၏။ ပြီးနောက် သူသည် စုန်းအတတ်ကျင့်ကြံသူများကို ဖြတ်ကျော်သွား၏။

တစ်ချိန်တည်းတွင် အေးစက်စက်ဓားအလင်းပေါ်လာပြီးနောက် နတ်ဆရာများက သူတို့၏ လည်ပင်းကို သူတို့ ဖြတ်လိုက်ကြသည်။ သူတို့ တစ်ယောက်ပြီးတစ်ယောက် ပေတစ်သိန်းခန့်နက်သည့် ချောက်နက်ထဲသို့ ကျသွား၏။ သူတို့အသက်ဖြင့် ယွီရှန်းရုန်ကို တားမြစ်နိုင်ရန် သူတို့ကိုယ်သူတို့ စတေးကြသည်။

ကျန်ရှိသည့်စုန်းအတတ်ကျင့်ကြံသူများသည် သူတို့၏စုန်းအတတ်ရောင်ခြည်စက်ဝိုင်းများဖြင့် ယွီရှန်းရုန်ဆီသို့ တစ်ဟုန်ထိုးတက်သွားကြတော့သည်။

ယွီရှန်းရုန်သည် သူ၏ဓားကို အားဖြင့်လွှဲယမ်းလိုက်သည်။

ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါး

စုန်းအတတ်ကျင့်ကြံသူတစ်ရာ ပြိုကျသွားသည်။

ထိုစဉ် ကောင်းကင်ထဲ၌ ခရမ်းရောင်တိမ်တိုက်ပေါ်လာပြီးနောက်ခရမ်းရောင်မိုးက စတင်ရွာသွန်းလာတော့သည်။

ယင်းက သာမန်မိုးမဟုတ်တာ သိသာ၏။ မိုးစက်တိုင်းက အသားကို ဖြတ်တောက် ဝိညာဉ်ကိုတိုက်စားပြီး စိတ်ဆန္ဒကို ချေမှုန်းနိုင်သည်။

ယွီရှန်းရုန်က တည်ငြိမ်နေ၏။ သူသည် လူငယ်ယွီကျန့်ဟိုင်ဖက်လှည့်ပြီးနောက် လက်ဝါးစည်းတံဆိပ်တစ်ခုသုံးလိုက်သည်။

လက်ဝါးစည်းတံဆိပ်သည် နဂါး၏လက်သည်းနှင့်ဆင်တူညီသည်။ ၎င်းက လူငယ်ယွီကျန့်ဟိုင်ဆီရောက်သွားပြီး သူ့ကိုဆုပ်ကိုင်ကာ အဝေးသို့တွန်းထုတ်လိုက်သည်။

ဘန်း

လူငယ်ယွီကျန့်ဟိုင်က ယခုဆို ခရမ်းရောင်မိုးများရွာသွန်းရာအပြင်ဖက်သို့ရောက်သွားပြီဖြစ်သည်။ သူက ကောင်းကင်ကျုံးဆီသို့ ပစ်ထုတ်ခံလိုက်ရသည်။

“ရှစ်ရှိုး” လူငယ်ယွီကျန့်ဟိုင်က အက်ကွဲစွာအော်လိုက်၏။

နောက်တစ်စက္ကန့်တွင် ခရမ်းရောင်မိုးက ယွီရှန်းရုန်ပေါ်သို့ ရေတံခွန်ပမာ ရွာသွန်းကျလာသည်။

အပြင်ကနေ ယွီရှန်းရုန်က မမြင်ရတော့ပေ။ သူ သေလား ရှင်လား သေချာမသိရ။

လူငယ်ယွီကျန့်ဟိုင်သည် သူ့ခြေထောက်အောက်ရှိစွမ်းအား လျင်မြန်စွာအားလျော့နေတာကို ခံစားမိသည်။ ဆိုလိုသည်က အသုံးပြုသူ၏ကနဦးချီကလည်း အားနည်းနေသည်။ သူ စိတ်ပူပန်လာ၏။ သူ၏မြင်ကွင်းကို ခရမ်းရောင်မိုးသီးမိုးပေါက်များက ဟန့်တားထားလေ၏။ တစ်ဖက်တွင်မူ ဘာစီရာနှင့် အသက်ရှင်နေသော စုန်းအတတ်ကျင့်ကြံသူများသည် ပွင့်ချပ်ရှစ်လွှာယွီရှန်းရုန်သည် သူ မသေလျှင်တောင် သူတို့ဘိုးဘေးများ၏ စွမ်းအားကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလိမ့်မည်ဟု ယုံကြည်နေ၏။ ထိုမျှ လူများစွာကို စတေးရခြင်း၏မြင့်မားသည့် တန်ကြေးပေးဆပ်ရခြင်းက ထိုက်တန်သည်။

ဘာစီရာ၏ရင်ဘတ်ထဲရှိအကြိတ်အခဲက နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။ သူသည် ယွီရှန်းရုန်ကို သတ်နိုင်သရွေ့အရာအားလုံးထိုက်တန်သည်။

ခရမ်းရောင်မိုးသည် ဆယ့်ငါးမိနစ်ရွာသွန်းနေသည်။

ထိုစဉ် လူငယ်ယွီကျန့်ဟိုင်က သူ့ခြေထောက်အောက်ရှိ စွမ်းအင်ပျောက်ကွယ်သွားတာကို ခံစားမိပြီး သူ ပြုတ်ကျသွားတော့၏။

တစ်ချိန်တည်းတွင် ခရမ်းရောင်မိုး၏ ကားလိပ်မှ မရေမတွက်နိုင်သည့်စွမ်းအင်ဓားများ ပေါ်ထွက်လာ သည်။ ထိုစွမ်းအင်ဓားသည် ထီးတစ်ခုဖွဲ့တည်လျက် ခရမ်းရောင်မိုးကိုပိတ်ဆို့လိုက်တော့သည်။

ယွီရှန်းရုန်က လေထဲတွင်ရပ်နေကာ သူ၏လက်ကလွတ်နေ၏။ သူ၏အကြည့်က အေးစက်နေသည်။ ရုတ်တရက်သူသည် သုံးကိုယ်ခွဲလျက် ရှေ့တက်သွားတော့သည်။

