← Chapters

အခန်း (၆၆၇-၆၆၉)

Vol. 45 Ch. 667-669

အခန်း (၆၆၇-၆၆၉)

Vol. 45 Ch. 667-669

အခန်း (၆၆၇) ငါ ပြန်လာပြီ

ယွီကျန့်ဟိုင်သည် ကျူးဟုန်ကုန်းကို ပြန်မပြောပေ။

ကျူးဟုန်ကုန်းက ခြေထောက်မြှောက်ကာ အကြောဆန့်လျက် သမ်းဝေလိုက်သည်။ ထိုသို့ ပြုလုပ်ပြီးနောက် ယွီကျန့်ဟိုင် မလှုပ်ရှားတာမြင်သောအခါ သူ ခေါ်လိုက်သည်။ “ယွီကျန့်ဟိုင်”

ကျူးဟုန်ကုန်းသည် မနေ့တုန်းက ဖြစ်စဉ်ကို ပြန်တွေးမိသောအခါ အတိတ်တုန်းက သူ ရူးမိုက်လွန်းသည်ဟု ခံစားမိသည်။ သူသည် တာ့ရှစ်ရှိုးကို အလုပ်အားလုံးလုပ်ခိုင်းနိုင်၏။ သူ၏အာ့ရှစ်ရှိုးသည် ယင်းကို သဘောပေါက်အောင် လုံလောက်အောင်ပါးနပ်ပေ၏။

ကျူးဟုန်ကုန်းသည် ခြေလက်များလှုပ်ရှားပြီးနောက် ထိုင်ချလိုက်သည်။ ပြီးနောက် သူက ပြောလိုက်သည်။

"ထတော့။ ရေတစ်ဇလုံသွားယူခဲ့။ ငါ မျက်နှာသစ်လို့ရအောင်”

ယွီကျန့်ဟိုင်သည် အလောင်းတစ်ကောင်နှင့် ဆင်တူသည့် တောင့်တင်းသောလှုပ်ရှားမှုများဖြင့် ထထိုင်လိုက်သည်။

ကျူးဟုန်ကုန်းသည် ယွီကျန့်ဟိုင်ကို တစ်ချက်ကြည့်ပြီးနောက် ဆော်ဩလိုက်သည်။ “ဟမ် ဘာလို့ ထိုင်နေသေးတာလဲ ယွီကျန့်ဟိုင်”

ယွီကျန့်ဟိုင်သည် ကျူးဟုန်ကုန်းဘက် လှည့်လိုက်၏။ သူ၏အသံက လွှမ်းမိုးနိုင်စွမ်းရှိကာ ပြောလိုက်တော့သည်။

“မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ”

ကျူးဟုန်ကုန်းက ထပ်မံသမ်းဝေလိုက်သည်။ သူသည် ယွီကျန့်ဟိုင်ကို ကြည့်တောင်မကြည့်ဘဲပြောလိုက်၏။ “ဘာလဲ ... မင်းကို ရှောင်ယွီလို့ခေါ်ရမှာလား”

“ဟမ်”

ကျူးဟုန်ကုန်းသည် အခြေအနေက မူမမှန်ဟု ရုတ်တရက်ခံစားမိလာသည်။ သူသည် အိပ်ရာထောင့်စွန်းတွင် ငြိမ်ငြိမ်ဆိမ်ဆိမ် ထိုင်နေသော ယွီကျန့်ဟိုင်ကို လှည့်ကြည့်လိုက်၏။ သူ ချက်ချင်းမှင်သက်သွားသည်။

ယွီကျန့်ဟိုင်၏အမူအရာက မှုန်မှိုင်းနေပြီး အင်မတန်တည်ကြည်နေ၏။ သူ မျက်မှောင်အနည်းငယ် ကျုံ့နေသည်။ သူ့အဝတ်အစားတစ်စိတ်တစ်ပိုင်းက စုတ်ပြဲလျက်မူလရုပ်ခန္ဓာပြန်ရပြီဖြစ်သည်။ သူ၏ဟန်ပန်၊ အမူအရာ၊ အရှိန်အဝါ၊ အကြည့်။

ယွီကျန့်ဟိုင်သည် ကျူးဟုန်ကုန်းကို အေးစက်တိတ်ဆိတ်စွာကြည့်လိုက်သည်။ ပြီးနောက် သူ လက်ဖဝါးကို ဖြန့်လိုက်ရာ နဂါးသွဲ့ကျောက်ဓားမော့က သူ့ဆီလျင်မြန်စွာ ပျံသန်းလာ၏။ စွမ်းအင်ဓားမော့သည် ဓားသွားနား ချက်ချင်းဖွဲ့တည်လာသည်။ သူ၏ကနဦးချီနှင့်စွမ်းအင်ဓားမော့၏ ဖွဲ့တည်မှုကို ထိန်းချုပ်ခြင်းက အင်မတန်ကျွမ်းကျင်သည်။

ယွီကျန့်ဟိုင်၏အကြည့်သည် နဂါးသွဲ့ကျောက်ဓားမော့ဆီရောက်သွားသည်။ သူက အင်္ကျီလက်ကို လိပ်တင်ပြီးနောက် ဓားမော့ကို သုတ်လိုက်ပြီး မိတ်ဆွေဟောင်းတစ်ယောက်ကို သုတ်ပေးနေသလိုပင်။ သူ အိပ်ပျော်လာပြီးနောက် နိုးထလာချိန်တွင် မတူညီသည့်လူတစ်ယောက်လို နိုးထလာခဲ့သည်။ သူအချိန်အတော်ကြာ အိပ်မောကျနေပြီး ရာစုနှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့သည်။ သူသည် ဒေါသလည်းမထွက် ကျူးဟုန်ကုန်းကို ဘာမှလည်းမပြော။ သူ၏နဂါးသွဲ့ကျောက်ဓားမော့ကိုသာ သုတ်နေသည်။

ခဏအကြာတွင် ယွီကျန့်ဟိုင်သည် နဂါးသွဲ့ကျောက်ဓားမော့ကို ပြတင်းပေါက်ကနေဖြတ်လျက် တောက်ပသောနေရောင်ပေါ်မြှောက်လိုက်၏။ သူသည် ကနဦးချီတချို့ကို လှည့်ပတ်လိုက်တော့ သည်။ တဝီဝီမြည်လာပြီးနောက် သူ၏စွမ်းအင်ဓားမော့သည် ချက်ချင်းပျောက်ကွယ်သွား၏။

အခန်းက တိတ်ဆိတ်သွားတော့သည်။

အချိန်အတော်ကြာပြီးနောက် ယွီကျန့်ဟိုင်သည် သက်ပြင်းရှည်ကြီးချလိုက်၏။ သူ ပြန်လာပြီ။ နောက်ဆုံးတွင် အိမ်မက်မှနိုးထလာလေပြီ။ သူသည် လက်နောက်ပစ်လျက် ထရပ်လိုက်သည်။

ထောက်

ကျူးဟုန်ကုန်းသည် ဒူးထောက်လျက် မျက်ရည်များကျလာတော့သည်။

“တာ့ တာ့ရှစ်ရှိုး အစောတုန်းက ရှစ်ရှိုးကို စနောက်ရုံပဲလို့ပြောရင် ကျွန်တော့်ကို ယုံမှာလား” အစောတုန်းက ယွီကျန့်ဟိုင်၏မျက်လုံးထဲရှိ အကြည့်ကိုမြင်သောအခါ သူ ရင်းနှီးနေသည့် တာ့ရှစ်ရှိုးပြန်ရောက်လာပြီမှန်း သူ သိလိုက်သည်။

ဪ ... စစ်ရှစ်ရှိုး မင်းက တကယ်ကောင်းတာပဲ။ အခု ငါ ဘယ်လိုလုပ်ရမလဲ။

ယွီကျန့်ဟိုင်သည် ကျူးဟုန်ကုန်းကို ကြည့်စဉ်၌ သူ၏အမူအရာက တည်ငြိမ်နေသည်။ သူက ဒေါသထွက်ပုံမပေါ်။ သူ ပြောလိုက်၏။ "ငါ့ကို အဝတ်အစားတစ်စုံပြင်ပေး”

“ရပါမယ်”

“ငါ ရေချိုးဖို့အတွက် ရေပြင်ထားလိုက်” ယွီကျန့်ဟိုင်က ထပ်ပြောလိုက်သည်။

"အခုချက်ချင်းလုပ်ပေးပါ့မယ်” ကျူးဟုန်ကုန်းက ထရပ်လိုက်၏။ သူသည် အဝတ်အစားသစ်များဝယ်လာပြီး ရေပုံးကိုယ်တိုင်သယ်လာ၏။

“တာ့ရှစ်ရှိုး ကျောတိုက်ပေးရဦးမလား” ကျူးဟုန်ကုန်းက နေရန်ဆုံးဖြတ်လိုက်၏။

“မလိုဘူး”

