← Chapters

အခန်း (၆၀၇-၆၀၉)

Vol. 41 Ch. 607-609

အခန်း (၆၀၇-၆၀၉)

Vol. 41 Ch. 607-609

အခန်း (၆၀၇) သင်ပြပေးရန်

လုကျိုးတွင် ပီတိအပြုံးပေါ်လာလေ၏။ ဒါက အတော်ကံကောင်းတာပဲ။

သူသည် အဆင့်မြင့်အကြောင်းပြန်လှန်ကတ်နှင့်ရင်းနှီးနေပြီးသားဖြစ်သည်။ ကတ်တိုင်းကို ရက်တစ်ထောင် သက်တမ်းပြန်လှန်ရန် စောဒက တက်စရာမရှိပေ။

ဒီတောက်ပကျောက်တုံးက ဘာလဲ။

သူ၏လက်ရှိဗဟုသုတအရ သာလွန်ကောင်းကင်အဆင့်သည် ကောင်းကင်အဆင့်ထက် တစ်ဆင့် မြင့်၏။ သာလွန်ကောင်းကင်အဆင့်ထက် မည်သည့်အရာက ပိုကောင်းနိုင်မည်နည်း။

လုကျိုးသည် သူနှင့်လျိုကော၏တိုက်ပွဲကို ပြန်တွေးလိုက်၏။ သူသည် လျိုကော၏ သာလွန်ကောင်းကင်အဆင့်လက်နက် အဆင့်မြင့်လေဟာနယ်ကို အမည်မဲ့ဖြင့် ဖျက်ဆီးခဲ့သည်။ ထိုသို့ဆိုလျှင် အမည်မဲ့၏အဆင့်က မည်သည့်အဆင့်နည်း။

သူက လက်ဖဝါးဖြန့်လိုက်ရာ အမည်မဲ့က သူ၏လက်ဖဝါးထဲတွင်ပေါ်လာသည်။

“တောက်ပကျောက်တုံးကို သုံးမယ်”

“တင်း ... အမည်မဲ့၏အဆင့်သည် အသုံးပြုသူ၏သဘောအရ တိုးမြှင့်နိုင်ပါပြီ။ သန့်စင်၍မရနိုင်ပါ။ တောက်ပကျောက်တုံးကို အသုံးပြု၍မရနိုင်ပါ”

“…”

ဒါဆိုရင် ငါ့ကို ဘာလို့ တောက်ပကျောက်တုံး ပေးထားတာလဲ။

ပိုကောင်းတာ မတွေ့သောကြောင့် လုကျိုးသည် သိမ်းထားလိုက်တော့၏။ ပြီးနောက် သူသည် အသုံးပစ္စည်းကတ်စာရင်းကို ကြည့်လိုက်၏။

စနစ်ကို အဆင့်မြှင့်တင်ပြီးနောက် သူသည် အသုံးပစ္စည်းကတ်အသစ်များကို မကြည့်ရသေးပေ။ စနစ်၏အသုံးပြုပိုင်ခွင့်ကို ဖွင့်ပြီးနောက် မည်သည့်ထပ်တိုးမှုများ ရှိနေသနည်း။

လုကျိုးက ဆွဲချလိုက်သည်။ ရုပ်ဖျက်ကတ်နှင့်အသွင်ပြောင်းကတ်များကို ရောင်းချနေသည့်အပြင် ရောင်းချသည့်ကတ်များစွာ မရှိပေ။ မင်း ငါ့ကိုလာနောက်နေတာပဲဖြစ်ရမယ်။ အဆင့်မြှင့်တင်လိုက်တာက ကောင်းကင်ကျမ်းစာ စာလိပ်ကိုပဲ သက်ရောက်မှု‌ ရှိတာလား။

လုကျိုးသည် စနစ်မျက်နှာပြင်ကို ပိတ်လိုက်၏။ သူသည် ရွှေရောင်ကြာပွင့်ကို ချက်ချင်းမဝယ်ခဲ့ပေ။ သူက တာ့ကျင်းနန်းတော်ထဲတွင် ရှိနေတာဖြစ်၏။ ဤနေရာတွင် ပွင့်ချပ်တစ်လွှာပေါက်ခဲ့ပါက ပြဿနာများကို အလွယ်တကူသွေးဆောင်လိမ့်မည်။

ပြီးနောက် လုကျိုးသည် မျက်လုံးမှိတ်လျက်ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်လိုက်သည်။

ထိုစဉ် သူ၏နားနားသို့ခြေသံဖျော့ဖျော့ကြားလိုက်ရ၏။ တစ်ယောက်ယောက်လာနေတာလား။

လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ ထူးခြားအံ့ဖွယ်စွမ်းအားကို ဆက်လက်အသုံးပြုလိုက်သည်။

ခန်းမအပြင်ဖက်ရှိခြေသံက မှန်မှန်လေးလာနေ၏။ ယင်းက သူလျှိုတစ်ယောက်မဟုတ်။

လုကျိုးသည် အကြားစွမ်းအားကိုဖြန့်လိုက်၏။ ထူးခြားအံ့ဖွယ်စွမ်းအားတစ်မျှင်က သူ့နားထဲ ဝေ့ဝိုက်ပြီး ဝင်ရောက်လာသည်။ သူ့စွမ်းအားအကျယ်အဝန်းသည် တာ့ကျင်းနန်းတော်မှ အမြဲစိမ်းနန်းတော်အထိဖြန့်ကျက်သွားပြီး ရပ်တန့်မည့်လက္ခဏာမပြပေ။

မကြာမီ၌ သူသည် တဝီဝီသံကြားလိုက်ရကာ ဖြတ်တောက်ခံလိုက်ရ၏။ လုကျိုးက မျက်လုံးဖွင့်ကာ ရေရွတ်ပြောလိုက်တော့၏။

“အကြားစွမ်းအားရဲ့အကန့်အသတ်ရှိတာလား”

၎င်းစွမ်းအားသည် နန်းတော်၏အကျယ်အဝန်းကို ဖြန့်ကျက်နိုင်ရုံမျှသာရှိသည်။ သာမန်ကျင့်ကြံသူများ တတ်စွမ်းသည်ထက် များစွာသာလွန်နေသေး၏။ သို့သော် ယင်းက ကောင်းကင်ကျမ်းစာစွမ်းအားပဲဖြစ်သည်။ ထိုထက်ပိုပြီးအစွမ်းထက်သင့်သည်မဟုတ်ပါလော။

“စနစ်ရဲ့လုပ်ပိုင်ခွင့်ကို မြှင့်တင်မှ အလားအလာအပြည့်အဝကိုပဲသုံးနိုင်မှာလား”

ထို့အပြင် သူသည် ဤစွမ်းအားသည် သူ၏ထူးခြားအံ့ဖွယ်စွမ်းအားများစွာကို ကုန်ခန်းစေကြောင်း သတိပြုမိသည်။

“မေ့လိုက်တော့ ... ငါ ဆက်လက်ကျင့်ကြံနေရုံပဲ” လုကျိုးသည် ဤစွမ်းအားကို ထပ်သုံးရန်ဆန္ဒမရှိပေ။

ထိုစဉ် ခန်းမအပြင်ဖက်မှ အသံထွက်ပေါ်လာ၏။ “နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း” လုကျိုးက အသံကို ရင်းနှီးနေ၏။

“ဝင်လာခဲ့”

ဝတ်စုံဖြူဝတ်ထားသော ယဲ့ထျန်းရှင်းသည် ခန်းမထဲသို့ဝင်လာသည်။

လုကျိုးက မျက်လုံးဖွင့်လျက် မျက်နှာသေဖြင့်ကြည့်လိုက်သည်။ “ဘာဖြစ်လို့လဲ”

ယဲ့ထျန်းရှင်းက အရိုအသေပေးလျက်ပြောလိုက်သည်။ "တပည့်မေးစရာရှိပါတယ် ရှစ်စွင်း”

“ပြောစေ”

“ကျွန်မ ဒဏ်ရာတွေကုသနေစဉ် အရင်ကထက် အားနည်းသွားတာ ခံစားမိတယ်” ယဲ့ထျန်းရှင်းက ပြောလိုက်၏။ "မင်းရဲ့အသက်ဓာတ်ကို ရွှေရောင်နဂါးစည်းတံဆိပ်က ဖယ်ရှားလိုက်တာ။ ဒီလိုခံစားရတာ သဘာဝပဲ” လုကျိုး၏အဖြေက အတော်လေးပရိယာယ်ပါသည်။ သူ ပွင့်ပွင့်လင်းလင်းပြောရရင် သူမ အသက်ကြီးလာပြီဟု ပြောမိလိမ့်မည်။