ယင်းကို ဘာစီရာမြင်သောအခါ ကျောစိမ့်သွားလေ၏။ သူက မြင်သွားချိန်၌ “မင်း အသက်ရှင်နေသေးတာလား”

ယွီရှန်းရုန်သည် ခရမ်းရောင်မိုးထဲတွင် သာမန်ကာလျှံကာလျှောက်လှမ်းနေလျက် ဓားကို လွှဲယမ်းလိုက်သည်။ သူ၏ဓားသွားလွှဲယမ်းချက်တိုင်းက ခရမ်းရောင်မိုးများကို ဟန့်တားလိုက်၏။ ယင်းက မိုးထဲတွင် သူ့အခြေခံလေ့ကျင့်ရေးတစ်ရပ်ဖြစ်သည်။ ယွီရှန်းရုန်က ရေတံခွန်အောက်တွင် ရပ်နေလျှင်တောင် ရေတစ်စက်မျှ သူ့ဆီရောက်မှာမည်မဟုတ်။ ယင်းက ဓားလမ်းစဉ်ပဲဖြစ်သည်။

“မဖြစ်နိုင်တာ” ဘာစီရာ၏နှုတ်ခမ်းက တုန်လှုပ်သွားသည်။ သူ၏မျက်လုံးထဲရှိ အကြည့်နှင့် အမူအရာတို့က ပြောင်းလဲသွားလေ၏။ ယွီရှန်းရုန်၏ပုံရိပ်သုံးခုက သူ့ဆီရောက်ခါနီးပြီဖြစ်သည်။

ကျန်ရှိသည့် စုန်းအတတ်ကျင့်ကြံသူငါးဦးသည် သူတို့၏ခန္ဓာကိုယ်ဖြင့် ဘာစီရာကိုကာပေးထားလိုက် သည်။

ဘာစီရာက သူ၏တောင်ဝှေးကို ဝေ့ယမ်းလိုက်သည်။

“မင်းမှာ မင်းရဲ့ဓားမရှိဘူး။ ငါ့ကို ဘယ်လိုသတ်မှာလဲ”

ယွီရှန်းရုန်၏ အမူအရာက အေးစက်နေသည်။ သွယ်လျသော စွမ်းအင်ဓားတစ်လက်က သူ၏လက်ညှိုးနှင့် လက်ခလယ်ကြားတွင်ပေါ်လာသည်။ “ဓားမရှိဘဲ မင်းကို မသတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ”

သူ၏ခန္ဓာကိုယ်က မတ်နေကာ သူ၏လက်ချောင်းကို ရှေ့သို့တွန်းထုတ်လိုက်သည်။ စွမ်းအင်ဓားက ကျင့်ကြံသူငါးယောက်ဆီသို့ရောက်သွား၏။

ကျင့်ကြံသူငါးယောက်က လဲပြိုကျသွားသည်။

ယွီရှန်းရုန်သည် လျှပ်ပြက်သောအရှိန်ဖြင့်ရှေ့သို့ ဆက်သွားနေ၏။

ဘန်း

စွမ်းအင်ဓားသည် တောင်ဝှေးနားရှိ လေကို စုတ်ပြဲသွားလျက် တောင်ဝှေးကိုကွေ့ပတ်သွားကာ ဘာစီရာ၏နှလုံးကို ထိုးဖောက်သွားလျက် သွေးသံရဲရဲဒဏ်ရာကို ချန်ထားရစ်တော့သည်။

ယွီရှန်းရုန်သည် ဘာစီရာကို ကြည့်တောင်မကြည့်ပေ။ သူ တဖက်သို့လှည့်လျက် လူငယ်ယွီကျန့်ဟိုင်ဆီ ခုန်သွားသည်။

ဘာစီရာသည် သွေးများပန်းထွက်နေသော သူ့ရင်ဘတ်ကိုကြည့်လျက် ယွီရှန်းရုန်ကို မယုံနိုင်စွာကြည့်နေသည်။

ခရမ်းရောင်မိုးက လျင်မြန်စွာလျော့ပါးသွား၏။

ခရမ်းရောင်ရောင်ခြည်စက်ကွင်းများကလည်း မှိန်ဖျော့သွားတော့သည်။

ပေတစ်သိန်းခန့်နက်သည့်ချောက်နက်အထက်နေရာသည် ထပ်မံ တိတ်ဆိတ်သွားပြန် သည်။

ချက်ချင်းပင် လေထဲ၌ ဘာစီရာတစ်ယောက်ထဲ ကျန်ရစ်ခဲ့၏။ သူ့အနေအထားကို ထိန်းသိမ်းရန်ခက်ခဲနေ၏။ သူ၏အနေအထားက ပြီးပြည့်စုံသည်။ လို့လန်မှ ရို့လီအထိ အရာအားလုံးကို ဖြတ်ကျော်ကာ ထောင်ချောက်များဆင်ကာ ပေတစ်သိန်းအသူရာ ချောက်ကမ်းပါးပေါ်၌ ခြုံခိုတိုက်ခိုက်၏။ သူ မှားယွင်းတွက်ချက်မိသည့် တစ်ခုတည်းသောအရာက ယွီရှန်းရုန်၏ခွန်အားပဲဖြစ်သည်။

ဘာစီရာက ငုံ့ကြည့်လိုက်သည်။

ယွီရှန်းရုန်က ခုန်ဆင်းလာပြီး ကျဆင်းလာသည့်လူငယ်ကို ကယ်ဆယ်ရန်ကြိုးစားနေတာကို မြင်လိုက်၏။ သူက တစုံတခုကို သဘောပေါက်သွားပုံရကာ စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူ၏နားထဲ လေတိုက်သံကိုကြားနေရပြီး သူ ပြုတ်ကျလာ၏။ သူက ယွီရှန်းရုန်ကို စိမ်းစိမ်းဝါးဝါး ကြည့်ပြီး အော်ပြောလိုက်သည်။

