← Chapters

အခန်း (၆၃၁-၆၃၃)

Vol. 43 Ch. 631-633

အခန်း (၆၃၁-၆၃၃)

Vol. 43 Ch. 631-633

အခန်း (၆၃၁) တာ့ရှစ်ရှိုးကို ခြေရာခံခြင်း

ရို့လီစစ်သားများသည် စစ်မြေပြင်ပေါ်ရှိလက်ဝါးရာကြီးကို ကြည့်ပြီး မှင်တက်နေကြလေ၏။

ကာရိုး အစွမ်းထက်တာ သံသယ မရှိပေ။ သူသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို ယှဉ်နိုင်သည်။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်းသခင်ကို အနိုင်ယူနိုင်မည်ဟုတောင် ယုံကြည်ချက်ရှိခဲ့၏။ သူ၏ ပွင့်ချပ်ရှစ်လွှာနှင့်တဝက်အဆင့်နှင့် အနီရောင်ရုန်းများက အစွမ်းထက်လှသည်။ ကံဆိုးသည်မှာ သူ၏ ပြိုင်ဘက်က ပိုတောင်ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ရို့လီသားများသည် ပွင့်ချပ်ကိုးလွှာတစ်ယောက်၏ ခမ်းနားသော စွမ်းအားကို စိတ်ကူးယဉ်ခဲ့ဖူး၏။ တာ့ယန်မှ ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်းလည်း သူတို့ကြားခဲ့ဖူးသည်။ သို့သော် ၎င်းကို သူတို့မျက်စိဖြင့် တွေ့လိုက်ရသည်က ထိတ်လန့်စရာ ကောင်းနေသေး၏။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်၏ စွမ်းအားသည် သူတို့တွေးထင်သည်ထက် ကျော်လွန်နေသည်။

ခဏတာ ရပ်တန့်လိုက်ပြီးနောက် လုကျိုးသည် အေးအေးလူလူ မုတ်ဆိတ်သပ်လိုက်ကာ တွင်းထဲတွင် လဲနေသော ကာရိုးကို လက်ညှိုးထိုးပြလိုက်၏။ သူသည် ထိုလက်ဝါးရိုက်ချက်၌ ထူးခြားအံ့ဖွယ် စွမ်းအား သုံးပုံတစ်ပုံကိုသာ သုံးထားသည်။ ကောင်းကင်ကျမ်းစာ စာလိပ်ကိုရရှိပြီး စနစ်လုပ်ပိုင်ခွင့် ကို အဆင့်မြှင့်တင်ပြီးနောက် စွမ်းအားအပြည့်၏သုံးပုံတစ်ပုံဆိုတာ သိထားသင့်ပေ၏။ သူ ထိန်းချုပ် မထားတာသိသာသည်။ ရန်သူခေါင်းဆောင်၏အသက်ကိုနှုတ်ရန် သူ၏ရည်ရွယ်ချက် ပြီးမြောက်သွားသောကြောင့် သူသည် ထူးခြားအံ့ဖွယ်စွမ်းအား အားလုံးကို အသုံးပြုရမည်ဆိုလျှင်တောင် ဖြုန်းတီးရာရောက်သည်ဟု မခံစားရပေ။ သူသည် သူ၏ရည်ရွယ်ချက်ကို ပြီးမြောက်သွားစေရန် အသေရိုက်ချက်ကတ်ကိုတောင် အသုံးပြုလိုသည်။

လုကျိုးသည်မြေပြင်ပေါ်ဆင်းသက်လျက် တွင်းကိုကြည့်နေသည်။ စနစ်အသိပေးသံကို သူ မကြားပေ။ ဤကာရိုးက အမှန်တကယ် မာကျောပြီး ခံနိုင်ရည် ရှိလှသည်။

ထိုစဉ် ကာရိုးသည် တွင်းနက်ထဲမှ ရုတ်တရက်ထထိုင်ပြီး သွေးအန်တော့၏။

လို့လန်သားများအပါအဝင်လူတိုင်းက ထိတ်လန့်မှုကြောင့် နောက်ဆုတ်သွားသည်။

လက်ဝါးရိုက်ချက်ကြောင့် ကာရိုးသည် အနည်းငယ်ပြားသွားပုံပေါ်၏။ သူ၏သွင်ပြင်က အတော်လေး ပျက်ပြားနေသည်။ သူ၏မျက်လုံးများက သွေးနီရောင်သန်းနေကာ အက်ကွဲကွဲလေသံဖြင့် ပြောလိုက်၏။ "ကျုပ် ဒါကို မယုံဘူး”

“မင်း ဘာကိုမယုံတာလဲ”

“ကျုပ် ကျုပ်က ပွင့်ချပ်ကိုးလွှာလက်ဝါးစည်းတံဆိပ်ကို ခံနိုင်ရည်ရှိသင့်တာလေ။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ”

ကာရိုးသည် သူ ရှုံးသွားသည့်အချက်ကို လက်မခံသေးပေ။

“အကြောင်းအရင်းမရှိဘူး” လုကျိုးက စိတ်မပါလက်မပါပြောလိုက်၏။ “အနီရောင်သင်္ကေတတွေရဲ့ ပိုင်ရှင်က ဘယ်မှာလဲ”

ကာရိုးသည် ခေါင်းငုံ့ထားလျက် ဆိတ်ဆိတ်နေလေသည်။

လုကျိုးက ထပ်ပြောလိုက်သည်။ “မင်း ငါ့ကို မပြောချင်ရင် ရို့လီသားတစ်ယောက်ဆီကို လိုက်မေးမယ်။ သူတို့ထဲကတစ်ယောက်ကတော့ ငါ့ရဲ့မေးခွန်းကို ဘယ်လိုဖြေရမလဲသိမှာပဲ”

ကာရိုးက တုန်ယင်သွား၏။ သူသည် လုကျိုးပြောသောစကား၏ အဓိပ္ပာယ်ကို နားလည်သည်။ လုကျိုးသည် သူ့တိုင်းသူပြည်သားများ၏အသက်ဖြင့် သူ့ကို ခြိမ်းခြောက်နေတာပဲဖြစ်သည်။

ကာရိုးသည် ခဲရာခဲဆစ်ဖြင့် တွင်းထဲမှတွားသွားပြီးထွက်လာသည်။ သူက ထိပ်သို့ ပြန်ရောက်ပြီးနောက် ထိုင်လိုက်၏။ သူ၏ချပ်ဝတ်ကို သေသပ်အောင်ပြင်လိုက်ကာ မျက်နှာပေါ်မှ သွေးကို သုတ်လိုက်တော့သည်။ ပြီးနောက် စွမ်းအင်ဗဟိုချက်၏ချီပင်လယ်ကို ဖိကာ သူ၏သွေးကြောများကို ပိတ်လိုက်တော့သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် သူ့မျက်နှာက သွေးရောင်ပြန်သမ်းလာ၏။

“စစ်သူကြီး”

ကာရိုး၏လက်ထောက်စစ်သူကြီးသုံးဦးသည် မြင်းပေါ်မှဆင်းလာပြီး ဒူးထောက်လိုက်ကြသည်။ သူတို့ နောက်မဆုတ်သွားပေ။

ယင်းကို မြင်သောအခါ ရို့လီစစ်သားများက ဒူးထောက်ပြီး အော်ပြောလိုက်၏။ “စစ်သူကြီး”

ကာရိုးသည် လုကျိုးကိုကြည့်ပြီးပြောလိုက်၏။ "သူတို့ကိုချမ်းသာပေးပါ”

လုကျိုးက ခေါင်းခါလိုက်သည်။ “မင်းမှာ ငြင်းပယ်ပိုင်ခွင့်မရှိဘူး”

ကျားကိုတောင်ပေါ်သို့ပြန်လွှတ်ရန် မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။

လုကျိုး၏ရည်ရွယ်ချက်ကို နားလည်သော ဖန်လီထန်းသည် ကျန်သည့်သူများကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များက ချက်ချင်းပင် ပျံသန်းလာလျက် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို ဆင့်ခေါ်လိုက်သည်။

မင်ရှစ်ရင်၌ ပွင့်ချပ်ခုနစ်လွှာရှိသည်။ ထိုနည်းတူ စီးဝူယာ့မှာ ပွင့်ချပ်ခုနစ်လွှာအဆင့်ပဲရှိ၏။

ရှောင်ယွမ်အာ၌ ပွင့်ချပ်ခြောက်လွှာရှိသည်။

သူတို့ရွှေကြာကို ဖြတ်တောက်ထားသော ဖန်လီထန်းနှင့် လန်လော့သည် ပွင့်ချပ်ငါးလွှာ ရပြီဖြစ်သည်။

ရွှေကြာဖြတ်တောက်ထားသော ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းကလည်း ပွင့်ချပ်နှစ်လွှာရှိ၏။

ယင်းကို မြင်သောအခါ မိစ္ဆာဘုရားကျောင်း၏တွမ့်ရှင်းက အနည်းငယ် အရှက်ရသွားသည်။ သို့သော် ဤအခြေအနေ၌ သူက ဘာမှမလုပ်ဘဲ ရပ်မနေနိုင်သေးပေ။ သူက ရွှေကြာမရှိဘဲ ပွင့်ချပ်နှစ်လွှာ ရှိ၏။

ဖူးပွင့်ရာအင်အားစု၏ ကျန်းဖုန်းက ပွင့်ချပ်ခြောက်လွှာရှိသည်။ အဆိပ်တစ်သောင်းဂိုဏ်း၏ စွန်းကျစ်မြောင်က ပွင့်ချပ်ငါးလွှာရှိသည်။

ဟွမ်းရှစ်ကျဲ၌ ပွင့်ချပ်ရှစ်လွှာရှိသည်။

ကျန်းအိုက်ကျန့်၌ ပွင့်ချပ်ခြောက်လွှာရှိ၏။

လီကျင်းယီ၌ ပွင့်ချပ်ခုနစ်လွှာရှိသည်။

တစ်ဖက်တွင်မူ နတ်ဒေဝါဦးတည်နယ်ပယ်ရှိတပည့်များက ကျန်နေလျက် အောက်တွင်ပျံဝဲနေကာ ရို့လီသားများဆီ ပျံသန်းသွား၏။

