← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

လီမွန်ဆိုဒါသကြားလုံး

အခန်း ၁၀ ။ လီမွန် : ရဲရင့်ပြီး တောက်ပတယ်

အင်္ဂါနေ့။

ပြိုင်ပွဲကျင်းပရန် ၃ ရက်သာ လိုတော့သည်။ ချန်လော့ပိုင်နှင့်အဖွဲ့သည် စာသင်ချိန်နီးမှသာ ကျောင်းပြန်ရောက်လာတတ်သဖြင့် ကျိုးအန်းရန်သည် အတန်းပြင်ပတွင် သူ့ကိုတွေ့ရန် မမျှော်လင့်တော့ပေ။

ညနေပိုင်းတွင် သူမသည် ယန်ရှင်းချန်း၊ ရှန့်ရှောင်ဝမ်တို့နှင့်အတူ ကျောင်းပြင်ပတွင် ထမင်းစားပြီး အတန်းထဲသို့ တန်းပြန်လာခဲ့သည်။

ထိုင်ခုံသို့ ပြန်ရောက်ချိန်တွင် ရှေ့ခုံမှ ကျန်းရူရှန်းသည် အင်္ဂလိပ်စာလုံးပေါင်း ကျက်ရင်း အသားညှပ်ပေါင်မုန့် စားနေသည်ကို တွေ့လိုက်ရသည်။

ယန်ရှင်းချန်းက မေးလိုက်သည်။ "နင် ဘာလို့ တစ်ယောက်တည်း ပေါင်မုန့်စားနေတာလဲ... လိုယိချီရော"

ကျန်းရူရှန်း ခေါင်းမမော့ဘဲ ဖြေသည်။ "သူက ယင်းယီကျန်းနဲ့အတူ ချန်လော့ပိုင်တို့ လေ့ကျင့်တာ သွားကြည့်တယ်လေ။ ငါနဲ့ ထမင်းစားဖို့ ဘယ်သတိရတော့မလဲ"

ကျိုးအန်းရန် ကုလားထိုင်ဆွဲနေသော လက် ရပ်တန့်သွားသည်။

ရှန့်ရှောင်ဝမ်နှင့် ယန်ရှင်းချန်းတို့ အံ့သြသွားကြသည်။

"ဘယ်သူနဲ့" ယန်ရှင်းချန်း နားကြားမှားသည် ထင်၍ မေးလိုက်သည်။

ရှန့်ရှောင်ဝမ်ကလည်း ထပ်မေးသည်။ "သူနဲ့ ယင်းယီကျန်းလား... ဘယ်လိုဖြစ်တာလဲ။ သူတို့နှစ်ယောက် ဘယ်တုန်းက ပေါင်းသွားကြတာလဲ"

ကျန်းရူရှန်းက ခေါင်းမမော့ဘဲ ရယ်မောလိုက်သည်။ လေသံတွင် မကျေနပ်မှုများ ပါဝင်နေသည်။ "အဲ့ဒါ ငါ ဘယ်လိုလုပ် သိမလဲ"

အင်္ဂလိပ်စာဆရာမက မနက်ဖြန် စာလုံးပေါင်း စစ်ဆေးမည်ဟု ပြောထားသဖြင့် ယန်ရှင်းချန်းနှင့် ရှန့်ရှောင်ဝမ်တို့ ဆက်မမေးတော့ဘဲ ကိုယ့်နေရာကိုယ် ပြန်သွားကြသည်။

ကျိုးအန်းရန် ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီး သင်္ချာအိမ်စာ စာအုပ်ကို ထုတ်လိုက်သည်။

ညပိုင်းစာလေ့လာချိန် နီးကပ်လာမှ လိုယိချီ ပြန်ရောက်လာသည်။ ထိုအချိန်တွင်ပင် နောက်ဘက်မှ ကျုရန်က "ပင်ပန်းလိုက်တာ" ဟု အော်လိုက်သံနှင့် ချန်လော့ပိုင်က "မင်းက ဒီလောက်နဲ့ မရသေးဘူးလား" ဟု လှောင်ပြောင်သံများ ကြားလိုက်ရသည်။ လိုယိချီ၏မျက်နှာပေါ်တွင် ဖုံးဖိမရနိုင်သော စိတ်လှုပ်ရှားမှုများကို ကျိုးအန်းရန် ဘေးတိုက်မြင်လိုက်ရသည်။

လိုယိချီသည် သကြားလုံးဘူးလေးတစ်ဘူးကို ကျန်းရူရှန်းဘက်သို့ တိုးပေးလိုက်သည်။ "စားမလား... ချန်လော့ပိုင် တိုက်တာ"

ကျိုးအန်းရန် ဘောပင်ကို ကိုင်ထားသော လက်ချောင်းထိပ်များ တင်းကျပ်သွားသည်။

"ချန်လော့ပိုင်... ချန်လော့ပိုင်..." ကျန်းရူရှန်း ခေါင်းမော့လာပြီး ဒေါသတကြီး ပြောလိုက်သည်။ "နင့်ခေါင်းထဲမှာ ချန်လော့ပိုင်ပဲ ရှိတော့တာလား"

ကောင်လေးတစ်သိုက် ပြန်ရောက်လာသဖြင့် အတန်းထဲတွင် ဆူညံနေပြီး ကျန်းရူရှန်း၏ အသံမှာ သိပ်မကျယ်သော်လည်း လိုယိချီ လှည့်ကြည့်လိုက်သည်။

ကျိုးအန်းရန် ခေါင်းငုံ့ထားသော်လည်း လိုယိချီ၏ အသံကို ကြားနေရသည်။ "နင် ဘာဖြစ်နေတာလဲ။ မစားချင်ရင်လည်း မစားနဲ့ပေါ့။ ဘာလို့ ဒေါသထွက်နေရတာလဲ"

ထိုအချိန်တွင် စာလေ့လာချိန် ခေါင်းလောင်းသံ မြည်လာသည်။ အတန်းထဲမှ ဆူညံသံများ တိတ်ဆိတ်သွားသည်။

ယန်ရှင်းချန်းက ဘေးနားမှ စာရွက်တစ်ရွက် တွန်းပေးလာသည်။ "သူတို့ ရန်ဖြစ်နေကြတာလား"

ကျိုးအန်းရန် မော့ကြည့်လိုက်ရာ လိုယိချီ၏ စားပွဲပေါ်တွင် သကြားလုံးဘူးလေး ရှိနေဆဲဖြစ်သည်။ သူမ စာရွက်ပေါ်တွင် ပြန်ရေးပေးလိုက်သည်။ "မသိဘူး... စာလုံးပေါင်းပဲ ကျက်တော့"

ယန်ရှင်းချန်းက မျက်နှာပြောင်သော ရုပ်ပုံလေး ဆွဲပေးလိုက်သည်။

ကျိုးအန်းရန် ပြုံးလိုက်မိသော်လည်း ရင်ထဲတွင် ခါးသက်သက် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

သူမ ခေါင်းငုံ့ပြီး စာလုံးပေါင်း ဆက်ကျက်နေလိုက်သည်။ ရှုပ်ထွေးပြီး မှားလွယ်သော စာလုံးများကို ထပ်ခါထပ်ခါ ရေးမှတ်နေသည်။ အတွေးများ လွင့်ပါးသွားပြန်သည်။

"ချန်လော့ပိုင် တိုက်တာ" တဲ့လား။

သတိပြန်ဝင်လာသောအခါ အင်္ဂလိပ်စာလုံးများအောက်တွင် တရုတ်စာလုံးတစ်လုံး ပိုရေးမိထားသည်ကို တွေ့လိုက်ရသည်။

ချန် ဆိုသော စာလုံးကို ပိုရေးမိထားခြင်း ဖြစ်သည်။

ကျိုးအန်းရန် ရင်ထိတ်သွားပြီး စာရွက်ကို လက်ဖြင့် အမြန်အုပ်လိုက်သည်။ ခေါင်းမော့ကြည့်လိုက်ရာ အားလုံး စာလုပ်နေကြသဖြင့် မည်သူမျှ သတိမထားမိပေ။

ရင်ခုန်သံများ ပြန်လည်ငြိမ်သက်သွားသည်။

ကျိုးအန်းရန် လက်ဖြင့်ကာပြီး ထိုစာလုံးကို ဘောပင်ဖြင့် မည်းနက်နေအောင် ခြစ်ပစ်လိုက်သည်။ ပေါက်ကြားလုနီးပါးဖြစ်သွားသော လျှို့ဝှက်ချက်တစ်ခုကို ရင်ထဲသို့ အတင်းပြန်ထည့်လိုက်သကဲ့သို့ပင်။

ရှေ့ခုံနှစ်ယောက်၏ ဆက်ဆံရေးမှာ အေးစက်သွားပြီး တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြတော့ပေ။

နောက်တစ်နေ့မနက် အတန်းချိန်များ ပြီးဆုံး၍ ရူပဗေဒဆရာ ထွက်သွားပြီးနောက် ကျိုးအန်းရန်သည် ယန်ရှင်းချန်းနှင့်အတူ ထမင်းစားသွားရန် စာအုပ်များသိမ်းဆည်းနေစဉ် ကျန်းရူရှန်းက လိုယိချီကို တွန့်ဆုတ်စွာဖြင့် ကြည့်လိုက်သည်။

"ငါ..."

လိုယိချီက သူမစကားကို နားထောင်ခြင်းမရှိဘဲ ဘောပင်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။

ကျန်းရူရှန်း၏ စကားများ ရပ်တန့်သွားသည်။

နောက်ဘက်မှ ချိုသာသော မိန်းကလေးအသံ ထွက်ပေါ်လာသည်။ "ယိချီ... ဒီနေ့ ငါတို့နဲ့ အတူလိုက်ဦးမလား"

ကျိုးအန်းရန် လှည့်ကြည့်လိုက်ရာ ယင်းယီကျန်းသည် အနောက်ပေါက်တွင် ရပ်နေပြီး ချန်လော့ပိုင်သည်လည်း အနောက်ပေါက်မှ ထွက်သွားခါစ ဖြစ်သည်။ ရုတ်တရက်ကြည့်လိုက်လျှင် ကောင်လေး၏ လက်မောင်းသည် မိန်းကလေး၏ ပခုံးနှင့် ထိလုနီးပါး ဖြစ်နေသည်။

ကျိုးအန်းရန် မျက်လုံးထဲတွင် ပူလောင်သွားသလို ခံစားရပြီး အကြည့်လွှဲလိုက်သည်။

"လိုက်မှာပေါ့... ခဏလေး စောင့်" လိုယိချီက အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲထည့်ကာ အနောက်ပေါက်သို့ လျှောက်သွားသည်။

ကျန်းရူရှန်းသည် စားပွဲပေါ် မှောက်ချလိုက်သည်။

ယန်ရှင်းချန်းက ကျိုးအန်းရန်၏ လက်မောင်းကို ဆွဲလိုက်သည်။ "ရန်ရန် သွားကြစို့... ငါ ဗိုက်ဆာနေပြီ"

"ခဏလေး" ကျိုးအန်းရန် တိုးတိုးလေးပြောပြီး ရှေ့ခုံမှ ကျန်းရူရှန်းကို ညွှန်ပြလိုက်သည်။

ယန်ရှင်းချန်း ကြည့်လိုက်ရာ ကျန်းရူရှန်း၏ ပခုံးများ တုန်ခါနေသည်ကို တွေ့လိုက်ရသည်။ သူမ ကျိုးအန်းရန်ကို လှည့်ကြည့်ပြီး ပါးစပ်လှုပ်ရုံဖြင့် မေးလိုက်သည်။ "ငိုနေတာလား"

ကျိုးအန်းရန်လည်း "ဟုတ်မယ်ထင်တယ်" ဟု ပါးစပ်လှုပ်ရုံဖြင့် ပြန်ဖြေလိုက်သည်။

ထို့နောက် ကျိုးအန်းရန်သည် တစ်ရှူးတစ်ထုပ်ကို ထုတ်လိုက်ပြီး အရှေ့သို့လျှောက်ကာ ကျန်းရူရှန်းလက်ထဲ ထည့်ပေးလိုက်သည်။

ကျန်းရူရှန်း၏ ပခုံးလှုပ်ရှားမှု ရပ်တန့်သွားသည်။

ကျိုးအန်းရန်က တိုးတိုးလေး မေးလိုက်သည်။ "နင် နေ့လယ်စာ ဘာစားချင်လဲ။ ငါနဲ့ ရှင်းချန်း ဝယ်လာပေးမယ်လေ"

ကျန်းရူရှန်း ပြန်မဖြေဘဲ ခေါင်းခါပြလိုက်သည်။

အတန်းထဲမှ လူအချို့ လှမ်းကြည့်နေကြပြီ ဖြစ်သည်။ ကျိုးအန်းရန်သည် ကိုယ်သာ ငိုနေလျှင် သူများအကြည့်မခံချင်မှန်း သိသဖြင့် ဆက်မပြောတော့ပေ။ "ဒါဆို ငါတို့ သွားတော့မယ်နော်"

အပြင်တွင် ထမင်းစားပြီး စတိုးဆိုင်ဝင်ကာ အသားညှပ်ပေါင်မုန့် ဝယ်လာခဲ့သည်။ ကျန်းရူရှန်း ငိုထားသည်ကို သတိရပြီး ကျိုးအန်းရန် လက်က တုန့်ဆိုင်းသွားသည်။ ကျန်းရူရှန်းသည် မနေ့က သကြားလုံးကို စိတ်ဆိုးခဲ့သော်လည်း အချိုကြိုက်တတ်သည်။ ထို့ကြောင့် ကျိုးအန်းရန် ကိတ်မုန့်တစ်လုံးပါ ထပ်ယူလိုက်သည်။

အတန်းထဲပြန်ရောက်သောအခါ ကျန်းရူရှန်းသည် ခေါင်းငုံ့ပြီး အိမ်စာလုပ်နေသည်။

ကျိုးအန်းရန် သူမဘေးနားသို့ သွားလိုက်သည်။ "ရူရှန်း... နင် ထမင်းစားပြီးပြီလား။ ငါ ကိတ်မုန့် ပိုဝယ်လာတယ်... နင် စားမလား"

ကျန်းရူရှန်း မော့ကြည့်လာသည်။ မျက်လုံးများ နီရဲနေဆဲ။ "ရတယ်... ဘယ်လောက်လဲ ငါ ပြန်ပေးမယ်"

"မလိုပါဘူး" ကျိုးအန်းရန် ခေါင်းခါလိုက်သည်။ "နင် မနေ့က သကြားလုံး ကျွေးထားတာပဲလေ"

ကျန်းရူရှန်းက ကိတ်မုန့်ကို လှမ်းယူလိုက်သည်။ "ဒါဆို မနက်ဖြန် မနက်စာ ငါဝယ်ကျွေးမယ်"

ကျိုးအန်းရန် နေရာပြန်ထိုင်ပြီး ယန်ရှင်းချန်းကို မနက်က ရူပဗေဒ သင်ခန်းစာ ရှင်းပြနေလိုက်သည်။

ကျန်းရူရှန်း ကိတ်မုန့်စားပြီးနောက် နောက်လှည့်ကာ ညည်းတွားလိုက်သည်။ "တကယ်တော့ မနေ့က ငါ့မွေးနေ့လေ။ ငါတို့နှစ်ယောက် အတူတူ ထမင်းစားဖို့ ချိန်းထားတာ။ မနေ့ညနေက သူ အရင်ချိန်းဖျက်လိုက်တာ။ တောင်းပန်စကားမပြောတဲ့အပြင် ငါက အရင်ခေါ်တာကိုတောင် စိတ်ဆိုးပြီး ဘောပင် ပေါက်ချလိုက်သေးတယ်"

လိုယိချီနှင့် ကျန်းရူရှန်းသည် အလွန်ခင်မင်ကြသည်။ ကျိုးအန်းရန် ဘာပြန်ပြောရမှန်း မသိသဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ "မွေးနေ့မှာ ပျော်ပျော်နေရတယ်လေ။ နောက်ကျသွားပေမယ့် Happy Birthday ပါ။ ကိတ်မုန့်က မွေးနေ့လက်ဆောင်ပေါ့။ မနက်စာ ဝယ်ကျွေးစရာ မလိုပါဘူး"

ယန်ရှင်းချန်းကလည်း ဝင်ပြောသည်။ "Happy Birthday ရူရှန်း"

ကျန်းရူရှန်းက ကျေးဇူးတင်စကား ပြောလိုက်သည်။ "ကျေးဇူးပါ... ဒါဆို ငါ ညနေကျရင် နင်တို့နဲ့ လိုက်စားလို့ရမလား။ တစ်ယောက်တည်း မစားချင်လို့"

ကျိုးအန်းရန် ခေါင်းငြိမ့်လိုက်သည်။ "ရတာပေါ့... ငါတို့ ကန်တင်းမှာ စားကြမလို့"

"ငါလည်း ပိုက်ဆံပြတ်နေတာ" ကျန်းရူရှန်း အသံတိုးသွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ "ပိုက်ဆံစုပြီး သူ့ကို အပြင်ထွက်ကျွေးမလို့ လုပ်ထားတာ"

လိုယိချီသည် စာသင်ချိန်နီးမှ ပြန်ရောက်လာသည်။ ဒီတစ်ခါ နွားနို့ဘူး ကိုင်လာပြန်သည်။ ကိုယ်တိုင်ဝယ်တာလား၊ သူများတိုက်တာလား မသိ။

ညနေပိုင်း အတန်းဆင်းချိန်တွင် လိုယိချီ နွားနို့ကို မသောက်ရသေးပေ။ သူမ စာအုပ်ပိတ်လိုက်ပြီး ကျန်းရူရှန်းကို မေးလိုက်သည်။ "ဒီညနေ ဘယ်သွားစားမလဲ"

ကျန်းရူရှန်း - "ငါ အန်းရန်တို့နဲ့ စားမလို့။ ဘာလဲ... ယင်းယီကျန်းက နင့်ကို မခေါ်တော့လို့ ငါ့ကို သတိရလာတာလား"

လိုယိချီ မျက်နှာပျက်သွားသည်။ "နင်ကြိုက်တဲ့သူနဲ့ သွားစား"

