← Chapters

အခန်း (၃၆၃)

Vol. 34 Ch. 363

အခန်း (၃၆၃)

Vol. 34 Ch. 363

အပိုင်း (၃၆၃)

​ထို့နောက်တွင် လင်းပိုင်ဖန်သည် စွမ်းဆောင်ရည်ရှိသော အရာရှိများကို ရက်ရက်ရောရော ဆုလာဘ်များ ချီးမြှင့်လေသည်။

​ ဟီရှန်း၏ ရာထူးနှင့် ဘွဲ့အဆင့်အတန်းမှာ မြင့်မားလှပြီ ဖြစ်သဖြင့် လင်းပိုင်ဖန်က သူ့ကို နတ်ဆေးလုံးများ၊ အစွမ်းထက် သိုင်းကျမ်းများနှင့် နတ်လက်နက် တစ်ခုကိုသာ အဓိကထား ဆုချလိုက်ပြီး ဧကရာဇ်၏ ရက်ရောမှုကို ပြသခဲ့သည်။ လီလင်းဖူမှာမူ မြို့စားဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။ စာပေအရာရှိလောကတွင် ဒုတိယမြောက် ဘွဲ့ထူးချီးမြှင့်ခံရသူ ဖြစ်လာသဖြင့် သူသည် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေတော့သည်။ ချောင်ချောင်ကိုမူ စစ်ဘက်ဝန်ကြီးဌာနတွင် ရာထူးတစ်ဆင့် တိုးမြှင့်ပေးလိုက်သည်။

​ ဆုလာဘ်များ ပေးအပ်ပြီးနောက် အရာရှိများက “အရှင်မင်းကြီးရဲ့ ဂရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်” ဟု ဝမ်းသာအားရ တညီတညွတ်တည်း ဆိုလိုက်ကြသည်။

​ ထို့နောက် လာမည့်နှစ်အတွက် တာဝန်များကို စတင်ခွဲဝေပေးလေသည်။

​ “ဝန်ကြီးဟီ... နောက်နှစ်မှာလည်း သင်ကြီးကြပ်နေတဲ့ အလုပ်တွေကို ဆက်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်ပါ။ ငါတို့ မဟာရှနိုင်ငံမှာ ရိက္ခာတွေ ပိုထွက်လာအောင်၊ အိမ်တွေ ပိုဆောက်နိုင်အောင်၊ သယံဇာတတွေ ပိုတူးဖော်နိုင်အောင်၊ အထည်တွေ ပိုထုတ်လုပ်နိုင်အောင်နဲ့ လမ်းတွေ ပိုဖောက်နိုင်အောင် ကြိုးစားပါ”

​ “အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ဟု ဟီရှန်းက အမိန့်ကို နာခံလိုက်သည်။

​ “ဝန်ကြီးချောင်... နောက်နှစ်မှာ စစ်မှုထမ်း စုဆောင်းခြင်းကို ဆက်လုပ်ပါ၊ လူအင်အား နှစ်သန်း ထပ်တိုးပြီး နိုင်ငံတော်ရဲ့ စစ်အင်အား ခြောက်သန်းအထိ ရှိလာအောင် လုပ်ဆောင်ပါ။ တစ်ချိန်တည်းမှာပဲ စစ်တက္ကသိုလ်ကို ဆက်လက် ဦးဆောင်ပြီး သိုင်းပညာစာမေးပွဲတွေ ကျင်းပကာ နိုင်ငံတော်အတွက် ထောက်တိုင်တွေကို ပြုစုပျိုးထောင်ပေးပါ”

​ “အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ဟု ချောင်ချောင်က ပြန်လည် ဖြေကြားလိုက်သည်။

