← Chapters

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀) ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ ရောက်ရှိခြင်း အပိုင်း ၂

လုကျိုးသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို မကြိုးပမ်းခင် အကြောင်းပြန်လှန်ကတ်များ လုံလောက်အောင် မပြင်ဆင်ခဲ့လျှင် သူ၏ မူလကိုယ်နည်းတူ သူသည်လည်း လျင်မြန်စွာ အိုမင်းသွားပြီး သေသွားလိမ့်မည်။ အသက်ကို စုပ်ယူနိုင်သော ရွှေကြာ၏ စွမ်းရည်သည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။

သူသည် ရုတ်တရက် မြောက်ဘက်မြို့တော်၏ ဓားလမ်းစဉ် ပါရမီရှင် ကုန်းယွမ်တုကို အမှတ်ရမိသွား၏။ သူသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ကြိုးပမ်းနိုင်ရန်အတွက် နှစ်ပေါင်းတစ်ရာ ခေါင်းတလားထဲ၌ နေခဲ့သည်။ တကယ်တော့ နှစ်တစ်ရာသည် ‌ရွှေကြာကျင့်ကြံသူအတွက် ဘာမှ မဟုတ်ပေ။ ကုန်းယွမ်တု၏ အတွေ့အကြုံက အဓိပ္ပါယ်မဲ့တာ မဟုတ်ပေ။ ကုန်းယွမ်တုသည် ‌ရွှေကြာများက ကျင့်ကြံသူများ၏ အသက်စွမ်းအားကို နှုတ်ယူနိုင်ကြောင်း ထုတ်ဖော်ခဲ့၏။

လုကျိုးသည် ဂိုဏ်းသုံးဂိုဏ်း၏ ခေါင်းဆောင် ယွင်ထျန်းလော့ကိုလည်း မှတ်မိသွားသည်။ သူသည် ပွင့်ချပ်ကိုးလွှာဆင့်ကို ရောက်ရှိရန် ကြိုးပမ်းပြီး သူ၏ သက်တမ်းများစွာ ဆုံးရှုံးခဲ့သည်။ သူက စစ်တုရင်ခုံထဲ၌ သူ့ကြိုးပမ်းမှု မှတ်ဉာဏ်များစွာကိုတောင် စည်းပိတ်ထားခဲ့သည်။ ရွှေကြာများက ကျင့်ကြံသူများ၏ အသက်ဓာတ်ကို အမှန်တကယ် စုပ်ယူကြောင်း လုကျိုး အတည်ပြုခဲ့သည်။

ထိုသို့ဆိုလျှင် ရွှေကြာက သက်တမ်းထောင့်နှစ်ရာကို စုပ်ယူသည်ဟူသည့် လော့ရှစ်ယင်း၏ မှတ်တမ်းက မှန်နေမည်လော။

ယခုအချိန်၌ လုကျိုးသည် ပွင့်ချပ်ကိုးလွှာ ဖူးပွင့်မှုကို ရပ်တန့်ရန် အချိန်မီ ပြင်ဆင်ထား၏။ စိုးစဉ်းမျှ မူမမှန်မှုများ ရှိနေလျှင် တွေဝေမနေဘဲ ရပ်တန့်လိုက်မှာဖြစ်သည်။ သူ အသုံးပြုခဲ့သည့် အကြောင်းပြန်လှန်ကတ် ကိုးရာ၏ ဆုံးရှုံးမှုကိုတောင် လက်ခံနိုင်ဖို့တောင် ပြင်ဆင်ထားခဲ့သည်။ ထိုအရာအပြင် ကျန်သည့်ကျင့်ကြံသူများ ဘာတွေးမလဲဆိုတာ အရေးမကြီးပေ။ ဆိုရလျှင် သူ၏ ရုပ်ဖျက်ကတ်နှင့် ကောင်းကင်ကျမ်းစာ စာလိပ်ဖြင့် သူသည် သူ၏ အဆင့်အတန်းကို ထိန်းထားနိုင်သည်။ ကျရောက်လာမည်ဆိုပါက ပွင့်ချပ်ကိုးလွှာအဆင့်ကို ဖူးပွင့်အောင် လုပ်ချိန်၌ သူတို့မလုပ်သင့်သည့် အရာဟူ၍သာ မျက်နှာပြောင် တိုက်ပြီးပြောလိုက်မည်။

ဝှစ်

လက်ရှိတွင် လုကျိုး၏ ရွှေကြာသည် နှစ်ဆလည်နေပြီး ယခင်ကနှင့်ယှဉ်လျှင် မြန်ဆန်လာ၏။ ထိုအရာများအပြင် သူသည် အကြောင်းပြန်လှန်ကတ်များကို မြန်ဆန်စွာ အသုံးပြုနေသည်။

သူသည် မည်သည့်နည်းနှင့်မဆို အနှေးနှင့်အမြန် အသုံးပြုရမည်ဟု သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ ၎င်းတို့ကို သိမ်းထားစရာ အကြောင်းမရှိပေ။ “အကြောင်းပြန်လှန်ကတ် အားလုံးသုံးမယ်”

ကျင့်ကြံသူများသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမရှေ့ကနေ မော့ကြည့်လိုက်ရာ ရွှေကြာသည် သူတို့၏ အမြင်အာရုံကို အပြည့်အဝပိတ်ဆို့လိုက်တာကို တွေ့လိုက်ရသည်။

လေထဲရှိ အသက်စွမ်းအင်တို့သည် တနေရာထဲဆီသို့ စုစည်းသွားလေ၏။ မိစ္ဆာဝေဟင်မျှော်နန်းထက်ရှိ ဝေဟင်သည် အသက်စွမ်းအင်များဖြင့် ပြည့်နေလေရာ ကျင့်ကြံသူများကို အနည်းငယ် ထိတ်လန့်သွားစေ၏။

လူများစွာသည် လုကျိုး၏ သွင်ပြင်သဏ္ဌာန်ကို မြင်ချင်သည်။ သူတို့သည် သူ၏ အရိပ်ကိုသာ မြင်ရ၏။ သို့သော် ရွှေကြာကို အာရုံစိုက်သည့်လူ ပိုများလာသည်။

ထိုစဉ် ဘေးပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်သည် ဆူနာမီကဲ့သို့ တရိပ်ရိပ်မြင့်တက်လာသည်။

အရံအတားအတွင်းရှိ ကျင့်ကြံသူများသည် သူတို့နား၌ အားကောင်းသော အသက်ဓာတ်ရှိတာကို ခံစားမိပြီး သူတို့မျက်နှာထက်၌ စိတ်ရှုပ်ထွေးသည့် အမူအရာကို မြင်တွေ့နိုင်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များ အပါအဝင် မည်သူကမှ လုကျိုးသည် ထိုမျှ များပြားသည့် အသက်စွမ်းအင်များရရှိရန် မည်သည့်နည်းလမ်းကို သုံးခဲ့မှန်း မသိပေ။

မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များသည် သူတို့ရှစ်စွင်း၏ အပြာရောင်ကြာကို မျက်မြင်တွေ့ဖူးသည်။ အပြာရောင်ကြာ ဖူးပွင့်သည့်အချိန်နှင့် ယှဉ်လျှင် ယခုအသက်စွမ်းအင်က ပိုသန့်စင်ပြီး ပိုသိပ်သည်း၏။

“ဒါက အရေးကြီးတဲ့အဆင့်ပဲ"

“ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့ ဒီလောက်ခက်ခဲလိမ့်မယ်လို့ ငါ မထင်ထားဘူး”

“ချန်းပေ့ကျိက အခု ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဆိုမှတော့ ပွင့်ချပ်ကိုးလွှာအဆင့်ကို ပထမဆုံးအကြိမ်ရောက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ မမှန်းဆနိုင်ဘူး”

“ဒါပေမဲ့ ဒီဟာက တကယ်လို့ ထင်လို့လား။ ချန်းပေ့ကျိက တကယ်အံ့ဩဖို့ကောင်းတယ်။ အခု သူက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့ အဆင့်ချိုးဖြတ်တက်ဖို့ အဆင့်ကိုတောင် ပြန်သရုပ်ပြပြီး ဖန်တီးပြနေသေးတယ်”

ရွှေကြာသည် လည်ပတ်သည့်အရှိန်မြင့်လာသောကြောင့် ယခင်ကထက် တဝီဝီ ပိုကျယ်လာ၏။

ရွှေရောင်အလင်းဖြင့် လွှမ်းခြုံနေသော လုကျိုးသည် သူ့ကို ကျန်သည့်သူများ မည်သို့တွေးမည်ကို မတွေးတော့ပေ။ သူ၏ အာရုံစိုက်မှု အလုံးစုံသည် ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရန်ရှိနေ၏။ သူ့၌ အတွေ့အကြုံ သို့မဟုတ် နည်းလမ်းမရှိပေ။ ယင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ချိုးဖြတ်တက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ တာ့ယန်တွင် ယင်းက မည်သူမဆို ပွင့်ချပ်ကိုးလွှာအဆင့်၏ အခြေအနေကို ရောက်ရှိချိန်၌ ထိုအခြေအနေကို ရောက်ရှိလာလိမ့်မည်။

လုကျိုးသည် သူ၏ ကျန်ရှိသော သက်တမ်းကို ကြည့်လိုက်သည်။

ကျန်ရှိသော သက်တမ်း = ၄၃၃၅၀၀ ရက်

၃၀၀

၂၀၀

၄၀၀ ရွှေရောင်အလင်းတန်းထဲ နှစ်မြှုပ်နေသော လုကျိုးသည် ကျန်သည့်သူများ သူ့ကို မည်သို့ လေ့လာနေမည်ဆိုတာကို မစဉ်းစားတော့ပေ။ သူ၏ အာရုံစိုက်မှု အလုံးစုံသည် ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရန်သာဖြစ်သည်။ သူ့၌ အတွေ့အကြုံ မရှိ။ နည်းစနစ်လည်း မရှိပေ။ ယင်းက ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်အောင် ပထမဆုံးအကြိမ် ကြိုးပမ်းတာပဲဖြစ်သည်။ တာ့ယန်တွင် ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ခြင်း၏ ဖြစ်စဉ်၌ ဤအဆင့်သို့ ရောက်သည့် ပထမဆုံးသူလည်း ဖြစ်သည်။

လုကျိုးသည် သူ၏ ကျန်ရှိသော သက်တမ်းကိုကြည့်လိုက်သည်။ ကျန်ရှိသော သက်တမ်း ၄၃၃၅၀၀ရက်

-၃၀၀

-၂၀၀

-၄၀၀

ထိုအရေအတွက် ဆက်တိုက်သည် အကြောင်းပြန်လှန်ကတ်က သူ့ကို ပြန်လည်နုပျိုစေသည်ဟု ဆိုလိုသည်။

သူ၏ မျက်နှာကို ထိပြီး ဆံပင်ကို ကြည့်လိုက်သည်။ အသားအရေက မွေးကင်းစကလေးကဲ့သို့ ချောမွေ့နေကာ ဆံပင်ကလည်း မှင်ကဲ့သို့ နက်မှောင်နေ၏။ သူသည် ထိုရှာဖွေတွေ့ရှိမှုများကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ ‘ငါ .. ငါ အခု ချောသွားပြီလား’

ဘီး

ရွှေကြာမှ ဘီး ဟူသော အသံသည် သူ့ကို လက်တွေ့သို့ ဆွဲသွင်းလိုက်ပြီး သူ၏ မိမိကိုယ်ကို ဗဟိုပြုသော အတွေးများနှင့် ဖယ်ခွာလိုက်သည်။

