အခန်း (၃၂၆-၃၂၇)
Vol. 30 Ch. 326-327
📝အပိုင်း - ၃၂၆
ဘာသာပြန် - Na Gar🐉
၎င်းမှာ ဟူလောင်တောင်ကြားရှိ အခြေအနေများကို ပြန်လည် တင်ပြခြင်းသာ ဖြစ်သည်။
နောက်ဆုံးတွင် သူက နိဂုံးချုပ်လိုက်သည် "ဟူလောင်တောင်ကြားကို ကာကွယ်ခြင်းက စွန့်စားမှု အလွန်ကြီးမားသော်လည်း ၎င်းနှင့် ထိုက်တန်သော ရလဒ်ကလည်း အလွန် မြင့်မားလှပါသည်။ လက်ရှိတွင် ဗိုလ်ချုပ်ဖန် နှင့် အိမ်ရှေ့မင်းသားတို့ အားလုံးက ဤဗျူဟာကို သဘောတူကြပါသည်။ အိမ်ရှေ့မင်းသားက သူ၏ တင်ပြစာတွင် 'ဒီမင်းသားသည် ဒါရှန်၏ နယ်မြေများကို ပြန်လည်ရယူရန်နှင့် ဇီဝေတောင်တွင် ခမည်းတော် ဧကရာဇ်၏ ကာလရှည်ကြာ ဖြစ်တည်ခဲ့သော ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် မိမိအသက်ကို စတေးရပါစေ စစ်မြေပြင်သို့ ကိုယ်တိုင် ဆင်းမည်ဖြစ်ကြောင်း' အတိအကျ ရေးသားထားပါသည်"
ဒါကို ကြားသောအခါ လုံချင့်ဧကရာဇ် သည် နောက်ဆုံးတွင် အသာအယာ ရယ်မောလိုက်သည်။ "ငါ့သားကတော့ ငယ်ငယ်ကတည်းက သိတတ်လိုက်တာ"
"အရှင်မင်းကြီး... ဒါဆိုရင်..."
ဟွမ်ဟုန် က တိုးညှင်းသော အသံဖြင့် "ဒီတိုက်ပွဲကို ဘယ်လို တိုက်ရမလဲ"
"သူတို့ အကြံပြုထားတဲ့အတိုင်းပဲ တိုက်ကြစို့"
လုံချင်ဧကရာဇ် ၏ အသံမှာ တည်ငြိမ်လှသော ရေတွင်းဟောင်းတစ်တွင်းကဲ့သို့ အေးစက်နေသည်။
"ဟူလောင်တောင်ကြား ကျဆုံးမယ်ဆိုရင်တောင် ငါ့အတွက် ဘယ်လိုကုန်ကျစရိတ်မျိုးနဲ့မဆို တိုက်ခိုက်ဖို့ သူတို့ကို ပြောလိုက်ပါ။ ငါက ကျဆုံးတဲ့ စစ်သည်အရေအတွက်ကို မသိချင်ဘူး၊ ဇီဝေတောင် ကိုပဲ ရချင်တာ။ ဒါနဲ့
ဆွန်ဒူရှန် ဘယ်ရောက်နေလဲဆိုတာ သဲလွန်စ ရပြီလား"
"အရှင်မင်းကြီးကို အစီရင်ခံရရင်တော့ မရသေးပါဘူး"
ဟွမ်ဟုန် က ခေါင်းငုံ့၍ တင်ပြသည် "စစ်တပ်ကို တိုးချဲ့ပြီးကတည်းက သူ့ရဲ့ ခြေရာလက်ရာတွေကို ရှာမတွေ့တော့ပါဘူး"
"ဒါဆိုရင် ဖန်ချင်းယွမ် ကိုလည်း ဟူလောင်တောင်ကြားကို ပို့လိုက်"
လုံချင်ဧကရာဇ် က တည်ငြိမ်စွာ ဆိုသည် "ဖန်ချင်းယွမ် မသန်မစွမ်း ဖြစ်သွားပြီးကတည်းက သူ့မှာ ဘာအစွမ်းမှ မကျန်တော့ဘူးဆိုတာ ငါမယုံဘူး။ ဒါဟာ သူ့မှာ ကျန်ရှိနေသေးတဲ့ အစွမ်းတွေကို ထုတ်သုံးလာအောင် ဖိအားပေးဖို့ အခွင့်အရေးကောင်းပဲ"
"ဖန်ချင်းယွမ် ကို ပို့တာက သင့်တော်ပါတယ်၊ ဒါပေမဲ့ ချန်ဆန်းရှီ လည်း လိုက်သွားဖို့ လိုမလား"
ဟွမ်ဟုန် က သတိကြီးစွာဖြင့် သတိပေးသည် "အရင်က အရှင်မင်းကြီး ပြောခဲ့တာတော့ ချန်ဆန်းရှီ ဟာ ပိုပြီး ကြီးထွားလာဖို့ လိုအပ်တယ်၊ အနာဂတ်မှာ ကြီးလေးတဲ့ တာဝန်တွေ ပေးဖို့ ရည်ရွယ်ထားတယ် ဆို။ အကယ်လို့ သူသာ ဟူလောင်တောင်ကြားမှာ ကျဆုံးသွားမယ်ဆိုရင် နှမြောစရာ မကောင်းပေဘူးလား"