“ဒါဆို အပြင်မှာစောင့်နေပါ့မယ်။ လိုတာရှိရင်ခေါ်လိုက်ပါ။ ဒီမှာရှိပါမယ်” ကျူးဟုန်ကုန်းက အရိုအသေပေးလျက် ပြောလိုက်သည်။

ယွီကျန့်ဟိုင်က မေးလိုက်သည်။ “မင်းရဲ့အာ့ရှစ်ရှိုး ဘယ်မှာလဲ”

ထိုစကားကို ကျူးဟုန်ကုန်းကြားသောအခါ သက်ပြင်းချပြီးပြောလိုက်သည်။ "အာ့ရှစ်ရှိုးက ရှစ်ရှိုးကို ကယ်ဖို့အတွက် ပေတစ်သိန်းနက်တဲ့ချောက်နက်ထဲကျသွားတာ။ သူ့တည်နေရာကို မသိရသေးဘူး”

ယွီကျန့်ဟိုင်သည် ဘာမှမပြောတော့ပေ။

ကျူးဟုန်ကုန်းသည် ပတ်ဝန်းကျင်ရှိအပြောင်းအလဲကို အာရုံခံပြီး အခန်းထဲမှ တလေးတစား ထွက်သွားတော့သည်။

ကောင်းကင်ထဲတွင်နေရာင်က မြင့်တက်လာ၏။

သူ၏အဝတ်အစားသစ်ကို လဲပြီးနောက် ယွီကျန့်ဟိုင်သည် အခန်းထဲမှထွက်လာသည်။ သူက ကျောမတ်မတ်ရပ်နေလျက် လက်နောက်ပစ်ထားကာ တံခါးဘောင်ကို မှီနေသော ကျူးဟုန်ကုန်းကို ကြည့်လိုက်၏။ “လောင်ပါ့”

ကျူးဟုန်ကုန်းက နိုးလာတော့သည်။ သူ အမြန်အရိုအသေပေးလိုက်၏။ “တာ့ရှစ်ရှိုး” သူ အင်မတန် စိတ်ပူပန်နေသည်။ တာ့ရှစ်ရှိုး ကျေးဇူးပြုပြီး ကျွန်တော့ကို အငြိုးအတေးမထားပါနဲ့။

“ငါ့ကို ရှစ်စွင်းဆီခေါ်သွား”

“ဟုတ်ကဲ့ပါ” နှစ်ယောက်သားသည် ခြံဝန်းအပြင်ဖက်သို့ထွက်လိုက်သည်။

ဝင်ပေါက်တွင်စောင့်ကြပ်နေသော ငရဲဂိုဏ်းသားနှစ်ယောက်သည် သူတို့ကို မြင်သောအခါ သူတို့မျက်လုံးများက နီရဲနေလျက် ဒူးတစ်ဖက်ထောက်လိုက်သည်။ “ကြိုဆိုပါတယ် ဂိုဏ်းချုပ်”

ယွီကျန့်ဟိုင်က ရပ်တန့်ကာ ခေါင်းညိတ်လိုက်သည်။ “လုပ်တာတော်တယ်”

သူ စကားပြတ်ပြတ်သာ ဆိုသော်ငြား ငရဲဂိုဏ်းသားနှစ်ယောက်သည် ရင်ထဲထိသွားသည်။

လမ်းတစ်လျှောက်တွင် ငရဲဂိုဏ်းသားများသည် ယွီကျန့်ဟိုင်ကို မြင်ချိန်၌ ဒူးထောက်ကြသည်။

“ပြန်လည်ကြိုဆိုပါတယ်”

ဒုတိယတစ်ဖြတ်အပြီးတွင် ကျူးထျန်းယွမ်က သူတို့ဆီလျှောက်လာ၏။ သူက စနောက်ကာ ပြောလိုက်တော့သည်။

“သား သားရဲ့ရှစ်စွင်းကို မြန်မြန်သွားရှာဦး။ ဒီလောက်အကြာကြီးစောင့်နေတာ။ အာ့ မင်းရဲ့အရပ်ထပ် ရှည်လာပြီးပဲ။ ဒါက ပိုအဆင်ပြေတယ်။ နောက်ဆုံးတော့ သူက တာ့ရှစ်ရှိုးနဲ့ တစ်စိတ်တစ်ပိုင်း တူလာပြီပဲ”

ကျူးဟုန်ကုန်း "..."

ကျူးဟုန်ကုန်းက ငိုချင်လာ၏။ မဟုတ်ဘူး ... အဖေကတော့ ပါးစပ်ထဲခြေထောက်ထပ်ထည့်ပြီ။

သို့သော်ငြား ကျူးဟုန်ကုန်း မျှော်မှန်းထားသည်နှင့်ဆန့်ကျင်လျက် ယွီကျန့်ဟိုင်သည် စိတ်ထဲမထားပေ။ ကျောမတ်မတ်ထားလျက် လက်သီးဆုပ်မိုးကာပြောလိုက်၏။ “နှုတ်ခွန်းဆက်ပါတယ် ဦးလေး”

“ဒီလို တခမ်းတနားလုပ်နေစရာမလိုဘူး။ ဒီနေ့ အချိန်ရှိလား။ မင်းကို နောက်ထပ်ဓားမော့သိုင်း သင်ပေးမယ်။ အဲ့ဒါက မင်းရဲ့ မဟာအမှောင်အောက်မေ့ရာထက်ပိုကောင်းလိမ့်မယ်”

လူငယ်ယွီကျန့်ဟိုင်လေးသည် မှတ်ဉာဏ်များပျောက်ဆုံးသွားတာဖြစ်၏။ သူ့နားရှိလူများထံမှ အကြံဉာဏ်များတောင်းခံပြီး သူတို့ကို သူနှင့် လက်ရည်ယှဉ်ရန်ပြောတတ်၏။ ပွင့်ချပ်ရှစ်လွှာ ဟွမ်းရှစ်ကျဲနှင့် ကျူးထျန်းယွမ်တို့သည် လမ်းညွှန်မှုကိုရှာရန် သူ့အတွက် သဘာဝအတိုင်း ပစ်မှတ်များ ဖြစ်လာတော့သည်။

ကျူးထျန်းယွမ်က လက်ဝါးတစ်ဖက်ကိုမြှောက်ကာ သူ့လက်ဝါးထက်၌ စွမ်းအင်ဓားမော့က ပျံဝဲနေသည်။

ယွီကျန့်ဟိုင်က ပြုံးလိုက်လေ၏။ သူက ညာဖက်လက်တစ်ချောင်းကို ဆန့်တန်းလိုက်ရာ ချက်ချင်းပင် လျင်မြန်စွာလည်ပတ်နေသော စွမ်းအင်ဓားမော့သည် ဖွဲ့တည်လာသည်။ လက်ဖြန့်လိုက်ချိန်၌ စွမ်းအင်ဓားမော့သည် ရုတ်တရက်ကြီးမားလာသည်။ ပြီးနောက် သူ လက်ဖဝါးကို တွန်းလိုက်ပြီးနောက် စွမ်းအင်ဓားမော့သည် မိုးပေါ်တက်သွားသည်။ ပြီးနောက် ယင်းက တလက်လက်တောက်ပပေ၏။

ဝှစ်

စွမ်းအင်ဓားမော့သည် ထောင်ချီအဖြစ်ချက်ချင်းကွဲထွက်သွား၏။ ခမ်းနားလိုက်တဲ့မြင်ကွင်းပဲ။

နောက်ဆုံးတွင် ယွီကျန့်ဟိုင်က လက်သီးဆုပ်လိုက်ရာ စွမ်းအင်ဓားမော့များက အစတည်းက ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်ပမာ ပျောက်ကွယ်သွားလေ၏။

ကျူးထျန်းယွမ်သည် သစ်သားကျောက်ရုပ်ပမာ ကြက်သေသေသွားသည်။

“…”

ယွီကျန့်ဟိုင်သည် တည်ငြိမ်စွာပြောလိုက်တော့သည်။

“တကယ်ပဲ ဓားမော့တစ်သောင်းက ဓားမော့ကျင့်စဉ်တစ်ခုပဲ။ ဆိုးတာက တစ်ခုတည်းကို တစ်သောင်းဖြစ်အောင် အာရုံစိုက်ရလွန်းတယ်။ ဒီအရာတွေက စွမ်းအင်ဓားမော့ရဲ့စွမ်းဆောင်ရည်ကို ကွဲထွက်သွားစေတယ်။ ဒါကြောင့် စွမ်းအင်ဓားမော့တွေက အစီအစဉ်မကျတော့ဘူး။ မြန်ပေမယ့် မထိရောက်တော့ဘူး။ အတော်လေး အချည်းအနှီးဖြစ်စေတာပဲ။ စွမ်းအင်ဓားမော့တွေကို ဓားမော့အခင်းအကျင်းတစ်ခုအဖြစ် စီစဉ်နိုင်ခဲ့မယ်ဆိုရင် အလုပ်ဖြစ်လိမ့်မယ်။ ဥပမာအနေနဲ့”

