← Chapters

အခန်း (၆၆၄-၆၆၆)

Vol. 45 Ch. 664-666

အခန်း (၆၆၄-၆၆၆)

Vol. 45 Ch. 664-666

အခန်း (၆၆၄) မှတ်ဉာဏ်များ (အပိုင်း ၂

အကွက်များ တန်းစီထားသည့် နံရံတစ်ခုက သူ့လမ်းကို ကာဆီးထားသည်။

မည်သူကမှ ထိုနံရံပေါ်ရှိ သင်္ကေတများကို နားမလည်ကြပေ။ သို့သော်လည်း ကမ္ဘာကူးပြောင်းလာသူတစ်ယောက်အနေနှင့် လုကျိုးက ထိုသင်္ကေတများ၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ သင်္ကေတများက တစ်ဝက်တစ်ပျက် မြင်နိုင်သည်ဆိုလျှင်ပင် သူက အက္ခရာစဉ် ၂၆ လုံးအား မှတ်မိသေး၏။

ဒါက ကံကွမ်မာလား …

ကျန့်ဝမ်ရွှီက ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သော်လည်း ထိုသင်္ကေတများကို နားမလည်နိုင်ခဲ့ပေ။

စကားဝှက်က ဘာလဲ …

သူက နံရံဆီ သွားကာ ကျန်ရှိနေသည့် သင်္ကေတတစ်ဝက်အား ထိလိုက်သည်။ သူက ထိုအရာများသည် အက္ခရာစဉ် ဖြစ်ကြောင်း ပြောနိုင်သော်ငြား နားလည်ဖို့ အချိန်လိုအပ်သေး၏။

“ကျိထျန်းတောက်” ခဏအကြာတွင် လုကျိုးက အက္ခရာစဉ်များကို ထိကာ ကျိထျန်းတောက်၏ ဖျင်းယင်းအတိုင်း ပေါင်းကြည်လိုက်သော်လည်း နံရံက မလှုပ်လာပေ။

“ငါ မှားသွားတာလား ”

လုကျိုးက တူညီသည့် အက္ခရာများကို ပြောင်းကာ ထပ်မံ ကြိုးစားကြည့်လိုက်သည်။ သူက ထိုအရာကို အကြိမ်များစွာ လုပ်ကြည့်သော်လည်း အသုံးမဝင်ပေ။

“ကျိထျန်းတောက် မဟုတ်တာလား”

လုကျိုးက ရုတ်ခြည်းဆိုသလို ကဗျာကို အမှတ်ရသွားသည်။

“ လရောင်က ပင်လယ်ပြင်ပေါ် ဖြာကျနေပြီး အဝေးကနေ ဒီအခိုက်အတန့်လေးကို အတူ မျှဝေခံစားနေကြရတယ် … ”

သူက ထပ်စမ်းကြည့်လိုက်သည်။ သူက ကဗျာနှင့် သက်ဆိုင်သည့် အက္ခရာများကို ထိလိုက်သည်။ တတိယကြိုးစားမှုတွင် နံရံက လှုပ်ခါလာ၏။

“အလုပ်ဖြစ်သားပဲ ” လုကျိုးက စိတ်အေးမိသွားသည်။

ခဏအကြာတွင် နံရံက လေလိုမျိုး ပျောက်ကွယ်သွားသည်။

သူ့စိတ်ထဲ ပုံရိပ်များစွာ ထွက်ပေါ်လာ၏။ သူတို့က အဆုံးသတ်ရှိဟန် မပေါ်ပေ။

…………..…

ကျိထျန်းတောက်၏ မှတ်ဉာဏ် ပထမအပိုင်းသည် အချိန်အမျိုးမျိုးကို ပြသနေသည်။

ကျိထျန်းတောက်က ပွင့်ချပ်ရှစ်လွှာအဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့၏။

ဧကရာဇ်ယုံရှို့က သူ့အား လက်ဆောင်များဖြင့် လာရောက်ဂုဏ်ပြုသည်။ လျိုကောက ထွက်မသွားခင် ပြောလိုက်သည်။

“ အစ်ကိုကျိရဲ့ ကျင့်ကြံဆင့် တိုးမြင့်မှုက တကယ်ကို အံ့မခန်းပဲ ”

ကျိထျန်းတောက်က ပြန်ဖြေလိုက်သည်။ “ငါက ကံကောင်းလို့ပါ”

လျိုကောက ထပ်မေးလိုက်သည်။ “ အစ်ကိုကျိ ပွင့်ချပ်ကိုးလွှာအဆင့် တည်ရှိမှုကို ယုံလား”

“ဒါပေါ့ …မင်းရော ”

“ကျုပ်တော့ မယုံဘူး ” လျိုကောက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

“ ဒါပြီးရင် ဘာဆက်လုပ်မယ် စိတ်ကူးထားလဲ”

“ငါ ဂိုဏ်းတည်ထောင်ပြီး တပည့်တွေ လက်ခံမယ် ”

……….…

ကျိထျန်းတောက်၏ ဒုတိယမှတ်ဉာဏ်အပိုင်းအစကမူ

“ မဟာလေဟာနယ် အပြန်လမ်းမှာ ကျင့်ကြံရေးနည်းလမ်းနဲ့ ဆေးလုံးတချို့ ပျောက်ဆုံးသွားတယ်လား”

( မဟာလေဟာနယ်နှင့် သက်ဆိုင်သော မှတ်ဉာဏ်များက ဖရိုဖရဲဖြင့် ဝေဝါးနေသည် )

(ကျိထျန်းတောက်က ဒါကို ဆေးဝါးဆိုင်ရာ ဆေးလုံး မဟုတ်ဘူးလို့ ထင်တယ် )

“ ငါက ပွင့်ချပ်ကိုးလွှာကို ရောက်နိုင်မဲ့ နည်းလမ်းနဲ့ လျှို့ဝှက်ချက်ကို ကျွမ်းကျင်သွားပြီ”

“ ငါ တပည့်ကိုးယောက်ကို သင်ကြားပေးပြီး သူတို့ရဲ့ သက်တမ်းနဲ့ ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းရမယ်”

“ငါ တပည့်သုံးယောက်ပဲ ခေါ်ရသေးတယ်။ နောက်ထပ် ခြောက်ယောက် ထပ်လိုသေးတယ် … ရွေးချယ်ခံအများစုက ပါရမီ မလုံလောက်ဘူး။ သူတို့က ဆေးလုံး ဆင့်ကဲပြောင်းလဲတဲ့ ဖြစ်စဉ်ကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ တစ်ခုတော့ ဆုံးရှုံးလိုက်ရပြီ ”

(မှတ်ဉာဏ်အပိုင်းအစများက ဖရိုဖရဲဖြင့် ဝေဝါးနေသည် )

“ယွီကျန့်ဟိုင်နဲ့ ယွီရှန်းရုန်တို့ရဲ့ ကျင့်ကြံဆင့်က သိသိသာသာ တိုးတက်လာတာပဲ။ ဒါက ဆေးအာနိသင်ကြောင့်လား”

“တွမ့်မူရှန်းက ဂိုဏ်းရောက်ခါစဆိုတော့ ဆေးအာနိသင်က သိပ်မသိသာသေးဘူး … ”

………….…

ကျိထျန်းတောက်၏ တတိယမှတ်ဉာဏ်အပိုင်းအစများကမူ

“ငါ သူတို့ကို သူတို့ဘာသာ မုန်းအောင် လုပ်ရမယ်။ အဲလိုဆိုရင် ငါ သူတို့ကို သတ်တဲ့အခါ ဘာမှစနိုးစနောင့်ဖြစ်စရာ မလိုတော့ဘူး ”

“အပြင်ဘက်က လူတွေက ငါ ဒေါသကြီးတယ်လို့ ပြောကြမှာပဲ။ ငါ အချိန်ရလာတာနဲ့ သူတို့ကို သတ်ရမယ်။ ငါ့ကို စိတ်အရှုပ်စေဆုံးက တစ်ယောက်ယောက် ငါ့နောက်ကွယ်မှာ မကောင်းပြောတာပဲ ”

