အခန်း (၃၀၅-၃၀၆)
Vol. 31 Ch. 305-306
အခန်း (၃၀၅) - ကြောက်မက်ဖွယ် သတ္တဝါကြီး သုံးကောင်၊ လေတံခွန်လွှတ်သလို ကစားခြင်းနှင့် ငါးကြိမ်မြောက် အဆင့်မြှင့်ထားသော မိုးကြိုးငါးပါးအဆောင်
ရှေးလူကြီးများ ပြောလေ့ရှိသည်မှာ၊ ကောင်းကင်ပြိုလျှင် အရပ်အရှည်ဆုံးသူက တောင့်ခံလိမ့်မည်ဟူ၍ ဖြစ်သည်။
သို့သော်လည်း၊ မည်သည့်အချိန်မှစ၍ ဖြစ်မှန်းမသိဘဲ လီယန်ချူသည်လည်း သူတစ်ပါးမျက်လုံးထဲတွင် ထိုအရပ်အရှည်ဆုံးသူ (အားကိုးထိုက်သူ) တဖြည်းဖြည်း ဖြစ်လာခဲ့ပြီဖြစ်သည်။
မှန်ပါသည်၊ ထိုအချက်မှာ မြွေနဂါးကြီး အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် သူ၏စွမ်းအားများ ပြန်လည်မပြည့်ဝသေးခြင်းနှင့် ပြင်းထန်သော တိုက်ပွဲကြီးအပြီးတွင် အင်အားများစွာ ဆုတ်ယုတ်နေခြင်းကြောင့်လည်း ပါဝင်သည်။
အကယ်၍သာ အင်အားအပြည့်ရှိနေသော တတိယအဆင့် ယန်ဝိညာဉ် ကျွမ်းကျင်သူတစ်ဦးဖြစ်ပါက၊ ခုခံရန်မှာ အလွန်တရာ ခက်ခဲလှပေလိမ့်မည်။
ဝေါင်းးးး
မြွေနဂါးကြီးသည် ဆက်တိုက်ဟောက်ရင်း ရွှေချပ်ဝတ် နတ်စစ်သူကြီးထံသို့ တိုက်ရိုက်ခုန်အုပ် တိုက်ခိုက်လိုက်သည်။
ဟိန်းးးးး
ကောင်းကင်တုန်ဟည်းသွားစေမည့် ဟိန်းသံကြီးများစွာ ထွက်ပေါ်လာသည်
မြင့်မြတ်လှသော နတ်ဘုရားအရှိန်အဝါများ လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ် သတ္တဝါကြီး သုံးကောင် ပေါ်ထွက်လာပြီး၊ မြွေနဂါးကြီးကို တိုက်ရိုက် ဝိုင်းရံလိုက်ကြတော့သည်။
"ရှူးးးး "
ပတ်ဝန်းကျင်မှ လူတိုင်းမှာ အသက်ရှူပင် မှားသွားကြရသည်။
ထိုသတ္တဝါကြီး သုံးကောင်ကို မှတ်မိသွားပြီးနောက် သူတို့၏မျက်ဝန်းများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားရသည်။
ပါးရှ
ချောင်ဖုန်း
ယာ့ကျစ်
"မေမေရေးးးးး ဒါက ဘယ်လို ပုဂ္ဂိုလ်ကြီးလဲဟ"
ကျင့်ကြံသူတစ်ဦးက အလန့်တကြား အော်ဟစ်လိုက်မိသည်။
ကြောက်မက်ဖွယ် သတ္တဝါကြီး သုံးကောင်မှာ မြွေနဂါးကြီးကို တိုက်ရိုက် ပိတ်ဆို့လိုက်ကြသည်။
နီးကပ်သော အသားချင်းထိ တိုက်ပွဲကြီး စတင်လေပြီ
ခဏချင်းအတွင်းမှာပင်
သဲတဝုန်းဝုန်း လွင့်စင်ကာ ကျောက်ခဲများ လွင့်ထွက်ကုန်ပြီး၊ ပြင်းထန်သော လေမုန်တိုင်းများမှာ အရပ်မျက်နှာအနှံ့ တိုက်ခတ်လာသည်။
ယခင်က ဆက်တိုက် သတ်ဖြတ်ကာ စုပ်ယူခဲ့သော တောင်နှင့်ပင်လယ်ကျမ်းလာ ထူးဆန်းသော သတ္တဝါ ဖေး နှင့် ပါရှိမြွေ တို့၏ စွမ်းအားများကြောင့် ထိုသတ္တဝါကြီး သုံးကောင်၏ သတ်ဖြတ်လိုစိတ်မှာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
ယခုတွင် သူတို့ သုံးဦး ပူးပေါင်းကာ မြွေနဂါးကြီးကို ထိုးနှက်တိုက်ခိုက်ရာ၊ မြွေနဂါးကြီးမှာပင် အသာစီးမရနိုင်ဘဲ ဖြစ်နေတော့သည်။
ထို့နောက်
ရွှေချပ်ဝတ် နတ်စစ်သူကြီး၏ လက်ထဲတွင် ရှေးဟောင်း လေးကြီးတစ်လက် ပေါ်ထွက်လာသည်ကို လူတိုင်း မြင်လိုက်ကြရသည်။
စွမ်းအားပြင်းထန်လှသော ကြွက်သားများထံမှ ရွှေရောင် နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာကာ၊ လေးကြိုးကို လမင်းကြီးအဝိုင်းကဲ့သို့ အပြည့်အဝ ဆွဲလိုက်သည်။
မီးလျှံအလင်းတန်းများဖြင့် ဖွဲ့စည်းထားသော မြှားတစ်စင်းသည် ညကောင်းကင်ယံကို ဖြတ်သန်းသွားသည်။
ဝုန်းးးး
မြှားသည် မြွေနဂါးကြီးကို တည့်တည့်ထိမှန်သွားသည်
ဖုန်းနတ်ဘုရားလေး
မြွေနဂါးကြီးမှာ မခံမရပ်နိုင်အောင် နာကျင်လှသဖြင့် အကျယ်ကြီး အော်ဟစ်လိုက်မိသည်။
လီယန်ချူသည် လင်ကွမ်းဖိတ်ခေါ်အဆောင်ကို အသုံးပြုထားပြီး၊ ဖုန်းနတ်ဘုရားလေးနှင့် ပူးပေါင်းလိုက်သောအခါ
အဆုံးစွန်သော သတ်ဖြတ်နိုင်စွမ်းကို ထုတ်ဖော်နိုင်ခဲ့သည်။
၎င်းမှာ ရှေးဦးနတ်ဘုရားဘုရင်တစ်ပါးက လေးနှင့်မြှားကို အသုံးပြု၍ နဂါးနှင့် ဖီးနစ်ငှက်တို့ကို ပစ်သတ်နေသကဲ့သို့ပင်။
ဝုန်းးးး
နောက်ထပ် မြှားတစ်စင်း
