← Chapters

အခန်း (၃၇၂)

Vol. 34 Ch. 372

အခန်း (၃၇၂)

Vol. 34 Ch. 372

အပိုင်း (၃၇၂)

ဤတွင် အခြေအနေအားလုံးမှာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

​ ၎င်းတို့ရှေ့တွင်ရှိသော လူလုပ်ဂူကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်က ကောင်းကင်ခန်၏ အမိန့်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်ချေ အလွန်များသည်။ ဂူ၏ ဒီဇိုင်းကို ကွေ့ကောက်ရှုပ်ထွေးနေသော ဝင်္ကပါပုံစံ ပြုလုပ်ထားခြင်းမှာလည်း အုတ်ဂူဖောက်ထွင်းသူများကို သူ၏ ထာဝရ အနားယူရာနေရာကို မနှောင့်ယှက်နိုင်စေရန်က ဖြစ်ဖို့ များလှသည်။

​ ရတနာများမှာ မျက်စိရှေ့မှောက်တွင် ရှိနေသော်လည်း မှောင်မည်းနေသော ဂူပေါက်ဝကို ကြည့်ပြီး လူတိုင်း တွန့်ဆုတ်နေကြသည်။ အထဲသို့ ဝင်ချင်သော်လည်း မဝင်ရဲကြချေ။ သံဓားဂိုဏ်း တပည့်ပြောသွားသည့် စကားအရဆိုလျှင် အထဲတွင် ဂူလမ်းခွဲများစွာ ရှိနေပြီး အာရုံအနည်းငယ် လွတ်သွားသည်နှင့် လမ်းပျောက်ကာ ပြန်ထွက်ပေါက် ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။

​ ထို့ကြောင့် အထဲသို့ မစွန့်စားမီ သေချာစွာ ပြင်ဆင်မှုများ ပြုလုပ်ကြရမည်ဖြစ်သည်။ ဘယ်လိုပြင်ဆင်မှုတွေလဲ ဆိုတာကတော့..

​ ရိက္ခာခြောက်၊ ရေ၊ မီးတုတ်၊ မီးခတ်ကျောက်၊ ကြိုး စသည်ဖြင့် စုံလင်နေရမည်။ ထို့ပြင် လမ်းပြပေးနိုင်မည့် “ကျွမ်းကျင်သူ” အချို့ကိုပါ ခေါ်သွားဖို့ လိုအပ်ပေလိမ့်မည်။ မဟုတ်လျှင် လမ်းရှာတွေ့ဖို့ မလွယ်ကူလှပေ။

​ ဤအချက်မှာ လူတိုင်းအတွက် ချက်ချင်းပင် စိန်ခေါ်မှု ဖြစ်သွားခဲ့သည်။ ထို့နောက်တွင်တော့ အရပ်ရပ်မှ ရတနာရှာဖွေသူများသည် နောက်တစ်ကြိမ် စူးစမ်းလေ့လာရန်အတွက် အနီးအနားတွင် စခန်းချကာ ပြင်ဆင်မှုများ စတင်ကြတော့သည်။

​ မဟာရှနိုင်ငံ၏ စစ်တပ်မှာလည်း ဤနေရာတွင် တပ်စွဲထားသည်။ ၎င်းတို့မှာ ရတနာရှာရန် စိတ်ကူးမရှိကြချေ။ ထိုအစား အိုးကြီးများဖြင့် ရေနွေးတည်၊ ထမင်းနှင့် ဟင်းများ ချက်ပြုတ်ကာ သေသေသပ်သပ် ပြင်ဆင်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ကြတော့သည်။

​ “ထမင်း လာပါပြီ... ပူပူနွေးနွေး ထမင်းနဲ့ ဟင်းတွေ ရပြီဗျို့။ ဗိုက်ဆာတဲ့သူတွေ လာဝယ်ကြပါဦး”

​ ဤအော်ဟစ်သံက လူအများ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ရတနာရှာဖွေသူများ ဝိုင်းအုံလာကြလေသည်။

​ “မင်းတို့က အစားအသောက်တွေ ရောင်းနေတာလား”

​ “ဟုတ်တယ်” ဟု စစ်သားများက ခေါင်းငြိမ့်ပြလိုက်သည်။

​ အငွေ့တထောင်းထောင်းထနေသော အစားအစာများကို ကြည့်ပြီး ရတနာရှာဖွေသူများ တံတွေးမြိုချလိုက်ကြကာ “တစ်ပွဲကို ဘယ်လောက်လဲ” ဟု မေးလိုက်သည်။