“ဝူချီအန်းနဲ့ မဟာနွယ်တို့က ပဋိပက္ခတွေ ရှိတယ်။ သူတို့ရဲ့ ကျင့်ကြံဆင့်က တူညီနှုန်းနဲ့ တိုးတက်လာတာပဲ။ သူတို့သဘောထားတွေက မတိုက်ဆိုင်ဘူး။ ကျင့်ကြံရေးလောကကြီးက မိစ္ဆာဝေဟင်မျှော်နန်းကို အာရုံစိုက်နေကြတာ။ ငါ တပည့်တွေကို အချင်းချင်း မတိုက်ခိုက်ရတဲ့ စည်းမျဉ်းထုတ်ထားရမယ် ”

“ငါ ယွီကျန့်ဟိုင်နဲ့ ယွီရှန်းရုန်တို့ကို ဆယ်ကြိမ်မြောက် ဒဏ်ရာပေးနိုင်ခဲ့ပေမဲ့ သူတို့က ခေါင်းကြောမာတယ်။ အခု သူတို့ ငါ့ကို မုန်းနေလောက်ပြီ ”

“မိစ္ဆာဝေဟင်မျှော်နန်းက ပစ္စည်းတချို့ ပျောက်သွားပေမဲ့ အရေးမပါဘူး။ ငါ ကောင်းကင်အပိုင်းအစနဲ့ စာရွက်လွတ်တွေ မလိုဘူး။ ဒါပေမဲ့ ကျင့်ကြံရေးလောကက ရွှေနန်းဥယျာဉ်တောင်ကို မျက်စိကျနေကြတာ။ ငါတို့ကို သားကောင်လို ချောင်းနေကြတာပဲ။ သူတို့ကို ခြိမ်းခြောက်ရမယ်။ ငါ လောင်တာ့နဲ့ လောင်အာ့တို့ကို အပြင်ဘက်မှာ အချိန်ကုန်ဆုံးခိုင်းလိုက်မှပဲ … ”

……………

ကျိထျန်းတောက်၏ လေးခုမြောက် မှတ်ဉာဏ်အပိုင်းအစများက …

“မိစ္ဆာဝေဟင်မျှော်နန်း နာမည်က ကမ္ဘာကို တုန်ခါသွားစေပြီ။ ငါ ကျေနပ်တယ်”

“ငါ လေးယောက်မြောက် တပည့်ကို လက်ခံခဲ့ပြီ။ သူက ပါရမီရှိပေမဲ့ သူ့ကို သိပ်တော့ မကြိုက်ဘူး ”

( မှတ်ဉာဏ်တချို့က ဝေဝါးနေ၏ )

“ ငါ ငါးယောက်မြောက် တပည့်ကို လက်ခံခဲ့ပြီ။ မင်းသမီးယွင်ကျောက်ရဲ့ ကလေးလား။ သူမက မဟူရာယင်လက်ဝါး စည်းတံဆိပ် ထိထားတာပဲ။ လျိုကောက အသုံးမကျတဲ့ အုပ်ချုပ်သူပဲ။ ငါ သူ့ဆီကနေ တော်ဝင်တံဆိပ်တော်ကို ယူထားရမယ် ”

“ ငါ ခြောက်ယောက်မြောက် တပည့်ကို လက်ခံခဲ့ပြီ။ အဲဒီကောင်မလေးက အတော်လေးကို ခက်ခက်ခဲခဲ နေခဲ့ရတယ်။ ယွီလုံရွာအဖြစ်အပျက်မှာ တော်ဝင်မိသားစု ပါဝင်ပတ်သက်နေတယ်ဆိုတာ ပြောလိုက်ရမလား”

( ယွီလုံရွာ၏ အမှန်တရားနှင့် အကြောင်းအရာများ သက်ဆိုင်သည့် မှတ်ဉာဏ်များ ထွက်ပေါ်လာသည်)

“ငါ ခုနှစ်ယောက်မြောက် တပည့်ကို လက်ခံခဲ့ပြီ။ သူက ဉာဏ်များပေမဲ့ သူ့ကို သဘောကျတယ် ”

( မှတ်ဉာဏ်တချို့က ဝေဝါးနေ၏ )

( သူက လောင်လျိုနဲ့ လောင်ချီတို့ကို လက်နက်အသီးသီးနဲ့ ကျင့်စဉ်များ ပေးခဲ့လိုက်တယ်)

………………

ငါးခုမြောက် မှတ်ဉာဏ်ထဲ၌

“ ငါ ယွီကျန့်ဟိုင်နဲ့ ယွီရှန်းရုန်ကို သတ်ဖို့ ကြိုးစားရမယ်။ သူတို့သက်တမ်းကို ရနိုင်မလား မသိဘူး”

“ ယွီကျန့်ဟိုင်နဲ့ ယွီရှန်းရုန်က မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားပြီ”

(ကျိထျန်းတောက်၊ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကြားမှ တိုက်ပွဲအကြောင်း ပေါ်ထွက်လာသည်)

“ငါ ဒီသစ္စာဖောက်နှစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို လျှော့တွက်မိခဲ့တာပဲ။ ငါ သူတို့ကို အနိုင်ယူနိုင်ပေမဲ့ မသတ်နိုင်ဘူး ”

“ အစီအစဉ်ပြောင်းမယ်။ ငါ သူတို့ကို မပြီးပြည့်စုံတဲ့ ကျင့်စဉ်ကို သင်ပေးမယ်။ ပြီးတော့ လက်နက်တွေကို အလကား မပေးတော့ဘူး။ ယဲ့ထျန်းရှင်းနဲ့ စီးဝူယာ့ဆီက လက်နက်ကို ပြန်ယူဖို့ နည်းလမ်း ရှာရမယ်။ ငါ တခြားတပည့်တွေရဲ့ တိုးတက်နှုန်းကိုလည်း ကန့်သတ်ထားရမယ်”

“ငါ့ သက်တမ်းက နီးကပ်လာပြီ။ ငါ ရှစ်ယောက်မြောက်နဲ့ ကိုးယောက်မြောက် တပည့်ကို မြန်မြန် လိုက်ရှာရမယ်”

( ယဲ့ထျန်းရှင်းနှင့် စီးဝူယာ့တို့ မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားသည့် မှတ်ဉာဏ်များ ထွက်လာသည်)

…………..…

ကျိထျန်းတောက်၏ ခြောက်ခုမြောက် မှတ်ဉာဏ်ကမူ

“လောင်ပါ့ရဲ့ ကျင့်ကြံဆင့်က အတော်လေး ဟာကွက်တွေ များနေတယ်။ ဒါကို ကျင့်ကြံတာက သူ့သက်တမ်းကို လျော့ကျသွားလိမ့်မယ် …”

“လောင်ကျို့က နောက်ဆုံးပဲ။ သူမအတွက် ဆေးလုံးက အံ့ဖွယ် အလုပ်ဖြစ်နေတယ်။ ငါ တူညီတဲ့ အမှားကို လုပ်လို့ မဖြစ်ဘူး။ ငါ သူမကို ပြီးပြည့်စုံတဲ့ ကျင့်စဉ် သင်ပေးတာမျိုး ဒါမှမဟုတ် ကျောက်စိမ်းမြင်းမြီးတုတ်ကို‌ ပေးလို့ မဖြစ်ဘူး ”

“အဲဒီသစ္စာဖောက် လောင်ချီက လောင်ပါ့ကိုပါ လှည့်ပြီး ခေါ်ထုတ်သွားတယ် ”

( လောင်ပါ့ မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားသည့် မှတ်ဉာဏ်များ ပေါ်ထွက်လာသည်)

“ယွီကျန့်ဟိုင်ရဲ့ ငရဲဂိုဏ်းက အခု အကြီးဆုံး မိစ္ဆာဂိုဏ်း ဖြစ်နေပြီပဲ။ ငါ သူ့ကို သတ်နိုင်မလား ကြည့်ရအောင်။ ဒါပေမဲ့ သူ့ကို ရှာမတွေ့ဘူး။ သူက မြန်မြန် ထွက်ပြေးသွားတယ် ”

(သူ မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်လာသည့်အခါ အဆင့်မြင့် ကျင့်ကြံသူဆယ်ယောက် ဝိုင်းတိုက်လာသည် )

………….…

ခုနှစ်ခုမြောက် မှတ်ဉာဏ်ထဲတွင်

“ ကျန့်ဝမ်ရွှီလို့ ခေါ်တဲ့လူက ပွင့်ချပ်ကိုးလွှာအဆင့် အန္တရာယ်အကြောင်း လာပြောပြတယ် ”

