← Chapters

ပွဲချင်းပြီး ဉာဏ်အလင်းပွင့်ခြင်း

Vol. 21 Ch. 206

ပွဲချင်းပြီး ဉာဏ်အလင်းပွင့်ခြင်း

Vol. 21 Ch. 206

ယွမ်လီနှင့် တစ်နာရီခန့် စကားပြောပြီးနောက် ယန်တောက်ကျုံးမှာ ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။

ထျန်းရွှမ်တောင်က ချင်းရှောင်ဂိုဏ်းကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး!

ယွမ်လီ၏ အတိတ်အကြောင်း ကြားပြီးနောက် လီချင်းချိုးအပေါ် သူ ပို၍ပင် အထင်ကြီး လေးစားသွားတော့သည်။

ကျောက်ကျိန်းကို ယခင် အိမ်ရှေ့မင်းသားက လီချင်းချိုးထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က လောကကြီးကို ကျောက်ကျိ ဖျက်ဆီးနေချိန် ဖြစ်သည်။ ထျန်းရွှမ်တောင်ကရော ဒီအရာကို လွှဲပြောင်းယူရဲသလားဟု ယန်တောက်ကျုံး သူ့ကိုယ်သူ မေးခဲ့သည်။

အိမ်ရှေ့မင်းသား ကွယ်လွန်ပြီးနောက် ကျောက်ကျိန်း၏ မိခင်နှင့် သူ့ရဲ့ ဂျူနီယာညီလေး... ဓားကျင့်စဉ်အကြီးအကဲတို့က ကျောက်ကျိန်း သေဆုံးပြီးမှသာ ကျောက်ကျိန်းကို ပြုစုပျိုးထောင်ရန် ကမ်းလှမ်းခဲ့ကြခြင်း ဖြစ်သည်။

ဤသည်မှာ လီချင်းချိုး၏ တာဝန်ယူမှု စိတ်ဓာတ်ပင် ဖြစ်သည်။

ယွမ်လီတို့ ညီအစ်ကို၏ မိဘများမှာ သတ်ဖြတ်ခံခဲ့ရပြီး ယွမ်လီတို့ကို သိုင်းလောကသို့ ခေါ်ဆောင်သွားခဲ့သည်။ ဂိုဏ်းက ၎င်းတို့ကို အစေခံများအဖြစ် အိမ်တွင် အကျဉ်းချထားခဲ့ပြီး လီချင်းချိုးကသာ ၎င်းတို့ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ချင်းရှောင်ဂိုဏ်းတွင် လူသိပ်မများသေးဘဲ ယွမ်လီ၏ ပါရမီက ကောင်းကင်ဘုံက ချင်းရှောင်ဂိုဏ်းကို မျက်နှာသာပေးကြောင်း ပြသနေ၏။

ထျန်းရွှမ်တောင်က သူ့ကိုယ်သူ သန့်စင်သောနယ်မြေဟု ခေါ်ဆိုသော်လည်း ဒုက္ခရောက်နေသူများကို ကူညီရန် တောင်ပေါ်မှ မဆင်းသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။

ယန်တောက်ကျုံး တောင်ပေါ်မှ ဆင်းရန် စဉ်းစားခဲ့ဖူးသော်လည်း ဆရာသခင်က တားမြစ်ခဲ့ပြီး သိုင်းပညာအပေါ် ပိုမို အာရုံစိုက်ကာ ထျန်းရွှမ်တောင်ကို ခိုင်မာစေရန် ပြောကြားခဲ့သည်။ သို့သော် သူ တောင်ပေါ်မှ မဆင်းသောကြောင့် အခြားတပည့်များကလည်း မဆင်းကြပေ။ ထျန်းရွှမ်တောင်၏ သူရဲကောင်းဆန်သော စိတ်ဓာတ်မှာ ပျောက်ကွယ်သွားသည်မှာ ကြာပြီဟု ထင်ရသည်။

