← Chapters

အခန်း (၂၇၆)

Vol. 28 Ch. 276

အခန်း (၂၇၆)

Vol. 28 Ch. 276

ဤကဲ့သို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးသည် ငရဲကမ္ဘာအတွင်း၌ အားသာချက်အားလုံးကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ငရဲမိစ္ဆာများအကြား တိုက်ခိုက်မှုများသည် တစ်ဦးကိုတစ်ဦး ဝါးမြိုခြင်းနှင့် စုပ်ယူခြင်းများဖြင့်သာ ကျင့်စဉ်မြင့်တင်ကြခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်ရာတိုက်ပွဲဖြစ်ပွားသည့်နေရာများတွင် အလောင်းဟူ၍ ကျန်ရစ်ခဲ့ခြင်းမျိုး လုံးဝမရှိချေ။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင်မူ ငရဲကမ္ဘာနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းစစ်တလင်းများ၊ ဟင်းလင်းပြင်နတ်ဘုရားနှင့် မိစ္ဆာများ တိုက်ခိုက်ခဲ့ကြသည့် စစ်မြေပြင်များကြောင့် ရှေးခေတ်များမှ စွမ်းအားကြီးကျင့်ကြံသူများ၏များပြားလှသော အလောင်းများ ကျန်ရစ်ခဲ့သည်။ ထို့အပြင် ခေတ်အဆက်ဆက်အဖွဲ့အစည်းများအကြား အားပြိုင်မှု၊ ထိပ်တန်းပညာရှင်များ၏ တိုက်ပွဲများအတွင်း သတ်ဖြတ်ခြင်းနှင့် ကျဆုံးခြင်းများ ကြောင့်လည်း စစ်တလင်းအမျိုးမျိုးသည်ဆက်လက်ပေါ်ပေါက်လာနေဆဲဖြစ်၏။

ထိုအရာအားလုံးသည် မင်ဝမ်ခန္ဓာကိုယ် အတွက် အကောင်းဆုံးသော စွမ်းအင်အရင်းအမြစ်များ ဖြစ်ကြသည်။

အနာဂတ်တွင် ကျုံးရှန်၏ လက်အောက်၌ မင်ဝမ်ခန္ဓာကိုယ်ရှိသည့်ပါရမီရှင်တစ်ဦး ပေါ်ထွက်လာမည်ဖြစ်ကာ မရေမတွက်နိုင်သော မသေမျိုးစစ်သည်တော်တပ်ကြီးကို ဦးဆောင်၍ ကျုံးရှန်အတွက် လောကတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပေးမည်ဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်လေသည်။

ကျုံးရှန်သည် မီးခိုးရောင်အလင်းတန်းများတောက်ပနေသည့် မင်ဝမ် အမွေအနှစ်အမှတ်အသားကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

ထို့နောက် သူသည် နောက်ဆုံးကျန်ရှိနေသော အရာတစ်ခုကို ကြည့်လိုက်၏။ ယင်းသည် ထူးဆန်းသော မီးတောက်များ တောက်လောင်နေသည့် ဦးခေါင်းခွံတစ်ခု ဖြစ်သည်။

ထိုဦးခေါင်းခွံသည် အလွန်တရာ ထူးခြားဆန်းပြားလှကာ အထူးသဖြင့် တောက်လောင်နေသာမီးတောက်များသည် လက်ဖြင့် ထိတွေ့ကြည့်သော်လည်း ပူလောင်ခြင်းမရှိပေ။ ဤအရာသည်ကား အသူရာစစ်သည်တော်များကို ဖန်တီးရန် အဓိကသော့ချက် ဖြစ်သည့် အသူရာဝိညာဉ်ဘုရင်၏ အဖိုးတန်ဆုံးသော ရတနာ ငရဲဝိညာဉ်မျိုးစေ့ ပင် ဖြစ်သည်။

ငရဲဝိညာဉ်မျိုးစေ့သည် အသူရာတံဆိပ် ခတ်နှိပ်နိုင်ကာ ငရဲမိစ္ဆာများကို အသူရာစစ်သည်တော်များအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ သို့သော် မင်ဝမ်ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်မှာ ထိုတံဆိပ်သည် ငရဲမျိုးနွယ်စုများအပေါ်၌ အလွန်ပင် ထိရောက်မှု ရှိကာ ပြောင်းလဲသွားသော အသူရာစစ်သည်တော်၏ စွမ်းအားသည်လည်း လျော့ပါးသွားခြင်း မရှိချေ။