……

ရှေ့ခုံနှစ်ယောက်၏ ဆက်ဆံရေးသည် တင်းမာနေဆဲဖြစ်ပြီး ဘောလုံးပွဲနေ့အထိ ပြေလည်သွားခြင်း မရှိပေ။

ထိုကာလအတွင်း လိုယိချီသည် ယင်းယီကျန်းနှင့်အတူ လေ့ကျင့်ရေးကွင်းသို့ နောက်ထပ်တစ်ကြိမ် လိုက်သွားပြန်သည်။ ပြန်လာသောအခါ ဒိန်ချဉ်တစ်ဘူး ပါလာသည်။

ယန်ရှင်းချန်းကဲ့သို့ ပေါ့ပေါ့နေတတ်သူကို ကျိုးအန်းရန် တစ်ခါတစ်ရံ အားကျမိသည်။ ဘာမှ သတိမထားမိသလို၊ လျှောက်ပြီး တွေးတောနေခြင်းလည်း မရှိပေ။

သောကြာနေ့ရောက်သောအခါ အတန်းတစ်ခုလုံး လှုပ်ရှားတက်ကြွနေသည်။ နောက်ဆုံး အတန်းပိုင်ချိန်တွင် ဆရာကောင်း ပင်လျှင် မထိန်းနိုင်တော့ပေ။

"ငြိမ်ငြိမ်နေကြ" ဆရာကောင်းက စားပွဲကို ပုတ်လိုက်သည်။ "ခဏနေ ဘောလုံးပွဲ ရှိတာ သိပါတယ်... ဒါပေမဲ့ အခု စာသင်ချိန်လေ။ စိတ်ကို ပြန်စုကြ... အထူးသဖြင့် ကျုရန်... မင်း ချန်လော့ပိုင်ကို စကားလှမ်းပြောနေတာ ၃ ကြိမ် ရှိပြီ"

ကျုရန်က အနောက်မှ ပြုံးဖြီးဖြီးဖြင့် ပြန်ပြောသည်။ "ဆရာ... ကျွန်တော် စိတ်ကို ဘယ်လိုစုရမလဲ။ ကျွန်တော့်စိတ်ထဲမှာ နိုင်ချင်စိတ်တွေ၊ အတန်းဂုဏ်ဆောင်ချင်စိတ်တွေပဲ ပြည့်နှက်နေတာ"

ဆရာကောင်း စိတ်ဆိုးရမလို ရယ်ရမလို ဖြစ်သွားပြီး မြေဖြူခဲ ပစ်ပေါက်လိုက်သည်။ "အပိုတွေ... အတန်းဂုဏ်ဆောင်ချင်စိတ်တဲ့။ မင်းတို့ တကယ်ရော နိုင်မှာမို့လို့လား"

တစ်တန်းလုံး ရယ်မောပြီး နောက်လှည့်ကြည့်ကြသည်။ ကျိုးအန်းရန်လည်း လိုက်ကြည့်လိုက်သည်။ ကျုရန်က နောက်ဆုံးခုံတွင် ထိုင်နေသဖြင့် သူ့ကို မမြင်ရပေ။

ဒါပေမဲ့ သူ့ဘေးကလူကိုတော့ မြင်ရသည်။ သူမ ကြည့်ချင်သော သူတစ်ယောက်တည်းကိုသာ။

ကောင်လေးသည် ကုလားထိုင်ကို နောက်မီပြီး ခြေထောက်နှစ်ချောင်းဖြင့် ဟန်ချက်ထိန်းကာ လှုပ်ကစားနေသည်။

မပြုတ်ကျမှန်း သိသော်လည်း ကျိုးအန်းရန် ရင်ပူနေမိသည်။ ကုလားထိုင် ပြန်ငြိမ်သွားမှ စိတ်အေးသွားသည်။

ချန်လော့ပိုင် - "ဆရာ... ကျွန်တော်တို့က စစ်သည်တော်တွေဆိုရင် ဆရာက စစ်သူကြီးလေ။ တိုက်ပွဲမဝင်ခင် စိတ်ဓာတ်ကျအောင် မလုပ်ပါနဲ့"

ဆရာကောင်းသည် ပြီးခဲ့သောတစ်ခေါက် ရန်ပွဲကို တားဆီးပေးခဲ့သူဖြစ်၍ သူ့ကို မြေဖြူခဲနှင့် မပေါက်တော့ဘဲ လက်ညှိုးထိုးပြလိုက်သည်။ "မင်းလည်း လိုက်ရှုပ်နေတာလား။ ကဲ... အတန်းပိုင်ချိန်ကို ၅ မိနစ် စောဆင်းပေးမယ်။ ဒါဆို စိတ်ဓာတ်တက်ကြွသွားပြီလား"

ကျုရန် ခုန်ထလိုက်သည်။ "ဆရာ့ကို ချစ်တယ်"

"ထိုင်... မဆူနဲ့" ဆရာကောင်း စားပွဲကို ထပ်ပုတ်လိုက်သည်။ "ကျောင်းအုပ်ကြီးဆီ ငါ တောင်းဆိုထားတာ။ မင်းတို့ အဆင့် ၁ ရထားလို့ ဆုချတဲ့အနေနဲ့။ ဒါပေမဲ့ တစ်ခုရှိတယ်။ အောက်ဆင်းရင် တိတ်တိတ်ဆိတ်ဆိတ် သွားကြ။ တခြားအတန်းတွေ စာသင်နေတာကို နှောင့်ယှက်ရင် အကုန်ပြန်လာခဲ့ရမယ်... ကြားလား"

ကျိုးအန်းရန် အနောက်ဘက်တွင် ကောင်လေးက အလေးပြုသကဲ့သို့ လက်မြှောက်လိုက်သည်ကို မြင်လိုက်ရသည်။ "အမိန့်တော်အတိုင်းပါ"

ဆရာကောင်းက ကတိအတိုင်း ၅ မိနစ် စောဆင်းပေးလိုက်သည်။

ချန်လော့ပိုင်တို့အဖွဲ့ အဝတ်အစားလဲရန် သန့်စင်ခန်းသို့ သွားကြသည်။

ကျိုးအန်းရန်နှင့် ယန်ရှင်းချန်းတို့က နေရာဦးရန် ဘောလုံးကွင်းသို့ ပြေးကြသည်။

လှေကားဆင်းချိန်တွင် ရှေ့ရောနောက်ပါ အတန်းဖော်များ ရှိနေသော်လည်း အားလုံး တိတ်ဆိတ်စွာ ဆင်းလာကြသည်။ အားလုံး၏ မျက်နှာတွင် ပျော်ရွှင်မှုများ အထင်းသား ပေါ်နေသည်။

ချန်လော့ပိုင်က ပထမတန်း၊ တတိယမြောက်ကွင်းကို ရွေးချယ်ထားခြင်းဖြစ်သည်။ ပဋိပက္ခ စတင်ခဲ့သော နေရာတွင် အဆုံးသတ်ရန် ရည်ရွယ်ပုံရသည်။

အခန်း (၂) ၏ ကွင်းဘက်အခြမ်းမှာ လမ်းဘက်တွင်ရှိသဖြင့် အတန်းသားအများစု ထိုနေရာတွင် စုဝေးနေကြသည်။

ကျိုးအန်းရန်နှင့် ယန်ရှင်းချန်းတို့သည် ဒုတိယမြောက်ကွင်းနှင့် ကပ်လျက် စည်းအပြင်ဘက်တွင် ရပ်လိုက်ကြသည်။ ရှန့်ရှောင်ဝမ်နှင့် ကျန်းရူရှန်းတို့က သူမတို့နား လာရပ်မလို့ လုပ်စဉ် တုန်းချန်က နေရာဦးလိုက်ပြီး ဟယ်မင်ယွီကိုပါ ဆွဲခေါ်လာသည်။

ရှန့်ရှောင်ဝမ် မျက်လုံးလှန်ကြည့်လိုက်ပြီး ဘာမှမပြောတော့။

ယန်ရှင်းချန်းကမူ တုန်းချန်ကို ရွံသလို ကြည့်လိုက်သည်။ "နင်က ငါ့ဘေးနား ဘာလာလုပ်တာလဲ"

တုန်းချန်ကလည်း ပြန်ရွဲ့လိုက်သည်။ "ဒီနေရာ နင်ပိုင်လို့လား"

ယန်ရှင်းချန်း သူ့ကို ဂရုမစိုက်တော့ဘဲ ကျိုးအန်းရန်နား ကပ်လိုက်သည်။

ကျိုးအန်းရန် ပြုံးလိုက်မိသည်။

စာသင်ဆောင်နှင့် အနည်းငယ် ဝေးကွာသွားပြီဖြစ်၍ အတန်းစောဆင်းရသည့် ပျော်ရွှင်မှုကြောင့် ကွင်းပြင်တစ်ခုလုံး ဆူညံနေသည်။

ကောင်လေးအချို့ ရေသန့်ဘူးများ သယ်လာကြသည်။ လိုယိချီက သွားကူသယ်ပေးသည်။ "ငါနဲ့ ယင်းယီကျန်း ဒီနေ့ ရေကူဝေပေးမယ်လို့ ပြောထားတယ်"

ကျိုးအန်းရန် အပြုံးပျက်သွားသည်။

"ဘယ်သူနဲ့ ပြောထားတာလဲ" ကျုရန် ရောက်လာပြီး မေးလိုက်သည်။ "နင်တို့ဘာသာ လုပ်ချင်တာ မဟုတ်ဘူးလား"

လိုယိချီ ရေသန့်ဘူးဖောက်နေသော လက် ရပ်တန့်သွားပြီး ပြန်မော့ကြည့်ကာ ပြုံးလိုက်သည်။ "နင်တို့မှ မငြင်းတာ"

ကောင်လေးတစ်ယောက်က ကျုရန်ကို မေးလိုက်သည်။ "မင်းပဲ ရောက်လာတာလား... အစ်ကိုလော့ရော"

ကျုရန်က လက်ခြေဆန့်ထုတ်ရင်း ဖြေလိုက်သည်။ "အနောက်မှာ လာနေကြပြီ"

တစ်စုံတစ်ယောက်က အော်လိုက်သည်။ "လာကြပြီ ဟေ့"

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။

နေဝင်ချိန်၏ ကောင်းကင်သည် အနီရောင် ပြေးနေသည်။ ကောင်လေးသည် အပေါင်းအဖော်များနှင့်အတူ ပထမကွင်းထဲသို့ ဝင်လာသည်။ အနီရောင် ဘတ်စကက်ဘောဝတ်စုံသည် နေရောင်အောက်တွင် တောက်ပြောင်နေပြီး၊ သူ၏ မျက်နှာသည် ပို၍ ထင်ရှားပြတ်သားနေသည်။

ဘေးနားမှ တစ်ယောက်ယောက်က တစ်ခုခု ပြောလိုက်သဖြင့် သူ ခေါင်းငဲ့ကာ ရယ်မောလိုက်သည်။ ရဲရင့်ပြီး တောက်ပနေသည်။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၁၁ ။ လီမွန် အလင်းရောင် ထွက်နေသလို တောက်ပလွန်းတယ်

ချန်လော့ပိုင်သည် ကျောင်းတွင် မည်မျှ ရေပန်းစားကြောင်း ကျိုးအန်းရန် လျှော့တွက်မိခဲ့သည်၊ သို့မဟုတ် ကျောင်းသားများက ဒီပွဲကို မည်မျှ စိတ်ဝင်စားကြောင်း လျှော့တွက်မိခဲ့သည်။

သောကြာနေ့ နောက်ဆုံးအတန်းချိန်ပြီး၍ ခေါင်းလောင်းထိုးသည်နှင့် ကျောင်းဆင်းချိန် အိမ်ပြန်ကြမည့် ကျောင်းသားအများစုသည် အိမ်မပြန်ကြဘဲ ဘောလုံးကွင်းသို့ ရောက်ရှိလာကြသည်။ ပထမတန်း၊ တတိယမြောက်ကွင်းကို လူအုပ်ကြီးက ပိတ်ဆို့ထားသကဲ့သို့ ဝိုင်းရံထားကြသည်။

အခန်း (၁၀) မှ ကစားသမားများပင် လူအုပ်ကို တိုးဝှေ့ပြီးမှ ဝင်လာနိုင်ကြသည်။ အခန်း (၁၀) မှ ကျောင်းသားများမှာမူ နေရာမရသဖြင့် ဟိုတစ်စုသည်တစ်စု ပြန့်ကျဲနေကြသည်။ အခန်း (၂) ကဲ့သို့ စောစောရောက်ပြီး နေရာဦးထားသူများလို စုစည်းမှု မရှိကြပေ။

နီးကပ်သော စာသင်ဆောင် ဝရန်တာများတွင်လည်း ပရိသတ်များ ပြည့်နှက်နေသည်။

နှစ်ဖက် ကစားသမားများ စုံလင်သည်နှင့် ပြိုင်ပွဲစတင်ရန် ပြင်ဆင်ကြသည်။

တရားဝင် ဘတ်စကက်ဘောပွဲတွင် ကစားသမား ၁၂ ဦးအထိ စာရင်းပေးသွင်းနိုင်သော်လည်း အခန်း (၂) သည် စာတော်သော အတန်းဖြစ်၍ အားကစားဘက်တွင် လူနည်းသည်။ ထို့ပြင် လူတိုင်းက ဘတ်စကက်ဘော စိတ်ဝင်စားသည် မဟုတ်။ တုန်းချန်နှင့် ဟယ်မင်ယွီတို့ဆိုလျှင် ဘောလုံးနှင့် စားပွဲတင်တင်းနစ်ကို ပိုအားသန်ကြသည်။ ထို့ကြောင့် အခန်း (၂) မှ ဝင်ပြိုင်သူမှာ ချန်လော့ပိုင်တို့ ၃ ယောက်နှင့် နောက်ထပ် ၂ ယောက် စုစုပေါင်း ၅ ယောက်သာ ရှိသည်။ လူစားလဲမည့်သူ မရှိပေ။

ကျိုးအန်းရန်သည် ချန်လော့ပိုင်၏ ဘောလုံးကစားသည့်ပုံစံကို တစ်ခါမျှ မမြင်ဖူးသော်လည်း လူတိုင်းက သူ့ကို ချီးကျူးနေကြသဖြင့် သူ ဘယ်လောက်တော်လဲဆိုတာ သိချင်နေမိသည်။

"ဟေး... ဟူခွန်းက အရပ်တော်တော်ရှည်တာပဲ" ရှန့်ရှောင်ဝမ်က ပြောလိုက်သည်။

ဟူခွန်းသည် ချန်လော့ပိုင်ထက် အရပ်နည်းနည်း ပိုရှည်သော်လည်း ချန်လော့ပိုင်က သူ့ရှေ့တွင် မားမားမတ်မတ် ရပ်နေပုံမှာ လုံးဝ အားနည်းသွားပုံမရပေ။

ဒိုင်လူကြီးအဖြစ် အားကစားဆရာတစ်ယောက်က တာဝန်ယူသည်။ ဘောလုံးကို လေထဲသို့ မြှောက်တင်လိုက်သည်။

ဟူခွန်းက အရပ်အမောင်းသာသဖြင့် ဘောလုံးကို ဦးအောင် ပုတ်ထုတ်လိုက်နိုင်ပြီး အခန်း (၁၀) ဘက်သို့ ဘောလုံးရောက်သွားသည်။

ပထမဆုံး ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးသွားသော်လည်း ချန်လော့ပိုင်က စိတ်လှုပ်ရှားပုံမပြဘဲ အသင်းဖော်များကို နေရာယူရန် အချက်ပြလိုက်သည်။

ပွဲစသည်နှင့် အခန်း (၁၀) က အသာစီးရနေသည်။ ဟူခွန်းသည် ကျောင်းလက်ရွေးစင်ဖြစ်သည့်အတိုင်း ကျွမ်းကျင်မှုရှိပြီး အမှတ် (၂) အထက်တန်းကျောင်း၏ အဓိကကစားသမား မဟုတ်သော်လည်း သာမန်ကျောင်းသားများနှင့် ယှဉ်လျှင် အဆင့်အတန်း ကွာခြားသည်။

သူသည် ချန်လော့ပိုင်၏ ကာကွယ်မှုကို ကျော်ဖြတ်ပြီး လေးမှတ်ဆက်တိုက် သွင်းယူလိုက်သည်။

"ဟာ... ဟူခွန်းက တော်တော်ကောင်းတာပဲ" ယန်ရှင်းချန်းက စိုးရိမ်တကြီး ပြောသည်။

ကျိုးအန်းရန်လည်း လက်သီးဆုပ်ထားမိသည်။ သူမ၏ မျက်လုံးများသည် အနီရောင် အင်္ကျီနံပါတ် ၁၁ ဝတ်ထားသော ကောင်လေးထံမှ မခွာနိုင်ပေ။

ချန်လော့ပိုင်သည် စိတ်မလှုပ်ရှားဘဲ တည်ငြိမ်နေသည်။ ဘောလုံးကို လက်ခံရရှိသည်နှင့် တည်ငြိမ်စွာ ရှေ့သို့ ဆွဲပြေးလာသည်။ ဟူခွန်းက သူ့ကို လာပိတ်သည်။

ချန်လော့ပိုင်သည် ဘောလုံးကို ဘယ်ညာပြောင်းကာ ဟူခွန်းကို လှည့်စားလိုက်ပြီး ရုတ်တရက် နောက်ဆုတ်ကာ ၃ မှတ်တန်းအပြင်မှ ပစ်သွင်းလိုက်သည်။

"ဒိန်း" ဘောလုံးသည် ခြင်းထဲသို့ သေသပ်စွာ ဝင်သွားသည်။

"ဝါး..." ပရိသတ်များ၏ အော်ဟစ်အားပေးသံများ ဆူညံသွားသည်။

ချန်လော့ပိုင် ပြုံးလိုက်ပြီး လက်သီးဆုပ်ပြလိုက်သည်။ နေရောင်အောက်တွင် သူ့မျက်နှာသည် တောက်ပနေပြီး ချွေးစက်များက ပိုမို ဆွဲဆောင်မှု ရှိစေသည်။

