← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

အခန်း (၃၀၉) - တောတွင်းတစ်ကိုယ်တော်ကျင့်ကြံသူ ဟူကျင်းပေါင်၊ မိစ္ဆာများ သောင်းကျန်းခြင်း၊ လျိုရင်အသီး ၊ ဝမ်မျိုးနွယ်အမည်ဖြင့်

​အမျိုးသမီးက စကားပြောလိုက်သည်နှင့်

ဝါးဆရာကြီးမှာ နောက်ထပ် စကားမဆိုတော့ပေ။

​သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ၊

နှာခေါင်းတစ်ချက် ရှုံ့လျက်

လှည့်ထွက်သွားတော့သည်

​ဝါးဆရာကြီး အဝေးသို့ ရောက်သွားသည်နှင့်၊ ထိုချူလေးက အနီးသို့ ကပ်လာကာ ပြုံးစိစိဖြင့် ပြောလိုက်သည်

"ကျွန်တော်တို့ကို ဝိုင်းကူဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယွီမမရယ်၊ ကျွန်တော်တို့နဲ့အတူ အရက်အနည်းငယ်လောက် သောက်ပါဦးလား "

​ထိုယွီမမက သွားလေးပေါ်အောင် ပြုံးလိုက်ကာ ခေါင်းခါပြလိုက်သည်

"ငါ အထဲဝင်ပြီး အလုပ်အကျွေး ပြုရဦးမယ်၊ တခြားနေ့မှပေါ့ "

​ချူလေး၏ မျက်နှာတွင် စိတ်ပျက်သော အရိပ်အယောင်များ ပေါ်လာသည်။

​ကမ္ဘာကျော် အလှပဂေးလေးတစ်ဦးကို လက်လွတ်လိုက်ရသကဲ့သို့ပင်

​ဝါးဆရာကြီးနှင့် ယွီမမတို့ ထွက်ခွာသွားကြပြီးနောက်၊

​စားပွဲဝိုင်းရှိ အငွေ့အသက်များမှာ တစ်ဖန် ပြန်လည် စည်ကားလာပြန်သည်။

​လီယန်ချူသည် မည်သည့်အမူအရာမျှ မပြဘဲ ထောင့်တစ်နေရာရှိ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်

​ငါးသေမျက်လုံးနှင့် အိမ်စေလေးမှာ သူ့ကို လမ်းပြပေးပြီးနောက် ဘယ်ဆီဘယ်ဝယ် ရောက်သွားသည်မသိ၊ ပျောက်ကွယ်သွားပြီ ဖြစ်သည်

​ဤစားပွဲဝိုင်းတွင် ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသာ ရှိနေပြီး သူက ဟင်းလျာများကို စားသုံးနေသည်။

​စားပွဲပေါ်တွင် တောတောင်ထွက် ရတနာများနှင့် ပင်လယ်စာများ အပြည့်ရှိနေကာ၊

​အရောင်၊ အနံ့၊ အရသာ အားလုံးနှင့် ပြည့်စုံလှပေသည်

​တိုက်ဆိုင်မှုလား၊ သို့မဟုတ် တစ်စုံတစ်ရာကြောင့်လားတော့ မသိ၊

​ဤစားပွဲဝိုင်းတွင် သူတို့နှစ်ဦးတည်းသာ ရှိနေခြင်း ဖြစ်သည်။

​လီယန်ချူသည် တူကို မကိုင်သေးပေ၊

​ထိုကဲ့သို့ တောနက်ထဲတွင်

​ဤမျှ စည်ကားလှသော နေရာတစ်ခု ပေါ်လာခြင်းဖြစ်ရာ၊

​စားပွဲပေါ်ရှိ ဟင်းလျာများမှာ ပိုးဟပ်များ၊ ကြွက်များ သို့မဟုတ် ပိုးကောင်များမှ ပြောင်းလဲထားခြင်း ဖြစ်နိုင်ပေသည်။

လူသားအသားနှင့် လူသားဆီးတို့မှာလည်း ဤကဲ့သို့သော နေရာမျိုးတွင် နေ့စဉ်သုံး ဟင်းလျာများသာ ဖြစ်နိုင်သည် မဟုတ်ပါလား

​စားပွဲဝိုင်းများရှိ အငွေ့အသက်မှာ အလွန်စည်ကားလှသည်။

​အရက်ခွက်များ အပြန်အလှန် ကမ်းနေကြသည်

​ထိုလူအုပ်စုထဲတွင် အချို့မှာ တောထွက်ရဟန်း များကဲ့သို့ ဝတ်ဆင်ထားကာ၊ ထက်မြက်လှသော ဓားများကို ခါးတွင် ဆင်မြန်းထားကြသည်

​အချို့မှာ စာရင်းကိုင်များကဲ့သို့

​အချို့မှာ မုတ်ဆိတ်ရှည်ကြီးနှင့် အဖိုးအိုများ ဖြစ်ကြသည်။

​ထို့ပြင် အလွန်လှပဆွဲဆောင်မှုရှိသော အမျိုးသမီးများလည်း ပါဝင်ကြသည်။

​လူတန်းစားမျိုးစုံ၊ ပုံစံမျိုးစုံပင်

​လီယန်ချူသည် အရှိန်ဝါကြည့်အတတ် ကို အသုံးပြု၍ အကဲခတ်လိုက်ရာ အမှန်တရားကို မြင်လိုက်ရသည်။

​တစ်ယောက်ချင်းစီ၏ ကိုယ်ပေါ်တွင် သွေးဆိုးအငွေ့အသက်များ ဝန်းရံနေကာ၊ ဝဋ်ကြွေးများ တရစ်ဝဲဝဲ ရှိနေကြသည်၊

​တကယ့်ကို ယုတ်မာရက်စက်လှသော လူဆိုးလူမိုက်များပင် ဖြစ်ကြသည်

​ထို့ပြင် အချို့သောသူများမှာ လူသားများပင် မဟုတ်ကြပေ။

​ဥပမာအားဖြင့် ထောင့်တစ်နေရာရှိ အရိပ်ထဲမှ လူမှာ

​ရွှံ့နွံတုံးကြီးတစ်ခုက လူ့မျက်နှာပုံစံ ဖန်တီးထားခြင်းသာ ဖြစ်သည်

​ထို့ပြင် သန်မာသော ယောက်ျားကြီးနှင့် အရက်ပြိုင်သောက်နေသော ကြမ်းတမ်းသည့် အမျိုးသားမှာလည်း အနီးကပ်ကြည့်လျှင် ဝက်မျက်နှာကြီး ဖြစ်နေတော့သည်