ထို့အပြင် မသေနိုင်သော စွမ်းရည်လည်း ရှိသွားကာ အသူရာတစ်ယောက်၏စွမ်းအားရင်းမြစ်သည် ရုပ်ခန္ဓာ မဟုတ်တော့ဘဲ စိတ်ဝိညာဉ်နှင့် စွမ်းအားအားလုံးသည် ဦးခေါင်းခွံအတွင်းရှိ အသူရာဝိညာဉ်မီးတောက် နှစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ဤကဲ့သို့သော မသေမျိုးအသူရာစစ်သည်တော်တပ်ဖွဲ့သည် ရင်ဆိုင်ရန် အလွန်ပင် ခက်ခဲလှသည်။

ထိုသူတို့ကို သတ်ဖြတ်ရန် အလွန်ခက်ခဲလှရာ ထိပ်တန်းမိစ္ဆာအရှင်သခင်ကြီးများပင်လျှင် ထိုဝိညာဉ်မီးတောက်ကို အပြီးတိုင် ချေမှုန်းရန်အတွက် သာမန်မိစ္ဆာများကို သတ်ဖြတ်သည်ထက် ပိုသော အားစိုက်ထုတ်ရမည် ဖြစ်သည်။

မင်ဝမ်အမှတ်အသားနှင့် ငရဲဝိညာဉ်မျိုးစေ့ကို ရရှိခြင်းသည် အစွမ်းထက်သော စစ်တပ်ကြီးနှစ်ခုကို ရရှိခြင်းနှင့် တူညီ၏။ ထို့အပြင် ဂျူလင်နတ်ဘုရားလက်စွပ်အတွင်းရှိ ကြွယ်ဝသော အရင်းအမြစ်များနှင့် ပေါင်းစပ်လိုက်ပါက ကျုံးရှန်အနေဖြင့်ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ပြန်ရောက်သည့်အခါ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ၏ အင်အားကို အဆမတန် မြှင့်တင်ပေးနိုင်လိမ့်မည် ဖြစ်သည်။

ယခုတစ်ကြိမ် ရရှိသည့်အရာများသည်ခေါင်းတီးယက်စ် နတ်ဘုရားနွယ်ပင် အောက် တန်ဖိုးမနိမ့်ဘဲ ကျုံးရှန်၏ အနာဂတ် အစီအစဉ်များအတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။

အကျိုးအမြတ်များတွက်ချက်ပြီး‌နောက်ငရဲဝိညာဉ်မျိုးစေ့က်ိုသိမ်းဆည်းလိုက်ကာ ကျုံးရှန်သည် သူ၏ခေါင်းကို မော့ကြည့်လိုက်သည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အထပ်တစ်ထောင် ကျော်တက်လှမ်းခြင်းပြန်လည်စတင်လေသည်။

...

ကိုးထပ်ငရဲဘုံ။

ကိုးထပ်မြောက် ကုန်းမြေတိုက်ကြီး။ ကောင်းကင်တက်လှမ်းခြင်း ကျောက်စာတိုင်ထက်တွင် မူလက ပထမနေရာ၌ ရှိနေသော ပိုင်ကျင်းကျင်း၏ အမည်သည် ရုတ်တရက် ပျောက်ကွယ်သွားကာ သူမနေရာတွင် ကျုံးရှန်၏အမည် အစားထိုး ဝင်ရောက်လာသည်။

အဆင့်သတ်မှတ်ချက်အတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားနိုင်သည့် အခြေအနေသည် တစ်ခုသာ ရှိ၏။ ထိုအရာသည်ကား ကျဆုံးခြင်း ပင် ဖြစ်သည်။