ရို့လီသားများက အဆင်အခြင်မဲ့ မလှုပ်ရှားရဲပေ။ ဆိုရလျှင် ထိုမျှများပြားသည့် နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်သိုင်းပညာရှင်များနှင့် ဤကဲ့သို့လွှမ်းမိုးနိုင်သောအင်အားစုနှင့် မည်သူက လှုပ်ရှားရဲမည်နည်း။

စိတ်ဝိညာဉ်သဏ္ဌာန်များသည် ဝေဟင်ထဲတွင် ကောင်းကင်မီးအိမ်များနှင့်ဆင်တူနေ၏။ သူတို့သည် ရို့လီစစ်သားတစ်သောင်းကို ဝိုင်းထားလေသည်။

စိတ်ဝိညာဉ်သဏ္ဌာန်များသည် ကာရိုး၏မျက်နှာကို အညှာအတာမရှိရိုက်နေသည့် ဒြပ်မဲ့ရိုက်ချက်များပမာ ဖြစ်နေသည်။

လုံလောက်သွားချေပြီ။ ကျန်သည့်သူများက သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို ရုပ်သိမ်းလိုက်ပြီး ကောင်းကင်ထဲတွင် စိတ်ဝိညာဉ်သဏ္ဌာန်များပျောက်ကွယ်သွားတော့သည်။ ကာရိုးသည် ခိုးကိုးရာမဲ့စွာ ပြုံးလိုက်ပြီး ရုတ်တရက်သဘောပေါက်လိုက်၏။ ငရဲဂိုဏ်းသည် အံ့ဖွယ်မြို့တော်ကို အောင်မြင်စွာကျူးကျော်နိုင်ခဲ့ပုံ၊ လောကကြီး၌ ယွီကျန့်ဟိုင်ရယ်မောနိုင်သည့် အကြောင်းအရင်းကို နောက်ဆံးတော့ သူ သိသွားချေပြီ။ အားလုံးက မိစ္ဆာဝေဟင်မျှော်နန်းသည် အစွမ်းထက်လွန်းသောကြောင့်ဆိုတာ သူ ယခုနားလည်သွားပြီဖြစ်သည်။

စီးဝူယာ့သည် ကာရိုး၏အတွေးများကို နားလည်ပုံရ၏။ သူ ပြောလိုက်သည်။

“ကာရိုး ...မင်း အခုမြင်နေရတာက အစိတ်အပိုင်းသေးသေးလေးတစ်ခုပဲရှိသေးတာ။ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးက ပွင့်ချပ်ရှစ်လွှာဖြစ်ခဲ့တာကြာလှပြီ။ သူတို့တွေက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတွေရဲ့ကြားထဲမှာ ပြိုင်ဘက်ကင်းတယ်။ ငါ့ရဲ့ လျှိုရှစ်ကျဲယဲ့ထျန်းရှင်းကလည်း ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူပဲ။ အံ့ဖွယ်မြို့တော်အပြင်ဖက်မှာ လုပ်ကြံသတ်ဖြတ်သူ ထားထားတယ် မလား။ ငါ့ရဲ့ရှစ်ကျဲက သူ့ကို ဖြေရှင်းလိမ့်မယ်။ ပြီးတော့ ငါတို့ဘက်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာတုန်းက ကွန်ဖြူးရှပ်ပါရမီရှင် ကျင့်ကြံသူ ချန်းပေ့ကျော့ယွီရှုလည်း ရှိနေတာ။ ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့သခင်လည်း ငါတို့ကို ကူညီနေတာ မင်းရဲ့ပွင့်ချပ်ရှစ်လွှာက ကောင်းကောင်းတိုက်ခိုက်နိုင်ဖို့ မျှော်လင့်ပါတယ်”

ထိုစကားကို ကြားသောအခါ ကာရိုးက သူ၏သွေးအဆီအနှစ်များ ဆန်တက်လာ၏။ သူက သွေးများ အန်တော့၏။ လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။ သူရှုံးသွားချေပြီ။

ကာရိုးက အသက်ပြင်းပြင်းရှုလိုက်ပြီး မျက်လုံးမှိတ်ကာ ရှူထုတ်ပြီးနောက် ပြောလိုက်သည်။

"အနီရောင်သင်္ကေတတွေက အနီရောင်ခေါင်းတလားထဲမှာ ချန်ထားခဲ့တာ။ မြောက်ပိုင်းကို စောင့်ကြပ်တဲ့ မဟာစစ်သူကြီးလန်နီကမြောက်ပိုင်းမှာ အဲဒါကို တွေ့ခဲ့တာလေ။ အနီရောင်သင်္ကေတတွေရဲ့ စွမ်းအားက ခေါင်းတလားထဲမှာ ပါတယ်။ စစ်သူကြီးလန်နီက အဲဒီခေါင်းတလားကို ငါ့ဆီပေးခဲ့တာ”

လူတိုင်းသည် အဲဒီစကားကို ကြားသောအခါ ကြက်သီးထသွားလေ၏။

လုကျိုးသည် အနီရောင်ခေါင်းတလားအကြောင်း သိသည်။ “လန်နီက အနီရောင်ခေါင်းတလားယူပြီး ငါ့ကို လာတွေ့ခဲ့တာ ကြာလှပြီ။ မင်းနဲ့ မဟာနတ်ဆရာဘာစီရာက ငါက ပွင့်ချပ်ကိုးလွှာအဆင့်ဆိုတာ အတည်ပြုဖို့ ကြိုးစားနေတာလား”

ထျန်းကော်က မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခိုက်သည့်အချိန်ကို လုကျိုးအမှတ်ရသွား၏။ ထျန်းကော်သည် ရုတ်တရက်ထိန်းချုပ်မှု ဆုံးရှုံးသွားတာ ဖြစ်သည်။ ထို့အပြင် လန်နီ၏ဉာဏ်ဖြင့်သူသည် မိစ္ဆာဝေဟင်မျှော်နန်းကို အဆင်အခြင်မဲ့ တိုက်ခိုက်မှာမဟုတ်ပေ။ သို့သော် အရာလားလုံးကိုမူ မဟာနတ်ဆရာက အကွက်ချထားဆိုလျှင် အရာအားလုံးကိုသည် အဓိပ္ပာယ်ရှိသွားသည်။

“ဟုတ်တယ်” ကာရိုးက ဝန်ခံလိုက်၏။ သူ့မျက်လုံးဖွင့်ကာပြောလိုက်တော့သည်။

“လန်နီရဲ့ရည်မှန်းချက်ကလည်း ကြီးလွန်းတယ်။ အနီရောင်ခေါင်းတလား၏ တည်ရှိမှုက သူ့ကိုယ်သူ ဆုံးရှုံးသွားစေခဲ့တယ်။ သူက ခိုင်ခိုင်မာမာ ယုံကြည်နေတာ။ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့ မမှန်ကန်တဲ့နည်းတွေကိုတောင် သုံးခဲ့တယ်။ ဒီမှာ ကိုယ်ပိုင်အကျိုးအတွက် နေရာမရှိဘူး။ ငါတို့တွေက တိုင်းပြည်ကောင်းစားဖို့အတွက် လုပ်နေတာလေ။ သူက တိုင်းတစ်ပါးမြေမှာ သေဖို့ထိုက်တန်တယ်။ အနည်းဆုံးတော့ ဒါက သူ့ရဲ့ဘိုးဘေးတွေကို ဂုဏ်ယူဝင့်ကြွားစေတာပေါ့”

လုကျိုးက ဂရုမစိုက်ဘဲမနေနိုင်ပေ။ သူက ဆက်မေးလိုက်၏။

“အနီရောင်ခေါင်းလားထဲမှာ ဘာထပ်ရှိသေးလဲ”

ကာရိုးသည် သတ္တိမွေးလျက်ပြောလိုက်တော့သည်။

“အရှုံးသမားတွေက ညှိနှိုင်းပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့မေးခွန်းတွေကို ဖြေစေချင်တယ်ဆိုရင် တခြားသူတွေကို အသက်ချမ်းသာပေးဖို့ မျှော်လင့်မိပါတယ် ချန်းပေ့”ထိုစကားကိုကြားသောအခါ ရို့လီစစ်သားများ၏မျက်လုံးများက စိုစွတ်သွားတော့သည်။

လုကျိုးသည် ထူးမခြားနားပြောလိုက်၏။

“ကျားကို တောင်ပေါ်ပြန်ခွင့်ပေးတာက ငါ့ရဲ့ပုံစံ မဟုတ်ဘူး။ ဒါပေမဲ့ ငါက မလိုအပ်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်တတ်တဲ့လူ မဟုတ်ဘူး။ သူတို့တွေက တာ့ယန်မှာ သုံ့ပန်းတွေ ဖြစ်မယ်။ ဒါပေမဲ့ မေးခွန်းကို ရိုးရိုးသားသားမဖြေဘူးဆိုရင် သူတို့ကို ဒီနေရာမှာသတ်မယ်”

ကာရိုးသည် လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။ သူက လက်ဆစ်များဖြူဖျော့လာတော့သည်။ အတန်ကြာ တွေးပြီးနောက် သူ ပြောလိုက်တော့၏။ “ဘွန်အာမိသားစု”

လုကျိုးက ခေါင်းညိတ်ပြီးမေးလိုက်သည်။ “ငါ့ရဲ့ဒုတိယတပည့် ယွီရှန်းရုန် မင်း သူ့ကို တွေ့မိလား”