ပွဲက ပို၍ ပြင်းထန်လာသည်။ ဟူခွန်းကလည်း အားမလျှော့ဘဲ ပြန်လည်တိုက်စစ်ဆင်သည်။ သို့သော် ချန်လော့ပိုင်၏ ကစားကွက်က ပို၍ ပါးနပ်သည်။ သူသည် တစ်ကိုယ်တော် ကောင်းရုံသာမက အသင်းဖော်များကိုလည်း နေရာကောင်းများ ဖန်တီးပေးသည်။

ထန်ကျန့်ရွေ့နှင့် ကျုရန်တို့သည်လည်း ချန်လော့ပိုင်၏ ပံ့ပိုးမှုဖြင့် ဂိုးများ သွင်းယူနိုင်ကြသည်။

ပထမပိုင်း ပြီးဆုံးချိန်တွင် အခန်း (၂) က ၅ မှတ် အသာဖြင့် ဦးဆောင်နေသည်။

ခေတ္တနားချိန်တွင် လိုယိချီနှင့် ယင်းယီကျန်းတို့ ရေဘူးများ လိုက်ဝေကြသည်။ ယင်းယီကျန်းက ချန်လော့ပိုင်ကို ရေဘူးကမ်းပေးပြီး တစ်ရှူးပါ ပေးလိုက်သည်။ ချန်လော့ပိုင်က ကျေးဇူးတင်စကား ပြောပြီး ယူလိုက်သည်။

ကျိုးအန်းရန် ထိုမြင်ကွင်းကို ကြည့်ပြီး ရင်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။ သူမသည် ပရိသတ်အုပ်ထဲတွင် ရောနှောနေပြီး သူ့ကို အဝေးကနေပဲ အားပေးနိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်စသည်။ ဟူခွန်းသည် နည်းဗျူဟာ ပြောင်းလိုက်ပုံရသည်။ သူသည် ချန်လော့ပိုင်ကို လူကပ်ကစားပြီး ကျန်သူများကို ဖိအားပေးသည်။ အခန်း (၂) ၏ အခြားကစားသမားများမှာ သာမန်ကျောင်းသားများသာ ဖြစ်သဖြင့် အမှားများ လုပ်လာကြသည်။

အမှတ်ကွာဟမှု ကျဉ်းမြောင်းလာသည်။ ပွဲပြီးရန် ၃ မိနစ်အလိုတွင် အခန်း (၁၀) က ၁ မှတ် ပြန်ဦးဆောင်သွားသည်။

"ချန်လော့ပိုင်... စွမ်းစမ်းပါ" ကျုရန်က အမောတကော အော်လိုက်သည်။

ချန်လော့ပိုင်သည် ဘောလုံးကို ကိုင်ထားရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ မျက်လုံးများက စူးရှတောက်ပနေသည်။ သူသည် ဟူခွန်းကို တစ်ချက်ကြည့်ပြီး ဘောလုံးကို လျင်မြန်စွာ ပုတ်လိုက်သည်။ ရုတ်တရက် ဘယ်ဘက်သို့ ထွက်ပြေးမလိုလုပ်ပြီး ညာဘက်သို့ အမြန်လှည့်ကာ လူကျွတ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် လေပေါ်သို့ ခုန်တက်ပြီး ဘောလုံးကို ပစ်လွှတ်လိုက်သည်။

ဘောလုံးသည် လေထဲတွင် မျဉ်းကွေးတစ်ခုဆွဲပြီး... ခြင်းထဲသို့ ဝင်သွားသည်။

၃ မှတ်! အခန်း (၂) က ၂ မှတ် ပြန်ဦးဆောင်သွားသည်။

ကျန်ရှိချိန် ၁ မိနစ်။ ဟူခွန်းက တိုက်စစ်ဆင်သော်လည်း ချန်လော့ပိုင်က ဘောလုံးကို ဖြတ်ယူလိုက်နိုင်ပြီး တန်ပြန်တိုက်စစ် ဆင်လိုက်သည်။ သူသည် တစ်ဖက်ခြင်းအောက်သို့ အမြန်ပြေးသွားပြီး Lay-up သွင်းယူလိုက်သည်။

နောက်ဆုံးတွင် အခန်း (၂) က ၄ မှတ်အသာဖြင့် အနိုင်ရရှိသွားသည်။

"နိုင်ပြီ!" ကျုရန်နှင့် ထန်ကျန့်ရွေ့တို့ ချန်လော့ပိုင်ကို ပြေးဖက်ကြသည်။ ပရိသတ်များ၏ အော်ဟစ်သံများဖြင့် ဘောလုံးကွင်းတစ်ခုလုံး ဖုံးလွှမ်းသွားသည်။

ချန်လော့ပိုင်သည် လူအုပ်ကြားထဲတွင် ရပ်နေသည်။ အနီရောင်ဝတ်စုံနှင့်၊ ချွေးများ ရွှဲနေသော်လည်း သူ့ပုံစံက အလင်းရောင်ထွက်နေသလို တောက်ပလွန်းလှသည်။

သူသည် ဟူခွန်းရှိရာဘက်သို့ လျှောက်သွားသည်။ "ကတိအတိုင်းပဲနော်"

ဟူခွန်းသည် မောပန်းနေပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း ခေါင်းငြိမ့်လိုက်သည်။ "အေးပါ... ငါတို့ ရှုံးပါတယ်။ မနက်ဖြန် မနက်ခင်း စာလေ့လာချိန်ကျရင် ငါတို့ လာတောင်းပန်ပါ့မယ်"

ချန်လော့ပိုင် ပြုံးလိုက်သည်။ "ကျေးဇူးပဲ"

သူ လှည့်ထွက်လာချိန်တွင် အခန်း (၂) မှ ကျောင်းသားများ ဝိုင်းရံလာကြသည်။ ကျိုးအန်းရန်သည် လူအုပ်အနောက်တွင် ရပ်နေရင်း သူ့ကို ငေးကြည့်နေမိသည်။

သူမ၏ နှလုံးသားသည် သူနှင့်အတူ ခုန်ပေါက်နေသလို ခံစားရသည်။ သူက တကယ်ပဲ... အရမ်းမိုက်တာပဲ။ ဒီလောက် တောက်ပတဲ့သူကို... ငါ မကြိုက်ဘဲ ဘယ်နေနိုင်မလဲ။

ထိုစဉ် သူမ၏ ဘေးနားမှ ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။ "ချန်လော့ပိုင်က တကယ်ပဲ King ဖြစ်သင့်တာ။ ကြည့်ပါဦး... ယင်းယီကျန်းက သူ့ကို ရေသွားတိုက်နေပြန်ပြီ"

ကျိုးအန်းရန် အကြည့်လွှဲလိုက်သည်။ မှန်ပါတယ်။ သူက တောက်ပလွန်းလို့... လူတိုင်းက သူ့ကို ဝိုင်းကြည့်နေကြတာ။ ငါကတော့... ထောင်ပေါင်းများစွာသော ပရိသတ်တွေထဲက တစ်ယောက်သာသာပါပဲ။

ဒါပေမဲ့... ဒီနေ့တော့ သူ့ကို အဝေးကနေပဲ ဖြစ်ဖြစ်... "ဂုဏ်ယူပါတယ်" လို့ ပြောလိုက်ချင်ပါတယ်။

……

ပြိုင်ပွဲစတင်ပြီ ဖြစ်သည်။ ချန်လော့ပိုင်၊ ကျုရန်နှင့် ထန်ကျန့်ရွေ့တို့က အခြားကောင်လေးနှစ်ယောက်ဖြစ်သော ပေါင်ခွန်း၊ ရှောက်ကျစ်လင်တို့နှင့်အတူ ပွဲထွက်ကစားကြသည်။ ကျန်သုံးယောက်မှာ အရန်အဖြစ် ကွင်းဘေးတွင် ကျန်နေခဲ့သည်။

သူတို့သုံးယောက်သည် ခေါက်ထိုင်ခုံအသေးလေးများကို မည်သည့်နေရာမှ ရလာသည်မသိ ယူဆောင်လာပြီး ကွင်းဘေးတွင် ထိုင်နေကြသည်။ ဟွမ်ရွှီးကျယ်ဟုခေါ်သော ကောင်လေး၏ ထိုင်ခုံသည် ကျိုးအန်းရန်၏ အရှေ့တည့်တည့်တွင် ရှိသည်။

ကျောင်းသားအချင်းချင်း ချိန်းကစားသောပွဲဖြစ်၍ ကျောင်းမှ တရားဝင်စီစဉ်ပေးခြင်း မဟုတ်သဖြင့် တရားဝင်ပွဲများနှင့်ယှဉ်လျှင် အလွန်ရိုးရှင်းလှသည်။

၂၄ စက္ကန့် အချိန်မှတ်နာရီ မရှိ။ ကစားသမားနာမည်နှင့် ရမှတ်ပြသသည့် LED ဘုတ်ကြီး မရှိ။ ဒိုင်လူကြီးအဖြစ် အားကစားဆရာက ဝင်လုပ်ပေးရသည်။

သို့သော် ပရိသတ်များ၏ စိတ်အားထက်သန်မှုကို မလျော့ကျစေပေ။ ကစားသမားများ ကွင်းထဲရောက်သည်နှင့် အားပေးသံများ ဆူညံသွားသည်။ အခန်း (၁၀) မှ ကျောင်းသားများသည် နောက်ကျမှရောက်သဖြင့် လူစုကွဲနေကြပြီး သူတို့အသံများကို အခန်း (၂) ၏ အသံလှိုင်းများက လွှမ်းမိုးထားသည်။

ဟူခွန်းသည် ကွင်းလယ်စည်းနားတွင် ရပ်နေပြီး မျက်နှာထား တင်းမာနေသည်။ လက်ကောက်ဝတ် လှည့်ကစားနေသော ချန်လော့ပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ "ငါ အနိုင်ကျင့်တယ် မပြောရအောင် တစ်လုံး အလျော့ပေးမယ်... ခုန်ဘော ငါ မယူဘူး"

ကျိုးအန်းရန်သည် ၄၅ ဒီဂရီထောင့် သုံးမှတ်တန်းအပြင်ဘက်နားတွင် ရပ်နေသဖြင့် သူတို့ပြောစကားများကို ရှင်းလင်းစွာ ကြားနေရသည်။

ချန်လော့ပိုင် လက်ကောက်ဝတ်လှည့်နေသည်ကို ရပ်တန့်လိုက်သည်ကို တွေ့လိုက်ရသည်။ အင်္ကျီအရောင်နှင့် တူညီသော လက်ပတ်သည် လက်ကောက်ဝတ်ရှိ မှဲ့ညိုလေးကို ဖုံးအုပ်ထားသည်။ သူ မျက်ခုံးပင့်လိုက်ပြီး လေသံမောက်မာစွာဖြင့် ပြန်ပြောသည်။

"အလျော့ပေးစရာ မလိုပါဘူး... မင်းတို့ ရှုံးရင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေဦးမယ်"

ဟူခွန်း - "......"

ချန်လော့ပိုင်သည် ဟူခွန်းကို ဆက်ဂရုမစိုက်တော့ဘဲ သူကိုယ်တိုင်လည်း ခုန်ဘောမယူဘဲ မေးဆတ်ပြလိုက်သည်။ "ထန်ကျန့်ရွေ့... မင်း သွားခုန်လိုက်"

ထန်ကျန့်ရွေ့နှင့် ယှဉ်ပြိုင်ခုန်မည့်သူမှာ အခန်း (၁၀) မှ နံပါတ် ၁၀ ဝတ်ထားသော ပိန်ပိန်ရှည်ရှည် ကောင်လေးဖြစ်သည်။

ထန်ကျန့်ရွေ့သည် အခန်း (၂) ၏ အားကစားမှူးဖြစ်ပြီး ဘတ်စကက်ဘော ကောင်းကောင်းကစားတတ်သည်။ စိတ်ထဲတွင်လည်း မကျေနပ်ချက်များ ရှိနေသဖြင့် အားကစားဆရာ ဘောလုံးမြှောက်လိုက်သည်နှင့် အမြင့်ဆုံးခုန်တက်ပြီး ဘောလုံးကို ကိုယ့်ဘက်သားများဆီသို့ ဦးအောင် ပုတ်ထုတ်လိုက်သည်။

ဘောလုံးသည် ကျုရန်ရှိရာဘက်သို့ ရောက်သွားပြီး ကျုရန် ခုန်ဖမ်းလိုက်သည်။

ကျိုးအန်းရန်သည် စည်းအပြင်ဘက်တွင် ရပ်နေရင်း လက်ကို ကျောင်းဝတ်စုံအိတ်ကပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။

အမှတ် (၂) အထက်တန်းကျောင်းတွင် ကျောင်းသားများ ဖုန်းယူလာခွင့် မရှိပေ။ သို့သော် ပထမနှစ်တွင် စည်းကမ်းသိပ်မတင်းကြပ်သဖြင့် ခိုးယူလာသူများ အများအပြား ရှိသည်။ သူတို့အခန်းတွင်ပင် ခိုးယူလာသူ မနည်းပေ။

ကျိုးအန်းရန်ကမူ ယူလာခဲသည်။ သူမသည် ပါရမီရှင်ကျောင်းသူ မဟုတ်မှန်း သိသဖြင့် ယခုအဆင့်ကို ထိန်းထားနိုင်ရန် ကြိုးစားမှုနှင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းအပေါ် အားပြုနေရသည်။

ဒါပေမဲ့ ဒီနေ့က ခြွင်းချက်။ စည်းကမ်းဖောက်ဖျက်ရာ ကျနေသဖြင့် သူမ တွန့်ဆုတ်နေမိသည်။ အားလုံးက ဘောလုံးပွဲကို အာရုံစိုက်နေကြပြီး ဘယ်သူမှ ဖုန်းထုတ်မရိုက်ကြသေးပေ။

သူမ တွေဝေနေစဉ် ဟူခွန်းသည် ကျုရန်အနားသို့ ရောက်သွားသည်။ ကျုရန်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ဘောလုံးကို ချန်လော့ပိုင်ထံ ပစ်ပေးလိုက်သည်။

ကျိုးအန်းရန်သည် သူ တရားဝင်ယှဉ်ပြိုင်ကစားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဘောလုံး သူ့လက်ထဲရောက်သွားသည်ကို မြင်သောအခါ ဖုန်းထုတ်ရမလား မထုတ်ရမလား မစဉ်းစားနိုင်တော့ဘဲ ကွင်းထဲသို့သာ အာရုံစိုက်ကြည့်နေမိသည်။ လက်ချောင်းလေးများသည် ဖုန်းကာဗာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး အကြောင်းမဲ့ စိတ်လှုပ်ရှားနေမိသည်။

ဟူခွန်းသည် ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်သည့်အားလျော်စွာ တုံ့ပြန်မှု မြန်ဆန်လှသည်။ ချန်လော့ပိုင် ၃ မှတ်တန်းထဲသို့ ဘောလုံးဆွဲမဝင်မီ ဟူခွန်းက ရှေ့ကနေ ပိတ်ရပ်လိုက်သည်။

သူတို့နှစ်ယောက်၏ ထိပ်တိုက်တွေ့ဆုံမှုသည် ဒီပွဲ၏ အဓိက ကြည့်ကွင်းဖြစ်သည်။ ပရိသတ်အားလုံး၏ အကြည့်များသည် ၃ မှတ်တန်းအနီးရှိ သူတို့နှစ်ယောက်ထံ ရောက်ရှိနေသည်။

ကျိုးအန်းရန်လည်း ကြည့်နေသည်။ ချန်လော့ပိုင်သည် ဘောလုံးကို ခြေထောက်ကြားမှ ဟိုဘက်ဒီဘက် ပြောင်းကာ သက်သောင့်သက်သာ ပုတ်နေသည်။ လှုပ်ရှားမှုများက ရေစီးသကဲ့သို့ ချောမွေ့နေသည်။ ရုတ်တရက် အရှိန်တင်ပြီး ညာဘက်သို့ ထိုးဖောက်ဝင်ရောက်ရန် ပြင်လိုက်သော်လည်း ဟူခွန်းက အချိန်မီ လိုက်ပိတ်နိုင်လိုက်သည်။

ထို့နောက် ချန်လော့ပိုင်သည် နောက်ထပ် နှစ်ကြိမ် ထိုးဖောက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။

ကျိုးအန်းရန် ရင်ထိတ်သွားပြီး လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်မိသည်။

ဟူခွန်းနှင့် ချန်လော့ပိုင်တို့သည် ၃ မှတ်တန်း၏ တစ်ဖက်ခြမ်း ၄၅ ဒီဂရီထောင့်တွင် ရှိနေပြီး သူမနှင့် မျက်နှာချင်းဆိုင်အနေအထား ဖြစ်နေသည်။ ထိုးဖောက်မှု မအောင်မြင်သော်လည်း ချန်လော့ပိုင်၏ မျက်နှာတွင် စိတ်ပျက်သည့် အရိပ်အယောင် မတွေ့ရပေ။ ပုံမှန်ထက် ပို၍ တည်ငြိမ်လေးနက်နေပြီး မျက်နှာဘေးတိုက်လိုင်းများသည် ပို၍ ထင်ရှားနေသည်။

ကျိုးအန်းရန် နှုတ်ခမ်းကိုစေ့ထားရင်း အနီရောင်ဝတ်စုံနှင့် ကောင်လေးသည် ရုတ်တရက် ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းကာ ပခုံးကို နှိမ့်ချလိုက်ပြီး အတွင်းဘက်သို့ ထိုးဖောက်ဝင်ရောက်ရန် ပြင်လိုက်သည်ကို တွေ့လိုက်ရသည်။

ဟူခွန်းကလည်း သူ့လမ်းကြောင်းကို နောက်တစ်ကြိမ် ခန့်မှန်းမိလိုက်သည်။

နောက်တစ်စက္ကန့်တွင် ကောင်လေးသည် ရုတ်တရက် မော့ကြည့်ပြီး ဟူခွန်းကို ပြုံးပြလိုက်သည်။ ဘောလုံးပွဲ ချိန်းဆိုခဲ့သည့်နေ့ကကဲ့သို့ မောက်မာပြီး စိန်ခေါ်လိုသော အပြုံးမျိုး။

...ထိုးဖောက်မှုက အယောင်ပြခြင်းသာ။

ချန်လော့ပိုင် မျက်နှာတွင် အပြုံးမပျက်ဘဲ ခေါင်းမလှည့်ဘဲ ညာလက်ဖြင့် ဘောလုံးကို နောက်သို့ အားကုန်ပုတ်ထုတ်လိုက်သည်။

