← Chapters

အခန်း (၇၀၃-၇၀၅)

Vol. 47 Ch. 703-705

အခန်း (၇၀၃-၇၀၅)

Vol. 47 Ch. 703-705

အခန်း (၇၀၃) သွေဖီသော နှလုံးသားမှ အောင်မြင်မှု ပေါ်ထွက်လာခြင်း

လုကျိုးသည် ဝေဟင်ထဲမှ ခုန်ဆင်းလိုက်လေ၏။ ဖုန်မှုန့်များ လွင့်ပြယ်သွားပြီး သူ၏ အမြင်အာရုံ ကြည်လင်သွားချိန်၌ မြေပြင်ပေါ်၌ လက်ငါးချောင်းရာကြီးကို တွေ့လိုက်ရသည်။ သူသည် ယခင်က အသေရိုက်ချက်ကတ်များကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့ဖူးသော်ငြား အာနိသင်ကို ထပ်မံတွေ့လိုက်ရစဉ် ၎င်း၏ ဖော်ပြနိုင်စွမ်းမရှိသော အဖျက်စွမ်းအားကြောင့် ထိတ်လန့်မိသေးသည်။

ကုသိုလ်မှတ် ၄၀၀၀ ရရှိခြင်းသည် ဖာ့ခုံးက ချီယောင်ထက် ပိုအားနည်းသည်ဟု ဆိုလို၏။

လက်ဝါးစည်းတံဆိပ်သည် ထိတ်လန့်စရာကောင်းသော်ငြား ချီယောင်ကို ရိုက်နှက်ခဲ့သည့် ထိတ်လန့်ဖွယ် ရိုက်ချက်က မည်းမှောင်နေသော ချောက်နက်ကို လင်းထိန်သွားစေသည်နှင့် ယှဉ်လျှင် ၎င်းက မှိန်ဖျော့သွား၏။

လုကျိုးသည် ဤရန်လိုသော ပွင့်ချပ်ကိုးလွှာကျင့်ကြံသူကို လေကုန်ခံနေရန် မလိုအပ်ပေ။ သူသည် ကိုယ်ပိုင်စွမ်းရည်ဖြင့် ဖာ့ခုံးကို သတ်နိုင်သော်ငြား ယင်းသည် အသေရိုက်ချက်ကတ်လောက် အားကိုးရမှာ မဟုတ်ပေ။

တကယ်ပဲ သူ့ကို ၎င်းက ကုသိုလ်မှတ်တချို့ ကုန်ဆုံးသွားစေခဲ့သည်။ သို့သော် သူသည် ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ကာစ ရှိ၏။ သူ သင်ယူရန်၊ နားလည်သဘောပေါက်ရန် လိုအပ်သည့် ကိစ္စရပ်များစွာ ရှိသေးသည်။

ဤသွေးနေမင်းဂိုဏ်း၏ အကျော်အမော်သည် လိမ်လိမ်မာမာ အညံ့ခံမည့်သူ မဟုတ်တာ သိသာ၏။ ထို့ကြောင့် လုကျိုးသည် တစ်ချက်တည်းဖြင့် သူ့ကို သတ်ရန်ဆုံးဖြတ်ခဲ့သည်။ ယင်းက သေသပ်ပြီး ဆုံးဖြတ်ချက်ပြတ်သားသည့် အကွက်ဖြစ်သည်။

လုကျိုးက နောက်ဆုံးတွင် ဆင်းသက်လာပြီးနောက် လက်ဝါးသဏ္ဌာန်ကို တွန်းထုတ်လိုက်သည်။ သူသည် လက်ဝါးသဏ္ဌာန်ရှိရာဆီသို့ သွားလိုက်၏။ သွေးနေမင်းကျောင်းတော်၏ အမြင့်ဆုံးကိုယ်တော် ဖာ့ခုံးဘေးတွင် လင်းနေတာကို တွေ့လိုက်ရ၏။

ဖာ့ခုံး၏ လက်မောင်းနှင့် ကိုယ်ထည်သည် ဖိခြေခံလိုက်ရပြီး ကုသ၍ မရအောင် ထိခိုက်နေပြီဖြစ်ကာ သူ၏ မျက်နှာသည်လည်း ပုံပျက်ပန်းပျက် မျက်နှာ ဖြစ်နေလေ၏။ ဖာ့ခုံးသေလေပြီ။

ဖာ့ခုံးသည် ကျန့်ဝမ်ရွှီးထက် ပိုသန်မာ၏။ သို့သော် ထိုစဉ်က လုကျိုးသည် အထွတ်အထိပ်အသွင်ကတ် တစ်ကတ်ကို အသုံးပြုခဲ့၏။ ကျန့်ဝမ်ရွှီးနှင့် သူ၏ တိုက်ပွဲသည် တဖက်သတ် တိုက်ပွဲဖြစ်ခဲ့သည်။ ယခုအခေါက်တွင် သူ၏ ကိုယ်ပိုင်ခွန်အားကို သုံးခဲ့၏။ ကောင်းကင်ကျမ်းစာ စာလိပ်၏ ထူးကဲအံ့ဖွယ်စွမ်းအားနှင့် ပေါင်းစည်းပြီး သူသည် ယခုအချိန်ထိ တောင့်ခံနိုင်ခဲ့သည်။

“ကံမီးတောက်လား” လုကျိုးသည် မုတ်ဆိတ်သပ်လျက် အတွေးနက်သွားတော့သည်။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်က စွမ်းအင်ကို လောင်ကျွမ်းစေလို့ ရတာလား။

ပြင်းထန်သည့် အခြေအနေတွင် သာမန်ကျင့်ကြံသူများသည် သူတို့အသက် ရုန်းကန်နေစဉ် နည်းလမ်းနှစ်ခုထဲမှ တစ်ခုကို အမြဲတမ်းသုံး၏။ ပထမနည်းလမ်းက သူတို့၏ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ထဲတွင် ရှိသော ကနဦးချီကို ထုတ်ဖော်လျက် မိမိကိုယ်ကို ဖောက်ခွဲပစ်တာပဲဖြစ်သည်။ ဤနည်းဖြင့် သူတို့သည် အချိန်တိုအတွင်း ကြီးမားသည့် ဖန်တီးမှု တစ်ရပ်ကို ထုတ်ဖော်နိုင်လိမ့်မည်။ အခြေအနေကောင်းလျှင် သူတို့အသက်ရှင်နိုင်ပြီး အခြေအနေဆိုးလျှင် သူ့တို့ကျင့်ကြံဆင့်များ ဆုံးရှုံးသွားကာ သူတို့ ချက်ချင်း သေသွားနိုင်လေ၏။ ဒုတိယနည်းလမ်းက သူတို့၏ ချီပင်လယ်ကို လောင်ကျွမ်းစေသည့် နည်းဖြစ်ကာ ကနဦးချီထဲ၌ ပါဝင်သည့် လောင်ကျွမ်းမှုကို ထုတ်ဖော်လိုက်သည်။ ယင်းက သူတို့၏ ကျင့်ကြံဆင့်ကို ယာယီမြှင့်တင်ပေးသည့်နည်းဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သူတို့၏ကျင့်ကြံဆင့်များသည် သူတို့၏ ခန္ဓာကိုယ်၌ အစားထိုး၍မရသည့် ထိခိုက်မှုများ ခံစားရလိမ့်မည်။

ဖာ့ခုံးက သေခါနီးအချိန်၌ သူ ဖော်ထုတ်ခဲ့သည့် အနီရောင်ကံမီးတောက်သည် ထိုနည်းလမ်းနှစ်ခုထဲတွင် မပါတာ သိသာ၏။ ယင်းသည် ကနဦးချီထဲ၌ သိပ်သည်းထားသော စွမ်းအင်ကို လောင်ကျွမ်းခြင်းဖြင့် ဖော်ထုတ်သည့် စွမ်းအားနှင့်ဆင်တူသည်။

ခဏတာ စဉ်းစားနေပြီးနောက် လုကျိုးက ထိုအတွေးများ မတွေးရန် ခေါင်းခါလိုက်သည်။ ယခုက ထိုကိစ္စများကို စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။

ဖာ့ခုံးသေကြောင်း သူ အတည်ပြုပြီးနောက် လုကျိုးသည် စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်ပြီး သူ၏ ကျန်ရှိသော အသက်ကို ကြည့်လိုက်၏။ အစောတုန်းက အရေအတွက်သည် ယာယီမဟုတ်ရန် သူ မျှော်လင့်မိသည်။

ကျန်ရှိသော သက်တမ်း= ၇၃၀၀၃ရက်

“နှစ်ပေါင်းနှစ်ရာ”

ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရှိပြီးနောက် လုကျိုး၏ အသက်သည် ရက်ပေါင်း ၇၃၀၀၀ အထိရှည်လာပြီး ၎င်းသည် နှစ်ပေါင်း ၂၀၀ဖြစ်သည်။ ဤသက်တမ်းသည် သူ၏ ပွင့်ချပ်ကိုးလွှာ အဆင့်ချိုးဖြတ်တက်ခြင်းကြောင့် ဖြစ်ရမည်။

ပွင့်ချပ်တစ်လွှာမှ ပွင့်ချပ်ရှစ်လွှာအဆင့် ပွင့်တိုင်းတွင် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းကို အနှစ်၅၀ ပေါင်းထည့်ပေးပြီး နဝမမြောက် ပွင့်ချပ်သည် သက်တမ်းနှစ်ရာ ပေးပုံပေါ်၏။

လက်ရှိတွင် အသက်၏ မဟာအကန့်အသတ်က ကျိုးပျက်သွားလေပြီ။

လုကျိုးသည် ယခုဆို တာ့ယန်၏ ပွင့်ချပ်ကိုးလွှာအစစ်အမှန် ဖြစ်လာလေပြီ။

လုကျိုးသည် သူ၏ ဆံပင်များကို ကြည့်လိုက်၏။ ၎င်းသည် အဖြူအမည်းရောသွားပြီး အဖြူတဝက် အမဲတဝက် ဖြစ်နေ၏။ သို့သော် သူ၏ခန္ဓာကိုယ်၏ လှုပ်ရှားမှုသည် ယခင်ကထက် ပိုကောင်းလာပုံပေါ်၏။

ဝှစ်

လုကျိုးသည် သူ၏ ညာဖက်လက်ဖဝါးကို ဖြန့်လိုက်ပြီး စိတ်ဝိညာဉ်သဏ္ဌာန်လေးကို ထုတ်လိုက်သည်။ ကြာအောက်၌ ပွင့်ချပ်ကိုးခု လည်ပတ်နေသည်။ တချိန်တည်းတွင် ရွှေကြာမှ စွမ်းအင်တို့ ဖြာထွက်နေလေ၏။

