← Chapters

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အခန်း (၆၄၃) အနီရောင်ကြာ

လုကျိုးသည် မျက်လုံးဖွင့်လိုက်ပြီး အခန်းထဲမှ ထွက်လိုက်လေ၏။

သူသည် အပြင်ဘက်၌ မင်ရှစ်ရင်လေးလေးစားစားရပ်နေတာကို တွေ့လိုက်ရသည်။ သူက “လမ်းပြ”

“နားလည်ပါပြီ”

သူတို့နှစ်ယောက်သည် ယွီကျန့်ဟိုင်အနားယူနေသည့် ခြံဝန်းထဲသို့သွားလိုက်၏။

သွားနေစဉ် မင်ရှစ်ရင်သည် သူသိချင်တာကိုမေးလိုက်တော့သည်။ “ရှစ်စွင်း အဲ့ဒီအနီရောင်ငါးက တကယ်မာတာပဲ။ တော်တော်ကြိုးစားပြီးမှ ဖြတ်တောက်နိုင်ခဲ့တာ”

“အနီရောင်ငါးက ချောက်နက်ထဲကလေ သတိလက်လွတ်မလုပ်နဲ့။ ပြီးတော့ ချီယောင်ရဲ့နှလုံးသားက အနှစ်တစ်ထောင် သက်တမ်းပေးနိုင်တာ ကောင်းကောင်းကာကွယ်” လုကျိုးက ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ မင်ရှစ်ရင်က ထိတ်လန့်သွား၏။ သူက ခေါင်းညိတ်ပြီး ပြောလိုက်တော့၏။ “ဟုတ်ကဲ့ပါ ရှစ်စွင်း”

မကြာခင်၌ သူတို့နှစ်ယောက်သားသည် ယွီကျန့်ဟိုင်အိပ်သည့်နေရာသို့ ရောက်သွားသည်။

ယွီကျန့်ဟိုင်သည် လုကျိုးကိုမြင်သောအခါ ထထိုင်ရန် ကြိုးစားလိုက်၏။ သို့သော်ငြား လုကျိုးက ပြောလိုက်၏။ “ကျင့်ဝတ်တွေ လုပ်မနေနဲ့တော့”

“ကျွန်တော်” လုကျိုးက သူ၏လက်ကိုဆန့်ထုတ်လိုက်သည်။ ကနဦးချီက ယွီကျန့်ဟိုင်နား ရစ်ဝဲနေလေ၏။

သူသည် ယွီကျန့်ဟိုင်၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်ကို စစ်ဆေးကြည့်ရှုလိုက်၏။ သူထင်သည့်အတိုင်းပင် အတော်လေးပြန်ကောင်းလာသည်။ တကယ်ပဲ သူ သက်တမ်းတစ်ရာ ရှိလာပုံပေါ်၏။

မင်ရှစ်ရင်သည် ဤမတိုင်မီက ယွီကျန့်ဟိုင်ကို စစ်ဆေးပြီးသားဖြစ်သည်။ ထို့ကြောင့် သူ မအံ့ဩတော့ပေ။

“တာ့ရှစ်ရှိုး ခင်ဗျားအဆင်ပြေသွားပြီ”

“ကျေးဇူးပါပဲ”

“အမ်း တာ့ရှစ်ရှိုး ကျုပ်ကို ခင်ဗျားယဉ်ကျေးနေချိန်တိုင်း အနေခက်သလိုပဲ”

သူ့ကိုစစ်ဆေးပြီးနောက် လုကျိုးကပြောလိုက်သည်။

“မင်းအခုအဆင်ပြေသွားပြီ။ သိပ်မကြာခင်မှာ မင်း ငါနဲ့လို့လန်ကို လိုက်လာရမယ်”

“လို့လန်လား”

“မင်းရဲ့အစွဲအလမ်းကိုဖြေရှင်းပေးမယ်။ ဖြေရှင်းပြီးသွားတာနဲ့ မင်းရဲ့မှတ်ဉာဏ်တွေပြန်ရလာမယ်” လုကျိုးက ပြောလိုက်၏။

ယွီကျန့်ဟိုင်သည် ထိုစကားများကို နားမလည်ပေ။ သို့သော် မင်ရှစ်ရင်သည် သူ၏ရှစ်စွင်း ဘာကိုဆိုလိုမှန်း သဘောပေါက်၏။ သူက သက်ပြင်းမချဘဲမနေနိုင်တော့ပေ။

လို့လန်သည် ယွီကျန့်ဟိုင်အတွက် ဝေဒနာခံစားရာမြေတစ်ခုဖြစ်ခဲ့သည်။ သူ၏အစွဲအလမ်း ကိန်းအောင်းရာနေရာလည်း ဖြစ်၏။

ယွီကျန့်ဟိုင်ကို စစ်ဆေးပြီးနောက် လုကျိုးက လှည့်ထွက်သွားတော့သည်။

မင်ရှစ်ရင်သည် အိပ်ရာပေါ်တွင် ထိုင်နေလျက်ပြောလိုက်၏။

“ကံကောင်းလို့ ရှစ်စွင်းအချိန်မီပြန်လာတာ။ မဟုတ်ရင် ရှစ်ရှိုးဘာတွေဖြစ်မလဲဆိုတာ ဘယ်သူက သိမှာလဲ”

ယွီကျန့်ဟိုင်က ကျေးဇူးတင်နေသည်။ သို့သော် သူက စိတ်လွတ်နေသေးဆဲဖြစ်၏။ သူက မေးလိုက်တော့သည်။ “ငါက တကယ် ရှစ်စွင်းရဲ့အကြီးဆုံးတပည့်လား"

“ဒါကို သံသယဖြစ်စရာမရှိဘူး”

မင်ရှစ်ရင်က ထရပ်လျက် သူ၏အနေအထားကို ညှိကာ သဘောထားကို တည့်မတ်အောင်ပြင်ပြီး ယွီကျန့်ဟိုင်ကို တလေးတစားအရိုအသေပေးလိုက်တော့သည်။ သူက လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “တာ့ရှစ်ရှိုး”

မင်ရှစ်ရင်သည် သူ့ကို တာ့ရှစ်ရှိုးဟုခေါ်သည့်နေ့မှစပြီး ယွီကျန့်ဟိုင်သည်ဤဘဝတွင် မင်ရှစ်ရင်၏ တာ့ရှစ်ရှိုးဖြစ်လာခဲ့ချေပြီ။

ထိုရင်းနှီးသည့်အခေါ်အဝေါ်က ယွီကျန့်ဟိုင်ဆီစီးဝင်လာပြီး စိတ်ထဲမြင်ကွင်းများစွာ ဆောင်ယူလာ ၏။ သူ၏စွဲလန်းမှုအနည်းငယ်လျော့ပါးသွားတာဖြစ်ဟန်တူသည်။ သူ၏စိတ်ထဲ၌ တခြားသူများက သူ့ကို တာ့ရှစ်ရှိုးဟု ခေါ်တာကိုကြားနိုင်သည်။ သူ၏ရင်ထဲ၌ နွေးထွေးမှုများပြည့်သွား၏။ သူ၏လက်ချောင်းများ တုန်လှုပ်လာ၏။

“စစ် စစ်ရှစ်တိ”

ထိုစဉ် တံခါးအပြင်အဖက်မှ အသံတစ်သံပေါ်ထွက်လာသည်။ “စစ်ရှစ်ရှိုး” မင်ရှစ်ရှင်က လှည့်ကြည့်လိုက်ရာ အသံရှင်ကိုတွေ့လိုက်ရ၏။

“ပါ့ရှစ်တိ ... ဒီကိုဘာကြောင့်ရောက်နေတာလဲ။ အံ့ဖွယ်မြို့တော်မှာ ရှိနေရမှာမဟုတ်လား”

ရောက်လာသည့်သူက လောင်ပါ့ ကျူးဟုန်ကုန်းပဲဖြစ်သည်။

ကျူးဟုန်ကုန်းက ပြော၏။ “အံ့ဖွယ်မြို့တော်က အခု အဆင်ပြေသွားပြီ။ ရှစ်စွင်းကို လွမ်းလို့ဒီရောက်လာတာ။ အဘိုးကြီးဘယ်နားမှာလဲ”

