← Chapters

အခန်း (၆၃၇-၆၃၉)

Vol. 43 Ch. 637-639

အခန်း (၆၃၇-၆၃၉)

Vol. 43 Ch. 637-639

အခန်း (၆၃၇) ပေတစ်သောင်းနက်သော ချောက်နက်

ကျန်သည့်သူများက မှင်တက်သွားပြန်၏။

တာ့ရှစ်ရှိုးဆိုတာ တပည့်တွေထဲမှာ အမြင့်ဆုံးအဆင့်ပဲမလား။ ဘယ်သူ့အဆင့်က တာ့ရှစ်ရှိုးထက် ပိုကြီးတာလဲ။

လူငယ်ယွီကျန့်ဟိုင်သည် ဓားအိမ်ကို ကောက်ကိုင်လိုက်သည်။ သူသည် စုတ်ပြဲနေသော အဝတ်အစားဖြင့် ဓားအိမ်ကို သန့်ရှင်းလိုက်၏။ ဓားအိမ်ပေါ်ရှိ သွေးကြောများကို ယခုအချိန်တွင် ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီဖြစ်သည်။

လုကျိုးသည် ဘာတွေဖြစ်နေမှန်း နားလည်သွားကာ မေးလိုက်တော့သည်။ “မင်းက သူ့ကို မင်းရဲ့ရှစ်ရှိုးလို့ ခေါ်လိုက်တာလား”

လူငယ်ယွီကျန့်ဟိုင်က ရိုးရိုးသားသားဖြေလိုက်သည်။ “သူက ယွီရှန်းရုန် ... တာ့ယန်က ကျုပ်ရဲ့ရှစ်စွင်းဆီ ခေါ်သွားပေးမယ်လို့ပြောခဲ့တာ” မင်ရှစ်ရင်က အခဲမကျေစွာပြောလိုက်၏။

“အာ့ရှစ်ရှိုးက လွန်သွားပြီ။ ဒီအခြေအနေကို ဘယ်လိုလုပ်အခွင့်ကောင်းယူနိုင်ရတာလဲ”

ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းတို့သည် ဘာမှမကြားလိုက်သည့်ပမာ တစ်ဖက်သို့လှည့်ကြည့်လိုက်၏။ သူတို့ပြောတာ များသွားလျှင် အမှားလုပ်မိမှာ ကြိမ်းသေ၏။ တစ်ဖက်တွင်မူ သူတို့တိတ်ဆိတ်နေလျှင် အမှားလုပ်မိမှာမဟုတ်တော့ပေ။

လူငယ်ယွီကျန့်ဟိုင်ကစိတ်ရှုပ်ထွေးသွား၏။ “အာ့ရှစ်ရှိုးလား ... ကျန်သည့်သူများက သူ့ကို တာ့ရှစ်ရှိုးဟုခေါ်နေ၏။ သူကအတိတ်ဖြစ်နေသည်။ လုကျိုးက လူငယ်ယွီကျန့်ဟိုင်ကိုကြည့်ပြီး အတွေးနက်နေ၏။

သူ ပြန်ရှင်သန်လာသောအချိန်၊ အခြေအနေအရ ယွီကျန့်ဟိုင်က သူ၏မှတ်ဉာဏ်အလုံးစုံကို ဆုံးရှုံးသွားပုံမပေါ်ပေ။ သူ့စွမ်းအင်ဗဟိုချက်၏ချီပင်လယ်က အကောင်းပကတိဖြစ်နေသည်။ သူ၏ကျင့်စဉ်နှင့် သူတတ်ကျွမ်းသောဓားသိုင်းကိုလည်း မသိစိတ်က ထုတ်သုံးနိုင်၏။ လုကျိုးကို စိတ်ဝင်စားသွားသည် သူ၏လက်ရှိအခြေအနေသည် ခရုလေးနှင့်အနည်းငယ်ဆင်တူ၏။

လော့မိန်းကလေး ခရုလေး ... မှတ်ဉာဏ်ပျောက်ဆုံးမှု၊ ကျင့်ကြံဆင့်နိုးထလာမှု အရာအားလုံးက ဆက်နွယ်နေပုံရသည်။

လုကျိုးသည် ယွီကျန့်ဟိုင်ကို မြင်သောအခါ ထိုအကြောင်းကို စဉ်းစားပြီးဖြစ်၏။ ထိုအကြောင်းကို တွေးမိလေလေ ပိုအဓိပ္ပာယ်ရှိသည်ဟု ခံစားလာရလေဖြစ်သည်။ လော့အမျိုးသမီးကလည်း ဝူချီအန်းဖြစ်နေပြီး ခရုလေးအနေနဲ့ အသက်ပြန်ရှင်လာတာများလား။

မဟုတ်ပေ ... လူတစ်ယောက်၏သက်တမ်းသည် အသက်ပြန်ရှင်လာချိန်၌ အလွန်တိုတောင်းသွားမည်။ လုကျိုးသည် ခရုလေး၏ခန္ဓာကိုယ်ကို ထပ်တလဲလဲစဉ်းစားပြီးဖြစ်၏။ သူမသာ ပြန်လည်မွေးဖွားလာခဲ့သည်ဆိုလျှင် ထိုမျှကြွယ်ဝသည့် အသက်ဓာတ် ပိုင်ဆိုင်ထားမည်မဟုတ်။ သူမ ပြန်လည်မွေးဖွားလာတာမဟုတ်လျှင် သူမက မည်သည့်အရာနည်း။

မှတ်စုစာအုပ်ထဲတွင် အနီရောင်ကြာပွင့်သည် လူတစ်ယောက်၏အသက်ကို မကန့်သတ်ထားကြောင်း ပြောထားသည်။ တနည်းအားဖြင့် အနီရောင်ကြာပွင့်ရှိသည့်သူများသည် အသက်ပိုရှည်ကြသည်လော။

သူသည် ခရုလေး၏အပြစ်ကင်းစင်ပြီး သန့်စင်သော သွင်ပြင်ကိုကြည့်လိုက်၏။ လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာမှ လော့အမျိုးသမီးနှင့်ဆက်စပ်ဖို့ခက်ခဲနေသည်။ သို့သော် ခရုလေးပြသသည့် နိုးထလာသော အခြေအနေနှင့် ယွီကျန့်ဟိုင်၏အခြေအနေသည် ဖြစ်နိုင်ခြေကို ရှင်းရှင်းလင်းလင်း ပြသနေသည်။ ခရုလေးက လော့အမျိုးသမီးလား။

အဆုံးကျ လုကျိုးသည် ခေါင်းခါလိုက်ပြီးထိုအတွေးများကို ဖယ်ရှားလိုက်၏။ ယခုအချိန်တွင် သူ၏ ဦးစားပေးလုပ်ရပ်ကာ ယွီရှန်းရုန်ကို ရှာရန်ဖြစ်သည်။ ပိအန်းကြောင့်သာမဟုတ်လျှင် ဆယ်စုနှစ်တစ်ခုနှစ်ကြာပြီးသည့်တိုင် သူတို့ဤနေရာကို ရှာနိုင်မှာမဟုတ်ပေ။

ယခုအချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ အားလုံးနီးပါးသည် စုတ်ပြဲနေသာ အဝတ်အစားဖြင့် သူတို့သိခဲ့သော လူငယ်ယွီကျန့်ဟိုင်က သူတို့သိဖူးသည့် ခမ်းနားသော ယွီကျန့်ဟိုင်ဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ပြီးဖြစ်၏။

“ယွီရှန်းရုန် ဘယ်မှာလဲ” လုကျိုးက မေးလိုက်သည်။

လူငယ်ယွီကျန့်ဟိုင်က ပေတစ်သိန်းခန့်နက်သော ချောက်နက်ဘက်သို့ လက်ညှိုးထိုးပြီး ပြောလိုက်၏။

“ကျွန်တော့ကို ကယ်ဖို့ချောက်နက်ထဲပြုတ်ကျသွားတာ”

“…”

ကျန်သည့်သူများက တိတ်ဆိတ်နေ၏။ သူတို့၎င်းကို ယုံကြည်နိုင်ရန်ခက်ခဲနေသည်။

လူငယ်ယွီကျန့်ဟိုင်သည် ဖြစ်ပျက်ပုံအလုံးစုံကို လုကျိုးကိုပြန်ပြောပြလိုက်သည်။

ကျန်သည့်သူများက ထိတ်လန့်သွား၏။

“လို့လန်က ဝံပုလွေတွေရဲ့ရည်မှန်းချက် ရှိနေတာပဲ။ ဒုတိယသခင်လေးက အခုချိန်ထိ ပြန်မလာနိုင်တာအံဩစရာမရှိဘူးပဲ။ မဟာနတ်ဆရာတစ်ယောက်က သူ့ကို ခြုံခိုတိုက်ခိုက်တာကြောင့်ကိုး" ဖန်လီထန်းကပြောလိုက်၏။

