← Chapters

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈) - ကျင့်ကြံခြင်း၊ အနိုင်ကျင့်ခြင်း (၄)

~ကျင့်ကြံခြင်း အခန်းငယ်ထဲသို့ ပြန်ရောက်သောအခါ လန်ကုန်း သည် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

“အစ်မ... ငါတို့လည်း ရွှေအမြုတေ အဆင့် ကို ရောက်နိုင်မလားဟင်... ငါလည်း ရွှေအမြုတေ ဖြစ်တည်ခွင့် ရချင်လိုက်တာ”

လန်ရှီ သည် နှုတ်ခမ်းနီလေးကို ကိုက်လိုက်ပြီး တိုးညှင်းစွာ ပြန်ပြောလာ၏။

“ဒါပေမဲ့ ငါတို့က အစေခံတွေပဲ ရှိသေးတာလေ”

လန်ကုန်း ၏ မျက်လုံးများထဲတွင် အရောင်လက်သွားပြီး ပြောလိုက်သည်။

“ငါတို့.. အရှင်သခင် ရဲ့ တာအို လက်တွဲဖော် ဖြစ်လာလို့ ရပါတယ်... ဒီနေ့ကစပြီး အရှင်သခင်ကို နေ့ရောညပါ ပြုစုပေးရမယ် ဆိုရင်တောင်မှ ငါ.. လိုလိုလားလားပါပဲ”

“အရှင်သခင်ယွီ (ယွီခယ်အာ) က ဇနီးကြီး ဖြစ်ပြီး... ငါတို့ ညီအစ်မ နှစ်ယောက်က မယားငယ်တွေ ဖြစ်လည်း ကိစ္စမရှိပါဘူး... အစေခံ ဖြစ်နေတာထက်စာရင် အများကြီး သာပါသေးတယ်”

“တကယ်လို့ ငါတို့သာ ရွှေအမြုတေ အဆင့် ကို ရောက်သွားရင်... သက်တမ်း နှစ် (၅၀၀) နေရမှာနော်... တကယ့်ကို အကြာကြီးပဲ”

လန်ကုန်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။

အသက်ရှည်ခြင်း ဆိုသည်မှာ တကယ့်ကို မက်မောစရာ ကောင်းလှပေသည်။

အထူးသဖြင့် သူတို့ကဲ့သို့ နိမ့်ကျသော ဘဝမှ လာပြီး 'မသေမျိုး' ဖြစ်ရန်အတွက် ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ ရောက်ရှိလာသူများအတွက် ပို၍ပင်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် လန်ရှီ က တိုးတိုးလေး ပြောလိုက်၏။

“အရင်ဆုံး အရှင်သခင်ယွီ (ယွီခယ်အာ) ရဲ့ သဘောထားကို အကဲခတ်ကြည့်တာ ပိုကောင်းမယ် ထင်တယ်... အရှင်သခင်ယွီ သဘောတူမှသာ ငါတို့အတွက် အခွင့်အလမ်း ရှိလာနိုင်မှာ”

ထိုစကားကို ကြားသောအခါ လန်ကုန်း သည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရေရွတ်လိုက်သည်။

“အဆင်ပြေပါတယ်... အရှင်သခင်ယွီ က သဘောထား ပြည့်ဝပါတယ်... သူ သဘောမတူစရာ မရှိပါဘူး... ငါ သွားပြီး တောင်းပန်လိုက်ပါ့မယ်”

အရှင်သခင် စုယွီ သည် သူတို့ ညီအစ်မ နှစ်ယောက်အပေါ် စိတ်ဝင်စားမှု အနည်းငယ် ရှိနေသည်ဟု သူမ ခံစားမိ၏။

ထိုသို့ မဟုတ်လျှင် အခြားသူများကို ချန်လှပ်ထားခဲ့ပြီး... သူတို့ကိုမှ ဘာကိစ္စ သီးသန့် ခေါ်ဆောင်လာပြီး အတူတကွ နေထိုင်ခွင့် ပြုထားရမှာလဲ။

သူမ ထင်တာ မှန်ပါစေ ဟု ဆုတောင်းရမည်။

အခန်းထဲတွင်...

ယွီခယ်အာ နှင့်အတူ တာအို ၏ နက်နဲသော သဘောတရားများကို ဆွေးနွေးပြီးနောက်... စုယွီသည် သူမအား ဝိညာဉ်အရည် ကို အသုံးပြု၍ ကျင့်ကြံရန် မှာကြားခဲ့သည်။ ထို့နောက် သူသည် ခြံဝင်းထဲမှ ထွက်ခွာလာပြီး မလှမ်းမကမ်းရှိ သီးခြား သစ်တောအုပ်လေး တစ်ခုဆီသို့ သွားရောက်ခဲ့၏။

မကြာသေးမီက သူသည် သားရဲထိန်းချုပ်ခြင်း နှင့် အခင်းအကျင်း ပညာရပ် နှစ်ခုစလုံးကို လေ့ကျင့်နေခဲ့သည်။

သားရဲထိန်းချုပ်ခြင်း အတွက်တော့ အဆင်ပြေသည်။ သူ့တွင် ယွီခယ်အာ ထံမှ ရရှိထားသော အဆင့် (၃) အဆင့်နိမ့် သားရဲထိန်းချုပ်ခြင်း အမွေအနှစ် ရှိနေ၏။

သို့သော် အခင်းအကျင်း ပညာရပ် အတွက်တော့ အနည်းငယ် လိုအပ်ချက် ရှိနေသည်။ သူ့တွင် အဆင့် (၂) အဆင့်မြင့် အခင်းအကျင်း အမွေအနှစ်သာ ရှိသေးသည်။

သီးခြား သစ်တောအုပ်လေး သို့ ရောက်ရှိသောအခါ...

