← Chapters

အခန်း (၂၄၂၉-၂၄၃၀)

Vol. 183 Ch. 2429-2430

အခန်း (၂၄၂၉-၂၄၃၀)

Vol. 183 Ch. 2429-2430

အခန်း(၂၄၂၉)

ဝူကျန့်ထျန်းက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သူ၏ အရှိန်အဝါများသည်လည်း မျက်စိတစ်မှိတ်အတွင်း အထွတ်အထိပ်အထိ ပေါက်ကွဲထွက်လာခဲ့သည်။

သူက လက်ထဲရှိ ရွှေရောင်ဓားရှည်ကို ဝှေ့ယမ်းလိုက်သော တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုဓားချက်ကြောင့် အာကာပြင်များသည် ကွဲအက်သွားခဲ့ပြီး မိုင်ပေါင်းထောင်ချီ ဧရိယာသည် မိုးကြိုးငရဲဘုံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည့်နှယ် ဖြစ်နေခဲ့သည်။

“ဒီလောက်ပဲလား”

သွေးနေမင်းဘိုးဘေးက ဝူကျန့်ထျန်း၏ ကောင်းကင်ကိုပင် ချေမှုန်းနိုင်လောက်သည့် ဓားချက်ကို မြင်လျှင် ဂရုမစိုက်သကဲ့သို့ ပြောလိုက်သည်။

သူက လက်ချောင်းကို အသာအယာ တောက်ထုတ်လိုက်ရာ သွေးရောင်စွမ်းအား တစ်ခုသည် ရွှေရောင်ဓားအလင်းကို ထိမှန်သွားခဲ့သည်။

“ထန်..”

သွေးရောင်စွမ်းအားနှင့် ဓားအလင်းတို့ ထိပ်တိုက် ဆုံတွေ့ရာကနေ သတ္တုချင်း ထိရိုက်သံတစ်သံ ထွက်ပေါ်လာခဲ့၏။

မကြာမီမှာပင် သွေးနေမင်းဘိုးဘေး၏ သွေးစွမ်းအားက ဝူကျန့်ထျန်း၏ ဓားချက်အား တားဆီးနိုင်ခဲ့သည်ကို အားလုံးက မြင်လိုက်ရ၏။

“ဒီလူက ဘယ်သူလဲ.. ဘာလို့ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ခွန်အားမျိုး ရှိနေရတာလဲ”

နတ်ဘုရားနယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စိတ်ထဲတွင် တုန်လှုပ် ချောက်ချားသွားခဲ့ကြသည်။

သိထားရမည့်အချက်မှာ ဝူကျန့်ထျန်းသည် နတ်ဘုရင်နဝမအဆင့်တွင် အသန်မာဆုံး ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်ပြီး နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်သည့် မိုချန်ယွိကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။

သို့ဖြစ်ရာ ဝူကျန့်ထျန်း၏ တိုက်ကွက်ကို သွေးနေမင်းဘိုးဘေးသည် ဤမျှလောက်အထိ ပေါ့ပေါ့ပါးပါး တားဆီးနိုင်ခဲ့ခြင်းသည် မယုံကြည်နိုင်စရာ ကောင်းနေခဲ့၏။

“သွေးနေမင်းဘိုးဘေးရဲ့အရှိန်အဝါက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုနဲ့ အရမ်းကွဲပြားတယ်.. သူက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုဝင် မဟုတ်တာ သိသာပါတယ်.. ဒီလောက် အစွမ်းထက်တဲ့သူကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဘယ်နေရာကနေ ရှာလာတာလဲ မသိဘူး”

သွေးနေမင်းဘိုးဘေးကို ကျန့်ယွမ်ထျန်းနှင့် အခြားသော နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ မျက်နှာထက်တွင် အံ့ဩထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

မဟာနတ်ဆိုးဘုရင် ရှစ်ပါး အပြင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

“ဒီလူက ရှေးခေတ်ကာလက ဖြစ်ပေါ်ခဲ့တဲ့ မဟာကပ်ဘေးကြီးတုန်းက နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့တဲ့ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် ကြုံတွေ့ခဲ့ရသော ကိစ္စရပ်များကို ကျန့်ယွမ်ထျန်းတို့အား ရှင်းပြလိုက်သည်။