သူသည် မျက်နှာပြင်ပေါ်ရှိ နံပါတ်များဆက်လက် လျော့ကျနေတာကို သတိပြုမိသည်။ ဆိုလိုသည်က ရွှေကြာသည် သူ၏ အသက်ဓာတ်ကို ဆက်လက်စုပ်ယူနေသေး၏။

ကျင့်ကြံသူများသည် လုကျိုးကို ကြည့်နေစဉ် မသက်မသာခံစားနေရ၏။ သူတို့သည် နဝမမြောက်ပွင့်ချပ် ဖူးပွင့်အောင် ကြိုးစားနေရသူများပမာ စိုးရိမ်ပူပန်ပြီး စိတ်လှုပ်ရှားနေ၏။ ယင်းက သရုပ်ပြတစ်ခုမှန်း သူတို့ သိနေသော်ငြား မအံ့ဩပဲ မနေနိုင်ကြပေ။

အရည်အချင်း မပြည့်မှီသည့် အရံအတားအပြင်ဖက်ရှိ ကျင့်ကြံသူများသည် ထိုတောက်ပသည့် ပြသမှုကို မြင်သွားကြ၏။

အရံအတားအတွင်းနှင့် အပြင်ရှိ ကျင့်ကြံသူများသည် မျှော်နန်းသခင်သည် ကောင်းကင်အထက်၌ နဝမမြောက်ပွင့်ချပ်ဖူးပွင့်သည့် ဖြစ်စဉ်ကို သရုပ်ပြရန် ရွေးချယ်ခဲ့ရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ သဘောပေါက်သွားပြီဖြစ်သည်။ သို့မှသာ လူတိုင်းသည် သရုပ်ပြမှုကို သူတို့မျက်လုံးဖြင့် မြင်နိုင်မှာဖြစ်၏။ လူတိုင်းသည် သူ၏ သဘောထားရက်ရောမှုကြောင့် စိတ်ထဲ လှုပ်ရှားသွားကြသည်။

တလက်လက်တောက်ပနေသော ရွှေရောင်အလင်းသည် ပေတစ်ရာစိတ်ဝိညာဉ်သဏ္ဌာန်မှ ရှေ့သို့ ပေါ်ထွက်လာ၏။ ၎င်းသည် ထိုနေရာ၌ ရှိနေသည့် လူတိုင်း၏ အကြောက်တရားထိသွားသည်။ တောက်ပနေသော အလင်းသည် နေနှင့်လကဲ့သို့ အချိန်အတော်ကြာ ထွန်းတောက်နေမည့်ပုံပေါ် သည်။

ထိုစဉ် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကိုသာ ကြည့်နေသော လုကျိုးသည် လေပွေနှင့်ဆင်တူသော ရွှေကြာသည် တဖြည်းဖြည်းချင်း အရှိန်လျော့သွားသည်ကိုသာ တွေ့လိုက်ရ၏။

သူ စနစ်မျက်နှာပြင်ကို ကြည့်မိလိုက်ချိန် နံပါတ်က တဝက်လျော့ကျသွားတာကို တွေ့လိုက်ရ၏။

နောက်ဆုံးတော့ မောသွားပြီလား။ ရွှေကြာသည် သူ၏ အသက်စွမ်းအင်ကို စုပ်ယူသော နှုန်းက နှေးသွားလေ၏။

တချိန်တည်းတွင် သူ၏ခန္ဓာကိုယ်ကို ခံစားမိလိုက်သည်။ နုပျိုမှုက သူ့ဆီပြန်လည်ရောက်လာပုံ ပေါ်၏။

အချိန်က တတိတိကုန်သွားသည်။ အရှိန်နှေးသွားသော်ငြား မျက်နှာပြင်ပေါ်ရှိ အရေအတွက်က ကျနေသေးဆဲဖြစ်သည်။ အရေအတွက်က အခေါက်တိုင်း၌ တဖြည်းဖြည်းလျော့ကျသွား၏။

ထိုစဉ် ကျင့်ကြံသူများကြားထဲ၌ ရုတ်ရုတ်သဲသဲဖြစ်ရပ်လေးတစ်ခု ပေါ်လာ၏။

“ကြည့်ဦး စိတ်ဝိညာဉ်သဏ္ဌာန်က ပိုမြင့်လာပြီ” တစုံတစ်ယောက်က ထုတ်ဖော်ပြောလိုက်လေ၏။

“ရွှေကြာ ပိုကြီးလာပြီ”

“နဝမမြောက် ပွင့်ချပ်ဖူးပွင့်တော့မယ်”

ယခုအချိန်၌ လူတိုင်းသည် အသက်အောင့်ထားမိကြကာ ရွှေကြာကိုသာ လူတိုင်းကြည့်နေကြသည်။

လုကျိုးသည် သရုပ်ပြမှုတစ်ခုသာ ပေးနေတာဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူက တည်ငြိမ်နေတာ ဖြစ်သည်။ သို့သော် လုကျိုးသည် အပြင်ဖက်တွင် တည်ငြိမ်သော အမူအရာရှိသော်ငြား စိတ်ထဲတွင်မူ မသက်မသာဖြစ်နေသည်။ အား … ငါ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ခါနီးပြီလား။

ရွှေကြာ၏ အရှိန်ထပ်လျော့သွားပြီး တောက်ပမှုက ကျန်ရှိနေသည်။

ရွှေနန်းဥယျာဉ်တောင်၏ အရံအတားရှေ့ရှိ တောအုပ်ထဲတွင် ဖြစ်သည်။

အနီရောင်ကြာ ကျင့်ကြံသူ လူရွယ်သည် လက်သီးကျစ်ကျစ်ဆုပ်လျက် မိစ္ဆာဝေဟင်မျှော်နန်းအထက်ရှိ လုကျိုးကို စိုက်ကြည့်လိုက်သည်။ သူ၏ အသံထဲ၌ မယုံမှု တစွန်းတစကို ကြားနိုင်ကာ မကျေမချမ်း ရေရွတ်ပြောလိုက်၏။ “ရွှေကြာနယ်မြေရဲ့ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူက ဒီလောက်များတဲ့ အသက်စွမ်းအင်တွေ စုစည်းနိုင်တယ်လား"

သူ စိတ်ရှုပ်ထွေးသွားတော့သည်။ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ပေ။

သူ ဇဝေဇဝါဖြစ်သွားခြင်းမှာ အနီရောင်ကြာနယ်မြေတွင် ထိုကဲ့သို့ ပြဿနာမရှိသောကြောင့် ဖြစ်သည်။ သူသည် ရွှေကြာနယ်မြေသို့ ရောက်လာခါစဖြစ်သောကြောင့် ရွှေကြာနယ်မြေတွင် သူတို့၏ သက်တမ်းပေးရမည်ဆိုတာ သတိမပြုမိပေ။ သူ၏ အမြင်တွင် ရွှေကြာနယ်မြေ၌ ပွင့်ချပ်ကိုးလွှာအဆင့်သို့ ချိုးဖြတ်တက်ရခြင်းက အနီရောင်နယ်မြေတွင် ပွင့်ချပ်ကိုးလွှာအဆင့်ကို ချိုးဖြတ်တက်ခြင်းနှင့် ယှဉ်လျှင် ပို၍ ခမ်းနားကြီးကျယ်သည်။

စိတ်ဝိညာဉ်သဏ္ဌာန်က ဆက်လက်မြင့်မားနေပြီး ရွှေကြာသည် ဆက်လက်ကြီးထွားနေ၏။

ကျင့်ကြံသူများသည် တောအုပ်ထဲ၌ အော်နေသော်ငြား လူရွယ်သည် ၎င်းတို့ကို လျစ်လျူရှုထား၏။

တခြားမျိုးနွယ်ကျင့်ကြံသူများတောင် လာကြည့်ကြသည်။ သူတို့သည် အရံအတား အပြင်ဖက်တွင်သာ နေနိုင်တာ ဖြစ်သည်။ သူတို့ အသက်အောင့်ထားကြ၏။

ဂျွတ်

လေထဲ၌ အသံတစ်သံပေါ်ထွက်လာသည်။

လည်ပတ်နေသော ပွင့်ချပ်ရှစ်လွှာသည် ဧရာမ ရွှေကြာ၏ တစ်နေရာ၌ လည်ပတ်နေသည့် သူတို့သည် စိတ်ဝိညာဉ်သဏ္ဌာန်၏ ခါးနားရှိ စွမ်းအင်ကွင်းများဆီ ရွေ့နေပုံပေါ်၏။

“ဘာတွေဖြစ်နေတာလဲ”

“အခု သိသွားပြီ။ ပွင့်ချပ်ကိုးလွှာအဆင့်ကို ငါတို့ မတက်နိုင်တာ အံ့ဩစရာမရှိဘူးပဲ။ ရွှေကြာက ငါတို့အသက်ကို စုပ်ယူနေတာ။ သူ စုပ်ယူလို့ ဝသွားတာနဲ့ အဲ့ဒီကနေ စွမ်းအင်ပေါ်ထွက်လာမယ်။ ရွှေကြာမရှိရင်တောင် အဲ့ဒီပွင့်ချပ်တွေက တူနေဦးမှာပဲ”

ထိုဖော်ပြချက်သည် နေရာရှိ ကျင့်ကြံသူများစွာကို ဉာဏ်အလင်းဖွင့်ပေးလိုက်ပုံပေါ်သည်။

ရုတ်ရုတ်သဲသဲဖြစ်ရပ်သည် လုကျိုး၏နားထဲရောက်သောအခါ သူသည် အာရုံပြန်စိုက်လျက် နဝမမြောက် ပွင့်ချပ်ဖူးပွင့်ရန် အာရုံစိုက်လိုက်တော့သည်။

အမှန်တော့ ဘာတွေဖြစ်နေမှန်း သူ သေချာမသိပေ။ မျက်နှာပြင်ပေါ်ရှိ အရေအတွက်သည် တဖြည်းဖြည်း လျော့ပါးသေးဆဲဖြစ်သည်။ ထိုစဉ် အရေအတွက်သည်လည်း ဂဏန်းလေးလုံးအထိ တိုးလာ၏။

“နေဦး ... ဒါ နှစ်ပေါင်းထောင့်သုံးရာထက် ပိုတယ်” လုကျိုးသည် မျက်မှောင်ကြုံ့သွား၏။

အကြောင်းပြန်လှန်ကတ် ကိုးရာသည် နှစ်ပေါင်း ၁၂၉၂နှစ်နှင့် ညီ၏။ သူ၏ အသက် ၁၁၂နှစ်နှင့် ပေါင်းလိုက်ရာ သူတွင် ၁၃၄၄နှစ် ရှိသည်။

ကျန်ရှိသော သက်တမ်း= ၈၆၇၅ရက်

သို့သော် ယခုချိန်တွင် သူ့၌ နှစ်ပေါင်း ၂၃နှစ် သာ ကျန်တော့သည်။

ရွှေကြာသည် သူ့အသက် ၁၃၀၀ကျော်ကို စုပ်ယူသွားသည်။ ယင်းက လော့ရှစ်ယင်း မှတ်တမ်းတင်တာထက် ပို၏။

…

အခန်း (၇၀၁) ကောင်းကင်လွန်းကို စီးနင်းလာသော ကံမီးတောက်အကျော်အမော်

လုကျိုး၏ နုပျိုမှုက သူ့ဆီ ပြန်လည်ရောက်ရှိလာပြီးနောက် သက်လတ်ပိုင်းအရွယ်သို့ မရောက်မီ အထွတ်အထိပ်ကာလသို့ ရောက်သွားသည်။