"ဇီဝေတောင် ဆိုတာ အရေးအကြီးဆုံး ကိစ္စပဲ"
လုံချင်ဧကရာဇ် က အေးအေးလူလူဖြင့် "သူက ရန်သူကို နှစ်လလောက်ပဲ ဟန့်တားပေးနိုင်ရင်တောင် ချန်ဆန်းရှီ ရဲ့ သေဆုံးမှုက ထိုက်တန်ပါတယ်။ သဘာဝကျကျပဲ သူ့ရဲ့ မိသားစုကို ငါ သေသေချာချာ စောင့်ရှောက်ပေးမှာဖြစ်သလို သူ့ကိုလည်း ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ပေးမှာပါ"
"ကျွန်တော်မျိုး နားလည်ပါပြီ။ အခုချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်"
...
ကျောက်ထုံ စီရင်စု။
ကွမ်ယင် ဘုရားကျောင်း ဂိတ်တံခါးရှေ့တွင်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် လက်ချင်းချိတ်၍ ရောက်ရှိလာကြသည်။
"မောင်ကြီးရယ်... အခုလို မငြိမ်မသက် ဖြစ်နေတဲ့ အချိန်မှာ ဆုတောင်းဖို့ တကယ် လာရမှာလား"
"မင်းက ဘာသိလို့လဲ။ ဘုရားကျောင်းက ဆရာတော်က ပြောတယ်၊ ဒီနေ့က နေ့ကောင်းနေ့ရက်ပဲတဲ့။ ဒီနေ့ ဆုတောင်းရင် ကျိန်းသေပေါက် ကိုယ်ဝန်ရလိမ့်မယ်တဲ့။ ဒါ့အပြင် တိုက်ပွဲကလည်း ပြီးသွားပြီပဲ။ ဗိုလ်ချုပ်ချန် မြို့ထဲဝင်လာပြီးကတည်းက ပြည်သူတွေကို ဆံခြည်တစ်မျှင်တောင် မထိခိုက်ခဲ့ဘူး။ အားလုံး အေးချမ်းနေတာပဲကို။ မင်းက ဘာကို ကြောက်နေတာလဲ"
"အော်..."
"မြန်မြန်သွား၊ ငါ ဒီမှာပဲ စောင့်နေမယ်။ သေသေချာချာ မှတ်ထားနော်၊ သုံးနာရီ တိတိ ဆုတောင်းရမယ်။ စိတ်ပါလက်ပါ ဆုတောင်းစမ်းပါ"
...
ထိုအမျိုးသမီးငယ်သည် ကြာပန်းဖူးလေးလို နုနယ်သော ခြေလှမ်းများဖြင့် ဘုရားကျောင်းအတွင်းသို့ အမြန်ဝင်သွားသည်။
"တောက်... တောက်"
လိုင်ကျိီရုတ်တရက် ထွက်ပေါ်လာသည် "ငါ ပြောမယ် အဘိုးကြီး၊ မင်း အဲ့ဒီ ဘုရားဆီမှာ ဆုတောင်းနေမယ့်အစား ငါ လိုင်ကျိ ဆီမှာပဲ ဆုတောင်းလိုက်တာ ပိုကောင်းမယ်။ ငါက ဘုရားကျောင်းထဲက ဘယ်နတ်ဘုရားထက်မဆို ပိုပြီး အသုံးဝင်တယ်။ မင်းမိန်းမ ကိုယ်ဝန်ရဖို့ ငါ အာမခံတယ်"
"ဟင်"
ကြွယ်ဝချမ်းသာပုံရသော ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုပ်ဆိုးဆိုးနှင့် ခါးတွင် ဓားတစ်စင် ချိတ်ထားသည့် လောကီလူသားတစ်ဦးကို မြင်သောအခါ အစပိုင်းတွင် ဘာပြောမှန်း နားမလည်ခဲ့ပေ။
"မင်း ဘာကို ဆိုလိုတာလဲ"
"ဘာကို ဆိုလိုတာလဲ ဟုတ်လား"
ချန်ဆန်းရှီ က လှောင်ပြောင်လိုက်သည်"ငါဆိုလိုတာက လိုင်ကျိီရဲ့ နည်းလမ်းက ဟို ဘုန်းကြီးတွေထက် ပိုပြီး ထိရောက်တယ်လို့ ပြောတာ"
"အာ..."