သို့သော်လည်း ယန်တောက်ကျုံးကို အံ့အားသင့်စေသော အခြားသူများလည်း ရှိသေးသည်။

ထို့နောက် လီချင်းချိုးက ယွင်ချိုင်ကို ခေါ်၍ သူ့ထံ လာလည်ခဲ့သည်။ ယွင်ချိုင်မှာ သူ့ကို အတော်လေး မကျေမနပ် ဖြစ်နေပြီး ချင်းရှောင်ဂိုဏ်း တပည့်များကို အနိုင်ယူပြီးနောက် သိုင်းလောကသို့ သတင်းများ ဖြန့်ဝေခြင်းဖြင့် ချင်းရှောင်ဂိုဏ်းကို စော်ကားနေသည်ဟု ခံစားနေရသည်။

ယန်တောက်ကျုံး ဤအကြောင်းကို သိသွားသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။

သူ လီရန်နှင့် ယန်တုန်းတို့ကို အနိုင်ယူစဉ်က အပြင်လူများ မရှိခဲ့ရာ ဤသတင်းမှာ ထျန်းရွှမ်တောင်မှ တစ်စုံတစ်ယောက်က ဖြန့်ဝေခဲ့ခြင်း ဖြစ်ရမည်။

ဂျူနီယာညီလေးများက ချင်းရှောင်ဂိုဏ်း၏ ဖိနှိပ်မှုကို ကြောက်ရွံ့သည်ဟု ဆိုသော်လည်း ထိုကဲ့သို့သော ကောလာဟလများ ဖြန့်ရန် လူများကို တိတ်တဆိတ် စေလွှတ်ခဲ့သည်။

ယန်တောက်ကျုံးမှာ မျက်မှောင်ကြုတ်သွားပြီး လှည့်စားခံရသည့်အတွက် မကျေမနပ် ဖြစ်သွားသည်။

လီချင်းချိုးကတော့ စိတ်ထဲတွင် ကျိတ်၍ ဝမ်းသာနေသည်။ ယွင်ချိုင်ကို ခေါ်လာခြင်းက အမှန်တကယ် မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

ယွင်ချိုင်က အနည်းငယ် ခေါင်းမာပြီး လိမ်ပြောရသည်ကို မနှစ်သက်ကာ သူမ၏ ခံစားချက်များကို ဖုံးကွယ်ထားရန် ခက်ခဲကြောင်း သူ ယခင်က သတိထားမိခဲ့သည်။

တောင်ပေါ်သို့ မတက်မီ သူမနှင့် ပေါ်ကျောက် အစရှိသူတို့မှာ နှုတ်ဆိတ်နေခဲ့ကြပြီး စကားပြောခြင်းကြောင့် ဂိုဏ်းချုပ်ကို ထိခိုက်စေမည်ကို စိုးရိမ်သောကြောင့် နှုတ်ဆိတ်နေရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

"ဒီကိစ္စကို ကျွန်တော် မသိခဲ့ပါဘူး... ထျန်းရွှမ်တောင် ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်..."

ယန်တောက်ကျုံးက လေးနက်စွာ ပြောလိုက်ပြီး စကားပြောနေစဉ် မတ်တပ်ရပ်၍ လီချင်းချိုးတို့ကို ဦးညွှတ်လိုက်သည်။

သူ ခါးညွတ်လိုက်သည်နှင့် လီချင်းချိုးက သူ့ လက်မောင်းကို လှမ်းဖမ်းလိုက်ပြီး…

"ကိုယ့်ရဲ့ အရည်အချင်းက နိမ့်ကျနေရင် အပြောခံရမှာကို ဘာလို့ ကြောက်နေရမှာလဲ... အဲဒါက အဓိပ္ပာယ် မရှိဘူး... ယွင်ချိုင်... မင်း ယန်တောက်ကျုံးကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံရဘူးနော်... အခုကစပြီး ငါတို့အားလုံး တစ်ဘက်တည်းမှာပဲ ရှိတော့တာမို့ အငြိုးမထားနဲ့..."