“ ကျန့်ဝမ်ရွှီ ဒုတိယပေါ်ထွက်လာတုန်း ပွင့်ချပ်ကိုးလွှာအဆင့် စွမ်းအားကို ပြခဲ့တယ်။ သူက ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာ တူတယ်။ ငါက ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းနိုင်မဲ့ လျှို့ဝှက်ချက်နဲ့ နည်းလမ်းတွေကို ချိတ်ပိတ်ထားလိုက်မယ်လို့ ဖျောင်းဖျနိုင်ခဲ့တယ် ”

“ငါ့သက်တမ်းက အတော်လေး နီးလာပြီ။ ကျင့်ကြံရေးလောကက ငါ့ကို စောင့်ကြည့်နေကြတယ်။ ကျန့်ဝမ်ရွှီက ငါ့ဆေးလုံးတွေကို လိုချင်နေတာပဲ ”

( ကျန့်ဝမ်ရွှီက ထိုဆေးလုံး၊ ကျင့်စဉ်နှင့် လက်နက်များ၏ ဇစ်မြစ်အကြောင်း မေးခွန်းထုတ်သည့် မှတ်ဉာဏ်တစ်ပိုင်းတစ ထွက်ပေါ်လာသည်။ )

“ဆေးလုံးလား … ကြည့်ရတာ သူတို့က ဆေးလုံးသက်သက် မဟုတ်ဘဲ မဟာလေဟာနယ်ရဲ့ မျိုးစေ့တွေနဲ့ ပိုတူတယ်”

(မှတ်ဉာဏ်တစွန်းတစ ဝေဝါးသွားပြန်သည် )

“ ငါ့တပည့်တွေကို သုံးပြီး ပွင့်ချပ်ကိုးလွှာ တက်လှမ်းမဲ့ နည်းလမ်းက အလုပ်မဖြစ်လောက်ဘူး ”

“ ကျန့်ဝမ်ရွှီ ပြောတာ မှန်တယ်။ ပွင့်ချပ်ကိုးလွှာက ကပ်ဘေးကို ယူဆောင်လာမှာပဲ။ ဒါပေမဲ့ သူက ပွင့်ချပ်ကိုးလွှာ ဘယ်လိုဖြစ်နေတာလဲ။ အနီရောင်ကြာက သူ့သက်တမ်းကို မစုပ်ယူဘူးလား ”

“ ရွှေကြာက လူတစ်ယောက်ရဲ့ သက်တမ်းကို ဘယ်လောက်ယူလဲ။ ရွှေကြာတစ်ခုတည်း မဟုတ်သေးဘူး။ မိုးမြေ အတားအဆီးလည်း အမှန်တကယ် ရှိတဲ့ပုံပဲ ”

“ငါ ပွင့်ချပ်ကိုးလွှာ တက်လှမ်းကြည့်တော့မယ်။ ငါ့သက်တမ်းက ကုန်တော့မယ်။ ငါက ပွင့်ချပ်ရှစ်လွှာနဲ့ တစ်ပိုင်းအဆင့်အထိ ရောက်နိုင်ခဲ့တယ်။ အဲဒီမြေခွေးအိုကြီး ကျန့်ဝမ်ရွှီက ငါ့ဆီ ချဉ်းကပ်လာတယ် ”

“ကျန့်ဝမ်ရွှီက ပွင့်ချပ်ကိုးလွှာ လျှို့ဝှက်ချက်၊ မဟာလေဟာနယ် မျိုးစေ့၊ လက်နက်တွေနဲ့ ကျင့်စဉ်တွေရဲ့ ဇစ်မြစ်ပါတဲ့ ငါ့မှတ်ဉာဏ်ကို လိုချင်နေတယ်။ ငါ သလင်းကျောက်ထဲ အကုန်ထည့်ပြီး ချိတ်ပိတ်လိုက်တယ်။ ဒါပေမဲ့ သူက ငါ့ဇစ်မြစ်ကို သိနိုင်မှာ မဟုတ်ဘူး။ ငါ သူ မကျော်လွှားနိုင်လောက်တဲ့ အတားအဆီးကို ချထားလိုက်တယ်”

( မှတ်ဉာဏ်က ထပ်မံ ဝေဝါးသွားသည် )

………….…

ဝှစ်

လုကျိုးဝန်းကျင်မှ ပုံရိပ်များ ပျောက်ကွယ်သွားပြီး လက်တွေ့သို့ ပြန်ရောက်လာသည်။

သတင်းအချက်အလက်အများစုက သူ ခန့်မှန်းထားသလို ဖြစ်သော်လည်း အတည်ပြုလိုက်နိုင်ခြင်းကြောင့် ပိုမိုရှင်းလင်းသွားသည်။

သူက တပည့်များ ပြောဖူးသည့် မှတ်ဉာဏ်အများစု ပြန်ရလာခဲ့သည်။ သို့သော်လည်း တချို့လျှို့ဝှက်ဆန်းကြယ်မှုများက သလင်းကျောက်ဖြင့်ပင် မဖြေရှင်းနိုင်သေးပေ။

“မဟာလေဟာနယ် မျိုးစေ့လား။ မဟာလေဟာနယ်က ဘာကြီးလဲ။ မဟာလေဟာနယ်က ဘယ်မှာလဲ ”

လုကျိုးက တိုက်ဆိုင်မှုဟု ဆိုရအောင် ထူးဆန်းနေကြောင်း သိထားသည်။ တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် စီးဝူယာ့အကြောင်း ပြောတိုင်း မှတ်ဉာဏ်များက ဝေဝါးသွားတတ်သည်။

…

အခန်း (၆၆၅) ကျူးကျော်လာသော မန်မန်းများ

“လက်နက်နဲ့ကျင့်စဉ်တွေရဲ့ဇာစ်မြစ်လား”

“မိစ်ဆာစနစျလား”

ယင်းသည် သူ၏ခန့်မှန်းချက်များသာဖြစ်သော်ငြား ရနိုင်သည့် မှတ်ဉာဏ်များကနေ ကောက်ချက်ချနိုင်၏။ သူ့ကို စိတ်ဝင်စားစေသည့်တစ်ခုတည်းသောအရာသည် မဟာလေဟာနယ်မျိုးစေ့၏ ဇာစ်မြစ်ပဲဖြစ်သည်။

လုကျိုးသည် သူ၏မှတ်ဉာဏ်သလင်းကို ကြည့်လိုက်၏။ ထိုထဲတွင်ပါဝင်သော မှတ်ဉာဏ်များက မှိန်ဖျော့သွားပြီဖြစ်သည်။ သူ၏လက်ချောင်းကို လှုပ်ရှားလိုက်၏။

ခွမ်း

မှတ်ဉာဏ်သလင်းသည် အမှုန့်ဖြစ်သွားပြီးနောက် တစစီပြိုကွဲကာအမှုန့်ဖြစ်သွားတော့သည်။

ကျိထျန်းတောက်သည် ထိုမျှများပြားသည့်မှတ်ဉာဏ်များကို ချိတ်ပိတ်ထားလိုက်မည်ဟု သူ မထင်ထားပေ။

လုကျိုးသည် သူ၏ခေါင်းလေးလံလာသည်ဟု ရုတ်တရက်ခံစားမိသည်။ ယင်းသည် မှတ်ဉာဏ်တချို့ ကျန်ရှိနေခြင်း၏ ဘေးထွက်ဆိုးကျိုးဖြစ်ရမည်။ သူအခန်းထဲသွားကာ အနားယူရန်လှည့်လိုက်၏။

“တင်း ... မှတ်ဉာဏ်သလင်းတစ်ဝက် ရှာတွေ့ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၅၀၀၀”

ထိုစဉ် လျန့်စီရင်စုမြို့ထဲတွင်ဖြစ်သည်။

စီးဝူယာ့သည် လော့ရှစ်ယင်၏မှတ်တမ်းကို ထပ်တလဲလဲကြည့်ပြီးနောက် သူတို့ကို ပြန်ထားလိုက်၏။ ပြီးနောက် သူက မေးလိုက်သည်။

“ဒီရက်တွေမှာ တာ့ရှစ်ရှိုးရဲ့အခြေအနေဘယ်လိုလဲ”