သူသည် လက်နှစ်ချောင်းကို ထပ်မံဆန့်ထုတ်လိုက်၏။ စွမ်းအင်ဓားမော့တစ်ခုသည် ရှေ့သို့ပေါ်ထွက်လာသည်။ သူသည် လက်ချောင်းများကို ဖြန့်လိုက်ရာ စွမ်းအင်ဓားမော့သည် ပိုကြီးမားလာပြီးနောက် အပေါ်သို့လည်ထွက်သွားပြီးနောက် ဓားတစ်သောင်းအဖြစ်ကွဲထွက်သွားသည်။

ယခင်ကနှင့်မတူဘဲ ထိုစွမ်းအင်ဓားမော့တစ်သောင်းသည် ဂိတ်ရှစ်ခုအစီအရင်ပုံသဏ္ဌာန် ဖွဲ့တည်လိုက်၏။ စွမ်းအင်ဓားမော့များသည် တစ်ခုနှင့်တစ်ခုပံ့ပိုးပေးလိုက်၏။ သူတို့၏စွမ်းဆောင်ရည်က ဆတိုးလာသည်။

ယွီကျန့်ဟိုင်သည် လက်သီးထပ်ဆုပ်လိုက်၏။ စွမ်းအင်ဓားမော့များပျောက်သွားသည်။ ပြီးနောက် သူလက်နောက်ပစ်ကာမေးလိုက်သည်။ “ဘယ်လိုထင်လဲ ဦးလေး”

ကျူးထျန်းယွမ် “...”

“ဒီဓားမော့ကျင့်စဉ် ကနဦးချီသုံးတဲ့အဆင့်၊ စွမ်းအင်ဓားမော့ပြောင်းလဲမှုနှင့် သူ့အရှိန်အဝါတစ်ခုလုံး ... ဒါက လူကြီးယွီကျန့်ဟိုင်လား”

ယွီကျန့်ဟိုင်သည် အဖြေကိုစောင့်မနေပေ။ ထိုအစား လက်နောက်ပစ်လျက် သူ့ရှစ်စွင်း၏ခြံဝန်းဆီသို့ သွားလိုက်သည်။

ကျူးထျန်းယွမ်သည် ဆွံ့အနေသေး၏။ “သား မင်း သိလား”

“ထွက်သွား” ကျူးဟုန်ကုန်းသည် ယွီကျန့်ဟိုင်နောက် အမြန်လိုက်သွားတော့သည်။

ကျူးထျန်းယွမ်သည် “တာ့ရှစ်ရှိုးက အံ့ဩဖို့ကောင်းလိုက်တာ” “ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့ ဓားမော့က အမှိုက်ပဲ” ဟူသော စကားကိုကြားရပေ၏။

ဒါက သူ့ရဲ့သားလား။ ချီးကျူးတာ နားလည်လိုက်ပေမဲ့ သူ့ရဲ့သားက ဘာကြောင့်စော်ကားနေရတာလဲ။ ကျေးဇူးမသိတတ်လိုက်တာ။

ကျူးထျန်းယွမ်သည် နေရာမှာပင် ကြက်သေသေစွာရပ်နေသည်။ ယွီကျန့်ဟိုင်ထွက်သွားတာကို ကြည့်နေမိသည်။

ယွီကျန့်ဟိုင်နှင့်ကျူးဟုန်ကုန်းသည် နောက်ဆုံးတော့ သူ့ရှစ်စွင်းခြံဝန်းသို့ရောက်သွားသည်။

ယွီကျန့်ဟိုင်က တံခါးဆီတလေးတစားလျှောက်သွားလျက် ဒူးထောက်ကာ ကျယ်လောင်စွာ ပြောလိုက်တော့သည်။

“ငမိုက်သားယွီကျန့်ဟိုင်က ရှစ်စွင်းကို နှုတ်ဆက်ဖို့ ဒီရောက်လာပါတယ်” သူ အရိုအသေပေးပြီးနောက် ထပ်ပြောလိုက်၏။ “ကျုပ် ပြန်ရောက်လာပြီ”

…

အခန်း (၆၆၈) အနီရောင်ခေါင်းတလား ကူးသန်းပို့ဆောင်ရေး

အခန်းအတွင်း

လုကျိုးက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ သူက ပြတင်းပေါက်မှ မြင်ကွင်းအား ကြည့်လိုက်၏။ နေရောင်က တောက်ပနေလေသည်။ သူက မျိုးဆက်တစ်ခု အိပ်ပျော်နေသကဲ့သို့ ခံစားလိုက်မိ၏။

သူက နေဝင်သည်ကို ကြည့်နေလိုက်သည်။ ထိုအရာက ခေတ္တခဏသာ ကြာမြင့်သော်လည်း သူ့အတွက် အချိန်အကြာကြီး ကြာမြင့်နေသည်ဟု ခံစားနေမိသည်။

သူက လက်ဖဝါးကို ဖြန့်ကာ ကြည့်လိုက်သည်။ သူ့အသက် ပြန်လည်ရရှိပြီးသည့်နောက် သူ့စိတ်နှင့် စိတ်ဝိညာဥ်က ပိုမိုကောင်းမွန်လာသည်။

အပြင်ဘက်မှ အသံနှင့် စကားအရ လုကျိုးသည် ယွီကျန့်ဟိုင်က အပြင်ဖက်တွင် ဒူးထောက်နေဆဲဖြစ်ကြောင်း သိလိုက်သည်။ ယွီကျန့်ဟိုင်၏ စကားနှင့် အသိဉာဏ်တို့က လူကြီး ယွီကျန့်ဟိုင် ပြန်ရောက်လာပြီဖြစ်ကြောင်း ပြောနေလေ၏။

" အထဲဝင်ခဲ့ "

ယွီကျန့်ဟိုင်က သူ့ရှစ်စွင်း၏ ခပ်ပြတ်ပြတ် လေသံကို ကြားသည့်အခါ စိတ်ထဲ၌ စိတ်အေးမိသွားသည်။ သူက ချက်ချင်းထကာ အခန်းအတွင်းဝင်ရောက်လာ၏။

ကျူးဟုန်ကုန်းကလည်း ယွီကျန့်ဟိုင် နောက်ကို လိုက်လာချင်မိသည်။ သို့သော် သူက ထိုသို့အခြေအနေမျိုးကို သဘောမကျပေ။ လေထုက တင်းကျပ်ကာ လေးလံနေသည်။ သူက အားလုံးကို ပျော်ပျော်ရွှင်ရွှင် စုဝေးဖို့အကြောင်းသာ တွေးမိသည်။ ဤနည်းဖြင့် သူ့တာ့ရှစ်ရှိးသည် မပျော်ရွှင်သည့် ဖြစ်ရပ်များကို မေ့ပျောက်သွားနိုင်လိမ့်မည်။ သူက ထိုအတွေးဖြင့် ပြောလိုက်၏

" တာ့ရှစ်ရှိး … ကျွန်တော် တခြားသူတွေဆီ သွားပြီး အကြောင်းကြားလိုက်မယ် "

ယွီကျန့်ဟိုင်က အခန်းအတွင်း ဝင်ရောက်သွားသည်။ ထိုနေရာက နေရာကျယ်ကာ လင်းလက်တောက်ပနေ၏။ သူ့ရှစ်စွင်းက အထဲတွင် ထိုင်နေသည်။ သူက ရှစ်စွင်းဆီ သွားကာ ဒူးထောက်လိုက်ပြီး

" ရှစ်စွင်းကို ဂါရဝပြုပါတယ် "

လုကျိုးက ယွီကျန့်ဟိုင်သည် စကားပြောဖို့ အလျင်မလိုသည်ကို သိလိုက်ရ၏။ သူက ယွီကျန့်ဟိုင်၏ အသွင်အပြင်နှင့် တည်ဆောက်ပုံတို့သည် သူအသက်ပြန်ဝင်မလာခင်အချိန်သို့ ပြန်ရောက်သွားသည်ကို မြင်၍ အနည်းငယ် အံအားသင့်သွားမိသည်။ သူက ထိုအရာသည် အနှေးနှင့်အမြန် ဖြစ်လာမည်ကို ခန့်မှန်းထားသော်လည်း ယွီကျန့်ဟိုင်သည် သူ့လူကြီးပုံစံကို တစ်ညတည်းဖြင့် ပြောင်းလဲနိုင်လိမ့်မည်ဟု ထင်မထားမိပေ။ မည်သို့ပင်ဆိုစေကာမူ ကိစ္စကောင်း ဖြစ်၏။