ဘောလုံးသည် ကြမ်းပြင်နှင့်ရိုက်ပြီး ပြန်ကန်ထွက်သွားသည်။

ကျုရန်၏ လက်ထဲသို့ တိကျစွာ ရောက်ရှိသွားသည်။

ကွင်းထဲရှိ လူအများစုသည် ဟူခွန်းနှင့် ချန်လော့ပိုင်ကိုသာ အာရုံစိုက်နေကြသဖြင့် ကျုရန် ဘယ်အချိန်က ချန်လော့ပိုင်၏ နောက်ကျောဘက်သို့ ရောက်သွားမှန်း သတိမထားမိလိုက်ကြပေ။

ထန်ကျန့်ရွေ့သည် ဘတ်စကက်ဘောခြင်းအောက်တွင် လူလွတ်နေရာလွတ် ရနေသည်ကိုလည်း ဘယ်သူမှ သတိမထားမိကြ။

သူကလွဲလို့ပေါ့။

ကျုရန်သည် ချန်လော့ပိုင်၏ မျက်ကွယ်ပေးပို့မှုကို လက်ခံရရှိသည်နှင့် တပြိုင်နက် ဘောလုံးကို ထန်ကျန့်ရွေ့ထံ ပစ်ပေးလိုက်သည်။ လူကပ်မပါသော ထန်ကျန့်ရွေ့သည် လွယ်ကူစွာပင် တက်သွင်းလိုက်သည်။

ချန်လော့ပိုင်နှင့် ဟူခွန်းတို့ ၃ မှတ်တန်းတွင် ထိပ်တိုက်တွေ့ချိန်မှစ၍ ကျုရန် ဘောလုံးရပြီး ထန်ကျန့်ရွေ့ ဂိုးသွင်းလိုက်သည့်အထိ အချိန်ခဏလေးသာ ကြာလိုက်သည်။

ကွင်းတစ်ခုလုံး ခေတ္တ တိတ်ဆိတ်သွားသည်။

ထို့နောက် နားကွဲမတတ် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။

အခန်း (၂) ကျောင်းသားများမှာမူ လုံးဝ ပွက်လောရိုက်သွားသည်။

ကျိုးအန်းရန်၏ အရှေ့တွင် ထိုင်နေသော ဟွမ်ရွှီးကျယ်သည် လက်နှစ်ဖက်ကို ပါးစပ်နားတေ့ပြီး ကွင်းထဲသို့ အော်ဟစ်လိုက်သည်။ "ရွေ့ရွေ့... မိုက်တယ်ကွာ။ လက်စားချေလိုက်စမ်း"

ကျိုးအန်းရန် နားကွဲမတတ် ခံစားရသည်။ သို့သော် သူမ၏ ရင်ခုန်သံများကိုလည်း ကြားနေရသည်။

သူမ မှတ်မိနေပါသေးတယ်။ သူ ပြောဖူးတယ်လေ... ဘတ်စကက်ဘောဆိုတာ တစ်ယောက်တည်း ကစားရတာ မဟုတ်ဘူးလို့။

ကွင်းထဲတွင် ဘောလုံးပိုင်ဆိုင်မှု လဲလှယ်လိုက်သည်။

အခန်း (၁၀) က ဘောလုံးစတင်ပေးပို့ရန် ပြင်ဆင်နေချိန်တွင် ကျုရန်သည် ပြုံးဖြီးဖြီးဖြင့် ချန်လော့ပိုင်ထံ လာပြီး လက်ဝါးချင်းရိုက်ရန် ပြင်သည်။

ကောင်လေးက ရွံသလို မျက်နှာပေးဖြင့် ဆဲလိုက်သည်။ "တစ်လုံးဝင်ရုံနဲ့ ဘာလက်ဝါးရိုက်နေတာလဲ... ခံစစ်ပြန်ဆင်းလေ"

ပြောရင်းဆိုရင်းနှင့်ပင် ကျုရန် ကမ်းပေးသော လက်ဝါးကို ဖွဖွလေး ရိုက်လိုက်သည်။

တိုးညှင်းသော လက်ဝါးရိုက်သံသည် ကွင်းထဲမှ ဆူညံသံများကြားတွင် ပျောက်ကွယ်သွားသည်။

အခန်း (၁၀) ဘောလုံးပေးပြီးနောက် ဟူခွန်းလက်ထဲသို့ ရောက်သွားသည်။

ဟူခွန်းသည် ကွင်းလယ်စည်းကျော်သည်နှင့် ချန်လော့ပိုင်နှင့် ကျုရန်တို့ နှစ်ယောက်ညှပ်ပိတ်တာကို ခံလိုက်ရသည်။ ထန်ကျန့်ရွေ့ကလည်း ဘေးနားတွင် အသင့်စောင့်နေသည်။

ဟူခွန်း လမ်းပိတ်သွားသဖြင့် ဘောလုံးကို အခန်း (၁၀) မှ နံပါတ် ၁၀ ဝတ် ပိန်ရှည်ရှည်ကောင်လေးထံ ပစ်ပေးလိုက်ရသည်။

ထိုကောင်လေးကို ပေါင်ခွန်းက ချက်ချင်း ဝင်ပိတ်လိုက်ပြီး ထန်ကျန့်ရွေ့ကလည်း ကူညီပိတ်ဆို့ပေးလိုက်သည်။ သာမန်ကျောင်းသားဖြစ်သော ထိုကောင်လေးသည် နှစ်ယောက်ညှပ်ပိတ်တာခံရသဖြင့် ဘာလုပ်ရမှန်းမသိဘဲ ဘောလုံးကို အနောက်ပြန်ပစ်ပေးလိုက်သည်။

ကွင်းထဲတွင် ရှုပ်ထွေးနေသဖြင့် အခန်း (၁၀) က ကောင်လေး မမြင်လိုက်တာလား၊ ကြောင်သွားတာလား မသိ၊ ဘောလုံးကို ချန်လော့ပိုင်၏ ရင်ခွင်ထဲသို့ တည့်တည့် ပစ်ထည့်ပေးလိုက်သလို ဖြစ်သွားသည်။

ချန်လော့ပိုင် ဘောလုံးကို ဖမ်းလိုက်ပြီး တဟားဟား ရယ်မောလိုက်သည်။ "ကျေးဇူးပဲ ကောင်ရေ"

အခန်း (၁၀) နံပါတ် ၁၀ - "......"

ပရိသတ်အားလုံး - "??"

ဟူခွန်းလည်း မယုံနိုင်စွာ ကြောင်သွားသည်။

ချန်လော့ပိုင်က တစ်စက္ကန့်မျှ မရပ်တန့်ဘဲ ရှေ့သို့ ဘောလုံးဆွဲပြေးသွားမှသာ သူ သတိပြန်ဝင်လာသည်။

"မင်းတို့ကောင်တွေ ဘောလုံးကစားတတ်ကြရဲ့လား" ဟူခွန်း ပြေးလိုက်ရင်း အော်ဟစ်လိုက်သည်။ "ဘာကြောင်နေတာလဲ... ခံစစ်ပြန်ဆင်းလေ... ငတုံးတွေ"

ချန်လော့ပိုင်သည် လျင်မြန်စွာ တန်ပြန်တိုက်စစ်ဆင်ရန် ရည်ရွယ်သည်။

ကွင်းလယ်စည်း ကျော်သည်နှင့် ခြင်းနှင့်ပိုနီးသော ထန်ကျန့်ရွေ့ထံ ဘောလုံးပစ်ပေးလိုက်သည်။

သို့သော် ဒီတစ်ခါ ထန်ကျန့်ရွေ့ ဂိုးမဝင်လိုက်ပေ။

ဟူခွန်း အချိန်မီ ရောက်လာသည်။

ထန်ကျန့်ရွေ့ ဘောလုံးပြန်ဖမ်းမိပြီး ၃ မှတ်တန်းအနီးရှိ ချန်လော့ပိုင်ထံ ပြန်ပစ်ပေးလိုက်သည်။

ဟူခွန်းသည် ချန်လော့ပိုင်၏ ရှေ့သို့ လျင်မြန်စွာ ရောက်လာပြန်သည်။

ယခင်အခြေအနေအတိုင်း ပြန်ဖြစ်သွားပြန်သည်။

ကျိုးအန်းရန်သည် ကွင်းဘေးမှနေ၍ ကောင်လေးသည် ပြီးခဲ့သောတစ်ကြိမ်ကလို နှစ်ကြိမ်တိုင်တိုင် ထိုးဖောက်ရန် ကြိုးစားသော်လည်း လမ်းပိတ်ခံရသည်ကို ကြည့်နေမိသည်။

ထိုစဉ် ကျုရန်သည် အခန်း (၁၀) ၏ ခံစစ်ကိုဖောက်ပြီး ချန်လော့ပိုင်၏ အနောက်ဘက်သို့ ရောက်လာပြန်သည်။

ချန်လော့ပိုင်သည် ဘယ်လက်မှ ဘောလုံးကို အနောက်ဘက်မှနေ၍ ညာလက်သို့ ပို့လိုက်သည်။ ပခုံးကို နှိမ့်ချလိုက်သည်။ အတွင်းသို့ ထိုးဖောက်မည့် ပုံစံအတိုင်းပင်။

သို့သော် ယခင်အကြိမ်က သင်ခန်းစာရထားသဖြင့်...

ဟူခွန်းသည် ကျုရန်ကို အာရုံစိုက်လိုက်မိသည်။

ထိုအချိန်လေးမှာပင် ချန်လော့ပိုင်သည် ညာလက်မှ ဘောလုံးကို ဘယ်လက်သို့ ရုတ်တရက် ပြန်ဆွဲယူလိုက်သည်။

ထိုးဖောက်တာ မဟုတ်။

ဘောလုံးပေးတာ မဟုတ်။

ချန်လော့ပိုင်သည် အခွင့်ကောင်းယူပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ဟူခွန်းနှင့် အကွာအဝေး ယူလိုက်သည်။ ထို့နောက် ၃ မှတ်တန်းအပြင်ဘက်မှ တန်းတန်းမတ်မတ် ခုန်ပစ်လိုက်သည်။

လိမ္မော်ရောင် ဘောလုံးသည် လေထဲတွင် မျဉ်းကွေးရှည်ကြီးတစ်ခုဆွဲကာ ခြင်းထဲသို့ သေသပ်စွာ ဝင်သွားလေသည်။

တစ်ကွင်းလုံး ပွက်လောရိုက်သွားသည်။

ကျိုးအန်းရန် အရှေ့မှ ဟွမ်ရွှီးကျယ်ဆိုလျှင် ထိုင်ခုံမှ ခုန်ထပြီး မီးရှူးမီးပန်း လွှတ်တင်လိုက်သလိုမျိုး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "ရှယ်ပဲကွာ!! Step-back 3-pointer (နောက်ဆုတ်ပြီး ၃ မှတ်ပစ်ခြင်း)!! အစ်ကိုလော့... နတ်ဘုရားပါကွာ!!!!!!"

ဆူညံသံများကြားတွင် ကျိုးအန်းရန်သည် ကွင်းလယ်ရှိ အနီရောင်ဝတ်စုံနှင့် ကောင်လေးက လက်ကို မိုးပေါ်ထောင်ပြီး ၃ မှတ်လက်ဟန်ပြလိုက်သည်ကို မြင်လိုက်ရသည်။

ကောင်လေး၏ မျက်နှာတွင် မောက်မာသော အပြုံးများ ပြည့်နှက်နေပြီး... အလင်းရောင် ထွက်နေသလို တောက်ပလွန်းလှသည်။

အခန်း (၂) သည် အဖွင့်တွင် ၅ - ၀ ဖြင့် ဦးဆောင်နေသည်။

ဟူခွန်း၏ မျက်နှာသည် သိသိသာသာ ပျက်ယွင်းသွားသည်။

သူသည် လက်ရှိတွင် ပွဲထွက်ကစားသမား မဟုတ်သေးသော်လည်း ကျောင်းလက်ရွေးစင် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ လုပ်ထားသဖြင့် ချန်လော့ပိုင်တို့ထက် သိသိသာသာ ထွားကျိုင်းသန်မာသည်။ တကယ်တမ်း ယှဉ်ပြိုင်ရလျှင် ချန်လော့ပိုင်နှင့် ကျုရန် နှစ်ယောက်ပေါင်းတောင် သူ့ကို မထိန်းနိုင်ပေ။

သို့သော် အခန်း (၂) တွင် ချန်လော့ပိုင်က ပွိုင့်ဂါ့ဒ် (Point Guard) အဖြစ် ကစားပြီး သူနှင့်ကစားဖော်များသည် ဆက်ဆံရေးကောင်းမွန်ကာ စည်းလုံးညီညွတ်ကြသဖြင့် ကစားကွက် ကောင်းမွန်သည်။ ဟူခွန်းတစ်ယောက်တည်း ၅ ယောက်ကို လိုက်ထိန်းဖို့ မဖြစ်နိုင်ပေ။

အဖွင့်ပိုင်း ပြီးသွားသောအခါ နှစ်ဖက် အပြန်အလှန် ဖြစ်လာသည်။

သို့သော် အခန်း (၂) သည် အစပိုင်းတွင် အမှတ်သာထားသဖြင့် ပထမပိုင်းပြီးဆုံးချိန်တွင် အခန်း (၂) က အခန်း (၁၀) ကို ၆ မှတ်ဖြတ်ပြီး ဦးဆောင်ထားသည်။

နှစ်ဖက် ကစားသမားများ ကွင်းဘေးထွက်ပြီး အနားယူကြသည်။

ကျိုးအန်းရန်သည် အခြားသူများနည်းတူ ခေါင်းငဲ့ကြည့်လိုက်ရာ ရေဘူးများထားသော စက္ကူဖာသေတ္တာရှေ့တွင် ရပ်နေသော ယင်းယီကျန်းသည် တောက်ပစွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။

သူမသည် အတန်းဆင်းသည်နှင့် ကျုံးခိုင်၏ အကူအညီဖြင့် လူအုပ်ထဲ တိုးဝင်လာခဲ့ပြီး အခန်း (၂) ကျောင်းသားများကြားတွင် ရောနှောနေသော်လည်း နေရထိုင်ရ ခက်ပုံမရပေ။ ယခုလည်း သေတ္တာထဲမှ ရေတစ်ဘူးထုတ်ပြီး ချန်လော့ပိုင်အား လှမ်းပေးကာ ချိုသာစွာ ပြောလိုက်သည်။

"နင် ဘောလုံးကစားတာ ငါထင်ထားတာထက် ပိုတော်တာပဲ"

ချန်လော့ပိုင်က လက်လှမ်းပြီး ရေဘူးကို ယူလိုက်သည်။

ကျိုးအန်းရန်သည် အိတ်ကပ်ထဲမှ ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။

ဘေးနားမလှမ်းမကမ်းတွင် ချန်လော့ပိုင်၏ မျက်နှာသည် တည်ငြိမ်နေပြီး လက်ထဲမှ ရေဘူးကို နောက်သို့ပစ်ကာ ကျုရန်အား ပေးလိုက်သည်။ ဂရုမစိုက်သော လေသံဖြင့် မေးလိုက်သည်။ "နင် ဘာလို့ ငါတို့အတန်းဘက် ရောက်နေတာလဲ"

သူ ပြောရင်းဆိုရင်း ကိုယ်တိုင် ရေတစ်ဘူး ကုန်းယူလိုက်သည်။

ယင်းယီကျန်း၏ မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားပြီး နှုတ်ခမ်းဆူလိုက်သည်။ မကျေနပ်သည့်ပုံစံ။ "ငါ ပြောသားပဲ... လာပြီး ရေဝေကူပေးမယ်လို့"

ချန်လော့ပိုင်သည် ရေဘူးအဖုံးကို ဖွင့်လိုက်ပြီး စကားပြန်မပြောတော့ပေ။ ခေါင်းမော့ပြီး ရေကို အားပါးတရ သောက်လိုက်ရာ လည်စေ့သည် လှုပ်ရှားသွားသည်။

ရေဝေကူပေးမယ်ဟု ပြောထားသော လိုယိချီကမူ တစ်ခွန်းမှ ဝင်မပြောဘဲ ထန်ကျန့်ရွေ့တို့ကို ရေဘူးများ လိုက်ဝေပေးနေသည်။

ကျိုးအန်းရန် အကြည့်လွှဲလိုက်သည်။

အခန်း (၁၀) မှ ကစားသမားများ ရုတ်တရက် ရန်ဖြစ်နေကြသည်။

အသံများ ကြားနေရသော်လည်း မျက်နှာချင်းဆိုင်တွင် ရှိနေသဖြင့် ဘာပြောမှန်း သေချာမကြားရပေ။ မျက်နှာများ ပျက်နေကြသည်ကိုသာ မြင်ရသည်။

ဒုတိယပိုင်း မကြာမီ ပြန်စသည်။

ပထမပိုင်း နားချိန်တွင် ရန်ဖြစ်ထားကြ၍လား မသိ၊ အခန်း (၁၀) မှ ကစားသမားများသည် ဟူခွန်းနှင့် နားလည်မှုမရှိတော့ဘဲ ဒုတိယပိုင်းတွင် ပို၍ ဆိုးရွားလာသည်။ ကစားကွက် ပျက်စီးနေပြီး လူစုကွဲနေသကဲ့သို့ ဖြစ်နေသည်။

တစ်ကိုယ်တော် ဆန်နေကြသည်။

ဟူခွန်းက အမှတ်ရနေသော်လည်း ပွဲချိန်တစ်ဝက်ရောက်သောအခါ အခန်း (၂) ၏ ဦးဆောင်မှုသည် ဂဏန်းနှစ်လုံး (၁၀ မှတ်အထက်) သို့ ရောက်ရှိသွားသည်။

ကျုရန်နှင့် ထန်ကျန့်ရွေ့တို့သည် ခဏတာ လူစားလဲပြီး အနားယူကြသည်။

ဒုတိယပိုင်း ပြီးခါနီးတွင် ချန်လော့ပိုင် ကိုယ်တိုင် လူစားလဲပြီး ထွက်လာခဲ့သည်။

တရားဝင်ပွဲမဟုတ်သဖြင့် လူစားလဲရာတွင် သိပ်ပြီး စည်းကမ်းမကြီးပေ။ ဘောလုံးသေချိန်တွင် ချန်လော့ပိုင်သည် ဒိုင်လူကြီးကို လက်ဟန်ပြပြီး ကွင်းဘေးသို့ ထွက်လာခဲ့သည်။

