← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁) - အော်လျဲ့ ၊ ဝူစဲရဟန်း ၊ မုဆိုးမ ဆုန့်ယာ

​ကုသိုလ်တော်တောအုပ် အပြင်ဘက်။

​ကင်းလှည့်နေသော ရှူးမင်း သည် ပုံမှန်အတိုင်းပင် ရှိနေပြီး ထူးခြားမှုမရှိပေ။

သို့သော် သူ၏ မျက်ဝန်းအိမ် အနက်ရှိုင်းဆုံးနေရာတွင်မူ ဖုံးကွယ်ထား၍မရသော အအေးဓာတ်တစ်ခုနှင့်အတူ ဝမ်းသာအားရဖြစ်မှုတို့ ရောယှက်နေသည်။

​"နှစ်ပေါင်း ခြောက်ရာ ရှိပြီ "

"ငါ အော်လျဲ့ နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ "

​သူ့စိတ်အစုံမှာ အတိုင်းမသိ ကြည်နူးနေမိသည်။

လွန်ခဲ့သော ခဏလေးကမှ ထိုလူငယ်ရဟန်း၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ပူးကပ်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

သူသည်ကား အစောပိုင်းက ချင်းဟွမ်ဂိုဏ်းမှ ရှန်ကွမ်းကျင်း လွှတ်ပေးရန် ကြိုးပမ်းခဲ့သည့် ထိုမိစ္ဆာပင် ဖြစ်တော့သည်။

​ရင်းနှီးကျွမ်းဝင်လှသော လူ့လောကကြီးကို ကြည့်ရှုရင်း အော်လျဲ့သည် လေကို ဝဝလင်လင် ရှူသွင်းလိုက်သည်။

​"ကျင်းကွမ်း ကတုံးပြောင်တွေရဲ့ မျိုးဆက်တွေက အခုတော့ ဒဏ်ရာတွေ ရနေကြပြီပဲ၊ ဒါဟာ တကယ်ကို ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ "

​အော်လျဲ့က ရက်စက်စွာ ပြုံးလိုက်သည်။

​ဂျောက်

​သူ့ရှေ့တွင်ရှိသော ရဟန်းတစ်ပါး၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆွဲလိမ်ချိုးပစ်လိုက်သည်။

​"ရှူးမင်း ရဟန်းညီတော်... မင်း ဘာလုပ်တာလဲ "

​ဘေးပတ်ဝန်းကျင်ရှိ ရဟန်းများမှာ ထိတ်လန့်တုန်လှုပ်ကာ မျက်နှာပျက်သွားကြသည်။

အော်လျဲ့၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် ကောင်းလှသော အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လာပြီး လက်လှမ်းလိုက်ရုံဖြင့် နောက်ထပ် ရဟန်းတစ်ပါး၏ လည်ပင်းကို လိမ်ချိုးပစ်လိုက်ပြန်သည်။

​သူသည် ထိုကဲ့သို့ ကြမ်းတမ်းရက်စက်သော နည်းလမ်းများကို အထူးပင် နှစ်ခြိုက်ပုံရသည်။

နာကျင်စွာ အော်ဟစ်သံများမှာ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

ကင်းလှည့်နေသည့် တစ်ဖွဲ့လုံးမှာ ခဏချင်းအတွင်းမှာပင် အကုန်အစင် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

​နောက်ထပ် ကင်းလှည့်အဖွဲ့တစ်ခု ထိုနေရာသို့ ရောက်ရှိလာချိန်တွင်မူ သူတို့မြင်လိုက်ရသည်မှာ ဒဏ်ရာ ဗလပွနှင့် သေဆုံးနေသော သူတို့၏ ညီနောင်များသာ ဖြစ်သည်။

လူငယ်ရဟန်းတစ်ပါးမှာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် တစ်ခုခုကို ဝါးမြိန်စွာ စားသောက်နေသည်။

ညှီစို့စို့ သွေးနံ့များမှာ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပျံ့နှံ့နေတော့သည်။

​ကင်းလှည့်အဖွဲ့ခေါင်းဆောင်မှာ နားရွက်ကြီး၍ ကိုယ်လုံးကိုယ်ထည် တောင့်တင်းသန်မာသူဖြစ်သည်။

သူသည် ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားကာ ထိုလူငယ်ရဟန်း၏ ကျောပြင်ကို မှတ်မိလိုက်သည်။

​"ရှူးမင်း မင်း ဘာလုပ်နေတာလဲ "

​သူက ဒေါသတကြီး ဟောက်လိုက်ရင်း လက်နက်ကို အသင့်ထုတ်လိုက်သည်။

မြေပြင်တွင် ထိုင်နေသော ရှူးမင်းရဟန်းမှာ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သူ၏ လက်ထဲတွင် သန်မာသော လူ့လက်မောင်းတစ်ခုကို ဆုပ်ကိုင်ထားပြီး သွေးများမှာလည်း တစ်စက်စက် ကျနေကာ အပေါ်တွင် သွားရာများပင် ထင်ကျန်နေသည်။

​သူသည် ရဟန်းကြီးအား သွေးရောင်လွှမ်းနေသော ပါးစပ်ဖြင့် ဖြဲပြုံးပြလိုက်သည်။

ပါးစပ်ထဲတွင်လည်း အသားစများ ကပ်ညှိနေဆဲပင်။

ထိုရဟန်းမှာ မျက်နှာတစ်ခုလုံး ပျက်သွားကာ မသိမသာ နောက်ဆုတ်လိုက်မိရင်း ဦးရေပြားများ ဆိမ့်တက်သွားသလို ခံစားလိုက်ရသည်။

