အခန်း (၆၀၄-၆၀၆)
Vol. 41 Ch. 604-606
အခန်း (၆၀၄) ပွင့်ချပ်အရေအတွက် အကြောင်း မဟုတ်ဘူး
လုကျိုးက တာ့ယန်ကျင့်ကြံသူကို တော်ဝင်မြို့ထိပ်ပိုင်းတွင် မြင်လိုက်ရ၍ အနည်းငယ် အံ့ဩမိသွားသည်။ ကျင့်ကြံသူက မျက်နှာဖုံးတပ်ကာ တစ်ကိုယ်လုံး ဝတ်စုံနက် ဝတ်၍ သူ့ဇစ်မြစ်ကို ဖုံးကွယ်ထားသော်လည်း သူက လုကျိုး၏ အကြည့်အောက် ဖော်ထုတ်ခံလိုက်ရသည်။
နာမည်။ ။ ဝေ့ကျိုးရန်
မျိုးနွယ်။ ။ တာ့ယန် လူသား
ကျင့်ကြံဆင့်။ ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ
………….…
ရွှေရောင်ကြေးမုံ၏ အလင်းအောက်တွင် ဝေ့ကျိုးရန်၏ ပွင့်ချပ်ခြောက်လွှာအဆင့် စိတ်ဝိညာဉ်သဏ္ဌာန်က တောက်ပနေသည်။ ကြည့်ရသည်မှာ သူ့ကျင့်ကြံဆင့်ကို ပွင့်ချပ်ခြောက်လွှာအထိ ရောက်ဖို့ အတော်လေး ကြိုးစားထားဟန်ပေါ်၏။ ထို့အပြင် တစ်ခါက တောင့်တင်းကာ မနေတတ်ခဲ့သည့် ဝေ့ကျိုးရန်သည် ယခုအခါ အဆင့်မြင့်အရာရှိ လေထုမျိုး ပိုင်ဆိုင်ထားလေပြီ။
ခရုလေးက အသာနောက်ဆုတ်လိုက်သည်။
လုကျိုးက သူမမရှေ့တွင် ရပ်ကာ ပြောလိုက်သည် “မကြောက်နဲ့”
ဝေ့ကျိုးရန်က လုကျိုးအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူက လုကျိုးအား စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ခင်ဗျားက တခြားသူတွေကို ဘယ်လိုအရူးလုပ်ထားလဲ မသိပေမဲ့ ရွှေရောင်ကြေးမုံက အမှန်တရားကို ပြထားပြီးသား ”
“အမှန်တရားတဲ့လား“ လုကျိုးက စိတ်မပါစွာ ပြောလိုက်သည် ‘မင်းက ဘာကို အမှန်တရားလို့ ထင်နေတာလဲ”
ဝေ့ကျိုးရန်က မျက်လုံးထောင့်မှ ဖရိုဖရဲ ဖြစ်နေသည့် မြို့အား တစ်ချက်ကြည့်လိုက်သည်။ သူလျှိုများက ဆွဲခေါ်ခံရပြီး နေရာမှာတင် ကွပ်မျက်ခံလိုက်ရသည်။ သို့သော်လည်း သူလျှိုများက သူနှင့် ဘာမှမဆိုင်ပေ။ သူက ပြုံးကာ “ ရှို့ဖန်ကျောင်းဆောင်မှာ အစောင့်အရှောက်နတ်ဘုရားတစ်ပါး ရှိတယ်။ အဲဒီမှာ ငှက်တွေတောင် အသိုက်မလုပ်ရဲကြဘူး။ ဗောဓိဓမ္မက ပြောဖူးတယ် “ ငါ အမှန်တရားကို မြင်တွေ့ပြီးပြီ။ အချိန်ဘယ်လောက်ပဲကြာကြာ အမှန်တရားက တစ်ခုပဲ ရှိနေလိမ့်မယ်”တဲ့ ”
“ လျှာဇောင်းထက်သား” လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည် “ဒါပေမဲ့ မင်း မြင်လိုက်တာက အမှန်တရားဆိုတာ သေချာရဲ့လား”
ဝေ့ကျိုးရန်က သူ့ခေါင်း၊ မျက်လုံးနှင့် ကောင်းကင်ဆီ လက်ညှိုးထိုးလိုက်ပြီး “ တချို့က ဉာဏ်ကောင်းပြီး တချို့က တုံးအတယ်။ တချို့က သူတို့လိုမျိုး ကျွန်ခံရဖို့ မွေးဖွားလာတယ် …”
သူက မြို့ထဲ သူလျှိုများ လိုက်ဖမ်းဖို့ အကောင်းဆုံး ကြိုးစားနေကြသည့် ပြည်သူများနှင့် ကျင့်ကြံသူများကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ ထို့နောက် သူက ရှေ့တိုးကာ ဆက်ပြောလိုက်သည် “ တချို့က လိမ်လည်ဖို့အတွက် မွေးဖွားလာတယ်။ သူတို့က ဗဟုသုတကြွယ်ဝပြီး အရာအာလုံး သူတို့ထိန်းချုပ်မှုအောက် ရှိနေသလိုမျိုး၊ သူတို့ထက် သိတတ်တဲ့သူ မရှိတဲ့ပုံစံ လုပ်နေကြတာ”
ဝေ့ကျိုးရန်၏ အမြင်၌ သူ့ရှေ့ရှိ လူအိုကြီးနှင့် မိန်းမငယ်လေးက အမဲလိုက်ရမည့် သားကောင်သာ ဖြစ်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ မထူးမခြားနား ခေါ်လိုက်သည်။ “ဝေ့ကျိုးရန်”
“ဟမ်” ဝေ့ကျိုးရန်က မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ သူက မသိမသာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး လုကျိုးအား ကြည့်လိုက်သည်။
သူက ငါ့ကို ဘယ်လိုသိသွားတာလဲ …
“မင်းက အတောင်စုံပြီ ထင်နေတာလား။ ငါ မင်းကို ဝေ့ကျိုးယန်အစား အစားထိုးပေးခဲ့တာပါကွာ။ မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်…”
ဝေ့ကျိုးရန်က စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး “ ကျိချန်းပေ့ အခုအချိန်တွေက မတူတော့ဘူး။ ကျုပ်အကြောင်း သိသွားပြီဆိုတော့ ဒီအတွက် အပြစ်မတင်နဲ့ ”
ဝေ့ကျိုးရန်က မြို့ကို ကြည့်လိုက်ပြီး သူ့တွင် အချိန်သိပ်မရတော့ကြောင်း သိလိုက်သည်။ သူက ပေါ့ပါးသွက်လက်စွာဖြင့် လုကျိုးဆီ ပြေးဝင်လာသည်။ သူက လက်ကို ဆန့်ထုတ်ကာ လက်ဝါးချက် ရိုက်ထုတ်လိုက်သည်။ သူ့လက်ဝါးချက်သည် လုကျိုးအား မသတ်နိုင်လျှင်ပင် ဒဏ်ရာအပြင်းအထန် ပေးနိုင်လိမ့်မည်ဟု တွက်ဆထားသည်။
ဗုဒ္ဓကဲ့သို့ လုကျိုးက လက်ကို မြောက်ကာ လက်ဝါးချက် အသာတွန်းလိုက်သည်။ ထူးခြားအံ့ဖွယ် စွမ်းအား၏ အပြာရောင်အရိပ်အယောင်စွက်နေသည့် ရွှေရောင်လက်ဝါးစည်းတံဆိပ် ထွက်ပေါ်လာသည်။
ဘန်း
ဝေ့ကျိုးရန်က နီးကပ်လွန်းနေ၏။ သူ့အနေနှင့် ရှောင်ဖို့ အချိန်မရှိပေ။ အရွယ်ရောက်ပြီးသား လူလောက် အရွယ်အစားရှိသည့် လက်ဝါးစည်းတံဆိပ်က သူ့အား လွှင့်စင်သွားစေသည်။ သူ့မျက်နှာအထက်မှ အနက်ရောင်အဝတ်များက စုတ်ပြဲသွား၍ သွင်ပြင် ပေါ်ထွက်လာသည်။
ဝုန်း