သူ့ရှေ့တွင် ရှိနေသော ဝိညာဉ်သတ္တုရိုင်းများဖြင့် ပြုလုပ်ထားသည့် အခင်းအကျင်း အောက်ခြေများကို ကြည့်ရင်း စုယွီ စဉ်းစားခန်း ဝင်နေသည်။ ဤသည်မှာ အဆင့် (၁) အဆင့်နိမ့် ဝိညာဉ်စုစည်းခြင်း အခင်းအကျင်း ဖြစ်သည်။ ခက်ခဲခြင်း မရှိသော်လည်း ၎င်း၏ သိမ်မွေ့နက်နဲမှုများကို သဘောပေါက် နားလည်ရန် လိုအပ်၏။

အခင်းအကျင်း အောက်ခြေကို ပုံဖော်ခြင်းမှ စ၍ တည်နေရာ ရွေးချယ်ခြင်း၊ မြေပြင်အနေအထားနှင့် သဘာဝ ဝိညာဉ်စွမ်းအင် ပတ်ဝန်းကျင်ကို ထည့်သွင်း စဉ်းစားခြင်း အစရှိသည်တို့ ပါဝင်သည်။

အခင်းအကျင်း တစ်ခု ခင်းကျင်းခြင်းသည် ဆေးဖော်ခြင်း၊ အဆောင်ရေးဆွဲခြင်း သို့မဟုတ် ရုပ်သေး ပြုလုပ်ခြင်းတို့ထက် ပိုမို ရှုပ်ထွေးနက်နဲ၏။

အခင်းအကျင်း အောက်ခြေ ပြုလုပ်ခြင်း အပိုင်းတွင်မူ... သူသည် ရုပ်သေး သားရဲများ ပြုလုပ်ဖူးသော အတွေ့အကြုံ ရှိသဖြင့် မစိမ်းလှပေ။ ထို့ကြောင့် ဝိညာဉ်စုစည်းခြင်း အခင်းအကျင်း အတွက် အောက်ခြေ ပြုလုပ်နည်းကို လျင်မြန်စွာ တတ်မြောက်သွားခဲ့သည်။

“သိပ်တော့ မခက်ပါဘူး”

စုယွီသည် သီးခြား သစ်တောအုပ်လေး ထဲတွင် တစ်ရက်ကြာ အချိန်ကုန်ဆုံးခဲ့ပြီး ဝိညာဉ်စုစည်းခြင်း အခင်းအကျင်း ၏ သိမ်မွေ့မှုများကို နားလည်သဘောပေါက်ခဲ့၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

တစ်လ အတွင်းမှာပင် စုယွီသည် အမွေအနှစ် အတွင်းပါရှိသော အဆင့် (၁) အဆင့်နိမ့် အခင်းအကျင်းများ အားလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွား၏။

သူသည် ချင်းယွဲ့ တောင်ထွတ် ၏ အောက်ခြေသို့ သွားရောက်ပြီး နေရာအနှံ့အပြားတွင် အဆင့် (၁) အဆင့်နိမ့် သတိပေး အခင်းအကျင်းများ ဆက်တိုက် ခင်းကျင်းလိုက်သည်။ ချင်းယွဲ့ တောင်ထွတ် တစ်ခုလုံးကို စမ်းသပ်ကွင်းပြင် တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းပါ။

ထို အခင်းအကျင်းများသည် အလွန်အမင်း အသုံးမဝင်လှသော်လည်း... သူ၏ အခင်းအကျင်း ပညာရပ် ကျွမ်းကျင်မှုကို တိုးတက်စေနိုင်ပေသည်။

ထို့နောက် စုယွီသည် အဆင့် (၁) အလယ်အလတ်အဆင့် အခင်းအကျင်းများကို စတင် လေ့လာတော့၏။

တာ့ယွဲ့ တောင်တန်း ရှိ လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးများ၏ ဂူစံအိမ် ကောင်းကင်ဘုံ အတွင်းသို့ ဝင်ရောက်ပြီးနောက်... စုယွီသည် အချိန်တိုအတွင်း ပြန်ထွက်ရန် အစီအစဉ် မရှိပေ။

ထို့ကြောင့် ကျင့်ကြံခြင်းအပြင် အားလပ်ချိန်များကို အသုံးပြု၍ ယခင်က လေ့ကျင့်ရန် အချိန်မရခဲ့သော သားရဲထိန်းချုပ်ခြင်း နှင့် အခင်းအကျင်း ပညာရပ် လမ်းစဉ် နှစ်ခုကို သုတေသနပြု လေ့လာနေခြင်းပါ။

တာအိုရုပ်သေး အနေဖြင့်မူ... ကောင်းကင် မိုးကြိုး ကြွက် နှင့်အတူ အပျက်အစီးများ အတွင်း နေရာအနှံ့ လှည့်လည်သွားလာပြီး အခွင့်အလမ်းများကို ရှာဖွေနေခဲ့သည်။ ရရှိသော အကျိုးကျေးဇူးများမှာလည်း များပြားလှပါ၏။

ရှေးဟောင်း ကျင့်ကြံသူများ ချန်ထားရစ်ခဲ့သော အမွေအနှစ်များ၊ ဝိညာဉ်ဆေးပင်များ၊ ဝိညာဉ်အပင်များ နှင့် ဝိညာဉ်သတ္တုရိုင်း အမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။

တာအိုရုပ်သေး သည် အပျက်အစီးများ အတွင်းမှ တွေ့ရှိသော အဆင့် (၃) ဝိညာဉ်သတ္တုရိုင်းများကို အသုံးပြုပြီး... ၎င်း၏ ရုပ်သေး ဝိညာဉ် စွမ်းရည်ဖြင့် အနှစ်သာရများကို စုပ်ယူကာ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ပြုပြင်မွမ်းမံ ဖြည့်တင်းနေသည်။ ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်လာသည်နှင့်အမျှ ပိုမို ကြီးမားသော စွမ်းအားများကို ထုတ်ဖော်နိုင်မည် ဖြစ်၏။

အနာဂတ်တွင် ၎င်းကို ထိပ်တန်း အဆင့် (၄) အဆင့်နိမ့် ရုပ်သေး အဖြစ် ပြုပြင်နိုင်ကောင်း ပြုပြင်နိုင်ပေလိမ့်မည်။

ထိုအချိန်ရောက်လျှင်... သူသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် စာရင်းရှင်းရန် အရည်အချင်း ပြည့်မီလာပေလိမ့်မည်။

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ခေါင်းဆောင်ကြီးကို ဘာမှ မလုပ်နိုင်လျှင်တောင်မှ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို အတိုးအရင်း ပေါင်းပြီး ပြန်ပေးဆပ်ခိုင်းဖို့ကတော့ သေချာပေါက် ဖြစ်နိုင်ပေ၏။

ဤ လုပ်ငန်းစဉ် အတွင်းတွင် ရုပ်သေး ဝိညာဉ် ၏ ကြီးထွားမှု နှုန်းသည်လည်း အလွန် လျင်မြန်လာပြီး... ၎င်း၏ အရှိန်အဝါသည် နေ့စဉ်နှင့်အမျှ သိသိသာသာ အားကောင်းလာသည်။

တစ်ချိန်တည်းမှာပင်...