ယန်တောက်ကျုံး မော့ကြည့်လိုက်ရာ လီချင်းချိုးက ယွင်ချိုင်ကို ကြည့်၍ ဤသို့ ပြောနေသည်ကို မြင်လိုက်ရသည်။

ထိုစကားကို ကြားသောအခါ ယွင်ချိုင်က ယန်တောက်ကျုံးကို ချက်ချင်း တောင်းပန်လိုက်လေသည်။

ဤသည်မှာ လီချင်းချိုးက ဖန်တီးထားသော ပြဇာတ်တစ်ခု မဟုတ်ကြောင်း ယန်တောက်ကျုံး သေချာသွားသည်၊ အကြောင်းမှာ ယွင်ချိုင်၏ ထက်မြက်မှုနှင့် လီချင်းချိုးအပေါ် ထားရှိသော သူမ၏ ရိုးသားသော လေးစားမှုကို သူ ခံစားမိသောကြောင့်ပင်။

မဟုတ်ဘူး... လေးစားမှုထက် အများကြီး ပိုပါတယ်…

"စီနီယာယန်တောက်ကျုံး... ကျွန်မတို့ သိုင်းပြိုင်ကြမလား..."

ယွင်ချိုင်က ယန်တောက်ကျုံးကို ကြည့်၍ လေးနက်စွာ ပြောလိုက်ရာ သူမ၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။

ယန်တောက်ကျုံးမှာ တစ်ကြိမ်ထက်မက စိန်ခေါ်ခံခဲ့ရဖူးသည်။ သူသည် သိုင်းပညာကို နှစ်သက်သော်လည်း ထျန်းရွှမ်တောင်တွင် မည်သူမျှ သူ့ကို မစိန်ခေါ်ရဲကြချေ။

ထို့ကြောင့် အလွယ်တကူ သဘောတူလိုက်ပြီး ထိုနှစ်ဦး ခြံဝင်းအတွင်း စတင် သိုင်းပြိုင်ကြတော့သည်။

သူက အတွင်းအားကို ယွင်ချိုင်၏ မူလချီနှင့် အဆင့်တူညီအောင် ထိန်းချုပ်ထားပေးလိုက်သည်။ ထိုနှစ်ခုကို ယေဘုယျအားဖြင့် နှိုင်းယှဉ်၍ မရသော်လည်း ဤသည်က တရားမျှတမှုကို သူ ရှာဖွေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။

တိုက်ပွဲအပြီးတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယန်တောက်ကျုံး တဖြည်းဖြည်း သဘောပေါက်လာသည်။

ယွင်ချိုင်က သူ့ကို အလွန် ကောင်းစွာ သိနေပုံရပြီး သူ့ရဲ့ သိုင်းကွက်များကို အမြဲတမ်း ရှောင်တိမ်းနိုင်ရုံသာမက တိုက်ခိုက်မည့် ဦးတည်ချက်ကိုပင် ကြိုတင် ခန့်မှန်းနိုင်ကာ သူမ၏ နှေးကွေးသော အရှိန်ဖြင့် သူ့ရဲ့ ပိုမြန်သော သိုင်းကွက်များကို တန်ပြန် တိုက်ခိုက်နိုင်ခဲ့သည်။

နေပါဦး!

ဒီမိန်းမကလည်း တစ်သန်းမှာ တစ်ယောက်သာ ရှိတဲ့ ပါရမီရှင်များလား…..

ယန်တောက်ကျုံးက လီချင်းချိုးကို ထပ်မံ ကြည့်လိုက်ရာ လီချင်းချိုး၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရသဖြင့် သူ ပထမဆုံးအကြိမ်အဖြစ် မကောင်းသော အကြံအစည်ကို ခံစားလိုက်ရပြီး ထိန်းမရနိုင်သော တုန်လှုပ်မှုတစ်ခုက သူ့ နှလုံးသားထဲတွင် ပေါ်ပေါက်လာတော့သည်။

ချင်းရှောင်ဂိုဏ်းမှာ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ အရမ်း များလွန်းနေတာ မဟုတ်ဘူးလား….

...

ထျန်းရွှမ်တောင်၏ ဂိုဏ်းချုပ်က ဓားနတ်ဘုရား၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားပြီး ချင်းရှောင်ဂိုဏ်းသို့ ဘက်ပြောင်းသွားသည်ဟူသော သတင်းက သိုင်းလောက တစ်ခွင်သို့ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။

ဓားနတ်ဘုရားနှင့် ယန်တောက်ကျုံးတို့ သိုင်းပြိုင်စဉ်က အခြားဂိုဏ်းများမှ သိုင်းလောကသားများလည်း ရှိနေခဲ့သည်။ ထို့အပြင် ယန်တောက်ကျုံးများမှာ ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤသတင်းကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။