ဝေ့ကျိုးရန်က တော်ဝင်မြို့တော် ထိပ်ပိုင်းရှိ မျှော်စင်နှင့် တိုက်မိသွားသည်။ ထိုမျှော်စင်အထက် အက်ကြောင်းများ ပေါ်ထွက်လာပြီး ပြိုလဲလုမတတ် ဖြစ်နေသည်။
“ငါ မင်းအသက်ကို ကယ်နိုင်ရင် မင်းဆီကနေလည်း ပြန်ယူနိုင်တယ်” လုကျိုးက လက်နောက်ပစ်ကာ ရှေ့တိုးလာသည်။
ဝေ့ကျိုးရန်က မျက်လုံးအပြူးသားဖြင့် ကြောင်အနေမိသည်။ သူ့စကားက အကြောက်တရားအပြည့် ဖြစ်နေ၏။ “မ … မဟုတ်ဘူး …”
သူက အားကောင်းကောင်း စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်နှင့် ဒဏ်ရာပေါ် လက်ဖိထားလိုက်ရင်း သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ကာ ထွက်ပြေးဖို့ ပြင်လိုက်သည်။
မိစ္ဆာကိုယ်တော်၏ လက်ဟန်စည်းတံဆိပ်
ဝေ့ကျိုးရန်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံလိုက်ရပြီး နောက်ဆွဲခံလိုက်ရသည်။ သူ့စိတ်ထဲ လေးလံလာမိ၏။
မဖြစ်နိုင်ဘူး … ဒါကို မယုံနိုင်ဘူး
သို့သော် ကမ္ဘာတွင် မဖြစ်နိုင်သည့်အရာ မရှိပေ။
ငါနဲ့ ရင်ဆိုင်ရင် ပွင့်ချပ်ရှစ်လွှာအောက်က လူအားလုံး အတူတူပဲ။ အားကောင်းတဲ့သူတွေတောင် လက်ဝါးတစ်ချက်၊ နှစ်ချက်လောက်နဲ့ ဖြေရှင်းလို့ရတာချည်းပဲ
လုကျိုးက ဝေ့ကျိုးရန်အား ကြည့်ကာ မေးလိုက်သည် “မင်း ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ”
ဝေ့ကျိုးရန်၏ မျက်လုံးများက ပြူးကျယ်လာသော်လည်း တိတ်ဆိတ်နေသည်။
လုကျိုးက ဝေ့ကျိုးရန်ကို သူ့ဆီ ဆွဲခေါ်လိုက်ပြီး မြေပေါ် ပစ်ချလိုက်သည်။
ဝေ့ကျိုးရန်က ထုတ်မေးလိုက်သည် “ခင်ဗျားရဲ့ ပွင့်ချပ်ငါးလွှာအဆင့်က အတုကြီးလား”
ထို့နောက် သူ့ခေါင်းက ဘေးတစ်ဖက် စောင်းကျသွားကာ အသက်ထွက်သွားလေသည်။
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”
လုကျိုးက ဝေ့ကျိုးယန် သေဆုံးသွားသည့်တိုင် သူ့အကြည့်များထဲ ထိတ်လန့်မှုအပြည့် ဖြစ်နေကြောင်း မြင်လိုက်ရသည်။
မိစ္ဆာကိုယ်တော် လက်ဝါးစည်းတံဆိပ်ကို ပြန်မရုတ်သိမ်းရသေးပေ။ လက်ဝါးချက်သည် သူ့အတွက် မသေစေနိုင်ပေ။
ဝေ့ကျိုးရန်က ဘာလို့ ရုတ်တရက်ကြီး သေသွားရတာလဲ … တုန်လှုပ်ပြီး သေသွားတာလား
ထိုစဉ် ယဲ့ထျန်းရှင်းက ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလာသည်။ ရွှေရောင်ကြေးမုံ အလင်းအောက် သူမ၏ ဝတ်ရုံဖြူက တလူလူ လွှင့်နေကာ သူမဘေးရှိ ရွှေရောင် ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက ရင်သပ်ရှုမောဖွယ်အတိ ဖြစ်နေသည်။
“ပွင့်ချပ်ရှစ်လွှာပဲ ”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆဋ္ဌမသခင်မလေးပဲ ”
ယဲ့ထျန်းရှင်းက ရှစ်စွင်းအနား ရောက်လာသည်နှင့် ကျင့်ကြံသူများသည် နတ်ဘုရားတစ်ပါးနှင့်တူပြီး ဆံပင်ဖြူ၊ ဝတ်ရုံဖြူ အမျိုးသမီးသည် ပွင့်ချပ်ရှစ်လွှာအဆင့် ဖြစ်နေကြောင်း သတိထားမိလိုက်ကြသည်။
“ မိစ္ဆာဝေဟင်မျှော်နန်းမှာ ပွင့်ချပ်ရှစ်လွှာ ဘယ်နှယောက်ရှိသွားပြီလဲ ”
“ဒါရောဆို သုံးယောက်ထင်တယ် ”
ဂိုဏ်းအများစုအတွက် ပွင့်ချပ်ရှစ်လွှာအဆင့်သည် ဂိုဏ်းချုပ်ရာထူးအတွက် ရာထားခြင်း ခံရသူ ဖြစ်လိမ့်မည်။ တချို့ဂိုဏ်းများတွင် ပွင့်ချပ်ရှစ်လွှာ မပြောနှင့် ခုနှစ်လွှာပင် မရှိကြပေ။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်းတွင် ပွင့်ချပ်ရှစ်လွှာအဆင့်သုံးယောက်တောင် ရှိနေသည်။
ဒါက ဘယ်လိုသရဲသဘက် အင်အားမျိုးလဲ …
ယဲ့ထျန်းရှင်းက ပတ်ဝန်းကျင်မှ တအံ့တဩအသံများကို လျစ်လျူရှုထားပြီး တော်ဝင်မြို့တော် ထိပ်ပိုင်းဆီ အလျင်အမြန် ပျံသန်းလာသည်။
လုကျိုးက ယဲ့ထျန်းရှင်းသည် ချွေးများထွက်နေသည်ကို သတိထားမိလိုက်၏။ သူမက ထိုတိုက်ပွဲများကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်သည့် အခြေအနေသို့ မရောက်သေးပေ။
ယဲ့ထျန်းရှင်းက တော်ဝင်မြို့တော်ထိပ်ပိုင်းသို့ ရောက်လာသည့်အခါ ဦးညွှတ်လိုက်ပြီး “ ရှစ်စွင်း”
“လျိူရှစ်ကျဲ ” ခရုလေးက ယဲ့ထျန်းရှင်းဆီ ပြေးသွားလိုက်သည်။
“ခရုလေးကို ကာကွယ်ထား” လုကျိုးက ပြောလိုက်သည်။
“ဟုတ် ရှစ်စွင်း” ယဲ့ထျန်းရှင်က ခရုလေးအနား လျှောက်လာလိုက်သည်။
လုကျိုးက ရွှေရောင်ကြေးမုံကို ကြည့်လိုက်သည်။ ထို့နောက် သူက အံ့ဖွယ်မြို့တော်ကို လေ့လာလိုက်သည်။
အားကောင်းသည့် ရန်သူများမရှိသည့်အတွက် ဖြစ်စဉ်တစ်ခုလုံးက ချောမွေ့နေသည်။ ငရဲဂိုဏ်း မြို့ကို ဝင်တိုက်ခိုက်စဉ်ကလောက် သွေးထွက်သံယို မရှိပေ။
သူလျိူအားလုံး ထုတ်ဖော်ခံလိုက်ရပြီး အဖမ်းခံလိုက်ရသည်။
အံ့ဖွယ်မြို့တော်သည် ကြီးမားသော်လည်း နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူများစွာက မြို့တော်အား လိုက်လံရှာဖွေနေလေရာ သူလျှိုအားလုံးကို တွေ့ဖို့ အချိန်သိပ်မကြာပေ။
ဝေဟင်ထဲတွင် ရွှေရောင်ထိုက်ရွှီကြေးမုံက လိုက်ကာနှင့်တူသည့် အကာအရံမှ စွမ်းအားကို စုပ်ယူနေဆဲ ဖြစ်၏။
ထိုစဉ် လုကျိုးက အပေါ်တွင် ဧရာမ မြောက်ပိုင်း သိမ်းငှက်တစ်ကောင် ဝေ့ဝဲနေသည်ကို မြင်လိုက်ရသည် “ဟမ်”
