အခန်း (၆၇၉-၆၈၁)
Vol. 46 Ch. 679-681
အခန်း (၆၇၉) အနီရောင်ကြာတမန်တော်
ချူးနန်က ထိတ်လန့်သွားပြီး သူသည် အနေခက်မှုကို ဖုံးကွယ်ရန်ကြိုးစားလိုက်၏။ သူ ခေါင်းငုံ့ထားပြီး ပြောလိုက်တော့သည်။
”ဒီတော့ အဲ့တာ တကယ်ချန်းပေ့ကျိပဲ။ သူ့ကို အစောတုန်းက ကြည့်ရတာ ရင်းနှီးနေပါတယ်လို့ ထင်နေတာ ဒါပေမဲ့ အမှန်ဖြစ်နေမယ်ဆိုတာ မယုံနိုင်ဘူး”
“အခု မင်းသိသွားပြီ။ မင်းအရင်တုန်းကထက် ပိုပြီး ထက်မြက်လာတာပဲ”
ဖန်လီထန်းသည် ပြောလိုက်၏။
ထိုစကားများသည် ချူးနန်ကို ရှက်သွားစေသည်။
ချူးနန်နောက်တွင် ပျံဝဲနေသော လူငယ်ကျင့်ကြံသူလေး ရှောင်ယွင်ကမူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လုနီးပါး ဖြစ်သွားသည်။ သူက ဟန်ချက်ညီအောင် အမြန်ထိန်းပြီးနောက် သူ့ဖာသာသူ ရေရွတ်ပြောလိုက်သည်။
”ငါ ဘာကိုလွဲချော်သွားတာလဲ”
မည်သူကမှ လူငယ်ကျင့်ကြံသူလေးကို အရေးမစိုက်ကြပေ။
ရှောင်ယွင်သာလျှင် သူ မဟာအခွင့်အရေးတစ်ခုကို လွဲချော်ခဲ့ကြောင်းသိလိုက်၏။
မိစ္ဆာဝေဟင်မျှော်နန်းသည် တပည့်များလက်ခံရာနှင့် ဂိုဏ်းသားများလက်ခံရာတွင် အမြဲတစေ စည်းကမ်းတင်းကြပ်သည်။ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းမှစ ယဲ့ထျန်းရှင်း၏ လက်အောက်ငယ်သားများ ဖြစ်သည့် လရောင်ဆွတ်မျှော်နန်းမှ အမျိုးသမီးကျင့်ကြံသူများအထိ သူတို့အားလုံးသည် ကမ္ဘာကြီး၏ မတူညီသည့်နေရာ၌ နာမည်ကျော်ကြားသူများဖြစ်သည်။
ထိုနည်းတူ မိစ္ဆာဝေဟင်မျှော်နန်းရှိ အကြီးအကဲလေးယောက်၏အမည်သည် မိုးခြိမ်းသံပမာ ကျယ်လောင်လှပေ၏။
နောင်တရရန် နောက်ကျသွားလွန်းပြီဖြစ်သည်။
စီးဝူယာ့က ထိုစဉ်ပျံသန်းလာတော့၏။ သူသည် အကြီးအကဲလေးယောက်ရှေ့တွင်ရပ်ကာ ပြောလိုက်၏။
”ရှစ်စွင်းက အခုမော့မြို့ကို ကာကွယ်ဖို့အမိန့်ပေးထားတယ်”
“ဟုတ်ပြီ” ဖန်လီထန်းသည် မန်မန်းများကိုကြည့်ပြီး ရယ်မောလိုက်၏။
”ငါ လက်တွေ မဆန့်ရတာ အတော်ကြာရောပေါ့။ လောင်လန် ... သားရဲတွေကို ဘယ်သူအများဆုံး သတ်နိုင်မလဲကြည့်မလား"
လန်လော့သည် လက်သီးကျစ်ကျစ်ဆုပ်ပြီးပြောလိုက်၏။
“လုပ်တာပေါ့”
လန်လော့သည် အမြင်အာရုံရှေ့မှပျောက်ကွယ်သွားပြီး မကြာမီ၌ မန်မန်းများရှေ့၌ ပြန်ပေါ်လာ၏။ မြန်ဆန်သောလှုပ်ရှားမှုဖြင့် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်ရာ ၎င်းသည် လျင်မြန်စွာပြန့်ကားလားသည်။
ပွင့်ချပ်ခြောက်လွှာရွှေကြာက လေထဲပျံဝဲလာ၏။ ပြီးနောက် သူတို့ပြန်ရောက်လာသည်။ ထိုအကွက်နှစ်ကွက်ဖြင့် မန်မန်းရာချီက မြေပြင်ပေါ်ပြုတ်ကျသွားသည်။
“မတရားဘူး။ မင်းကိုပြမယ်” ဖန်လီထန်းက သူ၏ရွှေရောင်သေရည်ဘူးသီးခြောက်ကို ပစ်ထုတ်လိုက်ရာ ၎င်း၏ခြေထောက်အောက်မှ ရွှေရောင်အလင်းတစ်ခု တောက်ပလာ၏။
ရွှေရောင်သေရည်ဘူးသီးခြောက်သည် အရွယ်အစား ကြီးလာပြီး နေကို ကာသွားတော့သည်။
ဖန်လီထန်းသည် လှဲချကာ အသံခပ်ပြတ်ပြတ်ဖြင့် ပြောလိုက်၏။
”တောင်ပေါ်တွင် ယစ်မူးခြင်း”
ထိုစကားများဖြင့် စွမ်းအင်လှိုင်းများက ချက်ချင်း ပေါ်ထွက်လာတော့သည်။
ဖုန်း
မန်မန်းသုံးပုံတစ်ပုံသည် ထိုအကွက်ကြောင့် ပြုတ်ကျလာ၏။
ကျန်သည့်သူများက တုန်လှုပ်ကုန်လေ၏။ အကြီးအကဲနှစ်ယောက်၏ လှုပ်ရှားမှုများက တိကျပြီး မန်မန်တစ်ယောက်ချင်းစီကို သတ်ဖြတ်တာနှင့်ယှဉ်လျှင် တိကျပြီးရက်စက်၏။
အတိတ်တုန်းက သူတို့သည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများဖြစ်ခဲ့သည်။ သို့သော် သူတို့သည် ပွင့်ချပ်ခြောက်လွှာထိ ရောက်အောင် ကျင့်ကြံပြီးသော အကြီးအကဲနှစ်ယောက်ဖြစ်နေသည်။ သူတို့ခွန်အားသည် ထိုပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်ပုံပေါ်သည်။ သူတို့နှစ်ယောက်သည် ပန်းခြံထဲတွင် လမ်းလျှောက်နေသည့်ပမာ လွယ်လင့်တကူ ထိန်းချုပ်နိုင်၏။
“ငါလည်း ပါမယ်”
ကျော့ယွီရှုသည် သူမ၏နဂါးရစ်ခွေတောင်ဝှေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ တောင်ဝှေးပေါ်ရှိ သွေးကြောများက တောက်ပလာပြီး အဆောင်ကလေထဲပြန့်လွင့်လာတော့သည်။
ကြီးမားသည့်သင်္ကေတများသည် မန်မန်းများဆီ ပျံ့လွင့်သွား၏။ အဆောင်တိုင်းက မန်မန်းတစ်ယောက်ဆီကို ဆွဲထုတ်သွား၏။
နတ်လေးရှင်တစ်ယောက်တောင် ထိုကဲ့သို့ တိကျမှုဖြင့် ပစ်မှတ်များစွာ သတ်နိုင်သည့်အရည်အချင်းကို ယှဉ်နိုင်ရင်ခက်ခဲလှပေသည်။
ကျန်သည့်သူများသည် ဟွားဝူတောက်ကို အလိုလိုလှည့်ကြည့်မိကြ၏။
ဟွားဝူတောက်သည် လည်ချောင်းရှင်းကာ ပြောလိုက်တော့သည်။
”အကြီးအကဲသုံးယောက်ရဲ့ခွန်အားက ထိတ်လန့်ဖို့ကောင်းပါတယ်။ ကျုပ်ကိုယ်ကျုပ် အရှက်မခွဲတော့ပါဘူး”
“...”