“မဟာနတ်ဆရာက နတ်ဒေဝါတွေကိုပင့်ဖိတ်ပြီး အစီအရင်တည်ဆောက်ထားတာ။ လို့လန်မှ မဟာနတ်ဆရာဖြစ်လာဖို့ အရည်အချင်းရှိတဲ့သူက လက်တစ်ဆုပ်ပဲရှိတယ်။ လို့လန်က ဒုတိယသခင်လေးအတွက် နတ်ဆရာတွေအများကြီးရဲ့အသက်ကို လဲလှယ်တဲ့အထိ ကြိုးစားခဲ့တာပဲ”

မင်ရှစ်ရင်ကပြောလိုက်၏။ “အာ့ရှစ်ရှိုး သေပြီဆိုတာကျွန်တော်မယုံဘူး။ ရှစ်စွင်း ကျွန်တော် သွားရှာမယ်” သူပြောပြီးသည်နှင့် လှည့်ထွက်သွားကာ ချောက်နက်ဆီသို့သွားရန် ပြင်ဆင်လိုက်သည်။

လုကျိုးက ပြောလိုက်၏။ "စောင့်ဦး”

မင်ရှစ်ရင်ကလှုပ်ရှားတာ ရပ်တန့်လျက် ဇဇေဝါဖြစ်သွားသည်။

လုကျိုးက ပြောလိုက်၏။ “ယွီကျန့်ဟိုင်က အသက်ပြန်ရှင်လာကာစ သူ့ရဲ့အခြေအနေက မတည်ငြိမ်ဘူး။ မင်းတို့အားလုံး ဒီမှာနေနေ ငါ သွားကြည့်လိုက်မယ်”

“ရှစ်စွင်း”

သူ၏တပည့်များက အရိုအသေပေးလိုက်၏။

“ရှစ်စွင်း သွားလို့မရဘူး။ ပေတစ်သိန်းနက်တဲ့ချောက်နက်ထဲမှာ အသက်ရှင်နိုင်ချေက အင်မတန်နိမ့်တာ” စီးဝူယာ့က ပြောလိုက်၏။ “ကျွန်တော်သွားပြီး အာ့ရှစ်ရှိုးကို ပြန်ခေါ်လာခဲ့မယ်”

“ငါ သွားမယ်။ မင်းရဲ့ကျင့်ကြံဆင့်က အားနည်းလွန်းတယ်” တွမ့်မူရှန်းက ပြော၏။

“…”

“ငြင်းနေတာရပ်လိုက်တော့ ... ကျုပ်ရဲ့ကျင့်ကြံဆင့်က အားလုံးထဲမှာ အမြင့်ဆုံးပဲ။ သွားသင့်တယ်” မင်ရှစ်ရင်က ရှေ့တက်လာ၏။

ဖန်လီထန်းက ပြုံးပြီးပြောလိုက်သည်။ "မင်းတို့အားလုံးက ငယ်ရွယ်သေးတယ်။ ဘာကြောင့် သွားရမှာလဲ။ ငါက အရိုးအိုပဲ။ ငါ သွားမယ်”

“တော်လောက်ပြီ” လုကျိုးက လက်တစ်ဖက်မြှောက်လျက် သူတို့ငြင်းခုန်နေတာကို ကြားဖြတ်ပြောလိုက်သည်။ "လူတိုင်းက တိတ်ဆိတ်သွားလျက် လုကျိုးကိုကြည့်လိုက်၏။

လုကျိုးသည် ဘေးရှိ လူငယ်ယွီကျန့်ဟိုင်ကို ကြည့်ကာပြောလိုက်တော့သည်။ “ငါ ပြောသလိုလုပ်”

“နားလည်ပါပြီ”

ကျန်သည့်သူများက မငြင်းရဲတော့ချေ။

ပေတစ်သောင်းနက်သည့် ချောက်နက်ဝန်းကျင်တွင်ဖြစ်သည်။

အစွန်းကနေငုံ့ကြည့်မိလျှင် ဘာကိုမှ မြင်တွေ့ရမည်မဟုတ်။ အဆုံးမရှိအမှောင်ထုကိုသာ မြင်တွေ့ရလိမ့်မည်။

ထိုမြင်ကွင်းကြောင့် တပည့်များအားလုံး ထိတ်လန့်ကုန်၏။

ရှောင်ယွမ်အာနဲ့ ခရုလေးတို့က မကြည့်နိုင်တော့ပဲ အကြည့်ရုတ်လိုက်သည်။

စီးဝူယာ့က ပြောလိုက်သည်။

"ဒီချောက်က ကောင်းကင်ကျုံးရဲ့တဝက်လောက်ရှိတယ်။ စွန့်စားသွားလာချင်တဲ့ ကျင့်ကြံသူအများစုက အရင်တုန်းက ဒီချောက်ဘယ်လောက်နက်လဲဆိုတာ သိဖို့ကြိုးစားခဲ့ကြတယ်။ ကံဆိုးတာက သူတို့တွေတစ်ယောက်မှပြန်မလာနိုင်ခဲ့ဘူး”

“ဒီချောက်နက်က ထူးဆန်းလွန်းတယ်"

“တောအုပ်လေးခုထက် ပိုပြီးထူးဆန်းတာလား။ ရှစ်မေ့ ထျန်းရှင်းတောင် မြူတောအုပ်ထဲက ပြန်လာနိုင်တာပဲ။ ရှစ်စွင်းကို ကျုပ်တို့ယုံသင့်တယ်” တွမ့်မူရှန်းက ပြောလိုက်၏။

“ရှစ်ရှိုးပြောတာမှန်တယ်။ တောအုပ်လေးအုပ်ကို သွားတဲ့လူတိုင်းသေမှာပဲလို့ပြောကြတာ။ အခုတော့ နက်နဲတဲ့ကျင့်ကြံဆင့်ရှိပြီး စီးတော်သားရဲပြန်ယူလာနိုင်တဲ့သူ ရှိတာပဲ” မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်၏။

ဖန်လီထန်းသည် မဟူရာသစ်တောထဲ၌ သူ၏အတွေ့အကြုံကိုအမှတ်ရသွားသည်။ သူက သက်ပြင်းချပြီး ပြောလိုက်သည်။ "ထူးဆန်းလိုက်တာ ... အခု ငါ စဉ်းစားမိတယ်။ လူသားတွေရဲ့ကျင့်ကြံဆင့်က အမြဲတမ်းတိုးတက်ပြောင်းလဲနေတယ်။ လူသားတွေကအရင်တုန်းက အမည်မသိနယ်ပယ်တွေကို သိမ်းပိုက်ပြီး စူးစမ်းရှာဖွေတယ်။ ကောင်းကင်ကျုံးရဲ့ တောင်ဘက်အကျဆုံးအပိုင်းက လွန်ခဲ့တဲ့ရှစ်ရာတုန်းက အမြင့်ဆုံးနေရာလို့ခေါ်ပြီး ဘယ်သူမှမရောက်ဘူးလေ။ ဒါတောင် နှစ်တွေကြာပြီးနောက် သိမ်းပိုက်နိုင်ခဲ့ပြီ”

ကျန်သည့်သူများက သူ့စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

စပ်စုချင်စိတ်နှင့် စူးစမ်းသွားလာချင်စိတ်က လူသားများအတွက် သဘာဝပဲဖြစ်သည်။

လုကျိုးသည် မှတ်စုစာအုပ်ထဲ၌ လော့အမျိုးသမီး ရေးခဲ့တာကို အမှတ်ရသွား၏။ သူမသည် ဤနေရာသို့ စူးစမ်းလေ့လာခဲ့ဟန်တူသည်။ သို့သော် တာ့ယန်၏မင်းဆရာကမူ ဆန့်ကျင်ဖက်ပဲ ဖြစ်သည်။ သူသည် ငြိမ်းချမ်းရေးကိုလိုလားပြီး သက်တောင့်သက်သာရှိသော ဘဝနောက် လိုက်လေ၏။

