အခန်း (၆၅၅-၆၅၇)
Vol. 44 Ch. 655-657
အခန်း (၆၅၅) ဘယ်သူက အနိုင်ရသူလဲ
လျန့်စီရင်စုမှ အရိုးမြှုပ်နှံရာကုန်းမြေ၏အဆုံးအထိ ပွင့်ချပ်ခုနစ်လွှာ၏အရှိန်နှင့် ယွီရှန်းရုန်သည် ကျီလျန့်၏အရှိန်ဖြင့် ကြားတွင် ကြိမ်ဖန်များစွာရပ်ကာ သူသွားလိုရာ နေရာသို့ရောက်ရန် ဆယ်ရက်ခန့် အချိန်ယူရသည်။ သူ့၌ ကျီလျန့်မရှိလျှင် အချိန်နှစ်ဆ ယူရပေလိမ့်မည်။ ကျင့်မင်တာအိုဂိုဏ်း၏သခင် ကျန့်ယွမ်ရွှမ်းနှင့် တိုက်ခိုက်ပြီးနောက် သူသည် သူ၏ပွင့်ချပ်ရှစ်လွှာအရှိန်ဖြင့်ဆားငန်တောင်ရှိ မုရှီးသင်္ချိုင်းသို့ ပြန်လာခဲ့၏။ လမ်းတစ်လျှောက်တွင် ကြိမ်ဖန်များစွာ ရပ်နားပြီးနောက် ခုနစ်ရက်တာ အရှိန်ယူခဲ့ရ၏။
မနားမနေဘဲ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ဦး၏အရှိန်အပြည့်ဖြင့် ခရီးနှင်ခဲ့လျှင် လို့လန်မှ ကောင်းကင်ကျုံးကို ဖြတ်ကျော်ကာ လျန့်စီရင်စုဆီသို့ ငါးရက်ခန့်အချိန်ယူရပေလိမ့်မည်။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ဦး၏အရှိန်အပြည့်ဖြင့် မနားမနေဆို နှစ်ရက်ခန့် အချိန်ယူရပေမည်။
တစ်ရက်တာ ကုန်လွန်သွားပြီးနောက် မဟာမိတ်တိုင်းပြည်ခုနစ်ခုသည် လျန့်စီရင်စု၊ ယီစီရင်စုနှင့် ယွီစီရင်စု၏လူများကိုတောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် အချိန်လုံလောက်ပေ၏။
လုကျိုးသည် ကျန့်ဝမ်ရွှီကို လျစ်လျူရှုထား၏။ သူသည် ကျန့်ဝမ်ရွှီကို လက်ဝါးစည်းတံဆိပ်ဖြင့် ချုပ်ကိုင်ထားပြီး သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ပေါက်ချိန်တွင် သူ၏အရှိန်နှင့်စွမ်းအားသည် အမြင့်ဆုံးသို့ တိုးလာသည်။ ယခုအချိန်တွင် သူက ထိပ်တန်းအဆင့်အရှိန်ဖြင့်လှုပ်ရှားနေလေ၏။
“မင်း ငါ့အကြောင်းဘာမှ မသိဘူး” သူက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး မဟာနည်းစနစ်ကို လျင်မြန်စွာ ထုတ်ဖော်နေ၏။ သူသည် တစ်ချက်တည်းဖြင့် မီတာပေါင်းထောင်ချီကို ကျော်လွှားသွား၏။
သစ်ပင်များက ဝေဝါးသွား၏။ ကောင်းကင်၏အရောင်ကမူ မှေးမှိန်လာသည်။ မြင်ကွင်းကို မမြင်ရတော့ပေ။
ကျန့်ဝမ်ရွှီက တုန်လှုပ်လာလေ၏။ အနီရောင်ကြာနယ်မြေရှိ အားအကောင်းဆုံးကျင့်ကြံသူတောင် ဤပုံစံဖြင့် သူတို့၏မဟာနည်းစနစ်ကို မနားမနေထုတ်သုံးမှာမဟုတ်ပေ။ သူ၏လျှာဖျားထိပ်တွင် ပေါ်လာသည့် လှောင်ပြောင်ထေ့ရိသည့်စကားလုံးများအားလုံးကို မျိုချလိုက်၏။ သူ၏လောကအမြင် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ ဤလူက လူသားမဟုတ် မကောင်းဆိုးရွား ဖြစ်ချေသည်။
ကျန့်ဝမ်ရွှီပြောသည့်အတိုင်း ယခုလျန့်စီရင်စုမြို့သည် တိုက်ပွဲအတွင်း ကျရောက်နေ၏။
ဟွမ်းရှစ်ကျဲသည် သူ၏ပွင့်ချပ်ရှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ပြီး မြို့ရိုးထိပ်တွင် ကျန်သည့် တခြားမျိုးနွယ်များကို ဖယ်ခွာချနေ၏။ ထိုသို့တိုင် ရှည်ကြာသည့်တိုက်ပွဲကြောင့် မောပန်းမှုကို ခံစားနေရသည်။
စီးဝူယာ့၏ဧရာမတောင်ပံသည် လေထဲတဖျပ်ဖျပ် ခတ်နေလေ၏။ သူ၏စွမ်းအင်အပ်တို့ဖြင့် ကျင့်ကြံသူတစ်ဒါဇင်ကို ရှင်းထုတ်လိုက်သည်။ သူ အမိန့်ပေးလိုက်သည်။
“နောက်ဆုတ်ကြ ... တိုင်းသူပြည်သားတွေကို ကာကွယ်။ ယီစီရင်စုရှိရာဖက်ကို နောက်ဆုတ်ကြ”
“နားလည်ပါပြီ” တာ့ယန်ကျင့်ကြံသူများသည် ရှေ့တွင် စိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် ကာထားလျက် တစ်ဖက်ခြမ်းတွင် တခြားမျိုးနွယ်များကို ထိန်းထားလေ၏။
ကျန်းအိုက်ကျန့်သည် မြို့ရိုးပေါ်ကနေ ဖြတ်သန်းသွားသည်။ သူ၏နဂါးတေးသံက တခြားမျိုးနွယ်များ၏လည်ပင်းကို ပိုင်းဖြတ်သွားသည်။
“သူတို့က ရွံ့ဖို့ကောင်းလိုက်တာ” ကျန်းအိုက်ကျန့်သည် တံတွေးထွေးပြီးနောက် ပြောလိုက်၏။ သူသည် ဆင်းသက်လာပြီး လေထဲ ရထားလုံးပျံခုနစ်လုံးကို ကြည့်လိုက်သည်။
မဟာမိတ်တိုင်းပြည်ခုနစ်မှ ဧရာမရထားလုံးပျံ ပေါ်ဖူ၊ ချီကုန်း၊ စုရှန်း၊ ချန်ကိုက်၊ ကျင့်ကျုံး၊ ကျူးယင်၊ ဝူရှန်းတို့ဖြစ်သည်။
ထိုသို့သော တိုက်ခိုက်မှုက မမှန်းဆထားသည့်အရာဖြစ်သည်။
စီးဝူယာ့သည် လူအများစုထက် ဉာဏ်ကောင်းသော်ငြား မဟာမိတ်တိုင်းပြည်ခုနစ်ခုကို တိုက်ခိုက်နေစဉ် နောက်ဆုတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
“သူတို့တွေ အားကုန်ထုတ်သုံးထားတာပဲ” ကျန်းအိုက်ကျန့်က ခေါင်းငုံ့ထားလျက် ထပ်မံပျံသန်းလိုက်သည်။
တိုင်းပြည်ခုနစ်ခု၏အကျော်အမော်များက လေထဲတက်လာတော့သည်။
တာ့ယန်ကျင့်ကြံသူများက လဲပြိုကျကုန်၏။
“ရှစ်မေ့ နောက်ဆုတ်” ကျန်းအိုက်ကျန့်သည် အနားတွင် တိုက်ခိုက်နေသော လီကျင်းယီကို မြင်သောအခါ သူမကိုလှမ်းအော်ပြောလိုက်သည်။
“ဟုတ်ပြီ” လီကျင်းရီက ပြန်လှည့်သွားသည်။
တာ့ယန်၏ကျင့်ကြံသူများသည် လျော့ကျနေသော ဒီရေပမာ ဆုတ်ခွာနေ၏။ သူတို့ဆုတ်ခွာနေစဉ် လမ်းတစ်ဝက်၌ ရထားလုံးပျံခုနစ်စီးသည် လျန့်စီရင်စုထက်တွင် ပျံဝဲနေပြီဖြစ်သည်။
စီးဝူယာ့က ပြောလိုက်၏။ “အစီအရင်ကို အသက်သွင်း”
ဝှစ်
ကားလိပ်ကဲ့သို့ အရံအတားသည် လျန့်စီရင်စုမြို့ပေါ်၌ ထွန်းလင်းတောက်ပလာ၏။ အရံအတားသည် မဟာမိတ်တိုင်းပြည်ခုနစ်ခု၏ ကျင့်ကြံသူများကို ပိုင်းခြားလိုက်သည်။ “အရံအတားက ကြာရှည်ခံမှာ မဟုတ်ဘူး။ နောက်ဆက်ဆုတ်ကြမယ်”
သူတို့ကို အံ့အားသင့်သွားစေသည်က မဟာမိတ်တိုင်းပြည်ခုနစ်ခု၏ရထားလုံးပျံများသည် ရူးသွပ်နေပုံရသည်။ သူတို့ကျင့်ကြံသူများ၏ကာကွယ်ပေးမှုအောက်တွင် သူတို့စွမ်းအင်များကို ဖော်ထုတ်လျက် အရံအတားကို ဝင်တိုက်ကြ၏။
ဖုန်း ဖုန်း ဖုန်း
ရထားလုံးပျံခုနစ်လုံးသည် တစ်ပြိုင်နက်တည်း အရံအတားကို ဝင်တိုးလာ၏။