​ “ဝန်ကြီးလီ... နောက်နှစ်မှာ အခြေခံပညာရေး လုပ်ငန်းတွေကို ဆက်ပြီး တိုးမြှင့်လုပ်ဆောင်ပါ။ နောက်ပြီး တော်ဝင်စာမေးပွဲကို ထပ်မံကျင်းပပြီး ပညာရှိတွေနဲ့ အရည်အချင်းရှိသူတွေကို ရွေးချယ်ခန့်အပ်ပါ”

​“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

​ လူအများ စောင့်မျှော်နေကြသော ဤညီလာခံကြီးမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ညီလာခံ၏ အဓိက အနှစ်ချုပ်များကို အရာရှိများက ပြုစုပြီးနောက် တစ်ကမ္ဘာလုံး သိရှိစေရန် ထုတ်ပြန် ကြေညာလိုက်သည်။

​ အံ့အားသင့်ဖွယ် ကိန်းဂဏန်းများက လူတိုင်းကို မှင်သက်သွားစေခဲ့သည်။ ဤမှတ်တမ်းများက မဟာရှနိုင်ငံသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်နေပြီး အင်ပါယာကြီးများကိုပင် အမီလိုက်နေပြီ ဖြစ်ကြောင်း သက်သေပြနေသည်။ နိုင်ငံတော် အင်အား တောင့်တင်းမှသာ ပြည်သူတို့၏ ဘဝ လုံခြုံနိုင်မည် မဟုတ်ပါလား။

​ ပြည်သူတွေအားလုံးမှာလည်း ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပျော်ရွှင်နေကြတော့သည်။ “ငါတို့နိုင်ငံက တကယ့်ကို အံ့မခန်းပဲ”

​ အခြားနိုင်ငံများကမူ ဤအစီရင်ခံစာကို မြင်တွေ့ရသောအခါ မနာလိုစိတ်နှင့် အံ့သြစိတ်များ ရောပြွမ်းလျက် ဆွံ့အသွားကြရသည်။

​ “မဟာရှနိုင်ငံက တစ်နေ့ထက်တစ်နေ့ ပိုပြီး အင်အားကြီးလာနေပြီ”

​ “ဒီနှုန်းအတိုင်းဆိုရင် နောက်နှစ်နှစ်အတွင်းမှာ အင်ပါယာတစ်ခု ဖြစ်လာမှာ အသေအချာပဲ”

​ “အင်အားကြီးနိုင်ငံသစ် တစ်ခု ထွက်ပေါ်လာပြန်ပြီ”

​ သူတို့၏ မနာလိုမှုများမှာ အချည်းနှီးသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ နှင်းကပ်ဘေးကြောင့် ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရန် ရုန်းကန်နေရဆဲ ဖြစ်သောကြောင့်ဖြစ်သည်။

​ ရက်အနည်းငယ် ကုန်လွန်ပြီးနောက် နှစ်သစ်ကူးရန် နီးကပ်လာခဲ့လေသည်။ လင်းပိုင်ဖန်သည် ယခင်နှစ်များကဲ့သို့ပင် နှစ်ဆန်းတစ်ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်ကြာကို နိုင်ငံတော် အားလပ်ရက်အဖြစ် ကြေညာလိုက်ပြီး လစာကိုလည်း ပုံမှန်အတိုင်း ပေးချေစေသည်။

​ ပြည်သူများမှာ တစ်ဖန် ထပ်မံ ဝမ်းသာအားရ အော်ဟစ်ကာ ပျော်ရွှင်နေကြသည်။ အလုပ်လုပ်ချင်သည့် အချိန်တွင် အလုပ်လုပ်ပြီး ငွေရှာနိုင်ကာ နားချင်သည့် အချိန်တွင်လည်း အေးဆေးစွာ နားနိုင်သော ဤကဲ့သို့သော နိုင်ငံတွင် နေထိုင်ရခြင်းမှာ တကယ့်ကို ပျော်ရွှင်စရာ ကောင်းလှပေသည်။