“ငါ သေရမယ်ဆိုရင်တောင် မင်းကို ဒီချောက်ထဲမှာ ပိတ်ထားရမယ်” ယွီရှန်းရုန်သည် လက်ဝါးစည်းတံဆိပ်တစ်ခုသုံးလိုက်၏။ ထိုသို့တိုင် သူက ပိုမိုလျင်မြန်စွာကျဆင်းနေတော့သည်။

ပေတစ်သိန်းခန့်နက်သည့်ချောက်နက်သည် အောက်ခြေမဲ့ပုံပေါ်၏။

ချောက်နက်၏ လျှို့ဝှက်ချက်ကို ရှာရန် ခရီးနှင်ခဲ့ကြသည့် ကျင့်ကြံသူများစွာ ရှိသည်။ မျိုးဆက်ပေါင်းများစွာအားစိုက်ထုတ်ပြီးမရေတွက်နိုင်အောင် သေဆုံးပြီးနောက် သူတို့ ကောက်ချက်ချနိုင်ခဲ့၏။ ချောက်ကမ်းပါးထဲကျသည့်သူတိုင်း သေနိုင်ချေများသည်။ အသက်ရှင် ကျန်ရစ်သည့်သူများသည် လမ်းတစ်ဝက်၌ လက်လျော့လိုက်ပြီး အပေါ်သို့ပြန်လာသည့်သူများ ဖြစ်၏။

သူတို့ နာရီပေါင်းများစွာ ကျဆင်းနေသည်ဟုထင်မှတ်ရသည်။ ကောင်းကင်မှအလင်းတို့ မှိန်ဖျော့လာ၏။ သူတို့ပတ်ဝန်းကျင်ရှိ သေလုနီးပါးမှောင်မဲပြီးတိတ်ဆိတ်နေသည့် တစ်ညတာနှင့် တူသည်။

ယွီရှန်းရုန်သည် နောက်ထပ်လက်ဝါးစည်းတံဆိပ်တစ်ခုကို သုံးလိုက်သည်။

နဂါးလက်သည်းကဲ့သို့လက်ဝါးစည်းတံဆိပ်သည် ကျလာသော လူငယ်လူငယ်ယွီကျန့်ဟိုင်ဆီ ရောက်သွား၏။

ယင်းကို မြင်သောအခါ ဘာစီရာကအော်ပြောလိုက်သည်။ “လက်လျော့လိုက်တော့”

ယွီရှန်းရုန်၏မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှုများရှိနေသည်။ သူလက်ကို ဝေ့ယမ်းလိုက်၏။

ဝှစ်

လက်ဝါးစည်းတံဆိပ်ကို ဆုပ်ကိုင်ထားပြီးနောက် အပေါ်သို့ပျံသန်းသွားသည်။

ဘာစီရာက ပြောလိုက်သည်။ “သိပ်ကို နောက်ကျသွားပြီ”

ရုတ်တရက် ယွီရှန်းရုန်သည် ချောက်ကမ်းပါးထဲမှ သန်မာသည့် မြေဆွဲငင်အားကို ခံစားမိလိုက်သည်။ သူ၏ကနဦးချီဖြင့် သူ့ကိုယ်သူပင့်တင်ချင်သော်ငြား သူ့အတွက် များပြားလွန်းလှသည်။ ယင်းက ဟန်ချက်ထိန်းထားပေးရုံသာတတ်နိုင်သည်။

ယွီရှန်းရုန်က အမှောင်ထုထဲပျံဝဲနေစဉ် သူ တည်ငြိမ်စွာပြောလိုက်၏။ "သူ သေရင် လို့လန်က သေမှာပဲ”

ဘာစီရာက အပြင်းအထန်ချောင်းဆိုးလျက် သူ့အနေအထားကို ထိန်းသိမ်းထားရန် ရုန်းကန်နေရ၏။ ယွီရှန်းရုန်၏စကားကို ကြားသောအခါ သူ စိတ်လေးသွားတော့သည်။

“ဘာလို့လဲ”

ယွီရှန်းရုန်သည် ရို့လီသားများကို အပြစ်တင်မည်ဟု သူထင်ခဲ့သည်။ ယွီရှန်းရုန်က ရို့လီတို့၏ ပိုင်နက်၌ သေခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်းက ရို့လန်သားများကို အငြိုးအတေးထားလိမ့်မည်။

“အသက်ရှင်ဖို့”

ယွီရှန်းရုန်သည် လူငယ်လူငယ်ယွီကျန့်ဟိုင်ကို လေထဲမျောနေအောင် အကောင်းဆုံးထိန်းထား၏။ သို့သော် လူငယ်လေးက အရှိန်မြန်မြန်ကျနေစဉ်၌ သတိလစ်သွားမှန်း သူ သိလိုကသည်။ သူသည် လက်ဝါးရိုက်ချက်ကို သုံးလျက် ယွီကျန့်ဟိုင်ကို ရိုက်လိုက်၏။

ယွီကျန့်ဟိုင်သည် မြေဆွဲငင်အားမှလွတ်မြောက်သွားပြီး အပေါ်သို့ပျံတက်သွားသည်။

ဘာစီရာသည် ယွီရှန်းရုန်၏လုပ်ရပ်ကို နားမလည်ပေ။

“သေမျိုးတစ်ယောက်ကို ဘာကြောင့် ဒီလောက်လုပ်ပေးတာလဲ” မည်သို့ပင်ကြည့်စေကာမူ သေမျိုးတစ်ယောက်အတွက် ပွင့်ချပ်ရှစ်လွှာတစ်ယောက် စတေးရခြင်းက မထိုက်တန်ပေ။

ဆိုရလျှင် ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်ကို လက်ဝါးစည်းတံဆိပ်ဖြင့် အပေါ်သို့ပို့လိုက်ချိန်၌ သူက ပိုနစ်သွားမှာ ကျိန်းသေနေ၏။

ယွီရှန်းရုန်သည် အပေါ်သို့မြင့်တက်သွားပြီး ပျောက်ကွယ်သွားသောယွီကျန့်ဟိုင်၏ ပုံရိပ်ကို ကြည့်လျက် ထူးမခြားနားပြောလိုက်သည်။ “ထိုက်တန်တယ်လို့ တွေးနေတာထက် အကြောင်းအရင်း မရှိဘဲ ထိုက်တန်တဲ့ကိစ္စရပ်တွေ ရှိတယ်”