ထိုအခါမှသာ လူလတ်ပိုင်း အမျိုးသားသည် စကား၏ အဓိပ္ပာယ်ကို နားလည်သွားတော့သည် "မင်း ဆိုလိုတာက ငါ့မိန်းမမှာ ရလာမယ့် ကိုယ်ဝန်ဟာ နတ်ဘုရားပေးတာ မဟုတ်ဘဲ ဘုန်းကြီးဆီက ရတဲ့ မျိုးစေ့လို့ ပြောတာလား။ ဆရာတော်တွေက ဒီလောက် ကြည်ညိုဖို့ ကောင်းတာ၊ သူတို့က ဒီလိုမျိုး ဘယ်လိုလုပ် လုပ်မှာလဲ"
ချန်ဆန်းရှီ က ပြန်မပြောတော့ဘဲ သိပ်မမြင့်လှသော ဘုရားကျောင်း တံတိုင်းကို ခုန်ကျော်ဝင်သွားသည်။
သူ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ထိုလူလတ်ပိုင်း အမျိုးသားမှာ ထိတ်လန့်လာကာ မြို့တံခါးမကြီးမှ ဝင်ရန် ကြိုးစားသော်လည်း စောင့်ကြပ်နေသော ဘုန်းကြီးများက တားဆီးခြင်း ခံရသည်။ ဒါက သူ့ကို ပိုပြီး မသင်္ကာ ဖြစ်စေကာ စိတ်မအေး ဖြစ်လာစေသည်။ နောက်ဆုံးတွင် သူသည် သတ္တိမွေးကာ ကျောက်တုံးတစ်တုံးကို နင်း၍ တံတိုင်းကို ခုန်ကျော်ကာ ဝင်းထဲသို့ ဝင်ခဲ့လေတော့သည်။
ညသန်းခေါင်ယံ အချိန်ဖြစ်သဖြင့် ကျယ်ပြောလှသော ဘုရားကျောင်းဝင်းကြီးမှာ မှောင်မိုက် တိတ်ဆိတ်နေသည်။ သားဆုပန် ကွမ်ယင်မယ်တော်အား ပူဇော်ထားသော ခန်းမဆောင်ကြီးတွင်သာ ဖယောင်းတိုင်မီး မှိန်မှိန်လေး လင်းနေသည်။ ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်သည် ကော်ဇောပေါ်တွင် ဒူးထောက်၍ အမွှေးတိုင်များဖြင့် စိတ်ပါလက်ပါ ဆုတောင်းနေသည်။
"အုမ်း..."
သူမ တိတ်တဆိတ် ဆုတောင်းနေစဉ်မှာပင် ဘုရားရုပ်ထု၏ နောက်ကွယ်ရှိ လျှို့ဝှက်တံခါးမှာ ရုတ်တရက် ပွင့်လာသည်။ ထို့နောက် လူရိပ်များ တစ်ခုပြီးတစ်ခု ထွက်လာပြီး နောက်ဆုံးတွင် ထွားကျိုင်းလှသော ဘုန်းကြီး ၇ ယောက်၊ ၈ ယောက်ခန့်က အမျိုးသမီးကို ဝိုင်းရံထားလိုက်ကြသည်။
ထိုအချိန်ကျမှသာ အမျိုးသမီးသည် ဘုရားကျောင်း၏ သားဆုပန်ခြင်းက ဘာကြောင့် ဒီလောက် ထိရောက်နေရသလဲဆိုသည်ကို နားလည်သွားတော့သည်။ သူမသည် မျက်နှာနီမြန်းသွားကာ မတ်တတ်ရပ်၍ ထွက်ခွာရန် ကြိုးစားသည်။
သူမ၏ အင်္ကျီလက်ကို ဦးဆောင်လာသော ဘုန်းကြီးက ဆွဲတားလိုက်သည်။ "အော်မီထော်ဖော်... ဒကာမလေး၊ ဘယ်ကို သွားချင်နေတာလဲ"
"ကျွန်မ... ကျွန်မ အိမ်ပြန်ချင်တယ်"
"ဒကာမလေးက ဘယ်ကို သွားမှာလဲ။ သားသမီး မလိုချင်တော့ဘူးလား"
"မလိုချင်တော့ပါဘူး"
"နေဦး။ ဒကာမလေးက ဒီအတိုင်း ထွက်သွားလို့ ရမယ် ထင်နေတာလား"
"ငါတို့စကားကို နားထောင်စမ်းပါ။ ငါတို့ ဘုန်းကြီး ၈ ပါးက မင်းအတွက် 'တရားပြ'အခမ်းအနား လုပ်ပေးမယ်။ အိမ်ပြန်ရောက်ရင် မင်း ကိုယ်ဝန်ရမှာ သေချာတယ်"
"အား..."