သွေးနေမင်းဘိုးဘေးသည် ရှေးခေတ်ကာလက မဟာကပ်ဘေးကြီးတွင် အသက်ရှင် ကျန်ရစ်ခဲ့သည့်သူမှန်း ကြားသိလိုက်ရလျှင် ကျန့်ယွမ်ထျန်းတို့သည် အံ့အားသင့်သွားကြ၏။

မဟာယာနအဆင့် ကျင့်ကြံသူ ဆိုသည်မှာ အုပ်စိုးသူအဆင့်နှင့် ယှဥ်နိုင်သော ပုဂ္ဂိုလ်ဖြစ်၏။

ဤ သွေးနေမင်းဘိုးဘေးသည် ယခုအခါတွင် သူ၏ အထွတ်အထိပ် အခြေအနေ ဖြစ်သည့် မဟာယာနအဆင့်တွင် မရှိတော့သော်လည်း နတ်ဘုရင် နဝမအဆင့် အနေဖြင့် အလွယ်တကူ ယှဥ်ပြိုင်နိုင်သည့် အရာမဟုတ်သည်မှာ သေချာသလောက်ပင်။

သူ၏ တိုက်ကွက်က အရာ မရောက်သည်ကို မြင်လျှင် ဝူကျန့်ထျန်း၏ အမူအရာသည် ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

သူက တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာခဲ့ပြီး အစောပိုင်းကထက် ပိုမို အစွမ်းထက်သော ဓားချက်ကို ထုတ်‌ဖော်လိုက်သည်။

“ဝုန်း..”

သွေးနေမင်းဘိုးဘေးက ဘယ်ဘက်လက်ကို နောက်ပစ်ထား၍ ညာဘက်လက်ကို အသာအယာ ဆန့်ထုတ်ကာ ဝူကျန့်ထျန်း၏ ဓားအလင်းကို လေထဲမှာပင် ဖမ်းဆုပ်၍ ခြေမွပစ်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ဝူကျန့်ထျန်းက ကောင်းကင်နှင့်မြေကြီးကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ဓားအလင်း ငါးချက်၊ ခြောက်ချက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်ခဲ့သော်လည်း သွေးနေမင်းဘိုးဘေးသည် လက်တစ်ဖက်တည်းဖြင့် အားလုံးကို ချေမှုန်းနိုင်ခဲ့၏။

“မင်းရဲ့အင်အားက မဆိုးပါဘူး.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ မဟာနတ်ဆိုးဘုရင် ရှစ်ပါးထဲမှာတောင် မင်းကို ယှဥ်နိုင်သူ အနည်းငယ်လောက်ပဲ ရှိလိမ့်မယ်.. ဒါပေမဲ့ ငါ့ကို ယှဥ်နိုင်ဖို့အတွက်တော့ မင်းက လုံလောက်တဲ့အဆင့်မှာ မရှိသေးဘူး”

သွေးနေမင်းဘိုးဘေးက အေးစက်စက် ရေရွတ်လိုက်ပြီး ဝူကျန့်ထျန်းထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

“ဝုန်း..”

အာကာပြင်များက ဆက်တိုက်ဆိုသလို ပြိုလဲသွားခဲ့ပြီး နေနှင့်လပင်လျှင် ပြောင်းဆန်သွားခဲ့သည်။

ဤလက်သီးချက်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို စကားလုံးဖြင့်ပင် ဖော်ပြ၍ မဖြစ်နိုင်ပေ။

လေထုတစ်ခုလုံးတွင် ထိုလက်သီးချက် တစ်ခုတည်းသာ ရှိနေသကဲ့သို့ အားလုံးက ခံစားခဲ့ရသည်။

လက်သီးချက်က မိုင်ပေါင်းထောင်ချီ ဧရိယာကို တုန်ခါသွားစေရုံသာမက ကြည့်ရှုနေသူများ၏ ခန္ဓာကိုယ် အတွင်းမှ သွေးများကိုပင် သက်ရောက်မှု ရှိစေခဲ့သည်။