ယဲ့ထျန်းရှင်းက မေးလိုက်၏။ “လက်ရှိကျင့်ကြံခြင်းသီအိုရီအရ ကျွန်မက ပွင့်ချပ်တစ်လွှာ တိုးလာတာနဲ့ သက်တမ်းက တိုးမသွားဘူးလား”

“တိုးတယ်” လုကျိုးက ခေါင်းညိတ်လိုက်၏။ “ကျွန်မ ပွင့်ချပ်ကိုးလွှာအဆင့်ရောက်အောင် ကျင့်ကြံနိုင်ရင် အသက်ရှင်နိုင်မှာလား” ယဲ့ထျန်းရှင်းက သူမရှစ်စွင်းကိုမော့ကြည့်လိုက်သည်။ သူမ မေးခွန်းက ရဲတင်းကြောင်း သူမ သိပေ၏။ ၎င်းက ပွင့်ချပ်ကိုးလွှာအဆင့်နှင့်သက်ဆိုင်နေသည်။ သူမ မေးလိုက်သောကြောင့် သင်ကြားပြသပေး၍ရသည့် အရာမဟုတ်ပေ။

လုကျိုးက သူမကို ကြည့်လိုက်သည်။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်၏။

"မင်းအသက်ကို ဆွဲဆန့်လို့ရတယ်။ ပွင့်ချပ်ကိုးလွှာအဆင့်ကိုရောက်ဖို့ နည်းလမ်းတစ်ခု ရှာနေပြီလား”

ယဲ့ထျန်းရှင်းက ဒူးထောက်လျက် စိုးရိမ်ပူပန်စွာမေးလိုက်သည်။ “ဒီလိုအတင့်ရဲတဲ့တောင်းဆိုမှုမျိုး မလုပ်ရဲပါဘူး”

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်လာပြီဆိုတော့ ငါ မင်းရဲ့ဆရာအနေနဲ့ ညွှန်ပြပေးရမှာပဲ။ တပည့်တစ်ယောက်အနေနဲ့ မင်းရဲ့အခန်းကဏ္ဍက မေးဖို့ပဲ။ မင်းရဲ့ဆရာတစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန်က မင်းမေးတာဖြေဖို့။ ဒါမျိုးလုပ်ဖို့မလိုဘူး။ ထလိုက်” လုကျိုးက ပြော၏။

သစ္စာရှိမှု +၁%

“တင်း ... ယဲ့ထျန်းရှင်းကို ညွှန်ပြဆုံးမပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်ငါးရာ”

ယဲ့ထျန်းရှင်းက မော့ကြည့်လျက် ရင်ထဲထိသွားသည်။ “နောက်ပိုင်းမှာ တပည့် အကြပ်ရိုက်နေခဲ့တယ်” ယဲ့ထျန်းရှင်းကပြောလိုက်၏။

“ပြောစေ”

“ကျွန်မရဲ့ရွှေကြာကို ဖြတ်တောက်ဖို့စဉ်းစားနေတာ” ယဲ့ထျန်းရှင်းကထိတ်ထိတ်လန့်လန့် ပြောလိုက်၏။

လုကျိုးက အံ့ဩသွား၏။ ပွင့်ချပ်ရှစ်လွှာအဆင့်အဖို့ ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်းတွေးမိမည်က မလွဲမသွေဖြစ်ပင်သည်။

“မင်းက ပွင့်ချပ်တစ်လွှာအဆင့်ကနေပြန်ကျင့်ရမယ်။ အဲ့လိုလုပ်ဖို့ဆန္ဒရှိလား” လုကျိုးက မေးလိုက်၏။

“အာ့ရှစ်ရှိုးကို ဥပမာယူပြီး ရှစ်စွင်းက အလင်းပြပေးမယ်ဆိုရင်ကြောက်စရာမရှိပါဘူး” ယဲ့ထျန်းရှင်းက ပြန်ပြောလိုက်၏။

လုကျိုးက မုတ်ဆိတ်သပ်ကာပြောလိုက်သည်။ “အဲ့လိုလုပ်ဖို့မလိုဘူး” ယဲ့ထျန်းရှင်းက ဇဝေဇဝါဖြင့်ပြောလိုက်တော့၏။ “ဘာကိုဆိုလိုတာလဲရှစ်စွင်း”

“ချန်ဟွမ်းက ဒဏ္ဍာရီလာသားရဲပဲ။ ရှေးဟောင်းစာအုပ်တွေအရ အဲ့တာကိုစီးနင်းတဲ့သူက နောက်ထပ်နှစ်ပေါင်းနှစ်ထောင် နေထိုင်နိုင်တယ်။ ဒါက ပွင့်ချပ်ကိုးလွှာအဆင့်ဆီ မင်းရဲ့လက်မှတ်ဖြစ်လောက်တယ်” ယဲ့ထျန်းရှင်းသည် ချောက်ကမ်းပါးအတွင်း ဖြစ်ခဲ့သည့်အရာရာကို ပြန်တွေးလိုက်၏။ အမှန်တကယ်ပင် သူမ၏အတွေ့အကြုံအရ ဒဏ္ဍာရီနှင့် ဆန်းကျယ်မှုများပြတ်လပ်ခြင်းမရှိပေ။ သဘောတရားအရ သူမနားမလည်နိုင်သည့် ကိစ္စရပ်များစွာရှိသည်။ သူမ ချန်ဟွမ်းကိုမတွေ့ခင်က ထိုကဲ့သို့ကိစ္စများကို တွေးတောင်မတွေးနိုင်ပေ။

လုကျိုးကပြောလိုက်သည်။ “ရွှေကြာက အသက်ကိုစုပ်ယူတယ်။ ဒါက ကျင့်ကြံခြင်းလောက က သိထားပြီးသားပဲ။ ရွှေကြာကိုဖြတ်တောက်လိုက်မယ်ဆိုရင် ဆပွင့်ချပ်ရှစ်လွှာအဆင့် မဟာအကန့်အသတ်ကိုကျော်ဖြတ်နိုင်မယ်။ ဒါပေမဲ့ အသက်ရှည်ဆုံးလူသားတစ်ယောက်က အရှည်ဆုံးနှစ်ပေါင်းတစ်ထောင်ပဲနေနိုင်မယ်။ ဒါကြောင့် အကန့်အသတ်ကို ဘယ်သူမှမကျော်နိုင်သေးဘူး”

“ကျွန်မ သိပြီ။ ပထမဆုံးပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်အနေနဲ့ ရှစ်စွင်းဖက်ကို ဒါကိုသတ်မှတ်ပြီးသားပဲ” ယဲ့ထျန်းရှင်းက ပြောလိုက်သည်။

လုကျိုးက ချောင်းဟန့်လိုက်၏။ သူသည် ဗဟုသုတရှိသည့်ပမာ ဟန်ဆောင်နေသော်ငြား ကူကယ်ရာမဲ့နေလေ၏။ ရွှေကြာက သက်တမ်းမည်မျှ လိုအပ်နေမှန်း သူ မသိပေ။ ကံကောင်းသည်မှာ ကျင့်ကြံခြင်းလောကသည် ထူးဆန်းသောလမ်းစဉ်နဲ့လျှောက်မသွား။ အကြောင်းမှာ သူသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူဟူသောအမြင်အောက်တွင်ရှိနေသောကြောင့် ဖြစ်၏။ အများစုက ရွှေကြာဖြတ်တောက်ကြသည့်လမ်းကြောင်းကိုသာ လျှောက်လှမ်းကြသည်။

“ဒါပေမဲ့ ချန်ဟွမ်းက လရောင်သစ်သားမြေမှာ နေနေတာ။ အသူရာချောက်ကမ်းပါးထဲမှ သားရဲတွေ များလွန်းတယ်။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူကတောင် အဲ့မှာရှင်သန်ဖို့ခက်ခဲမှာ” ယဲ့ထျန်းရှင်းက သက်ပြင်းချပြီးပြောလိုက်၏။