သူ၏ ရင့်ရော်နေသော သွင်ပြင်၊ ဖြူဖွေးနေသော ဆံပင်နှင့် ရှုံ့တွနေသော အသားအရေတို့ ထပ်ရောက်လာသည်။

ရွှေကြာက ယခုဆို သာမန်နှုန်းနှင့် လည်နေပြီဖြစ်သည်။ ဧရာမသစ်ပင်တစ်ပင်ပမာ ထူလာသော စွမ်းအင်ကွင်းများသည် ကြီးထွားလာသော စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ရောက်သွား၏။ ပွင့်ချပ်များ၏ အလင်းသည်လည်း မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။

ထိုစဉ် ရွှေကြာသည် ကြီးထွားနေသေးဆဲဖြစ်သည်။

လုကျိုးသည် စနစ်မျက်နှာပြင်ပေါ်ရှိ အရေအတွက်ကို စိုက်ကြည့်လိုက်၏။ ‘ရောက်ခါနီးပြီ။’

ကျန်ရှိသော သက်တမ်း= ၃၅၀၃ရက်

သူ၏သွင်ပြင်သည် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးထွားလာသည်နှင့်အမျှ အိုမင်းလာ၏။ သူ၏ ဖြူဖွေးသော ဆံနွယ်ကို လေအေးတစ်ချက် ဝေ့တိုက်သွားသည်။ သူ၏ ဝတ်ရုံတို့ လေထဲ လွင့်နေလေ၏။

ဂျွတ်

နောက်ထပ် ကျွတ်ဆတ်ဆတ်အသံသည် လေထဲသို့ ပေါ်ထွက်လာသည်။

ပွင့်ချပ်ကိုးလွှာထွက်လာမည့် နေရာဖြစ်သော ရွှေကြာပေါ်ရှိ လွတ်နေသော နေရာကို ကျင့်ကြံသူများ မော့ကြည့်လိုက်ကြသည်။ ထိုစဉ် သူတို့သည် ပွင့်ချပ်တစ်လွှာထွက်ပေါ်လာတာကို တွေ့ရ၏။

သူတို့သည် ယင်းကို မြင်ပြီး ပျော်ရွှင်သွားကြသည်။

“ထွက်လာပြီ”

“နဝမမြောက် ပွင့်ချပ်ပဲ”

“ချန်းပေ့ကျိရဲ့ သရုပ်ပြမှုက တကယ်အံ့ဩစရာပဲ။ သူက ပထမဆုံးအကြိမ် ပွင့်ချပ်ဖူးပွင့်တဲ့ အတိုင်းပဲ”

မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းမအရှေ့ဖက်၌ တောအုပ်ထဲတွင် ယင်းကို မျက်မြင်တွေ့သည့် လူတိုင်းက ပျော်ရွှင်ပြီး စိတ်လှုပ်ရှားသွား၏။

အနီရောင်ကြာနယ်မြေမှ လူရွယ်ကတောင် မလှုပ်မရှားဖြစ်နေသည်။ သူ စိတ်မလှုပ်ရှားဘဲ မနေနိုင်။ သူသည် အတိတ်တုန်းက ယင်းကို မျက်မြင်တွေ့ခဲ့ဖူးသည်ဟု သူ့ကိုယ်သူ သတိပေးနေ၏။ ဆိုရလျှင် ဖြစ်စဉ်က မယုံနိုင်စရာကောင်းလောက်အောင် ခက်ခဲသည်။

ထိုစဉ် ရွှေကြာသည် ဖြည်းဖြည်းချင်း လည်ပတ်နေပြီး လုကျိုး၏ အသက်စွမ်းအင်ကို စုပ်ယူနေသေး၏။

လုကျိုးသည် သူ၏ကျန်ရှိသော သက်တမ်းကို မြင်သောအခါ မျက်မှောင်ကျုံ့သွားတော့သည်။ ကျန်ရှိသက်တမ်း= ၁၀၀၅ရက်

အစက သူသည် လော့ရှစ်ယင်း၏မှတ်တမ်းက လှည့်စားထားတာဟု သံသယဝင်နေ၏။ သို့သော် စဉ်းစားပြီးနောက် သူမ၏မှတ်တမ်းထဲရှိ အမှားသည် စမ်းသပ်မှု အချက်အလက် မလုံလောက်သောကြောင့် ဖြစ်ဟန်တူသည်ဟု တွေးမိသည်။ ဆိုရလျှင် နှစ်ပေါင်း ၁၂၀၀ မှ နှစ်ပေါင်း ၁၄၀၀ သိပ်မကွာခြားသွားပေ။ ထို့အပြင် သူသည် သူမ၏ ရှာဖွေတွေ့ရှိမှုကို လက်မခံခဲ့လျှင် သူသည် မျက်ကန်းကြိုးပမ်းမိမှာ မဟုတ်ပေ။

ယခုအချိန်၌ လုကျိုးသည် အနည်းငယ် နောင်တရနေမိသည်။ ဤသို့ဖြစ်မည်မှန်း သိခဲ့လျှင် အရေးပေါ်အခြေအနေအတွက် အကြောင်းပြန်လှန်ကတ်များ ပိုမိုစုဆောင်းထားမှာ ဖြစ်သည်။ ယင်းက သူ၏ အမှားတစ်ပိုင်းဖြစ်သည်။

သူ အောင်မြင်ခါနီးနေပြီဖြစ်သည်။ နောက်ထပ် တစ်လှမ်းသာ လိုတော့၏။ ယခုအချိန်တွင် လက်လျှော့ခဲ့ပါက သူ ဤမတိုင်မီက သုံးခဲ့သော ကုသိုလ်မှတ် တစ်သိန်းနီးပါးသည် အလဟဿ ဖြစ်သွားလိမ့်မည်။ သူ ဆုံးရှုံး၍ မတတ်နိုင်ပေ။

လုကျိုးသည် ကျဆင်းနေသော အရေအတွက်ကို ကြည့်ပြီး ယင်းတို့သည် သူ သေရမည့်အချိန်ကို နောက်ပြန် ရေတွက်နေသလိုပင် သူ ကံကောင်းသည်ဟု ခံစားမိသည်။ တစ်ခုတည်းသော အရာမှာ ကျဆင်းနေသော နံပါတ်များသည် လျင်မြန်နေခြင်း မရှိတော့ပေ။ တဖြည်းဖြည်ချင်း လျော့နည်းလာတာ ဖြစ်သည်။

ထိုစဉ် ကျင့်ကြံသူများစွာက အရိုအသေပေးလိုက်၏။

“ဒီသရုပ်ပြမှုကို ကြည့်ပြီး အများကြီး သင်ယူခဲ့ရပါတယ်”

“တကယ်ပဲ ကျုပ် ဉာဏ်အလင်းပွင့်သွားပြီ”

လုကျိုးသည် ကျင့်ကြံသူများကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်။ သူက ကုသိုလ်မှတ်များ မရရှိပေ။ ထင်သည့်အတိုင်း အဆင့်တက်ရန် ဤဖြစ်စဉ် စီစဉ်ထားခြင်းက သူ့ကို ကုသိုလ်မှတ်မပေး ထို့အပြင် ကိုးကွယ်ယုံကြည်မှု အနေဖြင့် သတ်မှတ်၍မရ။

ကျန်ရှိသောသက်တမ်း= ၅၆၂ရက်

ရွှေကြာက ဆက်လက်ကြီးထွားနေ၏။

တခဏအတာ ကုန်လွန်သွးသော်ငြား လုကျိုးသည် ရာစုနှစ်တစ်စုစာ ကုန်လွန်သွားသလို ခံစားမိလိုက်၏။

နဝမမြောက် ပွင့်ချပ်သည် တစ်ဆို့နေပုံပေါ်သည်။ တဝက်သာ ထွက်ပေါ်လာပြီး အပြည့်အဝ ပေါ်မလာပေ။

မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားများသည် ၎င်းကြောင့် စိတ်ရှုပ်ထွေးနေကြသည်။

လုကျိုးအဆင့်တက်တာကို မျက်မြင်တွေ့ခဲ့ဖူးသော အကြီးအကဲလေးယောက်သည် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ ယင်းသည် သရုပ်ပြမှု တစ်ရပ်သာ ဖြစ်သော်ငြား မျှော်နန်းသခင်သည် ယခုတစ်ခေါက် စုစည်းသည့် အသက်စွမ်းအား ပမာဏသည် အရှေ့ဖက်မျှော်နန်းတွင် စီစဉ်ထားစဉ်ကထက် အဆပေါင်းများစွာ သာလွန်သည်။ ယင်းက သရုပ်ပြမှုအတွက် ပေးဆပ်ရသည့် တန်ကြေးမဟုတ်ပါလော။

ထိုစဉ် လန်လော့က အောက်ငမ်းလိုက်၏။ “တိတ်ကြစမ်း ... မျှော်နန်းသခင်က ဒီသရုပ်ပြမှုကနေ သူ့ကိုယ်သူ အလွန်အပင်ပန်းခံထားတာပဲ ဖြစ်ရမယ်”

ကျန်သည့်သူများက ထိတ်လန့်သွားသည်။ အတိတ်တုန်းက သူတို့သည် လုကျိုးက ကြောက်လန့်ခြင်းသာဆိုလျှင် လက်ရှိ၌ သူတို့သည် သူ့ကို စိတ်ရင်းမှန်ဖြင့် လေးစားကြသည်။

နန်ကုံးဝေနှင့် ဖုန်းယွီကျစ်က မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။ “ဘာဖြစ်နေတာလဲ ဖူးပွင့်ခါနီးနေပြီ”

ဖန်လီထန်းက ခေါင်းခါလိုက်၏။ “မျှော်နန်းသခင်က အသက်ကြီးပြီလေ”

အဘိုးအိုတချို့သည် သူတို့အသက်ရှည်ရန် ဂရုမစိုက်နိုင်သော်ငြား တချို့ကမူ ထိလွယ်ရှလွယ် ဖြစ်သည်။

အစောတုန်းက လုကျိုး၏ ဆံပင်ဖြူများက နက်မှောင်နေခဲ့ပြီး ယခု ပြန်ဖြူလာ၏။ “ရှစ်စွင်း” လုကျိုး၏ တပည့်များက သူ့ကို စူးစိုက်ကြည့်နေကြသည်။

လုကျိုးသည် ကျန်သည့်သူများကို လျစ်လျူရှုလိုက်သည်။ သူသည် စနစ်မျက်နှာပြင်ပေါ်ရှိ နံပါတ်များကို စိုက်ကြည့်လိုက်သည်။

ကျန်ရှိသော သက်တမ်း၁၃၂ရက်

ငါ ရပ်လိုက်သင့်လား ... လုကျိုးက လက်ကို လှုပ်ရှားလိုက်သည်။ ယင်း အိုမင်းမှုဖြစ်စဉ်ကြောင့် သူ၏ ကျင့်ကြံဆင့်အပေါ် ဖိနှိပ်မှု တစ်ခု ခံစားမိသည်။ သူ၏ မဟာအကန့်အသတ်က ထပ်မံချဉ်းကပ်လာပြီဟု ခံစားမိသည်။

အတိတ်တုန်းက ကျိထျန်းတောက်သည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရရှိရန် ကြိုးပမ်းသော မြင်ကွင်းက သူ့စိတ်ထဲ ရုတ်တရက်ပေါ်လာ၏။ ရွှေကြာ၏ စွမ်းအင်သည် အသက်ကို စုပ်ယူနိုင်သောကြောင့် ကျိထျန်းတောက် စွမ်းအားကင်းမဲ့ခဲ့ပုံကို တွေးမိသွားသည်။

