အခန်း (၆၃၄-၆၃၆)
Vol. 43 Ch. 634-636
အခန်း (၆၃၄) ဉာဏ်ရှိတဲ့ ဓားမော့ဆန္ဒက မင်းကို ခေါင်းဖြတ်သွားလိမ့်မယ်
ကုလော့ရွာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဤသည်မှာ မဟာအမှောင် ကောင်းကင်အောက်မေ့ရာ တိုက်ကွက်၏ အမှောင်ကောင်းကင် ကြယ်အလင်း ဖြစ်၏။ တစ်မိုးအောက် ဓားမော့နည်းစနစ်အားလုံးက ယှဉ်နိုင်မည် မဟုတ်ပေ။
လူအိုကြီးသည် တုတ်တစ်ချောင်းဖြင့် သစ်တောကို ရှင်းလင်းပစ်သည့် အပြုအမူကြောင့် ရွာသားများက မျက်လုံးပြူးသွားကြသည်။ သူတို့က မဟာအမှောင် ကောင်းကင်အောက်မေ့ရာ၊ သို့မဟုတ် ဓားမော့နည်းစနစ်များကို မသိထားကြသော်လည်း အံ့ဖွယ်ဖြစ်မှန်းတော့ သိထားသည်။
ကုလော့ရွာက ပေတစ်သိန်းနက်သည့် ချောက်နက်ဖြင့် ကမ္ဘာနှင့် ပိုင်းခြားထားသလို ဖြစ်နေသည်။ ထိုနေရာကို မြေအနေအထားအကြောင်း ကောင်းကောင်းမသိဘဲ ရှာနိုင်ဖို့ ခက်လှ၏။
ကောလုံက လုကျိုးအား စိုက်ကြည့်လိုက်ပြီး ထွက်ပြေးဖို့ စဉ်းစားမိလိုက်သည်။
“မဟာအမှောင်ကောင်းကင် အောက်မေ့ရာ …” လူငယ် ယွီကျန့်ဟိုင်က ရေရွတ်လိုက်၏။ သူ့မျက်ဝန်းထက် အလွန်စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ရှိနေသည်။ သူက ထိုစကားကို တစ်ခါမှ မကြားဖူးသော်လည်း ထပ်ကာထပ်ကာ ရေရွတ်နေမိသည်။ သူက ထိုစကားများကို ရေရွတ်လိုက်သည့်အချိန် အတိတ်တုန်းက ထိုတိုက်ကွက်ကို အကြိမ်များစွာ ထုတ်သုံးခဲ့သလိုမျိုး ခံစားမိလာသည်။ မှတ်ဉာဏ်များကို သဲလွန်စရရှိဖို့ ခက်ခဲသော်လည်း ဤဓားမော့နည်းစနစ်က နှစ်များစွာလေ့ကျင့်ပြီးသည့်နောက် သူ့သွေးအသားထဲအထိ နှစ်ဝင်နေပြီးသား ဖြစ်၏။ သူ့ဘဝတွင် စွဲလမ်းမှုမှလွဲ၍ ကျန်ရှိသည်ကား ဤနည်းစနစ် မဟာအမှောင်ကောင်းကင်အောက်မေ့ရာသာ ရှိလေသည်။
လူငယ် ယွီကျန့်ဟိုင်က သွေးများ ဆူပွက်လာသလို ခံစားလာရသည်။ သူ့ကြွက်သားများနှင့် လှုပ်ရှားပုံများကို ရင်းနှီးပြီးသား ဓားမော့နည်းစနစ်ဖြင့် လမ်းပြပေးထားသလို ဖြစ်၏။ သူက မယုံနိုင်လောက်အောင် အလျင်ဖြင့် မြန်မြန် သင်ယူနိုင်ခဲ့သည်။
ဘေးမှ စောင့်ကြည့်နေသူများကလည်း အံ့ဩနေကြ၏။
လုကျိုးက ဓားမော့နည်းစနစ်ကို ပြီးပြည့်စုံစွာ ပုံဖော်ပြခဲ့သည်။ သူ့လှုပ်ရှားမှုများက စီးဆင်းနေရသည့် ရေလိုမျိုး ချောမွေ့နေသည်။ အလကားထုတ်သုံးသည့် လှုပ်ရှားမှုဟူ၍ မပါပေ။ သို့သော်လည်း ဤသည်က အင်မတန် ရှုပ်ထွေးသည့် နည်းစနစ်တစ်ခု ဖြစ်၏။
တစ်ခါကြည့်ရုံဖြင့် မည်သို့သင်ယူနိုင်မည်နည်း။
သို့သော်လည်း လူငယ် ယွီကျန့်ဟိုင်၏ လုပ်ဆောင်ချက်က တခြားလူများကို အံ့အားသင့်စေခဲ့သည်။ သူက အကြိမ်များစွာ လေ့ကျင့်ထားသည့်အလား နည်းစနစ်နှင့် ရင်းနှီးနေသည်။
လူငယ် ယွီကျန့်ဟိုင်က အရာအားလုံးကို မေ့လျော့သွားသည့်အလား ထိုဓားမော့နည်းစနစ် သင်ယူရာ၌ စိတ်နှစ်ထားသည်။
ရွာသားများက ယွီကျန့်ဟိုင်အား မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ သူတို့က သခင်ကြီးကောလုံ ပြောဖူးသည်ကို အမှတ်ရသွားသည်။ သူတို့စိတ်ထဲ မကောင်းသည့် ခံစားချက်များ ပေါ်ထွက်လာ၏။
ဒီကျွန်က ကျင့်ကြံရေးအတွက် ပါရမီထူးကဲနေတာလား …
ယွီကျန့်ဟိုင်က အမှောင်ကောင်းကင် ကြယ်တာရာအလင်းကို ထုတ်ဖော်သည့်အခါ နဂါးသွဲ့ကျောက်ဓားကို မတော်တဆ ပစ်မိသွားသည်။
ဘန်း
နဂါးသွဲ့ကျောက်ဓားက လေထဲ နှစ်ကြိမ်တိုင်တိုင် လည်သွားပြီး မြေကြီးထဲ ထိုးစိုက်သွားသည်။
လူငယ်ယွီကျန့်ဟိုင်က အိပ်မက်မှ နိုးထလာသည်။
ကမ္ဘာဦးချီ အတက်အကျမရှိသလို မဟာအမှောင်ကောင်းကင် အောက်မေ့ရာလည်း မရှိနေဘဲ အားအနည်းဆုံး စွမ်းအင်ဓားမော့ကိုပင် မမြင်ရပေ။
ရွာသားများက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။
အမှိုက်ကတော့ အမှိုက်ပါပဲ …
သူက ဓားမော့ကို ဝေ့ယမ်းပြီး သူ ပထမဆုံးအကြိမ် သင်ယူထားသည့် တိုက်ကွက်ဖြင့် သူတို့ကို နှိမ်နင်းမည်ဟု စဉ်းစားကြည့်လိုက်လျှင် …
သူက ကျွန်ဖြစ်ဖို့ မွေးလာတာပဲ။
သူတို့က မကျေနပ်ကြသော်လည်း ဘာမှမပြောရဲပေ။ လူအိုကြီးသည် တုတ်တစ်ချောင်းဖြင့် သစ်တောကို ရှင်းလင်းပစ်ခဲ့သည် မဟုတ်ပါလော။ ဤအရာက လူအိုကြီးသည် သူတို့ရှုပ်နိုင်သည့်လူ မဟုတ်ကြောင်း ပြသနေခြင်း ဖြစ်၏။ ကံကောင်းစွာဖြင့် သခင်ကြီးကောလုံက ရှိနေသေးသည်။ အဆုံးသတ်၌ သူတို့က ယခု သည်းခံဖို့ ဆုံးဖြတ်လိုက်ကြသည်။ လူအိုကြီး ထွက်သွားသည့်အခါမှ အမှိုက်ကို ကြိုးတွဲလောင်းဆွဲပြီး ဆယ်ရက်တာ ကျာပွတ်ဖြင့် အပြစ်ပေးရမည်။
လူငယ်ယွီကျန့်ဟိုင်က မြေပေါ်မှ နဂါးသွဲ့ကျောက်ဓားကို ကြည့်လိုက်ကာ မလုံမလဲ ပြောလိုက်သည်။
“ ကျွန်တော်က တကယ်ကို အမှိုက်ပဲ ”
သို့သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက သူသည် ပထမဆုံးအကြိမ် ကြိုးစားကြည့်ရုံဖြင့် ထိုနည်းစနစ်များကို လုပ်နိုင်သည့်အတွက် အံ့ဩဖို့ကောင်းကြောင်း ထင်ကြ၏။ သူ လိုအပ်နေသည်ကား ကမ္ဘာဦးချီသာ ဖြစ်၏။
ပညာရှင်များက နည်းလမ်းကို အာရုံစိုက်ကြစဉ် ပညာမဲ့သူများက ခမ်းကြီးနားကြီးကို အာရုံစိုက်ကြသည်။
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး “ အနှစ်သာရကို မှတ်ထား … သွင်ပြင်ကို မဟုတ်ဘူး။ ဒါက မင်းရဲ့ ပထမဆုံးအကြိမ်ပဲ ရှိသေးတယ်။ ဘာလို့ အလျင်လိုနေတာတုံး ”
