အခန်း (၆၇၃-၆၇၅)
Vol. 45 Ch. 673-675
အခန်း (၆၇၃) အနီရောင်ခေါင်းတလား
မွန်းတည့်ချိန်တွင် လျန့်စီရင်စုထဲ၌ ဖြစ်သည်။
တိမ်ခွင်းရထားလုံးဘေး၌ ယွီကျန့်ဟိုင်သည် တစ်မနက်ခင်းလုံး ချီယောင်၏ နှလုံးသားထဲတွင် ပါဝင်သော အသက်ဓာတ်တစ်ဝက်ကို စုပ်ယူနေ၏။ စုပ်ယူပြီးချိန်၌ သူသည် နှလုံး၏ ကျန်တစ်ဝက်ကို သိမ်းထားသည်။ ပြီးနောက် သူက ဇဝေဇဝါဖြင့် မေးလိုက်တော့၏။
“ရှစ်စွင်း ချီယောင်ရဲ့ နှလုံးသားတစ်ဝက်ကို ဘာကြောင့် သိမ်းထားချင်တာလဲ”
လုကျိုး မပြောခင် စီးဝူယာ့က ပြောလိုက်၏။
“ချီယောင်ရဲ့ နှလုံးသားက ရှစ်ရှိုးကို မဟာအကန့်အသတ် ကျော်ဖြတ်နိုင်အောင် တိုက်ရိုက် မကူညီပေးနိုင်ဘူး။ ကျွန်တော်တို့ တပည့်တွေထဲမှာ လျို့ရှစ်ကျဲနဲ့ ရှစ်ရှိုးရဲ့ အသက်ဓာတ်ပဲ ထိခိုက်ထားတာ။ တွေးကြည့်ရင် ဖြုန်းတီးရာ ရောက်လွန်းတယ်။ ကျန်တဲ့ တစ်ဝက်က ရှစ်ရှိုး ပွင့်ချပ်ကိုးလွှာအဆင့်ကို ကြိုးပမ်းတဲ့အချိန်မှာ သုံးဖို့ သိမ်းထားသင့်တယ်”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ဒီလိုဆိုရင် ဒါကို လျိုရှစ်မေ့အတွက် ထားခဲ့မယ်”
အနားတွင် မတ်တတ်ရပ်နေသော ယဲ့ထျန်းရှင်းက ပြောလိုက်၏။
“တာ့ရှစ်ရှိုး ရှစ်ရှိုးက အနီရောင်ကြာနယ်မြေကို သွားမှာဆိုတော့ ညီမထက် ပိုလိုအပ်တယ်။ ညီမ အဆင်ပြေတယ်”
လုကျိုးက ပြောလိုက်၏။
“အနီရောင်ငါးနှလုံးသားက သူမရဲ့အသက်ဓာတ်ကို ပြန်ဖြည့်ပေးနိုင်တယ်။ မင်းအတွက်မင်းသာ ဂရုစိုက်”
ဆိုရလျှင် သူသည် ချောက်နက်ထဲသို့ သွားကာ သူ ဆန္ဒရှိလျှင် ငါးတစ်ကောင် နှစ်ကောင် ဖမ်းနိုင်၏။ သို့သော် ချီယောင်၏နှလုံးသားအတွက်မူ မတူညီပေ။
“နားလည်ပါပြီ”
“ရထားလုံးပျံ အသင့်ဖြစ်ပါပြီ.. ရှစ်စွင်း တာ့ရှစ်ရှိုး ဒီလမ်းပါ”
မင်ရှစ်ရင်က ပြော၏။ ကျန်သည့်သူများသည် ရထားလုံးပျံပေါ် တက်လိုက်ကြသည်။ မင်ရှစ်ရင်သည် ရထားလုံးပျံပေါ်သို့ နောက်ဆုံးမှ တက်သူ ဖြစ်၏။ သူက ကြွားဝါ ပြောလိုက်တော့သည်။
“တာ့ရှစ်ရှိုး ကျွန်တော်က ပဲ့ထိန်းတာလေ ကျွန်တော့်ရဲ့ မောင်းနှင်တဲ့ အရည်အချင်းတွေ ပြမယ်”
မင်ရှစ်ရင်သည် ရထားလုံးပျံကို အသက်သွင်းတော့မည့် အချိန်၌ ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်သွား၏။
“ဟမ်..”
ထိုစကားတစ်ခွန်းသည် မထောက်ခံတာ သိသာနေ၏။ မင်ရှစ်ရင်သည် သူ့တာရှစ်ရှိုး၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ သူက ခေါင်းညိတ်ပြီး အရိုအသေပေးလိုက်၏။
“တာ့ရှစ်ရှိုး တာ့ရှစ်ရှိုး ပဲ့ထိန်းလို့ ရပါတယ်”
ယွီကျန့်ဟိုင်က ပဲ့ပိုင်းသို့ သွားကာ ပြောလိုက်သည်။
“ငါ ပဲ့ထိန်းနေတဲ့အချိန် မင်းက ဖုန်မှုန့်တွေနဲ့ ဆော့ကစားနေသေးတုန်း ရှိတာ။ ပဲ့ထိန်းတာက ပညာတစ်ရပ်ပဲ ညတွင်းချင်း တတ်မြောက်တဲ့အရာ မဟုတ်ဘူး။ ချောချောမွေ့မွေ့နဲ့ ငြိမ်ငြိမ်သက်သက် သွားလာနိုင်ရမယ်။ ပျံသန်းနေစဉ် တည်ငြိမ်ပြီး ယောက်ယက်ခတ်မနေရဘူး။ သေချာကြည့်ကြည့်..”
သူ၏လက်ဖဝါးကို ရှေ့သို့ တွန်းလိုက်သည်။ တိမ်ခွင်းရထားလုံးသည် လေထဲ မြင့်တက်သွား၏။ ခဏအကြာတွင် တိမ်ခွင်းရထားလုံးသည် ကောင်းကင်ကျုံးဆီသို့ ဦးတည်ပျံသန်းလျက် ဖြည်းဖြည်းချင်း အရှိန်မြင့်သွားသည်။ လျန့်စီရင်စုက ကျန်ခဲ့လျက် နောက်တွင် အမြီးတန်းသာ ကျန်ရစ်တော့သည်။ အသက်ရှိုက်စာ အနည်းငယ် ကြာပြီးနောက် အမြင့်ဆုံး အရှိန်ဖြင့် ရွက်လွှင့်နေ၏။
မြေပြင်ပေါ်၌ သူတို့ကို မြင်သည့် မိစ္ဆာဝေဟင်မျှော်နန်းမှ ကျန်သည့်ခေါင်းဆောင်များသည် မျက်လုံးပွတ်လိုက်ကြ၏။
“ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ တစ်ယောက်က ပဲ့ထိန်းနေတယ်။ မိစ္ဆာဝေဟင်မျှော်နန်းပဲ ဒါမျိုး တတ်နိုင်မှာ စိုးရိမ်မိတယ်”
ဟွမ်ရှစ်ကျဲက ခေါင်းခါလိုက်၏။
“ပဲ့ထိန်းဖို့ နေရာကိုတောင် တိုက်ခိုက်နေကြတာ။ မင်ရှစ်ရင်က ပွင့်ချပ်ခုနှစ်လွှာ အကျော်အမော်လေ။ သူက ငယ်ရွယ်သေးတယ်။ သူ့ရဲ့အောင်မြင်မှုက ပထမသခင်လေးထက် မနိမ့်မှာ သေချာတယ်”
“တကယ်ပဲ။ သူနဲ့ ပတ်သက်ပြီး ကြောက်စရာ အကောင်းဆုံးက သူ့ရဲ့ပါရမီမဟုတ်ဘူး။ သူ့ရဲ့လုပ်ထုံးလုပ်နည်းပဲ။ သူက ဘယ်အချိန်မှာ ဆုတ်ရမယ်။ ဘယ်အချိန်မှာ တက်ရမယ်ဆိုတာကို သိတယ်။ သူက ပွင့်ချပ်ခုနစ်လွှာ ကျင့်ကြံသူတစ်ယောက်ပဲ ဆိုပေမဲ့ ပထမသခင်လေးနဲ့ပဲ လက်ရည်ယှဉ်ချင်တယ်။ သူက သိပ်ကို မသမာလွန်းတာ”
တိမ်ခွင်းရထားလုံးသည် အမြင်အာရုံမှ ပျောက်ကွယ်သွားချိန်၌ ဟွမ်ရှစ်ကျဲသည် ပျင်းရိပျင်းတွဲ အသွင်အပြင်ဖြင့် မတ်တတ်ထရပ်နေသော ကျန်းအိုက်ကျန့်ကို ကန်လိုက်၏။
“အို့..”
