အခန်း (၆၉၄-၆၉၆)
Vol. 47 Ch. 694-696
အခန်း (၆၉၄) အကြောင်းပြန်လှန်ကတ်နဲ့ တောက်ပကျောက်တုံးများ
လုကျိုးက လူများ ကိုးကွယ်နိုင်ရန်အတွက် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပုံသဏ္ဌာန် ပြလိမ့်မည်။ သူက ကျရှုံးလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုအရာက အောင်မြင်သွားလိမ့်မည်ဟု မည်သူက သိမည်နည်း။ စနစ်အရ သူသည် လူများအား သူ့အား ကိုးကွယ်လာစေဖို့ အတင်းအကြပ် ဖိအားပေးနိုင်သလို လှည့်ကွက်လည်း အသုံးပြုနိုင်သည်။ သို့သော်လည်း သူ လုပ်လိုက်သည့်အရာက အလုပ်ဖြစ်လာသည်။
အချိန်ကလည်း အရေးကြီးလှသည်။ သူ့အား ကိုးကွယ်ယုံကြည်သည့် လူများက သူ့အပေါ် အလေးအနက်ဖြင့် ကျေးဇူးတင်နေမှသာ ကုသိုလ်ရမှတ်ကို ရရှိနိုင်သည်။ ဤသည်မှာ သူက သူ့အပေါ် လေးစားရုံမျှ ပြုမူသည့် ကျင့်ကြံသူများဆီမှ ကုသိုလ်ရမှတ် မရရှိသည့် အကြောင်းအရင်းလည်း ဖြစ်၏။
ဤတစ်ကြိမ်တွင် သူက ကံကောင်းသွားသည်။ အကယ်၍ တခြားမြို့သာ ဖြစ်ပါက လူများသည် ခေတ္တမျှသာ အံ့အားသင့်သွားကြလိမ့်မည်။ သူတို့က သူ့အား ကိုးကွယ်ရလောက်အောင်အထိ ရူးသွပ်ကြလိမ့်မည် မဟုတ်ပေ။
ရုပ်ဖျက်ကတ်က ကုသိုလ်ရမှတ် တစ်သောင်း ကျသင့်၏။ ထိုတန်ကြေးက အတော်လေး မြင့်မားလှသည်။ သူက စတေးဖို့ရာ မတတ်နိုင်ပေ။ ဤသည်က ကိုးကွယ်လာဖို့ ဖြစ်စေသည့် ဖြစ်ရပ်အတွက် အဓိက သော့ချက်တစ်ခုလည်း ဖြစ်၏။ ဆယ်စက္ကန့်က ချက်ချင်းဆိုသလို ကုန်ဆုံးသွားပြီး သူ့ စိတ်ဝိညာဉ်သဏ္ဌာန်ကလည်း ပျောက်ကွယ်သွားသည်။
ချုံးချီ၏ အလောင်းပေါ် ဝဲပျံနေသည့် ကျင့်ကြံသူများက အံ့အားသင့်နေဆဲ ဖြစ်၏။
“ကျိချန်းပေ့က တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဆိုပေမဲ့ ချုံးချီကို ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့်နဲ့ သတ်နိုင်ခဲ့တာပဲ”
“ဒါက သူ ယုံကြည်ချက် ဘယ်လောက်ရှိတယ် ဆိုတာကို ပြနေတာပဲ။ ငါတို့ကလည်း ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ဆိုပေမဲ့ ချုံးချီကို ငါတို့ ပူးပေါင်းရင်တောင် ထိန်းနိုင်မှာ မဟုတ်ဘူး။ ကျိချန်းပေ့ကတော့ ချုံးချီကို သူ တစ်ယောက်တည်းနဲ့ လွှမ်းမိုးပြီးတော့ အနိုင်ယူခဲ့တယ်။ ငါတို့က ပွင့်ချပ်ရှစ်လွှာအဆင့် အင်အားကို အသုံးပြုနေပေမဲ့ မိုးမြေလိုမျိုး ကွာခြားနေတာပဲ”
နန်ကုန်းဝေနှင့် ဖုန်းယီကျစ်တို့၏ စိတ်ထဲတွင် အတွေးများစွာ ပြည့်နှက်နေသည်။ ထိုစဉ် သူတို့အနားရှိ တစ်စုံတစ်ယောက်က ပြောလိုက်၏။
“ကျိချန်းပေ့အပြင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမတပည့် ယွီကျန့်ဟိုင်နဲ့ ဒုတိယတပည့် ယွီရှန်းရုန်တို့က တိုက်ပွဲကို တစ်ခါမှ မရှုံးနိမ့်ဖူးဘူး။ သူတို့ကလည်း ထိပ်တန်း ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတွေပဲ။ အလင်းတိမ်တိုက်တောအုပ်တုန်းက တိုက်ပွဲမှာ နှစ်ယောက်လုံးက လက်ရည်တူပဲ။ သူတို့က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတွေထဲမှာ ပြိုင်ဘက်ကင်းတယ် ဆိုပေမဲ့ သူတို့နှစ်ယောက် ပူးပေါင်းတိုက်ရင်တောင် ကျိချန်းပေ့ကို အနိုင်မယူနိုင်ဘူးလို့ ကောလာဟလတွေ ရှိခဲ့ဖူးတယ်”
ထိုအဖြစ်အပျက်များဖြင့် လုကျိုးက သူတို့၏ စိတ်နှလုံးသားအထက် ပြိုင်ဘက်ကင်း ဖြစ်လာပေသည်။
…
မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်သည့်အခါ စီးဝူယာ့နှင့် မင်ရှစ်ရင်တို့က လုကျိုးအား နှုတ်ဆက်ဖို့အတွက် အရှေ့မျှော်နန်းဆောင်ဆီ ရောက်လာကြသည်။
ပိအန်းက ခန်းမဆောင်ရှေ့တွင် ဆင်းသက်လိုက်၏။ မင်ရှစ်ရင်က ခွေးပေါက်စ ချုံးချီကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး။
“ဒါက ဘာလေးလဲ”
စီးဝူယာ့ကလည်း လှည့်ကြည့်လိုက်သည်။ သူက ချုံးချီကို သတိမထားမိပေ။
“ရှစ်စွင်း ပြန်လာတာ ကြိုဆိုပါတယ်”
စီးဝူယာ့နှင့် မင်ရှစ်ရင်တို့က တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။
လုကျိုးက ပိအန်းပေါ်မှ ခုန်ဆင်းလိုက်၏။ သူက လက်တစ်ချက်အဝေ့တွင် ပိအန်း၏ ကျောပေါ်မှ ချုံးချီအား ချပေးလိုက်သည်။
ချုံးချီလေးသည် သူတို့ခရီးစဉ်တစ်လျှောက် ပြင်ပပတ်ဝန်းကျင်နှင့် အလွယ်တကူ အသားကျသွားလိမ့်မည်ဟု ထင်မထားမိပေ။ သူက ယခုအခါ ခိုင်ခိုင်မာမာ ရပ်နေနိုင်ပြီဖြစ်၏။ ကြည့်ရသည်မှာ သားရဲတစ်ကောင်၏ အင်အားကြောင့် ဖြစ်လိမ့်မည်။
“ရှစ်စွင်း ဒါက..”
မင်ရှစ်ရင်က ချုံးချီအား စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် လက်ညှိုးထိုးကာ ပြောလိုက်သည်။
ဝုတ် ဝုတ် ဝုတ်…
ချုံးချီပေါက်စလေးက မင်ရှစ်ရင်ဆီ တောင်ပံခတ်လာသည်။ သူ့ အမွေးအမျှင်များက ပြားကပ်နေသည့်အတွက် သေသပ်နေလေ၏။ ဤသို့ဖြင့် သူက ရူးမိုက်မိုက် ခွေးပေါက်စလေးနှင့် ဆင်တူနေသေးသည်။
“ဟာ.. ငါက မင်းကို ရန်မစမိဘူး မဟုတ်လား”
မင်ရှစ်ရင်က ချုံးချီ ပေါက်စလေးအား ကြည့်လိုက်သည်။ ချုံးချီပေါက်စလေးက အမြှီးနှံ့ကာ ပြေးလာလေ၏။ သူက ပတ်ပတ်လည် အနံ့ခံလိုက်သော်လည်း မခံမရပ်နိုင်ဖြစ်သည်ဟု တွေ့ရှိသွားသည်။ သူက ကောင်းကင်ကို မျက်နှာမူကာ ပက်လက်လှန်လိုက်သည်။
မင်ရှစ်ရင် “…”
လုကျိုးက ခွေးပေါက်စအား ကြည့်ကာ ပြောလိုက်၏။
“ဒီသားရဲက ချုံးချီပဲ”
“ချုံးချီလား..”