“မင်း ကံဆိုးတာပဲ။ သူပြန်သွားပြီ။ သူ့ကိုမနှောင့်ယှက်သင့်ဘူး။" မင်ရှစ်ရင်ကပြောလိုက်၏။

ကျူးဟုန်ကုန်းသည် အိပ်ရာပေါ်ရှိ လူငယ်ယွီကျန့်ဟိုင်ကိုကြည့်ပြီးမေးလိုက်သည်။

“အမ်း ... ဒါက မင်း တာ့ရှစ်ရှိုးကို မနှုတ်ဆက်ဘူးလား” မင်ရှစ်ရင်ကမေးလိုက်၏။

ကျူးဟုန်ကုန်းက ထပြီးပြောလိုက်တော့သည်။ “စစ်ရှစ်ရှိုး တော်လိုက်ပါတော့။ ကျွန်တော်က တခြားသူတွေလောက် ဉာဏ်မထက်ပေမဲ့ ငတုံးမဟုတ်ဘူး” သူသည် သူတို့ဆီသို့လျှောက်သွားပြီး ယွီကျန့်ဟိုင်၏ပခုံးဆီသို့ လက်တစ်ဖက်တင်ကာ သာမန်ကာလျှံကာနှုတ်ဆက်လိုက်၏။

“မင်္ဂလာပါ”

လူငယ်ယွီကျန့်ဟိုင်က အထစ်ထစ် အငေါ့ငေါ့ပြန်ပြောလိုက်၏။

“မင် ... မင်္ဂလာပါ”

မင်ရှစ်ရင် “...” ယင်းကို တားရန် သူ လုပ်နိုင်တာ ဘာမှမရှိပေ။

ကျူးဟုန်ကုန်းသည် လူငယ်ယွီကျန့်ဟိုင်၏မျက်နှာကိုကြည့်လိုက်၏။ “ငါပြောရမယ်ဆိုရင် မင်းက တာ့ရှစ်ရှိုးနဲ့ နည်းနည်းဆင်တူတယ်” ပြီးနောက် သူသည် ယွီကျန့်ဟိုင်၏မျက်နှာကို ဖျစ်ညှစ်လိုက်၏။

ယွီကျန့်ဟိုင် “...”

မင်ရှစ်ရင်က လည်ချောင်းရှင်းလျက်ပြောလိုက်သည်။

“အမ်း ... လောင်ပါ့ ဒါက တကယ်တာ့ရှစ်ရှိုး”

“ဆွဲနေတာရပ်လိုက်တော့။ အံ့ဖွယ်မြို့တော်ကနေ ဒီကိုရောက်လာတာ ပင်ပန်းတဲ့ခရီးတစ်ခု ဖြစ်ခဲ့တာ။ စိတ်မပူနဲ့ ရဲဘော် ငါ့ရဲ့စစ်ရှစ်ရှိုးက ဒီလိုပုံပဲ။ သူက ဟာသတွေကို သဘောကျတယ်။ သူက ဒီလိုပုံပဲ”

ကျူးဟုန်ကုန်းက ပြောပြီး လူငယ်ယွီကျန့်ဟိုင်ကို လှည့်ကြည့်လိုက်၏။

“…” ယွီကျန့်ဟိုင်က တောင့်တင်းသွားသော်ငြား ယဉ်ကျေးသည့်အပြုံးပြုံးလိုက်၏။ "မဟုတ်ပါဘူး။ အဲ့လိုမဟုတ်ပါဘူး”

ဤလူများသည် သူနှင့်ဆရာတူတပည့်မှန်း သူ သိနေသော်ငြား မှတ်ဉာဏ်များ ပျောက်ဆုံးနေမှုကြောင့် သူ၏အပြုအမူများ တောင့်တင်းနေ၏။

ကျန်သည့်သူများသည် လူငယ်ယွီကျန့်ဟိုင်က သတိရလာကြောင်း သတင်းကြားသည့်အချိန်၌ တစ်ယောက်ပြီးတစ်ယောက်ရောက်လာသည်။

ရှောင်ယွမ်အာနှင့် ခရုလေးက ပထမဆုံးရောက်လာတာဖြစ်၏။

“တာ့ရှစ်ရှိုး”

“တာ့ရှစ်ရှိုး” ခရုလေးက ပြုံးပြီးပြောလိုက်၏။

ကျူးဟုန်ကုန်း “...”

မကြာမှီ၌ စီးဝူယာ့၊ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းရောက်လာသည်။

“တာ့ရှစ်ရှိုး”

“ပထမသခင်လေး”

ကျူးဟုန်ကုန်းသည် ယွီကျန့်ဟိုင်၏ပခုံးပေါ် တင်ထားဆဲဖြစ်သော သူ၏လက်ကို လှည့်ကြည့်လိုက်၏။ သူ၏အမူအရာက တောင့်တင်းကာ သဘာဝမကျဖြစ်နေသည်။

သူတို့တွေ ငါ့ကို လှည့်စားဖို့ပူးပေါင်းနေတာလား။

တွမ့်မူရှန်းသည် နောက်ဆုံးမှရောက်လာသည်။ သူ၏အမူအရာက လေးနက်တည်ကြည်နေကာ အိပ်ရာရှေ့၌ ဒူးထောက်ပြီးပြောလိုက်တော့၏။ “ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ တာ့ရှစ်ရှိုး”

“…”

လူငယ်ယွီကျန့်ဟိုင်သည် ယင်းကိုမြင်သောအခါ သူသည် ကျူးဟုန်ကုန်း၏လက်ကို တွန်းဖယ်ပြီးနောက် အိပ်ရာပေါ်မှထလိုက်၏။ “စန်းရှစ်ရှိုး မြန်မြန်ထပါ”

ထောက်

ကျူးဟုန်ကုန်းကလည်း ချက်ချင်းဒူးထောက်ကာ မျက်ရည်များကျလာတော့သည်။ “တာ့ တာ့ရှစ်ရှိုး ကျွန်တော် အမှားလုပ်မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မလား”

ယွီကျန့်ဟိုင်က လှည့်လာ၏။ “ကျေးဇူးပြုပြီး ထရပ်လိုက်ပါ"

“မထဘူး။ ဒါ လှည့်စားတာပဲ ကျွန်တော်ထပ်ပြီး လှည့်ကွက်ထဲကျမှာမဟုတ်ဘူး” ကျူးဟုန်ကုန်းက မျက်နှာသေဖြင့်ပြောလိုက်၏။

မင်ရှစ်ရင်သည် ယွီကျန့်ဟိုင်၏ဘေးသို့လျှောက်လာပြီး သူ့နားထဲတီးတိုးပြောလိုက်၏။

ယွီကျန့်ဟိုင်သည် အစက ထိတ်လန့်အံ့အားသင့်သွား၏။ ပြီးနောက် ထောက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။ သူက လက်နောက်ပစ်ထားကာ လည်ချောင်းရှင်းလိုက်ပြီးနောက် ခက်ထန်စွာ ပြောလိုက်သည်။ "ထလိုက်"

တွမ့်မူရှန်းနှင့် ကျူးဟုန်ကုန်းက ချက်ချင်းထရပ်လိုက်သည်။

ပြီးနောက် ယွီကျန့်ဟိုင်သည် ပြောလိုက်တော့၏။ “အားလုံးထွက်သွားတော့”

“အခုချက်ချင်း”

ကျန်သည့်သူများက သွား၏။

“ဟုတ်ပြီ ညီမတို့သွားမယ် ... ဟွန့်” ရှောင်ယွမ်အာက ခရုလေး၏ လက်ကိုကိုင်လျက် သူမကို အခန်းထဲကနေ ခေါ်သွားတော့သည်။

မင်ရှစ်ရင်က အနေခက်စွာ ခေါင်းကုတ်လိုက်၏။ ပြီးနောက် သူက ပြောလိုက်၏။

"တာ့ရှစ်ရှိုး နောက်ဆုံးအကြောင်းကတော့ နဲနဲလေး လွန်ကဲသွားတယ်။ အဲ့ဒီဘိုးဘေးလေးက သည်းခံနိုင်မှာ မဟုတ်ဘူး”

ယွီကျန့်ဟိုင်က မော့ကြည့်ပြီး မင်ရှစ်ရင်ကိုကြည့်လိုက်သည်။

မင်ရှစ်ရင်က ခေါင်းငုံ့ထားပြီး အပြုံးတို့ လွင့်ပြယ်သွားကာပြောလိုက်တော့သည်။ “တာ့ရှစ်ရှိုး အနားယူသင့်တယ်။ ကျွန်တော်လည်း သွားတော့မယ်”

နောက်ဆုံးတွင် လူတိုင်းကထွက်သွားတော့၏။

ယွီကျန့်ဟိုင်က သက်ပြင်းချလျက် အိပ်ရာပေါ်တွင်ထိုင်လိုက်သည်။ သူက သိချင်စိတ်ဖြစ်နေလေ၏။ အရင်တုန်းက ငါ ဒီလောက်ကြောက်ဖို့ကောင်းခဲ့တာလား။

...