​ပြောနေစရာပင် မလိုတော့ပေ။

​တစ်အိမ်လုံးမှာ မိစ္ဆာများနှင့် မိစ္ဆာအတတ်များဖြင့် ညစ်ညမ်းနေတော့သည်

​ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် လူလတ်ပိုင်းအမျိုးသား၏ အကြည့်မှာ လီယန်ချူပေါ်သို့ ကျရောက်လာသည်။

​သူက ညင်သာစွာ မေးလိုက်သည်မှာ

​"မင်းက နယ်ခြားပြင်ပက ဟူ မျိုးနွယ်စုရဲ့ မျိုးဆက်လား "

​လီယန်ချူက ခေါင်းခါပြလိုက်သည်

"တောတွင်းက တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးပါပဲ "

​"မဆိုးဘူး၊ မင်းလည်း ကံတရားရဲ့ ကောင်းချီးကို ရထားပုံရတယ်"

​လူလတ်ပိုင်းအမျိုးသားမှာ မိမိ၏ မျိုးဆက်သစ်ကို ကြည့်နေသည့် အကြည့်မျိုးဖြင့် ကြည့်နေသည်။

​မင်းအဖိုးကြီးကို သွားပြောလိုက် ဟု လီယန်ချူက စိတ်ထဲက တွေးကာ ပြုံးလိုက်သည်။

​တစ်ဖက်လူက သူ့ကို သူ၏ မျိုးဆက်ဟု ထင်နေခြင်း ဖြစ်သည်

​သူက အာရုံစိုက်၍ ကြည့်လိုက်ရာ

​တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေသော်လည်း

​မသိမသာ နတ်ဘုရားအရှိန်အဝါအချို့လည်း ရှိနေသည်ကို မြင်လိုက်ရသည်၊

​သိသာလှသည်မှာ လူအများ၏ အမွှေးတိုင်ပူဇော်မှုကို ခံယူထားသည့် မိစ္ဆာတစ်ကောင်ပင် ဖြစ်သည်

​လူအများ ကိုးကွယ်ကြသည့် တောစောင့်နတ်အချို့မှာ ထိုကဲ့သို့ အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေသည့် မိစ္ဆာများသာ ဖြစ်တတ်သည်။

​စောစောက လူလတ်ပိုင်းအမျိုးသား ပြောခဲ့သည့် နယ်ခြားပြင်ပက ဟူ မျိုးနွယ်ဆိုသည်မှာ

​ကြီးမြတ်သော နတ်ဘုရားငါးပါးထဲမှ တစ်ပါးဖြစ်သည့်

​ဟူနတ်ဘုရား ကို ဆိုလိုခြင်း ဖြစ်သည်

​ဆိုလိုသည်မှာ မြေခွေးမိစ္ဆာ ပင် ဖြစ်သည်

​လီယန်ချူ၏ အသွင်ယောင်ဖန်တီးခြင်း အတတ်က မိစ္ဆာနှင့် တွေ့လျှင် မိစ္ဆာအသွင်ကို ဆောင်ခြင်းဖြစ်ရာ

​တစ်ဖက်လူမှာ အမွှေးတိုင်ပူဇော်မှု ခံယူထားသည့် မြေခွေးမိစ္ဆာ ဖြစ်နေသောကြောင့် လီယန်ချူကိုလည်း နယ်ခြားပြင်ပ ဟူ မိသားစု၏ မျိုးဆက်ဟု ထင်မှတ်သွားခြင်း ဖြစ်သည်။

​သူကိုယ်တိုင်လည်း တစ်ဖက်လူနှင့် အတူတူပင်

​တောတွင်းတစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်နေသည် မဟုတ်ပါလား

​စားပွဲဝိုင်းရှိ အငွေ့အသက်များမှာ ပိုမိုစည်ကားလာသည်။

​တကယ့်ကို မိစ္ဆာပေါင်းစုံ ကခုန်နေကြခြင်း ဟုပင် ခေါ်ဆိုနိုင်ပေသည်

​လီယန်ချူ၏ အမှောင်ဖုံးကွယ်အတတ် နှင့် အသွင်ယောင်ဖန်တီးခြင်း ဟူသော နတ်ဘုရားအတတ် နှစ်မျိုးဖြင့် ဖုံးကွယ်ထားမှု၊ ထို့ပြင် လီယန်ချူ၏ အမှားအယွင်းမရှိသော တုံ့ပြန်မှုများကြောင့်

​မည်သည့် ပေါက်ကြားမှုမျှ မရှိဘဲ အဆင်ပြေနေတော့သည်။

​ထို့ပြင် ထိုလူလတ်ပိုင်းအမျိုးသား၏ စကားများမှတစ်ဆင့် အချက်အလက်များစွာကို သူ သွယ်ဝိုက်၍ သိရှိလိုက်ရသည်။

​ထိုလူလတ်ပိုင်းအမျိုးသား၏ အမည်မှာ ဟူကျင်းပေါင် ဖြစ်သည်။

​ရွှီကျိုး တောင်တန်းတစ်ခုထဲမှ မြေခွေးမိစ္ဆာတစ်ကောင် ဖြစ်သည်။

​စောစောက ဝါးဆရာကြီးမှာ ဆန္ဒလမ်းစဉ် ၏ အစောင့်အရှောက်ကြီး ခြောက်ဦးထဲမှ တစ်ဦးဖြစ်ကာ

​ဝိညာဉ်ပိုင်းဆိုင်ရာ အတတ်ပညာများကို ကျွမ်းကျင်သူ ဖြစ်သည်

​ယွီမမမှာလည်း ဆန္ဒလမ်းစဉ်၏ အစောင့်အရှောက်ကြီး ခြောက်ဦးထဲမှ တစ်ဦးပင် ဖြစ်သည်၊ သူမသည် မွေးရာပါ ဆွဲဆောင်မှုရှိသော ညို့ဓာတ်ပါသော်လည်း မျက်နှာမှာမူ အလွန်ရုပ်ဆိုးလှသည်

​သူမသည် ဘေးထွက်လမ်းစဉ် အတတ်ပညာများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်

