← Chapters

အလဲအထပ်လုပ်ခြင်းပေလား

Vol. 10 Ch. 929

အလဲအထပ်လုပ်ခြင်းပေလား

Vol. 10 Ch. 929

ပြင်းထန်လှသော ပေါက်ကွဲသံကြီးကြောင့် သဲကန္တာရတစ်ဝက်နီးပါး တုန်လှုပ်သွားတော့သည်။ လျှပ်စီးတိမ်တိုက်သခင်မှာ သူ၏မိစ္ဆာနတ်ဆိုးကြီး အပိုင်းပိုင်းပြတ်သွားကာ သူ၏ပတ်လည်ရှိ အနက်ရောင်အလင်းတန်းများ ဖျက်ဆီးခံလိုက်ရ၍ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

သူ၏ပါးစပ်မှ သွေးများပန်းထွက်လာကာ ကြိုးဖြတ်ခံလိုက်ရသည့်စွန်အလား နောက်သို့ လွင့်ထွက်သွားသည်။ ထိုသို့ဖြစ်ပျက်နေစဥ်မှာပင် သူက သူ၏နဖူးကို ထိလိုက်ရာ အနက်ရောင်အလင်းစီးကြောင်းတစ်ခု ပျံထွက်လာတော့သည်။

အံသြတုန်လှုပ်ဖွယ်ကောင်းေလာက်အောင်ပင် ၄င်းသည် တပိုင်းတစဖောက်ထွင်းမြင်ရသော ဒိုင်းကာတစ်ခုအသွင်ပြောင်းလဲသွားပြီး သူက ဖမ်းဆွဲ၍ သူ၏ရှေ့သို့ ပစ်လိုက်သည်။

" ပေါက်ကွဲစေ "

သူ အော်ဟစ်လိုက်သည်နှင့် ဒိုင်းက ပေါက်ကွဲသွားပြီး ပိုင်ရှောင်ချန်း၏ ကောင်းကင်ဖျက်စီးကာ မြေပြင်ကိုဖြိုခွင်းသွားစေသည့် လက်သီးချက်ကြီးအား ရင်ဆိုင်ရန် စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုအခွင့်အရေးလေးက လျှပ်စီးတိမ်တိုက်သခင် လိုအပ်သည့်အရာဖြစ်၍ တချိန်လုံးသွေးများအန်လျက် အမြင့်ဆုံးအရှိန်ဖြင့် ပြေးထွက်သွားတော့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ထွက်ပေါက်အများစု ဖျက်စီးခံလိုက်ရပြီး သူ၏အမြင်အာရုံများ ဝေဝါးသွား၏။ သူသည် စိတ်ထဲတွင် လုံးလုံးလျားလျား တုန်လှုပ်နေတော့သည်။

" သူဘာလို့ ဒီလောက်သန်မာရတာတုန်း။ ငါက အလယ်ပိုင်းနတ်ဆင့်၊ သူက အစောပိုင်းနတ်အဆင့်မှာပဲ ရှိတာလေ "

လျှပ်စီးတိမ်တိုက်သခင်မှာ ရူးသွပ်လုမတတ် ခံစားနေရပြီး သူ၏ပါးစပ်မှ သွေးများမစီးကျအောင် ထိန်းချုပ်ခြင်းငှာ မစွမ်းသာအောင် ဖြစ်နေတော့သည်။

ပထမဆုံးအနေဖြင့် သူသည် စောစောက ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့မိခြင်းကို နောင်တသွားပြီး မှော်ပစ္စည်းတစ်ခုအတွက်နှင့် ကြောက်စရာကောင်းလှသော ပိုင်ရှောင်ချန်းအား ရန်စရန် ဘယ်တော့မှ စိတ်လိုက်မာန်ပါမလုပ်သင့်ကြောင်း သဘောပေါက်သွားတော့သည်။

ယခုလိုဖြစ်ခဲ့ရခြင်း၏ အကြောင်းတချို့မှာ စောစောက သူဖျက်ဆီးလိုက်သည့် ဒိုင်းကာကြောင့် ဖြစ်သည်။ ထိုဒိုင်းကာကို သူရရှိခဲ့သည်မှာ မကြာသေးဘဲ ၎င်းက သူ့ကို ကိုယ်ရောင်ပျောက်လုနီးပါး ဖြစ်စေခဲ့သည်။ ၎င်းကြောင့် ဤနတ်မီးလျှံစမ်းသပ်ပွဲမှာ လျှို့ဝှက်ရတနာများအပြည့် ရှိနေကြောင်း သူ သတိထားမိခဲ့သည်။