“ပြောရရင် ယွီရှန်းရုန်က ငါ့တပည့်ပဲ။ သူအသက်ရှင်ရင် ငါ သူ့ကိုတွေ့ချင်တယ်။ သူသေရင်အလောင်းကို ငါ မြင်ချင်တယ်” လုကျိုးက ပြောပြီးနောက် ချောက်နက်ပေါ်ရှိလေထဲ တက်လှမ်းလိုက်သည်။

တပည့်များက တညီတညွတ်တည်း အရိုအသေပေးလိုက်၏။ “ကျွန်တော်တို့ ရှစ်စွင်းကို စောင့်နေပါ့မယ်”

“ကျုပ်တို့ မျှော်နန်းသခင်ကို စောင့်နေပါ့မယ်”

လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များနှင့်ဂိုဏ်းသားများကို ကြည့်ပြီး ခေါင်းညိတ်လိုက် ၏။ ပြီးနောက် သူသည် ချောက်နက်ထဲသို့ဖြည်းဖြည်းချင်း ဆင်းသက်သွားတော့သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းသားများသည် သူ ဆင်းသက်သွားတာကို ကြည့်နေ၏။ သူ့အရိပ်တစ်ခုလုံး အမှောင်ထုထဲသို့ပျောက်ကွယ်သွားဖို့ သိပ်မကြာလိုက်ပေ။

လုကျိုးသည် ဆင်းသက်သည့်အရှိန်ကို ထိန်းထား၏။ သူ မော့ကြည့်သည့်အချိန်တွင် ကောင်းကင်မှ အလင်းကို မြင်ရသေးတယ်။

ခဏအကြာတွင် သူအောက်ဆင်းသည့်အရှိန်က တိုးလာ၏။ နားထဲ လေတဟူးဟူးတိုက်လာပြီး သူ၏ကာကွယ်ရေးစွမ်းအင်ကို အသက်သွင်းလိုက်၏။

သူကဆက်တိုက်ဆင်းနေပြီး မကြာခဏအပေါ်သို့မော့ကြည့်သည်။ ကောင်းကင်က သေးသည်ထက် သေးလာပြီး အလင်းက မှိန်ဖျော့ပြီးရင်းမှိန်ဖျော့လာ၏။

“ဒီချောက်နက်က တကယ်အဆုံးမရှိဘူးလား” လုကျိုးသည် မယုံနိုင်ဘဲ ဆက်လက် ဆင်းသက်နေသည်။

ခဏအကြာတွင် လုကျိုးက ဆွဲအားတစ်ခုကို ခံစားလိုက်ရ၏။ "စုပ်ယူအားလား"

လုကျိုးသည် သူ၏ခန္ဓာကိုယ်ပိုလေးလံသွားတာကို ခံစားမိသည်။ စွမ်းအင်တချို့သည် သူ့ကို အောက်ကဆွဲနေပြီး ကနဦးချီကုန်ဆုံးစေအောင်လုပ်နေပုံပေါ်သည်။

“ယွီရှန်းရုန်ရဲ့ ကျင့်ကြံဆင့်နဲ့ဆို သူ ချောက်နက်ထဲကျသွားရင်တောင် မသေနိုင်ဘူး”

လုကျိုးသည် ဆင်းတာကိုနှေးလိုက်၏။ သူ အောက်သို့ရောက်လေလေစွဲအားက ပိုများလာပြီ ဖြစ်သည်။

နောက်ကွယ်တွင် ရိုးရှင်းသည့် စည်းမျဉ်းတစ်ခုသာ ရှိသည်။ သူ၏ခွန်အားထက်ပိုကြီးများသော စွမ်းအင်ရှိသည့်နေရာသို့ နစ်ဝင်သွားချိန်၌ ပြန်လမ်းမရှိတော့ပေ။

ယွီရှန်းရုန် ဘယ်မှာလဲ။

…

အခန်း (၆၃၈) အနီရောင်ငါး၏ နှလုံးသား

အနည်းငယ်မှောင်လာသည့်အခါ လုကျိုးက ဆက်မဆင်းတော့ပေ။ သူက ဆုံးဖြတ်ချက်ကို နည်းနည်း နောင်တရလာမိသည်။ သူ့ထူးခြာအံ့ဖွယ်စွမ်းအားကို ပြန်ဖြည့်ဖို့ မေ့လာမိ၏။ ကာရိုးနှင့် တိုက်ပွဲအပြီး သူ့တွင် ထူးခြားအံ့ဖွယ် စွမ်းအားတစ်ဝက်မျှသာ ကျန်ရှိတော့သည်။ ထို့အပြင် သူ့ကျင့်ကြံဆင့်က ပွင့်ချပ်ခြောက်လွှာမျှသာ ဖြစ်၍ သူ့ထက် အားကောင်းသောအရနှင့် ကြုံတွေ့ခဲ့လျှင် အန္တရာယ်ကျရောက်သွားမည် မဟုတ်ပါလော။ သူက ယုံကြည်ချက်ကို တိုးမြင့်ဖို့ ကုသိုလ်ရမှတ်ကို စစ်ဆေးကြည့်လိုက်သည်။

ကုသိုလ်ရမှတ် - ၈၁၀၃ မှတ်

သွားပြီ …

အသေရိုက်ချက်ကတ်က ကုသိုလ်ရမှတ် တစ်သောင်းလေ

အရမ်းဈေးကြီးလွန်းတယ် …

လုကျိုးက ရမှတ်ကို စစ်ဆေးကြည့်ပြီးနောက် ပိုပျာယာခတ်သွားသည်။ အကယ်၍ သူက ဒီလိုခံစားရမှန်း ကြိုသိခဲ့လျှင် အမှတ်များကို စစ်ဆေးကြည့်မိမည် မဟုတ်ပေ။

လုကျိုးက စနစ် မျက်နှာပြင်ကို ပိတ်လိုက်ရင်း ဆက်လက် အောက်ဆင်းလာလိုက်သည်။

…………….

ထိုစဉ်

မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များနှင့် အကြီးအကဲများက ချောက်နက်နားမှ စောင့်ဆိုင်းနေကြသည်။ သူတို့သည် အချိန်အတော်ကြာသွားသော်လည်း လုကျိုး ပြန်မလာသေးသည့်အတွက် အနည်းငယ် စိုးရိမ်လာကြသည်။

စီးဝူယာ့က ပြောလိုက်၏။ “ဒီလောက်အနက်အရ မကြာခင် ပြန်လာမှာတော့ မဟုတ်လောက်ဘူး။ ငါတို့တွေ အချိန်တစ်ခုလောက်အထိ ကုလော့ရွာမှာ သွားနေကြရင်ရော ”

တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

“မဖြစ်ဘူး” လူငယ် ယွီကျန့်ဟိုင်က ခေါင်းခါလိုက်သည်။ သူက ကုလော့ရွာကို အလွန်မုန်းတီးနေပြီး ရွာနာမည်ကို ကြားလိုက်သည်နှင့် အပြင်းအထန် တုံ့ပြန်လာသည်။

စီးဝူယာ့က ထပ်ပြောလိုက်သည်။ “တာ့ရှစ်ရှိုး …အဲဆို ဒီမှာပဲ တဲထိုးနေကြမလား ”

“အင်း”လူငယ် ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။

တခြားလူများကလည်း ကုလော့ရွာကို ထည့်မပြောသင့်ကြောင်း သဘောပေါက်သွားကြသည်။

မင်ရှစ်ရင်က လျှောက်လာကာ ပြောလိုက်၏။ “တာ့ရှစ်ရှိုး … ဓားမော့ ကူသယ်ပေးမယ်။ ဒီဘက်လာ ”

“ …” ယွီကျန့်ဟိုင်က အသားမကျသေးပေ။

တခြားလူများက နေရခက်နေသော်လည်း လူငယ်လေးက မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့် ဖြစ်မှန်း သံသယဝင်စရာ မလိုပေ။ မျှော်နန်းသခင်နှင့် စီးဝူယာ့တို့၏အတည်ပြုမှုဖြင့် မှားယွင်းစရာအကြောင်း မရှိပေ။

မင်ရှစ်ရင်ကသာ ပုံမှန်အတိုင်း ပြုမူနေသည့် တစ်ဦးတည်းသောလူ ဖြစ်၏။

“တာ့ရှစ်ရှိုး ထိုင်ပါဦး။ သုတ်ထားပြီးပြီ … ” မင်ရှစ်ရင်က မျက်နှာချိုသွေးကာ ပြောလိုက်သည်။