စီးဝူယာ့က မယုံကြည်နိုင်သည့် အမူအရာမျိုးဖြင့် လျှောက်လှမ်းလာသည်။ ဤသို့ သေးငယ်ကာ ချစ်စရာ ကောင်းသည့် ချုံးချီမျိုး ရှိလိမ့်မည်ဟု သူ မထင်ထားမိပေ။ ဤသည်က ယွီစီရင်စုမြို့မှာ သောင်းကျန်းခဲ့သည့် သားရဲပေလော။
“ယွီစီရင်စုမြို့ရဲ့ ပြဿနာကို ဖြေရှင်းပြီးသွားပြီ။ ဒီချုံးချီပေါက်စလေးက သောင်းကျန်းခဲ့တဲ့ ချုံးချီရဲ့ မျိုးဆက်ပဲ။ သူ့ကို သေချာစောင့်ရှောက်ထားလိုက်”
လုကျိုးက ပြောလိုက်သည်။
ချုံးချီရဲ့ မျိုးဆက်တဲ့လား..
စီးဝူယာ့က တွန့်ဆုတ်မိသွားသည်။ သူက သဘောပေါက်သွားပြီး။
“ရှစ်စွင်း နောက်ထပ် စီးတော်သားရဲ ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်”
“စီးတော်သားရဲ ဒါက စီးတော်သားရဲလား.. ငါ မင်းကို ကိုက်လိုက်မယ် ကြားလား”
ဝုတ် ဝုတ် ဝုတ်..
ချုံးချီပေါက်စနှင့် မင်ရှစ်ရင်တို့က စကားများနေကြဟန် ပေါ်သည်။
စီးဝူယာ့က မင်ရှစ်ရင်၏ အပြုအမူကြောင့် အနည်းငယ် ဆွံ့အနေမိ၏။
ကလေးဆန်လိုက်တာ..
ထိုစဉ် ရှောင်ယွမ်အာက ခရုလေးနှင့်အတူ ရောက်ရှိလာသည်။ သူတို့နှစ်ဦးလုံးက လက်ကိုင်ထားကြ၏။ သူမက မြေပြင်ပေါ် လိမ့်နေသည့် ချုံးချီပေါက်စလေးအား မြင်သည့်အခါ စိတ်ဝင်စားမှု မြင့်တက်လာသည်။
“စစ်ရှစ်ရှိုး ဒါက ဘာလေးလဲ”
“ဒါက ချုံးချီ ပေါက်စလေးပဲ”
ဝုတ် ဝုတ် ဝုတ်…
မိန်းကလေးနှစ်ဦးက စတင်ကစားကြတော့သည်။ မိန်းကလေးငယ်များက ကြမ်းတမ်းဖို့ ကြိုးစားနေသည့် ချစ်စဖွယ် တိရိစ္ဆာန်များကို သဘောကျကြသည် မဟုတ်ပါလော။
လုကျိုးက အရွယ်ရောက်ပြီးသား ချုံးချီသည် မည်မျှ ခက်ထန်ကြောင်း အမှတ်ရမိသွားသည်။ သူက အရွယ်ရောက်ပြီးသား ချုံးချီကို ဤချစ်စဖွယ် ချုံးချီပေါက်စလေးဖြင့် နှိုင်းယှဉ်ကြည့်ဖို့ အခက်တွေ့နေ၏။ အဆုံးသတ်တွင် သူက ပြောလိုက်သည်။
“ချုံးချီကို လျှော့မတွက်နဲ့”
ခရုလေးနှင့် ရှောင်ယွမ်အာတို့က ကစားနေပြီးနောက် လုကျိုးရှေ့တွင် ရိုရိုကျိုးကျိုး မတ်တတ်ရပ် လိုက်ကြသည်။
“ရှစ်စွင်း … ရှစ်မေ့ခရုလေးက နတ်ဝိညာဉ်ဝဋ်ကြွေးချေအဆင့်ကို ရောက်သွားပြီ” ရှောင်ယွမ်အာက ပြောလိုက်သည်။
လုကျိုးက ခရုလေးအား ကြည့်လိုက်သည်။ သူမ၏ အမြန်နှုန်းက သူ့မှန်းဆချက်အတွင်း ရှိ၏။ တစ်ချိန်တည်းဆိုသလို သူမက နိုးထနေသည့် ဖြစ်စဉ်အတွင်း ဟုတ်ရဲ့လားဟု မတွေးမိဘဲ မနေနိုင်တော့ပေ။ အကယ်၍ ဤသို့ မဟုတ်ပါက သူမ၏ ကျင့်ကြံဆင့်က ဘယ်နေရာက လာသနည်း။ ကျန့်ဝမ်ရွှီ မသေခင်က လော့ရှစ်ယင် ချန်ထားခဲ့သည့် မှတ်စုများအကြောင်း ငြင်းဆန်ခဲ့ဖူးသည်။ ထိုစဉ်အချိန်က သူသည် လော့ရှစ်ယင်က ခရုလေး မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့၏။ ထိုသို့ဖြစ်နေလျှင် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက မည်သို့ ဖြစ်မည်နည်း။
လုကျိုးက ထိုသို့ တွေးမိသော်လည်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ကောင်းတယ်”
“တပည့် ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်” ခရုလေးက လက်သီးဆုပ်ကာ ပြောလိုက်၏။
လုကျိုးက ခရုလေးအား ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းနေမိသည်။ သူက အနီရောင်ကြာနယ်မြေ အကြောင်းကို တစ်ရက်ထပ်တစ်ရက် ပိုမိုသိလာခဲ့ရသည်။ ခရုလေးက အနီရောင်ကြာကမ္ဘာမှ ဖြစ်သည့်အတွက် တစ်ရက်ကျ သူနှင့် ရင်ဆိုင်လာမည်လား။ နေရာတိုင်းတွင် လူကောင်းနှင့် လူဆိုးဟူ၍ ရှိလေသည်။ လော့ရှစ်ယင်က တာ့ယန်ကျင့်ကြံသူများ သူတို့ဘာသာ သူတို့ တိုးတက်ဖို့အတွက် မှတ်စုများကို ချန်ထားပေးခဲ့သည်။ တစ်ဖက်တွင်မူ ကျန့်ဝမ်ရွှီက သူ၏တစ်ကိုယ်ကောင်းဆန်သည့် အကြောင်းပြချက်ဖြင့် ကျင့်ကြံရေးကို ဖိနှိပ်ထားခဲ့သည်။ အနီရောင်ကြာပန်းကမ္ဘာရှိ အားလုံးက သတ်ဖြတ်လိုနေသည့်တိုင် အရူးများ မဟုတ်ပေ။
ထားလိုက်ပါတော့ အချိန်ကျလာတဲ့အခါမှ ဖြေရှင်းလိုက်မယ်…
လုကျိုးက ချုံးချီပေါက်စအား ကြည့်ကာ ပြောလိုက်၏။
“ချုံးချီက ငယ်သေးတယ်။ ဘယ်သူ စောင့်ရှောက်ပေးချင်လဲ”
“တပည့်..”
“တပည့် တပည့်..”
ခရုလေးနှင့် ရှောင်ယွမ်အာတို့က လက်မြှောက်လိုက်ကြသည်။
စီးဝူယာ့ကမူ သူက စိတ်မဝင်စားသည့်အတွက် နောက်ဆုတ်လိုက်၏။
မင်ရှစ်ရင်က အင်တင်တင်ဖြင့် လက်မြောက်လိုက်ပြီး
“ကောင်းတယ် ပေါက်စလေး … မင်းကို ဂရုစိုက်ပေးမဲ့ ဘိုးဘေးနှစ်ယောက်တောင် ရှိနေပြီ သွားတော့ သွားတော့..”
သူက ချုံးချီ ပေါက်စလေးအား ခြေထောက်ဖြင့် အသာတွန်းလိုက်သည်။
ဝုတ် ဝုတ် ဝုတ်..
ချုံးချီ ပေါက်စလေးက မင်ရှစ်ရင်၏ ညာဘက်ခြေထောက်အား ဖက်တွယ်ထားသည်။
“…”
“မင်းက ဘာဖြစ်လို့လဲ ဒါက ရှစ်စွင်းရဲ့အမိန့်ပဲ။ ငါက မင်းအတွက် အချိန်မရှိဘူး။ သွားတော့ သွားတော့..”