ယခုအခါ ယန်တောက်ကျုံးကို ထောက်ခံသော အသံများ ပျောက်ကွယ်သွားပြီး စော်ကားပြောဆိုမှုများဖြင့် အစားထိုးလာကြပြန်သည်။

ယန်တောက်ကျုံးသည် ထျန်းရွှမ်တောင်ဟူသော နာမည်နှင့် မထိုက်တန်ဟု လူများက ခံစားလာကြသည်။

အပြင်လောက၏ ဆူပူအုံကြွမှုများက ယန်တောက်ကျုံးအပေါ် သက်ရောက်မှု မရှိတော့ချေ။

ကောင်းကင်လက်မှုပညာခန်းမက သိုင်းဘိုးဘေး အဆောက်အအုံနှင့် လေ့ကျင့်ရေးကွင်းကို တစ်လအတွင်း အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်။ သိုင်းဘိုးဘေးအကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့သော်လည်း တုံ့ပြန်မှုက သိပ်မကြီးမားလှပေ။ အနည်းဆုံးတော့ ချင်းရှောင်တောင်ပေါ်တွင် သိုင်းပညာ လေ့ကျင့်လိုသော တပည့်များ သိပ်မများလှချေ။

သို့သော်လည်း ဤသတင်းက အောက်ခြေသိမ်း တပည့်များ၊ အမည်ခံ တပည့်များနှင့် ပြင်ပစည်း တပည့်များအကြားတွင် ဆွေးနွေးစရာ အများအပြား ဖြစ်ပေါ်စေခဲ့သည်။

ယန်တောက်ကျုံးဆိုသူက လီရန်နှင့် ယန်တုန်းတို့ကို အနိုင်ယူနိုင်စွမ်း ရှိသည်။ထိုသူ၏ သိုင်းပညာက မသေမျိုးလမ်းစဉ်လောက် မကောင်းလျှင်ပင် လူများကို မူလအားဖြည့်နယ်ပယ်၏ ပထမ အဆင့်လေးဆင့်ကို ကျော်လွန်သွားအောင် လုပ်ပေးနိုင်သေးသည်။ ဤသည်မှာ ပါရမီ နိမ့်ကျသော တပည့်များအတွက် အလွန် ဆွဲဆောင်မှု ရှိလှသည်။

……….

ထျန်းရွှမ်တောင်ကြောင့် ဖြစ်ပေါ်လာသော အုတ်အော်သောင်းနင်း အခြေအနေများ ငြိမ်သက်သွားပြီးနောက် လီချင်းချိုး၏ ဘဝမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

သူသည် ယန်တောက်ကျုံးထံသို့ နေ့တိုင်း မသွားတော့ဘဲ အချိန်အများစုကို ကိုယ်ပိုင် ကျင့်ကြံမှုအတွက်သာ ပေးအပ်ထားဆဲပင်။

ဖော်ပြရန် ထိုက်တန်သည့် ထူးခြားချက်မှာ ငါးရောင်ခြယ်သမင်က ချင်းရှောင်ဂိုဏ်းအတွင်း အတော်လေး ဂယက်ရိုက်သွားစေခဲ့ခြင်းပင် ဖြစ်သည်။ ပိုင်နင်းအာက ငါးရောင်ခြယ်သမင်ကို ချင်းရှောင်တောင်ပေါ်တွင် လွှတ်ပေးလိုက်ရာ တပည့်များစွာ လာရောက် ကြည့်ရှုရန် ဆွဲဆောင်ခံခဲ့ရသည်။

ငါးရောင်ခြယ်သမင်ကို မည်သူမျှ မခိုးယူရဲကြချေ။ ချင်းရှောင်တောင်ပေါ်တွင် တပည့်များစွာ ရှိနေရုံသာမက ချင်းရှောင်တောင်အောက်တွင်လည်း ကင်းလှည့်နေသော တပည့် အများအပြား ရှိနေသေးသည်။

ချင်းရှောင်ဂိုဏ်းကို သစ်ပင်မိစ္ဆာ ကိုယ်ပွား တိုက်ခိုက်ပြီးကတည်းက လီချင်းချိုးကလည်း ကင်းလှည့်သူ အရေအတွက်ကို တိုးမြှင့်ထားခဲ့သည်။