ကောင်းကင် မိုးကြိုး ကြွက် သည်လည်း လော့ယွဲ့ မဟာမိတ်အဖွဲ့ ဂူစံအိမ် ကမ္ဘာကြီး အတွင်းရှိ အရင်းအမြစ်များကို အသုံးပြုကာ လွတ်လပ်စွာ လှည့်လည်သွားလာနေ၏။ မြေအောက်မှ သတ္တု အရင်းအမြစ် အမျိုးမျိုးကို ရူးသွပ်စွာ စားသောက်နေပြီး... ၎င်း၏ ကျင့်ကြံခြင်း အဆင့်သည် လျင်မြန်စွာ တိုးတက်လာနေသည်။

တစ်နှစ်ခွဲ ကြာပြီးနောက်... ယွီခယ်အာ သည် ကလေးလိုချင်ကြောင်း အရိပ်အမြွက် ပြောကြားလာသော်လည်း စုယွီက ယဉ်ကျေးစွာ ငြင်းပယ်လိုက်၏။

လောလောဆယ်တော့ သူ မျိုးဆက် ချန်ထားရစ်ဖို့ မစဉ်းစားသေးပေ။

စုယွီ မမျှော်လင့်ထားသော အရာကတော့... သူ ငြင်းပယ်လိုက်သည့် နောက်တစ်နေ့မှာပင် လန်ရှီ နှင့် လန်ကုန်း ညီအစ်မ နှစ်ယောက် သူ့အခန်းထဲ ရောက်လာကြခြင်းပါပင်။

အကယ်၍ ယွီခယ်အာ က စုယွီ၏ တာအို စိတ်နှလုံးသားကို ထိုးဖောက် ဝင်ရောက်ချင်တယ် ဆိုလျှင်... သူမ တစ်ယောက်တည်း လုပ်ဖို့ ခက်ခဲပါလိမ့်မည်။

သို့သော်၊ နောက်ထပ် မဟာမိတ် (၂) ယောက် ရှိလာလျှင်တော့... တစ်နေ့ကျရင် စုယွီ စိတ်လျော့သွားနိုင်သည် မဟုတ်ပါလော။

ယွီခယ်အာ.. ကလေး လိုချင်သည်။ ယွီဝမ်ကျိ၏ ကလေး (၃) ယောက်ကို မြင်ပြီးသည့်နောက် ဒီဆန္ဒက ပိုပြီး ပြင်းပြလာခဲ့ရ၏။

ဒါ့အပြင် နှစ်တွေ ကြာလာတာနှင့်အမျှ သူမရဲ့ သက်တမ်း ကုန်ဆုံးလာသည်နှင့်အမျှ... ဒီဆန္ဒက ပိုပြီး ပြင်းထန်လာမှာ အသေအချာပါပင်။

(၃) နှစ် ကြာပြီးနောက်...

“ဝုန်း…”

တာ့ယွဲ့ တောင်တန်း ၏ ဗဟိုချက်မ မြေအောက် အက်ကွဲကြောင်း ကမ္ဘာကြီး၏ အပြင်ဘက်တွင် ဟင်းလင်းပြင် လှိုင်းဂယက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။

တာအိုရုပ်သေး ပုံစံဖြင့် ရှိနေသော ဆံပင်ဖြူ အဘိုးအို တစ်ဦးသည် ကောင်းကင် မိုးကြိုး ကြွက် မိစ္ဆာဘုရင် နှင့်အတူ ပေါ်ထွက်လာသည်။ နှစ်ပေါင်းများစွာ ရှာဖွေပြီးနောက်... သူသည် အရင်းအမြစ် အမြောက်အမြားကို စုဆောင်းမိခဲ့ပြီ ဖြစ်၏။ ယခုမှစ၍ သူ လုပ်ရမည့်အရာမှာ ဖြည်းညှင်းစွာ ချေဖျက်ပြီး ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံရန်နှင့် ရုပ်သေး ဝိညာဉ် စွမ်းအား တိုးတက်လာမည့် အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။ လျှို့ဝှက်နယ်မြေ ထဲတွင် ဆက်နေစရာ မလိုတော့ပေ။

ကောင်းကင် မိုးကြိုး ကြွက် အနေဖြင့်မူ... အတွင်းထဲတွင် အရင်းအမြစ် အများအပြားကို စားသောက်ခဲ့သဖြင့် အစာမကြေသည့် လက္ခဏာများ ပြသနေ၏။ ခေတ္တ ရပ်နားပြီး အစာချေဖျက်ရန် လိုအပ်နေသည်။

မူလက ကောင်းကင် မိုးကြိုး ကြွက် သည် အတွင်းထဲတွင် (၈) နှစ်၊ (၁၀) နှစ်ခန့် အိပ်စက် အနားယူရန် ရည်ရွယ်ထားလေ၏။ နိုးထလာသည့်အခါ အဆင့် (၃) အဆင့်မြင့် မိစ္ဆာသားရဲ အဖြစ်သို့ ရောက်ရှိရန် မဝေးတော့ပေ။

သနားစရာ ကောင်းလိုက်လေခြင်း။

တာအိုရုပ်သေး က ၎င်းကို ဖိအားပေး၍ ဆွဲခေါ်ထုတ်လာခဲ့သည်။ ၎င်းတွင် ငြင်းဆန်နိုင်စွမ်း လုံးဝ မရှိပေ။

မြေအောက် အက်ကွဲကြောင်း ကမ္ဘာကြီးသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

အခန်း (၃၅၉) - ကျင့်ကြံခြင်း၊ အနိုင်ကျင့်ခြင်း (၅)

~ကျွမ်းဝင်နေသော မှောင်မိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် ပတ်ဝန်းကျင်။

.. အောက်ဘက်ရှိ ဝိညာဉ်သစ်ပင်များမှ ဖျော့တော့သော အစိမ်းရောင် အလင်းတန်းများ နှင့် အနောက်ဘက်ရှိ ကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေ အကြွင်းအကျန် မှော်အတားအဆီးမှ တောက်ပသော အလင်းရောင်များသာ ပြန့်ကျဲနေလေ၏။

တာအိုရုပ်သေး သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ဂူစံအိမ် ကောင်းကင်ဘုံ မှ ထွက်ခွာလာရာတွင်... သူ၏ စွမ်းအား (၇၀) ရာခိုင်နှုန်းခန့်ကို သုံးစွဲလိုက်ရသည်။