“ချန်ဟွမ်းက အစတုန်းက သူယောင်မျိုးနွယ်အပိုင် သူ့ရဲ့ဆန်းကျယ်မှုကို မင်း ကိုယ်တိုင်ရှာရမယ်” လုကျိုးက ပြန်ပြောလိုက်သည်။

“သိပါပြီ”

“တင်း ... ယဲ့ထျန်းရှင်းကို ညွှန်ပြဆုံးမပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်ငါးရာ”

လုကျိုးက ခေါင်းညိတ်ပြီးမေးလိုက်၏။

“မင်းရဲ့ ရေလှိုင်းပြာကျင့်စဉ်ကကော ဘယ်လိုလဲ”

ယဲ့ထျန်းရှင်းက ပြောလိုက်သည်။ “အတင့်ရဲပြီးပြောရမယ်ဆိုရင် တပည့်ကို တစ်ခုလောက် သင်ပြပေးနိုင်မလား”

ငါနဲ့လေများတဲ့ပါးစပ်ကတော့ ... လုကျိုးသည်မကြာမီ၌ ထူးကဲစွမ်းအားကိုပြန်ဖြည့်တင်းနိုင်မည် မထင်ခဲ့ပေ။

ထိုစဉ် ကျူးဟုန်ကုန်းက ခန်းမထဲသို့ပြေးဝင်လာလျက်ပြောလိုက်သည်။ "ရှစ်စွင်း ချီရှစ်ရှိုးဆီက စာပါ”

“ဖတ်လိုက်”

ကျူးဟုန်ကုန်းသည် စာကို ကျယ်လောင်စွာဖတ်လိုက်သည်။ “ရှစ်စွင်း အံ့ဖွယ်မြို့တော်ထဲမှာ အရာအားလုံး ချောချောမွေ့မွေ့ဖြစ်နေတာ သေချာပါတယ်။ ရှစ်စွင်းက အံ့ဖွယ်မြို့တော်ကို မြဲမြံစွာ ဆုပ်ကိုင်ထားမယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ ဒါကြောင့် လို့လန်တွေကြား သွေးထိုးပေးခဲ့တယ်။ ကျွန်တော် ဒီမှာကြည့်ရှုပေးနေတာကြောင့် လျန်စီရင်စုကို စိုးရိမ်စရာ မလိုပါဘူး။ ပြီးတော့ အရေးကြီးတဲ့သတင်းတစ်ခုလည်း ရထားတယ်။ တာ့လျန်ရဲ့မင်းဆရာက အသက်ရှင်လျက်ရှိနေသေးပြီး သူက အခု တခြားမျိုးနွယ်တွေမှာ နေနေတာဖြစ်လောက်ပါတယ်”

လုကျိုးသည် ထိုသတင်းကြောင့် မအံ့ဩသွားပေ။ သူသည် ယခင်က တူညီသည့်အတွေး ရှိပြီးသားဖြစ်၏။ သူတို့သာအသက်ရှင်နေလျှင် သူတို့၌ အနီရောင်ကြာပွင့်သဲလွန်စများရှိနေပြီး အနီရောင်ကြာပွင့်နှင့် လော့အမျိုးသမီးကိုဦးတည်မည့် သဲလွန်စများရှိသည်ဟု ဆိုလိုသည်။ ထို့ကြောင့် သူကပြောလိုက်၏။ "ဆက်စုံစမ်းဖို့အတွက် သူ့ကိုပြောလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း” ကျူးဟုန်ကုန်းက အရိုအသေပေးလိုက်၏။ သူက ယဲ့ထျန်းရှင်းကို တချက် ကြည့်ပြီးနောက် ရယ်မောကာပြောလိုက်၏။

“ရှစ်စွင်း ကျွန်တော်မေးစရာရှိပါတယ်”

“သင်ယူဖို့တွေးနေတာကောင်းတယ်” လုကျိုးက ဤအတွက်ရင်းနှီးမြှုပ်နှံထား၏။ ဆိုရလျှင် သူ့တပည့်များကို ကောင်းမွန်စွာ ညွှန်ပြပေးနိုင်လျှင် သူ့ဖာသာသူကျင့်ကြံခြင်းထက် ကုသိုလ်မှတ်ပိုရနိုင်သည်။

“ဘာကြောင့်မှန်းမသိပေမဲ့ တစ်ယောက်ယောက် ကျွန်တော့်နားလိုက်နေတယ်လို့ ခံစားမိနေတယ်”

…

အခန်း (၆၀၈) ကျူးဟုန်ကုန်း၏ လျှို့ဝှက်ချက်

အံ့ဖွယ်မြို့တော်က အခြေကျသွားပြီဖြစ်ရာ တော်ဝင်မြို့တော်တွင် ငြိမ်းချမ်းမှု ပြန်လည်ရောက်ရှိလာသည်။

ကျူးဟုန်ကုန်းနောက်ကို မည်သူကများ လိုက်ရဲမည်နည်း။

လုကျိုးက ပြောလိုက်သည်။ “မင်းနောက်ကို တစ်ယောက်ယောက် လိုက်လာတယ်ဆိုတာ သေချာရဲ့လား”

ဝုန်း

ကျူးဟုန်ကုန်းက ဒူးထောက်လိုက်သည်။ ထို့နောက် သူက ယဲ့ထျန်းရှင်းအား ကြည့်ကာ ရေရွတ်လိုက်၏။ “ရှစ်ကျဲ နည်းနည်းလောက် ဖယ်ပေးပါ့လား။ ကျွန်တော် ဝပ်တွားကန်တော့ဖို့ နေရာနည်းနည်း လိုလို့ ”

ယဲ့ထျန်းရှင်း “ … ”

ကျူးဟုန်ကုန်းက လက်ချောင်းထောင်လိုက်ပြီး “ ရှစ်စွင်း … ဒါကို မသိလောက်ပေမဲ့ ကျွန်တော် ကျားတောင်ရိုးမှာ ရှိတုန်းက ကျွန်တော်ရဲ့ သတိဝီရိယကြောင့် လူသိများတယ် ”

ယဲ့ထျန်းရှင်းက မေးလိုက်သည်။ “သတိဝီရိယတဲ့လား”

“အဲဒါကို အလိုလိုသိစိတ်လို့ပဲ မှတ်ထားလို့ ရပါတယ်။ ဒီရက်ပိုင်း ကျွန်တော့်နောက်ကို တစ်ယောက်ယောက် လိုက်နေသလိုမျိုး ခံစားချက်ရနေတယ်။ အဲဒီနောက် တစ်ခုခု လွဲနေတယ်ဆိုတာ သတိထားမိတာပဲ။ ကျွန်တော်နောက်လိုက်တဲ့သူက အဝေးကနေ အမြဲတမ်း စောင့်ကြည့်နေတယ်။ ရှစ်စွင်း … အစွန်းရောက်သူတွေက ထူးထူးဆန်းဆန်း အရာတွေ လုပ်တယ်လို့ ကြားထားတယ်။ ကျွန်တော် အဲဒါကို ဖြေရှင်းရမလဲ”

လုကျိုးနှင့် ယဲ့ထျန်းရှင်းတို့က ဆွံ့အသွားကြသည်။

ယဲ့ထျန်းရှင်းက လေထုသည် နေရခက်လာကြောင်း ခံစားမိ၍ မြန်မြန် ဦးညွှတ်ကာ “ ရှစ်စွင်း ကျွန်မ သွားလိုက်ပါဦးမယ် ”

“ကောင်းပြီ“ ယဲ့ထျန်းရှင်း ထွက်သွားပြီးသည့်နောက် လုကျိုးက ဒူးထောက်နေသည့် ကျူးဟုန်ကုန်းအား ကြည့်ကာ မေးလိုက်သည် “အံဖွယ်မြို့တော်မှာလား၊ တော်ဝင်မြို့တော်မှာ ဖြစ်ခဲ့တာလား”

“တစ်ခါတစ်လေ အံ့ဖွယ်မြို့တော်ထဲမှာ။ တစ်ခါတစ်လေကျ နန်းတော်ထဲမှာ ” ကျူးဟုန်ကုန်းက ပြန်ဖြေလိုက်သည်။