ငြိမ်းချမ်းသော အချိန်များတွင်ပင် ချင်းရှောင်တောင်နှင့် ဇီယန်တောင်ထွတ်ကို အလှည့်ကျ ကင်းလှည့်နေသော တပည့် ၅၀၀ ကျော် ရှိသည်။ အစပိုင်းတွင် ခေါင်းဆောင်များစွာက အရေအတွက် များလွန်းသည်ဟု ခံစားခဲ့ရသော်လည်း ကင်းလှည့်နေသော တပည့် အများစုမှာ အပြင်စည်း တပည့်များ ဖြစ်ကြောင်း မြင်တွေ့ရပြီးနောက် ၎င်းတို့တွင် မည်သည့် ကန့်ကွက်မှုမျှ မရှိတော့ချေ။

ချင်းရှောင်တောင် အနီးတစ်ဝိုက်တွင် အင်တိုက်အားတိုက် ကင်းလှည့်နေသော တပည့်များ မလိုအပ်ဘဲ သတင်းစကားများ ပေးပို့ရန် လူတစ်ဦးသာ လိုအပ်သည်။

ထို့ကြောင့် လီချင်းချိုးက အဖွဲ့တစ်ဖွဲ့လျှင် လူနှစ်ဆယ်ပါဝင်သော အဖွဲ့ပုံစံတစ်ခုကို ရေးဆွဲခဲ့ပြီး အဖွဲ့တိုင်းကို အနည်းဆုံး မူလအားဖြည့်နယ်ပယ် တတိယအဆင့် သို့မဟုတ် ထို့ထက် ပိုမြင့်သော တပည့်တစ်ဦးက ဦးဆောင်ရမည် ဖြစ်သည်။

သိုင်းဘိုးဘေးခန်းမကို စတင် တည်ထောင်ချိန်တွင် တပည့်အရေအတွက် သိပ်မများလှပေ။ မည်သို့ပင်ဆိုစေ ချင်းရှောင်ဂိုဏ်း တည်ရှိလာသည်မှာ သိပ်မကြာသေးဘဲ သိုင်းဘိုးဘေးခန်းမကို စိတ်ဝင်စားသော တပည့်များပင် မသေမျိုးလမ်းစဉ်ကို လိုက်စားခြင်းအား မစွန့်လွှတ်ကြသေးချေ။

သိုင်းဘိုးဘေးခန်းမမှာ ၎င်းတို့အတွက် ထွက်ပေါက်တစ်ခု ဖြစ်သော်လည်း ယခုချက်ချင်း လျှောက်ရမည့် လမ်းတော့ မဟုတ်သေးပေ။

အားလပ်ချိန်များတွင် ယန်တောက်ကျုံးက ချင်းရှောင်ဂိုဏ်း တစ်ဝိုက်သို့ စတင် လည်ပတ်ခဲ့သည်။ချင်းရှောင်ဂိုဏ်းအကြောင်း ပိုသိလာလေလေ သူ ပို၍ သဘောကျလာလေလေ ဖြစ်ပြီး လီချင်းချိုးနှင့် ချင်းရှောင်ဂိုဏ်းအပေါ် သစ္စာရှိမှုကလည်း အလျင်အမြန် တိုးပွားလာခဲ့သည်။

ထိုနေ့တွင် ရှန်ယွဲ့က ယန်တောက်ကျုံးကို ဓားဂိုဏ်းသို့ လာလည်ရန် ဖိတ်ခေါ်ခဲ့သည်။

ယန်တောက်ကျုံးမှာ ရှန်ယွဲ့အပေါ် အလွန်ကောင်းမွန်သော အထင်အမြင် ရှိထားသဖြင့် သဘောတူလိုက်သည်။

ဓားဂိုဏ်းသို့ ရောက်ရှိလာသောအခါ အကြည့်များစွာက သူ့ အပေါ်သို့ ကျရောက်လာသည်။ ယန်တောက်ကျုံး၏ အသွင်အပြင်နှင့် အမူအရာများမှာ အလွန် ဆွဲဆောင်မှု ရှိလွန်းနေသည်။

"အဲဒီလူက ဘယ်သူလဲ... သူက ဆံပင်အဖြူနဲ့ အရမ်း ချောတာပဲ!"