လုကျိုးက လက်ဝါးဖြန့်လိုက်သည့်အခါ ဓားမော့က သူ့လက်ထဲ ပြန်ရောက်လာသည်။ ထို့နောက် သူက ယွီကျန့်ဟိုင်ဆီ ပေးလိုက်သည်။
လူငယ် ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို ကြည့်ကာ လက်နှစ်ဖက်လုံးဖြင့် ကိုင်ဆောာင်ရင်း ခေါင်းညိတ်လိုက်သည်။
ဒုတိယအကြိမ် သရုပ်ပြခြင်း
လုကျိုးက ယွီကျန့်ဟိုင်အား ထပ်မံ သရုပ်မပြတော့ပေ။ ထိုအစား သူက ဘေးကပ်ကာ စောင့်ကြည့်နေ၏။
ပထမတစ်ကြိမ် ကြိုးစားမှုတွင် လူငယ် ယွီကျန့်ဟိုင်က ထိုနည်းစနစ်ဖြင့် ပိုအသားကျလာသည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက အံ့အားသင့်နေကြ၏။
တတိယအကြိမ်၊ လေးကြိမ်မြောက်၊ ငါးကြိမ်မြောက် …
လူငယ် ယွီကျန့်ဟိုင်က ထပ်ကာ ထပ်ကာ ကြိုးပမ်းနေသည်။ သူ့ဝှေ့ယမ်းမှုနောက်ကွယ်မှ ခွန်အားလည်း တိုးမြင့်လာ၏။
လူငယ် ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားသည် သူ့တစိတ်တပိုင်း ဖြစ်လာသလို ခံစားလာရသည်။ သူက အံ့မခန်း ခွန်အားဖြင့် ဓားကို ဝေ့ယမ်းလိုက်သည်။ သူ့ဝေ့ယမ်းချက်များက ပိုမို၍ အားကောင်းလာသည်။
ဘန်း
ဓားမော့က သစ်ခေါက်ကို သွားထိကာ ချက်ချင်း အက်ကွဲသွားစေသည်။
သရုပ်ပြမှု ပြီးဆုံးသွားလေပြီ။
လူငယ် ယွီကျန့်ဟိုင်က အသက်ပြင်းပြင်းရှုလိုက်သည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ကောင်းတယ် ”
တခြားနည်းဖြင့်ဆိုရလျှင် ထပ်လုပ်နေစရာ မလိုတော့ပေ။
လုကျိုးက ရွာသားများအား လက်ညှိုးထိုးပြကာ “မင်း ရွေးချယ်မှုလုပ်တော့ ”
ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားဆီမှ အေးစက်စက် ခံစားမှုကို ခံစားမိလိုက်သည်။ သူ ရှင်းပြဖို့ခက်သည့် ယုံကြည်ချက်တို့က ထွက်ပေါ်လာသည်။ သူက အားတုံအား ညွှန်ပြကာ “မင်း …”
အားတုံက အံ့အားသင့်သွားသည်။ “ငါလား ”
လုကျိုးက ပြောလိုက်သည်။ “မင်းတို့ကိစ္စမှာ ငါ ဝင်မပါဘူး။ သူ့ကို အနိုင်ပိုင်းနိုင်တဲ့သူ အသက်ရှင်နိုင်တယ်”
လူငယ် ယွီကျန့်ဟိုင်က ဓားရိုးကို သေချာဆုပ်ကိုင်ပြီး ရှေ့တိုးလာသည်။
အားတုံက မျက်မှောင်ကြုတ်လိုက်သည်။ သူက သံပေါက်တူးတစ်ခုကို လှည့်ယူလိုက်ကာ “ကောင်းပြီလေ။ မင်းက သေချင်နေတာပဲ”
ထိုသို့ပြောလိုက်ပြီးသည့်နောက် သူက အင်္ကျီလက်ကို ပင့်တင်ကာ ကြွက်သားများအား ထုတ်ပြလာသည်။
ရို့လီများက ရဲစွမ်းသတ္တိဖြင့် မွေးဖွားလာကြပြီး သူတို့၏ ခန္ဓာတည်ဆောက်ပုံက သားရဲရိုင်းများနှင့် တူသည်။
အားတုံ၏ အကြည့်က အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ လက်ထဲမှ ပေါက်တူးပြားဖြင့် ရှေ့တိုးလာသည်။
လူငယ် ယွီကျန့်ဟိုင်က မသိစိတ်ဖြင့် နောက်တစ်လှမ်းဆုတ်လိုက်သည်။
လုကျိုးက ပြောလိုက်၏။
“ မင်းနောက်ဆုတ်နေရင် သေလိမ့်မယ်။ ရှေ့တိုးမှသာ အသက်ရှင်လိမ့်မယ် ”
လူငယ် ယွီကျန့်ဟိုင်က ဆံပင်များ ထောင်မတ်သွားသလို ခံစားလိုက်ရသည်။
သူက ဘာကိုကြောက်နေတာလဲ …
သူက အော်လိုက်ရင်း နဂါးသွဲ့ကျောက်ဓားကို ကိုင်ဆွဲရင်း ချီတက်သွားလိုက်သည်။
အားတုံက ပေါက်တူးပြားဖြင့် ခုတ်လိုက်သည်။ “သေစမ်း ”
ဝှစ်
လူငယ် ယွီကျန့်ဟိုင်က လက်ကိုမြောက်လိုက်ပြီး နဂါးသွဲ့ကျောက်ဓားက သူ့ခေါင်းပေါ် ရောက်လာသည်။
ဘန်း
ယွီကျန့်ဟိုင်က ခြေမငြိမ်ခင် နောက်သုံးလှမ်းဆုတ်လိုက်ရ၏။
အားတုံက သရော်လိုက်သည်။
“ ဒါပဲလား ”
သူက ပေါက်တူးပြားကို ထပ်မံ မြောက်လိုက်ပြန်သည်။ ဤတစ်ကြိမ် သူက အားပိုစိုက်ထားဟန် ပေါ်၏။ သူ့လှုပ်ရှားမှုများကလည်း ပိုလွန်းနေသည်။ ထို့နောက် သူက ထပ်မံ ချီတက်လာသည်။
လူငယ်ယွီကျန့်ဟိုင်က အားတုံအား ကြည့်လိုက်သည်။ သူက ဓားမော့ကို တင်းတင်းဆုပ်ထားလိုက်သည့်အတွက် လက်ဆစ်များပင် ဖြူဖျော့လာသည်။
“စိတ်အေးအေးထား” လုကျိုး၏ အသံက ယွီကျန့်ဟိုင်နားထဲ ရောက်လာသည်။
လူငယ် ယွီကျန့်ဟိုင်က စိတ်လှုပ်ရှားလွန်းသွားကြောင်း သဘောပေါက်သွားသည်။ သူက အသက်ပြင်းပြင်းရှုလိုက်ပြီး စိတ်ထိန်းလိုက်သည်။ သူ့ရှစ်စွင်း၏ ဆက်တိုက် သတိပေးမှုများ၊ လမ်းညွှန်မှုများဖြင့် သူသည် အလျင်အမြန် စိတ်ငြိမ်သွားသည်။ သူ့သွေးများ တဖန်ဆူပွက်လာသည်။
ဝှစ်
အားတုံက ပေါက်တူးပြားကို ဝေ့ယမ်းလိုက်သည်။
လူငယ် ယွီကျန့်ဟိုင်က ရှေ့တိုးလိုက်သည်။ ပေါက်တူးပြား ကျရောက်လာသည့်အခါ သူက ပေါ့ပါးသွက်လက်စွာ ဘေးဘက်မှ ရှောင်လိုက်ပြီး အားတုံအား ပခုံးဖြင့် ဝင်တိုက်လိုက်သည်။
ဘန်း
အားတုံက နောက်ဆုတ်လိုက်ရ၏။
“ဒါက …”
“ဘာဖြစ်သွားတာလဲ”
ရွာသားများက မျက်လုံးပွတ်ကြည့်လိုက်ကြသည်။ သူတို့က ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်နေကြ၏။
လူငယ် ယွီကျန့်ဟိုင် ဘေးဘက်ရှောင်လိုက်သည့် နည်းလမ်းက ရင်းနှီးကျွမ်းဝင်နေသည့်အလား ချောမွတ်နေသည်။ သူက ပညာရှင်တစ်ယောက်လိုမျိုး လှုပ်ရှားလိုက်၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
ကောလုံက မျက်မှောင်ကြုတ်လိုက်သည်။
ဒီကောင်လေးက တကယ်ကို ထူးကဲတဲ့ ပါရမီရှင်ကျင့်ကြံသူပဲ …
အားတုံက ထိုရလဒ်ကို လက်မခံနိုင်ပေ။ သူက ပေါက်တူးပြားကို မြောက်ကာ တစ်ဖက်လူဆီ ထပ်မံ ပြေးဝင်သွားသည်။