ထိုအရာမှလွဲ၍ လုကျိုးသည် ယွီကျန့်ဟိုင်၏ သစ္စာရှိနှုန်းသည် ၈၅ ရာခိုင်နှုန်းသို့ တိုးမြင့်သွားကြောင်း သတိပေးချက် ရရှိလိုက်သည်။ သူက ထိုအရာကို တွက်ဆထားပြီးသား ဖြစ်၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက ပြောလိုက်၏

" မင်း ပြန်လာတာ ဝမ်းသာတယ် "

သတိပေးသည့်စကားများ မရှိသလို အတိတ်မှ ရန်ကြွေးများ အကြောင်းလည်း မရှိပေ။ သူ့လေသံက ယွီကျန့်ဟိုင် ထင်ထားသလိုမျိုး ပြင်းထန်မနေပေ။

ယွီကျန့်ဟိုင်က သူ့ကိုယ်ကို အပြစ်ပေးခံရဖို့အတွက် ပြင်ဆင်ထားလေ၏။ သူ့ရှစ်စွင်း ချမှတ်သည့် ပြစ်ဒဏ်က မည်သို့ပင်ဖြစ်စေကာမူ သူ နာနာခံခံ လိုက်နာမည်။

" ရှစ်စွင်း "

" ထပြီးတော့ ပြော "

" ဟုတ်ကဲ့ "

ယွီကျန့်ဟိုင်က မတ်တတ်ရပ်လိုက်သည်။

လုကျိုးကလည်း မတ်တတ်ရပ်ကာ ပြောလိုက်၏။

" မင်း ဆန္ဒအတိုင်း ငရဲဂိုဏ်းက တိုင်းပြည်ကို အုပ်စိုးပြီးသွားပြီ "

ယွီကျန့်ဟိုင်က မလုံမလဲ ပြောလိုက်သည်။

" ဒါက ရှစ်စွင်းရဲ့ ကျေးဇူးကြောင့်ပါ "

" မင်းကို တစ်ခုမေးစရာ ရှိတယ်၊ မင်း အမှန်တိုင်းဖြေပေး "

လုကျိုးက ယွီကျန့်ဟိုင်အား ကြည့်လိုက်သည်။

" မေးပါ ရှစ်စွင်း။ ကျွန်တော် သိသမျှအားလုံးကို ပြောပြပါ့မယ် "

" လက်ရှိ စီရင်စု ၉ ခုက ငရဲဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်၊ ငါက မဟာမိတ်တိုင်းပြည် ၁၂ ခုလုံးကိုလည်း ထိခိုက်အောင် လုပ်ထားပြီးပြီ။ တော်ဝင်မင်းဆရာ ကျန့်ဝမ်ရွှီကလည်း သေသွားပြီ။ တိုင်းပြည်က အုပ်ချုပ်သူမရှိဘဲ ဘာမှမလုပ်နိုင်ဘူး။ မင်း ဧကရာဇ်ဖြစ်လာဖို့ တွေးပြီးသွားပြီလား "

လုကျိုးက ပြောလိုက်သည်။

ထိုအရာကို ကြားပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။

" ကျွန်တော် မလုပ်ရဲပါဘူး၊ ငရဲဂိုဏ်းတစ်ခုလုံးက ပလ္လင်အတွက် ရှစ်စွင်းကို ထောက်ခံပေးနေကြတာပါ "

လုကျိုးက ခေါင်းခါကာ " ငါက အဲဒါကို လိုချင်တယ်များ ထင်နေလား "

ယွီကျန့်ဟိုင်က အံ့အားသင့်မိသွားသည်။ ထို့နောက် သူက ထိုအရာသည် သိသာကြောင်း တွေးလိုက်မိ၏။ အကယ်၍ သူ့ရှစ်စွင်းသာ ထိုရာထူးကို တပ်မက်လျှင် ယခုအထိ စောင်းဆိုင်းနေစရာ လိုမည်လား။

" မင်း ဧကရာဇ် ဖြစ်ချင်လား မဖြစ်ချင်ဘူးလားပဲ ပြောလိုက် "

တစ်မိုးအောက်တွင် မည်သူကများ ငြင်းပယ်ရဲမည်နည်း။

ယွီကျန့်ဟိုင်က ကိစ္စတချို့ တွေးမိပြီးနောက် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

" တကယ်လို့ ကျွန်တော် ပြန်မရှင်လာခင်ကအချိန် ဖြစ်မယ်ဆိုရင်တော့ ကျွန်တော် လိုချင်တယ်လို့ ပြောမိမှာပါ ဒါပေမဲ့ အခု ဖျင်အန်းကလည်း သေသွားပြီးတော့ ကျွန်တော် ဆန္ဒတွေကလည်း ပြည့်သွားပြီ၊ သုံးကြိမ် သေဆုံးလိုက်တာက ကျွန်တော်ကို အများကြီး သင်ပေးသွားပါတယ် "

" မင်း အများကြီး သိသွားတာ ကောင်းတယ် " လုကျိုးက ပြောလိုက်သည်။

ထိုစဥ္ မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများကလည်း အခန်းအတွင်း ဝင်ရောက်လာကြသည်။ သူတို့က လူကြီးယွီကျန့်ဟိုင်ကို မြင်သည့်အခါ အံ့အားသင့်သွားကြ၏။

အငယ်များက အကြီးများကို နှုတ်ဆက်သည်မှာ ဂါရဝတရားသာ ဖြစ်၏။ တွမ့်မူရှန်း ၊ မင်ရှစ်ရင် ၊ ကျောင်းယွဲ့ ၊ ယဲ့ထျန်းရှင်း ၊ စီးဝူယာ့ ၊ ကျူးဟုန်ကုန်း ၊ စီယွမ်အာ နှင့် ခရုလေး တို့က ယွီကျန့်ဟိုင်အား တစ်ပြိုင်နက် နှုတ်ဆက်လိုက်ကြသည်။

" တာ့ရှစ်ရှိး မင်္ဂလာပါ "

အကယ်၍ ပုလ္လင်က သူ့အတွက် ဆွဲဆောင်မှု မရှိတော့ဘူး ဆိုလျှင် လက်ရှိ အခြေအနေက သူ့အား ဧကရာဇ် ဖြစ်မလာဖို့ ပိုမိုသေချာသွားစေသည်။ ဘဝက အပေးအယူများနှင့်သာ ပြည့်နှက်နေ၏။

" ဂိုဏ်းချုပ် "

ကာကွယ်သူ လေးယောက်ကလည်း ထိုသတင်းကို ကြားသည့်အခါ အပြေးအလွှား ရောက်လာကြသည်။ သူတို့က လူကြီးယွီကျန့်ဟိုင်ကို မြင်သည့်အခါ မျက်ရည်များဝဲလျက် ဒူးထောက်လိုက်ကြ၏။

ထိုလူများက သူနှင့်အတူ သေအတူ ရှင်အတူ ဖြတ်ကျော်ခဲ့သည့် ရဲဖော်ရဲဘက်များ ဖြစ်သည်။ သူက သူတို့ဆီ သွားကာ ထူပေးလိုက်ပြီး ပုခုံးကို ပုတ်ပေးလိုက်သည်။

တခြားလူများကလည်း နှုတ်ဆက်လိုက်ကြ၏။

" ပထမသခင်လေး ပြန်ရောက်လာတာ ကြိုဆိုပါတယ် "

ယွီကျန့်ဟိုင်က စကားများဖြင့် ပြောနေမည့်သူ မဟုတ်ပေ။ သူက အကြီးအကဲများအား လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်၏။

ဤနေရာသို့ ရောက်သင့်သူအားလုံးက ရောက်နေကြလေပြီ။ လိုအပ်နေသည့် တစ်ဦးတည်းသော သူမှာ ယွီရှန်းရုန် ဖြစ်၏။

ယွီကျန့်ဟိုင်က သူ့ရှစ်စွင်းနှင့် မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။

" အာ့ရှစ်တိက ကျွန်တော်ကို ကယ်ဖို့ ပေတစ်သိန်းနက်တဲ့ ချောက်နက်ထဲကို ကျသွားတာ။ ရှစ်စွင်း ကျွန်တော် ချောက်နက်ထဲကို ဝင်ပြီးတော့ အာ့ရှစ်တိကို ကယ်ချင်တယ် "

လုကျိုးက ခေါင်းခါလိုက်ပြီး " ချောက်နက်ထဲက အန်မတန်အန္တရာယ်များတယ်။ မင်း စွမ်းရည်နဲ့တောင် ပြန်လာနိုင်မှာ မဟုတ်ဘူး "

စီးဝူယာ့က ဝင်ပြောလိုက်သည်။

" ချောက်နက်ရဲ့ အောက်ခြေမှာရှိတဲ့ ရေနက်က အဆင့်မြင့်သားရဲတွေရဲ့ အိမ်ဖြစ်နေပြီ။ ရှစ်စွင်း ပြောတဲ့ အဲဒီသားရဲတွေက ချန်ဟွမ်းထက်တောင် အားမနည်းဘူးတဲ့။ လျိုရှစ်ကျဲရဲ့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံစဥ်နဲ့တောင် ချန်ဟွမ်းကို ဘာမှမလုပ်နိုင်ဘူး။ ချောက်နက်ထဲကို အစီအစဥ် မရှိဘဲ ဆင်းသွားတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ အတူတူပဲ"

