အခန်း (၆၇၀-၆၇၂)
Vol. 45 Ch. 670-672
အခန်း (၆၇၀) ကမ္ဘာတစ်ခုစာ ခြားနားနေသော
လက်ရှိအခြေအနေက မိုးမခတစ်ထောင် ဘုရားကျောင်း၏ ဆက်တိုက်ကျဆင်းလာမှုနှင့် ဆက်နွယ်နေသည်။ နှစ်များစွာတစ်လျှောက် မိုးမခတစ်ထောင် ဘုရားကျောင်းသည် တပည့်များကို လက်ခံရာ၌ အခက်အခဲ ရှိခဲ့၏။ သူတို့က ပါရမီရှင်များ လစ်ဟာမှုနှင့် ရင်ဆိုင်နေရသည်။ ယခင် ပါရမီရှင်များက မှေးမှိန်သွားပြီး ယခင်လို ဂုဏ်ကျက်သရေထွန်းလင်း တောက်ပြောင်သည့် နေ့ရက်များက မရှိတော့ပေ။
တစ်ဖက်တွင် ကြယ်ပျံအိမ်တော်က ဆန့်ကျင်ဘက် ဖြစ်၏။ သူတို့တွင် ပါရမီထူးကဲသည့် တပည့်များစွာ ရှိနေသည်။ တပည့်များစွာဖြင့် သူတို့သည် ရှားပါးကာ ကြီးမားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်နေလေသည်။ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ယဲ့ကျန်းက တပည့်များအား ဦးဆောင်ကာ အဆင့်မြင့်သားရဲ လွမ့်ကို သတ်ပြီးသည့်နောက် ကြယ်ပျံအိမ်တော်၏ ဂုဏ်သတင်းက ပိုမိုပင် တိုးမြင့်လာခဲ့သည်။
လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က မိုးမခတစ်ထောင် ဘုရားကျောင်းသည် တပည့်အနည်းငယ် ရှိခဲ့သည်။ ကြယ်ပျံအိမ်တော်၏ အကြီးအကဲဖြစ်သူ လုစုန့်က မိုးမခတစ်ထောင် ဘုရားကျောင်းဆီ မကြာခဏ လာရောက်လည်ပတ်ခဲ့၏။ အပေါ်ယံတွင် သူက စကားအကောင်းများသာ ပြောပြီး ယုံကြည်ရဟန် ပေါက်သော်လည်း တကယ်တမ်းကမူ အကျိုးအမြတ် တွက်ချက်နေခြင်းသာ ဖြစ်၏။ တကယ်တော့ ထိုအရာက ဖိနှိပ်သည့် ပုံစံတစ်မျိုး ဖြစ်ကာ အင်အားစုငယ်ကို အင်အားစုကြီးမှ ခြိမ်းခြောက်သည့်ပုံစံ ဖြစ်သည်။ မိုးမခတစ်ထောင် ဘုရားကျောင်းက ရွေးချယ်စရာ မရှိဘဲ သူတို့၏တပည့်များအား ပေးအပ်လိုက်ရသည်။
မိန်းကလေးဝူကမူ ထူးခြားလေသည်။ အစပိုင်းတွင် မည်သူကမျှ သူမ၏ ပါရမီကို သတိမထားမိခဲ့ကြပေ။ ကြီးနိုင်ငယ်ညှဉ်း ကျင့်ကြံရေးလောကကြီးတွင် ပါရမီရှင်များကိုသာ အလေးထားကြ၏။ ဝူ၀ူလိုမျိုး တိုက်ခိုက်စွမ်း နည်းပါးသည့် ကျင့်ကြံသူကို ဂိုဏ်းအများစုက မျက်နှာသာမပေးကြပေ။ ထိုအရာက သူမသည် အံ့မခန်း ကုသစွမ်းရည်တို့ကို ထုတ်မပြခင်အထိသာ ဖြစ်၏။
ထိုကြောင့် လုစုန့်က သူ၏နည်းဗျူဟာကို အသုံးပြုကာ မိုးမခတစ်ထောင် ဘုရားကျောင်းသို့ ထပ်မံ လာရောက်ခဲ့ခြင်း ဖြစ်၏။ ယနေ့က သူ၏ဒုတိယမြောက် လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။
“ခင်ဗျား သေချာလား”
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ မေးလိုက်သည်။
“ဒါပေါ့”
လုစုန့်က လွယ်ဟန်ပေါ်သော်လည်း ဆုံးဖြတ်ထားပြီးသားမှန်း သိသာလှသည်။
ယွီရှန်းရုန်က သုံးယောက်ကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး
“အဲဒါဆိုရင်တော့ စိတ်မကောင်းပါဘူး”
ထိုအရာကို မြင်ပြီး သုံးယောက်သားက ပိုမိုမောက်မာလာကြသည်။ သူတို့က ခေါင်းမော့လိုက်ပြီး ယွီရှန်းရုန်ကို အနိုင်ကျင့်ရသည်မှာ မမှားယွင်းဟု ထင်မိလိုက်သည်။
ထိုစဉ် ယွီရှန်းရုန်၏ ကျောပေါ်ရှိဓားက ဓားအိမ်မှ ထွက်ပေါ်လာသည်။ သူက ပုံရိပ်သုံးခုကွဲထွက်သွားပြီး ထိုသုံးယောက်ဆီ အနီရောင်ဓားအလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ယွီရှန်းရုန်က ထိုသုံးယောက်၏ အနောက်ဘက်တွင် ပြန်လည်ပေါ်ထွက်လာ၏။ သူက လေထဲတွင် ဝဲပျံနေရင်း လက်ပိုက်ထားသည်။ သက်တော်ရှည်ဓားကမူ သူ၏ ဓားအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။
သုံးယောက်သား၏ အကြည့်များက အကြောက်တရားဖြင့် ပြည့်နှက်နေသည်။
လေထဲတွင် ပျံသန်းနေသည့် လုစုန့်ကလည်း မျက်မှောင်ကြုတ်ကာ သူ့တပည့်သုံးယောက်ကို ကြည့်လိုက်သည်။
ကျီဖုန်းရှင်းနှင့် ဝူဝူတို့က ယွီရှန်းရုန်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
သူက ရှေ့တိုးလာပြီး ဘာမှမလုပ်ဘဲနဲ့ ပျံသန်းလိုက်တာလား…
လူတစ်ယောက်က အံ့မခန်း အလျင်နှုန်းဖြင့် လှုပ်ရှားသည့်အခါ အမြင်ကို လှည့်စားနိုင်လေသည်။
ထိုစဉ်သုံးယောက်သားက သူတို့၏ လည်ပင်းအထက်မှ အေးစက်စက် ခံစားမှုကို ခံစားမိလိုက်ကြသည်။ သူတို့၏ လည်ပင်းအထက် အနီရောင်မျဉ်းတစ်ခု ထွက်ပေါ်လာပြီး ကျယ်ဟလာကာ သွေးများက စီးကျလာသည်။ ထိုသို့ဖြင့် သူတို့က မြေပေါ်သို့ လဲကျသွားလေ၏။
…
“တင်း.. ပစ်မှတ်သုံးယောက်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၀ ရရှိပါတယ်။ နယ်မြေအဖို့ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၃၀၀ ရရှိပါတယ်”
…
ကျီဖုန်းရှင်းက မျက်လုံးအပြူးသား ဖြစ်သွားကာ စိတ်ထဲမှ တွေးလိုက်မိသည်။
သူက သတိမပေးဘဲ သတ်လိုက်တာလား… သူတို့က ကြယ်ပျံအိမ်တော်ကလေ … သွားပါပြီ…
သတ္တိကောင်းသည့်ဝူက ယွီရှန်းရုန်သည် ထိုသုံးယောက်ကို သတိမပေးဘဲ သတ်လိုက်မည်ဟု ထင်မထားမိပေ။
လုစုန့်က ထိုရုတ်ခြည်း အပြောင်းအလဲကြောင့် ဒေါသထွက်လာကာ
“မင်း လုပ်ရဲတယ်လား”
သူက လက်မြောက်လိုက်ပြီး အနီရောင် လက်ဝါးစည်းတံဆိပ်ကို ယွီရှန်းရုန်ဆီ ပစ်လွှတ်လိုက်သည်။
ယွီရှန်းရုန်က အလွယ်တကူ ရှောင်ရှားလိုက်၏။
လုစုန့်က အော်ဟစ်ကာ “ငါ မင်းကို ဒီနေ့သတ်ရမယ်။ ငါ့ တပည့်သုံးယောက်နဲ့အတူ မင်းလည်း သေမင်းနောက် လိုက်ရမယ်”
သူက လက်ဝါးစည်းတံဆိပ်များကို ထပ်မံ ထုတ်လွှတ်နေသည်။
ယွီရှန်းရုန်က လက်ဝါးစည်းတံဆိပ်ကို ရှောင်ရှားရင်း မြင်ကွင်းမှ ဖျတ်ခနဲ ပျောက်ကွယ်သွား၏။
ဘန်း ဘန်း ဘန်း…
တိုက်ကွက်များက ပိုမိုကြမ်းတမ်းလာသော်လည်း ယွီရှန်းရုန်ကမူ သူ့ချီကို စွမ်းအားဖြင့် မဖွဲ့စည်းသေးပေ။
ထိုအရာကို မြင်ကာ ဝူဝူက မနေနိုင်ဘဲ ပြောလိုက်သည်။
“အစ်ကိုကြီး စွမ်းအားကို ထုတ်သုံးလိုက်ပါ”
ယွီရှန်းရုန်က တစ်ချိန်လုံး သူ့စွမ်းအားကို ဖုံးကွယ်ထားခဲ့သည်။ အကြောင်းမှာ သူ့စွမ်းအင်နှင့် စိတ်ဝိညာဉ်သဏ္ဌာန်က ရွှေရောင်ဖြစ်နေ၍ ဖြစ်သည်။ အကယ်၍ သူတို့ကို အသုံးပြုလျှင် ပြင်ပလူဖြစ်သည့် သူ့ဇာစ်မြစ်က ပေါက်ကြားသွားလိမ့်မည် ဖြစ်၏။ ထိုသို့ဆိုလျှင် မိုးမခတစ်ထောင် ဘုရားကျောင်းကပင် သူ့အား ဆန့်ကျင်လာလိမ့်မည်။
ယွီရှန်းရုန်က ပြုံးလိုက်ပြီး၊
“သူက မထိုက်တန်ဘူး”
လုစုန့်က ထိုစကားကြောင့် ပိုမိုဒေါသထွက်လာသည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။
ဝှစ်..