မင်ရှစ်ရင်က ခါထုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ချုံးချီက တင်းတင်းကျပ်ကျပ် ဖက်တွယ်ထား၏။ လုကျိုးက ထိုအရာကို ထူးဆန်းသည်ဟု ထင်မိသည်။
ချုံးချီက သူ့အား သခင်အဖြစ် အသိအမှတ် ပြုထားလေသည်။ ထိုသားရဲပေါက်စလေးက တခြားသူကို ကပ်တွယ်လိမ့်မည်ဟု မထင်ထားမိပေ။
“မင်ရှစ်ရင်..”
လုကျိုးက ပြောလိုက်သည်။
“ဟုတ် ရှစ်စွင်း..”
“မင်း စောင့်ရှောက်ထားလိုက်”
“ဟမ်..”
သူက ကြောင်အမ်းသွားလေ၏။
ဝုတ် ဝုတ် ဝုတ်..
ချုံးချီပေါက်စလေးက မင်ရှစ်ရင်၏ ခြေထောက်ဖြင့် ပွတ်သပ်နေသည်။
ခရုလေးနှင့် ရှောင်ယွမ်အာတို့က ပြောလိုက်၏။
“ရှစ်စွင်း…”
သူတို့ကလည်း သူတို့၏အတွေးအမြင်များ ရှိကြသည်။
လုကျိုးက ခေါင်းခါလိုက်ပြီး
“ချုံးချီက ပိအန်းထက်တောင် ကြမ်းတမ်းတယ်။ မင်းတို့ စောင့်ရှောက်ချင်တာ သေချာရဲ့လား”
“…”
မိန်းကလေးနှစ်ယောက်က ခေါင်းခါလိုက်ကြသည်။
“လောင်စစ် ငြင်းစရာ ရှိသေးလား”
လုကျိုးက မေးလိုက်သည်။
“မရှိပါဘူး ကျွန်တော် သေချာစောင့်ရှောက်ထားလိုက်ပါ့မယ်”
မင်ရှစ်ရင်က တောင့်တောင့်တင်းတင်း အပြုံးမျိုးဖြင့် ပြောလိုက်သည်။
ဝုတ် ဝုတ် ဝုတ်…
ချုံးချီ ပေါက်စလေးက မင်ရှစ်ရင်၏ ခြေထောက်ကို ဆက်လက် ပွတ်သပ်နေသည်။
မင်ရှစ်ရင်က အနည်းငယ် စိတ်ဒုက္ခရောက်မိ၏။
…
လုကျိုးက အခန်းအတွင်း ပြန်ရောက်လာသည်။ သူက စနစ်ကို ခေါ်လိုက်ပြီး ကုသိုလ်ရမှတ်များအား စစ်ဆေးကြည့်လိုက်သည်။
ကုသိုလ်ရမှတ် ၄၅၁၄၀မှတ်
အသုံးပြုပစ္စည်းများ- အသေရိုက်ချက်ကတ် ၂ကတ်၊ အရေးပေါ် အတိုက်အခိုက်ဒဏ်ပြင်း ကာကွယ်ရေးကတ် ၇၂ ကတ် (အလိုအလျောက်သုံး)၊ ချုပ်နှောင်ရေးလှောင်ချိုင့်ကတ် ၂ကတ်၊ နတ်ခြင်္သေ့ (အနားယူနေဆဲ)၊ ပိအန်း၊ ကျီလျန့်၊ ချုံးချီ၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ ရုပ်ဖျက်ကတ် ၃ကတ်၊ အကြောင်းပြန်လှန်ကတ် ၃၅၀ ကတ်၊ တောက်ပကျောက်တုံး ၁ တုံး၊
လက်နက်- အမည်မဲ့၊ အသက်ဓားသွား၊ ကျောက်စိမ်းမြင်းမြီးတုတ်၊ အဆင့်မြင့် လေဟာနယ်၊ စီရင်ရေးစုတ်တံ၊ ပြိုင်ဘက်ကင်း ဓားမြောင်။
သူ ထင်ထားသည်ထက် ပိုမိုရရှိခဲ့သည်။
ယခင်ကံစမ်းမဲ အတွေ့အကြုံများအရ ကုသိုလ်ရမှတ် ပမာဏသည် သူ့အတွက် အကြောင်းပြန်လှန်ကတ် ရရှိဖို့ လုံလောက်လေသည်။
“တင်း ကံစမ်းမဲ ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ၅ကတ် ရရှိပါတယ်”
ဤသည်က အစကောင်း ဖြစ်၏။ လုကျိုးက ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
…
အခန်း (၆၉၅) အာဖရိက မျိုးနွယ်စု အကြီးအကဲလား ဒါမှမဟုတ် ဥရောပ ဧကရာဇ်လား
နောက်ထပ် ကံစမ်းမဲနှိုက်ရာ၌ စိတ်လှုပ်ရှားစရာမရှိတော့ပေ။ လူတစ်ယောက်သည် မည်မျှ စိတ်အားထက်သန်စေကာမူ ကိစ္စရပ်များက ထပ်ကာတလဲလဲဖြစ်နေလျှင် ငြီးငွေ့တတ်ပေ၏။
လုကျိုးသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သူ တညလုံး ကံစမ်းမဲနှိုက်ပြီးနောက် နောက်တစ်နေ့တွင် အနည်းငယ် ပင်ပန်းနေသည်။
သူ၏ထူးကဲအံ့ဖွယ်စွမ်းအား ချို့တဲ့မှုကြောင့် သူ အချိန်အတော်ကြာ နှိုးမနေနိုင်ပုံပေါ်၏။
တညတာ ကုန်လွန်သွားသည်။
ကောင်းမွန်သည့် စတင်ခြင်းမှာ သူ၏ နောက်ထပ်ကံစမ်းမဲတစ်ရာသည် ကျေးဇူးတင်သည့် စာများဖြင့် ပြည့်နေ၏။
လုကျိုးသည် ပင်ပန်းနွမ်းနယ်ပြီး ဆာလောင်နေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် စတင် ကျိန်ဆဲမိလောက်၏။
သူသည် နောက်ထပ်ကုသိုလ်မှတ် တစ်ရာရှိသေးကြောင်း မြင်သောအခါ နောက်ထပ်ကံစမ်းမဲ စတင်နှိုက်လိုက်၏။
“ကံစမ်းမဲ”
“ရှစ်စွင်း” ထိုစဉ် ကျူးဟုန်ကုန်းသည် အခန်းထဲဝင်လာ၏။ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ရှစ်စွင်း ကျွန်တော်အခု ပွင့်ချပ်လေးလွှာအဆင့်ရောက်သွားပြီ”
“တင်း ... ကုသိုလ်မှတ်ငါးဆယ် သုံးလိုက်ပါပြီ။ ပါဝင်ပေးတာ ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် အပေါင်းတစ်”
လုကျိုးသည် အခန်းထဲသို့ ဝင်လာသည့် ကျူးဟုန်ကုန်းကို မော့ကြည့်လိုက်သည်။ တင်းမာခက်ထန်သော အမူအရာဖြင့် သူ အေးစက်စက်ပြောလိုက်သည်။
“ထွက်သွား”
ကျူးဟုန်ကုန်းသည် တုန်ယင်သွား၏။ အမြန်ပြောလိုက်တော့သည်။
“ကျွန်တော် အခုချက်ချင်း ထွက်သွားပါ့မယ်” သူသည် အခန်းထဲမှ အမြန်ထွက်သွားကာ တံခါးပိတ်လိုက်၏။
အရှေ့ဖက်မျှော်နန်းအပြင်ဖက်တွင် ကျူးဟုန်ကုန်းသည် ခေါင်းကုတ်လျက် ရေရွတ်ပြောလိုက်၏။
“ရှစ်စွင်းက ဘာကြောင့် စိတ်အခြေအနေ မကောင်းတာလဲ။ ငါ တစ်ခုခု မှားတာ လုပ်မိလို့လား”သူ အောက်သို့ ဆင်းလာစဉ် ဇဝေဇဝါ ဖြစ်နေသေးဆဲဖြစ်၏။ ‘ငါ့ရဲ့ ကျင့်ကြံဆင့် နိမ့်လွန်းတယ်လို့ ရှစ်စွင်းက ထင်နေတာကြောင့်လား။’
သူ ထိုအကြောင်းကို တွေးမိပြီး ထိုသို့သာ ဖြစ်ရမည်ဟု ထင်လိုက်သည်။ ဆိုရလျှင် ကျန်သည့်တပည့်များအနက် သူ၏ ကျင့်ကြံဆင့်က အနိမ့်ဆုံးဖြစ်နေ၏။