တခြားလူများကလည်း ခေါင်းညိတ်လိုက်ကြသည်။

လူသားများက အမှောင်ထုကို ရှောင်ရှားကြသည်မှာ သဘာဝ၏ တုံ့ပြန်မှု တစ်ခုသာ ဖြစ်၏။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

" အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ "

ယွီကျန့်ဟိုင်က ယခု အနီရောင်ကြာပိုင်နက်ထဲ ရောက်နေပြီဖြစ်ကာ သူက ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်ပေ။

စီးဝူယာ့က ပြောလိုက်၏။

" တာ့ရှစ်ရှိး ဘာမှ စိတ်ပူနေစရာ မလိုပါဘူး။ အနီရောင် ခေါင်းတလားက ကူးသန်းပို့ဆောင်ရေး ပစ္စည်းတစ်မျိုးပဲ။ အဲဒါက ချောက်နက်ကို ဖြတ်သန်းလို့ ရတယ်။ ကျွန်တော် ကျန့်ဝမ်ရွှီ ပျောက်ဆုံးသွားတုန်းက ဖြန့်ကျက်ထားခဲ့တဲ့ အနီရောင် သင်္ကေတတွေကို လိုက်လံ စုဆောင်းနေတယ်။ ကျွန်တော်တို့တွေ တူညီတဲ့ အနီရောင် ခေါင်းတလားကို မကြာခင် ဆောက်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ် "

" အဲဒါဆို ကောင်းတယ် "

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။

ကျောင်းယွဲက ရှေ့တိုးလာကာ ဦးညွတ်လိုက်ပြီး " တာ့ရှစ်ရှိး အံ့ဖွယ်မြို့တော်ကို ထိန်းချုပ်သင့်ပြီ "

သူမ စကားမဆုံးခင် ယွီကျန့်ဟိုင်က ခေါင်းခါကာ ပြောလိုက်၏။ " မင်းပဲ လုပ်လိုက်ပါ "

ကျောင်းယွဲ့ " ... "

ကျန်းအိုက်ကျန့်ကလည်း ချက်ချင်း ဝင်ပြောလိုက်၏။

" ငါလည်း ထောက်ခံတယ်၊ အမျိုးသမီးတွေက ပလ္လင်ကို မအုပ်စိုးရဘူးလို့ ဘယ်သူကမှ မပြောခဲ့ဘူးလေ "

တာ့ယန်၏ တတိယမင်းသားကပင် ထောက်ပံ့ပေးနေပြီဖြစ်ရာ တခြားသူများက ဘာမှမပြောရတော့ပေ။ ထို့အပြင် ကျောင်းယွဲက တော်ဝင်မိသားစုဝင်ဖြစ်ပြီး မယ်တော်ကြီး၏ မျက်နှာသာပေးမှုလည်း ရရှိထားသည်။ ထို့ကြောင့် လက်ခံမှု အနေအထားအရ အမတ်များသည် သူမအား လက်ခံဖို့ ပိုမိုလိုလားလိမ့်မည်။

တခြားသူများက ပြုံးလိုက်ကြ၏။

" ဒါပေမဲ့ ... " ကျောင်းယွဲက တုံ့ဆိုင်းနေမိ၏။

" ဒါပေမဲ့တွေ ပြောမနေနဲ့တော့။ ငြင်းဖို့ မစဥ်းစားနဲ့။ ငါ့ဆီမှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ် "

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

" ဘာများလဲ တာ့ရှစ်ရှိး "

" ငါ့လူတွေကို ကောင်းကောင်းဆက်ဆံပေးပါ " ယွီကျန့်ဟိုင်က ပြောလိုက်သည်။

"တာ့ရှစ်ရှိး အဲ့ဒီအကြောင်းကို စိတ်ပူနေစရာ မလိုပါဘူး၊ သူတို့က တာ့ယန်အတွက် မရှိမဖြစ် လူတွေပါ" ကျောင်းယွဲက အပြုံးလေးဖြင့် ပြောလိုက်သည်။

" အဲဒါကို ကြားရလို့ စိတ်အေးမိသွားပြီ "

သူတို့က ထိုသို့ ရိုးရှင်းသည့် စကားဝိုင်းသည် ဧကရီရွေးချယ်ပွဲ ဖြစ်သွားလိမ့်မည်ဟု မထင်ထားကြပေ။ ဟွားချုံးယန်နှင့် တခြားသူများက ထိုအရာကို ကြားသည့်အခါ ဝင်ပြောချင်သော်လည်း ယွီကျန့်ဟိုင်က တားဆီးလိုက်သည်။

" မင်းတို့ ဘာပြောချင်တယ် ဆိုတာကို သိတယ်။ ငါ ဆုံးဖြတ်ချက်ချပြီးသွားပြီ။ ငါ့ကို ဖျောင်းဖျနေဖို့ မလိုဘူး။ "

သို့သော်လည်း ကာကွယ်သူလေးယောက်က ဦးညွတ်ကာ ဘာမှမပြောတော့ပေ။

လုကျိုးက ခေါင်းညိတ်လိုက်ပြီး ကျေနပ်နေမိသည်။ သူက သူတို့၏ အစွဲအလမ်းများကို လက်လွတ်နိုင်သည်ကို မြင်လိုက်မိသည်။ ထိုအရာက လွယ်ကူသည့် အရာတော့ မဟုတ်ပေ။ ထိုအရာက သူတို့၏ အနာဂတ် ကျင့်ကြံရေးအတွက် အကျိုးကျေးဇူး ရှိလာလိမ့်မည်။ အဆုံးသတ်တွင် သူက ပြောလိုက်၏။

" တကယ်လို့ ဘာမှမရှိရင် ဒီနေ့တော့ ဒီလောက်ပဲ "

သူ့ကျင့်ကြံရေး၏ နောက်အဆင့်က အင်မတန်အရေးကြီးနေသည်။

တခြားသူများက ဦးညွတ်ကာ ထွက်သွားကြ၏။

....

စီရင်စု ၉ ခုလုံးက အနေထိုင်သွားပြီး သူတို့က အနီရောင် ခေါင်းတလားကို ပြန်လည်တည်ဆောက်ဖို့အချိန်လိုအပ်နေသည်။

ယွီကျန့်ဟိုင်က ပျင်းရိသလို ခံစားလာမိ၏။ သူက အခန်းအတွင်းမှ ထွက်ကာ ခေါ်လိုက်သည်။

" စစ်ရှစ်တိ "

" ဟုတ်ကဲ့ တာ့ရှစ်ရှိး "

မင်ရှစ်ရင်က တုံ့ပြန်လိုက်သည်။

" မင်းရဲ့ ကျင့်ကြံစဥ်က တော်တော်လေး တိုးတက်လာတယ်လို့ ကြားတယ်၊ ငါက အခုမှ ပြန်ကောင်းကာစဆိုတော့ ငါနဲ့လေ့ကျင့်ပေး "

မင်ရှစ်ရင် " ... "

" မင်း ကြည့်ရတာ အခြေအနေ သိပ်မကောင်းဘူးပဲ " ယွီကျန့်ဟိုင်က ပြောလိုက်သည်။

" တာ့ရှစ်ရှိး … ကျွန်တော်က တာ့ရှစ်ရှိးအတွက် ပြိုင်ဘက် မဟုတ်ဘူးလေ " မင်ရှစ်ရင်က ပြောလိုက်သည်။

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်ပြီးနောက် တွမ့်မူရှန်းအား ကြည့်ကာ "စန်းရှစ်တိ ငါတို့ လက်ရည်စမ်းကြည့်ရအောင် "

တွမ့်မူရှန်းကမူ တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။

" ကောင်းပြီ "

" လောင်ပါ့ မင်းရောပဲ "

ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်းပါ လက်ညှိုးထိုးကာ ပြောလိုက်သည်။

" အမ် "

ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်း၏ အဖြေကို မစောင့်ဘဲ ရင်ပြင်သို့ ဆွဲခေါ်သွားသည်။

သုံးယောက်သား ရွေးချယ်စရာ မရှိဘဲ သူ့နောက်မှ လိုက်လာကြ၏။

သိပ်မကြာခင် အရိုက်ခံရသည့် သုံးယောက်၏ အသံများ ထွက်ပေါ်လာ၏။

တခြားသူများကမူ သက်ပြင်းသာချနိုင်လေသည်။

..............