မိစ္ဆာဝေဟင်မျှော်နန်းမှ ဂိုဏ်းသားများလှုပ်ရှားလေရာ မန်မန်းများသည် ဘာမှမဟုတ်တော့ပေ။ မကြာမီ၌ သူတို့အသတ်ခံလိုက်ရသည်။
စီးဝူယာ့က ခေါင်းညိတ်လျက် မြို့ရိုးထိပ်ဆီသို့ပျံသန်းသွားသည်။
ထိုစဉ် ချူးနန်နောက်တွင်ပျံဝဲနေသော လူငယ်ကျင့်ကြံသူလေးရှောင်ယွင်သည် စီးဝူယာ့ကို အရိုအသေပေးရန် အမြန်ရှေ့တိုးသွား၏။
”နှုတ်ခွန်းဆက်ပါတယ် သတ္တမသခင်လေး”
“မင်းက” စီးဝူယာ့သည် သူ့ကို မသိပေ။
“သတ္တမသခင်လေး ဒါကို သတိမပြုမိလောက်ဘူး။ ဒါပေမဲ့ ချန်းပေ့ကျိက ကျွန်တော့်ကို အစောတုန်းက မိစ္ဆာဝေဟင်မျှော်နန်းထဲ ခေါ်ချင်ခဲ့တာ။ ကျွန်တော်များ” ရှောင်ယွင်က ပြော၏။ ထိုစကားကို ကြားသောအခါ ချူးနန်သည် မျက်မှောင်ကျုံ့မိသွားသည်။
စီးဝူယာ့သည် ရှောင်ယွင်ကို စကားပြီးအောင်ပြောခွင့်မပေးဘဲ ကြားဖြတ်ပြောလိုက်၏။
”ငါ့ရဲ့ရှစ်စွင်းက ဂိုဏ်းသားတွေ စုဆောင်းတဲ့အချိန် အမြဲတမ်းစည်းကမ်းတင်းကြပ်တာ။ သူသာ မင်းကို တကယ်စိတ်ဝင်စားတယ်ဆိုရင် သေချာပေါက် မင်းကို ထပ်လာရှာမှာပဲ။ ငါ့ကို ပြောဖို့မလိုဘူး”
ရှောင်ယွင် “...”
အိုး ... မဟုတ်ဘူး။ ရှောင်ယွင်က သူ့ဖာသာသူစဉ်းစားတွေးလိုက်သည်။ သူသည် ချူးနန် သူ့ကို လှမ်းကြည့်နေတာမြင်ချိန် စိတ်လေးသွား၏။ ဆိုရိုးစကားရှိသည့်အတိုင်း နှမ်းစေ့အတွက် ဖရဲစေ့ကို ပစ်ထုတ်လိုက်သည်။ သို့သော်ငြား ယခုနှမ်းစေ့ကိုလည်း ဆုံးရှုံးတော့မည့်ပုံပေါ်၏။
ထိုစဉ် လုကျိုးသည် မန်မန်းနောက်လိုက်နေ၏။
မန်မန်းတစ်ကောင်တည်း ပျံသန်းနေခဲ့လျှင် သူသည် လိုက်ဖမ်းမှာမဟုတ်ပေ။ သို့သော် ၎င်းသည် လိုက်သည် ဒဏ်ရာရထားသော မန်မန်းကို သယ်သွားသောကြောင့် ၎င်း၏အရှိန်သည် အတော်လေး နှေးသွား၏။ ထို့အပြင် မြင့်မားသောသစ်ပင်များရှိသည့် တောအုပ်ထဲ ဝင်ရောက်ပြီးနောက် ရှောင်တိမ်းမှုက ပိုတောင်ခက်ခဲလာသည်။ ၎င်းသည် ရွေးချယ်စရာမရှိဘဲ သူ့လမ်းကြောင်းသူ ဖောက်ရန် ဧရာမသစ်ပင်ကြီးများကို ဖြတ်တိုက်သွားရသည်။ မြင့်မြင့်လည်းမပျံနိုင်ပေ။ ထို့အပြင် သူတို့၏အရွယ်အစားအရ သူတို့ မပေါ့ပါးပေ။
“တိရစ္ဆာန်ကောင် ဘယ်ကိုပြေးနေတာလဲ”
သူသည် လက်ဝါးရိုက်ချက်တစ်ခု ပစ်ထုတ်လိုက်၏။ တောက်ပသည့် ရွှေရောင်လက်ဝါးသည် ရှေ့သို့ တိုးဝင်သွားကာ မန်မန်း၏တောင်ပံကိုထိသွား၏။ နောက်ဆုံးတွင် တောအုပ်ထဲရှိမန်မန်းများကို လိုက်မှီသွားသည်။
သူ၏လက်ဝါးရိုက်ချက်သည် များစွာသော တောင်ပံများကို ပြုတ်ကျသွားစေ၏။
”အထီးတစ်ကောင်နဲ့အမတစ်ကောင်လား”
ငှက်ဖိုသည် ဒဏ်ရာရနေပြီး ငှက်မသည် ၎င်းကိုကယ်ဆယ်ရန် ကြိုးစားနေ၏။
ငှက်မက မျက်နှာရှုံ့မဲ့သွား၏။ တောင်ပံကို ဒေါသတကြီးတဖျတ်ဖျတ်ခတ်လျက် တောအုပ်ထဲမှ ပြန်ထွက်ရန်ကြိုးစားလိုက်သည်။
လုကျိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ရန် ကြိုးစားလိုက်၏။ သူ၏ရွှေကြာက ပေါ်လာသည်။ သူ၏မဟာနည်းစနစ်ဖြင့် ငှက်ပေါ်တွင်ပေါ်လာတော့သည်။
”သွား”
လက်ဖဝါးကို အောက်သို့တွန်းချလိုက်ရာ သိပ်သည်းမှုကြီးမားသော အပြာရောင်အလင်းက ထွန်းလင်းတောက်ပလာတော့သည်။ သူသည် လျှပ်ပြက်သောအရှိန်ဖြင့် လှုပ်ရှားလိုက်၏။
စွန့်ပစ်ခံဉာဏ်ပညာကို ထုတ်မသုံးခဲ့သော်ငြား ဗုဒ္ဓမဟာမိုးကြိုးဘီး လက်သင်္ကေတကို ထုတ်သုံးလိုက်၏။
ဖုန်း
၎င်းသည် မန်မန်း၏ခေါင်းကို ထိသွားသည်။
မန်မန်းက ထိခိုက်ဒဏ်ရာရပြီးအော်လိုက်ကာ ပြုတ်ကျသွားတော့သည်။
ဘန်း
ချောင်တစ်ခုကို ပြုတ်ကျသွားပြီးနောက် သစ်ပင်များစွာနှင့် တိုက်မိသွားပြီး မြေပြင်ပေါ်ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။ လုကျိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းကာ မန်မန်းအထက် ဆယ်မီတာကျော်မြင့်သည့် လေထဲ၌ ပျံဝဲနေသည်။
“ငါ မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး”
သူသည် တိုက်ခိုက်တော့မည့်အချိန်တွင် မန်မန်းနောက်ရှိတောအုပ်ထဲမှ လူတစ်ယောက် ပေါ်ထွက်လာ၏။
ယင်းက သံချပ်ကာဝတ်ထားသည့်လူရွယ်တစ်ယောက်ဖြစ်သည်။ သူ၏ခေါင်းပေါ်၌ အနီရောင်လည်ပတ်ပဝါ ရှိနေသည်။
လုကျိုးက လှမ်းကြည့်လိုက်သည်။
လူရွယ်သည် မန်မန်းကို အနီးကပ်ကြည့်ပြီး စိတ်ကျေနပ်သွားပုံပေါ်က ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။
“ဒီမန်မန်းတွေကို သတ်ဖို့ဆိုရင် မင်းမှာ နက်နဲတဲ့ကျင့်ကြံဆင့် ရှိရမယ်”
လုကျိုးသည် လေသံအတက်အကျမရှိမေးလိုက်လေ၏။
”မင်း ဘယ်သူလဲ”
“ကျုပ်ကို ထောက်ပြီး ဒီတိရစ္ဆာန်တွေကို ချမ်းသာပေးမယ်ဆိုရင် ဆရာကြီးကို သူတို့ကိုယ်စား ကျေးဇူးတင်မှာပါ” လူရွယ်က ပြောလိုက်သည်။
“မန်မန်းတွေက မြို့ကို နှောင့်ယှက်နေတာ မင်း သူတို့ကို ဘာကြောင့် ကာကွယ်နေတာလဲ”
“သူတို့ကို သတ်ကို သတ်ရမှာလား ဆရာကြီး" လူရွယ်က ပြန်ပြောသည်။