ဤ အနီရောင် ရုပ်သေး သည် ယခင်က လက်ရှစ်ဖက် ကင်းမြီးကောက် ရုပ်သေးသားရဲ ထက် များစွာ ပိုမို အစွမ်းထက်ပေ၏။

ရုပ်သေး ဝိညာဉ် ၏ စွမ်းအား မပါဝင်ဘဲ... သူ၏ ကိုယ်ပိုင် စွမ်းအားဖြင့်ပင် ဟင်းလင်းပြင်ကို အလွယ်တကူ ဖြတ်သန်းသွားလာနိုင်သည်။

တာအိုရုပ်သေး သည် မြေအောက် အက်ကွဲကြောင်း ကမ္ဘာကြီး တစ်ခုလုံးကို စကန်ဖတ် စစ်ဆေးလိုက်သော်လည်း... မူမမှန်သည့် အခြေအနေ သို့မဟုတ် မိစ္ဆာဘုရင် (၃) ကောင်၏ အငွေ့အသက်ကို မတွေ့ရှိခဲ့ရပေ။

သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး သားရဲထိန်းအိတ် ထဲမှ ကောင်းကင် မိုးကြိုး ကြွက် ကို လွှတ်ပေးလိုက်၏။

ကောင်းကင် မိုးကြိုး ကြွက် သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ၎င်း၏ ခရမ်းရောင် အမွှေးအမျှင်များသည် မိုးကြိုးအပ်များပမာ ထောင်မတ်နေကြ၏။ ရံဖန်ရံခါ လျှပ်စီးကြောင်းများ ၎င်း၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်လာပြီး... အဆင့် (၃) အလယ်အလတ်အဆင့် မိစ္ဆာသားရဲ တစ်ကောင်၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

၎င်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ... အမှန်တကယ်ပင် မြွေလိပ်အိုကြီး၊ ကျွဲနက်ကြီး သို့မဟုတ် ကျားမည်းကြီး တို့၏ အရိပ်အယောင် လုံးဝ မတွေ့ရပေ။

၎င်း၏ ကိုယ်ပိုင် သွေးမျိုးဆက် ဆွေမျိုးသားချင်းများလည်း ပျောက်ကွယ်နေကြ၏။

ကောင်းကင် မိုးကြိုး ကြွက် သည် ဆံပင်ဖြူ အဘိုးအို အသွင် ပြောင်းလဲထားသော တာအိုရုပ်သေး ဘက်သို့ လှည့်ကြည့်လိုက်ပြီး သတိထားကာ မေးမြန်းလိုက်သည်။

“သခင်... ကျွန်တော်ရဲ့ သွေးမျိုးဆက် ဆွေမျိုးသားချင်းတွေကို ပြန်ခေါ်ပေးရမလား ခင်ဗျာ”

“ခေါ်လိုက်... ဒါပေမဲ့ သာမန် ကျောက်ကြွက်တွေတော့ မလိုဘူး... အရေအတွက်ကို တစ်ထောင်အောက်ပဲ ထားပါ”

“ဟုတ်ကဲ့ပါ သခင်”

“ကျွီ... ကျွီ... ကျွီ...”

ကောင်းကင် မိုးကြိုး ကြွက် သည် သဘောတူလိုက်ပြီး... ၎င်း၏ ပါးစပ်မှ စူးရှသော ကြွက်အော်သံ တစ်ခုကို ပြုလုပ်လိုက်သည်။ ဤ အော်သံသည် အလွန် ထူးခြားပြီး... တာအိုရုပ်သေး ပင်လျှင် ကောင်းကင်နှင့် မြေကြီးအနှံ့ ပျံ့နှံ့သွားသော ဝိညာဉ်စွမ်းအင် လှိုင်းဂယက်ကို ခံစားလိုက်ရ၏။

ကြွက်ဘုရင် ၏ ဆင့်ခေါ်ခြင်း နည်းလမ်းသည် အမှန်တကယ်ပင် ဆန်းကြယ်ပြီး ထူးခြားလှပေသည်။

တာအိုရုပ်သေး နှင့် ကောင်းကင် မိုးကြိုး ကြွက် တို့သည် နာရီဝက်ခန့် စောင့်ဆိုင်းလိုက်ကြ၏။ နောက်တစ်စက္ကန့်တွင်... ကောင်းကင် မိုးကြိုး ကြွက် နှင့် ဆင်တူပြီး ခရမ်းရောင် အမွှေးများ ဖုံးလွှမ်းနေသော ကြွက်မိစ္ဆာ တစ်အုပ်သည် အပေါ်ဘက် မြေလွှာများမှ တိုးထွက်လာကြ၏။

ဤ ကြွက်မိစ္ဆာများသည် ဉာဏ်ရည် အတော်အတန် မြင့်မားပုံ ရသည်။

ကောင်းကင် မိုးကြိုး ကြွက် ၏ ဘေးနားတွင် ဆံပင်ဖြူ အဘိုးအို (ရုပ်သေး) ကို တွေ့လိုက်ရသောအခါ... သူတို့အားလုံး လန့်ဖျပ်သွားကြပြီး ရန်လိုသော မျက်လုံးများဖြင့် ကြည့်ရှုကာ သူတို့၏ ခန္ဓာကိုယ်များမှ ကြမ်းတမ်းသော မိစ္ဆာ အငွေ့အသက်များ ထွက်ပေါ်လာကြ၏။

“ကျွီ... ကျွီ... ကျွီ...”

ရုတ်တရက်... ကြွက်အော်သံများသည် မြေအောက် အက်ကွဲကြောင်း ကမ္ဘာကြီး တစ်ခုလုံး ပဲ့တင်ထပ်သွားလေတော့သည်။

သူတို့သည် တာအိုရုပ်သေး ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိနေပုံရသဖြင့် ကောင်းကင် မိုးကြိုး ကြွက် ထိတ်လန့်သွား၏။

ကျေးဇူးပြုပြီး ငါ့ဘိုးအေကို ဒုက္ခမပေးကြပါနဲ့ကွာ။

“တိတ်စမ်း...”

ကောင်းကင် မိုးကြိုး ကြွက် က ချက်ချင်း ဟိန်းဟောက်လိုက်သည်။

“ဒီနေ့ကစပြီး သခင် ကို ရိုသေလေးစားကြရမယ်... မလေးမစား လုပ်တဲ့သူ ဘယ်သူမဆို ငါ့လက်နဲ့ အသေကောင် ဖြစ်သွားမယ် မှတ်”

“ကျွီ...”