“သား ... မင်းရဲ့ဆရာ မင်းကို ချီးကျူးရဲ့လား” ကျူးထျန်းယွမ်သည် အခန်းထဲသို့ လျှောက်လာ၏။
ကျူးဟုန်ကုန်းက ပြုံးလိုက်သည်။ “ချီးကျူးတယ် ... ကျွန်တော့်ကို အတော် ချီးကျူးခဲ့တာ”
“မင်းကို ဘယ်လိုချီးကျူးခဲ့တာလဲ။ သူ ဘယ်လိုပြောလဲ”
“ထွက်သွား”
“ဒါက မင်းအဖေကို ပြောတဲ့ပုံလား။ မင်းရဲ့ဆရာ မင်းကို ဘယ်လိုချီးကျူးခဲ့လဲဆိုတာပဲ မေးနေတာ”
“ကျွန်တော် ပြောနေတယ်လေ။ ‘ထွက်သွား’”
“ဟ ... တုတ်ကို ဖယ်ပြီး ကလေးကို အလိုလိုက်ခဲ့တာ။ မင်းအဖေရဲ့ ပွင့်ချပ်ရှစ်လွှာကျင့်ကြံဆင့်က အလှပြနေတာများ ထင်နေတာလား”
ပြီးနောက် သနားစဖွယ်အော်သံသည် လေထဲတွင် ပျံလွင့်လာ၏။
လုကျိုး၏ အခန်းထဲတွင် ဖြစ်သည်။ လုကျိုးသည် အနည်းငယ်အားနည်းနေသည်။ ထို့ကြောင့် သူသည် တရားထိုင်သည့်အခြေအနေထဲ ဝင်ကာ ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်သုံးသပ်လိုက်သည်။
သူ၏ ထူးကဲအံ့ဖွယ်စွမ်းအား အားပြန်ပြည့်သည်နှင့် သူ၏ စိတ်ထဲတွင် အေးမြသော စိတ်အခြေအနေက ပြည့်လာတော့သည်။ သူ၏ စိတ်အခြေအနေ ပြန်လည်တည်ဆောက်ပြီးသွား၏။ ထိုအရာအပြင် မြေကမ္ဘာစာလိပ်ကို ဆင်ခြင်သုံးသပ်ချိန်တွင် သူ၏ ကျင့်ကြံသည့်အရှိန်သည် ယခင်ကထက် ပိုမြန်ဆန်တာကိုလည်း ခံစားမိသည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွားလေ၏။
“တင်း ... သင်က မြေကမ္ဘာစာလိပ်ကို အကြိမ်တစ်ရာ ဆင်ခြင်သုံးသပ်ပြီးပါပြီ။ ဖွင့်လှစ်ခြင်းကောင်းကင် စာလိပ်တစ်ခု ရရှိပါတယ်”
ဖွင့်လှစ်ခြင်း ကောင်းကင်စာလိပ်လား ...
လုကျိုးသည် မျက်လုံးဖွင့်လိုက်၏။ သူ ထိုပစ္စည်းကို မမြင်ရတာ ကြာခဲ့ပြီဖြစ်သည်။ မြေကမ္ဘာစာလိပ်ကို ဆင်ခြင်သုံးသပ်ချိန်တွင် ယင်းကို ဆုရရှိလိမ့်မည်ဟု မထင်ထားပေ။
သူ၏ ယခင်အတွေ့အကြုံအရ ဖွင့်လှစ်ခြင်းကောင်းကင် စာလိပ်ကို ရရှိချိန်တိုင်းတွင် သူတို့သည် အမြဲတစေ အပိုင်းအစများသာ ဖြစ်တတ်၏။ ယခုအခေါက်တွင် တူညီနေသေးသည်လော။
သူသည် စနစ်မျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်၏။ တကယ်ပင် ဖွင့်လှစ်ခြင်းကောင်းကင် စာလိပ်တစ်ခုဖြစ်သည်။
“ပြီးပြည့်စုံတဲ့ စာလိပ်လား” သူသည် အံ့ဩသွား၏။ စနစ်သည် ယနေ့ ရက်ရောနေ၏။
လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။
သူသည် ဖွင့်လှစ်ခြင်းကောင်းကင် စာလိပ်ကို အသုံးပြုလိုက်တော့၏။
သူ၏နားတွင် ဖျော့တော့သော အလင်းလေးများ တောက်ပနေသည်။ မကြာမီတွင် ၎င်းတို့က သူ၏ ခန္ဓာကိုယ်ထဲဝင်လာ၏။ ဖွင့်လှစ်ခြင်းကောင်းကင် စာလိပ်ကို ရရှိပြီးနောက် သူ ဘာမှ သိပ်မခံစားရပေ။ ထို့ကြောင့် သူသည် ကောင်းကင်စာလိပ်ကို ဆင်ခြင်သုံးသပ်နေသည်။
နောက်ထပ် သုံးရက်တာ ကုန်လွန်သွား၏။ ယခင် ဆင်ခြင်သုံးသပ်ခြင်း အရှိန်အရ သူ၏ထူးကဲအံ့ဖွယ်စွမ်းအားသည် ယခုလောက်ဆို ပြည့်နေသင့်ပြီဖြစ်သည်။ သို့သော် ခြောက်ရက်ခြောက်ည ဆင်ခြင်သုံးသပ်ပြီးသည့်တိုင် သူ၏ ထူးကဲအံ့ဖွယ်စွမ်းအားသည် မပြည့်သေးပေ။
“ဒါက ဖွင့်လှစ်ခြင်းကောင်းကင် စာလိပ်ရဲ့ အာနိသင်လား” လုကျိုးသည် ကောင်းကျင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်သုံးသပ်ခြင်းကို ရပ်တန့်လိုက်သည်။
သူ၏ ထူးကဲအံ့ဖွယ်စွမ်းအား စုဆောင်းသည့်နှုန်းက ပြောင်းလဲသွားခြင်း မရှိသည်ကို ခံစားမိသည်။ ဆိုလိုသည်က ဖွင့်လှစ်ခြင်းကောင်းကင် စာလိပ်သည် သူ့ကို ထူးကဲစွမ်းအား အကန့်အသတ် ပိုပေးနေတာပဲ ဖြစ်သည်။
လုကျိုးသည် သူ၏ မြင့်တက်လာသော ခံနိုင်ရည်ကြောင့် ကိုယ့်ကိုကိုယ် စိတ်ကျေနပ်သွား၏။
“ကံစမ်းမဲ”
“တင်း ... ကုသိုလ်မှတ် ငါးဆယ်နဲ့ ကံကောင်းမှတ် တစ်ရာ သုံးလိုက်ပါပြီ။ တောက်ပကျောက်တုံးနှစ်တုံး၊ အကြောင်းပြန်လှန်ကတ် သုံးဆယ်"
နောက်တလုံး လုကျိုးသည် ကံစမ်းမဲနှိုက်ပြီး ဖွင့်လှစ်ခြင်းကောင်းကင် စာလိပ်ကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် လည်ပတ်နေ၏။ တချိန်တည်းတွင် သူသည် ကျင့်ကြံဆင့်မလျော့ပေ။ သူက အစစ်အမှန်ပွင့်ချပ်ကိုးလွှာရောက်ရန်အတွက် သူ့ကိုယ်သူ ပြင်ဆင်နေတာပဲဖြစ်၏။
အဓိက လိုအပ်ချက်နှစ်ခုရှိသည်။ ပထမလိုအပ်ချက်က သူသည် အကြောင်းပြန်လှန်ကတ် ၈၇၆ခု ကျော်ရှိရမည်။ ဒုတိယတစ်ခုက သူသည် ပွင့်ချပ်ရှစ်လွှာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရမည်။
လုကျိုးသည် ထိုလိုအပ်နှစ်ခုနှင့် ပြည်မီရန် ပိုမိုနီးကပ် လာပြီဖြစ်သည်။
ထိုစဉ် အနီရောင်ကြာနယ်မြေထဲတွင် ကောင်းကင်သိုင်းခုံရုံး၏ ခန်းမဆယ့်နှစ်ခုထဲရှိ ပင်မခန်းမဆောင်ထဲတွင် ဖြစ်သည်။
“အကြီးအကဲချိုး ... ရွှေကြာနယ်မြေနဲ့ ပတ်သတ်တဲ့ အခြေခံအချက်အလက်တွေ ရသွားပြီ။ အဲ့ဒီမှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ တစ်ယောက်ပဲရှိတာ ကြိမ်းသေတယ်။ ပြီးတော့ ကုမင်နဲ့ သူ့ရဲ့အဖော်အပေါင်းနှစ်ယောက်ရဲ့ အသက်ကျောက်တုံးကလည်း ပြိုကွဲသွားပြီ။" ပင်မတပည့်က အရိုအသေပေးလျက် ပြောလိုက်သည်။