လူငယ် ယွီကျန့်ဟိုင်က ယခုအခါ တည်ငြိမ်နေပြီ ဖြစ်၏။ အားတုံ ပြေးဝင်လာသည်ကို မြင်သည့်အခါ သူက တခြားလူအဖြစ် ပြောင်းသွားသလိုမျိုး စကားတစ်လုံးကိုသာ ပြောလိုက်သည်။
“အားနည်းတယ် ”
သူက ဓားမော့ကို လက်တစ်ဖက်တည်းဖြင့် ကိုင်မြောက်ကာ ရှေ့တိုးသွားသည်။
ဘန်း ဘန်း ဘန်း
သူက သုံးကြိမ်ဆက်တိုက် ခုတ်ချလိုက်သည်။
ပေါက်တူးပြားက သုံးပိုင်းကွဲသွားပြီး မြေပေါ် ပြုတ်ကျသွား၏။
အားတုံက မျက်လုံးအပြူးသား ဖြစ်သွားသည်။ သူက သုံးပိုင်းကွဲသွားသည့် ပေါက်တူးပြားကိုသာ စိုက်ကြည့်နေမိသည်။ သူက မော့ကြည့်လိုက်သည့်အခါ သတိမထားမိခင်ပင် လူငယ် ယွီကျန့်ဟိုင်သည် သူ့ရှေ့ ရပ်နေပြီဖြစ်ကြောင်း မြင်လိုက်ရ၏။
နဂါးသွဲ့ကျောက်ဓားက မြောက်လာပြီး ထောင့်ဖြတ်အတိုင်း ပိုင်းချသွားသည်။
ရွာသားများက အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့က ယွီကျန့်ဟိုင်ကို မကောင်းဆိုးဝါးအလား သတ်မှတ်လိုက်ကြ၏။
လူငယ် ယွီကျန့်ဟိုင်က ဓားကို ထပ်မြောက်လိုက်ပြီး ရေပြင်ညီအတိုင်း လွဲချလိုက်သည်။
ဘန်း
တစ်ချက်
ဘန်း
နှစ်ချက်
ဘန်း
သုံးချက်
ဘန်း ဘန်း ဘန်း
အားတုံ၏ ပခုံးပေါ် ဓားချက် သုံးချက် ကျရောက်လာသည်။ သူ့ရင်ဘတ်အထက် သွေးနီနီစွန်းနေ၏။ သူက နာကျင်မှုကို မခံစားမိပေ။ သူက ပြင်းထန်လွန်းသည့် အကြောက်တရားကိုသာ ခံစားမိနေ၏။ သူက သေခြင်းတရား နတ်ဘုရားကို မြင်တွေ့ရသကဲ့သို့ ဖြစ်နေသည်။ အကြောက်တရားမှလွဲ၍ သူ့မျက်နှာအထက် မျှော်လင့်ချက် ကုန်ဆုံးသည့် အရိပ်အယောင်သာ မြင်တွေ့နေရသည်။ လူငယ်လေးသည် ဤမျှစွမ်းအားကို ထုတ်သုံးနိုင်လာလိမ့်မည်ဟု မထင်မိပေ။ ဓားချက်တစ်ချက်တိုင်းက သူ့နှလုံးသားအထိ လာထိ၏။
ဝံပုလွေသည် နောက်ကြောင်းပြန်လှည့်လာသည့် အကြောင်းအရင်းတစ်ခု ရှိတတ်သည်။
ကြင်နာမှုကို ပြန်ပေးဆပ်ဖို့လား ဒါမှမဟုတ် လက်စားချေဖို့လား …
လူငယ်လေးသည် ဝံပုလွေ မဟုတ်သော်လည်း ထိုအရာထက် ပိုကြောက်ဖို့ကောင်းနေသည်။
အားတုံက လူငယ် ယွီကျန့်ဟိုင်၏ ရင်ဘတ်အပေါ် ကျရောက်သွားသည်။ သူ့ရင်ဘတ်ပေါ်မှ ဓားချက်အမာရွတ်များကို ထင်ထင်ရှားရှား မြင်တွေ့နိုင်လေသည်။ ထိုအရာထဲမှ ဆယ်ခုက သူ့လက်ချက် ဖြစ်ခဲ့၏။ သူက မြေပေါ် လဲကျသွားရင်း အသိဝင်လာခဲ့သည်။
လူငယ်ယွီကျန့်ဟိုင်က ဓားမော့ဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်သည်။
ဘန်း ဘန်း ဘန်း
နောက်ထပ် သုံးချက် ကျရောက်လာ၏။
သိပ်မကြာခင် ရွာသားများ၏ ခြေထောက်အနား ခေါင်းတစ်ခု လိမ့်လာသည်။
“…”
လေထုထဲ သွေးနံ့သင်းနေ၏။
လူငယ် ယွီကျန့်ဟိုင်က ဓားမော့ကို လက်တစ်ဖက်တည်းဖြင့် မြောက်ကာ ရွာသားများကို ချိန်ရွယ်ထားလိုက်သည်။ သူက မတ်မတ်ရပ်နေပြီး ရွာသားများအား သတ်ဖြတ်ငွေ့အပြည့်ဖြင့် ကြည့်လိုက်သည်။
…
အခန်း (၆၃၅) သူက ဒီအတိုင်း အဆုံးထိလျှောက်လှမ်းရမယ်
ရွာသားများသည် တံတွေးမျိုချလိုက်ကြ၏။ သူတို့သည် တုန်ယင်နေတာ မရပ်တန့်နိုင်တော့ဘဲ နောက်ဆုတ်လိုက်၏။
နေရောင်သည် နဂါးသွဲ့ကျောက်ဓားမော့ပေါ် ဖြာကျနေ၏။ ကနဦးချီများ ထွက်ပေါ်လာခြင်းမရှိဘဲ အရာအားလုံးက ရှင်းလင်းနေပုံရသည်။ သွေးက ဓားသွားမှစီးကျလာပုံရသည်။
လူငယ်ယွီကျန့်ဟိုင်၏လက်မောင်းပေါ်၌ သွေးနှင့်ချွေးတို့ရောနေ၏။ ထိုမြင်ကွင်းကို သူ အသားကျနေပြီဖြစ်ပုံပေါ်သည်။
“သူ့ကိုသတ်”
ဘေးရှိဝံပုလွေခွေးနှစ်ကောင်က ဟောင်လျက် ယွီကျန့်ဟိုင်ကို ခုန်အုပ်လိုက်ကြသည်။ ထိုစဉ် လူငယ်ယွီကျန့်ဟိုင်သည် ပညာရှင်တစ်ယောက်ပူးကပ်ခံရပုံပေါ်၏။ သူသည် ခြေဖျားအနည်းငယ် ထောက်လျက် ဓားမော့ကို ကြမ်းတမ်းစွာ လွှဲယမ်းလိုက်၏။ ယခင်ကအတိုင်း သူသည် နောက်ပြန်မဆုတ်ဘဲ ရှေ့တိုးလိုက်၏။ သူ၏နဂါးသွဲ့ကျောက်ဓားမော့ကို အညှာတာမရှိ အရှိန်ပြင်းပြင်း တိတိကျကျဖြင့်လွဲယမ်းနေ၏။ ဓားသွားသည် တိရစ္ဆာန်နှစ်ကောင်၏ခါးကို ဖြတ်သွား၏။
တိတိကျကျ ဒဏ်ရာရစေခြင်းကြောင့် ဝံပုလွေခွေးနှစ်ကောင်သည် အူတောင်မအူနိုင်တော့ဘဲ နှစ်ခြမ်းပြတ်သွားလေ၏။
ရွာသားများက နောက်သို့ ဆက်တိုက်ဆုတ်နေကြသည်။
ရွာ၏လူသန်ကြီး များကပြေးထွက်လာ၏။
သူတို့အများစုက ဘာဖြစ်နေမှန်း သတိမပြုမိပေ။ လူငယ်ယွီကျန့်ဟိုင်က လက်ထဲတွင် နဂါးသွဲ့ကျောက်ဓားမော့ကိုင်ထားလျက် သွေးထွက်နေတာကို မြင်သောအခါ သူတို့က သူ့ကို ကျိန်ဆဲလိုက်၏။ “မင်း ခွေးကောင်။ မင်း ပုန်ကန်ဖို့ကြိုးစားနေတာလား”
ရို့လီသားတစ်ယောက်သည် ယွီကျန့်ဟိုင်ဆီသို့တက်လာ၏။ အတိတ်တုန်းက သူသည် ယွီကျန့်ဟိုင်၏မျက်နှာကို ရိုက်ပြီး သူ့ကို တံတွေးထွေးပြီး ကန်ကျောက်ခဲ့ဖူး၏။ သို့သော် ယနေ့တွင်မူ ယွီကျန့်ဟိုင်ကို လက်သီးဖြင့်ထိုးလိုက်ကာ ထိန်းချုပ်ထားမည့် ရည်ရွယ်ချက်မရှိတာသေချာ၏။
နဂါးသွဲ့ကျောက်ဓားမော့သည် သူ၏ရင်ဘတ်ကို ရှင်းရှင်းလင်းလင်း ထိုးစိုက်သွားသည်။ ယင်းက တည့်မတ်ပြီး ဖိအားပါသောထိုးစိုက်မှုတစ်ခုဖြစ်၏။ အပိုလှုပ်ရှားမှုမရှိပေ။ သတ်ဖြတ်ရန်အတွက် အရိုးရှင်းဆုံးနှင့် ရှေးအကျဆုံးအကွက်ပဲဖြစ်သည်။
ရွာသား၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူက မယုံနိုင်စွာကြည့်နေလျက် အသက်ထွက်သွားတော့၏။
လူငယ်ယွီကျန့်ဟိုင်က ဘယ်လက်ကိုမြှောက်လျက် ရွာသား၏နဖူးပေါ်ဖိလိုက်သည်။
ထန်း
ရွာသားက နောက်ပြန်လန်ကျသွားသည်။