"ငါ တိုက်ခိုက်မယ်"
ဘာဖြစ်နေသလဲဆိုသည်ကို မြင်လိုက်ရသော လူလတ်ပိုင်း အမျိုးသားသည် ဒေါသကို မထိန်းနိုင်တော့ဘဲ လက်ဗလာဖြင့် ပြေးဝင်တိုက်ခိုက်တော့သည်။
"ဟင်"
"ယုတ်မာတဲ့ ဘုန်းကြီးတွေ၊ ကာမေသုမိစ္ဆာစာရ ကျူးလွန်နေတဲ့ ဘုန်းကြီးတွေ"
"ဒကာကြီး... မင်း လျှောက်မပြောနဲ့။ ငါတို့က ဒကာမလေးကို တရားပြပေးဖို့ ပြင်နေတာပဲ ရှိသေးတယ်"
ဒုန်း...
ဦးဆောင်လာသော ဘုန်းကြီးက ထိုလူကို ကန်ရန် ခြေထောက်ကို မြှောက်လိုက်သည်။ သို့သော် သူ၏ ခြေထောက် မြောက်တက်လာသည်နှင့်အမျှ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ခနဲ ပေါ်လာပြီး သူ၏ ခြေထောက်တွင် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ သူ၏ ခြေထောက်မှာ တစ်ဝက် ပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာလေတော့သည်။
"အား..."
သူသည် အော်ဟစ်ကာ လဲကျသွားပြီး ပြတ်သွားသော ခြေထောက်ကို ဖိထားရသည်။
ချလွင်... ချလွင်... ချလွင်
ချန်ဆန်းရှီ ၏ ဟယ်မြောင်ဓားရှည်သည် အဆက်မပြတ် ဝှေ့ယမ်းနေပြီး ဓားအလင်းတန်းများမှာ ပွင့်အာနေသော ကြာပန်းတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။ ခဏချင်းအတွင်းမှာပင် မြေပြင်မှာ သွေးအိုင်ဖြစ်သွားပြီး အမွှေးတိုင်နတ်ဘုရားဂိုဏ်းမှ လူ ၈ ယောက်စလုံး အသက်ပျောက်သွားကြတော့သည်။
"လူသတ်မှု... လူသတ်မှု"
လူလတ်ပိုင်း အမျိုးသားသည် အမျိုးသမီးကို ဆွဲကာ ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။
ချန်ဆန်းရှီ က ဝိညာဉ်ပုတီးစေ့ကိုထုတ်ယူရန် မလောပေ။ ရှေ့က ခရမ်းရောင်ချီတွေကို ယူသွားကြပြီဖြစ်ကြောင်း သူသိသည်။ သူ ဒီကိုလာရခြင်းမှာ မြွေကို အုံမှ ဆွဲထုတ်ရန်ဖြစ်ပြီး ပိုမိုကြီးမားသော ရလဒ်ကို မျှော်လင့်ထားခြင်း ဖြစ်သည်။
"မင်းက လိုင်ကျိီဆိုတဲ့ သူရဲကောင်း လိုင်ကျိီလား"
မျှော်လင့်ထားသည့်အတိုင်းပင် ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာသည်။ ယွမ်ရှောင် နှင့် လင်းရွှီ တို့ကခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာကြသည်။
📝အပိုင်း - ၃၂၇
ဘာသာပြန် - Na Gar🐉
"မှန်တယ်၊ ငါပဲ"
ချန်ဆန်းရှီသည် သူ၏ အသံနှင့် လေယူလေသိမ်းကို ပုံမှန်နှင့် လုံးဝကွဲပြားသွားအောင် ထိန်းချုပ်လိုက်သည်။
"သူရဲကောင်း လိုင်ကျိီ"
ယွမ်ရှောင်က သတိကြီးစွာဖြင့် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ငါတို့ အမွှေးတိုင်နတ်ဘုရားဂိုဏ်းက မင်းအပေါ်မှာ ဘာရန်ငြိုးမှ မရှိခဲ့ပါဘူး။ ဘာလို့ မင်းက ငါတို့ရဲ့ ခရမ်းရောင်ချီတွေကို ခိုးယူပြီး ငါတို့ရဲ့ တပည့်တွေကို အကြိမ်ကြိမ် သတ်နေရတာလဲ"