ကောင်းကင်ကားလိပ်ပေါ်၌ အက်ရာများ ထင်ဟပ်လာသည်။
တာ့ယန်၏ကျင့်ကြံသူများလည်း ပျာယာခတ်လာတော့သည်။
ကျန်းအိုက်ကျန့်သည် လူအုပ်ထဲပြန်ရောက်လာကာပြောလိုက်တော့သည်။
“ငါ သူတို့ကို ထောက်လှမ်းပြီးပြီ။ သူတို့ပြင်ဆင်လာတာ။ သူတို့တွေက မီးကုန်ယမ်းကုန် တိုက်ခိုက်တော့မှာ”
စီးဝူယာ့သည်ရထားလုံးပျံခုနစ်စင်းကို ကြည့်ပြီးပြောလိုက်၏။
“ဒီလောက်မြန်မြန် သူတို့အကျိုးအမြတ်အတွက် ပူးပေါင်းတယ်ဆိုတာ ယုံဖို့ခက်ခဲတယ်”
ကျူးဟုန်ကုန်းက အနေခက်စွာ ပြောလိုက်၏။
“သူတို့ကို ဘယ်သူက ဂရုစိုက်မှာလဲ။ ကျွန်တော်တို့ဖာသာ ပြေးသင့်လား”
သူတို့သည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများဖြစ်၏။ သူတို့ကိုယ်သူတို့ ကယ်တင်ဖို့က ပြဿနာတစ်ရပ်မဟုတ်ပေ။
တွမ့်မူရှန်းက မျက်မှောင်ကျုံ့ကာပြောလိုက်သည်။ "ပါးစပ်ပိတ်"
ကျူးဟုန်ကုန်းက ချက်ချင်း ညှိုးကျသွားတော့သည်။
သူတို့သည် ဤအခိုက်အတန့်တွင် မြို့ကိုစွန့်ပစ်ပြီး ပြည်သူများကို သူတို့ကံကြမ္မာအတိုင်း နေခွင့်ပေးခဲ့ပါက ငရဲဂိုဏ်းက အားစိုက်ထုတ်ခဲ့သည့်အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ မျိုးဆက်ပေါင်းများစွာအထိ ကျိန်ဆဲခံရမှာဖြစ်၏။
မိစ္ဆာလမ်းစဉ်က ကြောက်မက်ဖွယ် မကောင်းပေ။ သို့သော် လမ်းကြောင်းပျောက်သွားခဲ့လျှင် ပေတစ်သိန်းနက်သည့်ချောက်နက်ထဲ ထိုးကျသွားသည်နှင့် ဆင်တူပေလိမ့်မည်။
ကျူးဟုန်ကုန်း၏ဖခင် ကျူးထျန်းယွမ်က ပြော၏။
“ငရဲဂိုဏ်းနဲ့ အံ့ဖွယ်မြို့တော်ရဲ့တိုက်ပွဲက အကြာကြီးဖြစ်ခဲ့တာ။ ဒီနေရာမှာ မဟာစစ်သူကြီးရှစ်ယောက် ရှိသေးမယ်ဆိုရင် တောင့်ခံနိုင်ဖို့အခွင့်အရေးရှိဦးမယ်။ အခုအနိုင်ရဖို့ ခက်ခဲနေပြီ”
စီးဝူယာ့က ပြောလိုက်၏။ "အခု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမဲ့အချိန် မဟုတ်ဘူး။ စိတ်ဓာတ်ခွန်အားက အရေးကြီးတယ်။ တခြားသူတွေကို ဆွဲမချနဲ့။ နောက်ဆက်ဆုတ်ကြမယ်”
“အင်း ... တာ့ရှစ်ရှိုးနဲ့အာ့ရှစ်ရှိုး ဒီမှာရှိနေရင် ဒီလူတွေစိတ်တိုင်းကျ ပြုမူရဲမှာမဟုတ်ဘူး”
ကျူးဟုန်ကုန်းက ပြောလိုက်၏။
“အခု နောက်ဆုတ်ဖို့ပဲအာရုံစိုက်ထား … အံ့ဖွယ်မြို့တော်ဆီစာပို့ပြီးသား။ လျှို့ရှစ်ကျဲနဲ့ တခြားသူတွေက ငါတို့ဆီလာနေပြီ။ တခြားသူတွေက ငါတို့ထူးခြားနေတာမြင်ပြီး ငါတို့နဲ့ယှဉ်တွဲပြီး ရန်သူတွေကို တိုက်ခိုက်ပေးဖို့မျှော်လင့်ရတာပဲ" စီးဝူယာ့ကပြောလိုက်၏။
“မျှော်လင့်ရုံပဲရှိတယ်”
စီးဝူယာ့၏ဘေးတွင် ရှောင်ယွမ်အာက ခရုလေးကို ဆွဲလာသည်။
ခရုလေးသည် ရထားလုံးပျံခုနစ်စီးကို မြင်ပြီးပေါက်ကွဲသံများကို ကြားလိုက်ရ၏။
“ညီမ ကြိုးစားကြည့်မယ်” ခရုလေးသည် သူမ၏လန်ထျန့်ကျောက်စိမ်းပုလွေကို မြှောက်လိုက်သည်။
“မင်းလား” ကျန်းအိုက်ကျန့်က ခေါင်းခါလိုက်၏။
“မိန်းကလေး ငါတို့ဆီပြဿာနာခေါ်မလာနဲ့ ... ဟုတ်ပြီလား။ သူ့ကို ဝေးဝေးခေါ်သွား”
ခရုလေးသည် သူ့အကြံကို နားမထောင်ပေ။ ထိုအစား လန်ထျန့်ကျောက်စိမ်းပုလွေကို သူမ၏နှုတ်ခမ်းနားမြှော က်လိုက်သည်။
အနီရောင်စွမ်းအင်ပေါ်လာပြီး အသံလှိုင်းပျံသွား၏။ အနီရောင်စွမ်းအင်လှိုင်းသည် ပုလွေ၏ငြိမ့်ညောင်းသော တေးသွားနှင့်အတူ ဆက်လက်ပျံ့သွားသည်။
ယင်းကို မြင်သောအခါ စီးဝူယာ့က တအံ့တဩထုတ်ပြောလိုက်သည်။ “အနီရောင်စွမ်းအင်”
တာ့ယန်၏ ကျင့်ကြံသူများသည် ၎င်းကို သတိပြုမိသွား၏။ သူတို့သည် လေထဲရှိမိန်းမငယ်လေးကို မော့ကြည့်လိုက်ကြသည်။ သံစဉ်သည် လန်ထျန့်ကျောက်စိမ်းပုလွေမှရောက်လာ၏။
“အနီရောင်စွမ်းအင်လား”
သူမ၏ဆရာတူတပည့်များတောင် ယင်းကိုမြင်ပြီးထိတ်လန့်သွားသည်။
အသံသည် နယ်ပယ်တစ်ခုလုံးကို တိုက်ခိုက်သည့် ဂန္ထဝင်နည်းလမ်းတစ်ခုဖြစ်သည်။
အနီရောင်စွမ်းအင်များသည် ကောင်းကင်ထဲရှိရထားလုံးပျံဆီသို့ တလိမ့်လိမ့်ပြန့်သွားချိန် အဆင့်နိမ့်ကျင့်ကြံသူများသည် နာကျင်နေပုံပေါ်၏။ သူတို့ပျံသန်းနိုင်စွမ်းမရှိတော့ဘဲ မြေပြင်ပေါ်ပြုတ်ကျသွား၏။
သို့သော် အဆင့်မြင့်ကျင့်ကြံသူများကမူ ထိခိုက်မှုမရှိပေ။
ရှောင်ယွမ်အာက လက်ခုပ်တီးလျက်ပြောလိုက်သည်။
“ခရုလေး မြန်မြန် ... နင်လုပ်နိုင်တယ်။ ရထားလုံးပျံတွေ ယိမ်းခါနေပြီ”
ရထားလုံးပျံခုနစ်စင်းပေါ်ရှိ အကျော်အမော်များက ယင်းကို သတိပြုမိသည်။ သူတို့သည် ပဲ့ထိန်းရန်အတွက် လူများကိုအစားထိုးလိုက်၏။
မကြာခင်၌ သိုင်းပညာရှင်များသည် ရထားလုံးပျံထဲမှ ပျံထွက်လာပြီးနောက် အတန်းလိုက်စီလိုက်၏။
ခြင်္သေ့ဘုရင်၊ မြွေဘုရင်၊ နွားသိုးဘုရင်နှင့်ကျန်သည့် စိတ်ဝိညာဉ်သဏ္ဌာန်များတောက်ပလာ၏။
များစွာသောအသံလှိုင်းများက အနီရောင်စွမ်းအင်ကို ပြန်လည်တိုက်ခိုက်နေသည်။
အနီရောင်စွမ်းအင်သည် ချက်ချင်းပြိုကွဲသွားပြီး အသံလည်းချက်ချင်းရပ်တန့်သွား၏။
ဒီရေလှိုင်း၏ဆူညံသံသည် သည်းမခံနိုင်လုနီးပါးပင် သူတို့၏စိတ်များပေါက်ကွဲလုနီးပါးခံစားရ၏။
ဘန်း
ခရုလေးက နောက်ကျွမ်းပစ်သွားတော့သည်။
“ရှောင်ရှစ်မေ့”
ကျန်သည့်သူများသည် သူတို့၏စွမ်းအင်ကို လည်ပတ်ကာ ခရုလေးကို ဖမ်းလိုက်ကြ၏။
သူမကိုယ်သူမတည်ငြိမ်အောင်ထိန်းပြီးနောက် ခရုလေး၏မျက်နှာက ဖြူဖျော့နေတော့သည်။ သူမ၏ကျင့်ကြံဆင့်က နိမ့်လွန်းနေသည်။ သူမ၏ကျင့်ကြံဆင့်ဖြင့် တစ်ပြိုင်နက်တည်း ကျင့်ကြံသူများစွာ၏ ကျင့်ကြံဆင့်ကို မပိတ်ဆို့နိုင်ပေ။
ကျင့်ကြံသူတစ်ယောက်သည် နောက်မှအရှိန်ဖြင့် ပျံသန်းလာ၏။
“သတင်းပို့ပါတယ်။ တခြားသူတွေ မြို့ထဲကထွက်သွားပါပြီ။ သူတို့တွေကို ရထားလုံးပျံသုံးစင်းနဲ့ ပို့ဆောင်ပေးနေပါပြီ”
“ဟုတ်ပြီ အားလုံးပဲနောက်ဆုတ်ကြ”