ယွီကျန့်ဟိုင်က ရှေ့ဆက်တက်လာသည်။
နောက်ဆုံးတွင် ရွာသားများသည် အခြေအနေ ပြင်းထန်သည်ကိုသဘောပေါက်သွားပြီဖြစ်၏။ အတိတ်တုန်းက အားနည်းပြီး တာ့ယန်၏ကျွန်ဖြစ်ခဲ့သည့် အားဟိုင်က တစုံတယောက်ကို သတ်လိုက်ချေပြီ။
“သူ့ကိုသတ်ကြ”
သူတို့ပူးပေါင်းတိုက်ခိုက်လျှင် အနိုင်ရနိုင်မည်ဟု ရွာသားများက အမြင်ရှိသည်။ ယင်းက သူတို့ကို သတ္တိများပေးလိုက်သည်။ သူတို့ရှေ့သို့တဟုန်ထိုးပြေးလာတော့၏။
လူငယ်ယွီကျန့်ဟိုင်က ကြောက်ရွံ့ခြင်းမရှိပေ။ သူသည် လက်နှစ်ဖက်ဖြင့် ဓားမော့ကို ကိုင်ဆောင်လျက် လူအုပ်ထဲသို့ဝင်သွားသည်။ ဘယ်ညာလွှဲယမ်းလိုက်ကာ ဓားသွားကိုနောက်တွင် လွှဲယမ်းလိုက်၏။ ဓားရာတိုင်းက အနီရောင်ကိုမြင်နေရသည်။ ထူးဆန်းသည့်ကိစ္စက သူသည် ရွာသားများ၏တိုက်ခိုက်မှုကို တနည်းနည်းဖြင့်ရှောင်နိုင်ခဲ့တာဖြစ်သည်။
ယခုအချိန်တွင် သူကလူထူးလူဆန်းနှင့်တူနေ၏။ သူ၏လှုပ်ရှားမှုများက ကြမ်းတမ်းပြီး အရိုင်းဆန်ကာ ပရမ်းပတာနိုင်နေလျက် နဂါးသွဲ့ကျောက်ဓားမော့ကို လွှဲယမ်းနေ၏။ နဂါးသွဲ့ကျောက် ဓားမော့က ခေါင်းပြတ်များ၊ လက်ပြတ်များ၊ ခြေပြတ်များက နေရာအနှံ့ လွင့်စင်ကုန်သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းသားများကို စိတ်လှုပ်ရှားသွားပေ၏။
ကျင့်ကြံသူကောလုံက ဆွံ့အနေတော့သည်။ သာမန်လူတစ်ယောက်က အနည်းငယ် လေ့ကျင့်ပေး ခံရပြီးနောက် လူအုပ်ကြီးကို တိုက်ခိုက်နိုင်သည့်စွမ်းအားရရှိလိမ့်မည်ဟု သူ မယုံနိုင်ပေ။ ကျင့်ကြံခြင်းလောက၌ ထိုကဲ့သို့ပါရမီရှင်တစ်ယောက်ရှိနေတာကို သူမယုံနိုင်။ အချိန်တိုအတွင်း ထိုလူငယ်လေးသည် လူသတ်သည့်နည်းကို မည်ကဲ့သို့တတ်ကျွမ်းခဲ့သနည်း။
အနှိုင်းမဲ့ဓားမော့သည် နှင်းကိုထွန်းလင်းစေလျက် လေကို ပိုင်းဖြတ်နိုင်အောင်စူးရှစေသည်။
ဓားသွားလွှဲယမ်းလိုက်ချိန်တိုင်းတွင် ခေါင်းများလွင့်ထွက်လာ၏။ သတ်ပြီးရင်းသတ်နေ၏။
ကုလော့ရွာသားများက ဖရိုဖရဲဖြစ်ကုန်၏။
နာရီပေါင်းများစွာကြာသွားသည်ဟု ထင်ရပြီးနောက် ချေမှုန်းသံ၊ အော်ဟစ်သံ၊ လေထဲ ဓားလွှဲယမ်းသံပေါ်နေပြီး နောက်ဆုံးတွင် သူတို့သေဆုံးသွားတော့သည်။
ကျန်ရှိနေသည့်ရွာသားများက ထိတ်လန့်နေ၏။ သူတို့ဆွဲချရန်ကြိုးစားခဲ့သည့် ထိုကျွန်အားဟိုင်ကမူ မတ်မတ်ရပ်နေသေးသည်။ သူ့လက်ထဲရှိနဂါးသွဲ့ကျောက်ဓားမော့က ဓားများအပြည့်လွှမ်းနေတော့၏။
သူ့နားရှိရို့လီသားများ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။
လူငယ်ယွီကျန့်ဟိုင်တစ်ယောက်တည်းသာလျှင် အလောင်းများကြား၌ ရပ်နေသည့်သူဖြစ်သည်။ သူက မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ချထားသောအကြည့်ဖြင့်ရှေ့တိုးလိုက်သည်။ သူ ဓားမော့လွှဲယမ်းရတာ အားအင်ကုန်ခန်းလွန်းသောကြောင့် ဖြစ်ဟန်တူသည်။ သူ ခဏတာရပ်တန့်ပြီးနောက် မြေပြင်ပေါ်ဓားမော့ကို လျင်မြန်စွာ ထိုးစိုက်ပြီးနောက် သူ၏ခြေလှမ်းကို တည်ငြိမ်အောင်ထိန်းလိုက်၏။
သူက ချွေးများရွှဲနစ်နေပြီဖြစ်သည်။
ထိုစဉ်
“တော်လောက်ပြီ”
ကောလုံက ခြေဆောင့်နင်းလိုက်၏။ သူ၏ကနဦးချီကို ထုတ်ဖော်ကာ လေထဲခုန်တက်လျက် သူ၏လက်ဝါးဖြင့် ရိုက်လိုက်တော့သည်။
ရွာသားများ၏ ရင်ထဲ မျှော်လင့်ချက်က ထွန်းတောက်လာသည်။ သူတို့က ကောလုံကို လေးစားစွာ ကြည့်နေကြတော့သည်။
လက်ဝါးစည်းတံဆိပ်သည် ယွီကျန့်ဟိုင်ဆီသို့ရောက်သွား၏။ သူသည် ၎င်းကို တန်ပြန်တိုက်ခိုက်ရန် ဓားမော့ကို အလိုလိုဆွဲလိုက်မိ၏။
ဘန်း
သူသည် ဓားမော့၏အနောက်ကို တင်းကြပ်စွာကိုင်ထားလျက် နောက်ဆုတ်ကာ စွတ်ကြောင်းနှစ်ခု မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့စေသည်။ သို့သော်ငြား သူ လဲကျမသွားပေ။ သူ မော့ကြည့်ပြီး လေထဲရှိ ကောလုံကို စိုက်ကြည့်လိုက်၏။
သူသည် နောက်ထပ်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ဤယာယီဆရာဆီမှ အကူအညီ တောင်းခံချင်သည်။ သို့သော် အကြောင်းအရင်းတချို့ကြောင့် အကူအညီဟူသည့် စကားလုံးက သူ၏ လည်ပင်းထဲတွင်တစ်ဆို့နေသည်။
ကောလုံကခုန်ဆင်းလာတော့သည်။
လူငယ်ယွီကျန့်ဟိုင်သည် သူ၏စိတ်ထဲ၌ ရင်းနှီးနေသော သုတ်တစ်ခုကို ရွတ်ဆိုလိုက်သည်။
အသံနဲ့လေက ရေပြင်လိုပဲ။ အရိပ်နဲ့အလင်းက ဓားမော့လိုပဲ။ ခြေရာလက်ရာမရှိဘူး။
ကောလုံက သူ၏လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ “သေမျိုးတစ်ယောက်က သေမျိုးတစ်ယောက်ပဲ။ သေပေတော့”
လူငယ်ယွီကျန့်ဟိုင်က သူ၏ဓားမော့ကိုထပ်မြှောက်လက် ရဲစွမ်းသတ္တိရှိရှိတိုက်ခိုက်လိုက်သည်။
“မြစ်အစင်းတစ်ရာက ပင်လယ်သို့ပြန်ရောက်စေ”
ဘန်း
ဘန်း
သူတို့ဆုံတွေ့သွားခိုက် လူငယ်ယွီကျန့်ဟိုင်သည် နောက်သို့လွင့်ထွက်သွား၏။ သက်ရောက်မှုကြောင့် သူ၏လက်မောင်းသည် ထုံကျဉ်သွားတော့သည်။
ကောလုံသည်လည်း ဓားမော့ကြောင့် နောက်သို့တွန်းခံလိုက်ရသည်။ သူ၏လက်ဝါးစည်းတံဆိပ်က ပျောက်ကွယ်သွား၏။ နောက်သို့မီတာဝက်ခန့် ယိုင်သွားပြီးနောက် သူသည် ရပ်တန့်သွားတော့သည်။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ ထိတ်လန့်သွား၏။ “ကောင်းကင်အဆင့်လား”
ကောလုံသည် အထင်သေးသွား၏။ သူကခြေဆောင့်နင်းကာ ရှေ့သို့တိုးလိုက်၏။ သူလက်ဝါးရိုက်ချက်ဖြင့် ဆက်တိုက် တိုက်ခိုက်နေ၏။