ကောင်းကင် မိုးကြိုး ကြွက် ၏ ဟိန်းဟောက်သံကို ကြားလိုက်ရသောအခါ ကြွက်မိစ္ဆာများ အားလုံး ကြောင်အ သွားကြ၏။

သူတို့သည် ကောင်းကင် မိုးကြိုး ကြွက် ကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

သခင် ဟုတ်လား။

ကောင်းကင် မိုးကြိုး ကြွက် ၏ အေးစက်သော အကြည့်၊ ကြောက်မက်ဖွယ် အရှိန်အဝါ နှင့် သွေးမျိုးဆက် ဖိနှိပ်မှု စွမ်းအားတို့ကို ရင်ဆိုင်လိုက်ရသောအခါ... ကောင်းကင် မိုးကြိုး ကြွက် ၏ သွေးမျိုးဆက် ဆွေမျိုးသားချင်းများ ဖြစ်ကြသော ကြွက်မိစ္ဆာများ အားလုံး ကြောက်ရွံ့တုန်လှုပ်စွာ ခေါင်းငုံ့လိုက်ကြ၏။

သူတို့သည် တာအိုရုပ်သေး ၏ ရှေ့တွင် ဝပ်စင်းလိုက်ကြသည်။

ဤ ကြွက်မိစ္ဆာများ အားလုံးတွင် ကောင်းကင် မိုးကြိုး ကြွက် ၏ သွေးမျိုးဆက် စွမ်းအား အနည်းနှင့်အများ ပါဝင်နေကြ၏။

သူတို့တွင် မိုးကြိုး စွမ်းအား အရှိန်အဝါများ ပိုင်ဆိုင်ထားကြသည်။

ထိုအထဲတွင် အဆင့် (၂) မိစ္ဆာသားရဲ (၅၀) ကျော် ပါဝင်ကြောင်း တာအိုရုပ်သေး အာရုံခံမိလိုက်၏။

ကျန်တာတွေကတော့ အဆင့် (၁) မိစ္ဆာသားရဲတွေ ဖြစ်ကြသည်။

ဒါပေါ့...

စွမ်းအားက အရေးမကြီးပါ။ တာအိုရုပ်သေး အနေနှင့် သူတို့ကို လိုချင်တာက သူတို့၏ အစွမ်းသတ္တိကြောင့် မဟုတ်ဘဲ.. အရေအတွက် များပြားမှုနှင့်.. မြေလျှိုး ပုန်းအောင်း စွမ်းရည်ကြောင့်သာ ဖြစ်၏။

ထို့ကြောင့် တာအိုရုပ်သေး သည် အဆင့် (၁) ကြွက်မိစ္ဆာများကို လုံးဝ မငြင်းပေ။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင် သစ်သား နန်းတော် ကို ထုတ်ဖော်ကာ ကောင်းကင် မိုးကြိုး ကြွက် နှင့် ကြွက်မိစ္ဆာ အုပ်စုကို ဝင်ရောက်စေလိုက်သည်။ ထို့နောက် သူသည် ထွက်ပြေးလွတ်မြောက်ခြင်း သိုင်းကွက် ကို အသုံးပြု၍ ထိုနေရာမှ ထွက်ခွာသွား၏။

သူ၏ ခန္ဓာကိုယ် အစစ်သည် လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ နယ်မြေအတွင်း (၃) နှစ်ကြာ နေထိုင်ခဲ့ပြီး ဖြစ်သည်။ ယခုတစ်ခေါက် ထွက်လာရခြင်းမှာ တာ့ယွဲ့ နယ်မြေ အတွင်း အပြောင်းအလဲ တစ်စုံတစ်ရာ ရှိမရှိ စစ်ဆေးရန်ပင်။

ယွင်ကျန်းဂိုဏ်း သို့မဟုတ် စုမိသားစု တွင် မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်း ရှိမရှိ သိလိုသည်။ သို့မဟုတ်ပါက သူ စိတ်မအေးနိုင်ပေ။

'ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့၊ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် နဲ့ ဖုန်းလော့ စံအိမ်တော် တို့က ကြီးကြီးမားမား ဘာမှ မလုပ်လောက်ပါဘူး'

တာအိုရုပ်သေး သည် တာ့ယွဲ့ တောင်တန်း မှ ထွက်ခွာရန် ထွက်ပြေးလွတ်မြောက်ခြင်း သိုင်းကွက် ကို အသုံးပြုရင်း စိတ်ထဲတွင် တွက်ချက်လိုက်သည်။

'ဒီလိုမှ မဟုတ်ရင်တော့... ငါက သိပ်ပြီး ခွင့်လွှတ်တတ်တဲ့လူ မဟုတ်ဘူး'

သူ စိတ်ပူနေမိတာကိုတော့ မတတ်နိုင်ပေ။

တာ့ယွဲ့ မှောင်ခိုဈေးကွက် ကြီးတွင် ဖြစ်၏။

ဆံပင်ဖြူနှင့် နူးညံ့သိမ်မွေ့သော အမူအရာ ရှိသည့် အဖြူရောင် ဝတ်စုံ ဝတ် အဘိုးအို တစ်ဦးသည် အပြင်ဘက် ဈေးကွက်ထဲသို့ ဝင်ရောက်လာသည်။

အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ အနည်းငယ်သည် သူ့ထံသို့ အပြေးအလွှား ရောက်ရှိလာကြပြီး မျက်နှာတွင် အပြုံးများဖြင့် ရိုသေလေးစားစွာ နှုတ်ဆက်လာကြ၏။

“စီနီယာ... ဘာအလိုရှိပါသလဲ ခင်ဗျာ... ကျွန်တော်က ဒီနေရာကို ကျွမ်းကျင်ပါတယ်... စီနီယာ လိုချင်တာကို အမြန်ဆုံး ရှာပေးနိုင်ပါတယ်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးပဲ ကျသင့်မှာပါ”

“စီနီယာ... ကျွန်တော့်ကို လမ်းပြခွင့် ပြုပါ... ကျွန်တော့်နာမည်က ဟေးဝါ ပါ... ဒီဒေသခံပါ... စီနီယာ့ရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးမှ အလဟဿ မဖြစ်စေရပါဘူး”

“စီနီယာ... ကျွန်တော်က ဒီနေရာမှာ ရှိတဲ့ ပစ္စည်းတိုင်းကို ရင်းနှီးရုံသာမက... ဈေးကွက်ထဲမှာ ပျံ့နှံ့နေတဲ့ ကောလာဟလ သတင်းတွေကိုလည်း အကုန် သိပါတယ်... ကျွန်တော် အကုန် သိပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ငှားပါ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးပါပဲ”

ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူ အုပ်စုသည် အများဆုံး အဆင့် (၄) သာ ရှိကြပြီး အားလုံးသည် လူငယ်များ ဖြစ်ကြ၏။

စုယွီသည် သူတို့အားလုံးကို တစ်ချက် ကြည့်လိုက်ပြီး... နောက်ဆုံးတွင် အုပ်စုထဲမှ တစ်ဦးတည်းသော မိန်းကလေးငယ်လေး ပေါ်သို့ အကြည့် ရပ်တန့်သွားသည်။

“မင်းပဲ လိုက်ခဲ့... ကျန်တဲ့လူတွေ သွားကြတော့”

သူ၏ အသံသည် ငြင်းဆန်၍ မရနိုင်သော အာဏာစက် ပါဝင်နေသဖြင့် အခြားသူများ၏ မျက်နှာထားများ ချက်ချင်း တည်ကြည်လေးနက် သွားကြ၏။

မကျေနပ်ကြောင်း အနည်းငယ်မျှပင် မပြရဲဘဲ... သူတို့သည် လူရှုပ်သော လမ်းမပေါ်သို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြ၏။

မိန်းကလေးငယ်လေးသည် စိတ်ထဲတွင် ဝမ်းသာသွားသော်လည်း စုယွီ၏ ရှေ့တွင် ပေါ့ဆရဲခြင်း မရှိပေ။ သူမသည် စုယွီ၏ ဘေးနားမှ ဂရုတစိုက် လိုက်ပါလာပြီး မေးမြန်းလိုက်သည်။

“စီနီယာ... ဘာလိုအပ်ပါသလဲ ရှင်”

စုယွီ သူမကို တစ်ချက် ဝေ့ ကြည့်လိုက်သည်။

မိန်းကလေးက သိပ်မကြီးသေးပေ။ အသက် (၂၀) ပင် ပြည့်မည် မထင်။ ချီစုစည်းခြင်း အဆင့် (၃) သာ ရှိသေးသည်ကို ထောက်သော်၊ သူမ၏ ပါရမီသည် သိပ်မကောင်းလှပေ။

စုယွီ မေးလိုက်သည်။

“မင်းနာမည် ဘယ်လို ခေါ်လဲ”

မိန်းကလေးငယ်လေး က အမြန် ဖြေကြားလာ၏။

“ကျွန်မ နာမည်က လီသဲ့အာ ပါ... စီနီယာ က သဲ့အာ လို့ ခေါ်လို့ ရပါတယ်”

စုယွီ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အပြင်ဘက် ဈေးကွက်၏ ဆိုင်တန်းများ ရှိရာ လမ်းကြားထဲသို့ စတင် လျှောက်လှမ်းသွားလိုက်သည်။

ထိုအခိုက်မှာ၊ ရှေ့မှ ကျင့်ကြံသူများ၊ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အပါအဝင် အားလုံးသည် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။

ဤအချက်က လီသဲ့အာ ကို လန့်ဖျပ်သွားစေပြီး စုယွီ အပေါ် လေးစားမှု ပိုမို တိုးပွားလာစေ တော့သည်။

အခန်း (၃၆၀) - ကျင့်ကြံခြင်း၊ အနိုင်ကျင့်ခြင်း (၆)

~ခဏကြာပြီးနောက်... စုယွီက မေးမြန်းလိုက်၏။

“ငါ တံခါးပိတ် ကျင့်ကြံနေတာ ကြာသွားပြီ... ဒီအတောအတွင်း တာ့ယွဲ့ မှောင်ခိုဈေးကွက် မှာ ဘာတွေများ ထူးထူးခြားခြား ပြောင်းလဲသွားတာ ရှိလဲကွယ်”

သူက လီသဲ့အာ ကို လွန်ခဲ့သော (၅) နှစ်ခန့်မှ စ၍ အဖြစ်အပျက်များကို ပြန်ပြောပြခိုင်းလိုက်သည်။ အမှန်တကယ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သော (၃) နှစ်က ဖြစ်သည်။

လီသဲ့အာ ခေတ္တမျှ စဉ်းစားလိုက်ပြီး အဖြစ်အပျက်များကို စတင် ပြောပြ၏။ စုယွီသည် နားထောင်ရင်း ခေါင်းညိတ်လိုက်သော်လည်း သူမ၏ စကားကို ဖြတ်မပြောပေ။

မကြာမီ လီသဲ့အာ သည် လွန်ခဲ့သော (၃) နှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်းကို စတင် ပြောပြ၏။

“စီနီယာ... အဲ့ဒီတုန်းက စီနီယာ တံခါးပိတ် ကျင့်ကြံနေတာ ဆိုတော့ တိုက်ပွဲကို မမြင်လိုက်ရဘူး ထင်တယ်... ကျွန်မတို့ တာ့ယွဲ့ နယ်မြေ က ပါရမီရှင် တစ်ယောက်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ပါရမီရှင် (၃) ယောက်ကို အပြတ်အသတ် အနိုင်ယူပြီး ဒီမှာတင် အမြစ်ဖြတ်ပစ်လိုက်တယ်လေ”

“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ဒေါသထွက်ပြီး စည်းကမ်းတွေ ဘာတွေ ဂရုမစိုက်ဘဲ လက်တုံ့ပြန်ဖို့ ကြိုးစားသေးတယ်... ကံကောင်းထောက်မစွာနဲ့ပဲ တာ့ယွဲ့ နန်းတော် က အစွမ်းထက် ကျင့်ကြံသူတွေ ဝင်ရောက် တားဆီးလိုက်လို့ ကျွန်မတို့ တာ့ယွဲ့ နယ်မြေ က ပါရမီရှင် (၅) ယောက် ကြီးကြီးမားမား ထိခိုက်မှု မရှိလိုက်ဘူး”

“တိုက်ပွဲပြီးသွားတော့... ဈေးကွက်ထဲမှာ ကောလာဟလ သတင်းတစ်ခု ပျံ့နှံ့လာတယ်... ကျွန်မတို့ တာ့ယွဲ့ နယ်မြေ က စုယွီ ဆိုတဲ့ ပါရမီရှင် အရှင်သခင် တစ်ယောက်ဆီမှာ မသေမျိုး လျှို့ဝှက်ချက်တွေ ပါဝင်တဲ့ ဒဏ္ဍာရီလာ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ရှိနေတယ် တဲ့”