“တာ့ရှစ်ရှိုးက အိပ်ငိုက်နေတဲ့ပုံပဲ။ သူ စားချင်စိတ်ရှိပြီးနိုးတာနဲ့စားတယ်။ ကျွန်တော် စားတာထက် သူ ပိုစားနိုင်တယ်။ သူဗိုက်ပြည့်ပြီးတာနဲ့ပြန်အိပ်တယ်” ကျူးဟုန်ကုန်းသည် လက်နှစ်ဖက်ဖြန့်လိုက်၏။

“သူ့ရဲ့ပြောင်းလဲမှုကို စောင့်ကြည့်ထား” စီးဝူယာ့ကပြောပြီး မေးလိုက်၏။ “ရှစ်စွင်းကကော”

ကျူးဟုန်ကုန်းက ပြောလိုက်၏။ “ရှစ်စွင်းက ပြီးခဲ့တဲ့နှစ်ရက်က အိပ်နေတာ သူ့ကို မနှောင့်ယှက်ရဲဘူး”

စီးဝူယာ့က ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ရှစ်စွင်းက မဟာမိတ်တိုင်းပြည်ဆယ့်နှစ်ခုကို ရင်ဆိုင်ရတာ ပင်ပန်းနေတာဖြစ်ရမယ်။ သူ အနားယူရမယ်။ ဂိုဏ်းသားတို့”

“သတ္တမသခင်လေး” ငရဲဂိုဏ်းသားနှစ်ဦးသည် ပေါ်လာလေ၏။

“ကျန်တဲ့သူတွေကို ပြောလိုက်။ ရှစ်စွင်းရဲ့ခြံဝန်းနား ဘယ်သူမှသွားခွင့်မရှိဘူး။ ထူးဆန်းတာ တစ်ခုခုရှိရင် ငါ့ဆီချက်ချင်း သတင်းပို့”

“နားလည်ပါပြီ”

ကျူးဟုန်ကုန်းက ပြောလိုက်၏။ “ချီရှစ်ရှိုး ဘာကိစ္စမှမရှိရင် ကျွန်တော် သွားကျင့်ကြံတော့မယ်”

“သွား”

ကျူးဟုန်ကုန်းက လှည့်ထွက်သွားတော့၏။

ပြီးနောက် ကျိုးကျစ်ဖုန်းက အခန်းထဲဝင်လာသည်။

“သတ္တမသခင်လေး ... အခုတလော ကောင်းကင်ကျုံးနားမှာ ထူးဆန်းတဲ့ငှက်တွေအများကြီးတွေ့မိတယ်”

“ထူးဆန်းတဲ့ငှက်တွေလား”

“ငှက်တွေက ရက်စက်ကြမ်းကြုတ်တယ်။ ကျင့်ကြံသူတွေအနားကပ်လာတာနဲ့ သူတို့ တိုက်ခိုက်တယ်။ ကျွန်တော် သူတို့ပုံကိုဆွဲထားတယ်"

ကျိုးကျစ်ဖုန်းသည် စာလိပ်ကို ဖြည်ချလိုက်ပြီးနောက် စားပွဲပေါ်ထားလိုက်၏။

စီးဝူယာ့က ပုံတူကို ကြည့်လိုက်၏။ ငှက်များသည် တောင်ပံနှင့်မျက်လုံးတစ်လုံးရှိသည့် ဘဲခေါင်းစိမ်းနှင့် တူနေ၏။

“ပိယင်းငှက်လား” စီးဝူယာ့သည် ရင်းနှီးနေသည်ဟု ခံစားမိသည်။

“ဒါက် ပိယင်းငှက်ထက် ပိုကြီးတယ်လို့ ခံစားမိတယ်။ သူတို့အနားကပ်လာတဲ့အချိန် ကျွန်တော်တို့လူတွေ တိုက်ခိုက်ခံလိုက်ရတာ။ သူတို့အသက်ဆုံးရှုံးလုနီးပါးပဲ" ကျိုးကျစ်ဖုန်းက ပြောလိုက်သည်။

“တာ့ယန်ရဲ့တော်ဝင်မိသားစုရဲ့ပြတိုက်တွေထဲမှာ ထူးဆန်းတဲ့ငှက်တွေအကြောင်းလေ့လာဖူးတယ်။ အဲ့ဒီသားရဲတွေက မဟူရာသစ်သားတောအုပ်ထဲမှာပဲ ရှာတွေ့နိုင်တဲ့အကောင်တွေဖြစ်ရမှာ ဘာကြောင့် ကောင်းကင်ကျုံးနား ရောက်လာတာလဲ” စီးဝူယာ့သည် ထူးဆန်းနေ၏။

“ကောင်းကင်ကျုံးနား တစ်ချက်သွားကြည့်သင့်တယ်ထင်တယ်”

“ကောင်းပြီ”

ထိုစဉ် လျန့်စီရင်စု၏အရှေ့ဖက်ခြမ်း ကောင်းကင်ကျုံး၏အရှေ့ဖက်နားတွင်ဖြစ်သည်။

တောင်ပံများဖြင့်သားရဲများသည် ဝေဟင်ထဲပျံဝဲနေသည်။

ဟွမ်းရှစ်ကျဲ၊ ကျူးထျန်းယွမ်နှင့် ပွင့်ချပ်ရှစ်လွှာအကျော်အမော်နှစ်ယောက်သည် ဝေဟင်ထဲတွင် ပျံဝဲလျက်ငှက်များကို ကြည့်နေသည်။

“သူတို့မှာတိုက်ခိုက်မဲ့ရည်ရွယ်ချက်ရှိမယ်လို့မထင်ဘူး။ အဲ့ဒီနေရာမှာပဲ သူတို့နေနေတယ်”

“အဲ့လိုတာဆို စိတ်အေးထားလို့ရတာပေါ့။ သူတို့လူသားတွေကို ရန်မလိုဖို့မျှော်လင့်ရတာပဲ"

ထိုစဉ် စီးဝူယာ့နှင့် ကျန်သည့်သူများ ရောက်လာသည်။

ကျန်သည့်သူများက သူ့ကိုအရိုအသေပေးလိုက်၏။

စီးဝူယာ့သည် ဝေဟင်ထဲရှိ ပိယင်းငှက်များကို ကြည့်ပြီး အနည်းငယ်ထိတ်လန့်သွားသည်။ ပြီးနောက် သူက ပြောလိုက်တော့သည်။

“အဲဒီငှက်တွေက ချုံးဝူတောင်တန်းပေါ်မှာ ရှိတဲ့ငှက်တွေနဲ့ ဆင်တူပြီး တောင်ပံတစ်ဖက်၊ မျက်လုံးတစ်လုံးနဲ့ ဘဲခေါင်းစိမ်းနဲ့တူတယ်။ သူတို့က အစုံလိုက်ပျံသန်းပြီး မန်မန်း လို့လဲသိကြတယ်”

“မန်မန်းလား”

“အဟုတ်ပဲ အဲ့ဒီသားရဲကို မန်မန်း သို့မဟုတ် ပိယင်းငှက်လို့ခေါ်တယ်။ မဟူရာသစ်တောနဲ့ မြူတောအုပ်ရဲ့နယ်စပ် ချုံးဝူတောင်တန်းရဲ့မြောက်ဖက်အရပ်က လာတယ်” စီးဝူယာ့က ပြောလိုက်၏။

ဟွမ်းရှစ်ကျဲက ပြောသည်။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့သတ္တမသခင်လေးက စာအုပ်တွေ အများကြီးဖတ်ထားပြီး လူတိုင်းထက် ဉာဏ်ပိုထက်မြတ်တယ်လို့ လူတိုင်းက ပြောကြတာ အထင်ကြီးမိပါတယ်”

“ချီးကျူးတာ ကျေးဇူးတင်ပါတယ်” စီးဝူယာ့ကပြောလိုက်သည်။ “အဲ့ဒီသားရဲတွေမှာ တိုက်ခိုက်နိုင်တဲ့ အကန့်အသတ် ရှိတယ်။ ပုံမှန်ဆို ဗြဟ္မာပင်လယ်နယ်ပယ်ကျင့်ကြံသူတွေက သူတို့ကို အနိုင်ယူနိုင်တယ်။ ဒါပေမဲ့ သူတို့အရေအတွက်က နဲနဲများတယ်။ သူတို့တွေက စိတ်ပျက်စရာ ဖြစ်လာပြီဆိုတာနဲ့ လူတွေကို အနှောင့်အယှက်ဖြစ်လာလိမ့်မယ်”