သဲတီကောင်ကြီးပေါ်ရှိ အနီရောင်အလင်းပေါက်အား မြင်ပြီးနောက် သူ၏ လောဘများ နှိုးဆွခံလိုက်ရခြင်း ဖြစ်ပေသည်။

ယခုအခါ ပိုင်ရှောင်ချန်း၏ အပြန်အလှန်ထိုးနှက်ချက်များမှ ဖြစ်ပေါ်လာသော တုန်ခါလှိုင်းများကြောင့် မြေကြီးအောက်တွင် ပုန်းခိုနေသော သဲတီကောင်များစွာ ပြာကျသွားတော့သည်။

ခေါင်းပေါ်တွင် အနီရောင်အလင်းပေါက်နှင့်သဲတီကောင်ကြီးပင် ပိုင်ရှောင်ချန်းနှင့် လျှပ်စီးတိမ်တိုက်သခင်တို့နှစ်ယောက်လုံး၏ အတိုက်ခိုက်ခံခဲ့ရပြီး အဆုံးသတ်၌ မခံနိုင်တော့ဘဲ သေဆုံးသွားတာ့သည်။

၄င်းက အပိုင်းပိုင်းပြတ်ထွက်သွားစဥ် ၄င်းအတွင်းမှ အနီရောင်အလင်းလုံးတစ်လုံး ထွက်လာပြီး လွန်းပျံတစ်စင်းအသွင် ပေါင်းစည်းသွား၏။ အံအားသင့်ဖွယ်ကောင်းစွာ ကောင်းကင်တံတားဒေသမှာ ဖြစ်တည်လာခြင်း မဟုတ်သော မှော်သင်္ကေတများက လွန်းပျံကို ဖုံးလွှမ်းထားသည်။

သင်္ကေတများမှာ ထူးခြားဆန်းပြားစွာ အသက်ဝင်နေလျက် လူးလွန့်လှုပ်ရှားနေသော ဖားလောင်းများနှင့် တူသည်။ လွန်းပျံက ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဝေးသို့ ထွက်သွားတော့မည့်အလား လည်ပတ်သွား၏။ သို့သော် ပိုင်ရှောင်ချန်းက ၄င်းကို တချိန်လုံးစောင့်ကြည့်နေခဲ့၍ အလျင်အမြန်လှမ်းဆွဲလိုက်လေသည်။

လွန်းပျံက အတန်ငယ်ရုန်းကန်လိုက်သော်လည်း အချည်းနှီးပင်။ ပိုင်ရှောင်ချန်းက ဆွဲယူပြီးသည်နှင့် ၄င်း၏ တည်ဆောက်ပုံကို လေ့လာရန် နတ်ဘုရားအာရုံအနည်းငယ်ကို အတွင်းထဲ စေလွှတ်လိုက်သည်။ ၄င်းသည် သူယခင်က မြင်ခဲ့ဖူးသည့် မည်သည့်မှော်ပစ္စည်းနှင့်မဆို ကွဲပြားနေသည့်တိုင် ၄င်းအပေါ်တွင် ကိုယ်ပိုင်တံဆိပ်ခတ်လိုက်နိုင်သည့်အတွက် ၄င်းကို ထိန်းချုပ်နိုင်သွားသည်။

ကိုယ်ပိုင်တံဆိပ်အမှတ်အသားက အတွင်းထဲ နေရာကျသွားသည်နှင့်တစ်ပြိုင်နက် လွန်းပျံသည် ငြိမ်သက်သွားပြီးနောက် တိုက်ကွက်တစ်ကွက် ထုတ်ဖော်တော့မည့်အလား စွမ်းအားများ မြင့်တက်လာတော့သည်။

" တိုက်ပွဲဝင်ရတနာ "

