← Chapters

ငါ မင်းကို မမုန်းပါဘူး

Vol. 6 Ch. 89

ငါ မင်းကို မမုန်းပါဘူး

Vol. 6 Ch. 89

ချင်ဟွိုင်အား တရားဝင် စောင့်ရှောက်မှု မပေးရသေးမီတွင် ချီကျားသည် အစောင့်ပေါင်း ၁,၀၀၀ ကျော်ထဲမှ ထူးချွန်ထက်မြက်သည့် အထက်တန်းစား အစောင့်တစ်ဦး ဖြစ်သည်။ သေချာသည်မှာ ထိုအချိန်တွင် သူ၏ တာဝန်မှာ ကလေးငယ်တစ်ဦးအား ကာကွယ်ရန် ဖြစ်ကြောင်း သူ မသိခဲ့ချေ။ ထိုသူမှာ သဘာဝအားဖြင့် သူ၏အသက် နှင့်လဲ၍ ကာကွယ်ရမည့် သခင်လေး ချင်ဟွိုင်ပင် ဖြစ်လေသည်။ ဤကာကွယ် စောင့်ရှောက်မှုသည် ခြောက်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ချင်ဟွိုင်သည် မွေးဖွားလာစဉ် ကတည်းမှ ကျန်းမာရေး မကောင်းသကဲ့သို့ သုန်မှုန်လှသည့် ကိုယ်ရည်ကိုယ်သွေးကြောင့် သူသည် အခြားသူများနှင့် စကားပြောဆိုခြင်းအား သိပ်မနှစ်သက်လှပေ။

ချီကျားသည် စကားအား ရွှေလို တန်ဖိုးထားသည့် ကိုယ်ရံတော် တစ်ဦး ဘဝမှ သခင်လေး၏ ပြောရေး ဆိုခွင့်ရှိသူ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ရလေသည်။ ယခုအခါတွင်မူ ချီကျားသည် သူကိုယ်တိုင်ပင် အပိုလူ တစ်ယောက် ဖြစ်နေသလို ခံစားနေရတော့သည်။

ဝမ်ဝူလန်သည် ရက်စ်ဘယ်ရီသီး အနည်းငယ်အား ခူးလိုက်ကာ အားယွီလေးအား မပေးရသေးမီမှာပင် ဘေးမှ လက်သေးသေးလေး တစ်ဖက် ထွက်လာခဲ့သည်။ ထိုလက်ထဲတွင် အနီရောင် ရက်စ်ဘယ်ရီသီး နှစ်လုံး ပါရှိလေသည်။

“အနီရောင်က ပိုချိုတယ်”

ချင်ဟွိုင်သည် အားယွီလေး ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ ဂရုမစိုက်ဘဲ အားယွီလေး၏ အိတ်ကပ်လေးအား ဆွဲယူကာ အနီရောင် ရက်စ်ဘယ်ရီသီးအား ထည့်ပေးလိုက်လေသည်။

ဝမ်လျိုလန်သည် အားယွီလေး၏ လက်ထက်ပင် ကြီးမားသော တောပန်းနှစ်ပွင့်အား တွေ့ရှိခဲ့လေသည်။ ထိုပန်းများအား ယူလာစဉ်မှာပင် အခြားလက်တစ်ဖက်သည် ထောင့်ဖြတ်မှ ထွက်လာခဲ့ပြန်လေသည်။

“ဒီတစ်ပွင့်က မွှေးတယ်”

ချင်ဟွိုင်၏ လက်ထဲတွင် အဝါရောင် ပန်းငယ်လေး တစ်ပွင့် ပါရှိပြီး ဖြစ်ကာ မွှေးပျံ့လှသည့် ရနံ့လေး ထွက်ပေါ်နေခဲ့သည်။ အားယွီလေးသည် နှစ်ဖက်စလုံးမှ ပစ္စည်းများအား ယူလိုက်ပြီး ချိုသာစွာ ပြုံးလိုက်ကာ ပြောလိုက်တော့သည်။