​မျိုးရိုးအမည် ချန် ဟုခေါ်သော သန်မာသည့် ယောက်ျားကြီးမှာ ချန်ပေါ်ဖီ ဟု အမည်ရပြီး

​ရွှီကျိုးမှ သားသတ်သမားတစ်ဦး ဖြစ်သည်။

​သေဆုံးပြီးနောက် ယုတ်မာသော သရဲတစ်ကောင်အဖြစ် လှည့်လည်နေခြင်း ဖြစ်သည်။

​မည်သို့မည်ပုံ အဆင့်တက်လာသည်မသိ၊ အသိဉာဏ်များ ပြန်လည်ရရှိလာခဲ့ခြင်း ဖြစ်သည်

​သားသတ်သမားမှာ လူသတ်ငွေ့ ပြင်းထန်ကာ ဝဋ်ကြွေးများ ထူပြောလှသဖြင့်

​ထိုကဲ့သို့သော လူမျိုး သရဲဖြစ်လျှင် အလွန်တရာ ရက်စက်ကြမ်းကြုတ်လှပေသည်

​မျက်ဝန်းများမှာ ဆွဲဆောင်မှုရှိသော ထိုချူလေးမှာမူ လောကတွင် နာမည်ကြီးလှသော ပန်းခူးသူခိုး (မိန်းမခိုး) တစ်ဦး ဖြစ်သည်။

​ကြည့်ရသည်မှာ ချောမောခန့်ညားသော်လည်း

​အမှန်တကယ်တွင်မူ အနိမ့်ဆုံး လမ်းစဉ်ငါးပါးထဲတွင်ပင် လူအများက ရွံရှာကြသည့် ကောင်မျိုး ဖြစ်သည်။

​သူသည်လည်း ဆန္ဒလမ်းစဉ်၏ တပည့်တစ်ဦး ဖြစ်သည်။

​မျက်လှည့်အတတ်နှင့် စိတ်လှည့်စားခြင်း အတတ်ကို ကျွမ်းကျင်သူ ဖြစ်သည်

​သူ၏ လက်ထဲတွင် လူအသက်ပေါင်း မည်မျှ သေဆုံးခဲ့သည် မသိပေ

​တကယ့်ကို ပန်းကို ရက်ရက်စက်စက် ဖျက်ဆီးတတ်သည့် ကောင်မျိုးပင်

​ကျန်ရှိသောသူများထဲမှ ဝက်မျက်နှာနှင့် အမျိုးသားမှာမူ မြောက်မန်တောင်မှ မိစ္ဆာအိုကြီး ကျူးပန်း ၏ မျိုးဆက် ဖြစ်သည်။

​ဤဧည့်သည်များထဲတွင် လူ၊ မိစ္ဆာ နှင့် သရဲ တို့ ရောနှောနေကြသည်

​ထိုအိမ်တော်ကြီးမှာ ဆန္ဒလမ်းစဉ်၏ ဂိုဏ်းချုပ် ပိချန်းတာအိုဆရာ ပိုင်ဆိုင်သည့် နေရာ ဖြစ်သည်။

​ဖေးယွင်ခရိုင်၏ စစ်သေနာပတိမှာ စစ်သည်များကို စေလွှတ်၍ ဆန္ဒလမ်းစဉ်ကို နေရာအနှံ့ လိုက်လံနှိမ်နင်းနေသဖြင့်၊ တာအိုကျမ်းစာများကို လိမ်ညာပြင်ဆင်ထားသော ထိုမိစ္ဆာဂိုဏ်းမှာ ခွေးပြေးဝက်ပြေး ပြေးနေကြရခြင်း ဖြစ်သည်။

​နှစ်ပေါင်းများစွာ ကြံစည်ခဲ့သမျှ အရာအားလုံးမှာ အိမ်မက်ကဲ့သို့ ပျောက်ကွယ်သွားခဲ့ရသည်

​အကြောင်းရင်းမှာ လူငယ်စစ်သူကြီးမလေး လူလီ က ရွှီကျိုးရှိ ဆန္ဒလမ်းစဉ်၏ အခြေစိုက်စခန်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခြင်းကြောင့် ဖြစ်သည်။

​၎င်းမှာ အလွန်အရေးကြီးသော နေရာတစ်ခုလည်း ဖြစ်သည်။

​အမြစ်ကပါ အနှုတ်ခံလိုက်ရရုံသာမက၊ ဆန္ဒလမ်းစဉ်၏ လျှို့ဝှက်ချက်များစွာကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။

​အစောင့်အရှောက်ကြီး ခြောက်ဦးအနက် သုံးဦးမှာ သေဆုံးခဲ့ပြီ ဖြစ်သည်။

​ယခုအခါ အနီးနားရှိ မိစ္ဆာများကို စုစည်းကာ လျိုရင်အသီး ကို ဆုလာဘ်အဖြစ် ပေး၍ မိစ္ဆာလမ်းစဉ်များ၏ အကူအညီကို တောင်းခံနေခြင်း ဖြစ်သည်။

​သူတို့၏ အင်အားကို ပြန်လည် မြှင့်တင်ရန်အတွက် ဖြစ်သည်။

​လျိုရင်အသီး ဆိုသည်မှာ ခန္ဓာကိုယ်အတွက် အလွန်အားရှိစေသော အရာဖြစ်ကာ၊ ကျင့်ကြံသူများအတွက်မူ မိမိတို့၏ စွမ်းအာ ကို မြှင့်တင်ပေးနိုင်သည့်၊ ရှာဖွေရခက်လှသော ရတနာတစ်မျိုး ဖြစ်သည်။

​ထိုပိချန်းတာအိုဆရာ၏ လက်ထဲတွင် မည်သို့ရထားသည်မသိ၊ နတ်မြက်ပင်တစ်ပင် ရှိနေသည်။

​လျိုရင်အသီး ကဲ့သို့သော နတ်ဆေးပင်ကို

​ဆန္ဒလမ်းစဉ်သို့ ဝင်ရောက်မည်ဆိုပါက လက်ဆောင်အဖြစ် ပေးမည်ဟု ကတိပေးထားသည်။

​ထိုအချက်ကို အသုံးချ၍

​အနီးနားရှိ ဖိတ်ခေါ်၍ရသမျှ မိစ္ဆာအားလုံးကို ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

​၎င်းမှာ မိစ္ဆာများနှင့် မိစ္ဆာလမ်းစဉ်များ၏ အသေးစား ညီလာခံတစ်ခုဟုပင် ဆိုနိုင်ပေသည်။

​"အားလုံးပဲ နားထောင်ကြစမ်း၊ ဒီကိစ္စက တကယ်တော့ အရမ်းလွယ်ပါတယ်၊ အားလုံးက ကိုယ့်အတတ်ပညာနဲ့ကိုယ် အဲ့ဒီ ဖေးယွင်ခရိုင် စစ်သေနာပတိရဲ့ ခေါင်းကို သွားဖြတ်လိုက်ရုံပဲ "

