အခန်း (၆၉၁-၆၉၃)
Vol. 47 Ch. 691-693
အခန်း (၆၉၁) တသသဖြစ်စေသော တိုက်ပွဲဆန္ဒ
သူ ကျိထျန်းတောက် ဖြစ်လာချိန်မှစပြီး လုကျိုးသည် ထိပ်သီးကျင့်ကြံသူဆယ်ယောက်နှင့် တိုက်ခိုက်ခဲ့သည့် အတိတ်ကို သတိရနေတာဖြစ်သည်။ သူသည် အဝိုင်းခံထားရစဉ် မြင်ကွင်းများကို တွေးမိသွား၏။ ယင်းက စစ်မှန်သော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်၏ ခွန်အား အစစ်အမှန်ပဲ ဖြစ်သည်။ သူသည် အဆုံးကျ အထွတ်အထိပ်အသွင်ကတ်မှာ စွမ်းအားရရှိလာခဲ့သည်။ ယင်းသည် ပျော်မွေ့ဖွယ် တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့သော်ငြား လက်တွေ့မကျပေ။ အထွတ်အထိပ် အသွင်ကတ်မှ မြင်သည့် ချေမှုန်းခြင်း ခွန်အားသည် အန္တရာယ်ကြုံတွေ့ရချိန်တွင် ဖိအားနှင့် စိတ်လှုပ်ရှားမှုတို့ မရှိပေ။ သို့သော် ဒဏ်ရာရထားသည့် ချုံးချီကမူ ယနေ့၌ သူ့ကို ထိုခံစားချက် ပေးစွမ်း၏။ သူ၏ တိုက်ပွဲဆန္ဒကို ခံစားမိချိန်တွင် တသသဖြစ်နေတော့သည်။
ယင်းက သူ၏ ထူးကဲအံ့ဖွယ်စွမ်းအား အပြည့်အဝ ကုန်ဆုံးသွားသည့် အချိန်ကျမှ ပေါ်လာတာ ဖြစ်သည်။
ချုံးချီ၏ ခွန်အားသည် သူ၏ မှန်းဆချက်ထက် ကျော်လွန်သည်။
သူ၏ ထူးကဲအံ့ဖွယ်စွမ်းအား တဝက်ဖြင့် ၎င်းကို ဒဏ်ရာရအောင်သာ လုပ်နေခဲ့၏။ မသတ်နိုင်ခဲ့ပေ။ ရေနက်ထဲရှိ ချီယောင်လောက် သန်မာတာ သိသာသည်။
တိုက်ပွဲထဲ၌ ထူးကဲအံ့ဖွယ်စွမ်းအားနှင့် သူ၏ ပွင့်ချပ်ရှစ်လွှာကျင့်ကြံမှု ပေါင်းစည်းခြင်းက ချုံးချီကို ဒဏ်ရာရစေသည်။
လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် နာရီပေါင်းများစွာ တိုက်ခိုက်ခဲ့၏။ ကျင့်ကြံသူများသည် ကောင်းကင်ကို မော့ကြည့်နေကြသော်ငြား ပင်ပန်းမှုကို မခံစားရပေ။
ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်ချိန်တွင် သူတို့ ငါးရက်ငါးညတိုက်ခိုက်ပင်လျှင် အံ့ဩစရာ မဟုတ်ပေ။
သို့သော် လုကျိုးသည် သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေစဉ်တွင် အချိန်ကုန်ရန် ရည်ရွယ်ချက်မရှိ။ သူ အားကုန်ထုတ်သုံးတော့မည်။ ဤနည်းဖြင့် ချုံးချီက တုံ့ပြန်လာလိမ့်မည်။ သူတို့ တိုက်ပွဲ၏ အချိန်ကလည်း တိုသွားလိမ့်မည်။
ဘန်း
နောက်ထပ် တိုက်ခိုက်သံတစ်သံ ပေါ်လာ၏။
လုကျိုးသည် နောက်သို့ လွင့်ထွက်သွားသည်။ ချုံးချီသည်လည်း နောက်သို့ လွင့်ထွက်သွား၏။
လုကျိုးသည် သူ၏စွမ်းအင် ဗဟိုချက် ချီပင်လယ်ထဲရှိ ကျန်ရှိသော ကနဦးချီကို စစ်ဆေးလိုက်သည်။ သူ့၌ တစ်ဝက်သာ ကျန်တော့သည်။
ချုံးချီကလည်း အခြေအနေ မကောင်းပေ။
သူ၏ ပိပြားနေသော အမွေးများအပြင် နှာခေါင်းက ဒဏ်ရာရထားပြီး မျက်နှာက ယောင်ကိုင်းနေ၏။ မောဟိုက်နေကာ သူ၏ ဗိုက်က မြင့်တက်လာပြီး ပြန်ပြုတ်ကျသွား၏။ သူက လျှာထွက်နေတော့သည်။
လုကျိုးသည် သူ၏ အင်္ကျီလက်ပေါ်ရှိ စုတ်ပြဲရာကို ငုံ့ကြည့်လိုက်၏။ “မင်းက ငါ့အင်္ကျီလက်ကို စုတ်ပြဲစေခဲ့တဲ့ ပထမဆုံးသားရဲပဲ။ မင်းကို နောက်ထပ်အခွင့်အရေးပေးမယ်။ အညံ့ခံ မင်းကို အသက်ချမ်းသာပေးမယ်”
ထိုစကားများကို ကြားသောအခါ ကျန်သည့်ကျင့်ကြံသူများက ဆွံ့အသွားကြ၏။ အကျော်အမော်တစ်ဦးသည် တကယ် အကျော်အမော်တစ်ယောက်သာ ဖြစ်ပေသည်။ မျှော်နန်းသခင်သည် သူ၏ ရန်သူကြောင့် ဝတ်ရုံလက် ပျက်စီးသွားခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုခဲ့သည်။ သူတို့ ၎င်းကို တွေးမိသောအခါ ဂိုဏ်းချုပ်ကို ထိပ်သီးဂိုဏ်းကြီး ဆယ်ဂိုဏ်း ဝိုင်းတိုက်ချိန်က ဒဏ်ရာမရခဲ့သည်ဟု သတ်မှတ်၍ ရသည်လော။ မဟုတ်လျှင် ထိုစဉ်က ဒဏ်ရာမရခဲ့လျှင် ဂိုဏ်းချုပ်၏ စကားများက အမှား မရှိပေ။
ဝူး ဟူး ဟူး
ထူးဆန်းသော ချုံးချီသည် သုံးကြိမ်ဟောက်လိုက်၏။
လုကျိုးသည် ၎င်းကို နားမလည်နိုင်ပေ။ ထို့အပြင် စနစ်သည် သားရဲကို ယဉ်ပါးအောင် ပြုလုပ်၍ ရသည်ဟု ပြောသည်မှအပ ကျန်သည့်စာ မပို့ခဲ့ပေ။ သူက ရှေ့တက်ချင်ယောင်ဆောင်လိုက်၏။
”မင်း ငြင်းမယ်ဆိုရင် မင်း အငြင်းခံတဲ့အထိ ဆက်ရိုက်မှာပဲ”
မြန်ဆန်သည့် လှုပ်ရှားမှုများဖြင့် လုကျိုးသည် စွမ်းအင်လက်သီးများ ထုတ်လိုက်သည်။
ချုံးချီသည် ၎င်း၏လက်သည်းဖြင့် လက်သီးကို ကာပြီး တောင်ပံခတ်လိုက်၏။
ဘန်း ဘန်း ဘန်း
စွမ်းအင်လက်သီးများသည် သားရဲ၏ ရင်ဘတ်ကို ထိမိသွားချိန်၌ မိုးသက်မုန်တိုင်းပမာ ဖြစ်နေတော့သည်။
ချုံးချီက ကြီးမားလှသည်။ သို့သော် ဤလူသားကို လျှော့မတွက်နိုင်ပေ။
ဂါး ....