“ဒီသတင်းက ဈေးကွက် တစ်ခုလုံးကို ရိုက်ခတ်သွားစေတယ်... လူတွေ အများကြီးက ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို အားကျနေကြသလို... တချို့ကျတော့လည်း လိုချင်တပ်မက်ပြီး ကိုယ်ပိုင် ရယူချင်နေကြတယ်”

“ဒါပေမဲ့ ကံမကောင်းတာက အဲ့ဒီ အရှင်သခင် စုယွီ က တကယ့်ကို စွမ်းအားကြီးလွန်းတယ်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ရွှေအမြုတေ အဆင့် (၂) ပါရမီရှင်ကိုတောင် လွယ်လွယ်လေး သတ်ပစ်လိုက်တာလေ... အဲ့ဒီလောက် စွမ်းအားမျိုးကို ကျွန်မတို့လို သာမန်လူတွေက ဘယ်လိုလုပ် ယှဉ်ရဲမှာလဲ”

လီသဲ့အာ က ရယ်စရာ ပုံပြင်တစ်ပုဒ် ပြောပြသကဲ့သို့ ပြောနေ၏။

“ဒါကြောင့် ခဏလောက် စိတ်ကူးယဉ်ပြီးတာနဲ့ ဈေးကွက်က ပုံမှန် ပြန်ဖြစ်သွားတာပါပဲ... ဘာပဲပြောပြော အရှင်သခင် တစ်ယောက်ရဲ့ ရတနာကို လိုချင်တာက ကိုယ့်မှာ အစွမ်းအစ မရှိဘဲနဲ့ ဆိုရင် သေလမ်းရှာတာပဲ မဟုတ်လား”

“နောက်ပိုင်းမှာ အရှင်သခင် စုယွီ လည်း ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားတယ်... ကြားတာတော့ တာ့ယွဲ့ နန်းတော် က ပါရမီရှင် တစ်ယောက်က စုမိသားစု အနီးအနားမှာ မိစ္ဆာတွေ ပေါ်လာတယ် ဆိုတဲ့ သတင်းကြားလို့... ယွင်ကျန်းဂိုဏ်း နယ်မြေ ဘက်ကို မိစ္ဆာ နှိမ်နင်းဖို့ ထွက်သွားတယ် တဲ့”

“ယွင်ကျန်းဂိုဏ်း ရော တာ့ယွဲ့ နန်းတော် ရောက အမိန့်ထုတ်ထားတယ်... စုမိသားစု ကို ထိခိုက်အောင် လုပ်တဲ့သူ ဘယ်သူမဆို သေဒဏ်ပေးမယ် တဲ့”

“ဒါ့အပြင်...”

စကားမရပ်ဘဲ လီသဲ့အာ က တာ့ယွဲ့ မှောင်ခိုဈေးကွက် အတွင်း ဖြစ်ပျက်ခဲ့သော လတ်တလော အဖြစ်အပျက်များကို ဆက်လက် ပြောပြနေပါသည်။

သူမ ပြောပြီးမှသာ စုယွီသည် သူမထံမှ နောက်ထပ် သတင်းအချက်အလက်များကို ဆက်လက် မေးမြန်းလိုက်သည်။ ပေါ့ပေါ့ပါးပါး မေးမြန်းသယောင် ရှိသော်လည်း တာ့ယွဲ့ နန်းတော်၊ ယွင်ကျန်းဂိုဏ်း၊ စုမိသားစု နှင့် အထူးသဖြင့် မိစ္ဆာများ အကြောင်းကို အသေးစိတ် စုံစမ်းနေခြင်းပါ။

“အစတုန်းကတော့ မိစ္ဆာတွေက အနည်းအကျဉ်းလောက်ပဲ ရှုပ်ထွေးမှု ဖြစ်စေခဲ့တာပါ... ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က စုမိသားစု ဝင် တစ်ယောက်ကို ဖမ်းဆီးသွားပြီး... စုယွီ ကို ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် နဲ့ လာလဲဖို့ တောင်းဆိုလိုက်တယ် တဲ့”

“တာ့ယွဲ့ နန်းတော် တောင် ဒီကိစ္စကို မဖြေရှင်းနိုင်ဘူး... ဘာကြောင့်လဲ ဆိုတာတော့ ကျွန်မ သေချာ မသိပေမယ့်... စုယွီ ပေါ်လာတယ် ဆိုတဲ့ သတင်းတော့ မကြားရသေးဘူး”

“သူက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ခြိမ်းခြောက်မှုကို လက်ခံလိုက်တာလား... ဒါမှမဟုတ် ဒီသတင်းကို မသိသေးတာလား ဆိုတာတော့ စဉ်းစားစရာပဲ”

တစ်ယောက်ယောက် အဖမ်းခံလိုက်ရတာလား။

စုယွီ၏ ရင်ထဲတွင် တုန်လှုပ်သွားရ၏။

ဒီသတင်းကို ကြားလိုက်ရသောအခါ စုယွီ၏ မျက်ဝန်းအောက်ခြေတွင် အေးစက်သော အရိပ်အယောင် တစ်ခု ဖြတ်သန်းသွား၏။

လီသဲ့အာ ကို နောက်ထပ် ပစ္စည်းအချို့ ရှာဖွေခိုင်းပြီးနောက်... စုယွီသည် သူမအား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး ဆုချလိုက်ပြီး၊ နောက်ထပ် (၁၀) တုံးကို အပိုဆုကြေး အဖြစ် ပေးလိုက်သည်။ ထို့နောက် အပြင်ဘက် ဈေးကွက်မှ ထွက်ခွာလာခဲ့၏။

“အရင်ဆုံး ယွင်ကျန်းဂိုဏ်း နယ်မြေ ကို ပြန်ရမယ်”

အရေးတကြီး ဖြစ်နေသော ခံစားချက်ကြောင့် တာအိုရုပ်သေး သည် ပျံသန်းရေး လွန်းပျံယာဉ် တစ်စီးကို ထုတ်လွှတ်လိုက်သည်။ ကျဉ်းမြောင်းသော ယာဉ်အတွင်းသို့ ဝင်ရောက်ပြီး ယွင်ကျန်းဂိုဏ်း နယ်မြေ ရှိရာသို့ အလျင်အမြန် ပျံသန်းသွား၏။