"သူ ဘယ်သူလဲဆိုတာ ငါ သိတယ်... သူက ထျန်းရွှမ်တောင်ရဲ့ ဂိုဏ်းချုပ် ယန်တောက်ကျုံးပဲလေ!"

"သူလား... သူက ထိပ်တန်း တပည့် ဆယ်ယောက်ထက်တောင် ပိုတော်တယ်လို့ ငါ ကြားဖူးတယ်..."

"ရှန်ယွဲ့ အကြီးအကဲ သူ့ကို နိုင်ဖို့ မလွယ်ခဲ့ဘူးလို့ ငါ ကြားတယ်..."

"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့... အကယ်၍ ရှန်ယွဲ့ အကြီးအကဲ ကြားသွားရင် မင်းရဲ့ လေ့ကျင့်ရေး တာဝန်တွေကို သေချာပေါက် တိုးပေးလိမ့်မယ်..."

ဓားဂိုဏ်း တပည့်များမှာ ၎င်းတို့အချင်းချင်း တီးတိုး ပြောဆိုနေကြပြီး ယန်တောက်ကျုံးအပေါ် အားလုံးက စိတ်ဝင်တစား ရှိနေကြသည်။

ကျိယာနှင့် ရင်းနှီးသော ယန်လင်းနှင့် အဖော်လေးဦးမှာ ယန်တောက်ကျုံး၏ သိုင်းပညာ မည်မျှ ကျွမ်းကျင်ကြောင်းကို အလားတူပင် စူးစမ်းချင်နေကြသည်။

ယန်လင်းက အဖော်လေးဦးကို တီးတိုးလေသံဖြင့်…

"မြင်လား... ဂိုဏ်းထဲမှာ အရှင်သခင်တွေ ပိုပိုများလာပြီ... ကျိယာကို အနှောင့်အယှက် ပေးတာ ရပ်ပြီး သူ့ကို သေချာ ကျင့်ကြံခိုင်းလိုက်ပါ... မဟုတ်ရင် လူတွေ ပိုများလာတာနဲ့အမျှ သူ ကျော်တက်ခံရပြီး ဂိုဏ်းချုပ်ကို မကျေမနပ် ဖြစ်စေလိမ့်မယ်..."

ယောကျာ်းလေး တပည့်တစ်ဦးကတော့…

"သူ့ကို အနှောင့်အယှက် ပေးချင်လို့မှ မဟုတ်တာ... ပြီးတော့ သူက ကျွန်တော်တို့ဆီ လာတာဆိုတော့ သူ့ကို ဒီအတိုင်း မောင်းထုတ်လို့ မရဘူးလေ... ဟုတ်တယ်မလား..."

"မင်းတို့ဆီမှာ အခက်အခဲတွေ၊ ပြဿနာမျိုးစုံ ရှိနေလို့ သူက မင်းတို့အတွက် စိတ်ပူနေရတာလေ..."ဟု ယန်လင်းက သူ့ကို စူးရဲစွာ ကြည့်၍ ရိုင်းပျစွာ ပြောလိုက်လေသည်။

ထိုစဉ်မှာပင်...

"ယန်တောက်ကျုံး စီနီယာ... ကျွန်တော်က ကျန်းတုပါ... ခင်ဗျားနဲ့ ဓားသိုင်း ပြိုင်ချင်လို့ပါ... ဘယ်လို သဘောရလဲ..."

ထိုစကားကို ကြားသောအခါ ကျန်းတု၏ ဂိုဏ်းတူ ညီအစ်ကို ရာချီက လှည့်ကြည့်လိုက်ရာ ဆယ့်ငါးနှစ်အရွယ် ကျန်းတုက ယန်တောက်ကျုံးထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသည်။

ကျန်းတုက ဓားလေ့ကျင့်ရန်အတွက် အနက်ရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို နောက်စေ့တွင် မြင့်မြင့် စည်းနှောင်ထားကာ နားရွက်ဘေးမှ ဆံစရှည် နှစ်ခုက လေထဲတွင် လွင့်ဝဲနေပြီး ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။