ချုံးချီက ရုတ်တရက် လှိမ့်သွား၏။ ၎င်း၏ အစွယ်ကို ထုတ်ကာ လုကျိုးကို ကိုက်ဆွဲရန် ကြိုးစားလိုက်တော့၏။
လုကျိုးသည် သူ့လက်ကို အပေါ်သို့ ပင့်ကာ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။ ပေတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်သည် လုကျိုးနား ရစ်ဝဲနေကာ ချုံးချီ၏ မေးရိုးကို ထိန်းထားသည်။
ဘန်း
ချုံးချီသည် လုကျိုးက သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်တရက်ဆင့်ခေါ်လိုက်မည်ဟု မထင်ထားပေ။ ၎င်း၌ ဧရာမပါးစပ်ရှိနေသော်ငြား ပေတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို မမျိုနိုင်။ အစွယ်တစ်ချောင်း ကျိုးသံပေါ်ထွက်လာ၏။ ၎င်းက နာကျင်စွာ အော်လိုက်တော့သည်။
ဘန်း
လုကျိုးက တိုက်ကွက်များကို ပိတ်ဆို့လိုက်ကာ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို သုံးလိုက်၏။ မည်သို့ပင်ဆိုစေ ကြီးမားသည့် သက်ရောက်မှုက သူ့ကို နောက်သို့တွန်းလိုက်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားတော့၏။
လုကျိုးက မြဲမြံစွာရပ်ပြီး “တိရစ္ဆာန်ကောင် ... မင်း အခု ကျေနပ်ပြီလား”
သူက လက်ဆန့်တန်းပြီး တွန်းတင်လိုက်၏။
စွမ်းအင်ဓားများ ပေါ်လာသည်။
ကမ္ဘာဦးပြန်လည် သိုလှောင်ခြင်း
စွမ်းအင်ဓားများသည် မြည်သံထွက်လာ၏။
ချုံးချီသည် တောင်ပံကို တဖျပ်ဖျပ်ခတ်လိုက်တော့သည်။ ၎င်း၏ အမွှေးများ ထပ်မံထောင်ထလာ၏။ မောပန်းနေပုံပေါ်သည်”မင်း ဒေါသထွက်နေတာလား”
လုကျိုးက မျက်မှောင်ကျုံ့သွားသည်။ ဤသားရဲသည် ပွင့်ချပ်ကိုးလွှာအဆင့်ဆိုတာ ကြိမ်းသေသည်။ သူသည် ကျန့်ဝမ်ရွှီးနှင့် တိုက်ခိုက်ခဲ့စဉ်က ထိုသို့ မခံစားခဲ့ရပေ။ ထပ်တိုးမနေဘဲ သူသည် ကမ္ဘာဦးပြန်လည် သိုလှောင်ခြင်း၏ စွမ်းအင်ဓားများကို သုံးလိုက်သည်။
ဝှစ် ဝှစ် ဝှစ်
၎င်းတို့သည် တစ်လက်တည်းပေါင်းစည်းသွားပြီး ချုံးချီဆီ ထိုးစိုက်သွားတော့၏။
ပြီးနောက် လုကျိုးသည် သူ လက်ဝါးကို ဖြန့်လိုက်ရာ လက်ထဲ၌ အမည်မဲ့က ပေါ်လာ၏။
လုကျိုးက လေထဲပျံတက်လိုက်သည်။
“တိရစ္ဆာန်ကောင် ... မင်း အညံ့မခံရင် မင်းရဲ့လမ်းဆီ ပို့ပေးတော့မယ်”
စွမ်းအင်ဓားများသည် အမည်မဲ့နား၌ ရစ်ဝဲနေလေ၏။
ချုံးချီသည် ဒေါသထွက်နေသော်ငြား သူသည် ယခုအချိန်၌ တိုက်ခိုက်မှု အဆုံးရှိ မြှားတစ်စင်းနှင့် တူနေသည်။ အစွမ်းထက်သော ခုခံမှုက သူ့ကို ဘာမှမလုပ်နိုင်။ အမည်မဲ့က သူ့ကို ဖောက်ထွက်နိုင်မှာ ကြိမ်းသေသည်။
လုကျိုးသည် အမည်မဲ့ကို ကိုင်ထားလျက် အမြင့်ဆုံးအရှိန်ဖြင့် ရှေ့တိုးလာ၏။ သူ၏ စွမ်းအင်ချီပင်လယ်ရှိ ကနဦးချီသည် စွမ်းအင်အဖြစ် သိပ်သည်းသွားတော့သည်။
လုကျိုးသည် ချုံးချီ၏ မျက်လုံးထဲရှိ ပြင်းပြသော စိတ်ကို မြင်တွေ့လိုက်၏။ ဤသတ္တဝါက တိုက်ပွဲကို သဘောကျသည်။
ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါး
အရိပ်သုံးခု ပေါ်လာတော့သည်။
ချုံးချီတောင် အာရုံများသွားသည်။
ခဏအကြာတွင် လုကျိုးသည် အမည်မဲ့ကို လွှဲယမ်းလိုက်၏။
၎င်းက မော့ကြည့်လိုက်ချိန်တွင် လုကျိုးသည် ၎င်း၏ မျက်လုံးထဲတွင် အကြောက်တရားများကို တွေ့လိုက်ရသည်။ လုကျိုးက လက်မကို ဖိကာ ဓားသွားကို ၁၈၀ဒီဂရီလှည့်လိုက်၏။
ဘန်း
ဓားသွားများနှင့် စွမ်းအင်ဓားသွားများသည် လုကျိုး၏ ခန္ဓာကိုယ်ကို ထိသွားသည်။
ဘန်း
ချုံးချီသည် ဘေးတိုက်ပျံသန်းသွား၏။
လုကျိုးသည် လေထဲတက်လှမ်းကာ ညာလက်ကို ဓားကို ကိုင်ဆောင်လျက် မြှောက်လိုက်၏။
“မင်းကို အခွင့်အရေးပေးနေတာ။ မင်း ခေါင်းမာနေမယ်ဆိုရင် မင်း အသက်ကို ယူမယ်”
လုကျိုး၏ ကျယ်လောင်ပြီး ကြည်လင်သော အသံသည် ချုံးချီ၏နားထဲ ရောက်လာသည်။
မထင်ထားဘဲ ချုံးချီသည် အညံ့ခံရန် မရွေးခဲ့ပေ။ သူသည် တိုက်ခိုက်ရတာကို သဘောကျပြီး ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိတာ မဟုတ်ပေ။ နောက်ဆုတ်ချင်ရုံသာ ရှိ၏။
လုကျိုးက ရှေ့တိုးသွားသည်။
ယင်းကို လူတိုင်းက မြင်သောအခါ မှင်သက်သွားသည်။
မျှော်နန်းသခင်သည် သူ၏ ပွင့်ချပ်ရှစ်လွှာ စွမ်းအားဖြင့် ချုံးချီကို အမှန်တကယ် အနိုင်ယူနိုင်၏။ ဤလောကကြီးထဲတွင် သူမှအပ မည်သူက ဆောင်ရွက်နိုင်မည်နည်း။
နန်ကုန်းဝေနှင့် ဖုန်းကျစ်ရှင်းတို့ စောင့်ကြည့်တာ ခံနေရသော အနီရောင်ကြာ ကျင့်ကြံသူနှစ်ဦးကလည်း တွေးတောနိုင်စွမ်း ကင်းမဲ့သွားတော့သည်။ သူတို့သည် ကောင်းကင်သိုင်း ခုံရုံးဆီသို့ တာ့ယန်၏ ပွင့်ချပ်ကိုးလွှာအဆင့် အခြေအနေကို သတင်းပို့ခဲ့ပြီးဖြစ်သည်။ သို့သော် သူတို့ တွင်းနက်ထဲ ခုန်ချခဲ့မိပုံပေါ်၏။ သူတို့သည် ဤနေရာရှိ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ၏ ခွန်အားကို လျှော့တွက်ခဲ့မိသည်။
လုကျိုးသည် ချုံးချီကို ကြည့်လိုက်၏။ သိပ်နောက်ကျသွားပြီ ...
ဂါး ….