​ စစ်သားက “တစ်ပွဲကို ငါးတေး ” ဟု ပြန်ဖြေလိုက်သည်။

​ ရတနာရှာဖွေသူများမှာ ဒေါသထွက်သွားကြလေသည်။

​ “ဒီလို အရသာမရှိတဲ့ ဟင်းရည်တစ်ခွက်ကို ငွေငါးတေးတောင် တောင်းတယ်ဟုတ်လား”

​ “ဟုတ်တယ်... အသားတောင် မပါဘဲနဲ့ မင်းတို့က ငါတို့ကို ငါးတေးတောင်းရဲတယ်ပေါ့လေ”

​ “စားသောက်ဆိုင်မှာတောင် ဒီလောက်ဈေးကြီးတာမျိုး ငါ တစ်ခါမှ မစားဖူးဘူး”

​ “မင်းတို့က အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ်နေကြတာပဲ”

​ စစ်သားများက စိတ်မရှည်တော့ဘဲ “မစားချင်ရင် ဖယ်ကြစမ်း။ ဒီမှာ အချိန်လာမဖြုန်းနဲ့”

​ “မင်း... မင်းတို့ ဒါက ဝယ်ယူသူတွေကို စော်ကားတာပဲ။ သတိထားနော်... ငါ မင်းတို့ရဲ့ အထက်လူကြီးတွေကို တိုင်လိုက်မယ်” ဟု ရတနာရှာဖွေသူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။

​ စစ်သားက “တိုင်ချင်သလောက် တိုင်လိုက်။ ဒါက အရှင်မင်းကြီး ကိုယ်တိုင် သတ်မှတ်ထားတဲ့ ဈေးနှုန်းပဲ”

​ ရတနာရှာဖွေသူများမှာ “F**k” ဟုသာ အသံထွက်နိုင်တော့သည်။

​ ခေါင်းဆောင်ဖြစ်သူကသာ မဖြောင့်မတ်လျှင် နောက်လိုက်များမှာလည်း ကောက်ကျစ်ကြသည်မှာ မဆန်းပေ။ ရတနာရှာဖွေသူများမှာ ဘာမှမတတ်နိုင်ကြတော့ချေ။

​ ရှေ့တွင်ရှိသော ပူပူနွေးနွေး အစားအစာများကို ကြည့်ရင်း၊ ရတနာရှာရန် လာခဲ့ရသည့် ခရီးတစ်လျှောက်တွင် ကောင်းကောင်းမွန်မွန် မစားခဲ့ရသည်ကို ပြန်တွေးမိသောအခါ ဗိုက်ဝဖို့အတွက် ငွေငါးတေးကို သုံးလိုက်ရသည်မှာ လက်မခံနိုင်စရာတော့ မဟုတ်ဟု ထင်လာကြသည်။

​ “ငါ့ကို တစ်ပွဲပေး။ ဒီမှာ ငွေငါးတေး”

​ “ငါက အစားကြီးတယ်၊ လေးပွဲပေး။ ဒီမှာ ငွေ​တေး ၂၀ ”

​ “ကျွန်တော့်ကို သုံးပွဲပေးပါ၊ ကျေးဇူးပဲ”

​ ဗိုက်ဆာနေသော ရတနာရှာဖွေသူများစွာ ရှိနေသဖြင့် နာရီဝက်ပင် မပြည့်မီ အစားအစာအားလုံး ကုန်သွားခဲ့သည်။ ပထမဆုံးနေ့တွင် ပွဲပေါင်း ငါးသိန်းခန့် ရောင်းချခဲ့ရပြီး ငွေတေးပေါင်း ၂.၅ သန်းနီးပါး ရရှိခဲ့သည်။

​ ဒုတိယနေ့တွင်လည်း မဟာရှနိုင်ငံ စစ်သားများမှာ ဆိုင်ပြန်ဖွင့်ကြပြန်သည်။

​ “ထမင်းရပြီ... ပူပူနွေးနွေး အစားအစာတွေ လာဝယ်ကြပါဦး”

​ ရတနာရှာဖွေသူများမှာ ထပ်မံဝိုင်းအုံလာကြပြန်သည်။

​ “တစ်ပွဲ ဘယ်လောက်လဲ”

​ “နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား”