လက်ဝါးစည်းတံဆိပ်များစွာက ရှေ့သို့ပျံသန်းလာသည်။ ယွီကျန့်ဟိုင်က အင်မတန် စိတ်လှုပ်ရှားနေ၏။ သူက နဂါးသွဲ့ကျောက်ဓားမော့ကို တင်းကြပ်စွာကိုင်ထားသည်။
ဝှစ်
နဂါးသွဲ့ကျောက်ဓားမော့က တုန်လာတော့သည်။ လူငယ်ယွီကျန့်ဟိုင်က မှင်တက်နေလေ၏။ သူသည် ထိုနောက်ကွယ်ရှိအကြောင်းအရင်းကို စဉ်းစားရန်အချိန် မရှိတော့ဘဲ ဝင်လာသည့် တိုက်ကွက်ကို တန်ပြန်တိုက်ခိုက်ရန် ဓားကို လွှဲယမ်းလိုက်၏။ “တစ်သားတည်းပေါင်းစည်း”
နဂါးသွဲ့ကျောက်ဓားမော့မှ အရိပ်များပေါ်ထွက်လာသည်။ ကောလုံ၏လက်ဝါးစည်းတံဆိပ်ဖြင့် တိုက်မိသွားတော့သည်။
ဘန်း ဘန်း ဘန်’
ယွီကျန့်ဟိုင်၏တိုက်ခိုက်မှုက အရှိန်မြင့်လာ၏။
ယင်းကိုရွာသားများမြင်သောအခါ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ သူတို့သည် သဘောတူညီချက်ရသည့်ပမာ သူတို့၏တူရွင်းပြားများကို တစ်ပြိုင်နက်တည်း ကောက်ကိုင်ကာ တိုက်ခိုက်လိုက်၏။
“သတ်ဟေ့”
“သူရှင်ရင် ငါတို့သေရလိမ့်မယ်။ သူ့ကိုသတ်ကြ”
ကျန်ရှိသည့်ရွာသားများသည် လက်နက်များကို ကိုင်မြှောက်လျက် သွေးနီရောင် မျက်လုံးများဖြင့် အလောင်းများကို ဖြတ်ကျော်ကာ လူငယ်ယွီကျန့်ဟိုင်ကို တိုက်ခိုက်ကြသည်။
လူငယ်ယွီကျန့်ဟိုင်သည် သူ၏နဂါးသွဲ့ကျောက်ဓားမော့ကိုလွှဲယမ်းလေလေ သူသည် ဓားမော့နှင့်တစ်သားတည်း ဖြစ်လာသည်ဟု ပိုခံစားရလေလေဖြစ်သည်။ ယခုအချိန်တွင် သူ၏အလားအလာများ ပိုမိုထုတ်ဖော်လာနိုင်ပုံရ၏။ သူ ကြက်သီးများထလာပြီး ဓားမော့ကို လွှဲယမ်းနေသည်။
ကောလုံ၏တိုက်ကွက်များသည် မိုးများပမာ ရွာသွန်းကျလာတော့၏။ ယွီကျန့်ဟိုင်သည် သူ၏နဂါးသွဲ့ကျောက်ဓားမော့ကို လွဲယမ်းလိုက်သည့်အချိန်၌ နဂါးသွဲ့ကျောက်ဓားမော့က ထွက်သွားပြီး လေထဲပျံသန်းသွားသည်။
အရာအားလုံး နှေးကွေးသွားပုံရ၏။
နဂါးသွဲ့ကျောက်ဓားမော့က သူ့လက်ထဲမှထွက်သွားသည့်အချိန်၌ ကောလုံ၏မျက်နှာပေါ်က ရှုတ်ချမှု ပေါ်လာတော့၏။ အဆုံးသတ်ဖို့အချိန်ပဲ။
နဂါးသွဲ့ကျောက်ဓားမော့က လေထဲလွင့်သွားကာ လေထဲတွင် စက်ဝိုင်းခြမ်းတစ်ခုဆွဲလျက် ပြုတ်ကျလာ၏။ မကြာမီ၌ နဂါးသွဲ့ကျောက်ဓားမော့သည် တဝီဝီမြည်လာလျက်စွမ်းအင်ဓားမော့များ ပေါ်ထွက်လာသည်။ စွမ်းအင်ဓားမော့လေးမျးက လည်ပတ်နေပြီး ရို့လီသားများပေါ် ကျရောက်လာ၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
“မဟာအမှောင်ကောင်းကင်အောက်မေ့ရာ”
ရို့လီသားများက ချက်ချင်းနီးပါးပြုတ်ကျလာ၏။
သူတို့အလောင်းများ ထပ်ကုန်သည်။
ဘန်း
နောက်ဆုံးတော့ စွမ်းအင်ဓားမော့သည် ကောလုံ၏နှလုံးကို ထိုးစိုက်သွားတော့သည်။
ပြီးနောက် နဂါးသွဲ့ကျောက်ဓားမော့က လူငယ်ဆီပြန်ရောက်လာ၏။ ဓားမော့၏တိုက်ခိုက်မှုသည် အေးစက်မှုသည် တိုက်ဖျက်လာပြီး ၎င်း၏ခမ်းနားမှုက သိသာ၏။
တိုက်ပွဲအဆုံးသတ်သွားချေပြီ။ ကောလုံက သူ၏ရင်ဘတ်ကိုငုံ့ကြည့်လိုက်၏။ သူ့ရှေ့၌ခြေဗလာဖြင့် ရပ်နေသော လူငယ်ယွီကျန့်ဟိုင်ကို ကြည့်ပြီးနောက် နှုတ်ခမ်းများတုန်ယင်လာသည်။
“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တာ”
သူသည် ဘေးသို့ လဲကျသွားချိန်၌ မဖြစ်နိုင်ဟူသည့် စကားလုံးကို ရွတ်နေသည်။ သူအသက်မထွက်ခင် တုန်ယင်နေတော့သည်။
လေပြင်းက သွေးနံ့များကို အဝေးသို့သယ်ဆောင်သွားသည်။
လူငယ်ယွီကျန့်ဟိုင်သည် မြေပြင်ပေါ်၌ ထိုင်ချလိုက်ပြီး နဂါးသွဲ့ကျောက်ဓားမော့ကို သူ ပိုက်ထားသေးသည်။ သူ၏မျက်နှာထက်တွင် ကြမ်းကြုတ်သည့်အကြည့်ရှိနေ၏။ သူ ထိတ်လန့်သွားပြီး ပျာယာခတ်နေကာ စိတ်လွတ်နေသည်။ ယင်းကို သူမယုံကြည်နိုင်။ ဒါတွေကို ငါ လုပ်လိုက်တာလား။
ကောလုံ၏လက်ဝါးစည်းတံဆိပ်ကြောင့် သူ၏အဝတ်အစားများ ဆုတ်ပြဲကုန်၏။ နေရောင်သည် သူ၏ ခန္ဓာကိုယ်ပေါ်ကျလာရာ ဒဏ်ရာများ အမာရွတ်များပြည့်နေတော့သည်။ သူ့ရှေ့ရှိအလောင်းများက အထင်းသားရှိနေလျက် သွေးနံ့များပေါ်နေသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းသားများက မှင်တက်နေ၏။ သူ၏စွမ်းရည်ကို မည်သူမှ အမေးမထုတ်ခဲ့ပေ။
သူ၏ အတိတ်၊ အကျင့်စရိုက်၊ အတွေ့အကြုံ အားလုံးက ပုံမှန်ပဲဖြစ်သည်။ သူက အဆုံးကျ ဤနည်းအတိုင်း လျှောက်လှမ်းရသည်။
“ပါရမီရှင်ပဲ ... သူက ခရုလေးထက်တောင် ပါရမီပိုရှိသေးတယ်။ မျှော်နန်းသခင်က သူ့ကို တပည့်အဖြစ် ခေါ်ချင်တာ အံ့ဩစရာမရှိဘူးပဲ” ဖန်ကျုံးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
တစ်ချိန်လုံး သူဘာမှမလုပ်ခဲ့သော်ငြား တိုက်ပွဲထဲ ကိုယ်တိုင် ဝင်တိုက်ခိုက်သည့်ပမာ စိတ်လှုပ်ရှားနေသည်။
“မျှော်နန်းသခင်က ပါရမီရှင်တွေကို မြင်တတ်တာပဲ။ ဒီလိုလူရှိတယ်ဆိုတာ ယုံဖို့ခက်ခဲတယ်”
လုကျိုးသည် စိတ်တိုင်းကျသောအကြည့်ဖြင့်ကြည့်လိုက်၏။ မြေပြင်ပေါ်တွင် ဇဝေဇဝါပုံစံဖြင့် ထိုင်နေသော လူငယ်ယွီကျန့်ဟိုင်ကို ကြည့်လိုက်၏။
ရွာထဲမှအရိပ်တစ်ရိပ်က ရုတ်တရက်ပေါ်ထွက်လာသည်။
“မင်း ငါ့တပည့်ကို သတ်ရဲတယ်လား။ မင်းကိုသတ်မယ်”
ထိုလူရိပ်က လျှပ်ပြက်သောအရှိန်ဖြင့်လှုပ်ရှားလာသည်။ သူ၏ကျင့်ကြံဆင့်က ကောလုံထက် အနည်းငယ်ပိုမြင့်တာ သိသာ၏။
မကောင်းတော့ဘူး ... နောက်ထပ်သိုင်းပညာရှင်တွေရှိမယ်လို့ ဘယ်သူမှ မထင်ထားဘူးလေ။
ခမ်းနားသော ကျင့်စဉ်လား ...