လျှပ်စီးတိမ်တိုက်သခင်မှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် နှလုံးသားတစ်ခုလုံးသွေးစိမ်းရှင်ရှင်ကျနေကာ လွှတ်ခနဲ ပြောလိုက်မိသည်။ သူရရှိခဲ့သည့် အရာများမှာ ဘက်စုံသုံးရတနာများသာ ဖြစ်သည်။ ဤလွန်းပျံသည် တိုက်ပွဲဝင်ရတနာဖြစ်နေခြင်းကြောင့် ၎င်း၏တန်ဖိုးကား နှိုင်းယှဥ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပေသည်။

သို့သော် ယခုချိန်မှာ မနာလိုနေရမည့်အချိန်မဟုတ်ပေ။ သူ ဒဏ်ရာအပြင်းအထန်ရနေလေပြီ။ ထို့ပြင် ပိုင်ရှောင်ချန်းက မည်မျှကြောက်စရာကောင်းကြောင်း စဥ်းစားကြည့်လိုက်လျှင် သူသည် သူတို့အကြား ဝေးကွာသွားစေရန်အလို့ငှာ သူ၏ အသက်ဓာတ်ကို ဆင့်ခေါ်သည့် လျှို့ဝှက်မှော်ပညာတစ်ရပ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။

ထစ်ခြုန်းမြည်ဟည်းသံများ ထွက်ပေါ်လာကာ လျှပ်စီးတိမ်တိုက်သခင်သည် လျှပ်စီးတန်းအသွင်ဖြင့် မိုးကုပ်စက်ဝိုင်းဆီသို့ ပြေးထွက်သွားလေရာ သူ့ကို ဝန်းရံထားသည့် အေးစိမ့်ချီများကြောင့် ရေခဲငွေ့ကြောင်းတစ်ခု ကျန်ရစ်ခဲ့လေသည်။

သူက မြန်မြန်ရွေ့လျားလာသည်နှင့်အမျှ သူ့အား တိုက်ခိုက်နိုင်သည့်လူ နည်းပါးလာမည်ဖြစ်သည်။ ထိုနည်းအားဖြင့် သူသည် အသက်ရှင်လျက် လွတ်မြောက်သွားနိုင်သည်။

သို့သော် ကံဆိုးစွာပင် အသက်ဓာတ်ကုန်ခမ်းမှုသာ အတိုင်းအဆများပြားနေပါက အသက်အန္တရာယ်ရှိနိုင်သည်။

သူက အသက်ဓာတ်များစွာကို မဖြုန်းတီးလိုသော မျှော်လင့်ချက်များဖြင့် နောက်လှည့်ကြည့်ကာ အော်ပြောလိုက်သည်။

" နားလည်မှုလွဲတာပါ တာအိုရောင်ရင်းပိုင်။ ကျုပ်တို့ဂိုဏ်းတွေက နှစ်ပေါင်းများစွာ မိတ်ဆွေရင်းချာတွေဖြစ်ခဲ့တာပါဗျာ။ ဒါကြောင့် ကျုပ်ရှင်းပြနိုင်..."

" ချီးမလို့ ရှင်းပြ "

ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်သည်။

ယခုအခါတွင် သူ အမှန်တကယ် ဒေါသထွက်နေလေပြီ။ သူက အခြားလူများအား ဘယ်တော့မှ ရန်စလေ့မရှိခဲ့ပေ။ လျှပ်စီးတိမ်တိုက်သခင်ကသာ သူ့ကို အရင်ဦးဆုံး တိုက်ခိုက်ခဲ့သူဖြစ်သည်။ သူက သဲတီကောင်အုပ်လိုက်ကြီးအား ပုံချရန်သာ ကြိုးစားခဲ့မည်ဆိုပါက ခွင့်လွှတ်နိုင်ဦးမည်။ သို့သော် သူက ဗြောင်ကျကျပြုံးနေပြီး မှော်ပစ္စည်းအား ခိုးရန် ကြိုးစားခဲ့သည့် အချက်ရှိသေးသည်။

ပိုင်ရှောင်ချန်းသည် တခြားအရာအားလုံးထက် သူ၏သနားစရာအသက်လေးကို ဂရုစိုက်သည်ဖြစ်ရာ ၎င်းက သူ့အတွက် အထိအရှမခံနိုင်သည့်အရာဖြစ်သည်။ လျှပ်စီးတိမ်တိုက်သခင်က သူ သေသွားနိုင်လောက်သည်အထိ အကွက်ချအကောက်ကြံခဲ့သည့်အချက်မှာ သူ လျစ်လျူရှုနိုင်သည့်အရာမဟုတ်ပေ။