ဘာစီရာသည် ထိုအချိန်၌ ဉာဏ်အလင်းပွင့်သွားပုံပေါ်သည်။ သူသည် အတိတ်တုန်းက လို့လန်နှင့် တာ့ယန်ကြားရှိ ပဋိပက္ခကို ပြန်တွေးလိုက်မိသည်။ သဲကန္တာရထဲ၌ အလောင်းခုနစ်သောင်းကို ပြန်တွေ့လိုက်မိ၏။ သွေးများတောင် နီရဲနေသည့် ကူလော့မြစ်၏ ရေကိုလည်း အမှတ်ရမိသွားသည်။ ပဋိပက္ခများက ဘယ်တော့မှအဆုံးမသတ်။ စစ်ပွဲသည်လည်း မပြီးဆုံး။ လူသားများသည် ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ အကျွမ်းကျင်ဆုံးမျိုးစိတ်ဖြစ်ကြောင်း သူ၏ဘိုးဘေးများသည် အဆုံးကျ မည်သည်ကိုရရှိသနည်း။

“ဖြစ်နိုင်တာက ဒါက တာ့ယန်က မျိုးနွယ်တစ်သောင်းထက်ပိုသန်မာနေရသည့် အကြောင်းအရင်းပဲ နေမှာ” ဘာစီရာသည် သူ၏နောက်ဆုံးသော ခရမ်းရောင်စွမ်းအင်ကို ထုတ်ဖော်လိုက်၏။

ခရမ်းရောင်တိမ်တိုက်သည် အပေါ်သို့တက်သွားပြီး ယွီကျန့်ဟိုင်ကိုသယ်ဆောင်သွား၏။

“မင်းကိုကယ်ဖို့ ခွန်အားမကျန်တော့ဘူး။ ငါ့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်က လို့လန်က လူတွေရဲ့အသက်ကို မင်း ချမ်းသာပေးဖို့ပဲ”

ထိုသို့ပြောပြီးနောက် ဘာစီရာသည် မျက်လုံးမှိတ်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် ခရမ်းရောင် မီးလျှံများဖြင့်တောက်လောင်သွားသည်။ ယင်းက မဟာနတ်ဆရာတစ်ယောက်သည် သူ၏ အလောင်းကို ကျန်သည့်နတ်ဆရာများထိန်းချုပ်ခြင်းမပြုနိုင်အောင် ကာကွယ်သည့် နောက်ဆုံးသော ဂုဏ်သရေရှိ လုပ်ရပ်တစ်ခုပဲ ဖြစ်သည်။ မိမိကိုယ်ကိုကိုယ်မီးရှို့ခြင်း။ မီးလျှံများက သူ့ကို တဖြည်းဖြည်း ဝါးမျိုသွားပြီး ပေတစ်သိန်းနက်သည့်ချောက်ကမ်းပါးထဲ၌ ပြာဖြစ်သွားသည် အထိ လောင်မျိုက်သွားသည်။

…

အခန်း (၆၂၄) သလင်းကျောက်ကို ရှာဖွေခြင်း

ခရမ်းရောင်မိုး စဲသွားသည့်နောက် အသက်ရှည်ဓား ဝန်းကျင်မှ စွမ်းအင်ဓားများက ပျောက်ကွယ်သွားသည်။ အသက်ရှည်ဓားလည်း ပြုတ်ကျလာ၏။

ယွီရှန်းရုန်က ထိုဓားရှိထားသရွေ့ အသက်ရှင်လိမ့်မည်။ သူက အသက်ရှည်ဓား၏ တည်နေရာကို အာရုံခံလိုက်ပြီးနောက် ချီကို ထိန်းချုပ်လိုက်သည်။ အသက်ရှည်ဓားက တောက်တောက်ပပ လင်းလက်နေ၏။ ထိုအရာက သူ့ခြေထောက်အောက် လျှပ်စီးလိုအလျင်ဖြင့် လစ်ခနဲ ရောက်လာသည်။

ထိုအကြောင်းအရင်းကြောင့် ယွီရှန်းရုန်သည် မီတာရာချီ ပြုတ်ကျသွားသည်။ သူက အမှောင်ထုအတွင်း ဝေ့ဝဲနေစဉ် ခြောက်သွေ့ကာ အောက်ခြေမရှိသည့် နေရာတစ်ခုသို့ ရောက်နေသလို ခံစားလိုက်ရသည်။ သူက မော့ကြည့်လိုက်သည့်အခါ ဘဲဥသဏ္ဌာန် မီးခိုရောင်ကောင်းကင်ကိုသာ မြင်ရလေသည်။ နေဝင်သွားသည့်အတွက် ပတ်ဝန်းကျင်မှ အလင်းရောင်များကို ယူဆောင်သွားလေ၏။

အလင်းရောင်က မိုးထိလုမတတ် ကောင်ကင်ကျုံးအရှေ့ဘက်မှ ပျောက်ကွယ်သွားသည်။ တောင်တစ်ခုလုံးက ယခုအခါ အမှောင်ထုအတွင်း ကျရောက်နေပြီ ဖြစ်၏။

ကောင်းကင်က မျက်လုံးမှိတ် အိပ်စက်လိုက်သလိုမျိုး ဖြစ်သည်။

………………

အမှောင်ထုအတွင်း

ကောင်းကင်ကျုံးတစ်ဖက်တွင် ပေတစ်သိန်း ချောက်နက်ထိပ်ရှိ ရေခဲတမျှ အေးစက်နေသည့် မျက်နှာပြင်ပေါ် တွင် ယွီကျန့်ဟိုင်က မြေပေါ် ခြေပစ်လက်ပစ် လဲလျောင်းနေသည်။ သူ့လက်များက ဓားအိမ်ကို ခပ်တင်းတင်း ဖက်တွယ်ထားဆဲသာ ဖြစ်၏။