​ စစ်သားက “ငါးတေးပဲ၊ ဈေးမဆစ်နဲ့” ဟု ပြန်ဖြေလိုက်သည်။

​ ရတနာရှာဖွေသူများမှာ ဒေါသဖြင့် တုန်ရင်နေကြပြီး “တစ်ပွဲကို ငါးတေးပဲလား။ မင်းတို့က ငါတို့ကို သတ်စားဖို့ သိုးတွေလို သဘောထားနေတာပဲ”

​ စစ်သားက “စားချင်ရင် ဝယ်၊ မစားချင်ရင် သွား” ဟုသာ တိုတိုတုတ်တုတ် ပြောလိုက်သည်။

​ ရတနာရှာဖွေသူများမှာ “F**k” ဟုသာ ထပ်မံ ဆိုမိကြပြန်သည်။ ၎င်းတို့သည် လောကအနှံ့ ကျင်လည်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဤမျှ ရိုင်းစိုင်းသော စီးပွားရေးသမားမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

​ “ငါ လုံးဝ မစားဘူး”

​ လူငယ် ရတနာရှာဖွေသူ တစ်ယောက်က အော်ဟစ်လိုက်သည်။ “မနေ့က တစ်ခါ ခေါင်းပုံဖြတ်ခံလိုက်ရတာက ထားလိုက်တော့၊ ဒီနေ့သာ ထပ်အဖြတ်ခံရရင် ငါက ဝက်ပဲ။ သွားကြစို့... ဒီမှာ မစားနဲ့။ ခေါင်းပုံဖြတ်မခံရမဲ့ မြို့ထဲမှာ သွားစားမယ်”

​ ထိုစကားကို ထောက်ခံသံများ ချက်ချင်း ထွက်ပေါ်လာသည်။

​ “မှန်တယ်... မြို့ထဲမှာ သွားစားကြမယ်”

​ “ငွေငါးတေးဆိုရင် မြို့ထဲမှာ ဘယ်လောက်ကောင်းတဲ့ အစားအစာတွေ စားလို့ရမလဲ စဉ်းစားကြည့်ဦး”

​ “ဒီဈေးနဲ့ ဒီလို အစားအစာညံ့ညံ့တွေကို သည်းခံပြီး စားစရာ မလိုဘူး”

​ မဟာရှနိုင်ငံ စစ်သားများက အေးစက်စွာ ပြုံးလိုက်ရင်း “သွားကြလေ... ငါတို့က မတားဘူး။ စေတနာနဲ့ တစ်ခုတော့ သတိပေးပါရစေ။ ဒီနဲ့ အနီးဆုံး မြို့က မိုင်ပေါင်း ၄၀၀ ဝေးတယ်၊ အသွားအပြန်ဆိုရင် မိုင် ၈၀၀ ပေါ့”

​ “မိုင် ၈၀၀ကို ပြေးရမယ်ဆိုရင်တောင် မင်းတို့ရဲ့ ခေါင်းပုံဖြတ်ခံရတာထက်စာရင် ပိုကောင်းသေးတယ်” ဟု ရတနာရှာဖွေသူများက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

​ စစ်သားက “ငါပြောတာက အနီးဆုံးမြို့ကို ပြောတာ။ အနီးဆုံး အစားအစာ ရနိုင်တဲ့နေရာကတော့ မိုင် ၈၀၀ မဟုတ်ဘူး၊ မိုင် ၁၆၀၀ ဝေးတယ်”

​ “ဘာ... ဘာလို့လဲ”

​ စစ်သားများက လှောင်ပြုံးပြုံးလိုက်ပြီး “ဘာလို့လဲဆိုတော့ ငါတို့က ဒီပတ်ဝန်းကျင် မိုင် ၈၀၀ အတွင်းမှာရှိတဲ့ အစားအစာ မှန်သမျှကို သိမ်းကျုံးဝယ်ယူလိုက်ပြီလေ။ ဒါကြောင့် ဗိုက်ဝအောင် စားချင်ရင် မိုင် ၈၀၀ ကျော်တဲ့အထိ သွားရမှာပေါ့။ အသွားအပြန်ဆိုရင် မိုင် ၁၆၀၀ မဟုတ်ဘူးလား”