ချုံးချီက တိုက်ခိုက်လျှင် တိုက်ခိုက် မဟုတ်လျှင် ထွက်ပြေးတော့မည်မှန်း သိနေသည်။
လုကျိုးသည် ခေါင်းခါလိုက်၏။
”မင်းရဲ့ ကံကြမ္မာကို ကောင်းကင်ဆီ အပ်နှင်းလိုက်မယ်။ မင်းရဲ့ ရှင်သန်မှုက မင်း ပေါ်ပဲ မူတည်နေတယ်။ မိုးကြိုးသွား”
လုကျိုးက ညာလက်ဝါးကို ဖြန့်လိုက်၏။ အမည်မဲ့နေရာတွင် မိုးကြိုးသွားကတ် ပေါ်လာသည်။
ယင်းက သူ၏ နောက်ဆုံးသော မိုးကြိုးသွားကတ်ဖြစ်ပြီး အကြွင်းမဲ့ သတ်ဖြတ်နိုင်သည့်နှုန်း ၁၀၀ရာခိုင်နှုန်းနှင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရစေသည့်နှုန်း ၁၀ရာခိုင်နှုန်း ပါရှိသည်။
မိုးကြိုးသွားကတ်က တစစီဖြစ်သွား၏။
ခဏတွင် မိုးကြိုးတိမ်တိုက်များသည် ဘုံကိုးဘုံအထက်၌ တလိမ့်လိမ့်တက်လာတော့၏။
ခရမ်းရောင်မိုးကြိုးသွားသည် လျှပ်စီးနှင့်တူ၏။ ပြီးနောက် ခရမ်းရောင်စွမ်းအင်သည် ချုံးချီကို ထိမှန်သွား၏။
ဘုန်း
လုကျိုးသည် ချုံးချီကို တိတ်ဆိတ်စွာ လေ့လာနေပြီး အကဲဖြတ်နေသည်။ ၎င်း၏ သေဆုံးမှုကို မကြေညာသလို ကုသိုလ်မှတ်များ ဆုချီးမြှင့်သည့် အကြောင်းလည်း မရှိပေ။
‘မင်း ကံကောင်းတာပဲ’
ချုံးချီ၏ ကိုယ်ထည်သည် မိုးကြိုးအပစ်ခံလိုက်ရသောကြောင့် တူးခြစ်သွား၏။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီး ချုံးချီသည် ၎င်း၏ ဧရာမခန္ဓာကိုယ်ကို ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ မြေကြီးပေါ် လဲကျသွား၏။
ကျန်သည့်သူများသည် အထိတ်တလန့်ဖြစ်ကုန်၏။
ဖုန်း
ချုံချိသည် မြေကြီးနှင့် တိုက်မိသွားပြီးနောက် စပါးကျီများစွာကို ဖျက်ဆီးလိုက်၏။
လုကျိုးက ဆင်းသက်ကာ သူ၏လက်ထဲ၌ အသေရိုက်ချက်ကတ်ကို ကိုင်ထားသည်။
ယွီစီရင်စုမြို့ရှိ ကောင်းကင်က ကြည်လင်နေပြီး ဝေဟင်သည် ငြိမ်းချမ်းသွားတော့သည်။
ကျင့်ကြံသူများသည် စပါးကျီနားကပ်နေလျက် လဲကျသွားသော ချုံးချီနေရာကို ကြည့်နေသည်။
လုကျိုးသည် ချံချီလဲကျသည့် နေရာဆီသို့ သွားလိုက်၏။
ချုံးချီက မျက်တောင်ခတ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်က မဲနက်နေ၏။ ထို့အပြင် ၎င်း၏ အသက်ငွေ့သည် ပင့်ကူမျှင်နီးနီး အားနည်းဖျော့တော့နေပြီဖြစ်သည်။
လုကျိုးသည် မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။ ‘ငါ လွန်လွန်းသွားတာလား ... ဒဏ်ရာရနေတဲ့ အချိန် သူ့ကို ပိုင်ဆိုင်နိုင်ပါဦးမလား’
သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော ချုံးချီကို မေးလိုက်၏။
”မင်း ငါ့ကို အညံ့ခံမယ်ဆိုရင် ငါ မင်းကို ကယ်တင်နိုင်တယ်”
ဝူး
ချုံးချီသည် အားနည်းစွာ ဟောင်လိုက်သည်။
၎င်းသည် အားနည်းစွာ ဟောင်လိုက်ခြင်း ဖြစ်သည်။
ထိုစဉ် လုကျိုး၏ နားထဲ အသိပေးသံပေါ်လာ၏။
“တင်း ... ချုံးချီကို ယဉ်ပါးအောင် ထိန်းကျောင်းပြီးသွားပါပြီ။ သခင် အသိအမှတ်ပြုမှု အောင်မြင်ပါပြီ။ သင်က အခု ချုံးချီရဲ့ သခင်ဖြစ်သွားပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၅၀၀၀”
‘ငါ လုပ်လိုက်နိုင်ပြီ’ လုကျိုးက ကျေနပ်ကာ ခေါင်းညိတ်လိုက်လေ၏။ သားရဲတူးခြစ်နေတာကို မြင်ပြီး သူက စကားကို ပြန်ရုတ်သိမ်းပြီး ကုသိုလ်မှတ်ပိုရရှိအောင် ချုံးချီကို သတ်ဖြတ်ရမလားဟု တွေးနေမိသည်။
ဪ ... ဟုတ်သား။ မင်းက ငါ့ဆီအညံ့ခံတယ်ဆိုတော့ ငါ့ရဲ့ ကတိကို ဖြည့်ဆည်းပေးရမှာပေါ့။
လူကျိုးသည် လက်ဖဝါးဖြန့်လိုက်၏။ သူ၏ ကျန်ရှိသော ထူးကဲအံ့ဖွယ်စွမ်းအားသည် အပြာရောင်ကြာပွင့်ရှေ့၌ ပေါ်ထွက်လာပြီး ဖူးပွင့်လာ၏။ အသက်ဓာတ်တို့သည် ချုံးချီဆီ လျင်မြန်စွာ တိုးဝင်သွားတော့သည်။
“ဒါ မလုံလောက်ဘူး” လုကျိုးသည် မျက်မှောင်ကျုံ့လိုက်၏။ သူ လက်ဖဝါးကို ထပ်မြှောက်လိုက်သည်။ အရေးပေါ်ကုသရေးကတ်က ပြိုကွဲသွားတော့သည်။
ဘေးအန္တရာယ်မှ ကယ်ဆယ်ရေး မဟာဂရုဏာလေက ပေါ်လာသည်။ အသက်စွမ်းအင်နှစ်ဆနှင့် ကုသမှုသည် ချုံးချီနား၌ ရစ်ပတ်သွား၏။
ချုံးချီသည် ၎င်း၏လက်ကို မြှောက်ရန် ကြိုးစားသော်ငြား မလှုပ်နိုင်ပေ။ ခေါင်းမော့ရန် ကြိုးစားသော်ငြား မျက်တောင်သာ ခတ်နိုင်၏။
…
အခန်း (၆၉၂) ပြောင်းပြန်
ယွီစီရင်စုမြို့၏ ဝေဟင်အထက် ကျင့်ကြံသူများက သက်ပြင်းချလိုက်ကြသည်။ သူတို့က ကျိချန်းပေ့၏ ဆိုလိုရင်းကို သိလိုက်ကြ၏။ သို့သော်လည်း စီးတော်သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်ခြင်းက အင်မတန် ခက်ခဲလှသည့် ကိစ္စတစ်ခု ဖြစ်သည်။
ထို့အပြင် ဤသည်က ခက်ထန်ကြမ်းတမ်းသည့် သားရဲတစ်ကောင် ဖြစ်၏။ လူတစ်ယောက်၏ စရိုက်ကို ပြောင်းလဲသည်ထက် တောင်ကို ရွေ့လိုက်သည်က ပို၍လွယ်သည် မဟုတ်ပါလော ဟူသော စကားပုံ ရှိသည် မဟုတ်ပါလော။ တူညီလှစွာ ခွေးရိုင်းတစ်ကောင်က သူတို့၏ သဘာဝကို မည်သို့ ပြောင်းလဲနိုင်မည်နည်း။ သားရဲက လွှမ်းမိုးခံရဖို့ သူတို့၏ အလိုလိုသိစိတ်ကို မည်သို့ စွန့်ပယ်နိုင်မည်နည်း။
ကျင့်ကြံသူများက သက်ပြင်းချလိုက်သော်လည်း စိတ်သက်သာရာ ရနေကြသည်။
တချို့ ကျင့်ကြံသူများက လေပေါ်တွင် ဝဲပျံရင်း ငုံ့ကြည့်ကာ ပြောလိုက်ကြသည်။