“ကျေးဇူးတင်ပါတယ် ကိုကိုငါး ကိုကိုခြောက် ကိုကိုချင်ဟွိုင်”

"ကိုကိုချင်ဟွိုင်" ဟူသည့် စကားလုံးအား ကြားလိုက် ရသောအခါ ချင်ဟွိုင်၏ မျက်လုံးများ မှောင်မိုက်သွားခဲ့သည်။ ယခုလိုမှန်းသိခဲ့လျှင် အစောပိုင်တွင် သူ၏နာမည်အား ပြောပြလိမ့်မည် မဟုတ်ပေ။ သူမသည် သူ့အား 'ကိုကို' ဟု ခေါ်သည်ကိုသာ သူ ပိုနှစ်သက်လေသည်။ အခြားသူများနှင့်မတူဘဲ ထူးခြားနေသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။

သေချာသည်မှာ အားယွီလေးသည် ချင်ဟွိုင် မည်သည်အား တွေးနေသည်ကို မသိပေ။ သူမသည် ယခုအချိန်တွင် အလွန် ပျော်ရွှင်နေသည်ဟုသာ ခံစားရလေသည်။ သူမအား ကူညီပေးမည့် အစ်ကိုများစွာ ရှိနေသောကြောင့် ဖြစ်သည်။

သို့သော် အားယွီလေးသည် အစ်မတစ်ယောက် ရှိရန် မျှော်လင့်နေဆဲ ဖြစ်သည်။ ဘွားဘွား၏ မိသားစုမှ မမရှင်းဟွာနှင့် မမလီဟွာတို့သည် အလွန်ကောင်းကြပေသည်။

အိမ်ပြန်ရောက်လျှင် မမရှင်းဟွာနှင့် မမလီဟွာတို့အား လာကစားရန် ခေါ်ခွင့်ပြုနိုင်မည်လားဟု ဘွားဘွားအား မေးကြည့်ရပေမည်။ ချီကျားသည် လူတိုင်းအား ရစ်ငှက်များ ရှိရာသို့ ခေါ်ဆောင် သွားခဲ့လေသည်။ သူ၏ သိုင်းပညာသည် မူလကတည်းမှ အစွမ်းထက်ကာ သူ၏ ကိုယ်ဖော့ပညာဖြင့် အခြား ကိရိယာများ အကူအညီမပါဘဲ ရစ်ငှက်များအား ဖမ်းရန် အလွန်လွယ်ကူလှပေသည်။

“ဟေး ရစ်ငှက်ဟေ့”

ဝမ်ဝူလန်မှ အော်လိုက်လေသည်။ မကြာမီ လူတိုင်းသည် ရစ်ငှက် နှစ်ကောင် ပျံတက်သွားသည်ကိုသာ မြင်လိုက်ရလေသည်။ ၎င်းတို့သည် အန္တရာယ်အား အာရုံခံမိပုံရကာ ခြေလှမ်း ဒါဇင်ပေါင်း များစွာ အကွာသို့ ထွက်ပြေးသွားကြပြီ ဖြစ်သည်။

ဟူဆန်းဖန်မှ ချီကျားအား ကမန်းကတန်းဖြင့် ပြောလိုက်သည်။

“ဦးလေး မြန်မြန်ဖမ်းပါ ရစ်ငှက်တွေ ပျံသွားရင် ဖမ်းလို့ရတော့မှာ မဟုတ်ဘူး”

အားယွီလေးသည်လည်း စမ်းကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့ကာ ပြီးခဲ့သည့် အကြိမ်တွင် သူမ ဖမ်းခဲ့သည့် ရစ်ငှက်အကြောင်းအား သတိရသွားလေသည်။

[ကလေးလေး ကိုယ့်ကိုယ်ကို အမိမခံနဲ့နော်]