ပွင့်ချပ် ၆ လွှာ အနီရောင် ကြာပန်းက လေထဲ ပေါ်ထွက်လာသည်။
ထိုသို့ဖြင့် လုစုန့်က ယခင်ထက် ပိုမိုအားကောင်းလာ၏။
အနီရောင်စွမ်းအား စည်းတံဆိပ်က ပတ်ဝန်းကျင်ရှိ တခြားအရာများကို မြင်ဖို့ ခက်ခဲအောင်အထိ စူးရှတောက်ပနေသည်။
ယွီရှန်းရုန်က လေထဲတွင် ပျံသန်းလာရင်း မြင်ကွင်းမှ ထပ်မံ ပျောက်ကွယ်သွားသည်။
မဟာနည်းစနစ်..
“မင်း ထွက်မပြေးစေရဘူး”
လုစုန့်က နောက်မှ လိုက်ဖမ်းသည်။
ထိုစဉ် နှစ်ယောက်သားက ပျောက်ကွယ်သွားကြ၏။ ကျီဖုန်းရှင်းက မျက်လုံးကို ပွတ်ကာ ဗလာကျင်းနေသည့် ကောင်းကင်နှင့် မြေပြင်ပေါ်မှ အလောင်းသုံးခုအား ကြည့်လိုက်သည်။ သူက ဆွံ့အနေမိ၏။ သူက ရေရွတ်လိုက်သည်။
“ငါတို့ ဘာလုပ်ကြမလဲ။ ဒါ သွားပြီ.. ငါတို့တွေ ဘာလုပ်သင့်တုန်း ဘာလုပ်ရမလဲ”
ဝူဝူက အလောင်းသုံးလောင်းအား ကြည့်ကာ ပြောလိုက်၏။
“အစ်ကိုကြီးက တကယ်ကို ကြမ်းတမ်းတာပဲ”
“အာ..”
မင်း ဂရုစိုက်တာ မှားနေပြီ မဟုတ်ဘူးလား…
“ဝူဝူ ဒီမှာစောင့်နေ ငါ မိုးမခတစ်ထောင် ဘုရားကျောင်းက အကြီးအကဲတွေကို သွားပြီးတော့ အကြောင်းကြားလိုက်အုံးမယ်။ ကြယ်ပျံအိမ်တော်က အဖွဲ့ဝင် သေသွားပြီဆိုတော့ သူတို့က အနှေးနဲ့အမြန် ဒီကို သောင်းကျန်းဖို့ ရောက်လာမှာပဲ”
ကျီဖုန်းရှင်းက သက်ပြင်းချကာ ပြောလိုက်သည်။ အကယ်၍ ဤကိစ္စသာ ကြီးကျယ်သွားပါက ဂိုဏ်းများအကြား ရန်ငြိုးဖြစ်သွားနိုင်သည်။
ဝူဝူက ရုတ်တရက် ပြောလိုက်သည်။
“မလုပ်သေးနဲ့ဦး”
“ဘာလို့လဲ”
“အစ်ကိုကြီး ပြန်လာတဲ့အထိ စောင့်ရအောင်။ အကြီးအကဲတွေကို မပြောသေးနဲ့အုံး”
ဝူဝူက ပြောလိုက်သည်။
ကျီဖုန်းရှင်းက ခေတ္တ ပြန်စဉ်းစားလိုက်သည်။ အကယ်၍ သူ ဤကိစ္စကို အကြောင်းကြားလိုက်ပါက သူသည် ပဋိပက္ခ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်း ဖြစ်ကြောင်း ဝန်ခံသလို ဖြစ်သွားလိမ့်မည်။ မိုးမခတစ်ထောင် ဘုရားကျောင်းမှ အကြီးအကဲများက တောင်းပန်ဖို့ သူ့ခေါင်းကို ကြယ်ပျံအိမ်တော်ဆီ ဆက်သဖို့ရာ ယူဆောင်သွားလိမ့်မည်။ အဆုံးသတ်တွင် သူက ကြားထဲမှ စတေးခံသာ ဖြစ်သွားလိမ့်မည်။ ကျီဖုန်းရှင်းက သက်ပြင်းချကာ အလောင်းသုံးလောင်းကို ထပ်ကြည့်လိုက်သည်။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာက အစ်ကိုကြီး ပြန်လာသည်အထိ စောင့်ဆိုင်းဖို့ရာသာ ဖြစ်၏။
…
ထိုစဉ် လုစုန့်က မဟာနည်းစနစ်ကို နှစ်ကြိမ် ထုတ်သုံးပြီး တောအုပ်အတွင်း ပျံသန်းသွားသည်။ သူက ယွီရှန်းရုန် ဆက်လက် မပျံသန်းတော့သည်ကို မြင်လိုက်ရ၏။ ထိုအစား ယွီရှန်းရုန်က လေထဲတွင် ဝဲပျံကာ နောက်ကျောပေးထားလေသည်။ သူက ပြောလိုက်၏။
“မင်း ထွက်မပြေးနိုင်ဘူးလို့ ပြောသားပဲ”
ယွီရှန်းရုန်က ဖြည်းဖြည်းချင်း လှည့်လာပြီး လုစုန့်အား ကြည့်လိုက်သည်။ သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း..
“ကျုပ်က ဒီနေရာက ရှုခင်းကို သဘောကျတယ်”
“ဟမ်..”
“အရင်တုန်းကလိုသာ ဆိုရင် ဒီနည်းလမ်းကို အသုံးပြုမှာ မဟုတ်ဘူး”
ယွီရှန်းရုန်က ရန်သူအား ထောင်ချောက်ထဲ ဆွဲခေါ်လိုက်ရသည့်အတွက် အနည်းငယ် မသက်မသာ ဖြစ်နေမိသည်။
လုစုန့်ကမူ ထိုစကားကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားမိ၏။ သို့သော်လည်း သူက အချိန်မဖြုန်းဘဲ ယွီရှန်းရုန်၏ စကားများကို ဂရုမစိုက်ပေ။ ထိုအစား သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။ ပွင့်ချပ် ၆လွှာ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်က လေထဲတွင် ပေါ်ထွက်လာပြီး ယွီရှန်းရုန်ဆီ ပြေးဝင်သွားသည်။
လုစုန့်က လက်ဝါးစည်းတံဆိပ်များလည်း ထပ်မံ ထုတ်ဖော်လိုက်၏။
လက်ဝါးစည်းတံဆိပ်များစွာက ချက်ချင်း ထွက်ပေါ်လာသည်။
“ဒီမြင်ကွင်းက တကယ်ကို ကောင်းတယ်။ ဒါက မင်းရဲ့ အုတ်ဂူ ဖြစ်လောက်တယ်”
ဘန်း ဘန်း ဘန်း..
ဝှစ်..
ပွင့်ချပ်ရှစ်လွှာ ရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်က ထွက်ပေါ်လာသည်။
ဝုန်း..