“သတ္တမသခင်လေး ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ”

“သူတို့တွေ ဒီကိုရောက်နေရတဲ့အကြောင်းအရင်းကိုရှာရမှာ” စီးဝူယာ့ကပြန်ဖြေလိုက်၏။

ကျန်သည့်သူများက ခေါင်းညိတ်လိုက်သည်။

အမှန်တကယ်ပင် ရောဂါဝေဒနာအတွက် မှန်ကန်သည့်ဆေးက ကောင်းမွန်သည့်တန်ပြန်မှုဖြစ်သည်။ စီးဝူယာ့သည် မန်မန်းများဆီသွားလိုက်သည်။ မန်မန်းများသည် ပျံသန်းလာသည့်လူသားကို သတိပြုမိသောအခါ သူတို့က ချက်ချင်းစုစည်းပြီးတိုက်ခိုက်တော့၏။ စီးဝူယာ့သည် တည်တည်ငြိမ်ငြိမ်ဖြင့် သူ၏စိတ်ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။

ဝှစ်

သူ၏ပွင့်ချပ်ခုနစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်သည် မန်မန်းများကို တားထားသည်။

ယင်းကို သူမြင်သောအခါ ဟွမ်းရှစ်ကျဲကပြောလိုက်သည်။ “သတ္တမသခင်လေးက ပွင့်ချပ်ခုနစ်လွှာအဆင့် ရောက်ပြီဆိုတာ မသိခဲ့ဘူး”

လူတိုင်းသည် မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များ ပါရမီထက်မြတ်သည်ကို ကောင်းစွာသိကြသည်။

ကျူးထျန်းယွမ်က ပြောလိုက်၏။

“သတ္တမသခင်လေး ကျုပ်ရဲ့တုံးအတဲ့သားက ပါရမီမရှိဘူး။ ခင်ဗျားရဲ့ရှစ်စွင်းက သူ့ကို နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ရောက်အောင် ဘယ်လိုသင်ပေးခဲ့လဲဆိုတာ သိချင်မိတယ်”

စီးဝူယာ့သည် လေထဲပျံဝဲလျက်ပြောလိုက်သည်။

“သူ့ကျင့်စဉ်တွေကြောင့် ဖြစ်နိုင်တယ်။ မိစ္ဆာဝေဟင်မျှော်နန်းတပည့်တွေက မတူညီတဲ့ကျင့်စဉ်တွေ ရှိကြတာ။ ပါ့ရှစ်တိက ပျက်သုဉ်းခြင်း မိုးကြိုးကိုးပါးကျင့်စဉ်ကို ကျင့်ကြံတာလေ။ သူက တခြားကျင့်စဉ်တွေနဲ့ မသင့်တော်ဘူး”

“အဓိပ္ပာယ်ရှိတယ်” သူတို့သုံးယောက်က မန်မန်းများကြား၌ ပျံဝဲနေသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

မန်မန်းများက စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် လေထဲလွင့်ထွက်ကုန်သည်။

ဟွမ်းရှစ်ကျဲနှင့် ကျူးထျန်းယွမ်တို့သည်လည်း သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို ဆင့်ခေါ်ကာ တိုက်ခိုက်လိုက်၏။ ဤနည်းဖြင့် သူတို့၏အမြင်အာရုံက ပိုကြည်လင်လာသည်။

စီးဝူယာ့သည် သူတို့ရှေ့ရှိ သစ်ကိုင်းကိုမြင်သောအခါ ထိတ်လန့်သွား၏။

သူတို့ရှေ့ရှိတောအုပ်ထဲတွင် အသိုက်များရှိနေသည်။ အများစုက ပြီးသွားပြီဖြစ်သည်။

“စိတ်ဝင်စားစရာပဲ။ ဒီသားရဲတွေက ဒီမှာနေဖို့စဉ်းစားနေတာ” ဟွမ်းရှစ်ကျဲက ထုတ်ဖော်ပြောလိုက်၏။

“ဒါ အလုပ်မဖြစ်ဘူး။ လူသားတွေက သူတို့ရဲ့ဘဝကိုနှောင့်ယှက်ပြီးနေပြီ” ကျူးထျန်းယွမ်က ပြောလိုက်သည်။

ကျူးထျန်းယွမ်သည် သူ၏ဘေးဖက်ကို ကြည့်လိုက်သည်။ မန်မန်းများသည် အလောင်းများ မြှုပ်နှံသည့်နေရာကို ရွေးချယ်ထားကြောင်း သတိပြုမိသွား၏။

မန်မန်းများသည် မြေပြင်ပေါ်၌ ကုတ်ခြစ်နေကြပြီး ကြက်ပေါက်လေးများပမာ ထိုမြေပြင်ကို ထိုးစိုက်နေကြသည်။

“ကြည့်ဦး” စီးဝူယာ့သည် အောက်ရှိမန်မန်းများကို လက်ညှိုးထိုးလိုက်ပြသည်။

မန်မန်းများက ခြေတစ်ဖက်ကို ဆွဲယူပြီး စတင်ထိုးဆိတ်လိုက်၏။ ၎င်း၏လက်သည်းများက ချွန်ထက်သည်။ လက်ကိုပိုင်းချလိုက်ပြီးနောက် ဝါးမျိုလိုက်သည်။

သူတို့သည် ယင်းကိုမြင်ပြီးနောက် ကြက်သီးထကုန်၏။

စီးဝူယာ့က ပြောလိုက်သည်။

"ရို့လီရဲ့စစ်သူကြီးကာရိုးက လျန့်စီရင်စုရဲ့ အနောက်ဖက်မှာ တာ့ယန်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့တာ။ ဒါပေမဲ့ မန်မန်းတွေဒီကို ပေါ်မလာဘူး။ သူတို့ဒီမှာ စုဝေးလာရတဲ့အကြောင်းအရင်းတစ်ခုပဲရှိတယ်”

“ဘာလဲ”

“ကျန့်ဝမ်ရွှီသေတဲ့အချိန် ပေါ်လာတဲ့သွေးမြူတွေက အဲ့ဒီအလောင်းတွေကို စွန်းထင်းသွားတာ။ ကျန့်ဝမ်ရွှီပြောခဲ့တာ တစ်ခုရှိတယ်” စီးဝူယာ့က စကားပြောရပ်လိုက်၏။

“ပွင့်ချပ်ကိုးလွှာအဆင့်က ကပ်ဘေးကိုသယ်ဆောင်လာလိမ့်မယ်။ ပွင့်ချပ်ကိုးလွှာအဆင့်က ဒီသားရဲတွေရဲ့မျက်စိထဲမှာ တန်ဖိုးကြီးစားစရာတွေပဲ”

ဟွမ်းရှစ်ကျဲက ပြုံးပြီးပြောလိုက်သည်။

“မန်မန်းတွေက ဗြဟ္မာပင်လယ်နယ်ပယ်ကျင့်ကြံသူတွေကို အနိုင်မယူနိုင်တာ ဒီတော့ သူတို့တွေက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေကို ဘယ်လိုလုပ်စားမှာလဲ။ အဲ့ဒီယူဆချက်က လက်တွေ့မကျရာ ရောက်မနေဘူးလား”

“မဟုတ်ဘူး ... ကြည့်ကြည့်”

စီးဝူယာ့သည် အလယ်ရှိအသိုက်ကို လက်ညှိုးထိုးပြလိုက်သည်။

အင်မတန်ကြီးမားသည့် မန်မန်းနှစ်ကောင်သည် အသိုက်၏အလယ်မှပေါ်ထွက်လာချိန်တွင် စီးဝူယာ့၏အသံက တိုးသွားသည်။ သူတို့၏ခေါင်းများက မီတာများစွာရှည်ပြီး သူတို့၏မျက်လုံးများက လူကြီးတစ်ယောက်၏ လက်သီးဆုပ်အရွယ်အစားခန့်ကြီးမားသည်။

မန်မန်းနှစ်ယောက်သည် လူသားများ၏တည်ရှိမှုကို အာရုံခံမိသည်။ ထို့ကြောင့် သူတို့သည် တောင်ပံကို တဖြည်းဖြည်းချင်း မြှောက်လိုက်ရာ မီတာဒါဇင်ကျော်အထိ ပြန့်ကားသွား၏။