​ ရတနာရှာဖွေသူများ ရင်ထဲတွင် “ခွေးမသားတွေ” ဟုသာ အော်ဟစ်နေကြတော့သည်။ တစ်ယောက်က စစ်သားကို လက်ညှိုးထိုးရင်း “မင်းတို့ တကယ့်ကို ကောက်ကျစ်တာပဲ၊ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်ပေါ့လေ”

​ “မင်းတို့ လူတွေကို အရမ်းနှိပ်စက်နေတာပဲ။ ဒီလို မလုပ်သင့်ဘူး”

​ “ငါတို့အားလုံး စုပေါင်းပြီး မင်းတို့ကို တိုက်ခိုက်မှာ မကြောက်ဘူးလား”

​ စစ်သားက နှာခေါင်းရှုံ့လိုက်ရင်း “မင်းတို့ကို အစားအစာ ရောင်းပေးနေတာကိုပဲ ကျေးဇူးတင်သင့်တယ်။ ငါတို့က အတင်းအကျပ် ဝယ်ခိုင်းနေတာ မဟုတ်ဘူး။ မကျေနပ်ရင် အထက်ကို တိုင်လို့ရတယ်။ အရှင်မင်းကြီးက မင်းတို့ကို စကားတစ်ခွန်း ပြန်ပြောလိုက်ရင် ငါ့အရှုံးပဲ”

​ ရတနာရှာဖွေသူများမှာ “မင်း... မင်းတို့...”

​ “နောက်ဆုံးတစ်ခါ ထပ်မေးမယ်... စားမှာလား၊ မစားဘူးလား”

​ “စား... စားပါ့မယ်”

​ နောက်ဆုံးတော့ အားလုံးက လက်လျှော့လိုက်ကြရသည်။ အစားအစာရှာရန် မိုင် ၈၀၀ သွားဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့မှာ သိုင်းပညာ တတ်မြောက်ထားသဖြင့် လျင်မြန်ကြသည်ဆိုသော်လည်း မိုင် ၈၀၀ ပြေးဖို့ဆိုသည်မှာ အသက်အန္တရာယ် ရှိလှသည်။ အသွားအပြန် မိုင် ၁၆၀၀ ဆိုလျှင် မည်သူက တောင့်ခံနိုင်ပါမည်နည်း။

​ အထူးသဖြင့် ရတနာက လက်တစ်ကမ်းမှာ ရှိနေချိန်တွင် အဝေးကို သွားနေရင်းဖြင့် ရတနာကို တစ်ပါးသူလက်ထဲ ပါသွားစေမည်မှာ နှမြောစရာကြီး ဖြစ်သွားပေလိမ့်မည်။ စိတ်ပျက်စရာ ကောင်းသော်လည်း အစားအစာအတွက် ငွေအနည်းငယ် သုံးလိုက်ရခြင်းမှာ ၎င်းတို့ မတတ်နိုင်သည့် အရာတော့ မဟုတ်ပေ။ ထို့ကြောင့် ဒုတိယအသုတ်မှာလည်း အကုန်ရောင်းထွက်သွားခဲ့ပြန်သည်။

​ ဤရတနာရှာဖွေသူများကို ဝန်ဆောင်မှုပေးရန်အတွက် မဟာရှနိုင်ငံသည် အစားအစာသာမက ကုန်ပစ္စည်း မျိုးစုံကိုလည်း ပြင်ဆင်ပေးထားသည်။ မီးတုတ်၊ မီးခြစ်၊ ရေဘူး၊ ရိက္ခာခြောက်၊ တဲအိမ်၊ မျက်နှာသုတ်ပုဝါ၊ အရက်၊ ပိုးသတ်ဆေး၊ ကြိုး၊ ထို့ပြင် မြေတူးဂေါ်ပြားနှင့် လမ်းညွှန်တံများအထိ စုံလင်စွာ ပြင်ဆင်ထားလေသည်။ တကယ့်ကို လိုလေသေးမရှိပင်။

​ ရတနာရှာဖွေသူများမှာ စိတ်လှုပ်ရှားသွားကြပြီး “မဟာရှနိုင်ငံက လူတွေက တကယ့်ကို စည်းစနစ်ကျတာပဲ” ဟု ဆိုကြသည်။

​ “ဒါပေါ့”

​ စစ်သားများက ဂုဏ်ယူစွာဖြင့် “ငါတို့ အရှင်မင်းကြီး ပြောဖူးတယ်၊ ဝယ်ယူသူက နတ်ဘုရားပဲတဲ့။ ဝယ်ယူသူတွေကို ဝန်ဆောင်မှုပေးဖို့က ငါတို့ရဲ့ တာဝန်ပဲ”