​ထိုဝက်မျက်နှာနှင့် အမျိုးသားက ရယ်မော၍ ပြောလိုက်သည်။

​သူ၏ မျက်နှာမှာ ဂုဏ်ယူဝင့်ကြွမှုများ ပြည့်နှက်နေသည်။

​ဘေးနားရှိ မုတ်ဆိတ်ရှည်နှင့် အဖိုးအိုက ရုတ်တရက် နှာခေါင်းရှုံ့လိုက်သည်။

​"အဲ့ဒီ စစ်သေနာပတိက မွေးရာပါ ထူးခြားတဲ့ စွမ်းအားရှိသူပဲ၊ သူတတ်ထားတဲ့ အတတ်ပညာတွေကလည်း ပြင်းထန်ဆန်းပြားလှတယ်၊ ဒါ့အပြင် သူ့လက်အောက်မှာ လက်ရွေးစင် ထိပ်သီးတွေ အများကြီး ရှိသေးတယ် "

​"ဒုတိယအဆင့် ထဲကို ခုမှ ခြေစုံပစ်ဝင်ရုံပဲရှိသေးတဲ့ မင်းလို ကောင်လေးက စစ်သေနာပတိရဲ့ ခေါင်းကို ဖြတ်ချင်တယ် ဟုတ်လား "

​"ဒါက တကယ့်ကို ရယ်စရာ အကောင်းဆုံး ပြက်လုံးပဲ"

​မုတ်ဆိတ်ရှည် အဖိုးအိုက လုံးဝ မျက်နှာမထောက်ဘဲ ပြောလိုက်သည်။

​ဝက်မျက်နှာနှင့် အမျိုးသားမှာ မျက်လုံးများ ပြူးထွက်လာတော့သည်။

​"ဘာလဲ... မုတ်ဆိတ်ရှည် သရဲအိုကြီး၊ မင်းက ငါ့ရဲ့ လက်စွမ်းကို စမ်းချင်နေတာလား "

​သူ၏ ကိုယ်ပေါ်မှ မိစ္ဆာအငွေ့အသက်များမှာ လွင့်ပျံ့လာသည်။

​မျက်ဝန်းထဲတွင်လည်း သတ်ဖြတ်လိုစိတ်များ ပေါ်လာတော့သည်

​မုတ်ဆိတ်ရှည် အဖိုးအိုမှာလည်း လုံးဝ မကြောက်ပေ

​"လေလုံးကတော့ အကြီးသားပဲ "

​"မင်းရဲ့ အဖိုး ကျူးပန်း ကိုယ်တိုင်လာရင်တောင် ငါ့ကို ဒီလိုစကားမျိုး ပြောရဲမှာ မဟုတ်ဘူး "

​လီယန်ချူက နှစ်ဖက်စလုံး တိုက်ခိုက်တော့မည်ဟု ထင်နေစဉ်မှာပင်

​ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

​"ဝမ်မျိုးနွယ်မလေး လာပြီ "

​လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။

​အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် သတို့သမီးလေးတစ်ဦး ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်လိုက်ရသည်။

​သူမ၏ ရုပ်ရည်မှာ လှပသပ်ရပ်ကာ၊ ကိုယ်လုံးကိုယ်ပေါက်မှာလည်း ပြည့်ဖြိုးဆွဲဆောင်မှု ရှိလှသည်။

​နုနယ်ချောမောလှသော အမျိုးသမီးငယ်လေးပင် ဖြစ်သည်။

​ယခုအချိန်တွင် သူမ၏ မျက်နှာမှာ အလွန်ပင် ရွှင်ပျနေသည်။

​သူမ၏ အနားတွင်မူ၊ ရုပ်ရည်သန့်ပြန့်လှသော သတို့သားလောင်းတစ်ဦး ရပ်နေသည်

​သူ၏ အရှိန်အဝါကို ကြည့်ရသည်မှာ အားအင်မရှိသော စာဆိုတော်လေးတစ်ဦး ဖြစ်သည်။

​သို့သော်လည်း

​ဝမ်မျိုးနွယ်မလေး၏ ရွှင်ပျနေသည့် ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ၊ သူမအနားရှိ သတို့သားလောင်းမှာမူ မျက်နှာတစ်ခုလုံး ဖြူဖျော့နေကာ၊ ခြေထောက်နှစ်ဖက်မှာလည်း တုန်ယင်နေတော့သည်

​ဝင်းအတွင်းရှိ ဤဧည့်သည်များကို ကြည့်လိုက်သည့်အခါ

​သူ၏ မျက်နှာတွင် သွေးစက်လေးတစ်စက်မျှ မရှိတော့ပေ။

​"ဝမ်မျိုးနွယ်မလေး၊ ဘာလို့ မင်းရှာတဲ့ သတို့သားလောင်းတွေက အမြဲတမ်း ဒီလိုကောင်မျိုးတွေပဲ ဖြစ်နေရတာလဲ "

​"ဟုတ်တယ်၊ ဒီလို စာဆိုတော်လေးတွေက ဘာကောင်းလို့လဲ၊ ငါတို့ ညီအစ်ကိုတွေရဲ့ သန်မာတဲ့ ခန္ဓာကိုယ်နဲ့ ဘယ်မှာ ယှဉ်လို့ရမှာလဲ "

​"ဝမ်မျိုးနွယ်မလေး... ဒီနေ့ညတော့ အရသာ အသစ်ပြောင်းကြည့်ပါလား "

​ကိုယ်လုံးကိုယ်ပေါက် လှပဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးမှာ လင်သေမုဆိုးမတစ်ဦး ဖြစ်သည်။

​သူမ၏ ခင်ပွန်းမိသားစုမှာ ဝမ် မျိုးနွယ် ဖြစ်သည်။

​သူမ၏ ခင်ပွန်းမှာ အောင်မြင်ကျော်ကြားသည့် စာဆိုတော်တစ်ဦး ဖြစ်ခဲ့ကာ စာပေထူးချွန်သူ ဖြစ်သည်။

​အမျိုးသမီးလေးမှာ သေဆုံးပြီးနောက်တွင်လည်း ခင်ပွန်းအတွက် သစ္စာစောင့်ထိန်းကာ မိမိကိုယ်မိမိ ဝမ်မျိုးနွယ် သို့မဟုတ် ဝမ်မျိုးနွယ်၏ ဇနီး ဟုသာ အမြဲ ခေါ်ဝေါ်ခဲ့သည်။