ထိုစဉ်

အနီရောင် ကြာနယ်မြေ၊ မိုးမခတစ်ထောင် ဘုရားကျောင်း

ယွီရှန်းရုန်က လက်ရန်းကို မှီနေရင်း ရှုခင်းအား ကြည့်နေသည်။

" ချန်းပေ့ လိုချင်တဲ့ သတင်းအချက်အလက်တွေ စုဆောင်းခဲ့ပါတယ်။ လွမ့်ကို သတ်လိုက်တဲ့သူက ယဲ့ကျန်းတဲ့ … သူက ကြယ်ပျံအိမ်တော်က အဆင့်မြင့်ဆုံး အကြီးအကဲတစ်ယောက်ပါ။

အဲဒီကိစ္စပြီးတော့ ယဲ့ကျန်းရဲ့ ဂုဏ်သတင်းက အတော်လေးကို ကျော်ဇောလာတယ်။ လွမ့်က ရေနက်ဆန်းကြယ်ဂူလို့ ခေါ်တဲ့နေရာကို စောင့်ကြပ်နေတာ။ အဲ့ဒီဟာက ကျင့်ကြံသူတွေ သွားရဲတဲ့နေရာ မဟုတ်ဘူး။ နှစ်စဉ်နှစ်တိုင်း ကောင်းကင်သိုင်းပညာခုံရုံးက ကျင့်ကြံသူတွေကို စေလွှတ်ကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ အသက်ရှင်ရက် ပြန်မလာနိုင်ကြဘူး " ကျီဖုန်းရှင်းက ပြောလိုက်သည်။

" ဘယ်သူမှ အသက်မရှင်ဘူးလား " ယွီရှန်းရုန်က အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

" ချန်းပေ့ မသိလောက်ဘူး ဆိုပေမဲ့ ရေနက်ဆန်းကြယ်ဂူက အတော်လေး ကျယ်တယ်။ အထဲမှာ ဘာမှမမြင်နိုင်ဘူး။ ပြီးတော့ အဆင့်မြင့်သားရဲတွေလည်း အများကြီးရှိနေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ရှိတယ်။ အထဲမှာ အရမ်းမှောင်နေတော့ လမ်းပျောက်ဖို့လည်း လွယ်တယ်။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေတောင် မဝင်ရဲကြဘူး။ ပြီးတော့ အဲ့ဒီနေရာက ဘယ်နေရာဆီ ဦးတည်နေမှန်း ဘယ်သူမှ မသိကြဘူး "

ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူကပင် ရေနက်ဆန်းကြယ်ဂူကို အထင်မသေးရဲပေ။ သို့သော် ယွီရှန်းရုန်ကမူ အသက်ရှင်ခဲ့၏။

" ကျေးဇူးပါ " ယွီရှန်းရုန်က ပြောလိုက်သည်။

" အဲ့ဒီအတွက် အလဲအလှယ်အနေနဲ့ မင်းကို အခြေခံ ဓားရေးကို သင်ပေးမယ် "

ကျီဖုန်းရှင်းက ထိုအရာကို ကြားပြီး ပျော်ရွှင်လာမိ၏။

…

အခန်း (၆၆၉) စိန်ခေါ်နိုင်စွမ်းရှိသော ဓားနတ်ဆိုး

ယွီရှန်းရုန်သည် သူ့လက်ကို မြောက်လိုက်သည်။ သစ်သားပုံထဲမှ ဆွေးမြေ့နေသော သစ်သားချောင်းတစ်ချောင်းကို ယူလျက် သူ၏လက်ဖဝါးပေါ်တွင် ထားလိုက်၏။ သူက ပြောလိုက်တော့သည်။

“ဒီသစ်သားစနဲ့ လေ့ကျင့် ထိုးခုတ် ပိုင်းဖြတ်၊ ထိုးမွှေနှောက်ပြီး ဖြတ်တောက်.. ဒီအခြေခံအကွက် ၈မျိုးကို အကြိမ်တစ်သောင်းလေ့ကျင့် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ထက် မများတဲ့ ကနဦးချီကို သုံး.. ဆွေးမြေ့နေတဲ့ သစ်သား ပကတိအကောင်းအတိုင်း ရှိနေမယ် ဆိုရင် မင်းအောင်ပြီ”

“အမ်..”

ကျီဖုန်းရှင်းက အံ့အားသင့်သွား၏။

“မင်း မသင်ချင်ဘူးလား”

“သင်.. သင်ချင်ပါတယ်၊ ဒါပေမဲ့ အရင်တုန်းက ဒီလို ဓားရေးလေ့ကျင့်တာ တစ်ခါမှ မတွေ့ဖူးလို့ပါ အားကိုးရပါ့မလား”

ကျီဖုန်းရှင်းက စဉ်းစားလိုက်၏။ ယွီရှန်းရုန်သည် အပြုံးဖျော့ဖျော့ ပေါ်လာတော့သည်။

“ဒါက ငါ့ရဲ့ရှစ်စွင်း ငါ့ကို သင်ပေးခဲ့တဲ့ ပုံပဲ”

ထိုစကားကို ကျီဖုန်းရှင်း ကြားသောအခါ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကျွန်တော် ဒီအတိုင်း လေ့ကျင့်မယ် ဆိုရင် ချန်ပေ့လောက် အစွမ်းထက်လာဖို့ ဘယ်လောက် ကြာမလဲ”

“မင်းရဲ့အရည်အချင်းနဲ့ဆို မင်းတစ်ဘဝလုံး လေ့ကျင့်မယ် ဆိုရင်တောင် ငါ့အဆင့်ရောက်ဖို့ ခက်ခဲမှာ”

ယွီရှန်းရုန်သည် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ သို့သော် ကျီဖုန်းရှင်းသည် သူ၏စကားများကြောင့် ထိခိုက်သွားမည့်ပုံ ပေါ်တာကို မြင်သောအခါ ထပ်ပြောလိုက်သည်။

“မင်းက ဓားလမ်းစဉ်ရဲ့ အမြင့်ဆုံးအဆင့်ကို မရပေမဲ့ လက်ရွေးစင်တစ်ယောက်အဖြစ် သတ်မှတ်ခံရလိမ့်မယ်”

“လက်ရွေးစင်တစ်ယောက်လား”

ကျီဖုန်းရှင်းသည် တံထွေးမျိုချလိုက်သည်။

“တစ်မိုးအောက်မှာ ငါ့ရှစ်စွင်းရဲ့ အနေအထားအထိ ဘယ်သူမှ ရောက်နိုင်မှာ မဟုတ်မှာ စိုးရိမ်မိတယ်။ ငါတောင်မှ ဘုရင့်ဓားကို ကျင့်ကြံနေသေးတုန်း၊ ဓားလမ်းစဉ်ရဲ့ အမြင့်ဆုံးအဆင့်ဆိုတာ ဝေလာဝေးပေါ့။ ဒါကြောင့် စိတ်ပျက်အားငယ်နေစရာ မလိုဘူး”

ယွီရှန်းရုန်က ပြောလိုက်သည်။

“နားလည်ပါပြီ။ ဉာဏ်အလင်းဖွင့်ပေးတာ ကျေးဇူးတင်ပါတယ် ချန်ပေ့”

ကျီဖုန်းရှင်းသည် ပြောပြီးနောက် ဆွေးမြေ့နေသော သစ်သားဖြင့် လေ့ကျင့်ရန် ထွက်သွားတော့သည်။

ယွီရှန်းရုန်သည် ကျီဖုန်းရှင်းကို ခဏတာ ကြည့်ပြီးနောက် သစ်ကိုင်းတစ်ကိုင်းပေါ် ပျံတက်လိုက်သည်။ သူ ဤနေရာသို့ ရောက်တာ အချိန်တချို့ ကြာပြီဖြစ်သော်ငြား ဤနေရာသည် အိပ်မက်မြေတစ်ခုပမာ ခံစားရပေ၏။ တာ့ရန်သို့ သူ မည်သို့ ပြန်ရမည်ဆိုတာ သိချင်မိသည်။

အချိန်သည် လျင်မြန်စာ ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်း တစ်လတာ ကုန်လွန်သွားသည်။

“ချန်ပေ့ တကယ်အမြင်ကျယ်တာပဲ။ ကောင်းကင်သိုင်းခုံရုံးက လူတွေက ရေနက်ဆန်းကြယ်ဂူဆီ သွားပြီး အဲဒီကို ကျင့်ကြံသူ ငါးယောက် ပို့ခဲ့တယ်။ သူတို့တွေက ဒီတစ်ခေါက် ခရီးစဉ်ကို ယုံကြည်ချက် ပိုရှိနေတယ်လို့ ကြားမိတယ်။ သူတို့ကို အသက်ကျောက်တုံးတချို့ လမ်းပြပေးတယ်လို့ ထင်မိတာပဲ”

ကျီဖုန်းရှင်းက ပြော၏။

“ကောင်းကင်သိုင်း ခုံရုံးလား”

ယွီရှန်းရုန်သည် ဇဝေဇဝါ ဖြစ်သွား၏။

“တာ့ထန်မင်းဆက်နဲ့ ဆက်နွယ်နေတဲ့ ကျောင်းတော်တွေထဲက တစ်ခုပဲ။ သူတို့က စွမ်းအင်ကြာနီနဲ့ မိုးနဲ့မြေရဲ့ အဟန့်အတား သီးခြားကမ္ဘာလေးကို လေ့လာတယ်”

ယွီရှန်းရုန်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်တော့၏။

“မိုးနဲ့မြေရဲ့ အဟန့်အတားလား။ သီးခြားကမ္ဘာလေးလား..”