တာ့ယန်ကျင့်ကြံသူများသည် လျန့်စီရင်စုမှာနောက်ဆုံးထွက်ခွာသွားပြီဖြစ်သည်။
သိုင်းပညာရှင်ခုနစ်ဦးသည် ယင်းကိုမြင်တွေ့ပြီး သူတို့၏ရထားလုံးပျံအသီးသီးထဲမှခုန်ထွက်လာ၏။ သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို ဆင့်ခေါ်ကာ တာ့ယန်ကျင့်ကြံသူများဆီပစ်ခွင်းတော့၏။
“ဘယ်သူမှ ဒီနေ့ထွက်သွားလို့မရဘူး”
စိတ်ဝိညာဉ်သဏ္ဌာန်များက လျင်မြန်စွာ ရွေ့လာတော့သည်။
သိုင်းပညာရှင်ခုနစ်ဦးက တာ့ယန်ကျင့်ကြံသူများကို အပေါ်စီးမှ ငုံ့ကြည့်နေလေ၏။
“ငါတို့အခုဘာလုပ်ကြမလဲ” ကျူးဟုန်ကုန်းက မေးလိုက်သည်။
“ငါတို့တွေ လက်ဖက်ရည်ဖျော်မှာပေါ့။ မင်း မေးနေတာ ရပ်နိုင်မလား” တွမ့်မူရှန်းက မခံမရပ်နိုင်အောင် ဒေါသထွက်ပြီးပြောလိုက်၏။
“အင်း တုံးတုံးအအနဲ့ မွေးဖွားလာမိတာ တောင်းပန်ပါတယ်။ အစ်ကိုတို့လိုသာ ကျွန်တော်ဉာဏ်ကောင်းမယ်ဆိုရင် မေးနေရမှာ မဟုတ်ဘူး”
စီးဝူယာ့က ပြောလိုက်၏။
"ကျူးဟုန်ကုန်း မင်းက တစ်ဖက်ကိုသွား။ မိန်းကလေး လီကျင်းယီနဲ့ ကျန်းအိုက်ကျန့်တို့က တစ်ဖက်ကို တာဝန်ယူ။ ချန်းပေ့ဟွမ်းရှစ်ကျဲက သူ့ဖာသာသူ တစ်နေရာ တာဝန်ယူလိမ့်မယ်။ စန်းရှစ်ရှိုးနဲ့ငါက အခြေအနေပေါ်မူတည်ပြီးလှုပ်ရှားမယ်။ တခြားသူတွေက အရှေ့ဘက်ကိုဆုတ်ခွာ”
“ဟုတ်ပြီ” စီးဝူယာ့၏အသံက မှိန်ဖျော့သွားချိန်၌ ...
ဒုန်း ဒုန်း ဒုန်း
လျန့်စီရင်စုမြို့ပေါ်ရှိ ကားလိပ်ကဲ့သို့အရံအတားသည် ရထားလုံးပျံခုနစ်စင်းနှင့်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုအောက်တွင် တစစီဖြစ်သွား၏။
“ဒါပဲ ... ငါတို့ရှုံးမလား။ နိုင်မလား”
…
အခန်း (၆၅၆) ရှင်းထုတ်ခြင်း
လျန့်စီရင်စု၏ အကာအရံ ကြေမွသွားသည်နှင့် မဟာမိတ်တိုင်းပြည် ခုနှစ်ခုမှ ကျင့်ကြံသူများစွာက အလုံးအရင်း ဝင်ရောက်လာကြသည်။
တာ့ယန်၏ ကျင့်ကြံသူများက သဘောတူထားသည့်အတိုင်း လမ်းအသီးသီး ခွဲလိုက်ကြသည်။
လို့လန်ရှိ တိုင်းပြည်လေးခုနှင့် မတူဘဲ တိုင်းပြည်ခုနှစ်ခုတွင် အဆင့်မြင့် ကျင့်ကြံသူ ပိုများလေသည်။ တိုင်းပြည်ခုနှစ်ခုလုံးတွင် ပွင့်ချပ်ခုနှစ်လွှာနှင့် ရှစ်လွှာအဆင့် ကျင့်ကြံသူများ ရှိထားကြ၏။
ကျန်းအိုက်ကျန့် ပြောသလိုမျိုး ဖြစ်၏။ တိုင်းပြည်ခုနှစ်ခုလုံးက ဤတိုက်ခိုက်မှုအတွက် အကုန်ပုံအောထားကြသည်။ ထို့ကြောင့် သူတို့တွင် အင်အားကြီးမားနေခြင်းမှာ ပုံမှန်သာ ဖြစ်၏။
တာ့ယန် ကျင့်ကြံသူများက လေးဖွဲ့ ခွဲလိုက်ကြပြီး ရန်သူနှင့် ရင်ဆိုင်ကာ တခြားလူများက စီစဉ်ထားသည့်အတိုင်း နောက်ပြန်ဆုတ်ကြသည်။ သူတို့က တိုက်ခိုက်ရင်း နောက်ဆုတ်လာကြ၏။
ထိုစဉ် ရထားလုံးပျံ ခုနှစ်ခုဆီမှ အမိန့်များ ထွက်ပေါ်လာသည်။
“ လျှိုမထားကြနဲ့။ ငါတို့တွေ မြန်မြန် အဆုံးသတ်ပစ်ရမယ်။ သူတို့ကို နောက်ဆုတ်ခွင့်မပေးနဲ့။ သူတို့ကို အနိုင်ပိုင်းပစ် … အံ့ဖွယ်မြို့တော်က တပ်ကူတွေ ရောက်လာရင်တောင် သူတို့တွေ ဘာတတ်နိုင်မှာလဲ”
“ကောင်းပြီ … တစ်ဖက်စီက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတစ်ယောက်စီ လွတ်လိုက်”
ထို့နောက် လူခုနှစ်ယောက်က ရထားလုံးပျံမှ ဆင်းလာပြီး စိတ်ဝိညာဉ်သဏ္ဌာန်များကို ဆင့်ခေါ်လိုက်ကြသည်။ ကြာမပါရှိသည့် သားရဲစိတ်ဝိညာဉ်သဏ္ဌာန် ခုနှစ်ခုက တာ့ယန် ကျင့်ကြံသူများထံ ဝင်ရောက်လာကြသည်။
ဧရာမသားရဲကြီးများ လူအုပ်ကြား ပြေးဝင်လာနေသလိုမျိုး ဖြစ်နေသည်။
ဝုန်း
စိတ်ဝိညာဉ်သဏ္ဌာန်၏ တိုက်ခိုက်မှုအောက်တွင် ကျန်းအိုက်ကျန့်၊ လီကျင်းယီနှင့် အဖွဲ့သားများက လွင့်စဉ်ကုန်ကြသည်။ ကျင့်ကြံသူများစွာက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ၏ တိုက်ကွက်ကို ခံနိုင်ရည်မရှိဘဲ သွေးအန်ကုန်ကြ၏။
စီးဝူယာ့က ကျန်းအိုက်ကျန့်အား ကြည့်လိုက်ကာ “ မင်း လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလား ”
“ လုပ်နိုင်တာပေါ့ ” ကျန်းအိုက်ကျန့်က နဂါးတေးသံကို ထုတ်ဖော်လိုက်သည့်အခါ စွမ်းအင်ဓားမြောက်များစွာက ကျားဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ပြေးဝင်သွားသည်။
ဘန်း ဘန်း ဘန်း
ထိုစဉ် တခြားစိတ်ဝိညာဉ်သဏ္ဌာန်ခြောက်ခုကလည်း တခြားလူများဆီ တိုးဝင်လာကြသည်။
“နောက်ဆုတ်ကြ ”
စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ကျူးဟုန်ကုန်းဆီ ဦးတည်လာ၏။
ကျူးဟုန်ကုန်းက ကနဦးချီကို လှည့်ပတ်ရင်း စွမ်းအားအဖြစ် ဖွဲ့စည်းလိုက်သည်။ ထိုအရာက သူ့ဇင်အဝတ်ဖြင့် လိုက်ဖက်ညီသွားသည်။ ထို့နောက် သူလက်ထဲ စွမ်းအင်လက်သီးများ ထွက်ပေါ်လာသည်။
ကျူးထျန်းယွမ်က ထိုအရာကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး “သား သတိထား “
“ ကျွန်တော် မရှောင်ဘူး … ကျွန်တော် ရှောင်လိုက်ရင် ကျွန်တော့်နောက်ကလူတွေ ဘယ်လိုဖြစ်သွားမလဲ ”
ကျူးထျန်းယွမ်က ပြောလိုက်သည်။
“ကောင်းတယ် … မင်းက တကယ်ကို ငါ့သားပဲ။ မင်းစကားတွေကြောင့် ငါလည်း ဒီနေ့ အားကုန်ထုတ်သုံးမယ်”
ဝှစ်
တခြားသူများနှင့် ကွဲပြားနေသည့် စွမ်းအင်တစ်ခုက ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာသည်။
ပေတစ်ရာ အမြင့်ရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်က သူ့ရှေ့ ထွက်ပေါ်လာ၏။ ပွင့်ချပ်ရှစ်လွှာ ရွှေကြာက ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ကျူးဟုန်ကုန်းရှေ့ ချက်ချင်း ပျံသန်းသွားလိုက်သည်။
ဝုန်း
ခြင်္သေ့စိတ်ဝိညာဉ်သဏ္ဌာန်က ကျူးထျန်းယွမ်၏ စိတ်ဝိညာဉ်ပေါ် ခုန်အုပ်လာသည်။
စွမ်းအားလှိုင်းတစ်ခု ထွက်လာသည်။
တခြားကျင့်ကြံသူများက ထိုစွမ်းအား သက်ရောက်မှုကြောင့် နောက်ဆုတ်လိုက်ရ၏။