ကျိုးအန်းရန်သည် စည်းအပြင်ဘက်တွင် ရပ်နေရင်း ကောင်လေး သူမရှိရာဘက်သို့ တစ်လှမ်းချင်း လျှောက်လာသည်ကို ကြည့်နေမိသည်။ နောက်ဆုံးတွင် သူမ၏ ရှေ့၊ သို့မဟုတ် ဟွမ်ရွှီးကျယ်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။

သူသည် ပထမပိုင်းတစ်ခုလုံးနီးပါး ကစားခဲ့သဖြင့် ဆံပင်နက်နက်လေးများ စိုစွတ်နေပြီး၊ လည်ပင်း၊ လက်မောင်းနှင့် ခြေသလုံးများတွင် ချွေးများ စိုရွှဲနေသည်။ အကွာအဝေးတစ်ခု ရှိသော်လည်း အပူငွေ့များ ဟပ်လာသလို ခံစားရသည်။

ကျိုးအန်းရန် သူ့မျက်နှာကို မကြည့်ရဲသော်လည်း မျက်လုံးက ဘယ်ပို့ရမှန်းမသိ ဖြစ်နေသည်။ နောက်ဆုံး ခေါင်းငုံ့ထားလိုက်ရာ သူ ခြေထောက်ဆန့်ထုတ်ပြီး ဟွမ်ရွှီးကျယ်ကို ကန်လိုက်သည်ကို တွေ့လိုက်ရသည်။

"မင်း ဝင်ကစားချေ"

"ငါလား" ဟွမ်ရွှီးကျယ် ထိုင်ခုံမှ ထလိုက်သည်။ "ကောင်းပြီ... ဒါပေမဲ့ ငါသာ အမှတ်ကွာဟချက်ကို ထိန်းထားနိုင်ရင် အစ်ကိုလော့ ခုနက Step-back 3-pointer ကို သင်ပေးရမယ်နော်"

ချန်လော့ပိုင်က ပြုံးပြီး သူ့ကို ထပ်ကန်လိုက်သည်။ "ပြိုင်ပွဲယှဉ်နေတာ... အရင် ဝင်ကစားစမ်းပါ"

သူ ဟွမ်ရွှီးကျယ်၏ ခေါက်ထိုင်ခုံလေးပေါ်တွင် ဝင်ထိုင်လိုက်သည်။

ခေါက်ထိုင်ခုံလေးက နိမ့်လွန်းသဖြင့် ကောင်လေး၏ ခြေတံရှည်ကြီးများမှာ ခွေးခေါက်ကွေး ဖြစ်နေသည်။

သူ ဘာမှမပြောရသေးခင်မှာပင် အခြားအရန်ကစားသမားလေးတစ်ယောက်က ရေဘူးတစ်ဘူး လှမ်းပေးလိုက်သည်။

လေတစ်ချက် တိုက်ခတ်လာသည်။

သူ့ကိုယ်ပေါ်မှ အင်္ကျီသည် လေကြောင့် ဖောင်းကြွလာပြီး၊ စက္ကန့်ပိုင်းလောက် သူမ၏ ကျောင်းဝတ်စုံဘောင်းဘီကို လာထိသွားသလို ခံစားလိုက်ရသည်။

ကျိုးအန်းရန် သူ့ကို စိုက်မကြည့်ရဲတော့ဘဲ ကွင်းထဲသို့သာ အာရုံလွှဲလိုက်သည်။

ဒါပေမဲ့ ဒုတိယပိုင်း နောက်ဆုံးမိနစ်အနည်းငယ်မှာ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ သူမ ခေါင်းထဲ တစ်ခုမှ မဝင်တော့ပေ။

ပွဲချိန်တစ်ဝက် နားချိန်တွင် ချန်လော့ပိုင် ထမလာပေ။

အခန်း (၂) မှ ကစားသမားများ သူ့ဘေးနား ဝိုင်းလာကြသည်။ ထိုင်ခုံမရှိသူများက ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကြသည်။

"ဒုတိယပိုင်း ဘယ်လိုကစားကြမလဲ" ထန်ကျန့်ရွေ့က မေးလိုက်သည်။

ကျုရန်က အင်္ကျီလှန်ပြီး ချွေးသုတ်လိုက်သည်။ "ငါတို့ ၁၅ မှတ်တောင် သာနေပြီပဲ... ဒုတိယပိုင်း ပေါ့ပေါ့ပါးပါး ကစားရင်တောင် နိုင်မှာပါ"

ချန်လော့ပိုင်က သောက်လက်စ ရေဘူးနှင့် လှမ်းပစ်လိုက်သည်။ "လျှောက်မပြောနဲ့။"

ကျုရန်က ရယ်မောရင်း လှမ်းဖမ်းလိုက်သည်။ "ငါက ယုံကြည်မှုရှိတာပါကွာ"

"ဒုတိယပိုင်းကျရင် ဟူခွန်း အားကုန်လာလောက်ပြီ... အခန်း (၁၀) က လူတွေကလည်း အခုထက်ပိုပြီး ကစဉ့်ကလျား ဖြစ်လာလိမ့်မယ်" ချန်လော့ပိုင်က ဆက်ပြောသည်။ "ငါတို့ ပထမပိုင်း ကစားကွက်အတိုင်း ဆက်သွားကြမယ်"

ထန်ကျန့်ရွေ့က နောက်လှည့်ကြည့်လိုက်သည်။ "ကစဉ့်ကလျား မဖြစ်ဘဲနေမလား... ဟူခွန်းက ပါးစပ်ဖွင့်တာနဲ့ ဆဲတာဆိုတော့ သူက ဘယ်သူမှတ်နေလဲ မသိဘူး... အခန်း (၁၀) ကကောင်တွေလည်း စိတ်တိုနေလောက်ပြီ... ဒါပေမဲ့ အကုန်လုံး သတိထားကြ... ဟူခွန်း ညစ်ပတ်မှာ စိုးရိမ်တယ်"

ဒုတိယပိုင်းအတွက် နည်းဗျူဟာများ ဆွေးနွေးပြီးနောက် ကျုရန်က ပြောသည်။ "ဒါနဲ့ ပွဲပြီးရင် ပြန်မပြေးကြနဲ့ဦး... ညကျရင် ချင်းထင်းမှာ အတူတူ ထမင်းသွားစားကြမယ်"

ဟွမ်ရွှီးကျယ်က မျက်ခုံးပင့်လိုက်သည်။ "မင်း ဒကာခံမှာလား"

ကျုရန် - "ငါက မွဲနေပြီလေ... မင်းတို့ အစ်ကိုလော့ ရှင်းလိမ့်မယ်"

"မလုပ်ပါနဲ့... ဒီရက်ပိုင်း လေ့ကျင့်ရေးဆင်းတုန်းက မုန့်ဖိုးပဲဖိုး အကုန်လုံး အစ်ကိုလော့ ရှင်းထားတာ... ဒီညတော့ ကိုယ့်ဟာကိုယ် ရှင်းကြမယ်" ထန်ကျန့်ရွေ့က ဝင်ပြောသည်။

ကျုရန်က ချန်လော့ပိုင် ပခုံးကို ဖက်လိုက်သည်။ "မင်းတို့ အစ်ကိုလော့မှာ ပိုက်ဆံအများကြီး ရှိပါတယ်။ စိတ်မပူနဲ့... စားလို့ မမွဲသွားပါဘူး"

"သွားစမ်းပါ" ချန်လော့ပိုင်က ရယ်မောရင်း သူ့လက်ကို ပုတ်ချလိုက်သည်။ "တခြားလူတွေကို ငါ ရှင်းမယ်... မင်းကတော့ ကိုယ့်ဟာကိုယ်ရှင်း"

ဒုတိယပိုင်း ပြန်စသောအခါ ကွင်းထဲတွင် ဖုန်းထုတ်ပြီး ဗီဒီယိုရိုက်နေသူ အများအပြား ရှိလာသည်ကို ကျိုးအန်းရန် သတိထားမိလိုက်သည်။ သူမဘေးမှ ယန်ရှင်းချန်းပင် ဖုန်းထုတ်ရိုက်နေသည်။

သောကြာနေ့ နောက်ဆုံးအချိန် ဖြစ်နေ၍လား မသိ၊ ဆရာများက မမြင်ချင်ယောင် ဆောင်ပေးနေကြသည်။

ကျိုးအန်းရန်သည် အိတ်ကပ်ထဲမှ လက်ချောင်းလေးများ လှုပ်ရှားလိုက်ပြီး နောက်ဆုံးတွင် ဖုန်းထုတ်လိုက်သည်။

သူမ၏ ရင်ထဲတွင် မပြောရဲသော လျှို့ဝှက်ချက်တစ်ခု ရှိနေသဖြင့် အမြဲတမ်း စိုးရိမ်နေရသည်။ ဗီဒီယို စရိုက်ချိန်တွင် တခြားလူများကို အရင် လိုက်ရိုက်လိုက်ပြီးမှ သူမ ရိုက်ချင်သော တစ်ယောက်တည်းသော သူဆီသို့ ကင်မရာချိန်လိုက်သည်။

ဒါဆိုရင် နောက်ပိုင်း အမေဖြစ်ဖြစ်၊ တခြားလူဖြစ်ဖြစ် ဒီဗီဒီယိုကို တွေ့သွားရင်တောင် သိပ်ပြီး သတိထားမိမှာ မဟုတ်ဘူး။

ဒါပေမဲ့ ပွဲစလိုက်တာနဲ့ သူမရဲ့ အကြည့်တွေ၊ ကင်မရာတွေက သူ့ဆီကနေ ဖယ်ခွာဖို့ မေ့လျော့နေတတ်သည်။

တစ်ခါ ထိပ်တိုက်တွေ့ဆုံမှုတစ်ခုမှာ ဟူခွန်းရဲ့လှုပ်ရှားမှုက နည်းနည်း ကြမ်းတမ်းလာပြီး သူ့လက်ကို ဆွဲခါနီးအထိ ဖြစ်သွားတာ တွေ့လိုက်ရတယ်။

သူမ အကြည့်တွေက ချန်လော့ပိုင်ဆီမှာပဲ ရှိနေလို့ အဲ့ဒါကို မြင်လိုက်ရတာ ဖြစ်မယ်။ အားကစားဆရာတွေကတော့ သတိမထားမိလိုက်ကြဘူး။

ကျိုးအန်းရန်သည် ဟူခွန်း၏ မည်းမှောင်နေသော မျက်နှာကိုကြည့်ပြီး ကျုံးခိုင်နှင့် ထန်ကျန့်ရွေ့ ပြောဖူးသော "ကစားကွက်ညစ်တယ်" ဆိုသည့်စကားကို သတိရသွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။

အခန်း (၁၀) မှ ကစားသမားများသည် သူတို့ထင်ထားသည့်အတိုင်း ဒုတိယပိုင်းတွင် ပို၍ ဆိုးရွားလာသည်။ ဟူခွန်းနှင့် စကားမပြောကြတော့ဘဲ စိတ်ဝမ်းကွဲနေကြသည်။ တစ်ယောက်နှစ်ယောက်ဆိုလျှင် ကစားချင်စိတ် မရှိတော့သလို ဖြစ်ကတတ်ဆန်း ကစားနေကြသည်။

အမှတ်ကွာဟမှု ပိုကြီးလာသည်။

အခန်း (၂) ဘောလုံးရချိန်တွင် ထန်ကျန့်ရွေ့နှင့် ကျုရန်တို့သည် အလွယ်တကူ လွတ်ထွက်သွားကြပြီး ဟူခွန်း အနီးကပ်ကာထားသော ချန်လော့ပိုင်အတွက် နေရာလွတ်တစ်ခု ဖန်တီးပေးလိုက်ကြသည်။

ချန်လော့ပိုင်သည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ လျင်မြန်စွာ ခုန်ပစ်လိုက်သည်။

ဘောလုံးသည် ကောင်လေးလက်ထဲမှ ထွက်ခွာသွားပြီး နောက်တစ်ကြိမ် ခြင်းထဲသို့ သေသပ်စွာ ဝင်သွားပြန်သည်။

သို့သော် ချန်လော့ပိုင် လေပေါ်မှ ပြန်ကျလာချိန်တွင် ဟူခွန်းသည် ကာကွယ်ရန် ပြေးလာသော်လည်း ခြေလှမ်းနောက်ကျသွားခဲ့သည်။ သူ၏ ဘယ်ခြေထောက်သည် မတော်တဆလိုလို၊ တမင်လိုလို ချန်လော့ပိုင် ပြန်ကျမည့် နေရာသို့ ရောက်ရှိသွားသည်။

ကျိုးအန်းရန် သတိမထားမိလိုက်ခင်မှာပင် အနီရောင်ဝတ်စုံနှင့် ကောင်လေးသည် ဟန်ချက်ပျက်ပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်ကို ကင်မရာထဲမှတစ်ဆင့် မြင်လိုက်ရသည်။

သူမ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

ရှေ့မှ အရန်ကစားသမားများ ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်ကြသည်။

လူတွေ ပိတ်နေလို့လား၊ ဟူခွန်း နေရာယူတာ ကောင်းလို့လား မသိ၊ ဆရာက ပြစ်ဒဏ်ဘရာ မမှုတ်ခဲ့ပေ။

လောလောဆယ် ဘရာသံ မကြားရသေး။

ကျုရန်သည် မျက်နှာပျက်လျက် ချန်လော့ပိုင်ကို သွားထူပေးသည်။

ချန်လော့ပိုင် ထရပ်လိုက်ပြီး ခြေချင်းဝတ်ကို လှည့်ကြည့်ရာ ပြဿနာ သိပ်မရှိပုံရသည်။

ကျိုးအန်းရန် စိတ်သက်သာရာ ရသွားသည်။

သို့သော် ကျုရန်သည် တစုံတစ်ခုကို မြင်လိုက်ပုံရသည်။ ချန်လော့ပိုင်လက်ကို လွှတ်လိုက်သည်နှင့် ဟူခွန်းရှိရာဘက်သို့ ဒေါသတကြီး ပြေးသွားသည်။

ကျုရန် ဒီလောက် ဒေါသထွက်တာ ကျိုးအန်းရန် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် နေရာချင်း လဲလိုက်သဖြင့် အခန်း (၂) ၏ ကွင်းဘက်အခြမ်းမှာ ဟိုဘက်ရောက်သွားပြီး အကွာအဝေးတစ်ခု ရှိနေသော်လည်း ကျုရန်၏ ဒေါသသံကို ရှင်းလင်းစွာ ကြားနေရသည်။

"ခွေးကောင်... လူကျိုးအောင်လုပ်တဲ့ ဒီလိုအောက်တန်းကျတဲ့အကွက်မျိုး ငါ့ရှေ့မှာ လာလုပ်ရဲတယ်ပေါ့"

ဟူခွန်းကမူ သူ့ထက် ပိုတည်ငြိမ်နေပြီး မျက်နှာကတော့ မည်းမှောင်နေဆဲ။ "ဘာ လူကျိုးအောင်လုပ်တာလဲ။ သက်သေမရှိဘဲ ငါ့ကို လာစွပ်စွဲမနေနဲ့"

ကျိုးအန်းရန်သည် ခုနက စိတ်ပူနေသဖြင့် ယခုမှ ဖုန်းကိုင်ထားသော လက်ချောင်းလေးများ လှုပ်ရှားသွားသည်။

သူမ ခြေလှမ်း အလိုအလျောက် ရှေ့တိုးသွားမိသည်။ ယင်းယီကျန်း၏ အသံလည်း ဘေးနားမှ ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ... ငါ သွားကြည့်လိုက်ဦးမယ်"

ယင်းယီကျန်း ပြောရင်းဆိုရင်း ကွင်းထဲသို့ ပြေးဝင်သွားသည်။

နှစ်လှမ်းမျှပင် မလျှောက်ရသေးမီ ရှုပ်ထွေးသော မျက်နှာထားဖြင့် ကျုံးခိုင်က ပြန်ဆွဲထားလိုက်သည်။

ကျုံးခိုင် ဘာပြောလိုက်သည်ကို ကျိုးအန်းရန် သေချာမကြားလိုက်ရပေ။ ယင်းယီကျန်းက နှုတ်ခမ်းကို စေ့ကာ ခြေလှမ်းပြန်ရုတ်လိုက်သည်ကိုသာ သူမ မြင်လိုက်ရသည်။

အချိန်က ကပ်နေပြီဖြစ်သည်။ သူမသည် တစ်ခဏအတွင်း အရာများစွာကို တွေးလိုက်မိသလိုလို၊ ဘာမှ မတွေးလိုက်မိသလိုလို ဖြစ်နေခဲ့သည်။ သူမသည် ကိုယ်ကို အနည်းငယ်စောင်းကာ လက်ထဲမှ ဖုန်းကို ယန်ရှင်းချန်၏ ကျောင်းဝတ်စုံအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး သူမ၏နားနားသို့ ခေါင်းတိုးကပ်လိုက်လေသည်။

……

ကွင်းထဲမှ အခြေအနေမှာမူ ရှုပ်ထွေးနေဆဲဖြစ်သည်။

ဟူခွန်း၏ ထိုစကားကို ကြားလိုက်ရသောအခါ ကျုရန်တစ်ယောက် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ်ဖြစ်သွားပြီး ချက်ချင်းဆိုသလို လက်သီးကို မြှောက်လိုက်မိသည်။

"ငါ့မျက်လုံးတွေက သက်သေပဲကွ"

သို့သော် လက်သီးမပစ်လိုက်ရသေးမီ ဘေးမှ ချန်လော့ပိုင်က ဝင်တားလိုက်သည်။

ထိုစဉ် အားကစားဆရာတစ်ဦး ရောက်ရှိလာခဲ့သည်။

"ဘာလုပ်နေကြတာလဲ၊ ဘာလုပ်နေကြတာလဲ။ ဘောလုံးကစားနေကြတာလား၊ ရန်ဖြစ်နေကြတာလား။ ရန်ဖြစ်ချင်တယ်ဆိုရင်လည်း မင်းတို့ ဘောလုံးဆက်မကစားနဲ့တော့"

ချန်လော့ပိုင်က ကျုရန်ကို သူ့နောက်သို့ ဆွဲပို့လိုက်သည်။

"ဘယ်လိုလုပ် ရန်ဖြစ်ရမှာလဲ ဆရာကျောက်ရဲ့၊ ကျွန်တော်တို့က ရင်းရင်းနှီးနှီး ဆွေးနွေးနေကြတာပါ"

ဆရာကျောက် - "......"