တွမ့်မူရှန်းက မျက်လုံးဝေ့ကြည့်လိုက်ရင်း မင်ရှစ်ရင်ဆီ လျှောက်လာကာ “ လောင်စစ် … မင်းက မျှော်လင့်ချက် မရှိတော့ဘူး။ ကပ်ဖားနေတာက ကျင့်ကြံရေးအတွက် အထောက်အကူ မဖြစ်ဘူး ”

မင်ရှစ်ရင်က မလုံမလဲ အမူအရာဖြင့် နောက်ဆုတ်လိုက်သည်။

တွမ့်မူရှန်းက ရေဘူးကို ထုတ်ကာ လူငယ် ယွီကျန့်ဟိုင်အား ပေးလိုက်ပြီး “ ဒါက တာ့ယန် ရေတွင်းက ရေလေ။ ချိုမြိန်ပြီး လန်းဆန်းတယ် ”

လူငယ် ယွီကျန့်ဟိုင်က အနည်းငယ် ကြောင်သွားသည်။ သူက ရေဘူးကို ကြည့်ကာ စိတ်ခံစားချက်တချို့ ဖြတ်ပြေးသွားဟန်ပေါ်သည်။

မင်ရှစ်ရင် “ …”

ယွီကျန့်ဟိုင်က ရေဘူးကို ယူလိုက်ပြီး “ကျေးဇူးပါ ”

တခြားလူများက ကြောင်အမ်းသွားကြသည်။ သူတို့သည် ယွီကျန့်ဟိုင်က တစ်ယောက်ယောက်အား ကျေးဇူးတင်သည်ကို မမြင်ဖူးကြပေ။ သူက သွင်ပြင်ပြောင်းလဲသွားသော်လည်း သဘောထား ပြောင်းလဲသွားမှုက ပို၍ အံ့ဩဖို့ကောင်း၏။

“တာ့ရှစ်ရှိုး …” ရှောင်ယွမ်အာက လူငယ် ယွီကျန့်ဟိုင်ဘေးနား ရောက်လာသည်။

လူငယ် ယွီကျန့်ဟိုင်က နေရခက်စွာ မေးလိုက်သည် “မင်းက … ”

“ညီမက အရင် ရှောင်ရှစ်မေ့ … အခုတော့ ကိုးယောက်မြောက် ညီမလေးပေါ့။ ဒါက ခရုလေး … ရှစ်စွင်းရဲ့ နောက်ဆုံးတပည့်လေ။ တာ့ရှစ်ရှိုးက ညီမကို မမှတ်မိပေမဲ့ ညီမ မှတ်မိတယ်။ တိမ်ယံလျှောက်လှမ်း ဖိနပ်အတွက်လည်း ကျေးဇူးပါ” ရှောင်ယွမ်အာက တစ်ခါတည်းဖြင့် ဆက်တိုက်ပြောသွားသည်။

လူငယ် ယွီကျန့်ဟိုင်က ခေါင်းကုတ်လိုက်၏။ သူက ယခင်ထက် ပိုစိတ်ရှုပ်သွားသည်။ သူက ရှောင်ယွမ်အာ ပြောနေသည့်အရာများကို မသိပေ။

စီးဝူယာ့က ထိုအရာကို မြင်သည့်အခါ လူငယ် ယွီကျန့်ဟိုင်အား အကုန်စတင်ရှင်းပြလိုက်သည်။ သူသည် ယွီကျန့်ဟိုင်၏ ဇစ်မြစ်မှ၊ မိစ္ဆာဝေဟင်မျှော်နန်းဆီ တပည့်အဖြစ် မည်သို့ဝင်ရောက်လာပုံ၊ ငရဲဂိုဏ်းကို တည်ထောင်ခဲ့ပုံ၊ စီရင်စုကိုးခုကို အုပ်စိုးပြီး နောက်ဆုံးတွင် အံ့ဖွယ်မြို့တော်ကို သိမ်းပိုက်ခဲ့ပုံအထိ ပြောပြလိုက်သည်။

ယွီကျန့်ဟိုင်က အတော်လေး အံ့အားသင့်နေသည်။ သူက မယုံကြည်နိုင်သေးပေ။

အားလုံးက ထိုအချက်ကို လက်ခံဖို့ အခက်တွေ့နေမှန်း သိကြသည်။ ထို့ကြောင့် သူတို့က သူ့အား မနှောင့်ယှက်ကြပေ။ သူ့ဘာသာ စဉ်းစားချိန် ပေးထားလိုက်၏။

…………..…

နောက်တစ်ရက် မနက်ခင်း၌

နေမင်းက အရှေ့ဘက်မှ ထွက်လာသည့်အခါ တခြားလူများက ချောက်အဖျားနားဆီ သွားလိုက်ကြသည်။ သို့သော်လည်း သူတို့ရှစ်စွင်း၏ အရိပ်အယောင်ကို မမြင်ရသေးပေ။

………………..…

ထိုစဉ်

လုကျိုးက ဆက်လက် ဆင်းနေဆဲ ဖြစ်၏။ သူက အရှိန်ကို မမြင့်လိုက်ဘဲ ဆက်လက် ထိန်းထားသည်။ လက်ရှိ ဘေးပတ်လည်တွင် အမှောင်ထုသာ ရှိနေသည်။

“ ငါ ချောက်နက်အောက်ခြေကို တကယ် မရောက်နိုင်တာလား” လုကျိုးက ယုံဖို့ အခက်တွေ့နေသည်။

သူက ဆင်းလာရင်း စုပ်ယူအားတစ်ခုက အားပြင်းလာသည်။ ယွီရှန်းရုန်ကို ရှာတွေ့ဖို့ သူက ကြိုကျားကြိုကျား လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှင့်ထားလေ့ရှိသည်။

တောက်ပနေသည့် ရွှေရောင်လက်ဝါးစည်းတံဆိပ်က ညအခါ ပတ်ဝန်းကျင်ကို အလင်းပေးထားသည့် မီးအိမ်သဖွယ် ဖြစ်နေသည်။

လုကျိုးက အတော်လေး ဖြတ်သန်းလာခဲ့ပြီဟု ခံစားမိသည့်အခါ နောက်ထပ် လက်ဝါးစည်းတံဆိပ် ထုတ်လွှင့်လိုက်သည်။

တောက်ပနေသည့် ရွှေရောင်လက်ဝါးစည်းတံဆိပ်က အမှောင်ထုထဲ အလျှင်အမြန် ဝါးမျိုခံလိုက်ရသည်။

“ဟမ်” လုကျိုးက လက်ဝါးစည်းတံဆိပ်သည် ယခင်တစ်ခေါက်ကလိုမျိုး ချောက်နက်နံရံကို မထိမိသည်ကို သတိထားမိလိုက်သည်။

“ အောက်ခြေက တွင်းပေါက်ကြီးလား ”

သူက ရပ်လိုက်ပြီး ကမ္ဘာဦးချီကို စွမ်းအားအဖြစ် ဖွဲ့စည်းလိုက်သည်။ စုပ်ယူအားက ပိုမိုအားကောင်းလာကာ သူ့အနေနှင့် ကမ္ဘာဦးချီကို ပို၍ ထုတ်သုံးနေရသည်။ သို့သော်လည်း စီမံနိုင်ဆဲ ဖြစ်၏။

လုကျိုးက ရွှေရောင်တောက်နေသည့် လက်ကို မြောက်လိုက်သည်။ သူ့အနားမှ မီတာပတ်လည် လင်းထိန်လာသည်။ သူ့ဘေးတွင် ဘာမှမရှိကြောင်း တွေ့လိုက်ရ၏။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးက အပူချိန်ရှိသော်လည်း အေးစက်စက် ဖြစ်စေသည်။

ဤတစ်ကြိမ် သူက လက်ဝါးစည်းတံဆိပ်ကို အောက်သို့ ပစ်လွှတ်လိုက်သည်။

သိပ်မကြာခင် လေထုထဲ အသံတစ်သံ ကြားလိုက်ရ၍ လုကျိုးက အံ့အားသင့်သွားလေသည်။

“ငါ အောက်ခြေနဲ့ နီးနေပြီလား”