ကျန်းအိုက်ကျန့်သည် နာသွားသည့်နေရာကို ပွတ်ကာ မကျေမချမ်း လေသံဖြင့် ပြောလိုက်၏။
“ရှစ်စွင်း ဘာလို့လဲ။ ကျွန်တော် မှားတာ လုပ်မိတယ် မထင်ဘူး။ ဒါက မပြောမဆိုနဲ့..”
လီကျင်းယီက အပြုံးကို ကာလိုက်၏။
ကျန်းအိုက်ကျန့်က ပြောသည်။
“ဘာရယ်နေတာလဲ”
“ဘာမှမဟုတ်ပါဘူး”
လီကျင်းယီက လှည့်ထွက်သွားတော့သည်။ ကျန်းအိုက်ကျန့်သည် ဝေဟင်ကို ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်၏။
“တစ်မိုးအောက်မှာ ငါ တစ်ယောက်ပဲ စိတ်ကျန်းမာတာလား”
ကျန်သည့်သူများသည် ရူးသွပ်ပြီး သူ တစ်ယောက်သာ ဆင်ခြင်တုံတရားရှိသည့် သူ၏ကံကြမ္မာအတွက် ပူဆွေးနေမိတော့သည်။
...
တိမ်ခွင်းရထားလုံးသည် ကောင်းကင်ကျုံးကို အလွယ်တကူ ဖြတ်ကျော်ကာ ပေတစ်သောင်းနက်သော ချောက်နက်ဆီသို့ ဦးတည်သွား၏။
“တည်တည်ငြိမ်ငြိမ် အခြေအနေကို ထိန်းထားနိုင်ဖို့ မင်းရဲ့ကနဦးချီကို သွင်းရမယ်။ ကနဦးချီကို ဘယ်အချိန်မှာ တိုးရမလဲ။ လျှော့ရမလဲ ဆိုတာ မင်းဘာသာမင်း ဆုံးဖြတ်ရမှာ ရထားလုံးပျံက ကောင်းကင်ကျုံးဆီ တက်ဖို့ဆိုရင် မင်းရဲ့အားကို တိုးပြီး အရှိန်မြင့်တင်ပြီး မြင့်တက်သွားရမယ်။ ကောင်းကင်ကျုံးအပေါ် ရောက်ရင် မင်း အရှိန်လျော့ပြီး ရထားလုံးပျံရဲ့ အနေအထားကို ထိန်းထားလို့ ရတယ်။ မင်းက မြင်းဆွဲငင်အားအတိုင်း တဖြည်းဖြည်း နိမ့်ဆင်းသွားဖို့ ချန်ထားလို့ ရတယ်။ ဒါပေမဲ့ မောင်းနှင်တဲ့အချိန် မင်းစိတ်ထဲမှာ တွေးထားရမှာ ရှိတယ်။ အရှိန်မတင်ရဘူး။ ကွာဟချက် ကြီးမားလွန်းတာကို လျော့ချရမယ်။ ဆင်းတဲ့အချိန်မှာ ငြိမ်သက်နေရမယ်။ လောင်စစ် မင်းနားလည်လား”
ယွီကျန့်ဟိုင်သည် ယုံကြည်ချက် ရှိရှိ ပြောလိုက်သည်။
မင်ရှစ်ရင်နှင့် ကျန်သည့်တပည့်များက ဆွံ့အသွားလေ၏။
“လောင်စစ်..”
“အမ် ဟုတ် နားလည်ပါတယ်။ ရှစ်ရှိုးပြောတာကို နားထောင်ရတာ ဆယ်နှစ်စာ လေ့လာရတာထက် ပိုကောင်းပါတယ်”
မင်ရှစ်ရင်က ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ပဲ့ထိန်းတာက မင်းရဲ့ကနဦးချီ ထိန်းချုပ်မှုကို လေ့ကျင့်ပေးတာပဲ။ ပဲ့ထိန်းတာက တစ်ခါတလေ မင်းရဲ့ ကျင့်ကြံဆင့် အခြေခံနဲ့ ခွန်အားကို တိုးတက်စေတယ်”
ကျန်သည့်သူများက ခေါင်းညိတ်လိုက်၏။ သူ၏စကားများက ပညာရှိလှသည်ဟု သူတို့တွေးနေပုံပေါ်သည်။
ယွီကျန့်ဟိုင် ပြောပြီးနောက် မျက်လုံးမှိတ်လျက် အနားယူနေသော လုကျိုးကို ကြည့်လိုက်သည်။ သူက
“ရှစ်စွင်း ဘာထပ်ထည့်ချင်သေးလဲ”
လုကျိုးက မျက်လုံးဖွင့်ကြည့်ပြီးနောက် ပြောလိုက်၏။
“မင်းရဲ့ရှင်းပြချက်က ကောင်းတယ်။ ဘာမှထည့်စရာ မရှိဘူး”
“ချီးကျူးတာ ကျေးဇူးတင်ပါတယ် ရှစ်စွင်း”
ကျူးဟုန်ကုန်းသည် သူ့ရှစ်စွင်း၏ မျက်နှာပေါ်ရှိ ကျေနပ်နေသော အမူအရာကို တွေ့လိုက်၏။ ယင်းသည် အဆင့်မြင့် မျက်နှာချိုသွေးမှုလားဟု တွေးနေမိသည်။ တာ့ရှစ်ရှိုး၏ တင်းမာခက်ထန်သော အမူအရာကြောင့် တာ့ရှစ်ရှိုးက တမင်တကာ လုပ်တာလားဆိုတာ သူ မပြောနိုင်ပေ။ မည်သို့ပင် ဆိုစေ သူ အထင်ကြီးနေမိသည်။
တွမ့်မူရှန်းသည် ပဲ့ကို ကြည့်ပြီး ပြောလိုက်၏။
“ဒါဆို လောင်စစ် အရင်တုန်းက ငါ့ကို ပြောတာ မှန်တာပဲ”
မင်ရှစ်ရင်က ရှုသိုးသိုးဖြင့် ပြောလိုက်တော့သည်။
“ပြောသားပဲ ကျွန်တော်က ရှစ်ရှိုးကို ဘယ်တော့မှ မလိမ်ဘူး။ ပဲ့ထိန်းတာက ကနဦးချီကို လေ့ကျင့်ခြင်းရဲ့ ပုံစံတစ်မျိုးပဲ။ တာ့ရှစ်ရှိုး.. ပြီးရင် ချောက်နက်ထဲကို ဆင်းတော့မှာ.. ကျွန်တော် ဒီနေရာကနေ ဆက်မောင်းလိုက်မယ်”
“ငါ လုပ်လိုက်မယ်”
တွမ့်မူရှန်းသည် နယ်ရှင်လှံကို မင်ရှစ်ရင်အား ပေးလိုက်၏။ မင်ရှစ်ရင်သည် လှံကို ဖမ်းကိုင်ကာ နောက်သို့ ယိုင်သွားတော့သည်။
“…”
တွမ့်မူရှန်းသည် ရှေ့တက်ကာ ပဲ့ကိုကိုင်ပြီး ယွီကျန့်ဟိုင်နေရာ အစားထိုးလိုက်တော့၏။
ကနဦးချီထည့်သွင်းမှုသည် ရုတ်တရက် ပြောင်းလဲသွားသောကြောင့် ရထားလုံးပျံသည် ရုတ်တရက် နိမ့်ဆင်းသွား၏။
တွမ့်မူရှန်းသည် သူ၏ကနဦးချီကို တိမ်ခွင်းရထားလုံးထဲသို့ ထည့်ပြီးနောက် ထပ်ပြီး မြင့်တက်သွားပြန်သည်။ ကျန်သည့်သူများက မြဲမြံစွာ ရပ်ရန်ထိန်းထားရသည်။
“ငြိမ်ငြိမ်နေ ဟုတ်တယ်။ အဲဒီအတိုင်း..”