ပွင့်ချပ်ခြောက်လွှာ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်က စိတ်ဝိညာဉ်သဏ္ဌာန်အကြီးကြောင့် ချက်ချင်းဆိုသလို ကြေမွသွား၏။ အနီရောင်ဖန်ပုလင်းက ရွှေရောင်တောင်တန်းကြီးကြောင့် ကြေမွသွားသလိုမျိုး ဖြစ်သည်။
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မမြင်ဖူးသည့် လုစုန့်က အမှန်တကယ် အံ့အားသင့်ကာ တုန်လှုပ်နေမိသည်။ သူ့စိတ်ထဲ အကြောက်တရား ပေါ်ထွက်လာဖို့ သိပ်မကြာမြင့်လိုက်ပေ။
ထိုစဉ် ယွီရှန်းရုန်က သူ့သက်တော်ရှည်ဓားကို ဆွဲထုတ်လိုက်သည်။ ဓားက တုန်ခါသွား၏။
နှင်းကျတောင်တန်း..
ယွီရှန်းရုန်၏ အရိပ်များက လေထုထဲတွင် ပြည့်နှက်သွားသည်။
ရွှေရောင်စွမ်းအင်ဓားက သက်တော်ရှည်ဓားကို ရစ်ပတ်ကာ ဖြည်းဖြည်းချင်း အနီရောင် တောက်ပလာသည်။
စွမ်းအင်ဓားက နှင်းသဖွယ် ကျဆင်းလာပြီး လုစုန့် ခန္ဓာကိုယ်အတွင်း ထိုးစိုက်သွားသည်။ တိုက်ကွက်များက တိကျလှ၏။
ယွီရှန်းရုန်၏ အင်အားက လွှမ်းမိုးမှု အားကောင်းသည့်အတွက် လုစုန့်က ဘာမှမတတ်နိုင်ခဲ့ပေ။
“အရိပ်အယောင်မဲ့ ဓား..”
ယွီရှန်းရုန်က သက်တော်ရှည်ဓားကို ထပ်မံ ဝေ့ယမ်းလိုက်သည်။ သူက လုစုန့်အား စွမ်းအင်ဓားများဖြင့် ဆက်လက်တိုက်ခိုက်နေ၏။
ယွီရှန်းရုန်၏ အမူအရာက တည်ငြိမ်နေပြီး ဘယ်မှညာ၊ အပေါ်မှအောက် ပစ်ခတ်နေသည်။
အစအအဆုံးတိုင် တစ်ဖက်သတ် တိုက်ပွဲသာ ဖြစ်ခဲ့၏။
လုစုန့်၏ စိတ်ဝိညာဉ်သဏ္ဌာန် ဖျက်ဆီးခံလိုက်ရသည့်အခါ လုစုန့်က ပြန်လည်တိုက်ခိုက်ဖို့ စွမ်းအားများ ကင်းမဲ့သွားလေပြီ။ ယွီရှန်းရုန်၏ ဓားချက်များက သူ့ကို လွင့်စဉ်သွားစေ၏။ သူက တစ်ဖက်သတ် ထိုးနှက်ခံနေရသည်။
ယွီရှန်းရုန်နှင့် လုစုန့်၏ အင်အားကြား ခြားနားချက်က တစ်ကမ္ဘာစာ ခြားနားနေမှန်း သိသာလှသည်။
…
အခန်း (၆၇၁) ကမ်းစပ်၏အခြားတစ်ဖက်ကိုရောက်နိုင်သော အနီရောင်ခေါင်းတလား
လုစုန့်သည် သူ၏ခန္ဓာကိုယ်ကို စွမ်းအင်ဓားများ ပိုင်းဖြတ်သွားချိန်၌ နာကျင်မှုတစ်ခုခုကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ၏ရင်ထဲ၌ အကြောက်တရားများက အပြည့်အဝ ကြီးစိုးသွားကာ ခုခံလိုစိတ် ကင်းမဲ့သွားစေတော့သည်။
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်လား ... ဒါက ကောင်းကင်သိုင်းခုံရုံးရဲ့ သုတေသန အမှန်တရားလား။
လုစုန့်သည် သူ့ရှေ့ရှိ ဓားအကျော်အမော်ကို ပိုကောင်းကောင်းမြင်နိုင်ရန် ကြိုးစားလိုက်၏။ သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်သည်။ ၎င်းက ခမ်းနားပေ၏။ သူသည် ထိုအကျော်အမော်၏ မျက်နှာကို အဘယ်ကြောင့်မသိရသနည်း။ ထိုအကျော်အမော်မည်သည့်ပုံဆိုတာ မေ့လျော့သွားပုံရသည်။ သူ မသိပင်လျှင် ယခုအချိန်၌ မည်သည့်အရေးနည်း။ ဆိုရလျှင် နောက်ဆုံးတော့ ဤနေရာသို့ သူ့ကိုယွီရှန်းရုန်မျှားလာရသည့်အကြောင်းအရင်းကို သိသွားပြီဖြစ်သည်။
စွမ်းအင်ဓားများသည် လုစန်း၏ခန္ဓာကိုယ်ကိုဆက်လက်တိုက်ခိုက်ပြီး သူ့ကို သတိလစ်သွားစေ၏။ နာရီပေါင်းများစွာ ကြာမြင့်သည်ဟု သူ့ကို ထင်မှတ်ရပြီးနောက် စွမ်းအင်ဓားများသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။
ယွီရှန်းရုန်က ကြက်သွေးရောင် သက်တော်ရှည်ဓားကို ကိုင်ဆွဲလျက်လေထဲတွင် ပျံဝဲနေကာ ဓားကို အောက်စိုက်ထားသည်။
လုစုန့်၏အကောင်းပကတိခန္ဓာကိုယ်သည် ယွီရှန်းရုန်၏နောက်တွင်လဲလျောင်းနေ၏။ သို့သော် တစ်စက္ကန့်အကြာတွင် ခန္ဓာကိုယ်ရှေ့၌ စွမ်းအင်တစ ပေါ်လာပြီးပေါက်ကွဲသွားကာ လေထဲ၌ တစစီဖြစ်သွား၏။
စွမ်းအင်ဓားများသည် လုစုန့်ကိုအပြည့်အဝ ဝါးမျိုလိုက်တော့သည်။
“တင်း ... ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်ထောင့်ငါးရာ။ နယ်မြေအပို ကုသိုလ်မှတ်တစ်ထောင်”
ယွီရှန်းရုန်သည် လှည့်မကြည့်ပေ။ ဆိုရလျှင် သိုင်းပညာရှင်တစ်ဦးသည် တိုက်ပွဲ၏ ရလဒ်ကို သိရပေမည်။
လုစုန့်သည် ပွင့်ချပ်ခြောက်လွှာ အကျော်အမော် သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ယွီရှန်းရုန်သည် ပွင့်ချပ်ရှစ်လွှာ ဖြစ်သည်။ သူသည် လုစုန့်ကို ဓားတစ်ချက်တည်းဖြင့်သတ်နိုင်၏။ ထို့အပြင် သူသည် သာမန်ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ မဟုတ်။ သူကဲ့သို့ လူတစ်ယောက်အဖို့ ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူကို သတ်ရန်က ပျင်းရိငြီးငွေ့ဖွယ်ကိစ္စပဲဖြစ်သည်။
ယွီရှန်းရုန်က လက်ဖဝါးဖြန့်လိုက်ရာ သက်တော်ရှည်ဓား၌ အနီရောင်စွမ်းအင် ပေါ်ထွက်လာပြီးနောက် မူလအခြေအနေသို့ ပြန်ရောက်ရှိသွား၏။
သူ၏ဓားကိုသိမ်းလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ဖျတ်ခနဲလှုပ်ရှားသွားကာ မိုးမခတစ်ထောင်ဘုရားကျောင်းသို့ ပြန်ရောက်သွားလေ၏။
ယွီရှန်းရုန်သည် မိုးမခတစ်ထောင်ဘုရားကျောင်းသို့ ပြန်ရောက်ချိန်တွင် ကျီဖုန်းရှင်းက သူ့ဆီ ပြေးလာပြီး စိုးရိမ်စွာ မေးလိုက်၏။
“ချန်း ... ချန်းပေ့ ကြယ်ပျံအိမ်တော်ရဲ့လုစုန့်ဘယ်မှာလဲ။ ကျွန်တော်တို့လုပ်ရပ်တွေအတွက် သူ ကြယ်ပျံအိမ်တော်ကို ပြန်သွားပြောရင် ဘယ်လိုလုပ်မလဲ။ ကြယ်ပျံအိမ်တော်ကို ရန်စလို့မရဘူး”
“သူ သေပြီ” ယွီရှန်းရုန်က အေးအေးလူလူပြောလိုက်၏။
“သေ သေပြီလား” ကျီဖုန်းရှင်း ကျောစိမ့်သွားတော့သည်။ သူက အထိတ်တလန့် မျက်လုံးပြူးကျယ်နေကာ မေးလိုက်တော့၏။
“ဘယ်လိုသေသွားတာလဲ”
ယွီရှန်းရုန်က လက်ပိုက်ထားလျက် တန်းကို မှီကာတောင်တန်းများနှင့်မြစ်ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းလုပ်ဖို့လိုတာက ဓားကိုလွှဲယမ်းလိုက်ရုံပဲ”
“...”