ထို့အပြင် သူပ နတ်မီးလျှံစမ်းသပ်ပွဲ၏ အစောပိုင်းအဆင့်များတွင် မသုံးဘဲနေရန် မျှော်လင့်ထားသော ထာဝရဧကရာဇ်လက်သီးအား မသုံးချင်ဘဲ အသုံးပြုလိုက်ရသည်။ သူ၏ အစီအစဥ်က တတ်နိုင်သမျှ စွမ်းအားများအား ထိန်းသိမ်းရန် ဖြစ်ခဲ့သော်လည်း လျှပ်စီးတိမ်တိုက်သခင်၏ ကျေးဇူးကြောင့် ပြောင်းပြန်လုပ်ခဲ့ရလေပြီ။

သူက အလွန်အမင်း ဒေါသထွက်နေသောကြောင့် သူ၏ရန်သူအား မည်သည့်နည်းနှင့်မျှ အလွတ်ပေးနိုင်မည် မဟုတ်ပေ။ သူက ကျိန်ဆဲကာ အားကုန်ထုတ်၍ လိုက်ဖမ်းတော့သည်။ သူသည် အပြင်အားအမြောက်အမြားအား ဖြုန်းတီးခဲ့ပြီးဖြစ်သော်လည်း ယခုတွင် သူက ထာဝရအရိုးအဆင့်မှာ မဟုတ်ဘဲ ထာဝရသွေးအဆင့်သို့ ရောက်နေပြီဖြစ်သည်။

ထို့ကြောင့် သူ၏ပြန်လည်ကောင်းမွန်နိုင်စွမ်းကား အံ့ဩတုန်လှုပ်ဖွယ်ကောင်းလှသည်။ သူ၏ချီနှင့်သွေးများ ပုံမှန်ပြန်ဖြစ်သွားစဥ် သူက ထာဝရပြုစားသိုင်းကို သုံးကာ လျှပ်စီးတိမ်တိုက်သခင်ဆီသို့ မယုံနိုင်စရာကောင်းသော အမြန်နှုန်းဖြင့် ချဥ်းကပ်သွားလိုက်သည်။

လျှပ်စီးတိမ်တိုက်သခင်မှာ စိတ်ထဲတွင် ငိုကြွေးမြည်တမ်းနေသော်လည်း သူ့အတွက် ရွေးချယ်စရာမရှိပေ။ သူသည် အားတင်း၍ လွတ်မြောက်ရန် သူ၏အသက်ရှည်ခြင်းကို ထပ်မံဆင့်ခေါ်လိုက်ရတော့သည်။

ထိုနည်းအားဖြင့် သူတို့နှစ်ဦးကား သဲကန္တာရကို ဖြတ်၍ တဟုန်ထိုးသွားနေတော့သည်။

မကြာမီ နေ့ဝက်ကုန်လွန်သွားပြီး ညနေခင်းပင် ကျရောက်လာသည်။ ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသည်များကြောင့် အံ့အားသင့်နေတော့သည်။

" ဒီအဘိုးကြီး မြန်တာ ငါလက်ခံနိုင်တယ်။ ဒါပေမဲ့ ဘာလို့ အချိန်အကြာကြီး ထိန်းထားနိုင်ရတာတုန်း "

ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ မြန်လွန်းသည်ဟု အမြဲတွေးထားခဲ့သည်ဖြစ်၍ လျှပ်စီးတိမ်တိုက်သခင်က သူ့ထက်သာနေသည်ကိုတွေ့သောအခါ အံ့အားသင့်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ ထာဝရပြုစားသိုင်းရှိသော်လည်း ၄င်းက သူ့အား လျင်မြန်သောအရှိန်ကိုသာ ပေးစွမ်းနိုင်သည်။ တောင်ဖြိုသိုင်းသည်လည်း ထိုနည်းတူပင်။