ယွီကျန့်ဟိုင်သည် အနည်းငယ် စိုးရိမ်ပူပန်နေသည်။
“စန်းရှစ်ရှိုး အခုဆို ပဲ့ကိုင်တာ အကြိမ်များနေပြီ ဘာကြောင့် မတိုးတက်သေးတာလဲ”
ရှောင်ယွမ်အာသည် နှုတ်ခမ်းဆူလျက် ပြောလိုက်တော့သည်။
“မတော်တဆ ဖြစ်သွားတာလေ။ အခု အဆင်ပြေနေတာပဲ မလား”
ရထားလုံးပျံထဲမှ ရယ်သံများ ပျံ့လွင့်လာသည်။ ခဏအကြာတွင် တိမ်ခွင်းရထားလုံးသည် ပေတစ်သိန်းနက်သော ချောက်နက်ထဲသို့ တဖြည်းဖြည်းချင်း ဆင်းသက်သွား၏။
လူတိုင်းက ရထားလုံးပျံမှ ဆင်းလိုက်ကြ၏။
“အနီရောင်အခေါင်းတလားကို ထုတ်ခဲ့”
“ပြောရာကြည့်ပြော.. အခုကစပြီး ပို့ဆောင်ရေး ပစ္စည်းလို့ပဲ ခေါ်မယ်။ ခေါင်းတလားက မင်္ဂလာမရှိဘူး”
မင်ရှစ်ရင်က လက်ဝေ့ယမ်းလိုက်၏။
“စစ်ရှစ်ရှိုးပြောတာ အဓိကကျတယ်”
ကျူးဟုန်ကုန်းက ပြုံးပြီး ပြောလိုက်သည်။
ကျိုးကျစ်ဖုန်းနဲ့ ဖန်ကျုံးတို့သည် ပို့ဆောင်ရေးပစ္စည်းကို သယ်လာလျက် ချောက်နက်ထဲတွင် ထားလိုက်သည်။
ယွီကျန့်ဟိုင်သည် ထိုပစ္စည်းကို ကြည့်ကာ အသက်ပြင်းပြင်း ရှုသွင်းလိုက်၏။ ပြီးနောက် လုကျိုးဘက် လှည့်ကာ ပြောလိုက်တော့သည်။
“ရှစ်စွင်း စိတ်ပူဖို့ မလိုပါဘူး။ အာ့ရှစ်ရှိုးကို ဘေးကင်းကင်း ပြန်ခေါ်လာခဲ့မယ်”
“ခရီးက အန္တရာယ်များလွန်းတယ်။ ဆုံးဖြတ်ချက် မချခင် စဉ်းစား၊ ဒီကိစ္စနဲ့ ပတ်သက်ရင် လောင်စစ်ဆီကနေ သင်ယူသင့်တယ်”
လုကျိုးက ပြောလိုက်၏။
ကျန်သည့်သူများက မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ သူ့လိုမျိုး အရှက်မဲ့သင့်တာလား ဖွီး..
သူတို့သည် အားငယ်စိတ်များ ရှိလာသော်ငြား ရွေးချယ်စရာ မရှိဘဲ ခေါင်းငုံ့ထားကာ သူတို့ရှစ်စွင်း၏ စကားကို ထောက်ခံလိုက်ကြသည်။
“နားလည်ပါပြီ”
မင်ရှစ်ရင်သည် ချီးကျူးခံရသောကြောင့် အနည်းငယ် အနေခက်သွားသည်။ သူ ခေါင်းကုတ်လိုက်၏။
ယွီကျန့်ဟိုင်က ပြောသည်။
“ရှစ်စွင်း သင်ပြပေးတာကို မှတ်ထားပါ့မယ်”
ခဏအကြာတွင် သူသည် ဆရာတူတပည့်များကို ကြည့်ပြီး ပြောလိုက်၏။
“နှုတ်ဆက်ပါတယ်ကွာ”
ကျန်သည့်သူများက အရိုအသေပေးလိုက်သည်။
ယွီကျန့်ဟိုင်က သူ့လက်ကို မြောက်လိုက်၏။ အနီရောင်ခေါင်းတလားက မြင့်တက်သွားပြီး ချောက်နက်ထဲ ကျသွားတော့သည်။ သူသည်လည်း မြေပြင်ပေါ်မှ အသာဖော့နင်းလျက် လေထဲ ပျံဝဲသွားသည်။ သူအရိုအသေ ထပ်ပေးပြီးနောက် အရှိန်ပြင်းပြင်းဖြင့် ချောက်နက်ထဲ ခုန်ဆင်းလိုက်တော့သည်။ အနီရောင်ခေါင်းတလားပေါ် ရောက်သွားပြီးနောက် အောက်ခြေမဲ့ ချောက်နက်ထဲသို့ ဆင်းသက်သွား၏။
အနီရောင်ခေါင်းတလား မရှိတော့ပေ။ မည်သည့်အချိန်မှာ ပြန်လာမည်မှန်း မည်သူမျှ မသိ။
လုကျိုးသည် ချောက်နက်ကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် ပြန်လှည့်ကာ ပြောလိုက်တော့သည်။
“ပြန်ကြမယ်”
ယွီကျန့်ဟိုင်သည် အနီရောင်ခေါင်းတလားပေါ်၌ ရပ်နေစဉ် ခေါင်းတလားက တအိအိ ကျနေ၏။ စီးဝူယာ့၏ သတိပေးချက်များကို နားထောင်ပြီး သူ ကြုံတွေ့နိုင်ရမည့် အရာများအတွက် စိတ်ပြင်ဆင်ထားသည်။ အဆုံးမရှိ အမှောင်ထုကို ကြုံတွေ့ချိန်တွင် သူ ပြုလုပ်သင့်သည့်အရာများကို အမှတ်ရနေကာ အရည်နက်ပေါ် ရောက်ချိန်၌ သူ ဆောင်ရွက်သင့်သည့် အရာများကို သိသည်။
အောက်ခြေသို့ ရောက်ရန် အချိန်ကြာအုံးမည်မှန်း သိနေသောကြောင့် သူ မျက်လုံးမှိတ်ထားလိုက်တော့သည်။
…
အခန်း (၆၇၄) ချောက်နက်ထဲသို့ ထပ်မံဆင်းခြင်း
နာရီပိုင်းမျှ ကြာမြင့်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က မျက်လုံးပွင့်လာသည်။ သူ့နားတွင် လေတိုးသံမှလွဲ၍ မြင်နိုင်သမျှ အရာအားလုံးက အမှောင်ထုသာ ဖြစ်၏။ သူက ချောက်နက်ထဲမှ ဝေဟင်ဆီ လှမ်းကြည့်လိုက်သည့်အခါ မှောင်မည်းနေလေသည်။ ကြယ်တာရာပင် မမြင်နိုင်ချေ။
သူက စီးဝူယာ့သည် စုပ်ယူအားကို ခံစားမိသည့်အခါ တုံ့ပြန်ဖို့ပြောသည်ကို အမှတ်ရလိုက်၏။ ထိုသို့ မဖြစ်ပျက်ခင်အထိ သူက ပျင်းရိမှုကို လျော့ချဖို့ အိပ်စက်ချင်မိသည်။ ထို့ကြောင့် သူက မျက်လုံးမှိတ်ထားလိုက်သည်။
အမည်မသိ အချိန်တချို့ ကြာမြင့်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က အမှောင်ထုထဲ အချိန်အတော်ကြာ ကုန်ဆုံးခဲ့ရသည်ဟု ခံစားနေရသည်။ ယွီကျန့်ဟိုင်က အောက်ဖက်မှာ ဆွဲအားကို ခံစားမိလိုက်သည်။ သူက ချက်ချင်းဆိုသလို စိတ်အားတက်ကြွလာမိ၏။
သူက ဆင်းသက်နေရင်း အနားယူဖို့ ဆင်းသက်လိုက်သည်။ သူ့စိတ်အခြေအနေအပေါ် သက်ရောက်မှု မရှိပေ။ သူ မျက်လုံးဖွင့်လိုက်သည့်အခါ စွမ်းအင်ပြည့်ဝနေသည်ကို ခံစားမိလိုက်၏။
သူက ဘေးပတ်လည်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူက ဘဝတွင် အန္တရာယ်များပြားသည့် အရာများစွာကို မြင်တွေ့ခဲ့ဖူးသည်။ ထိုအရာအားလုံးနှင့် နှိုင်းယှဉ်လိုက်ပါက ဤသည်မှာ ဘာမျှမဟုတ်ပေ။ သူ့လက်ရှိအခြေအနေက ပတ်ဝန်းကျင်ကို မမြင်နိုင်ရုံမျှသာ ဖြစ်၏။ ဘာများကြောက်စရာကောင်းမည်နည်း။
သူက ပတ်ဝန်းကျင်ကို အလင်းပေးရန် ရွှေရောင် လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။
ချောက်ရှိ နံရံကမ်းပါးများက မရှိတော့ဘဲ စုပ်ယူအားက ပိုမိုကောင်းမွန်လာသည်။
ယွီကျန့်ဟိုင်က ထိုစုပ်ယူအားကို မခုခံပေ။ တကယ်တော့ သူက ကျဆင်းသည့် အရှိန်ကိုပင် မြှင့်လိုက်သည်။ ထို့နောက် သူက ခေါင်းတလား၏ အဖုံးကို ဖွင့်ကာ အထဲသို့ ဝင်ရောက်လိုက်သည်။
သူ့ကနဦးချီက အနီရောင်ခေါင်းတလားကို ရစ်ပတ်ထားပြီး ဆက်လက်ကျဆင်းနေသည်။
အဆုံးမဲ့အမှောင်ထုအတွင်း ယွီကျန့်ဟိုင်က အနီရောင် ခေါင်းတလားအတွင်း လှဲလှောင်းနေ၏။ သူက ယွီရှန်းရုန်၏ အသက်ရှည်ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကမူ အနီရောင် ခေါင်းတလား၏ အခြေကို ဖိကာ ကနဦးချီလွှဲပြောင်းပေးနေသည်။
ခဏအကြာတွင်
ဗွမ်း
အနီရောင်ခေါင်းတလား ရေထဲကျသံက ထွက်ပေါ်လာသည်။
ယွီကျန့်ဟိုင်က စိတ်အေးမိသွား၏။ " ငါနောက်ဆုံးတော့ အောက်ခြေကို ရောက်ပြီပဲ "
စိတ်အားငယ်သူများက ထိုကျဆင်းမှုကို တောင့်ခံနိုင်ကြမည် မဟုတ်ပေ။
ယွီကျန့်ဟိုင်က အသက်ရှည်ဓား၏ ဓားအိမ်ကို မြှောက်လိုက်သည်။ သူ့ကနဦးချီက ထွက်ပေါ်လာပြီး ဓားအိမ်က အသံမြည်လာသည်။ သူ့စိတ်ထဲ တစ်စုံတစ်ခုဖြစ်လာကာ အနီရောင်ခေါင်းတလားကို သူ လိုချင်သည့် ဦးတည်ရပ်သို့ ရွေ့လိုက်၏။
...