နှင်းများက ကျလာပြီး ညလေပြေများက တိုက်ခတ်လာသည်။

ယွီကျန့်ဟိုင်က ရုတ်ခြည်း တုန်တက်သွားသည်။ သူက မျက်လုံးဖွင့်ကာ ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် မျက်စိလည်သွားသည်။ သူက နှင်းများကြား အေးစက်မှုကို မခံစားမိပေ။ ထို့အစား သူက ချွေးထွက်လာသည်။ သူက ဘာမှမမြင်ရပေ။ သူ မှတ်မိသည့် တစ်ခုတည်းသောအရာက သူ့ခြေထောက်အောက်မှ စွမ်းအားစည်းတံဆိပ် ပျောက်ကွယ်သွားပြီးနောက် ထိန်းချုပ်မှု ကင်းလွှတ်ကာ ချောက်နက်ထဲ ပြုတ်ကျသွားခြင်း ဖြစ်၏။ သူ ဘယ်အချိန် သတိမေ့သွားသည်ကိုပင် မသိတော့ပေ။

“ဒါက ငရဲလား ”

ငရဲက ဘယ်လိုအရာမှန်း မည်သူမှ မသိကြပေ။ အမှောင်ထုက ငရဲ၏ အခြေခံအကျဆုံး သဘာဝတစ်ခု ဖြစ်၏။

လူငယ် ယွီကျန့်ဟိုင်က သူသည် သေဆုံးကာ ငရဲသို့ ရောက်သွားကြောင်း တွေးမိသွားသည်။ သူ့ပတ်ဝန်းကျင်တွင် ဆိတ်ငြိမ်နေမှုက သူ့အား တောင့်မခံနိုင်လုနီးပါး ဖြစ်လာစေသည်။ သူက နှလုံးခုန်နှုန်းကိုပင် ပြန်ကြားနေရ၏။ သူက ဓားအိမ်ကို တင်းတင်းဖက်ထားလိုက်ရင်း ခေါ်လိုက်သည်။ “တာ့ရှစ်ရှိုး ”

သူ့အသံက အမှောင်ထုအတွင်း ပဲ့တင်ထွက်သွားသော်လည်း ပြန်ဖြေကြားမှု မရှိလာပေ။

သူက အမှောင်ထုနှင့် အတွေ့အကြုံများစွာ ရှိထား၏။ သူက ရွယ်တူများကို ကျော်လွန်၍ သတ္တိရှိသည်။ သူက စိတ်ခံစားချက်များကို ဖိနှိပ်ထားလိုက်၏။ သူက အမှောင်ထုထဲ ခံစားတော့မည့်ဆဲဆဲတွင် မြေကြီးပေါ်မှ အေးစက်စက် မျက်နှာပြင်ကို ခံစားမိလိုက်သည်။

ထို့ကြောင့် သူက ရှေ့သို့ တွားသွားလိုက်သည်။

မီတာအနည်းငယ် သွားလာပြီးနောက်

ဝှစ်

“တောင်စွန်းပဲ ”

သူက မြန်မြန် နောက်ဆုတ်လိုက်သည်။ သူ့စိတ်ထဲ လေးလံမိသွားကာ ရှေ့တစ်လှမ်းမှ မတိုးရဲတော့ပေ။

သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက ဘာမှမမြင်မိပေ။ ညလေအပြင် ပတ်ဝန်းကျင်တစ်ခုလုံးက ဆိတ်ငြိမ်နေ၏။ သူက နည်းနည်းလေးမှ မလှုပ်ရှားတော့ပေ။

သူ လုပ်နိုင်သည့်အရာ တစ်ခုသာ ရှိ၏။

စောင့်ဆိုင်းဖို့ ဖြစ်သည်။ ဤသည်က အိပ်ရေးပျက်သည့် ညတစ်ည ဖြစ်ခဲ့၏။

လူငယ် ယွီကျန့်ဟိုင်က အနားယူဖို့ မျက်လုံးကို မမှိတ်လိုက်ပေ။ သို့သော်လည်း သူက မျက်လုံးမဖွင့်နိုင်တော့သည့်အခါမှ ခဏတာ မှေးလေ့ရှိသည်။

အရုဏ်တက်ချိန် ကျရောက်လာသည့်အခါ သူက ပတ်ဝန်းကျင်ကို အနည်းငယ် သိလာသည်။

ပေတစ်သိန်း ချောက်ကန်ကြီးက သူနှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့၏။

သူက အသက်ပြင်းပြင်းရှုကာ ခက်ခက်ခဲခဲ ထရပ်လိုက်သည်။

သူကချောက်နက်ကို ငုံ့ကြည့်လိုက်သည်။ သူက အမှောင်ထုမှလွဲ၍ ဘာမှမမြင်ရပေ။

“သူ ဘယ်မှာလဲ”

“တာ့ရှစ်ရှိုး ဘယ်မှာလဲ”သူက ချောက်နက်ထဲ လှမ်းအော်လိုက်သည်။

သူ့မေးခွန်းက အဖြေ မရှိလာခဲ့ပေ။

သူက ဘေးပတ်လည်ကို ကြည့်ရင်း လျှောက်နေလိုက်သည်။ မိုးထိလုမတတ် ဖြစ်နေသည့် ကောင်းကင်ကျုံးနှင့် ချောက်နက်ကြီးအပြင် သူက တစ်ယောက်တည်း ဖြစ်၏။

နေမင်းက ထွက်လာသည်။

သူ့အနေနှင့် ယွီရှန်းရုန်က တာ့ယန်သည် ကောင်းကင်ကျုံးတစ်ဖက်တွင် ရှိကြောင်း ပြောခဲ့ဖူးသည်ကို အမှတ်ရလိုက်သည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ကောင်းကင်ကျုံးအား ကြည့်လိုက်သည်။ သူက ဓားအိမ်ကို ကိုင်ထားရင်း ရှေ့တစ်လှမ်းတိုးလိုက်သည်။

လူငယ် လူငယ်ယွီကျန့်ဟိုင်က နာရီများစွာကြာမြင့်ဟန် လျှောက်လှမ်းနေသည်။ သူက ပင်ပန်းလာသည့်အခါ ထိုင်လိုက်ပြီး ရေဆာလာသည့်အခါ ရေအိုင်မှ သောက်လိုက်သည်။