“သူတို့အသတ်မခံရသင့်ဘူးလား” လုကျိုးက မေးလိုက်၏။
“ဒါက”
လူရွယ်သည် ဆက်ရှင်းပြရန် ပြင်လိုက်သော်ငြား လုကျိုးသည် ဤကိစ္စအတွက်အချိန်မဖြုန်းရန် ပြင်လိုက်သောကြောင့် ဖြတ်ပြောလိုက်၏။
”မိစ္ဆာဝေဟင်မျှော်နန်းက ဆုံးဖြတ်ချက်ချတဲ့အချိန် မင်းရဲ့အမြင်ကို ပြောစရာမရှိဘူး”
လုကျိုးသည် တမင်တကာ မိစ္ဆာဝေဟင်မျှော်နန်းကို ထည့်ပြောလိုက်သည်။
”သွား ... မင်း အသက်အတွက် ပြေးတော့” လုကျိုးတွေးထင်ထားသည်နှင့် ဆန့်ကျင်ဖက်ဖြစ်လျက် လူရွယ်သည် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ကြားပြီး ထိတ်လန့်မသွားပေ။ ထိုအစား သူက ထပ်ပြောလိုက်၏။
”ဆရာကြီး သူတို့ကို ချမ်းသာပေးသင့်တယ်လို့ ကျုပ် ထင်နေသေးတုန်းပါပဲ”
လုကျိုးသည် မျက်မှောင်အနည်းငယ်ကျုံ့ လိုက်၏။
‘ဒီလူက မိစ္ဆာဝေဟင်မျှော်နန်းကို မကြောက်ဘူးလား’ သူက လောကီရေးရာတွေနဲ့ မသက်ဆိုင်ဘဲ တောင်ပေါ်မှာ နေနေတဲ့ရသေ့လား။ သူက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း မသိတာလား။
“မင်းက ငါ ဘာလုပ်ရမယ်ဆိုတာ ပြောနေတာလား” လုကျိုးကမေးလိုက်၏။
“ဆရာကြီး တတ်နိုင်မယ်ဆိုရင် ကျုပ်တို့ခွင့်လွှတ်သင့်ပါတယ်” လူရွယ်က ပျံသန်းလာပြီး လုကျိုးနှင့်တစ်တန်းတည်း ရပ်လိုက်သည်။ သူ၏ချပ်ဝတ်သည် လင်းထိန်လာပြီး အနီရောင်သင်္ကေတများ ပေါ်လာ၏။
လုကျိုးသည် ၎င်းကိုမြင်သောအခါ သဘောပေါက်သွားသည်။ သူက “မင်းက အနီရောင်ကြာနယ်မြေကပဲ” တစ်ချိန်တည်းပင် သူသည် မန်မန်းများ၏ငှက်မွှေးပေါ်ရှိ အနီရောင်သင်္ကေတများကို သတိပြုမိလိုက်သည်။ အံ့ဩစရာမရှိဘူးပဲ။
လူရွယ်သည် အနည်းငယ်ထိတ်လန့်အံ့ဩသင့်သွား၏။ သူက တအံ့တဩ ပြောလိုက်တော့သည်။
”အနီရောင်ကြာအကြောင်း သိတယ်လား။ တိုက်ဆိုင်လိုက်တာ”
အနီရောင်သံချပ်ကာကို မည်သူမှမသိကြပေ။ တာ့ယန်ထဲတွင် မိစ္ဆာဝေဟင်မျှော်နန်းသာလျှင် သံချပ်ကာအကြောင်း သိ၏။
လုကျိုး၏အမူအရာက လေးနက်တည်ကြည်နေကာ ထိုလူကို ကြည့်ပြီး မေးလိုက်တော့သည်။
”တာ့ယန်ကို မင်းဘယ်လိုလာတာလဲ”
လူရွယ်က ပြန်မပြောပေ။ ထိုအစား သူက မေးလိုက်တော့၏။
”ဒီအကြောင်း ခင်ဗျား ဘယ်လိုလုပ်သိတာလဲ”
”ကျူပ်ကိုဖြေ”
“ခင်ဗျားကို ဖြေရှင်းရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး” လူရွယ်သည် ယခု သူ၏အထောက်အထား ပေါ်သွားပြီမှန်း ပြောနိုင်သည်။ သူ၏သတ်ဖြတ်လိုစိတ်များက သူ၏ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပေါ်ထွက်လာ၏။
ဝှစ်
သူ၏သံချပ်ကာသည် အနီရောင်အလင်းတောက်ပလာပြီး သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။
အနီရောင်ကြာပန်း ဖူးပွင့်လာပြီးနောက် ပွင့်ချပ်ရှစ်လွှာသည် ကြာနီနား လည်နေ၏။
စကားတစ်ခွန်းမှ ထပ်မပြောဘဲ လုကျိုးသည် သူ၏မဟာနည်းစနစ်ကို ထုတ်သုံးလိုက်သည်။ အရှိန်ပြင်းပြင်းဖြင့် သူသည် လက်ဝါးကိုရှေ့သို့တွန်းထုတ်လိုက်ကာ လက်ဝါးစည်းတံဆိပ် သုံးလိုက်၏။
ဗုဒ္ဓကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်သည် အပြာဖျော့ဖျော့အလင်းဖြင့် တောက်ပလာသည်။
ထိုလူသည် ရှေ့တိုးမည့်အစားနောက်ဆုတ်ကာ သူ၏လက်ဝါးဖြင့် ပြန်ရိုက်လိုက်သည်။
ဘန်း
လက်ဝါးခြင်း ဆုံတွေ့သွား၏။ လူရွယ်က နောက်ကျွမ်းပစ်သွား၏။
ဘန်း ဘန်း ဘန်း
သူသည် သစ်ပင်ဆယ်ပင်ကျော်နှင့် တိုက်မိသွားသည်။
သူသည် သံချပ်ကာက ထွန်းလင်းလာ၏။ အနီရောင်သွေးကြောများသည် စွမ်းအင်များ ပေါ်ထွက်လာပြီးနောက် သူရှေ့သို့ ပျံသန်းလာ၏။ သူ၏အမူအရာသည် ထိတ်လန့်မှုများပြည့်နေကာ ပြောလိုက်လေ၏။
”ပွင့် ပွင့်ချပ်ကိုးလွှာလား”
ချပ်ဝတ်သည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ဦးထံမှ တိုက်ကွက်ဖြင့်သာ ပွင့်လာလိမ့်မည်။
သူ မော့ကြည့်လိုက်ရာ လုကျိုး၏ပုံရိပ် နီးကပ်လာတာကို တွေ့လိုက်ရ၏။ သူ အပျော်လွန်သွားသည်။
“မင်းက သေတွင်းထဲ ပြေးဝင်နေတာပဲ”
လုကျိုးသည် အနီရောင်ပိုက်ကွန်ကို အမည်မဲ့ဖြင့်ပိုင်းဖြတ်လိုက်သည်။
အနီရောင်သင်္ကေတပိုက်ကွန်က ဖြတ်တောက်ခံလိုက်ရသည်။ လက်ဝါးကိုတွန်းထုတ်လိုက်၏။ လူရွယ်သည် အနီရောင်သင်္ကေတများက လုကျိုးကို မတားနိုင်ဟုထင်ခဲ့သည်။ အလွယ်တကူ ကျိုးပြတ်သွားလိမ့်မည်ဟု မထင်ထားပေ။ အချိန်မှီမတုန့်ပြန်ဘဲ တွန့်ဆုတ်သွားပြန်၏။ သူက နောက်ထပ်သွေးတစ်ပွက်အန်လိုက်သည်။
ဘန်း ဘန်း ဘန်း
သစ်ပင်သုံးပင်နှင့် ထပ်တိုက်မိပြီးနောက် မြေပြင်ပေါ်ပြုတ်ကျသွားသည်။ သူ၏အမူအရာက ကြောက်လန့်မှုရှိနေ၏။
သူ၏ခွန်အားကွာဟချက်က ကြီးမားလွန်းလှသည်။
လုကျိုးသည် လက်တစ်ဖက်ဖြင့်မုတ်ဆိတ်သပ်လျက် ကျန်လက်တစ်ဖက်က နောက်ပစ်ထားသည်။ သူက ရှေ့တိုးကာ မှုန်မှိုင်းသောလေသံဖြင့်ပြောလိုက်၏။
“ငါ မေးတာဖြေ”
…
အခန်း (၆၈၀) ငါက ဒီမှာ အားနည်းတယ်