မြွေနဂါးကြီး၏ ကိုယ်ပေါ်တွင် နောက်ထပ် ဒဏ်ရာသစ်များ ထပ်မံ ပေါ်ထွက်လာပြန်သည်။
ရွှေချပ်ဝတ် နတ်စစ်သူကြီး၏ မျက်ဝန်းအစုံတွင် တိုက်ခိုက်လိုစိတ်များ ဆူပွက်နေပြီး၊ နတ်ဘုရားအလင်းတန်းများမှာ တောက်ပလှပနေသည်။
သူသည် မြွေနဂါးကြီးဆီသို့ မြှားတစ်စင်းပြီး တစ်စင်းကို တိုက်ရိုက် ပစ်လွှတ်နေတော့သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများ ဆက်တိုက် ပဲ့တင်ထပ်နေသည်။
"ဖုန်းနတ်ဘုရားလေး"
အချို့သောသူများက ဤမှော်လက်နက်ကို မှတ်မိသွားသဖြင့် စိတ်ထဲတွင် ထိတ်လန့်သွားကြသည်။
၎င်းမှာ မော်ရှန်းတောင်မှ လေးစားအပ်သော တာအိုဆရာလေး ဟုန်ပိုင်ဝေ ၏ လက်နက်ဖြစ်ပြီး၊ ဟုန်ပိုင်ဝေ သည် နတ်ဘုရားနယ်မြေအတွင်း၌ သေဆုံးသွားပြီးနောက် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
ယခုတွင် ထိုလက်နက်မှာ လောကအပြင်သို့ ပြန်လည် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
မြွေနဂါးကြီး အလွန်ဒေါသထွက်သွားသည်။
ဤအတိုင်းသာ ဆက်သွားနေပါက၊ ယနေ့တွင် သူသည် အမှန်တကယ်ပင် ကံဆိုးမိုးမှောင်ကျကာ၊ မည်သည့်နေရာက ပေါ်လာမှန်းမသိသော ထိုရွှေချပ်ဝတ် နတ်စစ်သူကြီး၏ လက်ထဲတွင် သေဆုံးရတော့မည်။
သူက အကျယ်ကြီး ဟောက်လိုက်သည်။
သတ္တဝါကြီး သုံးကောင်ကို အတင်းအဓမ္မ ခါထုတ်လိုက်ပြီး၊ လီယန်ချူထံသို့ တိုက်ရိုက် ခုန်အုပ်လိုက်တော့သည်။
လေဓား လေဆင်နှာမောင်းများကို အသုံးပြု၍ မရတော့သောကြောင့်
မြွေနဂါးကြီးသည် သူကျွမ်းကျင်သော အဆိပ်ငွေ့များကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
သူသည် သွေးစွန်းနေသော ပါးစပ်ကြီးကို ဟလိုက်ပြီး
ပြင်းထန်လှသော အနံ့ဆိုးများနှင့်အတူ အဆိပ်မြူများကို မှုတ်ထုတ်လိုက်သည်
ထိုအထဲတွင် ကျင့်ကြံသူတစ်ဦး၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်ကိုပါ အရည်ပျော်စေနိုင်သည့် ပြင်းထန်သော အဆိပ်များ ပါဝင်နေသည်။
သို့သော်လည်း
ရှေးခင်က လေဓားများကဲ့သို့ပင်
ထိုအဆိပ်မြူများမှာ တစ်စုံတစ်ရာသော စွမ်းအားဖြင့် တိုက်ရိုက် ဖယ်ရှားခြင်း ခံလိုက်ရသည်။
လေးကြိမ်မြောက် အဆင့်မြှင့်ထားသော ကပ်ကျော်အဆောင်
၎င်းသည် အဆိပ်ပြင်းသော ပိုးမွှားများနှင့် အဆိပ်ငွေ့အားလုံး၏ ကပ်ဘေးဖြစ်သည်။
လေကို ရပ်တန့်စေသော ရတနာက လေဓားများကို ဖယ်ရှားသကဲ့သို့ပင်၊ ကပ်ကျော်အဆောင်ကလည်း ပြင်းထန်သော အဆိပ်များကို ရှင်းထုတ်ပစ်နိုင်သည်။
"လာစမ်း... အကွက်ကျကျပဲ"
လီယန်ချူ၏ အသံမှာ မိုးကြိုးကဲ့သို့ ဟိန်းထွက်သွားကာ တိုက်ခိုက်လိုစိတ်များမှာ အထွတ်အထိပ်သို့ ရောက်နေသည်
ဖုန်းနတ်ဘုရားလေးမှာ ပျောက်ကွယ်သွားသည်။
သူသည် ရွှေတုတ်နံပါတ် (ကျန့်ကျောင်းဓား) ကို မြှောက်လိုက်ကာ
တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။
နှစ်ဦးသားမှာ တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်တိုးကြရာ၊ အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်
လီယန်ချူသည် ခမ်းနားလှသော နတ်ဘုရားအရှိန်အဝါများဖြင့် ကိုယ်ခံပညာမှာ အလွန်ပင် လျင်မြန်လှသည်။
ဖုန်း
မြွေနဂါးကြီးမှာ ရွှေတုတ်ဖြင့် ရိုက်ခံလိုက်ရသဖြင့် မျက်လုံးတစ်ဖက် ကွယ်သွားရသည်
ထိုအချိန်မှာပင်
လီယန်ချူသည်လည်း မြွေနဂါးကြီး မှုတ်ထုတ်လိုက်သော မီးလျှံများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
ဤမီးလျှံများ၏ အပူရှိန်မှာ အလွန်မြင့်မားလှသဖြင့် ပတ်ဝန်းကျင်ရှိ လေထုမှာပင် တွန့်လိမ်သွားရသည်။
မြွေနဂါးကြီး၏ မျက်လုံးတွင် ဝမ်းသာအားရမှုများ ပေါ်ထွက်လာသည်
သို့သော်လည်း သူဝမ်းသာရန် အချိန်မရလိုက်မီမှာပင်
လီယန်ချူသည် ထိုမီးလျှံများအတွင်းမှ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာမရဘဲ ပြေးထွက်လာခဲ့သည်။
တာအိုအတတ် မီးနိုင်ခြင်း
ချင်းးးး
နောက်ထပ် တုတ်တစ်ချက် ရိုက်ချလိုက်ပြန်သည်