​ ရက်အနည်းငယ် ထပ်မံကုန်လွန်ပြီးနောက် နှစ်သစ်ကူးနေ့သို့ ရောက်ရှိလာခဲ့သည်။ ပြည်သူများမှာ အားလပ်ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းရင်း ဆွေမျိုးမိတ်ဆွေများထံ သွားရောက်ကာ နှစ်သစ်ကူး နှုတ်ခွန်းဆက်သနေကြသဖြင့် အလွန်ပင် စည်ကားနေတော့သည်။

​ နန်းတော်တွင်မူ ညီလာခံကို ပုံမှန်အတိုင်း ကျင်းပနေဆဲ ဖြစ်သည်။ ထို့နောက်တွင်မူ ဧကရာဇ်နှင့် အရာရှိများ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲသည့် "မဟာသုခ ပွဲတော်" ကို ကျင်းပလေသည်။ ထိုအခါမှသာ သူတို့သည် အမှန်တကယ် အနားယူပြီး နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြတော့သည်။

​ လင်းပိုင်ဖန်သည် လူငယ်တစ်ယောက်အနေဖြင့် သူ၏ ဦးလေးများဖြစ်သော ရှောင်ကော်လျန်နှင့် ချိုင်ယူလန်တို့ထံ သွားရောက် နှုတ်ဆက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော်အတွက် အမှုထမ်းခဲ့သော မှူးမတ်များနှင့် မဟာရှနိုင်ငံတွင် အခြေချနေထိုင်သော ထူးချွန်သည့် သိုင်းပညာရှင်ကြီးများထံသို့လည်း သွားရောက်ကာ ကျေးဇူးတင်စကား ဆိုခြင်းဖြင့် ဧကရာဇ်၏ ဂရုဏာတော်ကို ခံစားစေသည်။

​ ယနေ့တွင် လင်းပိုင်ဖန်သည် လက်ဆောင်များစွာဖြင့် "လေးရာသီချိုင့်ဝှမ်း" သို့ သွားရောက်လည်ပတ်ခဲ့သည်။ လျိုဝမ်ချင်းနှင့် သူမ၏ မိခင်တို့က တံခါးဝတွင် ထွက်၍ ကြိုဆိုခဲ့ကြသည်။

​ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”

​ လင်းပိုင်ဖန်က နွေးထွေးစွာ ပြုံးလျက် “ဒီလို အလေးအမြတ်ပြုဖို့ မလိုပါဘူး။ ငါကိုယ်တော်က သင်တို့နှစ်ယောက်ကို နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ ကံကောင်းပါစေ၊ ကျန်းမာပါစေလို့ ဆုတောင်းပေးဖို့ လာခဲ့တာပါ။ နည်းနည်း နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်”

​ “အရှင်မင်းကြီးက ဘာလို့ အားနာနေရတာလဲ။ နိုင်ငံတော်ရဲ့ အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ အလုပ်တွေ များနေမှာကို ကျွန်မတို့ နားလည်ပါတယ်။ ကျွန်မတို့ဆီကို အချိန်ပေးပြီး လာလည်ပေးတာကတင် ဂုဏ်ယူစရာပါ” ဟု လျိုဝမ်ချင်း၏ မိခင်က ရယ်မောရင်း ဆိုလိုက်သည်။

​ လင်းပိုင်ဖန်က ကျေနပ်စွာ ရယ်မောလိုက်ပြီး “မဒမ်က အသံလည်း ကြည်လင်ပြီး မျက်နှာလည်း သွေးရောင် လွှမ်းနေတာကြည့်ရင် ကျန်းမာရေး အများကြီး ကောင်းလာပုံပဲ”

​ “ဒါတွေ အားလုံးက အရှင်မင်းကြီးရဲ့ ကရုဏာတော်ကြောင့်ပါပဲ”