နဝမမြောက်ပွင့်ချပ်သည် တဝက်သာ ထွက်သည်ဖြစ်စေ၊ လေးပုံတစ်ပုံထွက်သည် ဖြစ်စေ အပြည့်အဝ မဖူးပွင့်သရွေ့ သူသည် ပွင့်ချပ်ရှစ်လွှာနှင့် တဝက် ကျင့်ကြံသူသာ ဖြစ်နေလိမ့်မည်။

ကျန်ရှိသော သက်တမ်း ၉၉ရက်

လုကျိုးသည် အိုမင်းရင့်ရော်မှုကို စတင်ခံစားလာရပြီ ဖြစ်သည်။

ထိုစဉ် ခန်းမထဲရှိ တစုံတစ်ယောက်က ထုတ်ဖော်ပြောလိုက်၏။ "အဲဒါ ဘာလဲ"

မြောက်ဖက်မိုးကုပ်စက်ဝိုင်း၌ အနီရောင်ထောင့်မှန်စတုဂံ သဏ္ဌာန် ပေတံတစ်ချောင်းနှင့်တူသည့် အရာဝတ္ထုသည် သူတို့ဆီပျံသန်းလာ၏။

အရံအတားအပြင်ဖက်ရှိ တောအုပ်ထဲတွင်ဖြစ်သည်။

လူရွယ်အနီရောင်ကြာ ကျင့်ကြံသူက ကောင်းကင်ကို မော့ကြည့်ပြီး သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာပေါ်လာကာ ပြောလိုက်တော့၏။ “ကောင်းကင်လွန်း ဒီကို ရောက်လာပြီ”

အနီရောင်သေတ္တာကဲ့သို့ အရာဝတ္ထုသည် လူတိုင်း၏ အာရုံစိုက်မှုကို ရသွားသည်။

လုကျိုးသည် ၎င်းကို မြင်သည်။ အရှိန်က မယုံနိုင်စရာကောင်းလောက်အောင် မြန်ပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ ထိပ်ဆီသို့ ရွေ့ပြောင်းလာ၏။

၎င်းက ဘာမှန်း မည်သူမှ မသိ။ ၎င်းက စီးတော်သားရဲ မဟုတ်သလို သားရဲပျံတစ်ကောင်လည်း မဟုတ်ပေ။ သူတို့အတွက် လုံးဝမမြင်ဖူးသည့် အရာဖြစ်နေသည်။

မျက်စိတစ်မှိတ်အတွင်း ၎င်းသည် လူတိုင်းစုဝေးနေသည့် နေရာမှ မီတာတစ်ထောင်အကွာသို့ ရောက်လာသည်။ သူတို့မျက်တောင်ထပ်ခတ်လိုက်ချိန်တွင် အနီရောင်သေတ္တာက သူတို့အပေါ် ရောက်နေပြီဖြစ်သည်။

ဝှစ်

အနီရောင်မီးလျှံများ ရှေ့သို့ထွက်ပြူလာပြီး သေတ္တာကို မီးလျှံများ လွှမ်းခြုံသွား၏။

လေထဲ၌ အက်ကွဲသော အသံထွက်ပေါ်လာ၏။ “အချိန်မှီပဲ ... သေပေတော့”

လုကျိုးသည် ဝေဝါးသော လှုပ်ရှားမှုမျိုးဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်ရှေ့၌ ပေါ်လာကာ သူသည် လက်ဝါးရိုက်ချက်တစ်ချက်ကို ရှေ့သို့ တွန်းလိုက်၏။

အနီရောင်သေတ္တာသည် သူ့ဆီလွင့်လာသည်။

ကုန်လွန်သော အသက်များ၏ စွမ်းအား

နတ္ထိမှ ဇာစ်မြစ်ခံပြီး အရာအားလုံးမှ ရောက်လာ၏။ သံသရာတွင် နေထိုင်ပြီး ၎င်းကို သင်ယူရမည်။

လက်ဝါးရိုက်ချက်နှင့် ကောင်းကင်လွန်းတိုက်မိသွားသည်။

နှစ်ဖက်လုံးနောက်ဆုတ်သွား၏။

လုကျိုးသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန် ပြန်ခေါ်လိုက်သည်။ လုကျိုးကို နောက်သို့ရောက်အောင် ဤကမ္ဘာ၌ မည်သူက တွန်းနိုင်မည်နည်း။

“ရှစ်စွင်း”

“မျှော်နန်းသခင်”

မိစ္ဆာဝေဟင်မျှော်နန်းမှ ပထမဆုံးလှုပ်ရှားသူသည် ပွင့်ချပ်ရှစ်လွှာအကျော်အမော်ဖြစ်ပြီး သူမက အဖြူရောင်ကို ဝတ်ထားကာ သူ၏ ဆံနွယ်ဖြူများနှင့် လိုက်ဖက်ညီနေသည်။ သူမ၏ မဟာနည်းစနစ်ကို ချက်ချင်းထုတ်သုံးလိုက်သည်။

အကြီးအကဲသုံးယောက်သည် ကောင်းကင်ကို ချက်ချင်းမော့ကြည့်လိုက်သည်။

ပွင့်ချပ်ဖူးပွင့်ခြင်း ဖြစ်စဉ်သည် အရေးအကြီးဆုံးအပိုင်း ဖြစ်ခဲ့၏။

ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူ ငါးဦး နန်ကုံးဝေ၊ ဖုန်းယွီကျစ်၊ ချူးနန်၊ ကျူးထျန်းယွမ်နှင့် ဟွမ်းရှစ်ကျဲတို့သည် တွေဝေမနေဘဲ သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို တပြိုင်နက်တည်း ဆင့်ခေါ်ကာ အရံအတားအပြင်ဖက် ထွက်သွား၏။

“ချန်းပေ့ကျိ ကူညီပေးပါရစေ”

သူတို့အော်သံများက ကောင်းကင်ထဲပျံလွင့်လာသည်။

ယင်းသည် ၎င်းအစ ကနဦးထဲက မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် ဂုဏ်သရေအထွန်းလင်းဆုံးနှင့် အဝင့်ဝါဆုံး နေ့ရက်ဖြစ်လောက်သည်။

ထိုမျှ များပြားသည့် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများ တပြိုင်နက်တည်း သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်ခေါ်တာကို မည်သူမှ မတွေ့ဖူးပေ။

လုကျိုး၏ ပေတစ်ရာ့လေးဆယ်စိတ်ဝိညာဉ်သဏ္ဌာန် အပြင် အနီရောင်သေတ္တာကို ပေတစ်ရာခန့်ရှိသော ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်များစွာက ဝိုင်းထား၏။ ပေခုနစ်ဆယ်စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပေရှစ်ဆယ်စိတ်ဝိညာဉ်သဏ္ဌာန်များလည်း ဝေဟင်ထဲ ပျံတက်လာသည်။

စွမ်းအင်စည်းတံဆိပ်များ လေထဲပြည့်သွားသည်။

ကောင်းကင်လွန်းသည် နေရာမှာတင် လည်နေလျက် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများဆီမှ တိုက်ကွက်များကို ဖယ်ရှားနေသည်။

စီးဝူယာ့က အံ့ဩသွားလေ၏။ သူက ထုတ်ပြောလိုက်သည်။ "ဒါက အနီရောင်ခေါင်းတလား ပို့ဆောင်ရေးရဲ့ အဆင့်မြင့်ထားတဲ့ အရာပဲ။ သတိထား ... အဲ့ဒါက အထဲမှာ အနီရောင်ကျင့်ကြံသူတစ်ယောက်ရှိနေတယ်”

ဖုန်း ဖုန်း ဖုန်း

ဘန်း ဘန်း ဘန်း

စွမ်းအင်များ ကောင်းကင်ထဲ၌ နေရာအနှံ့လွင့်ပျံ့သွားသည်။ ပွင့်ချပ်ရှစ်လွှာနှင့် ပွင့်ချပ်ခုနစ်လွှာ ကျင့်ကြံသူများသည် လွင့်ထွက်သွားပြီး သွေးအန်ကုန်၏။

ကောင်းကင်လွန်းပေါ်ရှိ မီးလျှံများက တောက်ပစွာ လောင်ကျွမ်းနေသည်။ အခြားသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကြောင့် ကြောက်လန့်ကုန်၏။

“ပွင့်ချပ်ကိုးလွှာအဆင့်ကို ကျော်လွန်တဲ့ အကျော်အမော်တစ်ယောက်” စီးဝူယာ့သည် သတိပေးရင်း လှမ်းအော်လိုက်သည်။

ပွင့်ချပ်ကိုးလွှာအဆင့်ကို ကျော်လွန်တဲ့ အကျော်အမော်လား ... ဒီလူက ဒီလောက်အထိ အစွမ်းထက်နေတာ အံ့ဩစရာမရှိတော့ဘူးပဲ။

အရံအတားအပြင်ဖက်၌ တောအုပ်ထဲမှ ကြည့်နေသော လူရွယ်သည် သူ့ရင်ထဲ၌ စိတ်ခံစားချက်တို့ မြင့်တက်လာ၏။ သူက တိုးလျသော အသံဖြင့်ပြောလိုက်သည်။ "ကံမီးတောက်ကို ထိန်းချုပ်နိုင်တဲ့ အကျော်အမော် ချန်းပေ့ နောက်ဆုံးတော့ရောက်လာပြီပဲ”

ကျူးထျန်းယွမ်က အော်ပြောလိုက်သည်။ "ပွင့်ချပ်ရှစ်လွှာအဆင့်အောက်တွေ အရံအတားထဲကို နောက်ပြန်ဆုတ်ကြ”

မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်သည် ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်လိုက်၏။ ယခုအချိန်တွင် အဆင်အခြင်မဲ့စွာ လှုပ်ရှားခြင်းသည် သေစေရုံသာ ရှိလိမ့်မည်။

လုကျိုးသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။

ကျန်ရှိသော သက်တမ်း ၆၆ရက်

မင်္ဂလာရှိလိုက်တဲ့ နံပါတ်ပဲ ... ဒါက အရာအားလုံးအဆင်ပြေစေမယ်ဆိုတဲ့ သင်္ကေတ။ အဲ့ဒီပွင့်ချပ်ကိုးလွှာကျင့်ကြံသူက အချိန်မှီရောက်လာတာပဲ။ ငါ သူ့ကို သတ်ပြီး ငါ့ရဲ့အကြောင်းပြန်လှန်ကတ်ကို ပြန်ဖြည့်မယ်။

လုကျိုးသည် မုတ်ဆိတ်သပ်လျက် တည်ငြိမ်စွာပြောလိုက်သည်။ "ငါက အမည်မသိတဲ့ သူကို မသတ်ဘူး။ မင်းရဲ့ နာမည်ပြော”

ကောင်းကင်လွန်းမှ အသံတစ်သံပေါ်ထွက်လာသည်။ “ကျုပ်က သွေးနေမင်းဘုရားကျောင်းရဲ့ ဝိနေယျခန်းမခေါင်းဆောင် ဖာ့ခုံးပဲ။ အနီရောင်ကြာနယ်မြေက လာတာ။ ဒီနေ့ မင်းရဲ့သွေးကို ယူပြီး ငါ့ရဲ့ ကံကို ပူဇော်မယ်”