အကြီးအကဲချိုးက သူ၏စုတ်တံကို ချလိုက်တော့သည်။ သူ ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။
“ဒီပွင့်ချပ်ကိုးလွှာကျင့်ကြံသူ အကြောင်း ငါတို့ ဘာသိလဲ”
“အဲ့ဒီလူရဲ့ နာမည်က ကျိထျန်းတောက် ... သူက လတ်တလောမှ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်တာ။ ဒီလိုအားနည်းတဲ့ ရန်သူကို ရင်ဆိုင်ရင် ကျွန်တော်တို့ မြန်မြန်သွားသင့်တယ်"
"မဟုတ်ဘူး” အကြီးအကဲချိုးသည် လက်မြှောက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ကြယ်ပျံအိမ်တော်ရဲ့ ကျန့်ဝမ်ရွှီက လွန်ခဲ့တဲ့ ရာစုနှစ်တွေကထဲက ရွှေကြာနယ်မြေကို သွားခဲ့တာ။ ကြယ်ပျံအိမ်တော်ရဲ့ မုံ့ချန်တုံး ဆီကနေ စာတစ်စောင်ရခဲ့တယ်။ ကျန့်ဝမ်ရွှီ သေသွားပြီ။ သူ မသေခင် ကြယ်ပျံအိမ်တော်ရဲ့ သလင်းတစ်ခု ပြန်ပို့လာတာ။ အဲ့ဒီပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက ကျန့်ဝမ်ရွှီကို သတ်ခဲ့တဲ့ သူပဲ”
ပွင့်ချပ်ကိုးလွှာ ကျန့်ဝမ်ရွှီကို သတ်ခဲ့သည့်သူအား သူတို့ မည်ကဲ့သို့ လျှော့တွက်နိုင်မည်နည်း။
“အကြီးအကဲချိုး ပြောတာမှန်တယ်”
“ကောင်းကင်လွန်းမှာ ရှာဖွေတဲ့အခြေအနေဘယ်လိုလဲ” အကြီးအကဲချိုးက မေးလိုက်၏။
“ကျွန်တော်တို့ နောက်ထပ်တစ်လ လိုပါတယ်။ အခုတော့ နည်းလမ်းနှစ်ခု ရှိပါပြီ။ ပထမက ရေနက်ဆန်းကြယ်ဂူကနေ သွားဖို့ ... ဒါပေမဲ့ အဲ့ဒီမှာ လမ်းပျောက်နိုင်ပါတယ်။ အားသာချက်ကတော့ ပို့ဆောင်မှုနဲ့ ခရီးနှင်မယ်ဆို ပိုတည်ငြိမ်ပြီး ပိုဘေးကင်းမယ်။ ဒုတိယက အဆုံးမဲ့သမုဒ္ဒရာပါ။ ဒါပေမဲ့ အဲဒီမှာ လှိုင်းကြမ်းလွန်းတယ်။ ပို့ဆောင်ရေး ထိခိုက်နိုင်တယ်။ ကောင်းကင်လွန်းနဲ့ ရေလွန်းပျံယာဉ်ကို ဆက်လက်ရှာဖွေရမယ်။ တစ်ချိန်တည်းမှာ နှစ်ခုလုံး စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်”
“အဲ့လိုလုပ်တာပေါ့။ ကြယ်ပျံအိမ်တော်က လတ်တလော ဘယ်လိုလဲ”
“လက်တလော ကြယ်ပျံအိမ်တော်က သူ့ဖာသာသူ ဒုက္ခများနေတယ်။ ရွှေကြာနယ်မြေကို သွားဖို့ ကိုယ့်ကိုယ်ကိုယ်အားကိုးရမှာ စိုးရိမ်မိတယ်”
“ဒုက္ခလား”
“သူတို့တွေက လတ်တလောမှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူ တော်တော်များများ ဆုံးရှုံးနေပြီး ဒီနောက်ကွယ်မှာ မိုးမခတစ်ထောင် ဘုရားကျောင်း ရှိနေတယ်လို့ သူတို့ သံသယဝင်နေကြတာ။ ဒါပေမဲ့ ဘုရားကျောင်းသခင် ရှားချန်းချိုးက ဒီလိုမျိုး ဆောင်ရွက်နိုင်စွမ်း မရှိဘူးလို့ ကျွန်တော် ခံစားမိတယ်”
“သူတို့ဖာသာ ဖြေရှင်းနိုင်တာပဲ။ ကောင်းကင်လွန်းပျံယာဉ်နဲ့ ရေလွန်းပျံယာဉ်ကို သုတေသနလုပ်တာပဲ အာရုံစိုက်ထား”
“ဟုတ်ကဲ့ပါ အကြီးအကဲ”
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဖက်မျှော်နန်းထဲတွင် ဖြစ်သည်။
လုကျိုးသည် အသက်ပြင်းပြင်းရှုသွင်းလိုက်၏။ ယင်းသည် သူ၏အကြိမ်ရှစ်ရာမြောက် ကံစမ်းမဲပဲဖြစ်သည်။
“တင်း ... ကုသိုလ်မှတ်ငါးဆယ်နဲ့ ကံကောင်းမှတ် ဆယ်မှတ်သုံးလိုက်ပါပြီ။ အကြောင်းပြန်လှန်ကတ် ၁၀ကတ်၊ တောက်ပကျောက်တုံး ၂တုံး၊ အတိုက်အခိုက်ဒဏ်ပြင်း ကာကွယ်ကတ် ၆၆ကတ် ရရှိပါတယ်”
လုကျိုးသည် ဤကံစမ်းမဲကို ကျေနပ်သွား၏။
သူသည် သူရရှိထားသည့် အကြောင်းပြန်လှန်ကတ်ကို စိတ်မပူပေ။ တောက်ပကျောက်တုံးနှစ်တုံးက တန်ဖိုးပိုရှိ၏။
သူသည် စနစ်မျက်နှာပြင်ကို ပိတ်ကာ သူ၏ အသုံးပစ္စည်းစာရင်းကို ကြည့်လိုက်သည်။
အသုံးပစ္စည်း။ ။အသေရိုက်ချက်ကတ် ၂ကတ်၊ အတိုက်အခိုက်ဒဏ်ပြင်း ကာကွယ်ကတ် ၁၃၈ကတ်၊ (အလိုအလျောက်သုံး)၊ ချုပ်နှောင်ခြင်း လှောင့်ချိုင့်ကတ် ၂ကတ်၊ နတ်ခြင်္သေ့ (အပြည့်အဝ အနားယူပြီး)၊ ပိအန်း၊ ကျိလျန်၊ ချုံးချီ သားပေါက်အဆင့်၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ ရုပ်ဖျက်ကတ် ၉ကတ်၊ အကြောင်းပြန်လှန်ကတ် ၉၀၀၊ တောက်ပကျောက်တုံး ၅ခု။
လက်နက်။ ။အမည်မဲ့၊ အသက်ဖြတ်တောက်သူ၊ ကျောက်စိမ်းမြင်းမြီးတုတ်၊ အစက်အပြောက်မဲ့ ဓားမြှောင်၊ အဆင့်မြင့် လေဟာနယ်၊ စီရင်ရေးစုတ်တံ။
သူ့၌ အကြောင်းပြန်လှန်ကတ် ၉၀၀ကို မြင်သောအခါ လုကျိုးသည် စိတ်ထဲတွက်ချက်လိုက်၏။ အကြောင်းပြန်လှန်ကတ် ၉၀၀ကျော်သည် နှစ်သက်တမ်း ၁၂၃၂နှစ် ထက်ပို၏။ ဆိုလိုသည်က သူသည် နောက်ဆုံးတော့ အကြောင်းပြန်လှန်ကတ် လုံလောက်သွားပြီပဲဖြစ်သည်။
လုကျိုးသည် စနစ်မျက်နှာပြင်ကို ပိတ်လိုက်ကာ မျက်လုံးအနည်းငယ် ပိတ်လိုက်၏။ သူ၏စွမ်းအား ဗဟိုချက် ချီပင်လယ်ထဲရှိ ကျန်ရှိသော ကနဦးချီကို အာရုံခံလိုက်သည်။ သူသည် အထွတ်အထိပ်အဆင့်သို့ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။
အရာအားလုံး အသစ်ဖြစ်နေပေသည်။
“အဲဒီမှာ တစ်ယောက်ယောက်ရှိလား”
တပည့်တစ်ယောက်သည် မျှော်နန်းထဲ၌ ပေါ်လာ၏။ “အမိန့်ရှိပါ မျှော်နန်းသခင်”