ပုံမှန်အားဖြင့် သားရဲရိုင်းများက လူသားများနေထိုင်ရာအနား ချဉ်းကပ်လေ့မရှိကြပေ။
တချို့ကျင့်ကြံသူများက ကမ္ဘာဦးချီကို မစုပ်ယူဘဲ သန္ဓေပြောင်းသွားသည့် သားရဲရိုင်းများသည်ပင် လူသားနေထိုင်ရာအနီး အလွယ်တကူ ရောက်မလာကြောင်း လေ့လာထားဖူးကြသည်။ သူတို့က လူသားများ စုဝေးရာနေရာများကို ရှောင်ကွင်းသွားလေ့ရှိသည်။ သားရဲရိုင်းများက လူသားများကို မတိုက်ခိုက်သည်ဟု ပြောခြင်းတော့ မဟုတ်ပေ။ အားနည်းသည့် ရွာတချို့ သို့မဟုတ် မြို့တချို့က မကြာခဏ သားရဲများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ရသည်။ သို့သော်လည်း လူသားများက ကျင့်ကြံပြီး အားကောင်းလာကြပြီ ဖြစ်၏။ အကာအရံများ၏ ကာကွယ်မှုပါ ထည့်ပေါင်းလိုက်လျှင် သားရဲရိုင်းများကို ဟန့်တားထားနိုင်ကြသည်။
ဤမြောက်ပိုင်း သိမ်းငှက်ကြီးက သတ္တိကောင်းလှသည်။ ပုံမှန်အားဖြင့် အမြောက်ဖြင့် ပစ်ချခံရပြီးလောက်လေပြီ။
လုကျိုးက မြောက်ပိုင်း သိမ်းငှက်ကြီးကို လေ့လာကြည့်လိုက်၏။
ထိုစဉ် မြောက်ပိုင်း သိမ်းငှက်ကြီးက ထိုက်ရွှီကြေးမုံအနီး ချဉ်းကပ်လာသည်။
“ သောက်တိရစ္ဆာန်တွေ ”
လုကျိုးက လှည့်ပြောလိုက်သည်။ “ခရုလေး”
“ရှစ်စွင်း”
“ သူ့ကို မောင်းထုတ်လိုက်” လုကျိုးက ပြောလိုက်သည်။ သူ့အနေနှင့် ထိုသားရဲရိုင်းကို ထူးခြားအံ့ဖွယ် စွမ်းအား ထုတ်သုံးနေ၍ မလိုပေ။
“ဟင်” ခရုလေးက သူမ၏ လန်ထျန့်ကျောက်စိမ်း ပုလွေကို မြောက်ကာ စတင် မှုတ်လိုက်သည်။
လေထုထဲ စူးရှကာ နားကလောဖွယ် သံစဉ်မျိုး ထွက်ပေါ်လာသည်။ ထိုသံစဉ်က လွန်ပူကဲ့သို့ ဖြစ်၏။ သင်္ကေတများက အရမ်းမြင့်မားလွန်းပြီးနောက် ပြန်လည် နိမ့်ကျသွားသည်။
…
အခန်း (၆၀၅) လို့လန်က လူတိုင်းက နာမည်ကို ချရေး
အသံကစူးရှပြီး ဓားတစ်လက်ပမာ ထိုးဖောက်နိုင်စွမ်းရှိ၏။ ၎င်းက တော်ဝင်မြို့ထိပ်ကနေ ပျံ့လာတော့သည်။
အံ့ဖွယ်မြို့တွင်းရှိ ကျင့်ကြံသူများသည် ထိုစူးရှသည့်တေးသွားကိုကြားသောအခါ လှည့်ကြည့်လာ၏။
သံစဉ်က ချီကိုထိန်းချုပ်ပြီး ၎င်းကိုစွမ်းအင်ဓားသွားအဖြစ်လေထဲသိပ်သည်းပစ်ကာ ဝေဟင်ထဲရှိ ကားလိပ်ကဲ့သို့ အရံအတားဆီသို့ ပစ်ထုတ်လိုက်သည်။
ဝှစ်
မြောက်ပိုင်းသိမ်းငှက်ကြီးသည် ရုတ်တရက်အထက်သို့တက်သွားလျက် အသံလှိုင်းကို ရှောင်လိုက်သည်။
“ရှစ်စွင်း အဲ့ဒီမြောက်ပိုင်းသိမ်းငှက်က တစ်ခုခုထူးဆန်းနေပုံပဲ” ယဲ့ထျန်းရှင်းသည် မြောက်ပိုင်းသိမ်းငှက်က တစ်ခုခုမှားယွင်းနေကြောင်း သူမ ပြောနိုင်၏။
“ရှစ်စွင်းအတွက် တပည့်အဲဒါကို သတ်ပေးရမလား”
လုကျိုးက ခေါင်းခါပြီးပြောလိုက်၏။
“ခရုလေး အဲ့တာကို တိုက်ခိုက်ဖို့ မင်းကိုပြောခဲ့တာမဟုတ်ဘူး။ သူနဲ့ဆက်သွယ်ဖို့ကြိုးစားကြည့်။"
“ဪ” ခရုလေးက နားလည်သွား၏။ သူမ၏နှုတ်ခမ်းလွှာမှ လေစီးဆင်းလာတော့သည်။ အနီးပတ်ဝန်းကျင်တွင်ပေါ်ထွက်လာသော ပုလွေသံက သာယာငြိမ့်ညောင်းဖွယ်ကောင်း၏။ ယခင်က စူးရှသော အသံနှင့်ယှဉ်လျှင်ပိုကောင်းသွားသည်။
ထိုအခိုက်အတန့်တွင် သာမန်ပြည်သူများစွာက သူတို့အိမ်ထဲကနေထွက်လာလျက် တော်ဝင်မြို့တော်ရှိရာဘက်ခြမ်းသို့ ကြည့်ရန် လမ်းပေါ်သို့စုဝေးလာ၏။
ကျောင်းတော်သားတပည့်များနှင့် မိစ္ဆာဝေဟင်က လှုပ်ရှားနေလေရာ တာ့ယန်၏လူအချို့သာလျှင် အများရှေ့ထွက်လာလျက် မျက်နှာပြရဲသည်။
တော်ဝင်မြို့တော်၌ အံ့ဖွယ်မြို့တော်တစ်ဝက်ခန့်က သူလျှိုများပြည့်နေသည်။
ရွှေရောင်ပွင့်ချပ်ဖြင့် ရွှေရောင်ပုံရိပ်များကို ကျင့်ကြံသူများ၌ တွေ့ရ၏။
သာမန်ပြည်သူများသည် ထိုစိတ်ဝိညာဉ်သဏ္ဌာန်များကို မြင်သောအခါ သူတို့ရင်ထဲရှိ အကြောက်တရားများ တဖြည်းဖြည်း လျော့သွားလေ၏။ ပြီးနောက် ထိုသာမန်ပြည်သူများက တော်ဝင်မြို့တော်သို့ လျှောက်လှမ်းသွား၏။ မကြာမီ၌ သာမန်ပြည်သူများထဲမှ အချို့သည် ဒူးထောက်လိုက်ကြ၏။ “ကျေးဇူးတင်ပါတယ်။ မျှော်နန်းသခင်”
“ကူညီပေးတာ ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်”
“တင်း ... လူပေါင်း ၅၀၂ယောက်ဆီမှ စစ်မှန်သော အရိုအသေပေးမှုရရှိပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၅၀၂၀”
“တင်း ... လူပေါင်း ၁၃၀၀ယောက်ဆီမှ စစ်မှန်သော အရိုအသေပေးမှုရရှိပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၃၀၀”
“တင်း ... လူပေါင်း ၂၀၃၀ယောက်ဆီမှ စစ်မှန်သော အရိုအသေပေးမှုရရှိပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၃၀၀”
လုကျိုးသည် အသိပေးသံများ ကြားရသည်ကို ကြည်နူးနေ၏။ ကံဆိုးသည်မှာ အံ့ဖွယ်မြို့တော်ထဲရှိ တိုက်ပွဲပြီးနောက် မြို့ထဲမှပြည်သူများထွက်သွားပြီး ပြန်မလာကြပေ။ ယခုဆို လူပိုနည်းနေကြပြီ။ သူလျှိုများစွာက ပြဿနာရှာခဲ့သောကြောင့် အများစုက ကြောက်လန့်ပြီး အိမ်ပြန်ကုန်ကြ၏။ သူတို့အိမ်ထဲမှ ထွက်မလာပေ။