ကျန့်ယွမ်ထျန်း ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူများပင်လျှင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများက ထိန်းမနိုင်သိမ်းမရဆူပွက်လာသည်ကို ခံစားခဲ့ရသည်။

နတ်ဘုရင်အဆင့်အောက်ရှိ ကျင့်ကြံသူအချို့ ဆိုလျှင် ထိုလက်သီးချက်၏ သက်ရောက်မှုကြောင့်‌ သွေးကြောများ ပေါက်ထွက်ကာ မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားကြ၏။

သွေးနေမင်းဘိုးဘေး၏ ကြောက်မက်ဖွယ်ရာ လက်သီးချက်ကို ခံစားမိလျှင် ဝူကျန့်ထျန်း၏ အမူအရာသည် ချက်ချင်းဆိုသလို အလွန်တရာ လေးနက်သွားခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သွေးနေမင်းဘိုးဘေး၏ လက်သီးချက်ကို ခုခံရန် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုတော့မည့်အချိန်တွင် လေထုထဲတွင် ဆန်းကြယ်သော နေရာလွတ် လှိုင်းလုံးတစ်ခု ထွက်ပေါ်လာခဲ့၏။

ထို့နောက်တွင် ကောင်းကင်ယံရှိ ဟင်းလင်းပြင်ကနေ အလွန်တရာ မြင့်မြတ်သော လရောင်အလင်းတန်း တစ်ခုသည် ဆင်းသက်လာခဲ့ပြီး နတ်ဆိုးသွေးအရှိန်အဝါများ ထွက်ပေါ်နေသည့် လက်သီးချက်ကို ချက်ချင်းဆိုသလိုပင် ချေမှုန်းပစ်လိုက်သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။

မကြာမီမှာပင် လူတိုင်း၏ အကြည့်သည် ဟင်းလင်းပြင် ဆီသို့ ရောက်ရှိသွားကြသည်။

ထိုနေရာတွင် လနန်း‌တော်မှ နတ်သမီးတစ်ပါး ကဲ့သို့ အနှိုင်းမဲ့ထူးခြားသော ပုံရိပ်တစ်ခုသည် လူတိုင်း၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။

ဤလှပကျော့ရှင်းသော ပုံရိပ်ကို မြင်လျှင် ကျန်းချန်သည် စိတ်သက်သာရာရသွားခဲ့ပြီး သက်ပြင်းချလိုက်မိသည်။

လနတ်နန်းတော်၏ နန်းတော်သခင်မသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်၏ လျှို့ဝှက်နည်းစနစ်ကို ရရှိပြီးနောက်တွင် အဆုံးသတ်၌ လောကထဲသို့ ပြန်လည်ပေါ်ထွက်လာခဲ့ချေပြီ။

လနတ်နန်းတော်၏ နန်းတော်သခင်မ ရှိနေသရွေ့ မဟာယာနအဆင့်သို့ ပြန်မရောက်သေးသည့် သွေးနေမင်းဘိုးဘေးသည် သူတို့ နတ်ဘုရားနယ်မြေကို ဒုက္ခပေးရန် မည်သို့မှ မျှော်လင့်နိုင်မည် မဟုတ်ပေ။

ဟင်းလင်းပြင်ထဲတွင် ပေါ်ထွက်လာသော အနှိုင်းမဲ့ပုဂ္ဂိုလ်ကို မြင်လျှင် ကျန့်ယွမ်ထျန်းနှင့် အခြားသူများ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

နတ်ဘုရားနယ်မြေရှိ ထိပ်တန်းအင်အားစုများကို ဦးဆောင်သူများအနေဖြင့် သူတို့သည် နတ်ဘုရားနယ်မြေ၏ အခြေအနေကို အလွန်ကောင်းမွန်စွာ နားလည်ထားကြသည်။

သူတို့နတ်ဘုရားနယ်မြေတွင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ခုနစ်ဦးသာ ရှိ၏။