၅ရက်တာ ကုန်ဆုံးသွားလေသည်။ ယွီကျန့်ဟိုင်က ဘာအလင်းရောင်မှ မမြင်ရပေ။ ဆိုလိုသည်မှာ သူက လက်ရှိအနေအထားအကြောင်း ဘာမှမသိရပေ။
သူက ဓားအိမ်မှ အနီရောင်သင်္ကေတများ တောက်ပနေသည်ကို ခံစားမိနေ၏။ သူ့တည်နေရာက မှန်ကန်နေသည့်အတွက် စိတ်သက်သာရာရနေမိသည်။
" ငါ နိုးလာတဲ့အခါ ရောက်သွားလောက်ပြီ " ယွီကျန့်ဟိုင်က မျက်လုံးမှိတ်ကာ အနားယူဖို့ ပြင်လိုက်သည်။ အနီရောင်ကြာပိုင်နက်ဆီ ခရီးစဥ်က ထင်သလောက် မဆိုးရွားပေ။ အနှစ်ချုပ်အားဖြင့် စိတ်ဝင်စားဖွယ်ကောင်းလှ၏။
အပြင်ဘက်မှ ရေသံများ ထွက်ပေါ်လာသည့်အခါ ထိုအတွေးက ပျောက်ကွယ်သွားသည်။
" ဟမ် "
ယွီကျန့်ဟိုင်က မျက်လုံးဖွင့်ကာ ခေါင်းတလားမှ ကြည့်လိုက်သည်။ သူက ဘာမှမမြင်ရပေ။ ထို့ကြောင့် သူက လက်မြှောက်လိုက်သည့်အခါ ရွှေရောင်စည်းတံဆိပ်တစ်ခု တောက်ပလာပြီး ခေါင်းတလားအတွင်း အလင်းပေးထားသည်။
ဗွမ်း
သူက အနီရောင်ခေါင်းတလားသည် လှိုင်းလုံးကြီးဖြင့် ထိတွေ့မိသည်ကို ခံစားမိလိုက်၏။
" သားရဲလား " သူက စီးဝူယာ့၏ သတိပေးချက်ကို အမှတ်ရကာ ခန့်မှန်းမိလိုက်သည်။ အကယ်၍ သားရဲဖြစ်နေပါက သူသည် အနီရောင်ခေါင်းတလားအတွင်း ပို၍ပင် နေသင့်သေးသည်။ သူက အပြင်မထွက်သင့်ပေ။
ဗွမ်း
အနီရောင်ခေါင်းတလားက နောက်ထပ်လှိုင်းလုံးကြီးကြောင့် ထပ်မံလွင့်စဉ်သွားပြန်သည်။
ယွီကျန့်ဟိုင်က ဤတစ်ကြိမ် ပိုမိုမျက်စိလည်သွား၏။
ဝေါ
" မဖြစ်ဘူး " ယွီကျန့်ဟိုင်က အနီရောင်ခေါင်းတလားပေါ်မှ အက်ကြောင်းကို မြင်သည့်အခါ စိတ်ထဲ လေးလံမိသွားသည်။ သူက ကနဦးချီကို အလျင်အမြန် ထည့်သွင်းလိုက်၏။ သူက ထိုအရာကို စွမ်းအင်အဖြစ် ဖွဲ့စည်းကာ အနီရောင်ခေါင်းတလားကို ကာကွယ်ထားလိုက်သည်။
ဘန်း
အသံကျယ်ကြီးများ ထွက်ပေါ်လာသော်လည်း အနီရောင်ခေါင်းတလားကမူ လွင့်စဉ်သွားပြန်သည်။
ယွီကျန့်ဟိုင်က ကာကွယ်ရေးစွမ်းအားကို အသက်သွင်းလိုက်ပြီး ခေါင်းတလားအား ပျက်စီးခြင်းမှ ကာကွယ်ပေးလိုက်သည်။
ဘန်းဘန်းဘန်း
အနီရောင်ခေါင်းတလားက ထပ်မံရိုက်ခတ်ခံလိုက်ရသည်ကို ကြားလိုက်ရသည်။
ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လိုက်၏။ အကယ်၍ ထိုသင်္ကေများသာ ပျက်စီးသွားလျှင် မည်သို့ဖြစ်မည်ကို သိချင်နေမိသည်။ သူက နောက်ထပ် လက်ဝါးစည်းတံဆိပ်တစ်ခုထုတ်ကာ ပတ်ဝန်းကျင်ကို အလင်းပေးလိုက်သည်။ သူက ခေါင်းတလားမှ အနီရောင်သင်္ကေတများကို မြင်လိုက်ရ၏။ ယခုအခါ သူတို့က မှေးမှိန်သွားလေပြီ။
အပြင်ဖက်တွင် ဘာဖြစ်နေမှန်း မမြင်ရသော်လည်း အထဲရှိ ထိုသင်္ကေတများ ပျက်စီးသွားပါက အပြင်ဖက်မှ သင်္ကေတများအကြောင်း စဥ်းစားနေဖို့ပင် မလိုတော့ပေ။
အတော်လေး ဆိုးတာပဲ...
အနီရောင်ခေါင်းတလားက အက်ကွဲသွားသည်။
ယွီကျန့်ဟိုင်က သူ့ကိုယ်သူ ပြင်ဆင်ထား၏။ သူက နဂါးသွဲကျောက်ဓားကို ကိုင်ဆောင်ရင်း ပျံသန်းထွက်လာလိုက်သည်။
ပတ်ဝန်းကျင်ထံ စွမ်းအင်ဓားမော့များစွာက ပြေးဝင်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အလင်းပေးထားသည်။
ထိုအရာဖြင့်သူသည် ရေနက်နှင့် အမှောင်ထုကိုသာ မြင်လိုက်ရ၏။ သူက ရေထဲကျသွားသည့် ခေါင်းတလားအပိုင်းအစများကိုပင် မြင်လိုက်ရသည်။
ယွီကျန့်ဟိုင်က အသက်ရှည်ဓား၏ ဓားအိမ်ကို ကိုင်စွဲထားကာ ပြောလိုက်၏။
" အာ့ရှစ်တိ ငါ့ကွယ်ရာမှာ ကျိန်ဆဲနေပြီလား "
သူက ကြေမွသွားသော အနီရောင်ခေါင်းတလားကို ကြည့်နေရင်း သက်ပြင်းချလိုက်သည်။ ကံကောင်းစွားဖြင့် ဓားအိမ်က သူနှင့်အတူ ရှိနေသေး၏။ အနည်းဆုံးတော့ သူက ပျောက်ဆုံးမသွားသေးပေ။ သူက ကျန်ရှိနေသည့် ခရီးစဥ်အား အရှိန်အဟုန်ဖြင့် ပျံသန်းဖို့ ဆုံးဖြတ်ထားသည်။ သူက ရှေ့တိုးလိုက်စဥ် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။
အနီရောင် ခေါင်းတလားကို ဖျက်ဆီးခဲ့တဲ့ သားရဲက ဘယ်မှာလဲ...
ဝူးးးး
အမှောင်ထုထဲ သားရဲအော်သံတစ်ခု ထွက်ပေါ်လာသည်။
အပေါ်ကလား...