တော်ဝင်မြို့တော်ရှေ့ရှိပတ်ဝန်းကျင်က အလွန်ကြီးမားသည်မဟုတ်။ လူပေါင်းများစွာကသူ့ကို အရိုအသေပေးနေတာ မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
ငြိမ့်ညောင်းသောပုလွေသံသည် ဝေဟင်ဆီသို့ရောက်သွား၏။
မြောက်ပိုင်းသိမ်းငှက်သည် နောက်မဆုတ်သွားပေ။ ထိုအစားပိုစိတ်လှုပ်ရှားပြီး ကြမ်းတမ်းလာ၏။ သူက ရွှေရောင်ထိုက်ရွှီကြေးမုံဆီသို့ တစ်ဟုန်ထိုးဝင်သွားတော့သည်။
ဘန်း
ကားလိပ်ကဲ့သို့အရံအတားက ယိုင်နဲ့လာသည်။
ခရုလေးက ပုလွေမှုတ်တာ ရပ်ပြီး ပြောလိုက်တော့သည်။
“ရှစ်စွင်း... သူ့ကို ထွက်သွားဖို့ပြောပေမဲ့ သူ နားမထောင်ဘူး”
မြို့ထဲရှိ ကျင့်ကြံသူများသည် ရုတ်ရုတ်သဲသဲဖြစ်ရပ်ကြောင့်ဖမ်းစားခံလိုက်ရသည်။ သူတို့သည် မြောက်ပိုင်းသိမ်းငှက်ကြီးက အရံအတားကို တိုက်ခိုက်ချိန်၌ သူတို့ထိတ်လန့်သွားသည်။
ရွှေရောင်ကြေးမုံ၏တာဝန်က မပြီးသေးပေ။ ယခုအချိန်တွင် ဖယ်ရှားလိုက်ပါက ကျန်ရှိနေသော သူလျှိုများကို သူတို့ဖမ်းနိုင်တော့မှာမဟုတ်။ ၎င်းသည် သူတို့အတွက် အိမ်မက်ဆိုးဖြစ်သည်။
ခရုလေးက ပြောလိုက်၏။ "သူက ကျွန်မတို့ကို စော်ကားနေတာပဲ”
လုကျိုးက လက်ဝါးတစ်ဖက်မြှောက်လျက် အော်လိုက်၏။ “သေသင့်နေတဲ့ကောင်”
လက်ကမ်းပေးတာကို ငြင်းဆန်တာပဲ။ ယခုအချိန်တွင် လေးအသွင်ပြောင်းထားသော အမည်မဲ့က သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။
ယဲ့ထျန်းရှင်းသည် မိစ္ဆာဝေဟင်မျှော်နန်းသို့ လတ်တလောမှပြန်ရောက်လာတာဖြစ်သည်။ သူမ၏ရှစ်စွင်း မည်မျှအစွမ်းထက်ကြောင်း သူမ မသိသလို။ သူမရှစ်စွင်းလက်ထဲရှိ လက်နက်ကိုလည်း သူမ မသိပေ။ အမည်မဲ့ကို တွေ့သောအခါ သူမ အနည်းငယ်ထိတ်လန့်သွား၏။
လုကျိုးက ၎င်းကိုဆုပ်ကိုင်လိုက်ရာ အပြာရောင်အလင်းများက သူ၏လက်ချောင်းများကြားမှ တောက်ပလာသည်။
ဝှစ်
လေးအသွင်ပြောင်းသွားသော အမည်မဲ့သည် စွမ်းအင်တို့ရစ်ဝဲနေပြီး လုကျိုးတစ်ရပ်နီးပါးမြင့်၏။ ပြီးနောက် စွမ်းအင်မြားက ပေါ်လာကာ သူသည် ညာလက်ဖြင့်လေးညှို့ကိုဆွဲလိုက်တော့သည်။
ဝှစ်
မြားပစ်လိုက်ပြီးနောက် လေထဲတွင် မြားသံက ပြည်သူပြည်သားများနှင့် ကျင့်ကြံသူများစွာ၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်တော့သည်။ အားလုံးကမော့ကြည့်လာ၏။
မျက်စိကန်းလောက်သည့်အရှိန်ဖြင့်အရံအတားဆီသို့ အပြာရောင်စွမ်းအင်များတိုးဝင်သွားတာကို သူတို့တွေ့လိုက်ရ၏။
မြောက်ပိုင်းသိမ်းငှက်ကြီးက တောင်ပံတဖျပ်ဖျပ်ခတ်လျက် အပေါ်သို့ရှောင်ရန်ကြိုးစားလိုက်သည်။
စွမ်းအင်မြားက တစ်ခါမှ မလွဲချော်ဖူးပေ။
ဘန်း
မြောက်ပိုင်းသိမ်းငှက်ကြီးကို ထိသွား၏။ မြောက်ပိုင်းသိမ်းငှက်ကြီးသည် ကားလိပ်ပမာ အရံအတားဖက်ခြမ်းသို့ ပြုတ်ကျပြီး ကျဆင်းလာ၏။ “ရှစ်စွင်း သားရဲတစ်ကောင်အတွက် ဒါက မများလွန်းဘူးလား” ကျူးဟုန်ကုန်းက ကောင်းကင်ကိုမော့ကြည့်ပြီးပြောလိုက်၏။
ကျူးဟုန်ကုန်းနှင့်ရင်းနှီးပုံမရသော တာ့ယန်ကျင့်ကြံသူတစ်ယောက်သည် လေးစားသောပုံစံဖြင့် ပြောလိုက်သည်။ "အ အဋ္ဌမသခင်လေး မျှော် မျှော်နန်းသခင်က သိပ်မိုက်တာပဲ”
“ဒါပေါ့ကွာ”
“အဋ္ဌမသခင်လေး ခင်ဗျားရဲ့လက်ဝှေ့အိတ်က ပိုတောင်မိုက်သေးတယ်”
ကျူးဟုန်ကုန်းသည် ထိုစကားကိုကြားချိန်၌ ထအော်လုနီးပါးဖြစ်သွားသည်။ တစ်ယောက်ယောက်က နောက်ဆုံးတော့ ငါ့ရဲ့လက်ဝှေ့အိတ်ကို ချီးကျူးလာပြီပဲ။ ဒါ ဒီလောကကြီးထဲမှာ အကောင်းကြိုက်တဲ့လူတွေရှိသေးတယ်ဆိုတာ ပြနေတာပဲ။
“မင်းပြောတာ သဘောကျတယ်။ ပိုပြောကြည့်ဦး” ကျူးဟုန်ကုန်းက ပြောပြီးချီးကျုးခံရတာ နှစ်ခြိုက်တာ သိသာနေ၏။။
“အဋ္ဌမသခင်လေး ... အဋ္ဌမသခင်လေးရဲ့လက်ဝှေ့အိတ်က အမြန်ဆုံးပဲ။ အထင်ကြီးစရာ အကောင်းဆုံးပဲ။ အခမ်းနားဆုံး၊ အတောက်ပဆုံး၊ ကျွန်တော် မြင်ဖူးသမျှထဲ လက်ဝှေ့အိတ်က မျက်စိအဖမ်းစားနိုင်ဆုံးလက်နက်ပဲ”
“မင်းက အမြင်ကောင်းရှိတာပဲ ရဲဘော်” ကျူးဟုန်ကုန်းက ပြန်ပြောပြီး စိတ်ကျေနပ်သွားသည်။
ထိုစဉ် လေထဲ၌ အသံကျယ်တစ်ခုပေါ်လာ၏။
နယ်ရှင်လှံက မြေပြင်ကို ထိုးစိုက်သွားပြီး မြေပြင်အက်ကွဲသွား၏။
နှစ်ယောက်လုံးအထိတ်တလန့်ထခုန်လိုက်၏။
တွမ့်မူရှန်းက ဝေဟင်ထဲကနေဆင်းသက်လာပြီး သူတို့နှစ်ယောက်ကြားရပ်လိုက်၏။ သူလျှိုများကို အပြည့်အဝ အမြစ်ပြတ် သုတ်သင်ပြီးတာ သိသာသည်။ ကျင့်ကြံသူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူက အမြန်ပြောလိုက်၏။
“တတိယသခင်လေး မင်းပဲ။ သခင်လေးရဲ့နယ်ရှင်လှံခမ်းနားမှုကြောင့် ကျွန်တော် မျက်စိကန်းလုနီးပါးပဲ”
ကျူးဟုန်ကုန်း “...”
တွမ့်မူရှန်းသည် ထိုလူကို တစ်ချက်ကြည့်လိုက်၏။ သူ၏နယ်ရှင်လှံကို ရုတ်ကာ ညင်သာစွာ ပွတ်ပြီး ပြောလိုက်၏။ “ဒါပေါ့ … ငါက ဒီလှံကို တစ်နေ့သုံးကြိမ် သန့်ရှင်းရေးလုပ်တယ်လေ။ ဘာမှစွန်းထင်းခံမှာ မဟုတ်ဘူး။ တစ်မိုးအောက်ထဲမှာ ငါ့ရဲ့နယ်ရှင်လှံနဲ့ ယှဉ်နိုင်တဲ့လက်နက်မရှိဘူး”
“...”