"မင်းတို့ အမွှေးတိုင်နတ်ဘုရားဂိုဏ်းက နတ်ဘုရားရဲ့ခရမ်းရောင်ချီတွေကို ခိုးယူတယ်၊ သာမန်ပြည်သူတွေကို လှည့်စားတယ်၊ ဒီကိစ္စမှာ ပါဝင်တဲ့သူတိုင်းဟာ သေထိုက်တဲ့သူတွေပဲ"
ချန်ဆန်းရှီက ပြန်လည် တုံ့ပြန်လိုက်သည် "မင်းတို့ကအိမ်ရှေ့မင်းသားရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေတာဆိုတာ ငါမသိဘူးလို့ မထင်နဲ့"
"ဟင်"
ယွမ်ရှောင်က ထိတ်လန့်တကြား ရေရွတ်လိုက်သည် "မင်း ဒါကို ဘယ်လို သိတာလဲ"
"ဒီလောကမှာ ငါ လိုင်ကျိီမသိတဲ့အရာဆိုတာ မရှိဘူး"
ချန်ဆန်းရှီ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း သူ၏ စိတ်ထဲတွင်မူ အချက်အလက်များကို တွက်ချက်နေသည်။ သူက အမှတ်မထင် စမ်းသပ်ပြောဆိုလိုက်ခြင်း ဖြစ်သော်လည်း ထိုသူနှစ်ဦးက ဝန်ခံလိုက်ကြခြင်းပင် ဖြစ်သည်။
ဒါဟာ တကယ်ပဲ အိမ်ရှေ့မင်းသားရဲ့ လက်ချက် ဖြစ်နေသည်။
သူ ဒီနေ့ ဒီကို လာရခြင်းမှာ တစ်ဖက်က သူ၏ ဓားချီမန္တန်ကို နောက်တစ်ဆင့် တက်လှမ်းနိုင်ရန် ခရမ်းရောင်ချီများ ပိုမို လိုအပ်နေခြင်းကြောင့် ဖြစ်သလို၊ အခြားတစ်ဖက်တွင်မူ အိမ်ရှေ့မင်းသား ဘာတွေ ကြံစည်နေသလဲဆိုသည်ကို အမှန်တကယ် သိလိုခြင်းကြောင့်လည်း ဖြစ်သည်။ နောက်ဆုံးတွင် ဤနေရာမှာ စစ်မြေပြင် ဖြစ်နေသဖြင့် သူ၏ နောက်ကျောတွင် မည်သူမျှ လာရောက် မွှေနှောက်နေခြင်း မရှိစေရန် သူ အသေအချာ သိထားဖို့ လိုအပ်သည်။
"ဒါကတော့..."
ယွမ်ရှောင်၏ မျက်နှာမှာ အရောင်အမျိုးမျိုး ပြောင်းလဲသွားသည်။ သူသည် လိုင်ကျိီကို သတ်ပြီး နှုတ်ပိတ်ရန် ကြံစည်သော်လည်း လိုင်ကျိီက ခရမ်းရောင်ချီများကို စုပ်ယူနိုင်သည့် အရှိန်အဟုန်ကို ကြည့်ခြင်းအားဖြင့် သူ၏ အစွမ်းမှာ အလွန်တရာ မြင့်မားနေမည်ကို စိုးရိမ်သဖြင့် မလှုပ်ရှားရဲပေ။
သူက စမ်းသပ်သည့် အနေဖြင့် မေးမြန်းလိုက်သည် "သူရဲကောင်း လိုင်ကျိီ... ဘာလို့ ဒုက္ခရှာနေတာလဲ။ မင်းက ငါတို့နဲ့ရော အိမ်ရှေ့မင်းသားနဲ့ပါ ဘာလို့ ဆန့်ကျင်နေချင်ရတာလဲ။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ငါတို့နဲ့ ဘာလို့ မပူးပေါင်းရမှာလဲ။ ငါတို့ရဲ့ အစီအစဉ် အောင်မြင်သွားတာနဲ့ မင်းကကြီးမားတဲ့ ကျေးဇူးရှင်ကြီး တစ်ယောက် ဖြစ်လာမှာပါ"
ကြီးမားတဲ့ ကျေးဇူးရှင်ကြီး ဟုတ်လား။
ချန်ဆန်းရှီက အမှတ်မထင်ဘဲ အလွန်တရာ အံ့ဩစရာကောင်းသော သတင်းအချက်အလက်များကို ရရှိလိုက်ခြင်းပင်။