“ချန်ပေ့ အရင်တုန်းက သူတို့အကြောင်း ကြားဖူးတယ် မဟုတ်လား။ ကောင်းကင်သိုင်းခုံရုံးက မိုးနဲ့မြေ အဟန့်အတားကို လေ့လာနေတာ အတော်ကြာခဲ့ပြီ အနီရောင်ကြာရဲ့ သက်တမ်းက လက်ရှိမှာ ပွင့်ချပ်ဆယ်လွှာအဆင့်လေ ကောင်းကင်သိုင်းခုံရုံးက လူတွေက မိုးနဲ့မြေရဲ့ အဟန့်အတားကြောင့် ဖြစ်တာလို့ ထင်နေကြတယ်”

ယွီရှန်းရုန်သည် အနီရောင်ကြာအကြောင်း မသိပေ။ သူ ရွှေကြာကို ဖြတ်တောက်ခဲ့တာကို မှတ်မိသွားချိန်၌ သူက ပြောလိုက်၏။

“အနီရောင်ကြာမှာ ကန့်သတ်ချက်တွေ ရှိလား”

“ဘယ်လို ကန့်သတ်ချက်လဲ”

သူတို့နှစ်ယောက်သည် အစတည်းက တူညီသည့်မျက်နှာတွင် မရှိ၊ ယွီရှန်းရုန်က ဆက်မမေးပေ။ အနီရောင်ကြာ၌ နှစ်တစ်ထောင် အကန့်အသတ် မရှိတာ ကျိန်းသေလောက်သည်။

“ဒီတော့ မဟာအကန့်အသတ်က ပွင့်ချပ်၁၀လွှာအဆင့်လား”

“အဲလို ပြောလို့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀တုန်းက ကောင်းကင်သိုင်းခုံရုံးက လော့ရွှမ်းလို့ ခေါ်တဲ့ လူထူးလူဆန်းတစ်ယောက် ရှိခဲ့တယ်။ အဲဒီလူက အလိမ်အညာတစ်ခု ပြောခဲ့တယ်။ ရုန်းတွေနဲ့ ပို့ဆောင်ရေးတစ်ခုကို တည်ဆောက်ခဲ့ရင် သားရဲတွေကို ရှောင်ရှားပြီး သီးခြားကမ္ဘာလေးကို ရှာနိုင်တယ်လို့ သူ ပြောခဲ့တာ။ သူမက ပို့ဆောင်ရေးပစ္စည်းနဲ့ အကန့်အသတ်မဲ့ သမုဒ္ဒရာကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီး ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီအလိမ်အညာက ထင်ရှားလွန်းတယ်။ ကောင်းကင်သိုင်းကျောင်းတော်က လူတွေက သူမကို ထုတ်ဖော်လိုက်တယ်လေ။ အထွတ်အထိပ် အနီရောင်ကြာကို ယုံကြည်သက်ဝင်တဲ့လူတွေက သူမကို အရှင်လတ်လတ် မီးရှို့ချင်ခဲ့တာ။ နောက်တော့ သူမ ပျောက်သွားခဲ့တယ်။ ရယ်စရာကောင်းတယ် မထင်ဘူးလား။ ကောင်းကင်သိုင်းခုံရုံးက လူတွေက ရေနက်ဆန်းကျယ်ဂူထဲ အနီရောင်အခေါင်းတလားနဲ့ ဝင်ဖို့ ကြိုးစားနေတာလေ။ တစ်ဖက်မှာ သူတို့တွေက သူတို့ လုပ်လက်စ အလုပ်အတွက် နောက်ထပ် ဝါသနာရူးတစ်ယောက်ကို ခေါ်ထားတယ်”

ကျီဖုန်းရှင်းက ပြော၏။ ထိုစကားကို ကြားသောအခါ ယွီရှန်းရုန် မျက်မှောင်ကြုတ်သွား၏။ သူ သိထားပုံအရ တာ့ရန်တွင် ထိုကဲ့သို့သူ မရှိ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာကလား လော့ရွှမ်းက ဘယ်သူလဲ။

“ကောင်းကင်သိုင်းခုံရုံးရဲ့ တည်ထောင်သူတွေရဲ့ ကျင့်ကြံဆင့် ဘယ်လောက်လဲဆိုတာ မင်းသိလား”

ယွီရှန်းရုန်က မေးလိုက်သည်။

“မသေချာဘူး”

လော့ရွှမ်းပြောတာ မှန်မည် ဆိုလျှင် ထိုသူများသည် ရွှေကြာပိုင်နက်ထဲ အမှန်တကယ် ဝင်ရောက်ပြီးလောက်ပြီ ဖြစ်သည်။ ရွှေကြာပိုင်နက်ကို ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် စောင့်ကြပ်ပေးထား၏။ လာရောက်သူများသည် ပွင့်ချပ်ကိုးလွှာ သို့မဟုတ် ပွင့်ချပ်၁၀လွှာ မဟုတ်သရွေ့ ပြဿနာ မရှိပေ။

ယွီရှန်းရုန်က အတွေးနက်နေစဉ် ကျီဖုန်းရှင်းက သိချင်စိတ်ဖြင့် မေးလိုက်၏။

“ချန်ပေ့ ချန်ပေ့မှာ ပွင့်ချပ်ဘယ်လောက် ရှိလဲ ပြနိုင်မလား”

ယွီရှန်းရုန်က သူ့ကို လှည့်ကြည့်လိုက်သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်များကို တခြားသူများအား ပြသသည့် အကျင့်မရှိပေ။ ထို့အပြင် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်သည် ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန် ဖြစ်၏။ သူက မေးခွန်းတစ်ခု ပြန်မေးလိုက်တော့သည်။

“မိုးမခတစ်ထောင် ဘုရားကျောင်းထဲမှာ တခြားလက်ရွေးစင်တွေ မရှိဘူးလား”

“ကျွန်တော်က တစ်ဦးတည်းသော အပြင်စည်းတပည့်လေ.. အဲဒီလူတွေက သိပ်ကို ဝင့်ကြွားလွန်းတယ်။ သူတို့ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်ဖို့ နည်းလမ်းမရှိဘူး”

ကျီဖုန်းရှင်း၏ နယ်ပယ်ရှိ လူတစ်ယောက်အတွက် သူသည် ပွင့်ချပ်ကိုးလွှာ သို့မဟုတ် ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်ချင်တာ သဘာဝပဲ ဖြစ်သည်။ သူအဖို့ ကမ္ဘာကြီးထဲ၌ ၎င်းတို့သည် ပြီးပြည့်စုံသော အနုပညာရပ်များ ဖြစ်သည်။

ယွီရှန်းရုန်သည် ခေါင်းခါလျက် ကျီဖုန်းရှင်း၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်တော့၏။

ကျီဖုန်းရှင်း “..”

ထိုစဉ် ကျင့်ကြံသူ သုံးယောက်ပေါ်လာ၏။

“ကျီဖုန်းရှင်း မင်း အပြင်ထွက်ပြီး တိုက်ခိုက်ရဲလား”

လူသစ်များထဲမှ တစ်ယောက်က ပြောလိုက်သည်။ ကျီဖုန်းရှင်းသည် ယွီရှန်းရုန်နောက်တွင် ပုန်းကာ ကြောက်ကြောက်လန့်လန့် ပြောလိုက်၏။

“ချန်ပေ့ ကျွန်တော့်ကို ကူညီပါ”

ယွီရှန်းရုန်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။

ကျီဖုန်းရှင်း၏ လုပ်ရပ်သည် သူတို့သုံးယောက်ကို ရယ်မောမိစေတော့၏။

“ဒီတော့ ဒါက မိုးမခတစ်ထောင် ဘုရားကျောင်းရဲ့ ဓားနတ်ဆိုးပဲ သူ့ကို မြင်တိုင်း ငါ သူ့ကို ရိုက်မယ်”

“ဟေ့.. ဟေ့လူ မင်းဖယ်ပေးလိုက်”

ယွီရှန်းရုန်သည် သူ့ကို လက်ညှိုးထိုးနေသော လူကို ကြည့်လျက် အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

“ကျီဖုန်းရှင်းက ဗြဟ္မပင်လယ် ချီသွေးကြောရှစ်ကြော ကျင့်ကြံသူ တစ်ယောက်ပဲ ရှိသေးတာ မင်းတို့တွေက နတ်ဒေဝါဦးတည်နယ်ပယ်က အားနည်းတဲ့သူတွေကို အနိုင်ကျင့်ရင် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေလို့ သတ်မှတ်လို့ မရဘူး”