ထိုစဉ် ချောက်နက်ထဲ၌ တောက်ပနေသော ကြက်သွေးရောင်ဓားသည် အကန့်သတ်မဲ့ အနက်ရောင်ရေပေါ်၌ ပျံဝဲနေသည်။

ယွီကျန့်ဟိုင်က ကြက်သွေးရောင်ဓားပေါ်တွင်ရပ်နေ၏။ သူ၏အမူအရာနှင့် စိတ်တို့က ဗလာကျင်းနေလျက် အာရုံခံစားမှုများထုံကျဉ်နေသည်။ အချိန်ကိုလည်း မသိ။ သူ ရေပေါ်၌ ပျံသန်းနေတာ မည်မျှကြာသွားသည်မှန်းမသိတော့ပေ။ ထိုသို့တိုင် သူ လက်မလျှော့ ရှေ့သို့ဆက်လက်ပျံသန်းနေ၏။

ဗွမ်း

သူသည် ရေသံများကို ရံဖန်ရံခါကြားရ၏။ သူလှည့်ကြည့်လိုက်ချိန်တွင် အမှောင်ထုထဲတွင် အနီရောင်မီးလုံးပမာ လေထဲခုန်တက်လာသော အနီရောင်ငါးတစ်ကောင်ကို တွေ့လိုက်ရ၏။ ယင်းက လေထဲခုန်တက်လာပြီးနောက် အနက်ရောင်ရေထဲခုန်ဆင်းသွားပြန်၏။

“အားကောင်းလိုက်တဲ့ မကောင်းဆိုးဝါးပဲ” ယင်းက သူမြင်တွေ့ရသည့် တတိယမြောက် မကောင်းဆိုးဝါးပဲ ဖြစ်သည်။ အစက ထိတ်လန့်သွား၏။ ယခုမူ အသားကျနေပြီဖြစ်သည်။

“ငါ ကံကောင်းတာပဲ”

သူသည် တစ်ခါက မကောင်းဆိုးဝါးလိုက်တာ ခံခဲ့ရ၏။ ကူကယ်ရာမဲ့စွာ ယွီရှန်းရုန်ဆီ ထိုမကောင်းဆိုးဝါး၏နေရာကနေ ကြိုးစားပမ်းစားထွက်ခဲ့ရ၏။ ယခု ပိန်းပိတ်အောင် နက်မှောင်နေသော နေရာထဲ၌ လမ်းပျောက်နေပြီ ဖြစ်သည်။ သူ မည်သည့်နေရာ ရောက်နေသည်မသိ။ ဦးတည်ရာမဲ့စွာပျံသန်းနေလေသည်။

တစ်နေ့ကျ သူသည် မကောင်းဆိုးဝါး၏ဗိုက်ထဲရောက်သွားနိုင်၏။ တစ်နေ့ကျ သူ၏စိတ်သည် နောက်ဆုံး၌ ပြိုလဲကာ သေသွားနိုင်သည်။

ဝှစ်

လေအေးတစ်ချက်ဝှေ့တိုက်လာ၏။

မင်ရှစ်ရင်က အနည်းငယ်ထိတ်လန့်အံ့အားသင့်သွားသည်။

“လေလား..” လေရှိလျှင် လမ်းကြောင်းရှိသည်ဟု ဆိုလိုတာပဲဖြစ်သည်။

မျှော်လင့်ချက်အရိပ်အယောင်များ စိတ်ဓာတ်ခွန်အားများသည် ယွီရှန်းရုန်၏ စိတ်နှလုံးတွင်း ဖြစ်တည်လာ၏။ သူသည် ကနဦးချီကို လှည့်ပတ်ကာ ရှေ့သို့အရှိန်တင်လိုက်၏။ တစ်ချိန်တည်းတွင် သူ၏ လက်ကိုမြှောက်ကာ စွမ်းအင်စည်းတံဆိပ်ဖြင့် သူ၏လမ်းကြောင်းကို လင်းအောင်လုပ်လိုက်၏။

အမှောင်ထုထဲ၌ ယွီရှန်းရုန်သည် လေလာရာသို့ ဦးတည်သွားလိုက်၏။ ခဏအကြာတွင် ယွီရှန်းရုန်က အလင်းရောင်ခြည်တန်းကို တွေ့လိုက်ရ၏။ လှိုင်ဂူနှင့်ဆင်တူသည့် စက်ဝိုင်းခြမ်းသဏ္ဌာန် ထွက်ပေါက်တစ်ခုရှိသည်။

သူက အပျော်လွန်သွားတော့သည်။ သူက အမှောင်ထဲတွင် ဓားပေါ်မှပျံသန်းကာ အမှောင်ထုထဲမှ ပျံထွက်သွာ၏။

ဝှစ်

ချက်ချင်းပင် သူ အမြင်အာရုံများကျယ်လာ၏။ အလင်းထဲတွင် တိမ်တိုက်များမရှိ။ နေက ကောင်းကင်ထဲတွင် ထွန်းလင်းတောက်ပနေသည်။ သူသည် သိပ်သည်းသော တောအုပ်တစ်ခုကို တွေ့လိုက်ရပြီး သိပ်သည်းသော ကနဦးချီတို့ဝေ့တက်လာတာကို ခံစားမိလိုက်၏။

သူက ချောက်နက်ဆီသို့ဝင်ပေါက်ကို လှည့်ကြည့်လိုက်စဉ် ယင်းက ဝေးသည်ထက်ဝေးသွားသည့် အနက်ရောင်မျက်လုံးနှင့်တူနေလေ၏။

“ဒါ ဘယ်နေရာလဲ” ယွီရှန်းရုန်က ထိတ်လန့်သွားသည်။

ဝေးကွာသည့် မိုးကုပ်စက်ဝိုင်းတွင်ဖြစ်သည်။

ကောင်းကင်ထဲတွင် ဧရာမငှက်၊ ဒဏ္ဍာရီလာငှက်တစ်ကောင်က ပျံသန်းနေသည်။ သူ၏သွင်ပြင်သည် ရောင်စုံအမြီးရှည် ရစ်ငှက်တစ်ကောင်နှင့်ဆင်တူပေ၏။ ၎င်း၏အမြီးက ရှည်လျားသည့်မြစ်များပမာ၊ အရောင်တောက်သည့်ရေတံခွန်ပမာ ရှိနေတော့သည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်မှ အနီရောင်စွမ်းအင်များ ဖြာထွက်နေစေ၏။

ယွီရှန်းရုန်၏အလိုလိုသိစိတ်အရ သူသည် အလွန်အန္တရာယ်များသည့်အခြေအနေထဲ ရောက်နေသည်ဟု ပြောပြနေသည်။ သူသည် တာ့ယန်၏မဟာတောအုပ်လေးခု၏ ဒဏ္ဍာရီအကြောင်း ကြားဖူးသည်။

“ငါ မတော်တဆ တောရဲ့အနက်ဆုံးအပိုင်းကိုရောက်လာမိတာလား” ယွီရှန်းရုန်က ခပ်နိမ့်နိမ့်ဆင်းလျက် အရှိန်ကိုလျော့လိုက်၏။ ဤကဲ့သို့သားရဲမျိုးကိုရှောင်ပြီး အခြားတစ်နေရာ၌ ပျံသန်းတာက အကောင်းဆုံးဖြစ်သည်။