ဝှစ်

“အမ်း” ဟွမ်းရှစ်ကျဲသည် ထိုမြင်ကွင်းကြောင့် ဆွံ့အသွားသည်။

“လူသားတွေက အတိတ်တုန်းက သားရဲတွေကို ဖမ်းဆီးပြီး စီးတော်သားရဲယဉ်ပါးအောင်လုပ်ဖို့ မဟူရာသစ်တောကို စူးစမ်းရှာဖွေတဲ့အချိန် သူတို့သားရဲတချို့ကို သွေးဆောင်ခဲ့မိတယ်။ သားရဲတွေက လူသားကို ထိခိုက်ဒဏ်ရာရအောင်မလုပ်နိုင်ဘူး။ လေထဲရှိတဲ့အချိန် မီးညှိပြီး မဟူရာသစ်သားတောအုပ်ကို မီးရှို့ခဲ့တာ”

“အခုဘာလုပ်မလဲ။ မီးရှို့သင့်လား” ကျူးထျန်းယွမ်ကမေးလိုက်သည်။

စီးဝူယာ့က ပြော၏။ “အခုတော့နောက်ဆုတ်ကြမယ်”

“ဘာလို့နောက်ဆုတ်ရမှာလဲ။ သူတို့ကို သတ်လိုက်ရုံပေါ့” ကျူးထျန်းယွမ်က စောဒကတက်သည်။

“အကောင်ကြီးတွေကို သတ်ရင် မန်မန်းတွေကို ပိုပြီးခေါ်မိလိမ့်မယ်။ သူတို့ပစ်မှတ်က ကျန့်ဝမ်ရွှီရဲ့သွေးတွေ စွန်းထင်းထားတဲ့အလောင်းတွေပဲ” စီးဝူယာ့ကပြော၏။

“ဟုတ်ပြီ။ အခုနောက်ဆုတ်ကြမယ်”

သုံးယောက်သားက တစိတ်တစ်ဝမ်းတည်းဖြစ်သွားပြီးနောက် မန်မန်းများကို ထားခဲ့ကာ လျန့်စီရင်စုမြို့ကို ပြန်လာခဲ့သည်။

ဤနည်းဖြင့် မန်မန်းကြီးများက အသိုက်ထဲပြန်ဝင်သွားသည်။ သို့သော် မန်မန်းပေါက်လေးများသည် သုံးယောက်နောက်လိုက်လာသည်။ သူတို့သည် မြို့ရိုးနားအထိလိုက်လာ၏။

“မိန်းကလေးယွဲ့ရှင်း သူတို့ကို ဖြေရှင်းလိုက်”

“နားလည်ပါပြီ” မြို့ရိုးပေါ်၌ ဟွားယွဲ့ရှင်းသည်လော့ယွဲ့လေးကိုင်းကို ကြိုးဆွဲကာ စွမ်းအင်မြားကို ပစ်လိုက်၏။ ဤအခြေအနေတွင် သူမထက်မည်သူကမှ မသင့်တော်ပေ။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

စွမ်းအင်မြားတို့သည် သူတို့၏ပစ်မှတ်ပေါ်ကျရောက်လာပြီး မန်မန်းများက မြေပြင်ပေါ် ပြုတ်ကျသွား၏။

…

အခန်း (၆၆၆) တာ့ရှစ်ရှိုးကို သင်ကြားပေးခြင်း

ဟွားယွဲ့ရှင်း၏ ကြိုးစားမှုကို အားလုံး မြင်တွေ့ခဲ့ကြရသည်။ သူမအနေနှင့် အချိန်တိုအတွင်း စွမ်းအင်မြားအများကြီး ပစ်လွှတ်နိုင်သည်မှာ အံ့မခန်း ဖြစ်၏။ သူမက မိစ္ဆာဝေဟင်မျှော်နန်း၏ အလျင်အမြန် ဖွဲ့စည်းခြင်းကို ကျွမ်းကျင်လာပြီးသည့်နောက် သူမ၏ လေးမြားစွမ်းရည်ကလည်း ဆက်လက် တိုးတက်လာလိမ့်မည်။ သူမအနေနှင့် တာ့ယန်၏ အကြီးမြတ်ဆုံး လေးသည်တော် ဖြစ်လာဖို့ အချိန်တစ်ခုမျှသာ လိုတော့သည်။ လက်ရှိ နတ်လေးသည်တော်ဟု သိထားသည့်အနက် လော့ဂိုဏ်း၏ ရှန့်ယွင်ကျန်းသာ ကျန်ရှိတော့သည်။ ကျန်လူများက ငရဲရောက်ကုန်လေပြီ။

စီးဝူယာ့၊ ဟွမ်းရှစ်ကျဲနှင့် ကျူးထန်းယွမ်တို့က မြို့တံတိုင်းဆီ ပြန်သွားကြသည်။ သူတို့ နောက်လိုက်ဖမ်းသည့် မန်မန်းများအား ဟွားယွဲ့ရှင်းက မြားဖြင့် ပစ်ခဲ့သည်။

ထိုမန်မန်းအသေးလေးများက ဗြဟ္မာပင်လယ်အဆင့်ကျင့်ကြံသူအတွက် ပြိုင်ဘက် မဟုတ်ပေ။ ထို့ကြောင့် ဖြေရှင်းဖို့ လွယ်ကူလှသည်။

“အကောင်ကြီးနှစ်ကောင်ကတော့ ရင်ဆိုင်ဖို့ လွယ်ကူမှာ မဟုတ်ဘူး” ကျူးထန်းယွမ်က အဝေးမှ သစ်ပင်ကြီးအား ကြည့်ကာ ပြောလိုက်သည်။

စီးဝူယာ့က ခေါင်းညိတ်ကာ ပြောလိုက်၏။

“ ရက်ပိုင်းလောက် စောင့်ကြတာပေါ့။ အဲဒီငှက်တွေရဲ့ ပစ်မှတ်က အလောင်းတွေပဲ။ တကယ်လို့ သူတို့ အလောင်းတွေ စားပြီးတာတောင် ထွက်မသွားရင် မောင်းထုတ်ရမဲ့ နည်းလမ်းရှာတာပေါ့ ”

တခြားလူများက ခေါင်းညိတ်ကာ မြို့တံတိုင်းမှ ဆင်းလာလိုက်ကြသည်။

အတွေးနစ်မျောနေသည့် စီးဝူယာ့က ထိုငှက်များအား ကြည့်နေသည်။ သူက ပွင့်ချပ်ကိုးလွှာအဆင့် ယူဆောင်လာသည့် ကပ်ဘေးလားဟု စဉ်းစားခန်းဖွင့်နေမိ၏။ ခဏအကြာတွင် သူက မြို့တံတိုင်းပေါ် ဆင်းသက်လာသည့် ဟွားယွဲ့ရှင်းကို ကြည့်လိုက်ကာ “မိန်းကလေးယွဲ့ရှင်းကို ရက်ပိုင်းလောက် ဒုက္ခပေးရတော့မယ် ”

ဟွားယွဲ့ရှင်းက ခပ်တောင့်တောင့် ဦးညွှတ်ကာ “သတ္တမသခင်လေး စိတ်ချနေပါ။ ကျွန်မ ဒီမှာရှိနေသရွေ့ သားရဲတွေ လူတွေဆီ မနှောင့်ယှက်နိုင်ပါဘူး”

စီးဝူယာ့က ခေါင်းညိတ်ပြီး ထွက်လာလိုက်သည်။

အံ့ဖွယ်မြို့တော်ကဲ့သို့ လျန့်စီရင်စုကိုလည်း အံ့မခန်း အမြန်နှုန်းဖြင့် ပြန်လည်တည်ဆောက်နေသည်။ တာ့ယန်၏ ကျင့်ကြံသူများ အားစိုက်မှုများအောက်တွင် အဆောက်အဦများကို ပြန်လည်တည်ဆောက်ခဲ့ကြသည်။

…………..…

စီးဝူယာ့က အစည်းအဝေးခန်းမအတွင်း ရောက်လာသည့်အခါ ကျိုးကျစ်ဖုန်းက အမြန်အဆန် ဝင်လာပြီး “ သတ္တမသခင်လေး သွားပြီ သွားပြီ … ပထမသခင်လေးက ရူးသွားပြီ တူတယ်”