သူက ဆင်းဖို့ ဆုံးဖြတ်လိုက်သည်။ ခဏအကြာတွင် သူက နေအသေးစားနှင့်တူသည့် ရွေရောင်စက်လုံးကို ကိုင်ထားလိုက်သည်။ သူက ငုံ့ကြည့်လိုက်သည့်အခါ မျက်စိရှေ့ မြင်ကွင်းကြောင့် မယုံနိုင်လာက်အောင် ဖြစ်သွားမိသည်။

သူ့အောက်တွင် အဆုံးမဲ့ပင်လယ်ရှိနေလေသည်။ သူက အဆုံးသတ်ကို မမြင်ရပေ။ သူ့အား ပို၍ အံ့အားသင့်သွားစေသည်က ထိုရေသည် အနက်ရောင် ဖြစ်၏။

“အနက်ရောင်ရေလား ”

ကြည့်ရသည်မှာ အောက်တွင် ကမ္ဘာအသစ် ရှိဟန်ပေါ်သည်။

လုကျိုးက ထိုပင်လယ်အထက် ရစ်ဝဲနေသည်။ သူက မဆင်မခြင် ထိုရေကို မထိရဲပေ။ သူက ပတ်ဝန်းကျင်ကို ဆက်လက် လေ့လာလိုက်၏။

ခဏအကြာတွင် သူက မလှုပ်ရှားနိုင်သော်လည်း တစ်နေရာသို့ ဆွဲခေါ်ခံလိုက်ရကြောင်း သိလိုက်ရသည်။ အမှောင်ထုနှင့် တည်နေရာ ညွှန်ပြမှု မရှိသည့်အတွက် သတိမထားမိခဲ့ပေ။

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက ယွီရှန်းရုန်ကို ရှာမတွေ့သည်မှာ မဆန်းတော့ပေ။ ဤသို့ဖြင့် ယွီရှန်းရုန်ကို ရှာတွေ့ဖို့ ပိုခက်ခဲလာနိုင်သည်။

အနက်ရောင်ရေက မြက်ခင်းကဲ့သို့ တည်ငြိမ်နေလေ၏။

လုကျိုးက ပျံသန်းကြည့်လိုက်သည့်အခါ သန္တကျောက်တန်းတစ်ခုကို မြင်လိုက်ရသည်။ သူက ထိုအပေါ်တက်ကာ ကမ္ဘာဦးချီကို ပြန်အားဖြည့်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ပတ်ဝန်းကျင်မှ အပြောင်းအလဲများကို စောင့်ကြည့်နေသည်။

သူက အကြားစွမ်းရည်ကို ရုတ်ချည်း အမှတ်ရသွားပြီး စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်။

အရာအားလုံးကို ကြားနိုင်စွမ်းရဖို့ …

သူ့နားရွက်က အပြာရောင်အလင်းဖြင့် တောက်ပလာကာ ကြားနိုင်စွမ်းနယ်ပယ် ကျယ်ပြန့်လာကြောင်း ခံစားမိလိုက်သည်။

လှုပ်ရှားမှု မရှိသလို အသံလည်း မရှိနေပေ။

သိပ်မကြာခင်

ဗွမ်း

သူ့ရှေ့ရှိ ရေထဲမှ အနီရောင်ငါးတစ်ကောင် ထွက်လာသည်။ ထိုအရာက အနီရောင်ဖြင့် တောက်ပနေ၏။ လုကျိုးက လက်ဖြင့် ရိုက်ချလိုက်သည်။

မိစ္ဆာကိုယ်တော် လက်ဟန်စည်းတံဆိပ်

အပြာတောက်ပနေသည့် လက်ဟန်က အနီရောင်ငါးဆီ ကျရောက်သွားသည်။

ဘန်း

မိစ္ဆာကိုယ်တော် လက်ဟန်စည်းတံဆိပ်က အနီရောင်ငါးကို ဖမ်းဆုပ်လိုက်သည်။

“ငါးက အနီရောင်စွမ်းအား ထုတ်လွှင့်နိုင်တာလား” ဤသည်က လုကျိုး၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။ သူ အနီရောင်ငါးကို မြောက်လိုက်သည့်အချိန် အသက်ရှင်ဖို့ ရုန်းကန်နေဆဲ ဖြစ်ကြောင်း သတိထားမိလိုက်၏။ သူ မြင်တွေ့ဖူးသည့် ငါးများထက် အဆတစ်ရာလောက် ပိုရုန်းနေသည်။ အနီရောင်ငါးက ရေထဲ ပြန်သွားဖို့ သူ့လက်မှ လွတ်မြောက်အောင် ရုန်းကန်နေသည်။

“တိရစ္ဆာန်ကောင် … မင်းက ပြန်သွားချင်သေးတယ်ပေါ့”

သူက လက်မြောက်ကာ ရိုက်လိုက်သည်။

ဘန်း

သူက အားကြီးလွန်းသွား၍လား မသိပေ။ အနီရောင်ငါးက အနီရာင်အလင်းကွင်း ထုတ်လာသောကြောင့် အသံတစ်သံ ထွက်လာသည်။

လုကျိုးက လက်ကို ပြန်ရုတ်လိုက်သည့်အခါ သူ့လက်ဝါးတွင် အနီရောင်ပစ္စည်းတစ်ခု ကျလာလေ၏။

“တင်း … အနီရောင်ငါးရဲ့ နှလုံးသား တစ်ခုကို ရရှိပါတယ် ”

“အနီရောင်ငါး နှလုံးသား - သက်တမ်း နှစ်တစ်ရာ ပေးနိုင်တယ် ”

“တကယ်လား”

သူက လက်တစ်ချက်အဝေ့တွင် သက်တမ်းနှစ်တစ်ရာ ရလိုက်သည်လား။

လုကျိုးက အံ့အားသင့်သွားမိသည်။ သူက အနီရောင်ငါး အလောင်းနှင့် နှလုံးသားကို ကြည့်လိုက်သည်။

အခုတော့ ထားလိုက်ကြရအောင် …

သူက သိမ်းဆည်းလိုက်ပြီးနောက် ကမ္ဘာဦးချီကို ပြန်လည်ဖြည့်လိုက်သည်။

ဤနေရာရှိ ကမ္ဘာဦးချီက သိပ်သည်းလွန်းသည့်အတွက် အံ့မခန်းအမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာသည်။

တစ်ချိန်တည်းဆိုသလို လုကျိုးက သူ့ထူးခြားအံ့ဖွယ် စွမ်းအားကို ပြန်ပြည့်ဖို့ သန္တာကျောက်တန်းပေါ် ဆက်နေခဲ့၏။ သူက ကိုးကားချက်မရှိဘဲ သူ့အာရုံဖြင့်သာ အချိန်ကုန်ဆုံးသွားကြောင်း ခပ်ရေးရေး ခန့်မှန်းမိသည်။

နာရီပိုင်းကြာမြင့်သည်ဟု ထင်ရသည့်နောက် လုကျိုးက အသံလှိုင်းများကို စတင်ကြားလာရသည်။ သူက အနီရောင်ငါး ပေါ်လာခဲ့သည့်နေရာကို ကြည့်လိုက်သည့်အခါ အနက်ရောင်ရေများက မိုးထိမတတ် လှိုင်းလုံးများအဖြစ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

“အဲဒါဘာကြီးလဲ”

ဗွမ်း

လုကျိုးက သူ့ထူးခြားအံ့ဖွယ် စွမ်းအားကို စစ်ဆေးကြည့်လိုက်သည်။ ထိုအရာသည် ပြည့်လုနီးပါးဖြစ်နေလေပြီ။ သူက ခုန်ကာ အနက်ရောင်လှိုင်းလုံးကို ရှောင်လိုက်၏။

ထို့နောက် သူက အင်မတန် ကြီးမားသော အနီရောင်ငါးတစ်ကောင် ထွက်လာသည်ကို မြင်လိုက်ရသည်။ အနက်ရောင်ရေကြောင့် သူ့တောက်ပမှုက သိပ်မသိသာတော့ပေ။ သို့သော်လည်း ရေမျက်နှာပြင်ဆီ ထွက်ပေါ်လာသည်နှင့် အနီရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။

လုကျိုးက ထိုအနီရောင်ငါးဆီမှ ရန်လိုစိတ်ကို ခံစားမိလိုက်သည်။

ထိုမျက်လုံးများက ဝေ့ဝဲနေပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။

လုကျိုးက သူသည် ဤနေရာတွင် ကြာကြာနေသင့်သည်ဟု မထင်တော့ပေ။

သူက လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်ဖော်ပြီး စုပ်ယူအားကို ချိုးဖောက်လိုက်သည်။