…

အခန်း (၆၄၄) အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖျက်ဆီးခြင်း

ယွီရှန်းရုန်က သေးငယ်သည့် တောင်နယ်ပယ်တစ်ခုသို့ ပျံသန်းလာလေသည်။ သူက လှည့်ကြည့်လိုက်သည့်အခါ လွမ့်က ဟစ်ကြွေးနေသည်ကို မြင်လိုက်ရ၏။ ထိုအော်သံက လေထုထဲ မိုးခြိမ်းလုမတတ် ပဲ့တင်ထွက်လာကာ တောအုပ်ရှိ ငှက်များက ကြောက်ကြောက်လန့်လန့်ဖြင့် ပျံသန်းသွားကြသည်။ မြေပြင်ပေါ်ရှိ သားရဲများကလည်း ထိုအသံကြောင့် လန့်ဖြတ်ကာ ထွက်ပြေးကုန်ကြ၏။

ယွီရှန်းရုန်က အရှိန်ကို မြင့်လိုက်သည်။ သူက လေဟုန်စီးရင်း ပျံသန်းလာလေသည်။ သူက ငုံ့ကြည့်လိုက်သည့်အချိန် မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားမိသည်။ သူက သားရဲများစွာသည် မြေပြင်ပေါ် ပြေးလွှားနေသည်ကို မြင်လိုက်ရသည်။ သားရဲများစွာ ပြေးလွှားနေသည့်အတွက် မြေပြင်က တုန်ခါနေသည်။

ယွီရှန်းရုန်က သူ့ကနဦးချီ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို ခံစားမိ၍ သစ်ပင်ကြီးတစ်ခုအပေါ် မြန်မြန် ဆင်းသက်လိုက်သည်။ အမှောင်ထုထဲ အချိန်အတော်ကြာ ပျံသန်းပြီးသည့်နောက်တွင် သူက သစ်ကိုင်းပေါ်ကို ရပ်လိုက်ခြင်းက မျှခြေမထိန်းနိုင်လုနီးပါး ဖြစ်သွားခဲ့၏။ ကံကောင်းစွာဖြင့် သူက အချိန်မီ ပြန်ထိန်းနိုင်ခဲ့သည်။ ထို့နောက် သူက မျက်လုံးမှိတ်ကာ အနားယူလိုက်၏။ သူက သတိလက်လွတ် မထားပေ။ သူ့ဘေးဝန်းကျင်တွင် အန္တရာယ်များသည့် သားရဲများစွာ ရှိနေလေသည်။

နာရီပိုင်းကြာ ကြာမြင့်ပြီးသည်ဟု ခံစားရပြီးသည့်နောက်တွင် ယွီရှန်းရုန်က မျက်လုံးဖွင့်လိုက်သည်။ သူက ကောင်းကောင်း အနားယူခဲ့ပြီး အိပ်စက်ပြီးနောက် အားအင် ပြန်လည် ပြည့်ဝလာ၏။ သူက နိုးနိုးကြားကြား နေဖို့ ကြိုးစားခဲ့သော်လည်း ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားခဲ့မိသည်။

ထိုစဉ် နေမင်းကြီးက ဝင်သွားကာ ကောင်းကင်တစ်ခုလုံး လိမ္မော်ရောင်သန်းလာသည်။ အကြောင်းရင်းတချို့ကြောင့် သူက ဤနေရာရှိ ကောင်းကင်ထက်မှ နေမင်းသည် ပို၍ မြင့်မားနေသည်ဟု ခံစားမိလေသည်။

နေဝင်ဖြိုးဖျချိန် ရောက်လာလေပြီ။ မှေးမှိန်နေသည့် နေရောင်က တောအုပ်အပေါ် ဖြာကျနေသည့်အတွက် သူ့အား စိတ်သက်သာရာ ရမိသွားစေသည်။

ယွီရှန်းရုန်က ကနဦးချီကို စစ်ဆေးလိုက်သည့်အခါ ပြန်လည်ပြည့်ဝနေပြီဖြစ်သည့်အတွက် စိတ်သက်သာရာ ရသွားသည်။ သူက သက်တော်ရှည်ဓားကို ကိုင်လျက် ပြုံးလိုက်ရင်း..

“မိတ်ဆွေဟောင်းကြီး မင်းလည်း အတော် ဖြတ်ကျော်ခဲ့ရပြီ”

ဓားအိမ်မပါရှိဘဲ သူက တစ်စုံတစ်ခု လိုအပ်နေသည်ဟု သူက ခံစားမိနေသည်မှာ မလွဲဧကန်ပင်။

ထို့ကြောင့် သူက အပြင်ဘက်ဝတ်ရုံကို ဖယ်ကာ ဖြဲလိုက်ပြီး ဓားကို ပတ်ကာ သူ့နောက်တွင် သယ်ဆောင်လိုက်သည်။ သူက ဆက်လက်ပျံသန်းလာခဲ့၏။ သိပ်မကြာခင်တွင် ညအခါသို့ ကျရောက်လာလေသည်။ ယွီရှန်းရုန်က စဉ်းစားလိုက်သည်။

“ငါ ဘာလို့ ဘယ်သူနဲ့မှ မတွေ့ရသေးတာလဲ”

တခြားမျိုးနွယ်၏ ပိုင်နက်အတွင်း ဖြစ်နေလျှင်ပင် သူက လူသားနေထိုင်ရာများနှင့် တွေ့သင့်ပေပြီ။ ပေတစ်သိန်း နက်နဲသည့် ချောက်နက်ကြီးက ကောင်းကင်ကျုံးနှင့် နီးကပ်သည့်အတွက် ကောင်းကင်ကျုံးက မည်သည့်နေရာကို ဦးတည်နေသနည်း။ သူက ကောင်းကင်ကျုံးကို မတွေ့လျှင် တာ့ယန်သို့ မည်သို့ ပြန်သွားနိုင်မည်နည်း။

ညနက်အတွင်း ယွီရှန်းရုန်က သစ်ကိုင်းပေါ် ထပ်မံ အနားယူလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက အသက်ရှုနှုန်းကို ထိန်းညှိပြီး ကနဦးချီကို ပြန်လည်ဖြည့်တင်းလိုက်သည်။ သူက မျက်လုံးမှိတ်တော့မည့် ဆဲဆဲတွင် အံ့ဩစရာတစ်ခုကို မြင်လိုက်ရ၏။ ကျင့်ကြံသူ အုပ်စုက သူ့ဆီ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ ထိုအဖွဲ့ ခေါင်းဆောင်က ပေတစ်ရာ့ငါးဆယ် မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ထားသည်။

“ရှစ်စွင်းလား”

ယွီရှန်းရုန်က အံ့အားသင့်သွားမိသည်။ သူက စိတ်လှုပ်ရှားနေမိသည်။ သူက ခေါင်းကြောမာကာ စိတ်ကြိုက် ပြုမူခဲ့လေသည်။ သူ့ရှစ်စွင်းက သူ့အတွက် လာရောက်လိမ့်မည်ဟု ထင်မထားမိပေ။ သို့သော်လည်း သူက ထိုအဖွဲ့နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိသွားသည်။

ပေတစ်ရာ့ငါးဆယ် မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်က အနီရောင် ဖြစ်နေလေသည်။ အနီရောင် ပွင့်ချပ်ကိုးလွှာက အနီရောင်ကြာ ပတ်ဝန်းကျင်အတွင်း လှည့်ပတ်နေလေ၏။

ဘာလို့ အနီရောင် ဖြစ်နေတာလဲ။…

သူက လောင်စစ် ပြောဖူးသည့်အရာကို သတိရသွားသည်။

သူ့ရှစ်စွင်းက တစ်ခုခု အသစ်စမ်းသပ်နေတာများလား…

မဖြစ်နိုင်ဘူး…

သူက ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ဆယ်ကမ္ဘာ၊ ယင်ယန်အသွင်ပြောင်းခြင်းကိုးပါးနှင့် ပွင့်ချပ်သုံးလွှာမှ လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်များကို မြင်လိုက်ရသည်။ သူတို့အားလုံးက အနီရောင် ဖြစ်၏။