​"အကြီးအကဲတွေကို သတင်းပို့ကြ... ရှူးမင်း... သူ... သူ မိစ္ဆာဝင်နေပြီ "

​ဖွတ်

​သူ့စကားမဆုံးသေးခင်မှာပင် သူ့နောက်မှ ရဟန်းတစ်ပါးက ဓားဖြင့် သူ့ကျောပြင်အား ထိုးစိုက်လိုက်ရာ အေးစက်သော ဓားဖျားမှာ ရင်ဘတ်မှ ထိုးထွက်လာတော့သည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့် ကျန်ရှိသော ရဟန်းများမှာ ထပ်မံ အံ့အားသင့်သွားကြရသလို မြေပြင်မှ ရှူးမင်းရဟန်းမှာလည်း မျက်ခုံးအနည်းငယ် ပင့်သွားသည်။

​ဗျတ်

​အဖွဲ့ခေါင်းဆောင်၏ ခေါင်းမှာ ပြတ်ကျသွားပြီး လည်ပင်းမှ သွေးများမှာ ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာတော့သည်။

လူသတ်လိုက်သော ရဟန်းမှာ ရှူးမင်းရဟန်းရှေ့တွင် ဦးညွှတ်လိုက်ပြီး

​"စီနီယာကြီး... အပြောင်းအလဲတစ်ခုခု ဖြစ်မှာစိုးလို့ သူတို့ကို သတင်းပို့ခွင့် မပေးနိုင်တာပါ"

​စကားဆုံးသည်နှင့် သူသည် ဘေးရှိ ကျန်ရဟန်းများ၏ လည်ပင်းကိုလည်း ရက်စက်စွာ ဝှေ့ယမ်း ခုတ်ပိုင်းလိုက်တော့သည်။

​ရှူးမင်းရဟန်း သို့မဟုတ် အော်လျဲ့က သဘောကျစွာ ပြုံးလိုက်ရင်း

"စိတ်ဝင်စားဖို့ ကောင်းသားပဲ "

​သူသည် ထိုရဟန်းအဖွဲ့ထဲသို့ တိုးဝင်သွားကာ အတုံးအရုံး သတ်ဖြတ်ပစ်လိုက်ရာ ခဏအတွင်းမှာပင် အရာအားလုံး တိတ်ဆိတ်သွားတော့သည်။

မြေပြင်ပေါ်တွင် ကျင်းကွမ်းကျောင်းတော်မှ ရဟန်းများ၏ အလောင်းများနှင့် သွေးအိုင်များသာ ကျန်ရစ်ခဲ့သည်။

​ထိုအချိန်တွင် လူသတ်ခဲ့သော ရဟန်း၏ ခန္ဓာကိုယ်မှာ အလင်းတစ်ချက် လင်းလက်သွားပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

သူမမှာ တင့်တယ်လှပသော ကိုယ်လုံးကိုယ်ထည်ရှိပြီး တစ်ကိုယ်လုံးတွင်လည်း ညို့ဓာတ်များ ပြည့်နှက်နေသည်။

​"ချင်းဟွမ်ဂိုဏ်းက မျိုးဆက် ဆုန့်ယာ ပါ၊ စီနီယာ အော်လျဲ့ကို ဂါရဝပြုပါတယ် "

​သူမက မြေကြီးတွင် ဦးချကာ ဝတ်ပြုလိုက်သည်။

​"မင်းကလည်း ချင်းဟွမ်ဂိုဏ်းကပဲလား၊ ငါ့ကို လွှတ်ပေးဖို့ ကြိုးစားခဲ့တဲ့ ရှန်ကွမ်းကျင်းက မင်းနဲ့ ဘာတော်တာလဲ "

​"စီနီယာကြီးကို တင်ပြရရင်... သူက ကျမရဲ့ ခင်ပွန်းပါ"

​"ခုနက မင်းပဲ ငါ့ကို လွတ်မြောက်အောင် ကူညီခဲ့တာလား "

​"မှန်ပါတယ်၊ ခင်ပွန်းဖြစ်သူက ဘယ်လိုပဲဖြစ်ဖြစ် စီနီယာကြီးကို ဒီကတုံးပြောင်တွေလက်ထဲက လွတ်အောင် ကယ်ထုတ်ရမယ်လို့ ကျမကို မှာကြားခဲ့ပါတယ်"

​အော်လျဲ့၏ မျက်ဝန်းများမှာ နက်ရှိုင်းသော ရေကန်ကြီးကဲ့သို့ အေးစက်သွားပြီးမှ ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။

​"မင်းခင်ပွန်းက အဲ့ဒီ ဖိတွန်းသောပုလဲကို သုံးပြီး ငါ့ကို ပြန်ထိန်းချုပ်ဖို့ ကြံစည်နေတာ၊ အဲ့ဒါကို မင်းက ငါ့ကို ကယ်ထုတ်ပေးတယ်ဆိုတော့ ငါ မင်းကို စားပစ်မှာ မကြောက်ဘူးလား "

​အော်လျဲ့သည် ရှန်ကွမ်းကျင်း၏ ကြံစည်မှုအားလုံးကို ကောင်းကောင်းကြီး သိထားပြီးသား ဖြစ်သည်။

​"စီနီယာကြီးက နှစ်ထောင်ချီ ကျင့်ကြံထားတဲ့ မဟာမိစ္ဆာကြီးပဲ၊ နဂါးစစ်စစ်ရဲ့ သွေးမျိုးနွယ်လည်း ဖြစ်တယ်၊ အခုလို လွတ်မြောက်လာချိန်မှာ အလုပ်အကျွေးပြုမယ့်သူ လိုအပ်မှာပါ၊ ကျမက စီနီယာကြီးရဲ့ ဘေးမှာ အနီးကပ် ပြုစုစောင့်ရှောက်ပါရစေ၊ စီနီယာကြီးရဲ့ သနားညှာတာမှုကို မျှော်လင့်ပါတယ် "