“ ဒီနေ့ည မင်း ငါ့နား နေခဲ့လိုက်” လုကျိုးက ပြောလိုက်သည်။

“ဟမ်” ကျူးဟုန်ကုန်းက အနည်းငယ် အံ့အားသင့်သွားသည်။ သူက ရှစ်စွင်းသည် သူ့ကို ချီးကျူးကာ မမောက်မာဘဲ ဆက်လက် ကြိုးစားဖို့ မှာလိမ့်မည်ဟု ထင်ထားခဲ့သည်။

“ပြဿနာရှိလို့လား” လုကျိုးက ကျူးဟုန်ကုန်းအား ကြည့်လိုက်သည်။

“မရှိ … မရှိပါဘူး။ ရှစ်စွင်း ကျေးဇူးပါ” ကျူးဟုန်ကုန်းက စိတ်ထဲတွင် ငိုနေမိသည်။

လုကျိုးက အခင်းကို လက်ညိုးထိုးပြကာ “ ဒီမှာ မင်း ငါနဲ့အတူတူ ကျင့်ကြံ ”

“ … ” ကျူးဟုန်ကုန်းက ငိုချင်နေလေပြီ။ သူက သူ့ရှစ်စွင်းဘေးနား ဝင်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။

လုကျိုးက ကျူးဟုန်ကုန်းအား မျက်လုံးထောင့်မှ ကြည့်လိုက်သည်။ သူက ဆုံးမလိုက်၏။ “ ကျောကို မတ်မတ်ထား .. အသက်မှန်မှန်ရှုပြီး စိတ်ထဲ အာရုံစိုက်ထား ”

“ဟုတ်“ ကျူးဟုန်ကုန်းက ကျောတွင် တုတ်ချောင်း အချည်ခံလိုက်ရသလိုမျိုုး ကျောမတ်မတ်ထားလိုက်သည်။ ထိုစဉ် သူက ပြောလိုက်၏ “အာ ရှစ်စွင်း … ကျွန်တော် အဲဒီလူနဲ့ ပတ်သက်ပြီးဘာမှစိုးရိမ်စရာ မလိုဘူးလို့ ရုတ်တရက် ခံစားမိလိုက်တယ်။ ကျွန်တော်ဘာသာ ရင်ဆိုင်နိုင်မယ် ထင်တယ်”

လုကျိုးက မျက်လုံးဖွင့်မလာပေ။ သူက ခက်ထန်စွာ ပြောလိုက်၏ “ ရိုင်းပျလိုက်တာ ”

“ …” ကျူးဟုန်ကုန်းက တုန်ယင်သွားပြီး ဆက်လက်မပြောရဲတော့သလို မလှုပ်ရဲတော့ပေ။

“တင်း … ကျူးဟုန်ကုန်းကို ဆုံးမခဲ့တဲ့အတွက် ကုသိုလ်ရမှတ် နှစ်ရာရရှိပါတယ် ”

…………..…

ညအခါ ကျရောက်လာလေပြီ။

လုကျိုးက လှုပ်ရှားခြင်း မရှိဘဲ ဆက်လက် တရားထိုင်နေသည်။

ကျူးဟုန်ကုန်းက အခင်းပေါ် ထိုင်နေရင်း နေမထိထိုင်မသာ ဖြစ်နေသည်။ သူက မသက်မသာ ခံစားနေရ၏။ ညနက်လာသည့်အခါ သူက အိပ်ပျော်သွားလေသည်။

လုကျိုးက မျက်လုံးဖွင့်လာပြီး ကျူးဟုန်ကုန်းအား ကြည့်လိုက်သည်။ သူက ခေါင်းခါလိုက်ပြီးနောက် ကျူးဟုန်ကုန်းကို အာရုံစိုက်ခြင်း မရှိတော့ပေ။ ထို့နောက် သူက ပြန်လည် တရားထိုင်လိုက်သည်။

ညတစ်ညတာ ကုန်ဆုံးသွားသည့်နောက် လုကျိုးက ကျူးဟုန်ကုန်းအနား ချဉ်းကပ်လာသည့်သူကို မခံစားမိပေ။

မနက်ရောက်လာသည့်အခါ လုကျိုးက မျက်လုံးဖွင့်လိုက်၏။ သူက ထူးခြားအံ့ဖွယ် စွမ်းအား ပိုရရှိနေလေပြီ။ သူက ဘေးဘက်ကို ကြည့်လိုက်၏။

ကျူးဟုန်ကုန်းက ခွေးသေတစ်ကောင်လိုမျိုး အိပ်ပျော်နေသည်။ သူ့ဟောက်သံက နားကွဲလုမတတ် ကျယ်လောင်နေပြီး သွားရည်များပင် စီးကျနေသည်။

လုကျိုးက အတော်လေး ဒေါသထွက်သွားမိသည်။

မိစ္ဆာဝေဟင်မျှော်နန်း တပည့်တစ်ယောက်က ရှေ့ဆောင်လမ်းပြ ဖြစ်သင့်တာ မဟုတ်ဘူးလား …

“ငမိုက်သား”

“ဟမ်” ကျူးဟုန်ကုန်းက လန့်နိုးသွားသည်။ သူက သွားရည်ကို အမြန်အဆန် သုတ်လိုက်ပြီး “ရှစ်စွင်း မင်္ဂလာမနက်ခင်းလေးပါ ”

“မင်းက ကျင့်ကြံဖို့ စိတ်မဝင်စားမှတော့ အံ့ဖွယ်မြို့တော်ထဲ လိုက်လံစစ်ဆေးလိုက် … တကယ်လို့ တခြားမျိုးနွယ် သူလျိုနဲ့ တွေ့ခဲ့ရင် အမေးအမြန်းမရှိ သတ်နိုင်တယ် ”

ကျူးဟုန်ကုန်းက ပျော်သွားလေသည်။

“ ရှစ်စွင်း အကြံကောင်းပါပဲ။ ကျွန်တော် ဒီတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ် ”

ထိုသို့ပြောလိုက်ပြီးနောက် လုကျိုးက လက်ဝေ့ကာ ခန်းမဆောင်မှ ကျူးဟုန်ကုန်းနှင့်အတူ ထွက်လာလိုက်သည်။ သူက ကျူးဟုန်ကုန်း၏ ကော်လံပေါ်မှ အမှတ်အသားကို မြင်လိုက်ရသည်။

ထိုအမှတ်အသားက ခဏတာ တောက်ပလာသော်လည်း ချက်ချင်းဆိုသလို ပြန်လည် မှေးမှိန်သွားသည်။ သာမန်အမှတ်အသားများက လူအပေါ် တိုက်ရိုက်ထားနိုင်လေသည်။ ထိုအရာကို သတိပြုမိပြီး ဖယ်ရှားဖို့ လွယ်ကူလှသည်။ နမူနာအနေနှင့် အဇဋာအကျော်အမော်များ ဂိုဏ်းမှ အသုံးပြုသည့် အဆင့်မြင့် အမှတ်အသားများက ပစ်မှတ်အပေါ် ဖုံးကွယ်ထားနိုင်သည်။ ထိုအရာကို သိသွားဖို့ ဖြစ်နိုင်ခြေမြင့်မားလေသည်။ သို့သော် ပစ်မှတ်၏ အဝတ်အစားပေါ် အမှတ်အသား ထားလိုက်သည့် အရည်အချင်းက အံ့လောက်ဖွယ် ဖြစ်၏။ အနည်းဆုံးတော့ အမှတ်အသား ထားရှိသူသည် ပစ်မှတ်နှင့် နီးကပ်နေပြီး ရေးထွင်းခဲ့ရမည်။ သာမန် ကျင့်ကြံသူများက ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဤသည်က သာမန် တာ့ယန်ကျင့်ကြံသူများ ကျွမ်းကျင်ထားသည့် အမှတ်အသားနှင့် မတူပေ။

“ ရှစ်စွင်း အဲဆို ကျွန်တော် သွားလိုက်ပါဦးမယ်” ကျူးဟုန်ကုန်းက ဦးညွှတ်လိုက်သည်။

“ခဏနေဦး” လုကျိုးက ကျူးဟုန်ကုန်းရှေ့ရပ်ကာ ကော်လံကို ပုတ်လိုက်သည်။ နောက်ထပ် အမှတ်အသားတစ်ခု ပေါ်ထွက်လာ၏။

“သွားတော့”