​ယနေ့ညမှာ သူမ ရှစ်ဆယ်ကြိမ်မြောက် အိမ်ထောင်ပြုခြင်း ဖြစ်သည်။

​သူမ၏ ခင်ပွန်းလောင်းတိုင်းမှာ စာဆိုတော်များသာ ဖြစ်ကြသည်။

​တိုက်ဆိုင်မှုလားတော့ မသိပေ။

​ယနေ့ညမှ လူနှင့်ဆိုလျှင်

​ ရှစ်ဆယ့်တစ် ယောက်မြောက်သော လူသားပင် ဖြစ်တော့သည်

​ဝမ်မျိုးနွယ်မလေးမှာ ယနေ့ည၏ ခင်ပွန်းလောင်းကို အလွန်ပင် တန်ဖိုးထားပုံရသည်၊ သူမ၏ မွေးစားဖခင်ကြီး ကျင်းပပေးသည့် ထိုပွဲတော်တွင်ပင် မင်္ဂလာဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အခန်း (၃၁၀) - မုတ်ဆိတ်ရှည် သရဲအိုကြီး ၊ ပေါင်ရှန့် ရဟန်း ၊ ချင်းယွဲ့ထန် နတ်နယ်မြေ

​ဆန္ဒလမ်းစဉ်၏ ဂိုဏ်းချုပ် ပိချန်းတာအိုဆရာမှာ ဝမ်မျိုးနွယ်မလေး၏ မွေးစားဖခင်ပင် ဖြစ်သည်။

​ကြမ်းတမ်းရိုင်းစိုင်းသော ယောက်ျားကြီးများ၏ ကျီစယ်စကားများအပေါ်

အကယ်၍သာ သာမန် သတို့သမီးသစ်လေးတစ်ဦး ဖြစ်ပါက

​ရှက်သွေးဖြာကာ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး

​မည်သို့ တုံ့ပြန်ရမည်ကိုပင် သိမည်မဟုတ်ပေ။

​သို့သော်လည်း ဝမ်မျိုးနွယ်မလေးမှာမူ တခိခိ ရယ်မောလိုက်ရာ

​နားထောင်ရသူတို့၏ ရင်ထဲတွင် ယားကျိကျိ ဖြစ်သွားစေတော့သည်။

​"အံမယ် "

​"စာဆိုတော်လေးတွေက အသားအရေ နုနယ်သလို၊ စိတ်ကူးစိတ်သန်းကလည်း နူးညံ့တယ်၊ အပြောအဆိုလည်း ချိုသာတော့ စားရတာ အလွန်ဆုံး အရသာရှိတာပေါ့ "

​"နင်တို့လို ကောင်တွေက ဘယ်မှာ လာယှဉ်လို့ ရမှာလဲ "

​"ငါက အဲ့ဒီလို အပြောကောင်းတဲ့ လူလိမ်လေးတွေ၊ သူတို့ရဲ့ ခန္ဓာကိုယ်ကို အရှင်လတ်လတ် တစ်စစီ အစားခံနေရတာကို ကြည့်ပြီး ကြောက်လန့်တုန်ရင်နေတဲ့ ပုံစံမျိုးကို အကြိုက်ဆုံးပဲ၊ ဒါက ငါ့ရဲ့ ဝါသနာဆိုးပဲလေ "

​"ငါ့ကို လာပြီး မမြှူကြနဲ့ဦး၊ သတိထားကြနော်... မင်းတို့အားလုံးကိုပါ ငါက အရှင်လတ်လတ် ဝါးစားပစ်လိုက်မယ် "

​သူမ၏ အသံမှာ နူးညံ့ပျော့ပျောင်းလှသည်။

​ရမ္မက်ဇော်များ ပြည့်နှက်နေသည့် အရှိန်အဝါမျိုး ပေါ်လွင်နေ၏။

​သို့သော်လည်း အခင်းအကျင်းတွင် ရှိနေကြသော မိစ္ဆာအပေါင်းအသင်းများမှာမူ၊ နားထောင်ရင်းနှင့်ပင် ဦးရေပြားများ ထုံကျင်လာကာ ကျောချမ်းသွားကြတော့သည်။

​လူသားကို စားခြင်းမှာ သူတို့အတွက်

​နေ့စဉ်သုံး ထမင်းစားရေသောက်ကဲ့သို့ပင် ရိုးရှင်းလှသော်လည်း

​ဝမ်မျိုးနွယ်မလေး၏ နှုတ်မှ ထွက်ပေါ်လာသည့်အခါတွင်မူ ဖော်ပြမတတ်သော အေးစိမ့်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

​သန်မာသော ယောက်ျားကြီး သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

​ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်ကြပြီး

​နောက်ထပ် စကားမဆိုရဲကြတော့ပေ။

​စာဆိုတော်လေး ချောင်ရှင်း ၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့လာကာ၊ မျက်ဝန်းထဲတွင်လည်း ရှင်သန်လိုစိတ်များ ပျောက်ကွယ်နေပြီ ဖြစ်သည်။

​မူလက မှော်အတတ်ဖြင့် လှည့်စားခံရကာ

​ဝေဝေဝါးဝါးနှင့် ထိုနေရာသို့ ရောက်ရှိလာစဉ်က

​ကြောက်ရွံ့စိတ် မရှိခဲ့သော်လည်း

​ယခုအခါတွင်မူ ဝမ်မျိုးနွယ်မလေးက သူမ၏ ညို့ဓာတ်ကို ရုပ်သိမ်းလိုက်သဖြင့်

​ချက်ချင်းပင် တုန်လှုပ်ချောက်ချားလာတော့သည်

​ဤနေရာကား လူသားစားသော မိစ္ဆာဂူကြီး မဟုတ်ပါလား

​ချောင်ရှင်း၏ ခြေထောက်နှစ်ဖက်မှာ မရပ်မနား တုန်ယင်နေပြီး

​ရက်စက်သော၊ ကျီစယ်လိုသော အကြည့်ပေါင်းစုံကို ကြည့်ရင်း

​ကျောရိုးတစ်လျှောက် လျှပ်စစ်စီးသကဲ့သို့ အေးစိမ့်မှုမှာ ဦးခေါင်းခွံအထိ တက်သွားတော့သည်

​ငါ့အသက်တော့ သေရချေပြီတကား

​ဝါးဆရာကြီးမှာ ထွက်သွားရာမှ ပြန်လည် ရောက်ရှိလာခဲ့သည်

​သူ၏အနားတွင် သန့်ပြန့်သော အိမ်စေလေးတစ်ဦး ပါလာ၏။

​ထိုအိမ်စေလေးမှာလည်း ငါးသေမျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားပြန်ရာ

