အဖွားအိမ်သို့ သွားခြင်း
Vol. 6 Ch. 77
အားယွီလေး ငိုယို ပြီးနောက် သူမသည် အများကြီး သက်သာသွားသည်ဟု ခံစားလိုက်ရသည်။ ဝမ်ဝူလန်နှင့် အခြားသူများသည် ဝိုင်း၍ သေချာမေးမြန်း ကြည့်ကြလေသည်။ ကလေးအသစ်မှ အားယွီအား ငိုအောင် လုပ်လိုက်ခြင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။ သူတို့အားလုံးသည် သူမ၏ ဒေါသအား ဖြေဖျောက်ပေးရန် အတွက် သူ့အား ထိုးကြိတ်ချင်ကြောင်း အော်ဟစ်လိုက်ကြသည်။ အားယွီလေးမှ ခေါင်းအား ခါယမ်းလိုက်လေသည်။
"သူ့ကို ရိုက်လို့မရဘူး ကိုကိုက ညီမလေးကို မရိုက်ဘူး ဒါကြောင့် ကိုကိုကို မရိုက်နဲ့"
သူသည် သူမအား မသဘောကျရုံ သက်သက်သာ ဖြစ်သည်။ ဒီကမ္ဘာကြီးပေါ်မှ လူတိုင်းသည် အခြားသော လူအားလုံးအား သဘောကျလိမ့်မည် မဟုတ် ဆိုသည်ကို အားယွီလေး သိနားလည်ပေသည်။
‘သူမကတော့ လူတိုင်းကို အရမ်းသဘောကျပေမယ့်ပေါ့’
ဝမ်ဝူလန်မှ ခေါင်းကုတ်လိုက်လေသည်။
"ဒါဆို ကိုကိုငါးက ညီမလေးအတွက် ငါး ပိုဖမ်းပေးမယ်လေ ပြီးရင် ငါးကင်စားပြီးတော့ သူ့ကို လျစ်လျူရှု ထားလိုက်ကြစို့နော်"
ဝမ်လျိုလန်နှင့် ဝမ်ချီလန်တို့သည်ပင် အားယွီလေးအတွက် ဖားလောင်းလေးများစွာ ဖမ်းပေးခဲ့ကြသေးသည်။ ဝါးကျည်တောက်ထဲတွင် ဖားလောင်းငယ်လေး တစ်ကောင် ရှိနေခဲ့သည်။ အားယွီလေးသည် မည်းနက်နေသည့် ဖားလောင်းလေးအား ကြည့်လျှက် ကြက်သေသေ သွားတော့သည်။
"ဝိုး ငါးမည်းလေး"
အားယွီလေး အံ့သြ ဝမ်းသာ ဖြစ်သွားတော့သည်။ ဝမ်ဝူလန်မှ ပြင်ပေးလိုက်လေသည်။
"အဲဒါ ဖားလောင်းလေ သူကြီးလာရင် ဖားဖြစ်သွားလိမ့်မယ် သူက ပိုးကောင်တွေ စားတယ်"
ဟူရှောင်ထုံသည်လည်း ငါးဖမ်းနေခဲ့သည်။ ၎င်းသာမက သူသည် စပါးခင်းထဲမှ ခရုများအား ဖမ်းနည်းကိုလည်း သိရှိလေသည်။ ခရုများသည် တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာတွင် အသုံးပြုသည့် ဆေးဖက်ဝင် ပစ္စည်းများ ဖြစ်ပေသည်။
သမားတော် ဟူသည် ရွာသားများထံမှ တစ်နှစ်ပတ်လုံး ခရုများအား ဝယ်ယူလေ့ ရှိပေသည်။ ရွာသားတိုင်းသည် ခရုများ ဖမ်းမိသောအခါ သူ့ထံသို့ သွားပို့ကြလေ့ ရှိပေသည်။
သူတို့ထဲမှ အများစုမှာ ငွေကြေး လက်ခံလေ့ မရှိကြပေ။ သမားတော်ဟူသည် လူနာများအား ကုသပေးရာတွင်လည်း ဆေးဖိုး အချို့အား လျူဒါန်းလေ့ ရှိလေသည်။