​ “အရှင်မင်းကြီးက တကယ့်ကို အပြောကောင်းတာပဲ။ ဒါနဲ့ ဒီရိက္ခာခြောက်တွေက တစ်ခု ဘယ်လောက်လဲ”

​ “ဒီရိက္ခာခြောက်တွေက အရမ်းတန်ပါတယ်၊ ငွေသုံးတေးပဲ”

​ ရတနာရှာဖွေသူများ- “ဟ.. ဒါကို မင်းက ဈေးပေါတယ်လို့ ပြောနေတာလား”

​ စစ်သားက ယုံကြည်မှုအပြည့်ဖြင့် “ဘာလို့ ဈေးမပေါရမှာလဲ။ ငါတို့ ရိက္ခာခြောက်တွေက အထူးပြုလုပ်ထားတာမို့လို့ လဝက်လောက်အထိ အထားခံတယ်။ မင်းတို့ ဂူထဲကို ရတနာသွားရှာတဲ့အခါ ရက်ပေါင်းများစွာ ကြာနိုင်တယ်။ ဒီရိက္ခာခြောက်တွေရှိရင် စိတ်အေးလက်အေး ရတနာရှာလို့ရပြီပေါ့။ ဒါက မုန့်တင် မဟုတ်ဘူး၊ မင်းတို့ရဲ့ အသက်ပဲ။ မင်းတို့အသက်က ငွေသုံးတေးလောက်တောင် တန်ဖိုးမရှိဘူးလား”

​ ရတနာရှာဖွေသူများ- “...”

​ “ဒါဆို ဒီရေဘူးကကော ဘယ်လောက်လဲ”

​ “ဒါကလည်း အရမ်းတန်ပါတယ်၊ တစ်ခုကို ငွေဆယ်တေးပဲ”

​ “ဟင်... ဒါကို မင်းက ဈေးပေါတယ်လို့ ပြောနေတာလား”

​ “ဘာလို့ ဈေးမပေါရမှာလဲ။ ငွေဆယ်တေးက ဘာလုပ်လို့ ရမှာမို့လို့လဲ” စစ်သားက မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။ “လူက အစာမစားဘဲ နေနိုင်ပေမဲ့ ရေမသောက်ဘဲ မနေနိုင်ဘူး။ ဒီရေဘူးက အရေးကြီးတဲ့အချိန်မှာ မင်းတို့အသက်ကို ကယ်ပေးနိုင်မှာ။ မင်းတို့အသက်က ငွေဆယ်တေးထက် မတန်ဘူးလား”

​ လူတိုင်း၏ မျက်နှာများမှာ ပျက်ယွင်းသွားကြသည်။ သာမန်ရေဘူးတစ်ဘူးကို ငွေဆယ်တေးတန်အောင် ပြောနိုင်သည်မှာ တကယ့်ကို မလွယ်ကူလှပေ။

​ “ဒီမီးတုတ်ကကော ဘယ်လောက်လဲ”

​ “ဒီမီးတုတ်က ဈေးမကြီးပါဘူး၊ တစ်ခုကို သုံးတေးပဲ။ အစည်းလိုက်ဝယ်ရင်တော့ ငွေတေးသုံးဆယ်”

​ “ဟင်... ဒါကို မင်းက ဈေးမကြီးဘူးလို့ ပြောနေတာလား”

​ “ဘာလို့ ဈေးကြီးရမှာလဲ။ စကားပုံတစ်ခု ရှိတယ်လေ... လူက အစာမစား၊ ရေမသောက်ဘဲ နေနိုင်ရင်တောင်မှ မျှော်လင့်ချက်မရှိဘဲ မနေနိုင်ဘူးတဲ့။ မှောင်မည်းနေတဲ့ ဂူထဲမှာ ဒီမီးတုတ်ရဲ့ အလင်းရောင်က မင်းတို့အတွက် မျှော်လင့်ချက်ပဲ။ မင်းတို့ရဲ့ အသက်က ငွေတေးသုံးဆယ်ထက် မတန်ဘူးလား”

​ ရတနာရှာဖွေသူများမှာ ဘာမှပြန်မပြောနိုင်တော့ဘဲ ကြောင်အမ်းအမ်းသာ ဖြစ်နေကြတော့သည်။

All Chapters