​ လျိုဝမ်ချင်း၏ မိခင်က မျက်ရည်ဝဲလျက် ကျေးဇူးတင်စကား ဆိုလိုက်သည် “အရှင်မင်းကြီး ပေးသနားတဲ့ နတ်ဆေးလုံးသာ မရှိရင် ကျွန်မ အသက်ရှင်မှာ မဟုတ်ပါဘူး။ တစ်ခါထပ်ပြီး ကျေးဇူးတင်ပါတယ်”

​ “အဲဒီလို မပြောပါနဲ့၊ ဒါက အပြန်အလှန် အကျိုးပြုတာပါပဲ”

​ လင်းပိုင်ဖန်က ပြုံးလျက် “မဒမ်တို့ မဟာရှနိုင်ငံကို ရောက်လာကတည်းက နိုင်ငံမှာ နတ်ဆေးဝါးတွေ ပြတ်လပ်တယ်ဆိုတာ မရှိတော့ဘူး။ မဟာရှနိုင်ငံက သင်တို့ မရှိလို့ မဖြစ်ပါဘူး။ လိုအပ်တာရှိရင် အားမနာဘဲ ပြောပါ၊ ငါကိုယ်တော် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်”

​ လင်းပိုင်ဖန် ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ဤသားအမိနှစ်ယောက် ရောက်လာပြီးနောက်တွင် သူတို့၏ ဆေးဝါးဖော်စပ်မှု စွမ်းရည်ကြောင့် သိုင်းပညာရှင် များစွာကို လေ့ကျင့်ပေးနိုင်ခဲ့ပြီး နိုင်ငံတော် အင်အားကို မြှင့်တင်ပေးနိုင်ခဲ့သည်။ သူတို့တွင် ရာထူးဘွဲ့ထူး မရှိသော်လည်း လင်းပိုင်ဖန်အတွက်မူ သာမန်အရာရှိများထက် ပို၍ အရေးပါသူများ ဖြစ်ကြသည်။ သူတို့ကို စိတ်မချမ်းသာအောင် သို့မဟုတ် မတရားမှု မကြုံရအောင် သူ ဘယ်တော့မှ အဖြစ်ခံမည် မဟုတ်ပေ။

​ ထိုအချိန်တွင် လင်းပိုင်ဖန်က လက်ခုပ်တီးလိုက်ရာ တစ်စုံတစ်ယောက်က လက်ရာမြောက်သော သေတ္တာအချို့ကို သယ်ဆောင်လာသည်။

​ “အရှင်မင်းကြီး ဒါတွေက ဘာတွေလဲ” ဟု လျိုဝမ်ချင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

​ “ဒါတွေက သင်တို့အတွက် နှစ်သစ်ကူး လက်ဆောင်တွေပါ၊ ဝမ်းမြောက်ဝမ်းသာ လက်ခံပေးစေချင်ပါတယ်” ဟု လင်းပိုင်ဖန်က ပြုံးလျက် ဆိုလိုက်သည်။

​ “အရှင်မင်းကြီး ဒါတွေ မလိုပါဘူး။ ကျွန်မတို့မှာ စားဝတ်နေရေးအတွက် ပူစရာ မရှိပါဘူး။ လိုအပ်တာ ရှိရင်လည်း ကိုယ့်ဘာသာ ဝယ်ယူနိုင်ပါတယ်။ အရှင်မင်းကြီးကို အလုပ်မရှုပ်စေချင်ပါဘူး” ဟု လျိုဝမ်ချင်းက လက်ကာလျက် ငြင်းဆန်လိုက်သည်။

​ “မဟုတ်ဘူး... ဒီလက်ဆောင်ကို မဖြစ်မနေ လက်ခံရမယ်”

​ လင်းပိုင်ဖန်က သေတ္တာတစ်လုံးကို ဖွင့်ပြလိုက်ပြီး “ဒါက နှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်းပဲ၊ နေနဲ့လရဲ့ အဆီအနှစ်တွေကို နှစ်ပေါင်းများစွာ စုပ်ယူထားတာကြောင့် ခန္ဓာကိုယ်ရဲ့ အခြေခံကို ခိုင်မာစေပြီး သွေးလေလည်ပတ်မှုကို ကောင်းမွန်စေတယ်”