​ဆုန့်ယာသည်ကား အမှန်တကယ်ပင် ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦး ဖြစ်သည်။

ခင်ပွန်းသေဆုံးသွားကာစ မုဆိုးမလေး၏ သနားစဖွယ် အမူအရာမှာ မည်သည့်ယောကျ်ားကိုမဆို တုန်ယင်သွားစေနိုင်စွမ်း ရှိသည်။

​အော်လျဲ့က ပြုံးလိုက်ရင်း

"လျန်တာအိုသမားရဲ့ တပည့်တပန်းတွေက တကယ်ကို ဉာဏ်များကြတာပဲ"

"ဒါပေမဲ့ မင်းရဲ့ ရုပ်ရည်က ငါ့အကြိုက်ပဲ၊ ငါ့နောက်မှာပဲ လိုက်ခဲ့တော့"

​ဆုန့်ယာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။

"စီနီယာ အော်လျဲ့ကို ကျေးဇူးတင်ပါတယ်"

​အော်လျဲ့သည် လူအချို့ကို ဆက်တိုက် သတ်ဖြတ်စားသောက်ပြီးနောက် မျက်လုံးများမှာ ပိုမို တောက်ပလာကာ သူ၏ အရှိန်အဝါများမှာလည်း ပြင်းထန်လာတော့သည်။

ဆုန့်ယာမှာမူ ဘေးတွင် ငြိမ်သက်စွာ ရပ်နေပြီး ရှေ့မှ သွေးပျက်ဖွယ် မြင်ကွင်းကို ဘာမှမဖြစ်သကဲ့သို့ ကြည့်နေသည်။

​အော်လျဲ့၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင် အကြေးခွံများ ခဏတာ ပေါ်လာပြီး ပြန်လည် ပျောက်ကွယ်သွားသည်။

ရှူးမင်းရဟန်း၏ ရုပ်သွင်မှာ ပျောက်ကွယ်သွားကာ မျက်ခုံးကောင်းကောင်းနှင့် ခန့်ညားသော လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

သူ့ထံမှ မောက်မာရိုင်းစိုင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

​သူက ဆုန့်ယာ၏ သွယ်လျသော ခါးလေးကို ဆွဲဖက်လိုက်ပြီး

"သွားကြစို့"

"ကျင်းကွမ်းကျောင်းတော်က ကတုံးအိုကြီးတွေကို ငါ သွားနှုတ်ဆက်ရမယ်"

​သူ့စကားများထဲတွင် အလွန်အမင်း ယုံကြည်မှုများ ပြည့်နှက်နေသည်။

ရက်စက်ခြင်း၊ ရမ္မက်ကြီးခြင်း၊ မောက်မာခြင်း! ဤအရာများမှာ အော်လျဲ့အပေါ် ဆုန့်ယာ ထားရှိသော အမြင်များဖြစ်သည်။

နှစ်ပေါင်း ရာချီ အကျဉ်းကျခံထားရသော်လည်း သူ၏ ထိုမောက်မာမှုကိုမူ ဖုံးကွယ်၍ မရပေ။

​ဆုန့်ယာက ညို့ဓာတ်ပါသော အပြုံးဖြင့်

"စီနီယာကြီးက အခုမှ လွတ်လာတာဆိုတော့ အရင်ဆုံး ဒီနေရာကနေ ထွက်သွားပြီး အင်အားတွေ အပြည့်အဝ ပြန်ရမှ ဟိုကတုံးအိုကြီးတွေကို သွားသတ်ရင် မကောင်းဘူးလား "

​အော်လျဲ့က သူမကို စိတ်ကြိုက် ဆော့ကစားရင်း ရယ်မောလိုက်သည်။

"ကျင်းကွမ်းကျောင်းတော်လေး တစ်ခုတည်းပါ၊ အဲ့ဒီ ကတုံးအိုကြီးရဲ့ မျိုးဆက်တွေထဲမှာ ယန်ဝိညာဉ် အဆင့်က တစ်ယောက်ပဲ ရှိတယ်၊ အဲ့ဒါတောင် သူက ဒဏ်ရာရထားတာဆိုတော့ ငါ့အတွက် အရေးမကြီးပါဘူး"

​ဆုန့်ယာက သူမ၏ လက်တစ်ဖက်ကို အော်လျဲ့၏ ရင်ဘတ်ပေါ် တင်လိုက်ရင်း နှုတ်ခမ်းလေးကို ကိုက်ကာ

"ဒါပေမဲ့ ကျင်းကွမ်းကျောင်းတော်မှာ တာအိုပညာရှင်တွေ အများကြီး ရှိနေတယ်၊ အထူးသဖြင့် ဟိုလူငယ် တာအိုဆရာပေါ့၊ သူ့ရဲ့ အတတ်ပညာတွေက အရမ်းပြင်းထန်တော့ စီနီယာကြီးအတွက် အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ"

​သူမ၏ အသံမှာ နားထောင်သူကို ရမ္မက်မီးတောက်စေသော နုနယ်မှုမျိုး ပါဝင်နေသည်။

အော်လျဲ့က လက်ချောင်းဖြင့် ဆုန့်ယာ၏ မေးစေ့လေးကို မော့လိုက်ကာ

​"မင်းက မင်းခင်ပွန်းကို သတ်သွားတဲ့ အဲ့ဒီ ကောင်လေးကို ငါ့လက်နဲ့ သတ်ခိုင်းဖို့ ငါ့ကို မြှောက်ပင့်နေတာပဲ၊ ငါ မသိဘူး ထင်နေလား "