အမွှေးတိုင်နတ်ဘုရားဂိုဏ်းသည် အိမ်ရှေ့မင်းသားနှင့် တစ်ဖက်တည်း ဖြစ်နေသည်။
ထို့နောက် သူတို့က ကြီးမားသော အကူအညီအကြောင်း ပြောခဲ့ကြသည်။
အိမ်ရှေ့မင်းသားက... ပုန်ကန်ဖို့ ကြံစည်နေတာလား၊ ခမည်းတော်ကို သတ်ဖို့အထိ ကြံနေတာလား။
သူသည် တည်ငြိမ်သော အမူအရာကို ဆက်လက် ထိန်းသိမ်းထားသည်။ "အဓိပ္ပာယ်မရှိတာ ငါက ထာဝရအသက်ကို ရှာဖွေနေတဲ့သူပဲ၊ နန်းတွင်းရေးတွေမှာ စိတ်မဝင်စားဘူး"
"သူရဲကောင်း လိုင်ကျိီ... ငြင်းဖို့ မလောပါနဲ့ဦး"
ယွမ်ရှောင်က ပြောသည် "ဒီလို လုပ်ကြရအောင်၊ ကျွန်တော် အိမ်ရှေ့မင်းသားဆီကို သတင်းပို့လိုက်မယ်။ အိမ်ရှေ့မင်းသား အနေနဲ့ မင်းလို အရည်အချင်းရှိတဲ့သူကို ကျိန်းသေပေါက် တန်ဖိုးထားမှာပါ။ သူပေးမယ့် အခွင့်အရေးတွေက မင်း လွယ်လွယ်နဲ့ ငြင်းနိုင်မယ့် အရာတွေ မဟုတ်ပါဘူး"
ချန်ဆန်းရှီက ပြန်မပြောဘဲ တိုက်ခိုက်တော့မည့် အမူအရာ ပြလိုက်သည်။
"ဘာလို့ ဒီအထိ ရောက်သွားရတာလဲ"
ယွမ်ရှောင်က နောက်သို့ တရွေ့ရွေ့ ဆုတ်သွားသည် "သူရဲကောင်း လိုင်ကျိီ.. အခုလို လုပ်ကြစို့၊ နောက်ထပ် လေးလအကြာမှာ ထိုက်ဟူစီရင်စုက တောင်စောင့်နတ်ဘုရား ဘုရားကျောင်းမှာ တွေ့ကြတာပေါ့။ အဲ့ဒီအချိန်ကျမှ ပေးအပ်မယ့် အခြေအနေတွေကို မင်း စိတ်တိုင်းကျသလား ဆိုတာ ကြည့်ပြီးမှ ပူးပေါင်းဖို့ ဆုံးဖြတ်လည်း မနောက်ကျပါဘူး"
"မှန်တယ်" လင်းရွှီက ဝင်ပြောသည်။
"မင်းက နန်းတွင်းရေးမှာ စိတ်မဝင်စားဘူးဆိုတော့ ဒီကိစ္စကိုလည်း လျှို့ဝှက်ထားပေးမှာပါ။ ကျန်တာတွေကိုတော့ အဲ့ဒီအချိန်ကျမှ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့"
ထိုက်ဟူ စီရင်စု။
နေ့ရောညပါ မြေပုံကို ကြည့်နေသော ချန်ဆန်းရှီသည် ထိုနေရာ ဘယ်မှာလဲဆိုသည်ကို အသေအချာ သိသည်။
ထိုက်ဟူ စီရင်စု၏ ဘေးတွင် ဇီဝေတောင်ရှိသည်။
ဆိုလိုသည်မှာ...
အကယ်၍ အိမ်ရှေ့မင်းသားသာ ပုန်ကန်မည်ဆိုလျှင် သူသည် ဇီဝေတောင်တွင် လုပ်ဆောင်ရန် ရွေးချယ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ သူ ပြည်နယ် သုံးခုကို ပြန်လည် ထိန်းချုပ်နိုင်ပြီးသည့် အခြေအနေအောက်တွင် ဖြစ်လိမ့်မည်။
မူလက...
သူ မသေမျိုးရှာဖွေရေးမျှော်စင်ဆီက ရတဲ့ သတင်းက မှန်ကန်နေသည်။ အမွှေးတိုင်နတ်ဘုရားဂိုဏ်းသည် မြို့တော်တွင် ကြီးမားသော ကိစ္စတစ်ခုကို လုပ်ဆောင်ရန် ကြံစည်နေကြခြင်း ဖြစ်သည်။
သို့သော် ဤ မြို့တော်ဆိုသည်မှာ နေရာတစ်ခုကို ဆိုလိုခြင်း မဟုတ်ဘဲ လူတစ်ယောက်ကို ဆိုလိုခြင်း ဖြစ်သည်၊ ၎င်းမှာ ဧကရာဇ်မင်းကြီးပင် ဖြစ်သည်။
"ငါတို့ရဲ့ စိတ်ရင်းကို ပြတဲ့အနေနဲ့..."