“စီးဝူယာ့ကို ဒီခေါ်လာခဲ့”
“နားလည်ပါပြီ”
မကာမီ၌ စီးဝူယာ့သည် အရှေ့ဖက်မျှော်နန်းထဲသို့ ရောက်လာပြီး အခန်းထဲ ဝင်လိုက်သည်။ သူ၏ ရှစ်စွင်း ကျန်းမာပြီး စိတ်ကောင်းဝင်နေတာကို မြင်သောအခါ သူ တလေးတစားပြောလိုက်၏။ “ရှစ်စွင်း ကျွန်တော့်ကို ရှာတာပါလား”
“ခုနစ်ရက်နေရင် ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း ဟောကြားမယ်”
စီးဝူယာ့သည် ထိုစကားကို ကြားသောအခါ အထိတ်တလန့် ထုတ်ပြောလိုက်၏။ “အဲ့ဒီအကြောင်း ဘယ်လိုဟောကြားမှာလဲ ရှစ်စွင်း”
…
အခန်း (၆၉၆) ကမ္ဘာကြီးကို ဟောကြားပေးခြင်း အပိုင်း ၁
လုကျိုးသည် မုတ်ဆိတ်သပ်လျက် ထိုအကြောင်းကို စဉ်းစားလိုက်သည်။ ဆရာတစ်ယောက်သည် ဟောကြားချိန်၌ သူသည် စစ်မှန်စွာ အကြံပေးပြီး ဗဟုသုတကျင့်စဉ်များနှင့် သူ၏ အထက်သန်ဆုံးသော နည်းလမ်းများ ပေးရမည်။ အရာအားလုံးသည် သင်ပေးသည့်ဆရာဆီမှ မြစ်ဖျားခံ၏။ ဆရာကောင်းတစ်ယောက်သည် သူ၏ ကျောင်းသားများက ရံဖန်ရံခါ၌ သူတို့ကို စော်ကားမည်ဆိုလျှင်တောင် အလေးအနက် လမ်းညွှန်ပြသပေးရမည်။ ဆရာကောင်းဟူသည် ကျောင်းသားများ၏ လမ်းကိုညွှန်ပြပေးသော မီးပြတိုက်နှင့်တူ၏။
ပိုကောင်းသည့် ဆရာကမူ သူတို့၏ ကျောင်းသားများကို သူတို့၏ကိုယ်ပိုင်ကျင့်စဉ်များ သင်ပေး၏။ သို့တည်းမဟုတ် သူတို့၏ တမူထူးကဲသော လျှို့ဝှက်ချက်တို့ကို လက်ဆင့်ကမ်းပေးသည်။ ရံဖန်ရံခါ၌ သူတို့ဆရာ၏ ယုံကြည်မှုမျိုး ရရှိသည့် တပည့်မျိုးကသာလျှင် ဤကဲ့သို့ စွမ်းဆောင်မှုမျိုး ရရှိရန် ထိုက်တန်သည်။
ဂိုဏ်းသုံးဂိုဏ်း၏ အကြီးအကဲဖြစ်သော ယွင်ထျန်းလော့သည် ကမ္ဘာလောကကြီးဆီ သူ အဆင့်ချိုးဖြတ်တက်ရန် ကြိုးပမ်းခဲ့သည့် မြင်ကွင်းကို ထုတ်မပြခဲ့ပေ။ အဆုံးကျ သူသည် စစ်တုရင်ခုံထဲတွင် စည်းပိတ်ရန် ရွေးချယ်ခဲ့သည်။ သူ့ထက် အသက်ပိုကြီးသည့် လုကျိုးက စည်းကို ဖြေပေးခဲ့သည့်သူ ဖြစ်သည်။
သူက မည်သို့ ထပ်မံသရုပ်ပြမည်နည်း။
စီးဝူယာ့သည် ယခုအချိန်၌ အင်မတန် သိချင်စိတ်ဖြစ်သွားသည်။
ခဏကြာပြီးနောက် လုကျိုးက ပြောလိုက်သည်။ “သရုပ်ပြဖို့အတွက် ပွင့်ချပ်တစ်လွှာပွင့်အောင် ထပ်လုပ်လိုက်ရုံပဲ”
စီးဝူယာ့က စိတ်လေးသွားသည်။ သူ၏ ရှစ်စွင်းသည် ဤကဲ့သို့ ဒုက္ခများစေသော နည်းလမ်းကို တွေးမိလိမ့်မည်ဟု မထင်ထားပေ။ သူ၏ရှစ်စွင်းသည် သူ၏အတွေးများကို ချရေးပြီး အားလုံးဆီ ဖြန့်ဖြူးပေးခဲ့လျှင် မည်သူကမျှ မကောင်းပြောကြမည် မဟုတ်ပေ။ တကယ်တော့ သူတို့ အလွန်ကျေးဇူးတင်နေမှာပဲဖြစ်သည်။
“ရှစ်စွင်း အဲ့ဒီနေ့ကို ဘာကြောင့် အထူးတလည်စောင့်ရမှာလဲ” စီးဝူယာ့က ဇဝေဇဝါဖြင့် မေးလိုက်သည်။
သူ၏ရှစ်စွင်းသည် တာ့ယန်တွင် အကြီးမြတ်ဆုံးနှင့် တာ့ယန်တွင် တစ်ဦးတည်းသော ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်၏။ သူ၏ ရှစ်စွင်းအဖို့ ပွင့်ချပ်တစ်လွှာ ထပ်မံဖူးပွင့်သည့် ဖြစ်စဉ်ကို သရုပ်ပြရန် မခက်ခဲပေ။ သူ၏ ရှစ်စွင်းက သူ၏ စိတ်ဝိညာဉ်သဏ္ဌာန် ခွန်အားကို ဖိနှိပ်ကာ ပွင့်ချပ်ကိုးလွှာ ဖူးပွင့်သည့်မြင်ကွင်းကို ပြန်လည်ဖန်တီးရန်သာ လိုအပ်သည်။ သူ၏ရှစ်စွင်းသည် အဘယ်ကြောင့် စောင့်ရန်လိုအပ်သနည်း။
လုကျိုးသည် စီးဝူယာ့ကိုကြည့်ပြီး ပြောလိုက်၏။
“မင်း မေးခွန်းတွေ သိပ်မေးလွန်းနေတယ်”
စီးဝူယာ့က အမြန်အဖြေပေးလျက် ဘာမှ ထပ်မမေးရဲတော့ချေ။ သူ၏ရှစ်စွင်းသည် သူ၏ အဖြေကို မဖြေသောကြောင့် မည်သည့် မေးခွန်းထပ်မေးရဲမည်နည်း။ သူက အရိုအသေသာ ပေးလျက် တောင်းပန်လိုက်သည်။ “ရိုင်းပြမှုအတွက် ခွင့်လွှတ်ပေးပါ ရှစ်စွင်း”
“သရုပ်ပြခြင်းနဲ့ပဲ ကမ္ဘာကြီးကို ငါ ဟောကြားပေးမယ်။ သူတို့ရဲ့ ကျင့်ကြံဆင့်ကို တိုက်ရိုက်မြှင့်တင်ပေးမှာ မဟုတ်ဘူး။ အဲ့ဒီလူ ဘယ်လောက်နားလည်လဲဆိုတာက မိမိပေါ်ပဲ မူတည်တယ်” လုကျိုးက ပြောလိုက်၏။
“တပည့် နားလည်ပါပြီ ရှစ်စွင်း။ သတင်းဖြန့်လိုက်ပါ့မယ်”
လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ကိစ္စမရှိတော့ရင် သွားလို့ရပြီ”
“ရှစ်စွင်း အဆုံးသတ်ပါးအစီအရင်ရဲ့ မွမ်းမံမှုပြီးစီးသွားပါပြီ။ ဒါ့အပြင် ကျောင်းတော်နှစ်ခုက အခင်းအကျင်း အသစ်ဖန်တီးဖို့ အကောင်းဆုံးကြိုးစားနေပါတယ်။ မရေရာမသေချာတဲ့အချိန်မှာ သားရဲတွေ ကျူးကျော်လာရင် လူသားတွေက ပေါင်းစည်းပြီး ဖြေရှင်းနိုင်မှာပါ။ ကျွန်တော့်ဖာသာ ဆုံးဖြတ်ချက် နှစ်ခု ချမှတ်ခဲ့တယ်”
“ဆုံးဖြတ်ချက်နှစ်ခုလား”
“ပထမတစ်ခုက စီရင်စု ကိုးခုကို အဆင့်တူ အစီအရင်နဲ့ ညီတူမျှတူ ခင်းကျင်းမယ်။ ဒါပေမဲ့ ရန်သူတွေက သူတို့ရဲ့ အားနည်းချက်ကို အလွယ်တကူ ရှာမတွေ့အောင် ကျွန်တော်တို့တွေ အသေးစိတ် ရေးဆွဲရမှာပဲ။ ဒုတိယဆုံးဖြတ်ချက်ကတော့ သားရဲတွေထဲမှာ ရတနာတွေ ပါနိုင်ကြောင်း လူသားတွေကို ပြောပြဖို့ပဲ။ ဒါက သူတို့တွေကို စိတ်ဓာတ်ခွန်အား မြှင့်တက်စေပြီး သားရဲတွေကို တိုက်ခိုက်ဖို့ သတ္တိပေးလိုက်မယ်” စီးဝူယာ့က ရှင်းပြလိုက်၏။