ကာရိုးက ခေါင်းခါလိုက်၏။

“လို့လန်ရဲ့မဟာနတ်ဆရာ ဘာစီရာက သူ့ကို ထောင်ချောက်ဆင်ထားတယ်။ ရို့လီကို စွပ်စွဲဖို့ သူတို့ကိုယ်သူတို့ ရို့လီသားတွေအဖြစ် ရုပ်ဖျက်ဖို့ သူ့လူတွေကို အမိန့်ပေးထားတာ။ သူသေပြီးတော့ သူ့သတင်း မရတော့ဘူး။ ချောက်နက်နားမှာ ငါးမိုင်လောက်ရှိတဲ့ စုန်းအတတ်အစီအရင်တစ်ခုပဲ ရှိတာ။ စစ်ဆေးဖို့အတွက် ကျုပ်ရဲ့လူတွေလွှတ်ထားတယ်။ ချောက်နက်ပေါ်က လေထဲမှာ စုန်းအတတ်ခြေရာလက်ရာတချို့ ကျန်နေတယ်။ သူတို့အဲ့ဒီမှာ တိုက်ခိုက်ခဲ့တာပဲဖြစ်ရမယ်။ ဘာစီရာရဲ့ အရည်အချင်းနဲ့ဆိုရင် သူတို့တွေချောက်နက်ထဲကျသွားမှာစိုးရိမ်မိတယ်”

မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းသားများသည် ထိုစကားကိုကြားပြီး စိုးရိမ်သွား၏။

လုကျိုးက ဆက်ပြောလိုက်သည်။ “ယွီရှန်းရုန်က တတ်စွမ်းသမျှတိုက်ခိုက်ခဲ့မယ်ဆိုရင် မင်းတောင် သူ့ကို အနိုင်မယူနိုင်တာ ဘာစီရာဆို ပိုဆိုးပေါ့။ သူ ကျရှုံးသွားမယ်လို့ထင်လား”

“ဘာစီရာက သာမန်နတ်ဆရာမဟုတ်ဘူး”

ကာရိုးကပြောလိုက်၏။ “ကျုပ်ရဲ့လူတွေက ကောင်းကင်ကျုံးရဲ့အနောက်ဖက်တောက်လျှောက်ထိ ချောက်နက်တစ်ဝိုက် မိုင်တစ်ရာအထိ ဖြန့်ကျက် စစ်ဆေးထားတာ။ ဓားနတ်ဆိုးယွီရှန်းရုန်ရဲ့အရိပ်အယောင် မတွေ့ရဘူး။ ဘာစီရာရဲ့နတ်ဆရာတစ်ရာကျော်ကလည်း သေသွားပြီ။ သူတို့အလောင်းတွေက မြေပြင်ပေါ်မှာ ရှိနေခဲ့သင့်တာ။ ဒီတော့ ဖြစ်နိုင်ချေ တစ်ခုပဲရှိတယ်” ဖြစ်နိုင်ခြေက သူတို့ချောက်နက်ထဲကျသွားခဲ့တယ်ဆိုတာ သူ မပြောခဲ့ပေ။

လုကျိုးက မုတ်ဆိတ်သပ်လျက် ကာရိုးကို ပြောလိုက်သည်။ ပြီးနောက် သူက အင်္ကျီဝေ့ယမ်းလျက် ကာရိုးကိုပြောလိုက်တော့၏။ “သူတို့ကို ချုပ်ထားလိုက်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တွေ နေခဲ့မယ်”

“နားလည်ပါပြီ”

ဖူးပွင့်ရာအင်အားစု၊ မိစ္ဆာဘုရားကျောင်း၊ ဖန်းလိုင်ဂိုဏ်းနှင့် အဆိပ်တစ်သောင်းဂိုဏ်းမှ တပည့်များသည် လှုပ်ရှားကြတော့၏။

အကျဉ်းသားတစ်သောင်းကို လျန့်စီရင်စုဆီ ပို့မည်။

လုကျိုးသည် ကာရိုးကိုလှည့်ကြည့်လိုက်သော်ငြား သူ ဘာမှမပြောခဲ့ပေ။

ရို့လီစစ်သားတစ်သောင်းခေါ်ဆောင်သွားခံရသည်ကို ကြည့်ပြီး ကာရိုးမည်သို့ခံစားရမည်ကို သိချင်မိသည်။

အချိန်အတော်ကြာ စိုက်ကြည့်ခံရပြီးနောက် ကာရိုး၏မျက်နှာထက်တွင် ကျေနပ်အားရသည့် အမူအရာ ပေါ်လာတော့သည်။ သူက ခဲရာခဲဆစ်ဖြင့် ရို့လီဘက် မျက်နှာမူလိုက်သည်။ ပြီးနောက် သူ၏ဘယ်ဖက်ခြေထောက်ကိုမြှောက်ကာ သူ၏စွမ်းအင် ဗဟိုချက်ကိုဖိလိုက်သည်။ ကျန်ရှိသော ကနဦးချီနှင့် ထိခိုက်ထားသော စွမ်းအင်ဗဟိုချက်နှင့် ချီပင်လယ်က ခန်းခြောက်သွား၏။ သူ၏ခန္ဓာကိုယ်လည်း လျင်မြန်စွာ ညှိုးလျော်သွားကာ ခန္ဓာကိုယ်မှ သွေးများပန်းထွက်လာ၏။ သူ အသက်ထွက်နေသည့်ဖြစ်စဉ်တစ်ခုလုံး၌ ကျောမတ်မတ်ထားလျက် ကောင်းကင်ကျုံးဘက်ကို ကြည့်နေသည်။ ပြီးနောက် သူက လက်ကိုဆန့်တန်းကာ ချပ်ဝတ်ကာ ကိုင်မြှောက်ထား၏။ မျက်စိတစ်မှိတ်အတွင်း သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားတော့သည်။

“တင်း ... ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်နှစ်ထောင်”

လုကျိုးက ကာရိုးကို မကြည့်တော့ပေ။ သူကပြောလိုက်၏။ "ပိအန်း"

ပိအန်းကရောက်လာသည်။

လုကျိုးက လေထဲပျံတက်လျက် ကောင်းကင်ကျုံးကိုကြည့်လိုက်သည်။

ကျန်သည့်သူများက လုကျိုး၏ရည်ရွယ်ချက်ကိုနားလည်၏။ သူတို့က လေထဲပျံတက်လိုက်သည်။

မင်ရှစ်ရင်က ပြောလိုက်သည်။ “ပိအန်း ဒီမှာရှိနေတယ်ဆိုတော့ ကျွန်တော်တို့တွေ အာ့ရှစ်ရှိုးကို အချိန်မီ ရှာတွေ့မှာပါ”

“အင်း ... တာ့ရှစ်ရှိုးနဲ့အာ့ရှစ်ရှိုး အဆင်ပြေမယ်လို့ယုံတယ်” ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။

…

အခန်း (၆၃၂) ကျွန်

ရို့လီ၏ စစ်နတ်ဘုရား ကာရိုးက ကောင်းကင်ကျုံးအနောက်ဘက်တွင် သေဆုံးသွားသည့်အခါ ရို့လီ တပ်စခန်းရှိ ခရမ်းရောင် ဖယောင်းတိုင်တစ်တိုင်မှ မီးတောက် ငြိမ်းသွားလေသည်။

ကာရိုး၏ တဲအပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် အစောင့်များက ဖယောင်းတိုင် မီးငြိမ်းသွားကြောင်း မြင်သည့်အခါ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။

“အစောင့်တွေ”

“ဒီမှာပါ ”

“ကောင်းကင်ကျုံးအနောက်ဘက်က လူတွေအားလုံးကို နောက်ဆုတ်ဖို့ သတိပေးလိုက် … မြန်မြန် သွက်သွက်လက်လက်လုပ် ”

“နားလည်ပါပြီ ”

ရို့လီကျင့်ကြံသူများစွာနှင့် စစ်သားများက သူတို့၏ စစ်နတ်ဘုရားသေဆုံးသွားသည့် သတင်းကို ရလိုက်သည့်အခါ သူတို့၏ စိတ်ဓာတ်ကျဆင်းသွားကြသည်။ သူတို့က အမိန့်အတိုင်း ရို့လီဆီ နောက်ဆုတ်လိုက်ကြသည်။ ထိုစဉ်ကတည်းက ကောင်းကင်ကျုံး အနောက်ဘက်သည် တိတ်ဆိတ်သွားတော့သည်။

……………

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းသည် လုကျိုး၏ ဦးဆောင်မှုဖြင့် ကောင်းကင်ကျုံးကို ဖြတ်ကျော်လာပြီ ဖြစ်၏။

မိုးထိလုမတတ် ကောင်းကင်ကျုံးထိပ်ဖျားကို အောက်ခြေမှ မမြင်နိုင်ပေ။ သူတို့က လမ်းတစ်ဝက်ရောက်လာသည့်အခါ နှင်းမုန်တိုင်းနှင့် ကြုံတွေ့ရပြီး အပူချိန်က သိသိသာသာ ကျဆင်းလာသည်။ လေအေးများက သူတို့ကာကွယ်ရေးအလွှာကို ဓားများသဖွယ် ပိုင်းဖြတ်နေသည်။

ဖန်လီထန်းက ကောင်းကင်ကျုံးကို ဖြတ်ကျော်ဖူး၍ အတွေ့အကြုံရှိထားလေသည်။ သူက ကာကွယ်ရေးစွမ်းအားကို အသက်သွင်း၍ နှင်းမုန်တိုင်းမှ ကာကွယ်ထားလိုက်သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဒါက အဆိုးဆုံး မဟုတ်သေးဘူး။ အရင်တုန်းက ကောင်းကင်ကျုံးတောင်ဘက်ကို ဖြတ်ကျော်ဖူးတယ်။ အဲဒါက တကယ်ကို မကျော်လွှားနိုင်တော့မဲ့နေရာလိုပဲ။ ထိပ်ဆုံးကို ရောက်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်နေကြ။ ကာကွယ်ရေးစွမ်းအားကို အလှည့်ကျသုံးကြမယ် ”

