← Chapters

ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ

Vol. 21 Ch. 285

ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ

Vol. 21 Ch. 285

အခန်း (၂၈၅) ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ

တစ္ဆေတိုင်းပြည်။

အခြားနေ့များကဲ့သို့ပင် တိမ်ညိုများအုံ့ဆိုင်းနေသည့် နေ့တစ်နေ့ ဖြစ်သည်။

ထင်းများပုံထားသည့် ခြံဝန်းတစ်ခုရှေ့တွင် အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်ပြီး အဝေးသို့ လှမ်းမျှော်ကြည့်နေ၏။

ယနေ့က ထောက်ပို့များ ပြန်လာကြမည့်နေ့ ဖြစ်သည်။သူမ သားဖြစ်သူ ပြန်အလာကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

အရုဏ်တက်မှ နေမွန်းတည့်ချိန်သို့ပင် ရောက်ရှိလာခဲ့လေပြီ။ သို့သော် မည်သူမှ ပြန်ရောက် မလာသေးပေ။

သူမကတော့ မလှုပ်မယှက်ပင် ခြံဝန်းရှေ့တွင် မတ်တတ်ရပ်ရင်း သားဖြစ်သူကို ဆက်လက်စောင့်ဆိုင်းနေလေသည်။

လေပြေတိုက်ခတ်သွားသည့်အခါ အမျိုးသမီး၏ အဝတ်အစားများက လေထဲပျံ့လွင့်နေပြီး သူမ၏ မျက်ဝန်းများကတော့ လမ်းအဆုံးရှိရာသို့ ငေးမျှော်ကြည့်နေဆဲပင်။

နေဝင်ချိန်ရောက်ခဲ့လေပြီ။

ထိုအချိန် လမ်းအဆုံးတွင် သူမကို လက်ဝှေ့ယမ်းပြနေသည့် ပုံရိပ်လေးတစ်ခုကို တွေ့မြင်လိုက်ရသည်။

ချင်းမု၏ လက်နှစ်ဖက်လုံး ဒဏ်ရာများရထားလေသည်။ သို့သော် ဒဏ်ရာက သိပ်မပြင်းထန်လှပေ။

"အမေ..."

ကျယ်လောင်သည့် အော်ဟစ်ခေါ်သံ ထွက်ပေါ်လာသည်။

"အမေ... သားပြန်လာပြီ"

ချင်းမုသည် ချက်ချင်းပင် အမျိုးသမီးဆီသို့ ပြေးလွှားရောက်ရှိလာသည်။

သူက မိခင်ရှေ့သို့ရောက်သည်နှင့် ဒဏ်ရာရနေသည့်လက်များကို ပြသရှင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အမေ... ကျွန်တော့်ကို လက်သီးနတ်ဘုရားက ကောင်းချီးပေးတယ် သိလား ၊ တစ္ဆေစစ်ဗိုလ်ချုပ်တောင် မချိုးဖျက်နိုင်တဲ့ တစ္ဆေနှိမ်နင်းကျောက်တုံးကြီးကို ကျွန်တော်ထိုးနှက်ဖျက်စီးနိုင်ခဲ့တယ် ၊ အစကတည်းက ကျွန်တော်က တစ္ဆေတိုင်းပြည်မှာ ထိပ်တန်းအဆင့် လက်သီးစွမ်းအားရှင်ပဲ မဟုတ်လား"

သူက ဆက်ပြောသည်။

"လက်သီးနတ်ဘုရား မရှိတော့တဲ့နောက်မှာ ကျွန်တော်က ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ဖြစ်လာမှာပဲ ၊ ကျွန် ကြီးမားတဲ့ရန်သူတွေကို သတ်ဖြတ်ပြီး ကံကြမ္မာကောင်းကို ထူထောင်မယ်"

မကြာမီ လက်သီးနတ်ဘုရား ဖြစ်လာတော့မည့်အလား ချင်းမု စိတ်လှုပ်ရှားလျှက် ရှိသည်။

အမျိုးသမီးက နူးညံ့သည့်လေသံဖြင့်...

"ညနေစာ စားကြရအောင်လေ ၊ ထမင်းဟင်တွေတောင် အေးကုန်လောက်ပြီ…"

"ကောင်းပါပြီ အမေ"

ချင်းမုက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း...