အနက်ရောင်အရိပ်သည် ပျံထွက်လာ၏။ သူ၏လက်ဝါးစည်းတံဆိပ်သည် မိုးနှင့်မြေကို ဖျက်ဆီးနိုင်စွမ်းရှိပုံရသာ အဟုန်ကိုသယ်ဆောင်လာသည်။
ဘန်း
လူငယ်ယွီကျန့်ဟိုင်လေးက ပြိုလဲနေပြီဖြစ်ရာ မျက်လုံးသာမှိတ်နိုင်တော့သည်။
တိုက်မိသွားသည့်အသံပဲဖြစ်၏။
ယွီကျန့်ဟိုင်သည် သူသေမည်မှန်းကြိမ်းသေနေ၏။
သို့သော် ခဏအကြာတွင် သူ နာကျင်မှုမခံစားရတာကို သိသွားသည်။ သူက မျက်လုံးဖွင့်လိုက်၏။ သူ့ရှေ့၌ အဖိုးအိုက ထိုက်တောင်တန်းပမာ ခိုင်မြဲစွာရပ်နေတာကို သိလိုက်ရသည်။
လက်ဝါးရိုက်ချက်သည် ယွီကျန့်ဟိုင်ပေါ် မကျရောက်ဘဲ အဖိုးအိုရင်ဘတ်ပေါ်ကျသွား၏။
အနက်ရောင်အရိပ်က စိတ်လေးသွားတော့သည်။ သူကမော့ကြည့်လိုက်၏။ သူသည် လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်လျက် ကျန်လက်တစ်ဖက်ကို နောက်ပစ်ထားသည့်လုကျိုးကို တွေ့လိုက်ရသည်။
လုကျိုးက ပြောလိုက်သည်။ “ငါက ခြုံခိုတိုက်ခိုက်တဲ့ ယုတ်မာကောက်ကျစ်တဲ့သူတွေကို အမုန်းဆုံးပဲ။ ထွက်သွား” စွမ်းအင်လှိုင်းက လုကျိုးရှေ့တွင်ပေါ်လာသည်။
အသံလှိုင်းသည် ဒြပ်မဲ့စွမ်းအင်စည်းတံဆိပ်တစ်ခုပမာ အနက်ရောင်အရိပ်၏မျက်နှာကို ရိုက်ချသွားတော့သည်။ သူကလွင့်ထွက်သွားပြီး အတွင်းကလီစာများ ဒဏ်ရာရသွား၏။ သူက မျက်နှာရှုံ့မဲ့နေကာ မြေပြင်ပေါ်ပြုတ်ကျသွား၏။
အရာအားလုံးရိုက်ချက်တစ်ချက်တည်းဖြင့် အဆုံးသတ်သွားသည်။
…
အခန်း (၆၃၆) ရှောင်ရှစ်တိ
အပြောစွမ်းရည်၏ တိုက်ခိုက်မှုဖြင့် တိုက်ပွဲသည် ဤသို့ပြီးဆုံးသွားလေသည်။
ဤအနက်ရောင်ပုံရိပ်က ရို့လီကျင့်ကြံသူ ကောလုံ၏ ဆရာ ဖြစ်ရမည်။ သူက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့်တွင် ရှိစဉ် ကောလုံက ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်သာ ရှိသေးပြီး ချီသွေးကြောများပင် မဆက်နွယ်ရသေးပေ။ လူငယ် ယွီကျန့်ဟိုင်လေးက ကောလုံနှင့် မယှဉ်နိုင်လေရာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့် ကျင့်ကြံသူကို ထည့်ပြောဖို့ မလိုတော့ပေ။
“မင်း …” ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု ကျရှုံးသည့်နောက် မြေပေါ် ပြုတ်ကျလာသည့် ကောလုံ၏ ဆရာက သူ့ရှေ့မှ လူအိုကြီးအား မော့ကြည့်လာသည်။
နေမင်းကို နောက်ခံအဖြစ်ထားကာ ဝတ်ရုံရှည်ဝတ်ဆင်ထားသည့် လုကျိုးက ပိုမို အရပ်ရှည်ကာ ပိန်ပါးဟန်ပေါ်နေသည်။
ကောလုံ၏ ဆရာက လုကျိုးကို သေချာမမြင်ရပေ။ သူက ဒေါသတကြီး အော်ပြောလိုက်၏။ “ခင်ဗျားက ဘယ်သူလဲ ”
လုကျိုးက ပြန်မဖြေပေ။ ထို့အစား သူက မေးလိုက်၏။ “မင်းက ကောလုံရဲ့ ဆရာလား ”
“ဟုတ်တယ်”
“အဲဆို သေသင့်တယ် ”
“ … ”
“ဒီလူငယ်လေးက ငါ့တပည့်ပဲ …” လုကျိုးက သူ့အနောက်ဘက်တွင် ထိုင်နေသည့် ယွီကျန့်ဟိုင်အား လက်ညှိုးထိုးပြလိုက်သည်။
ကောလုံ၏ ဆရာက တအံ့တဩဖြင့် မျက်လုံးများပြူးကျယ်သွားလေသည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ မြေပေါ်တွင် နေရာအနှံ့ အလောင်းများနှင့် ခြေလက်များကို မြင်နေရသည်။ သူ့တပည့်ကောလုံလည်း မြေပေါ်တွင် အသက်မဲ့လျက် လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ သူက လူအိုကြီးနောက် ကြည့်လိုက်သည့်အခါ တခြားသောကျင့်ကြံသူများက သူ့အား ကြည့်နေသည်ကို မြင်လိုက်ရ၏။ သူတို့အားလုံးတွင် နက်နဲသည့် အငွေ့အသက်မျိုး ရှိနေကြသည်။ ထိုအရာအပြင် ဓားအိမ်ကို ပါးစပ်မှာ ကိုက်ထားပြီး ခက်ထန်ကြမ်းကြုတ်ဟန်ပေါ်သည့် သားရဲကြီးတစ်ကောင်ကလည်း ကြည့်နေသည်။
ဒီလိုအားကောင်းတဲ့ လူတွေက ကုလော့ရွာကို ဘယ်လိုလုပ်ရောက်လာကြတာလဲ …
လုကျိုးက ကောလုံ၏ ဆရာအား အာရုံမစိုက်တော့ပေ။ သူက သူ့နာမည်ပင် မမေးချင်ပေ။ ပွင့်ချပ်ငါးလွှာအဆင့် မရောက်သေးသည့် ကျင့်ကြံသူတစ်ယောက်အတွက် သူ့တွင် ထူးခြားအံ့ဖွယ်စွမ်းအားကို မသုံးဘဲ သတ်နိုင်မည့် နည်းလမ်းများစွာ ရှိလေသည်။
ကောလုံ ဆရာ၏ အတွင်းအင်္ဂါများက ပြန်လည်မပြုပြင်နိုင်လောက်အောင် ဒဏ်ရာရထားပြီးသား ဖြစ်၏။ သူ့ ချီသွေးကြောရှစ်ခုက စုတ်ပြဲကာ စွမ်းအင်ဗဟိုချက်ရှိ ကမ္ဘာဦးချီက ဆုတ်ယုတ်နေလေပြီ။ သူက မြေပေါ် လဲလျောင်းရင်း ကောင်းကင်အား မော့ကြည့်ကာ ဖြည်းဖြည်းချင်းဖြင့် အသက်ရှုရပ်သွားတော့သည်။
“တင်း …ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ တစ်ထောင် ရရှိပါတယ် ”
ထိုစဉ် လူငယ် ယွီကျန့်ဟိုင်က ခက်ခက်ခဲခဲဖြင့် ထရပ်လာပြီး လုကျိုးထံ ဝပ်တွားလိုက်ကာ “ကျေးဇူးရှင်ကို ကျေးဇူးတင်ပါတယ်”
လုကျိုးက ဖြည်းဖြည်းချင်း လှည့်လာပြီး “ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ”
လူငယ် ယွီကျန့်ဟိုင်က ရှက်သွားကာ စကားမြန်မြန်ပြောင်းပြောလိုက်သည် “ရှ .. ရှစ်စွင်း ”
“ထတော့”
လူငယ် ယွီကျန့်ဟိုင်၏ လက်ရှိအနေအထားက မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့်နှင့် မကိုက်ညီပေ။
လူငယ် ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