ပိုင်ကျင်းကျင်းသည် မည်သူနည်း။

သူမသည် အသူရာဝိညာဉ်ဘုရင်၏ အချစ်ဆုံး သမီးငယ်လေး ဖြစ်ကာ ငရဲဝိညာဉ်ကမ္ဘာ၏ မင်းသမီးလေး ဖြစ်သည်။ သူမတွင် မင်ဝမ်ခန္ဓာကိုယ်နှင့် အသူရာဝိညာဉ်ဘုရင် ပေးထားသည့် အစွမ်းထက် ရတနာများစွာလည်း ရှိကာ အသူရာဝိညာဉ်ဘုရင်၏ နောက်ထပ် အမွေဆက်ခံသူအဖြစ် အားလုံးက သတ်မှတ်ထားကြသူ ဖြစ်သည်။

သို့ဖြစ်ရာ ပိုင်ကျင်းကျင်း ကျဆုံးသွားသည်ကို အသူရာဝိညာဉ်ဘုရင်သိပါက ရူးသွပ်သွားပေလိမ့်မည်။

''အားလုံးပဲ... ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး...''

''ငါ အရင်သွားပြီ... အားလုံး ကိုယ့်ကံကြမ္မာကိုယ် စောင့်ကြည့်ကြပေတော့''

ပါးနပ်သော သိုးခေါင်းမိစ္ဆာတစ်ကောင်သည် အော်ပြောလိုက်ပြီးနောက် ချက်ချင်းပင် ရှစ်ထပ်မြောက်ဂိတ်တံခါးရှိရာဆီသို့ ပြေးထွက်သွားသည်။

သူသည် ကိုးထပ်မြောက် ကုန်းမြေတိုက်ကြီးမှ ထွက်ပြေးရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

အခြားသော မိစ္ဆာအရှင်သခင်များသည်လည်း ထိုနည်းတူ အသူရာဝိညာဉ်ဘုရင်ဒေါသထွက်လာပါက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနှင့်ပင် သူတို့အားလုံး ခံနိုင်ရည်ရှိမည် မဟုတ် ကြောင်းသိလေသည်။ သို့ဖြစ်ရာ မကြာမီ၌ပင် ထိုနေရာရှိ မိစ္ဆာအရှင်သခင်များသည် ကြောက်လန့်တကြား ထွက်ပြေးသွားကြပြီး ပိုင်ကျင်းကျင်းတစ်ယောက် မျှော်စင်အတွင်း ကျဆုံးသွားသည့် သတင်းသည်လည်း ငရဲကမ္ဘာကြီးတစ်ခုလုံးသို့အလျင်အမြန် ပျံ့နှံ့သွားလေသည်။

ထိုအချိန်တွင်။

ဝိညာဉ်ငရဲကမ္ဘာအတွင်း။

အသူရာဝိညာဉ်ဘုရင်၏ နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားသည်။ ဤကဲ့သို့သော ခံစားချက်မျိုး သူနောက်ဆုံးခံစားခဲ့ရသည်မှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ဖြစ်သည်။ ထိုစဉ်က သူသည် ထိပ်တန်းမိစ္ဆာအရှင်သခင်ကြီး အများအပြား၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သေလုနီးပါး ဖြစ်ခဲ့ရလေသည်။

''ဘာဖြစ်တာလဲ... ဒီခံစားချက်က...''

အသူရာဝိညာဉ်ဘုရင်၏ ဦးခေါင်းသည် ငရဲဝိညာဉ်မျိုးစေ့နှင့် တူညီလှကာ ထူးဆန်းသော မီးတောက်များ လောင်မြွက်နေသည့် အရိုး ခေါင်းတစ်ခု ဖြစ်သည်။ သူ၏ မျက်တွင်းဟောက်ပက်အတွင်းရှိ အပြာရင့်ရောင် အသူရာဝိညာဉ်မီးတောက် နှစ်ခုသည် တဖျတ်ဖျတ် တုန်ခါနေကာ တစ်စုံတစ်ခုကို စတင် တွက်ချက်လိုက်သည်။

ထို့နောက်ခဏအကြာတွင် သူသည် ရုတ်တရက် ထရပ်လိုက်၏။

''ကျင်းကျင်းရဲ့ အနာဂတ်က ဘာမှမရှိတော့ဘူး... ကံကြမ္မာလမ်းကြောင်းကလည်း ဖုံးကွယ်ခံထားရတယ်... ဒါ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ပဲ''

သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး လက်ကို ဝှေ့ယမ်းလိုက်ကာ ဖန်လုံးတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုဖန်လုံးသည် အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် အမှုန့်များအဖြစ် ကြေမွသွားကာ လေထဲ၌ လွင့်ပါးသွားသည်။

''ကျင်းကျင်း..."