ပူးပေါင်းလိုက်သည့် စွမ်းအားက တစ်ဦးချင်းစီထက် ပိုကောင်းလေသည်။

မင်ရှစ်ရင်က မေးလိုက်၏။ “ ရို့လီကလူတွေ ဒီကို ဘယ်လိုရောက်လာတာလဲ ”

ဖန်လီထန်းက ပြောလိုက်သည်။ “နည်းလမ်းသုံးမျိုး ရှိတယ်။ ပထမတစ်ခုက တောင်ကို မြောက်ဘက်ကနေ ကွေ့ပတ်လာဖို့။ ဒုတိယတစ်ခုက ရထားလုံးပျံနဲ့ ဖြတ်သန်းဖို့ … တတိယတစ်ခုက ကောင်းကင်ကျုံးအလယ်က လှိုဏ်ခေါင်းကနေ ဖြတ်ဖို့ … အရင်က ပစ္စည်းတွေ ပို့ဆောင်ဖို့ အသုံးပြုတာ။ ဒါပေမဲ့ စစ်ပွဲတွေကြောင့် လမ်းက ပိတ်သွားခဲ့တာပဲ ”

“ အခုမှ သေချာသိရတော့တယ်” မင်ရှစ်ရင်က ပြောလိုက်သည်။

သူတို့ ပြောနေရင်း လေသံက ပိုမို ကျယ်လောင်လာသည်။

တခြားလူများက မော့ကြည့်လိုက်ကြ၏။

“ငါ အရင်သွားလိုက်မယ် “

ရွှေရောင်သေရည်ဘူးသီးခြောက်က တောက်တောက်ပပ လင်းလက်လာပြီး ပွင့်ချပ်ငါးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်က လှည့်ပတ်လာသည်။ ရွှေရောင်စွမ်းအားက တခြားလူများကို နှင်းမုန်တိုင်းမှ ကာဆီးပေးထား၏။

တခြားလူများက စိတ်ဝိညာဉ်သဏ္ဌာန်နောက်မှ ပျံသန်းလာကြသည်။ ထို့နောက် သူတို့က အလှည့်ကျ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်ကြသည်။

ခရုလေးတစ်ယောက်တည်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ကသာ ဆယ်ကမ္ဘာအဆင့် ရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် သူမက လုကျိုးဘေးတွင် နေနေရင်း အနည်းငယ် ရုန်းကန်နေရသည်။ သူမက တခြားလူများနှင့် ခက်ခက်ခဲခဲ အမှီလိုက်နေရသည်။ သူမက အခက်တွေ့နေဟန်ပေါ်သည်။

“ရှောင်ရှစ်မေ့ သွားကြစို့ ”

“ရှောင်ရှစ်မေ့ …”

“ဟားဟား … ရှောင်ရှစ်မေ့ မင်းအားမကောင်းလာခင် မင်းရဲ့ မျက်နှာသာပေးတာကို ယူထားသင့်တယ်။ ငါ ကူညီပေးမယ် ”

တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ စီးဝူယာ့၊ ရှောင်ယွမ်အာနှင့် တခြားလူများက အလှည့်ကျ စွမ်းအားများ ထုတ်လွှင့်ကာ ခရုလေးအား နှင်းမုန်တိုင်းမှ အကာအကွယ်ပေးထားကြသည်။

“ရှစ်ရှိုးတို့၊ ရှစ်ကျဲ ကျေးဇူးပါ ” ခရုလေးက သက်ပြင်းချလိုက်သည်။ သူမက ပိုအားကောင်းအောင် စိတ်ဆုံးဖြတ်ချက်လိုက်သည်။

သူတို့က ကောင်းကင်ကျုံး မြောက်ဘက်စွန်းအဆုံးမှ တောင်တန်းများနှင့် မြစ်များကို ခက်ခက်ခဲခဲ ကျော်ြဖတ်ခဲ့ကြရသည်။ သူတို့က တောင်ဘက်ဆီ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်ကျုံးက မည်မျှမြင့်မားကြောင်း မမြင်နိုင်ပေ။ သူတို့က တောင်ကြောထဲ လမ်းလျှောက်နေသကဲ့သို့ ဖြစ်၏။

သိပ်မကြာခင် မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားများက ကောင်းကင်ကျုံးအပေါ်သို့ ရောက်လာကြပြီး ဆင်းသက်လိုက်ကြသည်။ သူတို့က ပတ်ဝန်းကျင်မှ လှပသည့် တောင်တန်းများနှင့် မြစ်များကို ကြည့်ရှုခံစားလိုက်ကြသည်။

ပိအန်းက စောစောလေးက ကောင်းကင်ကျုံးအပေါ်သို့ ရောက်လာသည်။ သူက ကျောက်ခြင်္သေ့လိုမျိုး အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ထိုင်နေသည်။

“ တစ်ရက်မှာ တောင်ထိပ်အားလုံးဆီ တက်လှမ်းပြီး ” လုကျိုးက စိတ်ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်သည်။

“တစ်နေ့ကျ တောင်ထွတ်အားလုံး၏ ထိပ်ကို တက်လှမ်းပါမူ ထိုတောင်တန်းအားလုံး သေးငယ်သွားလိမ့်မည်” လုကျိးက ခံစားချက်အပြည့်ဖြင့် ရွတ်လိုက်သည်။

“ကဗျာကောင်းပဲ” မင်ရှစ်ရင်က လက်ခုပ်တီးလိုက်သည်။

တွမ့်မူရှန်းက မင်ရှစ်ရင်အား လှည့်ကြည့်လိုက်သည့်အခါ မင်ရှစ်ရင်က တန်းပါးစပ်ပိတ်သွားသည်။ အကယ်၍ သူက ပွင့်ချပ်ခုနှစ်လွှာအဆင့် ရောက်နေလျှင်ပင် သူ့စန်းရှစ်ရှိုးက လေးလွှာအထိ ပြန်လည်ကျင့်ကြံပြီးပြီဖြစ်ကြောင်း အမှတ်ရလိုက်သည့်အခါတိုင်း ငြင်းပွားလိုစိတ် မရှိတော့ပေ။

တွမ့်မူရှန်းက လှည့်ကာ ပြောလိုက်သည်။ “ကဗျာကောင်းပဲ ”

မင်ရှစ်ရင် “ …”

ဖန်လီထန်းက ပြောလိုက်သည်။ “ မျှော်နန်းသခင်ရဲ့ နာမည်ဂုဏ်သတင်းက ဦးနှောက်မရှိဘဲ ရဲရင့်တဲ့ ကျင့်ကြံဆင့်လို့ကြောင့်လို့‌ ပြောကြတယ်။ ကြည့်ရတာ ဒါတွေက အသရေဖျက်တဲ့ စကားတွေဖြစ်ပုံပဲ။ တကယ်ကို ကဗျာကောင်းပဲ ”

စီးဝူယာ့က လှည့်ကာ မေးလာသည်။ “ကဗျာအကြောင်းရော သိထားတာလား”

“နည်းနည်းလောက်ပါပဲ ”

“…”

အဲဆို ဘာတွေလာကြွားနေတာလဲ … ဆွံ့အမိသွားတယ် …

မြင်ကွင်းကို ခံစားပြီးနောက် လုကျိုးက ပြောလာသည်။ “အောက်ဆင်းကြစို့ ”

တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ကောင်းကင်ကျုံးမှ ခုန်ဆင်းလာကြသည်။

နာရီပိုင်းကြာမြင့်ပြီးသည့်နောက် အောက်သို့ ရောက်လာကြ၏။

လုကျိုး “ခရုလေးကလွဲပြီး ကျန်တဲ့လူအားလုံး သေချာရှာကြ … အန္တရာယ်တွေ့လာတဲ့အခါ ကိုယ့်ဘေးကင်းမှုက အရေးကြီးဆုံးပဲ ”

“နားလည်ပါပြီ”

တခြားလူများက ပျံသန်းကာ ထွက်သွားကြသည်။

ရို့လီနှင့် လိုလန် တပ်စခန်းမရှိဘဲ ကောင်းကင်ကျုံး အနောက်ဘက်က တိတ်ဆိတ်ကာ ငြိမ်းချမ်းနေသည်။

…………….

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်တာ ကုန်ဆုံးသွားလေသည်။

ပေတစ်သိန်းနက်သည့် ချောက်နက် အရှေ့ဘက်နှင့် ကောင်းကင်ကျုံး မြောက်ဘက်တစ်နေရာတွင်

တိမ်တိုက်မာန်ဟုန်မြစ်က ကုန်းမြေတစ်ခုလုံးကို မြွေလိမ်မြွေကောက် စီးဆင်းနေသည်။ ရွာအများစုက ထိုမြစ်ဝန်းကျင်တွင် တည်ထားကြ၏။

ကုလော့ရွာတွင် …

ရို့လီလူတစ်ယောက် ကောင်းကောင်းမွန်မွန် ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်ထံ ရွာအခြေအနေအကြောင်း တင်ပြနေသည်။ “သခင်ကြီး ဒီတစ်ခါ ဆယ်နှစ်ဝန်းကျင် ကလေးအယောက်နှစ်ဆယ် ရှိပါတယ်။ သူတို့အားလုံးက နာခံကြပါတယ်။ ကျေးဇူးပြုပြီး သူတို့ကို လက်ခံပေးပါ။ သူတို့က ရို့လီရဲ့ ကြီးမြတ်တဲ့ ကျင့်ကြံသူတွေ ဖြစ်လောက်အောင် ပါရမီကောင်းကြပါတယ်။ သူတို့က စစ်သည်တော်ကောင်း အမှတ်အသားတွေ ရှိပါတယ် ”

ကောင်းကောင်း ဝတ်ဆင်ထားသည့် လူကြီးက ခေါင်းခါလျက် “ သူတို့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးပြီ။ ကျင့်ကြံဖို့ မသင့်တော်ဘူး။ မင်းဆီမှာ တခြားကလေး ရှိသေးလား”