လုကျိုးက သူ့ပထမတပည့်ကို ထပ်မံ သုံးသပ်လိုက်သည်။
အချိန်စီးဆင်းမှုနှင့် ကြယ်တာရာများ၏ လှုပ်ရှားပုံတစ်လျှောက်လုံး ကံကြမ္မာတစ်ကျော့ပြန်လေ့ရှိသည်။ အချိန်က သူတို့ကို အသက်အရွယ် ကြီးရင့်သွားစေသော်လည်း ဆရာတပည့် သူတို့ဆက်ဆံရေးအား မပြောင်းပစ်နိုင်ပေ။
လုကျိုးက ဝူချီမျိုးနွယ်၏ ထူးကဲသည့် အလေ့အထကြောင့် အံ့အားသင့်မိနေသည်။ ယွီကျန့်ဟိုင်သည် လူငယ်ဘဝသို့ ပြန်ရောက်သွားလိမ့်မည်ဟု မထင်ထားမိပေ။ ယွီကျန့်ဟိုင်၏ မှတ်ဉာဏ်နှင့် ကျင့်ကြံဆင့်တို့က သူ့စွဲလမ်းမှုကြောင့် ပိတ်ဆို့ခံလိုက်ရဟန်ပေါ်၏။ ထို့အပြင် ယွီကျန့်ဟိုင်၏ အသက်က ပြတ်လပ်လုနီးပါး ဖြစ်နေသည်။ စီးဝူယာ့ ပြောခဲ့သလိုမျိုး ယွီကျန့်ဟိုင်က အောင်အောင်မြင်မြင် အသက်ပြန်ရှင်လာလျှင်ပင် ကြာကြာနေရမည် မဟုတ်ပေ။ တခြားနည်းဖြင့်ဆိုရလျှင် ယွီကျန့်ဟိုင်က အချိန်မရွေး သေဆုံးသွားနိုင်၏။
ယွီကျန့်ဟိုင်က မော့ကြည့်လာကာ “ ရှစ်စွင်းက ကျွန်တော်ကို ကယ်ဖို့ ယာယီအကြောင်းပြချက်တစ်ခု ထုတ်သုံးလာတယ် ထင်နေတာ။ ဒီဓားမော့က အဖိုးတန်လွန်းပါတယ်။ အခု ပြန်ပေးပါရစေ”
သူက နဂါးသွဲ့ကျောက်ဓားကို လက်နှစ်ဖက်ဖြင့် သေသေချာချာကိုင်ကာ ပေးလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများက ထိုစကားကို ကြားသည့်အခါ ခေါင်းညိတ်လိုက်ကြသည်။ သူတို့က လူငယ်လေးသည် လိမ္မာပါးနပ်သည့်အတွက် ကျေနပ်နေကြသည်။ ဤသည်က မိစ္ဆာဝေဟင်မျှော်နန်း ပထမတပည့်၏ ဓားမော့ ဖြစ်၏။
သို့သော် လုကျိုးက မုတ်ဆိတ်သပ်လိုက်ကာ “ ဒီဓားကို နဂါးသွဲ့ကျောက်ဓားလို့ ခေါ်တယ်။ ဒါက ကောင်းကင်အဆင့် လက်နက်ပဲ။ ဒီနေ့ကစပြီး မင်းအပိုင်ပဲ ”
“…”
လူငယ် ယွီကျန့်ဟိုင်က စိတ်လှုပ်ရှားသွားသော်လည်း သူက လုကျိုးအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူက ကောင်းကင်အဆင့် လက်နက်သည် မည်မျှအဖိုးတန်ကြောင်း သိထား၏။ တွေ့ခါစ လူငယ်လေးတစ်ယောက်ကို ကောင်းကင်အဆင့် လက်နက် လက်ဆောင်ပေးရလောက်အောင် မည်သူက ရက်ရောမည်နည်း။ အထူးသဖြင့် လူငယ်လေးက အားနည်းလွန်း၍ သူ့ကိုယ်သူ မကာကွယ်သေးနိုင်သည့်အခါတွင် ဖြစ်သည်။
စီးဝူယာ့မှလွဲ၍ တခြားသူများက အံ့အားသင့်သွားကြသည်။
မျှော်နန်းသခင်က အတည်ကြီးလား …
တွမ့်မူရှန်းက ဦးညွှတ်ကာ “ရှစ်စွင်း အဲလိုလုပ်လို့ မဖြစ်ဘူးလေ”
“မျှော်နန်းသခင် ပြန်စဉ်းစားပါဦး ”
အကယ်၍ သူက ထိုလက်နက်ကို တခြားတစ်ယောက်ဆီ ပေးပစ်ခဲ့လျှင် ယွီကျန့်ဟိုင်ကို လက်လျော့လိုက်သည်နှင့် အတူတူ မဟုတ်ပေဘူးလား။ ဤသ်က ယွီကျန့်ဟိုင် အသက်ကို ယူသည်ထက် ပိုရက်စက်လှသည်။
လုကျိုးက အနည်းငယ် မျက်မှောင်ကြုတ်ကာ ခက်ထန်စွာ ပြောလိုက်သည် “ငါ့ကို ဘာလုပ်ဆိုပြီး လာပြောနေတာလား ”
“ကျွန်တော်တို့ မလုပ်ရဲပါဘူး” တခြားလူများက ခေါင်းငုံ့ထားပြီး ဘာမှမပြောရဲကြတော့ပေ။
အချုပ်အားဖြင့် စီးဝူယာ့က ပြောလာသည် “ကျွန်တော်တော့ ရှစ်စွင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ် ”
“…”
ဒီနေ့ သတ္တမသခင်လေးက ဦးနှောက်ယူလာဖို့ မေ့သွားတာများလား …
ဤအခြေအနေက တည်ရှိပြီးသား အဖွဲ့သားများသည် အသစ်ရောက်လာသူကို မငြင်းပယ်ခြင်းနှင့် တူညီ၏။ သို့သော် အဖွဲ့သားအသစ်က အဖွဲ့သားဟောင်းကို အစားထိုးဖို့ ရောက်လာခဲ့လျှင် တည်ရှိပြီးသား အဖွဲ့သားအတွက် စိတ်ပျက်ဖွယ် ဖြစ်လိမ့်မည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များက တာ့ရှစ်ရှိုး၏ ပိုင်ဆိုင်မှုကို တခြားသူထံ ပေးလိုက်ရသည့်အတွက် စိတ်မပျော်သည်မှာ ပုံမှန်သာ ဖြစ်၏။
လုကျိုးက လူငယ် ယွီကျန့်ဟိုင်အား ကြည့်ကာ ပြောလိုက်သည်။ “သိမ်းထားလိုက် ”
လူငယ် ယွီကျန့်ဟိုင်က တခြားသူများ၏ အကြည့်ကို မြင်သည့်အခါ အနည်းငယ် တုံ့ဆိုင်းနေမိသည်။ သို့သော်လည်း ရှစ်စွင်း၏ အလေးအနက် အမူအရာကို မြင်သည့်အခါ ဒူးထောက်ကာ ဝပ်တွားလိုက်ပြီး “ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်”
“ကောင်းတယ်” လုကျိုးက ပြန်ဖြေလိုက်သည်။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ ယွီကျန့်ဟိုင်အနားကပ်လာကာ “၁၁ ယောက်မြောက် သခင်လေး မင်္ဂလာပါ ”
၁၁ ယောက်မြောက် သခင်လေးတဲ့လား …
လူငယ် ယွီကျန့်ဟိုင်က အကြီးများဆီမှ မျက်နှာသာပေးမှုကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။
ဖန်ကျုံးက ပြုံးလိုက်ကာ “ တကယ်ကို ကံကောင်းတယ်။ ဒီနဂါးသွဲ့ကျောက်ဓားက ပထမသခင်လေးရဲ့ နာမည်ကျော် ကောင်းကင်အဆင့် ဓားမော့လေ။ အခု မင်းလက်ထဲမှာဆိုတော့ ဂုဏ်သတင်း မပျက်ပြားရအောင် သေချာထိန်းထားနော်”
“ပထ.. ပထမသခင်လေးတဲ့လား”
ထိုစဉ် ရှောင်ယွမ်အာက ခုန်ဝင်လာပြီး “ရှစ်စွင်းက နင့်ကို လက်ခံလိုက်တယ်ဆိုတော့ ရှောင်ရှစ်တိ ဖြစ်သွားပြီမလား။ အငယ်ဆုံးတစ်ယောက် … ”
“ရှောင်ရှစ်တိ ” ခရုလေးကပါ ခေါ်လိုက်သည်။
မင်ရှစ်ရင်က ခေါင်းခါလျက် သိပ်ဂရုမစိုက်ဘဲ ပြောလိုက်သည်။ “ရှောင်ရှစ်တိ ..”