ပြီးခဲ့သည့်အကြိမ်တွင်မူ ကလေး အနည်းငယ်သာ ရှိသဖြင့် အနည်းဆုံးတော့ ဖုံးကွယ်ထားနိုင်သေးသည်။ ယခုမူ သိုင်းပညာနှင့် ဉာဏ်ရည်ဉာဏ်သွေး ကောင်းရှိပုံရသည့် လူတစ်ယောက် ပါလာခဲ့လေသည်။ အကယ်၍ ကလေးလေးသာ ရစ်ငှက်များအား ဖမ်းရန် နေရာလွတ်အား တိုက်ရိုက် အသုံးပြုလိုက်ပါက ချက်ချင်းပင် ပေါ်လွင် သွားမည် ဖြစ်သည်။

အားယွီလေးသည် သူမ၏လက်အား ပြန်ရုပ်လိုက် ပြီးနောက် လက်လေး နှစ်ဖက်အား ပါးစပ်နားတွင် တေ့ကာ အော်ဟစ် ပြောလိုက်လေသည်။

“သွားပါ ဦးလေးချီကျား”

ချီကျားသည် ကလေးများအား ရစ်ငှက်ဖမ်းနည်း သင်ပေးမည်ဟု ကတိပေးထားပြီး ဖြစ်ရာ ယခုအခါတွင် မျက်နှာ အပျက်ခံ၍ မဖြစ်နိုင်တော့ချေ။ သို့သော် ရစ်ငှက်မှာ အတော်လေး ဝေးသွားပြီ ဖြစ်သည်။ သူသည် လက်ထဲမှ တုတ်အား ချိန်ရွယ်လျှက် ရစ်ငှက် ပျံသန်းသွားရာ လမ်းကြောင်းဆီသို့ လွှဲပစ်လိုက်လေသည်။

“ဂတ် ဂတ်”

ရစ်ငှက်မှ အော်ဟစ် လိုက်သည်။

“ဝါး သူ ထိသွားပြီ”

“နှစ်ကောင်လုံးကို ထိသွားတာ”

“ဘယ်လောက်တောင် မိုက်လိုက်လဲ”

အားယွီလေးသည် ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့ကာ နေရာတွင်ပင် ခုန်ပေါက်နေလျှက် အော်ဟစ် အားပေးလိုက်လေသည်။

“ဝါး ဦးလေးချီကျားက အရမ်းမိုက်တာပဲ”

ချင်ဟွိုင်သည် ခေါင်းလှည့်ကာ သူမအား တစ်ချက်ကြည့်လိုက် ပြီးနောက် အစောပိုင်းတွင် သူခူးလာခဲ့သည် တောပန်းလေးအား ငုံ့ကြည့်လိုက်မိသည်။

ချီကျားသည် ကလေးတစ်စု၏ ချီးကျူးမှုအား ခံလိုက်ရလေသည်။ အစပိုင်းတွင် သူသည် ဤသည်မှာ သာမာန်ဟုသာ ထင်ခဲ့သော်လည်း ကလေးတစ်စုမှ လေးစားအားကျစွာဖြင့် ကြည့်လာသောအခါ အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်သွားခဲ့ရသည်။ သူသည် ကိုယ်ဖော့ပညာအား အသုံးပြု၍ ရစ်ငှက်များရှိရာသို့ ပျံသန်းသွားခဲ့ကာ သစ်သားတုတ်နှင့် ရစ်ငှက်နှစ်ကောင်အား ယူဆောင်လာခဲ့သည်။

“မင်းတို့ ထပ်ဖမ်းဦးမှာလား”

ဟု ချီကျားက မေးလိုက်လေသည်။

“ဒါပေါ့ ဖမ်းရမှာပေါ့ ဦးလေးချီကျားက အရမ်းစွမ်းတာပဲ မုဆိုးမ ဖြစ်တာ နှမြောစရာပဲ”