“ကျိချန်းပေ့ရဲ့ အစွမ်းပကားက အကန့်အသတ် မရှိဘူးပဲ။ တကယ်ကို အံ့ဩဖို့ ကောင်းလိုက်လေရဲ့။ ဒါပေမဲ့ ဒီသားရဲက အဆုံးထိကို ခေါင်းမာလွန်းတယ်။ အဆုံးသတ်တော့ သူ့ သေခြင်းပဲ ဖြစ်သွားရတယ်”
“ကျိချန်းပေ့ အချိန်မီ ရောက်လာလို့ပေါ့ မဟုတ်ရင်တော့ ယွီစီရင်စုမြို့က သွေးလွှမ်းရတော့မှာပဲ”
လုကျိုးက ချုံးချီအား စိုက်ကြည့်လိုက်သည်။ သူက ချုံးချီ၏ သေဆုံးမှုအပေါ် သတိပေးချက် မရရှိသေးသည့်အတွက် ချုံးချီက မသေသေးမှန်း သိလေသည်။
လုကျိုးက ဆက်လက် စောင့်ကြည့်လိုက်သည်။ သူက ရလဒ် မသေချာမချင်း ထွက်မသွားပေ။ သူက ချုံးချီနှင့် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရပြီး ထူးခြားအံ့ဖွယ်စွမ်းအား အကုန်လုံးကို သုံးစွဲခဲ့ရသည်။ ထိုအရာအပြင် သူက အသုံးပြုပစ္စည်းကတ်များကိုလည်း သုံးစွဲခဲ့ရသည်။ အကယ်၍ ဤသို့ သေဆုံးသွားပါက ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မည်။
လုကျိုးက မလှုပ်ရှားသည့်အတွက် တခြားသူများကလည်း သူ့ဆီ ပြေးမလာရဲကြပေ။ သူတို့က လေထဲတွင် ဝဲပျံနေရင်း ငုံ့ကြည့်နေကြ၏။
ဝေဟင်ရှိ တိမ်တိုက်များနှင့် အကာအရံ မရှိဘဲ ကုန်းမြေပေါ် သက်ညှာခြင်းမရှိ ဖြာကျနေသည်။ ထိုအရာက မျက်လုံးမှိတ်နေသည့် ချုံးချီအပေါ်လည်း ဖြာကျနေ၏။
လောင်ကျွမ်းခံထားရသည့် ချုံးချီက ယခုအခါ မီးသွေးတုံးကဲ့သို့ ဖြစ်နေလေသည်။
ကျင့်ကြံသူများ၏ ကျင့်ကြံဆင့်က သူတို့အား အေးအောင် လုပ်ပေးနိုင်သည့်အတွက် ဤမျှအပူဒဏ်ကို စိတ်ထဲ မထားပေ။ သို့သော်လည်း ချုံးချီကမူ ကံမကောင်းရှာပေ။
“တင်း.. ချုံးချီက အသက်ရှင်ဖို့ လက်လျှော့လိုက်ပါတယ်”
“တင်း.. ချုံးချီကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀၀ ရရှိပါတယ်”
“အသက်ရှင်ဖို့ လက်လျှော့လိုက်တာလား”
တကယ်ကြီး သေသွားတာလား။ ငါက သူ့ကို ယဉ်ပါးအောင် လုပ်ဖို့ ကြိုးစားနေတာတောင် သူက သေသွားခဲ့တာလား။ ဘာလို့ အသက်ရှင်ဖို့ လက်လျှော့သွားခဲ့တာလဲ…
လုကျိုး၏ စိတ်ထဲ မေးခွန်းများစွာဖြင့် ပြည့်နှက်နေသည်။
ထိုစဉ် ပိအန်းက ရှေ့တိုးလာလေ၏။
ဘန်း..
သူက ချုံးချီအပေါ် တက်နင်းပြီး ချုံးချီအား သတိကြီးကြီးဖြင့် ကြည့်နေလေသည်။
“ပိအန်း ဆင်းခဲ့”
ဧရာမချုံးချီနှင့် ယှဉ်လိုက်လျှင် ပိအန်းက အတော်လေးကို သေးငယ်လှသည်။
ပိအန်းက လုကျိုး၏ အမိန့်ကို နာခံစွာဖြင့် ဆင်းလာပြီး ချုံးချီအား ဆက်ကြည့်နေဆဲသာ ဖြစ်၏။
ဝုန်း..
ရုတ်တရက် ဆိုသလို လေထုထဲ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဟမ်…”
လုကျိုးက ချုံးချီ၏ အလောင်းအား ကြည့်လိုက်သည်။ မီးကျွမ်းနေဟန် ပေါ်သည့် ချုံးချီ၏ အလောင်းက အက်ကွဲသွားဟန် ပေါ်သည်။
ဂျွတ် ဂျွတ် ဂျွတ်..
အက်ကွဲသံများက ဆက်လက် ထွက်ပေါ်လာ၏။ ထိုအရာကို မြင်ပြီး ကျင့်ကြံသူများက အံ့အားသင့်နေကြသည်။
“ဒါက…”
“တကယ်ကို အံ့ဩစရာပဲ။ တကယ့်ကို အံ့ဩစရာပဲ”
မျက်စိကောင်းကောင်းဖြင့် စောင့်ကြည့်နေသည့် ကျင့်ကြံသူ တစ်ယောက်က တအံ့တဩဖြင့် ရေရွတ်လိုက်သည်။
“ကျုပ်က အတိတ်တုန်းက သားရဲတွေအကြောင်း စာအုပ်ဖတ်ရတာကို သဘောကျတယ်။ တကယ့်ဘဝမှာ ချုံးချီကို မြင်ရလိမ့်မယ်လို့ ထင်မထားမိဘူး။ ချုံးချီက လွှမ်းမိုးလိုပြီး တိုက်ခိုက်လိုစိတ်အတွက် လူသိများတယ်။ အရွယ်ရောက်ပြီးသား ချုံးချီကို ယဉ်ပါးအောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အရွယ်မရောက်သေးတဲ့ ချုံးချီကိုတော့ ယဉ်ပါးအောင် လုပ်နိုင်တယ်”
“ချုံးချီ အငယ်လေးလား”
“အားလုံး ဆက်ကြည့်နေကြ..”
ဂျွတ်..
ချုံးချီ၏ အလောင်းမှ မီးတူးနေသည့် အပိုင်းက ဆက်လက်ကွဲအက်သွားသည်။
ထို့နောက် လေထုထဲ အသံကျယ်တစ်ခု ထွက်ပေါ်လာပြီးနောက် မီးကျွမ်းသွားသည့်အပိုင်းက လုံးဝ ကြေမွသွားလေသည်။
“ဒါက မွေးဖွားလိုက်တာလား”
တခြားသူများက တအံ့တဩဖြင့် ရေရွတ်လိုက်ကြသည်။ သူတို့က သဘောပေါက်သွားကြ၏။
လုကျိုးက ချုံးချီ၏ ဝမ်းဗိုက်အား တအံ့တဩဖြင့် ကြည့်နေလေသည်။ သူတို့ ထင်ထားသည့်အတိုင်း ချုံးချီအငယ်လေးက အရွယ်ရောက်ပြီးသား ချုံးချီ၏ ဝမ်းဗိုက်မှ ထွက်ပေါ်လာ၏။ ထိုတောင်ပံများက မွေးဖွားကာစ ဖြစ်သည့်အတွက် သေးငယ်နေသေးသည်။ အဝါရောင်အမွေးအမျှင် ရှိပြီး ခြေလက်များက အလေးချိန်ကို ထိန်းထားရ၍ တုန်တုန်ယင်ယင် ဖြစ်နေလေသည်။
ထိုအရာက မီးကျွမ်းနေသည့် ချုံးချီအပေါ် ခက်ခက်ခဲခဲ တက်လာပြီး အချိန်မရွေး လဲကျသွားတော့မည့်ဟန် ပေါ်နေသည်။ ဧရာမချုံးချီ၏ မျိုးဆက်က ဤမျှ သေးငယ်လိမ့်မည်ဟု မည်သူကမျှ ထင်မထားကြပေ။ ဤသည်က ယုံကြည်ဖို့ ခက်လှ၏။ သူ့အရွယ်အစားက အိမ်မွေးသိုးတစ်ကောင်နှင့် တူညီပြီး ခွေးပေါက်လေးထက် ကြီးတယ် ဆိုရုံမျှသာ ဖြစ်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ချုံးချီပေါက်စအား ကြည့်လိုက်သည်။
ချုံးချီအကြောင်း သိသည့် ကျင့်ကြံသူတစ်ယောက်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“ကျိချန်းပေ့ စီးတော်သားရဲ ချုံးချီကို ရတဲ့အတွက် ဂုဏ်ပြုပါတယ်”