“သခင်ကြီးက နည်းနည်းကြီးတဲ့ ကလေးဆို အဆင်ပြေလားဗျ ”

“ငါ အရင်က ကလေးကြီးတွေလည်း တွေ့ဖူးတယ်ဆိုတော့ ထားလိုက်ပါတော့။ ငါ နောက်ရွာဆီ သွားတော့မယ်” ထိုလူက ထွက်သွားဖို့ ပြင်လိုက်သည်။

ထိုစဉ် ရွာမှ လူငယ်နှစ်ဦးက စုတ်ပြဲနေသည့်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးအား ရွာသို့ အတင်းအကျပ် ဆွဲခေါ်လာလေသည်။

လူငယ်ထဲက တစ်ယောက်ဖြစ်သည့် အားတုံက ပြောလိုက်သည်။ “ အားဟိုင် လျှောက်ကြည့်မနေနဲ့။ မင်း ပစ္စည်းတွေကို ပြန်ပေးရင် ငါတို့ မင်းကို မရိုက်ဘူး”

“ထွက်ပြေးဖို့ စဉ်းစားမနေနဲ့ … အပြင်ဘက်မှာ ရုတ်ရုတ်သည်းသည်းတွေဖြစ်နေတာ။ မင်း သေသွားလိမ့်မယ်”

လူငယ်လေးနှစ်ယောက်က အားဟိုင်ဟု ခေါ်သည့် လူငယ်လေးအား အနိုင်ကျင့်နေကြသည်။

ကောင်းကောင်း ဝတ်ထားသည့် လူကြီးက အားဟိုင်ကို မြင်လိုက်သည့်အခါ စိတ်ရှုပ်ထွေးသွားပြီး “အဲဒါ ဘယ်သူလဲ”

လူအိုကြီးက ပြန်ဖြေလိုက်သည်။ “သခင်ကြီး ဒါက ကျုပ်တို့ကုလော့ရွာက ကျွန်လေးပါ ”

“ကျွန်တဲ့လား”

လူအိုကြီးက အားဟိုင်ကို လှမ်းပြောလိုက်သည်။ “အားဟိုင် ဒီကိုလာခဲ့ ”

အားဟိုင်က သူ သယ်လာသည့် ပစ္စည်းများကို ချထားလိုက်ရင်း လျှောက်လှမ်းလာသည်။

ကောင်းကောင်းဝတ်ထားသည့် လူကြီးက သူ့အား ချီးကျူးလိုက်၏။ သူက အားဟိုင်၏ ခန္ဓာကိုယ်မှ ဒဏ်ရာများနှင့် မျက်ဝန်းမှ အမုန်းတရားကို မြင်လိုက်သည့်အခါ မေးလိုက်သည်။ “တာ့ယန်က ကလေးလား ”

“ဟုတ်ပါတယ်။ ကျုပ်တို့က တာ့ယန်တွေကို ဖမ်းဆီးပြီး ကျွန်အဖြစ် သုံးတယ်လေ။ ဒီကောင်စုတ်လေးက ခေါင်းကြောမာလွန်းတယ်။ သာမန် တာ့ယန်ကျွန်တွေတောင် ဒါကို သည်းမခံနိုင်လို့ သတ်သေသွားကြတာ ကြာလှပေါ့။ ဒါပေမဲ့ ဒီကောင်စုတ်လေးက အခုထိ အသက်ရှင်နေတုန်းပဲ ” လူအိုကြီးက ပြောလိုက်သည်။

ကောင်းကောင်း ဝတ်ထားသည့် လူကြီးက လက်ဝေ့လိုက်သည်။ အားဟိုင်၏ အဝတ်ကို ပိုင်းဖြတ်လိုက်သည့် စွမ်းအင်ဓားတစ်ခု ပေါ်ထွက်လာကာ သူ့ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ် အမာရွတ်များက ပေါ်လာသည်။

သူက သက်ပြင်းချကာ ခေါင်းခါလျက် “ သူ့ဆီမှာ အုတ်မြစ်ကောင်းရှိပေမဲ့ သူက ရို့လီပြည်သား မဟုတ်ဘူး ”

အားတုံက ပြုံးလိုက်ပြီး “ အားဟိုင်က ကျင့်ကြံဖို့အတွက် မသင့်တော်မှန်း မသိထားဘူး”

လူအိုကြီးက ခေါင်းခါကာ “ကံဆိုးတာက သူက တာ့ယန် ဖြစ်နေတာပဲ ”

ကောင်းကောင်းဝတ်ထားသည့် လူကြီး စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်။

“မဖြစ်နိုင်တာတော့ မဟုတ်ဘူး … ”

လူအိုကြီးက တိတ်ဆိတ်လျက် ရှိနေသော်လည်း ကောင်းကောင်းဝတ်ထားသည့် လူကြီး၏ ဆိုလိုရင်းကို နားလည်ဟန်ပေါ်သည်။

တာ့ယန် ပြည်သားတစ်ယောက်ကို တာ့ယန် ရင်ဆိုင်ရင်း ရို့လီဘက်မှ တိုက်ခိုက်ပေးမည့် စစ်သည်တော်အဖြစ် ပြောင်းလဲလိုက်လျှင် …

အားဟိုင်ကလည်း ထိုအရာကို သိလိုက်သည်။

ကုလော့ရွာ၌ သူ ခံစားခဲ့ရသည့် နာကျင်မှုများက ရုပ်ပိုင်းဆိုင်ရာမျှသာ ဖြစ်၏။ အကယ်၍ သူသာ တောင့်ခံနိုင်လျှင် တစ်ရက်ကျ လွတ်မြောက်နိုင်မည့် အခွင့်အရေး ရလာလိမ့်မည်။ သို့သော်လည်း ကျင့်ကြံသူတစ်ယောက် လက်ထဲကျရောက်သွားပါက သူ့ဘဝသည် ငရဲတမျှ ဖြစ်လာလိမ့်မည်။ သူက တုံ့ဆိုင်းခြင်းမရှိ လှည့်ကာ ထွက်ပြေးတော့သည်။

အားတုံက ငေါက်ငမ်းလိုက်သည်။ “ထပ်ထွက်ပြေးသွားပြန်ပြီ။ တွေ့တယ်မလား … တာ့ယန်က လူတွေက ဝက်တွေလို ငတုံးတွေချည်းပဲ”

သူက လက်မြှောက်ကာ လေချွန်လိုက်သည်။

ရွာမှ အားသန်သည့် အမျိုးသားများနှင့် ဝံပုလွေခွေးများက ထွက်လာကြသည်။ အားဟိုင်က ဒဏ်ရာရထားပြီး လမ်းပင် ကောင်းကောင်းမလျှောက်နိုင်လေရာ ထွက်ပြေးဖို့ မဖြစ်နိုင်ပေ။

ဝှစ်

တစ်ယောက်က လောက်လေးခွဖြင့် ပစ်လိုက်သည်။

ဘန်း

ထိုအရာက အားဟိုင်၏ ခြေသလုံးကို ထိမှန်ကာ လဲကျသွားစေသည်။

ရွာသားအနည်းငယ်က သူ့ဆီ ပြေးလာကြပြီး ကန်ကျောက်ကြသည်။

အားဟိုင်က ခေါင်းကို ကာထားရင်း တိတ်ဆိတ်နေသည်။ အကြောင်းအရင်းတချို့ကြောင့် သူက ဤအခြေအနေကို ရင်းနှီးနေသလို ခံစားနေရသည်။ သူ ပြန်လည် အမှတ်ရဖို့ ကြိုးစားတိုင်း သူ့မှတ်ဉာဏ်များက ဗလာကျင်းနေလေသည်။

ဘဝက သံသရာတစ်ခု ဖြစ်၏။ အကယ်၍ ပြောင်းလဲဖို့ မကြိုးစားလျှင် တူညီသည့်အရာသာ ဆက်တိုက် ဖြစ်နေလိမ့်မည်။

ကောင်းကောင်းဝတ်ထားသည့် လူကြီးက လက်မြှောက်ကာ “ရပ်လိုက် ”

ကုလော့ရွာသားများက အားဟိုင်ကို တံတွေးထွေးပြီး နောက်ဆုတ်လိုက်ကြသည်။

“တာ့ယန်က လူအားလုံး အမှိုက်တွေချည်းပဲ ”

ကောင်းကောင်းဝတ်ထားသည့် လူကြီးက လျှောက်လာကာ “မင်းတို့တွေ သူ့ကို သတ်မိသွားလိမ့်မယ် ”

“ အဲဒါ သူ့အတွက် ကောင်းလွန်းနေတယ်။ ကျုပ်တို့လူတွေ အနိုင်ကျင့်ခံရတာ ကြာလှနေပြီ။ ကျုပ်မိသားစု ဆယ်ယောက်ထဲမှာ ခြောက်ယောက်က တာ့ယန်စစ်သည်တော်တွေကြောင့် သေသွားခဲ့တာ။ ခွေးဧကရာဇ်ယုံရှို့က အနောက်ဘက်တပ်စခန်းကို ချဲ့ထွင်ကတည်းက ကျုပ်တို့တွေ ဘယ်လောက်တောင် ဆုံးရှုံးပြီးသွားပြီလဲ။ သူ သေသွားရင် ကံကောင်းနေတာပဲ ”

“ဟုတ်တယ် … သူ့ကို သတ်လိုက်တာက သူ့ကို မျက်နှာသာပေးလိုက်တာပဲ။ သူ့ကို ရွာရဲ့ကျွန်အဖြစ် ထိန်းထားသင့်တယ်။ သူ သေသွားရင် တစ်ပိုင်းစီ လှီးပြီး‌ ခွေးကျွေးပစ်ရမယ် ”