သူ ယခုထက်ထိ မသုံးရသေးသည်က နတ်ဘုရားဇီဝိန်ချုပ်သိုင်းသာ ကျန်တော့သည်။

သူ၏ခန္ဓာကိုယ်ထဲတွင် ထာဝရသွေးစက်အနည်းငယ်သာ ရှိပြီး နတ်ဘုရားဇီဝိန်ချုပ်သိုင်း သုံးလိုက်တိုင်း တစ်စက်လျော့မည်ဖြစ်သည်။ သူ့အတွက် ထိုသွေးစက်များသည် နတ်ဝိညာဥ်တမျှ အဖိုးတန်ပေသည်။

ထို့အပြင် လျှပ်စီးတိမ်တိုက်သခင်၏ ဝိညာဥ်က စစ်မှန်သော နတ်ဝိညာဥ်အဖြစ် သတ်မှတ်၍ရ၊မရ ပြောရန် မဖြစ်နိုင်ပေ။

လျှပ်စီးတိမ်တိုက်သခင်အား လိုက်ဖမ်းသည်က အခြားသူတစ်ယောက်သာဆိုလျှင် လက်လျှော့သွားပြီးဖြစ်ပေမည်။ သို့သော် အနည်းငယ်တွေးပြီးသော် ပိုင်ရှောင်ချန်းက အေးစက်စက်နှာမှုတ်ပြီး တွေးလိုက်သည်။

" ငါသူ့ကို မသတ်ရင် မသတ်နိုင်လောက်ပေမယ့် သေမတတ်ကြောက်သွားအောင် ခြောက်လို့ရတယ်။ စွမ်းအားအများကြီး မဖြုန်းဘဲ သူ ဒီလောက်အကြာကြီး ထွက်ပြေးနိုင်တယ် ဆိုတာ ငါမယုံနိုင်ဘူး "

သူ၏ အတွေးစများက ထိုနေရာသို့ရောက်သော် သူက အော်လိုက်သည်။

" ဟေး အရူးအဘိုးကြီး၊ အခုအချိန် ဝှက်ခဲတစ်ခုခုသုံးရင်သုံးနော် မဟုတ်လို့ကတော့ သေပြီပဲ "

ထို့နောက် သူက ထာဝရပြုစားသိုင်းနှင့် တောင်ဖြိုသိုင်းကို သုံး၍ ဩချရလောက်အောင် အရှိန်တင်လိုက်သည်။

လျှပ်စီးတိမ်တိုက်သခင်က သူတို့နှစ်ယောက်ကြားတွင် အတန်ငယ်ကွာဝေးအောင် လုပ်ခဲ့သော်လည်း စောစောက ပိုင်ရှောင်ချန်း အော်ဟစ်လိုက်သည့်စကားကို ကြားလိုက်ရပြီး အကွာအဝေးသည်လည်း ကျုံ့လာသည်ကို မြင်သောအခါ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားကာ လျှာကို ကိုက်လိုက်ပြီး သွေးအနည်းငယ် ထွေးထုတ်၍ အရှိန်ထပ်တင်လိုက်သည်။

သို့သော် သူ ထိုသို့လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ပိုင်ရှောင်ချန်းက အရှိန်လျှော့လိုက်သည်။

လျှပ်စီးတိမ်တိုက်သခင်မှာ လှည့်စားခံလိုက်ရကြောင်း သဘောပေါက်လိုက်ရာ ဒေါသတကြီး ညည်းညူလိုက်ပြီးနောက် အံတင်းတင်းကြိတ်ကာ ရှေ့ဆက်သွားလိုက်သည်။

သို့သော် ပိုင်ရှောင်ချန်းက မည်သည့်အတွက်ကြောင့် ယခုအတိုင်း လွှတ်ထားနိုင်ပါမည်နည်း။ သူက ရုတ်တရက် အရှိန်တင်တော့မည့်အလား ဟိန်းဟောက်လိုက်ရာ လျှပ်စီးတိမ်တိုက်သခင်မှာ ရူးမတတ်ဖြစ်သွားတော့သည်။

သို့သော် သူကား အရှိန်မတင်သေးဘဲ အချိန်အနည်းငယ်ကြာသောအခါမှသာ အရှိန်တင်လိုက်သည်။ တဖြည်းဖြည်းနှင့် လျှပ်စီးတိမ်တိုက်သခင်မှာ ရူးချင်လာတော့သည်။ ပိုင်ရှောင်ချန်း အော်ဟစ်လိုက်သည့်အချိန်တိုင်း အရှိန်တင်သည်ဖြစ်စေ၊ အရှိန်လျော့သည်ဖြစ်စေ သူ့အနေဖြင့် သူ၏လျှို့ဝှက်မှော်ပညာကို သုံးရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။