လူလတ်ပိုင်း အမျိုးသားက ထိုလူအိုကြီးသည် ဤသို့ ပြင်းထန်သည့် တိုက်ကွက်ကို ရင်ဆိုင်ရင်း သူ့ချပ်ဝတ်ကို ထိုးဖောက်နိုင်စွမ်း ရှိလိမ့်မည်ဟု မထင်မှတ်ထားပေ။
“ ဒီကုန်းမြေဆီ ဘယ်လိုရောက်လာတာလဲ”
“မြောက်ပိုင်း အဆုံးမဲ့ပင်လယ်ထဲကနေ ရောက်လာတာ” လူလတ်အရွယ် အမျိုးသားက လေသံအတက်အကျမရှိ ပြန်ပြောလိုက်သည်။
“ခင်ဗျားနာမည် ဘယ်သူလဲ” လုကျိုးက မေးလိုက်၏။
“ကောင်းကင်သိုင်းခုံရုံးရဲ့ ကုမင်” ကုမင်က အနေအထားကို ထိန်းညှိရင်း ပြောလိုက်သည်။
“ လွန်ခဲ့တဲ့ တစ်လတုန်းက ပင်လယ်ကိုဖြတ်ပြီး ကူးသန်းလာတာ။ ကျုပ်က မန်မန်းတွေနဲ့ တွေ့တုန်း ဒီတောအုပ်ထဲမှာ ရှိနေတာ။ အဲဒီနောက် ကျုပ် သူတို့ကို ရန်စဖို့ အဆောင်ကို သုံးပြီး မြို့ကို တိုက်ခိုက်အောင် လုပ်ခဲ့တာ ”
“ မင်းက အနီရောင်ကြာနယ်မြေကဆိုတော့ ဘာလို့ လူသားနေထိုင်ရာကို တိုက်ခိုက်ချင်ရတာလဲ”
လုကျိုးက ထိုအားနည်းသည့် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူသည် အတော်လေး ရဲတင်းလွန်းလှသည်။ ဤနေရာသို့ ရောက်ရှိနေသည်မှာ ရာစုနှစ်များစွာ ကြာမြင့်နေသည့် ပွင့်ချပ်ကိုးလွှာအဆင့် ကျန့်ဝမ်ရွှီပင် ကုမင်လောက် မရဲတင်းပေ။ သူက ရောက်ရောက်လာချင်း မြို့ကို တိုက်ခိုက်ခဲ့၏။
ကုမင်က ပြောလိုက်သည်။
“ ကျုပ်တို့က ခင်ဗျားတို့ ဘယ်လောက်အားကောင်းလဲပဲ သိချင်တာပါ။ မန်မန်းတွေကို သတ်ဖို့ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူရဲ့ စွမ်းအားကို လိုတယ်။ ကျုပ်တို့က … ” သူက ဆက်မပြောတော့ပေ။
“ အဲအခါမှ မင်းတို့က ကျူးကျော်လာမှာ ဟုတ်တယ်မလား” လုကျိုးက ထိုလူ၏ စကားကို အဆုံးသတ်ပေးလိုက်သည်။
ကုမင်က အကြည့်လွှဲလိုက်၏။
လုကျိုးက ပြောလိုက်သည်။ “ ဒီမှာရှိနေတဲ့ ကျင့်ကြံသူတွေကြားမှာ ငါက အားနည်းတယ်လို့ ယူဆလို့ရတယ်”
ကုမင်က မျက်မှောင်ကြုတ်လိုက်၏။ သူက လူအိုကြီးကို ကြည့်ရင်း စိတ်ထဲ အကြောက်တရားများ ဖြစ်တည်လာသည်။ သူက လုကျိုးသည် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်၏။
အကယ်၍ ထိုလူအိုကြီး၏ စကားများက အမှန်ဖြစ်နေလျှင် အနီရောင်ကြာနယ်မြေက အန္တရာယ် ကျရောက်လာနိုင်သည်။ သူက နှလုံးခုန်မြန်လာမိ၏။
အဆုံးသတ်တွင် သူက ပြောလိုက်သည်။
“ မယုံဘူး။ ခင်ဗျား ထွက်မလာခင်တုန်းက ဘယ်သူကမှ မန်မန်းတွေကို တားနိုင်ကြတာ မဟုတ်ဘူး။ ကျုပ်အပေါင်းအပါတွေ … ”
“ဒီမှာ မင်းအပေါင်းအပါတွေ ရှိသေးတာကိုး”
ကုမင်က စကားမှားပြောလိုက်မှန်း သဘောပေါက်သွားသည်။ သို့သော် နောက်ကျလွန်းသွားလေပြီ။ အဆုံးသတ်တွင် သူက ပြောလိုက်၏။ “သူတို့ ဘယ်ရောက်နေမှန်း မသိဘူး ”
“ကောင်းကင်သိုင်းခုံရုံးက ဘာလဲ” လုကျိုးက မေးလိုက်သည်။
ကုမင်က မေးခွန်းကို တိုက်ရိုက်ပြန်မဖြေပေ။ သူက ထိုလူအိုကြီးသည် အနီရောင်ကြာပန်း ပိုင်နက်အကြောင်း နားလည်ဖို့ ကြိုးစားနေသည်ကို သိ၏။ အကယ်၍ ဤနေရာတွင် ပွင့်ချပ်ကိုးလွှာအဆင့်ကို အားနည်းသည်ဟု ယူဆကြလျှင် သူသာ အနီရောင်ကြာနယ်မြေအကြောင်း အချက်အလက်များစွာ ပေးလိုက်မိပါက မွေးရပ်မြေဆီ ကပ်ဘေး ခေါ်ဆောင်လာသည့် မျိုးဆက်များစွာ ကျိန်ဆဲခံရမည့် အပြစ်သား ဖြစ်လာလိမ့်မည်။
လုကျိုးက ကုမင် တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ ပြောလိုက်သည် “ကျန့်ဝမ်ရွှီက ကောင်းကင်သိုင်းပညာ ခုံရုံးကလား”
ကုမင်က အံ့အားသင့်ကာ တုန်လှုပ်သွားသည်။ လူအိုကြီးက သူ ထင်ထားသည့်ထက် သိနေဟန်ပေါ်သည်။
“ သူက ကြယ်ပျံအိမ်တော်ကပါ။ ကောင်းကင်သိုင်းပညာခုံရုံးက မဟုတ်ဘူး ”
“ကြယ်ပျံအိမ်တော်” လုကျိုးက နာမည်ကို ရေရွတ်လိုက်သည်။
“ ကြယ်ပျံအိမ်တော်မှာ ပွင့်ချပ်ကိုးလွှာအဆင့် နှစ်ယောက်ရှိတယ်။ ကျန့်ဝမ်ရွှီက သူတို့ထဲက တစ်ယောက်ပဲ ”
“ နောက်တစ်ယောက်က ဘယ်သူလဲ” လုကျိုးက မေးလိုက်သည်။
ကျန့်ဝမ်ရွှီကြောင့်လားတော့ မသိသော်လည်း လုကျိုးက ကြယ်ပျံအိမ်တော်အပေါ် ထင်မြင်ချက်ကောင်းကောင်း မရှိပေ။ သူတို့သာ နောင်တွင် တွေ့ဆုံပါက သေချာပေါက် ပဋိပက္ခဖြစ်လာလိမ့်မည်။ ယခု သူ့အတွက် သူတို့အကြောင်း နားလည်ထားသည်က ပို၍ ကောင်း၏။
ကုမင်က ပြန်ဖြေလိုက်သည်။
“မဟာအကြီးအကဲ ယဲ့ကျန်းပါ”
ယဲ့ကျန်း …
လုကျိုးက နာမည်ကို မှတ်ထားလိုက်သည်။ ထို့နောက် သူက ထပ်မေးလိုက်သည်။
“အနီရောင်ကြာနယ်မြေက ဒီကို လာတဲ့ ရည်ရွယ်ချက်က ဘာလဲ”
သူက သတင်းအချက်အလက်များများ စုဆောင်းဖို့ လိုအပ်သည်။ အနီရောင်ကြာနယ်မြေအပေါ် သူ့နားလည်နိုင်စွမ်းက မလုံလောက်သေးပေ။
ကုမင်က ခေါင်းငုံ့ကာ “ဆရာကြီးရဲ့ မေးခွန်းတွေအားလုံးကို ဖြေပြီးပြီလေ။ ကျုပ် သွားလို့ ရပြီလား”
လုကျိုးက ခေါင်းခါလိုက်၏။ သူက ကုမင်အား ကျောပေးရပ်လိုက်ပြီး မန်မန်းစုံတွဲအား ကြည့်လိုက်သည်။