လီယန်ချူ၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာ ကြီးမားလှကာ၊ ထိုတုတ်ချက်ထဲတွင် ပါဝင်သော အင်အားမှာ ပိဿာပေါင်း သောင်းချီမက လေးလံလှသည်။
ကရက်
မြွေနဂါးကြီးမှာ ရှောင်တိမ်းလိုက်သော်လည်း၊ ဦးခေါင်းပေါ်ရှိ ချိုတိုလေးမှာ ရိုက်ကျိုးသွားတော့သည်။
ထိုချိုမှာ သူနဂါးအဖြစ်သို့ ပြောင်းလဲတော့မည့် သင်္ကေတဖြစ်ကာ
အလွန်တရာ မာကျောလှသည်။
သို့သော်လည်း လူတစ်ယောက်၏ လက်ချက်ဖြင့် အတင်းအဓမ္မ ရိုက်ကျိုးခြင်း ခံလိုက်ရသည်
၎င်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာပင်
ထို့ပြင် သူသည် ယခုအချိန်တွင် ဝိညာဉ်အခြေအနေဖြင့် ရှိနေခြင်းဖြစ်ရာ၊ ပုံမှန်အားဖြင့်ဆိုလျှင် ကွယ်သွားသော မျက်လုံးနှင့် ကျိုးသွားသော ချိုကို ပြန်လည် ကုသနိုင်ရမည်ဖြစ်သည်။
သို့သော်လည်း သူသည် မည်မျှပင် နတ်ဘုရားစွမ်းအားများကို အသုံးပြုစေကာမူ
မည်သို့မျှ အရာမထင်ဘဲ ဖြစ်နေသည်။
လုံးဝ ပြန်လည် ကုသ၍ မရနိုင်တော့ပါ
"မြွေလိမ်မြွေကောက်လေး... မင်းရဲ့ အတတ်ပညာတွေက အလုပ်မဖြစ်တော့ဘူးထင်တယ် "
လီယန်ချူက လှောင်ပြောင်လိုက်သည်။
ကျန့်ကျောင်းဓားမှာ အလွန်ပင် ထက်မြက်လှသည်
အပေါ်ယံ အတတ်ပညာအားလုံးကို ချေမှုန်းရာတွင် အထူးကျွမ်းကျင်သည်။
၎င်းကို ရွှေတုတ်နံပါတ်အဖြစ် ပြောင်းလဲကာ ဝိညာဉ်တိုက်ပွဲအတွင်းသို့ ယူဆောင်လာသော်လည်း ထိုထူးခြားသော ဂုဏ်သတ္တိမှာ ပျောက်ကွယ်မသွားပေ။
မြွေနဂါးကြီးမှာ ဆက်တိုက် အပြင်းအထန် ဒဏ်ရာရလာသောကြောင့်၊ သူ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများမှာ ပိုမိုပြင်းထန်လာသည်။
ထို့ပြင် ပြင်းထန်သော အရှက်ရမှုကိုလည်း ခံစားနေရသည်။
ငါ...
အော်လျဲ့
နှစ်ပေါင်း ထောင်ချီ အသက်ရှင်ခဲ့တဲ့ မဟာမိစ္ဆာကြီး
တတိယအဆင့် ယန်ဝိညာဉ် ကျွမ်းကျင်သူ
ဒုတိယအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို မနိုင်ဘူးဆိုတာက
တကယ့်ကို အကြီးမားဆုံး အရှက်ကွဲမှုပဲ
"ကောင်လေး... ငါ့ကို တစ်ခါပြီးတစ်ခါ စော်ကားရဲတယ်ပေါ့၊ နောက်တစ်နေ့မှာ မင်းရဲ့ အရေခွံကို ခွာ၊ အကြောတွေကို ဆွဲထုတ်ပြီး အရိုးတွေကို ပြာဖြစ်အောင် လုပ်ပစ်မယ် "
မြွေနဂါးကြီးသည် ရူးရူးမိုက်မိုက် တိုက်ခိုက်မည့်သူ မဟုတ်ပေ
သူသည် သူ၏စိတ်ဆန္ဒအတိုင်းပင် ဆုတ်ခွာရန် ရွေးချယ်လိုက်သည်
မည်သို့ပင်ဖြစ်စေ
သူ၏ စွမ်းအားများ အပြည့်အဝ ပြန်လည်ရရှိလာချိန်တွင်
ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် သူ့ကို ထိန်းချုပ်ထားနိုင်တော့မည် မဟုတ်ပေ။
"တကယ်ကို မိစ္ဆာပဲ၊ မျက်နှာပြောင်တိုက်လွန်းတယ်၊ ခုနကပဲ အသေအကြေ တိုက်မယ်ဆို "
"မြွေလိမ်မြွေကောက်လေး "
လီယန်ချူ၏ အသံမှာ ကျင်းကွမ်းကျောင်းတော် တစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။
မြွေနဂါးကြီး၏ ခန္ဓာကိုယ်မှာ ခဏတာမျှ တုံ့သွားသည်။
သို့သော်လည်း အရှိန်ကို မလျှော့ဘဲ
ထွက်ပြေးရန် ပြင်ဆင်လိုက်သည်
လူတိုင်း၏ စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြသည်။
တတိယအဆင့်ရှိ ယုရှုရဟန်းကြီး အပါအဝင်ပေါ့။
ဤဘေးဒုက္ခဆိုးကြီးမှ နောက်ဆုံးတော့ လွတ်မြောက်နိုင်ခဲ့ပြီဟု သူတို့ ယူဆလိုက်ကြသည်။
သို့သော်လည်း
လီယန်ချူက ထိုသို့ မတွေးပေ
ယခုအချိန်သည် မြွေနဂါးကြီး အားနည်းဆုံး အချိန်ဖြစ်သည်၊ အကယ်၍ သူ့ကို လွှတ်ပေးလိုက်ပါက နောင်တွင် အန္တရာယ်များလှသည်။
သူသည် အစကတည်းက ထိုတတိယအဆင့်ရှိသော မိစ္ဆာကောင်ကို သတ်ပစ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
"မိုးကြိုးငါးပါး သန့်စင်သော ယန်စွမ်းအား၊ လောက၏ မှန်ကန်သော တရားတော်၊ သတ်လော့ "
ဝုန်းးးး
ကောင်းကင်မှ မိုးကြိုး ပစ်ချလိုက်သည်
တောက်ပလှသော အဖြူရောင် အလင်းတန်းကြောင့် လူတိုင်း၏ မျက်လုံးများမှာ အလွန်အမင်း နာကျင်သွားကြရသည်။