“အသက်စွမ်းအင် လျှံထွက်မှုလား” သူသည် နောက်ဆုံး ရွှေရောင်စွမ်းအင်ကွင်းသည် သူ အဆင့်ချိုးဖြတ်တက်သည့်အချိန်၌ လျှောကျသွားခြင်း မရှိတာကို တွေ့လိုက်ရ၏။ ထိုအစား ၎င်းသည် အထက်သို့ တက်ခြင်းဖြင့် ၎င်း၏ ဆန့်ကျင်ဖက် မျက်နှာဆီသို့ ရွေ့သွား၏။ ပြီးနောက် ရွှေကြာသည် အသက်စွမ်းအား လုံလောက်အောင် စုပ်ယူပြီးနောက် အသက်တို့ဖြင့် တောက်ပလာ၏။ ယင်းက ပွင့်ချပ်ကိုးလွှာဖူးပွင့်လာချိန်တွင် ဖြစ်သည်။

ထိုစဉ် လုကျိုးသည် စနစ်မျက်နှာပြင်ပေါ်၌ နံပါတ်များ မြင့်တက်လာတာကို တွေ့လိုက်ရသည်။

+၂၀၀

+၃၀၀

+၄၀၀

လုကျိုး၏ အမူအရာက တည်ငြိမ်နေ၏။ တချက်လှုပ်ရှားလိုက်ပြီး သူသည် ဖျက်ဆီးခံထားရသော လက်ဝါးပုံသဏ္ဌာန်ကွင်းမှ ထွက်ခွာသွားသည်။ သူ တောအုပ်ထဲသို့ သွားကာ တိတ်ဆိတ်သော နေရာတွင် ထိုင်လိုက်၏။ ပြီးနောက် သူသည် သူ၏ ပွင့်ချပ်ကိုးလွှာကျင့်ကြံဆင့်မှ လျှံထွက်လာသော အသက်စွမ်းအင်များကို စတင်စုစည်းတော့သည်။

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲသုံးယောက်နှင့် တပည့်များ၊ သရုပ်ပြမှုကို ကြည့်ရန်လာကြသော တာ့ယန် ကျင့်ကြံသူများသည် တောင်ဖက်အရပ်ဆီသို့ နီးကပ်စွာ ပျံသန်းလာကြသည်။

စီးဝူယာ့၊ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျူးဟုန်ကုန်း၊ ကျောင်းယွဲ့တို့သည် ကျန်သည့် သူများကို ဦးဆောင်လိုက်၏။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများက သူတို့အတွက် လှုပ်ရှားတာ မြန်ဆန်လွန်းလှသည်။ သူတို့လိုက်မမှီနိုင်ပေ။

“ဟိုမှာ ... တိုက်ပွဲဖြစ်ထားတဲ့ လက္ခဏာတွေ”

လဲပြိုကျနေသော သစ်ပင်များသည် မြေပြင်အနှံ့ရှိနေပြီး တောင်တန်းများ ပြားနေ၏။

“မျှော်နန်းသခင် အဆင်ပြေဖို့ မျှော်လင့်တယ်။ အားလုံးဂရုစိုက်ကြ။ ငါတို့ဆီ ရောက်လာတဲ့သူက လွယ်ကူတဲ့ သူ မဟုတ်ဘူး”

လူတိုင်းသည် ခေါင်းညိတ်လိုက်လေ၏။

“သူတို့နောက်ကို လိုက်။ ချန်းပေ့ကျိကို ထိခိုက်ဒဏ်ရာရခွင့် မပေးနဲ့။ ဘာပဲဖြစ်ဖြစ် မဟုတ်ရင် တာ့ယန်က အန္တရာယ်များလိမ့်မယ်”

ကျင့်ကြံသူများသည် မော့ကြည့်ပြီး လေထဲတွင် ပျံသန်းလိုက်၏။

ဖန်လီထန်းသည် သူ့နောက်ရှိ လူများကို လှည့်ကြည့်ပြီး မေးလိုက်သည်။ “မင်းတို့ ကြောက်သလား”

“မကြောက်ပါဘူး” တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်၏။ ထိုလူက ဆက်ပြောလိုက်၏။

“ကျုပ်တို့ ရှေ့တိုးခဲ့ရင် အသက်ရှင်လောက်တယ်။ ဒါပေမဲ့ နောက်ဆုတ်ခဲ့ရင်တော့ အပြီးသတ်သွားပြီပဲ။ ကြောက်တာက အသုံးဝင်ခဲ့ရင် အစောတည်းက မဟာမိတ်တိုင်းပြည် ဆယ့်နှစ်ခုဆီ အညံ့ခံပြီးလောက်ရောပေါ့”

တာ့ယန်သည် အချိန်အကြာကြီး ထမြောက်အောင်မြင်ခဲ့ခြင်းမှာ တိုင်းသူပြည်သားများ သတ္တိမကြောင်သောကြောင့် ဖြစ်သည်။

“မျှော်နန်းသခင်က သူ ပေးဆပ်ရမည့် တန်ကြေးကို ထည့်မတွေးဘဲ ပွင့်ချပ်ကိုးလွှာရောက်တဲ့ နည်းလမ်း သရုပ်ပြပေးတာနဲ့တင် သဘောထားကြီးနေပြီ။ သူက သရုပ်ပြမှု အလည်မှာသာ မဟုတ်ရင် တိုက်ခိုက်သူက ရပ်တည်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး။ ကျုပ်တို့တွေက ကြောက်လန့်ပြီး နောက်ဆုတ်သွားခဲ့မယ်ဆိုရင် တိရစ္ဆာန်တွေနဲ့ ဘယ်လိုလုပ် ကွာခြားတော့မလဲ”

“ကြောက်တဲ့သူတွေ ထွက်သွားသင့်တယ်။ တားမှာ မဟုတ်ဘူး” တစုံတစ်ယောက်က အော်လိုက်သည်။

လေထဲ၌ မည်သည့်ကျင့်ကြံသူမှ နောက်မဆုတ်သွားပေ။ သူတို့အားလုံး၏ မျက်နှာထက်တွင် ဆုံးဖြတ်ချက် ချထားသော အမူအရာရှိနေ၏။

“ဟုတ်ပြီ ... ငါ ဦးဆောင်မယ်”

ဖန်လီထန်းက သူ၏ ရွှေရောင်သေရည်ဘူးသီးခြောက်ကို ထုတ်လိုက်၏။ လေထဲ၌ ရွှေရောင်သေရည်ဘူးသီးခြောက်က လည်ထွက်သွားပြီး တောင်ဖက်အရပ်မျက်နှာသို့ ဦးတည်ကာ ပျံသန်းသွား၏။

“သွားကြမယ်”

ဖန်လီထန်း၏ ဦးဆောင်မှုအောက်တွင် ကောင်းကင်ထဲ၌ ကျင့်ကြံသူ ရာချီပျံသန်းနေတော့သည်။

အနီရောင်ကြာနယ်မြေထဲတွင် ဖြစ်သည်။

ယခုအခေါက်တွင် နေက တောက်ပစွာ ဖြာကျနေ၏။ သို့သော် သွေးနေမင်းကျောင်းတော်ပေါ်၌ မည်းမှောင်ပြီး မှုန်မှိုင်းသော တိမ်တိုက်များ ရှိနေပုံရပြီး သွေးနေမင်းကျောင်းတော်က အမှောင်ထုထဲ ကျရောက်နေ၏။

ဇင်ခန်းမထဲ၌ လေထဲတွင် သစ်သားငါးပေါ်၌ တုံးခေါက်သံ ဆက်တိုက်ထွက်ပေါ်နေသည့်အသံ မနှေးမမြန်ဖြစ်နေ၏။

ထိုစဉ် အခန်းထဲ လေပြင်းတစ်ချက် ဝေ့တိုက်လာပြီး ပြတင်းပေါက်တို့ ပွင့်သွားသည်။

ကျွီ ...

တုံးခေါက်သံများ ရပ်တန့်သွားတော့သည်။

သင်္ကန်းဖြင့် တပည့်တစ်ယောက်သည် သူ့ရှေ့တွင် လက်တစ်ဖက်ကို ထောင်ထားလျက် အရိုအသေပေးကာ သတင်းပို့လိုက်၏။ “ကျောင်းထိုင်ဆရာတော် ဝိနေယျခန်းမရဲ့ ခေါင်းဆောင် ဖာ့ခုံးရဲ့ အသက်ကျောက်တုံးကွဲသွားပါပြီ” သူသည် ယင်းကို ကြိုတင်သိရှိပြီးသည့်ပမာ လေသံက တည်ငြိမ်နေ၏။

ထိုစဉ် ဇင်အခန်းမှ အသံတစ်သံ ပေါ်ထွက်လာသည်။ “ဖာ့ခုံးက ငါတို့ဘုရားကျောင်းမှာ ကံမီးတောက်ကို တတ်ကျွမ်းခဲ့တဲ့ ဒုတိယမြောက်ပဲ။ သူ့ရဲ့ ကျင့်ကြံဆင့်က ငါနဲ့ယှဉ်နိုင်တယ်။ ဒီသတင်းကို ကောင်းကင်သိုင်းခုံရုံးဆီ သွားပြောပြလိုက်။ ကောင်းကင်လုပ်ငန်းစဉ်ကို ရွေ့ဆိုင်းထားရမယ်”

“နားလည်ပါပြီ”

သင်္ကန်းဖြင့် ကိုရင်လေးသည် ဇင်အခန်းထဲမှ ထွက်သွားတော့သည်။

သာမန်ကိုယ်တော်များ၏ ဝတ်ရုံကို ဝတ်ဆင်ထားသော အဖိုးအိုသည် မျက်လုံးအနည်းငယ်ဖွင့်လိုက်လေ၏။ သူ့ရှေ့၌ လက်ဝါးတစ်ဖက်ထောင်ထားလျက် သက်ပြင်းရှည်ကြီး တစ်ခု ချလိုက်လေ၏။

“ငြိမ်းချမ်းရာ နိဗ္ဗာန်မှာ သင့်တော်စွာ ကျင့်ကြံခြင်းရဲ့ အသီးအပွင့်ပဲ။ သူက အခု ပြန်လည်မွေးဖွားခြင်း သံသရာမှာ ရောက်နေပြီ။ အော်မီတော်ဖော်”

မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းမရှေ့တွင် ဖြစ်သည်။

ရှောင်ယွမ်အာနှင့် ခရုလေးတို့က ယဲ့ထျန်းရှင်းကို ဂရုစိုက်နေ၏။

ဒဏ်ရာ ရထားသော ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများသည်လည်း ပြန်လည်ကုသလျက် မြေပြင်ပေါ်၌ တင်ပျဉ်ခွေချိတ်ထိုင်နေကြသည်။

ဟွားဝူတောက်က သူတို့ရှေ့တွင် ရပ်လျက် ရှေ့လျှောက်နောက်လျှောက်နှင့် ရံဖန်ရံခါတွင် အပြင်ဖက်ကို လှမ်းကြည့်တတ်သည်။

“ဆိုးလိုက်တဲ့ ကံကွာ။ ရုတ်တရက်ကြီး ပေါ်လာတာ ဘယ်ကျင့်ကြံသူလဲ” ကျူးထျန်းယွမ်က ကျိန်ဆဲလိုက်သည်။

“ချန်းပေ့ကျူ အနီရောင်အကျော်အမော်က ပွင့်ချပ်ကိုးလွှာဖြစ်ရမယ်” နန်ကုံးဝေက သက်ပြင်းချပြီး ခေါင်းခါလိုက်တော့သည်။

အနီရောင်ကြာ ကျင့်ကြံသူသည် ရိုက်ချက်အနည်းငယ်ဖြင့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများစွာကို ဒဏ်ရာ ရအောင် လုပ်နိုင်စွမ်းရှိပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းချုပ်ကို နောက်သို့ ရောက်အောင် တွန်းပို့နိုင်ခဲ့သည်။ ယင်းက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူမှအပ ထိုသို့ ဆောင်ရွက်နိုင်သည့်သူ မရှိပေ။

“ငါတို့ထက် ပိုသန်မာတဲ့ တစုံတစ်ယောက် အမြဲတမ်းရှိနေတာပဲ။ အရင်တုန်းကဆို ပွင့်ချပ်ရှစ်လွှာအဆင့်မှာ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်အကြောင်း သင်ယူရမယ်လို့ ထင်ခဲ့တာ။ အခု စဉ်းစားကြည့်တော့ ငါ ဘယ်လောက်ရူးမိုက်လဲ သဘောပေါက်သွားပြီ”

ဟွမ်းရှစ်ကျဲသည် သူ၏ အသက်ရှူနှုန်းကို ထိန်းညှိလျက် ပြောလိုက်သည်။ “အစ်ကိုကျိကို မတွေ့ခင်တုန်းက အတွေးတူနေခဲ့တာ။ စိတ်ပူဖို့ မလိုဘူး။ အစ်ကိုကျိက အဲ့ဒီလူကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်”

ကျန်သည့်သူများသည် ခေါင်းညိတ်လိုက်၏။

ယခုအချိန်တွင် သူတို့ကိုယ်သူတို့ နှစ်သိမ့်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ထိုစဉ် တစုံတစ်ယောက်သည် ခန်းမကျယ်ထဲမှ ထွက်လာသည်။

“အစ်ကိုကျူးလား”

ကျူးထျန်းယွမ်က မျက်လုံးဖွင့်လိုက်သည်။ သူ့ရင်ဘတ်ရှိ နာကျင်မှုကို တောင့်ခံလျက် သူ့နာမည်ကို ခေါ်လိုက်သည့် သူကို ကြည့်လိုက်သည်။ သူက မေးလိုက်တော့သည်။ “ကျဲခိုက်လား ... မင်း အထဲမှာ ဘာကြောင့် ပုန်းနေတာလဲ”

ကျဲ့ခိုက်က မဝံ့မရဲပြောလိုက်သည်။ “ကျုပ်က ပွင့်ချပ်ကိုးလွှာအကျော်အမော်ရဲ့ပြိုင်ဘက်မှ မဟုတ်တာ”

ကျူးထျန်းယွမ်က တံတွေးထွေးလိုက်သည်။ “သတ္တိမရှိတဲ့ကောင်”

ကျန်သည့် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများသည်လည်း ရှုတ်ချသော အမူအရာဖြင့် ကျဲခိုက်ကို ကြည့်လိုက်သည်။

“အဲ့လို မပြောနဲ့လေ။ ရှုံးမှာ သေချာနေတဲ့အချိန် ရှေ့တက်တာက တုံးအတာက အစ်ကိုကျုး။ ခင်ဗျားရဲ့ လက်ရှိအခြေအနေအတွက် ကိုယ့်ကိုကိုယ် အပြစ်တင်ရုံပဲရှိတယ်”

“ပြောလို့ ပြီးပြီလား” ကျူးထျန်းယွမ်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။

“ဒွေါသမထွက်ပါနဲ့ အစ်ကိုကျုး။ ခင်ဗျား အခုချိန်မှာ အခြေအနေဆိုးနေတာ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ကောင်းတယ်” ကျဲခိုက်က သိမ်မွေ့စွာ ပြောလိုက်၏။ ပြီးနောက် သူက မေးလိုက်သည်။

“အဲ့ဒီအနီရောင်က ဘာလဲဆိုတာ သိကြလား”

လူတိုင်းက ခေါင်းခါလိုက်၏။

“အဲ့ဒီပစ္စည်းကို စာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတယ်။ အဲ့တာကို ကောင်းကင်လွန်းဆိုပြီး သိထားတယ်” ကျဲခိုက်က ဇာတ်ဟန်ပါပါဖြင့် ပြောလိုက်၏။

ကျူးထျန်းယွမ်က ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ရှေးဟောင်းသူတော်စင်ဂိုဏ်းမှ ထွက်လာပြီးနောက် သူ ယူလာသည့် မှတ်တမ်းကို ရုတ်တရက် မှတ်မိသွား၏။ သူက မေးလိုက်တော့သည်။

“မင်း သိပြီးသားဆိုရင် အစောတုန်းက ဘာကြောင့် ဘာမှ မပြောတာလဲ”

“ဘာများကောင်းမှာလဲ။ သတ္တမသခင်လေးရဲ့ မာနအရ ကျုပ်ကို စကားပြောခွင့်ပေးမှာ မဟုတ်ဘူး။ ဒါ့အပြင် ခင်ဗျားက ကျုပ်ရဲ့ ရှင်းပြချက်ကို နားထောင်မှာလား။ ဒါ့အပြင် ကောင်းကင်လွန်းထဲမှာ ပွင့်ချပ်ကိုးလွှာအကျော်အမော် တစ်ယောက်ရှိတယ်။ ဒါ့အပြင် သူ့ရဲ့ အသွင်အပြင်ကို ကြည့်ရင် သူက အစောတည်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ပြီးဖြစ်လိမ့်မယ်။ ချန်းပေ့ကျိအတွက် အခြေအနေမကောင်းမှာဘဲ စိုးရတယ်”

“ဘာကိုဆိုလိုတာလဲ” ကျူးထျန်းယွမ်က ကျဲခိုက်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်၏။

ကျဲခိုက်က မျက်မှောင်အနည်းငယ်ကျုံ့လိုက်သည်။

“မကောင်းတဲ့ ဆန္ဒမရှိပါဘူး။ အချက်အလက်ကို ပြောပြရုံပဲ”

“မင်းလား ... မကောင်းတဲ့ စိတ်မရှိတာလား” ကျူးထျန်းယွမ်သည် ကျဲခိုက်ကို အထင်တသေးကြည့်လိုက်၏။

“အစ်ကိုကျူး ... ဒီမှာ ကုသခြင်းဆေးလုံး ဆယ်လုံးရှိတယ်။ အားလုံးပဲ ဆေးလုံးတွေကို ယူသွားလိုက်ကြပါ။ အတွင်းဒဏ်ရာအတွက် ဆန်းကျယ်တဲ့ အာနိသင်တွေ ရှိတယ်” ကျဲခိုက်သည် သူ၏ အိတ်ထဲမှ အိတ်တစ်လုံးကို ထုတ်ပြီး ကျင့်ကြံသူများအား ဆေးလုံးပေးလိုက်တော့သည်။

…

အခန်း (၇၀၄) မှတ်စုထဲမှ တခြားလျှို့ဝှက်ချက်များ

ကျူးထျန်းယွမ်က ဆေးလုံးများအား ကြည့်ကာ အပြုံးလေးဖြင့် “ ငါက ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့ သခင်ဆိုတာကို မမေ့နဲ့ဦး။ မင်း ငါ့ရှေ့မှာ ဒီလိုလှည့်ကွက်တွေ လာမသုံးသင့်ဘူး ”

“ အစ်ကိုကျူး ဒီဆေးလုံးတွေက အဆိပ်မရှိပါဘူး။ ခင်ဗျား ဂိုဏ်းနဲ့ ဝေးနေတုန်း ကျုပ် အမြုတေယန်ဂိုဏ်းဆီ လူတချို့လွှတ်ပြီး ဈေးမြင့်မြင့်နဲ့ ဝယ်ခိုင်းထားတာတွေပါ…”

သူ့စကားကို သက်သေပြဖို့ ကျဲခိုက်က ဆေးတစ်လုံးကို သောက်ပြလိုက်သည်။ ထို့နောက် သူက ကျူးထျန်းယွမ်အား ထူးထူးဆန်းဆန်း ပြုံးပြလိုက်ပြီး မေးလိုက်သည်။

“တကယ်ကြီး ငြင်းမလို့လား ”

ကျူးထျန်းယွမ်က ကျဲခိုက်ကို အာရုံမစိုက်တော့ပေ။ ထို့အစား သူက တခြားသော ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများနှင့် ရပ်နေသည့် ဟွားဝူတောက်အား ကြည့်လိုက်ပြီး “အကြီးအကဲဟွား”

“ဘာများလဲ”

“ ဒီလူကို အခု ရွှေနန်းဥယျာဉ်တောင်ကနေ မောင်းထုတ်လိုက်ပါ ”

လက်ရှိ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများဖြစ်သူ နန်ကုန်းဝေ၊ ဖုန်းယီကျစ်၊ ချူးနန်၊ ဟွမ်းရှစ်ကျဲ၊ ယဲ့ထျန်းရှင်းနှင့် ကျူးကျစ်ရွှေ့တို့ ကျူးထျန်းယွမ်အား နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။

ဟွားဝူတောက်က ကျဲခိုက်အား ကြည့်လိုက်ပြီး “ ကျဲခိုက်က ပွင့်ချပ်ရှစ်လွှာတစ်ယောက်အနေနဲ့ အကူအညီမပေးခဲ့ဘူး။ ဒါပေမဲ့ အဲဒါအတွက် အပြစ်မတင်ပါဘူး။ ဒါပေမဲ့ ခင်ဗျား ပြဿနာရှာရင်တော့ မောင်းထုတ်ရုံအပြင် ရွေးစရာမရှိဘူး ”