“မင်း အနီရောင်ကြာနယ်မြေအကြောင်း အသေးစိတ် အားလုံးပြောပြီးရင် ထွက်သွားလို့ရပြီ။ မဟုတ်ရင်တော့ မန်မန်းလိုမျိုး အဆုံးသတ်သွားစေရမယ်”
ဝှစ်
“သေလိုက်တော့” ကုမင်က မြားတစ်ချောင်းလို လှုပ်ရှားလာသည်။ သူက ကမ္ဘာဦးချီ ထုတ်လွှင့်ကာ အနီရောင်ကြာဖြင့် ပြေးဝင်လာသည်။ သူ့ချပ်ဝတ်ရှိ ကျန်ရှိနေသည့် သွေးကြောများနှင့် အနီရောင်ကြာက တစ်ခုနှင့်တစ်ခု လင်းလက်တောက်ပစွာ ထောက်ပံ့ပေးနေသည်။
လုကျိုးက နောက်မှ အန္တရာယ်ရောက်လာသည်ကို ခံစားမိလိုက်သည်။ သူက လှည့်ဖို့ အချိန်မရမှန်း သိလိုက်၍ နှုတ်ဆိတ်ခြင်းစွမ်းအားကို ထုတ်ဖော်လိုက်သည်။
သူ့ခြေထောက်အောက်တွင် အပြာရောင်ကြာ ပွင့်လန်းလာ၏။
အလင်းနှင့်အမှောင်ကဲ့သို့ သမာဓိကျင့်ကြံရင်း အရာအားလုံးဆီ ထိုးဖောက်ဝင်ရောက်ခြင်း
ဘန်း
ကုမင်က အပြာရောင်စွမ်းအားဒိုင်းကာဆီ ပြေးဝင်သွားမိသည်။ သူက လုကျိုးကို သတ်ဖို့ အခွင့်အရေးရှာရန် အရှုံးပေးသလို ဟန်ဆောင်ထားခဲ့သည်။ သို့သော်လည်း သူ့တိုက်ကွက် အသုံးမဝင် ဖြစ်လိမ့်မည်ဟု မထင်မိပေ။ သူက စိတ်ထဲ လေးလံသွားကာ ရေရွတ်လိုက်မိ၏။
“အပြာရောင်လား ”
ကုမင်က ရုတ်ခြည်းဆိုသလို ရွှေကြာပိုင်နက်သည် သူ ထင်ထားသည်ထက် ပိုရှုပ်ထွေးကာ ကြောက်ဖို့ကောင်းကြောင်း ခံစားမိလိုက်သည်။ လူသားများက အမည်မသိအရာများကို ကြောက်ရွံ့ကြသည်မှာ သဘာဝ ဖြစ်၏။ သူ့အတွက် လုကျိုးက သူ ကြောက်ရွံ့ရသည့် အမည်မသိ လူသား ဖြစ်၏။
လုကျိုးက ဖြည်းဖြည်းချင်း လှည့်လာကာ အေးစက်စက် ပြောလိုက်သည်။
“ အလကားပဲ ”
အပြာရောင်ကြာက လှည့်ပတ်နေရင်း ကုမင်ဆီ ကျရောက်လာသည်။ သူ့အမူအရာက မလိုလားဟန် ဖြစ်နေပြီး သူ့ရင်ဘတ်က ချိုင့်ဝင်သွားကာ ခြေလက်များက ဖြတ်တောက်ခံလိုက်ရသည်။ သူက အပြာရောင်စွမ်းအားကြောင့် လွင့်စဉ်သွားလေ၏။
ထိုနေရာနှင့် ဆယ်မီတာဝန်းကျင်ရှိ အပင်အားလုံး ခြေမွခံလိုက်ရသည်။ ပေတစ်ရာမြင့်သည့် သစ်ပင်များလည်း လဲကျလာ၏။ မီတာတစ်ထောင်ရှိ အရာအားလုံး သက်ရောက်ခံလိုက်ရသည်။
အပြာရောင်ကြာ စွမ်းအား ပျောက်ကွယ်သွားပြီးနောက် ပုံပျက်နေသည် ကုမင်က ကောင်းကင်မှ ပြုတ်ကျလာသည်။
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါတယ် ”
“တင်း မန်မန်းအထီးကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် လေးထောင် ရရှိပါတယ်”
“ဟမ်”
မန်မန်းက သေသွားပြီလား …
လုကျိုးက ကုမင်ကို အာရုံမစိုက်တော့ပေ။ သူက မန်မန်းများကို ကြည့်လိုက်၏။
ဒဏ်ရာ အပြင်းအထန် ရနေသည့် မန်မန်းအထီးက ကောင်းကင်ကျမ်းစွမ်းအားကြောင့် သေဆုံးသွားသည်။
ကောင်းကင်ကျမ်း စွမ်းအားနှင့် အရိုက်ခံလိုက်ရပြီးနောက် မန်မန်းအမလည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။
“ ငါ သတိလက်လွတ် ဖြစ်သွားခဲ့တာပဲ” လုကျိုးက ကူကယ်ရာမဲ့သလို ခံစားနေမိသည်။
ကုမင်ကို သူ့ချပ်ဝတ်နှင့် အနီရောင်သင်္ကေတများက ကာကွယ်ပေးထားသည်။ ထို့အပြင် ကုမင်တွင် တခြားလက်နက်များ ပါလားဟု မပြောနိုင်ပေ။ ပြောရလျှင် အနီရောင်ကြာနယ်မြေအပေါ် သူ့နားလည်နိုင်စွမ်းက နည်းပါးလွန်းသည်။ သူက ကုမင်ကို ဖြေရှင်းဖို့ ထူးခြားအံ့ဖွယ် စွမ်းအား သုံးပုံတစ်ပုံကို ထုတ်သုံးခဲ့ရသည်။
ထူးခြားအံ့ဖွယ် စွမ်းအားတစ်ဝက်က ချီယောင်ကို သတ်နိုင်လေသည်။ သုံးပုံတစ်ပုံက မန်မန်းအထီးကို သတ်နိုင်သော်လည်း အမတော့ မပါပေ။
မန်မန်း၏ ဆုလာဘ်က အမှတ်လေးထောင်သာ ရှိသည့်အတွက် ချီယောင်ထက် အားနည်းနေသည်။
ထိုအရာမှ လုကျိုးသည် သားရဲကြီးကို သတ်လိုပါက သူ့ထူးခြားအံ့ဖွယ် စွမ်းအားတစ်ဝက်ကို အသုံးပြုဖို့ရာ လိုအပ်ကြောင်း ကောက်ချက်ချလိုက်သည်။
ဒဏ်ရာအပြင်းအထန် ရနေသည့် မန်မန်းအမက ပျံသန်းလာပြီး သစ်ပင်တချို့ဖြင့် ဝင်တိုက်မိသွားသည်။ ထိုအရာက ထရပ်ဖို့ ရုန်းကန်နေသည်။
လုကျိုးက ဘာမှမလုပ်ပေ။ မန်မန်းအမက ခန္ဓာကိုယ်ပေါ်မှ သစ်ပင်အကြွင်းအကျန်များအား ဖယ်ရှားကာ ခက်ခက်ခဲခဲဖြင့် တောင်ပံခတ်လိုက်သည်။ ထိုအရာက မီတာအနည်းငယ် ပျံသန်းပြီးနောက် ပြန်ပြုတ်ကျလာသည်။ ထိုအရာက ထွက်ပြေးနေခြင်း မဟုတ်ဘဲ မန်မန်းအထီးဆီ လာနေခြင်း ဖြစ်၏။ ငှက်မွေးများတွင်လည်း သွေးများစွန်းနေသည်။
မန်မန်း အမက အချိန်အတော်ကြာ ရုန်းကန်နေပြီး မန်မန်းအထီးဆီ လာနေသည်။ ထိုအရာက ရှေ့တိုးဖို့ အချိန်ယူနေရ၏။ မန်မန်းအထီးဆီ ရောက်လာသည့်အခါ မန်မန်းအထီး၏ ခန္ဓာကိုယ်ပေါ် ခေါင်းတင်ပြီး လုကျိုးအား ကြည့်လာသည်။ ထိုအကြည့်ထဲတွင် ရန်လိုစိတ် မပါတော့ပေ။ ထို့အစား စိတ်သက်သာရာ ရသွားဟန်ပေါ်၏။ ထို့နောက် အသံတိုးတိုးဖြင့် ငြီးငြူလိုက်သည်။
လုကျိုးက ထိုအရာ၏ လက်သည်းပေါ်မှ အနီရောင်သင်္ကေတကို မြင်သည့်အခါ လက်ဝေ့လိုက်သည်။
သင်္ကေတက မြေပေါ် ပြုတ်ကျသွားပြီး ပျောက်ကွယ်သွားသည်။
မန်မန်းအမက တောင်ပံကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် ပင်ပန်းနေသကဲ့သို့ မျက်လုံးမှိတ်သွားလေ၏။