ထိုအရာက ရေထဲမှ ခုန်ထွက်လာကာ ပါးစပ်ကြီး ဟလာသည်။ ကြည့်ရသည်မှာ လုကျိုးကို ဝါးမျိုပစ်ချင်ကြောင်း သိသာလှသည်။ ထိုအရာက လေထဲ အသာခုန်လိုက်သော်လည်း လှိုင်းလုံးများက ကြောက်မက်ဖွယ် အမြင့်အထိ တက်လာသည်။

“တိရစ္ဆာန်ကောင်” လုကျိုးက အပြာဖျော့ဖျော့ တောက်ပနေသည့် လက်ဟန်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။

စွန့်ပစ်ခံ ဉာဏ်ပညာ၏ စာလုံးများက သူ့လက်ချောင်းကြား ထွက်ပေါ်လာကာ ပုံမှန်ထက်ကြီးသည့် လက်ဝါးစည်းတံဆိပ်သည် သူ့ခြေထောက်အောက် ပေါ်လာသည်။ ထို့နောက် သူက ဖိချလိုက်သည်။

…

အခန်း (၆၃၉) ငါ ပြန်လာပြီ

လုကျိုးသည် ထိုအကွက်ထဲသို့ သူ၏ထူးကဲအံ့ဖွယ်စွမ်းအားတဝက်ကို အသုံးပြုခဲ့၏။ သူသည် အနီရောင်ငါး အစွမ်းထက်ပုံကို အာရုံခံနိုင်၏။ ၎င်းသည် သူကြုံတွေ့ဖူးသည့် ပွင့်ချပ်ရှစ်လွှာသိုင်းပညာရှင်များထက်တောင် ပိုအစွမ်းထက်သည်။

စွန့်ပစ်ခံဉာဏ်ပညာက ဆင်းသက်လာသည်။ ထိုလက်ဝါးစည်းတံဆိပ်၏အရွယ်အစားကို မှန်းဆ၍မရပေ။ ထိုသို့တိုင် အလွန်ကြီးမားလှသည့် လက်ဝါးစည်းတံဆိပ်သည် ငါးကြီး၏အရွယ်အစားကို မကာမိပေ။

ဖုန်း

လေထဲ၌ ပေါက်ကွဲသံတစ်သံပေါ်ထွက်လာ၏။

အဝေးမှ ရွှေရောင်လှိုင်းဂယက်တစ်ခုသည် ကောင်းကင်ထဲပျံသွားပြီး မရေမတွက်နိုင်သည့် အလင်းကွင်းများ ထုတ်လွှတ်လိုက်ပုံရသည်။

ဗွမ်း

အနီရောင်ငါးကြီး၏ ဆိုးဆိုးရွားရွားအော်သံက လေထဲ၌ ပေါ်ထွက်ပြီးနောက် ၎င်းသည် အနက်ရောင်ရေထဲကျသွားတော့သည်။

လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။ သူ၏မျက်နှာထက်တွင် မယုံနိုင်သည့်အမူအရာလည်း ပေါ်လာသည်။ တိုက်ကွက်ထဲ၌ သူ၏ထူးကဲအံ့ဖွယ်စွမ်းအားတဝက်ကို အသုံးပြုခဲ့သည့်တိုင် အနီရောင်ငါး မသေသွားတာကို သူမယုံနိုင်ပေ။

အားကောင်းလိုက်တဲ့သတ္တဝါပဲ။

ယင်းသည် လုကျိုးကို ယဲ့ထျန်းရှင်းဖော်ပြခဲ့သည့် နှစ်တစ်သောင်းသက်တမ်းရှိသော ချန်ဟွမ်းအိုကြီးကို အမှတ်ရသွားစေသည်။

ချန်ဝှမ်းအရွယ်အစားသည် ယခုအချိန်၌ သူ နားလည်သဘောပေါက်သည်ထက်ကျော်လွန်နေသည်။ ယင်းကို မြင်တွေ့ချိန်၌ သူ မည်ကဲ့သို့မထိတ်လန့်ဘဲနေမည်နည်း။

“အနီရောင်ကြာကမ္ဘာက သတ္တဝါလား”

လုကျိုးသည် လေထဲပျံဝဲလျက် မှောင်မဲနေသော သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

သူက အတွေးနက်သွားတော့၏။

ယင်းက အနီရောင်ကြာကမ္ဘာသာဆိုလျှင် လူသားမျိုးနွယ်များသည် ဤမှောင်မိုက်သောနေရာနှင့် အကန့်အသတ်မဲ့သော အနက်ရောင်ရေထဲ၌ မည်ကဲ့သို့ရှင်သန်ရမည်နည်း။

တာ့ယန်၏မင်းဆရာ၊ လော့အမျိုးသမီး၊ ခရုလေးတို့အားလုံးသည် အနီရောင်ကြာကမ္ဘာမှ ကျင့်ကြံသူများဖြစ်သည်။

လော့အမျိုးသမီးသည် တာ့ယန်က သူမလာသည့်နေရာနှင့် ဆင်တူကြောင်းလည်းဖော်ညွှန်းထားသည်။

ထိုသို့ဆိုလျှင် ဤနေရာက မည်သည့်နေရာတွင်ရှိသနည်း။

ထိုစဉ် သူသည် ရေပွက်သံကြားလိုက်ရ၏။ သူ လှည့်ကြည့်လိုက်ချိန်တွင် ယခင်ကထက်ပိုမြင့်သည့် လှိုင်းကိုတွေ့လိုက်ရ၏။

ဧရာမအနီရောင်ငါးသည် ယခင်ကထက် ပိုပြင်းထန်ပြီး ကြမ်းကြုတ်သော ဖိအားဖြင့် ရေထဲကနေပေါ်ထွက်လာ၏။

“လက်စားချေဖို့ပြန်လာတာလား”

လုကျိုးသည် အနီရောင်ငါးလေးနှင့် အနီရောင်ငါး နှလုံးသားကို သတိရသွားသည်။ အနီရောင်ငါးလေး နှလုံးသားသည် သူ့ကို သက်တမ်းတစ်ရာ ပေးခဲ့၏။ ဧရာမအနီရောင်ငါးကြီးဆိုလျှင် မည်သို့ဖြစ်မည်နည်း။

သူ့၌ သုံးစရာထူးကဲအံ့ဖွယ်စွမ်းအားတဝက်သာကျန်တော့သည်။ ယခုအချိန်၌ အားလုံးသုံးခဲ့လျှင် သူ ဘာမှကျန်မှာမဟုတ်ပေ။

ဤနေရာ၌ ကနဦးချီသိပ်သည်းသော်ငြား သူ့အဖို့သုံးလိုက်ရန် အန္တရာယ်များလွန်းနေသည်။ သူ့ကို တိုက်ခိုက်ရန် အခြားသော ပိုအစွမ်းထက်သည့်သတ္တဝါများ သူ့ကို မတိုက်ခိုက်ဟု အာမမခံနိုင်ပေ။

“ထားလိုက်တော့”

လုကျိုးသည် သူ၏ညာလက်ကိုမြှောက်လိုက်၏။ အသေရိုက်ချက်ကတ်က သူ၏ညာလက်ဖဝါးထဲတွင် ပေါ်လာသည်။ သူသည် ဖိအားအချို့သွင်းလျက် အသုံးပစ္စည်းကတ်ကို ချေမွလိုက်သည်။

သူ၏လက်ဖဝါးပေါ်၌ နာရီလက်တံပြောင်းပြန်လည်နေသော လေပွေအသေးစားလေးပေါ်လာ၏။

သူ လက်ဝါးဖြင့်ရိုက်ချလိုက်၏။

ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်

ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်သည် လူသားများ၏နှလုံးသားထဲမှ အကြောက်တရားများကို ဖယ်ရှားပေးပြီး ကြောက်ရွံ့ခြင်းကို သက်သာစေ၏။

ထိုလက်ဝါးစည်းတံဆိပ်သည် မီတာတစ်သောင်းအတွင်းလင်းထိန်သွား၏။

ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်က ဘယ်လောက်တောင် ခမ်းနားသလဲ။

ကိုးကားချက်အတွက် လုကျိုးသည် အနီရောင်ငါး၏မျက်လုံးအရွယ်အစားခန့်သာရှိသည်။ သို့သော် ဧရာမမဟာငါးသည် ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်နှင့် ယှဉ်လျှင် လက်သည်းခွံတစ်ခု၏ အရွယ်အစား ဖြစ်သွား၏။