"အမေ... အဖေရောဟင်"

"သားအတွက် စားကောင်းသောက်ဖွယ်တွေ သွားရှာနေတယ် ၊ ခဏနေရင် ပြန်ရောက်လုနီးပါပြီ"

အမျိုးသမီးက ဆိုသည်။

"တကယ်... ဒါဖြင့် ကျွန်တော် အဖေ့ကို စောင့်လိုက်ဦးမယ်"

လူငယ်လေးက ပြောပြီးသည်နှင့် ဖခင်ဖြစ်သူကို စောင့်ရန် ပြေးလွှားထွက်ခွာသွားသည်။

အမျိုးသမီးကလည်း သူ့ကို တားဆီးခြင်း မပြုပေ။

သူမ ခြံဝန်းအတွင်း ပြန်ဝင်လာပြီး ချင်းမု ထုလုပ်ထားသည့် ထင်းပုံထက်မှ သစ်သားရုပ်တုကို ကြည့်လိုက်သည်။ ထို့နောက် သူမက သစ်သားရုပ်တုကို ကျေးဇူးရှင်တစ်ယောက်အလား လေးစားစွာပင် ဦးညွှတ်ဂါရဝပြုလိုက်သည်။

***

သားရိုင်းများပေါများသည့် တောင်ငယ်ထက်သို့ ကျန်းလန် ရောက်ရှိလာသည်။

ပြဿနာများကို အဖြေရှာရင်းဖြင့် နတ်ဆိုးများကိုတိုက်ခိုက်ပြီး တိုက်ပွဲအောင်မြင်မှုများကို မှတ်တမ်းတင်နိုင်ရန်လည်း စဉ်းစားနေရသည်။

နတ်ဘုရားရာထူးနာမည် ပြောင်းလဲခြင်းကိစ္စကတော့ အလျှင်လိုစရာ မရှိပေ။

လက်ရှိ အရေးအကြီးဆုံးမှာ နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်ရန်နှင့် ဧကရာဇ်ရှီးဟယ်က သူ့အကြောင်း ရိပ်မိသွားခြင်း မရှိရန် ဖြစ်သည်။

အချိန် နှစ်ပေါင်း (၂၀၀)အတွင်း သူ မိုးကောင်းကင်အင်မော်တယ် ဖြစ်လာမည်ဟု မျှော်လင့်ထားသည်။

သို့သော် ဆရာဖြစ်သူကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူများအမြင်တွင်တော့ မိုးကောင်းကင်အင်မော်တယ်ဆိုသည်က ပါမွှားသာ ဖြစ်သည်။ သို့ဖြစ်ရာ ဧကရာဇ်ရှီးဟယ်၏ မျက်လုံးထဲတွင်လည်း သူ့ကို ယင်ကောင်သေးသေးလေးပမာ ထင်မြင်နေမည် ဖြစ်သည်။

ထိုစဉ်…

"ဂါး..."

နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

ကျန်းလန် မော့ကြည့်လိုက်သည့်အခါ သူ့ဆီလာနေသော ကြီးမားသည့် နဂါးကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။

ထိုနဂါးကြီးကိုကြည့်ပြီး ကျန်းလန်မှာ နဂါးသုတ်သင်ဓားသိုင်းဖြင့် ပြေးခုတ်ချင်စိတ် ပေါက်လာမိသည်။

နဂါးကြီးက ကျန်းလန်ရှေ့သို့ ဆင်းသက်လာပြီး လုန်မန်အဖြစ် ပြောင်းလဲသွားပြီး…

"ယောက်ဖ..."

ဟု နှုတ်ဆက်လိုက်၏။

သူ့လက်ထဲတွင်လည်း ယုန် (၂)ကောင် ကိုင်ထား၏။

"ဘာလဲ… ယောက်ဖလည်း သားကောင်တွေဖမ်းဖို့ ရောက်လာတာလား ၊ ဘာ သားကောင်လိုချင်လဲ ပြော ၊ ကျုပ် ဖမ်းပေးမယ် ၊ ဒီယုန်ဖမ်းတုန်းက အမှားဖြစ်ခဲ့ပေမယ့် နောက်ထပ် ဘာအမှားမရှိစေရဘူးလို့ အာမခံတယ်ဗျာ"

အဋ္ဌမမင်းသားက ကတိများပေးနေတော့၏။

"အစစ်အမှန်အင်မော်တယ်တစ်ပါးက ယန်ဖမ်းရင်း အမှားလုပ်သည်တဲ့လား" ဟု ကျန်းလန် တွေးလိုက်သည်။