အားယွီလေး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ဝမ်ဝူလန်နှင့် အခြားသူများ သတိမထားမိချိန်တွင် သူမသည် နေရာလွတ် အတွင်းသို့ အကြိမ်အနည်းငယ် ကြည့်လိုက်မိသည်။
"နတ်သူငယ်လေး သမီး ဖားလောင်းတွေ မွေးချင်တယ်"
‘သူသိပြီးသားပါ’
စိတ်ဝိဉာဉ်စမ်းရေသည် မြောင်းငယ်လေး အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ မြောက်မြားလှစွာသော ဝိညာဉ် မြေဆီလွှာအား ဖြတ်သန်း စီးဆင်း ပြီးနောက် နှစ်ဖက်စလုံးသည် အပြန်အလှန် အာဟာရ ဖြစ်စေကာ ထိုနေရာရှိ မြောက်မြားစွာသော စိတ်ဝိဉာဉ်စမ်းရေများသည်လည်း ပိုမို၍ ကောင်းမွန်လာခဲ့သည်။
သို့သော် ဤမြောက်မြားစွာသော စိတ်ဝိဉာဉ်စမ်းရေများသည် သောက်သုံး၍ မရပေ။ ၎င်းအား ရေသွင်းရန်သာ အသုံးပြုနိုင်ကာ ကျောက်ဖလား အတွင်းရှိ ရေများသည်သာ သောက်နိုင်ပေသည်။
သူ၏ ကံတရားအား လက်ခံလိုက်ကာ ဖားလောင်းများအား မြောင်းထဲသို့ ပို့ဆောင်လိုက်သည်။ မမြင်ရသည်မှာ ပို၍ ကောင်းလှပေသည်။ သူမ ကြီးပြင်းလာပြီးနောက် နေရာလွတ်၏ တန်ဖိုးအား နားလည် လာသောအခါ ဤအရာများအား ရွံရှာသွားပေလိမ့်မည်။
အားယွီလေးမှ ပျော်ရွှင်စွာ ဆော့ကစားနေစဉ် လျိုရှီသည် သူမလေးအား လာရောက် ရှာဖွေခဲ့လေသည်။ မြစ်ဘက်ရှိ ရေအိုင်အား ပတ်ေနလျှက် သူမ၏ အင်္ကျီလက်များအား ခေါက်တင်ကာ ဘောင်းဘီအား မ ထားသည့် အားယွီလေးအား သူမ မြင်တွေ့လိုက်ရသည်။
သူမသည် သက်ပြင်းချလျှက် အော်ခေါ်လိုက်လေသည်။
"အားယွီ မနေ့ညက ဒီနေ့ အဖွား အိမ်သွားမယ်လို့ သဘောတူထားတယ် မဟုတ်လား ဘာလို့ ကြောင်ညစ်ပတ်လေး ဖြစ်နေရတာလဲ"
ထိုအခါမှသာ သူမလေး အိပ်ရာမဝင်မီ သူမ၏ အမေဖြစ်သူမှ လာခေါ်မည်ဟု ပြောခဲ့ကြောင်း အားယွီလေး သတိရသွားတော့သည်။ သို့သော် သူမ၏ ကိုကိုငါးမှ မနက်ထ စောစော အချိန်ကတည်းမှ ဖက်ထုပ်ဦးလေးအား ကြည့်ရန် သူမလေးအား ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ကိုကိုကြောင့် သူမ စိတ်မကောင်းဖြစ်ခဲ့ရကာ အမေဖြစ်သူ ပြောကြားခဲ့သည်များအား မေ့သွားခဲ့ခြင်း ဖြစ်သည်။
"ဒေါ်လေး ၄ တောင်းပန်ပါတယ် အားယွီကို သား သတိပေးဖို့ မေ့သွားတယ်"
ဝမ်ဝူလန်မှ သူ၏ အမှားအား အမြန် ဝန်ခံလိုက်လေသည်။ သူ၏ အမေသည်လည်း ယနေ့တွင် သူမ၏ မိသားစုထံ ပြန်သွားသော်လည်း သူတို့အား ခေါ်မသွားခဲ့ချေ။
ထို့ကြောင့် သူတို့အား တားဆီးမည့်သူ မရှိသဖြင့် မြစ်ဘက်တွင် သွားကာ ဆက်လက်၍ ဆော့ကစားနိုင်ခဲ့ကြခြင်း ဖြစ်သည်။