“တင်း မန်မန်းအမကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် လေးထောင် ရရှိပါတယ် ”
ချုံးဝူတောင်ထိပ်တွင် တောင်ပံတစ်ခုနှင့် မျက်လုံးတစ်လုံးပါသည့် ဘဲခေါင်းစိမ်းနှင့် တူသည့် ငှက်များ ရှိသည်။ သူတို့က စုံတွဲလျက် ပျံသန်းနေထိုင်ကြပြီး မန်မန်းဟု လူသိများကြ၏။
လုကျိုးက သက်ပြင်းချလိုက်သည်။ သက်ရှိအားလုံးတွင် အသိဉာဏ်ရှိ၏။ တစ်ခါတစ်ရံတွင် လူသားများက ငှက်များကိုပင် မယှဉ်နိုင်ပေ။
သူက မန်မန်းများကို ဆက်လေ့လာလိုက်သည်။ သူတို့က ချီယောင်ကဲ့သို့ ထူးခြားသည့် ပစ္စည်းများရမလားဟု စစ်ဆေးကြည့်လိုက်သည်။ သို့သော် ဘာမှမရပေ။
သူက ဆက်မနေတော့ဘဲ လေထဲ ပျံသန်းထွက်လာလိုက်၏။
………..…
လုကျိုး ထွက်သွားပြီးနောက် တစ်နာရီအကြာတွင်
ခေါင်းအထက် အနီရောင်ပဝါ ရှိထားသည့် ချပ်ဝတ် ကျင့်ကြံသူနှစ်ယောက်က ပျံသန်းလာကြ၏။
“ဒီမှာ ”
နှစ်ယောက်သားက အနီရောင်သင်္ကေတများဖြင့် ပြုလုပ်ထားသည့် အဆောင်ဖြင့် အလျှင်အမြန် ရောက်လာကြသည်။ သူတို့က ရှေ့မှ မြင်ကွင်းကို မြင်လိုက်သည့်အခါ တုန်လှုပ်အံ့အားသင့်သွားသည့် အမူအရာမျိုး ပေါ်ထွက်လာ၏။
“ကုမင် ”
သူတို့က ပုံပျက်ပန်းပျက် အလောင်းကို မြင်လိုက်သည့်အခါ အတော်လေး တုန်လှုပ်သွားကြသည်။
“အဆင့်မြင့်ကျင့်ကြံသူပဲ” နှစ်ယောက်သား၏ အမူအရာက မှုန်မှိုင်းလာကြ၏။
…
အခန်း (၆၈၁) ဂိုဏ်းချုပ်ဟောကြားခြင်း
“ဒါက ကုမင်ရဲ့ချပ်ဝတ်ပဲ။ ဖျက်ဆီးခံလိုက်ရပြီ”
နှစ်ယောက်လုံးက ထိတ်လန့်သွားသည်။
တစ်ယောက်သာ လေထဲပျံဝဲကာ တိုက်ပွဲဖြစ်ပွားရာနေရာ၏ ဗဟိုဧရိယာကို ငုံ့ကြည့်လိုက်သည်။
မြေပြင်ပေါ်၌ စက်ဝိုင်းတစ်ခုရှိနေသည်။ ပွင့်ချပ်သဏ္ဌာန်နှင့် ဆင်တူပုံပေါ်နေ၏။ ထို့အပြင် ပတ်ပတ်လည်က ထိခိုက်နေ၏။ ထိခိုက်မှု၏အတိုင်းအတာသည် သူတို့စစ်ဆေးနိုင်သည်ထက် ပိုကြီးမား၏။ ဖျက်ဆီးမှုသည် မြေပြင်၏မီတာထောင်ချီကို ထိခိုက်သွားသည်။
“အားကောင်းလိုက်တဲ့ အဖျက်စွမ်းအား။ ရွှေကြာကမ္ဘာမှာ ဒီလိုပညာရှင်တစ်ယောက် ရှိနေတယ်”
“ပွင့်ချပ်ကိုးလွှာသိုင်းပညာရှင်များဖြစ်နေသလား”
“ကုမင်ရဲ့ချပ်ဝတ်က ပွင့်ချပ်ကိုးလွှာ တိုက်ကွက်တစ်ကွက်ကို ပိတ်ဆို့နိုင်စွမ်းရှိတယ်။ ဒါက သူ့ကို ထွက်ပြေးဖို့ အခွင့်အရေးပေးမှာပဲ။ ဒါပေမဲ့ ဒီချပ်ဝတ်က ဖျက်ဆီးခံလိုက်ရပြီး ဖျက်ဆီးမှုကိုကြည့်ဦး။ ပွင့်ချပ်ဆယ်လွှာ ဒါမှမဟုတ် ဆန်းကြယ်ကောင်းကင်အကျော်အမော်တစ်ယောက်တောင် ဖြစ်နိုင်တယ်”
ဆန်းကြယ်ကောင်းကင်ဟူသည် ရန်သူက ဘုံတစ်ထောင်လေပွေကိုတောင် ဖွဲ့တည်နိုင်သည်။ ရန်သူ၏ခွန်အားသည် ဘုံတစ်ထောင်လေပွေကို ဖွဲ့စည်းနိုင်သည့် ပွင့်ချပ်ဆယ်လွှာအဆင့်သို့ ရောက်နေပြီဟု ဆိုလိုသည်။ ဘုံတစ်ထောင်လေပွေ ... ယင်းသည် ပွင့်ချပ်ဆယ်လွှာအဆင့်အောက်ရှိ အားလုံးက ပုရွတ်ဆိတ်မျှသာဖြစ်သည်။
နတ်ဒေဝါဦးတည်နယ်ပယ်နှင့်အောက်တွင် စိတ်ဝိညာဉ်သဏ္ဌာန်သုံးခုလေးခုကို နယ်ပယ်တိုင်း၌ ဖန်တီးနိုင်၏။
နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်၌ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု၊ ဒုက္ခမိုင်တစ်ရာရှုကွင်းသာ ရှိသည်။ စိတ်ဝိညာဉ်သဏ္ဌာန်၏ခွန်အားသည် ပွင့်ချပ်အရေအတွက်ဖြင့် ဆုံးဖြတ်သည်။
ထိုနည်းတူ ဆန်းကြယ်ကောင်းကင်နယ်ပယ်၌ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုသာရှိပြီး ယင်းက ဘုံတစ်ထောင်လေပွေပဲ ဖြစ်သည်။
“ဒီဧရာမသားရဲ ပေါ်ပေါက်လာတာက ရွှေကြာနယ်မြေမှာ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေ ရှိနေတယ်လို့ ဆိုလိုတာပဲ”
“ငါတို့တွေ ဒီလထဲမှာ သားရဲတွေ အများကြီး မတွေ့ရဘူး”
“ဒီတော့ ဒီနေရာမှာ ဆန်းကြယ်ကောင်းကင်သိုင်းပညာရှင်တစ်ယောက် ရှိနေလောက်တယ်။ ငါတို့ဒီမှာ ကြာကြာနေလို့မရဘူး။ ဒီနေရာမှာ နေတဲ့သူတွေနဲ့ ဆက်သွယ်ပြီး သံသယကို အတည်ပြုရမယ်။ ပြီးရင် သတင်းပြန်ပို့ရမယ်”
“အင်း ... ကြယ်ပျံအိမ်တော်ရဲ့ကျန့်ဝမ်ရွှီက သူသေသွားတဲ့အချိန် သတင်းပေးတွေ ရောက်လာတယ်။ သူ တကယ်သေပြီလားဆိုတာ အတည်ပြုရမယ်”
“နှစ်ပေါင်းသုံးရာ ကျော်သွားခဲ့ပြီ။ လော့ရွှမ်က အရူးမဟုတ်တဲ့ပုံပဲ။ ငါတို့က ရူးနေတာ”
မော့မြို့တွင် ဖြစ်သည်။
မိစ္ဆာဝေဟင်မျှော်နန်း အကြီးအကဲလေးယောက်နှင့် စီးဝူယာ့သည် အစည်းဝေးခန်းမထဲ၌ ဆွေးနွေးနေသည်။
ချူးနန်နှင့် ကျန်သည့်သူများက တလေးတစား မတ်တတ်ရပ်နေ၏။ သူတို့က အဆင်ခြင်မဲ့စွာ မပြုမူရဲချေ။
“သားရဲတွေကို အဝေးထိ ရှင်းထုတ်လိုက်ပြီးပြီ။ အခုအစီအရင်ကို ပြုပြင်ဖို့ကြိုးစားရုံပဲ။ သားရဲတွေ ထပ်ပေါ်လာမှာ စိုးရိမ်ရတယ်” မော့မြို့ကို တာဝန်ယူထားရသည့် ငရဲဂိုဏ်းခွဲခေါင်းဆောင် ခယ့်ချင်းဟောက်က ပြောလိုက်၏။