​ကြည့်ရသည်မှာ အလွန်ပင် ကွဲပြားဆန့်ကျင်နေသည်။

​အိမ်စေလေး၏ လက်ထဲတွင် ရွှေရောင်လင်ဗန်းတစ်ခုကို ကိုင်ဆောင်ထားကာ

​အနီရောင် ပိတ်စကို လှန်လိုက်သည့်အခါ

​လင်ဗန်းထဲတွင် မက်မွန်သီးပုံစံ အသီးလေးများ ပါလာပြီး မျက်နှာပြင်မှ မှိန်ပျပျ အလင်းတန်းလေးများ ထွက်ပေါ်နေသည်။

​နတ်ဆေးပင်

​လျိုရင်အသီး

​လူတိုင်းမှာ ချက်ချင်းပင် သွားရည်ကျမတတ် ဖြစ်သွားကြသည်

​အသက်ရှူပင် အောင့်ထားမိကြ၏။

​"ဒါက ပိချန်းတာအိုဆရာရဲ့ လက်ထဲမှာရှိတဲ့ နတ်ဆေးပင်ပေါ့၊ တကယ်ကို နတ်ဓာတ်စွမ်းအားတွေ ပြည့်နေတာပဲ "

​"ပိချန်းတာအိုဆရာက ဒီတစ်ခါတော့ တကယ်ကို ရက်ရက်ရောရော ပေးတာပဲ "

​"ကြားဖူးတာကတော့ ဒီလျိုရင်အသီး တစ်လုံးကို စားရုံနဲ့ ကျင့်စဉ်သက်တမ်း ဆယ်နှစ် တိုးစေတယ်တဲ့၊ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကိုပါ ဆေးကြောပေးနိုင်တယ်၊ ဒီနေ့မှာ ရခဲတဲ့ ဒီအသီးကို ရနိုင်မယ်လို့ ထင်ကို မထင်ထားမိဘူး "

​လူတိုင်းက တီးတိုးပြောဆို ဆွေးနွေးနေကြကာ

​နောက်တစ်ခဏတွင်ပင် ထိုလျိုရင်အသီးကို ဗိုက်ထဲသို့ မျိုးချပစ်ချင်နေကြသည်။

​ထိုသူများမှာ မိစ္ဆာကျင့်ကြံသူများနှင့် တောစောင့်နတ်အတုအယောင်များ ဖြစ်ကြသည်

​လူသတ်ရန် ဝန်မလေးကြသူများပင်

​ထိုသူများထဲတွင် အကြံအစည် ရှိသူများလည်း ပါဝင်နေသည်။

​အပိုင်စီးရန် ကြံစည်နေကြခြင်း ဖြစ်သည်

​သို့သော်လည်း ဝါးဆရာကြီးမှာ ဆန္ဒလမ်းစဉ်၏ အစောင့်အရှောက်ကြီး ခြောက်ဦးထဲမှ တစ်ဦးဖြစ်ကာ

​လက်ရဲဇက်ရဲ ရှိလှသူ ဖြစ်သည်

​ထို့ပြင် ပိချန်းတာအိုဆရာ ကိုယ်တိုင်လည်း အိမ်တော်အတွင်းတွင် တရားထိုင်ကျင့်ကြံနေဆဲ ဖြစ်သည်။

​ထို့ကြောင့် မည်သူမျှ အတင်းအဓမ္မ လုယူရန် မဝံ့ရဲကြသေးပေ

​တည်ကြည်အေးစက်လှသော ဝါးဆရာကြီး၏ အကြည့်မှာ မုတ်ဆိတ်ရှည် အဖိုးအို၊ ဟူကျင်းပေါင် တို့အပေါ်သို့ ကျရောက်လာသည်။

​"ဒါက လျိုရင်အသီးပဲ၊ လမ်းစဉ်တူ မိတ်ဆွေတစ်ယောက်စီတိုင်းကို တစ်လုံးစီ ပေးပါ့မယ်၊ အားလုံးပဲ စိတ်တူကိုယ်တူ ပူးပေါင်းကြဖို့ မျှော်လင့်ပါတယ်၊ တကယ်လို့ တစ်ဦးတစ်ယောက်က သစ္စာဖောက်ခဲ့ရင်တော့၊ ငါတို့အားလုံးရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ဧကန်မုချ သုတ်သင်ပစ်မယ် "

​"အကယ်၍ ငါတို့ ဆန္ဒလမ်းစဉ်ကို ကူညီဖို့ ဆန္ဒမရှိရင်လည်း အခုချက်ချင်း ထွက်သွားလို့ရပါတယ်၊ ဘာမှ အပြစ်ယူမှာ မဟုတ်ဘူး "

​ဝါးဆရာကြီး၏ အကြည့်မှာ ဓားကဲ့သို့ ထက်မြက်လှသည်။

​ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လေထုမှာ ဒီဂရီအနည်းငယ် ကျဆင်းသွားသကဲ့သို့ အေးစိမ့်သွားသည်။

​"ဝါးဆရာကြီး စိတ်ချပါ၊ ကျွန်တော်မျိုးက ဖိတ်ခေါ်ချက်အရ ရောက်လာကတည်းက စိတ်ရင်းနဲ့ လာပူးပေါင်းတာပါ၊ ဘယ်လိုလုပ်ပြီး သစ္စာဖောက်မလဲ "

​ကြမ်းတမ်းသော အသံကြီး ထွက်ပေါ်လာသည်။

​ခါးတွင် ဓားကြီးကို ချိတ်ဆွဲထားသော တောထွက်ရဟန်း ပင် ဖြစ်သည်။

​သတ်ဖြတ်လိုသော အငွေ့အသက်များမှာ အနည်းငယ် လျော့ပါးသွားတော့သည်။

​ထိုရဟန်းကို မြင်သည့်အခါ

​ဝါးဆရာကြီး၏ မျက်ဝန်းထဲတွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။

​"ပေါင်ရှန့် ရဟန်းရဲ့ စကားဆိုရင်တော့ ကျိန်းသေပေါက် ယုံကြည်ရတာပေါ့ "

​သူသည် ထိုရဟန်းကို အလွန်ပင် တန်ဖိုးထားပုံရသည်။

​လီယန်ချူက အာရုံစိုက်၍ ကြည့်လိုက်၏။

​ထိုရဟန်း၏ ကိုယ်ပေါ်တွင် သွေးဆိုးအငွေ့အသက်များမှာ အစိုင်အခဲဖြစ်လုနီးပါး ထူထပ်လှသည်။