ဝှစ်

နောက်ထပ် မီးလျှံများပေါ်ထွက်လာသည်။

လုကျိုးသည် အနီရောင်ခေါင်းတလားနှင့် ဆင်တူသော ပို့ဆောင်ရေးပစ္စည်းကို ကြည့်လိုက်သည်။ မီးလျှံများသည် အနီရောင်ကြာ ကျင့်ကြံသူကို မထိခိုက်စေပေ။ ဒီတမူထူးကဲတဲ့ ကျင့်စဉ်က အနီရောင်ကြာနယ်မြေကလား။

“ချန်းပေ့ကျိ ချန်းပေ့ရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုတ်သိမ်းလိုက်ပါ။ သရုပ်ပြသမှုက လုံလောက်ပါပြီ” နန်ကုံးဝေက လုကျိုးရှေ့တွင် ရပ်လျက်ပြောလိုက်သည်။

‘ငါလည်း ရုတ်သိမ်းချင်တယ်။ ဒါပေမဲ့ ငါ ပွင့်ချပ်ကိုးလွှာဖူးပွင့်နေတဲ့ အလယ်ကြီးမှာ ဘယ်လိုရုပ်သိမ်းရမှာလဲ။’

လုကျိုးသည် စနစ်မျက်နှာပြင်ကို ထပ်ကြည့်လိုက်၏။

ကျန်ရှိသော သက်တမ်း ၅၅ရက်

ငါ့ အသက်က သုညရောက်သွားရင် ငါ အပြီးသတ်သွားပြီပဲ။ လုကျိုးသည် သူ့ကိုယ်သူတည်ငြိမ်အောင် ဖိအားပေးလိုက်၏။ သူက “ငါ့ဘဝမှာ မရေမတွက်နိုင်တဲ့ မြည်းကတုံးတွေကို ငါ သတ်ခဲ့တယ်။ မင်းက ထွက်လာပြီး ငါနဲ့တိုက်ခိုက်ဖို့ လုံလောက်လို့လား။ မင်းက မထိုက်တန်ဘူး”

ဝှစ်

မီးလျှံများက ပိုမိုကြီးလာပြီး ကောင်းကင်လွန်းသည် လုကျိုးဆီ အရှိန်ဖြင့် တိုးဝင်သွား၏။

“တားကြဟေ့”

ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများသည် အတူတကွ ပူးပေါင်းလိုက်ကြသည်။

ယဲ့ထျန်းရှင်းက ဦးဆောင်၏။ သူမ၏ လှိုင်းပြာကျင့်စဉ်ဖြင့် စွမ်းအားအကုန်ထုတ်သုံးပြီး မာယာကျော့ကွင်းကို သုံးလိုက်၏။

ကျန်သည့် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများသည်လည်း တတ်စွမ်းသမျှ တိုက်ခိုက်ကြသည်။ သို့သော် မည်သူကမှ ယဲ့ထျန်းရှင်းလောက် မကြမ်းတမ်းပေ။

“မင်း ခွန်အားကို မင်း မသိဘူးပဲ”

ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများသည် နောက်သို့လွင့်ထွက်သွားသည်။

ယဲ့ထျန်းရှင်းက တိုက်ခိုက်ခံလိုက်ရသည်။ သူမသည် နှုတ်ခမ်းထောင့်စွန်းကနေ သွေးစီးကျလာပြီးနောက် ခန္ဓာကိုယ်ပေါ်ကျသွားသည်။ သူမ၏ နှင်းဖြူရောင်ပိတ်စတို့သည်လည်း အနီရောင် အစက်ပြောက်များ စွန်းထင်းကုန်သည်။ သူမ ခန္ဓာကိုယ်ပေါ်မှ သွေးသည် သူမ ဝတ်ရုံပေါ် ကျသွား၏။

ကျန်သည့်သူများသည် သူတို့၏ သွေးအဆီအနှစ်များ ဆန်တက်လာတာကို ခံစားလိုက်ရသည်။ သူတို့သည် ဤလူအတွက် ပြိုင်ဖက်များ မဟုတ်ပေ။

“လျှို့ရှစ်ကျဲ”

“လျှို့ရှစ်မေ့”

ယဲ့ထျန်းရှင်းသည် ကောင်းကင်ပေါ်က ပြုတ်ကျလာသည်။

ကျန်သည့်တပည့်များသည် သူမကို ဖမ်းရန် ပျံသန်းသွားတော့သည်။

ရှောင်ယွမ်အာသည် အစွမ်းထက်ဆုံးစွမ်းရည်ဖြစ်သည့် အထွတ်အထိပ်သန့်စင်ကျောက်စိမ်း ကျင့်စဉ်ကို သုံးလိုက်သည်။ သူမသည် အစတည်းက ပွင့်ချပ်ခုနစ်လွှာဖြစ်၏။ ထို့ကြောင့် ယဲ့ထျန်းရှင်းကို ဖမ်းလိုက်နိုင်သည်။

“လျှိုရှစ်ကျဲ” ရှောင်ယွမ်အာက ယဲ့ထျန်းရှင်း၏ ဝတ်ရုံဖြူပေါ်ရှိ သွေးများကို မြင်သောအခါ တုန်လှုပ်ခြောက်ခြားသွားတော့သည်။

“ငါ အဆင်ပြေတယ်။ သူ့ကို တား။ ရှစ်စွင်းကို ကာကွယ်”

ထိုစဉ် အားလုံး၏အာရုံစိုက်မှုက ကောင်းကင်လွန်းပေါ်တွင်သာ ရှိနေသည်။

ကံမီးတောက်များဖြင့် တောက်လောင်နေသော ကောင်းကင်လွန်းသည် လုကျိုးဆီသို့ ထပ်မံတိုးဝင်လာ၏။

လုကျိုးသည် ယဲ့ထျန်းရှင်း ဝေဟင်ထဲမှ ပြုတ်ကျလာတာကို တွေ့ခဲ့ပြီးဖြစ်ရာ သူ မျက်မှောင်အနည်းငယ်ကျုံ့မိသွားသည်။ သူ့ သတိအနေအထားကို ထိန်းထားရန် အရေးကြီးမှန်း သိ၏။ သူသည် လူတိုင်း၏ ထောက်တိုင်ဖြစ်သည်။ သူ၏ သတိတရားဆုံးရှုံးသွားပါက လူတိုင်းသည်လည်း ထိုနည်းတူ ဖြစ်လာလိမ့်မည်။

လုကျိုးသည် အမြန်စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ တဖန် သူသည် အတိတ်ဘဝ၏ စွမ်းအားကို အသုံးပြုလိုက်သည်။

ဘန်း

သူ၏လက်ချောင်းများမှ အပြာရောင်အလင်း ပေါ်ထွက်လာသည်။ စွန့်ပစ်ခံဉာဏ်ရည်မှ သင်္ကေတများသည် သူ၏လက်နားတဝိုက်၌ ပျံဝဲနေသည်။

ကောင်းကင်ကျမ်းစာ စွမ်းအားသည် ကောင်းကင်လွန်းနှင့် တိုက်မိသွား၏။ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် နောက်သို့ရောက်သွားသည်။ ကောင်းကင်လွန်းက သူ၏ အပြာရောင်လက်ဝါးကို ရင်ဆိုင်နေလေသည်။

မျက်စိတစ်မှိတ်အတွင်း သူတို့သည် ရွှေနန်းဥယျာဉ်တောင်မှ အဝေးသို့ ပျံသန်းသွား၏။ သူတို့သည် တောအုပ်များကို ဖြတ်ကျော်ကာ မီတာထောင်ချီအကွာအထိ ရောက်သွားပြီဖြစ်သည်။

ကောင်းကင်ကျမ်းစာ၏ ထူးကဲစွမ်းအားက ဆက်တိုက်ပေါ်ထွက်လာသော်ငြား ကောင်းကင်လွန်းသည် ထိခိုက်မှုမပြပေ။

လုကျိုးသည် သူ၏ ထူးကဲအံ့ဖွယ်စွမ်းအားကို ဤတိုက်ကွက်ထဲ၌ ပေါင်းစည်းထည့်လိုက်သည်။ ထိုသို့တိုင် အနီရောင်ခေါင်းတလားကို ဘာမှမလုပ်နိုင်ခဲ့ပေ။ အနီရောင်ခေါင်းတလားက မာကြောခိုင်ခန့်မှန်း သိသာပေ၏။

ထိုစဉ် ခန်းမကျယ်ရှေ့ရှိ ကျင့်ကြံသူများသည် အထိတ်တလန့်ဖြစ်ကုန်၏။

ရွှေနန်းဥယျာဉ်တောင်နားရှေ့၌ ကျင့်ကြံသူများက မျက်လုံးအပြူးသားဖြစ်နေကာ လုကျိုးနှင့် ကောင်းကင်လွန်းတို့က ဝေးသည်ထက်ဝေးအောင် ပျံသန်းသွားတော့သည်။

“သူတို့နောက်လိုက်” စီးဝူယာ့က အမိန့်ပေးလိုက်သည်။

“ခရုလေး၊ ယွမ်အာ ဒီမှာနေပြီး လျှို့ရှစ်ကျဲကို ဂရုစိုက်ထားဦး”

ဒဏ်ရာရထားသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက အရံအတားထဲ ဝင်လိုက်၏။ သူတို့ လိုက်နိုင်စွမ်း မရှိပေ။

အရံအတားအပြင်ဖက်မှ ကြည့်နေသော ကျင့်ကြံသူများကလည်း တတ်စွမ်းသမျှ လိုက်ကြ၏။ သူတို့အရှိန်က မလုံလောက်ပေ။

မိစ္ဆာဝေဟင်မျှော်နန်းမှ အကြီးအကဲများကလည်း လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

“ဟွားဝူတောက် ဒီမှာနေ။ ငါတို့ သူတို့နောက် လိုက်သွားမယ်”

“ငါလည်း လိုက်မယ်”

“ငါ့လည်း မထားခဲ့နဲ့”

အကြီးအကဲသုံးယောက်သည် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို ဆင့်ခေါ်ပြီး လုကျိုးနှင့် ကောင်းကင်လွန်းများရှိသည့် တောင်ဖက်ဆီသို့ ပျံသန်းသွား၏။

ထိုစဉ် လုကျိုးသည် ကောင်းကင်လွန်းကို သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သူ အရှိန်ပြင်းပြင်းဖြင့် နောက်သို့ တွန်းခံလိုက်ရသည်။ သူ၏ အမူအရာက မဲမှောင်နေလျက် အနီရောင်လွန်းကို ကြည့်လိုက်တော့သည်။

ယခုအခိုက်အတန့်တွင် သူ၏ ထူးကဲအံ့ဖွယ်စွမ်းအားက ကံမီးတောက်ကို ထိန်းထားနိုင်၏။

“ရွှေကြာနယ်မြေမှာ အကြီးမြတ်ဆုံးနဲ့ တစ်ဦးတည်းသော ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ မင်းက မင်းရဲ့ နာမည်အတိုင်းပဲ။ ငါ့ရဲ အနီရောင်ကြာ ကံမီးတောက်ကို မင်း ပိတ်ဆို့နိုင်လိမ့်မယ်လို့ မထင်ဘူး”

“မင်းကိုယ်မင်း ပြရဲရင် ငါက အစစ်အမှန် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ တစ်ယောက်ဆိုတာ မင်းကို ပြလိမ့်မယ်”

“မြင်တွေ့ချင်ပါရဲ့”