ဝမ်ဝူလန်၏ မျက်လုံးများမှာ တောက်ပလုမတတ် ဖြစ်နေခဲ့သည်။ ချီကျား မှ ပြန်လည် မေးမြန်းလိုက်သည်။

“ဟုတ်လား”

ထို့နောက်တွင် အနားယူပြီးပါမူ မုဆိုးတစ်ဦးဖြစ်ရန် စဉ်းစားနိုင်ပေသည်။ အားယွီလေးမှ သမ်းဝေလိုက်လေသည်။ အပြင်ရောက် နေသည်မှာ နှစ်နာရီကြာပြီ ဖြစ်သဖြင့် သူမ အနည်းငယ် ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ ဟူဆန်ဖန်မှ ဤသည်အား မြင်သောအခါ မေးလိုက်လေသည်။

“ညီမလေး အားယွီ အိပ်ချင်နေပြီလား”

သူမ သမ်းဝေ ထားသောကြောင့် အားယွီလေး၏ မျက်လုံးများမှာ မျက်ရည်များ ပြည့်နေပုံရလေသည်။ သူမလေးသည် ခေါင်းညိတ်ပြလိုက် ပြီးနောက် ပြန်ခါပြလိုက်ကာ ပြောလိုက်သည်။

“အားယွီ မအိပ်ချင်သေးပါဘူး အားယွီ ကစားနိုင်သေးတယ် အားယွီ ဦးလေးချီကျား ရစ်ငှက်ဖမ်းတာကို ကြည့်ချင်သေးတယ်”

သို့သော် တကယ်တမ်းတွင်မူ သူမသည် အလွန်အမင်း အိပ်ချင်နေပြီ ဖြစ်သည်။ ထိုအခါမှသာ အခြားကောင်လေးများသည် လည်း သက်ပြင်းချ နိုင်သွားကြတော့သည်။ အကယ်၍ အားယွီသာ အိပ်ချင်နေသည်ဟု အတင်းပြောပါက သူတို့သည် သေချာပေါက် သူမအား ပြန်ပို့ပေးရမည် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အဖွားအိုဝမ် သိသွားပါက သူတို့အား ထပ်မံ၍ ဆူတော့မည်မှာ သေချာလှပေသည်။

သို့သော် ဝမ်ဝူလန်သည် ညီမငယ်လေးမှာ အလွန်ငယ် သေးသဖြင့် သူတို့နှင့်အတူ ပြေးလွှားရန် မသင့်တော်ဟု တွေးကာ နေရာလပ် တစ်ခုကိုရှာကာ ပေါင်းပင်အချို့အား ဆွဲနုတ်၍ အခင်း လုပ်ပေးလိုက်လေသည်။

“ညီမလေး အားယွီ ဒီမှာထိုင်ပြီး ကိုကို တို့ကို စောင့်နေနော် ကိုကိုတို့ ခဏနေရင် ပြန်လာခဲ့မယ်”

ဝမ်ဝူလန်မှ ဘေးဘီအား ဝေ့ကြည့်ရင်း ဤနေရာတွင် ခဏစောင့်ပေးဖို့ ရဣ် အတွက် မည်သူ့အား အကူအညီတောင်းရမည်နည်းဟု စဉ်းစားနေချိန်တွက် ချင်ဟွိုင်သည် အားယွီလေး၏ ဘေးတွင် အစပျိုး၍ ထိုင်ချလိုက်ပြီးနောက် သမ်းဝေပြလိုက်လေသည်။

“ကျွန်တော် အိပ်ချင်နေပြီ”

ဟု တောက်ပနေသော မျက်လုံးများဖြင့် ခိုင်မာစွာ ပြောဆိုလိုက်သည်။ ချီကျားမှ ဆွံအသွားခဲ့ရသည်။

‘သခင်လေးကတော့ ငါ့ကို အခက်တွေ့အောင် လုပ်နေတာပဲ’