…

အခန်း (၆၃၃) မင်း ငါ့တပည့်လုပ်မလား

ဝတ်ကောင်းစားလှဝတ်ထားသော လူသည် ရွာသားများ၏ဒေါသကို လျစ်လျူရှုထား၏။ သူသည် အားဟိုင်ကို အေးတိအေးစက်စိုက်ကြည့်ပြီးပြောလိုက်တော့သည်။ “မင်း ထပ်ရပ်တည်ဖို့အခွင့် အရေးတစ်ခုပေးမယ်။ ငါနဲ့လိုက်မလား”

အားဟိုင်က မော့ကြည့်ပြီး ဝတ်ကောင်းစားလှဝတ်ထားသူနှင့် အကြည့်ချင်းဆုံသွားသည်။ သူက ဆိတ်ဆိတ်သာနေလေ၏။

ထိုလူက ဆက်ပြောလိုက်သည်။

“မင်းကို ရို့လီသားဆိုတဲ့ အထောက်အထား ပေးနိုင်တယ်။ ကုလော့ရွာသားတွေက ပြဿနာထပ်ရှာတော့မှာမဟုတ်ဘူး။ ဘယ်လိုထင်လဲ။ မင်း တစ်ဘဝလုံး ဒီနေရာမှာ ကျွန်ဖြစ်ချင်လား”

အားဟိုင်က တံတွေးထွေးလိုက်၏။

ဝတ်ကောင်းစားလှဖြင့် လူသည် ဒေါသမထွက်ပေ။ သူက ခေါင်းခါပြီးနောက်ပြောလိုက်သည်။

"မင်းကို နောက်ဆုံးတစ်ခေါက်မေးမယ်။ မင်း ငါနဲ့လိုက်ချင်လား”သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုရိပ်က ပေါ်လာတော့သည်။

ထိုစဉ်

ဝေါင်း

ထူးဆန်းသည့်အော်သံသည် အနောက်အရပ်မှ ရွာဆီသို့ပြန့်လာ၏။

အမဲလိုက်ခြင်းဖြင့် ရှင်သန်နေထိုင်သည့်ရွာသားများက အသံလာရာသို့ကြည့်လိုက်၏။

“သားရဲတစ်ကောင်လား”

“အရှင် အဲဒါ သားရဲတစ်ကောင်ပါ”

ဝတ်ကောင်းစားလှဖြင့်လူက ကျယ်လောင်စွာပြောလိုက်သည်။ "ဒါက ဝေးလံတဲ့နေရာ။ ပေတစ်သောင်းနက်တဲ့ ချောက်နက်က ခြားထားတာ ဒီမှာ ဘယ်လိုလုပ် သားရဲတစ်ကောင်ရှိမှာလဲ”

သူ ပြောပြီးသည်နှင့် ကျားတစ်ကောင်နှင့်ဆင်တူသည့် ခြိမ်းခြောက်နိုင်သည့် သားရဲက အနောက်အရပ်ကနေပေါ်ထွက်လာ၏။ လေထဲကနေ သူတို့ကို စိုက်ကြည့်နေလျက် ၎င်း၏ပါးစပ်တွင် ရွှံ့များစွန်းထင်းနေသည့် ဓားအိမ်ကိုကိုက်ထား၏။

တစ်ချိန်ထဲတွင် တောအုပ်ထဲမှ လူရိပ်တချို့ပေါ်ထွက်လာသည်။

ရှေ့တွင် လူအိုကြီးလုကျိုးသည် တန်ခိုးရှင်တစ်ယောက်သွင်ပြင်မျိုးဖြစ်နေလျက် လက်နောက်ပစ်ထားကာ မတ်တတ်ရပ်နေသည်။

ကျန်သည့်သူများသည် သူ့နောက်မှ နီးကပ်စွာလိုက်ပါလာတော့သည်။

သူတို့အားလုံးသည် ပါးစပ်တွင်ဓားအိမ်ကို သယ်ထားသည့်သားရဲနောက် အေးအေးလူလူ လိုက်နေကြ၏။

သားရဲသည် မြန်ဆန်စွာသွားနေသည်မဟုတ်။ ၎င်း၏အရှိန်သည် လမ်းလျှောက်သည်ထက် အနည်းငယ်သာ ပိုမြန်သည်။

တောအုပ်၏သစ်ပင်များဆီကနေ နေရောင်ကဖြာကျလာပြီး ထိုလူများကို လင်းသွားစေ၏။

မကြာမီ၌ သားရဲသည် ရွာဝင်ပေါက်သို့ဆင်းသက်လိုက်သည်။

လုကျိုးရောက်လာချိန်၌ ကုလော့ရွာသားများကို သိမ်းကြုံးကြည့်ပြီးနောက် သူတို့လက်ထဲရှိ တုတ်များ၊ တုတ်ချောင်းများကိုကြည့်၏။ ပြီးနောက်ဝတ်ကောင်းစားလှဝတ်ထားသူနှင့် ဝံပုလွေခွေးနှစ်ကောင်ကို ကြည့်ပြီးနောက် ခေါင်းကိုလက်ဖြင့်ကာထားလျက် မြေပြင်ပေါ်တွင် ရှိနေသည့် လူငယ်ယွီကျန့်ဟိုင်ကို ကြည့်လိုက်သည်။

လုကျိုး၏ကျန်သည့်တပည့်များနှင့် မိစ္ဆာဝေဟင်မျှော်နန်း၏ကျန်သည့်အဖွဲ့ဝင်များသည် လူငယ်ယွီကျန့်ဟိုင်ကို မမှတ်မိတာ နားလည်နိုင်၏။ သို့သော် ဆရာတစ်ယောက်အနေဖြင့် သူ့ကို မည်ကဲ့သို့ မမှတ်မိဘဲနေမည်နည်း။

ယွီကျန့်ဟိုင်၏ ငယ်ရွယ်သောသွင်ပြင်သည် လုကျိုးကို လွန်ခဲ့သော နှစ်ပေါင်းသုံးရာဆီ ပြန်ရောက်ရှိသွားစေ၏။

လုကျိုးသည် ကုလော့ရွာသားများကို ထပ်ကြည့်လိုက်၏။ လက်ရှိ သူ၏ကျင့်ကြံဆင့်ဖြင့် သူ့တပည့်အတွက် တစ်ရွာလုံးကို အလွယ်လေးသုတ်သင်လိုက်နိုင်သည်။ သို့သော် သူ မလုပ်ပေ။ ထိုအတွက် ပိုကောင်းသည့်နည်းလမ်းများရှိသည်။

လုကျိုးက တိတ်နေသောကြောင့် ကျန်သည့်သူများ စကားမပြောရဲပေ။

လုကျိုးသည် ယွီကျန့်ဟိုင်ဆီသို့လျှောက်သွား၏။ သူ၏ လူငယ်ယွီကျန့်ဟိုင်၏မျက်နှာပေါ်၌ ဇဝေဇဝါဖြစ်နေသော အမူအရာကိုမြင်သောအခါ နားလည်သဘောပေါက်သွားသည်။ ညင်သာစွာမေးလိုက်၏။

"မင်းရဲ့နာမည်က ဘာလဲ”

လုကျိုးသည် လွန်ခဲ့သည့်နှစ်ပေါင်းသုံးရာတုန်းက တူညီသည့်လူတစ်ယောက်ကို တူညီသည့်မေးခွန်း မေးခဲ့ဖူး၏။ ဤမေးခွန်းသည် လူငယ်ယွီကျန့်ဟိုင်၏မှတ်ဉာဏ်များကို နိုးထစေမလား သူ သိချင်မိသည်။

လူငယ်ယွီကျန့်ဟိုင်က စိတ်ရှုပ်ထွေးနေကာ လှည့်ပတ်ကြည့်ပြီးနောက် ဖြေလိုက်၏။

“အား... အားဟိုင်”

လုကျိုးက ငုံ့ကြည့်လိုက်သည်။ ရွတ်တွနေသော သန်မာသောလက်ကို ယွီကျန့်ဟိုင်ဆီ ဆန့်တန်းလိုက်သည်။

လူတိုင်းက ဇဝေဇဝါသာကြည့်နေ၏။ သူတို့က လုကျိုး၏ရည်ရွယ်ချက် ဘာမှန်းမသိကြပေ။

လုကျိုး၏တပည့်များကလည်း စိတ်ရှုပ်ထွေးနေကြသည်။ သူတို့၏ရှစ်စွင်းသည် အမည်မသိ လူငယ်လေးတစ်ယောက်ကို ထိုကဲ့သို့ အပြုအမူမျိုးဖြင့် ဆက်ဆံနေရသည့်အကြောင်းအရင်းကို သူတို့နားမလည်ပေ။

တာ့ရှစ်ရှိုးနှင့် အချိန်အတော်ကြာ ကုန်ဆုံးခဲ့သော စီးဝူယာ့က ဇဝေဇဝါဖြစ်နေ၏။ သူသည် ညစ်ပတ်နေသော လူငယ်လေးနှင့် အကြည့်ချင်းဆုံသွားချိန်၌ သူ တောင့်တင်းသွားကာ ရင်ထဲ မသက်မသာ ခံစားလိုက်ရသည်။

မည်သူမှ မလှုပ်ရှားပေ။ လုကျိုးက ဤနေရာတွင် ရှိနေသရွေ့ အရာအားလုံးအဆင်ပြေနေလိမ့်မည်။

လုကျိုးက လက်ဆန့်တန်းလျက် သူ၏လက်ကို လူငယ်ယွီကျန့်ဟိုင်လေး ဆွဲကိုင်လိုက်မှာကို စောင့်နေသည်။

သေမျိုးများ၏ အဆုံးမဲ့ကမ္ဘာတွင် အသက်များကလေးလံနေရသည်။ ဝဋ်ကြွေးသံသရာတွင် သူ့ဘဝ၌ များစွာ ပြန်လည်ရရှိခဲ့၏။ သုံးကြိမ်ပြန်လည်မွေးဖွားခြင်းက ရှားပါးလွန်းလှသည်။ အချိန်အတော်ကြာပြီးနောက် အတိတ်က ဆိုးသွမ်းနေသည်လော။