မြွေနဂါးကြီး၏ ခန္ဓာကိုယ်မှာ တိုက်ရိုက် အပစ်ခံလိုက်ရသည်
အသားများ လွင့်စင်ကာ အရေခွံများ ကွဲအက်ကုန်သည်။
တတိယအဆင့် ယန်ဝိညာဉ်
နှစ်ပေါင်း ထောင်ချီ အကျဉ်းချခံထားရသော မဟာမိစ္ဆာကြီး
ထိုမိုးကြိုးငါးပါး မှန်ကန်သော တရားတော် ကို အတင်းအဓမ္မ ခံယူလိုက်ရသည်။
ဝုန်းးးး
နောက်ထပ် မိုးကြိုးတစ်ခု
မိုးကြိုးအတတ်မှာ လောကတွင် အမြင့်မြတ်ဆုံးသော ယန်စွမ်းအား ဖြစ်သည်
မိုးကြိုးငါးပါး တရားတော်မှာ တာအိုကျောင်းတော်သားများ၏ အကြမ်းတမ်းဆုံးသော အတတ်ပညာဖြစ်ကာ၊ ၎င်းကို တတ်မြောက်သူမှာလည်း မနည်းလှပေ။
ထို့ကြောင့်၊ ကျင့်ကြံမှု မြင့်မားသော တာအိုဆရာများ မိစ္ဆာနှိမ်နင်းရာတွင် တွေ့ရလေ့ရှိသော အတတ်ပညာ ဖြစ်သည်။
ထို့ကြောင့်လည်း လီယန်ချူမှာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားမှာကို မကြောက်ပေ
နောက်ထပ် နှစ်ကြိမ်တိုင်တိုင် မိုးကြိုးပစ်ချလိုက်ပြန်သည်
မြွေနဂါးကြီး၏ ခန္ဓာကိုယ်မှာ ပျက်စီးယိုယွင်းနေကာ၊ ကိုယ်တွင်း၌လည်း မိုးကြိုးစွမ်းအားများဖြင့် လောင်ကျွမ်းနေသည်။
သူသည် ပါးစပ်ကို ဟကာ ဆဲဆိုရန် ပြင်လိုက်သော်လည်း
ကံဆိုးလှပေစွ
ဝုန်းးးး
နောက်ထပ် သုံးကြိမ် ဆက်တိုက် မိုးကြိုးပစ်ချလိုက်ပြန်သည်
လေးကြိမ်မြောက် အဆင့်မြှင့်ထားသော မိုးကြိုးငါးပါး အဆောင်မှာ လီယန်ချူ၏ လက်ထဲတွင် တစ်ချပ်တည်း ရှိသည် မဟုတ်ပေ
သာမန်အားဖြင့် သူသည် ထိုကဲ့သို့သော အကြီးစား သတ်ဖြတ်ရေးလက်နက်ကို မသုံးဘဲ ထားလေ့ရှိသော်လည်း
အသက်နှင့်လဲ၍ တိုက်ရမည့် အချိန်ရောက်လျှင်မူ
သူသည် လုံးဝ လက်တွန့်နေမည့်သူ မဟုတ်ပေ
မြွေနဂါးကြီးမှာ
ထိုရွှေချပ်ဝတ် နတ်စစ်သူကြီးသည် ဤမျှလောက်အထိ ပြင်းထန်သော မိုးကြိုးအတတ်ကို အဆက်မပြတ် အသုံးပြုနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရုတ်တရက် အပြောင်းအလဲအတွင်းမှာပင်
သူ၏ ဝိညာဉ်မှာ အပြင်းအထန် ဒဏ်ရာရသွားတော့သည်
သူ၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ပြေးရန် ပြင်လိုက်သည်။
ဝုန်းးးး
ရွှေတုတ်နံပါတ်မှာ နတ်ဘုရားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ သူ့ထံသို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်၊ ပတ်ဝန်းကျင်ရှိ သဲနှင့်ကျောက်ခဲများ လွင့်စင်သွားကာ အဆောက်အဦးများမှာလည်း ပြိုကျကုန်သည်။
မြွေနဂါးကြီးမှာ အသားများ ကွဲအက်ကာ၊ နေရာအနှံ့တွင် အရိုးများ မြင်ရသည်အထိ နက်ရှိုင်းသော ဒဏ်ရာများ ရသွားတော့သည်။
"မင်းမေပဲ... တကယ်ပဲ အပြတ်သတ်ဖို့ ကြံနေတာလား နွားရဲ့ "
မြွေနဂါးကြီးက ဒေါသတကြီး အော်လိုက်သည်။
တောက်ပလှသော အမည်းရောင် အလင်းတန်းတစ်ခုသည် သူ၏ ချိုနှစ်ဖက်ရှေ့တွင် စုစည်းလာသည်။
ကောင်းကင်နှင့် မြေကြီးကြားရှိ လေထုမှာ ပြောင်းလဲသွားသည်။
လူတိုင်းမှာ အလောင်းများ တောင်လိုပုံကာ သွေးချောင်းစီးနေသော ပင်လယ်ပြင်ကြီးထဲတွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
စိတ်ထဲတွင်လည်း အမျိုးမျိုးသော ကြောက်မက်ဖွယ် မြင်ကွင်းများ ပေါ်ထွက်လာတော့သည်
လေထုမှာလည်း လူကို အသက်ရှူရ ခက်ခဲစေလောက်အောင် ထူထဲလေးလံလာသည်။
ထိုအချိန်ရောက်မှသာ
သူသည် တတိယအဆင့်ရှိသော မဟာမိစ္ဆာကြီးတစ်ဦး၏ အရှိန်အဝါကို အမှန်တကယ် ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
သာမန်လူသားများ မယှဉ်နိုင်သော အစွမ်းပင်
သို့သော်လည်း
ယခုအချိန်တွင် သူ၏ ပုံစံမှာ အလွန်ပင် သနားစရာကောင်းလှသည်၊ အကြေးခွံများမှာ ကြေမွနေကာ
ချိုတစ်ဖက် ကျိုးနေရုံသာမက မျက်လုံးတစ်ဖက်ပါ ကွယ်နေရသည်။
ကြည့်ရသည်မှာ အရှိန်အဝါနှင့် ပုံစံမှာ လုံးဝ ကိုက်ညီမှု မရှိဘဲ ဖြစ်နေသည်။
လီယန်ချူသည် တည်ကြည်သော မျက်နှာထားဖြင့်
ရင်ဘတ်ထဲမှ လျှပ်စီးတန်းများ တဖျတ်ဖျတ် ထွက်ပေါ်နေသော ဝါဂွမ်းရောင် အဆောင်တစ်ခုကို ထုတ်လိုက်သည်။