ဆရာကျောက်သည် အခန်း (၂) မှ အားကစားဆရာဖြစ်ပြီး သူတို့နှင့် ပုံမှန်အားဖြင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ သူ၏စရိုက်ကို သိထားသော်လည်း မျက်နှာပြောင်တိုက်ကာ ဗြောင်လိမ်နေသော စွမ်းရည်ကြောင့် ရယ်ချင်သလိုတောင် ဖြစ်သွားရသည်။

ကျုရန်လည်း ဆရာ့ရှေ့တွင် ရန်မဖြစ်ရဲသဖြင့် ဒေါသကို အနိုင်နိုင်ထိန်းကာ ပြောလိုက်သည်။

"ဆရာကျောက်... သူစောစောက ချန်လော့ပိုင်ကို ခြေထိုးခံလိုက်တယ်"

ဆရာကျောက် မျက်မှောင်ကြုတ်သွား၏။

သူတို့သည် အမှန်တကယ်ပင် မည်သည့် ပြစ်ဒဏ်ကျူးလွန်မှုကိုမျှ မမြင်လိုက်ရပေ။

ဟူခွန်းက ပြန်လည်ချေပလိုက်သည်။

"ဆရာကျောက်... ကျွန်တော် သူ့ကို ထိတောင်မထိမိပါဘူး။ မြေပြင်ပေါ်ပြန်ကျတဲ့အချိန် ခြေမငြိမ်တာက ပုံမှန်ကိစ္စပဲလေ။ ဒါပေမဲ့ ကျုရန်က လူအများကြီးရှေ့မှာ ကျွန်တော့်ကို စွပ်စွဲပြီး ဆဲဆိုတယ်၊ ပြီးတော့ ကျွန်တော့်ကို ဝင်ထိုးဖို့ လုပ်သေးတယ်။ ဆရာကျောက်၊ ဒီကိစ္စက ပွဲပယ်ပြစ်ဒဏ် မဟုတ်ရင်တောင်မှ နည်းစနစ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်တော့ ပေးသင့်တယ်မဟုတ်လား"

ကျုရန်သည် ထိန်းထားသော ဒေါသများ ပြန်လည်ပေါက်ကွဲလာတော့သည်။

"မင်း... ခွေးကောင်..."

"ကျုရန်"

ချန်လော့ပိုင်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

"စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူက မင်းကို တမင်သက်သက် ဒေါသထွက်အောင် စနေတာ"

ဆရာကျောက်က ကျုရန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဟူခွန်းပြောသည်မှာ အမှန်တရားပင်ဖြစ်သည်။ သူသည် အခန်း (၂) မှ အားကစားဆရာဖြစ်ပြီး ပုံမှန်အချိန်တွင် ကျုရန်ကို သဘောကျသော်လည်း ဤကဲ့သို့သောအချိန်တွင် မျက်နှာလိုက်၍ မရပေ။

ဆရာကျောက်သည် ရင်ဘတ်မှ ခရာကို ယူလိုက်ပြီး ပါးစပ်တွင်တေ့ကာ ကျုရန်ကို နည်းစနစ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးရန် ပြင်လိုက်သည်။ သို့သော် သူ ခရာမမှုတ်ရသေးမီ အခြားတစ်ဖက်မှ စူးရှသော ခရာသံတစ်သံ ထွက်ပေါ်လာသည်။

ကွင်းထဲမှ လူများသည် ခရာသံလာရာဆီသို့ ပြိုင်တူကြည့်လိုက်ကြသည်။

ခရာမှုတ်လိုက်သူမှာ အခန်း (၁၀) မှ အားကစားဆရာဖြစ်သည်။ သူသည် စည်းအပြင်ဘက်တွင် ရပ်နေပြီး လက်နှစ်ဖက်ကို မြှောက်ကာ လက်ဟန်ပြလိုက်သည်။

"အခန်း (၁၀)၊ နံပါတ် ၄၊ အားကစားစိတ်ဓာတ်နဲ့ မညီတဲ့ ပြစ်ဒဏ်"

အခန်း (၁၀) မှ နံပါတ် ၄ မှာ ဟူခွန်းဖြစ်သည်။

ဟူခွန်း ကြောင်အသွားရသည်။

"ဆရာလီ... ကျွန်တော် ဘာမှမလုပ်ဘဲနဲ့ ဘာလို့ အားကစားစိတ်ဓာတ်နဲ့ မညီတဲ့ ပြစ်ဒဏ်ဖြစ်ရတာလဲ"

ဆရာလီက လက်နှစ်ဖက်ကိုချပြီး သူ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"မင်းစောစောက ခြေထိုးခံလိုက်တာကို ဗီဒီယိုရိုက်မိထားတဲ့ ကျောင်းသား ရှိတယ်"

ဟူခွန်း ထပ်မံကြောင်အသွားပြန်သည်။

သူ့လုပ်ရပ်မှာ အလွန်သိသာထင်ရှားခြင်းမရှိဘဲ လျှို့ဝှက်လွန်းလှသဖြင့် မည်သူမျှ သတိထားမိမည်မဟုတ်ဟု သူထင်မှတ်ထားခဲ့သည်။ ကွင်းထဲတွင် ဖုန်းကိုင်ထားသူ အနည်းငယ်ရှိသော်လည်း အားလုံးနီးပါးမှာ မိန်းကလေးများသာဖြစ်ပြီး ချန်လော့ပိုင်၏ မျက်နှာကိုသာ ရိုက်ကူးနေကြခြင်းဖြစ်သည်။ ဘောလုံးကို တကယ်နားလည်သူ တစ်ယောက်မှမရှိဟု ခန့်မှန်းရပြီး ရိုက်ကူးလျှင်လည်း ခြေထောက်လှုပ်ရှားမှုကို ရိုက်ကူးကြမည်မဟုတ်ပေ။

ထို့ကြောင့် သူသည် ဘာကိုမှ မကြောက်မရွံ့ ဖြစ်နေခဲ့ခြင်းဖြစ်သည်။

အခြေအနေများ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ချန်လော့ပိုင်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။

ကျုရန်မှာမူ ရင်ထဲမှ မကျေနပ်ချက်များ ချက်ချင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး မျက်နှာပျက်နေသော ဟူခွန်းကိုကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။

"ဘယ်သူရဲကောင်းက ရိုက်မိသွားတာလဲဟေ့"

ထန်ကျန့်ရွေ့နှင့် အခြားသူများသည်လည်း စောစောက ရန်ပွဲတားရန် ရောက်နေကြပြီးသားဖြစ်သည်။ ထန်ကျန့်ရွေ့က ဆရာလီ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဆရာလီဘေးမှာ ရပ်နေတဲ့ မိန်းကလေးက ငါတို့အခန်းကပဲ၊ ယန်ရှင်းချန် မဟုတ်လား"

"သူရဲကောင်းမလေး ယန်... ကျေးဇူးပဲဟေ့"

ကျုရန်က ကွင်းဘေးသို့ လှမ်းအော်လိုက်ပြီး ဆရာကျောက်ဘက်သို့ ပြန်လှည့်လိုက်သည်။

"ဆရာကျောက်... ကျွန်တော် သူ့ကို မတရားစွပ်စွဲတာ မဟုတ်ဘူးဆိုတာ မြင်ပြီမလား။ ခြေထိုးခံတဲ့ လုပ်ရပ်က ဘယ်လောက် အန္တရာယ်များလဲဆိုတာ ဆရာလည်း သိတာပဲ။ အားလော့ ဒီနေ့ ဒဏ်ရာမရသွားတာက ကံကောင်းလို့ပါ"

ဆရာကျောက်က ပါးစပ်ထဲမှ ခရာကို ချလိုက်ပြီး ဟူခွန်းကိုကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ကျောင်းသားတွေ ဘောလုံးကစားတယ်ဆိုတာ ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အပန်းဖြေဖို့ပဲ၊ မရှိသင့်မရှိထိုက်တဲ့ အရာတွေကို ကွင်းထဲ ယူမလာနဲ့"

ဟူခွန်း၏မျက်နှာမှာ အရောင်အမျိုးမျိုးပြောင်းသွားပြီးမှ ပြန်လည်ငြိမ်သက်သွားသည်။

"ဆရာကျောက်... ကျွန်တော် ခုနက တကယ် သတိမထားမိလိုက်လို့ပါ။ ကွင်းထဲမှာ ထိပ်တိုက်တွေ့တာတွေ၊ ပဋိပက္ခဖြစ်တာတွေက ရှောင်လွှဲလို့မရဘူးဆိုတာ ဆရာလည်း သိသားပဲ။ ခုနက ကာကွယ်ရင်းနဲ့ သတိမထားမိလိုက်တာ ဖြစ်လောက်တယ်။ ဆောရီးပါ ချန်လော့ပိုင်"

ချန်လော့ပိုင်က ပြုံး၍ သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ကိစ္စမရှိပါဘူး"

ကျုရန်သည် ဟူခွန်း၏စကားကို ကြားသောအခါ ဒေါသပြန်ထွက်လာသော်လည်း ဘေးမှ သခင်လေးက ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် ဟူခွန်း၏အခြေအနေ သိပ်မကောင်းတော့မှန်း ရိပ်မိလိုက်သည်။

သို့သော် ချန်လော့ပိုင်က ဟူခွန်းကို ဒုက္ခမပေးခင်မှာပင် သူတို့အခန်းမှ ယန်ရှင်းချန်ဆိုသော မိန်းကလေးက ဘေးမှ ဆရာလီကို အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်ကို ကြားလိုက်ရသည်။

"ဆရာလီ... လူကိုရည်ရွယ်ပြီး ဘောလုံးကိုမရည်ရွယ်တဲ့ လုပ်ရပ်တိုင်းက အားကစားစိတ်ဓာတ်နဲ့မညီတဲ့ ပြစ်ဒဏ်လို့ သတ်မှတ်လားဟင်။ ပြီးတော့ ကစားသမားတစ်ယောက်က ပွဲတစ်ပွဲမှာ အဲဒီပြစ်ဒဏ် နှစ်ကြိမ်ထိရင် ကွင်းထဲကနေ ထွက်ရမှာမလား"

ဆရာလီက ခေါင်းညိတ်ပြလိုက်သည်။

ယန်ရှင်းချန်သည် ကွင်းထဲသို့ ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်ကြားအောင် တမင်ပြောလိုက်သကဲ့သို့ အသံကို ထပ်မံမြှင့်လိုက်သည်။

"ဒါဆိုရင် ဆရာစိတ်ချပါ... ကွင်းထဲက လှုပ်ရှားမှုတွေကို ကျွန်မတို့ ဆက်ပြီး သတိထားကြည့်နေပေးပါမယ်၊ တစ်ယောက်ယောက်များ အဲဒီလို ညစ်ပတ်တဲ့ အကွက်တွေ ထပ်သုံးရင် ဆရာ့ကို ချက်ချင်း လှမ်းပြောပေးမယ်"

ကျုရန်သည် မျက်နှာပျက်နေပြီဖြစ်သော ဟူခွန်းကို ကြည့်ကာ သဘောကျလွန်း၍ မနေနိုင်တော့ပေ။

"ငါတို့အခန်းက မိန်းကလေးတွေ မိုက်တယ်ကွ"

ချန်လော့ပိုင်သည် ကွင်းဘေးသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး အကြည့်ကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်လေသည်။

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၁၂ ။ လီမွန် : သူမလည်း မဖုံးကွယ်နိုင်မှာကို စိုးရိမ်မိတယ်

နှစ်လှမ်းမျှပင် မလျှောက်ရသေးမီ ရှုပ်ထွေးသော မျက်နှာထားဖြင့် ကျုံးခိုင်က ပြန်ဆွဲထားလိုက်သည်။ ကျုံးခိုင် ဘာပြောလိုက်သည်ကို ကျိုးအန်းရန် သေချာမကြားလိုက်ရပေ။ ယင်းယီကျန်းက နှုတ်ခမ်းကို စေ့ကာ ခြေလှမ်းပြန်ရုတ်လိုက်သည်ကိုသာ သူမ မြင်လိုက်ရသည်။

အချိန်က ကပ်နေပြီဖြစ်သည်။ သူမသည် တစ်ခဏအတွင်း အရာများစွာကို တွေးလိုက်မိသလိုလို၊ ဘာမှ မတွေးလိုက်မိသလိုလို ဖြစ်နေခဲ့သည်။ သူမသည် ကိုယ်ကို အနည်းငယ်စောင်းကာ လက်ထဲမှဖုန်းကို ယန်ရှင်းချန်၏ ကျောင်းဝတ်စုံအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး သူမ၏နားနားသို့ ခေါင်းတိုးကပ်လိုက်လေသည်။

ကွင်းထဲမှ အခြေအနေမှာမူ ရှုပ်ထွေးနေဆဲပင်။

ဟူခွန်း၏ ထိုစကားကို ကြားလိုက်ရသောအခါ ကျုရန်တစ်ယောက် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ်ဖြစ်သွားပြီး ချက်ချင်းဆိုသလို လက်သီးကို မြှောက်လိုက်မိသည်။

"ငါ့မျက်လုံးတွေက သက်သေပဲကွ"

သို့သော် လက်သီးမပစ်လိုက်ရသေးမီ ဘေးမှ ချန်လော့ပိုင်က ဝင်တားလိုက်သည်။ ထိုစဉ် အားကစားဆရာတစ်ဦး ရောက်ရှိလာခဲ့သည်။

"ဘာလုပ်နေကြတာလဲ၊ ဘာလုပ်နေကြတာလဲ။ ဘောလုံးကစားနေကြတာလား၊ ရန်ဖြစ်နေကြတာလား။ ရန်ဖြစ်ချင်တယ်ဆိုရင်လည်း မင်းတို့ ဘောလုံးဆက်မကစားနဲ့တော့"

ချန်လော့ပိုင်က ကျုရန်ကို သူ့နောက်သို့ ဆွဲပို့လိုက်သည်။

"ဘယ်လိုလုပ် ရန်ဖြစ်ရမှာလဲ ဆရာကျောက်ရဲ့၊ ကျွန်တော်တို့က ရင်းရင်းနှီးနှီး ဆွေးနွေးနေကြတာပါ"

ဆရာကျောက် - "......"

ဆရာကျောက်သည် အခန်း (၂) မှ အားကစားဆရာဖြစ်ပြီး သူတို့နှင့် ပုံမှန်အားဖြင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ သူ၏စရိုက်ကို သိထားသော်လည်း မျက်နှာပြောင်တိုက်ကာ ဗြောင်လိမ်နေသော စွမ်းရည်ကြောင့် ရယ်ချင်သလိုတောင် ဖြစ်သွားရသည်။

ကျုရန်လည်း ဆရာ့ရှေ့တွင် ရန်မဖြစ်ရဲသဖြင့် ဒေါသကို အနိုင်နိုင်ထိန်းကာ ပြောလိုက်သည်။

"ဆရာကျောက်... သူစောစောက ချန်လော့ပိုင်ကို ခြေထိုးခံလိုက်တယ်"

ဆရာကျောက် မျက်မှောင်ကြုတ်သွား၏။

သူတို့သည် အမှန်တကယ်ပင် မည်သည့် ပြစ်ဒဏ်ကျူးလွန်မှုကိုမျှ မမြင်လိုက်ရပေ။

ဟူခွန်းက ပြန်လည်ချေပလိုက်သည်။

"ဆရာကျောက်... ကျွန်တော် သူ့ကို ထိတောင်မထိမိပါဘူး။ မြေပြင်ပေါ်ပြန်ကျတဲ့အချိန် ခြေမငြိမ်တာက ပုံမှန်ကိစ္စပဲလေ။ ဒါပေမဲ့ ကျုရန်က လူအများကြီးရှေ့မှာ ကျွန်တော့်ကို စွပ်စွဲပြီး ဆဲဆိုတယ်၊ ပြီးတော့ ကျွန်တော့်ကို ဝင်ထိုးဖို့ လုပ်သေးတယ်။ ဆရာကျောက်... ဒီကိစ္စက ပွဲပယ်ပြစ်ဒဏ် (Disqualification) မဟုတ်ရင်တောင်မှ နည်းစနစ်ပိုင်းဆိုင်ရာ ပြစ်ဒဏ် (Technical Foul) တော့ ပေးသင့်တယ်မဟုတ်လား"

ကျုရန်သည် ထိန်းထားသော ဒေါသများ ပြန်လည်ပေါက်ကွဲလာတော့သည်။

"မင်း... ခွေးကောင်..."