“ဒါက မင်းနဲ့ ဆိုင်လို့လား”

“ဆိုင်တာပေါ့”

“မင်း ကြယ်ပျံအိမ်တော်ရဲ့ ကိစ္စကနေ ဘေးဖယ်နေရင် ပိုကောင်းမယ်”

“ကြယ်ပျံအိမ်တော်လား”

ယွီရှန်းရုန်သည် သူ အနီရောင် ကြာနယ်မြေသို့ ရောက်လာချိန်၌ ပွင့်ချပ်ငါးလွှာ လက်ရွေးစင်တစ်ယောက်ကို သတ်ခဲ့ကြောင်း မှတ်မိ၏။ သူ ပထမဆုံး တွေ့သည့် ယဲ့ကျန်းသည် ပွင့်ချပ်ကိုးလွှာ လက်ရွေးစင် ဖြစ်သည်။ ထိုစဉ်က ယဲ့ကျန်းသည် လွမ်ကို အမဲလိုက်ရန် အနီရောင်ကြာ ကျင့်ကြံသူ တစ်ထောင်ကို ဦးဆောင်ခဲ့၏။ ကြယ်ပျံအိမ်တော်သည် အစွမ်းထက်သာ သိသာပေ၏။

“မင်း ကြောက်တာ မှန်တယ် ကျီဖုန်းရှင်း.. မင်းရဲ့ညီမက ကြယ်ပျံအိမ်တော်ကို ဝင်ခဲ့မယ် ဆိုရင် ငါတို့တွေ ညီတူမျှတူ ရှိအုံးမှာ”

လေထဲတွင် ပျံဝဲနေသော ကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်၏။

ထိုစဉ် ဝူဝူသည် ယွီရှန်းရုန်ဘေးသို့ ပြန်လာပြီး သူမနှုတ်ခမ်းဆူကာ ပြောလိုက်တော့သည်။

“ရှင်တို့တွေ ထပ်ရောက်လာပြန်ပြီ”

“မိန်းကလေးဝူဝူ မင်းမှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်း ရှိတာပဲ ဘာကြောင့်များ မိုးမခတစ်ထောင် ဘုရားကျောင်းမှာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံနေရတာလဲ။ ကြယ်ပျံအိမ်တော်မှာ ဆိုရင် မင်းကို ရိုသေဝပ်တွားဖို့ ကျုပ်တို့သုံးယောက်ကို အမိန့်တောင်မှ ပေးနိုင်တယ်လေ။ မိုးမခတစ်ထောင် ဘုရားကျောင်းက ကျဆင်းနေပြီ။ မင်းက ကုသတဲ့နေရာမှာ အရည်အချင်း ရှိတယ်။ ဒါပေမဲ့ မင်းကို ဘယ်သူက သင်ပေးနိုင်လဲ”

ကျင့်ကြံသူက ပြောလိုက်၏။ ဝူဝူသည် ခေါင်းခါပြီး ပြောလိုက်သည်။

“လုံးဝပဲ ကြယ်ပျံအိမ်တော်ကို ငါ မုန်းတယ်”

ယွီရှန်းရုန်သည် ယခုအခြေအနေကို နားလည်သွားပြီဖြစ်သည်။ ကြယ်ပျံအိမ်တော်သည် လူသစ်စုဆောင်းရန်အတွက် ထိုသို့ပြုလုပ်နေတာ ဖြစ်၏။ သူသည် မြေပြင်ပေါ်မှ ခုန်တက်လျက် လေထဲ ပျံဝဲလိုက်သည်။

“ကျုပ်တောင်းပန်ပါတယ်”

သူတို့သုံးယောက်၏ အာရုံသည် ယွီရှန်းရုန်ဆီ ရောက်သွားသည်။

“လူကြီးမင်း ဒီကိစ္စကနေ ဘေးဖယ်နေရင် ကောင်းမယ်”

“ဝူဝူနဲ့ ကျီဖုန်းရှင်းက သူတို့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီလို့ ထင်တယ်။ ကျေးဇူးပြုပြီး ထွက်သွားပါ”

ယွီရှန်းရုန်သည် ထူးမခြားနား ပြောလိုက်၏။

“ဘယ်အချိန်က စပြီး မိုးမခတစ်ထောင် ဘုရားကျောင်းမှာ နောက်ထပ် ငတုံးတပည့် ရှိလာတာလဲ”

သူတို့ သုံးယောက်သည် ဓားကို ဆွဲထုတ်လိုက်၏။ သူတို့ဓားများသည် နေ့အလင်းရောင်ကို မြင်ရုံမျှသာ ရှိသေးသည်။ ယွီရှန်းရုန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဓားက သူ့နောက်မှ ပျံထွက်လာ၏။

ဝှစ်..

ဖုန်း ဖုန်း ဖုန်း…

ဓားသုံးလက်လုံး ကျိုးသွားသည်။ ယွီရှန်းရုန်၏ သက်တော်ရှည်ဓားသည် ၎င်း၏ နောက်ကျောသို့ ပြန်ရောက်လာသည်။

သုံးယောက်သားက မျက်မှောင်ကြုတ်သွားလေ၏။

“လက်ရွေးစင်တစ်ယောက်လား”

ကျီဖုန်းရှင်းက ရယ်မောလိုက်သည်။

“မင်းတို့ အခု ကြောက်သွားပြီလား ဒါက ငါ့ရဲ့ရှစ်စွင်းပဲ။ ငါ့ရဲ့ရှစ်စွင်းက မိုးမခတစ်ထောင် ဘုရားကျောင်းရဲ့ အစစ်အမှန် ဓားနတ်ဆိုး..”

သုံးယောက်သားသည် မဟာရန်သူတော် တစ်ယောက်ကို ရင်ဆိုင်နေရသည့်ပမာ ပြမူလာ၏။ သူတို့သုံးယောက်သည် ယွီရှန်းရုန်ကို လျော့မတွက်တော့ပေ။ ထိုစဉ် သူတို့ဆီသို့ လူတစ်ယောက် ပျံသန်းလာ၏။ ထိုလူသည် သုံးယောက်ပေါ်သို့ ရောက်လာတာ ဖြစ်သည်။ သူတို့ သုံးယောက်သည် ထိုလူ ရောက်ရှိလာမှုကြောင့် ပျော်ရွှင်သွားကြ၏။ သူတို့ အရိုအသေပေးကာ ပြောလိုက်တော့သည်။

“အကြီးအကဲလု”

လုစုန့်သည် ယွီရှန်းရုန်၊ ကျီဖုန်းရှင်းနှင့် ယွီရှန်းရုန်နောက်တွင် ရပ်နေသော ဝူဝူကို ကြည့်လိုက်၏။

“မင်းတို့သုံးယောက်ကို မိုးမခတစ်ထောင် ဘုရားကျောင်းရဲ့ ဆရာဆီ လက်ဆောင်တွေ သွားပို့ခိုင်းထားတားလေ ဒီမှာ ဘာလုပ်နေတာလဲ”

“အကြီးအကဲလု ဘုရားကျောင်းသခင်က အထဲမှာ မရှိဘူး။ မိန်းကလေးဝူဝူကို တွေ့ပြီး ကျုပ်တို့ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောနေတာ။ ဒါပေမဲ့ ဒီလူက ကျုပ်တို့ကို ထိခိုက်အောင် လုပ်ချင်နေတယ်”

သူတို့ထဲမှ တစ်ယောက်သည် ယွီရှန်းရုန်ကို လက်ညှိုးထိုးပြလိုက်၏။

လုစုန့်သည် ယွီရှန်းရုန်ကို ကြည့်လိုက်၏။ ယွီရှန်းရုန်သည် တည်ငြိမ်နေသည်။ လုစုန့်သည် ခဏတာ လေ့လာပြီးနောက် ဤလူ မည်မျှ အစွမ်းထက်မှန်း မဆုံးဖြတ်နိုင်။ သူက ပြောလိုက်၏။

“မင်းမှာ အံ့ဩဖွယ် ကျင့်ကြံဆင့် ရှိနေတာပဲ လူကြီးမင်း”

“ဘာမှမဟုတ်ပါဘူး”

ယွီရှန်းရုန်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

“ကြယ်ပျံအိမ်တော်က လိုက်နာဖို့ စည်းမျဉ်းတွေ အမြဲတမ်း ချမှတ်ထားပါတယ်။ အားနည်းတဲ့သူကို အနိုင်ကျင့်တာက အဆင်မပြေဘူး လူကြီးမင်း၊ ခင်ဗျား ဒီတပည့်တွေကို တောင်းပန်မယ်ဆိုရင် ဖြစ်ခဲ့တာတွေကို လွှတ်ပေးလိုက်မယ် ဘာပြောမလဲ”

All Chapters