ဒါက ဆရာကြီးတွေစကားပြောတဲ့ပုံလား။ ထိုအဖြေသည် ကျီဖုန်းရှင်းကြားရန် တွေးထင်ထားသည့်အဖြေ မဟုတ်သော်ငြား ကျိုးကြောင်းသင့်ရန် လုံလောက်ပြီဖြစ်သည်။
ထိတ်ခနဲ ဖြစ်သွားပြီးနောက် ကျီဖုန်းရှင်းသည် စဉ်းစားဆင်ခြင်လျက် မေးလိုက်လေ၏။ “ချန်းပေ့ ကျွန်တော် အဲ့လိုဆိုလိုတာ မဟုတ်ဘူးလေ။ လုစုန့်က ကြယ်ပျံအိမ်တော်ရဲ့ သိုင်းပညာရှင်တစ်ယောက်။ သူက ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံသူတစ်ယောက် သူ့ကို သတ်လိုက်တာလား”
ယွီရှန်းရုန်သည် ကျီဖုန်းရှင်းကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်လေ၏။
“သူကအားနည်းတယ်လေ။ ငါ့က သူ့ကိုမသတ်နိုင်တဲ့အကြောင်းအရင်းရှိလား”
“...” ကျီဖုန်းရှင်းသည် ဆွံ့အသွားတော့သည်။ ယွီရှန်းရုန်က ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူများကို သေးသိမ်သောတည်ရှိမှုအဖြစ် လုပ်လိုက်ပုံရသည်။
ယွီရှန်းရုန်သည် ကျီဖုန်းရှင်း၏မျက်နှာထက်ရှိ ထိတ်လန့်ဆွံ့အနေသောအမူအရာကို မြင်သောအခါ ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။ ဆိုရလျှင် သူက ဤနေရာ၌ နေရာဦးမှာဖြစ်သည်။ သိပ်ကို မျက်စိဖမ်းစားမခံချင်ပေ။ အစောတုန်းက သူ၏စကားများကို ပြန်တွေးမိချိန်၌ သူကပြောလိုက်သည်။
“မင်း ငါ့ကိုသိရင် ငါ ဘယ်လောက်နှိမ့်ချသလဲဆိုတာ မင်းနားလည်မှာပဲ”
“...” ကျီဖုန်းရှင်းက နောက်တစ်လှမ်းဆုတ်သွားသည်။ သူ၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသော အမူအရာ ပေါ်လာလေ၏။
သူ ကြိုးစားလေလေ ပိုဆိုးရွားသည့်ကိစ္စများဖြစ်လာလေလေဖြစ်သည်။
ယွီရှန်းရုန်သည် ဘာမှမပြောဖို့ ဆုံးဖြတ်ထား၏။ သူ အကြည့်လွှဲပြီးနောက် ကျောရှိရှုခင်းဆီ ရောက်သွား၏။
ထိုစဉ် ဝူဝူသည် စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။
“အစ်ကိုကြီးက သိပ်အံ့ဩဖို့ကောင်းတာပဲ”
ယွီရှန်းရုန်သည် ဝူဝူကိုတချက်ကြည့်လိုက်၏။ သူ ဤမိန်းကလေးကိုပိုသဘောကျလာသည်။ သူက
“ဘာမှမဟုတ်ပါဘူး”
ထောက်
ကျီဖုန်းရှင်း၏ တုံ့ပြန်မှုက အတော်နှေးကွေးနေ၏။ နောက်ဆုံးတွင် သူ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"အစ်ကို ... ခင်ဗျားက ဒီနေ့ကစပြီး ကျွန်တော့်ရဲ့အစ်ကိုကြီးပဲ” ပြီးနောက်သူသည်ဒူးထောက်ကာ ယွီရှန်းရုန်၏ခြေထောက်ကို ဖက်ရန် ရည်ရွယ်လိုက်သည်။
ယွီရှန်းရုန်က မျက်မှောင်အနည်းငယ်ကျုံ့သွားလေ၏။ ကျီဖုန်းရှင်း၏ပြုမူပုံသည် သူ၏ပါ့ရှစ်တိကို သတိရသွားစေသည်။ သူတို့uအတော်ဆင်တူပေ၏။ ကျူးဟုန်ကုန်းသာ ဤအတိုင်းလုပ်ခဲ့လျှင် ထူးဆန်းသည်ဟု ထင်မှာမဟုတ်။ သို့သော် ကျီဖုန်းရှင်း၏လုပ်ရပ်က သူ့ကိုအတော်လေး အနေခက်သွားစေ၏။ အဆုံးကျသူသည် အလောင်းသုံးခုကို လက်ညှိုးထိုးပြလျက်ပြောလိုက်သည်။
“အဲဒါတွေကို ရှင်းလိုက်”
“ဟုတ်ပါပြီ အဲဒါတွေကို အခုချက်ချင်းလုပ်လိုက်မယ်” ကျီဖုန်းရှင်းက ပြေးဆင်းသွားတော့သည်။
ယွီရှန်းရုန်ကမေးလိုက်၏။ “ကြယ်ပျံအိမ်တော်က ဂိုဏ်းသားတွေနဲ့တွေ့မယ်ဆိုရင် မင်း ဘယ်သူ့ကိုမှမတွေ့ဘူးလို့ပြောလိုက်။"
ကျီဖုန်းရှင်းက ဝမ်းသာအားရပြုံးပြီးပြောလိုက်သည်။ "သိပါပြီ”
ဝူဝူကလည်း ဝင်ပြော၏။ "သိပါပြီ”
ကြယ်ပျံအိမ်တော်၏ ပင်မတောင်ထွတ်တွင် ဖြစ်သည်။
ထိုစဉ် တပည့်တစ်ယောက်က ပင်မခန်းဆောင်သို့ ပြေးလာပြီး အရိုအသေပေးကာ ပြောလိုက်၏။
"အကြီးအကဲမုံ့ ... အကြီးအကဲလုရဲ့အသက်ကျောက်တုံး ပြိုကွဲသွားပြီ"
အနီရောင်ကြာနယ်မြေထဲတွင်ဂိုဏ်းအများစုသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်နှင့်အထက် ကျင့်ကြံသူများအတွက် အသက်ကျောက်တုံးများ ပြင်ဆင်ပေးထားသည်။ ထိုကျောက်တုံးဖြင့် သူတို့သည် သူတို့ဂိုဏ်းသားများ၏သေခြင်းရှင်ခြင်းကို အတည်ပြုနိုင်၏။
နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူများသည် ဂိုဏ်း၏အဓိကအင်အားစုများဖြစ်သည်။ ဂိုဏ်းအများစုသည် သူတို့၏အသက်ကျောက်တုံးများကို စောင့်ကြည့်နေရန် တပည့်များ စေလွှတ်ထား၏။ ကျောက်တုံးပြိုကွဲလျှင် တပည့်များသည် အကြီးပိုင်းများကို ချက်ချင်း သတင်းပို့ရမှာဖြစ်သည်။
တပည့်များ၏စကားကို ကြားသောအခါ အကြီးအကဲမုံ့က မျက်မှောင်အနည်းငယ် ကျုံ့သွားလေ၏။
“လုစုန့်ကို ဘယ်သူထိရဲတာလဲ”
“အကြီးအကဲလုက မိုးမခတစ်ထောင်ဘုရားကျောင်းဆီ တပည့်သုံးယောက် ခေါ်သွားပါတယ်။ မိုးမခတစ်ထောင်ဘုရားကျောင်းက လူတွေက သဘောတူညီချက် မရတာကြောင့် အကြီးအကဲလုကို သတ်လိုက်တာများလား” တပည့်သည် ထင်မြင်ချက်ကို ကျယ်လောင်စွာပြောလိုက်၏။
မုန့်ချန်းတုံသည် ခေါင်းခါကာပြောလိုက်တော့သည်။ “မိုးမခတစ်ထောင်ဘုရားကျောင်းက ကြယ်ပျံအိမ်တော်ကို ရန်စရလောက်အောင် မတုံးအဘူး။ အခုတော့ သတင်းမပြန့်စေနဲ့ဦး။ တိတ်တဆိတ်စစ်ဆေး”
“နားလည်ပါပြီ”
မုန့်ချန်းတုံသည် အတွေးနက်သွားတော့သည်။ တစ်မိုးအောက်၌ ကြယ်ပျံအိမ်တော်၏လူများကို တိုက်ခိုက်ရဲသည့်သူ သိပ်မရှိပေ။ မိုးမခတစ်ထောင်ဘုရားကျောင်းက တိုက်ခိုက်ရလောက်အောင် ရဲတင်းသည်ဟု သူ မထင်ပေ။