သူ့ရှစ်စွင်းက နည်းစနစ်အသစ် စမ်းကြည့်နေတာ ဖြစ်နိုင်ပေမဲ့ တခြားသူတွေအားလုံးက အနီရောင်စိတ်ဝိညာဉ် သဏ္ဌာန်ရှိနေတာ ဆိုတော့ မဖြစ်နိုင်တော့ဘူး…

ယွီရှန်းရုန်က စဉ်းစားနေစဉ်အတွင်း သူ့ တည်ရှိမှုကို ဖုံးကွယ်ထားလိုက်သည်။ သူက ပေတစ်ရာ့ငါးဆယ် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန် မဖြတ်သွားမချင်း ထိုနေရာ၌သာ နေခဲ့သည်။

ထိုအရာက တောအုပ်တစ်ခုလုံးကို နေမင်းကဲ့သို့ အလင်းရောင် ပေးနေလေ၏။

ယွီရှန်းရုန်က အံ့အားသင့်သွားသည်။

ဒါက ရှစ်စွင်း မဟုတ်ဘူး။ တာ့ယန်က နောက်ထပ် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ရှိနေပြီလား။

သူက အသက်အောင့်ထားလိုက်ပြီး ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ၏ ထွက်ခွာသွားသည့် ပုံရိပ်အား လှမ်းကြည့်လိုက်သည်။ သူက ထိုလူ ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေမိ၏။

“ကြာပွင့်က ဘာလို့ နီနေရတာလဲ”

တာ့ယန်၏ ဓားနတ်ဆိုး ဖြစ်သော်လည်း သူက မစဉ်းစားနိုင်ပေ။

အဆုံးသတ်တွင် သူက ထိုအကြောင်း လက်လျှော့လိုက်ပြီး တာ့ယန်သို့ ပြန်ဖို့သာ အာရုံစိုက်ထားလိုက်သည်။

သူက သစ်ပင်ပေါ်မှ ထွက်လာလိုက်၏။ သူက မီတာအနည်းငယ်ကျော် ပျံသန်းပြီးသည့်နောက်တွင် သူ့နောက်မှ လူတစ်ယောက်က လှမ်းခေါ်လာသည်။

“ရောင်းရင်း..”

ယွီရှန်းရုန်က အနည်းငယ် အံ့အားသင့်သွားမိသည်။ သူက လေထဲတွင် ရပ်ကာ ငုံ့ကြည့်လိုက်၏။

သူက သူ့တည်ရှိမှုကို ဖုံးကွယ်ထားစဉ်အခါက တခြားသူ၏ တည်ရှိမှုကို မခံစားမိခဲ့ပေ။

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ “ကျုပ်နဲ့ ဘာကိစ္စများ ရှိလို့လဲ”

“ခင်ဗျားက ကောင်းကင်သိုင်းပညာခုံရုံးကလား”

ကောင်းကင်သိုင်းပညာခုံရုံးတဲ့လား…

ယွီရှန်းရုန်က ကမ္ဘာတလွှာခရီးသွားနေစဉ်အတွင်း ဂိုဏ်းစုံနှင့် ပက်သတ်ပြီး ကြားဖူးလေသည်။ သို့သော် ကောင်းကင်သိုင်းပညာခုံရုံးကိုတော့ မကြားဖူးခဲ့ပေ။

ဒါက အသေးစားဂိုဏ်းများလား..

“မဟုတ်ဘူး”

“ခင်ဗျားက အဲက မဟုတ်ဘူးဆိုရင် ဒီမှာ ဘာလုပ်နေတာလဲ”

ထိုစဉ် ယွီရှန်းရုန်က ထိုလူ၏လေသံသည် ထူးဆန်းကြောင်း သိသွားလေ၏။ သူက ပြောလိုက်လေ၏။

“သံသယဝင်မယ် ဆိုရင်လည်း တောင်းပန်ပါတယ်။ စိတ်ပျက်သွားစေမိပြီ ထင်တယ်”

သူက ထိုသို့ပုံစံမျိုးဖြင့် မေးခံလိုက်ရသည့်အတွက် နေရခက်သွားသည်။

“ကျုပ်လည်း တောင်းပန်ပါတယ်။ ဒါက ကြယ်ပျံအိမ်တော်နဲ့ ပက်သတ်နေတာ ဆိုတော့.. ဖြေပေးရမယ်”

ကြယ်ပျံအိမ်တော်တဲ့လား..

ယွီရှန်းရုန်၏ အမူအရာက ထိုလူ့မျက်စိအောက်မှ မလွတ်မြောက်ပေ။

“ခင်ဗျားက ကြယ်ပျံအိမ်တော်ကို မသိဘူးလား။ ဒါက ဟာသ မဟုတ်ဘူးနော်”

ဝေါ..

သူက မြေကြီးကို ကန်ကာ လေထဲတွင် ပျံသန်းလာပြီး ယွီရှန်းရုန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

သူတို့၏ အကြည့်ချင်း တွေ့ဆုံသွား၏။ ညနက်သန်းခေါင်အတွင်း သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသည်။ ယွီရှန်းရုန်က သူ့မျိုးဆက်၏ ဓားနတ်ဆိုး ဖြစ်သည့်အတွက် တစ်ဖက်လူ၏ သတ်ဖြတ်ငွေ့ကို ခံစားမိလေသည။ သူက အပြုံးလေးဖြင့် မေးလိုက်သည်။

“ခင်ဗျားက ကျုပ်ကို သတ်ချင်နေတာလား”

“သံသယရှိတဲ့သူကို လက်လွတ်ပေးမဲ့အစား အပြစ်မဲ့သူ တစ်ထောင်ကိုပါ သတ်ပစ်လိုက်မယ်။ နောက်ဘဝမှာ ကောင်းကောင်း ပြန်လည်ဝင်စားပါစေလို့ မျှော်လင့်ပါတယ်”

သူက လက်မြောက်ကာ အနီရောင် လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။

ယွီရှန်းရုန်က ဘေးသို့ တိုးကာ အနီရောင် လက်ဝါးစည်းတံဆိပ်အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

ဒါကလည်း အနီရောင်ပဲ…

ထိုလူက နောက်ထပ် လက်ဝါးစည်းတံဆိပ်များ ထပ်မံ ထုတ်လွတ်လာသည်။

ယွီရှန်းရုန်က လက်နှစ်ချောင်းကြားမှ စွမ်းအင်ဓားကို ထုတ်ဖော်လိုက်သည်။ စွမ်းအင်ဓားက ထွက်ပေါ်သွားလေ၏။

ဘန်း..

ထိုအရာက အနီရောင် လက်ဝါးစည်းတံဆိပ်ကို ဖျက်ဆီးပစ်လိုက်သည်။ ထိုလူ၏ မျက်နှာထက်တွင် ကြောက်လန့်တကြား အမူအရာမျိုး ထွက်ပေါ်လာကာ..

“ရွှေရောင်စွမ်းအားလား.. ခင်ဗျားက ဘယ်သူလဲ”

“ငါက ယွီရှန်းရုန်..”

ယွီရှန်းရုန်က ပြန်ဖြေလိုက်သည်။

“ယွီရှန်းရုန်လား ခင်ဗျားက ဘယ်ဂိုဏ်းကလဲ”

ယွီရှန်းရုန်က အနည်းငယ် အံ့အားသင့်သွားရသည်။ သူ့နာမည်ကို ကြားသည့်သူတိုင်းက အကြောက်တရားဖြင့် တုန်လှုပ်နေကြလိမ့်မည်။ ဒီလူက ဘာကြောင့် မကြောက်ရသနည်း။

ယွီရှန်းရုန်က ကောင်းကင်အား မော့ကြည့်ကာ တွေးလိုက်မိသည်။

ငါက ငရဲရောက်နေတာလား..

သူက ယွီရှန်းရုန်သည် ပြန်မဖြေတာ မြင်သည့်အခါ လက်ဝါးကို ပူးကပ်လိုက်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။

“သေလိုက်တော့..”

ဝှစ်..