''အရှင်မင်းကြီး... ကောင်းကင်တက်လှမ်းခြင်းကျောက်စာတိုင်မှာ စောင့်ကြည့်နေတဲ့ အမှတ် ၁၃ ရဲ့ သတင်းအရ မင်းသမီးလေးရဲ့ အဆင့်ပျောက်သွားပါပြီ... တစ်စုံတစ်ယောက်ရဲ့ လက်ချက်ဖြစ်နိုင်ပါတယ်...''

ထိုစဉ် အရိပ်တစ်ခုသည် ခန်းမအတွင်း၌ ပေါ်လာကာ အသူရာဝိညာဉ်ဘုရင်ကို လာရောက် သတင်းပို့လေသည်။

''အား... အား... အား..."

''အားလုံး သေကြစမ်း"

အသူရာဝိညာဉ်ဘုရင်သည် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

ပိုင်ကျင်းကျင်းသည် သူ၏ အသည်းကျော် သမီးလေးဖြစ်သလို မျှော်လင့်ချက်များစွာ ထားရှိသော မျိုးဆက်လည်း ဖြစ်ရာ ယခုအခါ ကျဆုံးသွားပြီဖြစ်သဖြင့် သူသည် ရူးသွပ်သွားလေသည်။

အသူရာဝိညာဉ်ဘုရင်သည် လက်ကို ဝှေ့ယမ်းလိုက်လျှင် မီးတောက်များ ဖုံးလွှမ်းနေသော သံကြိုးရှည်ကြီး တစ်ချောင်း ပေါ်လာသည်။ သူသည်ထိုသံကြိုးရှည်ကြီးကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ဟင်းလင်းပြင်အက် ကြောင်းများအတွင်းလှိုင်းထသွားသည်။

ထို့နောက်သတင်းလာပို့သော အရိပ်သာမက အသူရာဝိညာဉ်နန်းတော်ကြီးတစ်ခုလုံးပါ ပျက်စီးသွားပြီး ငရဲဝိညာဉ်ကမ္ဘာ၏ အုတ်မြစ်ပင် ထိခိုက်သွားရကာ ကမ္ဘာတစ်ခုလုံး တုန်ခါသွားသည်။

အသူရာဝိညာဉ်ဘုရင်၏ ဒေါသများသည် ပြေပျောက်ခြင်း မရှိသေးပေ။ သူသည် ဟင်းလင်းပြင် အတားအဆီးကို စုတ်ဖြဲကာ ငရဲမဟာကမ္ဘာကြီး၏ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်သွားသည်။ သံကြိုးများသည် အဆက်မပြတ် ဝှေ့ယမ်းနေပြီး ငရဲကမ္ဘာ၏ဟင်းလင်းပြင်လွှာများကို ရိုက်ခွဲနေရာ လမ်းတစ်လျှောက်ရှိ ငရဲကမ္ဘာငယ်ပေါင်း တစ်ရာထက်မနည်း ပျက်စီးသွားရလေသည်။

မည်မျှများပြားလှသော ငရဲမိစ္ဆာများ သေဆုံးသွားသည်ကိုပင် မသိနိုင်တော့ပေ။

ဤကဲ့သို့ ကြမ်းတမ်းလှသော နည်းလမ်းဖြင့် မကြာမီပင် သူသည် ကိုးထပ်မြောက် ကုန်းမြေတိုက်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ သူသည် ပထမထပ်မှစ၍ အဆင့်ဆင့်တက်လှမ်းလာခြင်းမဟုတ်ဘဲ ကိုးထပ်မြောက်ကုန်း‌မြေတိုက်၏ ဟင်းလင်းပြင်ကိုစုတ်ဖြဲကာ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့‌နောက်သံကြိုးဖြင့် တစ်ချက်ရိုက်လိုက်ရာ ကိုးထပ်မြောက်ကုန်းမြေတိုက်တိုက်၏ အကာအကွယ်အတားအဆီးတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး ကိုးထပ်မြောက်ကုန်းမြေတိုက်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားရသည်။ အသူရာဝိညာဉ်ဘုရင်သည် တိုက်ရိုက်ပင် ပျံသန်းဝင်ရောက်လိုက်ကာအဆင့်သတ်မှတ်ချက်ကျောက်စာတိုင် အနားသို့ ရောက်လာသည်။