ဘန်း

အနီရောင်ကြာ ကံမီးတောက်သည် ပိုတောက်ပစွာ လောင်ကျွမ်းလာလေ၏။ လုကျိုးသည် လက်သီးဆုပ်လျက် နောက်ထပ် ကောင်းကင်ကျမ်းစာ စွမ်းအားတစ်လှိုင်းကို ထုတ်ဖော်လိုက်သည်။

အရာအားလုံးကို တိတ်ဆိတ်စေသော စွမ်းအား

သမာဓိကို ထိန်းသိမ်းထားရန် အလင်းနဲ့ အရိပ်ကဲ့သို့ စိမ့်ဝင်ပျံ့နှံ့စေပြီး သမာဓိ ရှိရှိနေရမည်။

ထို့နည်းတူ လုကျိုးသည် ဤတိုက်ကွက်၌ သူ၏ထူးကဲအံ့ဖွယ်စွမ်းအား လေးပုံတစ်ပုံကို အသုံးပြုထားသည်။

ဖုန်း

ကောင်းကင်လွန်းက တောင့်ခဲသွားပြီးနောက် လည်သွားတော့သည်။

လုကျိုးက လေထဲပျံဝဲနေ၏။ သူ၏ ယုတ်လျော့လာသော အသက်ကြောင့် ဖြစ်ဟန်တူသည်။ သူ၏ အာရုံနှင့် တုံ့ပြန်မှုတို့က နှေးကွေးသွားသည်။

ဂျွတ်

ဟမ် ... လုကျိုးသည် သူ၏ မျက်လုံးထောင့်ကနေ ရွှေကြာကို တစ်ချက်ကြည့်လိုက်၏။ အစောတုန်းက ဖူးပွင့်ကာစ ပွင့်ချပ်သည် အပြည့်အဝဖူးပွင့်ပြီမှန်း တွေ့လိုက်၏။ ပြီးပြည့်စုံတဲ့ ပွင့်ချပ်ကိုးလွှာ ... ဤအခိုက်အတန့်တွင် သူ၏တောက်ပနေသော ရွှေကြာနား၌ ပွင့်ချပ်ကိုးလွှာ လည်ပတ်နေသည်။

တစ်ချိန်ထဲတွင် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပေတစ်ရာ့ငါးဆယ်အထိ မြင့်လာ၏။

…

အခန်း (၇၀၂) ကံမီးတောက်ကို ပိုင်းဖြတ်ပြီး ကန့်သတ်ချက်ကို ကျော်လွန်ခြင်း

တောင်ဘက် ဝေဟင်ထဲ ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကြီး ရှိနေသည်။ ပွင့်ချပ်ကိုးလွှာက ရွှေကြာကို တောက်တောက်ပပ လှည့်ပတ်နေကြသည်။

ကံဆိုးစွာဖြင့် လုကျိုးတစ်ယောက်တည်းသာ သူ့ဂုဏ်ကျက်သရေကို ရှုစားနိုင်ခြင်း ဖြစ်၏။ သူ့အနီးအနားတွင် မည်သူမှ မရှိနေပေ။ သူ ကြိုတင်ပြင်ဆင်ထားခဲ့သည့် သရုပ်ပြမှုက ဖိတ်ခေါ်မထားသည့် အနီရောင်ကြာနယ်မြေ၏ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူကြောင့် အနှောင့်အယှက် ဖြစ်သွားသည်။

လုကျိုးက မပျော်ရွှင်ပေ။ သူက တစ်ခါကရောက်ဖူးသည့် အထွတ်အထိပ်ကို စိတ်ဝင်စားရုံမျှ ဖြစ်၏။ ထုတ်ပြောဖို့ရာ အရေးမပါပေ။

သူက စနစ်ပေါ်မှ လက်ကျန်သက်တမ်းကို ကြည့်လိုက်သည်။

လက်ကျန်သက်တမ်း - ၃ ရက်

“…”

လုကျိုးက စမှတ်သို့ ပြန်ရောက်သွားသည်။ သို့သော်လည်း လက်ရှိစမှတ်သည် အဆုံးမှတ်လည်း ဖြစ်သွားနိုင်သည်။ ထိုဂဏန်းတစ်လုံးက သူ ဤနေရာသို့ ပထမဆုံး ကူးပြောင်းလာစဉ်အချိန်ကို ပြန်လည် အမှတ်ရသွားစေသည်။ ယခင်က သူ့တွင် သုံးရက်တာမျှသာ အချိန်ရခဲ့သည်။

သို့သော်လည်း ယခင်လုကျိုးနှင့် မတူဘဲ သူသည် ကိစ္စများစွာ ကြုံတွေ့လာပြီးသည့်နောက် ပိုမို တည်ငြိမ်နေလေပြီ။

ကောင်းကင်လွန်းထဲတွင် ဘုန်းကြီးဖာ့ခုံးက လုကျိုး၏ အပြောင်းအလဲကို ခံစားမိလိုက်သည်။ သူက သူ့အနီးအနားရှိ ကမ္ဘာဦးချီ အပြောင်းအလဲကိုပါ ခံစားမိလိုက်သည်။

ဖာ့ခုံးက ကောင်းကင်လွန်းကို အသာလှုပ်ကာ အနည်းငယ် နားမလည်ဖြစ်နေ၏။ သူက ထွက်လာချင်မိသည်။ သို့သော်လည်း ကောင်းကင်လွန်း၏ အံ့မခန်း ကာကွယ်နိုင်စွမ်းအကြောင်း သိထား၏။ ကံမီးတောက်ပါ ထည့်တွက်လိုက်သည့်အခါ သူ့တွင် ရွှေကြာပိုင်နက်မှ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူကို သတ်ဖို့ စွမ်းအားအလုံအလောက် ရှိနေလေပြီ။

လုကျိုးက စနစ်ပေါ်မှ အရေအတွက်အား ဆက်စိုက်ကြည့်နေသည်။ ထို့နောက် ရုတ်ခြည်းဆိုသလို အရေအတွက်က အပြောင်းအလဲ ဖြစ်လာပြီး သူလည်း နှလုံးခုန်မြန်လာသည်။ သို့သော်လည်း သူ မျှော်လင့်ထားသည်နှင့် ကွဲလွဲစွာ သူ့အရေအတွက်က လျော့ကျသွားခြင်း မဟုတ်ဘဲ တိုးပွားလာခြင်း ဖြစ်၏။

+၂၀၀

+၃၀၀

+၅၀၀

အရေအတွက်က ဆက်လက် တိုးလာပြီး ၇၃၀၀၃ ရက် ရောက်မှ ရပ်တန့်သွားသည်။

အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ပြီးသည့်နောက် လုကျိုးသည် ရက်ပေါင်း ၇၃၀၀၀ သည် နှစ် နှစ်ရာနှင့် ညီမျှကြောင်း အတည်ပြုလိုက်သည်။

ထိုစဉ် သူ့စွမ်းအင်ဗဟိုချက်ထဲမှ စွမ်းအားက ရေတံခွန်လိုမျိုး ထွက်ပေါ်လာသည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်အနားရှိ ကမ္ဘာဦးချီကလည်း လေထဲ မြင့်မားကာ ထောင်တက်သွားသည်။

ဤသည်မှာ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ၏ စွမ်းအား ဖြစ်သည်။

ကောင်းကင်လွန်းအတွင်း ဖာ့ခုံးက တအံ့တဩ ရေရွတ်လိုက်သည်။

“သူက အားကောင်းလာတာလား ”

လုကျိုးက မျက်မှောင်ကြုတ်ကာ သူ့ရှေ့မှ ကောင်းကင်လွန်းကို လေ့လာလိုက်ရင်း သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။

သူ့ကန့်သတ်ချက် တိုးမြင့်လာပြီးနောက်တွင်ပင် သူ့ထူးခြားအံ့ဖွယ် စွမ်းအင် လေးပုံတစ်ပုံဖြင့် အနီရောင် ကောင်းကင်လွန်းအား ဖျက်ဆီးဖို့ မပြောနှင့် ထိခိုက်အောင် မလုပ်နိုင်သေးပေ။ ထိုအရာ၏ ကာကွယ်နိုင်စွမ်းက အံ့မခန်း အားကောင်းလှသည်။ ထို့အပြင် အနီရောင် ကံမီးတောက်ကလည်း အားကောင်းလှသည်။ သူက ထူးခြားအံ့ဖွယ် စွမ်းအားလေးပုံတစ်ပုံဖြင့် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူကို အလွယ်လေး သတ်ပစ်နိုင်သော်လည်း ပွင့်ချပ်ကိုးလွှာကိုတော့ သတ်နိုင်မည် မဟုတ်ပေ။ ထိုအရာအပြင် အနီရောင်လွန်း၏ ကာကွယ်နိုင်စွမ်းက သူ့ထင်မြင်ချက်အထက် ကျော်လွန်နေ၏။

အနီရောင်ကြာပိုင်နက်က တာ့ယန်ကို ကျူးကျော်လာဖို့ ဒီလိုသယ်ယူပို့ဆောင်ရေးမျိုးကို ဖန်တီးဖို့ အတော်လေး အားစိုက်ခဲ့ရမှာပဲ …

အဆုံးသတ်တွင် လုကျိုးက ပျင်းရိနေသည့် အမူအရာဖြင့် ပြောလာသည်။ “ တကယ်လို့ မင်းဘာသာ ထွက်လာပြီး တိုက်ရဲရင် ပွင့်ချပ်ကိုးလွှာအဆင့် စွမ်းအားကို ပြမယ်လို့ ပြောထားပြီးသား ”

“ မင်းက အခုလေးမှ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်တာကို မင်းဘာသာ အထင်ကြီးနေတာပဲ” ဖာ့ခုံးက စိတ်တိုစွာ ပြောလိုက်သည်။

အနီရောင်ကြာ ကံမီးတောက်က ဆက်လက် တောက်လောင်နေသည်။ ထိုအရာက ယခင်ထက်ပင် ပိုမို ပူပြင်းလှ၏။ ထို့နောက် ရုတ်ခြည်းဆိုသလို ထိုအရာက လုကျိုးဆီ ပစ်လွှတ်လာသည်။

လုကျိုးက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ အစစ် ဖြစ်နေ၍ သူ့သက်တမ်းနှင့် ကျင့်ကြံဆင့်တို့ မလုံလောက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

သူက လက်မြောက်ကာ တိုက်ကွက်ကို တားဆီးလိုက်၏။ ထိုစဉ် သူက အစွန့်ပစ်ခံ ဉာဏ်ပညာကို ထုတ်လွှင့်လိုက်သည်။

ဝုန်း

လက်ဝါးချက်က ကောင်းကင်လွန်းဆီ ကျရောက်လာသည်။

ကောင်းကင်လွန်းက နောက်ဆုတ်မည့်အစား လုကျိုးအား ရိုက်ခတ်ဖို့အတွက် အပြင်းအထန် လည်လာသည်။

လုကျိုးက ကောင်းကင်လွန်းကို ရှောင်ဖို့ နောက်ဆုတ်လိုက်၏။

နှစ်ဖက်လုံးက ကြမ်းတမ်းသည့် တိုက်ပွဲကို ဆင်နွဲနေကြသည်။ အနီရောင်နှင့် ရွှေရောင်တို့က လေထဲ အပြင်းအထန် တိုက်ခိုက်နေကြသည်။ သူတို့က ထျန်းကျန့်မြစ်အထိ ရောက်သွားကြသည်။

သူတို့က တိုက်ခိုက်လေလေ ဖာ့ခုံးက ပိုမို အံ့ဩလာလေလေ ဖြစ်၏။ သာမန်အခြေအနေအောက်တွင် တစ်ဖက်လူက ကံမီးတောက်၏ အပူချိန်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဝုန်း