​ရင်ဘတ်တွင်မူ သွေးချင်းချင်းနီနေသော အရိုးပုတီးကုံးကြီး တစ်ကုံးကို ဆွဲထားရာ

​အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

​ဝါးဆရာကြီးက ဆက်ပြောသည်မှာ

​"ဒီနေ့မှာ လမ်းစဉ်တူ မိတ်ဆွေတွေကို အကူအညီတောင်းဖို့ ဖိတ်ခေါ်ရရုံတင် မကဘူး၊ လူတိုင်းကို ပြောပြစရာ သတင်းကောင်းတစ်ခုလည်း ရှိပါသေးတယ် "

​"အို ဝါးဆရာကြီး... မြန်မြန်ပြောပါဦး၊ ဘာသတင်းကောင်းများလဲ "

​"ဟုတ်တယ်၊ အားလုံးကို ပြောပြပါဦး "

​လူတိုင်းက မစောင့်နိုင်တော့ဘဲ စိတ်လှုပ်ရှားနေကြသည်။

​ထိုလျိုရင်အသီးမှာပင် ကောင်းကင်နှင့်မြေကြီးမှ ရခဲသော ရတနာဖြစ်နေပြီ

​ဝါးဆရာကြီး ပြောသည့် သတင်းကောင်းမှာ မည်သည့်အရာ ဖြစ်မည်နည်း

​"ငါတို့ဂိုဏ်းက ရရှိထားတဲ့ သတင်းအရ၊ ကျင့်ကြံသူတွေအတွက် ကောင်းကင်ဘုံလိုဖြစ်တဲ့ ချင်းယွဲ့ထန်နတ်ဘုရားနယ်မြေ တစ်ခု ပွင့်တော့မယ်၊ အချိန်ကတော့ မကြာခင်မှာပဲ "

​"ဟင်း..."

​ရေငြိမ်ထဲသို့ ကျောက်ခဲကြီး ပစ်ချလိုက်သကဲ့သို့ပင်

​လူတိုင်းက အံ့ဩလွန်းသဖြင့် အသက်ရှူပင် မှားသွားကြကာ

​မျက်နှာများမှာ အလွန်တရာ အံ့ဩတုန်လှုပ်သွားကြသည်

​ထို့နောက်တွင်မူ ဝမ်းသာအားရ ဖြစ်သွားသည့် အမူအရာများ ပေါ်လာတော့သည်။

​"နတ်ဘုရားနယ်မြေ ပွင့်မယ် ဟုတ်လား "

​"ဝါးဆရာကြီး ပြောတာ တကယ်လား၊ ကျွန်တော်မျိုးကတော့ ပြီးခဲ့တဲ့တစ်ခေါက် နတ်ဘုရားနယ်မြေပွင့်တုန်းက မမီလိုက်ဘူး တစ်ခေါက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားကို သွားပြိုင်ရမယ် "

​"ဝါးဆရာကြီး ပြောတဲ့ စကားက အလိမ်အညာ ရှိပါဦးမလား "

​လူတိုင်းက တစ်ယောက်တစ်ပေါက်နှင့် ဆွေးနွေးငြင်းခုံလာကြသည်။

​တစ်ကိုယ်တော်ကျင့်ကြံသူ ဟူကျင်းပေါင်၊ မုတ်ဆိတ်ရှည် သရဲအိုကြီး တို့ကဲ့သို့ ထိပ်သီးများပင်လျှင် စိတ်လှုပ်ရှားသွားကြသည်

​လီယန်ချူကမူ မျက်မှောင်ကြုတ်သွား၏

​"ဒီလူတွေက ကျန်းးထင်ရှန်း နတ်ဘုရားနယ်မြေရဲ့ အန္တရာယ်တွေကို မသိကြတာလား "

​ထိုနေရာတွင် မည်မျှလောက်သော မိစ္ဆာများ ရှိနေသည်ကို သူ ကောင်းကောင်း သိထားသည်။

​ဖြောင့်မတ်သော လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်မှ ကျင့်ကြံသူများစွာ ထိုနေရာတွင် သေဆုံးခဲ့ကြရသည်။

​နောက်ဆုံးတွင် သူအပါအဝင် လူအနည်းငယ်သာ လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။

​သို့သော်လည်း

​ချက်ချင်းဆိုသလိုပင်

​လီယန်ချူသည် မိမိကိုယ်မိမိ ပို၍ တွေးမိနေသည်ဟု ခံစားလိုက်ရသည်

​ထိုကဲ့သို့သော ကျင့်ကြံသူများအတွက်၊း

​အန္တရာယ်ဆိုသည်မှာ

​နေ့စဉ် ကြုံတွေ့နေရသော ကိစ္စသာ ဖြစ်သည်။

​သူတို့ ကြောက်သည်မှာ ရလဒ်မရရှိမှာကိုသာ ဖြစ်သည်

​ကြီးမားသော ရလဒ်အတွက် ကြီးမားသော စွန့်စားမှု ရှိရမည် မဟုတ်ပါလား

​ရည်ရွယ်ချက်ရှိရှိ သတင်းလွှင့်ထားသူများကြောင့်၊ တာ့ရှန်းကော်ကျောင်းတော်မှ ကျဲ့ခုန်း ရဟန်း မှာ ကျူးကော်သီး ကို ရရှိသွားသည့် သတင်းမှာ ပျံ့နှံ့နေပြီ ဖြစ်သည်။

​၎င်းမှာ ဒုတိယအဆင့် ကျင့်ကြံသူများအတွက် အဆုံးမရှိသော တာအိုစွမ်းအားများကို ပေးစွမ်းနိုင်သောအရာ ဖြစ်သည်။

​ထို့ပြင် တရားရုံးတော် ချန် မျိုးနွယ် အရာရှိတစ်ဦးမှာလည်း

​ရှေးဟောင်းစွမ်းအား အမွေအနှစ်ကို ရရှိသွားကာ

​မြောက်ဘက် ခရိုင်လေးခုတွင် အလွန်တရာ ရက်စက်လှသော မိစ္ဆာလမ်းစဉ် ထိပ်သီးတစ်ဦးကို အောင်မြင်စွာ သုတ်သင်နိုင်ခဲ့သည်။

​အတတ်ပညာများမှာလည်း အလွန်ပင် ဆန်းပြားလှသည်

​ဤအချက်များက လူတိုင်းကို စိတ်လှုပ်ရှားစေရန် လုံလောက်လှပေသည်

​"ဒီတစ်ခေါက် နတ်ဘုရားနယ်မြေရဲ့ အမည်က ချင်းယွဲ့ထန် လို့ ခေါ်တယ်၊ အဆင့်မြင့် နတ်မင်းကြီး ချင်းဝူးကုန်း ရဲ့ ကျင့်ကြံရာ နေရာပဲ၊ နတ်ဘုရားဓာတ်စွမ်းအားတွေ ပြည့်နှက်နေပြီး ကျင့်ကြံသူတွေအတွက်တော့ ကြီးမားတဲ့ အခွင့်အရေးပဲ "