ယွမ်ရှောင်က သူ၏ ဝတ်ရုံအတွင်းမှ အမွှေးတိုင်အိုး အသေးလေးတစ်ခုကို ထုတ်ပေးသည်။ "ဒီ အမွှေးတိုင်အိုးထဲက ခရမ်းရောင်ချီတွေကို သူရဲကောင်း လိုင်ကျိီအတွက် လက်ဆောင်အဖြစ် မှတ်ယူပေးပါ။ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုလည်း ငါတို့ အမွှေးတိုင်နတ်ဘုရားဂိုဏ်းက လက်တုံ့ပြန်မှာ မဟုတ်ပါဘူး။ ဘယ်လိုလဲ"
"ဟဲ"
ချန်ဆန်းရှီက စိုက်ကြည့်လိုက်ရင်း "ဒါဆိုရင်လည်း အချိန်ဖြုန်းမနေနဲ့တော့၊ အခုချက်ချင်း ထွက်သွားကြတော့" ဟု ဆိုသည်။
"မြန်မြန်... သွားကြစို့"
ယွမ်ရှောင် နှင့် သူ၏ အဖော်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် အမြန် တပ်ဆုတ်သွားကြတော့သည်။
ချန်ဆန်းရှီသည် သူ၏ အရှိန်အဝါကြည့်ရှု့ခြင်းကို အသုံးပြု၍ ထိုသူများ အဝေးသို့ ရောက်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် မြေကြီးပေါ်က အမွှေးတိုင်အိုးကို စစ်ဆေးကြည့်လိုက်သည်။ ထိုအိုးလေးမှာ လက်ဖဝါးခန့်သာ ရှိသော်လည်း ခရမ်းရောင်ချီများဖြင့် ဝန်းရံနေပြီး အမွှေးတိုင်ချီများ ပြည့်နှက်နေသည်။ အိုး၏ အောက်ခြေတွင် သွေးရောင် အမှတ်အသားတစ်ခုလည်း ပါရှိနေသည်။
"ဒီ ခရမ်းရောင်ချီတွေက ငါ့ရဲ့ ဓားချီမန္တန်ကို အဆင့်တက်စေဖို့ လုံလောက်တယ်"
သူသည် ဝိညာဉ်ပုတီးစေ့ကို ထုတ်ယူ၍ ခရမ်းရောင်ချီအားလုံးကို စုပ်ယူလိုက်ပြီးနောက် အမွှေးတိုင်အိုးကို လွှင့်ပစ်လိုက်သည်။ ထိုအိုးတွင် အမှတ်အသား ပါရှိနေသဖြင့် သယ်ဆောင်သွားပါက အခြေရာခံခြင်း ခံရနိုင်သောကြောင့် ဖြစ်သည်။
ထို့ပြင် စမ်းသပ်ကြည့်ပြီးနောက် ထိုအိုးမှ ရရှိသော ဝိညာဉ်စပါးသည် နက်နဲသံမဏိဆေးအိုးမှ ရသည်ထက် မသာလွန်ပေ။ ၎င်းသည် ဆေးဖော်စပ်ရန် ရည်ရွယ်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သိမ်းထားရန် မလိုအပ်ပေ။ ဆေးယိုများနှင့် ပတ်သက်၍လည်း သူ အခုအချိန်မှာ လိုအပ်နေခြင်း မရှိပေ။
ယနေ့ စွန့်စားမှုကတော့ အတော်လေး အကျိုးရှိခဲ့သည်။
ဒါပေမဲ့...
အိမ်ရှေ့မင်းသားက ပုန်ကန်ဖို့အတွက် နေရာအများကြီးထဲက ဘာလို့ ဇီဝေတောင် ကို ရွေးချယ်ရတာလဲ။
အသေအချာ စဉ်းစားကြည့်လိုက်သောအခါ သူ နားလည်သွားသည်။
နန်းသိမ်းပွဲ ဖြစ်စေ၊ ပုန်ကန်မှု ဖြစ်စေ လုံလောက်သော လူအင်အား လိုအပ်သည်။ အိမ်ရှေ့မင်းသား၏ သြဇာမှာ မြို့တော်အတွင်း၌ ဧကရာဇ်အိုကြီးကို ကျော်လွန်နိုင်မည် မဟုတ်ပေ။ မြို့တော်တစ်ဝိုက်တွင် စစ်အင်အား စုစည်းမည်ဆိုလျှင်လည်း အလွန် သိသာလွန်းပြီး ရိပ်မိသွားနိုင်စရာ ရှိသည်။
သို့သော် ဇီဝေတောင်မှာတော့ အနေတော်ပင် ဖြစ်သည်။
တိုက်ပွဲအပြီးတွင် ဧကရာဇ်သည် ယဇ်ပူဇော်ရန် ကျိန်းသေပေါက် ရောက်လာလိမ့်မည်။
ထို့ပြင် ပြည်နယ် သုံးခုအတွက် တိုက်ပွဲ ပြီးဆုံးရုံသာ ရှိသေးသဖြင့် ထိုနေရာတွင် တပ်များ ရှိနေခြင်းမှာ ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။ ၎င်းအပြင် ဖေထျန်နန် ကဲ့သို့သော သူများမှာလည်း လူမသိအောင် ကြိုတင်ရောက်ရှိနေနိုင်သဖြင့် အရာအားလုံးက ယုတ္တိတန်နေသည်။
ဒါပေမဲ့...