သူသည် ကျောက်စာတိုင်ကို ထပ်ခါတလဲလဲ ကြည့်ရှုကာ ပိုင်ကျင်းကျင်း၏ အမည် မရှိတော့သည်ကို သေချာအတည်ပြုလိုက်ပြီးနောက် သူ၏နောက်ဆုံး မျှော်လင့်ချက်လည်း ပျောက်ကွယ်သွားသည်။

သူ၏ဒေါသများပိုမို တောက်လောင်လာကာ သံကြိုးဖြင့် ကျောက်စာတိုင်ကို ရူးသွပ်စွာ ရိုက်နှက်နေတော့သည်။ အဆင့်သတ်မှတ်ချက် ကျောက်စာတိုင်သည် ကြေမွသွားလိုက်၊ ပြန်လည် ကောင်းမွန်လာလိုက်နှင့် ဖြစ်နေသည်။

အချိန်အတော်ကြာပြီးနောက် အသူရာဝိညာဉ်ဘုရင်သည် တစ်လောကလုံး ဟိန်းထွက်သွားသော ဝမ်းနည်းပူဆွေးသံကြီးဖြင့်အော်ဟစ်လိုက်ကာ ဟင်းလင်းပြင်ကို ထပ်မံ ဆုတ်ဖြဲပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရှိရာသို့ အပြင်းနှင်သွားလေသည်။

ကိုးထပ်မြောက် ကုန်းမြေတိုက်ကြီးပေါ်ရှိ မိစ္ဆာအရှင်သခင်များ အားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ ငရဲမိစ္ဆာများသည် များသောအားဖြင့် သံယောဇဉ် ကင်းမဲ့ကြသော်လည်းအသူရာဝိညာဉ်ဘုရင်၏ ဝမ်းနည်းမှုကို သူတို့အားလုံး ခံစားမိကြလေသည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အပြင်ဘက်။

တစ္ဆေမိစ္ဆာနှင့်တူသော ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုသူကား အသူရာဝိညာဉ်ဘုရင်ပင် ဖြစ်သည်။

ထိုအချိန်တွင် လွတ်မြောက်ခြင်းအဆင့်အရှင်သခင် ခုနစ်ပါး၏ ကိုယ်ပွားများ ချထားသော ပိတ်လှောင်ခြင်းအစီအရင်သည် ပြီးမြောက်သွားပြီ ဖြစ်ကာ မျှော်စင်၏ အပြင်ဘက်တွင် နက်မှောင်သော အလင်းတန်းများ ဖုံးလွှမ်းနေသည်။

သို့သော်လည်း အသူရာဝိညာဉ်ဘုရင်သည် ရူးသွပ်နေပြီ ဖြစ်ရာ ထို အလင်းတန်းများကိုဂရုမစိုက်ဘဲ သူ၏ သံကြိုးကို အဆပေါင်း သန်းချီအောင် ကြီးမားစေလျက် အလင်းတန်းများကို ရိုက်ချလိုက်လေသည်။

''ဝုန်း..."

အစီအရင် နှင့် သံကြိုးကြီးခု ထိတွေ့မိသည့် ခဏ၌ပင် ပြင်းထန်သော တုန်ခါမှုကြီး ဖြစ်ပေါ်လာည်။

ထို့နောက်ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် လွင့်စင်သွားစေ၏။ ထိုအရာသည် စကြဝဠာကြီး စတင်ဖြစ်ရာ ကြီးမားသောပေါက်ကွဲမှုဖြစ်ပေါ်ချိန်ကကဲ့သို့ပင် ဖြစ်သည်။ လွတ် မြောက်ခြင်းအရှင်သခင် ခုနစ်ပါး၏ ကိုယ်ပွားများသည် အစီအရင်၏ ထောင့်နေရာများ၌ငြိမ်သက်စွာရပ်ကြည့်နေခြင်းမရှိတော့ဘဲ အသူရာဝိညာဉ်ဘုရင်ထံသို့ ဦးတည်ပျံသန်းလာကြလေတော့သည်။

All Chapters