‘ဒါဆို သူ သွားရမလား မသွားရဘူးလား’

“ဦးလေးချီကျား ကိုကိုတို့ကိုခေါ်ပြီး ရစ်ငှက်သွားဖမ်းပါလား သမီး ကိုကိုချင်ဟွိုင်ကို အဖော်လုပ် ပေးထားလိုက်မယ်လေ”

အားယွီလေးသည် သူမ၏ ရင်ဘတ်လေးအား ပုတ်လျှက် ပို၍ လန်းဆန်းနေပုံ ပေါက်စေရန် မျက်လုံးလေးများအား အတတ်နိုင်ဆုံး ပြူးပြထားလိုက်လေသည်။

“အားယွီ အခု မအိပ်ချင်သေးပါဘူး အားယွီ ကိုကိုချင်ဟွိုင်ကို စောင့်ရှောက်ပေးထားမယ်”

သူမ အိပ်ချင်နေပါက အစ်ကိုများသည် ပြန်လှည့်ကြမည်အား သိသော်လည်း သူတို့မှာ အလွန် ပျော်ရွှင်နေကြသည်။ ထို့ကြောင့် သူမသည် ထိုပျော်ရွှင်မှုကို မဖျက်ဆီးချင်ပေ။

...

ချီကျားမှ စကားမပြောနိုင်မီမှာပင် ချင်ဟွိုင်မှ သဘောတူကြောင်း ခေါင်းညိတ်ပြ လိုက်လေသည်။ ချီကျားသည် မည်သို့ ပြန်ပြောနိုင်တော့မည်နည်း။ သူသည် စိတ်အား ထက်သန်နေသည့် ကောင်လေး တစ်စု နှင့်အတူ ထွက်ခွာသွားရုံ မှတပါး အခြားမရှိတော့ပေ။

သို့သော် ဝမ်ချီလန်မှာ အနည်းငယ် စိတ်ပူနေခဲ့သည်။ ခြေလှမ်း နှစ်လှမ်းခန့် လျှောက်ပြီးနောက် ဘေးနားရှိ ကစီဓာတ် ပါသည့် မြက်ပင်တစ်မျိုးအား တွေ့လိုက်ရကာ ပဲစေ့ငယ် နှင့်တူသော အရာအား ဆွဲဖြုတ်လိုက်သည်။ အထဲမှ အစေ့ငယ်များအား ခွာထုတ်လိုက်ကာ ဝီစီလေး တစ်ခု အလျှင်အမြန် ပြုလုပ်လိုက်လေသည်။

သူသည် အားယွီလေးရှေ့တွင် မှုတ်ပြလိုက်လေရာ သူ၏ ရှင်းလင်း ပြတ်သားသည့် အသံအား အဝေးမှပင် ကြားနိုင်လေသည်။

“အားယွီ ဒါကို ကိုင်ထားနော် ညီမလေး ကိုကိုတို့ကို ရှာချင်ရင် ဒါကိုမှုတ်လိုက် ကိုကိုတို့ ကြားတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်”

အားယွီလေးသည် အလွန် သိချင်စိတ် ပြင်းပြသွားခဲ့သည်။ သူမသည် ထိုအရာအား ပါးစပ်တွင် တပ်ကာ အကြိမ်အနည်းငယ် မှုတ်လိုက်ရာ အသံမှာ အလွန် ကျယ်လောင်လှစွာဖြင့် ထွက်ပေါ်လာခဲ့သည်သည်။

“ဒါက အရမ်းပျော်ဖို့ကောင်းတာပဲ”

အားယွီလေး အဆက်မပြတ် မှုတ်နေသည်အား မြင်သောအခါ ဝမ်ချီလန်မှ ပြောလိုက်ရလေသည်။

“ညီမလေး ကိုကို တို့ကို ရှာချင်ရင် ပြင်းပြင်းနှစ်ချက် မှုတ်ပြီး ဖြည်းဖြည်းလေး ထပ်မှုတ် ဒါက ကိုကိုတို့ကြားက အချက်ပြသံပဲ ကြားလား”