ယွီကျန့်ဟိုင်က တုန်ယင်နေပြီးနောက် လက်တစ်ဖက်ကို မြှောက်လိုက်သည်။

လုကျိုးသည် လူငယ်ယွီကျန့်ဟိုင်၏ မျက်နှာပေါ်ရှိဇဝေဇဝါဖြစ်နေမှုကို မြင်သောအခါ ခပ်ရေးရေး ပြုံးလိုက်၏။ ပြီးနောက် လူငယ်ယွီကျန့်ဟိုင်ကို သူ့ဆီဆွဲခေါ်လိုက်သည်။

ယွီကျန့်ဟိုင်၏လက်သည် လုကျိုးနှင့် ထိမိသွားသည်နှင့် သူ၏စိတ်ထဲတွင် ဝေဝါးဝါးပေါ်လာသည်။ သူ့စိတ်ထဲ၌ ယောက်ယက်ခတ်နေအောင် ပေါ်လာ၏။ ဝေဝါးဝါးပုံရိပ်များက သူ့စိတ်ထဲပေါ်လာပြီး သူသည် ကြုံတွေ့ခဲ့ဖူးသည့် ခံစားချက်များပြည့်လာသည်။ ဒီအဘိုးကြီးက ဘယ်သူလဲ။

ထိုစဉ် ဝတ်ကောင်းစားလှဝတ်ထားသည့်လူက နောက်ဆုံးတွင်ပြောလာသည်။ “နေဦး”

လုကျိုးသည် သူ့ကိုတစ်ချက်ကြည့်ပြီး ထူးမခြားနားပြောလိုက်သည်။ “ရို့လီသား ကျင့်ကြံသူတစ်ယောက်လား”

“ဒါက ရို့လီရဲ့မြေပဲ။ ဒီနေရာက တပည့်တွေအားလုံးက ရို့လီသားတွေဖြစ်မှာပေါ့”

ဝတ်ကောင်းစားလှဖြင့်လူက ပြောလိုက်သည်။ “ကျုပ်က ကောလုံ။ ဒီလူငယ်လေးကို ခေါ်သွားဖို့ စိတ်ဝင်စားနေတယ်။ သူ့ကို ကျုပ်တပည့်အဖြစ်လက်ခံဖို့ စီစဉ်ထားတယ်”

“သူ့ကို မင်းရဲ့တပည့်အဖြစ်လက်ခံမှာလား”

ကောလုံက ခေါင်းညိတ်လိုက်၏။ “သူ့မှာ ကောင်းမွန်တဲ့အုတ်မြစ်ရှိပြီး ပါရမီရှိတယ်။ သူက ကျင့်ကြံဖို့အတွက် အလားအလာရှိသူတစ်ယောက်ပဲ”

“အရည်အချင်းရှိသူတွေအတွက် မင်းမှာ အမြင်ကောင်းရှိတာပဲ” လုကျိုးက ပြောလိုက်သည်။

ထိုစဉ် ရွာဝင်ပေါက်တွင်ရပ်နေသော အားတုံက ပြောလိုက်သည်။ “အရှင် သူတို့တွေအားလုံး တာ့ယန်ကပဲ။ သူတို့ကိုဖယ်ရှားလိုက်ရအောင်”

ရွာသားများသည် ယခင်က ကောလုံ၏ခွန်အားများကို မျက်မြင်တွေ့ခဲ့သည်။

ကောလုံက လျစ်လျူရှုထား၏။ ထိုအစား လုကျိုးနှင့်ကျန်သည့်သူများကိုကြည့်ပြီးပြောလိုက်သည်။

“ဒီလူငယ်ကို ကျုပ်နဲ့ခေါ်သွားမယ်”

“ခေါ်နိုင်လား ကြည့်တာပေါ့”

“ဘာကို ဆိုလိုတာလဲ” ကောလုံက မေးလိုက်သည်။ သူသည် လူအိုကြီး၏နောက်မှ ဆန်းကျယ်သောအရာများကို အာရုံခံမိချိန်၌ တိုက်ခိုက်ရန်ပြင်လိုက်သည်။ နောက်တွင် ရှိသည့်လူများ၏ ကျင့်ကြံဆင့်က ဖြုံလောက်ပေ၏။

ထိုရွာသားများသည် ထိုရောက်လာသည့်လူများ၏ကျင့်ကြံဆင့်ကို အာရုံမခံနိုင်ပေ။ သူတို့က ပွဲကြည့်ချင်ရုံသာရှိသည်။

လုကျိုးသည် သူတို့ကိုလျစ်လျူရှုထား၏။ သူ၏ ရင့်ရော်သောလက်မှ ကနဦးချီက ပေါ်ထွက်လာပြီး ယွီကျန့်ဟိုင်၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်ကို စစ်ဆေးရန်အတွက် သူ၏ခန္ဓာကိုယ်ထဲ ရောက်သွားတော့သည်။

သူက ကျင့်ကြံသူတစ်ယောက်ပဲ။ ယွီကျန့်ဟိုင်၏ မျက်လုံးက ပြူးကျယ်သွားတော့သည်။ သူ၏ အလိုလိုသိစိတ်က သူ ကယ်တင်ခံရပြီဖြစ်ကြောင်းပြောနေသည်။

လုကျိုးသည် လူငယ်ယွီကျန့်ဟိုင်ကို ကြည့်ပြီး မုတ်ဆိတ်များပွတ်သပ်လျက် ကုလော့ရွာနှင့် ဝတ်ကောင်းစားလှဝတ်ထားသည့်လူကို လက်ညှိုးထိုးပြီးမေးလိုက်သည်။ “မင်း သူတို့ကို အနိုင်ယူချင်လား"

ယွီကျန်ဟိုင်သည် ဇဝေဇဝါဖြစ်နေသည့်တိုင် ခေါင်းကို ပြင်းပြင်းထန်ထန်ငြိမ့်လိုက်သည်။ လုကျိုး ဘာရည်ရွယ်နေမှန်း သူ မသိပေ။ သူသည်အရာအားလုံးထက် ထိုလူများကို အနိုင်ယူချင်မိ၏။ အနိုင်ယူခြင်းက သိမ်မွေ့သောစကားလုံးဖြစ်နေသည်။ သူသည် သူတို့အားလုံးကို သတ်ချင်သည်။

“အနိုင်ယူချင်တယ်” ယွီကျန့်ဟိုင်က ပြန်ပြောလိုက်၏။

“ဟုတ်ပြီ” လုကျိုးကတည်ငြိမ်စွာပြန်ပြောလိုက်သည်။

“မင်းရဲ့ကိစ္စကို ဖြေရှင်းဖို့ မင်းကိုယ်တိုင် သင်ယူသင့်တယ်။ မင်းကို လူသတ်ကွက်တစ်ခုသင်ပေးမယ်။ သင်ယူဖို့ဆန္ဒရှိလား”

လူငယ်ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။ “ရှိပါတယ်”

“ငါ့ဆီကနေ သိုင်း သင်ယူချင်တဲ့လူတွေ ကမ္ဘာပေါ်မှာအများကြီးပဲ။ မင်း သင်ယူချင်တယ်ဆိုရင် ငါ့တပည့်ဖြစ်လာမှရမယ်။ ဆန္ဒရှိလား”

ကျိုးကြောင်းမသိသည့် မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များက ထိတ်လန့်ကုန်၏။

ဒီနေ့ လုကျိုးဘာတွေဖြစ်နေတာလဲ။ သူက အမည်မသိတဲ့လူတစ်ယောက်ကို တပည့်အဖြစ် ဘာကြောင့် ရုတ်တရက်လက်ခံချင်နေတာလဲ။ ဘာကြောင့်လဲ။

လူငယ်ယွီကျန့်ဟိုင်သည် လုကျိုးကိုကြည့်လိုက်၏။ အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် အကြည့်ခြင်းဆုံနေကြသည်။

လွန်ခဲ့သည့်အနှစ်သုံးရာတုန်းက ကျိထျန်းတောက်သည် ထိုမေးခွန်းကို မမေးခဲ့ပေ။ နှစ်ပေါင်းသုံးရာ ကြာပြီးနောက် လုကျိုးသည် ကျိထျန်းတောက်ကိုယ်စားယွီကျန့်ဟိုင်၏ ဆန္ဒကို ဖြည့်ဆည်းပေးမည်။

ရင်းနှီးနေသည့် ဇဝေဇဝါအာရုံများကြောင့်ဖြစ်ဟန်တူသည်။ ယွီကျန့်ဟိုင်က သူ့ရှေ့တွင်ရှိသော အဖိုးအိုကို ယုံကြည်ရန် ပြောနေ၏။ ထို့အပြင် သူ ဤနေရာကထွက်သွားချင်သည်။ သူ လုကျိုးကို သဘောတူချင်၏။ သို့သော် သူ တွေဝေနေသည်။ အကြောင်းမှာ သူ၏တာ့ရှစ်ရှိုး ယွီရှန်းရုန်သည် တာ့ယန်၌ သူ့အတွက်ပိုကောင်းသော ဆရာတစ်ယောက်စောင့်ကြိုနေကြောင်း ပြောထားသောကြောင့် ဖြစ်သည်။ အဆုံးကျသူသည် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

“ဒါပေမဲ့ ကျွန် ကျွန်တော့်မှာ ဆရာတစ်ယောက်ရှိပြီးသားပဲ”

လူငယ်ယွီကျန့်ဟိုင်၏ စကားကို ကြားသောအခါ ကုလော့ရွာသားများက ရယ်မောကြ၏။

အားတုံက ကြိတ်ရယ်လိုက်၏။ “အသုံးမဝင်တဲ့အမှိုက် ... အားဟိုင် မင်းမှာ ဆရာတစ်ယောက် ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ မင်း ငါ့ကိုတောင် အနိုင်မယူနိုင်တာ”