ယွီရှန်းရုန်ရှေ့တွင် ပွင့်ချပ်ငါးလွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်။ ထိုလူက ပေါ့ပါးသွက်လက်စွာ ဆက်လက်တိုက်ခိုက်လာလေ၏။ သူက ယွီရှန်းရုန်ဆီ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပြေးဝင်ဖို့ ကြိုးစားလာသည်။

ယွီရှန်းရုန်က မလှုပ်မယှက် တည်ရှိနေဆဲ ဖြစ်၏။ သူက လက်ပိုက်ထားကာ အတွေးနှစ်မြောနေဟန် ပေါ်လသည်။ နောက်ဆုံး အခိုက်အတန့်တွင် ယွီရှန်းရုန်၏ သက်တော်ရှည်ဓားက အဝတ်ကြားမှ ထွက်လာကာ အလင်းတန်း ဖြာထွက်လာသည်။ ထိုအနီရောင်ဓားက စွမ်းအင်ဓားမြောက်များစွာကို ထုတ်လွှတ်လာ၏။

သက်တော်ရှည်ဓားက ထိုလူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖြတ်သန်းသွားလေ၏။ ထို့နောက် စက်ဝိုင်းပုံသဏ္ဌာန် ပျံသန်းလာပြီး ယွီရှန်းရုန်၏ ကျောသို့ ပြန်လည် ရောက်ရှိသွားသည်။

ဝုန်း..

ထိုလူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က နှစ်ပိုင်းပိုင်း ခံလိုက်ရပြီး ဒဏ်ရာရရှိသွားသည်။ သူက လဲကျသွားပြီး သူ့အမူအရာကမူ ထိတ်ထိတ်ပျာပျာ ဖြစ်နေလေသည်။

ယွီရှန်းရုန်က ဖြည်းဖြည်းချင်း ပြန်လည် ဆင်းသက်လာပြီး ထိုလူအား ကြည့်ကာ တည်ငြိမ်စွာဖြင့် မေးလိုက်၏။

“ဒီနေရာက ဘာလဲ”

ထိုလူ၏ အကြည့်ထဲတွင် စိုးရိမ်ပူပန်မှုအပြည့် ဖြစ်နေလေသည်။ သူက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“ကောင်းကင်သိုင်းပညာခုံရုံးက လူတွေက မရူးဘူး။ ခင်ဗျား ခင်ဗျား…”

သူ စကားမဆုံးခင် သူ့ခေါင်းက တစ်ဖက်သို့ စောင်းကျသွားပြီး အသက်ရှုရပ်တန့်သွားလေသည်။

ယွီရှန်းရုန်က ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချလိုက်၏။ သူက ကြယ်တာရာများကို ကြည့်လိုက်ရင်း.. အတွေးများကို ပြန်လည် စုစည်းလိုက်သည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက်တွင် လေသံအတက်အကျမရှိ ပြောလိုက်၏။

“စိတ်ဝင်စားစရာပဲ..”

…

“တင်း- ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

“စနစ်ကို အဆင့်မြင့်ပြီးတဲ့နောက်မှာ နယ်ပယ်က တိုးမြင့်လာပါတယ်။ နယ်မြေအတွက် အပိုဆုလာဘ် ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

လုကျိုးက ပထမသတိပေးချက် ကြားသည့်အခါ များများစားစား မတွေးမိခဲ့ပေ။ သို့သော် ဒုတိယသတိပေးချက်ကြောင့် အနည်းငယ် အံ့အားသင့်မိသွား၏။

“နယ်မြေအတွက် အပိုဆုလာဘ်တဲ့လား”

သူက ချောက်နက်၏ အောက်ခြေတွင် ချီယောင်ကို သတ်စဉ်အခါက ကုသိုလ်ရမှတ် ၅၀၀၀ ရရှိခဲ့ဖူးသည်ကို အမှတ်ရလိုက်သည်။ သို့သော် နယ်မြေဆုလာဘ်ဟူ၍ မရှိချေ။

“ဒီဆုလာဘ်က ဘယ်က ရောက်လာတာလဲ…”

…

အခန်း (၆၄၅) အထွတ်အထိပ်အသွင်ကတ်

လုကျိုးသည် အတွေးနစ်သွားလျက် မုတ်ဆိတ်သပ်လိုက်သည်။

ယွီရှန်းရုန်သည် အနီရောင်ကြာကမ္ဘာသို့ရောက်နေပြီဖြစ်သောကြောင့် သူ့ကို ရှာတွေ့ရန်ပိုတောင် ခက်ခဲပေလိမ့်မည်။ သူ၏တပည့်၏ခေါင်းမာမှုနှင့် အလျှော့မပေးသော စိတ်တို့ကို စိုးရိမ်ပူပန်မိသည်။

သူက သက်ပြင်းချလျက် သူ့ဖာသာသူတွေးနေသည်။

ပျောက်နေတဲ့သူက လောင်စစ်သာ ဖြစ်ခဲ့ရင် ... ထိုသို့တွေးပြီးနောက် သူ့ဖာသာသူနှစ်သိမ့်လိုက်၏။

ငါ ဘယ်လိုလုပ် ဒီလိုမျိုးတောင် တွေးနိုင်ရတာလဲ ..။.

လုကျိုးသည် စနစ်မျက်နှာပြင်ကိုဖွင့်ပြီးနောက် ကျန်ရှိသော ကုသိုလ်မှတ်များကို စစ်ဆေးလိုက်သည်။

ကုသိုလ်မှတ်= ၅၆၀၅

သူ့၌ ကံကောင်းမှတ် ၁၂မှတ်ရှိသည်။

ထိုကုသိုလ်မှတ်များဖြင့် မည်သည့် အသုံးပစ္စည်းကတ်ကောင်းကောင်းမှ ဝယ်နိုင်မှာမဟုတ်ပေ။

ဒီလိုဆိုရင် ကံစမ်းမဲနှိုက်ကြည့်တာပေါ့။

“တင်း ... ကုသိုလ်မှတ်ငါးဆယ်သုံးလိုက်ပါပြီ။ ကံကောင်းမှတ် ဆယ့်နှစ်ကတ်သုံးလိုက်ပါပြီ။ အကြောင်းပြန်လှန်ကတ် ဆယ့်နှစ်ကတ်ရရှိပါတယ်”

မဆိုးဘူးပဲ ... ဆက်နှိုက်မယ်။

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ် ငါးဆယ်သုံးလိုက်ပါပြီ။ အကြောင်းပြန်လှန်ကတ် ငါးကတ်ရရှိပါတယ်”

ဒါမတိုင်ခင်တုန်းက ငါ အကြာကြီးရှုံးခဲ့ဖူးတယ်။ အခုတော့အဆင်ပြေနေပြီ။ ခံစားချက်က ကောင်းပေ၏။

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ်ငါးဆယ်သုံးလိုက်ပါပြီ။ ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”

“…”

ဆယ်ကြိမ်ဆက်တိုက် ကံစမ်းမဲနှိုက်ပြီးနောက် သူသည် ကျေးဇူးတင်ရှိကြောင်းသာ ရလိုက်၏။

လုကျိုးက မျက်မှောင်ကျုံ့လိုက်တော့သည်။ ငါ့ရဲ့ကံကောင်းမှုက ဘာကြောင့် ဒီလောက်မြန်မြန်ကုန်သွားရတာလဲ။ ထပ်ပြီးတော့ ...