ကျူးထျန်းယွမ်က အဆင့်မြင့် ကျင့်ကြံသူနှစ်ယောက်ကို သူ့တစ်ယောက်တည်း တားဆီးနိုင်ခဲ့သည်။
ကျူးဟုန်ကုန်းက ထိုအရာကို မြင်သည့်အခါ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“အံ့ဖွယ်ပဲ ”
ကျူးထျန်းယွမ်က နဖူးမှ ချွေးကို သုတ်လိုက်ပြီး “ ဒါက ဘာမှမဟုတ်ဘူး။ ငါ့လက်ထဲ နောက်ထပ် တိုက်ကွက်တွေ ရှိသေးတယ်။ သေချာကြည့်ထား”
သူက ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို တခြားမျိုးနွယ်စုဆီ ရင်ဆိုင်လိုက်ပြီး ကျူးဟုန်ကုန်းရှေ့မှ မတ်မတ်ရပ်လိုက်သည်။
ပေတစ်ရာ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက လေထဲ လှည့်ပတ်နေသည်။ စိတ်ဝိညာဉ်သဏ္ဌာန်က ကာကွယ်ရေးအဖြစ်ရော လက်နက်အဖြစ်ပါ အသုံးပြုနိုင်လေသည်။ အထူးသဖြင့် အဆင့်နိမ့်ကျင့်ကြံသူများနှင့် ရင်ဆိုင်သည့်အခါတွင် ဖြစ်၏။
တခြားလူများက ထိုမြင်ကွင်းကြောင့် ကြောင်အနေကြသည်။
တခြားမျိုးနွယ် ကျင့်ကြံသူများကလည်း လှည့်ပတ်နေသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးကြောင့် လွင့်စဉ်ကုန်ကြသည်။
“အဲဒါက ဒီလိုမျိုး သုံးလို့လည်း ရတာလား” ကျူးဟုန်ကုန်းက အတော်လေး အံ့အားသင့်နေသည်။
“အကြီးကတော့ အကြီးပါပဲ။ သူ့တိုက်ခိုက်ရေး အတွေ့အကြုံတွေက လူငယ်မျိုးဆက်တွေ ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး ”
တခြားလူများက စိတ်အေးသွားကြ၏။
စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းအားက ကြောက်ဖို့ကောင်းလှသည်။ သို့သော်လည်း စိတ်ဝိညာဉ်သဏ္ဌာန်က ပျက်စီးနိုင်သည်။ ထိုအရာ ပျက်စီးသွားသည့်အခါ ကျင့်ကြံသူများလည်း ထိလာလိမ့်မည်။ စိတ်ဝိညာဉ်သဏ္ဌာန်များက ကောင်းကင်အဆင့် လက်နက်ရှိသည့် ကျင့်ကြံသူများကို ရင်ဆိုင်ရတွင် သတိထားသင့်သည်။
တခြားမျိုးနွယ်၏ ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံသူများက သူတို့ကိုယ်ပိုင် နည်းစနစ် မရှိသည့်လူများ မဟုတ်ပေ။ ခုနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ကျူးထျန်းယွမ်အား တစ်ပြိုင်နက် တိုက်ခိုက်လာကြသည်။
ဟွမ်းရှစ်ကျဲက ပစ်မှတ်ကို ပျောက်သွားသည့်အခါ အော်ပြောလိုက်သည် “ ကျူးထျန်းယွမ် နောက်ဆုတ် ”
ကျူးထျန်းယွမ်က သူ ရှိနေသည့် အခြေအနေကို နားလည်လေသည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းချင်သော်လည်း လူခုနှစ်ယောက်က ဘက်ပေါင်းစုံမှ သူ့ဆီ ဝင်ရောက်လာသည်။
လေထဲ စွမ်းအင်ဓားမော့ ဖွဲ့စည်းလာသည်။ ထိုအရာက စွမ်းအားများကို ထိုးဖောက်သွားနိုင်သည့် လက်နက်ဖြစ်ကြောင်း သိသာလှသည်။
ဘန်း ဘန်း ဘန်း
သုံးယောက်က ကျူးထျန်းယွမ်ဆီ အရင်ရောက်လာကြသည်။
ကျူးထျန်းယွမ်က နောက်ဆုတ်လိုက်ရပြီး ညည်းညူလိုက်ရသည်။
ဓားမော့ ကိုင်ဆောင်ထားသည့် ကျင့်ကြံသူက သူ့စွမ်းအင်ဓားမော့ဖြင့် ကျူးထျန်းယွမ်၏ စိတ်ဝိညာဉ်သဏ္ဌာန်အား ခုတ်ချလိုက်သည်။
“သေစမ်း” ကျင့်ကြံသူများက စွမ်းအင်ဓားမော့ကို လက်နှစ်ဖက်ဖြင့် မြောက်လိုက်ပြီး အားအပြည့်ဖြင့် လွဲခုတ်ချလိုက်သည်။
“သွားပြီ”
“အဖေ ”
ဘန်း
ကျူးထျန်းယွမ်က လွင့်စဉ်သွားပြီး သွေးအန်လိုက်ရသည်။
ကျူးဟုန်ကုန်းက မျက်လုံးအပြူးသား ဖြစ်သွားပြီး စိတ်ထဲ တုန်ယင်လာမိ၏။
“ကျူးချန်းပေ့” တခြားလူများလည်း တုန်လှုပ်တကြီး အော်လိုက်ကြသည်။
ဓားမော့ ကိုင်ဆောင်ထားသူက တအံ့တဩ ပြောလိုက်၏ “ခင်ဗျားက အသက်ရှင်နေသေးတာလား။ တစ်ချက် မလောက်ရင် နှစ်ကြိမ် ခုတ်ပေးမယ်။ ဘယ်လောက်ကြာမလဲ ကြည့်ရသေးတာပေါ့ ”
တခြားမျိုးနွယ်က စကားပြောလိုက်ပြီးသည့်နောက် စွမ်းအင်ဓားမော့ကို ထပ်မံ မြောက်လိုက်သည်။ စွမ်းအင်ဓားမော့က ယခင်ထက် အဆများစွာ အားကောင်းလွန်း၏။
ထိုစဉ် လျန့်စီရင်စု၏ အနောက်ဘက်ဂိတ်ပေါက်မှ ကြောက်မက်ဖွယ် အနှုန်းထားဖြင့် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
“အဲဒါဘာကြီးလဲ”
“ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အရှိန်အဝါလဲ ”
ထူးကဲသည့် မဟာနည်းစနစ်က အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။
အမြန်နှုန်းက မြန်ဆန်လွန်းလှ၍ အားလုံးက အလင်းတန်းသာ မြင်လိုက်ကြရသည်။ စက္ကန့်ပိုင်းလေးအတွင်း ထိုအရာက မီတာထောင်ချီ လွှမ်းခြုံသွားသည်။ သူတို့က မျက်တောင်ခတ်လိုက်သည့်အခါ အလင်းတန်းက လျန့်စီရင်စုမြို့ထဲ ဝင်ရောက်သွားလေပြီ။
“မဟာနည်းစနစ်လား ”
“ ငါ့မျက်လုံးက လှည့်စားနေတာများလား ”
“သွားပြီ … တာ့ယန်တော့ သွားပြီ”
တာ့ယန်၏ ကျင့်ကြံသူများက ထိုအရာကို မြင်သည့်အခါ အားကောင်းသည့် တခြားမျိုးနွယ် ပညာရှင် ရောက်လာကြောင်း ထင်လိုက်ကြသည်။ သူတို့၏ စိတ်ထဲ လေးလံသွားပြီး အမူအရာများ ပျက်ယွင်းသွားကြ၏။
စီးဝူယာ့က အလင်းတန်းကို မြင်လိုက်သည့်အခါ သူ့အမူအရာက ပြောင်းလဲသွားသည်။ သူက လျန့်စီရင်စုကို စိတ်ရောကိုယ်ပါ နှစ်၍ အချိန်အကြာကြီး ကာကွယ်ထားခဲ့သည်။ သို့သော် သူက အကြွင်းမဲ့အင်အားရှေ့မှောက် ခြေမွှခံလိုက်ရ၏။ သူက အသစ်ရောက်လာသူသည် ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်ကြောင်း ပြောနိုင်လေသည်။
တခြားမျိုးနွယ်များက အားကောင်းသည့် ကနဦးချီကိုသာ ခံစားမိလိုက်ကြသည်။
ထိုစဉ် ဓားမော့ကိုင်ဆောင်ထားသူက ကျူးထျန်းယွမ်အား ခုတ်ချဖို့ ပြင်လိုက်သည်။ ထို့နောက် ရွေရောင်အလင်းတန်းက လွှမ်းခြုံသွားသည့်အတွက် ရုတ်ချည်းဆိုသလို သူ့အမြင်အာရုံက ဝေဝါးသွားလေသည်။
ဝုန်း
“ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”
လေထုက တင်းကျပ်နေဆဲ ဖြစ်၏။
တိုက်ပွဲက အဆုံးသတ်သွားလေပြီ။