ကျူးဟုန်ကုန်း။ ။ သစ္စာရှိမှု + ၂ ရာခိုင်နှုန်း

ဝိုး … ရှစ်စွင်းက အရင်ကထက် ပိုဂရုစိုက်လာတာပဲ …

“ကျွန်တော် သွားလိုက်ပါဦးမယ် ”

ကျူးဟုန်ကုန်းက တော်ဝင်မြို့တော်မှ ထွက်လာပြီးသည့်နောက် လုကျိုးက ခဏတာ စောင့်ဆိုင်းပြီးမှ ကျူးဟုန်ကုန်းနောက် လိုက်လာခဲ့လိုက်သည်။‌ တော်ဝင်အစောင့်တပ်များနှင့် နန်းတော်၏ လက်ရွေးစင်များက သူ့အား မတားကြပေ။

လုကျိုးက တော်ဝင်မြို့တော် အပြင်ဘက် ရောက်သွားသည့်အခါ လက်ဝေ့လိုက်သည်။ သူ့လက်ထဲ အသွင်ပြောင်းကတ် ပေါ်ထွက်လာ၏။ သူက ချက်ချင်း အသုံးပြုလိုက်သည်။ သူက အရည်ပြားပေါ် တွားသွားနေသည့် ခံစားချက်မျိုးကို ခံစားလိုက်ရ၏။ ခဏအကြာတွင် ထိုအာရုံခံစားမှုက ပျောက်ကွယ်သွားသည်။

လုကျိုးက လက်မြောက်ကာ မျက်နှာအိုကြီးကို ထိတွေ့လိုက်သည်။ ယခုမူ ချောမွေ့သွားပြီ ဖြစ်၏။ လုံးဝ ပြောင်းလဲပစ်လိုက်သလိုမျိုး ဖြစ်၏။ သူက အသက်အရွယ် ကြီးရင့်နေဆဲ ဖြစ်သော်လည်း သူ့ဆံပင်များက ပိုမည်းနက်လာသည်။

အသွင်ပြောင်းကတ်က ငါ့ရုပ်ကို ငါ့သက်တမ်း နောက်ပြန်ဆုတ်လိုက်တဲ့ ရက်ပေါ် မူတည်ပြီး ပြောင်းပေးတာပဲ …

လုကျိုးက ကူးပြောင်းမလာခင် အမျိုးသားငယ်တစ်ဦး ဖြစ်၏။ သူက ငယ်ရွယ်ခြင်းကို မတောင့်တဘူးဟု ပြောနေလျှင် လိမ်ညာနေသည်သာ ဖြစ်လိမ့်မည်။ သူက အကြောင်းပြန်လှန်ကတ် အလုံအလောက် မရှိသေးပေ။ တစ်ရက်တွင် သူက လူငယ်လေး ပြန်ဖြစ်လာနိုင်၏။ အလျှင်စလို ဖြစ်ဖို့ မလိုပေ။ သို့သော်လည်း သူက အသွင်ပြောင်းကတ်သည် ယာယီ လူငယ်ပုံစံ မပေးနိုင်သည့်အချက်ကိုမူ နည်းနည်း လက်မခံချင်သလို ဖြစ်မိသည်။ သို့သော် ထိုကိစ္စရပ်အပေါ် အာရုံစိုက်ရမည့် အချိန် မဟုတ်သေးပေ။

လုကျိုးက အံ့ဖွယ်မြို့တော် လမ်းမအထက် အေးအေးလူလူ လမ်းလျှောက်လာနေသည်။ သူက ကျူးဟုန်ကုန်းပေါ်ရှိ အမှတ်အသားသည် အကောင်းတိုင်း ရှိနေဆဲ ဖြစ်ကြောင်း အာရုံခံစားမိလိုက်၏။

အံ့ဖွယ်မြို့တော်ကို အလျှင်အမြန် ပြန်လည်တည်ဆောက်ထားသည် ဖြစ်ရာ ရက်ပိုင်းလေးဖြင့် အပျက်အစီးများကို ပြန်လည်ပြုပြင်ပြီးသွားလေပြီ။

ကျင့်ကြံသူများစွာက အလုပ်ရှုပ်နေကြ၏။

အံ့ဖွယ်မြို့တော် ပြန်လည်တည်ဆောက်နေစဉ်အတွင်း ကျင့်ကြံသူများကို ပျံသန်းခွင့်ပြုထားသည့် ဟွားချုံးယန်၏ စီမံမှုက အံ့ဖွယ်မြို့တော်အား ပိုမိုအသက်ဝင်နေစေသည်။

ထိုအရာက လုကျိုးအား မွေးရပ်မြေကို အမှတ်ရသွားစေ၏။ လူများစွာက အလုပ်ကြိုးစားလွန်းပြီး ဉာဏ်ကောင်းကြသည့်အတွက် သူ့မွေးရပ်မြေကို စုပေါင်းဧရာမမြေဟု ခေါ်ဝေါ်ကြသည်။

ခဏအကြာတွင် လုကျိုးက သူ့အမှတ်အသားသည် အနီးအနား ရောက်နေပြီဖြစ်ကြောင်း အာရုံခံလိုက်မိ၍ အရှိန်မြင့်လိုက်သည်။ နောက်ဆုံးတွင် သူက လမ်းမအထက် ပျင်းပျင်းရိရိဖြင့် လက်ယားလက်ယား လုပ်နေသည့် ကျူးဟုန်ကုန်းကို မြင်လိုက်ရသည်။

လုကျိုးက လောင်ပါ့၏ သဘောထားကို နားလည်လေသည်။ သူက စိတ်ထဲ မထားပေ။ သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ် နောက်ယောင်ခံသူ ဘယ်မှာလဲဟု လိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ကျူးဟုန်ကုန်းနောက် ဆက်လိုက်လိုက်၏။

သဘောတရားအရ အံ့ဖွယ်မြို့တော်သည် စီရင်စုကိုးခုရှိ ပိုင်နက်တစ်ခုစာလောက် အလွန်ကြီးမားလေသည်။ အတော်ကြာ လျှောက်လှမ်းပြီးသည့်နောက်တွင် သူက အံ့ဖွယ်မြို့တော်၏ လူပြတ်သည့် နေရာကို ဖြတ်လာရသည်။ သို့သော် နောက်ယောင်ခံသူ၏ အရိပ်အယောင် မမြင်ရသေးပေ။

ငါ အတွေးလွန်နေတာများလား … အဲဒီအမှတ်အသားက …

လုကျိုးက အတွေးနက်နေစဉ် ခါးကိုင်းနေသည့် လူလတ်အရွယ် အမျိုးသားတစ်ဦးက ကျူးဟုန်ကုန်းရှေ့ ပိတ်ရပ်လာသည်။

ကျူးဟုန်ကုန်းက မျက်မှောင်ကြုတ်ကာ “ငါ့လမ်းကနေ ဖယ်စမ်း”

လူလတ်အရွယ် အမျိုးသားက ပြောလာသည် “ကျုပ်နောက်ကို လိုက်ခဲ့တာ ကောင်းလိမ့်မယ် ”

ကျူးဟုန်ကုန်းက ရှေ့ခုန်လိုက်ကာ “အာ … မင်းက ငါ့နောက်ကို နောက်ယောင်ခံနေတဲ့သူပဲ ဖြစ်လိမ့်မယ်”

“ကျုပ်ဆီ ရွေးချယ်စရာ မရှိဘူး။ အံ့ဖွယ်မြို့တော်ထဲ လူတွေများလွန်းတယ်။ ကျုပ် ဒီလိုနည်းလမ်းမျိုး ထုတ်သုံးရတာပဲ ”

“မင်းက ငါ့နောက်ကို လိုက်နေတာ အတော်ကြာပြီဆိုတော့ ငါ ဘယ်သူလဲဆိုတာ သိတယ်မလား”ကျူးဟုန်ကုန်းက ရင်ဘတ်ကော့လိုက်သည် “တကယ်လို့ မင်းမသိသေးရင် ငါ ပြောလိုက်တာနဲ့ မင်းသေလောက်အောင် လန့်သွားလိမ့်မယ် ”

“…”

“ငါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရှစ်ယောက်မြောက် တပည့် ကျူးဟုန်ကုန်းပဲ။ အခု ကြောက်နေပြီလား။ ဒူးထောက်ပြီး သက်ညှာပေးဖို့ တောင်းဆိုလိုက်စမ်း။ ငါ မင်းကို ခွင့်လွှတ်ပေးကောင်း ခွင့်လွတ်ပေးမှာပေါ့ … မင်းလိုမျိုး အစွန်းရောက် ယုံကြည်သူတွေကို နားလည်ပါတယ်” ကျူးဟုန်ကုန်းက ပြောလိုက်သည်။

လူလတ်အရွယ် အမျိုးသားက ကျူးဟုန်ကုန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ ကြည့်ရသည်မှာ ထိုအမျိုးသားက အနည်းငယ် တုံးအနေဟန်ပေါ်သည်။ “ကျုပ် အားနာပါတယ်။ ကျုပ်နဲ့ လိုက်လာဖို့ လိုတယ်။ ဆရာကို တွေ့လိုက်တာနဲ့ တန်းနားလည်သွားပါ့လိမ့်မယ် ”

“ဟမ် မင်းက မကြောက်ဘူးလား ”

လူလတ်အရွယ် အမျိုးသားက ရုတ်ခြည်းဆိုသလို မမြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့် တိုက်ခိုက်လာသည်။ သူ့လက်ချောင်းနှစ်ချောင်းကြား စွမ်းအားအရိပ်အယောင်ကို မြင်တွေ့နေရသည်။ သူက အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ကျူးဟုန်ကုန်းက သူ့အတွက် ပြိုင်ဘက် မဟုတ်ပေ။

လုကျိုးက အသက်အောင့်ကာ သူ့အရှိန်အဝါကို ဖုံးကွယ်ထားလိုက်သည်။

လူလတ်အရွယ် အမျိုးသားက သူ့တိုက်ကွက် ကျရောက်တော့မည့်ဆဲဆဲတွင် ကျူးဟုန်ကုန်းက ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုးကို ရုတ်ခြည်း ထုတ်သုံးလာသည်။

ဝုန်း

လူလတ်အရွယ် အမျိုးသားက သက်ရောက်မှုကြောင့် နောက်သုံးလှမ်း ဆုတ်လိုက်ရသည်။ သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ဖြစ်ပေါ်လာ၏။

“ဟမ်” ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုး ထုတ်သုံးလိုက်သည့်အခါ အင်အားက အဆင်ပြေလေသည်။ လုကျိုးက ထိုငပျင်းတွင် ဒီလိုအရည်အချင်းမျိုး ရှိလိမ့်မည်ဟု မထင်ထားမိပေ။

ကျူးဟုန်ကုန်းက လူလတ်အရွယ် အမျိုးသားအား စိုက်ကြည့်ကာ “ ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတယ်ပေါ့”

လူလတ်အရွယ် အမျိုးသားက နောက်ထပ် မလှုပ်ရှားလာတော့ပေ။ အကယ်၍ တိုက်ပွဲသာ ဆက်ဖြစ်နေလျှင် လူအများ၏ အာရုံကို ဆွဲယူဖမ်းစားလိုက်မည် ဖြစ်ကြောင်း နားလည်ထား၏။ သူက လက်ကို အောက်ချကာ “ကျုပ် မရည်ရွယ်ပါဘူး … ဆရာနဲ့ တွေ့စေချင်ရုံလေးပါ ”

“ ငါလည်း အလုပ်များနေတယ်”

“ အဋ္ဌမသခင်လေး ကျုပ်နဲ့ မလိုက်ဘူးလား ”

“ ခင်ဗျား ဒီလိုဆက်ပြောနေရင် လှမ်းအော်လိုက်တော့မယ်”

ဝှစ်

ထိုစဉ် လုကျိုးက လျှပ်စီးလို အရှိန်ဖြင့် ရှေ့တိုးလာသည်။

…

အခန်း (၆၀၉) ကျူးဟုန်ကုန်းကိုသတ်ရန် ရည်ရွယ်နေသော ဆန်းကြယ်သည့်သူ

မျက်စိတစ်မှိတ်အတွင်း လုကျိုးသည် ကျူးဟုန်ကုန်းနှင့် လူရွယ်ကြားသို့ ရောက်သွား၏။ သူက အပြာရောင်အလင်းဖြင့်တောက်နေသော လက်ဝါးကိုရိုက်ထုတ်လိုက်သည်။ သူ၏လက်ဝါးက ထိတ်လန့်ဖွယ်ကောင်းလောက်အောင်ပင် လူရွယ်ကို ချိန်ရွယ်နေတာ မဟုတ် ကျူးဟုန်ကုန်းကို ချိန်ရွယ်နေတာဖြစ်သည်။

ဘန်း

ကျူးဟုန်ကုန်းသည် သူ၏ကမ္ဘာကြီး ပြောင်းပြန်လည်သွားသည့်ပမာ ချက်ချင်းခံစားလိုက်ရသည်။ သူသည် ရုပ်ဖျက်ထားသော လုကျိုးကို ကြည့်ပြီး ပြောလိုက်၏။ "ချုံ ချုံခိုတိုက်ခိုက်တာ။ မင်း မင်းတော့သေပြီပဲ။ ငါ့ရှစ်စွင်းကလွယ် လွယ်တဲ့သူ မဟုတ်ဘူး”

“…”

လုကျိုးသည် ကျူးဟုန်ကုန်းကို ပိုအားပြင်းပြင်းရိုက်သင့်သည်ဟု ရုတ်တရက်ခံစားမိလိုက်၏။

ထိုစကားများကို ပြောပြီးနောက် ကျူးဟုန်ကုန်းသည် မျက်ဆန်လည်ကာ နောက်စေ့ဖြင့် မြေပြင်ပေါ် ကျသွားတော့သည်။

လုကျိုးက ကျူးဟုန်ကုန်းဘေးတွင် ရပ်နေ၏။ သူကလမ်း၏အနေအထားကို လေ့လာပြီး ပြောလိုက်သည်။ “အခု ဒီနေရာမှာ ဘယ်သူမှမရှိတော့ဘူး။ မင်းရဲ့သခင်ဆီ ငါ့ကို ခေါ်သွားပေး”

ယင်းက ကျူးဟုန်ကုန်းကို လုကျိုး ရိုက်လိုက်ရသည့်အကြောင်းရင်းပဲဖြစ်သည်။

ကျူးဟုန်ကုန်းသည် သူ၏ခွန်အားကို အမှန်တကယ်ဖုံးကွယ်ထားလျှင် ဤလူရွယ်သည် သူ့ကို ရိုက်ချနိုင်မှာ မဟုတ်။ သို့သော် လူရွယ်၏စကားအရ သူ့၌ တစ်စုံတစ်ယောက်၏ ပံ့ပိုးမှု ရှိနေသည်။ လုကျိုးက လူရွယ်ကို တိုက်ခိုက်ခဲ့ပါက သူ့ကို သတိပေးလိုက်မိရုံသာ ရှိမည်။ ထိုအချိန်ကျ လူရွယ်သည် သူ့နောက်ရှိသူကို ထုတ်မပြလောက်ပေ။

ထို့အပြင် လူရွယ်သည် ကျူးဟုန်ကုန်းကို သတ်ဖြတ်ရန် ရည်ရွယ်နေတာမဟုတ်ဟု လုကျိုး ခံစားမိ၏။

လူရွယ်က နောက်တစ်လှမ်းဆုတ်ကာ မေးလိုက်တော့သည်။ “ခင်ဗျားက ...”