ထိုခုနစ်ဦးစလုံးသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင်များကို အမြဲတစေ စောင့်ကြည့်နေခဲ့ကြပြီး နတ်ကုန်းမြေတိုက်ပေါ်တွင် ရှိမနေကြပေ။

ယနေ့ခေတ် နတ်ကုန်းမြေတိုက်ပေါ်တွင် နတ်ဘုရင်နဝမအဆင့်ကျင့်ကြံသူမရှိဟု သူတို့ မူလက ထင်မှတ်ထားခဲ့ကြသည်။

မထင်မှတ်ဘဲ ကျန်းချန်သည် နတ်ဘုရင်နဝမအဆင့် ဖြစ်သည့် ဝူကျန့်ထျန်းကို ခေါ်လာခဲ့ပြီး ယခုအခါတွင် ဝူကျန့်ထျန်းထက်ပင် ပိုမိုအစွမ်းထက်သည့် အသန်မာဆုံး နတ်ဘုရင်တစ်ပါး ထပ်မံ ပေါ်ထွက်လာခဲ့ပြန်ပြီ ဖြစ်သည်။

ဆန်းကြယ်နတ်မျိုးနွယ်စုမှ ဘိုးဘေးယွမ်ခွန် တစ်ဦးတည်းသာလျှင် ပုံမှန်ထက် ထူးခြားစွာ တည်ငြိမ်နေခဲ့သည်။

သူက လနတ်ကျောက်တုံးအတွက် လနတ်နန်းတော် ချိတ်ပိတ်ထားသော နေရာသို့ သွားရောက်ခဲ့စဥ်တွင် သူ့ရှေ့မှ ပုဂ္ဂိုလ်၏ ပေါ့ပါးသော တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ဖူးသည်။

သို့‌သော်လည်း ထိုပုဂ္ဂိုလ်သည် ဤခေတ်နှင့် မသက်ဆိုင်သူဖြစ်ပြီး ကောင်းကင်နိယာမများ၏ ငြင်းပယ်ထားခြင်းကို ခံထားရသူ ဖြစ်ရာ လောကထဲတွင် ပေါ်ထွက်လာရန်မှာ မဖြစ်နိုင်​သလောက်ပင်။

ကျန်းချန်က မည်သည့်နည်းလမ်းကို အသုံးပြုလိုက်မှန်း မသိသော်လည်း ဤကဲ့သို့ ပုဂ္ဂိုလ်ကိုပင် ဖိတ်ခေါ်နိုင်ခဲ့လိမ့်မည်ဟု ဘိုးဘေးယွမ်ခွန် မထင်မှတ်ထားခဲ့ပေ။

“နတ်ဘုရားနယ်မြေမှာ မင်းလို အစွမ်းထက်တဲ့သူ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

သွေးနေမင်းဘိုးဘေးသည် ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော နန်းတော်သခင်မကို စူးစိုက်ကြည့်လိုက်သည်။

သူ၏မျက်ဝန်းထဲတွင် စိုးရိမ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးသည် အလွန်အမင်း သန်မာလွန်း၏။

သူ၏ လက်ရှိခွန်အားဖြင့်ပင် သူမထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားနေခဲ့ရသည်။

လနတ်နန်းတော်၏ နန်းတော်သခင်မက သွေးနေမင်းဘိုးဘေးကို အေးစက်သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ငါသိသလောက်တော့ အရင်တုန်းက နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့တဲ့ သွေးနတ်ဆိုးဂိုဏ်းဆိုတဲ့ ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်းရှိခဲ့တယ်.. မင်းက အဲဒီသွေးနတ်ဆိုးဂိုဏ်းရဲ့အကြွင်းအကျန်ပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား”

ထိုစကားကိုကြားလျှင် သွေးနေမင်းဘိုးဘေး၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“မင်းက သွေးနတ်ဆိုးဂိုဏ်းအကြောင်းကိုပါ သိနေပါလား.. မင်း ဘယ်သူလဲ”

လနတ်နန်းတော်၏ သခင်မက ဝင့်ကြွားစွာ ပြန်ဖြေလိုက်သည်။

“ငါက လနတ်နန်းတော်ရဲ့ လက်ရှိ နန်းတော်သခင်မ မင်ယွဲ့ရှင်းပဲ”