"မေမေ အားယွီ မှားမှန်းသိပါပြီ"
အားယွီလေးသည် ဝမ်ဝူလန်၏ နောက်သို့ လိုက်ကာ အမြန် တောင်းပန်လိုက်လေသည်။ လျိုရှီမှ ပြောလိုက်လေသည်။
"အရင်ပြန်ပြီး အဝတ်အစားသွားလဲရအောင် အဖွားအိမ်သွားကြမယ်"
ဟူမိသားစုရွာ အဝင်ရှိ ချောက်ကမ်းပါး အောက်တွင် နာရီဝက်ခန့် လမ်းလျှောက် ပြီးနောက် မြစ်တစ်စင်းရှိလေသည်။ တိတိကျကျ ပြောရလျှင်မူ ကလေးများ ဆော့ကစားနေသည့် မြစ်မှာ ဆယ်ပေခန့်သာ ကျယ်သော ချောင်းငယ်လေး တစ်ခုသာ ဖြစ်သည်။
မြစ်ရေမှာ မနက်လွန်းဘဲ လူကြီးတစ်ယောက်၏ ခါးခန့်သာ ရှိလေသည်။ ကလေးများသည် ဤနေရာတွင် ဆော့ကစားရသည်အား နှစ်သက်ကြပေသည်။ တောင်ပေါ်ရှိ ရေစီးကြောင်းများ မှတဆင့် ၎င်းတို့သည် စုစည်းသွားပြီးနောက် နောက်ဆုံးတွင် ချောက်ကမ်းပါး အနီးရှိ ရေတံခွန်တစ်ခု အဖြစ် ဖြစ်ပေါ်လာကာ ပင်မမြစ်အတွင်းသို့ စီးဝင်သွားခြင်း ဖြစ်သည်။
လျိုရှီသည် အားယွီလေးအား မြစ်ရေဖြင့် သန့်စင်ပေး ပြီးနောက် အိမ်သို့ ပြန်ခေါ်လာခဲ့ကာ အဝတ်အစား လဲပေးလိုက်လေသည်။ အားယွီလေးတွင်လည်း အဝတ်အစားအသစ် တစ်စုံရှိပေသည်။ ၎င်းမှာ အဘွားအိုဝမ် ဝေငှပေးခဲ့သည့် အဝတ်အထည် ဖြစ်သည်။ ယခင် အချိန်တွင် သူမ ခရိုင်မြို့သို့ သွားရောက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကျောင်းကျန့် ပေးခဲ့သည့် အဝတ်အထည်အများစုမှာ အမျိုးသားများ အတွက် ပြုလုပ်ထားခဲ့ကာ အဘွားအိုဝမ် ဝယ်ယူလာသည့် အဝတ်အထည်များကိုမူ အမျိုးသမီးများအား ဝေငှပေးခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိနေသော အဝတ်အထည်များနှင့် အဘွားအိုဝမ်ပေးသော အဝတ်အထည်များမှာ အိမ်ရှိ ဇနီးမယားများနှင့် မြေးများအတွက် အဝတ်အစား ပြုလုပ်ရန် အတိအကျ လုံလောက်မှု ရှိပေသည်။ သူမသည် သူတို့ကိုအား ထိုသို့ ပြောဆိုခဲ့လေသည်။
"အိမ်ရဲ့ အခြေအနေကို နင်တို့သိပါတယ် နင်တို့ ပိုလိုချင်ရင်လည်း ငါ ထုတ်မပေးနိုင်ဘူး နင်တို့ကို ဝေပေးထားတဲ့ အဝတ်အထည်တွေနဲ့ နင်တို့ကြိုက်တာ လုပ်လို့ရတယ် ကိုယ့်အဝတ်အစား ကိုယ် လုပ်ချင်တာပဲ ဖြစ်ဖြစ် ကလေးအတွက် ချန်ထားချင်တာပဲ ဖြစ်ဖြစ် မိသားစုဆီ ယူသွားချင်တာပဲ ဖြစ်ဖြစ် ငါမမေးဘူး ဒါပေမယ့် နင်တို့ သေချာ စဉ်းစားရမယ် နောက်တစ်ခါ ငါတို့ ပစ္စည်းတွေ ဘယ်တော့ ထပ်ရမလဲဆိုတာ ဘယ်သူသိမှာလဲ"