*

မိစ္ဆာ တောင်ကြား ရှစ်ခု တောင်တန်း ဈေးကွက် တွင် ဖြစ်၏။

လွန်ခဲ့သော ရက်အနည်းငယ်က စုယွီသည် ဤနေရာရှိ တည်းခိုခန်း တစ်ခုတွင် တည်းခိုခဲ့ပြီး... စုမိသားစု နှင့် ယွင်ကျန်းဂိုဏ်း အကြောင်း သတင်းအချက်အလက်များကို ရက်အနည်းငယ်ကြာ စုဆောင်းခဲ့သည်။

ဤနေရာသည် စုမိသားစု နှင့် သိပ်မဝေးလှသဖြင့် စုမိသားစု တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် အများအပြားကို ဤနေရာတွင် ကြားသိနိုင်သည်။

ယခုအချိန်တွင် တည်းခိုခန်း အခန်းထဲ၌ ရှိနေသော စုယွီ၏ မျက်နှာထားသည် မှိုင်းညို့နေ၏။

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ဘယ်သူ့ကို ဖမ်းဆီးသွားလဲ ဆိုတာ သူ သိလိုက်ရပြီ ဖြစ်သည်။ ထို့အပြင် လွန်ခဲ့သော (၃) နှစ်အတွင်း စုမိသားစု နှင့် ယွင်ကျန်းဂိုဏ်း တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် အချို့ကိုလည်း ဝါးတားတား သိရှိထားပြီ ဖြစ်သည်။ အားလုံးက သတင်းဆိုးများသာပင်။

“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ငါ့ကို ရှာမတွေ့တော့ ချန်ချင်း နဲ့ စုချီ ဆရာတပည့် နှစ်ယောက်ကို ဖမ်းဆီးသွားတာကိုး... (၃) နှစ်အတွင်း ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ယူလာပေးဖို့ သတင်းစကား ပါးလိုက်သေးတယ်... ငါ ရောက်လာရင် ချန်ချင်း နဲ့ စုချီ ကို လွှတ်ပေးမယ် တဲ့”

“ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် သတင်း ကြားပြီးတဲ့နောက်... ယွင်ကျန်းဂိုဏ်း နယ်မြေ ထဲမှာ မိစ္ဆာတွေနဲ့ ပြဿနာရှာတဲ့ ကျင့်ကြံသူတွေ အများကြီး ပေါ်လာကြတယ်”

“ငါ့ကို ရှာဖွေဖို့အတွက် စုမိသားစု ဝင် တချို့ကို မိစ္ဆာတွေက ဒုက္ခပေးခဲ့ကြတယ်... ယွင်ကျန်းဂိုဏ်း ကလည်း ဂိုဏ်းသား တချို့ကို ဆုံးရှုံးလိုက်ရတယ်”

“တာ့ယွဲ့ နန်းတော် နဲ့ ယွင်ကျန်းဂိုဏ်း ပူးပေါင်းပြီး ရွှေအမြုတေ အဆင့် မိစ္ဆာ (၂) ကောင်ကို ခေါင်းဖြတ်သတ်ပြီး တခြား အားနည်းတဲ့ မိစ္ဆာတွေကို ရှင်းလင်းလိုက်မှသာ... ယွင်ကျန်းဂိုဏ်း နဲ့ စုမိသားစု အခြေအနေ နည်းနည်း သက်သာသွားတာ”

“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် အပြင်... ဖုန်းလော့ စံအိမ်တော် က လူတွေလည်း ဒီနားမှာ ဝေ့လည်ကြောင်ပတ် လုပ်နေကြပုံ ရတယ်”

“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ချန်ချင်း နဲ့ စုချီ ကို ဖမ်းသွားပြီးတဲ့နောက်... ကိုးဝိညာဉ် မိစ္ဆာ နန်းတော် က မိစ္ဆာတွေကလည်း လိုက်တုကြတယ်... ဒါပေမဲ့ အဲ့ဒီအချိန်မှာ တာအို မိတ်ဆွေ လော့ချန်ယွီ က စုမိသားစု ဝင် အဓိက လူတွေကို ယွင်ကျန်းဂိုဏ်း ထဲ ရွှေ့ပြောင်းထားပြီးပြီ... ဒါကြောင့် သူတို့က စုမိသားစု ရဲ့ ဆွေမျိုးသားချင်း တချို့ကိုပဲ ဖမ်းမိသွားကြတယ်... ပြီးတော့ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် နဲ့ လာလဲဖို့၊ မဟုတ်ရင် (၃) နှစ် ပြည့်ရင် သတ်ပစ်မယ် လို့ ခြိမ်းခြောက်ထားကြတယ်”

“ဟူး...”

လွန်ခဲ့သော ရက်အနည်းငယ်က စုဆောင်းရရှိထားသော သတင်းအချက်အလက်များကို စုစည်းပြီးနောက် စုယွီ သက်ပြင်းတစ်ချက် ချလိုက်သည်။ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို အသုံးပြုထားသဖြင့် သူ၏ စိတ်အာရုံသည် ကြည်လင်နေပြီး... ယုတ္တိကျကျ တွေးခေါ်မှုနှင့် စိတ်ခံစားမှုများသည် လုံးဝ ထိခိုက်ခြင်း မရှိပေ။

ခေတ္တမျှ စဉ်းစားပြီးနောက် သူ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

“လောလောဆယ်တော့ မိသားစုမှာ ကြီးကြီးမားမား အန္တရာယ် မရှိသေးပါဘူး... သူတို့က ယွင်ကျန်းဂိုဏ်း ထဲမှာ ဘေးကင်းနေကြတယ်”

“ဒါကြောင့် ငါ ဆက်ပြီး ပုန်းအောင်းနေသင့်တယ်”

“စုမိသားစု နဲ့ ယွင်ကျန်းဂိုဏ်း နားမှာ ချောင်းမြောင်းနေနိုင်တဲ့ မိစ္ဆာတွေ၊ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သို့မဟုတ် ဖုန်းလော့ စံအိမ်တော် က လူတွေ နဲ့ ပတ်သက်လို့ကတော့...”

“ငါ အခု လှုပ်ရှားလို့ မဖြစ်သေးဘူး... မြက်ရိုင်းထဲက မြွေကို လန့်သွားအောင် မလုပ်မိစေဖို့ သူတို့ကို ရင်ဆိုင်လို့ မရသေးဘူး”

“အရေးကြီးဆုံး ကိစ္စက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် နယ်မြေတွေဆီ အရင် သွားပြီး... ချန်ချင်း၊ စုချီ နဲ့ တခြားလူတွေကို ကယ်တင်ဖို့ပဲ”

All Chapters