“လနတ်နန်းတော်ဆိုပါလား”

“ဒါဆို ဒီအမျိုးသမီးက လနတ်နန်းတော်က ဖြစ်နေတာပေါ့”

မင်ယွဲ့ရှင်း၏ စကားကိုကြားလျှင် သွေးနေမင်းဘိုးဘေး ဖြစ်စေ၊ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ ဖြစ်စေ၊ အားလုံး၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။

အခန်း(၂၄၂၉)ပြီး၏။

အခန်း(၂၄၃၀)

လနတ်နန်းတော်သည် ‌‌ရှေးခေတ်ကာလတွင် ကျော်ကြားခဲ့သည့် အုပ်စိုးသူအဆင့် အင်အားစုတစ်စု ဖြစ်သည်။

လနတ်နန်းတော်ကို တည်ထောင်သူသည် ဒဏ္ဍာရီထဲတွင် ကျော်ကြားသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူဖြစ်သော လနတ်အရှင်သခင်လဖြစ်သည်။

လနတ်အရှင်သခင်သည် ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့သည့် ပါရမီရှင် တစ်ယောက်အဖြစ် ကျော်ကြားခဲ့၏။

သို့သော်လည်း ရှေးခေတ်ကာလက ကပ်ဘေးကြီး နောက်ပိုင်းတွင် လနတ်နန်းတော်သည် နတ်ဘုရားနယ်မြေကနေ သဲလွန်စပင် မကျန်ရှိဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် လနတ်နန်းတော်၏ နန်းတော်သခင်မ မင်ယွဲ့ရှင်း ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

“မင်း.. မင်းက လနတ်နန်းတော်ကလား”

သွေးနေမင်းဘိုးဘေးသည် မင်ယွဲ့ရှင်းကို စိုက်ကြည့်ရင်း ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။

လနတ်နန်းတော်သည် သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက အဓိက ရင်ဆိုင်ခဲ့ရသည် အင်အားစုများထဲမှ တစ်စု ဖြစ်သည်။

သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ဒုက္ခအပေးနိုင်ဆုံးဖြစ်သည့် လူသားဧကရာဇ်နန်းတော် ပြီးလျှင် လနတ်နန်းတော်သည် ရင်ဆိုင်ရ အခက်ခဲဆုံးဟုပင် ဆို၍ရသည်။

လနတ်နန်းတော်၏ သခင်ဖြစ်သည့် လနတ် အရှင်သခင်သည် အုပ်စိုးသူအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိနေသည့် အနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပြီး သူ၏ စွမ်းရည်သည် ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်းသည်။

အင်မော်တယ် ကျင့်ကြံခြင်းကြဝဠာမှ မဟာယာနအဆင့် ကျင့်ကြံသူများထဲတွင်ပင် သူ့ကို ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိ၏။

အထူးသဖြင့် လနတ်နန်းတော်နှင့် ရင်ဆိုင်နေရာတွင် သွေးနတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူများသည် အကြီးအကျယ် ကျဆုံးခဲ့ကြပြီး မဟာယာနအဆင့် ကျင့်ကြံသူများပင်လျှင် လနတ်အရှင်သခင်၏ လက်ထဲတွင် ကျဆုံးခဲ့ကြသည်။

သူကိုယ်တိုင်ပင်လျှင် လနတ်အရှင်သခင်၏ လက်ထဲကနေ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်၏။

သွေးနေမင်းဘိုးဘေးသည် ယခုတစ်ကြိမ် နတ်ကုန်းမြေတိုက်ကို ပြန်လာသောအခါတွင် လနတ်နန်းတော်မှ လူနှင့် ထပ်မံတွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“သွေးနတ်ဆိုးဂိုဏ်းက အကြွင်းအကျန် တစ်ယောက်ကများ ငါတို့ နတ်ဘုရားနယ်မြေမှာ လာသောင်းကျန်းရဲတယ်လား”