၎င်းမှာ သူသည် ယခင်က လူအုပ်ထဲတွင် အခြေအနေကို စောင့်ကြည့်နေစဉ်က
အဆင့်မြှင့် ထားသော မိုးကြိုးငါးပါး အဆောင် ဖြစ်သည်။
ငါးကြိမ်မြောက် အဆင့်မြှင့်ထားသော မိုးကြိုးငါးပါးအဆောင်
သူ၏ မျက်လုံးများမှာပင် စူးရှနာကျင်မှုကို ခံစားလိုက်ရသည်၊ ထိုကြမ်းတမ်းလှသော ရတနာအဆောင်ပေါ်မှ လျှပ်စီးမိုးကြိုး အရှိန်အဝါများကြောင့် သူကိုယ်တိုင်ပင် တုန်လှုပ်သွားရတော့သည်။
အခန်း (၃၀၆) - ဗိုလ်ကျလွှမ်းမိုးသော မိုးကြိုးအတတ်၊ အောင်မြင်မှုကို ဖုံးကွယ်၍ နာမည်မယူခြင်း၊ ယုရှုရဟန်းကြီး၏ သစ်သားသေတ္တာ သုံးလုံးနှင့် သွန်းနီ
ထိုမိုးကြိုးနှင့် မီးလျှံအရှိန်အဝါများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊
မြွေနဂါးကြီး၏ မိစ္ဆာစွမ်းအားများမှာ ချက်ချင်းပင် ဆုတ်ခွာသွားရတော့သည်။
ရှဲရှဲရှဲ
ပတ်ဝန်းကျင်ရှိ အလောင်းတောင်တုနှင့် သွေးပင်လယ် အာရုံမှားမြင်ကွင်းများမှ ထူထပ်လှသော အဖြူရောင်မီးခိုးများ ထွက်ပေါ်လာကာ
တုန်လှုပ်ချောက်ချားစွာဖြင့် ပျောက်ကွယ်သွားတော့သည်
"မင်းတို့လို မိစ္ဆာကောင်တွေကို အပြတ်အသတ် သတ်ဖြတ်ပစ်ဖို့က ငါ့တာဝန်ပဲ "
"မိုးကြိုးငါးပါး သန့်စင်သော ယန်စွမ်းအား၊ လောက၏ မှန်ကန်သော တရားတော်၊ သတ်လော့ "
ဝုန်းးးး
ကောင်းကင်မှ မိုးကြိုး ပစ်ချလိုက်သည်
အလောင်းတောင်တုနှင့် သွေးပင်လယ် အာရုံမှားမြင်ကွင်းများ လုံးဝ ပျောက်ကွယ်သွားကာ၊ တစ်လောကလုံးမှာ ဖြူဖွေးသော အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်
အလွန်တရာ ပူပြင်းကာ မျက်စိစူးလှသည်
၎င်းမှာ နတ်ဘုရားတို့၏ မိုးကြိုးကန်ကြီးအတွင်း ရောက်ရှိနေသကဲ့သို့၊ နေရာအနှံ့တွင် မိုးကြိုးနှင့် မီးလျှံများသာ ပြည့်နှက်နေတော့သည်။
တစ်လောကလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ပြင်းထန်လှသော ပေါက်ကွဲမှုကြီးအပြီးတွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် သေမတတ် တိတ်ဆိတ်မှုကြီးကြောင့် လူတိုင်း၏ စိတ်ထဲတွင် ပြောမပြတတ်အောင် နေရခက်သွားကြရသည်။
သို့သော်လည်း ယခုအချိန်တွင်
မည်သူမျှ ထိုအရာကို ဂရုမစိုက်နိုင်ကြပေ
လူတိုင်းမှာ ထိုမိုးကြိုးပစ်ချက်ကြီးကြောင့် ဝိညာဉ်များပင် တုန်လှုပ်သွားကာ၊ အချိန်အတော်ကြာသည့်တိုင် အာရုံပြန်မရနိုင်ဘဲ ဖြစ်နေကြသည်။
ထိုနေရာတွင် ကျင့်ကြံမှုအမြင့်ဆုံးဖြစ်သည့် ယုရှုရဟန်းကြီးသည်
ထိုမိုးကြိုးအရှိန်အဝါများအတွင်းမှ ပထမဆုံး အာရုံပြန်ရလာသူ ဖြစ်သည်
သူ၏ မျက်နှာထက်တွင် အံ့ဩမှုများ ပေါ်လွင်နေသည်။
"ဒီလို နဲ့ ပဲ သေသွားပြီလား "
ထိုမိစ္ဆာမြွေနဂါးမှာ ကျောင်းတော်၏ အရှင်သခင်ကြီးကိုယ်တိုင် စေတီတောအတွင်း၌ ဖိနှိပ်ချုပ်နှောင်ထားခဲ့ခြင်းဖြစ်ရာ၊ သူ၏ ဝိညာဉ်အစစ် ကို သတ်ဖြတ်ရန်မှာ အလွန်တရာ ခက်ခဲလှသည်။
သို့မဟုတ်လျှင်လည်း၊ အရှင်သခင်ကြီးသည် ထိုမိစ္ဆာမြွေနဂါးကို ဖိနှိပ်ထားသည့်နေရာတွင် ကျင်းကွမ်းကျောင်းတော်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဗုဒ္ဓဘာသာ၏ စည်ပင်လှသော ဆွမ်း၊ ပန်း၊ နံ့သာ အရှိန်အဝါများဖြင့်
ထိုမိစ္ဆာမြွေနဂါး၏ မိစ္ဆာစွမ်းအားများကို တဖြည်းဖြည်း တိုက်စားဖျက်ဆီးရန် ကြံရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုမြွေနဂါး လွတ်မြောက်လာချိန်တွင် ပြသခဲ့သော အစွမ်းထက်လှသည့် စွမ်းအားများကို ကြည့်ခြင်းအားဖြင့်၊ ရှေးယခင် အထွတ်အထိပ်အချိန်က သူ၏ အစွမ်းမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
ထိုကဲ့သို့သော တတိယအဆင့်ရှိ မိစ္ဆာမြွေနဂါးကြီးကို
အမှန်တကယ်ပင် အပြတ်အသတ် သတ်ဖြတ်လိုက်နိုင်ပြီလား
မကြာမီမှာပင် လူတိုင်း သတိပြန်ဝင်လာကြသည်။
လူတိုင်း၏ အမူအရာမှာ အလွန်တရာ အံ့အားသင့်နေကြသည်။