​ဆုန့်ယာ၏ ကိုယ်လေး တုန်ရင်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"ကျမက စီနီယာကြီးအတွက် စိုးရိမ်လို့ပါ၊ တခြား စိတ်မရှိပါဘူး"

​အော်လျဲ့၏ လက်ချောင်းများက ဆုန့်ယာ၏ လည်တိုင်မှ အောက်သို့ တဖြည်းဖြည်း လျှောဆင်းသွားသည်။

"ရှင်းပြမနေနဲ့၊ မင်းက သေသွားတဲ့ ခင်ပွန်းအပေါ် သစ္စာရှိတာကို ငါ သဘောကျတယ်"

​သူ့အပြုံးမှာ အလွန်ပင် ယုတ်မာလှသည်။

ဟုတ်သည်လေ၊ နှစ်ပေါင်း ထောင်ချီ အသက်ရှင်ခဲ့သော မိစ္ဆာတစ်ကောင်သည် မောက်မာရမ္မက်ကြီးချင် ကြီးမည်၊ သို့သော် ဦးနှောက်မရှိသူတော့ မဟုတ်ပေ။

​ဆုန့်ယာက ညည်းတွားလိုက်ရင်း

"စီနီယာကြီး... ကျမ မှားသွားပါတယ်"

​"ဟဲဟဲဟဲ လူ့လောကမှာက ပျော်စရာတွေ အများကြီးပဲ "

"ကျင်းကွမ်း ကတုံးအိုကြီးက ငါ့ကို နှိမ်နင်းဖို့ ဒီကျောင်းတော်ကို တည်ခဲ့တာ၊ အခု ငါက သူ့တပည့်တပန်းတွေကို အကုန်သတ်ပြီး သူ့ရဲ့ အနွယ်အဆက်ကို ဖြတ်ပစ်မယ် "

​အော်လျဲ့၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ ထွက်ပေါ်လာသည်။

"စိတ်မပူနဲ့၊ အဲ့ဒီ တာအိုဆရာကောင်လေးနဲ့ တွေ့ရင် ငါ သူ့ကို သတ်ပြီး အရေခွံနွှာပေးမယ်၊ ဘယ်လိုလဲ "

​ဆုန့်ယာ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ပေါ်လာသည်။

"ကျေးဇူးတင်ပါတယ် စီနီယာကြီး၊ ကျမ စီနီယာကြီးကို အကောင်းဆုံး ပြုစုပါ့မယ် "

​ကုသိုလ်တော်တောအုပ်ရှိ အမြင့်ဆုံး ကျောက်စေတီကြီးအတွင်း။

​၎င်းကို အထပ်သုံးထပ် ခွဲခြားထားသည်။

ပထမထပ်နှင့် ဒုတိယထပ်တို့တွင် ကျင်းကွမ်းကျောင်းတော်မှ ရဟန်းများ ရှိနေကြပြီး တစ်ဦးချင်းစီမှာ သစ်သားငါး၊ တရားကျမ်း သို့မဟုတ် ပုတီးစိပ်လျက် လောဟန် မိစ္ဆာနှိမ်နင်းရေး အစီအရင်အတွက် အင်အားများ ဖြည့်ဆည်းပေးနေကြသည်။

​တတိယထပ်တွင်မူ လူ (၇) ဦး ရှိနေသည်။

ယုရှု ရဟန်းကြီး၊ ပူရှင်း ဆရာတော်၊ ပူအင် ဆရာတော်တို့ ရှိနေကြပြီး ပူဟိုင် ရဟန်းကြီးတစ်ပါးသာ အပြင်တွင် ရှိနေသည်။

ကျင်းကွမ်းကျောင်းတော်၏ "ပူ" အနွယ်ဝင် ရဟန်းကြီးများ အားလုံး ထိုနေရာတွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။

​အလယ်ဗဟိုတွင်မူ အသက် (၃၀) ခန့်ရှိသော လူငယ်ရဟန်းတစ်ပါး ထိုင်နေသည်။

သူကား ကျင်းကွမ်းကျောင်းတော်၏ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကျောင်းထိုင်ဆရာတော် ဝူစဲ ပင် ဖြစ်တော့သည်။

အခန်း (၃၀၂) - သတ်ဖြတ်ခြင်းဘေးဒုက္ခ ၊ တတိယအဆင့် ယန်ဝိညာဉ်တိုက်ပွဲ

​အခြားသော မေတ္တာကရုဏာကြီးမားလှသည့် ရဟန်းအိုကြီးများနှင့် မတူဘဲ ဝူစဲရဟန်းမှာ သာမန်အဆင့်နိမ့် တပည့်လေးတစ်ဦးကဲ့သို့ပင် အလွန်တရာ ငယ်ရွယ်လှသည်။

​ထို့ပြင်

သူသည် ချောမောခန့်ညားသော ရဟန်းတစ်ပါးလည်း မဟုတ်ပေ။

ကိုယ်လုံးကိုယ်ထည် ထောင့်တင်းသည့် လူငယ်တစ်ဦးဖြစ်ကာ အနည်းငယ် ဝဖြိုးပြီး ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည့် မျက်နှာပေါက်မျိုး ရှိသည့်အတွက် အမြဲတမ်း စိတ်မချမ်းမြေ့စရာ မျက်နှာပေးမျိုး ဖြစ်နေတတ်သည်။