ဟွားဝူတောက်က ကျူးထျန်းယွမ်နှင့် ကျဲခိုက်တို့၏ စကားဝိုင်းကို ကြားထားလေသည်။ ကျဲခိုက်က ပြဿနာရှာချင်နေမှန်း ပြောနိင်လေ၏။

ကျဲခိုက်က ကျောကို မတ်မတ်ထားကာ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများရှေ့ ရပ်လိုက်သည်။ သူက လက်ကို ဖြန့်ကာ “ ကျုပ်က အကြံပေးရုံပါ။ ခင်ဗျားကို ပြောပြတယ်လေ။ ကျုပ်စကားကို နားထောင်မဲ့အစား ခင်ဗျားက ကျုပ်ကို လာစွပ်စွဲနေတာပဲ။ သတ္တမသခင်လေးက ငယ်သေးတော့ သူ့ဆီက ဒီလိုအပြုအမူမျိုးကို နားလည်နိုင်ပါတယ်လေ။ ဒါပေမဲ့ ခင်ဗျားက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတစ်ယောက်လေ … အကြောင်းအရင်းကို ဘာလို့များ နားမထောင်နိုင်ရတာလဲ”

ကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြသည်။ ကျဲခိုက်၏ စကားများက သူတို့နားထဲ နားမခံသာ ဖြစ်စေသည်။

ဟွားဝူတောက်က ကျဲခိုက်အား လက်ညှိုးထိုးလိုက်ပြီး မေးလိုက်သည် “အဲဒီပစ္စည်းကို ကောင်းကင်လွန်းလို့ ခေါ်မှန်း ဘယ်လိုလုပ်သိလဲ ”

ကျဲခိုက်က ကျူးထျန်းယွမ်အား လက်ညှိုးထိုးကာ “ကျုပ်က စာအုပ်ထဲ ကောင်းကင်လွန်းအကြောင်း ပြောတာကို မြင်ဖူးတယ်။ ပုံကားချပ်နဲ့ လုပ်ဆောင်ပုံ ရှင်းပြချက်တွေတောင် ပါသေးတယ် … ”

ထိုစဉ် ကျူးထျန်းယွမ်က အပြင်းအထန် ချောင်းဆိုးလာသည်။ သူက ချောင်းဆိုးရာမှ သက်သာလာသည့်အခါ ကျဲခိုက်အား ကြည့်ကာ “ မှတ်စုထဲက စာရွက်ကို ဖြဲထားတာ မင်းလား ”

“ကျုပ်က သိချင်လို့ စာရွက်နည်းနည်းပဲ ဖြဲကြည့်ခဲ့တာပါ။ များများစားစား မဟုတ်ပါဘူး။ အဲဒီတုန်းက ဒီမှတ်စုကို ရေးတဲ့လူကို အရူးလို့ ထင်ခဲ့တာ။ ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝိုင်းတိုက်တော့မှ မှတ်စုကို ရေးတာ အရူးမဟုတ်ဘဲ ပြိုင်ဘက်ကင်း ပါရမီရှင်ဆိုတာကို သိလိုက်တာ … ” ကျဲခိုက်၏ မျက်နှာအထက် ကြောက်ရွံ့မှုနှင့်အတူ လေးစားသည့် အရိပ်အယောင် ပေါ်ထွက်လာသည်။

ကျဲခိုက်က ကောင်းကင်လွန်းကို သိနေသည်မှာ မဆန်းတော့ပေ။ သူက ကောင်းကင်လွန်းအကြောင်း ရေးထားသည့် စာရွက်များကို ဖြဲခဲ့သူ ဖြစ်နေသည်။

ဟွားဝူတောက်က မေးလိုက်သည် “အဲဆို မင်း ကောင်းကင်လွန်းရဲ့ အားနည်းချက်အကြောင်း သိထားလား ”

ကျဲခိုက်က ခေါင်းခါကာ “ မှတ်စုထဲမှာ နားလည်ဖို့ ခက်တာတွေအများကြီးပဲ … စာရေးသူရဲ့ စိတ်က ကျုပ် နားလည်နိုင်တဲ့အရာ မဟုတ်ဘူး။ ကောင်းကင်လွန်းကို မြင်ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ပြီးတော့ ကောင်းကင်လွန်းထဲ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ရှိနေသေးတယ်။ ကျိချန်းပေ့က ကောင်းကင်လွန်းကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးဆိုတာကို လောင်းရဲတယ် ”

“အဓိပ္ပာယ်မရှိတာတွေ … သူ့ကို မောင်းထုတ်လိုက် ” ကျူးထျန်းယွမ်က ထရပ်ချင်သော်လည်း လှုပ်ရှားဖို့ အင်အားမရှိပေ။

ကျဲခိုက်က ငြင်းဆန်နေသည် “အမှန်ပြောလို့ မောင်းထုတ်ခံရမှာလား ”

ကျူးထျန်းယွမ်၏ မျက်နှာက အနီရောင်သမ်းနေပြီး ချွေးစို့နေသည်။ သူက ကျဲခိုက်အား လက်ညှိုးထိုးကာ ပြောလိုက်၏ “မင်းက အဆိပ်ခတ် … ”

တခြားသော ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများက အံ့ဩသွားကြသည်။ ထို့နောက် သူတို့၏သွေးအဆီအနှစ်သည် ထွက်လာပြီး အင်အားလျော့ကျလာသည်ကို တွေ့ရှိသွားကြသည်။

ဟွားဝူတောက်က လက်ကို မြောက်လိုက်သည်။ သူက အရှိုက်ကို ထိကာ အဆိပ်ကို တားဆီဖို့ ကြိုးစားသော်လည်း အဆိပ်က သူ့ချီသွေးကြောရှစ်ခုအထိ ပျံ့နှံ့နေပြီဖြစ်၏။ ထို့နောက် သူ့အမြင်တွေက ဝေဝါးလာသည်။

“ ရုန်းမနေနဲ့တော့။ ဒီအဆိပ်နာမည်က ယစ်မူးနွေလေပြေတဲ့။ ကောင်းကင်လွန်း ပေါ်လာကတည်းက ခင်ဗျားတို့အားလုံးကို အဆိပ်ခတ်ထားပြီးသား။ စောစောလေးက ပေးတဲ့ ဆေးလုံးက ဖြေဆေးပဲ။ ဒီအဆိပ်က ဆေးပင်ရာချီ ရောစပ်ပြီး ၄၉ ရက်ကြာ သန့်စင်ထားရတာ။ ခင်ဗျားတို့လက်ထဲ ရနိုင်တဲ့ အကောင်းဆုံးအဆိပ်ပေါ့။ အဆိပ်ခတ်ခံရတာနဲ့ ယစ်မူးနေသလို ခံစားရပြီး အင်အားတွေ လျော့ကျသွားလိမ့်မယ်။ ခင်ဗျားတို့တွေ ကနဦးချီ မလှည့်ပတ်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် အဆိပ် ပျံ့နှံ့စေတဲ့ အရှိန်ကို ပိုမြန်စေလိမ့်မယ်”

နန်ကုန်းဝေက ပြောလိုက်သည် “ စက်ဆုပ်ဖို့ကောင်းလိုက်တာ”

ဖုန်းယီကျစ်က ပြောလာသည်။ “ တကယ်လို့ မင်းက ယောကျ်ားဆိုရင် အဆိပ်ဖြေပေးပြီး ထိပ်တိုက်ရင်ဆိုင်တိုက်လိုက် ”

ကျဲခိုက်က ခေါင်းခါကာ “ စောစောလေးက ဖြေဆေးပေးသားပဲ။ ခင်ဗျားတို့က ငြင်းခဲ့ကြတာလေ။ အခုအထိ ကျုပ်က အလိမ်အညာတစ်လုံးမှ မပြောရသေးဘူး။ ခင်ဗျားတို့အားလုံးကို အလေးအနက် ဆက်ဆံပေးခဲ့ရက်နဲ့ ဘာပြန်ရလိုက်လဲ”

ဝှစ်

ကျူးထျန်းယွမ်က သူ့ဘာသာ ထလာပြီး အဆိပ်ကို တောင့်ခံကာ လက်ဝါးစည်းတံဆိပ်များ ထုတ်လွှင့်လာသည်။

သတိလက်လွတ်ဖြစ်သွားသည့် ကျဲခိုက်က လက်မြောက်ကာ သူ့ဘာသာ ကာကွယ်လိုက်၏။

ဘန်း

နစ်ယောက်လုံး နောက်ဆုတ်လိုက်ရသည်။

ကျူးထျန်းယွမ်က သွေးတစ်ပွက် အန်လိုက်ရပြီး ကြမ်းပြင်ပေါ် လျှောသွားပြီး ရင်ပြင်အစွန်းရှိ တိုင်လုံးနှင့် ဝင်တိုက်မိသွားသည်။

“အစ်ကိုကျူး ” တခြားသူများက တုန်လှုပ်စွာ ခေါ်လိုက်ကြသည်။

ကျဲခိုက်လည်း အခြေအနေ မကောင်းလှပေ။ သူက သူ့ဘာသာ ပြန်မထိန်းနိုင်ခင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးစီးကျလာပြီး ကျူးထျန်းယွမ်အား ကြည့်လိုက်ကာ ပြောလိုက်သည်။ “ကျူးထျန်းယွမ် … အသက်ကို စွန့်ပစ်ချင်နေတာလား ”

ကျူးထျန်းယွမ်က အစကတည်းက ဒဏ်ရာရနေသူ ဖြစ်သော်လည်း အဆိပ်ကို တောင့်ခံကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ သူ့အနေနှင့် အကောင်းတိုင်းရှိသည့် ကျဲခိုက်ကို ထိုးနိုင်ခဲ့သည်မှာ မထင်မှတ်ထားဖွယ် ကိစ္စတစ်ခု ဖြစ်၏။

“ကျဲခိုက် ငါ‌ သေသွားရင်တောင် မင်းကို အလွတ်မပေးဘူး” ကျူးထျန်းယွမ်က နာကျင်မှုကို တောင့်ခံထားရင်း ပါးစပ်မှ သွေးကို သုတ်ကာ ပြောလိုက်သည်။

“ခင်ဗျားက အရူးပဲ ” ကျဲခိုက်က တခြားပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများကို ကြည့်လိုက်သည်။