"ကျုရန်"

ချန်လော့ပိုင်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

"စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူက မင်းကို တမင်သက်သက် ဒေါသထွက်အောင် စနေတာ"

ဆရာကျောက်က ကျုရန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဟူခွန်းပြောသည်မှာ အမှန်တရားပင်ဖြစ်သည်။ သူသည် အခန်း (၂) မှ အားကစားဆရာဖြစ်ပြီး ပုံမှန်အချိန်တွင် ကျုရန်ကို သဘောကျသော်လည်း ဤကဲ့သို့သောအချိန်တွင် မျက်နှာလိုက်၍ မရပေ။

ဆရာကျောက်သည် ရင်ဘတ်မှ ခရာကို ယူလိုက်ပြီး ပါးစပ်တွင်တေ့ကာ ကျုရန်ကို နည်းစနစ်ပိုင်းဆိုင်ရာ ပြစ်ဒဏ် (Technical foul) ပေးရန် ပြင်လိုက်သည်။ သို့သော် သူ ခရာမမှုတ်ရသေးမီ အခြားတစ်ဖက်မှ စူးရှသော ခရာသံတစ်သံ ထွက်ပေါ်လာသည်။

ကွင်းထဲမှ လူများသည် ခရာသံလာရာဆီသို့ ပြိုင်တူကြည့်လိုက်ကြသည်။

ခရာမှုတ်လိုက်သူမှာ အခန်း (၁၀) မှ အားကစားဆရာဖြစ်သည်။ သူသည် စည်းအပြင်ဘက်တွင် ရပ်နေပြီး လက်နှစ်ဖက်ကို မြှောက်ကာ လက်ဟန်ပြလိုက်သည်။

"အခန်း (၁၀)၊ နံပါတ် ၄၊ အားကစားစိတ်ဓာတ်နဲ့ မညီတဲ့ ပြစ်ဒဏ်။"

အခန်း (၁၀) မှ နံပါတ် ၄ မှာ ဟူခွန်းဖြစ်သည်။

ဟူခွန်း ကြောင်အသွားရသည်။

"ဆရာလီ... ကျွန်တော် ဘာမှမလုပ်ဘဲနဲ့ ဘာလို့ အားကစားစိတ်ဓာတ်နဲ့ မညီတဲ့ ပြစ်ဒဏ်ဖြစ်ရတာလဲ"

ဆရာလီက လက်နှစ်ဖက်ကိုချပြီး သူ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"မင်းစောစောက ခြေထိုးခံလိုက်တာကို ဗီဒီယိုရိုက်မိထားတဲ့ ကျောင်းသား ရှိတယ်"

ဟူခွန်း ထပ်မံကြောင်အသွားပြန်သည်။

သူ၏လုပ်ရပ်မှာ အလွန်သိသာထင်ရှားခြင်းမရှိဘဲ လျှို့ဝှက်လွန်းလှသဖြင့် မည်သူမျှ သတိထားမိမည်မဟုတ်ဟု သူထင်မှတ်ထားခဲ့သည်။ ကွင်းထဲတွင် ဖုန်းကိုင်ထားသူ အနည်းငယ်ရှိသော်လည်း အားလုံးနီးပါးမှာ မိန်းကလေးများသာဖြစ်ပြီး ချန်လော့ပိုင်၏ မျက်နှာကိုသာ ရိုက်ကူးနေကြခြင်းဖြစ်သည်။ ဘောလုံးကို တကယ်နားလည်သူ တစ်ယောက်မှမရှိဟု ခန့်မှန်းရပြီး ရိုက်ကူးလျှင်လည်း ခြေထောက်လှုပ်ရှားမှုကို ရိုက်ကူးကြမည်မဟုတ်ပေ။

ထို့ကြောင့် သူသည် ဘာကိုမှ မကြောက်မရွံ့ ဖြစ်နေခဲ့ခြင်းဖြစ်သည်။

အခြေအနေများ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ချန်လော့ပိုင်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။

ကျုရန်မှာမူ ရင်ထဲမှ မကျေနပ်ချက်များ ချက်ချင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး မျက်နှာပျက်နေသော ဟူခွန်းကိုကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။

"ဘယ်သူရဲကောင်းက ရိုက်မိသွားတာလဲဟေ့"

ထန်ကျန့်ရွေ့နှင့် အခြားသူများသည်လည်း စောစောက ရန်ပွဲတားရန် ရောက်နေကြပြီးသားဖြစ်သည်။ ထန်ကျန့်ရွေ့က ဆရာလီ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဆရာလီဘေးမှာ ရပ်နေတဲ့ မိန်းကလေးက ငါတို့အခန်းကပဲ၊ ယန်ရှင်းချန် မဟုတ်လား"

"သူရဲကောင်းမလေး ယန်... ကျေးဇူးပဲဟေ့"

ကျုရန်က ကွင်းဘေးသို့ လှမ်းအော်လိုက်ပြီး ဆရာကျောက်ဘက်သို့ ပြန်လှည့်လိုက်သည်။

"ဆရာကျောက်... ကျွန်တော် သူ့ကို မတရားစွပ်စွဲတာ မဟုတ်ဘူးဆိုတာ မြင်ပြီမလား။ ခြေထိုးခံတဲ့ လုပ်ရပ်က ဘယ်လောက် အန္တရာယ်များလဲဆိုတာ ဆရာလည်း သိတာပဲ။ အားလော့ ဒီနေ့ ဒဏ်ရာမရသွားတာက ကံကောင်းလို့ပါ"

ဆရာကျောက်က ပါးစပ်ထဲမှ ခရာကို ချလိုက်ပြီး ဟူခွန်းကိုကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ကျောင်းသားတွေ ဘောလုံးကစားတယ်ဆိုတာ ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အပန်းဖြေဖို့ပဲ၊ မရှိသင့်မရှိထိုက်တဲ့ အရာတွေကို ကွင်းထဲ ယူမလာနဲ့"

ဟူခွန်း၏ မျက်နှာမှာ အရောင်အမျိုးမျိုးပြောင်းသွားပြီးမှ ပြန်လည်ငြိမ်သက်သွားသည်။

"ဆရာကျောက်... ကျွန်တော် ခုနက တကယ် သတိမထားမိလိုက်လို့ပါ။ ကွင်းထဲမှာ ထိပ်တိုက်တွေ့တာတွေ၊ ပဋိပက္ခဖြစ်တာတွေက ရှောင်လွှဲလို့မရဘူးဆိုတာ ဆရာလည်း သိသားပဲ။ ခုနက ကာကွယ်ရင်းနဲ့ သတိမထားမိလိုက်တာ ဖြစ်လောက်တယ်... ဆောရီးပါ ချန်လော့ပိုင်"

ချန်လော့ပိုင်က ပြုံး၍ သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ကိစ္စမရှိပါဘူး"

ကျုရန်သည် ဟူခွန်း၏ စကားကို ကြားသောအခါ ဒေါသပြန်ထွက်လာသော်လည်း ဘေးမှ သခင်လေးက ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် ဟူခွန်း၏ အခြေအနေ သိပ်မကောင်းတော့မှန်း ရိပ်မိလိုက်သည်။

သို့သော် ချန်လော့ပိုင်က ဟူခွန်းကို ဒုက္ခမပေးခင်မှာပင် သူတို့အခန်းမှ ယန်ရှင်းချန်ဆိုသော မိန်းကလေးက ဘေးမှ ဆရာလီကို အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်ကို ကြားလိုက်ရသည်။

"ဆရာလီ... လူကိုရည်ရွယ်ပြီး ဘောလုံးကိုမရည်ရွယ်တဲ့ လုပ်ရပ်တိုင်းက အားကစားစိတ်ဓာတ်နဲ့မညီတဲ့ ပြစ်ဒဏ်လို့ သတ်မှတ်လားဟင်။ ပြီးတော့ ကစားသမားတစ်ယောက်က ပွဲတစ်ပွဲမှာ အဲဒီပြစ်ဒဏ် နှစ်ကြိမ်ထိရင် ကွင်းထဲကနေ ထွက်ရမှာမလား"

ဆရာလီက ခေါင်းညိတ်ပြလိုက်သည်။

ယန်ရှင်းချန်သည် ကွင်းထဲသို့ ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်ကြားအောင် တမင်ပြောလိုက်သကဲ့သို့ အသံကို ထပ်မံမြှင့်လိုက်သည်။

"ဒါဆိုရင် ဆရာစိတ်ချပါ... ကွင်းထဲက လှုပ်ရှားမှုတွေကို ကျွန်မတို့ ဆက်ပြီး သတိထားကြည့်နေပေးပါမယ်၊ တစ်ယောက်ယောက်များ အဲဒီလို ညစ်ပတ်တဲ့ အကွက်တွေ ထပ်သုံးရင် ဆရာ့ကို ချက်ချင်း လှမ်းပြောပေးမယ်"

ကျုရန်သည် မျက်နှာပျက်နေပြီဖြစ်သော ဟူခွန်းကို ကြည့်ကာ သဘောကျလွန်း၍ မနေနိုင်တော့ပေ။

"ငါတို့အခန်းက မိန်းကလေးတွေ မိုက်တယ်ကွ"

ချန်လော့ပိုင်သည် ကွင်းဘေးသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး အကြည့်ကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်လေသည်။

ယန်ရှင်းချန်သည် ထိုစကားကို ပြောပြီးသည်နှင့် ကွင်းထဲတွင် ပွဲခေတ္တရပ်နားထားချိန်ကို အခွင့်ကောင်းယူကာ မူလနေရာသို့ အမြန်ပြန်ပြေးလာခဲ့သည်။

တုန်းချန်က သံသယအပြည့်ဖြင့် သူမကို ကြည့်နေ၏။

"ယန်ရှင်းချန်... နင်က ဘာလဲဟ၊ အားကစားစိတ်ဓာတ်နဲ့မညီတဲ့ ပြစ်ဒဏ်ဆိုတာကိုတောင် သိနေပါလား။ ဘယ်တုန်းက ဘတ်စကက်ဘောပြိုင်ပွဲတွေကို စိတ်ဝင်စားသွားတာလဲ"

ယန်ရှင်းချန် ပါးစပ်ဟလိုက်သည်။

ကျိုးအန်းရန်က သူမကို အမြန်ဆွဲခေါ်လိုက်သည်။

"ပွဲက ပြန်စတော့မယ်၊ စည်းအတွင်းဘက်မှာ သွားမရပ်နဲ့လေ"

သူမသည် ယန်ရှင်းချန်၏ ပွင့်လင်းလွန်းသော စရိုက်ကို ကောင်းစွာသိသောကြောင့် လက်ကောက်ဝတ်ကို တို့ထိကာ သတိပေးလိုက်ခြင်းဖြစ်သည်။

ယန်ရှင်းချန် သဘောပေါက်သွားပြီး ကိုယ့်နေရာကိုယ် ပြန်ရပ်လိုက်ကာ တုန်းချန်ကို လှည့်ပင်မကြည့်ဘဲ ပြောလိုက်သည်။

"ငါနားလည်မလည် နင်ဂရုစိုက်စရာ မလိုပါဘူး"

တုန်းချန် - "......"

ကွင်းထဲတွင်မူ ဆရာကျောက်က ရှေ့မှ ကျောင်းသားများကို ဖြည်းညှင်းစွာ ဝေ့ဝဲကြည့်လိုက်ပြီး ဟူခွန်းထံရောက်သောအခါ အကြည့်ရပ်တန့်သွားသည်။

"ခုနက ကြားကြတယ်မလား၊ ဘေးက ကျောင်းသားတွေ ကြည့်နေကြတယ်နော်။ ညစ်ပတ်တဲ့အကွက် သုံးချင်တဲ့သူတွေ အကုန်လုံး သိမ်းထားလိုက်ကြ။ ရန်ဖြစ်ဖို့နဲ့ စကားများဖို့ဆိုတာ ပိုတောင် မစဉ်းစားနဲ့။ ဒုတိယအကြိမ် ထပ်ဖြစ်ရင် မင်းတို့ ပြိုင်ပွဲကို ဆက်မကစားကြနဲ့တော့။ ကဲ... ဆက်စမယ်"

ဆရာကျောက် ကွင်းဘေးသို့ ပြန်လျှောက်သွားလေသည်။

ကျုရန်က ချန်လော့ပိုင်၏ ပခုံးကိုဖက်ကာ တီးတိုးမေးလိုက်သည်။

"မင်းခုနက ပြောလိုက်တဲ့ 'ကိစ္စမရှိပါဘူး' ဆိုတာ ဘာသဘောလဲ၊ နောက်ကျမှ ဟူခွန်းကို ပြန်ပညာပေးမလို့လား"

ချန်လော့ပိုင်က သူ့လက်ကို ပုတ်ချလိုက်သည်။

"လက်မှာလည်း ချွေးတွေနဲ့၊ ငါ့နားက ဝေးဝေးနေစမ်းပါ။ ငါက သူ့ကို ဘာလုပ်ရမှာလဲ၊ ပြိုင်ပွဲကို နိုင်ချင်ရင်တောင် ဂုဏ်သိက္ခာရှိရှိ နိုင်ယူမှာ"

"မင်းလည်း လက်မှာ ချွေးတွေနဲ့ပဲဟာကို"

ကျုရန်က မျက်လုံးလှန်ကြည့်လိုက်သည်။

"ဂုဏ်သိက္ခာရှိရှိ နိုင်ယူမယ်ဆိုတာကိုတော့ ငါယုံတယ်၊ သူ့ကို ပညာမပေးဘူးဆိုတာကိုတော့ ငါမယုံနိုင်ပါဘူးကွာ။ ငါ အိပ်နေတုန်း ဆူမိတာလောက်နဲ့တောင် မင်းက ငါ့ကို ပြန်နှိပ်စက်တတ်တာ၊ ဒီနေ့ကျမှ ဒီလောက် သဘောထားကြီးပေးမယ် ဟုတ်လား"

ချန်လော့ပိုင်က ခြေကျင်းဝတ်ကို လှုပ်ရှားလိုက်သည်။

ဒီနေ့ ဒဏ်ရာမရသည်မှာ အမှန်တကယ်ပင် သူ့ကံကောင်းသောကြောင့်ဖြစ်သည်။

သူ သေချာပေါက် သဘောထားမကြီးနိုင်ပေ။

"လူကိုရိုက်မယ်ဆိုရင် နာမယ့်နေရာကို ရိုက်ရတယ်ဆိုတာ သိတယ်မလား"

ဘာက နာကျင်မယ့်နေရာလဲဟု ကျုရန် မေးချင်သော်လည်း ဆရာလီက ချန်လော့ပိုင်ကို ဘောလုံးလက်ခံရန် လှမ်းခေါ်နေပြီဖြစ်သည်။

စောစောက ဟူခွန်း ပြစ်ဒဏ်ကျူးလွန်သဖြင့် အခန်း (၂) ဘက်မှ ပစ်ဒဏ်ဘောတစ်ကြိမ်နှင့် ဘေးစည်းမှ ဘောလုံးပစ်ခွင့် တစ်ကြိမ် ရရှိလိုက်သည်။ ချန်လော့ပိုင် ဘောလုံးကို လက်ခံရယူပြီး ပစ်ဒဏ်ဘော ပစ်ရမည့်စည်းသို့ သွားလိုက်သည်။

ကျုရန်လည်း ဆက်မမေးတော့ပေ။

သို့သော် မကြာမီမှာပင် အဖြေကို သူ သိလိုက်ရသည်။

အခန်း (၁၀) မှာ ကွင်းထဲတွင် အတွင်းရေးပဋိပက္ခများ ဖြစ်နေပြီး ကျန်လူများနှင့် ဟူခွန်းမှာ တခြားစီကစားနေကြရာ မူလကတည်းက အခန်း (၂) ထက် ရမှတ်များစွာ နောက်ကျနေပြီဖြစ်သည်။

ယခု ဟူခွန်းမှာ သူတို့အခန်းမှ မိန်းကလေး၏ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းကို ခံထားရသဖြင့် မည်သည့် လှည့်ကွက်မှ မသုံးရဲတော့ပေ။ သာမန် တိုက်စစ်နှင့် ခံစစ်များတွင်ပင် ချုပ်တည်းထားသလို ဖြစ်နေရသည်။ သူဟူသော အဓိကနေရာတွင် ပြဿနာတက်သွားသည်နှင့် အခန်း (၁၀) တစ်ခုလုံး ပြိုလဲသွားတော့သည်။

စတုတ္ထပိုင်းစတင်ပြီး မကြာမီမှာပင် အခန်း (၂) ၏ ဦးဆောင်ရမှတ်မှာ အမှတ် ၃၀ ကျော်အထိ ဖြတ်သွားခဲ့ပြီး ပွဲကို စောစီးစွာ အဆုံးအဖြတ် ပေးလိုက်နိုင်လေသည်။

ချန်လော့ပိုင်က ဒိုင်လူကြီးကို လူလဲရန် လက်ဟန်ပြလိုက်ပြီး ကွင်းဘေးသို့ လျှောက်သွားကာ သူတို့ဘက်သို့ ခေါင်းငဲ့ပြလိုက်သည်။

"ကျုရန်၊ ရွေ့ရွေ့... မင်းတို့လည်း ဆင်းတော့"

ကျုရန်နှင့် ထန်ကျန့်ရွေ့တို့ သူနှင့်အတူ ကွင်းဘေးသို့ လျှောက်လာကြရာ သူက မေးလိုက်သည်ကို ကြားလိုက်ရသည်။

"မင်းတို့ထဲက ဘယ်သူ ဝင်ကစားချင်လဲ"

ထိုင်ခုံပေါ်မှ ထလာသော ယွမ်ရှူးကျဲက စကားကို နားမလည်သဖြင့် ပြန်မေးလိုက်သည်။

"မင်းတို့သုံးယောက်လုံး ဆင်းပြီဆိုတော့၊ ငါတို့သုံးယောက် ဝင်ရမှာမလား"

"မင်းကို မေးနေတာ မဟုတ်ဘူး"

ချန်လော့ပိုင်က ပြုံးရင်း သူ့အနောက်ဘက်ကို မေးငေါ့ပြလိုက်သည်။

"အတန်းထဲက တခြားယောက်ျားလေးတွေကို မေးနေတာ၊ ဘာပဲဖြစ်ဖြစ် အခုက အချိန်ဖြုန်းရမယ့်အချိန် ရောက်နေပြီဆိုတော့... ဘယ်လိုလဲ၊ ငါတို့ ကျောင်းလက်ရွေးစင် ကစားသမားတွေနဲ့ ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားတဲ့သူ ရှိလား"

ချန်လော့ပိုင်ပြောသော "လူကိုရိုက်မယ်ဆိုရင် နာမယ့်နေရာကို ရိုက်ရတယ်" ဆိုသည့် အဓိပ္ပာယ်ကို ကျုရန် ချက်ချင်း နားလည်သွားသည်။

ဟူခွန်းက သူတို့နှင့် ရန်ဖြစ်ရသည်ကို ပိုကြောက်မလား၊ ပွဲရှုံးမှာကို ပိုကြောက်မလား။

အဖြေက ဒုတိယတစ်ခု ဖြစ်သည်။

သူက ကျောင်းလက်ရွေးစင်တစ်ယောက်ဖြစ်ပြီး သူတို့လိုလူတွေကို ရှုံးရသည်မှာ အရှက်ကွဲစရာပင်။