တိုက်ပွဲက မပြီးသေးဘူး၊ အိမ်ရှေ့မင်းသားကတော့ အခြေခံတွေ စတင် ချထားနေပြီ။
အကယ်၍ နောက်ဆက်တွဲ တိုက်ပွဲတွေမှာ ရှုံးနိမ့်သွားရင်၊ ဒါမှမဟုတ် ပြည်နယ် သုံးခုကို ပြန်မရခဲ့ရင်ရော။ သူက အတင်းအကျပ် နန်းသိမ်းဦးမှာလား။
ထားလိုက်ပါတော့။
ဒီကိစ္စတွေက သူနဲ့ ဘာမှမဆိုင်ပါဘူး။
ချန်ဆန်းရှီ အတွက်ကတော့...
သူ့ကို အဆိပ်ခတ်ခဲ့တဲ့သူ၊ ယွမ်ကျိုး မှာ ဆယ်ရက်တိုင်တိုင် ဆင်းရဲဒုက္ခ ခံစားစေခဲ့တဲ့ ဧကရာဇ်အိုကြီးဟာ သေထိုက်တဲ့သူ ဖြစ်သည်။ ပြည်သူတွေကို ယဇ်ပူဇော်ဖို့ သုံးခဲ့တဲ့ အိမ်ရှေ့မင်းသားကလည်း ထိုနည်းတူပင် ဖြစ်သည်။ သူ့အတွက်တော့ ဘယ်သူ ဧကရာဇ်ဖြစ်ဖြစ် ဘာမှ ထူးခြားမည် မဟုတ်ပေ။
သူ စဉ်းစားရမည့် တစ်ခုတည်းသော အချက်မှာ အနာဂတ်တွင် မိမိ၏ ဘေးကင်းမှုကို အာမခံနိုင်စဉ်မှာပင် အမွှေးတိုင်နတ်ဘုရားဂိုဏ်းဆီကနေ အကျိုးအမြတ်တွေ ပိုရအောင် ဘယ်လို ညှစ်ထုတ်ရမလဲ ဆိုသည်ပင်။
ကြည့်ရတာ...
ယွမ်ရှောင် က သူ့ကို အစွမ်းထက်တဲ့ ဆရာကြီး တစ်ယောက်လို့ မှားယွင်း မှတ်ယူသွားပုံရသည်။
အမှန်တကယ်တော့ ချန်ဆန်းရှီသည် သရုပ်ဆောင်နေရုံ သက်သက် မဟုတ်ပေ။
သူ၏ အရှိန်အဝါကြည့်ရှု့ခြင်းအရ ခွန်အားကို သူ ဆုံးဖြတ်နိုင်သည်။ ယွမ်ရှောင် အတွင်းရှိ ဂန်းချီမှာ သူ၏ ချီထက်ပင် မသာလွန်လှပေ။ တကယ်သာ တိုက်ခိုက်ရမည်ဆိုလျှင် ဓားချီမန္တန်ဖြင့် သတ်ဖြတ်ရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ပေ။
တော်ဝင်မိသားစုဝင်တွေကြားမှာ တကယ်ပဲ သံယောဇဉ် ကင်းမဲ့လှပါလား။
ခဏမျှ စဉ်းစားပြီးနောက် ချန်ဆန်းရှီသည် ခန်းမဆောင်အတွင်းမှ ထွက်ခွာခဲ့ပြီး ဘုရားကျောင်းအပြင်သို့ ခုန်ကျော်ထွက်ကာ အမှောင်ထုအတွင်းသို့ ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။
မည်မျှပင် ကြီးမားသော အစီအစဉ်များ ရှိနေပါစေ၊ လတ်တလော တိုက်ပွဲကိုတော့ ဆက်လက် တိုက်ခိုက်ရဦးမည် ဖြစ်သည်။