ဘန်း
ဧရာမမြောက်ပိုင်းသိမ်းငှက်ကြီးက မြို့ရိုးပေါ်ပြုတ်ကျလာ၏။
...
ထိုစဉ် လို့လန်၏အခြေစိုက်စခန်းတွင် ဖြစ်သည်။
ကာရိုး၏မျက်လုံးက ပွင့်သွားတောာ့၏။
“သူက လေးအတတ်မှာ ကျွမ်းကျင်သလား” နတ်ဆရာဝတ်ရုံရှည်ဖြင့် မျက်နှာတွင် ဆေးမှင်ကြောင်များ ထိုးထားသည့်လူက သွေးအန်တော့သည်။
“ဘာစီရာ မင်းအဆင်ပြေလား”
ဘာစီရာက လက်ဝှေ့ယမ်းလိုက်သည်။ သူက နှုတ်ခမ်းထောင့်မှ သွေးသုတ်ကာပြောလိုက်တော့၏။
“ကံကောင်းလို့ ဒီဂါထာက မြောက်ပိုင်းသိမ်းငှက်ကြီးရဲ့အမြင်ပဲ ပေးထားလို့။ ကံကြမ္မာချည်နှောင်မှုသာ လုပ်ထားခဲ့မယ်ဆိုရင် ကျုပ်သေလောက်ပြီ”
ကာရိုး၏အမူအရာက သုန်မှုန်သွားကာပြောလိုက်၏။ "အဲ့ဒီမိစ္ဆာအိုကြီးက ဒီလိုရတနာကို ပိုင်ဆိုင်ထားမယ်လို့ ငါ မထင်ထားဘူး။ ငါတို့ကင်းထောက်တွေက ဒါကို ဖြတ်ကျော်နိုင်မယ်မထင်ဘူး”
ဘာစီရာကပြော၏။ “သူကကောင်းကင်ထဲမှာ ကားလိပ်လိုအရံအတားကို သုံးပြီး မှန်တစ်ချပ်အနေနဲ့ အံ့ဖွယ်မြို့တော်ထဲမှာထွန်းလင်းစေတာ။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်က ဘယ်လောက်အစွမ်းထက်လဲ စစ်သူကြီးကာရိုး။ ကျုပ်တို့တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သဟဇာတကျကျ ညှိနှိုင်းရအောင်လား”
ဘန်း
ကာရိုးက စားပွဲကိုလက်ဖြင့်ရိုက်ချပြီးပြောလိုက်၏။ “ဘာစီရာ မဟာနတ်ဆရာအနေနဲ့ ငါ မင်းကို လေးစားတယ်။ ဒါပေမဲ့ မင်းကြည့်ပြောလိုက်။ တာ့ယန်က လို့လန်ကို နှစ်ပေါင်းများစွာဖိနှိပ်ထားတယ်။ အဲ့ဒါကို မင်း မသိဘူးလား။ မင်းရဲ့ပြည်သူတွေက ပဏ္ဏာဆက်နေရပြီး နှစ်စဉ်နှစ်တိုင်းတာ့လျန်ဆီအမျိုးသမီးတွေပို့နေရတယ်။ မင်း ဘယ်လိုပုံစံနဲ့ ဒီလိုမြင်နေရတာလဲ”
“...” ဘာစီရာက ဆွံ့အသွား၏။
“ရွှေကြာဖြတ်တောက်တဲ့ခေတ်က ရို့လီနဲ့လို့လန်အတွက် အကျိုးရှိစေတယ်။ ငါတို့စစ်ဆင်ရေးကျဆုံးပေမဲ့ ငါတို့ကို အချိန်ဆွဲပေးနိုင်တာ။ အခု တာ့လျန်မှာ ဒုတိယမြောက်ပွင့်ချပ်ကိုးလွှာကျင့်ကြံသူမရှိသေးဘူး။ ငါတို့အောင်မြင်လိမ့်မယ်” ဘာစီရာက ခေါင်းညိတ်လိုက်သည်။ သူ့ဒဏ်ရာက ပြန်ကောင်းလာကာ သူ့စိတ်က တဖြည်းဖြည်းချင်း ကြည်လင်လာ၏။
ထိုစဉ် လို့လန်သားတစ်ယောက်သည် အခြေစိုက်စခန်းထဲသို့ပြေးဝင်လာသည်။ “စစ်သူကြီး ကောင်းကင်ကျုံးအနောက်ဖက်က ကျွန်တော်တို့ဆီသတင်းပို့လာပါတယ်။ လျန့်စီရင်စုဆီ ထွက်သွားတဲ့ ဓားနတ်ဆိုးယွီရှန်းရုန်ကို သူတို့မျက်ခြေပြတ်သွားပါတယ်တဲ့”
ကာရိုးက ချက်ချင်းထရပ်လိုက်၏။
သူမ ကျိန်ဆဲရသေးခင် လို့လန်က ဒူးတစ်ဖက်ထောက်လိုက်၏။ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ စစ်သူကြီး ယွီရှန်းရုန်က နက်နဲတဲ့ကျင့်ကြံဆင့်ရှိတယ်။ ဒါ့အပြင် သူက လျှပ်စီးလို မြန်ဆန်တဲ့ စီးတော်သားရဲနဲ့ပါ”
ကာရိုးသည် အစောတုန်းက ဘာစီရာ၏ဖော်ပြချက်ကြောင့် ဒေါသထွက်နေသေးဆဲဖြစ်သည်။ ထိုသတင်းရသောအခါ သူက သက်ညှာမှုမရှိလှောင်ပြောင်လိုက်လေ၏။ “လူကြီးမင်း ဘာစီရာ လို့လန်က တာ့ယန်ကိုစိတ်ကျေနပ်စေဖို့ မိန်းမတွေပို့တာ အံ့ဩစရာမရှိဘူးပဲ။ မင်းအားနည်းရတဲ့ အကြောင်းအရင်းရှိနေတာကို”
“မင်း”
“အရှင် ကျေးဇူးပြုပြီး ဒေါသထိန်းပါ”
ဘာစီရာ ကပြောလိုက်၏။ “မင်းတို့ရို့လီကကော... ငါ မှတ်မိတာ မှန်မယ်ဆိုရင်မင်းရဲ့ညီလေး ကာရန်က သူ့စီးတော်သားရဲနဲ့ တာ့ယန်မှာသေခဲ့တာမဟုတ်လား”
ကာရိုးက လက်မြှောက်ပြီးရိုက်ချလိုက်၏။
ဘန်း
စားပွဲကအက်ကွဲသွားတော့သည်။
ဘာစီရာက နောက်တစ်လှမ်းဆုတ်လိုက်၏။ “မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
ကာရိုးသည် သူ့ရင်ထဲရှိဒေါသမီးလျှံကိုဖိနှိပ်ရန်ကြိုးစားလိုက်၏။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဒေါသတကြီးပြောလိုက်၏။
ဘာစီရာက လက်သီးဆုပ်မိုးပြီး နှာခေါင်းရှုံ့ကာ ထွက်သွားတော့သည်။
သတင်းလာပို့သည့်လက်အောက်ငယ်သားကိုပါ ခေါ်သွားတော့သည်။
“လူကြီးမင်း ဘာစီရာ ... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ဒီစစ်သူကြီးက ရိုးသားပါတယ်”
“ဟန့်” ဘာစီရာကနှာခေါင်းရှုံ့လိုက်၏။ အင်္ကျီလက်တစ်ချက်ဝှေ့ယမ်းကာ အခြေစိုက်စခန်းမှ ထွက်သွားတော့သည်။
လက်အောက်ငယ်သားက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ ပေါ်လာလေ၏။ သူကရေရွတ်ပြောလိုက်တော့သည်။ “သတ္တမသခင်လေးရဲ့ အစီအစဉ်က အံ့ဩဖို့ကောင်းသားပဲ”
လို့လန်၏အရိုးမြုပ်သည့်မြေတွင်ဖြစ်သည်။
ကျိလျန်က မဟူရာတောအုပ်ကို ဖြတ်ကျော်သွားလေ၏။
အရှိန်ပြင်းပြင်းဖြင့် ရက်အနည်းငယ်ပျံသန်းပြီးနောက် ယွီရှန်းရုန်ကတောင် အာခြောက်လာမှုကို ဖြေလျော့ရန် လိုအပ်လာသည်။ သူက မြေပြင်ကိုဆင်းသက်ရန် မြင်း၏နောက်ကျောကို ပုတ်လိုက်သည်။