သူက ခေါင်းခါယမ်းလိုက်ရင်း…

"မဟုတ်ပါဘူးဗျာ ၊ ကျုပ်က ဒီအတိုင်း ဖြတ်သွားဖြတ်လာ ရောက်လာတာပါ"

အဋ္ဌမမင်းသားက…

"အား သိပြီ သိပြီ ၊ ယောက် မြေအောက်နတ်ဆိုးတွေကို လိုက်ရှာနေတာပဲ ဖြစ်ရမယ်"

ကျန်းလန် မည်သည့်စကားမှ မပြောဘဲ ခေါင်းညိတ်ပြလိုက်၏။

အဋ္ဌမမင်းသားက ယုန် (၂) ကောင်ကို အောက်သို့ချလိုက်ပြီး ကျန်းလန်ကို ပြောလိုက်သည်။

"နတ်ဆိုးတွေကို ကျုပ် ကူရှာပေးရမလား ယောက်ဖ"

ကျန်းလန် တိတ်ဆိတ်နေ၏။

အဋ္ဌမမင်းသားသာ ကူညီမည်ဆိုလျှင် သူ ပိုပြီး မြန်မြန်ဆန်ဆန် နတ်ဆိုးများကို ရှင်းပစ်နိုင်မည် ဖြစ်သည်။ သို့သော် ထိုကိစ္စက အတော်လေး ထင်သာမြင်သာ ဖြစ်သွားပြီး အခြားတပည့်များ၏ ဝေဖန်ခြင်းကို ခံရမည် ဖြစ်သည်။

ကျန်းလန်က သိမ်မွေ့စွာဖြင့်ပင်…

"ရပါတယ်ဗျာ ၊ အဋ္ဌမမင်းသား သေရည်ဆိုင်ကိုပဲပြန်ပြီး အလုပ်လုပ်နေပါ"

သူက အခြားတပည့်များ ဝေဖန်မည်ကို အရေးမစိုက်ပေ။

သူက ဆရာဖြစ်သူ စိတ်ပျက်သွားမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက မှန်ကန်သည့်နည်းလမ်းဖြင့်သာ တိုက်ပွဲအောင်မြင်မှုကို ရရှိလိုသည်။

သူက ဆရာဖြစ်သူကို စိတ်ချမ်းသာစေချင်သည် မဟုတ်ပါလား။

"သေရည်ဆိုင်မှာ အလုပ်သွားလုပ်စရာ မလိုတော့ဘူးဗျ... ၊ ဆိုင်ရှင်အဘိုး ပြန်ရောက်လာပြီ"

ထိုစကားကို ပြောစဉ် အဋ္ဌမမင်းသားကိုကြည့်ရသည်မှာ စိတ်မကောင်းဖြစ်နေဟန်ပင်။

လုန်မန်က စကားဆက်ပြောသည်။

"ကောင်လေးတော့ ဇာမဏီမျိုးနွယ်တွေကြောင့် ဒဏ်ရာရလာတယ်လေ"

ကျန်းလန်က...

"ဘာလဲ... မိန်းမလှလေးကိုကယ်ဖို့ သူရဲကောင်းလုပ်လိုက်တာလား"

လုန်မန်က…

"ကောင်လေးပြောတာကတော့ ဇာမဏီမလေး သေရည်ဆိုင်ကို ရောက်လာတာက ရည်ရွယ်ချက် ရှိတယ်တဲ့ ၊ သူကသာ ရူးရိုးမိုက်မိုက်နဲ့ ရှေ့ဆက်တိုးတာကိုး ၊ ဇာမဏီမျိုးနွယ်တွေက ဉာဏ်များပြီး ကြမ်းတမ်းတယ်ဆိုတာ သူ့ကို ပြောပြဖူးသားပဲ ၊ သူကမှ ကျုပ်ကို မယုံတာ"

ဇာမဏီမျိုးနွယ်တွေက သူ့အနားကို ရည်ရွယ်ချက်ရှိရှိနဲ့ ရောက်လာတာတဲ့ ၊ သူက ရူးရူးမိုက်မိုက်နဲ့ ရှေ့ဆက်တိုးတာကိုး ၊ ဇာမဏီမျိုးနွယ်တွေက အရမ်းအကြံကြီးပြီး ပြင်းထန်တယ်လို့ ကျုပ် သူ့ကို ပြောဖူးပြီးသားပဲ ၊ သူက ကျုပ်ကိုမှ မယုံတာ"

အဋ္ဌမမင်းသားက ကျန်းလန်ကို ကြည့်ပြီး ဆက်ပြောသည်။

"ယောက်ဖပြောရင်တော့ သူ နားထောင်ရင်နားထောင်မှာပါ"