လုကျိုးက ကောင်းကင်လွန်းပေါ် လက်ဝါးစည်းတံဆိပ်များ ဆက်တိုက် ကျရောက်လာသည်။

နှစ်ဖက်လုံးက တစ်ယောက်နှင့်တစ်ယောက် အဝေးကနေ ရင်ဆိုင်နေကြသည်။

“ ကျန့်ဝမ်ရွှီကို သတ်နိုင်တာ မဆန်းတော့ပါဘူး” တိုက်ပွဲကြာမြင့်လာပြီးသည့်နောက် ဖာ့ခုံးက အရေးသာမှု ရှုံးနိမ့်လာသည်။

လုကျိုးက လေထဲတွင် ဝဲပျံနေရင်း ကောင်းကင်လွန်းအား ကြည့်ကာ မေးလိုက်သည်။ “ ကျန့်ဝမ်ရွှီက အားကောင်းလို့လား ”

“သူက ကြယ်ပျံအိမ်တော်ရဲ့ အကြီးအကဲငယ်လောက်ပါပဲ။ သူက ကံမီးတောက်တောင် ကျွမ်းကျင်တာ မဟုတ်ဘူး။ သူက ငါတို့အတွက် အရေးကြီးတာဝန်တွေ အပ်နှံရတဲ့လူတော့ မဟုတ်ဘူး ” ဖာ့ခုံးက အထင်သေးဟန်ဖြင့် ပြောလာသည်။

ကံမီးတောက်လား …

လုကျိုးက စဉ်းစားလိုက်သည်။ အနီရောင်ကြာမှ ထုတ်ထားသည့် ထိုကံမီးတောက်သည် ခက်ထန်ပြီး စွမ်းအားထက် အားမနည်းကြောင်း ပြောနိုင်လေသည်။

ကံမီးတောက်ကို ဘယ်လိုကျွမ်းကျင်လာတာလဲ … အဲဒါက ပွင့်ချပ်ကိုးလွှာအဆင့် ရပြီးတော့မှ ရလာတဲ့အရာများလား …

ထိုစဉ် ကောင်းကင်လွန်းအတွင်း ရွတ်ဖတ်သံများကို ကြားနိုင်လေသည်။ ယင်ကောင်တဝီဝီ မြည်နေသလိုမျိုး ဖြစ်၏။

“ ဗုဒ္ဓဘာသာမှာ လမ်းကြောင်းတစ်ခုပဲရှိတယ်။ ဒီဟာကို နားထောင်ရင် ဉာဏ်အလင်းပွင့်လာနိုင်တယ်။ ကျမ်းအသင်္ချေကို တစ်သားတည်းအဖြစ် ….”

ရွတ်ဖတ်သံများက ရုတ်ခြည်း ရပ်တန့်သွားသည်။

အနီရောင်ကြာ ကံမီးတောက်က ကောင်းကင်လွန်းဝန်းကျင်တွင် ပိုမို တောက်လောင်လာပြီး လုကျိုးဆီ လျှပ်စီးလိုအရှိန်ဖြင့် ဝင်ရောက်လာသည်။

“မင်းက နိဗ္ဗာန်ကလူပဲ။ ဒီဘုန်းကြီးက မင်းကို ရှင်းပေးမယ် ….” ကောင်းကင်လွန်းဆီမှ အသံက ကံမီးတောက်လိုမျိုး ခက်ထန်လှသည်။

ပွင့်ချပ်ကိုးလွှာအဆင့် တစ်ခုတည်းဖြင့် ကောင်းကင်လွန်း၏ ခုခံကာကွယ်ရေးကို ထိုးဖောက်ဖို့ မလုံလောက်ပေ။

လုကျိုးက သူ့အမြင်ကို တွက်ချက်နေပြီး သူ့ထူးခြားအံ့ဖွယ် စွမ်းအားကို ထုတ်သုံးခြင်းက စတေးလွန်းရာရောက်ကြောင်း တွေးနေမိသည်။

ဘန်း

ကောင်းကင်လွန်းက လုကျိုးနှင့် ဝင်တိုက်လုနီးပါး ဖြစ်လာသည်။ သူက အချိန်မီ လက်မြောက်လိုက်ပြီး ကောင်းကင်လိုက်ကာလောက် ကြီးမားသည့် လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှင့်လိုက်သည်။ ရွှေရောင် တာအိုစည်းတံဆိပ်က တံတိုင်းအသွင်ဖြင့် သူ့ရှေ့ ပေါ်ထွက်လာသည်။

ကံမီးတောက်က ရှေ့တိုးလာကာ ကာဆီးဖို့ ကြိုးစားသည့် ရွှေရောင်စွမ်းအားကို ဝါးမျိုသွားသည်။

အားကောင်းသည့် သက်ရောက်မှုအောက်တွင် ထောင်လိုက်စွမ်းအား ပေါက်ကွဲထွက်သွားပြီး လေထုထဲ လှိုင်းတွန့်များ ထလာစေသည်။

လုကျိုးက နောက်သို့ လွင့်စဉ်သွား၏။

ထိုစဉ် အနီရောင်ကြာ ကံမီးတောက်က ရွှေရောင်စွမ်းအားကို ဝါးမျိုသွားသည်။

အဝေးတစ်နေရာမှ အနီရောင် လေးထောင့်ပစ္စည်းတစ်ခုသည် ပေ ၁၅၀ မြင့်မားသည့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကြီးကို တွန်းနေသလိုမျိုး ပုံပေါက်နေသည်။

လုကျိုးက လွင့်စဉ်ထွက်သွား၍ တောအုပ်ရှိ သစ်ပင်များနှင့် တောင်တန်းများက ဝေဝါးဝါး ပုံရိပ်သာ ဖြစ်သွားသည်။

“ ပြန်ရုပ် ” လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားသည်။

လုကျိုးက သူ့စိတ်ဝိညာဉ်သဏ္ဌာန် ပြန်ရုတ်သိမ်းလိုက်သည်ကို မြင်သည့်အခါ ဖာ့ခုံးက ရယ်မောလိုက်သည် “အရမ်းကောင်းတယ်။ ဒီဘုန်းကြီးအိုကြီးက မင်းအလောင်းကို အကောင်းတိုင်း ထားပေးမယ် ”

ဤသည်က လုကျိုးအနေနှင့် ခုခံရေးဘက်မှ ပထမဆုံးနေဖူးခြင်း ဖြစ်သည်။ အတိတ်မှ တိုက်ပွဲများတစ်လျှောက်လုံးတွင် သူကသာ လွှမ်းမိုးသည့်ဘက်မှ ဖြစ်ခဲ့သည်။

ဤတစ်ကြိမ် အနီရောင်ကြာ ကံမီးတောက် ပေါ်ထွက်လာမှုက သူ့ထင်မြင်ချက်ကို ကျော်လွန်နေခဲ့သည်။

ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက သာမန် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ မဟုတ်ပေ။

ဘန်း

ကောင်းကင်လွန်းက ထပ်မံ ကျရောက်လာသည်။

ဂျွတ်

လက်ဝါးစည်းတံဆိပ်က ပြိုကွဲတော့မည် ဖြစ်၏။

ထိုစဉ် လုကျိုးက ပြောလိုက်သည် “ဒီနေ့တော့ ဒီလောက်ပဲ”

“ဟမ်” ကောင်းကင်လွန်းမှ ဖာ့ခုံး၏ တအံ့တဩ ရေရွတ်သံ ထွက်ပေါ်လာသည်။

လုကျိုးက ဘယ်လက်ကို ဝေ့လိုက်သည့်အခါ အမည်မဲ့ ပေါ်ထွက်လာသည်။

အတိတ်ဘဝ စွမ်းအား …

ဗလာမှ အစပြုခြင်း၊ အရာအားလုံး ဖြစ်တည်လာခြင်း

ကွေ့ယွမ်ဓားနည်းစနစ်၊ သဲလွန်စမဲ့ ဓားချက်

သူက ကံမီးတောက်ကို ရင်ဆိုင်ဖို့ ဓားကို ဝေ့ယမ်းလိုက်သည်။ သူက ညာဘက်မှ အားအပြည့် ဝေ့ယမ်းလိုက်သည်။ ညာဘက်မှ ဘယ်ဘက်သို့ အေးစက်စက် ရွှေရောင်အလင်းတန်း ထွက်ပေါ်လာသည်။

ဘန်း

လက်ဝါးစည်းတံဆိပ် ပြိုကွဲသွားသည်နှင့် ဓားအလင်းတန်း ထွက်ပေါ်လာသည်။

ဘန်း

လခြမ်းကွေး သဏ္ဌာန် ဓားချက်က အနီရောင်ကြာ ကံမီးတောက်နှင့် ကောင်းကင်လွန်းဆီ ကျရောက်လာသည်။ ဓားအသိစိတ်က မရပ်တန့်ဘဲ ထောင့်တစ်နေရာမှ ဆက်လက် ကျဆင်းလာသည်။

ဘန်း ဘန်း ဘန်း

ဓားအသိစိတ် ကျဆင်းလာသည့်အတွက် သစ်ပင်မြင့်များ ပြိုလဲကုန်သည်။ ကျဉ်းရှည်ရှည် လျိုတစ်ခုသာ ကျန်ရစ်ခဲ့၏။

သဲလွန်စမဲ့ ဓားချက်ဟု ခေါ်သည်မှာ အာရုံခံဖို့ ခက်ခဲ၍ ဖြစ်သည်။ ထိုအရာမှ ဖြစ်ပေါ်လာစေသည့် ဖျက်ဆီးစွမ်းအားက ကြောက်မက်ဖွယ်ကောင်းပြီး ရပ်တန့်မရနိုင်ပေ။

ဓားချက် ကျရောက်ပြီးသည့်နောက် နှစ်ဖက်လုံးက နောက်ဆုတ်လိုက်ကြရသည်။

လုကျိုးက ဘယ်ဘက်လက်ဖြင့် အမည်မဲ့ကို ဝေ့ယမ်းရင်း ညာဘက်ဖြင့် မုတ်ဆိတ်သပ်နေသည်။ သူက လေထဲမှ ကောင်းကင်လွန်းအား ကြည့်လိုက်၏။

ဂျွတ်

ဂျွတ်

ကောင်းကင်လွန်းပေါ်တွင် ဟကြောင်းကြီးတစ်ခု ပေါ်လာသည်။

ဖာ့ခုံး၏ အသံက ကြောက်လန့်တကြား ဖြစ်နေပြီး ပြောလိုက်၏ “မင်းက …. ကောင်းကင်လွန်းရဲ့ ခုခံကာကွယ်မှုကို ထိုးဖောက်နိုင်တယ်ပေါ့ ”

လုကျိုးက ကောင်းကင်လွန်း ပွင့်လာသည်ကို မြင်သည်နှင့် အနိုင်ရရှိမှုက သူ့လက်ထဲ ရှိကြောင်း သိလိုက်သည်။

“ ဒီကမ္ဘာမှာ မဖျက်ဆီးပစ်လို့ရတဲ့အရာ မရှိဘူး ”

ဒါက ကောင်းကင်လွန်းလို့ ခေါ်တာကိုး …

လုကျိုးက သွေးကြောတချို့ဖြင့် အကြမ်းဖျင်း ဆောက်လုပ်ထားသည့် အနီရောင်ခေါင်းတလားအကြောင်း တွေးလိုက်မိသည်။ အချုပ်အားဖြင့် ကောင်းကင်လွန်းသည် အနီရောင် သုတ်ထားသလိုမျိုး အနီရောင် ဖြစ်နေသည်။ အနီရောင် ကံမီးတောက်ကြောင့်လည်း ပါဝင်လောက်၏။