ထိုစဉ် လျန့်စီရင်စု၏အစည်းအဝေးခန်းမထဲတွင်ဖြစ်သည်။

စီးဝူယာ့သည် လော့ရှစ်ယင်း၏ မှတ်စုကို ဖတ်ပြီးချိန်၌ ထိတ်လန့်သွားလေ၏။ သူသည် စုတ်ပြဲနေသော အပိုင်းများကိုကြည့်ပြီးနောက် ခေါင်းခါကာ သက်ပြင်းချမိတော့သည်။ သူသာ ပျောက်ဆုံးနေသော သတင်းအချက်အလက်များကို ရမည်ဆိုလျှင် သူ၏ယူဆချက်ကို ပြုလုပ်ချိန်၌ အထောက်အကူပြုလိမ့်မည်။

သူက စုတ်တံတစ်ချောင်းကို ကိုင်ပြီး စတင်ရေးဆွဲလိုက်၏။ မကြာမီ၌ မြေပုံတစ်ချပ်၏ အနားသတ်မျဉ်းက ပေါ်လာသည်။

ထိုစဉ် ကျန်းအိုက်ကျန့်က ခန်းမထဲဝင်လာလေ၏။ သူက လက်ပိုက်ထားလျက် မေးလိုက်သည်။ “မင်း ဘာပုံဆွဲနေတာလဲ”

“မြေပုံတစ်ချပ်”

ကျန်းအိုက်ကျန့်က အနားကပ်ကြည့်လိုက်သည်။ မြေပုံကိုမြင်သောအခါ သူ အနည်းငယ် မှင်တက်မိသွားသည်။ “တာ့ယန်မြေပုံနှစ်ခုလား”

“တစ်ခုပဲ” စီးဝူယာ့ကပြန်ပြောလိုက်၏။ “ဘယ်ဖက်ခြမ်းကတစ်ခုက တာ့ယန် ငါမှတ်မိတယ်။ ဒါပေမဲ့ ညာဖက်ခြမ်းက ပိုပြီးလိုက်ဖက်တယ်။ အဲဒါက တာ့ယန်လား မဟုတ်ဘူးလား” ကျန်းအိုက်ကျန့်က မေးလိုက်သည်။

စီးဝူယာ့သည် ဘေးမှတ်စုများကို လက်ညှိုးထိုးပြီး ပြောလိုက်၏။ "မင်းမှာ အချိန်ရှိရင် ဒါတွေကို ကြည့်လိုက်။ ဒါတွေက လော့အမျိုးသမီးဆီကမှတ်တမ်းလေ။ ငါတို့တွေတချိန်လုံး ရှာနေခဲ့တဲ့ ဆန်းကြယ်တဲ့သူ။ မှတ်းတမ်းတွေအရ သူမရဲ့မွေးရပ်မြေက တာ့ယန်နဲ့ဆင်တူကြောင်း ဖော်ပြထားတယ်။

ကျန်းအိုက်ကျန့်က မေးစေ့ပွတ်လျက် မြေပုံကို လေ့လာကာ ပြောလိုက်တော့သည်။

“ထပ်နေတဲ့အပိုင်းကရော”

“ချောက်နက်”

စီးဝူယာ့က ပြောလိုက်၏။ “ရှစ်စွင်းက ပေတစ်သိန်းရှိတဲ့ချောက်နက်ရဲ့အောက်ခြေကို ရောက်ခဲ့ပြီး ချီယောင်ရဲ့နှလုံးသားကို အဲ့ဒီမှာရလာတာ။ ရှေးဟောင်းမှတ်တမ်းတွေကို စစ်ကြည့်ပြီးပြီ ချီယောင်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ပျောက်ကွယ်သွားတဲ့အဆင့်မြင့်သားရဲတွေ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတွေပဲ သူတို့ရဲ့အမြင်အာရုံကနေ လွတ်မြောက်နိုင်တာ။ ချောက်နက်ရဲ့ အောက်ခြေမှာ အနီရောင်ကြာကမ္ဘာ ဖြစ်လောက်တယ်”

“…” ကျန်းအိုက်ကျန့်က မျက်မှောင်ကျုံ့မိသွားသည်။ သူက မြေပုံကိုကြည့်မိလေလေ ပိုရင်းနှီးသလို ခံစားလာရလေဖြစ်သည်။

“ဒါကို အရင်က တွေ့ဖူးသလိုပဲ”

“ခင်ဗျား မမှားဘူး။ နန်းတော်ရဲ့အတွင်းမော်ကွန်းတိုက်ထဲမှာ မင်းဆရာ ချန်ထားခဲ့တဲ့လက်ရာတွေ ရှိတယ်။ ဒီဟာက ပုံကြမ်းတွေထဲက တစ်ခုပဲ။ ခင်ဗျားရဲ့အဖေလျိုကုက မင်းဆရာရဲ့ လျှို့ဝှက်ချက်တွေကို သိတယ်။ ဒီအကြောင်းအရင်းကြောင့် ပွင့်ချပ်ကိုးလွှာအဆင့်ကို သုတေသနလုပ်ဖို့ သူ့ကိုယ်သူ နှစ်မြှုပ်ထားတာ” စီးဝူယာ့က ပြောလိုက်သည်။

“သူ့အကြောင်းမပြောနဲ့ ... သူက ငါ့အဖေမဟုတ်ဘူး။ ငါ့အဖေက သေတာကြာပြီ” ကျန်းအိုက်ကျန့်သည် သက်ပြင်းချလျက်ပြောလိုက်သည်။

သေသူ၏အမည်များကို ခေါ်ပြီးမပြောသင့်ကြောင်း စီးဝူယာ့သိ၏။ ခဏအကြာတွင် သူက သိချင်စိတ်ဖြင့်မေးလိုက်သည်။

“အင်ပါယာတစ်ခုက ပြည့်ရှင်မင်းမရှိဘဲ ဘာမှမလုပ်နိုင်ဘူး။ တာ့ရှစ်ရှိုးက လျိုမျိုးရိုးမှမရှိတာ။ ထီးနန်းပလ္လင်ကို ဆက်ခံချင်စိတ်မရှိဘူးလား”

“ငါ့ကို ထီးနန်းဆက်ခံရအောင်လှည့်စားဖို့ မကြိုးစားနဲ့။" ကျန်းအိုက်ကျန့်က ခေါင်းခါလိုက်သည်။ “အဲ့ဒီရာထူးကို စိတ်မဝင်စားဘူး။ ပဉ္စမမင်းသားဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဘာမှစိတ်မဝင်စားဘူး။ ကျောင်းယွဲ့ကလည်း ဘုရင်မတစ်ပါးအနေနဲ့ ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်မယ်လို့ ထင်တာပဲ။ သူ့ကိုမျှော်လင့်ချက် မြင့်မြင့်ထားထားတယ်”

“ထီးနန်းကို ရယူဖို့ အမျိုးသမီးတစ်ယောက်အတွက်မလွယ်ဘူး”

“ဒီမှာ ရပ်လိုက်တော့ ... ငါ ဧကရာဇ်တစ်ပါးဖြစ်လာမှာမဟုတ်ဘူးလို့ ပြောပြီးသားပဲ။ ပထမသခင်လေး အပြည့်အဝပြန်ကောင်းသွားတဲ့အချိန် ကျုပ်ကိုကျုပ် ဧကရာဇ်တစ်ပါးအဖြစ်ခံမဲ့အစား တော်ဝင်မိသားစုကို မျိုးရိုးနာမည်ယွီအဖြစ် ပြောင်းလဲလိုက်မယ်” ကျန်းအိုက်ကျန့်က လက်ဝေ့ယမ်းလိုက်၏။

စီးဝူယာ့က ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။

နန်းတော်ထဲတွင် ကျန်းအိုက်ကျန့်၏အတိတ်ကာလက သူ့အတွက် သဘာဝအရှောင်အတိမ်း ဖြစ်လာခဲ့သည်။ ကျင်းဟယ်နန်းတော်ကို လောင်မြိုက်ခဲ့သောမီးသည် သူပြန်သွားလိုသည့် အတွေးများအားလုံးကို လက်လျှော့စေခဲ့၏။ သူ ပြန်သွားခဲ့လျှင် တော်ဝင်မြို့တော်၌ လှည့်လည်သွားလာခဲ့သော မှားယွင်းခံစားသည့် ဝိညာဉ်များနှင့် သူ့ကိုယ်ပိုင်အသိစိတ်ကို မည်ကဲ့သို့ မျက်နှာချင်းဆိုင်ရမည်နည်း။

ကျန်းအိုက်ကျန့်က မြေပုံကိုလက်ညှိုးထိုးပြလိုက်၏။

“ဒီအကြောင်းပြန်ပြောရအောင်။ မင်းပြောတာ အမှန်ဆိုရင် မင်းဆရာက အခြားတစ်ဖက်ကလူတစ်ယောက်ဖြစ်ပြီး အဲ့ဒီဖက်က လူတွေက ငါတို့တွေထက် ပိုအစွမ်းထက်တယ်။ ဒီလူတွေက တာ့ယန်ကို ဘာကြောင့်မကျူးကျော်တာလဲ”