ကောင်းကင်ယံသို့ ထိုးတက်နေသော မိစ္ဆာစွမ်းအားများ ပိုင်ရှင် မြွေနဂါးကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ။
ထိုနည်းတူစွာပင်၊ ထိုရွှေချပ်ဝတ် နတ်စစ်သူကြီးမှာလည်း မည်သည့်နေရာသို့ ရောက်သွားသည် မသိရဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အမှောင်စွမ်းအားနှင့် မိစ္ဆာစွမ်းအားအားလုံးမှာ လုံးဝ ဖယ်ရှားခြင်း ခံလိုက်ရသည်။
ကျန်ရှိနေသည်မှာ သန့်စင်သော မိုးကြိုးနှင့် မီးလျှံအရှိန်အဝါများသာ ဖြစ်သည်။
အလွန်တရာ ပြင်းထန်ကာ သန့်စင်လှသော ယန်စွမ်းအားများပင်
"မေမေရေး ဒီတစ်ခေါက် ကျင်းကွမ်းကျောင်းတော် ခရီးစဉ်ကတော့ တကယ်ကို ရင်ခုန်စရာပဲ "
"ငါတော့ ပြန်ရောက်ရင် ဆရာတူညီမလေးကို ရင်တုန်တုန် နဲ့ သေချာ ပြန်ပြောပြရမယ်"
ကျင့်ကြံသူတစ်ဦးက တုန်လှုပ်စွာ ပြောလိုက်သည်။
ဘေးနားရှိ လူတိုင်းကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကြသည်။
ယနေ့တွင် သူတို့မှာ အမှန်တကယ်ပင် မျက်စိပွင့်ခဲ့ကြရပြီ
ပထမဆုံးအနေဖြင့် တတိယအဆင့် ယန်ဝိညာဉ် ကျွမ်းကျင်သူများ၏ တိုက်ပွဲကြီးကို မြင်တွေ့ခဲ့ရသည်
ထို့နောက်တွင်လည်း ရွှေချပ်ဝတ် နတ်စစ်သူကြီးတစ်ဦး ထွက်ပေါ်လာကာ၊ ကြမ်းတမ်းလှသော အမူအရာဖြင့် မြွေနဂါးကြီးကို နှိမ်နင်းသတ်ဖြတ်လိုက်သည်။
တကယ့်ကို သွေးဆူစေလောက်သည့် မြင်ကွင်းပင်
လီယန်ချူသည် ငါးကြိမ်မြောက် အဆင့်မြှင့်ထားသော မိုးကြိုးငါးပါးအဆောင်ကို အသုံးပြုပြီးနောက်၊ ထိုမိစ္ဆာနဂါးကို ဝိညာဉ်ပါ လွင့်စင်သွားအောင် သတ်ပစ်လိုက်နိုင်သည်
ထိုအတွက် ကုသိုလ်မှတ် လေးသောင်းကို တိုက်ရိုက် ရရှိလိုက်သည်
တကယ့်ကို ကြီးမားသော ရလဒ်ပင်
စဉ်းစားကြည့်ရလျှင်
ရှန်းကွမ်းကျင်းကဲ့သို့ ဒုတိယအဆင့်နှောင်းပိုင်း ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်လျှင်ပင် ကုသိုလ်မှတ် ရှစ်ထောင်သာ ရရှိခြင်း ဖြစ်သည်။
လီယန်ချူ ယူဆသည်မှာ
ထိုမြွေနဂါးကြီးသည် တတိယအဆင့် ကျွမ်းကျင်သူများထဲတွင်ပင်
အစွမ်းထက်သူတစ်ဦး ဖြစ်ပေလိမ့်မည်
သို့မဟုတ်လျှင် ကျင်းကွမ်းကျောင်းတော် အရှင်သခင်ကြီးက သူ့ကို မသတ်ဘဲ ဖိနှိပ်ထားရုံသာ ဖိနှိပ်ထားမည် မဟုတ်ပေ။
သူသည် မြွေနဂါးကြီး၏ အားနည်းဆုံး အချိန်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ထိုအချိန်တွင် မသတ်လျှင်
သူ၏ စွမ်းအားများ ပြန်လည် မပြည့်ဝမချင်း စောင့်နေရမည်လား
သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"တတိယအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သတ်လိုက်ရတာ၊ တကယ်ကို ကျေနပ်စရာပဲ "
သူသည် သူ၏ အစစ်မှန်ကို ထုတ်မပြခဲ့ပေ
တစ်ခုမှာ ပြဿနာများကို ကြောက်ခြင်းကြောင့်ဖြစ်ပြီး
နောက်တစ်ခုမှာ သူ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားလိုခြင်းကြောင့် ဖြစ်သည်။
သို့မဟုတ်လျှင်
နောင်တွင် တတိယအဆင့် ကျွမ်းကျင်သူများက သူ့ကို တိုက်ရိုက် ပစ်မှတ်ထားလာနိုင်သောကြောင့်ပင်။
"လူဆိုတာ ခပ်နိမ့်နိမ့်လေး နေတာ အကောင်းဆုံးပဲ"
လီယန်ချူက စိတ်ထဲမှ တွေးလိုက်သည်။
မြွေနဂါးကြီး၏ နာကျည်းမှု +၁
ယနေ့သည် မူလက သူ၏ စွမ်းအားကို ထုတ်ပြရမည့်နေ့ ဖြစ်သည်၊ အကျဉ်းထောင်မှ လွတ်မြောက်လာပြီး
မိမိ၏ စွမ်းအားဖြင့် ကျင်းကွမ်းကျောင်းတော်တစ်ခုလုံးကို သွေးချောင်းစီးစေကာ
ရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြင့် လောကကြီးကို ကြေညာရမည် ဖြစ်သည်။
"ငါ အော်လျဲ့ ပြန်လာပြီ "
သို့သော်လည်း
ပါရမီရှင်များ ပေါ်ထွက်နေသည့် ထိုပြိုင်ဆိုင်မှု ပြင်းထန်သော ခေတ်ကြီးတွင်
အော်လျဲ့သည် နောက်ဆုံးတွင် အသက်နှစ်ဆယ်ကျော်အရွယ် တာအိုဆရာလေးတစ်ဦး၏ ခြေနင်းတုံးမျှသာ ဖြစ်သွားခဲ့ရသည်။
ထို့ပြင်
တစ်ဖက်လူက သူ့ကို အသုံးချပြီး နာမည်ကြီးလိုစိတ်တောင် မရှိပေ