ယွီကျန့်ဟိုင်က လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုလက်ဝါးစည်းတံဆိပ်က ပတ်ဝန်းကျင်တစ်ခုလုံး အလင်းဖြာထွက်သွားစေ၏။
ထို့နောက် သူက သူမမေ့လျော့နိုင်သည့် တစ်စုံတစ်ခုကို မြင်လိုက်ရသည်။
စက်ဝိုင်းပြတ်သဏ္ဌာန် ကွေးထားသည့် ဧရာမငါးကြီးတစ်ကောင် ဖြစ်၏။ ထိုအရာက ကောင်းကင်အမိုးခုံးကဲ့သို့ ခန္ဓာကိုယ်ကို ကွေးညွတ်ထားသည်။
" ဒါက ချီယောင် မဟုတ်သေးဘူး ဝမ်ယောင်လား "
ဝမ်ယောင်က ငါးကြင်းမျိုးဖြစ်ပြီး ငါးခန္ဓာကိုယ်နှင့် ငှက်တောင်ပံများ ရှိနေသည်။ အဖြူရောင်ဦးခေါင်းနှင့် ချွန်ထက်သည့် အနီရောင်မေးရိုး ပါရှိ၏။
ယွီကျန့်ဟိုင်က အသက်အောင့်ထားလိုက်မိသည်။ သူက အမှန်တကယ် အံ့အားသင့်နေမိသည်။
သူက ကုန်းမြေကို အချိန်အတော်ကြာ အုပ်စိုးခဲ့သည့် ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူဖြစ်သော်လည်း သူ့ရှေ့မှ သားရဲကြောင့် အမှန်တကယ် အံ့အားသင့်နေမိသည်။
သူ့ ချီရှစ်တိက လူသားများသည် အမြဲတမ်း တိုးတက်ရမည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ တောအုပ်ကြီးလေးခုဖြစ်စေ၊ အဆုံးမဲ့ပင်လယ် သို့မဟုတ် ရေနက်ဖြစ်စေ အမျိုးသားများက စူးစမ်းရှာဖွေရမည်။
သူက အနီရောင်ခေါင်းတလားကို အားမကိုးနိုင်သည့်အတွက် သူ့ကိုယ်သူသာ ဆက်လက်ပျံသန်းရတော့မည်။
သူက နဂါးသွဲကျောက်ဓားပေါ် ရပ်ကာ ဆက်လက်ပျံသန်းလိုက်သည်။
ဗွမ်း
ဝမ်ယောင်က ရေထဲကို ထိုးဆင်းလာပြီး လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာစေသည်။
ယွီကျန့်ဟိုင်က လက်ဝါးချက်ကို ရိုက်ထုတ်လိုက်၏။ ကန်တော့ပုံသဏ္ဌာန် စွမ်းအင်စည်းတံဆိပ်က တောက်ပသွားပြီး ရေကို တားဆီးထားသည်။
ဝမ်ယောင်က နောက်ထပ် အော်သံတစ်ခု ထုတ်လွှတ်လာသည်။ ဤတစ်ကြိမ် ယွီကျန့်ဟိုင်ဆီ ဦးတည်လာခြင်းဖြစ်၏။
" သွားပြီ " ယွီကျန့်ဟိုင်က လက်မြှောက်လိုက်သည်။ နဂါးသွဲကျောက်ဓားက သူ့ဆီမှ ဝှေ့ရမ်းကာ စွမ်းအင်ဓားမော့မြောက်များစွာကို ထုတ်လွှတ်လာသည်။
အမှောင်ကောင်းကင် ကြယ်တာရာအလင်း
ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲကျောက်ဓား၏ အကူအညီဖြင့် အမှောင်ကောင်းကင် ကြယ်တာရာအလင်းသည် ချက်ချင်း ဖြစ်ပေါ်လာသည်။ ထိုသို့ဆိုလျှင်ပင် အမှောင်ကောင်းကင် ကြယ်တာရာက ဧရာမ ဝမ်ယောင်းရှေ့တွင် သေးနုပ်သလို ထင်ရ၏။
ဘန်းဘန်းဘန်း
စွမ်းအင်ဓားမော့က ဝမ်ယောင်ဆီ ထိုးစိုက်သွားသည်။
ဘန်းဘန်းဘန်း
ဝမ်ယောင်၏ ကြေးခွံအထက် အဖြူရောင် အမှတ်အသားများပေါ်ထွက်လာ၏။ ထိုအရာက ယွီကျန့်ဟိုင်ကို ဝါးမျိုပစ်ချင်သည့်အလား ကူးခတ်လာသည်။
" ဒီလောက်တောင် အားကောင်းတယ်လား " ယွီကျန့်ဟိုင်၏ အမှောင်ကောင်းကင် ကြယ်တာရာသည် ဝမ်ယောင့်အတွက် ခြစ်ရာများသာ ထင်စေခဲ့၏။
ယွီကျန့်ဟိုင်က ဝမ်ယောင်၏ အထက်သို့ ပျံသန်းသွားလိုက်သည်။
အုပ်ချုပ်သူ ဆင်းသက်လာခြင်း
သူ့စွမ်းအင်ဓားမော့က ဝမ်ယောင့်ဆီ ဒီရေလှိုင်းကဲ့သို့ ကျဆင်းလာသည်။ သူ့ပြိုင်ဘက်ကင်းအဆင့် လက်နက်နှင့် မဟာအမှောင်ကောင်းကင် အောက်မေ့ရာတို့က ဓားမော့ကြီး ဖြစ်လာသည်။
စွမ်းအင်ဓားမော့က ဝမ်ယောင့်၏ ခန္ဓာကိုယ်အား မိုးချိန်းသံနှင့်အတူ ထိုးစိုက်ဝင်ရောက်သွားသည်။
ဝမ်ယောင်က နာကျင်မှုကို ခံစားမိ၍ ရေထဲ ပြန်ခုန်ဆင်းသွားသည်။
" တကယ်ကို မာကျောတာပဲ " အုပ်ချုပ်သူ ဆင်းသက်ခြင်း တိုက်ကွက်ကပင် ထိုအရာအား နာကျင်မှုကို ခံစားစေရုံလောက်မျှသာ ဖြစ်၏။
ယွီကျင့်ဟိုင်၏ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံအဆင့်နှင့် ပြိုင်ဖက်ကင်းလက်နက်တို့ဖြင့် သူ့အင်အားက ပွင့်ချပ်ရှစ်လွှာနှင့်တစ်ပိုင်း ကျင့်ကြံသူနှင့်ပင် ယှဥ်နိုင်လေသည်။
သူက ဤနေရာတွင် ကြာကြာမနေနိုင်ကြောင်း သိထားလေသည်။ ထို့အပြင် သူက ကနဦးချီကို ချွေတာရဦးမည်။ သူက လေထဲအလျင်အမြန် ပျံသန်းထွက်လာ၏။
သို့သော် ဝမ်ယောင်က ကြမ်းတမ်းခက်ထန်သည့် သားရဲတစ်ကောင် ဖြစ်၏။ သူက ရေနက်ထဲမှ အရှိန်အပြည့်နှင့် ကူးခတ်လာပြီး ခဏအကြာတွင် ရေထဲမှ တစ်ဖန် ထွက်ပေါ်လာပြီး ရေနက်အား လှိုင်းလုံးကြီးများသဖွယ် ဖြစ်သွားစေသည်။
ယွီကျန့်ဟိုင်ကမူ လက်မြှောက်လိုက်ပြီး တားဆီးလိုက်သည်။
သူ့ခန္ဓာကိုယ်မှ ခုခံရေးစွမ်းအင် စည်းတံဆိပ်များ ထုတ်ဖော်လိုက်သည့်အတွက် နဂါးသွဲကျောက်ဓားက လေထဲတွင် ဝှေ့ရမ်းနေသည်။
ဘန်းဘန်းဘန်း
ယွီကျန့်ဟိုင်က လှိုင်းလုံးများကြောင့် လွင့်စဉ်သွားသည်။
လှိုင်းလုံးနောက်တွင် ဝမ်ယောင်က သူ့အား ပါးစပ်ဟလျက် စောင့်နေလေ၏။
ယွီကျန့်ဟိုင်က ကြည့်ကာ လက်ဝါးချက်ကို ရိုက်ထုတ်လိုက်၏။ သူ့ရှေ့တွင် စွမ်းအင်စည်းတံဆိပ် ဒိုင်းတစ်ခု ထွက်ပေါ်လာ၏။ သူက စွမ်းအင်စည်းတံဆိပ်နှင့် ယှဥ်နိုင်သည့် ဘောလုံးအရွယ်အစားလောက်သာ ထုတ်လိုက်နိုင်သည်။ ဤသည်က သူ့ကန့်သတ်ချက်သာ ဖြစ်၏။
ဘန်း
ဝမ်ယောင်က ဒိုင်းကာကို ဝင်တိုက်လေသည်။
ဘန်း