အမျိုးသမီးများ အားလုံးတွင် ကိုယ်ပိုင် အကြံအစည်များ ရှိကြသော်လည်း အဘွားအိုဝမ်သည် လုံးဝ ဂရုမစိုက်ချေ။ လျိုရှီသည် မူလတွင် လူကြီး အဝတ်အထည်ဖြင့် အဝတ်အစား နှစ်စုံ ထပ်ချုပ်နိုင်သဖြင့် အဝတ်အထည် အားလုံးအား အားယွီလေးအတွက် ချန်ထားချင်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သူမ၏ သမီးအား မိသားစုထံ အလည်ခေါ်သွားရမည်ဖြစ်ရာ ဤအထည်များ အသုံးဝင်နိုင်သည်ဟု သူမတွေးမိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမသည် အထည်အားလုံးအား အိတ်ထဲသို့ ထည့်လိုက်တော့သည်။
အဘွားအိုဝမ် ဝေငှပေးထားသည့် စားစရာ ၁၀ ကတ်တီ အသား ၅၀၀ ဂရမ်နှင့် ဝက်အူ ၅၀၀ ဂရမ် တို့ကိုလည်း တောင်းထဲသို့ ထည့်ထားလိုက်သည်။
လျိုရှီ၏ မိသားစုမှာ ကျုံယွိမြို့နယ်ရှိ တောင်ခြေရွာတွင် နေထိုင်ကြခြင်း ဖြစ်သည်။ ၎င်းမှာ ဟူမိသားစုရွာနှင့် မိုင် ၃၀ ခန့် ကွာဝေးပြီး ပတ်ဝန်းကျင် နယ်မြေသည်လည်း အတော်အသင့် ကျယ်ဝန်းလှသည်။
ဝမ်ချွမ်းမန်သည် သူတိူ့မိသားစု မနက်ပိုင်းတွင် စတင်ထွက်ခွာကာ လေးနာရီခန့် လမ်းလျှောက်သွားမည်ဆိုလျှင် အဘိုးအိုယွဲ့တို့၏ မိသားစု နေ့လည်စာ စားချိန်နှင့် လွတ်သွားနိုင်မည် ဖြစ်ကာ မွန်းလွဲပိုင်းလောက်တွင် ပြန်ရောက်နိုင်လိမ့်မည်ဟု စဉ်းစားလိုက်မိလေသည်။
ယခုနှစ်တွင် မိသားစုတိုင်း၏ ဘဝသည် မကောင်းမွန်လှချေ။ အသိဉာဏ်ရှိ သူများ အနေဖြင့် တခြားသူများ၏ အိမ်တွင် ထမင်းစားဖို့ ရန် အတွက် နေလိမ့်မည် မဟုတ်ချေ။
အားယွီလေးသည် အဝတ်အစားအသစ်များအား လဲဝတ်ပြီး ချိန်တွင် ဝမ်ချွမ်းမန်၏ လည်ပင်းပေါ်တွင် ထိုင်နေခဲ့သည်။ သူမ၏ မျက်နှာလေးသည် ပန်းပွင့်လေးကဲ့သို့ တောက်ပစွာ ပြုံးရွှင်နေခဲ့လေသည်။
ရွာမှ မထွက်ခွာမီ လူများစွာသည် သူမလေးအား ‘ဘယ်သွားမလို့လဲ’ ဟု မေးကြသေးသည်။ အားယွီလေးမှ ကြည်လင်ပြတ်သားသည့် အသံလေးဖြင့် ပြန်ဖြေလိုက်လေသည်။
"အားယွီ ဖွားဖွားအိမ်ကို သွားမလို့"
‘မေမေမှ အဖွားဆိုသည်မှာ မေမေ့ရဲ့ အမေ ဟု ပြောဖူးတယ်’
အားယွီလေးသည် ဖွားဖွား ဖြစ်သူအား တစ်ခါမှ မမြင်ဖူးသော်လည်း ဖွားဖွားသည်လည်း မေမေ့လိုပင် နွေးထွေးမည် ဟု သူမ ခံစားရလေသည်။
သူတို့ ထွက်ခွာလာစဉ် ဟူဆန်း၏ အိမ်ရှေ့သို့ ဖြတ်သွားကြရသည်။ တတိယအဒေါ် ဟူသည် သူတို့အား မြင်ပြီးနောက် မေးမြန်းလိုက်သည်သည်။ အားယွီလေးမှ ပြုံးလျက်ပင် ပြန်ဖြေလိုက်သေးသည်။
...