လီယန်ချူသည် ဝိညာဉ်ကို ကိုယ်ထဲသို့ ပြန်သွင်းလိုက်ကာ၊ ဘာမှမဖြစ်သကဲ့သို့ လူအုပ်ထဲသို့ ရောက်သွားသည်။
ပြီးနောက် ထိုလျှို့ဝှက်ဆန်းပြားလှသော ရွှေချပ်ဝတ် နတ်စစ်သူကြီးအကြောင်းကို အခြားသူများနှင့်အတူ လိုက်၍ ချီးကျူးပြောဆိုနေတော့သည်
ယနေ့ညတွင် ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများမှာ များပြားလှသဖြင့်
လူတိုင်းမှာ အချိန်အတော်ကြာသည့်တိုင် စိတ်မအေးနိုင်ဘဲ အမျိုးမျိုး ဆွေးနွေးနေကြသည်။
နောက်တစ်နေ့
လီယန်ချူသည် ကျင်းကွမ်းကျောင်းတော်မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်
ဖူရှင်းရဟန်းက သူ့ကို စောစောစီးစီး လာရောက်ရှာဖွေသည်။
သူ၏ နောက်ကွယ်တွင် ထူးဆန်းသော မျက်နှာထားရှိသည့် အိုမင်းသော ရဟန်းတစ်ပါး ပါလာသည်၊ သူ၏ နားရွက်များမှာ အလွန်ကြီးမားလှသည်။
ထိုသူမှာ ထူးခြားသော လက္ခဏာရှိသည့် ယုရှုရဟန်းကြီးပင် ဖြစ်သည်။
ရိုးရိုးရှင်းရှင်း နှုတ်ဆက်စကား ပြောပြီးနောက်
ယုရှုရဟန်းကြီးက စကားစတင်လိုက်သည်
"မိတ်ဆွေလေး... မင်းရဲ့ တာအိုအတတ်တွေက ငါတို့ကျောင်းတော်ကို ကြီးမားတဲ့ ဘေးဒုက္ခကနေ ကယ်တင်ပေးခဲ့တယ်၊ မင်းက ကျင်းကွမ်းကျောင်းတော်ရဲ့ ကျေးဇူးရှင်ကြီးပါပဲ"
"ဆရာကြီးကလည်း အားနာစရာကြီးပါ"
"ငါ့ကိုယ်စား ကျန်းနတ်ဆရာ ကို နှုတ်ဆက်ပေးပါဦး၊ ဒီတစ်ခေါက် မင်းကို ဓာတ်တော်တွေ စောင့်ရှောက်ဖို့ လွှတ်ပေးခဲ့တာ သူ့ကျေးဇူးတွေ အများကြီးပါပဲ၊ ငါကိုယ်တိုင် တစ်နေ့မှာ သူ့ကို သွားပြီး ကျေးဇူးတင်စကား ပြောပါဦးမယ်"
ထိုရဟန်းကြီးသည် အမူအရာ နူးညံ့သိမ်နူးလှသဖြင့် လီယန်ချူကို အလွန်ပင် လေးစားသမှု ပြုသည်။
ဖူရှင်းရဟန်းမှာ အနည်းငယ် အံ့ဩသွားမိသည်။
ဆရာဘိုးဘိုးသည် ယနေ့တွင် မိမိနောက်သို့ တမင်လိုက်လာခြင်းမှာ ထိုလီတာအိုဆရာကို တွေ့လိုခြင်းကြောင့် ဖြစ်သည်။
သူတို့သည် လီယန်ချူက ရှန်းကွမ်းကျင်းကို သတ်ဖြတ်ခဲ့သည့် ကိစ္စအတွက် လာရောက်ခြင်း ဖြစ်သည်။
တစ်ဖက်လူက အင်တိုက်အားတိုက် ကူညီခဲ့သည် မဟုတ်ပါလား။
နောက်ပိုင်းတွင် မိစ္ဆာကောင် လွတ်မြောက်လာသည်ဆိုသော်လည်း၊ ကျေးဇူးတင်ရန် ပျက်ကွက်၍ မဖြစ်ပေ။
လီယန်ချူမှာမူ မျက်ခုံးအနည်းငယ် မြှင့်လိုက်မိသည်။
ထိုရဟန်းအိုကြီးက ဘာလို့ သူ့ကို ဒီလောက်တောင် ကြင်နာစွာ ပြုံးပြနေရတာလဲ
ယုရှုရဟန်းကြီးက သက်ပြင်းချလိုက်သည်
"ငါတို့ကျောင်းတော်က မနေ့ညက နှစ်ပေါင်းရာချီအတွင်း မကြုံစဖူးတဲ့ အပြောင်းအလဲကြီးနဲ့ ကြုံခဲ့ရတယ်၊ ကျောင်းတော် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်၊ အခုအချိန်မှာ ပြန်လည် ပြုပြင်စရာတွေ အများကြီး ရှိနေတယ်၊ ဒါကြောင့် မဟုတ်ရင် မင်းကို နောက်ထပ် ရက်အနည်းငယ်လောက် ပိုနေစေချင်ပါတယ်"
"ယုရှုဆရာကြီး၊ အရမ်းအားမနာပါနဲ့"
လီယန်ချူက ပြုံး၍ ပြောလိုက်သည်။
ထိုရဟန်းအိုကြီး တစ်ခုခုကို ရိပ်မိနေသလားဟု သူ ခံစားနေရသည်။
ဤအမူအရာက အနည်းငယ် ရင်းနှီးလွန်းနေသည်။
ရဟန်းအိုကြီးသည် စကားဝှက်များကို အသုံးမပြုတော့ဘဲ၊ ဖူရှင်းရဟန်း၏ လက်ထဲမှ သေတ္တာ သုံးလုံးကို ယူကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်
"မိတ်ဆွေလေး... ဒီအရာ သုံးခုကို ငါက မင်းကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လက်ဆောင်ပေးပါရစေ"
"နောင်တစ်ချိန်မှာ ငါ့ရဲ့ အကူအညီ လိုအပ်လာရင်လည်း အားမနာဘဲ ပြောပါ"
ကောင်းလိုက်တဲ့ အကွက်
ရဟန်းအိုကြီးက လက်ဆောင်ပေးရာတွင် အလွန်ပင် ရက်ရောလှသည်
လီယန်ချူသည် ယုရှုရဟန်းကြီး၏ လက်ထဲမှ ပစ္စည်းကို ယူလိုက်ကာ မျက်ခုံးပင် မြှင့်သွားရသည်။
ငြင်းဆိုရန် ပါးစပ်ပြင်လိုက်စဉ်မှာပင်
ယုရှုရဟန်းကြီးက လက်ကာ၍ တားလိုက်သည်။
"ပစ္စည်းသေးသေးလေးတွေပါ၊ ငါ့ရဲ့ စေတနာလို့ပဲ သဘောထားပါ၊ မင်းကတော့ ဒါတွေကို ကြည့်ပြီး ရယ်မနေပါနဲ့"
"ယုရှုဆရာကြီး၊ ဒါက..."