ကောင်ငယ်လေးက သူ့စကားကို အဘယ့်ကြောင့် နားထောင်သည်ကို ကျန်းလန် သိရှိလေသည်။

သူက နဂါးမင်းသမီးလေးနှင့် စေ့စပ်ထားသည့်အတွက် ကောင်လေးက သူ့ကို အထင်တွေကြီးနေသောကြောင့် ဖြစ်သည်။

သို့ပေသိ ဇာမဏီမျိုးနွယ်များက ကောင်ငယ်လေးကို တမင်တကာ အသုံးချမည်ဆိုလျှင် ဆိုင်ရှင်အဘိုးက သဘောတူပါမည်လား ၊ သို့တည်းမဟုတ် အဘိုးအိုကိုယ်တိုင်ကပင် ကလေးငယ်ကို တစ်ခါလောက် ဒဏ်ရာရစေလိုသည်လား။

အကြောင်းရင်းကို မည်သူမှ မသိနိုင်ပေ။

အဋ္ဌမမင်းသားကို နှုတ်ဆက်ပြီးနောက် ကျန်းလန်သည် မြေအောက်နတ်ဆိုးများကို လိုက်လံရှာဖွေခဲ့သည်။ အချိန် (၂)ရက်ခန့် ကြာပြီးနောက် မြေအောက်နတ်ဆိုး (၅)ယောက်ခန့်ကို သတ်ဖြတ်ပစ်နိုင်ခဲ့သည်။

တစ်ယောက်မှာ မရှိမှုအာကာသ ၊ အလယ်ဆင့် ကျင့်ကြ့သူဖြစ်ပြီး ၊ (၃)ယောက်မှာ မရှိမှုအာကာသ ၊ ကနဦးအဆင့် ဖြစ်ကာ နောက်ဆုံးတစ်ယောက်မှာ မူလဝိညာဉ်အဆင့် အောင်မြင်ထားသူ ဖြစ်သည်။

"သူတို့တွေ ဘာလို့ ထွက်မပြေးဘဲ ခွန်လွန်တောင်ပတ်ဝန်းကျင်မှာ ရှိနေကြတာလဲ မသိဘူး"

ကျန်းလန် စိတ်ရှုတ်ထွေးစွာဖြင့် တွေးလိုက်သည်။ သို့သော် စိတ်ထဲမထားခဲ့ပေ။

တိုက်ပွဲရလဒ်အတော်အတန်ရရပြီဖြစ်လေရာ သူ နဝမတောင်ထွတ်သို့ပြန်ရန် စီစဉ်လိုက်သည်။ ဆရာဖြစ်သူကို လက်ဆောင်ပေးရန်အတွက် အကောင်းစားသေရည်တစ်အိုး ဝယ်ယူရန်လည်း ဆုံးဖြတ်လိုက်၏။

သူက တောင်ပေါ်မှဆင်းတိုင်း ဆရာဖြစ်သူကို လက်ဆောင်ပေးနေကျ မဟုတ်ပါလား။

သို့သော် သူ သေရည်ဆိုင်နားသို့ရောက်သည်နှင့် နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာပြီး တန်ခိုးစွမ်းအားအတက်အကျများ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

"ဘုန်း"

ထို့နောက် သေရည်ဆိုင်အတွင်းမှ နဂါးကြီးတစ်ကောင်နှင့် ဖီရှိုးကောင်ပျံသန်းထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ ထိုနဂါးကြီးမှာ လုန်ရဲ့ ပြန်ရောက်လာခြင်း ဖြစ်နိုင်သည်။

"ဒီ နဂါးက အတော်ဆိုးတာပဲ ၊ အစကတည်းက မသောက်နိုုင်ရင်လည်း မသောက်ပါနဲ့လား ၊ အခုတော့ သူ သေရည်သောက်တိုင်း ငါ့မှာ စိတ်ရှုတ်ရတယ် ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို လိမ်ယူဖို့ ၊ ဖီရှိုးနဲ့ အဲဒီနဂါး ပေါင်းပြီးကြံနေသလား အောက်မေ့ရတယ်"

ကောင်ငယ်လေး၏ အပြစ်တင်သံ ကျန်းလန်နားထဲ ဝင်ရောက်လာသည်။

ကျန်းလန် : "......"