ထပ်မံ ဝင်တိုက်ပြန်သည်။
ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့ကာ " ကောင်းကင်ဘုံက ငါ့ကို သုတ်သင်ဖို့ ကြိုးစားနေတာလား "
သူက ကနဦးချီကို ထပ်မံထုတ်လွှတ်လိုက်ပြီး ဒိုင်းကာကို အားဖြည့်လိုက်သည်။ သူက ဧရာမ ဒိုင်းကာကြီးကို ထိန်းသိမ်းထားစဥ် သူ့ကနဦးချီက အလျင်အမြန် ကုန်ဆုံးသွားလာလေ၏။
ဝမ်ယောင်ကမူ ယွီကျန့်ဟိုင်ဆီ ထပ်မံခုန်အုပ်လာပြန်သည်။
ထိုစဥ် ရေနက်ထဲမှ ဝမ်ယောင်အုပ်စုလိုက် ရုတ်ခြည်း ထွက်ပေါ်လာ၏။
…
အခန်း (၆၇၅) နှလုံးသားမဲ့သောဓားသမား
ယွီကျန့်ဟိုင်က စိတ်လေးသွားတော့သည်။ ဤအတိုင်း ဆက်ဖြစ်ပွားလျှင် သူ သေမှာ ကြိမ်းသေ၏။ ယခုအချိန်တွင် ချောက်နက်ထဲ၌ ရှင်သန်ရန်မျှော်လင့်ချက်မရှိဟု သူ ယုံကြည်မိနေဖြစ်သည်။
ချောက်နက်ထဲသို့ မဆင်းသက်ခင် ပြင်ဆင်မှုအားလုံး ပြုလုပ်ထားခဲ့သည်။ သူ အောက်ခြေသို့ ရောက်နေပြီဖြစ်သော်ငြား သားရဲများ၏ခံတွင်းဝမှ မလွတ်မြောက်နိုင်။ သူ အသက်မရှင်နိုင်လျှင် ကျန်သည့်ကျင့်ကြံသူများက မျှော်လင့်ချက်မရှိ။
ဘန်း
ဝမ်ယောင်သည် သူ၏အရံအတားကို ထပ်မံတိုးဝင်လာ၏။
ယွီကျန့်ဟိုင်သည် သူ သေတော့မည်ဟုတွေးမိချိန်၌ ချီရောင်၏ကျန်ရှိသောနှလုံးတဝက်က ရုတ်တရက် အနီရောင်အလင်း ပေါ်ထွက်လာ၏။ အနီရောင်အလင်းသည် ယွီကျန့်ဟိုင်ကို ရစ်ပတ်ထားလိုက်သည်။ သူသည်နှလုံး၏ကျန်တဝက်ကိုစား သုံးထားသောကြောင့်ဖြစ်ဟန်တူသည်။ အနီရောင်အလင်းသည် သူနှင့်ချောမွေ့စွာပေါင်းစည်းသွားပြီး အနီရောင်အလင်းထုတ်ဖော်သည့်သူ ဖြစ်သွားတော့၏။
ဗွမ်း
ဝမ်ယောင်သည် အနီရောင်အလင်းကိုမြင်သောအခါ ရေနက်ထဲ ဝင်ရောက်ပြီး ပျောက်ကွယ်သွားလေရာ ယွီကျန့်ဟိုင်ကို ဇဝေဇဝါဖြစ်သွားစေသည်။
ထိုနည်းတူ ဝမ်ယောင်များကလည်း ရေထဲခုန်ဆင်းသွား၏။
အသက်ရှိုက်စာ အနည်းငယ်အတွင်း တိတ်ဆိတ်မှုပြန်လည်ရောက်ရှိလာသည်။ ၎င်းက ရေနက်ထဲသို့ ခုန်ဆင်းပြီးပျော က်ကွယ်သွားလေ၏။ ယွီကျန့်ဟိုင်သည် ဇဝေဇဝါဖြစ်သွားသည်။ သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးပြီး စိတ်လွတ်သွား၏။ သူ၏အရံအတားကို ဆက်ထိန်းထားလိုက်သည်။
အဝေးကနေ ကြည့်လျှင် သူသည် နေမင်း သို့မဟုတ် လ၏အလည်တွင် ရပ်နေသောလူတစ်ယောက်နှင့် တူနေသည်။
နောက်ဆုံးတွင် ယွီကျန့်ဟိုင်က သူ၏ကနဦးချီကို ပြန်ရုပ်သိမ်းလိုက်ရာအလင်းက ပျောက်ကွယ်သွားတော့သည်။
သူသည် သူ၏ခါးတွင် ချိတ်ထားသည် ချီရောင်၏ကျန်သည့်နှလုံးသားတဝက်ကို ထိပြီး သက်ပြင်းချကာ ပြောလိုက်၏။ “ရှစ်စွင်းက တကယ်အမြော်အမြင်ရှိတာပဲ”
သူက ကြာကြာမနေတော့ပေ။ နဂါးသွဲ့ကျောက်ဓားမော့ဖြင့် ပျံသန်းလျက် ဓားအိမ်ကို ကိုင်ထားသည်။
ယွီကျန့်ဟိုင်သည် သုံးရက်ကြာ ဆက်လက်ပျံသန်းခဲ့၏။
သူသည် ငွေရောင်အလင်းကိုမြင်ချိန်၌ အပျော်လွန်သွား၏။ ယွီရှန်းရုန်နည်းတူ ဂူထဲ၌ ကာလကြာမြင့်စွာ နေရခြင်းသည် သူ့ကိုထုံထိုင်းစေ၏။ ငွေရောင်အလင်းတန်းဖြင့်သူသည် ပြန်လည်ဖျတ်လတ် တက်ကြွလာသည်။
သူ၏လမ်းကြောင်းကို ရွေးပြီးမကြာမီ၌ ရေနက်ဆန်းကြယ်ဂူထဲမှ ထွက်လာနိုင်၏။
တောင်တန်းများ၊ မြစ်များနှင့် မြင့်မားသောသစ်ပင်များနှင့် ရှုခင်းနှင့်လေသည် ယွီကျန့်ဟိုင်ကို ဖျတ်လတ်သွားစေ၏။
သူက လေထဲပျံဝဲကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ “ဒါက အနီရောင်ကြာနယ်မြေလား”
ခဏကြာပြီးနောက် ထိတ်လန့် စိတ်လှုပ်ရှားနေရာမှ တည်ငြိမ်သွားသည်။ သူသည် ဓားအိမ်ကို ကိုင်ထားလျက် ကနဦးချီကိုလှည့်ပတ်လိုက်သည်။ အနီရောင်သင်္ကေတများက အနည်းငယ် တုံ့ပြန်လာလေ၏။
“သူ ဒီကိုရောက်လာပြီ”
ယွီကျန့်ဟိုင်သည် စိတ်ခံစားချက်များ ပြည့်နေသည်။ သူသည် သားရဲများကို သွေးဆောင်မိမှာကို စိုးရိမ်မပူပန်ရလျှင် မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို ကြိမ်ဖန်များစွာထုတ်ပြီး အမှောင်ထုထဲကနေ ပျံသန်းခြင်းကြောင့် မျိုသိပ်ထားရသည့်ခံစားချက်ကို ဖွင့်ထုတ်မိလိမ့်မည်။
သူ၏ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်ရမည်။
ယွီရှန်းရုန်အကြောင်း သိထားလေရာ သူသည် တပါးသူ၏အရိပ်အောက်၌ နေထိုင်သူမဟုတ်။ သူသည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူ ဖြစ်သော်ငြား ခက်ခဲကြမ်းတမ်းသည့်အချိန် ရှိမှာသေချာသည်။ ယွီကျန့်ဟိုင်သည် ရှေ့သို့ပျံသန်းသွား၏။ မီတာတစ်ရာရှေ့သို့ပျံသန်းသွားပြီးနောက် သူသည်နေရာ၌ တစုံတစ်ခုကြားလိုက်ရသည်။
“ဘယ်သူက ကြယ်ပျံအိမ်တော်ရဲ့ပိုင်နက်ကို ကျူးကျော်ရဲတာလဲ"
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် ယွီကျန့်ဟိုင်ဆီပျံသန်းလာ၏။
ယွီကျန့်ဟိုင်က ရပ်တန့်သွားကာဖြည်းဖြည်းချင်းလှည့်လာသည်။ သူသည် နေရာအသစ်သို့ ရောက်ပြီဖြစ်သောကြောင့် ပုံမှန်ထက်ပိုသတိထားပြီး သတိရှိ၏။ ကြယ်ပျံအိမ်တော်သည် အနီရောင်အိမ်တော်ထဲရှိ ဂိုဏ်းတစ်ခုဆိုတာ တွေးမိရန်မခက်ခဲပေ။ သို့သော် မည်မျှသန်မာသည်ဆိုတာကို သိရှိရန်က ခက်ခဲလှပေ၏။