သူသည် အလွန် ချောမောပြီး အေးစက်စက် ခပ်တည်တည် ကိုယ်ရည်ကိုယ်သွေးနှင့် ပေါင်းစပ်လိုက်သောအခါ အမျိုးသမီး တပည့်များအကြားတွင် အလွန် ရေပန်းစားလှသည်။ အမျိုးသမီး တပည့်များစွာက သူ့ရဲ့ မျက်နှာသာပေးမှုကို ရရှိရန် ကြိုးစားခဲ့ကြသော်လည်း သူက အားလုံးကို မဆိုင်းမတွ ငြင်းပယ်ခဲ့သည်။

ယန်တောက်ကျုံး လှမ်းကြည့်လိုက်ရာတော့ အလိုအလျောက် မျက်မှောင်ကြုံ့လိုက်မိသည်။

ပထမဆုံးအကြိမ် မြင်လိုက်ရုံဖြင့်ပင် ကျန်းတုက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။

တစ်ခါပေါ်လာရုံဖြင့် မည်သူမျှ မေးခွန်းမထုတ်ရဲသော ပါရမီရှင်မျိုးပင်….

ရှန်ယွဲ့က …

"ဓားသိုင်း ပြိုင်ရုံသက်သက် ဆိုရင်တော့ သူ့ကို မရှုံးစေနဲ့နော်..."

သူ ဘာမှ မပြောခဲ့လျှင် ပိုကောင်းမည် ဖြစ်သည်၊ အကြောင်းမှာ သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ယန်တောက်ကျုံးက ကျန်းတုကို ဓားသိုင်းပညာသက်သက်ဖြင့်သာ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သောကြောင့်ပင်။

"ကောင်းပြီလေ... တခြား တပည့်တွေလည်း ဓားရေးကို အတူတူ လေ့လာပြီး သူတို့ အသိအမြင်တွေ ရနိုင်မလား ကြည့်ကြတာပေါ့..."

ယန်တောက်ကျုံးက ပြန်ဖြေလိုက်ပြီးနောက် ကျန်းတုထံသို့ လျှောက်သွားလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ဓားဂိုဏ်း တပည့်များက သူတို့ သိုင်းပြိုင်ရန် လမ်းဖယ်ပေးလိုက်ကြသည်။

"စီနီယာ... ကျွန်တော် အရင် စလိုက်မယ်!"

ဤသို့ ပြောပြီးနောက် ကျန်းတုက ဓားကို ဆွဲထုတ်၍ ယန်တောက်ကျုံးထံသို့ အလျင်အမြန် ချဉ်းကပ်သွားလေသည်။

ယန်တောက်ကျုံးက ပြိုင်ဘက်ကို အသက် ငယ်ရွယ်မှုကြောင့် အထင်မသေးခဲ့ပေ။ သူလည်း ဓားကို ဆွဲထုတ်၍ ပြိုင်ဆိုင်ရန် စတင်လိုက်သည်။

ထိုနှစ်ဦးမှာ အလျင်အမြန် ဝင်တိုက်မိသွားကြပြီး ၎င်းတို့၏ ဓားများ ထိခိုက်မိသွားကာ တစ်ယောက်၏ ဓားသိုင်းပညာကို အခြားတစ်ယောက်က ယေဘုယျအားဖြင့် နားလည်သွားကြသည်။

ကျန်းတုကလည်း နားလည်ရခက်ပြီး လှုပ်ရှား၍ မရနိုင်သော အရာတစ်ခုကို ခံစားလိုက်ရသည်။

ယန်တောက်ကျုံးက ကျန်းတုသည် ငယ်ရွယ်သော်လည်း ဓားဆန္ဒကို စတင် ကျင့်ကြံနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရရာ ၎င်းမှာ အမှန်တကယ်ပင် အံ့မခန်း ဖြစ်သည်။

လူရိပ်နှစ်ခု ယှက်နွယ်သွားပြီး ဓားသိုင်းကွက်များကို အလျင်အမြန် ဖလှယ်လိုက်ကြသည်။

ကျန်းတု၏ ဓားသိုင်းကွက်များမှာ အလွန် မြန်ဆန်သော်လည်း ယန်တောက်ကျုံးက သူ့ကို သိုင်းကွက်များကို တမင်တကာ ထိုးကျွေးနေကြောင်း မျက်စိရှိသူတိုင်း သိသာထင်ရှားလှသည်။

ကျန်းတုက ယန်တောက်ကျုံးကို အနိုင်ယူလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြသလို ကျန်းတု ကိုယ်တိုင်ကလည်း ထိုသို့ မထင်ထားပေ။ သူက ယန်တောက်ကျုံး၏ ဓားသိုင်းပညာကို တွေ့ကြုံခံစားချင်ရုံ သက်သက်ဖြင့် ယန်တောက်ကျုံးကို သိုင်းပြိုင်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သိုင်းကွက် တစ်ရာအကြာတွင်...