မြေပြင်ပေါ်ဆင်းသက်ပြီးနောက် ယွီရှန်းရုန်သည် ပတ်ဝန်းကျင်ကိုစစ်ဆေးလိုက်၏။ သူသည် တောအုပ်အဆုံးကို မမြင်နိုင်ပေ။ ပတ်ဝန်းကျင်က နက်မှောင်စိုစွတ်နေ၏။ မှိန်ဖျော့ဖျော့အလင်းများသာလျှင် ပေါင်းမိုးကိုဖြတ်လျက် ပတ်ဝန်းကျင်ကိုလင်းထိန်နေစေသည်။
“ငါတို့တွေ အရိုးမြှုပ်နှံရာကုန်းမြေကို ဖြတ်ကျော်ပြီးသွားရင် သွားလိုတဲ့နေရာကို ရောက်မှာ" ယွီရှန်းရုန်က ကျိလျန်၏ကျောပေါ်ရှိ ယွီကျန့်ဟိုင်ကိုကြည့်လိုက်တော့သည်။ “ဒီခရီးစဉ်ချောမွေ့ဖို့လိုတယ်။ မင်း သေသွားခဲ့ရင် ငါ့ရဲ့အသေသတ်စာရင်းထဲမှာ လို့လန်ရဲ့လူအားလုံးကိုချရေးမယ်”
…
အခန်း (၆၀၆) အရိုးမြှုပ်နှံရာ ကုန်းမြေ
ဟီး
ကျီလျန့်က ယွီကျန့်ဟိုင်ကို မှုတ်ကာ နှိုးဖို့ ကြိုးစားနေသည်။ သို့သော် ယွီကျန့်ဟိုင်က မျက်လုံးပိတ်လျက်သား ဖြစ်၏။ သူက နိုးထလာမည့် အရိပ်အယောင် မရှိသေးပေ။
“ မင်းလည်း ငါ့စကားကို သဘောတူတယ်မလား” ယွီရှန်းရုန်က ပြောလိုက်သည်။
ဟီး
“ ငါ တတ်နိုင်တာ လုပ်ပေးမှာ ” ယွီရှန်းရုန်က တောအုပ်အား ကြည့်လိုက်ကာ “တစ်ယောက်ယောက်ကို ကယ်တင်ရတာက သတ်တာထက် ပိုခက်တယ် ”
ခဏကြာအနားယူပြီးနောက် ယွီရှန်းရုန်က ထရပ်ကာ ကျီလျန့်ကျောပေါ် ခုန်တက်လိုက်သည်။ သူတို့က ခရီးဆက်ခဲ့ကြပြီး တောအုပ်မှ ထွက်လာခဲ့ကြသည်။
သူတို့က အနောက်ပိုင်းသို့ ခပ်နိမ့်နိမ့်သာ ပျံသန်းလာခဲ့သည်။ သူတို့က ကျတ်တီးတောင်ကြားနှင့် လွင်ပြင်ကို ဖြတ်ကျော်ခဲ့သည်။
သူတို့က ပျံသန်းလာကြရင်း ယွီရှန်းရုန်က ဘေးပတ်လည်ကို ကြည့်လိုက်သည်။ လွင်ပြင် ရှိခြင်းမှာ သူ့အနေနှင့် မြင်ကွင်းကောင်းကောင်း ရှိလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်၏။ သို့သော် တစ်ချိန်တည်းဆိုသလို တစ်ခြားသူများလည်း သူ့ကို မြင်တွေ့ဖို့ လွယ်ကူနေလိမ့်မည်။ အတိတ်တွင် သူက ထိုအရာကို ဂရုမစိုက်ခဲ့ပေ။ သို့သော်လည်း တစ်ယောက်ယောက်၏ အသက် ပါဝင်လာပြီဖြစ်ရာ သူ့အနေနှင့် တတ်နိုင်သမျှ ပြဿနာကို ရှောင်လိုသည်။
လရောင်အောက်တွင် ကျီလျန့်က ဆက်လက် ပျံသန်းလာသည်။
ထိုစဉ် ယွီရှန်းရုန်က စိုထိုင်းနေသည့် နေရာတစ်ခုကို မြင်လိုက်ရသည် “ကျီလျန့် ငါတို့တွေ စိမ့်တောထဲ ရောက်နေပြီ။ ခပ်မြင့်မြင့် ပျံတော့ ”
ဟီး
ယွီရှန်းရုန်က ဤနေရာကို လွန်ခဲ့သည့် နှစ်များစွာက လာခဲ့ဖူးသည်။ သို့သော်လည်း ထိုစဉ်က သူသည် ပညာရှင်များကို စိန်ခေါ်ဖို့ ရောက်လာခြင်း ဖြစ်၏။ သူက ယခု ပြန်ရောက်လာပြီဖြစ်ရာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
ကျီလျန့်က ယွီရှန်းရုန် ညွှန်ကြားသည့်အတိုင်း စိမ့်တောကို ဖြတ်လာလိုက်သည်။
လိုလန်၏ တော်ဝင်မြို့ကို မြင်တွေ့နေရပြီဖြစ်၏။
အဝေးတစ်နေရာမှ လိုလန်၏ တော်ဝင်မြို့တော်သည် လရောင်အောက်တွင် ထူးဆန်းကာ လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံမျိုး ပေါ်နေသည်။
“ အရိုးမြှုပ်နှံရာ ကုန်းမြေ” ယွီရှန်းရုန်က မြေပေါ်မှ အရိုးများ ထိုးထိုးထောင်ထောင် ထွက်နေသည်ကို မြင်သည့်အခါ ရေရွတ်လိုက်သည်။
ကျီလျန့်၏ အမြန်နှုန်းက အံ့မခန်း ဖြစ်၏။ ၁၅ မိနစ် ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က အရိုးမြှုပ်နှံရာ ကုန်းမြေနှင့် အလွန်နီးကပ်လာလေပြီ။ သူတို့ရှေ့တွင် နွံအိုင် ရှိနေသည်။
“ဒီမှာ ရပ်ရအောင်” ယွီရှန်းရုန်က ကြိုတင်ရပ်လိုက်သည်။ သူတို့ရှေ့ရှိ မိုင်ဒါဇင်အဝေးတွင် လိုလန် ပြည်သူများ၏ နေထိုင်ရာ ဖြစ်၏။
သူက သူ့ရှေ့မှ နွံအိုင်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“ ကျွန်တော်တို့ ရောက်ပြီ။ ပထမဆုံးအကြိမ် သေခြင်းတရား လက်ကနေ တွားသွားတက်လာခဲ့တဲ့နေရာ ”
သူ့နောက်တွင် အရိုးများ ထိုးထွက်နေသည့် အရိုးမြှုပ်နှံရာ ကုန်းမြေ ရှိနေသည်။ ဤသည်က မှုန်မှိုင်းမှိုင်း နေရာတစ်ခု ဖြစ်၏။
ကျီလျန့်၏ ဒဏ္ဍာရီလာ အမြန်နှုန်းဖြင့် ၁၅ မိနစ်မျှသာ ပျံသန်းလိုက်ရသည်။ ယခင်က ယွီကျန့်ဟိုင်က စတင် မကျင့်ကြံရသေးပေ။ သူက အရိုးမြှုပ်နှံရာ ကုန်းမြေကို ဖြတ်လာဖို့ မည်မျှကြာမြင့်လိုက်မည်နည်း။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်အားလုံး၏ အတွေ့အကြုံများကို ပေါင်းစပ်လိုက်လျှင်ပင် ယွီကျန့်ဟိုင် ဖြတ်ကျော်ခဲ့ရသည့်အရာများနှင့် နှိုင်းယှဉ်ဖို့ မဖြစ်နိုင်သေးပေ။
ယွီရှန်းရုန်က အလျှင်မလိုပေ။ ထို့အစား သူက နွံတောအပေါ် ခဏတာ ပျံသန်းလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူက အနှောင့်အယှက်မရှိကြောင်း သေချာအောင် လုပ်ပြီးမှ ယွီကျန့်ဟိုင်ကို ခေါ်ဆောင်လာလိုက်၏။