“မင်းက”
“ကြယ်ပျံအိမ်တော်က ကျန်းကော်”
“ကြယ်ပျံအိမ်တော်က ယွဲ့လုဖျင်”
သူတို့နှစ်ယောက်ပြောချိန်၌ ကြယ်ပျံအိမ်တော်ဟူသည့် စကားလုံးကိုဖိပြောခဲ့သည်။
အပြင်ကမ္ဘာ၌ အချိန်ကြာမြင့်စွာအချိန်ကုန်ခဲ့သောကြောင့် ဘာကိုဆိုလိုမှန်း သူ သိသည်။ သူက ပြောလိုက်၏။
"ကျုပ်က ဒီတိုင်းဖြတ်သွားရုံပါပဲ။ ကျူးကျော်ဖို့ ရည်ရွယ်ချက်မရှိဘူး”
ကျန်းကော်က ပြော၏။
“ဖြတ်သွားတာလား။ ခင်ဗျားက လမ်းကြောင်းရွေးတဲ့နေရာမှာ ပညာရှင်ပဲဖြစ်ရမယ် လူကြီးမင်း။ ရေနက်ဆန်းကြယ်ဂူတဝိုက် မိုင်တစ်ဒါဇင်ကမြေတွေက လွမ့်တိုက်ခိုက်မှု အဝန်းအဝိုင်းအတွင်းမှာ ရှိတာ။ လွမ့်တွေ ရှိနေသေးတဲ့အချိန် မင်းကိုဖြတ်သန်းသွားလာတာမျိုးကို တစ်ခါမှမတွေ့ဖူးဘူး။ ကြယ်ပျံအိမ်တော်က လွမ့်ကို အနိုင်ယူထားကာစ မင်းက ရုတ်တရက်ပေါ်လာတယ်။ ကောင်းကင်သိုင်းခုံရုံးက လူတွေကလွဲရင် ဘယ်သူမှ အနားကပ်ခွင့်မရှိဘူး။ ဒီစည်းမျဉ်းကို သတိမပြုမိတာလား"
ယွီကျန့်ဟိုင်သည် ပြဿနာမတက်ချင်ပေ။ သူ သိုသိုသိပ်သိပ် နေချင်သည်။ ဆိုရလျှင် အနီရောင်ကြာနယ်မြေထဲ၌ အစွမ်းထက်သည့်အကျော်အမော်များ ရှိသည်။ ထို့ကြောင့် သူကပြောလိုက်သည်။
“မသိတဲ့သူမှာ အပြစ်မရှိပါဘူး။ ဒီအတွက်ခွင့်လွှတ်ပေးပါ”
“ကြယ်ပျံအိမ်တော်မှာ ကိုယ်ပိုင်စည်းမျဉ်းရှိပြီးသား။ မင်း ဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး။ ဒါပေမဲ့အခု ငါတို့နဲ့လိုက်ခဲ့ရမယ်”
ကျန်းကော်သည် ယွီကျန့်ဟိုင်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်၏။
“ရေနက်ဆန်းကြယ်ဂူလား” ယွီကျန့်ဟိုင်သည် ဘဲဥသဏ္ဌာန်ဂူဝင်ပေါက်ကို လှည့်ကြည့်လိုက်၏။ ဤနေရာကနေ အမှောင်ထုထဲတွင် အပေါက်တစ်ပေါက်သာ ရှိသည်။ အနီရောင်ကြာနယ်မြေကနေ ဤလူများက ရေနက်လျှို့ဝှက်ဆန်းကြယ်ဂူကို လေ့လာနေတာ အချိန်အတော်ကြာပြီ ဖြစ်ပုံပေါ်၏။ သူ ထွက်ပေါ်လာသည့်နေရာကနေသည် သူသည် ရေနက်ဆန်းကြယ်ဂူ၏ညာဖက်ခြမ်းတွင်ရှိသည်။ ဝင်ပေါက်က သေးပုံပေါ်သော်ငြား မိုင်ပေါင်းများစွာ ကျယ်ပုံပေါ်၏။
ယွဲ့လုဖျင်က ပြောလိုက်သည်။ "ကျေးဇူးပြုပြီး”
ရေနက်ဆန်းကြယ်ဂူသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ သဘာဝအားဖြင့် ၎င်း၏သတင်းကို ပေါက်ကြားစေ၍မရပေ။
“ကျုပ်မှာ လုပ်စရာရှိသေးလို့ ခင်ဗျားတို့ကို မဖျော်ဖြေတော့ဘူး” ယွီကျန့်ဟိုင်ကလှည့်ထွက်သွားရန် ပြင်ဆင်လိုက်သည်။
ဝှစ် ဝှစ်
သူတို့နှစ်ယောက်သည် ယွီကျန့်ဟိုင်၏လမ်းကို ပိတ်ဆို့ရန် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကိုဆင့်ခေါ်လိုက်သည်။
ယွီကျန့်ဟိုင်သည် သူတို့၏ခွန်အားကြောင့် မထိတ်လန့်သွားပေ။ သို့သော် အနီရောင် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် အနီရောင်ကြာ၏တည်ရှိမှုကို အံ့ဩသွားလေ၏။ ဤနည်းဖြင့် သူက ယခုအနီရောင်ကြာနယ်မြေထဲရောက်နေပြီဆိုတာ သံသယဖြစ်စရာမလိုတော့ပေ။
ကျန်းကော်နှင့် ယွဲ့လုဖျင်၏အမြင်တွင် ယွီကျန့်ဟိုင်က ကြောက်လန့်နေပုံပေါ်၏။ သူ့ကိုမြင်သောအခါ နှစ်ယောက်လုံးမောက်မာထောင်လွှားလာသည်။
ယွီကျန့်ဟိုင်က သူတို့အမူအရာကိုကျက်မိသည်။ သိုသိုသိပ်သိပ်နေရန် ရည်ရွယ်ချက်ဖြင့် သူက ပြောလိုက်သည်။
“မင်းတို့တွေက ပွင့်ချပ်နှစ်လွှာအဆင့်လေးနဲ့များ ဘာကြောင့် ရန်လိုစွာပြုမူနေရတာလဲ”
“ဟမ်”
“အရင်တုန်းက ဆိုရင် မင်းတို့နှစ်ယောက်ကိုလေကုန်ခံပြီးတောင် ပြောနေမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ ဒီနေ့ စိတ်ကောင်းဝင်နေတယ်။ မင်းတို့ကိုလွှတ်ပေးမယ်။ သွား ... ထွက်ပြေးကြတော့”
ယွီကျန့်ဟိုင်က တည်ကြည်စွာပြောလိုက်၏။
ကျန်းကော်နှင့်ယွဲ့လုဖျင်က အံ့ဩသွားသည်။
လူသားများသည် သူတို့၏စိတ်သဘောအတိုင်း အမြဲတစေခေါင်းမာကြ၏။
ကြယ်ပျံအိမ်တော်နှင့်ရင်ဆိုင်ရန်သတ္တိရှိသည့်လူများ ရှိနေသေးသည်လော။
မည်သည့်နည်းနှင့်မဆို သူတို့နှစ်ယောက်သည် ရေနက်ဆန်းကြယ်ဂူကို ကြည့်ရန်တာဝန်ပေးခြင်းခံထားရသူများဖြစ်သည်။
“သူ့ကိုဖြေရှင်း” ယွဲ့လုဖျင်သည် အချိန်မဖြုန်းရန်ဆုံးဖြတ်လိုက်၏။
နှစ်ယောက်သားက ယွီကျန့်ဟိုင်ဆီအနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် ခုန်ဝင်လိုက်သည်။
ယွီကျန့်ဟိုင်သည် ကူကယ်ရာမဲ့စွာခေါင်းခါလိုက်၏။ သူ၏လက်ဝါးကိုအပေါ်သို့မြှောက်လိုက်သည်။
မဟာအမှောင်ကောင်းကင်အောက်မေ့ရာ မဟူရာကောင်းကင်ကြယ်အလင်း
တောက်ပသည့်ရွှေရောင်စွမ်းအင်ဓားမော့သည် ရွာသွန်းကျလာသည်။
ကျန်းကော်နှင့်ယွဲ့လုဖျင်တို့သည် မျက်လုံးများပြူးကျယ်သွား၏။ သူတို့အသံများက တုန်ယင်နေ၏။
“ပြိုင် ပြိုင်ဖက်ကင်းအဆင့်လက်နက်”
ယွဲ့လုဖျင်က ပြောလိုက်သည်။ "ရွှေရောင်စွမ်းအင်ဓားမော့လား။ သူက တိုင်းတပါးသားလား။