လုကျိုးက ထိုလူအား ကြည့်ကာ မေးလိုက်သည်။
“မင်းက ချုံးချီအကြောင်း အများကြီး သိတယ်လား”
“ကျိချန်းပေ့ ချုံးချီက တခြားသားရဲတွေလို မဟုတ်ဘူး။ မှတ်တမ်းတွေအရ ကပ်ဘေး လေးခုထဲက တစ်ခုလို့ ပြောကြတယ်။ သူ့မိခင်ကိုတောင် ဝါးမျိုနိုင်တဲ့အတွက် ရက်စက်တယ်။ အဲဒါကြောင့် ကျိချန်းပေ့က အရွယ်ရောက်ပြီးသား ချုံးချီကို မသတ်ရင်တောင် ဒီအကောင်ပေါက်လေးက တစ်ရက်မှာ သူ့အမေကို ဝါးမျိုသွားမှာပဲ။ ချုံးချီက အရမ်းဉာဏ်ကောင်းတယ်။ ဒီလိုဖြစ်လာမှာကို ကာကွယ်ဖို့ ပုံမှန်ဆိုရင် သူတို့က မိတ်မလိုက်ကြဘူး။ ဒီတစ်ကောင်က ကလေးရှိနေတာ တကယ်ကို အံ့ဩစရာပဲ”
ထိုစကားများကို ကြားကာ တခြားသူများကလည်း လက်နှစ်ဖက်ယှက်လိုက်ကြသည်။
“ကျိချန်းပေ့ကို ဂုဏ်ပြုပါတယ်”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ သူက ထိုလူအား ကြည့်ကာ ပြောလိုက်၏။
“မင်းက မဆိုးဘူးပဲ”
“ကျိချန်းပေ့ကို ကျေးဇူးတင်ပါတယ်။ ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းကို အမြဲတမ်း လေးစားအားကျ နေခဲ့ရတာပါ။ ကျုပ် မျှော်နန်းဆောင်ကို ဝင်နိုင်မလားလို့ သိပါရစေ”
အားလုံးက ထိုလူအား ရုတ်ခြည်းလှည့်ကြည့်လိုက်ကြသည်။ လုကျိုးက ပြောလာ၏။
“ငါက ပါရမီရှိတဲ့သူတွေကို သဘောကျတယ်။ မင်းက ဒီလို ရည်ရွယ်ချက်မျိုး ရှိမှတော့ ယွီစီရင်စုရဲ့ ငရဲဂိုဏ်းအဖွဲ့ကို ဝင်ပြီးတော့ အဖွဲ့ခွဲခေါင်းဆောင် ဖြစ်လာနိုင်တယ်။ မင်း ဘယ်လို ထင်လဲ”
ထိုလူက ထိုစကားများကို ကြားသည့်အခါ စိတ်အေးမိသွားသည်။ သူက ဦးညွှတ်လိုက်ပြီး
“ကျိချန်းပေ့ကို ကျေးဇူးတင်ပါတယ်”
ဤသည်က တခြားသူများအား မိစ္ဆာဝေဟင်မျှော်နန်းအား ဝင်ရောက်ဖို့ရာ သူတို့ထင်ထားသလောက် မလွယ်ကူကြောင်း ပြသလိုက်ခြင်း ဖြစ်၏။ ထိုစဉ် ချုံးချီပေါက်စလေးက တောင်ပံခတ်ရင်း မီးကျွမ်းနေသော နေရာပေါ် လျှောက်လှမ်းလာသည်။
ဝှစ်..
ချုံးချီပေါက်စလေးက ပြုတ်ကျလာ၏။
ဝုန်း..
ထိုအရာက မြေပြင်ပေါ် ပြုတ်ကျသွားသည်။ လုကျိုးက ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်၏။ သူက သူ့ရွေးချယ်မှုကို ပြန်လည်သုံးသပ်နေသည်။ လွန်ခဲ့သည့် တစ်စက္ကန့်ပိုင်းခန့်က သူသည် ကမ္ဘာပေါ်တွင် အားအကောင်းဆုံး စီးတော်သားရဲ ရခဲ့ပြီဟု ခံစားမိခဲ့သည်။ ယခုအခါ သူက ထိုသို့မဟုတ်ကြောင်း ခံစားမိလိုက်ပြန်၏။
လုကျိုးက စနစ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ သူ ထင်ထားသည့်အတိုင်း ချုံးချီ၏ နာမည်က စာရင်းတွင် ရောက်ရှိနေပြီးသား ဖြစ်၏။ ဆိုလိုသည်မှာ ချုံးချီပေါက်စလေးက သူ့စီးတော်သားရဲ ဖြစ်နေလေပြီ။ ချုံးချီပေါက်စလေးက ထိုနောက်ပြန်လန်ကျမှုအတွက် စိတ်ဓာတ်ကျခြင်း မရှိဘဲ ပြန်ထကာ လုကျိုးဆီ လျှောက်လှမ်းလာသည်။
ဝု ဝု ဝု..
ထိုအရာက ပိအန်းအား ဟောင်လိုက်ပြီး ခက်ထန်ကြမ်းတမ်းဖို့ ကြိုးစားနေသည့် ခွေးပေါက်လေးတစ်ကောင် လိုမျိုး ဖြစ်နေသည်။
လုကျိုးက ဆွံ့အနေမိ၏။
ပိအန်းက အစွယ်ဖြဲပြလိုက်သည်။
ချုံးချီပေါက်စလေးက ချက်ချင်းဆိုသလို ခေါင်းငုံ့သွားပြီး လုကျိုးအနားသို့ တိုးသွားလေသည်။
တခြားသော ကျင့်ကြံသူများက ရယ်မောလိုက်ကြ၏။ ထိုသို့ဆိုလျှင်ပင် မည်သူကမျှ ချုံးချီပေါက်စလေးအား အထင်မသေးရဲကြပေ။
“ကျိချန်းပေ့ ဒီချုံးချီလေးက အခုတော့ သေးသေးတယ် ဆိုပေမဲ့ မယုံနိုင်လောက်တဲ့ အမြန်နှုန်းနဲ့ ကြီးထွားလာမှာပါ။ နောက်နှစ်အနည်းငယ်ကြာရင် အားကောင်းတဲ့ အကူအညီတစ်ခု ဖြစ်လာပါလိမ့်မယ်”
နောက်နှစ်အနည်းငယ်တဲ့လား…
လုကျိုးက နောက်ထပ် လပိုင်းခန့်ပင် မစောင့်နိုင်တော့ပေ။ သူက လက်ဝေ့လိုက်ပြီး ထိုအရာကို ပိအန်း၏ ကျောပေါ် တင်ပေးလိုက်ပြီး ပြောလိုက်သည်။
“သူ့ကို ကြည့်ထားလိုက်”
ပိအန်းက ဝပ်တွားလိုက်၏။ နန်ကုန်းဝေနှင့် ဖုန်းယွီကျစ်တို့က လူတစ်ယောက်စီကို ဆွဲလျက် ပျံသန်းလာကြသည်။
“ကျိချန်းပေ့ကို ဂုဏ်ပြုပါတယ်”
နှစ်ယောက်သားက တစ်ပြိုင်နက် ပြောလိုက်ကြသည်။ ဝေဟင်အထက် ကျင့်ကြံသူများက ထိုအရာကို မြင်သည့်အခါ အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။ နန်ကုန်းဝေနှင့် ဖုန်းယွီကျစ်တို့ ခေါ်ဆောင်လာသည့် ကျင့်ကြံသူနှစ်ယောက်က ဧရာမ ချုံးချီကြီး မီးလောင်ထားသည်ကို မြင်လိုက်ရသည့်အခါ သူတို့မျက်နှာအထက် ကြောက်ရွံ့သည့် အမူအရာမျိုး ထွက်ပေါ်လာသည်။
“ချုံးချီက သေသွားပြီလား”
“သူ သူက.. ချုံးချီကိုတောင် သတ်နိုင်တာပဲ ဒါက…”
နှစ်ဦးသားက တံထွေးမျိုချလိုက်ကြသည်။
နန်ကုန်းဝေက သူတို့နှစ်ယောက်အား ကြည့်ကာ ကန်လိုက်ပြီး
“ဒူးထောက်ကြစမ်း.. မင်းတို့တွေက ကျိချန်းပေ့ကို တွေ့တဲ့အခါ နှုတ်ဆက်ရကောင်းမှန်း မသိကြဘူးလား”
နှစ်ဦးသားက ချက်ချင်းဆိုသလို ဒူးထောက်လိုက်ကြသည်။
“ကျိချန်းပေ့ ကျုပ်တို့က တစ်ဖက်တည်းကပါ။ ဘာလို့ ဒီလို လုပ်နေရတာပါလဲ”
“ဟုတ်ပါတယ်။ ကျုပ်တို့ ဘာများ လုပ်မိလို့လဲ။ ကျုပ်တို့ကို ဘာလို့ ဒီလို ဆက်ဆံနေရတာလဲ”