စီးဝူယာ့သည် လက်နောက်ပစ်ထားလျက်ပြောလိုက်သည်။
”ဒီတော့ အစီအရင်ကိုပြင်ရမယ်။ လွန်ခဲ့တဲ့တစ်လတုန်းက အံ့ဖွယ်မြို့တော်ရဲ့ အဆုံးသတ်ဆယ်ပါးအစီအရင်ကို တုပဖို့ တစ်ယောက်ယောက် လွှတ်ခဲ့တယ်”
“သတ္တမသခင်လေးက ဉာဏ်ကောင်းလိုက်တာ။ ဒါမျိုးတွေးမိတယ်။ မြန်မြန်တည်ဆောက်ရမယ်”
ခယ့်ချင်းဟောက်က ပျော်ရွှင်သွားလေ၏။
“မဟုတ်ဘူး” စီးဝူယာ့က ပြော၏။
”ဒီအစီအရင်က ကျန့်ဝမ်ရွှီထားခဲ့တာ။ ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ ဒီအစီအရင်က အစွမ်းထက်ပေမဲ့ အားနည်းချက်တွေလည်းရှိတယ်။ ပြန်ပြင်ဖို့လိုတယ်။ မော့လီက နန်းတော်ထဲမှာ ရှိတဲ့အချိန် လေးခု ပွားပေးခဲ့တယ်။ နွေဦးစံအိမ်ထဲမှာ ရှိတဲ့ အဆုံးသတ်ဆယ်ပါးအစီအရင်တစ်ခုပဲ အလုပ်ဖြစ်တာ။ တုပထားတဲ့အစီအရင်တွေက မသေချာမရေရာတာတွေအများကြီးပါဝင်တာ သိသာတယ်”
ကျော့ယွီရှုက အရိုအသေပေးပြီး ပြောလိုက်၏။
”ဒီကိစ္စကို ခုနစ်စင်ကြယ်ကျောင်းတော်နဲ့ ကောင်းကင်ဦးစီးကျောင်းတော်ဆီ အပ်ထားသင့်တယ် ထင်တယ်”
“သူတို့ကို လွန်ခဲ့တဲ့တစ်လတည်းက ဒီကိစ္စ တာဝန်ပေးထားတာ။ မြန်မြန် တိုးတက်ရမယ်လို့ ထင်တာပဲ”
ကျန်သည့်သူများက ခေါင်းညိတ်လိုက်၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ သတ္တမသခင်လေးသည် သူ၏အမည်အတိုင်းပင် အမြဲတစေ ကျန်သည့်သူများထက် ခေါင်းတစ်လုံးသာ၏။
ကျော့ယွီရှုက ပြောလိုက်သည်။
”ကျောင်းတော်နှစ်ခုက မလုံလောက်ဘူး။ ထိုက်ရွှီကျောင်းတော်က အစီအရင်မှာ ပိုပြီးကျွမ်းကျင်တယ်”
“ထိုက်ရွှီကျောင်းတော်က ပြင်းထန်တဲ့ထိုးနှက်ချက် ခံစားရပြီးနောက် သူတို့မပူးပေါင်းတော့မှာ စိုးရိမ်မိတယ်” လန်လော့က ပြော၏။
“သူတို့ကို ဖျောင်းဖျလိုက်ပါ့မယ်" ကျော့ယွီရှုက ပြော၏။
ထိုစဉ် အပြင်ဘက်ကနေ ခြိမ်းခြောက်နိုင်သော လေသံက ပျံလွင့်လာ၏”ဒီလိုဆိုရင် အကြီးအကဲကျော့က ထိုက်ရွှီကျောင်းတော်ကို သွားလိုက်”
ကျန်သည့်သူများက အလိုလို လှည့်ကြည့်မိကြသည်။ သူတို့သည် ခန်းမထဲသို့ လက်နောက်ပစ်လျက် ဝင်လာသော လုကျိုးကို တွေ့လိုက်ရ၏။
ထိုင်နေသည့်သူများက ချက်ချင်းထရပ်ကာ လုကျိုးကို နှုတ်ဆက်လိုက်ကြသည်။
“မျှော်နန်းသခင်”
“ရှစ်စွင်း”
“ချန်းပေ့ကျိ”
“လုံလောက်ပြီ” လုကျိုးသည် ပင်မထိုင်ခုံဆီ လျှောက်သွားကာ ထိုင်ချလိုက်သည်။
”ငါ မန်မန်းကို သတ်လိုက်ပြီ။ သူတို့တွေက မော့မြို့ကို ထပ်နှောင့်ယှက်တော့မှာ မဟုတ်တော့ဘူး”
ကျန်သည့်သူများက ထိုစကားကို ကြားပြီး ထိတ်လန့်ကြောက်ရွံ့သွား၏။
ချူးနန်က ဦးစွာ အရိုအသေပေးကာ ပြောလိုက်တော့၏။
”ချန်းပေ့ကျိ ... ချန်းပေ့ရဲ့ကျင့်ကြံဆင့်က နက်နဲလွန်းလှပါတယ်။ မော့မြို့အတွက် ကောင်းချီးတစ်ရပ်ပဲ”
လုကျိုးသည် သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
”ယွင်ထျန်းလော့ ကွယ်လွန်သွားပြီးကတည်းက ဂိုဏ်းသုံးဂိုဏ်းက ကျင့်ကြံဖို့ ကြိုးစားနေတယ်။ လော့ဂိုဏ်းရဲ့ မဟာအကြီးအကဲအနေနဲ့ မင်းက မော့မြို့မှာ ဘာလုပ်နေတာလဲ”
ချူးနန်က သက်ပြင်းချပြီးပြောလိုက်၏။
”ကျုပ်မှာ ရွေးချယ်စရာမရှိဘူး။ ဂိုဏ်းသုံးဂိုဏ်းထဲမှာ လူအများစုက ပြန်လည်ကျင့်ကြံဖို့ ရွေးချယ်ကြတယ်။ ကျုပ်က ပြန်လည်ကျင့်ကြံပြီးတဲ့နောက် ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရောက်လာတဲ့ ပထမဆုံးလူပဲ။ ပွင့်ချပ်ကိုးလွှာအဆင့်ဆီ ရောက်ဖို့ နည်းလမ်းရှာဖို့ ခရီးဆက်လာခဲ့တာ။ ဒါပေမဲ့ အခုချိန်အထိရှာမတွေ့သေးဘူး”
“ပြန်လည်ကျင့်ကြံပြီးတဲ့နောက် ပွင့်ချပ်ကိုးလွှာအဆင့်ကို မင်း မရောက်နိုင်ဘူးလား” လုကျိုးက မေးလိုက်၏။ ဤပြဿနာက လေးနက်လှပေ၏။ ယင်းသည် တာ့ယန်၏အနာဂတ်နှင့် သက်ဆိုင်နေသည်။
“မကျင့်ကြံနိုင်တာမဟုတ်ဘူး။ ဒါပေမဲ့ အားကိုးအားထားပြုရမယ့်အတွေ့အကြုံမရှိတာပဲ။ ပွင့်ချပ်ဖူးပွင့်တဲ့ဖြစ်စဉ်နဲ့ ရွှေကြာဖူးပွင့်တာက မတူညီဘူးလေ။ ပွင့်ချပ်တစ်လွှာကနေ ပွင့်ချပ်ရှစ်လွှာအထိကို ကျုပ်ရဲ့ကိုယ်ပိုင်အတွေ့အကြုံကို ကိုးကာနိုင်ပေမဲ့ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့က မတူညီဘူး”
အကြီးအကဲလေးယောက်သည် ထိုစကားကိုကြားသောအခါ အတွေးနက်သွား၏။ သူတို့အားလုံးသည် ဗဟုသုတ ရှိကြသည်။ သို့သော်ငြား ပွင့်ချပ်ရှစ်လွှာအဆင့်မှ ပွင့်ချပ်ကိုးလွှာအဆင့် မည်သို့ ရောက်မည်မှန်းမသိပေ။
စွမ်းအင်ကွင်းများကို တွန်းထုတ်ရခြင်း၏ရည်ရွယ်ချက်က ရွှေကြာပေါ်၌ပွင့်ချပ်များ ပေါ်ပေါက်လာစေရန် ဖြစ်သည်။ ရွှေကြာဖြတ်တောက်ခံလိုက်ရပြီဖြစ်ရာ စွမ်းအင်ကွင်းများ၏ အချက်က မည်သို့နည်း။
“ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ ပတ်သက်ပြီး သင်ယူစရာတွေ အများကြီးရှိသေးတယ်” ဖန်လီထန်းက ပြောလိုက်၏။
“ပွင့်ချပ်ကိုးလွှာအဆင့်ကို ရနိုင်တဲ့နည်းလမ်း မျှဝေပေးမယ်ဆိုရင် ...”