တစ်ခါသေဖူး ပျဉ်းဖိုနားလည် ဆိုသည် စကားပုံရှိသည် မဟုတ်ပါလော။

သူက ယခုအခါ သတိကြီးကြီးထားထားသည်။

“ကျူးထျန်းယွမ် မှတ်စုကို ထုတ်ပေးလိုက် … ငါ ထွက်သွားပေးမယ် ”

နန်ကုန်းဝေက ဝင်ပြောလာသည်။

“အလကားတွေ … သူက ငါတို့ကို ဒီနေ့အဆိပ်ခတ်ရဲမှတော့ အလွယ်တကူ လွတ်ပေးစရာအကြောင်း မရှိဘူး”

ကျဲခိုက်က နန်ကုန်းဝေအား ကြည့်လိုက်ကာ “ ငါ့စိတ်ရှည်မှုကို လာစမ်းမနေနဲ့။ မင်းတို့ကို အလွယ်လေး သတ်ပစ်လိုက်လို့ ရတယ် ”

“ ရှင့်သဘောပဲ ” ထို့နောက် ယဲ့ထျန်းရှင်းကို ဖြတ်ကျော်၍ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ အနီတောက်တောက် နိဗာနအဝတ်က တိုက်ခိုက်လာသည်။ တစ်ချိန်တည်းဆိုသလို ကျဲခိုက်ဆီ လက်သီးနှစ်ချက် ကျရောက်လသည်။

ကျဲခိုက်က နောက်ဆုတ်လိုက်ရသည်။ သူက ဆက်လက် နောက်ဆုတ်ပြီး လက်မြောက်ကာ သူ့ဘာသာ ခုခံနေရသည်။

ဘန်း ဘန်း ဘန်း

ရှောင်ယွမ်အာ၏ ရုတ်တရက် တိုက်ခိုက်လာမှုက ကျဲခိုက်အား သတိလက်လွတ် ဖြစ်သွားစေသည်။

ကြယ်တာရာတိမ်ခွင်း ကိုယ်ဖော့သိုင်းက ရှောင်ယွမ်အာအား ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနိုင်အောင် ကူညီပေးထားသည်။

ကျဲခိုက်က ဆက်လက် နောက်ဆုတ်နေသည်။ သူက တိုက်ကွက်များ သူ့အပေါ် ကျရောက်လာတော့မည်ကို မြင်သည့်အခါ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ဝှစ်

ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်က ချက်ချင်းနီးပါး ကျုံ့သွားသည်။

ရှောင်ယွမ်အာက ရုတ်ခြည်း ထွက်ပေါ်လာသည့် စွမ်းအားကြောင့် လွင့်စဉ်သွားသည်။ သူမ၏ နိဗာနအဝတ်ကို ခါးတွင် ပတ်လိုက်ရင်း မြေပေါ် သက်ဆင်းလာ၏။

ကျဲခိုက်က မိန်းမငယ်လေးကို ကြည့်ကာ မျက်လုံးအပြူးသား ဖြစ်သွားသည်။

“မင်းက အဆိပ်မမိဘူးလား”

ရှောင်ယွမ်အာက ခါးထောက်ကာ “ ဘာလို့ အဆိပ်မိရမှာလဲ ”

“အာ … ”

ရှောင်ယွမ်အာ၏ စကားက တခြားသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများကို နားမလည်ဖြစ်သွားစေသည်။

သူမက ဘာလို့ အဆိပ်မမိတာလဲ ….

“တကယ်လို့ လျိုရှစ်ကျဲသာ သက်သောင့်သက်သာ မဖြစ်ဘူးဆိုရင် ဟိုးကတည်းက ရှင့်ကို သတ်ပြီးလောက်ပြီ ” ရှောင်ယွမ်အာက နိဗာနခါးစည်းဖြင့် ဝေ့ယမ်းလိုက်သည်။

“ကျင့်ကြံရေးလောကက လူတွေက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နဝမသခင်မလေးက တကယ်ကို ပါရမီထူးတယ်လို့ ပြောကြတယ်။ အခုတော့ မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရပြီ။ ကြည့်ရတာ ကောလဟာလတွေက အမှန်ဖြစ်နေပုံပဲ။ ဒါပေမဲ့ မင်းက ပွင့်ချပ်ရှစ်လွှာတောင် မရောက်သေးဘဲနဲ့ ငါ့ကို သတ်နိုင်မယ်ဆိုတာ သေချာရဲ့လား” ကျဲခိုက်က နာကျင်မှုကို တောင့်ခံရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ကြိုးစားကြည့်တာပေါ့” ရှောင်ယွမ်အာက လျှပ်စီးလိုအလျင်ဖြင့် ကျဲခိုက်ဆီ ပြေးလာသည်။

နှစ်ယောက်သား ကြမ်းတမ်းသည့် တိုက်ပွဲကို ဆင်နွဲလိုက်ကြသည်။

ဘန်း ဘန်း ဘန်း

နဂိုထက် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလာသည့် စွမ်းအင်လက်သီးများက ဆက်တိုက် ကျရောက်လာသည်။

ယဲ့ထျန်းရှင်းက ထိုမြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်နေသည် “ကျို့ရှစ်မေ့ရဲ့ ကျင့်ကြံဆင့်နဲ့ အင်အားက ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ မထင်ထားမိဘူး ”

တခြားသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက ရှောင်ယွမ်အာ၏ လုပ်ဆောင်ချက်ကြောင့် အံ့အားသင့်နေကြသည်။

ခက်ထန်သည့် တိုက်ကွက်များအောက်တွင် ကျဲခိုက်က တားဆီးရုံမှအပ ရွေးချယ်စရာ မရှိပေ။

ဒီကောင်မလေးရဲ့ သိုင်းပညာ အခြေခံက ခိုင်မာလွန်းတယ်။

ဘန်း

ကျဲခိုက်က အာရုံထွေပြားနေစဉ် နိဗာနခါးစည်းက သူ့ရင်ဘတ်ဆီ ကျရောက်လာသည်။ သူက ရင်ပြင်အစွန်းအထိ နောက်ဆုတ်လိုက်ရ၏။ သို့သော်လည်း သူက ချေပလိုက်သည်။ “ကောင်မလေး မင်းက ပွင့်ချပ်ရှစ်လွှာနဲ့ မယှဉ်နိုင်သေးပါဘူး ”

ဝှစ်

ကျဲခိုက်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ရှောင်ယွမ်အာက နောက်လွင့်စဉ်သွားသည့်အတွက် အရင်ကလို ထပ်ဖြစ်လာသည်။ သူမက ကျွမ်းထိုးလိုက်ပြီးနောက် ဆင်းသက်လိုက်၏။ သို့သော်လည်း ဤတစ်ကြိမ် သူမက ပြန်မရပ်နိုင်ခင် ခြေနှစ်လှမ်းလောက် ဒယီးဒယိုင်ဖြစ်သွားသည်။

ဤသည်က တစ်ဖက်လူထက် သာလွန်နေသည့် ကျင့်ကြံဆင့်နှင့် စိတ်ဝိညာဉ်သဏ္ဌာန် ရှိထားသည့် အရေးသာချက် ဖြစ်ပေသည်။ တစ်ဖက်လူတွင် ကောင်းကင်အဆင့် လက်နက်မရှိထားသရွေ့ စိတ်ဝိညာဉ်သဏ္ဌာန်ကြားမှ ကွာဟချက်ကို လိုက်မှီဖို့က ကောင်းကင်ဘုံကို တက်လှမ်းရသည်ထက်ပင် ခက်လိမ့်မည်။

ဤတစ်ကြိမ် ကျဲခိုက်က အရင်ဦးစွာ တိုက်ခိုက်လာသည်။ “မင်းက ဆူညံလွန်းတယ်။ အရင်ဆုံး မင်းကို ရှင်းပစ်ရတာပေါ့”

ကျဲခိုက်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံ ဆင့်ခေါ်လိုက်သည်။ ပွင့်ချပ်ရှစ်လွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်က ရှောင်ယွမ်အာဆီ ဝင်ရောက်လာသည်။

တခြားသော ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများက ကူညီပေးချင်ကြသော်လည်း အဆိပ်က သူတို့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေပြီး မလှုပ်ရှားနိုင်တော့ပေ။

“နဝမသခင်မလေး ပြေးတော့ ”

“ နဝမသခင်မလေ ကျုပ်တို့ကို ထားပြီး ကိုယ့်ဘာသာ ကယ်လိုက်တော့ ”

ကျဲခိုက်က ကျူးထျန်းယွမ်ကြောင့် ဒဏ်ရာရသွားသော်လည်း လက်ရှိ သူသည် အားအကောင်းဆုံး ဖြစ်နေသည်။

ပွင့်ချပ်ခုနှစ်လွှာ ရှောင်ယွမ်အာက သူ့အတွက် မည်သို့ပြိုင်ဘက် ဖြစ်မည်နည်း။

ရှောင်ယွမ်အာဆီ စိတ်ဝိညာဉ်သဏ္ဌာန် ကျရောက်တော့မည့်ဆဲဆဲတွင် အသံတစ်သံ ထွက်လာသည်။ “ကျို့ရှစ်ကျဲ ”

ဘန်း

အားနည်းဟန်ပေါ်သည့် အနီရောင်ကြာက ရှောင်ယွမ်အာအနား ရောက်လာသည်။ သို့သော်လည်း ပွင့်ချပ်ရှစ်လွှာ ရွှေကြာ၏ သက်ရောက်မှုကြောင့် မိန်းကလေးနှစ်ယောက်လုံး လွင့်စဉ်သွားကြသည်။

ကျဲခိုက်က အသံဩဩဖြင့် ပြောလာသည်။ “အနီရောင်ကြာ”

တခြားသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက အနီရောင်ကြာကို သတိထားမိလိုက်ကြသည်။

အနီရောင်ကြာလား …

မိစ္ဆာဝေဟင်မျှော်နန်းထဲ အနီရောင်ကြာ ကျင့်ကြံသူ ရှိနေသည်ကို တွေးကြည့်လိုက်လျှင် …

ရှောင်ယွမ်အာက ခရုလေးကို ဆွဲကာ သူမ၏ ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ပြီး ပြုတ်ကျလာခြင်းမှ အတင်းကျပ် တားဆီးလိုက်သည်။

ကျဲခိုက်က စိတ်လှုပ်ရှားစွာ ပြောလာသည်။ “ တကယ်ကို ရှာဖွေတွေ့ရှိမှုကြီးပဲ။ အားလုံး ကြောက်ရွံပြီး လေးစားကြရတဲ့ မိစ္ဆာဝေဟင်မျှော်နန်းက အနီရောင်ကြာ ကျင့်ကြံသူတစ်ယောက်ကို ဝှက်ထားလိမ့်မယ်လို့ မသိခဲ့ဘူး ”