ဖီရှိုးကောင်ကို အလုပ်တစ်ခု ခိုင်းချင်သည်ဆိုလျှင် ဝိညာဉ်ကျောက်တုံးတစ်တုံး ပေးရသည်။

ထိုအလေ့အထကို သူ ပြုလုပ်ပေးလိုက်မိခြင်း ဖြစ်သည်။ နောက်ဆုံးတော့ ဒုက္ခရောက်ရသူက ကလေးငယ် ဖြစ်နေခဲ့၏။

သေရည်ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် ကျန်းလန် အံ့အားသင့်သွားရသည်။ ဇာမဏီမျိုးနွယ်မိန်းကလေးငယ်သည် ကောင်ငယ်လေးနှင့်အတူ ကောင်တာနောက်တွင် မတ်တတ်ရပ်လျှက် ရှိသည်။

သို့သော် သူတို့ ယခင်ကနှင့် မတူညီကြတော့ပေ။

အထူးသဖြင့် ဇာမဏီမလေးက အတော်လေး ထူးခြားသွားသည်။ သူမ၏ ခန္ဓာကိုယ်ထက်တွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ နောက်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

သို့ရာတွင် ကောင်ငယ်လေးမှာတော့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အခိုးအငွေ့များ ခပ်ရေးရေးထွက်ပေါ်နေပြီး ယခင်ကလို အခိုးအငွေ့တန်းလေးတစ်ခုမျှသာ မဟုတ်တော့ပေ။

ထို ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ မည်သည့်နေရာက ရောက်လာကြပါသနည်း။

ဝူထုန်တောင်ကလား။

အဋ္ဌမမင်းသား၏ စကားအရဆိုလျှင် သူတို့ ဝူထုန်တောင်သို့ သွားကြခြင်း ဖြစ်သည်။

သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုသည် ကလေးငယ်၏စကားကို နားထောင်ပြီး ဝူထုန်တောင်သို့သွားရောက်ခြင်းမှာ အကြောင်းရှိရပေမည်။

ဧကရာဇ်ရှီးဟယ်ကတော့ တကယ်တမ်းတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကို အရေးစိုက်သူ မဟုတ်ပေ။ နောက်တစ်ချက်မှာ သူသည်လည်း ထိုအရာများကို အရေးမစိုက်ပေ။

သူက နတ်ဘုရားရာထူးကို ရရှိထားသူတစ်ယောက်ဖြစ်ပြီး ခွန်လွန်တောင်မှ တပည့်တစ်ယောက်လည်း ဖြစ်သည်။

သူ အရေးစိုက်မည်ဆိုလျှင် သူကဲ့သို့ နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူများကိုသာ အရေးစိုက်မည်ဖြစ်ပြီး ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ကြိုးမျှင်လေးတစ်မျှင်လောက် ရှိနေသူများကို အရေးစိုက်မည် မဟုတ်ပေ။

ကံကြမ္မာအခွင့်ကောင်း ရောင်ဝါတစ်ခုက တကယ်တမ်းတွင် ဘာမှ မပြောပလောက်ပေ။

ကောင်းလေးက ကျန်းလန်ကို တွေ့သည်နှင့်…

"အစ်ကိုကြီး ၊ အကောင်းစားသေရည်လိုချင်လို့လား ၊ အဘိုး ခဏနေရင် ပြန်လာပါတော့မယ်"

ကျန်းလန်က ခေါင်းညိတ်ပြရင်း…

"ကောင်းပြီ"

ကျန်းလန်က ဆိုင်ထောင့်တစ်နေရာတွင်ထိုင်ရင်း သေရည်ဆိုင်ရှင်အဘိုးအို ပြန်အလာကို စောင့်နေ၏။ တစ်ချိန်တည်းမှာပင် နာမ်ဝိညာဉ်သေရည်ဆိုင်ကိုလည်း လေ့လာနေလေသည်။

နာမ်ဝိညာဉ်သေရည်ဆိုင်အကြောင်းကို သူ အပြန်ပြန်အလှန်လှန် လေ့လာနားလည်ခဲ့ပြီး ဖြစ်သော်လည်း သူတွေးထင်ထားသလောက် ရိုးရှင်းခြင်း မရှိကြောင်း ခံစားရသည်။

ထိုစဉ်မှာပင် သူ့စိတ်က ရုတ်ချည်းတည်ငြိမ်သွားသည်။ သူ့နှလုံးသားသည်လည်း တည်ငြိမ်သည့်ကန်ရေပြင်အလား ဖြစ်လေ၏။