“ပါးစပ်ပိတ်ထား” ဟွားဝူတောက်သည် ချူးနန်ကို ပြောလိုက်၏။
”ရာရာစစ ဒါမျိုးကိုပြောရဲတယ်ပေါ့”
ချူးနန်က တုန်ယင်သွားကာ ဒူးတစ်ဖက်ထောက်လိုက်၏။
”နှုတ်ချော်သွားတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ချန်းပေ့ကျိ”
အမှန်တကယ်ပင် ထိုကဲ့သို့ ကိစ္စရပ်များက တားမြစ်ချက်ပဲဖြစ်သည်။ ထိုစဉ်လုကျိုးက လက်တစ်ဖက်မြှောက်လျက် ပြောလိုက်သည်။
”ဒါမျိုးကိစ္စက မဖြစ်နိုင်တာမဟုတ်ဘူး”
ကျန်သည့်သူများက ထိတ်လန့်သွားလေ၏။ အားလုံးက လုကျိုးကိုစိုက်ကြည့်လာကြသည်။
လုကျိုးကမေးလိုက်သည်”သားရဲတွေက လူသားတွေကို တိုက်ခိုက်တာ ဘယ်နှစ်ခေါက်ရှိပြီလဲ”
ခယ့်ချင်းဟောက်က အရိုအသေပေးကာပြောလိုက်၏။
”မော့မြို့မှာ သုံးကြိမ်ဖြစ်ခဲ့ပါတယ်။ ပထမဆုံးအခေါက်က မန်မန်းလေးတွေ ကျွန်တော်တို့ အာရုံသိပ်မစိုက်ခဲ့ပါဘူး။ ဒုတိယအခေါက်က မန်မန်းကြီးတွေ။ ယီစီရင်စုထဲမှာ သားရဲတွေရှိပါတယ်။ ဒါပေမဲ့ သူတို့တွေက အားနည်းတဲ့ သားရဲတွေပါပဲ”
“တစ်ယောက်ယောက်က ယီစီရင်စုရဲ့ တောင်ဘက်မှာ သူတို့ကို တွေ့လိုက်တယ်”
“ထျန်းကျန်းမြစ်နားမှာ သားရဲတွေပေါ်လာတယ်”
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။
“စီးဝူယာ့”
“အမိန့်ရှိပါရှစ်စွင်း”
“အစီအရင်တည်ဆောက်ဖို့ မြန်မြန်လောလိုက်။ ပြီးတော့ ငါက မကြာခင်မှာ ပွင့်ချပ်ကိုးလွှာအဆင့်ရောက်ဖို့ နည်းလမ်းအကြောင်း ပြောပြပေးမယ်လို့ အားလုံးကိုပြောလိုက်။"
ထိုစကားကို ကြားသောအခါ စီးဝူယာ့က ထိတ်လန့်သွား၏။
”ရှစ်စွင်း တလောကလုံးကို ဟောပြောဖို့ ပြင်နေတာလား” ကျန်သည့်သူများသည် မယုံနိုင်သော အမူအရာဖြင့် မျက်လုံးများ ပြူးကျယ်ကုန်၏။
သားရဲများသာဆိုရင် လုကျိုးသည် ထိုအချက်များကို ထည့်တွေးမှာမဟုတ်။ သို့သော် အနီရောင်ကြာနယ်မြေမှ တမန်တော်များ ပေါ်ပေါက်လာခြင်းသည် သူ့စိတ်ကို ပြောင်းလဲသွားစေ၏။ ယခုအချိန်အထိတိုင် တာ့ယန်တွင် ပွင့်ချပ်ကိုးလွှာအစစ်အမှန်ကျင့်ကြံသူမရှိသေးပေ။ အနီရောင်ကြာနယ်မြေက ကျူးကျော်ရန် ဆုံးဖြတ်ခဲ့ပါက သူတို့ကိုယ် သူတို့မည်ကဲ့သို့ ခုခံကာကွယ်မည်နည်း။
ဖန်လီထန်းက အရိုအသေပေးလျက်ပြောလိုက်သည်။
”မျှော်နန်းသခင် ကျေးဇူးပြုပြီး ဒီကိစ္စကို ဂရုတစိုက်စဉ်းစားပါ”
“ကျေးဇူးပြုပြီး ဒီကိစ္စကို ဂရုတစိုက်စဉ်းစားပါ။ မျှော်နန်းသခင်” ကျန်သည့်အကြီးအကဲများကလည်း ဝင်ပြောသည်။
ယင်းက အသေးအမွှားကိစ္စမဟုတ်ပေ။
သို့သော် လုကျိုး၏အမူအရာက မပြောင်းမလဲရှိနေ၏။
”ငါ စိတ်ပြင်ဆင်ပြီးပြီ” လက်ရှိတွင် သူက အစစ်အမှန် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ မဟုတ်ပေ။ သူသည် အနှေးနဲ့အမြန်အဆင့်ချိုးဖြတ် တက်နိုင်လိမ့်မည်။ သူ၏အခြေအနေကို အကဲဖြတ်ကြည့်ပါက ပွင့်ချပ်ကိုးလွှာအဆင့်ရောက်ရန် သိပ်မလိုတော့ဟု ယုံကြည်သည်။ ထိုအချိန်ရောက်လျှင် သူက ကျန်သည့်သူများကို သတိပေးမိသလိုဖြစ်သွားမည်။ ထိုသို့ ပြုလုပ်မည့်အစား ပွင့်ချပ်ဖူးပွင့်ခြင်းနည်းလမ်းကို သရုပ်ပြသည်ဟု အမည်ခံရန် ဆုံးဖြတ်ချက်ချလိုက်၏။ သူသည် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်သတ်နိုင်တာပဲဖြစ်သည်။
ငါ ကောက်ကျစ်လွန်းနေသလား။
မိစ္ဆာဝေဟင်မျှော်နန်း၏ ကျင့်ကြံသူများသည် ဒူးထောက်လျက် ပြောလိုက်သည်။
”ဂိုဏ်းချုပ်ရဲ့သဘောထားကြီးမြတ်မှုက ဂိုဏ်းချုပ်ဆီက ကျွန်တော်တို့ သင်သင့်တဲ့အရာပါ”
"ဂိုဏ်းချုပ်ရဲ့သဘောထားကြီးမြတ်မှုက ဂိုဏ်းချုပ်ဆီက သင်သင့်တဲ့အရာပါ”
“တင်း ... လူဆယ်ယောက်ရဲ့ ကိုးကွယ်ခြင်းခံရပါတယ်။ ဆုလာဘ် ကုသိုလ်မှတ်ဆယ်မှတ်”
“ပွင့်ချပ်ရှစ်လွှာအဆင့်ရောက်ပြီးရင် လူတိုင်းကိုးကွယ်တဲ့အမှတ်က တစ်မှတ်သာရမည်။ ဆုလာဘ်ကို ထပ်ပေးမှာ မဟုတ်ပေ”
လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ စနစ်ကလှည့်စားလွန်းတာပဲ။
ထားလိုက်တော့ ... ငါ မန်မန်းနဲ့ ကုမင်ကို သတ်ပြီးအတော်လေးရလိုက်တာပဲ။ ပွင့်ချပ်ကိုးလွှာအဆင့်အတွက် အသင့်ပြင်ဖို့အချိန်ရောက်ပြီ။
လုကျိုးက ထရပ်လိုက်သည်။ ထိုစဉ် ငရဲဂိုဏ်းသားတစ်ယောက်က အမောတကောဖြင့် ပြေးဝင်လာပြီးပြောလိုက်၏။
”ဂိုဏ်းချုပ် အပြင် ... အပြင်မှာ”
ဂိုဏ်းခွဲသခင် ခယ့်ချင်းဟောက်က မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။
”ဘာလဲ။ သားရဲတွေရောက်လာလို့လား”
“မဟုတ် မဟုတ်ဘူး မဟုတ်ဘူး။ လူတွေ လူတွေအများကြီး”
လုကျိုးသည် တပည့်များကို တချက်ကြည့်လိုက်၏။ သူက လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။
”တစ်ချက်သွားကြည့်ရအောင်”
ကျန်သည့်သူများက အရိုအသေပေးလျက် သူ့နောက်က လိုက်လာ၏။ ချူနန်းဘေးတွင် လိုက်လာသော ရှောင်ယွင်သည် တစုံတစ်ခု ပြောချင်သော်ငြား ချူးနန်က အသံတိုးတိုးဖြင့် ပြောလိုက်၏။
”ချန်းပေ့ကျိက စိတ်ပြောင်းလွယ်တဲ့လူတွေကို သဘောမကျဆုံးပဲ။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်ဖို့ စဉ်းစားနေတုန်းလား”
ရှောင်ယွင်သည် ချက်ချင်းဖြူဆုတ်သွားတော့သည်။
စံအိမ်အပြင်ဖက်တွင်ဖြစ်သည်။
လမ်းပေါ်၌ ရုတ်ရုတ်သဲသဲဖြစ်နေ၏။ တံခါးများပွင့်နေပြီး သာမန်မြို့သူမြို့သားများက တံခါးဝ၌ ဒူးထောက်နေ၏။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
“ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်”
“တင်း ... လူပေါင်း အယောက်၅၂၀ရဲ့ ကိုးကွယ်ခြင်းခံရပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၅၂၀”
လုကျိုး အပြင်ထွက်လိုက်၏။
“တင်း ... လူပေါင်း အယောက်၁၁၀၀ရဲ့ ကိုးကွယ်ခြင်းခံရပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၁၁၀၀”
သူသည် လမ်းဆုံးတွင်ရပ်ကာ သူ့နားတဝိုက်ကို လှည့်ပတ်ကြည့်လိုက်၏။ ကမ္ဘာမြေပေါ်မှစကားတစ်ခွန်းကို သတိရမိသည်။ လူ၏စိတ်နှလုံးကို အနိုင်ရသူသည် လောကကို အောင်နိုင်၏။
သူက မိစ္ဆာလမ်းစဉ်ကဆိုတာ အရေးမကြီးပေ။
လုကျိုးက လေထဲပျံဝဲလျက် အောက်ငုံ့ကြည့်လိုက်သည်။ အနားရှိလမ်းပေါ်တွင် လူများပြည့်နေ၏။
သူသည် လမ်းမများပေါ် အသံလှိုင်းဖြတ်သွားစေသည်။
”ငါ ဒီမှာရှိနေရင် မိုး မပြိုဘူး”
သူက ယုံကြည်ကိုးကွယ်မှု ထပ်ရကြောင်း အသိပေးသံ ရောက်လာသည်။ ဤနည်းဖြင့်သူသည် နောက်ထပ် ကုသိုလ်မှတ်နှစ်သောင်းထပ်ရလိုက်သည်။