နေမင်းကြီး ထွက်လာသည့်အခါ သူက ကောင်းကင်ကျုံးဆီ မရောက်သေးပေ။ နီးကပ်နေဟန်ပေါ်သော်လည်း အလှမ်းဝေးနေသေး၏။

သူက ကူကယ်ရာမဲ့နေစဉ် လေထဲ မီးခိုးလုံးကို မြင်လိုက်ရသည်။ သူက ရွာတစ်ရွာကို မြင်လိုက်ရပြီး အစားအစာအနံ့ကို ရလိုက်သည်။ သူက စိတ်လှုပ်ရှားစွာ ပြေးသွားလိုက်၏။

ရွာအဝင်ဝတွင်

လူငယ် ယွီကျန့်ဟိုင်က ရွာသားများစွာ ထွက်လာသည်ကို မြင်လိုက်ရသည်။ သူက ရှေ့တိုးကာ “ရို့လီပြည်သားလား … လို့လန်က လူလား ”

ရွာသားနှစ်ယောက်က အဝင်ဝရှိ လူငယ်လေးကို မြင်လိုက်ကြသည်။ ယွီကျန့်ဟိုင်၏ ဝတ်ရုံသည် အနည်းငယ် တိုအောင် ဖြတ်ထားသော်လည်း ဇာစ်မြစ်ကို သိသာစေသည့် အရှိန်အဝါမျိုး ကျန်ရှိနေသည်။

“တာ့ယန်ပြည်သားလား ”

ယွီကျန့်ဟိုင်တစ်ယောက်က အခက်အခဲ၊ ဒုက္ခမျိုးစုံ ကြုံတွေ့လာရပြီးနောက် ယခု တစ်ခုခု လွဲမှားနေသည်ကို သိလိုက်သည်။ သူက လှည့်ကာ ထွက်ပြေးတော့၏။

“သူ့ကို ဖမ်းကြ ”

“သူ့ကို လွတ်မသွားစေနဲ့”

ဝှစ်

ယွီကျန့်ဟိုင်ထက် ကြီးသည့် ဝံပုလွေခွေးနှစ်ကောင်က ရွာထဲမှ ထွက်လာကာ သူ့နောက်မှ လိုက်လာကြသည်။ ယွီကျန့်ဟိုင်က သူ့အသက်မူတည်နေသကဲ့သို့ ထွက်ပြေးလေသည်။ သို့သော် သူ့ကျင့်ကြံဆင့် မရှိဘဲ သားရဲများဆီမှ ပြေးလွတ်နိုင်ရုံမျှ ဖြစ်၏။

ရွာသားများ၏ အမိန့်အောက်တွင် ဝံပုလွေခွေးများက ယွီကျန့်ဟိုင်၏ လမ်းကို တားလိုက်ကြသည်။

“ကြည့်ရတာ ငါတို့ ကုလော့ရွာအတွက် နောက်ထပ်ကျွန်တစ်ယောက် ရပြီပဲ ”

………………

နှစ်ရက်ကြာမြင့်ပြီးနောက်

တာ့ကျန်းနန်းဆောင်အတွင်း ဆွေးနွေးပွဲ တစ်ခု ရှိနေသည်။

လုကျိုးက လက်နောက်ပစ်လျက် လျှောက်လာ၏။

ဟွားချုံးယန်က ရပ်လိုက်ကာ ပြောလိုက်သည်။

“နှစ်လတာ အလုပ်လုပ်ပြီးတဲ့နောက်မှာ စီရင်စုကိုးခုလုံးက အခြေကျသွားပါပြီ။ ညီလာခံအမတ်တွေလည်း ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ အံ့ဖွယ်မြို့တော်လည်း သူလျှိုကင်းသွားပါပြီ။ ကျွန်တော်တို့ အရင်လက သူလျှိုတစ်ယောက်ပဲ တွေ့တော့တယ်။

မြို့ဂိတ်ပေါက်လေးခုလုံးကိုလည်း ငရဲဂိုဏ်းရဲ့ ခန်းမလေးခုကနေ သေချာစောင့်ကြပ်ထားပါတယ်။ ဘာမှ မမှားယွင်းနိုင်ပါဘူး …

ဒါပေမဲ့ ဒီအုပ်ချုပ်ရေးအတွက် ကျွန်တော်က အသင့်တော်ဆုံးလူ မဟုတ်ဘူး။ ပဥ္စမသခင်မလေးကသာ လုပ်ပေးခဲ့တာပါ။ သခင်မလေးရဲ့ အကူအညီသာ မရှိဘူးဆိုရင် ကျွန်တော်တို့ မလုပ်နိုင်လောက်ဘူး ”

ကျောင်းယွဲ့က တိုင်းပြည်အုပ်ချုပ်ရာ၌ အတွေ့အကြုံမရှိပေ။ ထိုသို့သောအရည်အချင်းမျိုး ရှိထားသည့် တစ်ဦးတည်းသောသူမှာ မယ်တော်ကြီး ဖြစ်၏။ သူမက မင်းသမီးယွင်ကျောက်၏ သမီးဖြစ်သလို မယ်တော်ကြီး၏ မြေးမလည်း ဖြစ်သည့်အတွက် မယ်တော်ကြီးက သူမကို ကူညီပေးသည်က အကျိုးအကြောင်းသင့်ပေသည်။

သို့သော်လည်း တခြားသူများ အမြင်၌ ကျောင်းယွဲ့ကို လုကျိုး သင်ကြားပြသခဲ့ခြင်း ဖြစ်နေသည်။

ဖန်လီထန်းက ချီးကျူးလိုက်သည်။

“ မျှော်နန်းသခင်က စာပေပိုင်းရော၊ သိုင်းပညာပါ ထူးချွန်နေမယ်လို့ မသိခဲ့ဘူး။ သိုင်းပညာက စီရင်စုကိုးခုလုံးရဲ့ ငြိမ်းချမ်းရေးကို ကဏ္ဌသစ် ဖွင့်ပေးလိုက်ရုံတင် မကဘူး။ စာပေပိုင်းနဲ့ ကမ္ဘာကြီးကို ပြီးပြည့်စုံအောင် လုပ်ပေးနေတာပဲ။ မျှော်နန်းသခင်က သမိုင်းကြောင်းမှာ တကယ်ကို အကြီးမြတ်ဆုံးလူသားပါပဲ ”