တည်ငြိမ်သည့်ကန်ရေပြင်ထက်သို့ တောက်ပသည့် အလင်းရောင်တစ်စ ကျဆင်းလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ထိုအလင်းရောင်က နာမ်ဝိညာဉ်သေရည်ဆိုင်အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ဒီအလင်းရောင် ငါ တစ်ခါမှ မမြင်ဖူးပါဘူး"

ကျန်းလန် တွေးလိုက်သည်။

သို့သော် အန္တရယ်ရှိမည်စိုးသောကြောင့် စူးစမ်းခြင်းလည်း မပြုရဲဘဲ အရေးမစိုက်သလို နေလိုက်သည်။ ထိုအချိန်မှာပင် သူ၏ တည်ငြိမ်ခြင်းက အေးချမ်းငြိမ်သက်ခြင်းသို့ ကူးပြောင်းသွားသည်။

တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိသော်လည်း အေးချမ်းလျှက် ရှိသည်။

သူ့ပတ်ဝန်းကျင်တွင် စမ်းချောင်လေးများ စီးဆင်းနေပြီး ငှက်လေးများက အော်မြည်တေးဆိုကာ ပန်းရနံ့များကလည်း မွှေးပျံ့လျှက် ရှိသည်။

ကြီးမြတ်လှသည့် ကောင်းချီးမင်္ဂလာတစ်ခုကို ခံစားရသည့်အလား ကျန်းလန် ထင်မှတ်လိုက်မိလေတော့၏။

***

သေရည်ဆိုင်တွင် ကျန်းလန်မျက်လုံးမှိတ်ကာ အနားယူနေသည်နှင့် ကလေးငယ်က ကျန်းလန်၏စိတ်တံခါးကိုဖွင့်ရန် စတင်ကြိုးစားတော့သည်။

ယခုဆိုလျှင် သူ ပိုမိုပြီး တန်ခိုးစွမ်းအားမြင့်မားလာသည် မဟုတ်ပါလား။ သူ ယခုတစ်ကြိမ်တော့ သေချာပေါက် အောင်မြင်ရမည်ဟု မှတ်ယူထားသည်။

အောင်မြင်သွားလျှင်တော့ သူ ဘာပဲလုပ်လုပ် အဘိုးဖြစ်သူက တားဆီးမည် မဟုတ်တော့ပေ။ ဟုန်ယာအတွက်လည်း အတူတူပင် ဖြစ်၏။

ကျန်းလန်၏စိတ်တံခါးကို ဖွင့်နိုင်လျှင် သူမသည်လည်း အရာအားလုံးကို ပါဝင်ပတ်သက်ခွင့်ရမည် ဖြစ်သည်။ပြီးတော့ သူမကို မည်သူမှ နှောက်ယှက်ရဲတော့မည် မဟုတ်ပေ။

သို့သော်...

သူတို့နှစ်ယောက် ကျန်းလန်၏ စိတ်တံခါးကိုဖွင့်ရန် ကြိုးစားလိုက်သည်နှင့် စွမ်းအားတစ်ခုက သူတို့ကို နောက်ဆုတ်စေရန်တွန်းထုတ်လိုက်ကြောင်း ခံစားလိုက်ရသည်။

သူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး မျက်ဝန်းများထဲတွင်လည်း နားမလည်နိုင်ခြင်းများဖြင့် ပြည့်နက်လျှက် ရှိကြသည်။

"ဒီလို လက္ခဏာမျိုး ဖြစ်တာကို အရင်တုန်းက အဘိုးပြောပြဖူးတယ် ၊ အဘိုးက နာမ်ဝိညာဉ်သေရည်ဆိုင်ထဲမှာ ရတနာပစ္စည်းတစ်ခုထားထားတယ် ၊ အဲဒီရတနာကို ရသွားတဲ့သူရဲ့ စိတ်အခြေအနေက ဒီလိုမျိုး ဖြစ်သွားပြီး နာမ်ဝိညာဉ်သေရည်ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မယ်တဲ့… အစ်ကိုကြီးကိုကြည့်ရတာ… သူ…"

ကလေးငယ်မှာ အဆုံးမရှိ အံ့သြတုန်လှုပ်လျှက် ရှိတော့သည်။

သူ ထိုရတနာပစ္စည်းကို ယခင်က တွေ့မြင်ဖူးခဲ့သော်လည်း မည်သို့ပင်ရရှိရန် ကြိုးစားပါစေ ထိတွေ့နိုင်စွမ်းပင် မရှိခဲ့ပေ။

All Chapters