​အကယ်၍ ကိုယ်တိုင်မမြင်ခဲ့ရပါက ကျင်းကွမ်းကျောင်းတော်၏ လူငယ်ကျောင်းထိုင်ဆရာတော်မှာ ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်မျိုး ရှိလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မိကြမည် မဟုတ်ပေ။

​ယခုအချိန်တွင် ဝူစဲရဟန်းသည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။

သူသည် တစ်ခါတစ်ရံ မျက်လုံးကို မှိတ်ထားပြီး တစ်ခါတစ်ရံ မျက်လုံးကို ဖွင့်လိုက်သည်။

တချို့အချိန်များတွင် လည်ချောင်းကို ညှစ်၍ လုံးဝ စိမ်းသက်သော အသံတစ်ခုဖြင့် စကားပြောဆိုနေတတ်သည်။

​လူ့လောကတွင် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပွားပါက

ပုံမှန်အားဖြင့် နတ်ဆရာများ သို့မဟုတ် ရဟန်းနှင့် တာအိုဆရာများကို ပင့်ဖိတ်၍ မိစ္ဆာနှိမ်နင်းခြင်း၊ သရဲဖမ်းခြင်းများကို ပြုလုပ်ကြရမည်ဖြစ်သည်။

​သို့သော်

ထိုမြင်ကွင်းမှာ ဝူစဲရဟန်း၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေခြင်းက အနည်းငယ် ထိတ်လန့်ဖွယ် ကောင်းလှသည်။

သူသည်ကား ကျင်းကွမ်းကျောင်းတော်၌ နှစ်ပေါင်းရာချီအတွင်း မတွေ့ဖူးသည့် ကြည်လင်သော ဗုဒ္ဓနှလုံးသား ပိုင်ရှင်ပင် ဖြစ်သည်။

​မည်သည့်အချိန်တွင်မဆို ယန်ဝိညာဉ်ကို စုစည်းနိုင်ပြီး၊

တတိယအဆင့်သို့ ရောက်ရှိနိုင်သူ ဖြစ်သည်။

ဝူစဲရဟန်းနှင့် နှိုင်းယှဉ်လျှင် အခြားသော ဗုဒ္ဓမျိုးနွယ်စု သို့မဟုတ် တာအိုမျိုးနွယ်စုဟု ခေါ်ဆိုကြသူများမှာ အနည်းငယ် မှေးမှိန်သွားကြရသည်။

​ဝူစဲရဟန်းသည် ပုံမှန်အားဖြင့် သဘောထား နူးညံ့သိမ်မွေ့သူဖြစ်ပြီး မကောင်းသော စိတ်ဓာတ် သို့မဟုတ် သတ်ဖြတ်လိုစိတ်များလည်း မရှိပေ။

နှမြောစရာကောင်းသည်မှာ

ဤကဲ့သို့ မျှော်လင့်ချက် အလွန်ကြီးမားသည့် လူငယ်၊ ပြဿနာအနည်းဆုံး ဖြစ်နိုင်လိမ့်မည်ဟု ထင်ရသည့် လူငယ်

ကျင်းကွမ်းကျောင်းတော်၏ ခေါင်းဆောင်

သူကိုယ်တိုင်ပင် ပြဿနာတက်နေခဲ့သည်။

၎င်းမှာ သူ၏ စိတ်အခြေအနေတွင် ပြဿနာတက်ခြင်းဖြစ်ကာ

စိတ်မိစ္ဆာ ဝင်ရောက်နေခြင်းပင်။

​၎င်းမှာ ကျင်းကွမ်းကျောင်းတော်၏ အခြေခံအုတ်မြစ်ကိုပင် တုန်လှုပ်စေခဲ့သည်။

မူလက ယန်ဝိညာဉ် ကျင့်ကြံသူနှစ်ဦးအထိ ရှိလာပြီး ကျင်းကွမ်းကျောင်းတော်ကို ပိုမိုတောက်ပစေနိုင်မည် ဖြစ်သော်လည်း

ယခုမူ အလွန်ပြင်းထန်သော ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့ပြီ။

​ဗုဒ္ဓဘာသာ ရဟန်းကြီးများ၏ ဓာတ်တော် များကို တတိယအထပ်တွင် ထားရှိပြီး၊

ဝူစဲရဟန်း၏ စိတ်မိစ္ဆာကို နှိမ်နင်းရန် အင်အားများ ဖြည့်ဆည်းပေးနေကြသည်။

ကျောင်းတော်တစ်ခုလုံး၏ အင်အားအပြင် တကယ့် တတိယအဆင့် ယန်ဝိညာဉ် အဆင့်မြင့်ပညာရှင်တစ်ဦးပါ ပါဝင်သော်လည်း

ဝူစဲရဟန်း၏ စိတ်မိစ္ဆာမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

​"ဟေး... ကတုံးအိုကြီး၊ မင်း ရောက်လာပြီပဲ၊ မတွေ့တာ ကြာပြီနော် "

​ဝူစဲရဟန်း၏ ခန္ဓာကိုယ်ထဲမှ အခြားသော အသံတစ်ခု ထွက်ပေါ်လာပြီး ယခုအချိန်တွင် ဝူစဲရဟန်း၏ မျက်လုံးများထဲ၌ ခနဲ့တဲ့တဲ့ အမူအရာများ ရှိနေသည်။

​"အောက်တန်းစား မိစ္ဆာ ကျောင်းထိုင်ဆရာတော်ရဲ့ ခန္ဓာကိုယ်ထဲကနေ အမြန်ဆုံး ထွက်သွားစမ်း "