မင်ယွဲ့ရှင်းက သွေးနေမင်းဘိုးဘေးကို စိုက်ကြည့်ကာ အေးစက်စက် ရေရွတ်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော လူသတ်ငွေ့များသည် ပတ်ဝန်းကျင်တွင် လွှမ်းခြုံသွားခဲ့သည်။

နန်းတော်သခင်မ၏ စကားကိုကြားလျှင် သွေးနေမင်းဘိုးဘေးသည် ရယ်မော၍ ပြောလိုက်သည်။

“မင်းတို့ လနတ်နန်းတော်က လနတ်အရှင်သခင်သာ အသက်ရှင်နေသေးရင်တော့ ငါ့အနေနဲ့ ထွက်ပြေးဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး ဒါပေမဲ့ လနတ်အရှင်သခင်နဲ့ ယှဥ်လိုက်ရင် မင်းက အဝေးကြီးလိုပါသေးတယ်”

ထိုအခိုက်အတန့်တွင် ကျန်းချန်သည် သွေးနေမင်းဘိုးဘေးနှင့်ပတ်သက်သည့် အကြောင်းအရာ အားလုံးကို မင်ယွဲ့ရှင်းထံ အလျင်အမြန် အသိပေးလိုက်သည်။

ကျန်းချန်၏ အသံပို့လွှတ်၍ သတိပေးမှုကို ကြားပြီးနောက်တွင် မင်ယွဲ့ရှင်း၏ မျက်ဝန်းများသည် အနည်းငယ်ကျဥ်းမြောင်းသွားခဲ့၏။

“ဒါဆိုရင် ရှင်က အဲဒီတုန်းက သွေးနတ်ဆိုးဂိုဏ်းရဲ့ မဟာယာနအဆင့် ကျင့်ကြံသူ သုံးယောက်ထဲက တစ်ယောက်ပေါ့.. အရင်တုန်းက ကျမ ဆရာရဲ့ လက်ထဲမှာ မဟာယာနအဆင့် ကျင့်ကြံသူ နှစ်ယောက် သေဆုံးခဲ့ပြီး တစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်နဲ့ ထွက်ပြေးသွားခဲ့ရတယ်.. အဲဒီလူက ရှင်ပဲ ဖြစ်ရမယ်”

မင်ယွဲ့ရှင်းက သွေးနေမင်းဘိုးဘေးကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ရှင်က မသေခင်မှာ အစီအစဥ်တွေ ပြုလုပ်ခဲ့ပြီး ဒီလိုနည်းနဲ့ အသက်ရှင်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ထိုစကားကိုကြားလျှင် သွေးနေမင်းဘိုးဘေးသည် ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။

“မင်း.. မင်း ဒီကိစ္စတွေကို ဘယ်လိုသိနေတာလဲ”

ရှေးခေတ်ကာလက မဟာကပ်ဘေးဟု ခေါ်ဆိုကြသည့် စကြဝဠာအဆင့် စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်သည်။

သူ့ရှေ့မှ အမျိုးသမီးသည် လနတ်အရှင်သခင် ဖြစ်နေခဲ့လျှင်ပင် ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို ဤမျှအထိ အသေးစိတ် သိနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ထိုအမျိုးသမီးကမူ ထိုအချိန်က အဖြစ်အပျက်များကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသလိုမျိုး ပြောနေခဲ့သည်။

“ဘာလို့ သိနေရတာလဲဆိုတော့ ကျမလည်း ရှင့်လို ကံကောင်းပြီ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူ မို့လို့ပဲ.. ကျမရဲ့ ဆရာက ရှင့်ကို အပြတ် မရှင်းနိုင်ခဲ့ပေမဲ့ ကျမ မင်ယွဲ့ရှင်းက ဒီနေ့ ရှင့်ကို မိုက်ဇာတ်သိမ်းပေးမယ်”

စကားဆုံးသည်နှင့် မင်ယွဲ့ရှင်း၏ ခန္ဓာကိုယ်ကနေ အလွန်တရာ မြင့်မြတ်သော အရှိန်အဝါများ ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့သည်။

“ဝုန်း..”