လက်ရှိ တာ့ယန်၏ လူများက အနီရောင်ကြာ ကျင့်ကြံသူများကို ကျူးကျော်သူအဖြစ် သတ်မှတ်ထားကြသည်။ သူတို့က များများစားစား မသိထားကြသော်လည်း အနီရောင်ကြာ ကျင့်ကြံသူများအပေါ် ထင်မြင်ချက်က မကောင်းလှပေ။ အထူးသဖြင့် ကျန့်ဝမ်ရွှီ၏ သေဆုံးမှုအပြီးတွင် ဖြစ်၏။ ထို့အပြင် အသေးစိတ်ကို ဂရုစိုက်သူများက အနီရောင်ကြာ ကျင့်ကြံသူများကို ပို၍ပင် မုန်းတီးလာကြသည်။

ကျဲခိုက်က ခရုလေးနှင့် ရှောင်ယွမ်အာဆီ လျှောက်လှမ်းလာသည်။

“ခဏလေး” ကျူးထျန်းယွမ်က မတ်မတ် ထိုင်လိုက်သည်။

“ဟမ်”

“မင်းက မှတ်စု လိုချင်နေတာမလား” ကျူးထျန်းယွမ်က မေးလာသည်။

“ဟုတ်တယ်။ မှတ်စုစာအုပ်ကို ပေးလိုက်။ ကျုပ် ထွက်သွားမယ်” ကျဲခိုက်က ပြောလိုက်သည်။

ကျူးထျန်းယွမ်က အားနည်းဖျော့တော့စွာ ပြောလိုက်သည်။ “ဒီလာခဲ့။ မင်းကို ပေးမယ်”

ကျဲခိုက်က သွားဖို့ ငြင်းဆန်သည်မှာ သဘာဝကျ၏။ ယခု သူက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများကို သတိကြီးကြီးထားထားသည်။ သူက သူတို့ဆီ မသက်မသာ ချဉ်းကပ်လာ၏။

“ဒီလိုဆိုမှတော့ ဘယ်သူက တခြားသူထက် ကြာကြာခံမလဲ ကြည့်ရတာပေါ့” ကျဲခိုက်က အားလုံးရှေ့မှောက် ရပ်လိုက်သည်။

ရှောင်ယွမ်အာက ခရုလေးနှင့်အတူ မိစ္ဆာဝေဟင်မျှော်နန်းဆီ အရှိန်အမြင့်ဖြင့် ပျံသန်းသွားသည်။

“ ဖမ်းနိုင်ရင် လာဖမ်းလှည့် ”

“ကောင်မလေး ငါက အဲဒီအကွက်ထဲ မကျဘူးကွ” ကျဲခိုက်က ကျူးထျန်းယွမ်အား ကြည့်ကာ ကျန်ကျင့်ကြံသူများအပေါ် သတိထားထားသည်။ သူ လုပ်ဖို့ လိုအပ်သည်ကား အနည်းငယ် စောင့်ဆိုင်းလိုက်ရုံမျှဖြစ်ပြီး သူတို့အားလုံးက တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားကြလိမ့်မည်။

………….…

ထိုစဉ်

ထျန်းကျန့်မြစ်၏ တောင်ဘက်အပိုင်းတွင် မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားများနှင့် တာ့ယန် ကျင့်ကြံသူများက မြေပေါ်ရှိ ဧရာမ လက်ဝါးရာကြီးကို ကြည့်နေကြသည်။

“အဲဒါဘာကြီးလဲ”

“မျှော်နန်းသခင်ရဲ့ လက်ဝါးစည်းတံဆိပ်လား” အမြင်ရှိသူများက ချက်ချင်း သတိထားမိကြသည်။

ကျင့်ကြံသူများက ထိုလျိုအနား ဆင်းလာကြသည်။ သူတို့က လျိုကြောင့် အတော်လေး အံ့အားသင့်သွားကြ၏။

“ဒီလက်ဝါး … လက်ဝါးစည်းတံဆိပ်က နည်းနည်းလွန်လွန်းမနေဘူးလား ”

…

အခန်း (၇၀၅) အသက်ရှည်ခြင်းအကြောင်း အမှန်တရား

ဖန်လီထန်း၏ ရွှေရောင်သေရည်ဘူးသီးခြောက်သည် လည်ထွက်သွားပြီးနောက် ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ သူ၏ လက်ကိုပြန်မြှောက်လိုက်ရာ သေရည်ဘူးသီးခြောက်သည် သူ့ဆီပြန်ရောက်လာ၏။ “ဒါက မျှော်နန်းသခင်ရဲ့ လုပ်ရပ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး။ အရှိန်အဝါခြင်း ကိုက်တယ်”

ကျန်သည့်သူများသည် လက်ဝါးစည်းတံဆိပ်၏ သက်ရောက်မှုကြောင့် အနည်းငယ် ကြောက်ရွံ့သွားကြသည်။

“ဒါကို ကျုပ် မျက်လုံးနဲ့သာ မမြင်ရဘူးဆိုရင် ခင်ဗျား ကျုပ်ကို သေအောင်ရိုက်မယ်ဆိုရင်တောင် ယုံမိမှာ မဟုတ်ဘူး။ တွင်းရဲ့ အရွယ်အစားအရ ဒီလက်ဝါးစည်းတံဆိပ်က ကျုပ် မြင်ဖူးသမျှထဲ အကြီးဆုံးပဲ” ကျင့်ကြံသူတစ်ယောက်က ချီးကျူးလိုက်၏။

“ကြည့်ဦး ... အဲ့ဒီမှာ” တွင်း၏ အလယ်ကို ကျင့်ကြံသူတစ်ယောက်ကြည့်လိုက်ချိန်တွင် ပုံပျက်ပန်းပျက် သွေးများစွန်းထင်းလျက် ဒဏ်ရာရနေသော အလောင်းကို တွေ့လိုက်ရ၏။ ၎င်း၏ မျက်နှာက ပုံပျက်နေပြီး လက်များကလည်း အပြည့်အဝ ချေမှုန်းခံထားရသည်။ သင်္ကန်းကလည်း အပိုင်းပိုင်း စုတ်ပြဲနေ၏။

“အဲ့ဒီလူက အနီရောင် ခေါင်းတလားထဲက လူလား။ သူက ဗုဒ္ဓပွင့်ချပ်ကိုးလွှာ အကျော်အမော်လား”

“အဲ့ဒါ သူပဲ။ ဒီလူက မျှော်နန်းသခင်ရဲ့ လက်ဝါးစည်းတံဆိပ်ကြောင့် သေသွားတာ”

မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားများသည် လုကျိုး၏ ထိတ်လန့်ဖွယ် လက်ဝါးစည်းတံဆိပ်က မရေမတွက်နိုင်သော အသက်များကို ယူဆောင်သွားတာကို မျက်မြင်တွေ့ဖူး၏။ ဤလက်ဝါးသဏ္ဌာန် တွင်းသည် ကျန့်ဝမ်ရွှီး သေဆုံးအခါက တွင်းနှင့် ဆင်တူ၏။ တစ်ခုတည်းသော ကွာဟချက်က ဤတွင်း၏ အရွယ်အစားသည် စိတ်ကို ထိုးနှက်နိုင်လောက်အောင် ကြီးမားတာပဲဖြစ်သည်။

“ကောင်းလိုက်တာ။ ဆိုးတာက ငါတို့တွေ ပွင့်ချပ်ကိုးလွှာတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို မျက်မြင်မတွေ့လိုက်ဘူး။ နှမြောစရာပဲ” ကျန်သည့် ကျင့်ကြံသူများသည် စိတ်ပျက်သွားပုံရသည်။

စီးဝူယာ့သည် အလောင်းကို တခဏတာ လေ့လာပြီးနောက် သူ၏ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။

တွမ့်မူရှန်းသည် စီးဝူယာ့နား ချဉ်းကပ်ကာ မေးလိုက်တော့သည်။ “ချီရှစ်တိ မင်း တစ်ခုခုရှာတွေ့လား”

“ရှစ်စွင်းက နိုင်သွားပြီဆိုတော့ ဘယ်ကိုသွားတာပါလိမ့်” စီးဝူယာ့က ခေါင်းခါလိုက်သည်။ “ရှစ်စွင်း ဒဏ်ရာရတယ်လို့ မထင်ဘူး။ သူ ဒီလူကို အနိုင်မယူနိုင်ရင်တောင် သူ့ရဲ့ အရှိန်က ထွက်ပြေးဖို့ လုံလောက်တာထက် ပိုတယ်”

မင်ရှစ်ရင်က ပျံသန်းလာပြီး သက်ပြင်းချလျက် ပြောလိုက်သည်။ “မင်းလည်း ရှစ်စွင်းအကြောင်း သိရဲ့သားနဲ့။ သူ တိုက်ခိုက်နေတာကနေ ဘယ်တော့မှ ထွက်ပြေးမှာ မဟုတ်ဘူး။ လူတိုင်းက ငါ့လောက် မထက်မြတ်ဘူး”

“...”