​ယုရှုရဟန်းကြီးက ဒေါသတကြီး ဟောက်လိုက်သည်။

ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားတစ်ခုကို ရိုက်လွှတ်လိုက်သည်။

ဝူစဲရဟန်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ခုခုမှာ ဗုဒ္ဓဘာသာ စွမ်းအားများ ပါဝင်သည့် ထိုတန်ခိုးစွမ်းအားကို ခုခံနိုင်စွမ်း မရှိပုံရသည်။

​အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးချိန်အထိ ရုန်းကန်ပြီးနောက်

ဝူစဲရဟန်းက ခေါင်းကို ရုတ်တရက် မော့လိုက်ရာ နာကျင်နေသည့် အမူအရာများမှာ ပျောက်ကွယ်သွားသည်။

သူက လှောင်ပြုံးပြုံးရင်း

"ဟဲဟဲ... မင်းတို့ကို လှည့်စားလိုက်တာပဲ၊ ကတုံးအိုတစ်စု၊ ငါ့ကို တရားနဲ့ ချော့မြူချင်တယ်ပေါ့၊ တကယ့်ကို အိမ်မက်ယောင်နေတာပဲ "

​ယုရှုရဟန်းကြီးသာမက အခြားသော ရဟန်းအိုကြီးများပါ မျက်မှောင်ကြုတ်သွားကြသည်။

ရဟန်းများရှေ့တွင်ပင် ကတုံးဟု ဆဲဆိုနေခြင်းမှာ၊

ဤမိစ္ဆာ၏ စရိုက်မှာ အလွန်ပင် ဆိုးရွားလွန်းလှသည်။

​ယုရှုရဟန်းကြီး၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

သူ၏ လက်ဝါးပေါ်တွင် ဗုဒ္ဓတံဆိပ်တော် ပေါ်လာသော်လည်း

ဝူစဲရဟန်း၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

​"ကျုပ်... ကျုပ် အရမ်းနာကျင်နေတယ်၊ ကယ်ကြပါဦး... ကယ်ကြပါဦး "

​သူ၏ အမူအရာမှာ အလွန်အမင်း နာကျင်နေပုံရပြီး ခံနိုင်ရည်မရှိတော့သလို ဖြစ်နေသည်။

ဤအသံမှာ

ကျောင်းထိုင်ဆရာတော် လူငယ်လေး ဝူစဲရဟန်း၏ အစစ်အမှန် အသံပင် ဖြစ်သည်။

​ယုရှုရဟန်းကြီး၏ စိတ်ထဲတွင် သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်မိသည်။

ဝူစဲရဟန်းအတွက် လောဟန် မိစ္ဆာနှိမ်နင်းရေး အစီအရင်ကို ဆက်လက် ခိုင်ခံ့အောင် ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။

​ထိုစဉ်

အလွန် အစွမ်းထက်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။

၎င်းမှာ လူကို စိတ်လှုပ်ရှား တုန်ရင်သွားစေသည်။

​ယုရှုရဟန်းကြီးက ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ခိုင်ခံ့လှသော ကျောက်နံရံကိုပင် ဖောက်ထွင်းမြင်နိုင်သယောင် ရှိနေသည်။

ထိုအရှိန်အဝါမှာ အေးစက်ပြီး မိစ္ဆာဆန်လှသည်။

ထို့ပြင် အနည်းငယ်လည်း ရင်းနှီးနေသည်။

​ယုရှုဆရာတော်က မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘယ်လိုဖြစ်တာလည်း လွတ်မြောက်လာတာလား "

​သူသည် စိတ်မိစ္ဆာနှိပ်စက်ခံနေရသော ဝူစဲရဟန်းကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

"လောဟန် မိစ္ဆာနှိမ်နင်းရေး အစီအရင်ကို တည်ငြိမ်အောင် ထိန်းထားကြ၊ ဝူစဲကို မိစ္ဆာလမ်းထဲကို လုံးဝ ကျရောက်မသွားစေနဲ့ "

​"မှန်လှပါ ဘုရား "

​ယုရှုဆရာတော်မှာ ကောင်းကင်သို့ တိုက်ရိုက် ပျံတက်သွားတော့သည်။

တစ်ကိုယ်လုံးမှာ ပြင်းထန်သော ဗုဒ္ဓအလင်းတန်းများ ဖြာထွက်နေသည်။

အဝေးတစ်နေရာသို့ အကြည့်ကို ပို့လိုက်ရာ

မျက်ခုံးကောင်းကောင်းနှင့် လူငယ်တစ်ဦးမှာ ရင်ဘတ်ကို လက်ပိုက်လျက် ခနဲ့တဲ့တဲ့ အပြုံးဖြင့် ရှိနေသည်။

ညဉ့်ကောင်းကင်ယံတွင်

သူသည်လည်း လေထဲတွင် လမ်းလျှောက်နေခြင်း ဖြစ်သည်။

​"ကျင်းကွမ်းကျောင်းတော်က ကတုံးတွေ၊ သေဖို့အတွက် ထွက်လာခဲ့ကြစမ်း "

​ထိုလူငယ်က အေးစက်စွာ ဟောက်လိုက်သည်။

၎င်းမှာ ခဏချင်းအတွင်းမှာပင် ကျင်းကွမ်းကျောင်းတော်ရှိ လူတိုင်း၏ နားထဲတွင်

အလွန်တရာ ရှင်းလင်းစွာ ဟိန်းထွက်သွားတော့သည်။

​တစ်ချိန်တည်းမှာပင်

ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး မိစ္ဆာဓာတ်များမှာ ကောင်းကင်သို့ လွှမ်းခြုံသွားသည်။