ခြံဝင်းထဲတွင် ထိုင်နေသည့် ချင်ဟွိုင်အား မြင်သောအခါ သူမသည် မသိစိတ်အရ "ကိုကို" ဟု ခေါ်ချင်သွားမိသည်။ သူသည် သူမအား သဘောမကျကြောင်း တွေးမိပြီးနောက် အားယွီလေးသည် ထပ်မံ၍ နှာမှုတ်လိုက်ကာ ခေါင်းအား ဘေးသို့ လှည့်လိုက်တော့သည်။
‘သူမ သူ့ကို ကိုကိုလို့ ဆက်မခေါ်တော့ဘူး’
‘ကိုကိုအပေါ် ထားရှိတဲ့ သူမရဲ့ ချစ်ခြင်းမေတ္တာတွေက အိတ်ထဲက သစ်သီးတွေလိုပဲ ချေမွခံလိုက်ရပြီ’
သစ်သီးများအား တွေးမိပြီးနောက် အားယွီလေးမှာ အလွန်အမင်း ဝမ်းနည်းသွားမိတော့သည်။ အသားလုံးလေးမှ အခွင့်အရေးယူ၍ သူမအား သင်ခန်းစာ ပေးလေတော့သည်။
[ကလေးမ၊ နောက်ဆို တခြားသူတွေဆီကို လွယ်လွယ်နဲ့ မခုန်အုပ်နဲ့ သူတို့ မင်းကို မဖမ်းထားရင် မင်းပြုတ်ကျပြီး အိတ်ထဲက ပစ္စည်းတွေ ပျက်စီးကုန်လိမ့်မယ် ကြားလား]
အားယွီလေး စဉ်းစားကြည့်လိုက်မိသည်။
‘ဟုတ်တာပေါ့ တစ်ယောက်ယောက်က ကိုကိုလို ထပ်လုပ်ရင် သူမရဲ့ အိတ်ငယ်လေး အရမ်းဝမ်းနည်းရလိမ့်မယ်’
‘ဒါ့အပြင် သူမလက်လည်း နာလိမ့်မယ်’
‘ဗိုက်လည်း နာလိမ့်မယ်’
ချင်ဟွိုင်သည် အားယွီလေး အနားမှ ဖြတ်သွားသောအခါ လက်ထဲရှိ သကြားလုံး အနည်းငယ်အား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ အားယွီလေး သူ့အား ခေါ်နေသည်ဟု ထင်ကာ သူမလေးအား မဝံ့မရဲ ကြည့်လိုက်မိလေသည်။
သူ၏ ခရီးဆောင်အိတ်ထဲတွင် သကြားလုံးများစွာ ရှိလေသည်။ ဤနေရာသို့ မလာမီ အချိန်တွင် သစ်သီးယို ရောင်းသည့် ဆိုင်မှ သူ ဝယ်ယူ လာခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် သူသည် သကြားလုံးအား မနှစ်သက်ခဲ့ချေ။ သကြားလုံးအား မြင်သောအခါ ပျော်ရွှင်စွာ ပြုံးရယ်နေသည့် မိန်းကလေးငယ်အား ရုတ်တရက် သတိရမိပြီးနောက် မသိစိတ်အရ ဝယ်လိုက်မိခြင်းသာ ဖြစ်ပေသည်။
...