ထိုစဉ် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းသည် အရာဝတ္ထုနှစ်ခုကို သယ်လျက် ပျံသန်းလာသည်။

“သတ္တမသခင်လေး ဒါကို ကြည့်ပါဦး”

ကျန်သည့်သူများကလည်း လှည့်ကြည့်လိုက်ရာ ခေါင်းတလားနှင့် ဆင်တူသော ကောင်းကင်လွန်း၏ ကျိုးပဲ့နေသော အစိတ်အပိုင်းနှစ်ခုကို တွေ့လိုက်ရသည်။

ကျန်သည့်သူများကလည်း ထိုနားတွင် စုဝေးလာကြသည်။

စီးဝူယာ့က ၎င်းကို ဂရုတစိုက်လေ့လာလိုက်၏။ ရှိနေသည့် လူများအနက် ယခင်က အနီရောင်ခေါင်းတလား လေ့လာဖူးသည့်သူက သူတစ်ယောက်တည်းရှိသည်။

ဆိုရိုးစကားတစ်ခုရှိ၏။ ‘လူပိန်းသည် ပျော်ပွဲရွှင်ပွဲနှစ်ခြိုက်ပြီး ဘုရားရှင်က အသေးစိတ်အချက်အလက်ကို အာရုံစိုက်သည်။’

စီးဝူယာ့က ကောင်းကင်လွန်းပေါ်ရှိ သွေးကြောများကို မြင်သောအခါ သူ၏ ရင်ထဲ ပျော်ရွှင်မှုတို့ မြန်လာသည်။ “တစ်ယောက်ယောက်က ဒီလိုမှော်ဆန်တဲ့ ပို့ဆောင်ရေးကို တကယ်ဖန်တီးနိုင်ခဲ့တာပဲ”

“ပို့ဆောင်ရေးပစ္စည်းလား” ကျန်သည့် ကျင့်ကြံသူများက ဇဝေဇဝါဖြစ်သွားကြသည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းသည် အနီရောင်ခေါင်းတလားအကြောင်း သူတို့ကို အကြမ်းဖျဉ်း ရှင်းပြလိုက်ရာ ကျန်သည့်သူများက တအံ့တဩဖြစ်ကုန်၏။

“ဒါ အမှန်ပဲဆို အနီရောင်ကြာနယ်မြေက ကျုပ်တို့ မှန်းဆမှန်းဖို့ ခက်ခဲတဲ့အဆင့် ဖြစ်မှာစိုးရတယ်” တစုံတစ်ယောက်က ပြောလိုက်သည်။

စီးဝူယာ့က ခေါင်းညိတ်ပြီးပြောလိုက်၏။ "ဒါအကုန် မဟုတ်သေးဘူး။ ဒီပို့ဆောင်ရေးပစ္စည်းက ထူးခြားတဲ့ ကုန်ကြမ်းတစ်ခုနဲ့ ပြုလုပ်ထားတာ။ အစီအရင်သွေးကြောရဲ့ ရှုပ်ထွေးမှုက အဆုံးသတ်ဆယ်ပါးအစီအရင်ထက် သာတယ်။ ကျန့်ဝမ်ရွှီးက အဆုံးသတ်ဆယ်ပါး အစီအရင် မသုံးခင် ရာစုနှစ်တစ်ခုလောက် အချိန်သုံးခဲ့ရပြီး သူ တာ့ယန်မှာ နေခဲ့တာ”

“တည်ဆောက်ဖို့အတွက် နှစ်ပေါင်းတစ်ရာလောက် အချိန်ယူရတဲ့ ပစ္စည်းလား။ ဒီလောက် ခိုင်ခန့်တာ အံ့ဩစရာ မရှိဘူးပဲ” ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

ကျော့ယွီရှုက အထင်တသေးပြောလိုက်သည်။ "ဒီတော့ ဘာဖြစ်လဲ။ အစ်ကိုက အဲ့တာကို ထက်ပိုင်း ပိုင်းနိုင်တာပဲ”

“...”

ကျော့ယွီရှုပြောတာ မှန်၏။ ကျန်သည့်သူများသည် ကျိုးပဲ့နေသော ကောင်းကင်လွန်းကို ထပ်ကြည့်လိုက်ကြသည်။ ပြတ်ရာက သေသပ်ချောမွေ့နေ၏။ ယင်းသည် ဓားရာဆိုတာ သိသာသည်။

“အဆုံးသတ်ဆယ်ပါး အစီအရင်နဲ့ယှဉ်နိုင်တဲ့ ခုခံနိုင်စွမ်းရှိတဲ့ တစုံတစ်ခုကို ဒီလိုပိုင်းဖြတ်နိုင်တာ ကြည့်ရင် မျှော်နန်းသခင်ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်နက်ရှိုင်းနေပါလိမ့်”

“ဒီမှာ ရပ်ကြည့်မနေရအောင်။ မျှော်နန်းသခင် ဝေးဝေးမသွားလောက်သေးဘူး။ လူခွဲပြီး ရှာကြမယ်”

“နားလည်ပါပြီ”

တောအုပ်ထဲတွင် ဖြစ်သည်။

လုကျိုးသည် ရွှေကြာထဲမှ စီးဆင်းနေသော အသက်စွမ်းအင်များကြောင့် ဇဝေဇဝါဖြစ်နေ၏။ အဆင့်ချိုးဖြတ်တက်ပြီး ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်ရှိပြီးနောက် သူ့၌ သက်တမ်းနှစ်ရာ ရှိနေပြီ ဖြစ်သည်။ သို့သော် အဘယ်ကြောင့်များ စွမ်းအင်တို့က လျှံထွက်လာပြီး အရေအတွက် တိုးလာရသနည်း”

သူ့ အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက် လုကျိုးသည် သူ့ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်တို့သည် ယခင်ကထက် ပိုဖျတ်လတ်လာသည်ဟု ခံစားမိသည်။

သူ၏ လက်ဖဝါးကို ဖြန့်လိုက်လေ၏။ ပွင့်ချပ်ကိုးလွှာရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်က သူ့လက်ဖဝါးပေါ်၌ ပေါ်လာသည်။

“ဟမ်” လုကျိုးသည် ပွင့်ချပ်ကိုးလွှာသည် မြင့်လာကြောင်း သတိပြုမိလိုက်၏။ သူတို့သည် ပိုမတ်လာပြီး အရေရွှမ်းလာ၏။ တချိန်တည်းတွင် ရွှေကြာမှ လျှံထွက်နေသော စိတ်ဝိညာဉ်သဏ္ဌာန်သည် သူ၏ ပွင့်ချပ်ကိုးလွှာကို အားဖြည့်ပေးနေသည်။ “နှစ်ပေါင်းများစွာ စုပ်ယူလာတဲ့ အသက်စွမ်းအင်တွေကို ရွှေကြာက စိမ့်ထွက်နေတာလား”

လုကျိုးသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။ ကျန်ရှိသော သက်တမ်း ၁၅၆၀၀၃ရက်

“...”

သူ နံပါတ်များကို ကြည့်ချိန်၌ တစုံတစ်ခုက သူ့ရင်ထဲ မွှေနှောက်သွားသည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ အရေအတွက်က ဆက်လက်တိုးမြှင့်နေ၏။

+၂၀၀

+၁၀၀

နံပါတ်များက တက်နေတော့သည်။

သူ၏ အကြည့်ကို ရွှေကြာဆီရွှေ့လိုက်ချိန်တွင် အသက်စွမ်းအင်တို့က စိမ့်ထွက်နေဆဲဖြစ်သည်။

ပြီးနောက် သူသည် ပွင့်ချပ်ကိုးလွှာကို ဂရုတစိုက် ထပ်မံလေ့လာလိုက်၏။ ခဏအကြာတွင် ကွဲပြားခြားနားချက်ကို သူ ရှာတွေ့သွားတော့သည်။ ပွင့်ချပ်တဝက်ကျော်က အထက်သို့ ကော့တက်သွားသည်။ သူတို့က ပြည့်ဝနေလျက် တောက်ပနေကာ မတ်နေကာ တလက်လက်ဖြစ်နေသည်။ ရွှေရောင်အငွေ့များသည် ရွှေကြာပွင့်ချပ်၏ ထိပ်ဖျားဆီမှ တဖြည်းဖြည်း တက်လာ၏။

ပုံမှန်ဆို ကျင့်ကြံသူများသည် အရောင်မြှင့်တင်ရန် စွမ်းအင်အဖြစ် သူတို့၏ ကနဦးချီများကို သိပ်သည်းရသည်။ ယင်းက စွမ်းအင်စည်းတံဆိပ် ပေါ်လာပုံပဲဖြစ်၏။

သို့သော် ဤမြင့်တက်လာသော ရွှေရောင်များက အဘယ်နည်း။

အနီရောင်ကြာ၊ ကံမီးတောက် ... ဒီဟာက ရွှေကြာ ကံမီးတောက်လား။

လုကျိုးသည် သူ၏ဘယ်လက်ကို ဝေ့ယမ်းလိုက်၏။ ပွင့်ချပ်တစ်ခုက ပျံသန်းသွားပြီး ရွှေကြာပေါ်၌ ပျံဝဲနေ၏။

ရွှီး ...

သစ်ပင်မှာ သစ်ရွက်သည် ချက်ချင်းပင် ပြာဖြစ်သွား၏။

“...”

လုကျိုးသည် သူ၏ လက်ကို ထပ်မံဝေ့ယမ်းလိုက်သည်။ သစ်ကိုင်းတစ်ခု ပျံသန်းလာပြီး ရွှေကြာပေါ်၌ ပျံဝဲနေသည်။

ရွှီး

သစ်ကိုင်းသည်လည်း ရွှေရောင်မီးတောက်များနှင့် ထိမိသွားပြီး ပြာဖြစ်သွား၏။

“ဒါက”

လုကျိုးသည် စတင်စမ်းသပ်တော့၏။ သူသည် ကြီးမားသည့် ရှာဖွေတွေ့ရှိမှုတစ်ခုကို ကြုံလိုက်ရသည်။ ကျန်သည့် အရာဝတ္ထုများကိုလည်း သူ ဆက်လက်စမ်းသပ်နေ၏။ မောပန်းခြင်းသည် သူ့အတွက် ယခုဆို စိမ်းသက်သည့် သဘောတရားဖြစ်နေ၏။ ရွှံများ၊ သစ်ပင်များ၊ ဧရာမကျောက်ဆောင်များ အရာအားလုံးသည် ရွှေရောင်မီးတောက်ကြောင့် ပြာဖြစ်သွားကုန်၏။

“ဒါက ပွင့်ချပ်ကိုးလွှာအဆင့်ရဲ့ စွမ်းရည်အသစ်လား”

သူသည် ရွှေရောင်မီး၏ စွမ်းရည်ကို အပြည့်အဝ မလေ့လာသေးခင် ရွှေရောင်မီး၏ အရောင်က မတူညီတော့တာကို သတိပြုမိလိုက်၏။

သူ ကျန်ရှိသော သက်တမ်းသည် ဆက်လက်တိုးနေဆဲဖြစ်သည်။

သစ်သားရေပုံး သီအိုရီအရ ရေပုံး၏စွမ်းအားသည် ၎င်း၏ အတိုတောင်းဆုံး စွမ်းအားဖြင့် ဆုံးဖြတ်သည်။ ယင်းက ရွှေကြာဆီ ထောက်ပံ့ပေးတာဖြစ်သည်။ ပွင့်ချပ်ကိုးလွှာတွင် ရှစ်လွှာက တောက်ပနေပြီဖြစ်သည်။ ‌ရွှေရောင်ပွင့်ချပ်ရှစ်ခုဆီမှ ရွှေရောင်မီးတောက်များ ပေါင်းစည်းသွားပြီး စိတ်ဝိညာဉ်သဏ္ဌာန်ကို ပိုတောင် ဝံ့ကြွားသွားစေသည်။