​ လင်းပိုင်ဖန်က ဒုတိယ သေတ္တာကို ဖွင့်ပြလိုက်ပြန်သည်။ “ဒါကတော့ နှစ်တစ်ရာသက်တမ်းရှိတဲ့ ကျောက်စိမ်းမှိုပဲ၊ မြေကြီးရဲ့ အဆီအနှစ်တွေကို စုပ်ယူထားပြီး စိတ်ကို ကြည်လင်စေကာ အင်အားကို ဖြည့်တင်းပေးနိုင်တယ်”

​ လင်းပိုင်ဖန်က တတိယ သေတ္တာကို ထပ်မံ ဖွင့်ပြလိုက်သည်။ “ဒါကတော့ နှစ်တစ်ရာသက်တမ်းရှိတဲ့...”

​ လျိုဝမ်ချင်းနှင့် သူမ၏ မိခင်မှာ အံ့အားသင့်ကာ မှင်သက်သွားကြသည်။ ဤဆေးဘက်ဝင် အပင်များမှာ တစ်ခုချင်းစီပင် အဖိုးမဖြတ်နိုင်သော အရာများ ဖြစ်ကြသည်။ သူတို့မှာ ဆေးပညာ တတ်ကျွမ်းသော မျိုးရိုးမှ ဆင်းသက်လာသူများ ဖြစ်သော်လည်း ဤမျှ များပြားသော ဆေးပင်များကို တစ်ခါမျှ မမြင်ဖူးပေ။

​ အရှင်မင်းကြီးတွင် ဤမျှ အဖိုးတန်သော အရာများ မည်သို့ရှိနေသနည်း။ ထို့ပြင် ၎င်းတို့ကို လက်ဆောင်အဖြစ် ပေးရန်မှာ မည်မျှ ရက်ရောလိုက်သနည်း။

​ ဤဆေးဝါးများမှာ အဖိုးတန်သော်လည်း လင်းပိုင်ဖန်အတွက်မူ ပြဿနာ မဟုတ်ပေ။ အကြောင်းမှာ သူသည် တစ်နိုင်ငံလုံးကို စောင့်ကြည့်နိုင်သဖြင့် မည်သည့်နေရာတွင် မည်သည့်ဆေးပင် ရှိသည်ကို သိနေပြီး အလွယ်တကူ ရယူနိုင်သောကြောင့် ဖြစ်သည်။ ဤဆေးဝါးများမှာ ၎င်းတို့၏ တန်ဖိုးကို သိသူထံ ရောက်မှသာ အသုံးဝင်မည် ဖြစ်သည်။

​ “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်မ ဝမ်းမြောက်ဝမ်းသာ လက်ခံပါ့မယ်” ဟု လျိုဝမ်ချင်းက ဆိုလိုက်သည်။ သူမ၏ မိခင် ကျန်းမာရေးအတွက် ဤဆေးပင်များမှာ အမှန်တကယ် လိုအပ်နေသဖြင့် ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။

​ နှစ်သစ်ကူး လက်ဆောင်များကို လက်ခံပြီးနောက် လျိုဂမ်ချင်း၏ မိခင်က လင်းပိုင်ဖန်နှင့် သူမ၏ သမီးကို ကြည့်ကာ ပြုံးလိုက်ပြီး “အမေ ဆေးခန်းဘက် ခဏသွားလိုက်ဦးမယ်။ သမီးတို့ လူငယ်တွေပဲ အေးဆေး စကားပြောကြဦး” ဟု ဆိုကာ ထွက်သွားလေသည်။

​ လင်းပိုင်ဖန်နှင့် လျိုဝမ်ချင်းတို့မှာမူ “အမ်…..” ဟု ဆိုကာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့သည်။

All Chapters