အားယွီလေး နားလည်သွားခဲ့ကာ ဝမ်ချီလန်၏ ရှေ့တွင် နှစ်ချက် မှုတ်ပြလိုက်လေသည်။ အချက်ပြသံအား အတည်ပြု ပြီးနောက် သူတို့ ထွက်ခွာသွားကြတော့သည်။ လူတိုင်း ထွက်သွား ပြီးနောက် အားယွီလေးနှင့် ချင်ဟွိုင်တို့သာ ကျန်ရစ်ခဲ့လေသည်။

ဤနေရာသည် တောနက် မဟုတ်သဖြင့် သားရဲတိရစ္ဆာန်များ ရောက်လာမည်အား သူတို့ မစိုးရိမ်ကြပေ။ ဆိတ်ကလေးပင် ရှိနေသေးလေသည်။ ယခုအခါ ကောင်လေးများသည် ဆိတ်ကလေး၏ တိုက်ခိုက်နိုင်စွမ်းအား ယုံကြည်နေကြပြီ ဖြစ်သည်။

“ကိုကိုချင်ဟွိုင် အားယွီကို မမုန်းတော့ဘူးမလား”

အားယွီလေးသည် ချင်ဟွိုင်၏ အနီးသို့ တိုးကပ်သွားခဲ့ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်လေသည်။

“တကယ်လို့ အားယွီကို မုန်းနေသေးရင် ဝေးဝေးမှာပဲ နေပြီး အနှောင့်အယှက် မပေးတော့ပါဘူး”

...

သူမသည် သူမ၏ တင်ပါးလေးကို ဘေးဘက်သို့ တိတ်တဆိတ် ရွှေ့ပြလိုက်သေးသည်။ ချင်ဟွိုင်မှ ပို၍ အေးစက်စက် နေချင်သော်လည်း ယမန်နေ့တွင် သူမအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိသည်အား သတိရသောအခါ သူမသည် သူ့ကို လျစ်လျူရှုထားမည်ဟု ထင်ခဲ့မိလေသည်။ သူသည် တောင့်တောင့်ကြီး ပြန်ဖြေလိုက်ရသည်။

“မမုန်းပါဘူး”

အကယ်၍ သူသာ တကယ်မုန်းပါက ဤမျှလောက် အဝေးကြီးမှနေ၍ သူမနောက်သို့ လိုက်လာလိမ့်မည် မဟုတ်ပေ။

‘မင်းက အရမ်းချစ်ဖို့ကောင်းတယ် အားယွီလေး’

‘ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲဆိုရင် ငါ့ရဲ့ တိုတောင်းလှတဲ့ ဘဝလေးကို မင်းဘေးနားမှာပဲ အဆုံးသတ် လိုက်ချင်တဲ့အထိပဲ’

ချင်ဟွိုင်သည် သူ၏ ခံစားချက် အားလုံးအား ဖုံးကွယ်နိုင်ရန် မျက်လွှာ ချထားလိုက်လေသည်။ အားယွီလေးသည် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူမသည် သူမ၏ ပျော်ရွှင်မှုအား ဖော်ပြရန် လက်သေးသေးလေး နှစ်ဖက်အား ဆန့်တန်းကာ ချင်ဟွိုင်၏ ရင်ခွင်ထဲသို့ ခုန်ဝင်ချင်နေခဲ့သည်။

[ကလေးလေး... မင်းရဲ့ဆုလာဘ် ရောက်လာပြီ မင်း ထပ်ပြီး မဲနှိုက်လို့ရပြီ]

အသားလုံးမှ ရုတ်တရက် ပြောလိုက်လေသည်။ အားယွီလေး ရပ်တန့်သွားမိလေသည်။

All Chapters