တာ့ယန်နှင့် တခြားမျိုးနွယ်မှ ကျင့်ကြံသူများက စိတ်ဝိညာဉ်သဏ္ဌာန်အသစ်ကို ကြည့်လိုက်ကြသည်။ သူတို့က မသေမျိုး အငွေ့အသက်နှင့် လူအိုကြီးကို မြင်လိုက်ရသည်။ လူအိုကြီး၏ ပုံရိပ်က အတော်လေး ရင်းနှီးနေသည်။
“ရှစ်စွင်းလား”
“မျှော်နန်းသခင်လား”
“ကျိချန်းပေ့ ”
တာ့ယန်၏ ကျင့်ကြံသူများနှင့် ငရဲဂိုဏ်းသားများက ပျော်ရွင်သွားကြသည်။ သူတို့က လုကျိုးကို မြင်လိုက်သည်နှင့် ကယ်တင်ရှင်ကြီး တွေ့လိုက်ရသလို ခံစားမိလိုက်ကြသည်။ သူတို့၏ အားစိုက်ထုတ်မှုနှင့် ကြိုးပမ်းမှုအားလုံးက ယခုအခါ အရာထင်လာခဲ့လေပြီ။
တာ့ယန်၏ အကြီးမြတ်ဆုံး ကျင့်ကြံသူ၊ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ပြန်ရောက်လာလေပြီ။
“ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”
“ရှစ်စွင်း ပြန်ရောက်လာတာကို ကြိုဆိုပါတယ် ”
လုကျိုးက ထိုနှုတ်ဆက်မှုများအား လျစ်လျူရှုထားလိုက်သည်။ သူက အချိန် နောက်ပြန်ရေတွက်နေသည်ကိုသာ ကြည့်လိုက်၏။ သူက မဟာနည်းစနစ်ဖြင့် လျန့်စီရင်စုသို့ ရောက်လာဖို့ ကြာသည့်အချိန်နှင့် ပတ်သက်ပြီး ကျေနပ်နေသည်။ ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့၏။ သူ့တွင် သုံးမိနစ်မှ လေးမိနစ်အထိ ကျန်ရှိသေးသည်။ တခြားပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ မရှိဘဲ သူ့အတွက် အချိန်က လုံလောက်သည်ထက် ပိုနေလေပြီ။
လုကျိုး၏ ဖမ်းဆီးခြင်း ခံထားရသည့် ကျန့်ဝမ်ရွှီက တွေးတောနိုင်စွမ်း မရှိတော့ပေ။ သူ မြင်သမျှကား လုကျိုးသည် လျန့်စီရင်စုဆီ ပျံသန်းလာစဉ်တစ်လျှောက်လုံး စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းထားပြီး မဟာနည်းစနစ်များအား တစ်ခုပြီး တစ်ခု ထုတ်သုံးခဲ့ခြင်းသာ ဖြစ်၏။ အနီရောင်ကြာနယ်မြေ၌ပင် မည်သူကများ ထိုသို့လုပ်နိုင်မည်နည်း။
ကျန့်ဝမ်ရွှီ၏ စိတ်ထဲ အဖြေတစ်ခု ထွက်ပေါ်လာသည်။ လုကျိုးက သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားသည့် ပွင့်ချပ်ဆယ်လွှာအဆင့် ကျင့်ကြံသူသာ ဖြစ်လိမ့်မည်။
လုကျိုးက ဒီကမ္ဘာရဲ့ ခေါင်းဆောင် ဖြစ်မနေဘူးလား …
ချောက်နက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေလျှင် ချောက်နက်က သင့်ကို ပြန်ကြည့်လိမ့်မည်ဟူသော စကားပုံရှိသည် မဟုတ်ပါလော။ (မကောင်းဆိုးဝါးကို ဖမ်းရင်း မကောင်းဆိုးဝါး မဖြစ်စေနဲ့)
ထိုစဉ် လုကျိုးက ကျန့်ဝမ်ရွှီ တွေးနေသည့်အရာကို ဂရုမစိုက်ပေ။ ထို့အစား သူက ရထားလုံးပျံများကို မထူးမခြားနား ကြည့်လိုက်သည်။ သူက ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလိုက်၏။
ဝုန်း
ရထားလုံးပျံတစ်စင်း ပြုတ်ကျလာသည်။ တစ်ချိန်တည်းဆိုသလို ကျင့်ကြံသူရာချီက လွှင့်ထွက်သွားကြ၏။ သူတို့က သေဆုံးသွားခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရသွားခြင်းမျိုး ဖြစ်သွားကြသည်။
“နောက်ဆုတ်ကြ … အခုချက်ချင်း နောက်ဆုတ်”
“ အဲဒါ နတ်ဆိုးပဲ”
“တော်ဝင်မင်းဆရာက ဘယ်မှာလဲ။ သူက တကယ်ကို လူလိမ်အကြီးစားပဲ ”
ဝုန်း
လုကျိုးက ထပ်မံ လှုပ်ရှားလိုက်သည်။ ဒုတိယရထားလုံးပျံက ပျက်စီးသွားသည်။
လက်ရှိ ကျင့်ကြံသူများအတွက် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်သည် တောင်တစ်လုံးလောက် မြင့်မားနေသည်။
လုကျိုးက ပျက်စီးသွားသည့် ရထားလုံးပျံများကို ကြည့်လိုက်ရင်း သူ့ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်မှ စွမ်းအင်ဓားများစွာ ထုတ်လွှင့်လာသည်။
စွမ်းအင်ဓားများစွာက လျန့်စီရင်စုကို ဖုံးလွှမ်းသွားပြီး ရန်သူကျင့်ကြံသူများထံ ထိုးစိုက်ကုန်ကြသည်။
ဝုန်း ဝုန်း ဝုန်း
လုကျိုးဆီမှ လှုပ်ရှားမှုအနည်းငယ်အပြီးတွင် ရထားလုံးပျံ ခုနှစ်စင်းလုံးက ပျက်သုန်းသွားလေပြီ။
“တင်း … နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့် ကျင့်ကြံသူ ၂၅ ယောက်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၂၅၀၀၀ ရရှိပါတယ်။ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူ ၃၅၀ ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၅၀၀ ရရှိပါတယ်။ ကျန်တာအတွက် ဆုလာဘ် မရပါ ”
ကျန်ရှိနေသည့် အဆင့်မြင့် ကျင့်ကြံသူခြောက်ယောက်က ကြောက်လန့်နေသည်။ သူတို့က စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ပြီး ထွက်ပြေးလိုက်ကြ၏။
တိုင်းပြည်ခုနှစ်ခုလုံးက ယခုအခါ ရှုပ်ထွေးနေလေပြီ။
ခြင်္သေ့စိတ်ဝိညာဉ်သဏ္ဌာန်က အရှုပ်အထွေးများကြား လျန့်စီရင်စု မြို့တံတိုင်းပေါ် ခုန်တက်သွားသည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်ပြီး မည်သူမှ သူ့ကို သတိမထားမိကြောင်း တွေးလိုက်သည်။ သူက လွတ်မြောက်တော့မည့်ဆဲဆဲတွင် ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်က လက်ဝါးစည်းတံဆိပ် ထုတ်လွှင့်လာသည်။
ဤသည်က ဗုဒ္ဓမဟာမိုးကြိုးဘီး လက်ဟန်သင်္ကေတ ဖြစ်၏။
ဘန်း
လက်ဝါးစည်းတံဆိပ်က မကြီးမားသော်လည်း သေစေလောက်၏။ ထိုအရာက သူ့ရင်ဘတ်ပေါ် အားပြင်းပြင်းဖြင့် ကျရောက်လာသည်။ သူက ခေါင်းငုံ့ကာ ရင်ဘတ်မှ အပေါက်ကြီးကို ကြည့်လိုက်ပြီး “ဒါက …”
“ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”
…
အခန်း (၆၅၇) ငါ့ကို ဘယ်အရာမှမတားနိုင်
သိုင်းပညာရှင်ငါးယောက်သာ ကျန်တော့သည်။ သူတို့သည် ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်သည် လူတိုင်းကို အလွယ်တကူ သတ်ပြီး သွေးမိုးများ ရွာသွန်းနေတာကို မြင်သောအခါ သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့၏။ ပြေး ...