‌တောက်ပသော လရောင်နတ်အလင်းများသည် မင်ယွဲ့ရှင်း၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့ပြီး သူမကို လောကတွင် ဆင်းသက်လာသည့် လနတ်သမီးကဲ့သို့ ဖြစ်သွားစေခဲ့သည်။

ထို့နောက်တွင် သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လရောင် နတ်စွမ်းအားများဖြင့် ဖွဲ့စည်ထားသော ဆန်းကြယ်သည့် လက်ဝါးတစ်ဖက်သည် လေထုထဲကနေ တိုက်ရိုက်ကျဆင်းလာခဲ့၏။

မင်ယွဲ့ရှင်း၏ လက်ဝါးအောက်တွင် လေထုထဲ၌ လက်ဝါးရာကြီးတစ်ခုပင် ထင်ကျန်ရစ်ခဲ့သည်။

သွေးနေမင်းဘိုးဘေးက ချက်ချင်း ဆိုသလိုပင် လက်ဟန်များကို ပြုလုပ်လိုက်ရာ ပတ်ဝန်းကျင် မိုင်ရာချီဧရိယာသည် ချက်ချင်းဆိုသလိုပင် သွေးရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာလောကနှင့် သီးခြား ဖြစ်တည်နေသည့် နယ်မြေတစ်ခုသဖွယ် ဖြစ်သွားခဲ့သည်။

မင်ယွဲ့ရှင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ရှိနေခဲ့ပြီး လက်ဝါးရိပ်ပေါ်ရှိ မြင့်မြတ်သော အလင်းတန်းများသည် ပို၍ပင် တောက်ပလာခဲ့သည်။

“ဝုန်း..”

လရောင်နတ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော လက်ဝါးရိပ်က သွေးရောင်နယ်‌မြေ ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ကျယ်လောက်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး သွေးရောင်နယ်မြေသည် ချက်ချင်းဆိုသလိုပင် အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

သိပ်မကြာခင်မှာပင် မင်ယွဲ့ရှင်း၏ အနှိုင်းမဲ့ လက်ဝါးရိုက်ချက်အောက်တွင် သွေးနေမင်းဘိုးဘေး ဖန်တီးထားသော သွေးရောင်နယ်မြေသည် တောင့်မခံနိုင်တော့ဘဲ တိုက်ရိုက်ပင် ပြိုကွဲသွားခဲ့သည်။

သွေးနေမင်းဘိုးဘေး၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း မင်ယွဲ့ရှင်း၏ လက်ဝါးရိုက်ချက်ကြောင့် လေထဲကနေ ပြုတ်ကျလာခဲ့ပြီး မြေကြီးထဲသို့ ပေပေါင်းထောင်ချီ နစ်ဝင်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြ၏။

လနတ်နန်းတော်မှ နန်းတော်သခင်မ၏ စွမ်းရည်သည် ဝူကျန့်ထျန်းထက်ပင် ပို၍ပင် အစွမ်းထက်နေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။

သွေးနေမင်းဘိုးဘေး ကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ် ပင်လျှင် နန်းတော်သခင်မ၏ရှေ့တွင် ခုခံနိုင်စွမ်း မရှိသလောက် ဖြစ်နေခဲ့သည် မဟုတ်ပါလော။

လူတိုင်း အံ့ဩထိတ်လန့်နေစဥ်မှာပင် ပေပေါင်း ထောင်ချီအနက် ရှိသည့် မြေကြီးထဲကနေ သွေးနေမင်းဘိုးဘေးသည် ထွက်ပေါ်လာခဲ့သည်။

သို့သော် ဤအချိန်တွင် သွေးနေမင်းဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်တွင် အရိုးအများအပြား ကျိုးပဲ့နေခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ ယိုင်လဲမတတ် ဖြစ်နေခဲ့သည်။

သွေးနေမင်းဘိုးဘေးသည် မင်ယွဲ့ရှင်း၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိထားသည်မှာ ထင်ရှားနေခဲ့၏။

မင်ယွဲ့ရှင်းကို မော့ကြည့်ရင်း သူ၏မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