ကျော့ယွီရှုက ဝင်ပြောလိုက်သည်။ “ အစ်ကိုကြီးက တည်ကြည်ပြီး ပါရမီထူးတယ်ဆိုတာ ပြောပြနေစရာ မလိုဘူး”

လုကျိုးက လက်မြောက်ကာ ဝင်နှောင့်ယှက်လိုက်သည်။ သူက ထိုစကားများ နားထောင်နေဖို့ စိတ်အခြေအနေ မဟုတ်ပေ။ သူက တွမ့်မူရှန်းအား ကြည့်ကာ မေးလိုက်၏။ “ လျန့်စီရင်စု ဘာသတင်းရသေးလဲ ”

တွမ့်မူရှန်းက ပြောလာသည်။ “ ချီရှစ်တိ ပြောတာတော့ လျန့်စီရင်စုက ငြိမ်းချမ်းနေပါတယ်တဲ့။ ယာယီတော့ ပဋိပက္ခ မရှိလောက်ဘူးလို့ ထင်တယ်။ အဲဒါအပြင် ….”

သူက စကားကို ထိန်းလိုက်သည်။ သို့သော်လည်း သူက သေချာစဉ်းစားကြည့်ပြီးနောက် ပြောလိုက်၏။

“တာ့ရှစ်ရှိုးက အောင်အောင်မြင်မြင် အသက်ပြန်ရှင်လာပေမဲ့ အပြန်လမ်းမှာ လို့လန်က လူတွေက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တယ်။ ကိစ္စ … တွေက သူတို့အတွက် သိပ်မကောင်းလောက်ဘူး”

လုကျိုးက ထိုစကားကို ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ သူက မုတ်ဆိတ်သပ်တာ ရပ်လိုက်ပြီး လှည့်လိုက်သည်။ သူက မေးလိုက်၏။ “သူတို့ ကောင်းကင်ကျုံးကို ဖြတ်ပြီးပြီလား”

“ကျွန်တော် …တော့ အဲလိုမထင်ဘူး ”

တကယ်တော့ ထိုမေးခွန်းက အဓိပ္ပာယ်မရှိပေ။ အကယ်၍ သူတို့ ကောင်းကင်ကျုံးကို ဖြတ်ကျော်လာလျှင် သူတို့ ဘေးကင်းနေပြီးသား ဖြစ်လိမ့်မည်။ စီးဝူယာ့၏ စွမ်းဆောင်ရည်ဖြင့် သူတို့ကို ပြန်မခေါ်နိုင်ဘဲ နေဖို့ မဖြစ်နိုင်ပေ။

သို့သော်လည်း ကိစ္စများက ဆိုးရွားနေသည် ဟူသော ကိစ္စတွင် ဖြစ်နိုင်ခြေများစွာ ပါဝင်နေသည်။ ဆိုလိုသည်မှာ သေခြင်းတရား ဖြစ်သွားနိုင်သလို ဒဏ်ရာရနေခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ မည်သည့်ဖြစ်နိုင်ခြေကမှ မကောင်းပေ။

လုကျိုးက သူ့တပည့်များ သေဆုံးမှုအကြောင်း စနစ်မှ အသိပေးချက် မရသေးပေ။ သူက သူ့တပည့်များအား သိသာထင်ရှားသည့် အကြောင်းအရင်းမရှိဘဲ သေခွင့်ပြုမည် မဟုတ်ပေ။

“ဟွားချုံးယန်”

“အမိန့်ရှိပါ”

“အံ့ဖွယ်မြို့တော်ကို မင်းဆီ အပ်ခဲ့လို့ ရလား ”

ဟွားချုံးယန်က အနည်းငယ် အံ့အားသင့်သွားသည်။

“အာ …”

သူက ပွင့်ချပ်ခုနှစ်လွှာ အဆင့် ကျင့်ကြံသူသာ ဖြစ်၏။ သူက အံ့ဖွယ်မြို့တော်ကို မည်သို့စောင့်ကြပ်နိုင်မည်နည်း။ အတိတ်တွင် အံ့ဖွယ်မြို့တော်ကို ပွင့်ချပ်ရှစ်လွှာအဆင့် စစ်သူကြီးရှစ်ယောက်မှ ကာကွယ်ပေးထားသည် မဟုတ်ပါလော။ ပွင့်ချပ်ခုနှစ်လွှာအဆင့် သူတစ်ယောက်တည်း ကာကွယ်ဖို့ အလွန်ခက်ခဲလိမ့်မည်။ ဂိုဏ်းချုပ်က ဤနေရာတွင် မရှိလေရာ ကာကွယ်သူသုံးယောက် ပြန်ကောင်းမွန်လာလျှင်ပင် သူတို့၏ ကျင့်ကြံဆင့် ပြန်ရဖို့ အချိန်တချို့ ယူရပေလိမ့်မည်။

ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများနှင့် တူသည်။ မျှော်နန်းသခင်က အံ့ဖွယ်မြို့တော်မှ ထွက်သွားဖို့ ရည်ရွယ်ချက် ရှိနေလေသည်။ ပွင့်ချပ်ကိုးလွှာအဆင့် မရှိဘဲ ဟွားချုံးယန်က ယုံကြည်ချက်မရှိသည်မှာ ပုံမှန်သာ ဖြစ်၏။

ကျောင်းယွဲ့က ဦးညွှတ်ကာ “ရှစ်စွင်း … တပည့် အံ့ဖွယ်မြို့တော်မှာ နေခဲ့လိုက်ပါ့မယ် ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။ ကျောင်းယွဲ့က တော်ဝင်သွေးတစ်ယောက် ဖြစ်လေရာ သူမ ကျန်ရှိနေ၍ အကျိုးကျေးဇူး ရှိလာနိုင်သည်။