စီးဝူယာ့၏ စကားကို နားထောင်ပြီးနောက် လုကျိုးသည် ခေါင်းအနည်းငယ်ညိတ်ကာ လေသံအတက်အကျမရှိ ပြောလိုက်သည်။
“ကောင်းတယ်”
တကယ်တော့ စီးဝူယာ့၏ ဒုတိယမြောက် ဆုံးဖြတ်ချက်သည် သားရဲများကို သတ်ဖြတ်ရန် ကျင့်ကြံသူများကို စိတ်ဓာတ်ခွန်အားပေးလိုက်၏။
ပြီးနောက် စီးဝူယာ့သည် တလေးတစားဖြင့် အခန်းထဲမှ ထွက်သွားတော့သည်။ “ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်”
မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်သည် ဟောကြားပေးမည့် ရည်ရွယ်ချက်က ကျင့်ကြံသူများ၏ လောကထဲတွင် တောမီးပမာ ပြန့်သွားတော့သည်။
စီရင်စု ကိုးစုထဲရှိ အဓိက မြို့ကြီးများရှိ နားနေစခန်းများတွင် ဤသတင်းကို တစ်ယောက်နှင့် တစ်ယောက် ဖြန့်နေကြသည်။
အံ့ဖွယ်မြို့တော်ထဲရှိ တစ်ခုသော နားနေစခန်းတွင် ဖြစ်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂိုဏ်းချုပ်က ပွင့်ချပ်ကိုးလွှာအဆင့်ရောက်ဖို့ နည်းလမ်းကို သရုပ်ပြပြီး ကမ္ဘလောကကြီးကို ဟောပြမယ်လို့ ကြားမိတယ်။ သူ့ရဲ့ သဘောထားကြီးမှုကို တကယ် အထင်ကြီးမိတယ်” တစ်စုံတစ်ယောက်က စိတ်ခံစားချက်ဖြင့် ထုတ်ပြလိုက်သည်။
“နေရာအနှံ့မှာ သားရဲတွေ သောင်းကြမ်းနေတာ။ မိစ္ဆာဝေဟင်မျှော်နန်းသခင်က အခုချိန်မှာ သူတို့ကို ဖြေရှင်းဖို့ အရည်အချင်းရှိတာ သူတစ်ယောက်တည်း ဖြစ်နိုင်တယ်။ ပြီးတော့ ဒီအစွမ်းကို ထိန်းချုပ်ဖို့ အခုစဉ်းစားကြည့်မိတော့ အတိတ်တုန်းက ဂိုဏ်းဆယ်ဂိုဏ်းက တကယ်ကောက်ကျစ်ခဲ့တာပဲ”
အနီးရှိ ကျင့်ကြံသူသည် ခွက်မြှောက်ကာ ပြောလိုက်သည်။ "ယွီစီရင်စုမှာ အနီရောင်ကြာ ကျင့်ကြံသူတွေ ပေါ်လာတယ်လို့ ကြားမိတယ်။ မျှော်နန်းသခင်က ရွှေရောင်ကြေးမုံနဲ့ သူတို့ကို ဖော်ထုတ်ပြီး နေရာမှာပဲ သတ်လိုက်တာ။ သားရဲတွေက ကျုပ်တို့ရဲ့ တစ်ခုတည်းသော ပြဿနာပဲ မဟုတ်လောက်ဘူး။ တခြားမျိုးနွယ်တွေလည်း ရှိလိမ့်မယ်”
တာ့ယန်ကျင့်ကြံသူများအဖို့ ဝံပုလွေဘုရင်၊ ကျားဘုရင် သို့မဟုတ် ခြင်္သေ့ဘုရင် စိတ်ဝိညာဉ်သဏ္ဌာန် ရှိသူများနှင့် အနီရောင်ကြာ ကျင့်ကြံသူများသည် တခြားမျိုးနွယ်အဖြစ် သတ်မှတ်ခံရ၏။
“မင်း သွားမှာလား” တစ်စုံတစ်ယောက်က မေးလိုက်၏။
“လူတိုင်းအတွက် လမ်းဖွင့်ပေးထားမယ်လို့ မထင်ဘူး။ တက်ရောက်မယ့် သူတိုင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိဖို့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိတဲ့ ပါရမီရှင်တွေဆိုတာ ကြိမ်းသေတယ်။ ပါရမီမရှိတဲ့သူတွေက အလွန်ဆုံးမှ ဗဟုသုတ ပိုရရုံပဲပေါ့။ ပါရမီမရှိတဲ့သူတွေက တက်ရောက်လည်း အသုံးမဝင်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် မျှော်နန်းသခင်ရဲ့ သင်ပြပေးမှုနဲ့တောင် လူတစ်ယောက်ရဲ့ စွမ်းအားမြှင့်တင်ပေးဖို့ကို ဆူပွက်စေရုံပဲ။ ပွင့်ချပ်ကိုးလွှာအဆင့် သင်ပြပေးတာကို နားထောင်ပြီးရင် လူတိုင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်တာမှ မဟုတ်တာ”
“မင်း ပြောတာ အဓိကကျတယ်”
နားနေစခန်း၏ ထောင့်တစ်နေရာတွင် လူရွယ်တစ်ယောက်က လက်ဖက်ရည်ခွက်ကို ချလိုက်၏။ ပြီးနောက် သူသည် ငွေစနှစ်စကို ပစ်တင်ပြီး သူသည် နားနေစခန်းမှ ထွက်သွားတော့သည်။
အံ့ဖွယ်မြို့တော်မှ ထွက်သွားပြီးနောက် သူသည် ရွှေနန်းဥယျာဉ်တောင်ဆီ ထွက်သွားလိုက်၏။
သူသည် လမ်းတဝက်ကို ရောက်စဉ် လေထဲရှိ တောင်ပံဖြင့် သားရဲများကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ “သိမ်းငှက်တစ်ကောင်လား။ အားနည်းတဲ့ပုံပဲ”
သူသည် တောအုပ်၏အတွင်းထိရောက်အောင် ဆက်လက်ပျံသန်းပြီးနောက် အစီအရင်သွေးကြောများဖြင့် ပြည့်နေသည့် နေရာဆီ ဆင်းသက်လိုက်သည်။ သူ၏လက်ဝါးကို လှုပ်ရှားကာ ကနဦးချီကို လှည့်ပတ်လိုက်၏။ အနီရောင်စွမ်းအင်မျှင်က ပေါ်လာတော့သည်။ ပြီးနောက် သူသည် အိတ်ထဲမှ အဆောင်တချို့ကို ထုတ်ကာ သူ၏ စွမ်းအင်ဖြင့် ၎င်းတို့ပေါ်တွင် သင်္ကေတတချို့ကို ရေးဆွဲလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ချိန်တွင် အနီရောင်ကြာပွင့်က ဖူးပွင့်လာပြီး မီးလျှံတို့က ပေါ်ထွက်လာ၏။
အဆောင်က တဖျစ်ဖျစ်မြည်ကာ လောင်ကျွမ်းသွားပြီး ပျောက်ကွယ်သွားတော့၏။ “ကောင်းကင်သိုင်းခုံရုံးက ဒီနေရာဆီ သူတို့တပ်ဖွဲ့တွေ စေလွှတ်ဖို့ မျှော်လင့်ရတာပဲ။ တာ့ယန်က ငါတို့ ထင်ထားတာထက် တိုးတက်မှု ပိုမြန်ဆန်နေတယ်”
သူတို့သည် ဤနေရာ၌ ပွင့်ချပ်ကိုးလွာကျင့်ကြံသူများ ပိုမိုတိုးတက်လာသည်အထိ စောင့်နေခဲ့လျှင် အနီရောင်ကြာနယ်မြေ၏ တပ်ဖွဲ့များ ဤနေရာသို့ ရောက်လာလျှင် နောက်ကျလွန်းသွားမည်ဖြစ်သည်။
သူသည် အစီအရင်သွေးကြောများ ပြည့်နေသည့်နေရာတွင် နေထိုင်ပြီး မထွက်ခွာခဲ့လျှင် ..