လရောင်က သူတို့နှင့် နွံတောအပေါ် ဖြာကျနေသည်။ သူတို့နောက်တွင် အရိုးမြှုပ်နှံရာ ကုန်းမြေ မရှိလျှင် နွံတောတစ်ခုတည်းက ရှုခင်းကောင်း ဖြစ်လောက်၏။
ယွီရှန်းရုန်က ပတ်ဝန်းကျင်မှ ကမ္ဘာဦးချီနှင့် အသက်ဓာတ်ကို အာရုံခံလိုက်သည်။ သူက တခြားနေရာများထက်စာလျှင် ပိုမိုသိပ်သည်းကြောင်း တွေ့လိုက်ရသည်။
တောအုပ်က ညာဘက်တွင် ရှိနေပြီး အရိုးမြှုပ်နှံရာ ကုန်းမြေက အနောက်တွင် ရှိနေသည်။ မြစ်က သူ့ရှေ့တွင် စီးဆင်းနေပြီး အထက်ပိုင်းက လိုလန်တော်ဝင်မြို့ ရှိရာ ဖြစ်၏။ သူတို့က နေရာတစ်ဝိုက်မှ ကမ္ဘာဦးချီကို စုဆောင်းနိုင်ရန် အပိတ်ကွင်း သဘာဝ အစီအရင်တစ်ခု ဖွဲ့စည်းထားဟန်ပေါ်သည်။
ယွီရှန်းရုန်က နွံတောကို ကြည့်လိုက်သည်။ သူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။
“ ဒါက ရှစ်ရှိုးရဲ့ သေခြင်းရှင်ခြင်း စမ်းသပ်ချက်ဆိုတော့ အနှေးနဲ့အမြန် ကျော်ဖြတ်ရမှာပဲ ”
သူက လက်ကို ဖြန့်လိုက်သည့်အခါ သူ့ကမ္ဘာဦးချီ ထွက်ပေါ်လာသည်။ စွမ်းအားက ယွီကျန့်ဟိုင်အား မြောက်တက်လာစေခဲ့၏။
ယွီရှန်းရုန်က လက်ကို ဝေ့လိုက်သည်။
ဗွမ်း
ယွီကျန့်ဟိုင်က နွံ့တောအလယ်သို့ မရောက်ခင် ပျံသန်းသွားသည်။
ယွီရှန်းရုန်က အောက်ချလိုက်၏။
ဘန်း
လက်ဝါးစည်းတံဆိပ်ဖြင့် သူက ယွီကျန့်ဟိုင်ကို နွံတောအတွင်း မြှုပ်ထားတာ သေချာအောင် ပြုလုပ်လိုက်သည်။ ထို့နောက် သူက နွံတောကို ဆက်လက် အာရုံမစိုက်တော့ပေ။ ထို့အစား သူက ကျီလျန့်အား ကြည့်လိုက်ကာ ပြောလိုက်သည်။
“ကျီလျန့် … ငါ ဒီမှာ နောက်ထပ် ၄၉ ရက် ဆက်နေလိုက်ဦးမယ်”
ဟီး
ကျီလျန့်က ယွီရှန်းရုန်နှင့် ခွဲခွာဖို့ ဝန်လေးနေဟန်ပေါ်သည်။
ယွီရှန်းရုန်က ပြုံးလိုက်ကာ “ မင်း ဒီမှာနေချင်တာလား”
ဟီး
ကျီလျန့်က သူ့ကို ပတ်ကာ လျှောက်နေသည်။
“ကောင်းပြီလေ” ယွီရှန်းရုန်က ကျီလျန့်အား ပုတ်ပေးလိုက်ကာ “မင်းနဲ့ငါက အဆင်ပြေတယ်။ ငါတို့ မိစ္ဆာဝေဟင်မျှော်နန်း ပြန်ရောက်လို့ ရှစ်စွင်းဆီကနေ ခွင့်ပြုချက်တောင်းပြီးတာနဲ့ မင်းက ငါ့အပိုင်ပဲ ”
………………
ထိုစဉ် အံ့ဖွယ်မြို့တော်တွင် ရွှေရောင်ထိုက်ရွှီကြေးမုံ အကူအညီဖြင့် သူလျှိုများကို ဖမ်းဆီးသုတ်သင်ပြီးသည့်နောက် တိတ်ဆိတ်နေသည်။
ဟွားချုံးယန်က ငရဲဂိုဏ်းသားများကို မြို့ဂိတ်ပေါက်လေးခုကို စောင့်ကြပ်ဖို့ စေလွှတ်ထားသည်။ အထဲဝင်သည့်လူတိုင်းက စစ်ဆေးခံရမည် ဖြစ်၏။
ထိုအဖြစ်အပျက်အပြီးတွင် အံ့ဖွယ်မြို့တော်၏ ဒေသခံများက သူတို့ အလိုရှိသည့် ဘဝကို နေထိုင်နေကြပြီ ဖြစ်သည်။
သူလျှိုများကို ဖမ်းဆီးသုတ်သင်သည့် အပြုအမူသည် လူများစွာကြား ပျံ့နှံ့သွားသောကြောင့် တချို့လူများက မိစ္ဆာဝေဟင်မျှော်နန်းအား မြင့်မြတ်ဝေဟင်မျှော်နန်းဟု ခေါ်ဝေါ်နေကြသည်။
……………..…
တာ့ကျန်းနန်းဆောင်အတွင်း
ဟွားချုံးယန်က အံ့ဖွယ်မြို့တော်မှ အဖြစ်အပျက်အကြောင်း တင်ပြလိုက်သည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်ပြီး “ မင်း အံ့ဖွယ်မြို့တော်က ကိစ္စတွေကို ဆုံးဖြတ်လိုက်ပါ ”
လုကျိုးက တိုင်းပြည် အုပ်ချုပ်ရာ၌ ကျွမ်းကျင်သူ မဟုတ်ပေ။ သူက တစ်ခြားတစ်ယောက်ဆီ အပ်ထားလိုက်သည်က ပိုကောင်းကြောင်း ဆုံးဖြတ်လိုက်သည်။
ဟွားချုံးယန်က ခေါင်းကုတ်ကာ “ကျိချန်းပေ့ .. ကျွန်တော်က အဲဒါတွေ မကျွမ်းကျင်ဘူး ”
ထိုစဉ် ခုနှစ်စင်ကြယ်ကျောင်းတော်မှ ကျိုးယို့ချိုက်က ပြောလာသည် “ကျိချန်းပေ့ … ကျုပ် တွေးမိတာလေး ရှိတယ်”
“ပြောစမ်းပါဦး ”
ဉာဏ်ကောင်းတဲ့လူဆိုတာ အခြေအနေကို လိုက်ပြီး ကိုင်တွယ်ဖြေရှင်းတတ်ရမယ် … ငါ့အတွက် အသုံးဝင်တဲ့လူကို ကောင်းကောင်း ဆက်ဆံသင့်တာပေါ့
ကျိုးယို့ချိုက်က ပြောလိုက်သည်။ “ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ညီလာခံ အမတ်တွေ လိုအပ်ပါတယ်။ သူတို့ လိုအပ်တာက အခွင့်အရေးနဲ့ အကြောင်းပြချက်တစ်ခုပါပဲ။ ကျုပ် သိထားသလောက် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ငါးယောက်မြောက် တပည့် ကျောင်းယွဲ့က မင်းသမီးယွင်ကျောက်ရဲ့ ကလေးတဲ့ … သူမက တော်ဝင်မိသားစု ကိုယ်စား နေရာယူထားပြီးတော့ ငရဲဂိုဏ်းက စီရင်စုတွေကို စိစစ်ပြီး အမတ်တွေကို တိုင်းပြည် အုပ်ချုပ်ရေး ကိုင်တွယ်စေလိုက်မယ်။ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားတဲ့အခါမှ အုပ်ချုပ်သူအသစ်ကို ရွေးဖို့ နောက်မကျသေးပါဘူး ”
တခြားလူများက ကျိုးယို့ချိုက်၏ စကားများကို ကြားသည့်အခါ အကြည့်များ တောက်ပသွားကြသည်။
“ အမတ်တွေကို ဖျောင်းဖျနိုင်လို့လား” လုကျိုးက မေးလိုက်သည်။
“ကျိချန်းပေ့ စိတ်မပူပါနဲ့။ ကျုပ်ဆီ အပ်ထားလိုက်ပါ ”
သာမန်အခြေအနေအောက်တွင် သူတို့ကို ဖျောင်းဖျဖို့ ခက်ခဲလိမ့်မည်။ ပြောရလျှင် အစီအစဉ်ကြီးထဲ ပါဝင်ဖို့ တခြားလူများကို ဖျောင်းဖျရသည်မှာ အမြဲတမ်း ခက်ခဲခဲ့၏။