နေရာတစ်ခုလုံးချက်ချင်းလင်းထိန်သွားသည်။

အလင်းသည် အမှောင်နှင့်အကြောက်တရားကို ဖယ်ရှားရန် အကောင်းဆုံးဒြပ်စင်ဖြစ်သည်။

ကြီးမားလှသည့် ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်သည် အနီရောင်ငါး၏မျက်နှာကို ပြင်းထန်စွာရိုက်နှက်လိုက်၏။

ဖုန်း

မိုးခြိမ်းသံပေါ်ထွက်လာပြီးနောက် အနက်ရောင်ရေတို့က ဆန်တက်လာပြီး အနည်ထလာလေ၏။

စွမ်းအင်ပေါက်ကွဲမှုသည် အမှောင်ထုထဲ၌ တောက်ပသည့် မီးရှူးမီးပန်းကို ဖန်တီးပေးသည်။

“တင်း ... သားရဲကို သတ်ပြီးပါပြီ။ ချီယောင် ဆုလာဘ် ကုသိုလ်မှတ်ငါးထောင်”

“…”

ဒီဆုလာဘ်က ... လုကျိုးသည် ၎င်းကိုလက်ခံနိုင်ရန် ခက်ခဲနေ၏။

ချီယောင်လား ... ဒီအနီရောင်ငါးရဲ့ နာမည်က ... ချီယောင်လား။

စွမ်းအင်ပေါက်ကွဲမှုအတော်ကြာပြီးနောက် နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။

လုကျိုးသည် အနက်ရောင်ငါး၏ခန္ဓာကိုယ်က အစိတ်အပိုင်းများ အနက်ရောင်ရေထဲကျသွားတာကို မော့ကြည့်မိနေ၏။ သူ မော့ကြည့်ချိန်၌ လေထဲတွင် မျောလွင့်နေသောအနီရောင်အလုံးကို တွေ့လိုက်ရသည်။ ပေါက်ကွဲမှုစွမ်းအင်သည် ခဏတာကြာပြီးနောက် နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။ လုကျိုးကကြည့်နေစဉ် ချီယောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် အနက်ရောင်ရေထဲပြုတ်ကျသွား၏။ လုကျိုးကြည့်လိုက်ချိန်တွင် လေထဲ၌ အနီရောင်အလုံးက မျောလွင့်နေသည်။

ထပ်မတွေးဘဲ သူက ခုန်ဆင်းကာလက်တစ်ဖက်ဆန့်တန်းလိုက်၏။

ကိုယ်တော်၏ လက်ဟန်စည်းတံဆိပ်။

သူသည် ၎င်းကို လက်ဖြင့်ချက်ချင်းဆုပ်ကိုင်လိုက်သည်။

“တင်း ... ချီယောင်၏နှလုံးသားကို ရရှိပါပြီ”

“ချီယောင်နဲ့နှလုံးသားက သက်တမ်းထောင့်နှစ်ရာထောက်ပံ့ပေးပါတယ်”

သက်တမ်းထောင့်နှစ်ရာလား ... ဒါက တိုက်ဆိုင်တာလား။ လော့အမျိုးသမီးပြောပုံအရ ဒါက တာ့ယန်ရဲ့ကျင့်ကြံသူတွေအတွက် ပွင့်ချပ်ကိုးလွှာအဆင့်ကို ကျော်ဖြတ်နိုင်ဖို့လိုအပ်တဲ့ သက်တမ်းနဲ့တူညီနေတာပဲ။

လုကျိုးသည် သူ၏ဝတ်ရုံကိုဖယ်ရှားလိုက်၏။ သူသည် အနီရောင်ငါးနှလုံးသားနှင့် ချီယောင်၏ နှလုံးသားကို အတူရင်ဘတ်က သူ့နောက်ကျောတွင်လွယ်ထားလိုက်၏။ ယခုအချိန်တွင် သူ၏သွင်ပြင်ကို ဂရုစိုက်နိုင်ဖို့ခက်ခဲနေ၏။ ပြီးနောက် သူသည် စနစ်မျက်နှာပြင်ပေါ်ရှိစာကို တစ်ချက်ကြည့်လိုက်သည်။

“အသေရိုက်ချက်ကတ်ဝယ်မယ်”

နောက်ထပ်အသေရိုက်ချက်ကတ်ကို ဝယ်ပြီးနောက် သူသည် ကုသိုလ်မှတ်သုံးထောင်ကျော်သာ ကျန်တော့သည်။

ချီယောင်ကို သတ်ဖြတ်ရုံဖြင့် သူသည် ကုသိုလ်မှတ်ငါးထောင်ကို ရရှိ၏။ သို့သော် ဤကတ်အတွက် ကုသိုလ်မှတ်တစ်သောင်းသုံးရမည်။

ချီယောင်၏နှလုံးသားကိုရရန်အသုံးပစ္စည်းကတ်များကို သုံးခြင်းက လက်တွေ့မကျပေ။

လုကျိုးသည် နောက်ထပ်ချီယောင်နှင့်ကြုံတွေ့လျှင် အသုံးပြုရန် ဤကတ်ကို ဝယ်လိုက်တာဖြစ်သည်။

ချီယောင်၏နှလုံးသား

စနစ်ပြောပုံအရ ကျင့်ကြံသူတစ်ယောက်သည် ဤအရာဖြင့် ပွင့်ချပ်ကိုးလွှာအဆင့်ကိုရောက်နိုင်သည်။

သူသည် တစ်ကတ်ကို ကုသိုလ်မှတ်နှစ်သောင်းကျမည်ဆိုလျှင်တောင် ချီယောင်၏နှလုံးသားများရရှိရန် အသေရိုက်ချက်ကတ်ကိုဝယ်မှပဲဖြစ်သည်။

ကံဆိုးသည်မှာ လုကျိုးသည် လေပေါ်အချိန်အတော်ကြာပျံဝဲနေသော်ငြား နောက်ထပ် တခြားချီယောင်မရှိပေ။ ကျန်သည့်သားရဲများထွက်မလာချေ။

ချီယောင်၏ပိုင်နက် ဖြစ်ခဲ့သောကြောင့် နောက်ထပ်သားရဲများမလာရဲတာဖြစ်လောက်သည်။

ထုပ်ပိုးထားသည့်တိုင်း ချီယောင်၏နှလုံးသားကတောက်ပနေ၏။

ချောက်နက်ထဲတွင် လျှို့ဝှက်ချက်များစွာရှိနေ၏။ သို့သော် ဤနေရာတွင် နေရန်က အန္တရာယ်များလွန်းသည်။

သူ့ဖာသာသူ ခဏတာရေရွတ်ပြောပြီးနောက် လုကျိုးသည် သူ ပြန်ရန်အချိန်ရောက်ပြီမှန်း ခံစားမိလိုက်သည်။ သူပျံသန်းလာသည်။ စွဲအားကို ခံစားမိသည့်အချိန်တိုင်း၌ ၎င်းကို ဖယ်ရှားရန် ထူးကဲအံ့ဖွယ်စွမ်းအားတချို့ကို သုံးလိုက်၏။

အောက်ကနေမော့ကြည့်လိုက်စဉ် လုကျိုးသည် မှောင်မဲနေသည့်ကောင်းကင်ထဲ ပျံသန်းနေသည့် ကြယ်တစ်စင်းနှင့်တူသည်။

ပေတစ်သောင်းနက်သော ချောက်နက်နားတွင်ဖြစ်သည်။

တဲများ၊ စားပွဲများ၊ ကုလားထိုင်များသည် စခန်းနားတွင်ရှိနေ၏။

စီးဝူယာ့သည် စားပွဲပေါ်တွင် မြေပုံကဲ့သို့အရာကို ရေးဆွဲနေသည်။

နောက်ဆုံးတွင် သူက ပေတစ်သောင်းနက်သည့်ချောက်နက်၏အပြင်ဖက် ပုံကြမ်းကို ဆွဲပြီးသွားပြီဖြစ်သည်။