ခဏအကြာတွင် အစီအရင်၏အလင်းက အနီရောင်အလင်းဖြင့် တောက်ပလာ၏။
ယင်းကို မြင်သောအခါ လူရွယ်သည် ပျော်ရွှင်သွားလေ၏။ သူ၏ ကနဦးချီကို လှည့်ပတ်ကာ အဆောင်များထုတ်လိုက်၏။ အနီရောင်စွမ်းအင်က အဆောင်ပေါ်ကျသွားပြီး အပေါ်၌ သင်္ကေတများ ဖွဲ့တည်လိုက်၏။ “ကောင်းကင်လွန်းပျံယာဉ်တစ်ခု အောင်မြင်စွာ ဖွဲ့တည်နိုင်ခဲ့ပြီ။ ခုနစ်ရက်အတွင်း လူတစ်ယောက် ရောက်လာလိမ့်မယ်”
ဝှစ်
အဆောင်များသည် ပြာဖြစ်သွားသည်။ တချိန်တည်းတွင် မြေပြင်ပေါ်ရှိ အစီအရင်သွေးကြောက ကုန်သွားပြီဖြစ်၏။
လူရွယ်သည် မျက်မှောင်ကျုံ့ကာ သူ့ဖာသာသူ ရေရွတ်ပြောလိုက်တော့သည်။ “ငါ့မှာ အဆောင်ကုန်သွားပြီ။ ကုမင်နဲ့ အရူးနှစ်ယောက်သေသွားပြီလား”
အစီအရင်များကနေ သတင်းပို့ခြင်းသည် အဆောင်များနှင့် ကနဦးချီများစွာ ကုန်ဆုံးစေသည့် ဖြစ်စဉ်ဖြစ်သည်။ အဆောင်မရှိဘဲ သတင်းပို့မဖြစ်နိုင်လုနီးပါး ဖြစ်သည်။ သူ ဤနေရာသို့ သယ်လာသည့် အဆောင်အများစုကို သူ၏ရောင်းရင်းများက ယူသွား၏။ ထို့ကြောင့် ယခု သူ့ကိုယ်ပိုင်အဆောင်သာရှိခဲ့သည်။ ကံကောင်းသည်မှာ သူ ယခု စိတ်မပျက်တော့ပေ။
“ခုနစ်ရက်”
လူရွယ်သည် ရေရွတ်ပြောလိုက်၏။ ပြီးနောက် သူသည် ပျံသန်းကာ ရွှေနန်းဥယျာဉ်တောင်ဆီသို့ ဦးတည်လိုက်တော့သည်။
ခုနစ်ရက်တွင် ငါးတာ ကုန်ဆုံးသွားပြီဖြစ်သည်။ ကျင့်ကြံသူများစွာက ရွှေနန်းဥယျာဉ်တောင် တဝိုက်တွင် စောင့်ဆိုင်းနေ၏။
ရွှေနန်းဥယျာဉ်တောင်နှင့် အနီးကပ်ဆုံးမြို့ဖြစ်သည့် ထျန်းကျစ်မြို့၌ လူများပြည့်နေသည်။ ဤနေရာသို့ ရောက်လာသည့် လူအများစုက ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရန် အခွင့်အရေး အလွန်နိမ့်သော်ငြား အကျော်အမော်များကို လေးစားခြင်းကြောင့် ရောက်လာခြင်းမှ မဟန့်တားနိုင်ပေ။
ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိရန် နည်းလမ်းအကြောင်း အမှန်တကယ် သင်ယူချင်သူများသည် ရွှေနန်းဥယျာဉ်တောင်သို့ တန်းသွားလိုက်၏။
အရှေ့ဖက်မျှော်နန်းထဲတွင် ဖြစ်သည်။
လုကျိုးသည် မျက်လုံးမှိတ်လျက် ကျင့်ကြံနေသည်။
“ရှစ်စွင်း တောင်ခြေမှာ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတွေ အများကြီးက တွေ့ခွင့်တောင်းနေပါတယ်။ သူတို့ကို တွေ့မှာလား”
လုကျိုးက မျက်လုံးဖွင့်ကာ မေးလိုက်တော့သည်။ “ဘယ်ကျင့်ကြံသူတွေလဲ”
“ဂိုဏ်းသုံးဂိုဏ်းက နန်ကုန်းဝေ၊ ဖုန်းယီကျစ်နဲ့ ချူးနန်၊ ပြီးတော့ ခုနစ်စင်ကြယ်ကျောင်းတော်က ကျိုးယို့ချိုက်နဲ့ သူရဲ့တပည့်ဆယ်ယောက်၊ ခရမ်းရောင်ယန်အင်အားစုရဲ့ ခေါင်းဆောင် လီကျန့်ဖုန်း၊ အမြုတေယန်ဂိုဏ်းက ရှန်းလျန်ရှို့၊ ပေဖြူလွှာစာရင်းက ပထမဆုံးလူလို့လည်းသိကြတယ် ကြည်လင်ရေကျောင်းတော်ရဲ့ ချန်းရန်ကျစ်လည်းရှိပြီး အဆိပ်တစ်သောင်းကျောင်းရဲ့ လျှို့လျန်၊ မိစ္ဆာဘုရားကျောင်းရဲ့ သွမ့်ရှင်း၊ ဖူးပွင့်အင်အားစုရဲ့ သခင်မကျင်းနဲ့ ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့ သူတော်စင်ကျန့်ခိုက်”
“ရှေးဟောင်းသူတော်စင်ဂိုဏ်းက လူတဲ့လား” လုကျိုးက ဖြတ်ပြောလိုက်သည်။
မင်ရှစ်ရင်သည် နဖူးကို ရိုက်ပြီးနောက် တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားသည်။ “သူ့ကို ချက်ချင်းမောင်းထုတ်လိုက်ပါ့မယ်”
“နေဦး”
“ရှစ်စွင်း ဘာကို ဆိုလိုတာလဲ”
“မင်း ဆုံးဖြတ်ချက်မချခင် လောင်ချီနဲ့ဆွေးနွေးလို့ရတယ်”
“နားလည်ပါပြီ” မင်ရှစ်ရင်က လှည့်ထွက်သွားပြီး သူ့ကိုယ်သူ ဇဝေဇဝါဖြစ်နေ၏။ လောင်ပါ့၏ဖခင် ကျူးထျန်းယွမ်သည် ရှေးဟောင်းသူတော်စင်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ သို့သော် အယောင်ဆောင် ကျန့်ခိုက်က ရောက်လာသည်လား။ ကျန့်ခိုက်က ခိုးဝင်နိုင်မည်ဟု တွေးနေခြင်းက အိပ်မက်မက်နေတာပဲဖြစ်ရမည်။ သူ၏ရှစ်စွင်း အကြံပြုသည့်အတိုင်း စီးဝူယာ့ကို ပြောကာ သူတို့နှစ်ယောက်က တောင်အောက်ဆင်းလာ၏။
တောင်ခြေတွင်ဖြစ်သည်။ ကျင့်ကြံသူအများစုက လေထဲ ပျံဝဲနေလေ၏။