လူကို တုန်ရင်သွားစေသည်။

​အကယ်၍ ရှန်ကွမ်းကျင်းက နောက်ကျောဘက် တောင်ကုန်းတွင် လီယန်ချူနှင့် တိုက်ခိုက်ခြင်းမှာ လူများကို အသံကြားရုံဖြင့် အနည်းငယ် စပ်စုချင်စိတ် ဖြစ်စေရုံသာ ဖြစ်သော်လည်း၊

ယခု အရှိန်အဝါမှာမူ လူတိုင်းကို ထိတ်လန့်စဖွယ် ကမ္ဘာပျက်မည့် ဘေးဒုက္ခကြီးထဲသို့ ကျရောက်သွားသလို ခံစားရစေသည်။

​ပုံရိပ်များစွာမှာ အဆောက်အအုံ အမိုးများပေါ်သို့ ခုန်တက်လာကြသည်။

"ဟူးးးး"

"ဟူးးးး"

​လူတိုင်းက တစ်ချက်ကြည့်လိုက်ရုံနှင့်

အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ကြမိသည်။

"အမလေး... အဲ့ဒါ ဘာကြီးလဲ"

"ဘယ်လိုဖြစ်လို့ နဂါးကြီး ရှိနေရတာလဲ "

​ကောင်းကင်ယံတွင် ပေတစ်ရာခန့် ရှည်လျားသော နဂါး (မြွေနဂါး) တစ်ကောင် ရှိနေပြီး အကြေးခွံများမှာ သတ္တုကဲ့သို့ ပြောင်လက်နေသည်။

ကြမ်းတမ်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သွေးများမှာ အေးခဲသွားမတတ်ပင်။

​"တိရစ္ဆာန်မိစ္ဆာ ဗုဒ္ဓဘာသာ သန့်စင်ရာနယ်မြေကိုတောင် လာပြီး စိန်ခေါ်ဝံ့တယ်ပေါ့ "

​"ဟဲဟဲဟဲ... ကတုံးအိုကြီး၊ စကားလုံးတွေကတော့ အတော်ကြီးတာပဲ၊ မင်းကိုယ်မင်း ကျင်းကွမ်း အဖိုးကြီး ပြန်ဝင်စားနေတယ်လို့ ထင်နေတာလား "

​"ရိုင်းစိုင်းလှချည်လား သေချင်နေတာပဲ "

​ရွှေရောင်ကိုယ်ထည်ကြီး တစ်ခုမှာ ချက်ချင်း ပေါ်ထွက်လာသည်။

အမြင့် ဆယ်ပေခန့်ရှိကာ ကိုယ်လုံးကိုယ်ထည် တောင့်တင်းလှသည့် ဗုဒ္ဓဘာသာ ကိန်နရာ ကြီးပင်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပြင်းထန်သော ဗုဒ္ဓဘာသာ အရှိန်အဝါများ ဖြာထွက်နေသည်။

​ဒါက ဝိညာဉ်ပုံရိပ်ဖော်

တတိယအဆင့် ယန်ဝိညာဉ်

​ဝုန်းးးး

​ကိန်နရာ ပုံရိပ်ကြီးက လက်နှစ်ဖက်ဖြင့် ဗုဒ္ဓဘာသာ လက်သီးတံဆိပ်ကို ဖော်ဆောင်ကာ နဂါးကြီးဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

အရှိန်အဝါမှာ မိုးကြိုးမုန်တိုင်းကဲ့သို့ ပြင်းထန်ပြီး ကောင်းကင်နှင့် မြေကြီးကို ဝါးမြိုမတတ်ပင်။

​နဂါးကြီး၏ မျက်လုံးများမှာ အေးစက်နေပြီး ပါးစပ်မှ အေးစက်သော အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။

​ဝုန်းးးး

​နှစ်ဦးသား ထိပ်တိုက်တွေ့ဆုံမှုကြောင့် ထွက်ပေါ်လာသော ရိုက်ခတ်မှု အဟုန်မှာ ကောင်းကင်ယံတွင် ကြီးမားသော အလင်းကွင်းကြီး တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားသည်။

နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားသည်။

​ကျင့်ကြံမှု အနည်းငယ် နိမ့်ပါးသော ကျင့်ကြံသူများမှာ မျက်လုံးများ စူးရှကာ မျက်ရည်များ ဝိုင်းလာကြရသည်။

​ယန်ဝိညာဉ်

ထိုအဆင့်သို့ ခြေတစ်လှမ်း လှမ်းနိုင်ခြင်းကပင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားပြီ ဖြစ်သည်။

​ပုံရိပ်နှစ်ခု တိုက်ခိုက်နေပုံမှာ ရှေးဟောင်းဒဏ္ဍာရီများ ပြန်လည် နိုးထလာသကဲ့သို့ပင် အလွန်တရာ ခမ်းနားလှပြီး လူကို ထိတ်လန့်စေသည်။

ထို ကမ္ဘာပျက်မတတ် ပြင်းထန်လှသော တန်ခိုးစွမ်းအား တိုက်ပွဲမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

​ကျင်းကွမ်းကျောင်းတော်၏ အထက်တွင် မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။

၎င်းမှာ ကျောင်းတော်တစ်ခုလုံးကို ကာကွယ်ထားသည်။

ဒါက တောင်စောင့်အစီအရင် ဖြစ်ကာ မြေပြင်အနေအထားနှင့် ဗုဒ္ဓဘာသာ၏ ထွန်းကားသော ဆွမ်း၊ ပန်း၊ နံ့သာ အရှိန်အဝါများကို အသုံးပြု၍ ကျောင်းတော်ရှိ တပည့်များကို ကာကွယ်ပေးထားခြင်း ဖြစ်သည်။