စီးဝူယာ့က ပြုံးပြီးပြောလိုက်လေ၏။ “တစ်ကိုယ်ကောင်းဆန်တာကြောင့်ပဲ။"

“တစ်ကိုယ်ကောင်းဆန်တာလား”

“လူတိုင်းက အတိုင်းအတာတစ်ခုအထိ တစ်ကိုယ်ကောင်းဆန်ကြတယ်။ အရင်တုန်းက မင်းဆရာရဲ့လုပ်ဆောင်ချက်တွေကို လေ့လာခဲ့ပြီးပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တာ့ယန်က သူသွားခဲ့တဲ့ တစ်ခုတည်းသောနေရာ မဟုတ်ဘူး။ သူက ယုံပေ့နဲ့ယုံရှီးရဲ့ မဟာမိတ်တိုင်းပြည်ဆယ့်နှစ်ခုကိုလည်း သွားခဲ့တာ။ သူ သွားတဲ့နေရာတိုင်းမှာ သူက အာဏာရှိတဲ့နေရာကို အမြဲတမ်းထိန်းထားတယ်။ သူက တာ့ယန်ရဲ့မင်းဆရာဖြစ်ပေမဲ့ ဧကရာဇ်ယုံရှို့က သူ ပြောတာ နာခံရတယ်။ သူက အဆင့်မြင့်လေဟာနယ်သုံးပြီး ငါ့ရဲ့ရှစ်စွင်းနဲ့တောင် လက်ရည်ချင်းယှဉ်ခဲ့တာ” စီးဝူယာ့က ပြောလိုက်၏။ "သူက ဒီမှာအားအကောင်းဆုံးလူပဲ”

ကျန်းအိုက်ကျန့်က ထိုအကြောင်းကိုကြားသောအခါ သူက မျက်မှောင်ကျုံ့လိုက်၏။ “အခုအဲ့ဒီအကြောင်း မင်း ပြောတော့မှ အဲ့ဒီလူက ငါ့ထက်တောင် ရွံ့စရာကောင်းတာပဲ။ သူက ယုတ်မာကောက်ကျစ်ပြီး ရွံရှာစက်ဆုပ်စရာကောင်းတယ်”

“မင်းဆရာ ကျန့်ဝမ်ရွှီရွှီး ... ကျန့်ဝမ်ရွှီရွှီးက လက်ရှိရို့လန်မှာနေနေတဲ့ ပွင့်ချပ်ကိုးလွှာသိုင်းပညာရှင် ဖြစ်လောက်တယ်” စီးဝူယာ့ကပြောလိုက်၏။

“ပွင့်ချပ်ကိုးလွှာလား ... ဒါဆိုရင် ဘာကြောင့် ကပ်ဘေးတစ်ခုပေါ်မလာရတာလဲ”

“ဖြစ်နိုင်ချေနှစ်ခုရှိတယ်။ ပထမတစ်ခုက ကပ်ဘေးဆိုတာက ပြီးပြည့်စုံတဲ့လှည့်ကွက်တစ်ခုပဲ။ ဒါပေမဲ့ အဲ့လိုမဟုတ်ဘူး။ ချီယောင်နဲ့ချန်ဝှမ်းရဲ့ပေါ်ပေါက်လာမှုက ငါ့စိတ်ကိုပြောင်းလဲသွားစေတာ။ ပွင့်ချပ်ကိုးလွှာအဆင့်က သားရဲတွေရဲ့အာရုံစိုက်မှုကို ရမှာပဲ။ ဒုတိယတစ်ခုက နည်းလမ်းတချို့သုံးပြီး ပွင့်ချပ်ကိုးလွှာအဆင့်ကို ဖိနှိပ်ထားတာ။"

“လောင်ချန်းပေ့ကျိကကော” ကျန်းအိုက်ကျန့်ကမေးလိုက်သည်။

စီးဝူယာ့ကအတွေးနက်သွား၏။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်သည်။ "ငါ မသိဘူး”

“မင်း သိထားတာကို ငါ့ကိုပြောရမှာတွန့်ဆုတ်နေတာလား။ ဒါမှမဟုတ် တကယ်မသိတာလား”

ကျန်းအိုက်ကျန့်က ပြုံးပြီးမေးလိုက်၏။

“အခုအချိန်မှာ ဘာမဆိုပြောဖို့က စောလွန်းနေသေးတယ်။ ရို့လန်ကနေ ငါ့ရဲ့ရှစ်စွင်း ပြန်ရောက်လာပြီးမှ ဖော်ထုတ်ကြတာပေါ့” စီးဝူယာ့ကပြောလိုက်သည်။

“မင်းပြောတာမှန်တယ်”

ထိုစဉ် အခန်းတစ်ခန်းထဲတွင်ဖြစ်သည်။

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ်ငါးဆယ်သုံးလိုက်ပါပြီ။ ကံကောင်းမှတ်အပေါင်းတစ်။ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“အာ ... တစ်ခုလောက်လုပ်စမ်းပါ” လုကျိုးသည် ကူကယ်ရာမဲ့စွာမုတ်ဆိတ်သပ်လိုက်၏။

သူ၏ကုသိုလ်မှတ်များကို ကြည့်လိုက်ရာ ၅၅၃မှတ်တာကျန်တော့သည်။ သူ့၌ ယခုကံကောင်းမှတ် ၉၉မှတ်ရှိနေပြီဖြစ်သည်။ သူ၏ကံကောင်းမှတ်သည် ဂဏန်းသုံးလုံးရောက်သွားသည်နှင့် အံ့ဩဖွယ်တစုံတခုက စောင့်ကြိုနေမလားသိချင်မိသည်။

လုကျိုးသည် နောက်ထပ်ကံစမ်းမဲတစ်ခုကိုနှိုက်ရန် မလိုပေ။ ထိုအစား သူ ခဏစောင့်ဆိုင်းလိုက်၏။ ဆိုလိုသည်မှာ ယနေ့ သူ၏ကံက သိပ်ကောင်းလွန်းနေပုံမရပေ။

ခဏအကြာတွင် ...

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ် ငါးဆယ်နှင့် ကံကောင်းမှု ကိုးဆယ့်ကိုးမှတ်သုံးလိုက်ပါပြီ။ ကျိထျန်းတောက်၏ အထွတ်အထိပ်အသွင်ကတ်တစ်ကတ်ကိုရရှိပါပြီ”

“ကျိထျန်းတောက်၏အထွတ်အထိပ်အသွင်ကတ် ... ကျိထျန်းတောက်၏အထွတ်အထိပ်အသွင်ကို မိနစ်သုံးဆယ်ကြာ ချီးမြှင့်သည်။ ထိုအသုံးပစ္စည်းကတ်က အင်မတန်ရှားပါး၏။ ဉာဏ်ရှိစွာအသုံးချပါလေ”

လုကျိုး၏ရင့်ရော်နေသော မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။

အထွတ်အထိပ်အသွင်ကတ်လား ...

ကောင်းတာတစ်ခုခုရမယ်မှန်းသိသားပဲ။ သူသည် ရတနာတစ်ခုကိုမျှော်လင့်ထားသော်ငြား အထွတ်အထိပ်အသွင်ကတ်က လုကျိုးကို အံ့ဩစေသေး၏။ ဤရတနာအရေးကြီးတာကို သူတစ်ယောက်တည်း သိတာဖြစ်သည်။ ဤအသုံးပစ္စည်းကတ်က ထိန်းချုပ်ထားသည့် စွမ်းအားမည်မျှ ကြီးမားကြောင်း သူတစ်ယောက်တည်းပဲသိသည်။ ဤကတ်ဖြင့်သူသည် မဟာမိတ်တိုင်းပြည်ဆယ့်နှစ်ခုက သူ့ဆီတပြိုင်နက်တည်းလာလျှင်တောင် ကြောက်မှာမဟုတ်ပေ။

လုကျိုးသည် အသုံးပစ္စည်းကတ်ကို သဘောတကျကြည့်ပြီးနောက် သိမ်းလိုက်တော့၏။

All Chapters