ထွက်ပြေးရခြင်းသည် ရှက်ရွံ့ဖွယ်ကိစ္စ မဟုတ်။ တော်ဝင်မင်းဆရာ ပွင့်ချပ်ကိုးလွှာကျန့်ဝမ်ရွှီတောင် ထွက်ပြေးရန် တွေးခဲ့သည်။
လုကျိုးသည် သူတို့ကို အမှတ်အသား လုပ်ထားပြီးဖြစ်သည်။ သူသည် ရထားလုံးပျံခုနစ်စီးကို ဖျက်ဆီးပြီးနောက် သိုင်းပညာရှင်ငါးယောက်ဆီ ပျံသန်းသွားလိုက်၏။ ကျန့်ဝမ်ရွှီသည် လုကျိုး၏ ထိတ်လန့်ဖွယ် ဆောင်ရွက်ချက်များကြောင့် ထိတ်လန့်နေပြီးသား ဖြစ်၏။ ယခုအခိုက်အတန့်တွင် သူသည် လှုံ့ဆော်မှုကို မတုံ့ပြန်နိုင်တော့ပုံရ၏။
ရန်သူသိုင်းပညာရှင်များထဲမှ တစ်ယောက်ပေါ်တွင် စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်လာပြီး ၎င်း၏လက်ဝါးကို တွန်းချလိုက်သည်။
ဖုန်း
ရန်သူသိုင်းပညာရှင် သေသွားလေ၏။
စိတ်ဝိညာဉ်သဏ္ဌာန်သည် လျင်မြန်စွာ ရွေ့လျားကာ နောက်ထပ် ရန်သူသိုင်းပညာရှင်ပေါ်၌ ပေါ်လာ၏။ တစ်ဖန် ၎င်း၏လက်ဝါးကို ဖိချလိုက်ပြန်သည်။
ဖုန်း
လက်ငါးချောင်းရာ တွင်းကြီးထဲတွင် ပွင့်ချပ်ရှစ်လွှာသိုင်းပညာရှင်ဟုခေါ်သူသည် အသားစပုံ ဖြစ်သွားလေ၏။
စွန့်ပစ်ခံဉာဏ်ပညာကို ငါးကြိမ်သုံးပြီးနောက် သိုင်းပညာရှင်ငါးယောက်သည် တစ်ပုံစံတည်း သေသွားလေ၏။ သူတို့သည် မြေပြင်ပေါ်ဖိချေခံရပြီး အင်မတန်အစွမ်းထက်သည့် လက်ဝါးစည်းတံဆိပ်ကြောင့် ပြားကပ်သွား၏။
“တင်း ... နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပစ်မှတ်ငါးယောက်ကို သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၇၅၀၀”
လုကျိုးသည် စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်၏။ သူ့၌ အချိန်သိပ်မကျန်တော့ပေ။ ကံကောင်းသည်မှာ သူ၏ရန်သူအများစုကို ဖြေရှင်းခဲ့ပြီးဖြစ်သည်။
လုကျိုးသည် လျင်မြန်စွာလှုပ်ရှားလျက် ရန်သူများ၏အလယ်တွင်ပေါ်လာသည်။
“လူတစ်ယောက်ရဲ့သဘာဝကို မြင်တွေ့ဖို့ တောင်တန်းတွေလို မလှုပ်မယှက်နေ၊ ဈာနမုဒြာ၊ ဗုဒ္ဓရွှေခန္ဓာ”
“မဟာအမှောင်ကောင်းကင်အောက်မေ့ရာ မဟူရာကောင်းကင်ကြယ်အလင်း”
“ကွေ့ယန်ဓားသိုင်း မူလပြန်လည်ရောက်ရှိခြင်း”
“ကောင်းကင်နဲ့မြေကြီးကို ချီက အားဖြည့်ပေးတယ်။ ကျယ်ပြန့်ကောင်းကင်စွမ်းအား”
တစ်ခုပြီးတစ်ခု လုကျိုး၏နှုတ်မှ သိုင်းကျင့်စဉ်များ၏ အမည်များပေါ်ထွက်လာပြီး ရွတ်ဆိုလိုက်သည်။ သူသည် ရန်သူမည်မျှ သတ်ဖြတ်ရန်ဟူ၍ စိတ်ထဲမထားဘဲ တိုက်ခိုက်ဖို့သာ အာရုံစိုက်နေ၏။
မဟာမိတ်တိုင်းပြည်ခုနစ်ခုတပ်ဖွဲ့၏ အလယ်တွင် သူ ရပ်နေတာဖြစ်သည်။ သူသည် တတ်နိုင်သမျှများများ ဖြေရှင်းချင်၏။
ဒီသိုင်းတွေက လုံလောက်လောက်မှာပဲ။
လျန့်စီရင်စုမြို့ပေါ်၌ စွမ်းအင်စီးဆင်းမှုက လူတိုင်း၏အမြင်အာရုံကို ဟန့်တားလိုက်၏။
တခြားမြို့၏ ကျင့်ကြံသူများသည် ခေါင်းပြတ်သော ယင်ကောင်များပမာ ပြုတ်ကျလာ၏။ အများစုသည် စွမ်းအင်ဓားများကြောင့် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ကုန်၏။ သူတို့၏ သွေးမိုးများ မရွာသွန်းခင် ကျယ်ပြန့်ကောင်းကင်စွမ်းအားကြောင့် သွေးများ ငွေ့ရည်ပျံသွားသည်။
လုကျိုးသည် သူ၏ရန်သူများ၏အလယ်တွင် မလှုပ်မယှက်ရှိနေသေးသည်။
အချိန်က တတိတိကုန်ဆုံးသွား၏။ ပြီးနောက် အသိပေးသံတစ်သံပေါ်လာသည်။
“တင်း ... အထွတ်အထိပ်အသွင်ကတ်ရဲ့ အချိန် စေ့သွားပါပြီ။ ကျင့်ကြံဆင့် ပြန်လည်တည်ဆောက်ပါပြီ”
စွမ်းအင်ဓားများနှင့် ဓားမော့များ ပြည့်နေသောကောင်းကင်ကို မြင်သောအခါ တာ့ယန်၏ ကျင့်ကြံသူများသည် မှင်တက်နေကြပြီး အသက်ရှူရန် မေ့လျော့နေကြ၏။ သူတို့၏အမူအရာများက ထိတ်လန့်မှု၊ ကြောက်ရွံ့မှု၊ လေးစားမှု၊ မှင်တက်ရှုမောမှု၊ မယုံနိုင်မှုတို့ ဖြစ်နေလေ၏။
ကျန်းအိုက်ကျန့်သည် တံတွေးမျိုချလိုက်သည်။ လေအေးတစ်ချက်က လူကိုတုန်ယင်သွားစေပြီး နဂါးတေးသံကို ဆုပ်ကိုင်ထားမှုကို လျော့ရဲသွားစေ၏။
နဂါးတေးသံသည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ထန်းခနဲ မြည်လာတော့သည်။
အသံသည် လေထဲရောက်သွားပြီး မကြာခင်၌ ရပ်တန့်သွား၏။
တစ်ကမ္ဘာလုံးတိတ်ဆိတ်သွားသည်။
“ငါ အိမ်မက်မက်နေတာလား” ကျူးဟုန်ကုန်းက တအံ့တဩ ရေရွတ်ပြောလိုက်သည်။
“အစွမ်းထက်လိုက်တာ ... သူက သောက်ရမ်းအစွမ်းထက်တာပဲ”
“သူ့သာသာသူ မိုင်သုံးထောင်တစ်လျှောက် တိုက်ပွဲဝင်လာပြီး ဓားတစ်ချက်တည်းနဲ့ တိုင်းတစ်ပါးသား တစ်သန်းကို တိုက်ခိုက်ခဲ့တယ်။ မျှော်နန်းသခင်က တာ့ယန်ရဲ့နတ်ဘုရားပဲ”
ကျန်းအိုက်ကျန့်သည် သူ၏မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်၏။ သူက လက်မြှောက်ကာ နဂါးတေးသံကို ပြန်ဆုပ်ကိုင်ထားလိုက်၏။
“ကျုပ်တောင်းပန်ပါတယ်။ မတတ်နိုင်တော့လို့”
နဂါးတေးသံ မြေပြင်ပေါ်ပြုတ်ကျမှုက အားလုံး မှင်တက်နေသည့်အခြေအနေမှ လူတိုင်းကို ဆွဲထုတ်လိုက်သည်။