ထို့အပြင် ရမှတ်ကွာခြားချက်ကလည်း အလွန်ကြီးမားနေသည်။ ကြီးမားလွန်းသဖြင့် ချန်လော့ပိုင်က အရန်ကစားသမားဟုပင် ခေါ်မရသော အခန်း (၂) မှ သာမန်ကျောင်းသားများကို ဝင်ကစားခိုင်းရဲသည့် အခြေအနေဖြစ်သည်။

ဒါက သူ့မျက်နှာကို ကြမ်းပြင်ပေါ်ပွတ်ဆွဲပြီး နင်းချေလိုက်ခြင်းနှင့် အတူတူပင်။

လူကိုသတ်ရုံတင်မကဘဲ စိတ်ကိုပါ သတ်လိုက်ခြင်းဖြစ်သည်။

မျှမျှတတပြောရလျှင် ဟူခွန်းသည် ဤပွဲတွင် ကစားသည်မှာ မဆိုးလှပေ။ အခန်း (၁၀) ရရှိသော ရမှတ် ၉၀ ရာခိုင်နှုန်းကျော်မှာ သူကစား၍ ရထားခြင်းဖြစ်သည်။

သို့သော် ဘတ်စကက်ဘောပြိုင်ပွဲသည် တစ်ကိုယ်တော်ပွဲ မဟုတ်ပေ။

ကျုရန် လှည့်ကြည့်လိုက်သည်။

ဟူခွန်း၏မျက်နှာမှာ ရေညှစ်ချ၍ ရလောက်သည်အထိ မည်းမှောင်နေလေပြီ။

ကျုရန် မြင်လိုက်ရသည်နှင့် ကျေနပ်သွားပြီး ပြဇာတ်ကြည့်ရသည်ကို မဝသေးသကဲ့သို့ ဘေးမှ အော်ဟစ်အားပေးလိုက်သည်။

"အခွင့်အရေးက ရခဲတယ်နော်၊ ကစားချင်တဲ့သူ မြန်မြန်ဝင်လိုက်ကြ။ ရမှတ်နည်းနည်း ပြန်အလိုက်ခံရလည်း ကိစ္စမရှိဘူး၊ မင်းတို့ အစ်ကိုကြီးလော့က ပြန်နိုင်အောင် ကစားပေးလိမ့်မယ်"

"ဘုန်း" ခနဲ ကျယ်လောင်သော အသံတစ်သံ အနောက်ဘက်မှ ထွက်ပေါ်လာသည်။

အခန်း (၂) ဘက်မှ လူများ၏ ဝေဖန်သံများလည်း ထွက်ပေါ်လာသည်။

"သောက်ကျိုးနည်း... ဟူခွန်းက ဘောလုံးနဲ့ ပေါက်လိုက်တာလား"

"ကျွတ်... ကျွတ်... ကျွတ်... ခြေထိုးခံတုန်းကတော့ မျက်နှာမလိုချင်ဘူး၊ အခုကျမှ မျက်နှာလိုချင်နေတယ်ပေါ့လေ"

ချန်လော့ပိုင် မျက်ခုံးပင့်ကာ နောက်လှည့်ကြည့်လိုက်သည်။

ကျုရန်လည်း လိုက်ကြည့်လိုက်သည်။

လိမ္မော်ရောင်ဘောလုံးမှာ ကြမ်းပြင်ကိုရိုက်မိပြီး သူတို့ရှိရာဘက်သို့ ပြန်ကန်ထွက်လာသည်။ ချန်လော့ပိုင်က ဘောလုံးကို လှမ်းဖမ်းလိုက်ပြီး ဟူခွန်းကတော့ နောက်ပင်လှည့်မကြည့်ဘဲ တစ်ဖက်ကွင်းဘေးသို့ လျှောက်သွားကာ လူအုပ်ကြားတိုးဝင်၍ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။

ကျုရန်က အသံဆွဲကာ လှမ်းအော်လိုက်သည်။

"ဟေး... ဟူခွန်း၊ မကစားတော့ဘူးလား။ အရှုံးပေးချင်လည်း ရပါတယ်၊ လာမယ့် တနင်္လာနေ့ကျရင် တစ်ကျောင်းလုံးရှေ့မှာ ပြန်တောင်းပန်စာဖတ်ဖို့သာ မမေ့နဲ့နော်"

အကွာအဝေးတစ်ခုရှိသော်လည်း ထိုကျောပြင် တောင့်ခနဲဖြစ်သွားသည်ကို ကျုရန် မြင်လိုက်ရသည်။

ကျုရန်သည် ချန်လော့ပိုင် ပခုံးပေါ်မှီကာ အူတက်မတတ် ရယ်မောလိုက်သည်။

ချန်လော့ပိုင်က ရွံရှာသလို တွန်းထုတ်လိုက်သဖြင့် ထန်ကျန့်ရွေ့ ပခုံးပေါ် ပြောင်းမှီကာ ဆက်ရယ်နေလေသည်။

ဟူခွန်း ထွက်သွားသည်နှင့် ပြိုင်ပွဲမှာလည်း ပြီးဆုံးသွားသကဲ့သို့ ဖြစ်သွားသည်။

ချန်လော့ပိုင်က ကျုရန်ကို တွန်းလိုက်သည်။

"ရယ်မနေနဲ့တော့၊ ရေသန့်တစ်ဘူးယူပြီး ဆရာလီကို သွားပေးလိုက်။ ပြီးတော့ ဆရာ့ကို ငါတို့နဲ့အတူ 'ချင်းထင်း' မှာ ညစာလိုက်စားမလားလို့ မေးကြည့်လိုက်ဦး"

ဒီပွဲကို နိုင်လိုက်သည်မှာ အလွန်ကျေနပ်စရာကောင်းသဖြင့် ကျုရန်လည်း ပျော်ပျော်ရွှင်ရွှင်ပင် အခိုင်းခံလိုက်သည်။

သူ တက်ကြွစွာဖြင့် ရေသန့်သွားပို့ပြီး ပြန်လာချိန်တွင် ကွင်းဘေးမှ ပရိသတ်အများစုမှာ လူစုခွဲသွားကြပြီဖြစ်သည်။ မလှမ်းမကမ်းမှ မျက်နှာတစ်ခြမ်းကို သူ မတော်တဆ တွေ့လိုက်ရသည်။

"သူရဲကောင်းမလေး ယန်"

တစ်ဖက်လူက တုံ့ပြန်ခြင်းမရှိပေ။

ကျုရန်သည် ရှေ့ဆုံးတန်းမှ ထိုမိန်းကလေးများနှင့် လုံးဝမရင်းနှီးပေ။ နာမည်ကို ပြန်စဉ်းစားလိုက်သည်။

"ယန်ရှင်းချန်"

ကျိုးအန်းရန်၏ လက်မောင်းကိုချိတ်၍ အပြင်ထွက်ရန် ပြင်နေသော ယန်ရှင်းချန် အနည်းငယ်ကြောင်သွားပြီး လှည့်ကြည့်လိုက်သည်။

"ငါ့ကိုခေါ်တာလား"

"ဟုတ်တယ်လေ"

ကျုရန်က ပိုနေသော ရေသန့်တစ်ဘူးကို ကိုင်ထားရင်း ပြုံးဖြီးဖြီးဖြင့် သူမကို ကြည့်လိုက်သည်။

"ငါတို့ညကျရင် 'ချင်းထင်း' မှာ ထမင်းသွားစားကြမလို့၊ နင် လိုက်မလား"

ယန်ရှင်းချန် - "မလိုက်တော့ပါဘူး၊ ညကျရင် ကိစ္စရှိလို့"

သူမ ငြင်းပြီးသည်နှင့် ချက်ချင်း ပြန်လှည့်သွားကာ ဘေးမှ မိန်းကလေးကို လက်ချိတ်၍ ခေါင်းပင်ပြန်မငဲ့ဘဲ ဆက်လျှောက်သွားသည်ကို ကျုရန် မြင်လိုက်ရသဖြင့် မျက်ခုံးပင့်လိုက်မိသည်။

ဆရာကျောက်ကို ရေသွားပေးပြီး ပြန်ရောက်လာသော ချန်လော့ပိုင်ဘေးသို့ ပြန်လျှောက်သွားပြီး သူရယ်မောကာ ပြောလိုက်သည်။

"သူရဲကောင်းမလေး ယန်က မင်းကို စိတ်ဝင်စားနေတယ်လို့ ငါထင်ခဲ့တာ၊ မဟုတ်ရင် ဟူခွန်းက မင်းကို ခြေထိုးခံတဲ့ အသေးစိတ်လေးကို ဘယ်လိုလုပ် သတိထားမိမှာလဲ။ ရလဒ်ကတော့ကွာ... အဲဒီကောင်မလေးက မင်းနဲ့ ထမင်းအတူစားဖို့ စိတ်မဝင်စားရုံတင်မကဘူး၊ မင်းကို တစ်ချက်တောင် လှည့်မကြည့်သွားဘူး"

ချန်လော့ပိုင်က ပြောစရာစကားမဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"မင်းက ငါ့ကို ပိုက်ဆံများ မှတ်နေလား"

ကျုရန် - "တချို့မိန်းကလေးတွေရဲ့ မျက်လုံးထဲမှာတော့ မင်းက ပိုက်ဆံထက်တောင် တန်ဖိုးရှိသေးတယ်"

ချန်လော့ပိုင်က သူ့ကို ဂရုမစိုက်တော့ဘဲ ခေါင်းစဉ်ပြောင်းလိုက်သည်။

"ဆရာလီ မလိုက်ဘူးတဲ့လား"

"ဆရာက ရေပဲယူတယ်၊ ထမင်းလိုက်မစားတော့ဘူးတဲ့"

ထမင်းစားမည့်ကိစ္စ ပြောလိုက်မှ ကျုရန်လည်း မိန်းကလေးအကြောင်း ဆက်မပြောတော့ပေ။

"ဆရာကျောက်လည်း မလိုက်ဘူးမလား၊ ဒါဆို ငါတို့ မြန်မြန်သွားကြစို့၊ ငါ ဗိုက်ဆာလွန်းလို့ သေတော့မယ်"

ယန်ရှင်းချန်သည် လမ်းအနည်းငယ် ဆက်လျှောက်လာပြီးမှ တုံ့ပြန်မှု နှေးကွေးစွာဖြင့် သတိရသွားသည်။

"ခုနက ကျုရန် ငါ့ကို ထမင်းစားခေါ်တာ၊ ဟူခွန်းရဲ့ ပြစ်ဒဏ်ကိစ္စကြောင့်များလား"

သူမ ကိစ္စရှိသည်ဟု ပြောလိုက်ခြင်းမှာ လိမ်ပြောခြင်းမဟုတ်ပေ။ ဒီနေ့ သူမမိဘများ အိမ်တွင်မရှိကြသဖြင့် ကျိုးအန်းရန်အိမ်တွင် ညစာစားပြီး အိပ်ရန် စောစောကတည်းက ပြောထားပြီးဖြစ်သည်။

ဒီည ၈ နာရီခွဲတွင် သူမ၏ အိုင်ဒေါပါဝင်သော အစီအစဉ်တစ်ခု လွှင့်ရန်ရှိသည်။ စောစောက သူမသည် ကျိုးအန်းရန်နှင့် ထိုအကြောင်းပြောနေခဲ့ပြီး ခေါင်းထဲတွင် အိုင်ဒေါကို တွေ့ရတော့မည့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသဖြင့် ကျုရန် မေးလာသောအခါ မစဉ်းစားဘဲ ငြင်းလိုက်မိခြင်းဖြစ်သည်။

"ဒါဆို သူတို့က တကယ်တော့ နင့်ကို ထမင်းကျွေးချင်ကြတာနေမှာ၊ ငါ ခုနက သဘောမပေါက်လိုက်ဘူး။ အန်းရန်... နင် သွားစားချင်လား၊ မဟုတ်ရင် ငါတို့ ပြန်သွားပြီး သူတို့ကို ပြောလိုက်မလား"

ကျိုးအန်းရန် နောက်သို့ အနည်းငယ် လှည့်ကြည့်လိုက်သည်။

ချန်လော့ပိုင်တို့လည်း ကွင်းထဲမှ ပစ္စည်းများသိမ်းပြီးပြီဖြစ်ကာ လူတစ်စုကြီး ကျောင်းပြင်သို့ ထွက်ခွာနေကြသည်ကို တွေ့လိုက်ရသည်။ ယင်းယီကျန်းနှင့် လိုယိချီတို့လည်း ထိုလူအုပ်ထဲတွင် ပါသွားကြသည်။

ကျိုးအန်းရန် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"မသွားတော့ပါဘူး၊ မေမေက ငါတို့အတွက် ဟင်းတွေအများကြီး ချန်ထားတယ်လို့ ပြောတယ်၊ ကြက်ခြေထောက်သုပ်လည်း ပန်းကန်ကြီးကြီး တစ်ပွဲ လုပ်ထားပေးတယ်တဲ့"

ယန်ရှင်းချန် ခြေလှမ်းများ ချက်ချင်း မြန်ဆန်သွားသည်။

"ဒါဆို ငါတို့ မြန်မြန်သွားကြစို့"

ကျိုးအန်းရန်မှာ သူမ ဆွဲခေါ်ရာနောက် ပါသွားရပြီး အနောက်မှ လူအုပ်ကြီးနှင့် အကွာအဝေးမှာ တဖြည်းဖြည်း ဝေးကွာသွားတော့သည်။

"ဒါနဲ့ အန်းရန်"

ယန်ရှင်းချန် တစ်ခုခုကို သတိရသွားသကဲ့သို့ မေးလိုက်သည်။

"နင်က ဘယ်တုန်းက ဘတ်စကက်ဘော စည်းမျဉ်းတွေကို ဒီလောက်သိသွားတာလဲ"

ကျိုးအန်းရန်၏ ရင်ခုန်သံများမှာ ခြေလှမ်းနှင့်အတူ မြန်ဆန်လာသလို ခံစားလိုက်ရသည်။ သူမ တိုးတိုးလေး ပြောလိုက်သည်။

"ဖေဖေက ကြည့်ရတာ ကြိုက်တယ်လေ၊ အိမ်မှာ ဖေဖေနဲ့အတူ ပွဲနည်းနည်းလောက် ကြည့်ပေးရင်းနဲ့ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်သွားတာ"

"ဒါကြောင့်ကိုး... ဒါပေမဲ့ နင် ဘာလို့ ကိုယ်တိုင်သွားမပြောတာလဲ"

ဒီမေးခွန်းကို ယန်ရှင်းချန် မေးချင်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် စောစောက ကွင်းထဲတွင် လူများနေပြီး ကျိုးအန်းရန်က သူမကို ဆက်မမေးစေချင်သောပုံပေါက်နေသဖြင့် မမေးဖြစ်ခဲ့ပေ။

ကျိုးအန်းရန် နှုတ်ခမ်းကို စေ့လိုက်သည်။

ဘာကြောင့် ကိုယ်တိုင် သွားမပြောခဲ့တာလဲ။

တကယ်တော့ ဆုံးဖြတ်ချက်ချလိုက်သည့် ခဏတာအတွင်း သူမ ဘာတွေးလိုက်မိမှန်းကို ပြန်မမှတ်မိတော့ပေ။ တကယ်ပဲ ဘာမှ မတွေးလိုက်မိတာလည်း ဖြစ်နိုင်သည်။

သို့မဟုတ် ယင်းယီကျန်း လှမ်းလိုက်သော ကျယ်ပြန့်သည့် ခြေလှမ်းကို မြင်လိုက်ရသောကြောင့်လည်း ဖြစ်နိုင်သည်။

အချို့သော မသိစိတ်မှ တုံ့ပြန်မှုများက လူတစ်ယောက်၏ ရင်ထဲမှ ခံစားချက်အစစ်အမှန်များကို အလွယ်တကူ ဖော်ပြနေတတ်သည်။

သူမလည်း မဖုံးကွယ်နိုင်မည်ကို စိုးရိမ်မိသည်။

သူက သူမနာမည်ကိုတောင် မမှတ်မိပေ။

ရင်ထဲတွင် ဖိထားသော ထိုလျှို့ဝှက်ချက်သာ ပေါက်ကြားသွားခဲ့လျှင် သူမအတွက် အနေရခက်စရာများသာ စောင့်ကြိုနေပေလိမ့်မည်။

သူ့ကိုလည်း ဘာအနှောင့်အယှက်မှ မပေးချင်ပေ။

"ငါက ဆရာတွေနဲ့ ဆက်ဆံရမှာ ကြောက်တတ်တယ်ဆိုတာ နင်သိသားပဲ"

ကျိုးအန်းရန် တိုးတိုးလေး ပြောလိုက်သည်။

"ပြီးတော့ လူအများကြီးရှေ့မှာ အသံကျယ်ကျယ်နဲ့ ပြောရမှာကိုလည်း ငါ နည်းနည်း ရှက်တယ်"

ယန်ရှင်းချန်က သူမ ပြောမှ သတိရသွားပြီး အလောတကြီး မေးလိုက်သည်။

"ဒါဆို နင် ငါ့ကို နောက်ဆုံးမှာ မှာလိုက်တဲ့ စကားတွေလေ၊ ငါ ပြောတာ မမှားဘူးမလား"

ကျိုးအန်းရန် - "မမှားပါဘူး"

"တော်ပါသေးတယ်၊ လူအများကြီးရှေ့မှာ စည်းမျဉ်းတွေ မှားပြောမိရင် အရမ်း အရှက်ကွဲမှာ။ ဒါပေမဲ့ ဟူခွန်းရဲ့ အဲဒီတုန်းက မျက်နှာကို မြင်လိုက်ရတာ တကယ် အရသာရှိတာပဲ"

ယန်ရှင်းချန် ခေတ္တရပ်ပြီး ပို၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကျိုးအန်းရန်လည်း လိုက်၍ ပြုံးလိုက်မိသည်။

"ဟုတ်တယ်နော်"

သူမ အနောက်သို့ အနည်းငယ် လှည့်ကြည့်လိုက်သည်။ ထိုကောင်လေး၏ ပုံရိပ်နှင့် ရုပ်သွင်မှာ အကွာအဝေးနှင့် တဖြည်းဖြည်း ရောက်ရှိလာသော ညနေဆည်းဆာရိပ်အောက်တွင် လုံးဝ ဝေဝါးသွားခဲ့ပြီဖြစ်သည်။

***

All Chapters