"မငြင်းပါနဲ့တော့၊ မနေ့က ကိစ္စအတွက် နောက်တစ်ချိန်မှာ ငါ ထပ်ပြီး ကျေးဇူးဆပ်ပါဦးမယ် "
ယုရှုရဟန်းကြီးသည် လီယန်ချူကို အဓိပ္ပာယ်ပါပါဖြင့် စေ့စေ့ကြည့်လိုက်သည်။
လီယန်ချူသည်လည်း ထိုအမူအရာကို မြင်သဖြင့် ဆက်မငြင်းတော့ပေ။
သုံးဦးသား ခဏတာမျှ စကားပြောဖြစ်ကြသည်။
လီယန်ချူသည် သူတို့ဆီမှ သတင်းစကားတစ်ခု သိလိုက်ရသည်။
မနေ့ညက လျှို့ဝှက်ဆန်းပြားသော ရွှေချပ်ဝတ် နတ်စစ်သူကြီးသည် မိုးကြိုးငါးပါးတရားတော်ကို အသုံးပြု၍ မိစ္ဆာများကို နှိမ်နင်းခဲ့သည်
မြွေနဂါးကြီးကို သတ်ဖြတ်လိုက်ရုံသာမက၊
ဝူစဲရဟန်း၏ စိတ်အာရုံထဲရှိ မိစ္ဆာကိုပါ အောင်မြင်စွာ ဖိနှိပ်ပေးနိုင်ခဲ့သည်။
၎င်းမှာ ဝူစဲရဟန်းအတွက်ရော၊ ကျင်းကွမ်းကျောင်းတော်သားအားလုံးအတွက်ပါ
အလွန်တရာ ဝမ်းသာစရာကောင်းသော သတင်းကောင်းပင် ဖြစ်သည်။
ရဟန်းအိုကြီး ထွက်ခွာသွားပြီးနောက်
လီယန်ချူသည် ပထမဆုံး သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်သည်။
ထို့နောက်
သူ၏ မျက်လုံးများတွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာသည်။
အတွင်း၌ သစ်သားပြားလေးတစ်ခု ရှိနေသည်
သူ့လက်ထဲရှိ နတ်ဘုရားအရှိန်အဝါရှိသော သစ်သားပြား သုံးခုနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
"ဒီတစ်ခါကတော့ ဘယ်လို သတ္တဝါကြီး ဖြစ်မလဲ မသိဘူး "
လီယန်ချူသည် စိတ်အာရုံအနည်းငယ်ကို ထိုသစ်သားပြားအတွင်းသို့ ထည့်ကြည့်လိုက်သည်။
ချက်ချင်းပင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်လှသော သတ္တဝါကြီးတစ်ကောင်ကို အာရုံခံမိလိုက်သည်။
ပုံစံမှာ ခြင်္သေ့နှင့် ဆင်တူလှသည်။
"သွန်းနီ "
လီယန်ချူ၏ မျက်လုံးများ ပြောင်းလဲသွားသည်။
သွန်းနီ
နဂါးမှ ပေါက်ဖွားသော သားတော်ကိုးပါးထဲမှ တစ်ပါး ဖြစ်သည်။
ငြိမ်သက်စွာ နေရသည်ကို နှစ်သက်သည်
မီးခိုးနှင့် မီးလျှံများကို နှစ်သက်သည်
ဗုဒ္ဓဘာသာ အလှဆင်ပစ္စည်းများတွင် မကြာခဏ တွေ့ရလေ့ရှိပြီး၊ လူသားတို့၏ အယူအဆတွင် ဘေးဥပဒ်များကို ကာကွယ်ပေးကာ အိမ်ကို စောင့်ရှောက်သော မင်္ဂလာရှိသည့် သတ္တဝါအဖြစ် သတ်မှတ်ကာ ဂူဗိမာန်များ၏ ရှေ့တွင် ထားလေ့ရှိကြသည်။
"ကြည့်ရတာ ယုရှုဆရာကြီးက တစ်ခုခုကို တကယ် ရိပ်မိနေပုံပဲ"
သူသည် ထိုနတ်ဘုရားအရှိန်အဝါရှိသော သစ်သားပြားကို သိမ်းလိုက်သည်။
ထိုသစ်သားပြားပေါ်ရှိ နတ်ဘုရားအရှိန်အဝါမှာ အတော်အတန် ကောင်းမွန်စွာ ကျန်ရှိနေသေးသည်
၎င်းမှာ ကျောင်းတော်ရှိ ဆွမ်း၊ ပန်း၊ နံ့သာ စွမ်းအားများဖြင့် ပြုစုပျိုးထောင်ထားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း
လီယန်ချူ၏ လက်ထဲရှိ သစ်သားပြား သုံးခုနှင့် ယှဉ်လျှင်မူ၊ အတော်အတန် ကွာခြားနေပါသေးသည်
သို့သော်လည်း
ဤအရာကို ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်၍ ရပါသည်
သို့မဟုတ်လျှင်လည်း အဆင့်မြှင့်တင်ရန် ရွေးချယ်နိုင်သည်
သူသည် နောက်ထပ် ဒုတိယ သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်သည်။
အတွင်း၌ ဆေးလုံးတစ်ပုလင်း ရှိနေသည်
ဗြုန်း
လီယန်ချူက ဆေးပုလင်းအဆို့ကို ဖွင့်လိုက်သည်နှင့်၊ သန်စွမ်းလှသော အသက်ဓာတ်များ တိုက်ရိုက် တိုးထွက်လာသဖြင့် စိတ်ကြည်လင်လန်းဆန်းသွားစေသည်။
ဗုဒ္ဓဘာသာ ဗောဓိဆေးလုံး
ဆေး၏ အရည်အသွေးကို ကြည့်ခြင်းအားဖြင့် ကျောင်းတော်တွင် တန်ဖိုးထား သိမ်းဆည်းထားသော ဆေးမျိုး ဖြစ်ပေလိမ့်မည်၊ ယခင်က ဗောဓိဆေးလုံးထက် အစွမ်းမှာ အဆပေါင်းများစွာ သာလွန်လှသည်။
တကယ့်ကို ရတနာဆေးလုံးပင်