“ရူးသွားတာလား ”

“ပထမသခင်လေးက လတ်တလော အစားကြီးလာတယ်။ သူက အများကြီး အများကြီးကို စားတာ … အဲလိုပြောတာ လျှော့ပေါ့ပြောထားတာရယ် ”

“ငါ သွားကြည့်လိုက်မယ်” စီးဝူယာ့က ထိုအရာသည် နားလည်ရခက်သည်ဟု ထင်မိသည်။ ဝူချီအန်းအပေါ် သူ့နားလည်နိုင်စွမ်းထက် တခြားသူများထက် ကျော်လွန်၏။ ယွီကျန့်ဟိုင်၏ ဒုတိယအကြိမ် ပြန်လည်ရှင်သန်လာစဉ်အတွင်း ယွီကျန့်ဟိုင်ကို ၄၉ ရက်ကြာ ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်ပေးပြီး ရေလောင်းပေးခဲ့သည်။ ယခင်က ယွီကျန့်ဟိုင်သည် အစားမက်သူ ဖြစ်မလာခဲ့ပေ။

အခု ဘာလို့ ရုတ်တရက် ပြောင်းလဲသွားတာလဲ ….

သူက အတွေးနစ်မျှောလျက် လျှောက်လှမ်းလာသည်။ သူက ယွီကျန့်ဟိုင်သည် လူကြီးအဖြစ် နိုးထလာဖို့အရာနှင့် သက်ဆိုင်နိုင်ကြောင်း ကောက်ချက်ချလိုက်၏။ ယခု သူ့တာရှစ်ရှိုး၏ စိတ်ဒဏ်ရာနှင့် အစွဲအလမ်းကို ကျော်ဖြတ်လာပြီးပြီဖြစ်၍ ပုံမှန် ပြန်ဖြစ်လာသင့်လေပြီ။

ခဏအကြာတွင် စီးဝူယာ့နှင့် ကျိုးကျစ်ဖုန်းတို့က ယွီကျန့်ဟိုင် နေထိုင်သည့် ခြံဝန်းထဲ ရောက်လာသည်။ ခြံဝန်းက ဗလာကျင်းနေ၍ ကျူးဟုန်ကုန်း၏ အခန်းအဆီ ဝင်လိုက်ကြသည်။

သူတို့ အခန်းထဲ ဝင်လိုက်သည့်အခါ ကျူးဟုန်ကုန်းနှင့် မင်ရှစ်ရင်တို့က အထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကို မြင်လိုက်ရသည်။

စီးဝူယာ့က မေးလိုက်၏။ “စစ်ရှစ်ရှိုး ဘာဖြစ်လို့လဲ”

မင်ရှစ်ရင်က ကျူးဟုန်ကုန်းထံ မျက်လုံးဝေ့ကြည့်လိုက်ပြီး “ အဲဒီငတုံးက မတားလိုက်နိုင်ဘူးလေ။ တာ့ရှစ်ရှိုးက အနီရောင်ငါး တစ်ကောင်လုံးကို စားပစ်လိုက်တယ် ”

“ အနီရောင်ငါးလား” စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။

မင်ရှစ်ရင်က ကူကယ်ရာမဲ့စွာ လက်ဖြန့်လိုက်ရင်း “ရှစ်စွင်းက တာ့ရှစ်ရှိုးကို အနီရောင်ငါး နှလုံးသား ပေးထားတာလေ။ ငါက အနီရောင်ငါးနဲ့ ချီယောင်ကို လိုက်ရှာနေခဲ့တာ။ အခုနောက်ပိုင်း တာ့ရှစ်ရှိုးရဲ့ အစာစားချင်စိတ်က အတော်လေး ကြီးထွားလာတယ်။ သူက လက်ထဲ ရောက်သမျှ အကုန်စားပစ်တာပဲ။ မီးဖိုချောင်ထဲက အစားအစာတွေလည်း ကုန်ပြီ။

ငါ့ရဲ့ အနီရောင်ငါးတောင် မချန်ဘူး။ တာ့ရှစ်ရှိုးက အနီရောင်ငါးကိုတောင် တွေ့တယ်ဆိုတော့ ဘယ်တုန်းကများ အနံ့ခံကောင်းလာပါ့လိမ့် ”

“ကျွန်တော် ကြည့်ရအောင် ” စီးဝူယာ့က ခုတင်နား ရောက်လာသည့်အခါ ယွီကျန့်ဟိုင်သည် ဗိုက်ပူလျက် ဟောက်ကာ အိပ်ပျော်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူက စိတ်ချရစေရန် ယွီကျန့်ဟိုင်ကို သေချာစမ်းသပ်လိုက်သည်။ သူက ထုတ်ပြောလိုက်၏ “သူ့ခန္ဓာကိုယ်မှာ ပြဿနာ မရှိပါဘူး။ သူက ဒီလိုမျိုး ဘာလို့ စားချင်စိတ်ကြီးလာပါ့လိမ့် ”

“ငါက တခြားအရာ စိတ်မပူဘူး။ အနီရောင်ငါးက အဆိပ်ပါလား မပါလာ မသိရသေးဘူးလေ။ အဲဒါက ချောက်နက်ထဲကဆိုတော့ ဘယ်သူမှလည်း သေချာမသိကြဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။

ကျူးဟုန်ကုန်းက ရေရွတ်လိုက်၏ “ ကျွန်တော်ကို အပြစ်တင်လို့ မရဘူး။ တာ့ရှစ်ရှိုး စားချင်တာကို ဘယ်သူက တားရဲမှာလဲ ”

မင်ရှစ်ရင်က အိပ်ပျော်နေသည့် ယွီကျန့်ဟိုင်အား တစ်ချက်ကြည့်ကာ အလျှင်စလို ပြောလိုက်သည် “ မင်းက ဘာကြောက်နေတာလဲ။ တာ့ရှစ်ရှိုးက အခုအထိ မှတ်ဉာဏ်နဲ့ ကျင့်ကြံဆင့် ပြန်မရသေးဘူးလေ။ မင်းလည်း အာ့ရှစ်ရှိုးလို လုပ်သင့်တယ်။ ဒီလိုအချိန်မျိုးမှာ သူ့ကို ညီငယ်လေးလို ဆက်ဆံပေးသင့်တယ်”

ကျူးဟုန်ကုန်း “ …. ”

“ အကျိုးသင့်အကြောင်းသင့် ပြောရတာပေါ့။ ဒါက သူ ကောင်းဖို့ပဲလေ။ သေချာစဉ်းစားကြည့်ဦး။ တစ်ရက်ကျ တာ့ရှစ်ရှိုး ပြန်ကောင်းသွားရင် ဒီကြားထဲအချိန်ကို မှတ်မိမှာ မဟုတ်ဘူး။ အခု သူ့ကို မကူညီရင် တာ့ရှစ်ရှိုးက နောင်တစ်ခုခု ဖြစ်လာရင် မင်းကို အပြစ်တင်မှာပေါ့” မင်ရှစ်ရင်က ပြောလိုက်သည်။

ကျူးဟုန်ကုန်းက မျက်လုံးအပြူးသား ဖြစ်သွားသည်။ သူက ပေါင်ကို ထုလိုက်ပြီး “ စစ်ရှစ်ရှိုး ပြောတာ မှန်တယ်။ ကျွန်တာ်က တုံးလိုက်တာ ”

“ တာ့ရှစ်ရှိုးကို သေချာစောင့်ကြည့်ထား။ ငါ သွားတော့မယ် ”

စီးဝူယာ့က ယွီကျန့်ဟိုင် အန္တရာယ်မရှိကြောင်း စစ်ဆေးပြီးနောက် အခန်းထဲမှ ထွက်လာလိုက်သည်။