ထိုစဉ် သူ၏ စွမ်းအင်ဗဟိုချက်အတွင်းရှိ ကနဦးချီက ဖောင်းလာတော့သည်။

“စွမ်းအားလည်း စိမ့်ထွက်လာတယ်” လုကျိုးက အထိတ်တလန့်ပြောလိုက်သည်။

သူ ယခုအချိန်တွင် ရှာဖွေတွေ့ရှိမှုတိုင်းက သူ့အတွက် ဆန်းသစ်နေသည်။ အရာအားလုံးက မသိရပေ။ ယင်းက လုကျိုး၏ သိချင်စိတ်နှင့် အရာအားလုံးကို နှိုးဆွလိုက်သည်။

လုကျိုးသည် သူ၏ ကျန်ရှိသော သက်တမ်းကို ကြည့်လိုက်တော့၏။

ဝှစ်

ခုနစ်လွှာမြောက် ပွင့်ချပ်၏ထိပ်ဖျား မြင့်တက်လာပြီး ရွှေရောင်မီးတောက်များ ပေါ်ထွက်လာ၏။

ကျန်ရှိသော သက်တမ်း= ၂၀၀၇၅၃ ရက်

ကနဦးချီသည် သူ့စွမ်းအင်ဗဟိုချက်တွင်း၌ ကြီးထွားမှုနှုန်း မြင့်တက်လာပြီး ချက်ချင်းပင် အစများစွာ မြင့်တက်လာ၏။

“ဒီအတိုင်းဆက်သွားနေရင် ငါ ပေါက်ကွဲပြီး သေမှာ စိုးရိမ်ရတယ်” လုကျိုး၏ ရင်ထဲ တစုံတစ်ခုက မွှေနှောက်လာသည်။

ပွင့်ချပ်ရှစ်လွှာအဆင့်မှာ ပွင့်ချပ်ကိုးလွှာအဆင့်သို့ ကူးပြောင်းနေစဉ် ရွှေကြာသည် လူတစ်ယောက်၏ အသက်စွမ်းအင်ကို အဟန့်အတားမရှိ စုပ်ယူ၏။ ပွင့်ချပ်ကိုးလွှာအဆင့် ပြီးမြောက်သွားသည့်အချိန်၌ ‌ရွှေကြာသည် စွမ်းအားများ ယိုစိမ့်ထွက်လာသည်။ ယင်းသည် ပွင့်ချပ်ကိုးလွှာအဆင့်သို့ ချိုးဖြတ်တက်ပြီးနောက် ရရှိသည့် ဆုလာဘ်ပေလော။

ဝှစ်

အဌမမြောက် ပွင့်ချပ်မြင့်တက်လာပြီး ရွှေရောင်မီးတောက်များသည် ထပ်မံပေါ်ထွက်လာ၏။

ကျန်ရှိသော သက်တမ်း ၂၁၉၀၀၃ ရက်

ပွင့်ချပ်မြောက်တက်လာတိုင်းတွင်သည် သူသည် သက်တမ်း ၈၂၅၀၃ရက် ရရှိပြီး ယင်းက နှစ်ပေါင်းငါးဆယ်နှင့် ညီမျှသည်။

လုကျိုးသည် ထိုဖြစ်စဉ်က သူ၏ပြောင်းလဲမှုကို ပြန်တွေးလိုက်၏။ သူသည် တအံ့တဩ ဖြစ်နေတော့သည်။ မြင့်တက်နေသောနဝမမြောက် ပွင့်ချပ်မှအပ ကျန်ရှိသော ပွင့်ချပ်ရှစ်လွှာတို့သည်လည်း လိုက်ပါဆောင်ရွက်လာ၏။ ပွင့်ချပ်တိုင်းသည် သူ့ကို အနှစ်ငါးဆယ် သက်တမ်းပေးသည်။

“ပွင့်ချပ်တစ်လွှာအဆင့်ကနေ ပွင့်ချပ်ရှစ်လွှာအဆင့်ကို ချိုးဖြတ်တတ်တဲ့ အသက်အကန့်အသတ် ဖြစ်နေတာ များလား”

ပွင့်ချပ်ကိုးလွှာအဆင့်သို့ မရောက်ခင် ပွင့်ချပ်တစ်လွှာတိုးလာမှုတိုင်းသည် ကျန်သည့်သက်တမ်းကို ပွင့်ချပ်ငါးဆယ် ထပ်ပေါင်းထည့်ပေး၏။ ရွှေရောင်မီးတောက်များဖြင့် မြင့်တက်လာသော ပွင့်ချပ်များသည် သူ့ကို နောက်ထပ် နှစ်ပေါင်း ငါးဆယ်ပေးသည်။ ဤနည်းဖြင့် သူသည် စုစုပေါင်း နှစ်ပေါင်း ၄၀၀ ရလိမ့်ပေမည်။ ပွင့်ချပ်ကိုးလွှာအဆင့်သို့ တက်ပြီးနောက် သူ ရရှိလာသည့် နှစ်ပေါင်းနှစ်ရာနှင့် ပေါင်းကာ သူက နှစ်ပေါင်း ၆၀၀ ရရှိထားသည်။

ပွင့်ချပ်ကိုးလွှာအဆင့်သို့ မရောက်ခင် သူ့တွင်ကျန်ရှိသော ၃၀၀ ပါထပ်ပေါင်းပြီးနောက် သူက ယခုဆို ၂၁၉၀၀၂၃ ရက် ရှိနေပြီဖြစ်သည်။

လုကျိုးသည် သက်ပြင်းရှည်ကြီးချလိုက်၏။ “ငါ့ရဲ့ သင်္ချာစွမ်းရည်က အတော်ကောင်းသကိုး”

မကြာမီ၌ ပွင့်ချပ်ကိုးလွှာမှ ရွှေရောင်မီးလျှံများ ပေါင်းစည်းသွားပြီး ‌ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က စတင်ပေါ်ထွက်လာ၏။ ၎င်းသည် ရွှေရောင်မီးတောက်၏ အထဲတွင် ရပ်နေကာ ခမ်းနားပြီး ဝင့်ကြွားပုံပေါ်သည်။ ၎င်းသည် နတ်ဘုရားဆန်လုနီးပါးရှိလာ၏။

ခဏအကြာတွင် သူ၏ ကျင့်ကြံဆင့်က မြင့်တက်လာတော့သည်။

ပထမဆုံးပွင့်ချပ်ရှစ်လွှာအဆင့်မှ စုဆောင်းထားသော အသက်တို့သည် သူ့ဆီပြန်ရောက်လာ၏။ သူ စုပ်ယူလိုက်သော စွမ်းအားများ ပြန်ရောက်လာတာ သဘာဝကျသည်။ ယင်းသည် စွမ်းအားအပြည့်၏ တစိတ်တပိုင်းသာ ဖြစ်သော်ငြား သာမန်လူများတွင် ရှိသည့်အရာမဟုတ်ပေ။

လုကျိုးသည် တစက္ကန့်မှ မတွေးဘဲ ခြေဆောင့်နင်းက ဝေဟင်ထဲ မီတာတစ်ထောင် ပျံသန်းလိုက်တော့သည်။

ဝှစ်

သူ၏ ပွင့်ချပ်ကိုးလွှာရွှေကြာသည် ရွှေရောင်မီးတောက်ဖြင့် ရွှေကြာပေါ်တွင် ရပ်နေ၏။ ပွင့်ချပ်ကိုးလွှာထိပ်ဖျားတွင် ရွှေရောင်မီးတောက်သည် စိတ်ဝိညာဉ်သဏ္ဌာန်နား ရစ်ဝဲနေသော ရောင်ခြည်စက်ဝိုင်းတစ်ခုနှင့် တူသည်။

“ပွင့်ချပ်ကိုးလွှာ”

“အဲဒါ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ပဲ”

ဧရိယာကို ရှာဖို့လုပ်နေသော မိစ္ဆာဝေဟင်မျှော်နန်းတပည့်များနှင့် ကျင့်ကြံသူများသည် ပေ ၁၅၀ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်လိုက်သည်။

အကြီးအကဲသုံးယောက်သည် ယခင်ကနှင့်မတူသော ပွင့်ချပ်ကိုးလွှာကို မြင်သောအခါ သူတို့၏ မျက်နှာထက်တွင် မယုံနိုင်သော အမူအရာပေါ်လာ၏။

“ရွှေရောင်မီးတောက်တွေလား”

“အဲ့တာက အနီရောင်ကြာ ကံမီးတောက်နဲ့ သက်ဆိုင်နေတဲ့ စွမ်းအားတစ်ခု ဖြစ်ရမယ်။ ကျန့်ဝမ်ရွှီးက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဆိုပေမဲ့ သူက ဒီစွမ်းအားမရှိထားဘူး။ အဲ့တာက ကျင့်ကြံသူအပေါ် မူတည်တာပဲဖြစ်ရမယ်”

ထိုစဉ် လူတိုင်းသည် ဝေဟင်ထဲသို့ ပျံသန်းသွားသော လုကျိုးကို မြင်လိုက်ရ၏။ “အဲ့တာ မျှော်နန်းသခင်ပဲ။

လုကျိုးသည် သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ အလယ်တွင် ရှိနေ၏။ “မျှော်နန်းသခင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

လုကျိုးက ဘာလုပ်ရန်ကြိုးစားနေမှန်း မည်သူမှ မသိပေ။ သူတို့က တိတ်ဆိတ်စွာ ကြည့်နေ၏။

လုကျိုးသည် မော့ကြည့်ကာ ညာလက်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ် လက်ဝါးစည်းတံဆိပ် ရိုက်ချလိုက်၏။ သူ၏ လက်ချောင်းသည် ရွှေရောင်ရောင်ခြည်ဖြင့် တောက်ပနေတော့သည်။ စွန့်ပစ်ခံဉာဏ်ပညာက သူ့ညာလက်နားတွင် ရစ်ဝဲနေ၏။ မီတာတစ်ရာအကျယ်အဝန်းကို လွှမ်းခြုံနိုင်သော လက်ဝါးစည်းတံဆိပ်သည် ဝေဟင်ထဲကနေ ကျဆင်းလာကြသည်။

ကျန်သည့်သူများသည် ယင်းကို မြင်သောအခါ မျက်လုံးပြူးကျယ်လာတော့သည်။

ဖုန်း

လက်ဝါးစည်းတံဆိပ်သည် မြေပြင်ပေါ်ထိမှန်သွားကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ပြားကပ်သွားစေသည်။ မြေပြင်ပေါ်၌ နောက်ထပ် လက်ငါးချောင်းရာ ပေါ်လာတော့သည်။

“...”

…

All Chapters