“အုပ်စိုးသူအဆင့်ရဲ့ စွမ်းအား.. မင်း မင်းက အုပ်စိုးသူအဆင့်ကို ထိုးဖောက်သွားပြီလား”

သွေးနတ်ဆိုးဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူ သုံးယောက်ထဲမှ တစ်ယောက် အနေဖြင့် သွေးနေမင်းဘိုးဘေးသည် နတ်ဘုရားနယ်မြေ၏ သိုင်းပညာအဆင့်များကို ‌ကောင်းစွာနားလည်ထားခဲ့သည်။

ထိုကြောင့် သူ့ရှေ့မှ အမျိုးသမီး၏ တိုက်ခိုက်မှုတွင် အုပ်စိုးသူအဆင့်၏ စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ခြင်း ဖြစ်၏။

သိထားရမည့်အချက်မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် ကျင့်ကြံခဲ့သည့် အတောအတွင်း သူ၏ စွမ်းရည်သည် ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ပြန်လည် ရောက်ရှိနေခဲ့ပြီဖြစ်၏။

ထို့အပြင် သူကိုယ်တိုင်က မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့ဖူးသောကြောင့် သူ၏ အတွေ့အကြုံနှင့်နည်းစနစ်သည် သာမန်ထက်ပို၍ များစွာအစွမ်းထက်၏။

နတ်ဘုရားနယ်မြေမှ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူများပင်လျှင် သူ့ကို အလွယ်တကူ အနိုင်ယူရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

ရှင်းလင်းစွာဆိုရလျှင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ စွမ်းအားဖြင့်သာ သူ့ကို ဤမျှအထိ အလွယ်တကူ ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

“ကျမက အုပ်စိုးသူအဆင့်ကို မရောက်သေးပေမဲ့ အုပ်စိုးသူအဆင့်အောက်မှာတော့ ကျမက ပြိုင်ဘက်ကင်းပဲ”

မင်ယွဲ့ရှင်းက သွေးနေမင်းဘိုးဘေးကို အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်သည်။

“ပြောစမ်း.. ရှင်ဘယ်လိုသေချင်လဲ”

ထိုစကားကိုကြားလျှင် သွေးနေမင်းဘိုးဘေးသည် အကြီးအကျယ် မျက်နှာပျက်သွားခဲ့သည်။

သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ သွေးရောင်စည်းတံဆိပ်တစ်ခုသည် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး သူ့ရှေ့မှ ဟင်းလင်းပြင်တွင် သွေးရောင် အလင်းတံခါးကို ဖွင့်လှစ်လိုက်သည်။

ထို့နောက်တွင် သူက ချက်ချင်းဆိုသလို ထို သွေးရောင်အလင်းတံခါး ထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူ့ရှေ့မှ လနတ်နန်းတော်၏ သခင်မသည် အလွန်တရာပင် သန်မာလွန်း၏။

ထိုအမျိုးသမီးက အုပ်စိုးသူအဆင့် ကျင့်ကြံသူ မဟုတ်သေးလျှင်ပင် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်၏ စွမ်းအားမျိုး ရှိနေမည်မှာ သေချာနေခဲ့သည်။

သူ၏ လက်ရှိ အခြေအနေဖြင့် သူမ၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။

ဤနေရာတွင် ဆက်နေလျှင် သူ့အတွက် အခြေအနေမကောင်းနိုင်မှန်း ခံစားလိုက်ရ၍ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သွေးနေမင်းဘိုးဘေး ထွက်ပြေးသွားသည်ကို မြင်လျှင် မင်ယွဲ့ရှင်း၏ လှပသောမျက်ဝန်းများသည် အေးစက်သွားခဲ့သည်။

သူမက လျှပ်စီးလို မြန်ဆန်သော လက်ဝါးရိုက်ချက်ဖြင့် သွေးနေမင်းဘိုးဘေး ပျောက်ကွယ်သွားသည့် ဟင်းလင်းပြင် ဆီသို့ ရိုက်ချလိုက်သည်။

အခန်း(၂၄၃၀)ပြီး၏။

All Chapters