ယန်တောက်ကျုံး၏ ဓားဖျားက ကျန်းတု၏ လည်ချောင်းတွင် ဖိကပ်သွားချေပြီ။

ကျန်းတုမှာ တစ်ခဏမျှ အေးခဲသွားပြီး ယန်တောက်ကျုံးကို စိုက်ကြည့်နေကာ ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်း၍ ယန်တောက်ကျုံးကို ဦးညွှတ်လိုက်သည်။

"တကယ်ပါပဲ... မင်းရဲ့ ဓားသိုင်းပညာက ငါ မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံးပဲ... မင်းက ဓားနတ်ဘုရားကို ကျော်လွန်သွားဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..." ဟု ယန်တောက်ကျုံးက ချီးကျူးလိုက်ပြီး စကားပြောနေစဉ် ရှန်ယွဲ့ကို တစ်ချက် ကြည့်လိုက်မိသည်။

ရှန်ယွဲ့ကတော့ အသက်မပါအကြည်ဖြင့် မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ဤမြင်ကွင်းကို ကြည့်နေရုံသာ….

ယန်တောက်ကျုံးက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ချိန်တွင် ကျန်းတုမှာ နေရာတွင် အေးခဲနေသည်ကို တွေ့လိုက်ရသည်။

ကျန်းတုက မျက်လုံးများ မှိတ်ထားပြီ ဖြစ်ပြီး ယန်တောက်ကျုံး၏ ဓားသိုင်းပညာကို စတင် ခံစားနေပြီ ဖြစ်သည်။

"သူက ဓားရူးတစ်ယောက် ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး..."

ယန်တောက်ကျုံးက ဝမ်းသာအားရဖြင့် စိတ်ထဲမှ တွေးလိုက်လေသည်။

"ကျန်းတုက နောင်ကျရင် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာဖို့ အရည်အချင်း ပြည့်မီတာပဲ..."

သူ လှည့်၍ ရှန်ယွဲ့ထံသို့ လျှောက်သွားတော့မည့်ဆဲဆဲတွင် ရပ်တန့်သွားပြီး အကြည့်များ လေးနက်သွားကာ ကျန်းတုကို အာရုံစိုက်မိလိုက်သည်။

ရှန်ယွဲ့က နေရာရွှေ့ပြောင်းလာသကဲ့သို့ သူ့ ဘေးတွင် ပေါ်လာပြီး ကျန်းတုကို စူးစိုက်ကြည့်ကာ တီးတိုး ပြောလိုက်သည်။

"ကောင်းလိုက်တဲ့ ကောင်လေး... မင်းက ဉာဏ်အလင်းပွင့်တဲ့ အခြေအနေကိုတောင် ရောက်နေပြီလား..."

ကျန်းတု၏ ဓားဆန္ဒ အလျင်အမြန် တိုးပွားလာနေသည်ကို သူတို့ နှစ်ဦးစလုံး ရှင်းလင်းစွာ ခံစားနေရသည်မဟုတ်လော…

ယန်တောက်ကျုံးမှာ ယုတ္တိမရှိသလို ခံစားလိုက်ရသည်။ ဒီလို မယုံနိုင်စရာကောင်းတဲ့ ပါရမီရှင်မျိုးက ဘယ်လိုလုပ် ထပ်ပေါ်လာရပြန်တာလဲ…

ထို့အပြင် ချင်းရှောင်ဂိုဏ်း၏ ပြိုင်ဘက်ကင်း ပါရမီရှင်များသည် ကွဲပြားခြားနားသော ကဏ္ဍများတွင် ပေါ်လွင်နေကြပြီး တစ်ယောက်စီတိုင်းတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိနေကြရာ ၎င်းမှာ ယုတ္တိမရှိလှပေ။

All Chapters