အကြီးအကဲယဲ့ကျန်းသည် လွမ့်ရှိသည့်နေရာသို့ ကျန်သည့်သူများကို ဦးဆောင်ခေါ်သွားချိန်မှစပြီး ကြယ်ပျံအိမ်တော်သည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူနှစ်ဦးကို ဆုံးရှုံးသွား၏။
ကောင်းကင်သိုင်းခုံရုံးလား ဒါမှမဟုတ် နဝမဘုံကျောင်းလား။ မုန့်ချန်းတုံသည် ကြယ်ပျံအိမ်တော်နှင့် မတည့်သည့် အင်အားစုများအကြောင်း စဉ်းစားနေ၏။ သို့သော် အဆုံးကျသူသည် ကြယ်ပျံအိမ်တော်ကို ဆန့်ကျင်ရဲသည့်မည်သူ့ကိုမှ မတွေးမိပေ။ ထို့အပြင် ယဲ့ကျန်းက ယခုအချိန်၌ မွန်းတည့်နေပမာ ဖြစ်နေသည်။
ထိုစဉ် တာ့ယန်၏လျန့်စီရင်စု မြို့ကြီးထဲတွင်ဖြစ်သည်။
ဟွားယွဲ့ရှင်းက အရိုအသေပေးကာပြောလိုက်၏။
“သတ္တမသခင်လေး ဒီနေရာကို ကျွန်မ အချိန်တစ်လစောင့်ဆိုင်းခဲ့ပါတယ်။ သခင်လေး အမိန့်ပေးတဲ့အတိုင်းပဲ။ ငှက်တွေက ပြည်သူတွေကို မနှောင့်ယှက်ပါဘူး။ အကြီးဆုံးငှက်တစ်ကောင်က မနေ့တုန်းက ပျံထွက်သွားပါတယ်။ သူတို့ ဘယ်ကို ပျံသွားမှန်းမသိပါဘူး"
စီးဝူယာ့သည် ထိုစကားကိုကြားသောအခါ အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။
“ပွင့်ချပ်ကိုးလွှာအဆင့်က ကပ်ဘေးကို သယ်ဆောင်လာမယ်။ ကျန့်ဝမ်ရွှီက ဒီနေရာဆီ မန်မန်းတွေ ခေါ်လာတာ အံ့ဩစရာမရှိဘူးပဲ။ ဒါပေမဲ့ ရှစ်စွင်းကလည်း ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပဲ ငှက်တွေဘာကြောင့်ထွက်သွားရတာလဲ။"
ထိုစဉ် ယွီကျန့်ဟိုင်က ပျံသန်းလာပြီး မြို့ရိုးပေါ်ဆင်းသက်လာ၏။ သူက ...
“လွယ်ပါတယ်။ ကျန့်ဝမ်ရွှီက တာ့ယန်မှာ အချိန်အတော်ကြာ ပုန်းခဲ့ပြီး ရှစ်စွင်းရဲ့နည်းစနစ်အများစု ထိတ်လန့်ဖွယ်ကောင်းပုံကို သိခဲ့တာ။ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သိတာ။ ရှစ်စွင်းမှာလဲ သူ့နည်းလမ်းရှိတာ သဘာဝပဲလေ”
“တာ့ရှစ်ရှိုး ပြောတာ အဓိကကျတယ်” စီးဝူယာ့က ပြန်ပြောလိုက်သည်။
ယွီကျန့်ဟိုင်သည် မြို့ရိုးပေါ်၌ မတ်တတ်ရပ်ကာ အောက်ကို ကြည့်ပြီးပြောလိုက်၏။
“အနီရောင်ခေါင်းတလားကို သုတေသနလုပ်တာ ဘယ်လိုနေလဲ”
“ပုံစံတူသုံးခု လုပ်ပြီးသွားပြီ။ ဒါပေမဲ့ လမ်းကြောင်းကို မတွေ့ကြသေးဘူး။ ချောက်နက်ထဲ အဆင်အခြင်မဲ့ ဆင်းလိုက်ရင် လမ်းပျောက်သွားလောက်တယ်” စီးဝူယာ့ကပြော၏။
“လုံလောက်ပြီ” ယွီကျန့်ဟိုင်ကပြောလိုက်သည်။
“ဘာကိုဆိုလိုတာပါလဲ တာ့ရှစ်ရှိုး”
“ငါတို့မှာ အခုရှိနေတဲ့ အခြေအနေအတိုင်း ငါ လုပ်နိုင်တယ်။ ပြောရရင် အာ့ရှစ်တိက ဘာအကူအညီမှ မပါဘဲ အနီရောင်ကြာနယ်မြေထဲလှည့်လည်သွားလာနေတာ”
“ဒါပေမဲ့ အနီရောင်ခေါင်းတလားနဲ့ ပတ်သက်ပြီး မသေချာမရေရာတာတွေငက အများကြီး ရှိသေးတယ်”
“စိုးရိမ်ဖို့မလိုဘူး။ ရှစ်စွင်းဆီအားလုံးရှင်းပြလိုက်မယ်” ယွီကျန့်ဟိုင်က ပြန်ပြောလိုက်သည်။
ဤနည်းဖြင့် စီးဝူယာ့သည် ယွီကျန့်ဟိုင်ကို ဖျောင့်ဖျရန်မကြိုးပမ်းတော့ပေ။
နေ့လယ်ခင်းတွင် ခန်းမထဲ၌
လုကျိုးသည် ဒူးထောက်နေသော ယွီကျန့်ဟိုင်ကို ကြည့်လိုက်၏။ သူက မုတ်ဆိတ်သပ်ကာ ပြောလိုက်တော့သည်။
“မင်း စဉ်းစားပြီးပြီလား”
ယွီကျန့်ဟိုင်က အရိုအသေပေးကာပြောလိုက်၏။
“အာ့ရှစ်တိက ကျွန်တော့်ကြောင့် အနက်ရောင်ချောက်နက်ထဲကျသွားတာ။ သူ့ကိုမကယ်ရင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ အခုအနီရောင်ခေါင်းတလားတွေ ပြင်ဆင်ပြီးထားပြီဆိုတော့ သွားခွင့်တောင်းပါတယ်ရှစ်စွင်း”
လုကျိုးသည် စီးဝူယာ့ကိုကြည့်ပြီးပြောလိုက်၏။
“အနီရောင်ခေါင်းတလားက ကမ်းစပ်ရဲ့ အခြားတစ်ဖက်ကို ရောက်ဖို့ မင်း ယုံကြည်ချက်ဘယ်လောက်ရှိလဲ”
“၇၀ရာခိုင်နှုန်းပဲသေချာပါတယ်။ အနီရောင်ရုန်းတွေက အစပ်မှာ သားရဲတွေကိုထိန်းထားလိမ့်မယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်လေးတွေကတော့ တိုးတက်နိုင်မှသိမယ်။ ကျေးဇူးပြုပြီး အချိန်သုံးလပေးပါ” စီးဝူယာ့ကပြောလိုက်၏။
ယွီကျန့်ဟိုင်ကပြောလိုက်သည်။ "၇၀ရာခိုင်နှုန်းက လုံလောက်ပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပေးပါ ရှစ်စွင်း”
…
အခန်း (၆၇၂) ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲ့ကျောက်ဓား
လုကျိုးက ယွီကျန့်ဟိုင်သည် ဆုံးဖြတ်ချက် ပြတ်သားလိမ့်မည်ဟု မထင်ထားမိပေ။ သို့သော်လည်း အနီရောင်ခေါင်းတလားဖြင့်ပင် အောင်မြင်နိုင်ခြေက ၇၀ ရာခိုင်နှုန်းသာ ရှိသည့်အတွက် စတေးလွန်းရာကျသည်။
ထိုစဉ် စီးဝူယာ့က ဝင်ပြောလိုက်၏။ “ တာ့ရှစ်ရှိုး … တကယ်သွားမှာလား”
“ဒါပေါ့”
စီးဝူယာ့က ခေါင်းညိတ်ကာ “ ကျွန်တော် အာ့ရှစ်ရှိုးဆီ သူ့ဓားအိမ် မရှိတာ မှတ်မိလိုက်တယ်။ အရင်တစ်ခေါက်က အသက်ရှည်ဓားကို သင်္ကေတတချို့ ရေးထွင်းပြီး အသက်ဓာတ် စုပ်ယူနိုင်တဲ့ စွမ်းအားနဲ့ ပေါင်းစပ်ပေးခဲ့တယ်။ ကျွန်တော်ဆီမှာ သင်္ကေတနည်းနည်း ကျန်သေးတယ်။ တခြားသင်္ကေတတွေကို အာရုံခံနိုင်အောင် ဓားအိမ်ပေါ် ရေးထွင်းပေးလိုက်မယ်။ အဲဒါက တာ့ရှစ်ရှိုးကို အာ့ရှစ်ရှိုးဆီ ခေါ်သွားပေးနိုင်မှာပါ”