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာခြင်းသည် အမှန်တကယ်ရင်သပ်ရှုမောဖွယ် ကောင်း၏။ သူတို့ဖက်၌ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ရှိချိန်၌ တိုက်ပွဲ၏အခြေအနေသည် အလွယ်တကူ ပြောင်းလဲသွားတာ သဘာဝကျသည်။
အကြွင်းမဲ့စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် အကွက်ချမှုများ၊ ကြံစည်မှုများသည် ဘာမှမဟုတ် ဟာသ ပြက်လုံးသာ ဖြစ်သွားလိမ့်မည်။ သူက ထိုအတွက် ဥပမာကောင်းတစ်ရပ်ဖြစ်၏။
ထိုစဉ် စီးဝူယာ့သည် မှိန်ဖျော့သွားသောစွမ်းအင်ကို မြင်တွေ့သွားသောအခါ အမိန့်ပေးလိုက်သည်။
“သူတို့ကိုရှင်းကြ။ တာ့ယန်ရဲ့မြေကိုကျူးကျော်လာတဲ့သူတွေအားလုံးကို သတ်ပစ်”
“တာ့ယန်ရဲ့မြေကိုကျူးကျော်လာတဲ့သူတွေအားလုံးကိုသတ်ပစ်”
တိုက်ပွဲအော်သံများက လေထဲမြည်ဟီးလာတော့သည်။
အစောတုန်းက တိုင်းပြည်ခုနစ်ခု၏ဖိနှိပ်ခြင်းခံခဲ့ရသော တာ့ယန်ကျင့်ကြံသူများ၏ စိတ်ဓာတ်ခွန်အား တက်သွားသည်။
“တက်ကြဟေ့”
“တက်ကြဟေ့”
တာ့ယန်သည် တန်ပြန်တိုက်ခိုက်တော့သည်။ အမှန်တကယ်တွင် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ ပေါ်ပေါက်လာပြီးနောက် ကျန်နေသည့် တခြားမျိုးနွယ်ကျင့်ကြံသူများသည် သဲလျော့သွားသည့် လက်ဝေ့အိတ်ပမာ ဖြစ်နေသည်။ သူတို့သည် ရန်သူဟူ၍တောင်သတ်မှတ်၍မထိုက်တန်တော့ပေ။ သူတို့၏ကျောထောက်နောက်ခံသိုင်းပညာရှင်အကျော်အမော်များသည် လုကျိုး သတ်ဖြတ်တာ ခံခဲ့ရပြီးဖြစ်၏။ ကျန်ရှိနေသည့် အသက်ရှင်ကျန်ရစ်သူများက တာ့ယန်၏အင်အားကို မယှဉ်နိုင်။ ထို့အပြင် ဤနေရာ၌ တာ့ယန်၌ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများရှိသည်။
ထိုစဉ် လုကျိုးသည် ဆုတ်ခွာသွားသော တခြားမျိုးနွယ်တပ်ဖွဲ့များကို ထူးမခြားနားကြည့်လိုက်၏။ ပြီးနောက် သူက တစ်ဖက်လှည့်ကာ ကျန့်ဝမ်ရွှီကိုလှည့်ကြည့်ပြီး မေးလိုက်သည်။ “မင်း အခု ကျေနပ်ပြီလား”
ထုံထိုင်းနေပြီဖြစ်သော ကျန့်ဝမ်ရွှီသည် လုကျိုးကို ကြောင်အစွာကြည့်နေ၏။ သူသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် “ခင် ... ခင်ဗျားက ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်လား”
လုကျိုးက မေးလိုက်သည်။ “ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်က ငါလုပ်သလို လုပ်နိုင်လား” သူသည် ကျန့်ဝမ်ရွှီဆီမှ အနီရောင်ကြာနယ်မြေအကြောင်းဖော်ထုတ်ရန်ကြိုးစားလိုက်သည်။
“ငါ ငါ မသိဘူး” ကျန့်ဝမ်ရွှီသည် သူ၏ရင်ထဲရှိအကြောက်တရားကို ဖိနှိပ်ထားလိုက်၏။ “ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်လှုပ်ရှားတာ တစ်ခါမှမတွေ့ဖူးဘူး”
“မင်းကို ဒီလောက်အကြာကြီးဘာကြောင့် အသက်ရှင်ခွင့်ပေးထားလဲဆိုတာ သိလား” လုကျိုးက မေးလိုက်၏။
ကျန့်ဝမ်ရွှီသည် ခိုကိုးရာမဲ့စွာရယ်မောလိုက်၏။ သူသိပေ၏။ ယခုအချိန်တွင် မည်သည့်အရာမှ သူ့ကိုမကူညီနိုင်ပေ။ “မှတ်ဉာဏ်သလင်းလား”
“ကျုပ် ထပ်မပြောချင်ဘူး ... သလင်းပေး” လုကျိုးကပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်ငါကသေမှာပဲ။ သလင်းကိုပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဘာကွာသွားမှာလဲ” ကျန့်ဝမ်ရွှီက မေးလိုက်သည်။
“ကွာတာပေါ့” လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အနီရောင်ကြာနယ်မြေရဲ့ တည်ရှိမှုအကြောင်း ငါ သိတာပဲ။ မင်းက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ဆိုမှတော့ ကျန့်ဝမ်ရွှီဆိုတဲ့ နာမည်ကို အနီရောင်ကြာနယ်မြေမှာ မသိတာမဖြစ်နိုင်ဘူး”
“ငါ့ကို ခြိမ်းခြောက်နေတာလား” ကျန့်ဝမ်ရွှီ၏မျက်လုံးများ မှေးကျဉ်းသွားသည်။
“ငါ သည်နေရာမှာ ရာစုနှစ်ပေါင်းများစွာနေခဲ့တာ ငါ ငါက တခြားကမ္ဘာနဲ့ ချည်နှောင်မှုမရှိဘူး။ ငါ့ကို သတ်ပဲသတ်သတ်။ သေတဲ့အထိပဲ ညှင်းပန်း ညှင်းပန်း ခင်ဗျားအပေါ်မှာပဲမူတည်တယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။ “မင်း ငါ့ကို သလင်းမပေးတာကြောင့် သလင်းကို ရအောင်မရှာနိုင်ဘူးလို့ ထင်လား။ ငါ့ကို ဘယ်အရာမှမတားဆီးနိုင်ဘူး။ အနီရောင်ကြာတောင် မတားနိုင်ဘူး”
“ကျိထျန်းတောက် ငါ ရှုံးသွားတာ ဝန်ခံတယ်။ လုံးဝရှုံးသွားပြီ” ကျန့်ဝမ်ရွှီသည် ထိုသို့ပြောပြီးနောက် အပြင်းအထန်ချောင်းဆိုးတော့သည်။ ကျန့်ဝမ်ရွှီသည် သွေးတစ်ပွက်အန်ပြီးနောက် “မင်း သလင်းကို ရှာဖို့ကြိုးစားနေတာလား။ မင်း လက်လျော့လိုက်သင့်ပြီ။ တစ်ဝက်ကို အနီရောင်ကမ္ဘာဆီ ပို့လိုက်ပြီးသား။ အဲဒီကမ္ဘာမှာ မင်းက ပုရွက်ဆိတ်တစ်ကောင်လောက်ပဲစွမ်းတာ”
“အနီရောင်ခေါင်းတလားက ပို့ဆောင်ပေးတာလား” လုကျိုးက လေသံအတက်အကျမရှိ မေးလိုက်၏။