နှစ်ဦးသားက အပြစ်ကင်းစင်သည့် အမူအရာမျိုး ပန်ဆင်ထားကြသည်။ ဝေဟင်ရှိ ကျင့်ကြံသူများက အဖြစ်အပျက်ကို နားမလည်ကြသောကြောင့် လုကျိုးအား လှည့်ကြည့်လိုက်ကြသည်။ လုကျိုးက မထူးမခြားနား ပြောလိုက်၏။
“မင်းတို့က ဘယ်က ဝင်လာတာလဲ”
နှစ်ဦးသား၏ စိတ်ထဲ တုန်လှုပ်သွားသော်လည်း မထုံတက်သေး အမူအရာမျိုး ပြောလိုက်သည်။
“ဘယ်က ဝင်လာရမှာလဲ ကျုပ်တို့ နားမလည်ဘူး”
လုကျိုးက လက်ဝေ့လိုက်သည့်အခါ ရွှေရောင်ထိုက်ရွှီ ကြေးမုံက ပေါ်ထွက်လာသည်။ သူ့ကျန်ရှိနေသည့် ကနဦးချီဖြင့် ကြေးမုံကို အသက်သွင်းလိုက်ပြီး ထိုနှစ်ဦးသားထံ ရွှေရောင်အလင်းတန်း ဖြာကျစေလိုက်သည်။
…
အခန်း (၆၉၃) ဘယ်သူ ငါ့ကို ခြိမ်းခြောက်နိုင်လဲ
တောက်ပနေသော ရွှေရောင်အလင်းအောက်တွင် အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်လေး နှစ်ခုသည် ထိုကျင့်ကြံသူနှစ်ယောက်ပေါ်၌ ပေါ်လာ၏။ အနီရောင်ကြာက လှည့်ပတ်နေကာ တလက်လက် တောက်ပနေပုံရသည်။
ကျန်သည့်ကျင့်ကြံသူများသည် ချက်ချင်းပင် အုတ်အုတ်ကျတ်ကျတ် ဖြစ်သွား၏။
“အနီရောင်ကြာလား။ သူတို့ရဲ့ ကြာတွေက ဘာကြောင့် အနီရောင် ဖြစ်နေရတာလဲ”
“တခြားမျိုးနွယ်ကလား”
“အနီရောင်ကြာလား”
လူသားတို့သည် အမျိုးအမည် မသိရသည့်အရာကို အမြဲတစေ ကြောက်ရွံ့ပြီး သတိထားတတ်ကြ၏။
လုကျိုး၌ အပြာရောင်ကြာပွင့်ရှိသော်ငြား သူ့၌ ရွှေကြာလည်း ရှိသည်။ ထိုအကြောင်းအရင်းကြောင့် ကျန်သည့်လူများသည် သူက လျှို့ဝှက်နည်းစနစ် တချို့ သုံးနေတာဖြစ်ရမည်ဟု ထင်ခဲ့သည်။ မိစ္ဆာဇင်သည် မိမိ၏ စွမ်းအင်ကို အနက်ရောင်ပြောင်းစေသည့် အကြောင်းအရင်းနှင့် ဆင်တူသည်။ ထိုအကြောင်းအရင်းကြောင့် အပြာရောင်ကြာကို ဘယ်သူ့မှ သံသယမဝင်ကြချေ။
သို့သော် သူတို့သည် အနီရောင်ကြာကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးတာ ဖြစ်၏။ သူတို့သည် ယုံရှီးနှင့် ယုံပေ့မှ ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်များကို မြင်တွေ့စဉ်ကထက်တောင် ထိတ်လန့်မှု မလျော့သွားပေ။ ထိုသို့တိုင် တခြားမျိုးနွယ်များအကြောင်း သူတို့ သိပြီးသားဖြစ်ကာ သူတို့ကို အလွယ်တကူ စုံစမ်းစစ်ဆေးနိုင်၏။ သို့သော် အနီရောင်ကြာ ဟူသည် အဘယ်နည်း။ မည်သည့်နေရာမှ ရောက်လာသနည်း။
ကျင့်ကြံသူများသည် ထိုကျင့်ကြံသူနှစ်ယောက်ကို ပိုကောင်းကောင်းမြင်နိုင်ရန် အနီးသို့ ရွေ့လာကြ၏။
အနီရောင်ကြာ ကျင့်ကြံသူနှစ်ဦးသည် ကြောက်လန့်သွားသည်။ လုကျိုးသည် သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်နိုင်စွမ်းရှိသော ရတနာတစ်ပါး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ မထင်ထားပေ။ ဤနည်းဖြင့် သူတို့ ထုတ်ဖော်ခံလိုက်ရသည်။ တွေဝေမနေဘဲ သူတို့နှစ်ယောက်လုံးသည် စိတ်ဝိညာဉ်သဏ္ဌှာန်များ ဆင့်ခေါ်လိုက်၏။
အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ပေါ်လာပြီး လေထဲပျံတက်သွားသည်။
အနီရောင်ကြာ ကျင့်ကြံသူနှစ်ယောက်က ထွက်ပြေးရန် ကြိုးစားနေဆဲဖြစ်၏။
အစောတည်းက သူတို့သည် အဝိုင်းခံထားရပြီဖြစ်သည်။
လုကျိုး၌ စွမ်းအားမကျန်တော့သော်ငြား နန်ကုန်းဝေနှင့် ဖုန်းဝေကျစ်ရှိနေသေးသည်။ သူတို့ မည်ကဲ့သို့ ထွက်ပြေးနိုင်မည်နည်း။
အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်များ စတင်ပျံသန်းချိန်တွင် လေထဲရှိ ကျင့်ကြံသူများက တပြိုင်နက်တည်း စတင်တိုက်ခိုက်လိုက်သည်။
ဘန်း ဘန်း ဘန်း
သူတို့သည် မေးမနေဘဲ တိုက်ခိုက်လိုက်တော့သည်။
ပွင့်ချပ်ခုနစ်လွှာ သို့မဟုတ် ပွင့်ချပ်ရှစ်လွှာမရှိဘဲ မည်သူမှ ခံနိုင်ရည်ရှိမှာမဟုတ်။ ပွင့်ချပ်ငါးလွှာ အဆင့်တွင် ရှိသော အနီရောင်ကြာ ကျင့်ကြံသူနှစ်ယောက်ဆို ပိုဆိုးပေ၏။
ခဏအကြာတွင် ပွင့်ချပ်ရှစ်လွှာရှိသော စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုသည် အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို အရှိန်ပြင်းပြင်းဖြင့် တိုက်ခိုက်တော့၏။
ဖုန်း ဖုန်း
အနီရောင်ကြာ ကျင့်ကြံသူနှစ်ယောက် ပြုတ်ကျသွားတော့သည်။
“မင်းတို့ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား” နန်ကုန်းဝေသည် နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။
ဖုန်းယီကျစ်နှင့် နန်ကုန်းဝေက သူတို့ စိတ်ဝိညာဉ်သဏ္ဌာန်များကို ရုပ်သိမ်းလိုက်ကာ အနီရောင်ကြာ ကျင့်ကြံသူနှစ်ယောက်ဘေးသို့ ဆင်းသက်လိုက်သည်။
“ချန်းပေ့ကျိ ... အခု ဘယ်လိုအပြစ်ပေးသင့်လဲ”
လုကျိုးသည် မြေပြင်ပေါ်တွင် တွားသွားနေသော အနီရောင်ကြာ ကျင့်ကြံသူနှစ်ယောက်ကို ကြည့်လိုက်သည်။ “သူတို့ရဲ့ ကျင့်ကြံဆင့်ကို စည်းပိတ်ထားလိုက်”
“နားလည်ပါပြီ”
ဖုန်းယီကျစ်နှင့် နန်ကုန်းဝေတို့ ကိုယ်တိုင်လှုပ်ရှားလေရာ အနီရောင်ကြာကျင့်ကြံသူနှစ်ဦးသည် သူတို့၏ ကျင့်ကြံဆင့်ကို မြဲမြံစွာ ပိတ်ထားလေ၏။ လုကျိုးရှေ့သို့ အဆွဲခံလိုက်ရပြီးနောက် သူတို့ ထိုနေရာတွင် ဒူးထောက်နေရသည်။
လုကျိုးသည် သူတို့နှစ်ယောက်ကို နက်ရှိုင်းသော အကြည့်ဖြင့် စိုက်ကြည့်ဖြင့် တင်းမာစွာ မေးလိုက်သည်။ “မင်းတို့ ဘယ်ကနေ ဝင်လာတာလဲ”