“ကျုပ်ရဲ့မျိုးရိုးက လု” လုကျိုးက ရိုးသားစွာဖြေလိုက်သည်။ ငါ့ထက်ပိုပြီး ရိုးသားတဲ့သူ ရှိသေးရဲ့ လား။

“ကူညီပေးတာ ကျေးဇူးတင်ပါတယ် ဆရာကြီးလု။ သူ့ကိုကျုပ်ဆီ ကျေးဇူးပြုပြီး ထားခဲ့ပေးပါဆရာကြီးလု” လူရွယ်ကပြောလိုက်၏။

“သူ့ကို မင်းဆီထားခဲ့နိုင်တယ်။ ဒါပေမဲ့ မေးစရာမေးခွန်းတချို့ ရှိတယ်” လုကျိုးသည် ကွေ့ဝိုက်မနေဘဲပြောလိုက်၏။

“ကြားပါရစေ ဆရာကြီးလု”

“မင်းရဲ့နာမည်က ဘာလဲ”

“ကျန့်ဖူ”

“သူ့ကို ဘာကြောင့်ခေါ်သွားချင်တာလဲ” လုကျိုးက မေးလိုက်၏။

“ဆရာကြီးလု ကျုပ်ကို နားလည်မှုလွဲနေတာပဲဖြစ်ရမယ်။ ကျုပ်တို့က အချိန်အတော်ကြာပြီးမှ ပြန်တွေ့ကြတဲ့မိတ်ဆွေဟောင်းတွေ ဒါပါပဲ” ကျန့်ဖူက ပြော၏။

“ဒါသာ မင်းအဖြေဆိုရင် မင်းကို ခေါ်သွားခွင့်မပေးနိုင်မှာ စိုးရိမ်မိပါရဲ့။ သူ့ကိုသတ်ပြီးမှ ငါတို့ဘာသာ စာရင်းရှင်းရအောင်လား”

“…”

ထိုစဉ် ကျူးဟုန်ကုန်းက တစ်ဖက်သို့မှောက်သွားပြီး ကောင်းကင်ကို လက်ညှိုးထိုးလိုက်၏။ သူက ဝေဝါးဝါး ပြောလိုက်သည်။ “ဘယ် ဘယ်သူပဲဖြစ်ဖြစ် ငါ့အပေါ်လက်တစ်ချောင်းတင်ရဲရင် ငါ့ရဲ့ရှစ်စွင်း ... ငါ့ရဲ့ရှစ်စွင်းက လွယ် လွယ်ကူတဲ့သူမဟုတ်ဘူး”

ဘန်း

လုကျိုးသည် ကျူးဟုန်ကုန်းကို ကန်လိုက်၏။ မျိုးမစစ်လေး ငါ့နောက်ကွယ်မှာ ဒါ မင်းစကားပြောတဲ့ပုံလား။

“မလုပ်...” ကျန့်ဖူက လှမ်းအော်လိုက်၏။ သူက အမြန်လက်ဖြန့်ကာပြောလိုက်၏။ "သူ့ကို မသတ်နဲ့။ ကျုပ်တို့စကားနဲ့ပြောလို့ရတယ်”

“…”

“ဆရာကြီးလု သူ့ကိုဘာကြောင့်ထိန်းထားမှာလဲ။ မိစ္ဆာဝေဟင်မျှော်နန်းက ခင်ဗျားကို လာရှာမှာ မကြောက်ဘူးလား။ ဒါ့အပြင် ဒီနေရာက အံ့ဖွယ်မြို့တော်နော်။ ရုတ်ရုတ်သဲသဲဖြစ်ရပ်က ငရဲဂိုဏ်းရဲ့အာရုံစိုက်မှုကို ရမှာကျိန်းသေတယ်” ကျန့်ဖူက ဆက်ပြောလိုက်၏။

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကိုကြောက်လား” လုကျိုးကမေးလိုက်သည်။

“ကြောက်တာမဟုတ်ပါဘူး။ ဒါပေမဲ့လေးစားတာပါ” ကျန့်ဖူက ပြော၏။ “ဒီလိုလုပ်ရအောင်။ သူ့ကို ခင်ဗျားနဲ့အတူခေါ်လာလို့ရတယ်။ ကျုပ်ရဲ့ဆရာနဲ့တွေ့တာနဲ့အားလုံးရှင်းသွားလိမ့်မယ်"

ဒါ ငါလိုချင်တဲ့အရာပဲလေ...

လုကျိုးက တည်ငြိမ်စွာပြန်ပြောလိုက်သည်။ "ကောင်းပြီလေ ... လမ်းပြ”

အံ့ဖွယ်မြို့တော်ထဲရှိ ဝေးလံသောခြံဝန်းတစ်ခုထဲတွင်ဖြစ်သည်။

“ဒီလမ်းပါ” ကျန့်ဖူသည် လုကျိုးနှင့် သတိလစ်နေသော ကျူးဟုန်ကုန်းကို ခြံဝန်းထဲသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

သူတို့ခြံဝန်းထဲ၌ ရောက်သည်နှင့် လူငယ်အချို့ကပေါ်လာပြီး သူတို့ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

လုကျိုးက သူတို့ကို စေ့စေ့ကြည့်ပြီးနောက် ကျူးဟုန်ကုန်းကို မြေပြင်ပေါ်ချလိုက်၏။

ကျန့်ဖူသည် သူ့ဆရာ၏အခန်းဖက်အရိုအသေပေးလိုက်သည်။

“မြင့်မြတ်သောဆရာ ... သူ့ကို ဒီခေါ်လာပါပြီ”

“သိပ်ကောင်းတယ်”

အင်အားကုန်ခန်းပြီး အိုမင်းရင့်ရော်နေသောအသံတစ်သံက အခန်းထဲကနေပေါ်ထွက်လာ၏။

ကျွီ...

တံခါးပွင့်သွား၏။

လုကျိုးက လက်နောက်ပစ်လျက် မတ်တတ်ရပ်နေသည်။ ကျူးဟုန်ကုန်းကို နောက်ယောင်ခံနေသည့် သူက မည်သူနည်း။ တာ့ယန်၏ မင်းဆရာပေလော။ သို့တည်းမဟုတ် မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခိုက်ရန် အခွင့်အရေးစောင့်နေကြသော ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်းမှ လူတွေလော။ သို့တည်း မဟုတ် ကျူးဟုန်ကုန်းပြောသည့်အတိုင်း နောက်ယောင်ခံလိုက်နေသည့်သူသည် အစွန်းရောက်သည့် ပရိသတ်ဖြစ်လောက်၏။

အခန်းထဲမှ ထွက်လာသောသူသည် ဆံပင်ဖြူများဖြင့် ခါးအနည်းငယ်ကိုင်းနေသော အဘိုးအိုတစ်ယောက် ဖြစ်၏။

လုကျိုးသည် ထိုလူကို မြင်သောအခါ သူ၏မျက်လုံးများ တောက်ပသွားသည်။

ဒီတော့ မင်းကိုး ... စဉ်းစားကြည့်တော့ သူနဲ့ ကျိထျန်းတောက်ရဲ့ဆက်ဆံရေးက အတော်လေး နက်ရှိုင်းတာပဲ။

ထိုအဘိုးအိုသည် အနားယူခဲ့တာ ကြာပြီဖြစ်သော ရှေးဟောင်းသူတော်စင်ဂိုဏ်း၏ မြင့်မြတ်သောဆရာ ကျူးထျန်းယွမ်ပဲဖြစ်သည်။

သို့သော် ယခုက အောက်မေ့တမ်းတရမည့်အချိန်မဟုတ်။ လုကျိုးသည် ထိုအဘိုးအို ဘာကို ရည်ရွယ်နေမှန်း မြင်တွေ့ရန်အတွက် ကျူးထျန်းယွမ်ကို မမှတ်မိသည့်ပမာ ပြုမူရမည်။

“သက်တော်ရာကျော်ရှည်ပါစေ။ မြင့်မြတ်သော ဆရာ”

အခန်းအပြင်ဖက်ရှိလူတိုင်းက အရိုအသေပေးလိုက်၏။

ကျန့်ဖူက မိတ်ဆက်လိုက်သည်။ "မြင့်မြတ်သောဆရာ ဒါက ဆရာကြီးလုပါ။ သူ့ရဲ့အကူအညီနဲ့ သခင်လေးကို သတိလစ်အောင်လုပ်ပြီး ပြန်ခေါ်လာနိုင်ခဲ့ပါတယ်” သူ့ကို မိတ်ဆက်သည့်ပုံက မှားယွင်းတာမရှိ။

လုကျိုးကခေါင်းညိတ်လိုက်၏။

မြင့်မြတ်သောဆရာကျူးထျန်းယွမ်က ကြမ်းပြင်ပေါ်၌ ဝက်ဝံအသေကောင်ပမာ လဲနေသော ကျူးဟုန်ကုန်းကိုကြည့်လိုက်၏။ သူ မျက်မှောင်ကျုံ့ကာပြောလိုက်၏။