ဂျွတ်

နောက်ဆုံးတွင် ကောင်းကင်လွန်းက နှစ်ပိုင်းကွဲသွားပြီး ဝေဟင်မှ ပြုတ်ကျလာသည်။ ကံမီးတောက်လည်း ချုပ်ငြိမ်းသွား၏။

ရေပြင်ညီ လဲနေသည့် ဖာ့ခုံးက ထရပ်လာသည်။ သူက အနီရောင်သင်္ကန်း ဝတ်ဆင်ထားသည့် ကတုံးနှင့် ဘုန်းကြီးတစ်ပါး ဖြစ်၏။ သူ့တွင် မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီး ရှိသည်။ သူ ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို ပူးကပ်ထားသည်။ တစ်ချိန်တည်းဆိုသလို သူ့အကြည့်မှ သတ်ဖြတ်ငွေ့ ထွက်ပေါ်နေ၏။

ဖာ့ခုံး၏ သင်္ကန်းက လေထဲ တလူလူလွှင့်နေသည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် ဤနေရာရှိ လေထုနှင့်အရာအားလုံးကို အကြိုက်တွေ့နေသလိုမျိုး အားပါးတရ ရှုရှိုက်လိုက်သည်။

ထို့နောက် သူက လက်ကို ပြန်ပူးကပ်လိုက်ပြီး “အောမိတောဖော … ”

သူက လုကျိုးအား ကြည့်ကာ “ သားသတ်သမားရဲ့ ဓားကိုချပြီး ဗုဒ္ဓဖြစ်လာလိုက်ပါ။ ခင်ဗျားမှ မဟုတ်ရင် ငရဲကို ဘယ်သူသွားမှာလဲ”

လုကျိုးက မုတ်ဆိတ်သပ်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ သွေးနေမင်းကျောင်းဆောင်၊ ဝိနေယျခန်းမ၊ ဖာ့ခုံး …. ကျုပ် ဒါကို မှတ်ထားမယ်”

သူက ခတ္တရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ ကောင်းကင်လွန်းကို ဖျက်ဆီးတာ အစပဲရှိသေးတယ်။ ကျုပ်အင်အားကုန် ထုတ်သုံးလာအောင် ခင်ဗျားပဲ အတင်းကြပ်ဖိအားပေးခဲ့တာ ”

ဖာ့ခုံးက လက်ဟန်တချို့ လုပ်ဆောင်လိုက်ပြီး ကံမီးတောက်ကို ပြန်လည် တောက်လောင်စေလိုက်သည်။ သူ့စွမ်းအားက ခက်ထန်စွာ ထွက်ပေါ်လာ၏။

လုကျိုးက မုတ်ဆိတ်သပ်နေသည်။ ဤသည်မှာ ပွင့်ချပ်ကိုးလွှာ၏ အမည်မသိ စွမ်းအား ဖြစ်ရမည်။ ထို့နောက် သူက အေးစက်စက် ပြောလိုက်၏ “ ရေအိုင်ထဲက ဖားသူငယ်ပဲ ”

လုကျိုးက သူ့လက်ထဲ အသုံးပြုပစ္စည်းကတ် ထွက်ပေါ်လာသည်။ သူက ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ကာ ကောင်းကင်အထက် ပေါ့ပါးသွက်လက်စွာ ပျံသန်းတက်သွားသည်။

ဖာ့ခုံးက မလှုပ်ရှားပေ။ ထို့အစား သူက တိုက်ပွဲခံစားချက်ထဲ သဘောကျနေဟန်ပေါ်၏။

လုကျိုးက လက်ကို ဆန့်ထုတ်လိုက်သည့်အခါ သူ့လက်ဝါးအထက် နာရီပြောင်းပြန် လည်နေသည့် ဝဲကတော့တစ်ခု ထွက်လာသည်။ ထိုအရာက ဂလက်ဆီထဲမှ တွင်းနက်ကြီးလိုမျိုး တဖြည်းဖြည်း ကြီးမားလာသည်။ ဤသည်က စကားဖြင့် ဖော်မပြနိုင်သည့် စွမ်းအား ဖြစ်၏။ တစ်ဖက်လူက အားကောင်းလေလေ သူက ပိုမို အားကောင်းလာလိမ့်မည်။ သူ့စွမ်းအား ထွက်ပေါ်လာသည်နှင့် လက်ဝါးစည်းတံဆိပ်တစ်ခု ချက်ချင်း ပေါ်လာသည်။

မဟာလေကြောင်း ရတနာစည်းတံဆိပ်

တောက်ပနေသည့် ရွှေရောင်စည်းတံဆိပ်က လက်ဝါးစည်းတံဆိပ်ဝန်းကျင် တွဲလျားကျနေသည်။ ဤသည်မှာ တောက်ဖြတ်တောက်ခြင်း ကိုးပါး လက်ဟန်စည်းတံဆိပ်ထဲမှ မဟာလေကြောင်း ရတနာစည်းတံဆိပ် ဖြစ်ပေသည်။

ဖာ့ခုံးက မော့ကြည့်လိုက်သည်။ သူ့ကံမီးတောက်က အထွတ်အထိပ်တွင် ရှိနေသည်။ သူက လက်ဝါးစည်းတံဆိပ် သူ့ဆီ ကျရောက်လာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။

မဖြစ်ဘူး … ဒီလက်ဝါးစည်းတံဆိပ်က အန္တရာယ်များတယ် …

ဖာ့ခုံးက လက်မြောက်လိုက်ပြီး သူ့ကံမီးတောက်ကို သင်္ကန်းအား ခြုံလွှမ်းစေလိုက်ပြီး ပုံရိပ်ယောင်လိုမျိုး ပစ်လွှတ်လာသည်။

ဝုန်း

ကံမီးတောက်နှင့် လက်ဝါးစည်းတံဆိပ်တို့ ထိပ်တိုက် တွေ့ဆုံသွားသည်။

ဝှစ်

လက်ဝါးစည်းတံဆိပ်က အရွယ်အစားအားဖြင့် ချက်ချင်း ကြီးမားလာသည်။

“ဟမ်”ဖာ့ခုံးက လက်ဝါးစည်းတံဆိပ်ကို ကြည့်ကာ “ အရွယ်အစားက အသုံးမဝင်ဘူး”

ထို့နောက် သူက သွေးနီရောင် လက်ဝါးစည်းတံဆိပ်များစွာကို ထုတ်လွှင့်လာသည်။

ထိုစဉ် မဟာလေကြောင်း ရတနာစည်းတံဆိပ်က အရွယ်အစား ဆယ်ဆ ကြီးလာသည်။

ဖာ့ခုံးက ထိုအရာကို ကြည့်နေရင်း စိတ်ထဲ တုန်ယင်လာမိသည်။ လက်ငါးချောင်း လက်ဝါးစည်းတံဆိပ်က သူ့ဆီ ရထားလုံးပျံကဲ့သို့ ကျရောက်လာသည်။ သူ ရောက်ရှိနေသည့် မရေမရာအခြေအနေကို နားလည်သွားတော့သည်။

ဖာ့ခုံး၏ လက်မောင်းက အနီရောင် တောက်ပလာပြီး ကံမီးတောက်ဖြင့် လွှမ်းခြုံလိုက်သည်။ ထို့နောက် သူက ဝေဟင်ဘက် လက်မြောက်လိုက်သည်။

သူက အော်ပြောလိုက်၏ “ကံမီး‌တောက် မုဒြာ ”

ဖာ့ခုံးက လက်မြောက်လိုက်သည့်အခါ မဟာလေကြောင်း ရတနာစည်းတံဆိပ်သည် အရွယ်အစား ဆယ်ဆ ထပ်မံ ကြီးမားလာသည်။

နှိုင်းယှဉ်ကြည့်လိုက်လျှင် ဖာ့ခုံးက ယင်ကောင်လို ဖြစ်နေ၏။

ဘန်း ဘန်း ဘန်း

မဟာလေကြောင်း ရတနာစည်းတံဆိပ်သည် ဖာ့ခုံးပေါ် ကျရောက်သွားပြီး လက်ကျိုးသွားစေသည်။

ဖာ့ခုံးက နာနာကျင်ကျင် အော်ငြီးလိုက်၏။ သူ့မျက်နှာအထက် မဖော်ပြတတ်သည့် အမူအရာမျိုး ရှိနေပြီး နှလုံးသားထဲ အကြောက်တရားတို့ ကိန်းအောင်းလာသည်။ သူက အမုန်းတရားဖြင့် ပြောလာ၏ “မင်းက ပွင့်ချပ်ကိုးလွှာအဆင့်ထက် ကျော်လွန်နေတာမလား။ ကောင်းကင်သိုင်းပညာခုံရုံးက ငါ့ကို ညာတယ် ”

ထို့နောက် ဖာ့ခုံးက သူ့အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်အား ဆင့်ခေါ်ကာ လှုပ်ရှားဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း မဟာလေကြောင်း ရတနာစည်းတံဆိပ်က သူ့ကို ပစ်မှတ်ထားထားဟန်ပေါ်သည်။ ထိုအရာက ပတ်ဝန်းကျင်မှ ကမ္ဘာဦးချီများကို စုပ်ယူပစ်၏။

ဝုန်း

ဧရာမလက်ဝါးကြီးက အနီရောင်ကြာကို အလွယ်လေး ဖိနှိပ်ထားလိုက်သည်။

အနီရောင်ကြာ အပေါ်ပိုင်းက လုကျိုး၏ လက်ဝါးစည်းတံဆိပ်ကြောင့် ကြေမွသွားသည်။

ဖာ့ခုံးက သွေးတစ်ပွက်အန်လိုက်ရပြီးနောက် မြေပေါ် ပြုတ်ကျလာသည်။

မဟာလေကြောင်း ရတနာစည်းတံဆိပ်က ဖာ့ခုံးနောက် လိုက်ပါလာ၏။

ပေတစ်ထောင်အတွင်းရှိသည့် သစ်ပင်မြင့်များက လက်ဝါးစည်းတံဆိပ် သက်ရောက်မှုကို မခံနိုင်ဘဲ ဖျက်ဆီးခံလိုက်ရသည်။

ဖာ့ခုံးက သူ့ဆီ ကျရောက်လာသည့် လက်ဝါးစည်းတံဆိပ်ကို ကြည့်နေရင်း လုကျိုးသည် သူ့အား ရေအိုင်ထဲက ဖားသူငယ်ဟု ခေါ်ခဲ့သည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။

ထို့နောက် ဖာ့ခုံးက လက်ဝါးချင်း ပူးကပ်လိုက်သည်။ သူ့သွေးများက ရင်ဘတ်နှင့် လက်ဝါးများတွင် စွန်းထင်းနေသည်။ သူက တစ်ခုခုကို ရွတ်ဖတ်နေပြီးနောက် ပြောလာသည်။

“ တကယ်လို့ ငါသာ ငရဲမသွားရင် ဘယ်သူသွားမှာလဲ … ”

ဝုန်း

လက်ဝါးစည်းတံဆိပ်က ကျဆင်းလာသည်။

လုကျိုးက လေထဲတွင် ဝဲပျံနေရင်း မုတ်ဆိတ်သပ်လိုက်၏။

“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် လေးထောင် ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါတယ် ”

All Chapters