“ဒါက ပေတစ်သောင်းနက်တဲ့ချောက်နက်ရဲ့အပေါ်စီးပုံစံပဲ။ ရှစ်ရက်လောက် ရှာခဲ့ရတာ။ တောင်ပိုင်းက အကျယ်ဆုံး၊ မြောက်ပိုင်းက အကျဉ်းဆုံး။ ကောင်းကင်ကျုံးရဲ့ အရှည်ရဲ့ ငါးပုံတစ်ပုံလောက်ရှိတယ်။ ကုလော့ရွာက ဒီမှာ ... ငါတို့နေတဲ့နေရာနဲ့ သိပ်မဝေးဘူး။ ရို့လီရဲ့မြေက အနောက်ဖက်မှာ တောအုပ်က ပိတ်ဆို့ထားတယ်။ မြောက်ဖက်ကြောင့် တောင်ကြားတွေအများကြီးကို ဖြတ်ကျော်ရင် ကောင်းကင်အမျက်ဒေါသမြစ်ရှိတယ်။ ကောင်းကင်အမျက်ဒေါသမြစ်ရဲ့အနောက်ဖက်က ယုံပေ့လေ” စီးဝူယာ့က ရှင်းပြလိုက်၏။

“ဒါက ဘာအတွက်လဲ” မင်ရှစ်ရင်က ဇဝေဇဝါဖြစ်နေသည်။

“စစ်ရှစ်ရှိုး … ဒါက ပုံကြီးလေ။ ချောက်နက်ကတအားနက်တယ်။ ကျွန်တော်တို့အဲ့ဒီကို ငုံ့ကြည့်ရင် ဘာမှမတွေ့ဘူးလေ။ ရှစ်စွင်းက အာ့ရှစ်ရှိုးကို ရှာဖို့အတွက် အနားတဝိုက်ပျံသန်းနေတာ ကြိမ်းသေတယ်။ သူလမ်းပျောက်နေလောက်တယ်။ ရှစ်စွင်း ပြန်အလာဖို့ကိုစောင့်ဖို့အတွက် ချောက်နက်နားမှာ လူတချို့ချထားပြီးသား” စီးဝူယာ့ကရှင်းပြလိုက်၏။

“ဒါပေမဲ့ ချောက်နက်ရဲ့တောင်ဖက်ပိုင်းက အင်မတန်ကျယ်တာ။ ကောင်းကင်ကျုံးနားကပ်နေပြီး ကျင့်ကြံသူတွေက အဲ့ဒီနားမကပ်နိုင်ဘူး”

မင်ရှစ်ရင်သည် သူ့ကိုလက်မထောင်ပြပြီးပြောလိုက်၏။ "အံ့ဩစရာပဲ။"

“ချီးကျူးတာ ကျေးဇူးတင်ပါတယ်။ စစ်ရှစ်ရှိုး"

ထိုစဉ် ဖန်ကျုံးက လျှောက်လာပြီး အရိုအသေပေးလျက်ပြောလိုက်သည်။ “သတ္တမသခင်လေး တော်ဝင်မြို့တော်ကနေ သတင်းပေးပို့ချက်ရောက်လာပါတယ်။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူက ဆဌမသခင်မလေးနဲ့ ရှေးဟောင်းသူတော်စင်ဂိုဏ်းသတ်တာခံလိုက်ရပါပြီ”

“ငါ သိပြီ” စီးဝူယာ့က ခေါင်းညိတ်လိုက်၏။

“ရို့လီတွေကတော့ ပျာယာခတ်နေပြီ။ သူတို့ရဲ့လက်ရွေးစင်တွေအများကြီးသေလို့ မချင့်မရဲဖြစ်နေမှာပဲ” မင်ရှစ်ရင်က ပြောလိုက်သည်။

စီးဝူယာ့ကပြောလိုက်သည်။ "အားလုံးအဆင်ပြေပြီဆိုရင် မဟာမိတ်တိုင်းဆယ့်နှစ်ခုက မကြာခင်ရော က်လာလိမ့်မယ်။ ကာရိုးက ပွင့်ချပ်ရှစ်လွှာနဲ့တဝက်ကျင့်ကြံသူလေ။ သူတို့မှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ရှိလာတာနဲ့ မဟာမိတ်တိုင်းပြည်ဆယ့်နှစ်ခုက အမှန်တကယ်ရောက်လာလိမ့်မယ်”

“သူတို့တွေက လူဂွစာတစ်သိုက်ပါပဲ”

မင်ရှစ်ရင်က လက်ဝှေ့ယမ်းလိုက်၏။

ထိုစဉ် လူငယ်ယွီကျန့်ဟိုင်က တဲထဲမှထွက်လာပြီးပြောလိုက်သည်။ “အတင့်ရဲပြိးတောင်းဆိုလို့ရမလား”

မင်ရှစ်ရင်က ချက်ချင်းအရိုအသေပေးကာ လက်သီးဆုပ်လျက်ပြောလိုက်သည်။ “တာ့ရှစ်ရှိုး ... ရှစ်ရှိုးသာ ကျွန်တော်တို့ကို ဒီအတိုင်းပြောနေမယ်ဆိုရင် အသက်တိုသွားပါလိမ့်မယ်။ ဘာလုပ်ရမလဲ ပြောပါ”

“ဒီနေရာမှ မင်းရဲ့ကျင့်ကြံဆင့်က အနက်နဲဆုံးလို့ သူတို့အားလုံးပြောကြတယ်။ ဒီတော့ ငါ မင်းနဲ့လက်ရည်ချင်းယှဉ်ပြီး ကျင့်ကြံချင်တယ်။ အချိန်ရှိမလား”

မင်ရှစ်ရင် “...”

“ဒါက...” ဒီမေးခွန်းကို ဘယ်လိုဖြေရမှာလဲ။ တစ်ယောက်ယောက်ကို အဖြေပေးစေချင်လိုက်တာ။

“ဒီနေရာမှာ နေရာလွတ်ကြီးတစ်ခုရှိတာ သိတယ်။ လက်ရည်ယှဉ်ဖို့နေရာကောင်းပဲ။ မင်းရဲ့အချိန် သိပ်မယူပါဘူး။ ငါ့ရဲ့ဓားမော့သိုင်းစွမ်းတိုးလာတယ်လို့ ခံစားမိလို့လေ။ ဟမ် ... မင်းရဲ့အမူအရာက တောင်းပန်ပါတယ်။ မင်း အဆင်မပြေဖြစ်အောင် ပြောလိုက်မိတာလား”

မင်ရှစ်ရင်က ခေါင်းခါပြီးပြောလိုက်၏။ "တာ့ရှစ်ရှိုး ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့။ အာ့ရှစ်ရှိုး ပူးကပ်ခံထားရတာလား”

“ပူးကပ်တာလား”

“ဘာမှမဟုတ်ဘူး။ ကျွန်တော်သွားမယ်။ တာ့ရှစ်ရှိုးနဲ့လက်ရည်ယှဉ်ရုံပဲမဟုတ်လား။ ကျွန်တော် တာ့ရှစ်ရှိုးနဲ့ လက်ရည်ယှဉ်မယ်” မင်ရှစ်ရင်သည် သူရှုံးနိမ့်နေစေရန် များစွာသော အသေးစိတ်အစီအစဉ်များကို တွက်ချက်နေ၏။

ဆယ်ရက်တာကုန်လွန်သွား၏။

လုကျိုးသည် ပျံသန်းခြင်းကြောင့် နုံးချိနေပြီဖြစ်သည်။

ချီယောင်၏နှလုံးသားက အလင်းက သူအပေါ်တက်နေကြောင်း သတိပေးခြင်းကြောင့်သာ မဟုတ်လျှင် သူအရပ်မျက်နှာ ဆုံးရှုံးနေလောက်ပြီဖြစ်သည်။ ကံဆိုးသည်မှာ သူ ဤခရီးစဉ်တွင် ယွီရှန်းရုန်ကို ရှာမတွေ့ခဲ့ပေ။

လေစီးဆင်းမှုက တပတ်လည်လာ၏။ ဤဓာတ်သည် သူ့ယွီရှန်းရုန်ကို ထပ်ရှာရန်ခက်ခဲသွားစေ၏။ သို့သော် ယွီရှန်းရုန်မသေကြောင်း ကျိန်းသေနေသည်။ ယွီရှန်းရုန် အသက်ရှင်နေသ‌ရွေ့မျှော်လင့်ချက်ရှိသည်။

အတွေးနစ်နေသော လုကျိုးသည် မော့ကြည့်မိလိုက်စဉ် ကောင်းကင်ကိုတွေ့လိုက်ရ၏။

“လပဲ”

လကိုမြင်တွေ့လိုက်ရချင်းက သူ၏စိတ်နှင့်အာရုံကို တက်ကြွသွားစေ၏။

“ငါ ပြန်လာပြီ”

All Chapters