ထိုအရာကို ကြားသည့်အခါ ယွီကျန့်ဟိုင်က စိတ်အေးသွား၏။
“ကောင်းတယ်။ အဲဒီနည်းလမ်းနဲ့ဆိုရင် အမှား ဖြစ်မှာ မဟုတ်တော့ဘူး ”
“ ဒါက အောင်မြင်နိုင်ခြေ ၈၀ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ တကယ်လို့ အနီရောင်ခေါင်းတလားက သားရဲတွေဆီကနေ တိုက်ခိုက်ခံလာရပြီး ဦးတည်ချက် ရောက်တဲ့အထိ ခံနိုင်ရည် မရှိရင် … ” စီးဝူယာ့က စိုးရိမ်စွာ ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ငါ့ရဲ့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့်နဲ့ သားရဲတွေကို ဘာကြောက်နေရမှာလဲ“
ယွီကျန့်ဟိုင်က ယုံကြည်ချက်အပြည့်ဖြင့် ရင်ဘတ်ပုတ်ကာ ပြောလိုက်သည်။
လုကျိုးက ခေါင်းခါလိုက်သည်။ သူက ချီယောင်နှင့် တွေ့ဆုံစဉ်အခါက ထိုသားရဲများသည် မည်မှ အားကောင်းကြောင်း ကြမ်းတမ်းကြောင်း သိလိုက်ရ၏။ သူ့ထူးခြားအံ့ဖွယ် စွမ်းအားတစ်ဝက်ကို အသုံးပြုလိုက်လျှင်ပင် ချီယောင်ကို မသတ်နိုင်ခဲ့ပေ။
ယွီကျန့်ဟိုင်က ဘာများတတ်နိုင်မည်နည်း။
လုကျိုးက ယွီကျန့်ဟိုင်အား ကြည့်ကာ ပြောလိုက်သည်။
“ မင်း ကျင့်ကြံဆင့်က အထွတ်အထိပ် ရောက်နေပြီလား ”
လုကျိုးက ချီယောင်၏ နှလုံးအကြောင်း တွေးလိုက်မိသည်။ ထိုအရာက သက်တမ်း ၁၂၀၀ ပေးနိုင်လေသည်။ ထိုအရာဖြင့် ရွှေကြာအတွက် သတ်မှတ်ချက်က ပြည့်မှီသွားလိမ့်မည်။ သူက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ခါစ ဖြစ်၏။ အလွန်ဆုံး သူက အထွတ်အထိပ်သို့ ပြန်သွားနိုင်လိမ့်မည်။ သူက ပွင့်ချပ်ရှစ်လွှာ အထွတ်အထိပ် ရောက်ဖို့ အချိန်ထပ်ယူရလိမ့်မည်။ အကယ်၍ ယွီကျန့်ဟိုင်က အထွတ်အထိပ်တွင် ရှိနေလျှင် ယွီကျန့်ဟိုင်အား အရင်ဦးစွာ ပွင့်ချပ်ကိုးလွှာ တက်လှမ်းဖို့ ကြိုးစားသင့်ကြောင်း ပြောရမည်။
တာ့ယန်၏ ခုနှစ်စင်ကြယ်ကျောင်းတော်က လူတစ်ယောက်၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည့် ဆေးလုံးကို ဖန်တီးထားခဲ့သည်။ သို့သော်လည်း သူတို့၏ သက်တမ်းကန့်သတ်ချက်ကို ရောက်နေသူအတွက် သက်ရောက်မှု မရှိချေ။
အတိတ်တုန်းက သူ့ခန္ဓာကိုယ်ပိုင်ရှင် ကျိထျန်းတောက်သည် ထိုနည်းလမ်းဖြင့် ကြိုးစားခဲ့ဖူး၏။
ထို့ကြောင့် ချီယောင်၏ နှလုံးသားသည် အဆင့်တက်လှမ်းဖို့အတွက် အသုံးပြုဖို့ရာ အကောင်းဆုံး ဖြစ်နေသည်။
ယွီကျန့်ဟိုင်က ပြန်ဖြေလိုက်၏။
“ကျွန်တော်ကို လနည်းနည်းလောက် အချိန်ပေးပါ။ ကျွန်တော် ကျင့်ကြံဆင့် အထွတ်အထိပ် ပြန်ရောက်လာမှာပါ ”
လုကျိုးက ပြောလိုက်သည်။
“အနီရောင်ကြာပိုင်နက်ထဲ မသွားခင် နောက်ထပ် ထပ်စောင့်လိုက်ဦး။ ချီယောင်က မင်းကို ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ အဲဒါကို အသုံးပြုဖို့ မင်း ပွင့်ချပ်ရှစ်လွှာ အထွတ်အထိပ် ရောက်နေဖို့ လိုတယ်”
ယွီကျန့်ဟိုင်က ထိုအရာကို ကြားသည့်အခါ အနည်းငယ် အံ့အားသင့်သွားသည်။
ကမ္ဘာတွင် ပွင့်ချပ်ကိုးလွှာအဆင့် မရောက်ချင်သည့် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ မရှိပေ။ အားလုံးက ထိုအဆင့်ကို ရောက်ဖို့ ကြိုးစားနေကြ၏။ ဓားရေးကိုသာ အာရုံစိုက်ထားသည့် ယွီရှန်းရုန်ပင် ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ ကြိုးစားဖူးသည်။
ချီယောင်၏ နှလုံးသားက အင်မတန် အဖိုးတန်လှသည်။ ထိုအရာက သူ့ရှစ်စွင်း ချောက်နက်ထဲကနေ ခက်ခက်ခဲခဲ ယူဆောင်လာရခြင်း ဖြစ်၏။ သို့သော်လည်း သူ့ရှစ်စွင်းက သူ့ကို ပေးချင်နေသည်။
ယွီကျန့်ဟိုင်က မည်သို့ အံ့အားမသင့်ဘဲ နေမည်နည်း။
သို့သော်လည်း ယွီကျန့်ဟိုင်က ခေါင်းခါကာ “ အဲဒါက အရမ်း အဖိုးတန်လွန်းတယ်။ ကျွန်တော် လက်မခံနိုင်ဘူး။ ပြီးတော့ အာ့ရှစ်တိက အနီရောင်ကြာနယ်မြေထဲ ရောက်ပြီး အန္တရာယ်တွေ ဝိုင်းနေတာလေ။ သူ့ဇာစ်မြစ်သာ ပေါက်ကြားသွားရင် အန္တရာယ် ပိုရှိလာနိုင်တယ်။ ကျွန်တော်တို့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး ”
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး စဉ်းစားလိုက်သည်။ စနစ်ဆီမှ သတိပေးချက် နှစ်ခုက ယွီရှန်းရုန်သည် ထပ်မံ ဒုက္ခရောက်နေကြောင်း သက်သေပြလိုက်၏။ အကယ်၍ ယွီရှန်းရုန်သာ စွမ်းအားကို ထုတ်လွှင့်လိုက်လျှင် ယွီရှန်းရုန်အတွက် ဇာစ်မြစ်ကို ဖုံးကွယ်ထားဖို့ ခက်ခဲလှသည်။ ခဏအကြာတွင် သူက ပြောလိုက်၏။
“ မင်းရဲ့ နဂါးသွဲ့ကျောက်ဓားကို ပေး ”
“ဟမ်”ယွီကျန့်ဟိုင်က ရှစ်စွင်းသည် ဘာလုပ်ချင်မှန်း မသိပေ။ သူက ရှစ်စွင်းအနေနှင့် သူ့လက်နက်သိမ်းကာ ထွက်သွားဖို့ တားဆီးလိမ့်မည်ဟု ထင်မိလိုက်သည်။ သူက ဦးညွှတ်လိုက်ပြီး “ ရှစ်စွင်း ကျွန်တော်ကို သွားခွင့်ပေးပါ”
“ ဒီနေ့ မင်းရဲ့လက်နက်ကို ငါ့ဆီ ထားခဲ့။ မနက်ဖြန်မှ စထွက်”
ယွီကျန့်ဟိုင်က အပျော်လွန်သွားမိသည်။ သူက ပြောလိုက်၏။ “ ရှစ်စွင်း ကျေးဇူးပါ”
ထို့နောက် သူက နဂါးသွဲ့ကျောက်ဓားအား ရိုရိုကျိုးကျိုး ပေးလိုက်သည်။