စွမ်းအင်ဓားမော့သည် အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုကို ပိုင်းဖြတ်သွား၏။ သူတို့နှစ်ယောက်သည် တန်ပြန်တိုက်ခိုက်ရန်အခွင့်အရေးမရှိဘဲ ချက်ချင်းသေသွားတော့သည်။
နဂါးသွဲ့ကျောက်ဓားမော့သည် ယွီကျန့်ဟိုင်ဆီပြန်ရောက်လာ၏။
ယွီကျန့်ဟိုင်သည် သူ၏နဂါးသွဲ့ကျောက်ဓားမော့ကို ကြည့်ပြီးပြောလိုက်တော့သည်။
“တိုင်းတစ်ပါးမျိုးနွယ်လား။ ငါ့အမြင်မှာ မင်းတို့တွေက တိုင်းတပါးမျိုးနွယ်တွေ။ မင်းတို့တွေက အားနည်းလွန်းတယ်”
သူ၏နဂါးသွဲ့ကျောက်ဓားမော့ကို သိမ်းလိုက်သည်။ သူ့လက်ထဲတွင် ဓားအိမ်ကိုကိုင်ထားပြီးနောက် ခဏအကြာတွင် သူ ဤနေရာမှပျောက်ကွယ်သွား၏။
နေဝင်ရီတရောအချိန် ကြယ်ပျံအိမ်တော်၏ ပင်မတောင်ထွတ်တွင်ဖြစ်သည်။
အကြီးအကဲမုံ့သည် ကိစ္စများဖြေရှင်းနေစဉ် လက်အောက်ငယ်သားတစ်ဦးသည် အမြန်ဝင်လာ၏။
“အကြီးအကဲမုံ့ ရေနက်ဆန်းကြယ်ဂူမှာ စောင့်ကြပ်နေတဲ့ ကျန်းကော်နဲ့ယွဲ့လုဖျင်တို့ သေသွားပါပြီ”
အကြီးအကဲမုံ့က မျက်မှောင်ကျုံ့ကာ သူ လုပ်လက်စကိုရပ်တန့်လိုက်သည်။ သူတို့လွမ့်ကို သတ်ချိန်မှစပြီး နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူခြောက်ယောက်သေဆုံးခဲ့ပြီဖြစ်သည်။
“သူတို့ကို ဘယ်သူသတ်လဲသိလား” အကြီးအကဲမုံ့ကမေးလိုက်သည်။
“တခြားသူတွေနဲ့မတူဘဲ သူတို့ရဲ့အလောင်းပေါ်က ဒဏ်ရာကတိကျလွန်းတယ်။ တိုက်ကွက်မှာ ညှာတာမှုမရှိသလို ရုန်းကန်တဲ့အရိပ်အယောင်လည်းမရှိဘူး။ သူတို့တွေတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာဖြစ်ဖို့များတယ်။ သူတို့ရဲ့ရန်သူက ဓားမော့ကိုင်တဲ့သူပဲ ဖြစ်ရမယ်”
“ဓားမော့လား”
“ကောင်းကင်သိုင်းခုံရုံးကလူတွေရောက်လာပြီး နေရာကို စစ်ဆေးနေတယ်။ သူတို့က ဖြစ်နိုင်ချေ သုံးခုပြောတယ်”
“ပြောကြည့်”
“ပထမဆုံးဖြစ်နိုင်ချေက ကြယ်ပျံအိမ်တော်ရဲ့ရန်သူတွေက တမင်တကာလာသတ်တာ။ ဒုတိယတစ်ခုက ဓားနဲ့ဓားမော့ရဲ့ဒဏ်ရာက ဆင်တူတယ်။ သူတို့တွေက ဓားနဲ့ဓားမော့ကို ကိုင်ဆောင်တဲ့လူတစ်ယောက်တည်း ဖြစ်နိုင်တယ်။ သူက တစ်ကိုယ်တော် အကျော်အမော်ဖြစ်လောက်တယ်။ တတိယက...” တပည့်သည် ခဏရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။ "တိုင်းတစ်ပါးမြေက ဖြစ်လောက်တယ်”
အကြီးအကဲမုံ့၏အမူအရာကမဲမှောင်သွားသည်။ သူက သက်ပြင်းချပြီးပြောလိုက်၏။
"ဆန်းကြယ်ဂူကို ချိတ်ပိတ်ဖို့ သူတို့ကိုပြောသားပဲ။ ဒါပေမဲ့ ကောင်းကင်သိုင်းခုံရုံးက လူတွေက နားမထောင်ဘူး။ သူတို့ကခေါင်းမာတယ်။ တိုင်းတပါးနယ်မြေက သိုင်းပညာရှင်သာဆိုရင် အနီရောင်ကြာနယ်မြေရဲ့အဆုံးသတ်ရောက်လာမှာ စိုးရိမ်ရတယ်။ လူသားတွေက သားရဲတွေကို မောင်းထုတ်တာကလည်း သူတို့အကန့်အသတ်ရောက်နေပြီ။ နောက်ထပ်အစွမ်းထက်တဲ့ရန်သူကို ဘယ်လိုလုပ်ဖြေရှင်းနိုင်မှာလဲ။"
“ဒါပေမဲ့ ကောင်းကင်သိုင်းခုံရုံးက ပို့ဆောင်ရေးပစ္စည်းပေါ် လူငါးယောက်လွှတ်ခဲ့တယ်။ အကြီးအကဲယဲ့ပြောတာတော့ ကျုပ်တို့မှာရွေးချယ်စရာမရှိဘူး။ ကောင်းကင်သိုင်းခုံရုံးနဲ့ ပူးပေါင်းရမယ်တဲ့” တပည့်ကရေရွတ်ပြောလိုက်၏။
“ဒါကြောင့် ယဲ့ကျန်းက လွမ့်ကို ဖြေရှင်းလိုက်တာလား” အကြီးအကဲမုံ့သည် ထိုလူများရူးနေသည်ဟု ခံစားလိုက်သည်။
“ဒါပေမဲ့ ကောင်းကင်သိုင်းခုံရုံးကလူတွေက အဲ့လိုမတွေးဘူး။ သူတို့တွေက ပွင့်ချပ်ဆယ်လွှာအဆင့်နဲ့ မြေကမ္ဘာ အဟန့်အတားနောက်ကွယ်က လျှို့ဝှက်ချက်ကို ရှာတွေ့နိုင်မယ်လို့ ထင်နေကြတာ။ ဒါက အနီရောင်ကြာနယ်မြေရဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းပဲ။ အဲ့ဒီအချိန် ငါတို့တွေ သားရဲတွေရဲ့နှောင့်ယှက်မှုကနေလွတ်မြောက်ပြီ”
“နလပိန်းတုံးတွေ” မုံ့ချန်းတုံ့သည် အင်္ကျီလက်ကိုဝေ့ယမ်းလျက်ပြောလိုက်သည်။ သူ ထပ်မပြောတော့ပေ။ ဤအခြေအနေ၌ သူ ဘာတတ်နိုင်မည်နည်း။
ပေါက်ကွဲပြီးနောက် မုံ့ချန်းတုံ့က ပြောလိုက်၏။ “တိုင်းတပါးနယ်မြေက သိုင်းပညာရှင်လို့မထင်ဘူး။ ဆက်ပြီးစုံစမ်းထား။ မိုးမခတစ်ထောင်ဘုရားကျောင်းကို အာရုံစိုက်။ မထင်ထားဆုံးရန်သူက ရန်သူဖြစ်နေလောက်တယ်”
“နားလည်ပါပြီ”
“တင်း ... ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင် နယ်မြေအပိုကုသိုလ်မှတ်တစ်ထောင်”
“တင်း ... ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင် နယ်မြေအပိုကုသိုလ်မှတ်တစ်ထောင်”
သူသည် ထိုအသိပေးသံကိုကြားသောအခါ ယွီရှန်းရုန်ဆီမှလား ယွီကျန့်ဟိုင်ဆီမှလား လုကျိုးမပြောနိုင်ပေ။
မျက်လုံးဖွင့်လျက် စနစ်မျက်နှာပြင်ကိုကြည့်လိုက်သည်။
အချိန်ကြည့်ရင် ယွီကျန့်ဟိုင်က အဲ့ဒီကိုရောက်နေလောက်ပြီ”
လုကျိုးက ထရပ်လိုက်၏။ သူသည်ကောင်းကင်ကျမ်းစား ဆင်ခြင်သုံးသပ်တာကို ရပ်တန့်လိုက်သည်။ သူသည် ခြံဝန်းထဲသွားကာ အကြောဆန့်လိုက်၏။
ထိုစဉ် စီးဝူယာ့ကအမြန်ရောက်လာသည်။ “ရှစ်စွင်း သတင်းပို့စရာအရေးကြီးသတင်းရှိပါတယ်”
“ဘာလဲ”
“အဆင့်မြင့်သားရဲတွေက မော့မြို့ကိုတိုက်ခိုက်နေပါပြီ”