“သူလိုဆရာ တစ်ယောက် ရှိနေတာက ဘာမှကောင်းတာ ဖြစ်လာမှာမဟုတ်မှန်း သိသာနေတာပဲ။ သူ့ကို ကြည့်လေ လက်ခံနိုင်စရာမရှိဘူး။ သူက ရှေးဟောင်းသူတော်စဉ်ဂိုဏ်းရဲ့ ဆရာတစ်ယောက်နဲ့ လုံးဝမတူဘူး” ကျူးဟုန်ကုန်းကို ဝေဖန်ပြီးနောက် လုကျိုးဘက်လှည့်ကာ ဇဝေဇဝါမေးလိုက်၏။

“ခင်ဗျား မကြောက်ဘူးလား မလန့်ဘူးလား”

“ကျုပ်က ဘာကြောင့် ကြောက်ရ လန့်ရမှာလဲ” လုကျိုးက ပြန်ပြောလိုက်သည်။

သူက လုကျိုးကိုအကဲဖြတ်လိုက်၏။ သူက ခေါင်းညိတ်လိုက်သည်။ “စိတ်ဝင်စားစရာ ကောင်းတာပဲ”

ကျန့်ဖူက ပြောသည်။

“ဆရာကြီးလု အမှန်အတိုင်းပြောရရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဋ္ဌမသခင်လေးက မြင့်မြတ်သောဆရာရဲ့သားပဲ”

ငါ မသိတာပြောစမ်းပါ။ သူ့ကို တွေ့တည်းက သိလိုက်သားပဲ။ ထိုသို့တွေးနေသော်ငြား လုကျိုးကပြောလိုက်၏။ “ကျုပ်သိပြီ”

“ဒါကြောင့် သူ့ကို ခင်ဗျားသတ်လို့မရဘူး” ကျန့်ဖူက ထပ်ပြောလိုက်၏။ “အစောတုန်းက ငါ့ကို တားတာ အံ့ဩစရာ မရှိဘူးပဲ”

မြင့်မြတ်သောဆရာ ကျူးထျန်းယွမ်က ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကူညီစေချင်ရုံပဲ။ ကျူပ်တို့ တစ်ယောက်နဲ့တစ်ယောက် အကြွေးမတင်ဘူး။ ဆရာကြီးကို ပို့ကြ"

“နေဦး” လုကျိုးက ပြောလိုက်၏။

“တခြားကိစ္စရှိသေးလား”

“ကျုပ်သိချင်လို့ပါ။ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်ဆိုမှတော့ သူ့ကိုနောက်ယောင်ခံလိုက်ဖို့ တစ်ယောက်ယောက်လွှတ်မဲ့အစား ဘာကြောင့် သူ့ဆီသွားမလည်လဲ” လုကျိုးက မေးလိုက်၏။ ဘာတွေဖြစ်နေမှန်း မဖော်ထုတ်နိုင်သေးခင် သူက ထွက်သွားမှာမဟုတ်။ ထို့အပြင် အဘိုးကြီးက သူ့ကို ဘာမှထုတ်မပြချင်တာ သိသာ၏။

“ဆရာကြီးလု ခင်ဗျားဘောင်ကျော်နေပြီထင်တယ်”

“သူ့ကို ဒီနေရာခေါ်လာတဲ့သူက ကျုပ်ပဲလေ။ ဒီအကြောင်းပိုသိချင်တာက သဘာဝကျတယ်”

လုကျိုးက ပြန်ပြောလိုက်၏။

ကျူးထျန်းယွမ်က မျက်မှောင်ကျုံ့လိုက်၏။ “ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့ ကိစ္စကို ဝင်ရှုပ်ရအောင် ခင်ဗျားက ဘယ်သူမလို့လဲ”

“ဒါက ကျုပ်လိုချင်တဲ့အဖြေမဟုတ်ဘူး”

ထိုအကြောင်းပြန်မှုက ကျူးထျန်းယွမ်ကို ဇဝေဇဝါဖြစ်သွား၏။ သူက လုကျိုးကို ထပ်လေ့လာလိုက်သည်။

“ခင်ဗျားမှာ အံ့ဩဖွယ်ကျင့်ကြံဆင့်ရှိတယ်။ ဒါက ခင်ဗျားရဲ့ယုံကြည်ချက်ကိုရှင်းပြလိုက်တာပဲ။ ကျုပ်သားကို ခင်ဗျားသတ်ချင်နေတာလို့ ကျန့်ဖူပြောတာ ကြားမိတယ်”

လုကျိုးက တမင်တကာပြောလိုက်၏။ "လူဆိုးတွေကို မသတ်သင့်ဘူးလား”

“အချိန်က အခုမတူတော့ဘူး။ ငါက မိစ္ဆာအိုကြီးကျိကို သိပ်သဘောမတွေ့ပေမဲ့ သူက လောကကြီးမှာ ပထမဆုံးပွင့်ချပ်ကိုးလွှာကျင့်ကြံသူပဲ။ အင်အားကြီးတဲ့သူက ဒီလောကမှာ အရာရာကို နောက်ဆုံးပြောပိုင်ခွင့်ရှိတဲ့သူပဲ။ သူက တခြားမျိုးနွယ်ကို ဖော်ထုတ်ပြီး သူတို့ကို သတ်ဖို့အတွက် ရွှေရောင်ကြေးမုံကို သုံးခဲ့တာ။ ဒီကိစ္စမှာ ငါ သူ့ကိုအထင်ကြီးတယ်။ သူ့ရဲ့တပည့်ကြီး ယွီကျန့်ဟိုင်က အင်ပါယာကို ပံ့ပိုးပေးပြီး လူအများရဲ့အသက်ကို ကာကွယ်ခဲ့တယ်။ ဒီလုပ်ဆောင်ချက်တွေ က မင်းရဲ့လေးစားမှုနဲ့ မထိုက်တန်ဘူးလား” ကျူးထျန်းယွမ်က မေးလိုက်၏။

ထိုစဉ် ကျူးဟုန်ကုန်းက သတိပြန်ဝင်လာ၏။ သူက တုန်ယင်နေလျက်ထရပ်လိုက်၏။

ကျန့်ဖူသည် ထိုအတွက် အသင့်ပြင်ပေးထားသည်။ သူက ကျူးဟုန်ကုန်း၏သွေးကြောကို လက်နှစ်ချောင်းဖြင့် ထိကာပြောလိုက်တော့သည်။ “သခင်လေး”

ကျူးဟုန်ကုန်းက သူ၏ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ အခဲမကျေစွာပြောလိုက်၏။

“ဘယ်သူက မင်းရဲ့သခင်လေးလဲ။ ဒီနေရာက ဘယ်နေရာလဲ။ အစောတုန်းက ငါ့ကို ဘယ်သူရိုက်တာလဲ။ အဲ့ဒီအရှက်မရှိတဲ့မိစ္ဆာ ... ယောက်ျားဆိုရင် ငါနဲ့တိုက်ခိုက်လေ”

လုကျိုး “...”

တကယ်ပဲ အစောတုန်းက ဒီငမိုက်သားကို ရိုက်တဲ့အချိန်တုန်းက ညင်သာလွန်းခဲ့တာ။

“စိတ်အေးအေးထားပါ သခင်လေး။ မြင့်မြတ်သောဆရာက သခင်လေးကို အချိန်အကြာကြီး စောင့်နေတာပါ” ကျန့်ဖူက ပြောလိုက်လေ၏။

ကျူးဟုန်ကုန်းက လုကျိုးကိုကျော်ကြည့်ပြီး တံခါးရှေ့စင်္ကြန်တွင်ရပ်နေသော ကျူးထျန်းယွမ်ကို ကြည့်လိုက်၏။

ဘေ’ပတ်ဝန်းကျင်ရှိလူငယ်များက ဒူးတစ်ဖက်ထောက်လိုက်၏။

“နှုတ်ခွန်းဆက်ပါတယ် သခင်လေး”

ကျူးဟုန်ကုန်းက စိတ်ရှုပ်ထွေးသွားတော့၏။

ကျူးထျန်းယွမ်က ရှေ့တိုးပြီး အနည်းငယ်စိတ်လှုပ်ရှားနေ၏။ သူက ပြောလိုက်သည်။ “ငါ့သား မိစ္ဆာအိုကြီးကျိအောက်မှာ ခက်ခဲမှုတွေအများကြီးခံစားခဲ့ရတာပဲ။ မင်း ကိုယ်အလေးချိန် ကျသွားပြီနော်”

All Chapters