ကျန့်ဝမ်ရွှီက မှင်တက်သွားသည်။ သူသည် လုကျိုးကို တိတ်ဆိတ်စွာကြည့်လိုက်တော့၏။
“မင်းမှာ လျှို့ဝှက်ချက်တွေအများကြီးရှိတာပဲ။ အဲဒီတော့ကား မင်းရဲ့သေခြင်းတရားက အဆင့်တက်သွားတာလား”
ထိုစကားကို ကြားသောအခါ လုကျိုးသည် အတွေး နက်သွားတော့၏။ သူတို့ အပြန်အလှန်ပြောဆိုပုံအရ သူတို့ ကူးပြောင်းမှုမတိုင်ခင်က ကျိထျန်းတောက်သည် ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရန် အလားအလာရှိပြီးသားဖြစ်၏။ သို့သော်သူသည် ကျန့်ဝမ်ရွှီသတ်တာ ခံခဲ့ရသည်။
“ငါ သေပြီးအဆင့်တက်မတက်ကို ဆွေးနွေးနေတာ အကျိုးမထူးဘူး” လုကျိုးကပြောလိုက်သည်။
“မင်း ပြောတာမှန်တယ်။ အနိုင်ရသူက အားလုံးကို ယူဆောင်ရတာပဲ။ ငါ့မှာ ဘာမှပြောစရာမရှိဘူး”
ကျန့်ဝမ်ရွှီက ပြန်ပြောလိုက်သည်။
“မင်း လော့ရှစ်ရင်ကို သတ်ခဲ့လား” လုကျိုးသည် ထိတ်လန့်ဖွယ်မေးခွန်းတစ်ခုကမေးလိုက်၏။
ကျန့်ဝမ်ရွှီက တုန်ယင်သွားတော့သည်။ သူ၏မျက်နှာထက်၌ ထိတ်လန့်သည့်အမူအရာပေါ်လာ၏။
လုကျိုးသည် အပြောင်းအလဲကို မှန်းမိကာမေးလိုက်သည်။
“မင်းက လူသားတွေရဲ့တိုးတက်မှုကို ဖိနှိပ်နေပြီး သူမကတော့အားပေးတယ်။ သူ ဒီမှာရှိနေတယ်ဆိုရင် အဟန့်အတားတစ်ခု ဖြစ်လာမှာ ကျိန်းသေတယ်။ သူ့ကိုဖယ်ရှားဖို့ တွေးပြီပေါ့”
ကျန့်ဝမ်ရွှီက ရယ်မောလိုက်၏။ သူသည် နာကျင်မှုကို တောင့်ခံကာဖြည်းဖြည်းချင်း ပြောလိုက်တော့သည်။
“တကယ်ပဲ ငါ သူ့ကိုသတ်ခဲ့တယ်။ လူသားတွေက အားနည်းတယ်။ မင်း ဘာကြောင့် အဖြေရှာရမှာလဲ။ ကပ်ဘေးတစ်ခုကို မတားနိုင်ရင် လုပ်နိုင်တာက အဲ့တာကိုရှောင်ဖို့ပဲ။ လွယ်ကူငြိမ်းချမ်းတဲ့ဘဝတစ်ခုရှိနေတဲ့အချိန် ဘာကြောင့် ပြဿနာရှာရမှာလဲ”
လုကျိုးသည် သူ့ကို လက်ဝါးစည်းတံဆိပ်ဖြင့် ရိုက်ချလိုက်၏။
ဖြန်း
၎င်းသည် ကျန့်ဝမ်ရွှီ၏ပါးကို အညှာအတာမရှိ ရိုက်ချသွား၏။
သူ၏မျက်နှာထက်တွင် သွေးနီရောင် လက်ငါးချောင်းရာ ပေါ်လာတော့သည်။
“ငါတို့တွေက အားနည်းတာကြောင့် ငါတို့ရဲ့အကန့်အသတ်ကို ကျော်ဖြတ်ဖို့ စူးစမ်းရှာဖွေရမယ်။ မင်း တုံးအနေတဲ့အချိန်မှာ အခြားသူကို ရာရာစစ အထင်သေး စကားပြောရဲတယ်လား”
လုကျိုးက ပြောလိုက်၏။
"မင်း တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကို ဝန်ခံခဲ့ရင် မင်းကို ပိုကောင်းကောင်း တွေးမိဦးမှာ။ အလိုလေး ... ငါ့ရဲ့မျက်စိထဲမှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်လောက်တောင်မဟုတ်ဘူး”
ကျန့်ဝမ်ရွှီသည် ဒေါသများဆူပွက်လာပြီး သွေးများစီးကျလာ၏။ သူ၏အသက်ငွေ့က ကုန်ဆုံးလုနီးပါး ဖြစ်နေသည်။ သူက ဖျော့တော့စွာရယ်မောလိုက်သည်။
“ငါ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့အချက်တွေ ရှိတယ်ဆိုတာ ငါ ဝန်ခံတယ်။ ငါ့ရဲ့အစီအစဉ်ကို ဘယ်သူပဲဖြစ်ဖြစ် ဖျက်ဆီးခွင့်မပေးဘူး။ တာ့ယန်ဖြစ်ဖြစ် မဟာမိတ်တိုင်းပြည်ဆယ့်နှစ်ခုပဲဖြစ်ဖြစ် အနည်းဆုံးတော့ လူသားတွေကို သားရဲတွေမတိုက်ခိုက်အောင် အနီရောင်ကြာနယ်မြေ မကျူးကျော်အောင် ကာကွယ်ပေးထားတယ်။ လော့ရှစ်ရင် ဘာလုပ်ခဲ့လဲ။ သူက မိုးနဲ့မြေရဲ့အတားအဆီးနဲ့ ရွှေရောင်ကြာကိုလေ့လာခဲ့တယ်။ ငါ သူမရဲ့မှတ်စုကို မဖျက်ဆီးခဲ့ရင် အနီရောင်ကြာနယ်မြေက ဒီနေရာကို အစောတည်းက ရောက်ရောပေါ့။ ငါ အများကြီး လုပ်ပေးခဲ့တာ။ ငါ့အတွက် တစ်ခုခုမရနိုင်ဘူးလား”
“လော့ရှစ်ရင်ရဲ့မှတ်စုထဲမှာ ကျန်တဲ့အပိုင်းတွေဘယ်မှာလဲ” လုကျိုးက ခြိမ်းခြောက်ပြီး မေးလိုက်၏။ သူသည် ကျန့်ဝမ်ရွှီ၏ခုခံပြောဆိုမှုများကို နားမထောင်ချင်တော့ပေ။
ကျန့်ဝမ်ရွှီက ခေါင်းခါပြီးတစ်ချက်ရယ်မောလိုက်၏။ “ငါ အစောတည်းက ဖျက်ဆီးလိုက်ပြီးပြီ။ မင်း စိတ်ပျက်သွားပြီလား။ ပြီးတော့ သူ့ရဲ့နာမည်က လော့ရှစ်ရင်မဟုတ်ဘူး”
လုကျိုးသည် မျက်မှောင်အနည်းငယ်ကျုံ့မိသွားသည်။ “ဒါကို လော့ရှစ်ရင်က ဘယ်သူလဲ”
“မင်း သိချင်တယ်လား။ မင်းကို ပြောပြမှာ မဟုတ်ဘူး။ ကျင့်ကြံဆင့်အရာမှာ မင်း ငါ့ကိုအနိုင်ရပေမဲ့ ဒီလျှို့ဝှက်ချက်တွေနဲ့ မင်းကို တစ်သက်လုံးခြောက်လှန့်နေမှာ”
ကျန့်ဝမ်ရွှီသည်ပြောပြီးချိန်တွင် သူ၏လက်ထဲ၌ သွေးဖြင့်ဖွဲ့တည်သည့် ဓားပါးလေးတစ်ခုပေါ်လာ၏။ သူသည် လုကျိုးကို ဓားဖြင့်ထိုးစိုက်လျက် အော်ပြောတော့သည်။
“ငါ့ရဲ့နောက်ဆုံးတိုက်ကွက်”
လုကျိုးသည် ခေါင်းခါလိုက်၏။ အမည်မဲ့ပေါ်၌ အနက်ရောင်ရုန်းများက ပတ်နေလျက် သူသည် ကျန့်ဝမ်ရွှီကို ပိုင်းဖြတ်ချလိုက်သည်။
ဘန်း
သွေးဓားက ပျက်စီးသွားသည်။
ကျန့်ဝမ်ရွှီသည် အနက်ရောင်ရုမ်းများ လွှမ်းနေသော အမည်မဲ့ကိုတွေ့သောအခါ သူ၏သူငယ်အိမ်က ပြူးကျယ်သွား၏။ သူ၏နှုတ်ခမ်းက တုန်ယင်နေကာပြောလိုက်တော့သည်။ “နေဦး”
အမည်မဲ့မှ စွမ်းအင်ပေါ်လာချိန်တွင် ၎င်းက ကျန့်ဝမ်ရွှီ၏နှလုံးကို ထိုးဖောက်သွားတော့သည်။