ထိုစဉ် ယဲ့ထျန်းရှင်းကလည်း ဦးညွှတ်ကာ ပြောလာသည်။ “ရှစ်စွင်း ကျွန်မလည်း အံ့ဖွယ်မြို့တော်ကို စောင့်ကြပ်ဖို့ နေခဲ့ပါ့မယ် ”

လုကျိုးက နန်းဆောင်ရှိ လူများအား ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ကျော့ယွီရှု … မင်းက ကွန်ဖြူးရှပ်ပညာရှင်ဆိုတော့ အစီအရင်တွေမှာ ကျွမ်းကျင်တယ်။ မင်း ဒီမှာနေခဲ့ ”

“အစ်ကိုကြီး အမိန့်အတိုင်းပါပဲ ”

“ဟွားဝူတောက်က ခုခံရာမှာ ကျွမ်းကျင်တယ်ဆိုတော့ နေခဲ့လိုက်။ ဟွားယွဲ့ရှင်းက ထူးချွန်တဲ့လေးသမားတစ်ယောက် … မြို့ကို ကာကွယ်ပေးတာ အကောင်းဆုံးပဲ။ မင်းလည်း နေခဲ့”

“ဟုတ်ကဲ့ ”

လုကျိုးက လန်လော့နှင့် ဖန်လီထန်းဆီမှ အကြည့်လွဲသွားကာ ကျန်တပည့်များအား ကြည့်လိုက်သည်။

ကျူးဟုန်ကုန်းက သူ့ရှစ်စွင်း ကြည့်နေသည်ကို မြင်သည့်အခါ ဦးညွှတ်ပြီး “ ရှစ်စွင်း … ကျွန်တော်က အမြဲတမ်း အသင့်ရှိနေပါတယ်။ ခေါ်သာခေါ်လိုက်ပါ ”

ကျူးထျန်းယွမ်ကလည်း သူ့သားကို ဘေးဆွဲခေါ်လိုက်ပြီး ပြောလိုက်သည်။ “ ဒီလိုဆိုရင် ကျုပ်လည်း သွားမယ် ”

ကျူးထျန်းယွမ်က ဒီရက်ပိုင်းအတွင်း မျက်နှာပျက်ခဲ့ရသည်။ သူက တခြားသူများ အတွေးကို ဂရုမစိုက်တော့ပေ။ သူ လုပ်ချင်သည်ကား သူ့သားနောက်လိုက်နေဖို့သာ ဖြစ်၏။

လုကျိုးက ပြောလိုက်သည်။ “ ကျူးဟုန်ကုန်း … မင်းက ဒီမှာနေပြီး အံ့ဖွယ်မြို့တော်ကို စောင့်ကြပ်ထားလိုက်”

“ဟမ် ”

“မင်းက မလုပ်ချင်ဘူးလား”

“မဟုတ် … မဟုတ်ရပါဘူး ” ကျူးဟုန်ကုန်းက ကျယ်လောင်စွာ ဝပ်တွားလိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးက စိတ်ထဲမှ သူ့အား လက်မထောင်ပြလိုက်ကြသည်။

မျှော်နန်းသခင်ရဲ့ လှုပ်ရှားပုံကတော့ တကယ်ကို တော်လွန်းတယ် …

ကျူးဟုန်ကုန်း ဒီမှာရှိနေလျှင် ကျူးထျန်းယွမ်ကလည်း ဤနေရာတွင် ရှိနေလိမ့်မည်။

ကျူးထျန်းယွမ်နှင့် ရှေးဟောင်းသူတောာ်စင်ဂိုဏ်းက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူနှင့် တူညီ၏။ သူတို့က တိုက်ခိုက်မှုနှင့် ကြုံလာသည့်အခါ အနည်းငယ် ထိန်းထားနိုင်လိမ့်မည်။

လူအမျိုးမျိုးကို တာဝန်အသီးသီး ခွဲပေးလိုက်ပြီးနောက် လုကျိုးက ပြောလိုက်သည် “စီးဝူယာ့ဆီ စာပို့ပြီး တိမ်ခွင်းရထားလုံးပျံကို ပို့ပေးဖို့ ပြောလိုက် ”

“နားလည်ပါပြီ”

လုကျိုးက တခြားလူများကိုပါ ခေါ်ဆောင်သွားလိမ့်မည်။

စီရင်စုကိုးခုလုံးက တည်ငြိမ်သွားပြီ ဖြစ်၏။ သူ့အနေနှင့် သလင်းကျောက်ကို ရှာဖွေဖို့ အချိန်ကျရောက်လာလေပြီ။ ဖန်လီထန်းနှင့် လန်လော့တို့က တခြားမျိုးနွယ်များအပေါ် အတွေ့အကြုံရှိထားသည့်အတွက် သူတို့ကို ခေါ်ဆောင်လာလျှင် အကျိုးမြတ်ဖြစ်လိမ့်မည်။ သူ့တခြားတပည့်များကလည်း အားကောင်းလာကြလေသည်။ သူတို့က အသေးစားပြဿနာများကို ကူညီဖြေရှင်းနိုင်လိမ့်မည်။

သူက ထိုမှတ်ဉာဏ်သလင်းကျောက်တွင် တခြားလျို့ဝှက်ချက်များ ပါဝင်နေသည်ဟု ခံစားချက်ရနေသည်။

………….

နောက်တစ်ရက် နေ့လယ်တွင် တိမ်ခွင်းရထားလုံးပျံက နန်းတော်မှ မိစ္ဆာဝေဟင်မျှော်နန်းဆီ ထွက်လာလိုက်ကြသည်။

ညဘက်တွင် တိမ်ခွင်းရထားလုံးပျံက မိစ္ဆာဝေဟင်မျှော်နန်းသို့ ရောက်ရှိလာပြီး တစ်ရက်တာ အနားယူခဲ့ကြသည်။

နောက်တစ်ရက် မနက်ခင်းတွင် တိမ်ခွင်းရထားလုံးပျံက လျန့်စီရင်စုဆီ ထပ်မံ ထွက်လာလိုက်၏။

All Chapters