​"ဒါ့အပြင် ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေဟာ ဝင်ရောက်ဖို့အတွက် မည်သည့် အထောက်အထား အမှတ်အသားမှ မလိုဘူး၊ မကြာခင်မှာပဲ ပေ့ဖုန်းခရိုင် ထဲက ထင်ရှူးတော ဆိုတဲ့ နေရာမှာ ပေါ်လာလိမ့်မယ်၊ အဲ့ဒီအခါကျရင် အားလုံးပဲ ကိုယ့်အရည်အချင်းနဲ့ကိုယ် ဝင်ရောက်ကြပေါ့ "

​ဝါးဆရာကြီးက ပြောလိုက်သည်။

​လူတိုင်းမှာ တစ်ဖန် ဆူညံသွားပြန်သည်။

​လီယန်ချူသည် ထိုဝါးဆရာကြီးကို မကြည့်ဘဲ မနေနိုင်တော့ပေ။

​"ဒီလောက်တောင် အသေးစိတ် သိနေတာလား၊ ဒီလောကထဲက အဆင့်မြင့် ကျင့်ကြံသူတွေက နတ်နယ်မြေတွေ ပျောက်ကွယ်သွားတဲ့ လျှို့ဝှက်ချက်ကို တကယ်ပဲ လက်ဝယ် ပိုင်ဆိုင်ထားကြတာလား "

​ဝါးဆရာကြီးမှာ အာရုံခံစားမှု အလွန် ထက်မြက်လှသည်။

​လီယန်ချူ၏ အကြည့်ကို ခံစားမိသည်နှင့်

​ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။

​ဓားကဲ့သို့ ထက်မြက်လှသော အကြည့် ဖြစ်သော်လည်း

​မကြာမီမှာပင် အကြည့်မှာ အနည်းငယ် နူးညံ့သွားသည်။

​လီယန်ချူကို ဆက်၍ အာရုံမစိုက်တော့ပေ

​လီယန်ချူသည် မိမိ၏ အသွင်ယောင်ဖန်တီးခြင်း အတတ်၏ စွမ်းအားကို တစ်ဖန် ချီးကျူးမိသွားသည်

​ရုတ်တရက်ဆိုသလို စိတ်ထဲမှာ တုန်လှုပ်သွားရ၏

​"ပေ့ဖုန်းခရိုင်... ထင်းရှူးတော "

​သူသည် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

​ထိုအမည်မှာ အဘယ်ကြောင့် ရင်းနှီးနေရသနည်းဟု သူ တွေးနေမိခြင်း ဖြစ်သည်။

​ဒါက... ဝေ မြို့ပြင်က တောင်ကြီး မဟုတ်ပါလား

​သူ၏ အကြည့်မှာ ထူးဆန်းသွားတော့သည်။

​"ဒါက တိုက်ဆိုင်မှုလား "

​"ဒါမှမဟုတ် ဝေ ဆိုတဲ့ နေရာမှာပဲ တစ်ခုခု လျှို့ဝှက်ချက် ရှိနေတာလား "

​သူ၏ စိတ်ထဲတွင် သံသယများ ပေါ်လာသည်။

​ချက်ချင်းပင် ဦးရေပြားများ ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရသည်

​အကယ်၍သာ တိုက်ဆိုင်မှု မဟုတ်ခဲ့လျှင်

​သူ အမြဲ နေထိုင်လာခဲ့သည့် ဝေမြို့လေးမှာ

​တကယ့်ကို စဉ်းစားစရာ ကောင်းလှပေသည်

​သူသည် ခေါင်းကို အနည်းငယ် ငြိမ့်လိုက်မိသည်

​ယခုတစ်ခေါက် အသွင်ယောင်ဖန်တီးခြင်း အတတ်ကို သုံး၍ ရှေးဟောင်းအိမ်တော်ထဲသို့ ခိုးဝင်လာခဲ့ခြင်းကို ကျေနပ်မိသွားသည်။

​အနည်းဆုံးတော့ အရေးကြီးသော အချက်အလက် အချို့ကို ရရှိလိုက်ပြီ ဖြစ်သည်

​ခရိုင်တစ်ခုလုံးကို ဒုက္ခပေးနေသည့် ဆန္ဒလမ်းစဉ် မိစ္ဆာအကြွင်းအကျန်များ၏ ခိုအောင်းရာ နေရာကို သိလိုက်ရသည်

​သူတို့၏ တိတ်တဆိတ် ကြံစည်မှုများကို သိလိုက်ရသည်

​ထို့ပြင် မကြာခင် ပွင့်တော့မည့် ချင်းယွဲ့ထန် နတ်ဘုရား နယ်မြေ သတင်းကိုလည်း သိလိုက်ရသည်။

​ယင်းနှင့်အတူ မေးခွန်းအသစ်များလည်း ပေါ်ထွက်လာခဲ့သည်။

​"မဆိုးဘူး "

​လီယန်ချူ စိတ်ထဲက တွေးလိုက်သည်။

​သူ၏ အကြည့်မှာ နတ်ဘုရားဓာတ်စွမ်းအားများ ပြည့်နှက်နေသည့် လျိုရင်အသီး လင်ဗန်းပေါ်သို့ ကျရောက်သွားသည်။

​ဝါးဆရာကြီးက ငါးသေမျက်လုံး အိမ်စေလေးကို လျိုရင်အသီးများ ဝေငှရန် အမိန့်ပေးလိုက်သည့် အချိန်တွင်မူ

​ရုတ်တရက် လေထုမှာ ငြိမ်သက်သွားသည်ကို တွေ့လိုက်ရသည်။

​လူတိုင်း၏ အကြည့်မှာ အံ့ဩတုန်လှုပ်နေကြသည်

​ဝါးဆရာကြီးက စိတ်မရှည်သလို မျက်မှောင်ကြုတ်ကာ၊ လှည့်၍ အိမ်စေလေးကို စိုက်ကြည့်လိုက်သည်။

​သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင်

​ချက်ချင်းပင် သူကိုယ်တိုင်လည်း မျက်လုံးပြူးကာ မှင်တက်သွားတော့သည်။

​"ဟေ "

​"ငါ့ရဲ့ လျိုရင်အသီး လင်ဗန်းကြီး တစ်ခုလုံး ဘယ်ရောက်သွားတာလဲ "

​

All Chapters