"သူ ဘာမှ မသိလောက်ပါဘူး ငါ သူ့ကို အထင်လွဲသွားတာ ဖြစ်မယ်"
ချင်ဟွိုင်သည် မျက်လွှာချလျှက် ဤသို့ တွေးလိုက်မိသည်။
"သူမ ငါ့ကို ခေါ်သရွေ့ ငါ သူမကို သံသယမဝင်တော့ဘူး"
သို့သော်လည်း ချင်ဟွိုင်သည် အချိန်အကြာကြီး စောင့်ခဲ့ရလေသည်။ ကလေးမလေး လူတိုင်းအား နှုတ်ဆက်ပြီးနောက် ဟိုဟာအော် ဒီဟာအော် လုပ်နေချိန်တွင် ချီကျားကိုပင် ချိုသာသည့် အသလေးဖြင့် "ဦးလေး ချီကျား" ဟူသော အခေါ်ခံခဲ့ရသည့်တိုင် သူမလေးသည် သူ့အား မခေါ်ခဲ့ချေ။ ချင်ဟွိုင် လက်သီးအား ဆုပ်လိုက်မိသည်။
"သခင်လေး"
ချီကျား ဖြတ်သွားစဉ် ချင်ဟွိုင် မှာမူ ခေါင်းငိုက်စိုက် ကျနေသည်အား မြင်သောအခါ အလျင်အမြန် ခေါ်၍ မေးလိုက်မိခြင်း ဖြစ်သည်။
"နေမကောင်းလို့လား"
သခင်လေး စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်သည်ဟု တွေးကာ ချီကျားမှ ထပ်မံ၍ ပြောလိုက်လေတော့သည်။
"ဒါနဲ့ ဝမ်မိသားစုက ကလေးမလေးက သူ့အဖွားအိမ်ကို သွားမယ်လို့ ပြောတယ် သူ ရွာပြင်ရောက်နေပြီ"
ချင်ဟွိုင်သည် ချီကျားအား မော့ကြည့် လိုက်သော်လည်း မည်သည်ကိုမှ ပြန်လည်၍ မတုန့်ပြန်လိုက်ချေ။ သူသည် နှုတ်ခမ်းအား တင်းတင်းစေ့လျှက် ထွက်သွားရန် မတ်တပ်ရပ်လိုက်ရုံသာ လုပ်လိုက်တော့သည်။ ချီကျား သည် မျက်တောင်ခတ်လျှက် ရေရွတ်လိုက်မိသည်။
"သခင်လေးရဲ့ အကြည့်က တစ်ခုခုတော့ တစ်ခုခုပဲလို့ ငါဘာလို့ ခံစားနေရတာလဲ"
သူသည် မတရားခံရသည့် မြေခွေးတစ်ကောင်လိုပင် ဖြစ်သွားခဲ့ရသည်။
"ဖွားဖွားအိမ် သွားကြမယ်"
ရွာပြင်ရှိ ပင်မလမ်းမကြီး ပေါ်တွင် ဝမ်ချွမ်းမန်သည် ကျောတွင် တောင်းအား လွယ်ထားကာ ပခုံးပေါ်တွင် အားယွီလေးအား တင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် မောပန်းမှန်း မသိအောင် အလွန်လျင်မြန်စွာ ပြေးနေလေသည်။
"ဖွားဖွားအိမ် ဖွားဖွားအိမ်"
အားယွီလေးလည်း အသံထွက်အောင် ရယ်မောနေခဲ့သည်။ သူမသည် ဝမ်ချွမ်းမန်၏ ဆံပင်များအား ဆွဲကာ ဘီလုံးငှက်လေး တစ်ကောင်ကဲ့သို့ ရယ်မောနေခဲ့သည်။
လျိုရှီမှ နောက်မှ ဖြည်းဖြည်းချင်း လိုက်လာခဲ့သည်။ သူမ၏ မျက်လုံးများတွင် အပြုံးတစ်ခု ဖြတ်ပြေး သွားသော်လည်း အနည်းငယ် စိုးရိမ်နေမိလေသည်။
သူမ၏ မိသားစုအား သူတို့ တကယ်ပင် ဖုံးကွယ် ထားနိုင်ပါ့မည်လား....