“မင်းက ပစ္စည်းတချို့ကိုပဲ တစ်သက်လုံးရွေ့နေရမှာ။ မင်းက အရည်အချင်းရှိပြီး အုတ်မြစ်ကောင်း ရှိတယ်လို့ အရှင်ကပြောတယ်။ ဒါပေမဲ့ မင်းရဲ့အဲ့ဒီအတွေးတွေကို မင်း စွန့်လွှတ်ရမယ်ထင်တယ်။ မင်းက ကုလော့ရွာက ဝံပုလွေခွေးနှစ်ကောင်ကိုတောင် အနိုင်မယူနိုင်ဘူး”

လုကျိုးက သိမ်မွေ့စွာပြောလိုက်၏။ “အဆင်ပြေတယ်။ မင်း သူတို့ကို အနိုင်ယူမယ်ဆိုရင် မင်းရဲ့ရှစ်စွင်းကို ရှာပေးဖို့ကူညီပေးမယ်” ပြောရရင် ငါက မင်းရဲ့ဆရာပဲလေ။

လူငယ်ယွီကျန့်ဟိုင်က အပျော်လွန်သွားသည်။ သူက တွေဝေမနေဘဲ ဒူးထောက်လိုက်သည်။ သူက သုံးကြိမ်သုံးခါတိုင်တိုင် ဦးတိုက်လိုက်သည်။ သူက စိတ်ရင်းမှန်ဖြင့် ကန်တော့လေရာ မြေပြင်ပေါ်၌ ဖုန်များက သူ့နဖူးပေါ်တွင် စွန်းထင်းသွားသည်။

ကျန်သည့်သူများကစိတ်ရှုပ်ထွေးသွား၏။ စီးဝူယာ့သာလျှင် သူ့ရင်ထဲ၌ ရှုပ်ထွေးနေသော ခံစားချက်များ မြင့်တက်လာတာကို ဖိနှိပ်နေရသည်။

ရို့လီသားအားတုံက ထပ်ရယ်မောပြီးတော့ပြောလိုက်သည်။

“ဟမ် ... သူသာ ငါ့ကို အနိုင်ယူနိုင်ရင် ငါ့ခေါင်းငါ ဖြတ်လိုက်မယ်”

လုကျိုးသည် ရွာသားများကို လျစ်လျူရှုထားသည်။ သူသည် ထရပ်လိုက်သော လူငယ်ယွီကျန့်ဟိုင်ကို ကြည့်လိုက်၏။ သူက ပခုံးပေါ် လက်တစ်ဖက်တင်လိုက်သည်။ “မင်း ဖာသာမင်း မင်းရဲ့ကိစ္စကိုဖြေရှင်းလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း”

လုကျိုးသည် ယွီကျန့်ဟိုင်ကိုကြည့်လိုက်၏။ ပြီးနောက် သူသည် လက်တစ်ဖက်ကိုဘေးသို့ဆန့်ကာ ပြောလိုက်သည်။

“ဓားမော့ယူလာခဲ့”

“ဟမ်” ဖန်ကျုံးသည် ဇဝေဇဝါဖြစ်သွားတော့သည်။

စီးဝူယာ့က သူ၏လက်ကိုဝေ့ယမ်းလိုက်၏။

ဖန်ကျုံးက လျှောက်လာပြီး သူ သယ်လာသည့်နဂါးသွဲ့ကျောက်ဓားမော့ကို လုကျိုးအား ပေးလိုက်သည်။

လုကျိုးသည် ပြောလိုက်တော့၏။ “မင်းက ငါ့ရဲ့တပည့်ဖြစ်လာပြီဆိုမှတော့ မင်းကို ဒီဓားမော့ ပေးလိုက်မယ်။ ကောင်းကောင်းကိုင်”

လူငယ်ယွီကျန့်ဟိုင်က စိတ်ရှုပ်ထွေးသွားသည်။ ဓားမော့ကို ထိလိုက်ချိန်၌ အေးစက်နေ၏။ ထိုအခိုက်အတန့်တွင် ဓားမော့ကနေ ရင်းနှီးနေသည့်အငွေ့အသက်ကို ခံစားမိ၏။ ဓားမော့သည် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းပမာခံစားရ၏။ ထိုခံစားချက်က သူ့ကို တုန်ယင်သွားစေတော့သည်။ သူက ဓားမော့ကိုကြည့်လျက် ဆွံ့အနေကာ ထိတ်လန့်နေတာသိသာ၏။

လုကျိုးက လက်ဖဝါးဖြန့်လိုက်သည်။ သူ၏လက်ထဲ၌ သစ်သားတုတ်တစ်ချောင်းပေါ်လာသည်။

“မင်းကိုအခု ဓားမော့သိုင်းသင်ပေးမယ်”

ရွာသားများက ပိုတောင်ကျယ်လောင်စွာရယ်မောကြလေ၏။

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။ “အင်း”

“ဂရုတစိုက်နားထောင်” လုကျိုးက တစ်ဖက်လှည့်ကာ ရှင်းလင်းနေသော နေရာသို့သွားလိုက်သည်။ “ဒီဓားမော့သိုင်းက ဓားသွားတစ်ထောင်ရဲ့အားကို စုစည်းပြီး စတင်ထားတာပဲ။ မင်း လက်ချောင်းတွေလှုပ်လိုက်ရုံနဲ့ ...” သူက ရပ်နေသည့်နေရာ၌ တုတ်ချောင်းကို လွှဲယမ်းလိုက်၏။ တုတ်ချောင်းကို ဘယ်ညာလွှဲယမ်းလိုက်သည်။ တုတ်က သူ၏လက်ထဲတွင်လည်သွား၏။ သူ၏လှုပ်ရှားမှုများက ချောမွတ်သေသပ် သပ်ရပ်နေသည်။

ကျန်သည့်လူများသည် လေးစားကြောက်ရွံ့မှုတို့ဖြင့် ကြည့်နေလေ၏။ အကြောင်းမှာ လုကျိုးသည် ကမ္ဘာပေါ်၌ အစွမ်းအထက်ဆုံးဓားမော့သိုင်းများထဲမှတစ်ခုကိုလူငယ်လေးအား သင်ပေးနေသောကြောင့် ဖြစ်သည်။ သူတို့သည် သူ၏လှုပ်ရှားမှုကို စိုက်ကြည့်နေ၏။

လူငယ်ယွီကျန့်ဟိုင်လေးက ထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဓားမော့နှင့် ကျင့်စဉ်နှစ်မျိုးလုံးက သူနှင့်ရင်းနှီးနေပုံရသည်။ သူ၏ဝိညာဉ်နှင့်သွေးထဲတွင် စွဲထင်နေ၏။ သူသည် လုကျိုး၏လှုပ်ရှားမှုအတိုင်း သူ၏နဂါးသွဲ့ကျောက်ဓားမော့ဖြင့်အလိုလို လိုက်ပါလှုပ်ရှားလိုက်သည်။

လုကျိုးသည် ၎င်းကို ကျေနပ်နေပုံရ၏။ သူသည် သစ်သားတုတ်ကိုလွဲယမ်းနေသည်။

“တိတ်ဆိတ်နေတဲ့လေ ချီတို့က ရေကန်တစ်ခုလိုပဲ။ အရိပ်မဲ့တဲ့အလင်းနဲ့ ဓားသွားရဲ့လျင်မြန်မှု”

သူတို့ရှေ့ရှိ အဘိုးအိုက ရူးနေသည်ဟု ရွာသားများက ယုံကြည်မှုမြင့်လာတော့သည်။ အဘိုးအိုက တုတ်ကို လွှဲယမ်းလိုက်ချိန်တွင် ရယ်စရာကောင်းပြီး အထင်ကြီးစရာကောင်းပုံမပေါ်ပေ။

ရို့လီကျင့်ကြံသူ ကောလုံတောင် စိတ်ရှုပ်ထွေးသွား၏။ ဒီအဘိုးကြီး ဘာလုပ်နေတာလဲ။ ဘာကြောင့် သူက တွေ့ကာစလူငယ်ကို သိုင်းသင်ပေးနေတာလဲ။

“မျက်ရည်တစ်ရာက ပင်လယ်ရဲ့တောင်ဖက်မြစ်အစင်းတစ်ရာ”

လုကျိုးသည် လျင်မြန်စွာ လှုပ်ရှားလျက် သစ်သားတုတ်ဖြင့် သစ်ပင်ကို ထိုးစိုက်လိုက်သည်။

ဘန်း

တုတ်က သစ်ပင်ကိုထိုးဖောက်သွားကာ ပင်စည်တွင်အပေါက်တစ်ခုကျန်ခဲ့သည်။

ကျန်သည့်သူများက မျက်လုံးများပြူးကျယ်သွား၏။

“တစ်သားတည်းပေါင်းစည်း” လုကျိုးက ခြေဖော့နင်းလျက် ကနဦးချီအနည်းငယ် ထုတ်လိုက်သည်။ သူ၏လှုပ်ရှားမှုများကို နှေးနှေးလေးဖြစ်အောင်ကြိုးစားနေလျက် အသေးစိတ်တတ်နိုင်သမျှ ပြနေသည်။ ပြီးနောက် ကနဦးချီကို ထုတ်ဖော်လျက် လေထဲခုန်တက်လိုက်သည်။ သူက သစ်သားတုတ်ကို မြှောက်လျက်ပြောလိုက်၏။ “ဒါက မဟာအမှောင်ကောင်းကင်အောက်မေ့ရာပဲ”

သစ်သားတုတ်သည် လည်ပတ်နေသည့်စွမ်းအင်ဓားလေးများစွာကို ဖော်ထုတ်လိုက်၏။

ဘန်း ဘန်း ဘန်း

သူတို့နားရှိ မီတာတစ်ဒါဇင်ခန့်ရှိသစ်ပင်များသည် မဟူရာကောင်းကင်ကြယ်အလင်းကြောင့် လဲပြိုကျသွားသည်။

လေတို့ ရပ်တန့်သွားပြီးနောက် စွမ်းအင်ဓားသွားများဆက်လက်ကျဆင်းလာတော့၏။

All Chapters