လူငယ် ယွီကျန့်ဟိုင်က မိစ္ဆာဝေဟင်မျှော်နန်းကို နောက်ဆုံးမှ ရောက်လာသူ ဖြစ်ရာ သူ့အား ရှောင်ရှစ်တိဟု ခေါ်သည်မှာ ပုံမှန် ဖြစ်၏။
တွမ့်မူရှန်းက ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။ သူက လူငယ်ယွီကျန့်ဟိုင် ပခုံးကို ပုတ်လိုက်ကာ “ရှစ်စွင်းက မင်းကို လက်ခံလိုက်တယ်ဆိုပေမဲ့ ကိုယ့်ဘာသာ အဟုတ်ကြီးမှတ်နေလို့ မရဘူး။ မင်းက ဒီဓားမော့နဲ့ ထိုက်တန်ရဲ့လား စောင့်ကြည့်နေမယ်”
စီးဝူယာ့ “ … ”
အကြီးအကဲနှစ်ယောက်ကလည်း ယွီကျန့်ဟိုင်အား နှုတ်ဆက်လိုက်ကြသည်။
“အခု အားလုံးကို နှုတ်ဆက်ဖို့ မင်းအလှည့်ပဲ”
လူငယ် ယွီကျန့်ဟိုင်က ရှေ့တိုးလာကာ ဦးညွှတ်တော့မည့်ဆဲဆဲတွင် … ”
“ရိုင်းပျလိုက်တာ” လုကျိုး၏ အသံက ကျယ်လွန်း၍ တခြားလူများက လန့်သွားကြသည်။
သူတို့က အံ့ဩသွားကြသည်။
မျှော်နန်းသခင် ဘာဖြစ်နေတာလဲ … သူက အသက်အရွယ်ကြောင့် စိတ်ဆတ်လာတာလား ….
လုကျိုးက လူငယ်ယွီကျန့်ဟိုင်ဘေး ရောက်လာကာ “ ကိုယ့်နေရာကို သိကြ … မင်းတို့ရဲ့ တာ့ရှစ်ရှိုးကို နှုတ်ဆက်လိုက်ကြ ”
မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများက ကြောင်အမ်းသွားကြသည်။ သူတို့သည် သစ်သားကြက်ရုပ်ကဲ့သို့ ရပ်နေကြ၏။
စီးဝူယာ့က ရှင်းပြလိုက်သည်။ “ဒါက ဝူချီမျိုးနွယ်ရဲ့ လက္ခဏာတစ်ခုပါ။ တာ့ရှစ်ရှိုးက ကံသိပ်မကောင်းတော့ လူငယ်တုန်းက အချိန်ကို ပြန်ရောက်သွားတာ … ”
“…”
အားလုံးက သဘောပေါက်သွားကြသည်။ သူတို့က ပါးစပ်ဟောင်းလောင်းဖြင့် အံ့အားသင့်နေကြသည်။
ဖန်ကျုံး၏ အမူအရာက ယင်ကောင်စားမိထားသည့်အလား ဖြစ်နေသည်။
ငါ ဒါကို ကယ်တင်ရမယ် … နည်းလမ်းတချို့တော့ ရှိမှာပါ
ဖန်ကျုံးက ဘာမှမပြောဘဲ အပေါ်ဝတ်ရုံကို ဖယ်ကာ ရှေ့တစ်လှမ်းတိုးလာသည်။ “ ရင်းနှီးနေတယ်လို့ ထင်မိတာ မဆန်းတော့ပါဘူး … ပထမသခင်လေး ကျွန်တော် စောစောလေးက နောက်နေမိတာပါ။ အငြိုးမထားပါနဲ့နော်။ ကျွန်တော်မှာ ဒါလေးရှိတော့ ဝတ်ထားလိုက်ပါ။ ကွန်တော်တို့ ပြန်ရောက်တဲ့အခါ လွှင့်ပစ်လိုက်လို့ ရပါတယ်”
ဒုန်း
ဖန်ကျုံးက ဒူးထောက်ကာ အပေါ်ဝတ်ရုံအား လူငယ် ယွီကျန့်ဟိုင်ကို ပေးလိုက်သည်။
ကျိုးကျစ်ဖုန်းက ဆွံ့အနေမိ၏။
မင်းက ပထမသခင်လေးကို အရင်က တွေ့ဖူးလို့လားကွ …မင်းဖင်ကြီးပဲ ရင်းနှီးတယ် လုပ်နေလိုက် … တော်သေးတယ် ဒီတစ်ခါ ငါ ဝင်မပါခဲ့မိလို့။
မင်ရှစ်ရင်က လူငယ် ယွီကျန့်ဟိုင်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူက ယုံကြည်ဖို့ အခက်တွေ့နေသော်လည်း အရာအားလုံးကို ထည့်စဉ်းစားပြီးသည့်နောက် ထိုလူငယ်လေးသည် ယွီကျန့်ဟိုင် ဖြစ်နေဟန်ပေါ်သည်။ ထို့နောက် သူက အချိန်မဖြုန်းဘဲ ရှေ့တိုးကာ ယွီကျန့်ဟိုင်အား ဖက်ထားလိုက်သည်။ “တာ့ … တာ့ရှစ်ရှိုး … ဘယ်လောက်တောင် လွမ်းနေလိုက်ရသလဲ ”
ယွီကျန့်ဟိုင်က ထိုအပြုအမူကြောင့် မျက်မှောင်ကြုတ်ပြီး ကိုယ်ကျုံ့သွားလေသည်။
တွမ့်မူရှန်း၏ အမူအရာက တောင့်တင်းနေဆဲ ဖြစ်၏။ သူက နေရခက်စွာ ဦးညွှတ်လိုက်ပြီး “ တာ့ရှစ်ရှိုး လန့်မသွားပါနဲ့ ”
လန်လော့နှင့် ဖန်လီထန်းတို့လည်း တစ်ပြိုင်နက် ခေါ်လိုက်ကြသည် “ပထမသခင်လေး ”
သူတို့က အစကတည်းက ယွီကျန့်ဟိုင် မဟာအမှောင်ကောင်းကင် အောက်မေ့ရာတိုက်ကွက်ကို သရုပ်ပြကတည်းက သံသယရှိခဲ့ကြသော်လည်း မယုံရဲခဲ့ကြပေ။ လူငယ်လေးက ထိုနည်းစနစ်ကို အလျှင်အမြန် ကျွမ်းကျင်လာတာ မထူးဆန်းတော့ပေ။ သူက မဟာအမှောင်ကောင်းကင် အောက်မေ့ရာ၏ အနှစ်သာရများကို ချက်ချင်း နားလည်ကာ သတ်ဖြတ်ဖို့ ထုတ်သုံးနိုင်သည်မှာ မဆန်းပေ။
လူငယ် ယွီကျန့်ဟိုင်က မင်ရှစ်ရင်အား တွန်းလွှတ်လိုက်သည်။
တခြားလူများက သူ ဆက်ဆံခံသင့်သည့် ပုံစံကို ဆက်ဆံနေသော်လည်း သူက နေရခက်နေမိသည်။
ရှောင်ယွမ်အာက အပြုံးလေးဖြင့် ရှေ့တိုးလာကာ “ တာ့ရှစ်ရှိုးကိုး … စောစောလေးက ကိစ္စအတွက် ညီမကို အပြစ်မတင်ဘူးမလားဟင်”
“မတင်ပါဘူး ”
“အဲဆို ညီမကိုရော ”
“မတင်ပါဘူး ”
တခြားလူများက ကပ်ဘေးကြီးတစ်ခု ကျော်လွှားနိုင်ခဲ့သည့်အလား သက်ပြင်းချလိုက်ကြသည်။
လုကျိုးက ခေါင်းညိတ်ကာ “မင်းဆီမှာ မေးစရာတွေရှိနေတယ်ဆိုတာ သိတယ်။ သိပ်မကြာခင် နားလည်သွားလိမ့်မယ်။ ပိအန်း ”
ပိအန်းက ပျံသန်းလာသည်။ သူ့ပါးစပ်မှ ဓားအိမ်က မြေပေါ် ကျလာသည်။
လူငယ် ယွီကျန့်ဟိုင်က တအံ့တဩ ရေရွတ်လိုက်သည်။ “တာ့ရှစ်ရှိုးရဲ့ ဓားအိမ်ပဲ ”
ဟမ် … သူက ဘယ်တာ့ရှစ်ရှိုးကို ပြောနေတာလဲ ….