အနီရောင်ကြာ ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက်က ချောင်းဆိုးပြီးနောက် ပြောလိုက်သည်။
"အခုချိန်ကျမှတော့ မင်း ငါတို့ကို ကြိုက်သလို လုပ်လို့ရတယ်”
“ရွှေကြာနယ်မြေရဲ့ သတင်းကို အနီရောင်ကြာနယ်မြေဆီ သတင်းပို့ပြီးသား။ မင်းတို့တွေ ငါတို့ပေါ် လက်တစ်ချောင်းတင်ရဲရင် ငါတို့လူတွေက ဆယ်ဆ လက်စားချေလိမ့်မယ်”
ဘန်း
နန်ကုန်းဝေက ထိုနှစ်ယောက်ကို ကန်လိုက်တော့၏။ သူသည် ထိုနှစ်ယောက်ကို စိမ်းစိမ်းဝါးဝါးကြည့်ကာ ပြောလိုက်တော့သည်။ “ဒါက မင်းတို့ ခေါင်းမာမာ ပြုမူရမယ့်အချိန်လား”
“ခေါင်းမာချင်ယောင်ဆောင်တယ်လား ချန်းပေ့ကျိ ... ခင်ဗျား ကျုပ်ကို တကယ် သတ်ရဲလို့လား။ ကောင်းကင်သိုင်းခုံရုံးက ရွှေကြာနယ်မြေကို အမြစ်ပြတ်သုတ်သင်မယ်ဆိုတာ ကောင်းကင်ကို ကျိန်ဆိုရဲတယ်"
လုကျိုးသည် တည်ငြိမ်ပုံပေါ်နေ၏။
တစ်ဖက်တွင်မူ ကျန်သည့် ကျင့်ကြံသူများသည် ဒေါသထွက်နေ၏။ တစ်မိုးအောက်၌ မိစ္ဆာဝေဟင် မျှော်နန်း၏ သခင်ကို ဤလူများသည် ရာရာစစ စိန်ခေါ်ရဲသည်လော။
“ကျုပ်တို့ရဲ့ အသက်ကျောက်တုံး ပြိုကွဲသွားတာနဲ့ ကောင်းကင်သိုင်းခုံရုံးက ချက်ချင်းသတိထားပြီး ဖြစ်သွားမှာပဲ။ ခင်ဗျားအတွက် ဘာက အကောင်းဆုံးလဲဆိုတာ သိရင် ကျုပ်ကို လွှတ်ပေးလိုက်”
လုကျိုးက လျှောက်လာသည်။ ဖုန်းယီကျစ်နှင့် နန်ကုန်းဝေတို့က တစ်စုံတစ်ခု ပြောတော့မည့်အချိန်တွင် လုကျိုးက သူတို့ကို တားလိုက်၏။
လုကျိုးသည် သူတို့နှစ်ယောက်ရှေ့ တိုးသွားသည်နှင့် သူတို့နှစ်ယောက်က နောက်ဆုတ်ကာ ယုံကြည်ချက်တို့ လျော့နည်းလာပုံရသည်။
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား” လုကျိုးသည် လေသံအတက်အကျမရှိ မေးလိုက်၏။
“ကျုပ် ကျုပ် ထင်တာက ...” ကြောက်လန့်နေသော်ငြား ထိုနှစ်ယောက်သည် အလျော့မပေးပေ။ လုကျိုးသည် ယခုအချိန်၌ ဤပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူကို အနီရောင်ကြာနယ်မြေဖြင့် ခြိမ်းခြောက်ခြင်းဖြင့်သာ သူတို့အသက်ရှင်နိုင်မည်ဟု သေချာနေသည်။
“ဒီနေရာမှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ရှိခဲ့ရင်တောင် သူ့ကို သိပ်တွေးပေးနေမှာ မဟုတ်တာ မင်းတို့လို ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ယောက်ဆို ပိုဆိုးပေါ့”
“ဟမ်” ဘယ်ဖက်တွင် ဒူးထောက်နေသော အနီရောင်ကြာ ကျင့်ကြံသူသည် အေးစက်စက်အလင်းတန်းကို တွေ့လိုက်ရ၏။ သူ မော့ကြည့်လိုက်ချိန်တွင် ထိုအဘိုးအိုက အနက်ရောင် သင်္ကေတများဖြင့် ဓားတစ်လက်ကို ကိုင်ဆောင်ထားတာကို တွေ့လိုက်ရသည်။ “အနက်ရောင်လား” သူ တုန်ယင်သွားသည်။ “ချန်းပေ့”
ဓားသွားက သူ၏လည်ပင်းကို ဖြတ်သွားသည်။ သူ၏စကားများသည် သူ၏လည်ပင်းနှင့်အတူ ပါသွားကာ သွေးများပန်းထွက်လာတော့သည်။
ယင်းက ရိုးရှင်းပြီး သေသပ်သော အကွက်ဖြစ်သည်။
အနီရောင်ကြာ ကျင့်ကြံသူသည် အသက်ထွက်သွားသည်အထိ သူ၏သေခြင်းတရားကို တွေးနိုင်ရန် ပုံမပေါ်ပေ။ သူ၏ ရင်ဘတ်က လည်ပင်းမှ ပန်းထွက်လာသော သွေးများကြောင့် နီရဲနေ၏။ ကြက်သွေးရောင်အရိပ်သည် အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုနှင့်တူသည်။ ပြီးနောက် သူသည် သူ့ခေါင်းက တစ်ဖက်က လိမ့်ကျသွားတော့၏။
ထောက်
သူ လဲကျသွားပြီး အသက်ရှူ ရပ်သွားတော့သည်။
“တင်း ... ပစ်မှတ်တစ်ယောက်ကို သတ်လိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁၅၀၀။ နယ်မြေအပို ကုသိုလ်မှတ် ၁၀၀၀”
သူ၏ရောင်းရင်း အနီရောင်ကြာ ကျင့်ကြံသူကမူ မျက်စိအပြူးသား ဖြစ်နေ၏။ လုကျိုးသည် အနီရောင်ကြာ ကျင့်ကြံသူဖက်လှည့်ပြီး ပြောလိုက်သည်။ “မင်း ဘာပြောစရာရှိလဲ"
“ဘာမှ ပြောစရာမရှိဘူး။ အခုချိန်မှာ မင်း ကြိုက်သလို လုပ်လို့ရတယ်”
အနီရောင်ကြာ ကျင့်ကြံသူ၏ခေါင်းက တစ်ဖက်လှည့်လျက် သူ၏ကံကြမ္မာကို လက်လျှော့လိုက်ပုံရသည်။
လုကျိုးသည် အနီရောင်ကြာ ကျင့်ကြံသူ၏ လည်ပင်းကို ဆုပ်ကိုင်ကာ “ငါ ကျန့်ဝမ်ရွှီ၊ ကုမင်နဲ့ ချုံးချီတို့ကိုတောင် သတ်ခဲ့တယ်။ ငါ မင်းကို မသတ်နိုင်ဘူးလို့ ဘာကြောင့် တွေးမိတာလဲ။ ပြောကြည့်လိုက်”
အနီရောင်ကြာ ကျင့်ကြံသူသည် လုကျိုး၏ နှုတ်က ပေါ်ထွက်လာသော အမည်များကို ကြားသောအခါ သူ၏မျက်နှာထက်တွင် ကြောက်လန့်သော အမူအရာပေါ်လာတော့သည်။
လုကျိုးသည် သူ၏လည်ပင်းကို ချုပ်ကိုင်ကာ ဆွဲမြှောက်ထားလျက် သူ၏မျက်နှာသည် အနီရောင်ကြာ ကျင့်ကြံသူနှင့် တဖြည်းဖြည်းချင်း နီးလာတော့သည်။ သူသည် လုကျိုး၏ ဆုပ်ကိုင်မှုကို ဖယ်ရှားရန် ကြိုးစားသော်ငြား လုကျိုး၏ ဆုပ်ကိုင်ထားမှုက မြဲမြံလှပေ၏။
“မင်းက ပွင့်ချပ်ငါးလွှာကျင့်ကြံသူ တစ်ယောက်သာသာပဲ ဒါပေမဲ့ မင်း နေရာ မင်း မသိဘူး”
“ကျုပ် ကျုပ်ကို ချမ်းသာပေးပါ” သူသည် လုကျိုး၏ အေးစက်စက်အကြည့်ကြောင့် ကြောက်လန့်သွား၏။
“သိပ်နောက်ကျသွားပြီ”
ဂျွတ်
လုကျိုးသည် လက်ကိုဖျစ်ညှစ်လိုက်ပြီး အနီရောင်ကြာ ကျင့်ကြံသူ၏ လည်ပင်းကို ချိုးလိုက်သည်။
ခေါင်းက တစ်ဖက်သို့ လည်ကျသွားကာ သူ အသက်မရှူတော့ပေ။