ယွီကျန့်ဟိုင်က စီးဝူယာ့အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် အနီရောင်ခေါင်းတလား ပြင်ဆင်ဖို့ ထွက်လာလိုက်ကြသည်။
…………..…
လုကျိုးက နဂါးသွဲ့ကျောက်ဓားကို ယူကာ လေ့လာကြည့်လိုက်သည်။
သူက သက်ပြင်းချလိုက်သည်။ ဤသည်က ကျိထျန်းတောက် လက်ဆောင်အနေနှင့် ပေးထားခဲ့သည့် ပထမဆုံး ကောင်းကင်အဆင့် လက်နက် ဖြစ်၏။ ရာစုနှစ်ကြာမြင့်ပြီးသည့်နောက်တွင် နဂါးသွဲ့ကျောက်ဓားက ယွီကျန့်ဟိုင်နှင့် လိုက်ဖက်ညီနေပြီး ကောင်းကင်အဆင့် အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ ဤသည်က ပြိုင်ဘက်ကင်အဆင့်အဖြစ် ပြောင်းလဲပစ်ဖို့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
သူက ကျန့်ဝမ်ရွှီဆီမှ ပြိုင်ဘက်ကင်းအဆင့် လက်နက်များအကြောင်း သင်ယူခဲ့ရသည်။ ဆိုလိုသည်မှ အနီရောင်ကြာနယ်မြေထဲ ပြိုင်ဘက်ကင်းအဆင့် လက်နက် သေချာပေါက် ရှိနေလိမ့်မည်။
ငါ့တပည့်တွေက အကောင်းဆုံးလက်နက်နဲ့ ထိုက်တန်တယ် …
လုကျိုးက တောက်ပနေသည့် ကျောက်တုံးတစ်ခုကို ထုတ်လိုက်သည်။ ထိုအတွေးဖြင့် ကျောက်တုံးက လေထဲ ဝေ့ပတ်ရင်း အသံထွက်လာသည်။ ခဏအကြာတွင် မီးတောက်အဖြစ် ပေါက်ကွဲထွက်သွား၏။
လုကျိုးက တောက်ပနေသည့် ကျောက်တုံးဆီ ဆွဲယူခံရသည့် နဂါးသွဲ့ကျောက်ဓားကို မြောက်လိုက်သည်။
ဘန်း
တောက်ပနေသည့် ကျောက်တုံးနှင့် နဂါးသွဲ့ကျောက်ဓားတို့ အချင်းချင်း ထိတွေ့ကာ မီးတောက်က အပြာရောင် ပြောင်းလဲသွားသည်။
ဤသည်က သာမန်အပြာရောင် မီးတောက် မဟုတ်ပေ။ မီးတောက်က လောင်ကျွမ်းရင်း မြင့်တက်လာကာ နဂါးသွဲ့ကျောက်ဓားကို ရစ်ပတ်လွှမ်းခြုံသွားသည်။
မီးတောက်များက ဓားနှစ်ဖက်လုံးတွင် တလူလူ တောက်ပနေသည်။
မီးတောက်များက ဆက်လက် လောင်ကျွမ်းနေ၏။
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး မည်မျှကြာမြင့်နိုင်ကြောင်း တွေးနေမိသည်။
အဆုံးသတ်တွင် သူက ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်၏။ သူ မျက်လုံးမမှိတ်ခင် သူ့ဘာသာ ရေရွတ်လိုက်သည် “ကံစမ်းမဲ စမ်းကြည့်ရအောင် ”
“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ဆယ်ကတ် ရရှိပါတယ်”
မဆိုးဘူးပဲ … ငါ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းရင် ဒါတွေ လိုအပ်လိမ့်မယ် …
“ကံစမ်းမဲ ”
“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ဆယ်ကတ် ရရှိပါတယ်”
လုကျိုးက အံ့အားသင့်သွားသည်။
ငါ ဒီနေ့ ကံတက်နေပုံပဲ …
“ဆက်လုပ်မယ်”
“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ် ဆယ်ကတ် ရရှိပါတယ်”
လုကျိုးက အတိုက်ခိုက် ဒဏ်ပြင်းကို ကာကွယ်နိုင်သော ကတ်ကို မြင်လိုက်သည့်အခါ ပိုအံ့အားသင့်သွားသည်။ သူတို့ကို တစ်ခါမှ မရဖူးပေ။
စနစ်က ဘာလို့ ဆုလာဘ်တွေ ပေးနေပါ့လိမ့် …
ဒါက ဟာသပဲ နေမယ် … ဘယ်သူက ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ။
နောက်ကံစမ်းမဲ ဆယ်ကြိမ်က ပါဝင်ကံစမ်းသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့်သာ အဆုံးသတ်သွားသည်။ သူက ဆက်မလုပ်ချင်တော့ပေ။
သူက မျက်လုံးမှိတ်လိုက်ပြီး ကောင်းကင်ကျမ်း စာလိပ်များကို ဆင်ခြင်သုံးသပ်လိုက်သည်။
……………
တစ်ရက်တာ ကုန်ဆုံးသွားလေသည်။
နောက်တစ်ရက် မနက်စောစော၌
ဝှီး
အသံကျယ်ကျယ်က လုကျိုး၏ တရားထိုင်နေသည့် အခြေအနေမှ ဆွဲထုတ်သွားသည်။ သူက မျက်လုံးပွင့်ကာ တောက်ပနေသည့် ကျောက်တုံးအား ကြည့်လိုက်၏။
မီးတောက်များက လေထုထဲ တောက်လောင်နေဆဲ ဖြစ်သော်လည်း ထူးထူးဆန်းဆန်းဖြင့် ပျံ့နှံ့လာခြင်း မရှိပေ။
နဂါးသွဲ့ကျောက်ဓားက အနီရောင် တောက်ပနေသည်။
ဝှစ်
ရုတ်ခြည်းဆိုသလို မီးတောက်က ပျောက်ကွယ်သွား၏။
လုကျိုးက လက်ဝါးဖြန့်လိုက်ပြီး နဂါးသွဲ့ကျောက်ဓား မြေပေါ် ပြုတ်မကျသွားအောင် ဖမ်းလိုက်သည်။
“တင်း … အဆင့်မြှင့်တင်ခြင်း အောင်မြင်ပါတယ်။ ပြိုင်ဘက်ကင်း လက်နက် နဂါးသွဲ့ကျောက်ဓားကို ရရှိပါတယ်။ ဆုလာဘ် ကုသိုလ်ရမှတ် နှစ်ထောင် ရရှိပါတယ် ”
“နဂါးသွဲ့ကျောက်ဓား၊ အဆင့် - ပြိုင်ဘက်ကင်း အဆင့်၊ ပိုင်ရှင် - ယွီကျန့်ဟိုင် ”
လုကျိုးက နဂါးသွဲ့ကျောက်ဓားသည် အနီရောင်တောက်ပနေသော်လည်း မပူတော့ကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက စွမ်းအားထုတ်လွင့်ကာ နဂါးသွဲ့ကျောက်ဓားအား လက်ထဲ ယူလိုက်၏။
သူ့ကနဦးချီ ထွက်ပေါ်လာသည်။
“ကောင်းတယ်” သူက အမည်မဲ့လိုမျိုး လက်နက်ကို ပိုင်ဆိုင်ထားသော်လည်း နဂါးသွဲ့ကျောက်ဓားကို ထိလိုက်သည့်အခါ မချီးကျူးဘဲ မနေနိုင်တော့ပေ။
သူက ကနဦးချီကို နဂါးသွဲ့ကျောက်ဓားမော့ထဲ ပို့ဆောင်လိုက်သည့်အခါ ထက်ရှမှုက ကောင်းကင်အဆင့် လက်နက်များထက် ကျော်လွန်နေကြောင်း ခံစားမိလိုက်၏။
“ဒါက ပြိုင်ဘက်ကင်း အဆင့်လား ”
နဂါးသွဲ့ကျောက်သည် ယခင်နှင့် ကွဲပြားချက် မရှိသော်လည်း ပိုမို ထက်ရှလာသည်။ အလင်းတန်းတချို့သည် ဓားဆီမှ မကြာမကြာ တောက်ပနေ၏။
သူက ကနဦးချီကို ရုပ်သိမ်းလိုက်သည်။
ထိုစဉ် ယွီကျန့်ဟိုင်၏ အသံက အပြင်ဘက်မှ ထွက်လာသည်။
“ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“အထဲဝင်ခဲ့ ”
ယွီကျန့်ဟိုင်က တံခါးဖွင့်ကာ အခန်းအတွင်း ဝင်လာလိုက်သည်။
မင်ရှစ်ရင်နှင့် စီးဝူယာ့လည်း ပါလာကြ၏။
တပည့်သုံးယောက်က အခန်းအလယ်တွင် ရိုရိုကျိုးကျိုး ရပ်နေကြသည်။
“ရှစ်စွင်း …အနီရောင်ခေါင်းတလားက အဆင့်သင့်ဖြစ်ပါပြီ။ ကျွန်တော် ဒီနေ့ ထွက်သွားချင်တယ်”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
လုကျိုးက လက်ဖြန့်လိုက်သည့်အခါ နဂါးသွဲ့ကျောက်ဓားက ယွီကျန့်ဟိုင်ရှေ့ ရောက်သွားသည်။
ယွီကျန့်ဟိုင်က အံ့ဩမှုအပြည့်ဖြင့် ဓားကို ဖမ်းဆုပ်လိုက်သည်။ နဂါးသွဲ့ကျောက်ဓားသည် ပေါကြွယ်ဝသည့် စွမ်းအားများဖြင့် ရစ်ပတ်ထားသည်။ သူက လက်ထဲ ကိုင်လိုက်သည့်အခါ ကြောင်အမ်းသွားမိ၏။ သူက မျက်လုံးအပြူးသားဖြင့် “ ကျွန်တော့်ဓားက … ”
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်။ နဂါးသွဲ့ကျောက်ဓားက အခု ပြိုင်ဘက်ကင်းအဆင့် ဖြစ်သွားပြီ”
“ပြိုင်ဘက်ကင်းအဆင့်လား”
တပည့်သုံးယောက်လုံး ကြောင်အမ်းသွားကြ၏။
“အနီရောင်ကြာနယ်မြေထဲမှာ ပြိုင်ဘက်ကင်းအဆင့် လက်နက်က အကူအညီ ဖြစ်လာလိမ့်မယ်”
ယွီကျန့်ဟိုင်က ဒူးထောက်ကာ “ရှစ်စွင်း …ပြိုင်ဘက်ကင်းအဆင့် လက်နက်အတွက် ကျေးဇူးတင်ပါတယ်”
စီးဝူယာ့နှင့် မင်ရှစ်ရင်တို့လည်း အားမကျဘဲ မနေနိုင်ပေ။
“ရှစ် … ရှစ်စွင်း ဘယ်လိုလုပ်လိုက်တာလဲ” မင်ရှစ်ရင်က ခွဲခွာချိတ်ကောက်ကို ထုတ်ရင်း အနည်းငယ် တောင်းဆိုသည့်လေသံဖြင့် ပြောလိုက်သည်။
လုကျိုးက မျက်လုံးဝေ့ကြည့်လိုက်ပြီး “မင်းရဲ့အင်အားသာ မြင့်အောင် လုပ်ထား။ အရာအားလုံးက အချိန်ကျရင် ဖြစ်လာလိမ့်မယ် ”
လက်နက်တစ်ခု အဆင့်မြှင့်ပေးလိုက်ခြင်းက ကုသိုလ်ရမှတ် နှစ်ထောင် ရလာစေသည်။ ထိုအရာက သူ့တပည့်များ၏ ကျင့်ကြံဆင့် တိုးမြင့်ဖို့ရာ ကူညီပေးနိုင်၏။ ရလဒ်အနေနှင့် သူတို့က သူ့အတွက် အမှတ်များစွာ ရလာစေလိမ့်မည်။ ထို့ကြောင့် သူက လုပ်ပေးဖို့ရာ စိတ်အားထက်သန်လေ၏။ သူ့တပည့်များကို အဆင့်မြှင့်တင်လိုက်ခြင်းက သူ့ဘာသာ အဆင့်မြှင့်လိုက်ခြင်း ဖြစ်၏။
ထိုစဉ် လုကျိုးက ချီယောင်၏ နှလုံးသားကို ရုတ်ခြည်း အမှတ်ရသွားကာ “လောင်စစ် ”
“ဟုတ် ရှစ်စွင်း”
“ချီယောင်ရဲ့ နှလုံးကို ယူလာခဲ့လိုက်”
“ဟုတ်ကဲ့ ”
ခဏအကြာတွင် မင်ရှစ်ရင်က ချီယောင်နှလုံးသားဖြင့် ရောက်လာသည်။
လုကျိုးက ထိုအရာကို ကြည့်လိုက်၏။ ထိုအရာက အတော်လေး ကြီးမားလှသည်။ သူက လက်ကို ဝေ့လိုက်သည့်အခါ ချီယောင်၏ နှလုံးသားကို စွမ်းအားများက ရစ်ပတ်သွားသည်။ သူက အသက်ဓာတ်အမြောက်အများကို ခံစားမိလိုက်၏။
“ မင်း အရင်သေဆုံးမှုတွေက နှစ် ၆၀၀ ကုန်သွားမှာ။ မင်း နောက်ဆုံးတစ်ခေါက် သေပြီးတော့ မင်းသက်တမ်းက မကျန်တော့ဘူး။ အနီရောင်ငါး နှလုံးသားက မင်းကို နှစ်တစ်ရာတည်း ပေးနိုင်တာ … ချီယောင် နှလုံးသားကတော့ မင်းကို နှစ် ၁၂၀၀ ပေးနိုင်လိမ့်မယ်။ အခု တစ်ဝက်ယူထားလိုက် ”
ယွီကျန့်ဟိုင်က ဦးညွှတ်လိုက်ပြီး မျက်နှာသာပေးခံရမှုကြောင့် ရင်ထဲထိသွားသည်။
“ရှစ်စွင်း … ကျွန်တော် ဒီလိုအရေးပါတာမျိုးကို လက်မခံနိုင်ပါဘူး ”
“မင်းလက်ရှိ နှစ်တစ်ရာက ဘာမှမဟုတ်ဘူး။ တကယ်လို့ မင်းဆီ ချီယောင် မရှိရင် အနီရောင်ကြာနယ်မြေထဲမှာ ကြာကြာခံနိုင်မှာ မဟုတ်ဘူး။ အဲဆို မင်းက လောင်အာ့ကို ဘယ်လိုကယ်မှာလဲ ”
“အာ …” ယွီကျန့်ဟိုင်၏ သေဆုံးမှုနှစ်ခုက သူ့အား နှစ် ၆၀၀ ကုန်ဆုံးစေခဲ့သည်။ ထို့အပြင် သူက သက်တမ်းနှစ် ၃၀၀ အထိ နေထိုင်ခဲ့၏။ သဘောတရားအရ သူသည် နောက်ဆုံးတစ်ခေါက်တွင် အသက်ပြန်ရှင်လာနိုင်ခြေ မရှိပေ။ သူက ပြန်ရှင်သန်လာခဲ့သည်မှာ အံ့ဖွယ် ဖြစ်၏။ အကယ်၍ သူသာ ချီယောင် နှလုံးသား ရှိထားခဲ့လျှင် ဝူချီမျိုးနွယ်၏ တမူထူးစွမ်းရည်ဖြင့် အသက်ပြန်ရှင်လာနိုင်သည်။ ထိုအရာဖြင့် သူသည် ချောက်နက်ထဲ အသက်ရှင်နိုင်ခြေ ပိုမို မြင့်မားလိမ့်မည်။
“တာ့ရှစ်ရှိုး ဒါကို လက်ခံလိုက်ပါ။ ကျွန်တော်တို့တွေ တာ့ရှစ်ရှိုးရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး မစိုးရိမ်ဘဲ မနေနိုင်ဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။
ယွီကျန့်ဟိုင်က လုကျိုးကို ဆက်မငြင်းဆန်တော့ပေ။ သူက သုံးကြိမ်တိုင်တိုင် ဝပ်တွားကန်တော့လိုက်၏။
လုကျိုးက ယွီကျန့်ဟိုင် ဝပ်တွားကန်တော့သည်ကို မတားပေ။ သူက ယွီကျန့်ဟိုင်၏ အတွေးကို သိနေ၍ ဖြစ်သည်။
ယွီကျန့်ဟိုင်က ဝပ်တွားကန်တော့ပြီးသည့်နောက်တွင် လုကျိုးက လက်မြှောက်လိုက်၏။ ယခင် နှစ်သုံးရာခန့်က မြင်ကွင်းက သူတို့ရှေ့ တစ်ဖန် ပြန်လည် ထွက်ပေါ်လာသည်။ သူတို့က ဆရာတပည့် ဖြစ်ကြ၏။
သေခြင်းတရားကို သုံးကြိမ်တိုင်တိုင် ရင်ဆိုင်တွေ့ပြီးသည့်နောက်တွင် သူ့တပည့်အတွက် ဘေးကင်းဖို့သာ ဆုတောင်းမိသည်။ သူက ယွီကျန့်ဟိုင်၏ ဦးခေါင်းပေါ် လက်တင်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“အသက်ရှင်အောင်နေ ”