​မဟုတ်ပါက

တတိယအဆင့် အဆင့်မြင့် ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ရိုက်ခတ်မှုများက ကျင်းကွမ်းကျောင်းတော်ရှိ အဆောက်အအုံ အများစုကို ဖျက်ဆီးပစ်လိမ့်မည်။

​ကျင့်ကြံသူ အသီးသီးတို့မှာ မျက်လုံးများ ပြူးကာ အလွန်တရာ အံ့အားသင့်နေကြသည်။

"ကျင်းကွမ်းကျောင်းတော်မှာ ယန်ဝိညာဉ် အဆင့် နှစ်ယောက် တိုက်ခိုက်တာကို မြင်ရလိမ့်မယ်လို့ မထင်ထားဘူး၊ တကယ်ကို လာရကျိုးနပ်ပါတယ်၊ ယောကျ်ားကောင်း ဆိုတာ ဒီလိုပဲ ဖြစ်ရမယ် "

​ဓားနှစ်လက်ကို လွယ်ထားသည့် မောက်မာသော လူငယ်တစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။

ဘေးပတ်ဝန်းကျင်ရှိ လူများက သူ့ကို ကြည့်သည့် အကြည့်မှာ ရုတ်တရက် ထူးဆန်းသွားကြသည်။

​ဒွမ်းမူရွှမ်း

တင်းရုံ

ဟော့တက်ဂိုဏ်း မှ တာအိုဆရာ

နှင့် အခြားသော အလွတ်တန်း ကျင့်ကြံသူ များမှာ

ထို ကမ္ဘာကျော် တိုက်ပွဲကြီးကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေကြသည်။

​ဝုန်းးးး

ဝုန်းးးး

​ပေါက်ကွဲသံများမှာ နားကွဲမတတ် ပြင်းထန်လှသည်။

တစ်ဖက်တွင် ဗုဒ္ဓဘာသာ၏ ကာကွယ်စောင့်ရှောက်သူ ကိန်နရာကြီးက လက်ထဲတွင် တောင်ဝှေးနှင့် ပုတီးကို ကိုင်ဆောင်ကာ အလွန်တရာ ပြင်းထန်ရဲရင့်နေသည်။

အခြားတစ်ဖက်တွင်မူ နှစ်ပေါင်းထောင်ချီ ကျင့်ကြံထားသော မဟာမိစ္ဆာ အော်လျဲ့ မှာ နဂါးစစ်စစ်၏ သွေးမျိုးနွယ်ဖြစ်ကာ နဂါးခန္ဓာကိုယ်ဖြင့် မိစ္ဆာအတတ်ပညာများမှာ အလွန်တရာ ပြင်းထန်လှသည်။

​နှစ်ဦးစလုံးမှာ တတိယအဆင့် အဆင့်မြင့် ကျင့်ကြံသူများပင်။

တန်ခိုးစွမ်းအားများ၏ ပြင်းထန်မှုမှာ ကောင်းကင်ပြိုကာ မြေကြီးအက်မတတ်ပင်။

​ဝုန်းးးး

​ကိန်နရာပုံရိပ်ကြီးက လက်သီးတံဆိပ်ကို ဖော်ဆောင်ကာ နဂါးကြီး၏ ကျောပြင်ပေါ်သို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ကြည်လင်သော လှိုင်းလုံးများမှာ အထပ်ထပ် ထွက်ပေါ်လာသည်။

ဟိန်းသံကြီးကြောင့် လူတိုင်း၏ ကြားသိနိုင်စွမ်းမှာ ခဏတာ ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်များမှာလည်း တုန်လှုပ်သွားကြရသည်။

​"ခြေတစ်လှမ်း ကွာရုံနဲ့ ဒီလောက်တောင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားသွားလိမ့်မယ်လို့ မထင်ထားဘူး "

ဟော့တက်ဂိုဏ်းမှ တာအိုဆရာမှာ အလွန်တရာ အံ့အားသင့်နေသည်။

​တတိယအဆင့် ဆိုသည်မှာ ကျင့်ကြံသူတိုင်း တောင့်တရသည့် အဆင့်ပင် ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါကို လက်ကိုင်ပြုကာ

တောင်ကိုဖြို၍ ကျောက်ကိုခွဲနိုင်စွမ်း ရှိသည်။

​ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး

​ပုံရိပ်ကြီးနှစ်ခုမှာ တောက်ပသော အလင်းတန်းများဖြင့် တိုက်ခိုက်နေကြပြီး ပေါက်ကွဲသံများမှာ ကမ္ဘာတုန်မတတ်ပင်၊ ခဏချင်းအတွင်းမှာပင် အကြိမ်ပေါင်း ထောင်ချီ၍ တိုက်ခိုက်နေကြပြီ ဖြစ်သည်။

အံ့ဩစရာ ကောင်းသည်မှာ

​အလွန်တရာ ပြင်းထန်လှသည်ဟု ထင်ရသော ဗုဒ္ဓဘာသာ ကိန်နရာ ပုံရိပ်ကြီးမှာ အခြေအနေမကောင်းဘဲ ဖြစ်နေသည်။

ကိုယ်ပေါ်ရှိ ရွှေရောင် ဗုဒ္ဓအလင်းတန်းများမှာ တဖြည်းဖြည်း မှိန်ဖျော့လာနေသည်။

​ရှုံးနိမ့်ခြင်းမှာ

မျက်စိရှေ့သို့ ရောက်ရှိလာပုံရသည်

All Chapters