ဟွားချုံးယန်က ပြောလိုက်သည်။ “ အမတ်တွေရဲ့ အကူအညီနဲ့ ကိစ္စတွေက ပိုချောမွေ့သွားလိမ့်မယ်။ စီရင်စုကိုးခုလည်း သိပ်မကြာခင် အခြေကျသွားမှာပါ ”
လုကျိုးက မုတ်ဆိတ်သပ်လိုက်ကာ “ အံ့ဖွယ်မြို့တော်ကို မင်းဆီ အပ်ထားလိုက်ပြီ။ ငါ မလိုအပ်သရွေ့ ဝင်မပါတော့ဘူး ”
လက်ရှိ အားလုံးက လူအိုကြီးသည် ကျင့်ကြံရေးအပေါ် ပိုစိတ်ဝင်စားကြောင်း သိထားကြသည်။ သူ့ကဲ့သို့လူမျိုးက ဤသို့ကိစ္စရပ်များအပေါ် အချိန်ဖြုန်းလိုမည် မဟုတ်ပေ။
လုကျိုးက စကားအဆုံးတွင် ထရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။
ထိုစဉ် တာ့ကျန်းနန်းဆောင် အပြင်ဘက်မှ အသံတစ်သံ ကြားလိုက်ရ၏။
“ရှစ်စွင်းကို ဂါရဝပြုပါတယ် ”
ကျူးဟုန်ကုန်းက လက်ခုပ်တီးလိုက်သောကြောင့် အားလုံးက အာရုံစိုက်လိုက်ကြသည်။ ထို့နောက် သူက ဒူးသုံးကြိမ်ထောက်ကာ ကိုးကြိမ်တိုင်တိုင် ဝပ်တွားကန်တော့လိုက်သည်။
အခြားလူများက ကြောင်အမ်းသွားကြ၏။
ဒုန်း
တွမ့်မူရှန်းက နယ်ရှင်လှံဖြင့် ကြမ်းကို စိုက်ချလိုက်သည်။
လောင်ပါ့က ကြောက်လွန်း၍ သူ့အလေးအနက် ဝပ်တွားနေသည့် ကိစ္စပင် တုံ့ဆိုင်းသွားလေသည်။
“လောင်ပ့ါ ဘာတွေလုပ်နေတာလဲ” တွမ့်မူရှန်းက မေးလိုက်သည်။
“ဟမ် .. ဘာ … ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က နန်းဆောင်က ကြမ်းပြင် ဘယ်လောက်တောက်ပနေလဲ တွေးမိလို့ပါ။ ရှစ်စွင်းကို ခမ်းကြီးနားကြီး မနှုတ်ဆက်ရင် နှမြောစရာကောင်းမယ် ထင်လို့ ”
တခြားလူများ “ … ”
လုကျိုးက ကျူးဟုန်ကုန်းအား ကြည့်ကာ မေးလိုက်သည် “ဘာကိစ္စလဲ ”
“ ရှစ်စွင်း စစ်ရှစ်ရှိုးဆီကနေ စာရောက်လာပါတယ် ”
“ဒီကိုယူခဲ့ ”
ကျူးဟုန်ကုန်းက စာကို တရိုတသေ ပေးလိုက်သည်။
လုကျိုးက စာကို ဖွင့်ဖောက်ကာ ဖတ်ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
“ယွီရှန်းရုန်က လို့လန်ဆီ သွားခဲ့တာလား ”
ယဲ့ထျန်းရှင်းက ထိုအကြောင်းကြားသည့်အခါ အနည်းငယ် အံ့အားသင့်သွားလေသည်။
“ရှစ်စွင်း … အာ့ရှစ်ရှိုးက ကြာကို ဖြတ်ထားပြီးတော့ ပြန်လည်ကျင့်ကြံထားတုန်းပဲ ရှိသေးတယ်။ သူ့ကျင့်ကြံဆင့်က ထိပ်ဆုံးပြန်ရောက်ဖို့ လိုနေသေးတယ်။ သူ အန္တရာယ်ကျရောက်နေမှာ စိုးရတယ်။ ကျွန်မ တစ်ချက်သွားကြည့်လိုက်ရမလား ”
ကျူးဟုန်ကုန်းက ဝင်ပြောလိုက်သည်။ “အာ့ရှစ်ရှိုးက မဆင်မခြင် လုပ်လွန်းတယ်။ သူက အရမ်းခေါင်းမာလိုက်တာ … ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တော့ ခံစားချက်ဆိုးဆိုး ဖြစ်နေပြီ။ ရှစ်စွင်း … လျိုရှစ်ကျဲ ပြောတာ မှန်တယ် တူတယ်။ အနည်းဆုံးတော့ လျိုရှစ်ကျဲက ပွင့်ချပ်ရှစ်လွှာအဆင့်လေ ”
တွမ့်မူရှန်းကလည်း ပြောလိုက်သည်။ “လျိုရှစ်မေ့ရဲ့ အခြေအနေက မကောင်းသေးဘူး ”
ကျူးဟုန်ကုန်းက ပြောလိုက်သည်။ “ ရှစ်စွင်း ဘာလို့မသွားတာလဲ။ အခုဆို အံ့ဖွယ်မြို့တော်က အဆင်ပြေနေပြီလေ”
တခြားလူများက လုကျိုးအား ကြည့်လိုက်ကြသည်။
လုကျိုးက ပြန်မဖြေပေ။ ထို့အစား သူက မေးလိုက်၏။ “ သူ ထွက်သွားတုန်းက ကျီလျန့်ဆီက အကူအညီ ရထားတယ်ဆိုတော့ ဒီအတိုင်းလွှတ်ထားလိုက်”
“ ရှစ်စွင်း … အာ့ရှစ်ရှိုးက … ”
“ငါ သူ့ကို ယုံတယ်”
တခြားလူများက ဦးညွှတ်လိုက်ပြီး ဘာမှဆက်မပြောကြတော့ပေ။
…………………
နေ့လယ်ဘက်တွင် တာ့ကျန်းနန်းဆောင်၏ အရန်ခန်းမဆောင်အတွင်း
လုကျိုးက စနစ်ကို ဖွင့်ကြည့်လိုက်သည်။
ကုသိုလ်ရမှတ် - ၆၂၀၅၃ မှတ်
လက်ကျန်သက်တမ်း -၃၅ ၅၈၄ ရက်
လုကျိုးက ကုသိုလ်ရမှတ်သည် ခြောက်သောင်းကျော်နေကြောင်း တွေ့လိုက်ရသည့်အခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူလျှိုများကို ဖြေရှင်းပေးလိုက်သည့်နောက် သူ့တွင် ကုသိုလ်ရမှတ် ငါးသောင်းကျော် ရရှိခဲ့သည်။
“ ကံစမ်းမဲ စမ်းကြည့်ရအောင် ”
“တင်း … ကုသိုလ်ရမှတ် ငါးဆယ် ကျသင့်ပါတယ်။ ပါဝင်ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
ထို့နောက် သူက ဆယ်ကြိမ်တိုင်တိုင် ကံစမ်းလိုက်သည်။ ကျေးဇူးတင်ပါသည် ဟူသော စာကြောင်း ဆယ်ကြိမ် ရလိုက်၏။
လုကျိုးက အနည်းငယ် စိတ်ပျက်သွားကာ “ငါ့ကို လာလှည့်စားချင်တာလား”
“ ကံစမ်းမဲ ”
“တင်း … ကုသိုလ်ရမှတ် ငါးဆယ်နဲ့ ကံကောင်းမှတ် ၁၁ မှတ် ကျသင့်ပါတယ်။ အဆင့်မြင့် အကြောင်းပြန်လှန်ကတ ငါးကတ်နဲ့ တောက်ပကျောက်တုံး တစ်တုံး ရရှိပါတယ် ”
“အဆင့်မြင့် အကြောင်းပြန်လှန်ကတ် - အသုံးပြုတိုင်း သက်တမ်းကို ရက်တစ်ထောင် တိုးမြင့်ပေးနိုင်ပါတယ်”
“တောက်ပကျောက်တုံးက ပြန်လည်သန့်စင်စဉ်အတွင်း လက်နက်ရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ အခွင့်အရေးရှိပါတယ်”
…