မကြာမီ ထိုလူ၏ ဆံပင်များ ဆွတ်ဆွတ်ဖြူလာပြီး သူ၏မျက်နှာမှာ အရေတွန့်များဖြင့် ဖုံးအုပ်လာတော့သည်။

" ဒီပိုင်ရှောင်ချန်းက ဘာလို့ ဒီလောက်ရင်ဆိုင်ရခက်တာလဲကွာ "

သူက စိတ်ပျက်နေတော့သည်။

" ဒီလိုသာ ဆက်ဖြစ်နေရင် ငါ့ကို ဖမ်းစရာတောင်မလိုဘဲ သတ်တော့မှာ "

နောက်ဆုံးတွင် သူက အိတ်ကို ပုတ်လိုက်ပြီး ပိုင်ရှောင်ချန်းကို နှောင့်ယှက်ရန် မျှော်လင့်ချက်များဖြင့် တွေ့ကရာပစ္စည်းများအား ဘယ်ညာပစ်ပေါက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုဖြစ်ရပ်ကြောင့် ဝမ်းမြောက်သွားပြီး သူ့ကိုယ်သူ ခါတိုင်းထက်ပို၍ ဂုဏ်ယူသွားတောသည်။ သူက အလွန်အမင်း အံ့သြစရာကောင်းသည့်အတွက် သူ၏ရန်သူများမှာ သူ့ကိုအရှိန်လျှော့စေရန် မျှော်လင့်ချက်များဖြင့် တွေ့ကရာမှော်ပစ္စည်းများအား မတတ်သာသည့်အဆုံး ပစ်ပေါက်နေရသည် မဟုတ်ပါလော။

" ဒါက လိုက်ဖမ်းတဲ့နေရာမှာ သေချာပေါက် ထိပ်ဆုံးအဆင့် နည်းလမ်းပဲ။ ဘယ်နည်းလမ်းမှ မီနိုင်မှာ မဟုတ်ဘူး "

ပိုင်ရှောင်ချန်းက သက်ပြင်းချ၍ ပစ္စည်းပေါင်းသောင်းခြောက်ထောင်အား စုဆောင်းလိုက်သည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်အကြား ဝေးကွာလာပြီး လျှပ်စီးတိမ်တိုက်သခင်မှာ စိတ်သက်သာရကာ သက်ပြင်းချလိုက်တော့သည်။

သို့သော် ပိုင်ရှောင်ချန်းက သူ့ကို လိုက်နေဆဲဖြစ်သည့်အတွက်ကြောင့် သူက သူ၏လျှိ့ဝှက်မှော်ပညာကို အသုံးပြုနေခြင်းအား မရပ်ရဲပေ။

" အခုထိ လက်မလျှော့ဘူး။ ဒီကောင်ဘာဖြစ်နေတာတုန်းကွာ။ ငါသူ့ကို ဒီအတိုင်းအလစ်တိုက်လိုက်တာလေးပဲကို။ ပြီးတော့ အဲဒါက အလုပ်တောင်မဖြစ်ပါဘူး။ နတ်အဆင့်ကျင့်ကြံသူတွေက တစ်ယောက်နဲ့တစ်ယောက် တချိန်လုံး အဲဒီလိုလုပ်နေကျပဲကို "

လျှပ်စီးတိမ်တိုက်သခင်မှာ အချိန်မရွေး ရူးတော့မည့်အလား ခံစားနေရတော့သည်။ ယခုတွင် သူသည် သောက်ကျိုးနည်းကောင်ပိုင်ရှောင်ချန်းအား ရန်စမိ၍ နောင်တရနေလေပြီ။

တချိန်တည်းမှာပင် သူက အခြားလျှပ်စီးတိမ်တိုက်သခင်နှင့် နီးကပ်အောင် မတူညီသောလျှို့ဝှက်မှော်ပညာတစ်ရပ်ကို အသုံးပြုလိုက်သည်။ ကံဆိုးစွာပင် သူ၏နောက်တစ်ပိုင်းမှာ အကူအညီပေးရန် အလွန်ဝေးကွာလွန်းနေသည်။

All Chapters