အဆုံးသတ်၌ ယွီကျန့်ဟိုင်နှင့် ကျူးဟုန်ကုန်းတို့သာ အခန်းထဲ ကျန်ရှိတော့သည်။

…………..…

နေဝင်ချိန် ရောက်လာသည့်အခါ ကျူးဟုန်ကုန်းက သူ့စစ်ရှစ်ရှိုး၏ စကားများကို စဉ်းစားနေဆဲ ဖြစ်၏။ သူက တွေးကြည့်လေလေ ပိုမို အဓိပ္ပါယ်ရှိလေလေ ဖြစ်နေသည်။ သူက ရင်ဘတ်ကို ကော့ကာ ပြောလိုက်သည် “စစ်ရှစ်ရှိုး ပြောတာ မှန်တယ်။ တကယ်လို့ တာ့ရှစ်ရှိုးသာ ပြန်ကောင်းလာရင် သူ့ကို မတားလို့ အပြစ်တင်မှာ မဟုတ်ဘူးလား။ အခုကစပြီး သူ့အပေါ် ပိုတင်းကျပ်သင့်ပြီ ”

သူက အိပ်ပျော်နေသည့် ယွီကျန့်ဟိုင်အား လှမ်းကြည့်လိုက်သည်။ သူက ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်ပြီး “ တာ့ရှစ်ရှိုး ကျွန်တော် တောင်းပန်ပါတယ် ”

ကျူးဟုန်ကုန်း၏ လှုပ်ရှားမှုကြောင့်လား သို့မဟုတ် တစ်ခြားတစ်ခုကြောင့်လား မသိသော်လည်း ယွီကျန့်ဟိုင်က နိုးလာသည်။

“တာ့ရှစ်ရှိုး ”

ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်းကို မတုံ့ပြန်ပေ။ သူ ပထမဆုံး ပြောလိုက်သည်ကား “စားဖို့ တစ်ခုခု ယူခဲ့ပါဦး ”

ကျူးဟုန်ကုန်းက လည်ချောင်းရှင်းကာ နောက်ကျောဘက် လက်ပစ်လိုက်ပြီး အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။

“စားမှာလား။ ကြည့်ပါဦး … ဘယ်လိုလုပ် စားဖို့ချည်း စဉ်းစားနိုင်ရတာလဲ ”

လူငယ်ယွီကျန့်ဟိုင်က နည်းနည်းကြောင်အမ်းသွားသည်။ သူတို့နှစ်ဦးသား လတ်တလော ပိုမို နီးကပ်လာကြသည်။ သူက လောင်ပါ့၏ စကားများအရ တပည့်များအနက် လောင်ပါ့နှင့် ဆက်ဆံရေးအကောင်းဆုံး ဖြစ်ကြောင်း ယုံကြည်ထားမိ၏။ သူက လောင်ပါ့ကို အမိန့်ပေးနေရသည်မှာ အသားကျနေလေပြီ။ ဤရုတ်ချည်းအပြောင်းအလဲက သူ့အား အံ့အားသင့်သွားစေ၏ “ငါ ဗိုက်ဆာလို့ ”

“အဲလို မဖြစ်ဘူး။ ဒါက တာ့ရှစ်ရှိုး ကောင်းဖို့ပဲ။ ဒီမတိုင်ခင်က ဘာစားလိုက်လဲ သိလား။ ရှစ်စွင်း ချောက်နက်ထဲကနေ ယူလာတဲ့ အနီရောင်ငါးကို စားပစ်လိုက်တာလေ။ စားပြီးတော့ ဆိုးဆိုးရွားရွား တစ်ခုခု မဖြစ်တာကို ဝမ်းသာသင့်တယ်။ တကယ်လို့ တစ်ခုခုများ ဖြစ်လာခဲ့ရင် …. ” ကျူးဟုန်ကုန်းက အကြီးက အငယ်တစ်ယောက်ကို ဆုံးမနေဟန်ဖြင့် ပြောလိုက်သည်။

“ပါ့ရှစ်တိ … စားဖို့ ယူခဲ့ပေးပါ။ ဒီတစ်ခါ နောက်ဆုံးလို့ ကတိပေးပါတယ် …” ယွီကျန့်ဟိုင်က တောင်းဆိုသည့် လေသံဖြင့် ပြောလာသည်။

ကျူးဟုန်ကုန်းက စိတ်ခိုင်ခိုင်ထားကာ “ မရဘူး။ အရင်က လိုက်လျောပေးခဲ့ပြီးပြီ။ အခု အဲလိုဖြစ်မယ်များ ထင်နေလား”

သူက ယွီကျန့်ဟိုင်၏ မျက်နှာထက် စိတ်ရှုပ်ထွေးနေသည့် အမူအရာကို မြင်ကာ ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။

“ဒီကို လာနှိပ်ပေးပါဦး ”

“အိုး ” ယွီကျန့်ဟိုင်က နာနာခံခံ နှိပ်ပေးနေ၏။

“ ဒါက တာ့ရှစ်ရှိုး ကောင်းဖို့ပဲ။ ကျွန်တော်ကို နှိပ်ပေးပြီးတော့ တာ့ရှစ်ရှိုးကို နေရာသိဖို့ သတိပေးလိုက်တာပဲ။ တာ့ရှစ်ရှိုးက အကြီးလေ။ ဒါပေမဲ့ လျန့်စီရင်စုမြို့ရဲ့ အခြေအနေက အခြေမကျသေးဘူး။ အဲကြောင့် လိုချင်တာ အကုန် မရနိုင်ဘူး။ တာ့ရှစ်ရှိုးက နမူနာကောင်း ဖြစ်ရမယ်လေ။ နားလည်ပြီလား”

“အင်း ”

ကျူးဟုန်ကုန်းက ကျေနပ်မှုအပြည့်ဖြင့် မျက်လုံးမှိတ်ထားလိုက်သည်။

သောက်ရမ်းကို သက်သောင့်သက်သာ ရှိတယ် …

သူက ခြေထောက်ကို လက်ညှိုးထိုးလိုက်ပြီး “အခု ခြေထောက် ”

ဇိမ်ရှိလိုက်တာ …

သူက အနှိပ်ခံနေစဉ် အိပ်ပျော်လုနီးပါး ဖြစ်သွားသည်။

ယွီကျန့်ဟိုင်ကမူ မတ်တတ်ရပ်နိုင်ရုံမျှ ဖြစ်သောကြောင့် ခုတင်ပေါ် တက်လာကာ ပြန်အိပ်ပျော်သွားသည်။

…………

ညနက်သန်းခေါင် ရောက်လာသည့်အခါ အခန်းမှ ဟောက်သံကိုပင် ကြားနေရသည်။

ကျူးဟုန်ကုန်းက ဝက်သေတစ်ကောင်လိုမျိုး အိပ်ပျော်နေ၏။

သို့သော်လည်း ယွီကျန့်ဟိုင်ကမူ ဘယ်ညာလှည့်ရင်း အိပ်နေသည်။ သူက တစ်ကိုယ်လုံး လောင်ကျွမ်းနေသလိုမျိုး ခံစားနေရသည်။ သူက အိပ်မက် မက်နေ၏။

သူ့စိတ်ထဲ အတိတ်မှ မြင်ကွင်းတချို့ကို ပြန်မြင်ယောင်လာမိသည်။ သူ့တိုက်ပွဲများ၊ လို့လန်တွင် မရောင်းချခံရခင် ဓားပြတိုက်ခံရပုံနှင့် နှလုံးအထိုးခံရကာ သေဆုံးသွားပုံအပါအဝင် အရာအားလုံး ပြန်လည် ပေါ်လာသည်။

သူ အသက်ပြန်ဝင်လာပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့် ဖြစ်လာကာ နဂါးသွဲ့ကျောက်ဓားကို ရရှိပြီး ပွင့်ချပ်ရှစ်လွှာအဆင့်ဝင်ရောက်သွားပုံ၊ ငရဲဂိုဏ်း တည်ဆောင်ပုံနှင့် ကာကွယ်သူလေးယောက်တို့ကို ရွေးချယ်ပုံများပါ မှတ်ဉာဏ်ထဲ ပြန်ပေါ်လာသည်။

……………..

နောက်တစ်ရက် မနက်ခင်း၌

အခန်းအတွင်း ပြတင်းပေါက်မှတဆင့် နေရောင်ဖြာကျလာသည့်အခါ ကျူးဟုန်ကုန်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူက ကောင်းကောင်း အိပ်စက်ခဲ့ရ၏။ သူက ယွီကျန့်ဟိုင်သည် အိပ်နေဆဲ ဖြစ်ကြောင်း မြင်သည့်အခါ မျက်မှောင်ကြုတ်လျက် “ထစမ်း ”

All Chapters