လုကျိုးသည် အနီရောင်ကြာ ကျင့်ကြံသူ၏ လည်ပင်းကို ဆုပ်ကိုင်ထားတာကို ဖြေလျော့ပြီးနောက် အနီရောင်ကြာ ကျင့်ကြံသူသည် မြေပြင်ပေါ် ဖုတ်ခနဲ ပြုတ်ကျသွားသည်။
ကျန်သည့်ကျင့်ကြံသူများသည် ယင်းကို မြင်သောအခါ သူတို့စိတ်အေးသွား၏။ သို့သော် အသံမထွက်ရဲချေ။ ဝင့်ဝါပြီး ထင်ပေါ်ကျော်ကြားသည့် သိုင်းကွက်မရှိသောငြား သူတို့ ထိတ်လန့်ပြီး တုန်လှုပ်သွားသည်။ လုကျိုး၏ အစောတုန်းက စကားများသည် သူတို့၏ စိတ်ထဲရောက်ရှိသွားကာ သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်း၏သခင်ကဲ့သို့ အကျော်အမော်တစ်ယောက်ကို ဘယ်တော့မှ ခြိမ်းခြောက်ရန် မကြိုးစားသင့်ဟု ကျိန်ဆိုလိုက်ကြသည်။
“တင်း ... ပစ်မှတ်တစ်ယောက်ကို သတ်လိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁၅၀၀။ နယ်မြေအပို ကုသိုလ်မှတ် ၁၀၀၀”
အနီရောင်ကြာ ကျင့်ကြံသူနှစ်ယောက် သေဆုံးခြင်းဖြင့် လုကျိုးသည် ကုသိုလ်မှတ် ၅၀၀၀ ရလိုက်၏။
ယင်းသည် ချုံးချီကို သတ်ရခြင်းထက် ပိုလွယ်ကူသည်။
လုကျိုးသည် ကုသိုလ်မှတ်များ ပိုလိုအပ်နေသောကြောင့် ဒုက္ခများနေတာ ဖြစ်သည်။ ကျင့်ကြံသူနှစ်ယောက်က သူ၏အောက်ခြေစည်းကို ကျော်လာသောကြောင့် သူသည် သူတို့ကို မသတ်လျှင် မိစ္ဆာအိုကြီးကျိ ဟူသည့် ဘွဲ့အမည်ဖြင့် ဘယ်လိုလုပ် နေထိုင်ရတော့မည်နည်း။
အချိန်အတိုင်းအတာ တစ်ခုအထိ မည်သူမှ ဘာမှမပြောပေ။
လုကျိုးသည် သေသူများအကြောင်း ဘာမှဂရုမစိုက်တော့။ သူသည် နန်ကုံးဝေနှင့် ဖုန်းယီကျစ်ကို ကြည့်ပြီး မေးလိုက်တော့သည်။ “ခင်ဗျားတို့နှစ်ယောက် ယီစီရင်စုကို ဘာကြောင့် ရောက်နေတာလဲ”
နန်ကုံးဝေက သတိပြန်ကပ်သွားသည်။ သူက နဖူးပေါ်ရှိချွေးများကို သုတ်ပြီး ပြောလိုက်တော့သည်။ “ချန်း ချန်းပေ့ကျိ”
“စိတ်လှုပ်ရှားနေဖို့ မလိုဘူး။ ငါက အမြဲတမ်း သက်ညှာပေးတတ်တယ်”
“သားရဲတစ်ကောင် မြို့ကို တိုက်ခိုက်နေကြောင်း ကြားလို့ပါ။ ဒါကြောင့် လေ့ကျင့်ဖို့ ထွက်လာတာပါ”
နန်ကုံးဝေက ပြန်ပြောလိုက်သည်။
“အကြီးအကဲချူးနန် ပြောတာတော့ ချန်းပေ့က ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း ဟောကြားဖို့ ရည်ရွယ်နေတယ်တဲ့။ ကျွန်တော်တို့ ဒါကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်ပါ့မလဲ” ဖုန်းယီကျစ်က ထည့်ပြောလိုက်သည်။
သူတို့နှစ်ယောက်သည် ပွင့်ချပ်ရှစ်လွှာအဆင့်၌ ပိတ်မိနေတာ အတော်ကြာပြီဖြစ်သည်။ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရန် နည်းလမ်းအသစ်တစ်ခု ရှိခဲ့လျှင် ၎င်းကို သင်ယူရန် ပျော်ရွှင်တာထက် ပိုပေလိမ့်မည်။
ဝေဟင်ထဲရှိ ကျင့်ကြံသူများသည် ၎င်းကို ကြားသောအခါ အပျော်လွန်သွားကြ၏။ ဤမတိုင်မီက ကောလဟလများသာ ပေါ်ခဲ့သည်။ ယခု ဂိုဏ်းချုပ် ကိုယ်တိုင်က အတည်ပြုခဲ့ပြီးဖြစ်ရာ သူတို့ မည်ကဲ့သို့ မပျော်ရွှင်ဘဲ နေမည်နည်း။ သူတို့သည် ပွင့်ချပ်ရှစ်လွှာအဆင့်သို့ မရောက်သေးလျှင် သူတို့သည် နောင်ကျ သင်ယူနိုင်မည့်အရာက အဖိုးတန်သည်။ ထို့ကြောင့် သူတို့ တညီတညွတ်တည်း ပြောလိုက်သည်။
“ချန်းပေ့ကျိရဲ့ သဘောထားကြီးမြတ်မှုကို ကျုပ်တို့အားလုံး သင်ယူသင့်တာပါ”
“ချန်းပေ့က ကျုပ်တို့အားလုံးရဲ့ စံပြ ပုဂ္ဂိုလ်ပါပဲ”
နောက်ဆုံးတွင် လက်ရှိအရေးကိစ္စကို ဖြေရှင်းပြီးသွားပြီဖြစ်သည်။ လုကျိုးသည် မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။ သူက ပိအန်းကို ကြည့်ပြီးပြောလိုက်၏။ "မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ကြမယ်”
ကျန်သည့်သူများက အရိုအသေပေးလိုက်ကြသည်။
“ဘေးကင်းတဲ့ ခရီးဖြစ်ပါစေ ... ချန်းပေ့ကျိ”
လုကျိုးသည် ပိအန်း၏ ကျောပေါ်ကို ခုန်တက်ပြီး ပျံဝဲလိုက်သည်။ တချိန်တည်းတွင် သူ့ဘေးရှိ ချုံးချီလေးကို ကြည့်ကာ သက်ပြင်းချလိုက်တော့သည်။ သူသည် လေထဲသို့ ရောက်ကာစ၌ ပတ်ဝန်းကျင်ရှိ သာမန်လူများကို တွေ့လိုက်ရ၏။ ပိအန်း၏ ပေါ်ပေါက်လာမှုက ကြောက်စရာကောင်းသောကြောင့် သာမန်ပြည်သူများသည် နောက်ထပ်သားရဲတစ်ကောင် ပေါ်လာလားဟု တွေးမိကြတာဖြစ်သည်။ ထို့ကြောင့် သူတို့လူစုကွဲပြီး သူတို့အိမ်ထဲ ပြန်ပြေးကြ၏။
လုကျိုးသည် ရုပ်ဖျက်ကတ်တစ်ကတ် ချက်ချင်း သုံးလိုက်သည်။ သူ၏ လက်ဖဝါးထဲခြေလိုက်သည်။
ဝေဟင်ထဲတွင် ပွင့်ချပ်ကိုးလွှာရွှေကြာက ပေါ်လာသည်။ ပွင့်ချပ်ကိုးလွှာရွှေကြာသည် တလက်လက် တောက်ပပြီး မျက်စိဖမ်းစားနိုင်စွမ်းရှိပေ၏။
ပိအန်းသည် ပေတစ်ရာ့ငါးဆယ် စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ရှေ့သို့ ခရီးနှင်သွားတော့သည်။ ရွှေရောင် ရောင်ခြည်သည် ယီစီရင်စု မြို့ကြီးကို တောက်ပစေ၏။
ကျင့်ကြံသူများက သူ့ကို ကိုးကွယ်ကြသည်။ သာမန်ပြည်သူများက ၎င်းကို မြင်သောအခါ နောက်ဆုံး၌ သဘောပေါက်သွား၏။ သူတို့မြင်နိုင်သမျှ အကွာအဝေးအထိ လူအများသည် အရိုအသေပေးလျက် လုကျိုးကို ကန်တော့နေကြသည်။
“တင်း ... လူပေါင်း ၃၀၀၀၀ ရဲ့ ယုံကြည်ကိုးကွယ်မှု ခံရပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀၀"