← Chapters

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅၈ ။ သကြားလုံး : အားသွင်းပေးတာ

ချန်လော့ပိုင် ကတိတည်ပါတယ်။

မထိပါဘူးလို့ အာမခံထားတဲ့အတိုင်း၊ နမ်းတာကလွဲရင် တခြားဘာမှ မလုပ်တော့ပါဘူး။ မနေ့ညကလိုပဲ သူမကို နမ်းပြီးတော့ စာကြည့်ခန်းထဲခေါ်သွားပြီး စာဖတ်ခိုင်းတယ်။

နေ့လည်ကျတော့ ကျိုးအန်းရန်နဲ့ သူ တိုက်ခန်းမှာ Delivery မှာစားကြတယ်။

ညနေပိုင်း ချန်လော့ပိုင် လေ့ကျင့်ခန်းဆင်းရတယ်။ ကျိုးအန်းရန် သူနဲ့အတူ ကျောင်းပြန်လာပြီး သူ ဘောလုံးကစားတာ ခဏကြည့်ကာ စာကြည့်တိုက် ပြန်သွားတယ်။

....

နောက်ပိုင်းရက်တွေမှာလည်း သူတို့နှစ်ယောက် ဒီလိုပဲ ဖြတ်သန်းကြတယ်။

ဘတ်စကက်ဘောပြိုင်ပွဲ အချိန်ဇယားက နည်းနည်း ကျပ်တယ်။ ချန်လော့ပိုင် စာလည်းလုပ်၊ ဘောလုံးလည်း ကစားရတော့ အားလပ်ချိန် သိပ်မရှိဘူး။ တနင်္လာကနေ သောကြာအထိ သူတို့ တွေ့ရင် ကန်တင်းမှာ၊ ဒါမှမဟုတ် စာကြည့်တိုက်မှာပဲ တွေ့ကြတယ်။ ပိတ်ရက်တွေကျတော့ စာကျက်မယ့်နေရာကို စာကြည့်တိုက်ကနေ သူ့တိုက်ခန်း ပြောင်းလိုက်ရုံပါပဲ။

ဒါပေမဲ့ ကျိုးအန်းရန် သူ့တိုက်ခန်းမှာ ညမအိပ်ဖူးပါဘူး။

အဲဒီနေ့ကစပြီး ချန်လော့ပိုင်က သူမကို စည်းကျော်တဲ့စကား တစ်ခွန်းမှ မပြောတော့ဘူး။ တခါတလေ ပိတ်ရက်တွေမှာ သူ မနက်ပိုင်း ဘောလုံးကစား၊ ညနေပိုင်း သူ့တိုက်ခန်းမှာ စာလုပ်ကြပြီး၊ ညဘက်ကျရင် အဆောင်ပိတ်ချိန်မတိုင်မီ သူမကို အချိန်မှန် ပြန်ပို့ပေးတယ်။

ဘတ်စကက်ဘောပြိုင်ပွဲက ဒီဇင်ဘာလလယ်အထိ ဆက်တိုက် ကျင်းပလာခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲ ရောက်လာပါပြီ။

ဥပဒေပညာဌာနက ပုံမှန်ဆို အလယ်အလတ်အသင်းလောက်ပဲ ရှိတာ။ ဒီနှစ် ချန်လော့ပိုင် ဦးဆောင်မှုနဲ့ ဗိုလ်လုပွဲအထိ တက်လာနိုင်ခဲ့တယ်။

ကြားထဲမှာတော့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ချန်လော့ပိုင်က ပထမနှစ် ကျောင်းသားသစ် ဖြစ်နေသေးတော့ အသင်းနဲ့ အသားကျနေတုန်းပဲ။ ကြားထဲက ပွဲတချို့မှာ ကစားရခက်ခဲ့တယ်။ ကွာတားဖိုင်နယ်ပွဲစဉ်မှာဆိုရင် တုယိကျိုးတို့ စီးပွားရေးစီမံခန့်ခွဲမှုဌာနနဲ့ ကစားရတာ။ နောက်ဆုံး ၁၀ စက္ကန့်အထိ အမှတ်ပြတ်ကျန်နေခဲ့ပြီး၊ ချန်လော့ပိုင်ရဲ့ သုံးမှတ်ပစ်ချက်နဲ့မှ အနိုင်ရလိုက်တာ။

အဲဒီပွဲပြီးတော့ သူ့နာမည်က တက္ကသိုလ်ပတ်ဝန်းကျင်မှာ ပိုကြီးလာတာ ကျိုးအန်းရန် သတိထားမိလိုက်တယ်။ သိသာဆုံး အပြောင်းအလဲကတော့ သူ ကစားတဲ့ပွဲ လာကြည့်တဲ့လူ ပိုများလာတယ်။ ပြီးတော့ ကျောင်းထဲမှာ သူနဲ့ လက်တွဲလျှောက်ရင်၊ ဒါမှမဟုတ် အဆောင်အောက် လိုက်ပို့တဲ့အချိန်တွေမှာ သူ့အပေါ် ကျရောက်တဲ့ အကြည့်တွေ များလာသလို၊ သူမအပေါ် ကျရောက်တဲ့ အကြည့်တွေလည်း များလာတယ်။

ကျိုးအန်းရန် အစတုန်းက နေရခက်ပေမယ့်၊ အခုတော့ ကျင့်သားရနေပါပြီ။

ဗိုလ်လုပွဲကို ဒီဇင်ဘာလ ဒုတိယပတ် စနေနေ့ ညနေ ၃ နာရီခွဲမှာ ကျင်းပမှာပါ။

ကျုရန်က ဒီနေ့ လာကြည့်မယ်ဆိုပေမယ့် ချန်လော့ပိုင်က လေ့ကျင့်နေရလို့ မအားတာနဲ့ ကျိုးအန်းရန်ကပဲ သွားကြိုပေးရတယ်။

စနေနေ့ ညနေပိုင်း မထွက်ခင်မှာ ကျိုးအန်းရန် အဆောင်မှာ မိတ်ကပ်လိမ်းလိုက်တယ်။

ပုံမှန်ဆို မျက်နှာပြောင်နဲ့ပဲ သွားတွေ့တာ။ ဒီနေ့က ဗိုလ်လုပွဲလေ။

ဒါပေမဲ့ ကျိုးအန်းရန် မိတ်ကပ်လိမ်းတာ သိပ်မကျွမ်းကျင်လို့ ပိုင်လင်းယွင် လိမ်းပေးလိုက်တယ်။

လိမ်းပြီးတော့ ပိုင်လင်းယွင်က လက်ဝတ်ရတနာတွေ ဝတ်ဦးမလား မေးတယ်။ ဝတ်ရင် ပိုကောင်းမယ်တဲ့။

ချိန်းထားတဲ့အချိန် လိုသေးတာနဲ့ ကျိုးအန်းရန် အရင်တုန်းက သိပ်မသုံးဖြစ်တဲ့ လက်ဝတ်ရတနာဘူးလေး ထုတ်လိုက်တယ်။ နောက်ဆုံးတော့ ပိုင်လင်းယွင်နဲ့အတူ ရွေးပြီး သူမ ၁၈ နှစ်ပြည့် မွေးနေ့တုန်းက ချန်ယွီ ပေးထားတဲ့ Rose gold လက်ကောက်လေးကို ဝတ်လိုက်တယ်။

ပြိုင်ပွဲကျင်းပမယ့် အားကစားရုံက ကျောင်းဝနားမှာ ရှိတယ်။

ကျိုးအန်းရန် ကျုရန်ကို သွားကြိုပြီး နှစ်ယောက်သား အတူဝင်လာကြတယ်။ ရှေ့ဆုံးတန်းအထိ လျှောက်သွားလိုက်တယ်။

သူတို့ထိုင်မယ့်နေရာက ပထမဆုံးပွဲတုန်းကလိုပဲ ဥပဒေပညာဌာန နားနေခုံအနောက်မှာ ရှိတယ်။

၃ နာရီ ၅ မိနစ်ပဲ ရှိသေးပေမယ့် ကွင်းထဲမှာ ပရိသတ်တွေ တစ်ဝက်ကျော် ရောက်နေပြီ။

နှစ်ဖက်ကစားသမားတွေလည်း ကွင်းထဲရောက်နေပြီး ပွဲမစခင် နောက်ဆုံး လေ့ကျင့်ခန်းတွေ လုပ်နေကြပြီ။

ထိုင်လိုက်တာနဲ့ ကျိုးအန်းရန် အကြည့်က ဥပဒေပညာဌာနဘက်ခြမ်းကို အလိုအလျောက် ရောက်သွားတယ်။ လူအုပ်ကြားထဲကနေ ချန်လော့ပိုင်ကို တန်းမြင်လိုက်တယ်။

ကောင်လေးက ဒီနေ့ အဖြူရောင် ဘောလုံးဝတ်စုံ ဝတ်ထားတယ်။ ကျောဘက်မှာ နံပါတ် ၂၆ လို့ ရေးထားတယ်။

သူ အထက်တန်းတုန်းက ဝတ်တဲ့ နံပါတ်က WeChat Profile ပုံထဲက ဘောလုံးသမားရဲ့ နံပါတ်လေ။ အခု ဘာလို့ ၂၆ ပြောင်းသွားလဲ မသိဘူး။ သူ့မွေးနေ့လည်း မဟုတ်သလို၊ သူမမွေးနေ့လည်း မဟုတ်ဘူး။ သူကြိုက်တဲ့ နောက်ထပ် ဘောလုံးသမားတစ်ယောက်ရဲ့ နံပါတ် ဖြစ်လောက်တယ်။

ချန်လော့ပိုင် သုံးမှတ်ပစ်ခြင်း လေ့ကျင့်နေတုန်းပဲ။

ကောင်လေးရဲ့ ကိုယ်ခန္ဓာက မြင့်မားဖြောင့်စင်းပြီး ဟန်ပန်အမူအရာက သွက်လက်လှပနေတယ်။ ဘောလုံးဝင်သွားတိုင်း အနောက်ကနေ ဩဘာပေးသံတွေ ကြားနေရတုန်းပဲ။

ပထမဆုံးပွဲတုန်းကထက် အများကြီး ပိုကျယ်လောင်လာတယ်။

ကျုရန် ဖုန်းခဏပွတ်လိုက်ပြီး ဘေးလှည့်ကြည့်လိုက်ရာ သူမလက် ဘေးမှာချထားပြီး လက်ကောက်ဝတ်မှာ Rose Gold လက်ကောက်လေး ဝတ်ထားတာ တွေ့လိုက်ရသည်။

"နင့်လက်ကောက်က..." ကျုရန် စကားရပ်သွားသည်။

ကျိုးအန်းရန် လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ကျုရန် - "ဘာမှ မဖြစ်ပါဘူး၊ ငါ့သူငယ်ချင်းတစ်ယောက်လည်း သူများကို လက်ဆောင်ပေးဖို့ ဝယ်ဖူးလို့ပါ"

ကျိုးအန်းရန် လက်ကောက်ကို ငုံ့ကြည့်လိုက်သည်။

"ငါ့ဟာလည်း သူများ လက်ဆောင်ပေးထားတာပါ"

ကျုရန် ခဏတိတ်ဆိတ်သွားပြီး တစ်ခုခု သတိရသွားသလို မေးလိုက်သည်။

"ဒါနဲ့ ကျိုးအန်းရန်... နင်တို့မိသားစုက နောက်ဆို ဝူချန်မှာပဲ နေတော့မှာလား"

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

"နောက်နှစ်လောက်ဆို ပြန်ပြောင်းလာလောက်ပါတယ်"

"ဒါဆို တော်သေးတာပေါ့" ကျုရန် ပြုံးလိုက်သည်။ "မဟုတ်ရင် နင်နဲ့ အားလော့ ဆောင်းရာသီ၊ နွေရာသီ ကျောင်းပိတ်ရက်တွေကျရင် အဝေးရောက်ချစ်သူတွေဖြစ်နေမှာ။ နန်ချန်မှာ အတူရှိနေရင် တွေ့ရတာ ပိုလွယ်တာပေါ့"

ကျိုးအန်းရန် - "ဟုတ်တယ်"

ကျုရန် ဆက်ပြောသည်။

"ဒါပေမဲ့ သူ့ဦးလေးအိမ်၊ အစ်မချင်းတို့အိမ်က ဝူချန်မှာလေ။ ဝူချန်က တကယ်တော့ သူ့ရဲ့ ဒုတိယအိမ်လို ဖြစ်နေတာ။ သူ အရင်တုန်းက ဝူချန်မှာ ကျောင်းသွားတက်မလိုတောင် ဖြစ်သေးတယ်"

ကျိုးအန်းရန် အံ့ဩသွားသည်။

"တကယ်လား... ဘယ်တုန်းကလဲ"

ကျုရန် ပါးစပ်ဟပြီး ပြန်ဖြေမလို့ လုပ်တုန်း မျက်လုံးထောင့်ကနေ ကွင်းထဲက အရပ်ရှည်ရှည် ပုံရိပ်တစ်ခု သူတို့ဆီ လျှောက်လာတာ တွေ့လိုက်ရသည်။

"အားလော့ လာနေပြီ"

ကျိုးအန်းရန် လှည့်ကြည့်လိုက်ရာ ကောင်လေးက ကွင်းဘေးထိ လျှောက်လာပြီး ရေသန့်ဘူးတွေ ထည့်ထားတဲ့ သေတ္တာထဲက ရေတစ်ဘူး ယူလိုက်တာ တွေ့လိုက်ရသည်။

ချန်လော့ပိုင် အဖုံးဖွင့်ပြီး နှစ်ငုံလောက်သောက်ကာ သူမရှေ့ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာသည်။ မကုန်သေးတဲ့ ရေဘူးကို သူမရင်ခွင်ထဲ ထိုးထည့်ပေးလိုက်ပြီး ခေါင်းငဲ့ကာ မေးလိုက်သည်။

"ဘာတွေ ပြောနေကြတာလဲ"

ကျုရန် - "ကျိုးအန်းရန်ကို မင်းမကောင်းကြောင်းတွေ ပြောပြနေတာ"

ချန်လော့ပိုင် လက်လှမ်းပြီး သူ့လည်ပင်းကို ညှစ်လိုက်သည်။ လှုပ်ရှားမှုက မြန်ဆန်ကြမ်းတမ်းပေမယ့် လေသံက ရယ်သံပါနေသည်။

"အထိုးခံချင်နေတာလား"

ကျုရန် ခေါင်းကို ခက်ခက်ခဲခဲ လှည့်လိုက်သည်။

"ကျိုးအန်းရန်... နင့်ရည်းစားကို ထိန်းပါဦး"

ကျိုးအန်းရန် နားရွက်တွေ ပူလာသည်။ ကောင်လေးရဲ့ ဘောလုံးအင်္ကျီကို လှမ်းဆွဲလိုက်သည်။

"သူ နင့်မကောင်းကြောင်း မပြောပါဘူး၊ ငါတို့ ဒီတိုင်း စကားစမြည် ပြောနေကြတာပါ"

"ကျိုးအန်းရန်" ချန်လော့ပိုင် သူမကို စောင်းကြည့်လိုက်သည်။ "နင်က သူများဘက် ပါနေတာလား"

ကျိုးအန်းရန် - "......"

"မပါပါဘူး၊ သူ တကယ် မပြောပါဘူး"

ချန်လော့ပိုင် ကျုရန်ကို လွှတ်ပေးလိုက်သည်။ လက်လှမ်းပြီး သူမကို ဆွဲဆိတ်မလို့ လုပ်ပေမယ့် သူမရဲ့ ဖြူဝင်းတဲ့ မျက်နှာလေးကို ထိခါနီးမှ လက်မှာ ဖုန်တွေပေနေတာ သတိရသွားပြီး ရပ်လိုက်သည်။ လက်ကိုကွေးပြီး သူမနဖူးကို ဖွဖွလေး တောက်လိုက်သည်။ အပြုံးက ပျင်းရိနေသည်။

"ကိုယ့်လူဘက် ကိုယ်ပါရတယ်ဆိုတာ နင် နားမလည်ဘူးလား"

ကျိုးအန်းရန် - "?"

ကျုရန် လည်ပင်းကို ပွတ်သပ်လိုက်သည်။

"မင်းရဲ့ လွဲမှားနေတဲ့ သီအိုရီတွေကို သိမ်းထားလိုက်ပါတော့ကွာ။ ကျိုးအန်းရန်က လိမ္မာရေးခြားရှိပြီးသား၊ မင်း သူ့ကို မကောင်းတာတွေ မသင်ပေးနဲ့"

ချန်လော့ပိုင် မျက်ခုံးပင့်လိုက်သည်။ လေသံက တော်တော် ဆိုးသွမ်းနေသည်။

"ငါ့ရည်းစားကို ငါ ဘယ်လိုသင်သင် မင်းနဲ့ ဘာဆိုင်လို့လဲ"

ကျုရန် ပြန်ပြောမလို့ လုပ်တုန်း ဖုန်းမြည်လာသည်။ အသံကို ကြည့်ရတာ Video Call သို့မဟုတ် Voice Call ဖြစ်ပုံရသည်။ သူ သေချာမကြည့်ဘဲ ကိုင်လိုက်သည်။

ဆူညံတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။

ထန်ကျန့်ရွေ့ အသံနဲ့ တူတယ်လို့ ကျိုးအန်းရန် ထင်လိုက်သည်။

"ကျုရန်... မင်း A တက္ကသိုလ် အားကစားရုံ ရောက်ပြီလား။ ငါတို့ မရီး အခု ဘယ်လိုပုံစံလဲ ပြပါဦး"

ကျိုးအန်းရန် - "......"

ကျုရန် တားဖို့ အချိန်မရလိုက်ခင်မှာပဲ ချန်လော့ပိုင်က ဖုန်းကို လှမ်းဆွဲယူလိုက်သည်။

ချန်လော့ပိုင် ဖုန်းကို လှည့်လိုက်ပြီး ချိန်ညှိကာ တစ်ဖက်လူကို ကင်မရာထဲကနေ အေးစက်စက် ကြည့်လိုက်သည်။

"ငါ့ရည်းစားကို မင်းတို့က ဘာကိစ္စ ကြည့်ချင်ရတာလဲ"

ထန်ကျန့်ရွေ့အသံ တိုးသွားသည်။

"လော့ကော... တိုက်ဆိုင်လိုက်တာ၊ ဘယ်လိုလုပ် ကျုရန်နဲ့ အတူရှိနေတာလဲ"

"တိုက်ဆိုင်တာပေါ့" ချန်လော့ပိုင် အေးဆေးစွာ ပြောသည်။ "မဟုတ်ရင် မင်းတို့ ဒီလိုအကြံအစည် ရှိနေမှန်း ငါ ဘယ်သိပါ့မလဲ"

နောက်ထပ် အသံတစ်သံ ဝင်လာသည်။ ဟွမ်ရှူးကျဲ့ အသံနဲ့ တူတယ်။

သူတို့ ဂရုထဲမှာ စကားပြောနေကြတာ ကျိုးအန်းရန် ရံဖန်ရံခါ တွေ့ဖူးသည်။ ထန်ကျန့်ရွေ့နဲ့ ဟွမ်ရှူးကျဲ့တို့ နန်ချန်မှာ ကျောင်းဆက်တက်နေကြတယ်ဆိုတာ သိထားတယ်။

အခု သူတို့နှစ်ယောက် အတူရှိနေကြပုံရတယ်။

ဟွမ်ရှူးကျဲ့ - "လော့ကောကလည်း... ကပ်စေးမနည်းပါနဲ့။ ကျွန်တော်တို့က မရီး အခု ဘယ်လိုပုံစံလဲ သိချင်လို့ပါ၊ အထက်တန်းတုန်းကနဲ့ ကွာခြားသွားလားလို့လေ"

"ငါ့ရည်းစား အထက်တန်းတုန်းကနဲ့ ကွာခြားလား မကွာခြားလားဆိုတာ..." ချန်လော့ပိုင် လေသံက ပျင်းရိနေသည်။ "...မင်းတို့နှစ်ကောင်နဲ့ ဘာဆိုင်လို့လဲ"

ထန်ကျန့်ရွေ့ - "လော့ကောက မရီးကို ရတနာလေးလို ဝှက်ထားလည်း အလကားပါပဲ။ ဘာပဲဖြစ်ဖြစ် ဆောင်းရာသီကျောင်းပိတ်ရက် တွေ့ဆုံပွဲကျရင် တွေ့ရမှာပဲဟာ"

"အဲဒီကျမှ ပြော" ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။ "ဖုန်းချလိုက်ပြီ"

"မချ..."

တစ်ဖက်က အသံ ရုတ်တရက် ပြတ်တောက်သွားသည်။

ချန်လော့ပိုင် ဖုန်းကို ကျုရန်ရင်ခွင်ထဲ ပစ်ထည့်ပေးလိုက်သည်။

ကျုရန် ပျာပျာသလဲ ဖမ်းယူလိုက်သည်။

"သောက်ကျိုးနည်း... ချန်လော့ပိုင်၊ ငါ့ဖုန်းက အသစ်လဲထားတာနော်၊ လွတ်ကျသွားရင် မင်း လျော်ပေးမှာလား"

"ဘာလျော်ပေးရမှာလဲ" ချန်လော့ပိုင် သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။ "မင်း အလုပ်မရှိ အလုပ်ရှာပြီး သူတို့နဲ့ ဘာတွေ တိုင်ပင်နေတာလဲ။ ငါ မင်းကို စာရင်းမရှင်းတာပဲ ကျေးဇူးတင်လိုက်"

ပြောပြီးတာနဲ့ ချန်လော့ပိုင် သူ့ကို ဂရုမစိုက်တော့ဘဲ ဘေးနားက မိန်းကလေးကို လှည့်ကြည့်လိုက်ရာ သူမနှုတ်ခမ်းဘေးက ပါးချိုင့်လေးတွေ ပေါ်နေတာ တွေ့လိုက်ရသည်။

ချိုမြိန်ပြီး လိမ္မာတဲ့ အပြုံးလေး။

ချန်လော့ပိုင် လက်ယားလာပြန်သည်။ နောက်ဆုံးတော့ သူမမျက်နှာ ပေသွားမှာစိုးလို့ မထိရက်ဘဲ နဖူးကိုပဲ ဖွဖွလေး တောက်လိုက်သည်။

"လေ့ကျင့်ခန်း သွားလုပ်တော့မယ်"

ကျိုးအန်းရန် လိမ်လိမ်မာမာ "အင်း" ဟု ဖြေပြီး နဖူးကို အုပ်ထားလိုက်သည်။

ချန်လော့ပိုင် လှည့်ထွက်မလို့ လုပ်တုန်း သူမလက်ကောက်ဝတ်မှာ Rose Gold လက်ကောက် ဝတ်ထားတာ တွေ့လိုက်ရသည်။

သူ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"လေ့ကျင့်ခန်း သွားလုပ်တော့မယ် မဟုတ်ဘူးလား"

ဘာလို့ လက်လာကိုင်ပြန်တာလဲ။

"အင်း... သွားတော့မှာ၊ ဒီနေ့ ဘာလို့..." ချန်လော့ပိုင် စကားရပ်လိုက်သည်။ "...လက်ကောက် ဝတ်လာတာလဲ"

ကျိုးအန်းရန် လက်ကောက်ဝတ်က လက်ကောက်ကို ငုံ့ကြည့်လိုက်သည်။

"အခန်းဖော်က လက်ဝတ်ရတနာတစ်ခုခု ဝတ်သွားဆိုလို့ ရွေးဝတ်လာတာ"

ချန်လော့ပိုင် လက်မက လက်ကောက်ပေါ် ဖွဖွလေး ပွတ်သပ်လိုက်သည်။ အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။

"လှတယ်"

ကျိုးအန်းရန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။

"သွား... လေ့ကျင့်ခန်း မြန်မြန်သွားလုပ်တော့"

....

လေ့ကျင့်ခန်းလုပ်ပြီး မကြာမီ ပြိုင်ပွဲ တရားဝင် စတင်သည်။

ဥပဒေပညာဌာနရဲ့ ပြိုင်ဘက်က ကွန်ပျူတာသိပ္ပံဌာန (CS)ဖြစ်သည်။

ဥပဒေပညာဌာနက ဒယီးဒယိုင်နဲ့ ဗိုလ်လုပွဲ တက်လာတဲ့ မြင်းမည်းအသင်းဆိုရင်၊ CS ဌာနက ဗိုလ်လုပွဲ တက်လာတာ လူတိုင်း မျှော်လင့်ထားပြီးသား ဖြစ်သည်။

ထူးဆန်းတာက A တက္ကသိုလ် CS ဌာနမှာ ဒီနှစ်ပိုင်းတွေအတွင်း ဘောလုံးကောင်းကောင်း ကစားတတ်တဲ့သူတွေ ဝင်လာကြတာပဲ။ အသင်းထဲမှာ ကျောင်းလက်ရွေးစင်အသင်းခေါင်းဆောင် ဝမ်ကျွင်းကျိုး အပါအဝင် ကျောင်းလက်ရွေးစင် ၃ ယောက် ပါတယ်။ တစ်ယောက်က ပထမနှစ် ကျောင်းသားသစ် ဖြစ်ပေမယ့် ကျောင်းလက်ရွေးစင် ဖြစ်လာတယ်ဆိုကတည်းက အရည်အချင်းရှိတယ်ဆိုတာ သက်သေပြနေတာပဲ။

သူတို့က မနှစ်က လက်ရှိချန်ပီယံတွေ။

ပွဲစတာနဲ့ ဥပဒေပညာဌာနက ဖိအားပေးခံရသည်။

ဥပဒေပညာဌာနက အရင်ပွဲတွေတုန်းကလည်း အဆင်မပြေတာတွေ ရှိခဲ့ပေမယ့် ဒီလို အဖက်ဖက်က သာလွန်တဲ့ ပြိုင်ဘက်မျိုးနဲ့ မတွေ့ဖူးဘူး။ အသင်းသား တစ်ယောက်၊ နှစ်ယောက်လောက်က ကြောင်သွားပြီး ချန်လော့ပိုင်ရဲ့ နှုန်းကို မလိုက်နိုင်တော့ဘူး။

ကျိုးအန်းရန် ရေသန့်ဘူး ကိုင်ထားတဲ့ လက်ချောင်းလေးတွေ တင်းခနဲ ဖြစ်သွားသည်။

ကျုရန်က ဘေးနားကနေ ရုတ်တရက် မေးလိုက်သည်။

"တစ်ဖက်အသင်း နံပါတ် ၁၀ က ကျောင်းလက်ရွေးစင်လား"

ကျိုးအန်းရန် သေချာ ကြည့်လိုက်သည်။

တစ်ဖက်အသင်း နံပါတ် ၁၀ က ကျောင်းလက်ရွေးစင်အသင်းခေါင်းဆောင် ဝမ်ကျွင်းကျိုး ဖြစ်သည်။

သူမ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

"နံပါတ် ၄ နဲ့ နံပါတ် ၇ လည်း ဟုတ်တယ်မလား" ကျုရန် ထပ်မေးသည်။

ကျိုးအန်းရန် ကွင်းထဲကို ကြည့်ပြီး ခေါင်းဆက်ညိတ်ပြသည်။

ကျုရန် သက်ပြင်းချလိုက်သည်။

"အားလော့အတွက် ဒီပွဲက ခက်ခဲလိမ့်မယ်"

ကျိုးအန်းရန်က ဖေဖေကျိုးချင်းဆွေနဲ့ ဘောလုံးပွဲတွေ လိုက်ကြည့်ဖူးပေမယ့် ပရိသတ်အတုတစ်ဝက်လောက်ပဲ ရှိသေးတာ။ ကျုရန်လို နှစ်ရှည်လများ ပွဲကြည့်လာတဲ့ ပရိသတ်အစစ်နဲ့ ယှဉ်လို့မရဘူး။

သူက ပွဲခက်ခဲမယ်လို့ ပြောတော့ သူမ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

ကျုရန် ရုတ်တရက် ထပ်ပြောသည်။

"ကျိုးအန်းရန်... နင် အဲဒီနေ့က ပြောခဲ့တဲ့ စကားကို မှတ်မိသေးလား"

ကျိုးအန်းရန် ကြောင်သွားသည်။

"ဘာစကားလဲ"

ကျုရန် - "အဲဒီနေ့က ချန်လော့ပိုင် နင့်ကို ထမင်းလိုက်ကျွေးတုန်းကလေ၊ ငါက သူ နောက်ကျရင် ရှုံးသွားရင် ငါ့ရှေ့တင် မျက်နှာပျက်မှာ မဟုတ်ဘူးလို့ ပြောတော့ နင် ပြန်ပြောလိုက်တဲ့ စကားလေ"

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"သူ အကောင်းဆုံး ကြိုးစားရင် မျက်နှာပျက်စရာ မလိုပါဘူးလို့ ပြောခဲ့တာလား"

ကျုရန် ခေါင်းညိတ်သည်။

"အင်း... နင် မှတ်မိရင် ပြီးတာပဲ"

ကျုရန်က သူ့ကို ကူညီပေးနေတယ်၊ သူမကို သတိပေးနေတယ်ဆိုတာ ကျိုးအန်းရန် သိပါတယ်။

ဒါပေမဲ့ သူမ နည်းနည်း မကျေနပ်ဘူး။

"သူ ရှုံးချင်မှ ရှုံးမှာပါ"

ဒီကာလတစ်လျှောက်လုံး သူမ အတန်းချိန်မရှိရင် သူ ကစားတဲ့ပွဲတိုင်း လိုက်ကြည့်ခဲ့တာ။ ဥပဒေပညာဌာန ဘာလို့ ဗိုလ်လုပွဲ တက်လာနိုင်လဲဆိုတာ သူမ ကောင်းကောင်းသိတယ်။

ဘာလို့လဲဆိုတော့ ဘယ်လောက်ခက်ခဲခက်ခဲ သူက ဘယ်ပွဲကိုမှ အရှုံးမပေးခဲ့ဘူးလေ။

အထက်တန်းတုန်းကပဲ ဖြစ်ဖြစ်၊ အခုပဲ ဖြစ်ဖြစ် သူက ပါရမီလည်းရှိသလို၊ ကြိုးလည်း ကြိုးစားတဲ့သူပါ။

ကျိုးအန်းရန် ကွင်းထဲက ကောင်လေးကို ပြန်ကြည့်လိုက်သည်။

"ပြိုင်ဘက်က ဘယ်လောက်တော်တော်၊ သူက အလွယ်တကူ အရှုံးပေးမယ့်လူ မဟုတ်ပါဘူး"

ကျုရန် ရုတ်တရက် ရယ်မောလိုက်သည်။

"ကောင်းပြီလေ... ငါ စိတ်ပူလွန်သွားတာ ဖြစ်မှာပါ"

ကျိုးအန်းရန် ကွင်းထဲက အခြေအနေကို စိတ်ပူနေလို့ စကားဆက်မပြောတော့ဘဲ ပွဲကို အာရုံစိုက် ကြည့်နေလိုက်သည်။

ကျုရန် ခေါင်းငုံ့ပြီး WeChat ဂရုဖွင့်လိုက်သည်။

ထန်ကျန့်ရွေ့တို့ လူအုပ်ကြီးက သူ့ကို တောက်လျှောက် မန်းရှင်းခေါ်နေကြသည်။

ဒီဂရုက သူတို့ အစတုန်းက ဖွဲ့ထားတဲ့ ဂရုလေးပါ။ သူတို့ကောင်လေးတွေက စကားပြောရင် တစ်ခါတလေ ကြမ်းတမ်းတတ်လို့ အဲဒီနေ့က ကျိုးအန်းရန်ကို ဆွဲထည့်တဲ့ ဂရုက သီးသန့် အသစ်ထောင်ထားတဲ့ ဂရုပါ။

ထန်ကျန့်ရွေ့ - [ကျုရန်... လော့ကော ပွဲစနေပြီမလား။ ငါတို့ကို ကျိုးအန်းရန် ဓာတ်ပုံ ခိုးရိုက်ပြပါလား @ကျုရန်]

ဟွမ်ရှူးကျဲ့ - [ဟုတ်တယ်၊ ဗီဒီယိုတောင် မလိုဘူး]

ဟွမ်ရှူးကျဲ့ - [ဓာတ်ပုံဆို ရပြီ]

ဟွမ်ရှူးကျဲ့ - [@ကျုရန်]

ကျုရန် ခေါင်းငုံ့ပြီး စာရိုက်လိုက်သည်။

[ဘယ်သူက မင်းတို့ကို ဖုန်းကိုင်လိုက်တာနဲ့ အော်ဟစ်ခိုင်းလို့လဲ]

[ငါ တားလို့တောင် မမီလိုက်ဘူး]

ထန်ကျန့်ရွေ့ - [လော့ကော အနားရောက်နေမယ်လို့ ငါ ဘယ်သိမလဲ]

ထန်ကျန့်ရွေ့ - [မင်း အခု ဓာတ်ပုံ ခိုးရိုက်လိုက်လေ၊ သူ ကစားနေတာဆိုတော့ ဘယ်သိမလဲ]

ကျုရန် - [မင်းတို့ သေချင်ရင် ငါ့ကို မဆွဲထည့်နဲ့]

ကျုရန် - [ငါ မရိုက်ဘူး]

ဟွမ်ရှူးကျဲ့ - [ဘာသေချင်စရာရှိလို့လဲ၊ လော့ကောက အဲဒီလောက် ကပ်စေးမနည်းပါဘူး]

ကျုရန် - [ကျိုးအန်းရန်ကိစ္စဆိုရင် သူက အဲဒီလောက် ကပ်စေးနည်းတယ်]

ကျုရန် - [အထက်တန်းတုန်းက သူ့ဖုန်းထဲက ကျိုးအန်းရန်ဓာတ်ပုံ တစ်ပုံလောက်များ မင်းတို့ကို ပြဖူးလို့လား]

ကျုရန် - [သူက မိန်းမရရင် သူငယ်ချင်းမေ့တဲ့ ခွေးကောင်]

ထန်ကျန့်ရွေ့ - [လော့ကော ရည်းစားထားရင် ဘယ်လိုပုံစံလဲဆိုတာ ငါ သိချင်လွန်းလို့ သေတော့မယ်]

ကျုရန် - [ဘယ်လိုပုံစံ ရှိရမှာလဲ၊ သောက်ရမ်း အီလည်လည်နိုင်တာပေါ့]

ဟွမ်ရှူးကျဲ့ - [ဘယ်လို အီလည်လည်နိုင်တာလဲ]

ကျုရန် - [စက္ကန့်ပိုင်းလောက်က ငါ့ကို ဆဲနေပြီး၊ နောက်တစ်စက္ကန့် ကျိုးအန်းရန်နဲ့ စကားပြောရင် အသံက ဒီဂရီ ၈၀၀ လောက် နူးညံ့သွားတာမျိုးပေါ့]

ကျုရန် - [ဒါပေမဲ့ မင်းတို့ မရီးက စိတ်သဘောထား တကယ်ကောင်းတယ်]

ဟွမ်ရှူးကျဲ့ - [ဒါပေါ့]

ဟွမ်ရှူးကျဲ့ - [ငါ့ လော့ကော အမြင်က ဘယ်လောက်မြင့်လဲ၊ သူ ရွေးထားတဲ့သူ ဘယ်ညံ့ပါ့မလဲ]

ဟွမ်ရှူးကျဲ့ - [ဒါပေမဲ့ မင်းပြောလေ ငါ ပိုသိချင်လာလေပဲ]

ဟွမ်ရှူးကျဲ့ - [မဖြစ်ဘူး... နွေရာသီခရီးထွက်ဖို့ စုထားတဲ့ ပိုက်ဆံကို မစုတော့ဘူး။ နောက်တစ်ပတ် ပေကျင်းကို သွားမယ်။ A တက္ကသိုလ်ကိုလည်း မရောက်ဖူးသေးဘူး]

ဟွမ်ရှူးကျဲ့ - [ကျန့်ရွေ့... မင်း လိုက်မလား]

ထန်ကျန့်ရွေ့ - [လိုက်မယ်!!]

ကျုရန် - [လာခဲ့လေ]

ကျုရန် - [အတော်ပဲ... သူ ဒီအပတ် ဘောလုံးပွဲပြီးသွားရင် နောက်တစ်ပတ် ဒကာခံဖို့ အားလောက်ပြီ]

ထန်ကျန့်ရွေ့ - [ဒါပေမဲ့ ငါ့မှာ ဒီလပိုက်ဆံ ကုန်ခါနီးပြီ၊ မင်းတို့ ဘယ်သူ ငါ့ကို လေယာဉ်လက်မှတ်ဖိုး အရင်စိုက်ပေးမလဲ]

ကျုရန် - [နင့် လော့ကောဆီ ချေးလေ]

ကျုရန် - [သူ့မိန်းမကိစ္စ မပါရင် သူက သဘောထားကြီးပါတယ်]

ကျုရန် ဖုန်း Screen ပိတ်လိုက်ပြီး ကွင်းထဲမှာ အချိန်ခဏရပ်ခွင့်တောင်းထားတာ မြင်တော့ ခေါင်းငဲ့လိုက်သည်။

"ကျိုးအန်းရန်... နင် ယန်ရှင်းချန်တို့ကို မေးကြည့်ပါဦး၊ အားလားလို့။ ထန်ကျန့်ရွေ့နဲ့ ဟွမ်ရှူးကျဲ့တို့ နောက်တစ်ပတ် လာလောက်တယ်၊ အားရင် အတူတူဆုံကြတာပေါ့"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ငါ ညကျရင် မေးကြည့်လိုက်မယ်"

Time out ပြီးတော့ ဥပဒေပညာဌာနဘက်က လူနှစ်ယောက် လဲလိုက်သည်။

လူစားဝင်လာတဲ့ ကစားသမားနှစ်ယောက်က ကြောင်တောင်တောင် မဖြစ်ပေမယ့်၊ အလှည့်ကျကစားသမားတွေဆိုတော့ ပင်တိုင်ကစားသမားတွေလောက် မကောင်းဘူး။

သူတို့ ဝင်လာပြီးတော့ ဥပဒေပညာဌာနက အမှတ်ပြတ်ကျန်နေတုန်းပဲ။ အမှတ်ကွာဟချက်က ပိုကြီးလာတယ်။

....

ပထမပိုင်း ပြီးတော့ ရမှတ် ၁၂ - ၂၀ နဲ့ CS ဌာနက ၈ မှတ် ဖြတ်ထားတယ်။

ပိုင်းခြားနားချိန်မှာ ချန်လော့ပိုင် ပွဲကြည့်စင်ဘေး တန်းလျှောက်လာပြီး ကျိုးအန်းရန်ရင်ခွင်ထဲက ရေဘူးကို ယူကာ အဖုံးဖွင့်ပြီး နှစ်ငုံသောက်လိုက်သည်။ ဘေးမှာချထားတဲ့ လက်ကို နူးညံ့တဲ့ လက်သေးသေးလေးတစ်ဖက်က လာဆုပ်ကိုင်လိုက်တာ ခံစားလိုက်ရသည်။

သူ ငုံ့ကြည့်လိုက်တော့ အံ့ဩသွားပြီး နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားသည်။

"ဘာလုပ်တာလဲ"

ကျိုးအန်းရန် တခြားလူတွေ ရှိနေတဲ့အချိန်မှာ သူ့ကို ဒီလို ရင်းနှီးတဲ့ အပြုအမူမျိုး လုပ်တာ ပထမဆုံးအကြိမ်ပဲ။ အထူးသဖြင့် လူထောင်ချီရှိတဲ့ ပရိသတ်တွေရှေ့မှာ ပထမဆုံးအကြိမ် လုပ်တာ။

ရှက်စရာကောင်းပေမယ့် သူမလက်ချောင်းလေးတွေက သူ့လက်ချောင်းတွေကြား တိုးဝင်သွားပြီး လက်ချင်းယှက်လိုက်သည်။ အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။

"နင့်ကို အားသွင်းပေးနေတာလေ၊ နောက်တစ်ပိုင်း ကြိုးစားနော်"

ချန်လော့ပိုင် ရေဘူးကိုင်ထားတဲ့လက် တင်းခနဲ ဖြစ်သွားသည်။ ရင်ထဲမှာ တစ်ခုခု ပြည့်နှက်သွားသလို၊ တစ်ခုခုက လာကုတ်လိုက်သလို ခံစားလိုက်ရသည်။

သူမရဲ့ ရဲနေတဲ့ နားရွက်လေးကို ငုံ့ကြည့်လိုက်သည်။

"လက်ကိုင်ရုံနဲ့ အားသွင်းလို့ မရလောက်တော့ဘူး ထင်တယ်"

ကျိုးအန်းရန် ကြောင်သွားပြီး မော့ကြည့်လိုက်သည်။

ချန်လော့ပိုင် ရုတ်တရက် ကိုယ်ကိုကိုင်းလိုက်ပြီး ပူထူနေတဲ့ သူမနားရွက်နားကပ်ကာ ပြောလိုက်သည်။

"ကွင်းတစ်ဝက်နားချိန်ကျရင် အပြင်ထွက်ခဲ့၊ တစ်ချက်လောက် အနမ်းခံမလား"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၅၉ ။ သကြားလုံး : မင်းက အရမ်းလိမ္မာမနေပါနဲ့

နေရာသို့ ပြန်ရောက်ပြီးနောက် ကျိုးအန်းရန်သည် အချိန်ကို အထူးတလည် ကြည့်လိုက်မိသည်။

၄ နာရီ ၁၀ မိနစ်။

ဘတ်စကက်ဘောပွဲများသည် ပုံမှန်အားဖြင့် တစ်ပွဲလျှင် ၁၀ မိနစ်ကြာတတ်ပြီး ပြစ်ဒဏ်ဘော၊ ဒိုင်ပွဲရပ်ချိန်များနှင့် အနားယူချိန်များကို ထည့်တွက်လျှင် သူတို့ပထမပိုင်း ကစားခဲ့သည်မှာ ၃၆ မိနစ် သို့မဟုတ် ၃၇ မိနစ်ခန့် ရှိနေပြီဖြစ်သည်။

အကြောင်းမှာ သူမ လူသွားလမ်းထဲသို့ ဝင်သွားစဉ်က အချိန်မှာ ၄ နာရီ ၇ မိနစ် ဖြစ်သောကြောင့်ပင်။

နှုတ်ခမ်းနီ ပြန်ဆိုးသည့်အချိန်နှင့် ပြန်လျှောက်လာသည့် အချိန်ကို ဖယ်လိုက်လျှင် သူမအနေဖြင့် သူ့အချိန်ကို အလွန်ဆုံး ၁ မိနစ်ကျော်ကျော်ခန့်သာ နှောင့်နှေးစေခဲ့ခြင်းဖြစ်သည်။

ကျိုးအန်းရန် သက်ပြင်းအနည်းငယ် ချလိုက်မိသည်။

မည်သို့ပင်ဆိုစေ အနားယူချိန်တွင် သူ့ကို ခဏလေးတောင် အနားမပေးဘဲ မနေသင့်ပေ။

ရှစ်မိနစ်ကျော် ကျန်သေးသဖြင့် သူ့အသင်းသားများနှင့် ဒုတိယပိုင်း နည်းဗျူဟာများ ဆွေးနွေးရန် လုံလောက်ပါသည်။

....

ထိုစဉ် ဖုန်းသံ မြည်လာသည်။

သူမ၏နောက်တွင် ထိုင်ကြည့်နေသည့် အနှောက်အယှက်ပေးတတ်သော အဆောင်ဖော်နှစ်ဦးက ဂရုထဲတွင် သူမကို မန်းရှင်းခေါ်နေခြင်းဖြစ်သည်။

ရှဲ့ကျင့်ယွီ : [ငါ မြင်လိုက်တယ်နော်!]

ပိုင်လင်းယွင် : [ငါလည်း မြင်လိုက်တယ်!!]

ရှဲ့ကျင့်ယွီ : [တစ်ယောက်ယောက်က သူ့ရည်းစားနောက်ကို အဝတ်လဲခန်းဘက် လိုက်သွားတာ တွေ့လိုက်တယ်]

ရှဲ့ကျင့်ယွီ : [ဘာသွားလုပ်တာလဲဟင်]

ပိုင်လင်းယွင် : [@ကျိုးအန်းရန်]

ကျိုးအန်းရန် : "......"

မီးဘေးထွက်ပေါက်လှေကားတွင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများက ဦးနှောက်ထဲတွင် ရုတ်တရက် ပြန်လည်ပေါ်လာသည်။

ကျိုးအန်းရန် ပါးပြင်ကို ကိုင်ကြည့်လိုက်ရင်း : [ဘာမှမလုပ်ပါဘူး၊ သူ့ကို သွားအားပေးတာပါ]

ရှဲ့ကျင့်ယွီ : [တကယ်လား၊ ငါတော့ မယုံပါဘူး.jpg]

ပိုင်လင်းယွင် : [အားပေးဖို့က အနောက်အထိ လိုက်သွားဖို့ လိုလို့လား]

ကျိုးအန်းရန် : [အင်းလေ၊ သူထွက်သွားမှ သတိရလာလို့ပါ]

သူတို့နှစ်ဦးကို လိမ်ပြောလိုက်ရသဖြင့် ကျိုးအန်းရန် အနည်းငယ် စိတ်မလုံဖြစ်သွားသည်။

... သို့သော် သူမသည် သူ့ထံသို့ သွားပြီး ဒီလိုဒီလိုလုပ်ခဲ့သည်ဟုတော့ ပြော၍ မဖြစ်ပေ။

ရှဲ့ကျင့်ယွီ : [ဒါပေမဲ့ နင်လိုက်သွားတာလည်း ကောင်းပါတယ်]

ကျိုးအန်းရန် : [?]

ကျိုးအန်းရန် : [ဘာလို့ အဲ့လိုပြောတာလဲ]

ပိုင်လင်းယွင် : [နင်မသိဘူးလား၊ ဒီအနောက်မှာ ထိုင်နေတဲ့ မိန်းကလေးတွေ ဘယ်လောက်တောင် ချန်လော့ပိုင်မှာ ရည်းစားရှိသွားပြီဆိုပြီး နှမြောတသဖြစ်နေကြလဲဆိုတာ။ သူသာ လူလွတ်ဆိုရင် သူတို့အားလုံး လိုက်ချင်နေကြတာ]

ရှဲ့ကျင့်ယွီ : [နင့်ရည်းစားက ဒီနေ့ တကယ်ကို ချောတာ]

ကျိုးအန်းရန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာသည်။

....

ခဏအကြာတွင်။

ဒုတိယပိုင်းပွဲစဉ် စတင်သည်။

တတိယပိုင်း အစောပိုင်းတွင် နှစ်သင်းစလုံးသည် ယခင်ပိုင်းများကဲ့သို့ပင် အပြန်အလှန် အကြိတ်အနယ် ကစားနေကြသော်လည်း ဥပဒေကျောင်းအသင်းသည် ပထမပိုင်းတွင် ၈ မှတ် လျော့နည်းနေခဲ့သဖြင့် လက်ရှိအချိန်ထိ အခြေအနေ မဟန်သေးပေ။

အပြောင်းအလဲမှာ တတိယပိုင်း၏ နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သည်။

ပွဲကစားချိန် ကြာလာသည်နှင့်အမျှ နှစ်ဖက်စလုံးမှ ကစားသမားများသည် အနားယူချိန် မရှိသလောက်ဖြစ်သဖြင့် ဒုတိယပိုင်း နောက်ပိုင်းသို့ ရောက်သောအခါ ကိုယ်ခန္ဓာကြံ့ခိုင်မှုများ လျင်မြန်စွာ ကျဆင်းလာခဲ့သည်။ ဥပဒေကျောင်းရော CS ဘက်ကပါ ထိုအတိုင်းပင်။

CS အသင်းတွင် ကျောင်းကိုယ်စားပြု ကစားသမား သုံးဦးရှိသော်လည်း သူတို့သည် ပထမတန်းစား ကစားသမားများ မဟုတ်ဘဲ သာမန်ကျောင်းသားများသာ ဖြစ်ကြသည်။ သူတို့၏ စွမ်းဆောင်ရည်မှာ ကောင်းမွန်သော်လည်း ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာမူ သာမန်မျှသာ ဖြစ်ပုံရသည်။

ကစားသမားများ ဆက်မကစားနိုင်တော့၍လား သို့မဟုတ် အသာစီးရနေစဉ်မှာပင် နောက်ဆုံးပွဲသိမ်းအတွက် ခွန်အားစုဆောင်းလို၍လား မသိရသော်လည်း CS ဘက်မှ ကျောင်းကိုယ်စားပြု ကစားသမား သုံးဦးကို လူလဲရန် ပြင်ဆင်လာသည်။

ပထမနှစ် ကျောင်းသားဖြစ်သည့် နံပါတ် ၄ ကစားသမား အရင်ထွက်သွားသည်။

သူသည် ကျောင်းကိုယ်စားပြု သုံးဦးအနက် အရည်အချင်း အနိမ့်ဆုံးဖြစ်ရာ သူထွက်သွားပြီးနောက် နှစ်သင်း၏ အင်အားချိန်ခွင်လျှာမှာ အနည်းငယ်မျှသာ ယိမ်းယိုင်သွားခဲ့သည်။

သို့သော် ထိုအနည်းငယ်သော အပြောင်းအလဲကို ချန်လော့ပိုင်က အခွင့်ကောင်း ယူလိုက်သည်။

ကျိုးအန်းရန်သည် ကွင်းဘေးမှနေ၍ ချန်လော့ပိုင်က CS ဘက်မှ အသစ်ဝင်လာသော လူစားလဲကစားသမား၏ ဟာကွက်ကို အသုံးချကာ နေရာလွတ်တစ်ခုကို လျင်မြန်စွာ ရှာဖွေပြီး သုံးမှတ်တန် ဘောလုံးကို လှပစွာ ပစ်သွင်းလိုက်သည်ကို ကြည့်နေမိသည်။

လိမ္မော်ရောင် ဘောလုံးလေးသည် လေထဲတွင် ရှည်လျားသော မျဉ်းကွေးတစ်ခု ဆွဲသွားပြီးနောက်ခြင်းတောင်းထဲသို့ တည့်တည့်မတ်မတ် ကျသွားလေသည်။

တစ်ကွင်းလုံး လက်ခုပ်သံများ ဟိန်းထွက်သွားသည်။

ရမှတ်မှာ ၄၂ : ၅၀ မှ ၄၅ : ၅၀ သို့ ပြောင်းလဲသွားသည်။

နှစ်သင်း၏ ရမှတ်ကွာခြားချက်မှာ ၅ မှတ်သာ ကျန်တော့သည်။

CS ဘက်ကတော့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေဆဲ ဖြစ်သည်။ သူတို့သည် အင်အားအပြည့်အစုံကို ချက်ချင်း ပြန်မသုံးသေးဘဲ နံပါတ် ၄ အနားယူပြီး ပြန်ဝင်လာမှသာ အခြားကျောင်းကိုယ်စားပြု နံပါတ် ၇ ကို လူလဲလိုက်သည်။

နံပါတ် ၇ ထွက်သွားသော်လည်း ဥပဒေကျောင်းဘက်က အလောတကြီး အမှတ်မလိုက်သေးပေ။

ချန်လော့ပိုင်က ထိုအခွင့်အရေးကို အသုံးချကာ ဥပဒေကျောင်း၏ အခြားအဓိက ကစားသမားများကို တစ်လှည့်စီအနားပေးလိုက်ပြီး သူကိုယ်တိုင်ကမူ ကွင်းထဲ၌ ဆက်ရှိနေကာ ပွဲ၏အရှိန်အဟုန်ကို ထိန်းကျောင်းနေလေသည်။

တတိယပိုင်း ပြီးဆုံးရန် နှစ်မိနစ်ခန့်အလိုတွင် CS ဘက်မှ ဝမ်ကျွင်းကျိုးကို အနားပေးလိုက်သည်။

ဝမ်ကျွင်းကျိုးသည် စတုတ္ထနှစ် ကျောင်းသားဖြစ်ပြီး CS အသင်းတွင် အရည်အချင်းအရှိဆုံးနှင့် အတွေ့အကြုံအရှိဆုံး ကစားသမားဖြစ်သည့်အပြင် အသင်း၏ အဓိကပင်တိုင်လည်း ဖြစ်သည်။ သူထွက်သွားသည်နှင့် ချန်လော့ပိုင်က အဓိက ကစားသမားအားလုံးကို ကွင်းထဲသို့ ချက်ချင်း ပြန်ဝင်ခိုင်းလိုက်သည်။

CS ဘက်မှ တုံ့ပြန်ရန် အချိန်မရမီမှာပင် ဝမ်ကျွင်းကျိုး မရှိသည့် အခွင့်အရေးကို ယူ၍ သူသည် အခွင့်အရေး နှစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။ သူကိုယ်တိုင် သုံးမှတ်တန် တစ်လုံး သွင်းလိုက်သလို အသင်းဖော်ကိုလည်း နှစ်မှတ်တန် တစ်လုံးအတွက် ကူညီပေးလိုက်ရာ ၅ : ၀ ဖြင့် အမှတ်လိုက်နိုင်ခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရမှတ်များမှာ တူညီသွားလေသည်။

ဝမ်ကျွင်းကျိုးသည် ထိုင်ခုံတွင် အပူပင်မရသေးမီ ကွင်းထဲသို့ အပြေးအလွှား ပြန်ဝင်လာရသော်လည်း တတိယပိုင်း ကုန်ဆုံးရန် အချိန်မရှိတော့ပေ။

သူ ပြန်ဝင်လာသော်လည်း CS ဘက်မှ ဘာမှ ထူးထူးခြားခြား မလုပ်နိုင်ခဲ့ချင်။

တတိယပိုင်း ပြီးဆုံးချိန်တွင် နှစ်သင်းစလုံး ၅၄ : ၅၄ ဖြင့် သရေကျနေလေသည်။

ထပ်မံ၍ အနားယူချိန် ရောက်လာပြန်ရာ နှစ်ဖက်ကစားသမားများသည် ကွင်းဘေးသို့ လျှောက်လာကြသည်။

ကျိုးအန်းရန်သည် ခေါင်းငုံ့ကာ သူမ၏ အိတ်ကို ဖွင့်လိုက်သည်။ ပွဲမစမီက ချန်လော့ပိုင် သူမကို ပေးထားသည့် ရေသန့်ဘူးမှာ သူ သောက်ထား၍ ကုန်နေပြီဖြစ်သည်။ သို့သော် သူမသည် ပွဲကြည့်ရန် လာတိုင်း သူ အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့အတွက် ရေသန့်တစ်ဘူး အမြဲတမ်း အပိုဆောင်လာပေးတတ်သည်။

အိတ်ထဲမှ ရေသန့်ဘူးကို ထုတ်လိုက်ပြီးနောက် ကျိုးအန်းရန်သည် ကျုရန်ကို အိတ်ကြည့်ပေးရန် အကူအညီတောင်းလိုက်သည်။ ပတ်ဝန်းကျင်မှ အကြည့်များကို ဂရုမစိုက်တော့ဘဲ သူမသည် နေရာမှ ထလိုက်သည်။

...

ချန်လော့ပိုင်သည် အနားယူရာနေရာသို့ ပြန်ရောက်လာပြီးနောက် သူမ ပြေးလာသည်ကို မြင်သောအခါ အနည်းငယ် ကြောင်သွားလေသည်။

ထို့နောက် သူမသည် ရေသန့်ဘူးကို ဖွင့်၍ သူ့ထံ ကမ်းပေးလိုက်သည်။

ချန်လော့ပိုင်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ တိုးညင်းသော အသံဖြင့် "ဝန်ဆောင်မှုက တော်တော် ပြည့်စုံတာပဲလား" ဟု ပြောလိုက်သည်။

သူသည် စကားတိုလေး တစ်ခွန်းကိုပင် အလွန်အမင်း မောဟိုက်စွာ ပြောနေရခြင်းဖြစ်၏။

ကျိုးအန်းရန်၏နှာခေါင်းလေးထဲတွင် စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။

ကွင်းထဲရှိ လူတိုင်း အနားယူခဲ့ကြသော်လည်း သူတစ်ဦးတည်းသာလျှင် သုံးပိုင်းလုံးကို တစ်စက္ကန့်မျှ မနားဘဲ ကစားခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးပိုင်းတွင်လည်း သူ အနားယူနိုင်လိမ့်မည် မဟုတ်သည်မှာ သေချာလှသည်။

"စကားမပြောပါနဲ့တော့၊ ခဏလောက် အနားယူလိုက်ဦး။"

ချန်လော့ပိုင်က ပြုံးရင်း "ကောင်းပါပြီ" ဟု ခပ်တိုးတိုး ဖြေလိုက်သည်။ သူမလက်ထဲမှ ရေသန့်ဘူးကို ယူကာ ခေါင်းမော့၍ နှစ်ငုံခန့် သောက်လိုက်လေသည်။

သူ သောက်ပြီးသည်ကို ကျိုးအန်းရန်က စောင့်နေပြီးနောက် ရေသန့်ဘူးကို ပြန်ယူလိုက်သည်။ သူမသည် တစ်ရှူးဖြင့် သူ့ချွေးများကို အသာအယာ သုတ်ပေးနေစဉ် သူကမူ လက်နှစ်ဖက်ဖြင့် ခြေထောက်ကို ထောက်ကာ ကိုယ်ကို အနည်းငယ် ကိုင်း၍ အမောဖြေနေလေသည်။

နောက်ဆုံးပိုင်း စတင်သည်နှင့် နေရာသို့ ပြန်ရောက်နေပြီဖြစ်သော ကျိုးအန်းရန်သည် CS ဘက်မှ ခံစစ်ဗျူဟာ ပြောင်းလဲလိုက်သည်ကို သတိပြုမိလိုက်သည်။

ဥပဒေကျောင်းဘက်မှ တိုက်စစ်ဆင်သည်နှင့် ဝမ်ကျွင်းကျိုးနှင့် အခြားကစားသမားတစ်ဦးက ချန်လော့ပိုင်ကို ညှပ်ပိတ်တားဆီးကြသည်။ သူ ဘောလုံးပစ်ခွင့် မရစေရန်နှင့် ဘောလုံးကိုသာ ထုတ်ပေးရစေရန် သူတို့က ဖိအားပေးနေကြခြင်း ဖြစ်သည်။ ကျန်ရှိသော နံပါတ် ၄ နှင့် နံပါတ် ၇ တို့က အခြားကစားသမားတစ်ဦးနှင့် ပူးပေါင်းကာ ဥပဒေကျောင်းမှ ကျန်ကစားသမားများကို တားဆီးထားသည်။

ဥပဒေကျောင်းမှ အခြားကစားသမားများသည် CS ဘက်မှ နံပါတ် ၄ တို့ထက် အရည်အချင်း အနည်းငယ် လျော့နည်းသဖြင့် လေးယောက်နှင့် သုံးယောက် ကစားရာတွင်လည်း အသာစီး မရကြပေ။ ထို့ပြင် သူတို့သည် ချန်လော့ပိုင်အပေါ် အလွန်အမင်း အမှီသဟဲ ပြုနေကြသည်။ ချန်လော့ပိုင်သည် လူနှစ်ယောက် ညှပ်ထားသည့်ကြားမှပင် အခွင့်အရေး ရှာဖွေပေးနေသော်လည်း ချန်လော့ပိုင်ဘက်မှ အခွင့်အရေး မရလျှင် သူတို့၏ တိုက်စစ်အရှိန်မှာ ပျက်စီးသွားတတ်သည်။

....

CS ဘက်မှ တိုက်စစ်ဆင်လာသောအခါ ချန်လော့ပိုင်က ဝမ်ကျွင်းကျိုးကို အမိအရ တားဆီးနိုင်သော်လည်း သူသည် မည်မျှပင် တော်ပါစေ လူတစ်ဦးတည်းကိုသာ တားဆီးနိုင်သည်။ CS ဘက်မှ အခြားကျောင်းကိုယ်စားပြု နှစ်ဦးသည်လည်း ဘောလုံးပစ်ရာတွင် ကျွမ်းကျင်ကြသူများ ဖြစ်သည်။

ကံကောင်းသည်မှာ နောက်ဆုံးပိုင်းသို့ ရောက်လာသဖြင့် လူတိုင်း၏ အင်အားမှာ ကုန်ခမ်းနေပြီး ဘောလုံးပစ်ရာတွင် တိကျမှု လျော့နည်းလာခြင်းပင်ဖြစ်သည်။

သို့သော် အပြန်အလှန် အားပြိုင်မှုကြားတွင် ဥပဒေကျောင်းသည် နောက်တစ်ကြိမ် တဖြည်းဖြည်းနှင့် အခြေအနေ နိမ့်ကျသွားပြန်သည်။

ရမှတ်မှာ ၂ မှတ် ပြန်ကွာသွားသည်။

ထို့နောက် ၂ မှတ် ထပ်တိုးသွားသည်။

ပွဲပြီးရန် မိနစ်ဝက်သာ လိုတော့သည့်အချိန်တွင် ဥပဒေကျောင်းသည် ၅ မှတ် လျော့နည်းနေဆဲ ဖြစ်သည်။

ကျိုးအန်းရန်သည် ရေသန့်ဘူးကို တင်းတင်းဆုပ်ထားမိသည်။ သူမ၏အနောက်မှ သက်ပြင်းချသံများက ပွဲ၏ရလဒ်မှာ အဖြေထွက်သွားပြီဟု နှမြောတသဖြစ်နေကြသကဲ့သို့ပင်။

ကွင်းထဲ၌ CS ဘက်မှ ကစားသမားများသည် အနိုင်ရတော့မည်ဟု ယူဆကာ ဝမ်းသာနေကြသည်။ သူတို့ထဲမှ နှစ်ဦးဆိုလျှင် လက်ဝါးချင်းရိုက်၍ပင် အောင်ပွဲခံနေကြပြီဖြစ်သည်။

သို့သော် လက်မလျှော့သေးသူတစ်ဦး ရှိနေသေးလေသည်။

....

အချိန်မှာ ၃၁ စက္ကန့်သာ ကျန်တော့ပြီး ဘောလုံးမှာ ဥပဒေကျောင်းဘက်တွင် ရှိနေသည်။ ချန်လော့ပိုင်သည် ဘောလုံးကို ကွင်းလယ်အထိ ယူလာသောအခါ ဝမ်ကျွင်းကျိုးနှင့် အခြားတစ်ဦးက ထုံးစံအတိုင်း ညှပ်ပိတ်လာကြသည်။

ချန်လော့ပိုင်က အကြိမ်အနည်းငယ် ထိုးဖောက်ရန် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် အခွင့်အရေးရှာကာ နံပါတ် ၃ ကစားသမားထံ ဘောလုံး ပေးလိုက်သည်။

CS ဘက်မှ နံပါတ် ၄ က သူ့ကို ချက်ချင်း လိုက်တားသည်။

နံပါတ် ၃ သည် ဘောလုံးကို ခဏမျှ ထိန်းထားသော်လည်း အခွင့်အရေး မရသဖြင့် ချန်လော့ပိုင်ထံသို့ ဘောလုံး ပြန်ပေးလိုက်ရသည်။

အချိန်မှာ ၁၅ စက္ကန့်သာ ကျန်တော့သည်။

ဘတ်စကက်ဘောပွဲတွင် တိုက်စစ်တစ်ခုအတွက် စက္ကန့် ၂၄ စက္ကန့်သာ အချိန်ရရာ ယခု သူတို့အတွက် ၈ စက္ကန့်သာ ကျန်တော့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကျိုးအန်းရန်သည် ထိုကောင်လေး၏ မျက်နှာတွင် လောဆော်နေသည့် အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရဘဲ စိတ်ရှည်စွာဖြင့် ဘောလုံးကို ခေါက်နေသည်ကို မြင်လိုက်ရသည်။ ဟန်ပြလှုပ်ရှားမှု အချို့ဖြင့် CS ဘက်မှ ကစားသမားတစ်ဦးကို အယောင်ပြကျော်ဖြတ်ပြီးနောက် သူသည် ချက်ချင်းပင် ထိုးဖောက်မည့် အနေအထားကို ပြုလုပ်လိုက်သည်။

ဝမ်ကျွင်းကျိုးက လက်ဆန့်၍ တားလိုက်သည်။

သို့သော် ချန်လော့ပိုင်သည် အနောက်သို့ တစ်ချက်ဆုတ်လိုက်ကာ လေထဲသို့ ခုန်တက်လိုက်သည်။

ကျိုးအန်းရန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆယ်တန်းနှစ်က မြင်ကွင်းတစ်ခုနှင့် အချိန်နှင့် နေရာကို ကျော်လွန်ကာ ထပ်တူကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

နားထဲတွင် ဟွမ်ရှူးကျဲ့၏ အော်ဟစ်သံကို ကြားနေရသလိုပင် : [အနောက်ဆုတ် သုံးမှတ်တန်!! လော့ကောကတော့ ရှယ်ပဲ!!!!!!]

လိမ္မော်ရောင် ဘောလုံးလေးသည် လေထဲတွင် ဝဲပျံသွားကာ ၂၄ စက္ကန့် အချိန်ကုန်ဆုံးကြောင်း အချက်ပေးသံနှင့်အတူ ခြင်းတောင်းထဲသို့ ထပ်မံ၍ တိကျစွာ ကျဆင်းသွားလေသည်။

သို့သော် အချိန်မှာ ၇ စက္ကန့်သာ ကျန်တော့သည်။

ရမှတ်ကွာခြားချက်မှာ ၃ မှတ် ကျန်ရှိနေသေးသည်။

ဘောလုံးမှာ CS ဘက်သို့ ရောက်သွားပြီ ဖြစ်သည်။

CS ဘက်မှ ဘောလုံး စတင်ပစ်သွင်းလိုက်ပြီးနောက် သူတို့အနေဖြင့် တိုက်စစ်ဆင်ရန်ပင် မလိုတော့ဘဲ ဤ ၇ စက္ကန့်ကို ကုန်ဆုံးအောင် ထိန်းထားနိုင်လျှင်ပင် အနိုင်ရမည်ဖြစ်သည်။

စည်းအပြင်မှ ဘောလုံး ပစ်သွင်းချိန်တွင် ဝမ်ကျွင်းကျိုးနှင့် နံပါတ် ၄ တို့က ချန်လော့ပိုင်ကို ပူးပေါင်းတားဆီးကြရာ ဥပဒေကျောင်းမှ အခြားသူများက ကြားဖြတ်မတားနိုင်ခဲ့ကြပေ။

CS အသင်းသည် သူတို့၏ နံပါတ် ၉ ထံသို့ ဘောလုံးကို ချောမွေ့စွာ ပေးလိုက်နိုင်သည်။

ကျိုးအန်းရန်၏ စိတ်မှာ မြင့်မားစွာ လွင့်ပျံနေပြီး ရေသန့်ဘူးကို တင်းတင်းဆုပ်ထားမိရာ ဘူးခွံလေးမှာ အနည်းငယ် ချိုင့်ဝင်သွားလေသည်။

သို့သော် နောက်တစ်ခဏ၌ CS ဘက်မှ နံပါတ် ၄ က လျော့ရဲသွား၍လား သို့မဟုတ် ချန်လော့ပိုင်က အလွန်လျင်မြန်သော အယောင်ပြလှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်၍လား မသိရသော်လည်း ကျိုးအန်းရန် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရမီမှာပင် ထိုကောင်လေးသည် လူနှစ်ယောက်၏ ကြားမှ ရုန်းထွက်ကာ CS နံပါတ် ၉ လက်ထဲမှ ဘောလုံးကို ကြားဖြတ်လုယူလိုက်လေသည်။

အချိန်မှာ ၃ စက္ကန့်ပင် မပြည့်တော့ချေ။

ဝမ်ကျွင်းကျိုးက ကွင်းထဲ၌ "ပြန်တားကြ" ဟု အော်လိုက်သည်။

CS ဘက်မှ လူများသည် ချန်လော့ပိုင်နောက်သို့ အမီလိုက်ကြသည်။

ကျိုးအန်းရန် မြင်နိုင်သည်မှာ CS ဘက်မှ မည်သူမျှ သူ့ခြေလှမ်းကို မမီနိုင်ကြခြင်းဖြစ်သည်။

သို့သော် ...

အချိန်က မမှီတော့ပေ။

ကျန်ရှိသော အချိန်လေးသည် သူ ဘောလုံးကို တိုက်စစ်စည်းအထိ ယူသွားရန်ပင် မလုံလောက်ပေ။

သူ ကွင်းလယ်မျဉ်းသို့ ရောက်ရုံသာရှိသေးသော်လည်း အချိန်မှာ တစ်စက္ကန့်သာ ကျန်တော့သည်။

ကျိုးအန်းရန်သည် ရေသန့်ဘူးကို တင်းတင်းဆုပ်ရင်း အဖြူရောင် ဝတ်စုံဝတ်ထားသော ထိုကောင်လေး ရုတ်တရက် ရပ်လျက် ခုန်တက်လိုက်သည်ကို မြင်လိုက်ရသည်။

နောက်ဆုံးမှ အမီလိုက်လာသော ဝမ်ကျွင်းကျိုးက သူ့ကို တားရန် လက်ဆန့်လိုက်သည်။

လိမ္မော်ရောင် ဘောလုံးလေးသည် ချန်လော့ပိုင်၏ လက်ထဲမှ လွင့်ထွက်သွားသည်။ သူ အားကုန်နေ၍လား သို့မဟုတ် ဝမ်ကျွင်းကျိုး၏ ဟန်ချက်ဖျက်မှုကြောင့်လား မသိရသော်လည်း သူသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။

ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ပွဲပြီးဆုံးကြောင်း အချက်ပေးသံ စူးစူးဝါးဝါး ထွက်ပေါ်လာသည်။

ဘောလုံးမှာ လေထဲတွင် ရှိနေဆဲ ဖြစ်သည်။

တစ်စက္ကန့်သည် ရာစုနှစ်တစ်ခုစာမျှ ရှည်လျားသွားသကဲ့သို့ ခံစားရ၏။

ဆူညံနေသော အားကစားကွင်းမှာ ထိုအခိုက်အတန့်တွင် တိတ်ဆိတ်သွားပုံရသည်။

ထို့နောက် လိမ္မော်ရောင် ဘောလုံးလေးသည် လေထဲတွင် မျဉ်းကွေးတစ်ခု ဆွဲပြီးနောက် နောက်ဆုံးတွင် ခြင်းတောင်းထဲသို့ ထပ်မံ၍ တိကျစွာ ကျဆင်းသွားလေသည်။

LED ဖန်သားပြင်ပေါ်တွင် အနီရောင် ရမှတ်များမှာ ၆၄ : ၆၆ မှ ၆၇ : ၆၆ သို့ ပြောင်းလဲသွားသည်။

... ချန်လော့ပိုင်၏ အဝေးပစ် သုံးမှတ်တန်ဖြင့် အနိုင်ပိုင်းလိုက်ခြင်းပင်!

ကွင်းထဲ၌ ရုတ်တရက် ဆူညံပွက်လောရိုက်သွားကာ လက်ခုပ်သံများနှင့် အားပေးသံများမှာ နားမခံသာအောင် ဖြစ်သွားသည်။

....

ကျိုးအန်းရန်ကတော့ ဘာကိုမှ သတိမထားမိတော့ပေ။

ဘောလုံး ဝင်သွားသည်နှင့် သူမသည် ကွင်းထဲသို့ ပြေးဝင်သွားသည်။

သို့သော် သူမ ချန်လော့ပိုင်အနားသို့ မရောက်မီမှာပင် သူနှင့် အနီးဆုံးရှိနေသော ဝမ်ကျွင်းကျိုးက သူ့ကို ဆွဲထူလိုက်သည်။

ဝမ်ကျွင်းကျိုး၏ မျက်နှာတွင် နှမြောတသဖြစ်မှုများ ရှိနေသော်လည်း "ဂုဏ်ယူပါတယ်၊ ဒီလိုတောင် မင်းက အနိုင်ယူသွားနိုင်တာပဲ" ဟု ပြောလိုက်သည်။

ချန်လော့ပိုင်က သူ့အဝတ်အစားပေါ်မှ ဖုန်များကို ခါလိုက်ရင်း "ခင်ဗျားတို့ နောက်ဆုံးမှာ လျော့ရဲသွားလို့ပါ၊ မဟုတ်ရင် မနိုင်ပါဘူး" ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ဝမ်ကျွင်းကျိုးသည် နှမြောသော်လည်း ကျောင်းတွင်းပြိုင်ပွဲကို အလွန်အမင်း အလေးအနက် မထားသဖြင့် အခွင့်ကောင်းယူကာ "တကယ်ပဲ ကျောင်းကိုယ်စားပြုအသင်းကို မလာဘူးလား။ မင်းရဲ့ အရည်အချင်းက ကျောင်းတွင်းပြိုင်ပွဲမှာ ကစားဖို့ဆိုရင် အရမ်း နှမြောဖို့ကောင်းတယ်" ဟု မေးလိုက်ပြန်သည်။

"နောက်မှ ပြောကြတာပေါ့။" ချန်လော့ပိုင်က ခေါင်းလေးစောင်းကာ မျက်ဝန်းထဲတွင် အပြုံးများဖြင့် "ကျွန်တော့်ရည်းစား လာနေပြီ" ဟု ပြောလိုက်သည်။

ဝမ်ကျွင်းကျိုးသည် ချန်လော့ပိုင်၏ အကြည့်နောက်သို့ လိုက်၍ ကျိုးအန်းရန်ကို တစ်ချက်ကြည့်လိုက်ကာ နားလည်စွာ ပြုံးရင်း "ကောင်းပြီ၊ မနှောင့်ယှက်တော့ဘူး၊ နောက်မှ မင်းနဲ့ သီးသန့် လာဆွေးနွေးမယ်" ဟု ပြောကာ လှည့်ထွက်သွားလေသည်။

ကျိုးအန်းရန်က အနားသို့ အမြန်လျှောက်သွားပြီး ချန်လော့ပိုင်၏ လက်ကောက်ဝတ်ကို ဆွဲကာ "အဆင်ပြေရဲ့လား၊ တစ်ခုခု ဖြစ်သွားသေးလား" ဟု မေးလိုက်သည်။

ချန်လော့ပိုင်က သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ အလွန်အမင်း မောဟိုက်နေဆဲ အသံဖြင့် "ရည်းစားလေးက ဖက်ပေးရင် အဆင်ပြေသွားမှာပါ" ဟု ပြောလိုက်သည်။

ကျိုးအန်းရန်သည် ရုတ်တရက် ပူနွေးနေသော ရင်ခွင်တစ်ခုထဲသို့ ရောက်ရှိသွားသည်။

"......"

သူ နောက်ပြောင်နိုင်သေးသည်ကို ကြည့်ခြင်းအားဖြင့် တကယ်ပဲ ဘာမှမဖြစ်သည်မှာ သေချာလှသည်။

ကျိုးအန်းရန် သက်ပြင်းအသာချလိုက်မိသော်လည်း နားရွက်ဖျားလေးများမှာ တဖြည်းဖြည်း နီရဲလာလေသည်။

သို့သော် သူသည် တကယ်ကို ပင်ပန်းနေပုံရသည်။ အသက်ရှူသံများမှာ ပြင်းထန်နေဆဲဖြစ်ပြီး သူမကို ဖက်ထားစဉ်တွင် ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်အလေးချိန်ကို သူမအပေါ်သို့ အနည်းငယ် ဖိထားလေသည်။

ကျိုးအန်းရန်သည်လည်း ရုန်းကန်ခြင်း မပြုတော့ပေ။

ကွင်းထဲ၌ လက်ခုပ်သံများ မစဲသေးသလို ပရိသတ်များလည်း မပြန်ကြသေးပေ။ သူမသည် ကွင်းလယ်တွင် ရပ်နေရင်း ချန်လော့ပိုင်ကို ပြန်လည်ဖက်ထားလိုက်သည်။

....

နှစ်စက္ကန့်အကြာတွင်။

ဘေးနားမှ တစ်စုံတစ်ယောက်က ချောင်းဟန့်လိုက်သည်။

ကျိုးအန်းရန် ခေါင်းစောင်းကြည့်လိုက်သောအခါ သူတို့အသင်းမှ နံပါတ် ၂၃ ဝတ်စုံဝတ်ထားသော အသင်းသားမှာ မည်သည့်အချိန်က သူတို့အနားသို့ ရောက်နေသည် မသိရပေ။

သူမ၏ မျက်နှာမှာ ချက်ချင်းပင် ပို၍ ပူထူသွားသည်။ စိုးရိမ်စိတ်များ လျော့ပါးသွားပြီးနောက် ယခုအခါ ရှက်ရွံ့စိတ်က ပြန်လည်ကြီးစိုးလာပြန်သည်။ သူမသည် လက်ကို လွှတ်လိုက်ကာ သူ့ထံမှ အနည်းငယ် ဝေးရာသို့ နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ချန်လော့ပိုင်က သူမ၏ခါးကိုကိုင်ကာ ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်ပြီး နံပါတ် ၂၃ ကိုသာ လှမ်းကြည့်လိုက်သည်။

နံပါတ် ၂၃ က ထပ်မံ၍ ချောင်းဟန့်လိုက်ရင်း ပြုံးရွှင်စွာဖြင့် "မင်းတို့ကို တမင်နှောင့်ယှက်တာ မဟုတ်ပါဘူး၊ အားလုံးက မင်းကို အောင်ပွဲခံစားပွဲ လာမလားဆိုတာ မေးခိုင်းလို့ပါ။ ငါတို့ တကယ်တော့ Semi-final ထိ ရောက်မယ်တောင် မထင်ထားခဲ့ဘူး၊ အခု ချန်ပီယံဖြစ်တာက တကယ့်ကို စံချိန်တင်တာပဲ။ မင်းက အဓိက စွမ်းဆောင်ရှင်ဆိုတော့ လာရမယ်နော်၊ ခုနက အနိုင်ဂိုးက တကယ်ကို မိုက်တာ။ ရည်းစားနဲ့ မခွဲနိုင်ရင်လည်း အတူတူ ခေါ်လာခဲ့လို့ရတယ်၊ တခြား ရည်းစားရှိတဲ့သူတွေလည်း ခေါ်လာကြမှာပဲ"

ချန်လော့ပိုင်က သူ့ရင်ခွင်ထဲမှ မိန်းကလေးကို ငုံ့ကြည့်ကာ "သွားမလား" ဟု မေးလိုက်သည်။

ကျိုးအန်းရန်သည် အမှန်တကယ်တွင် လူများသည့်နေရာကို မကြိုက်သော်လည်း ယခုအခါ သူ့အနားတွင် ရှိနေချင်သည့် စိတ်က ပိုနေသဖြင့် ခေါင်းညိတ်ပြလိုက်သည် : "ကောင်းပါပြီ။"

နံပါတ် ၂၃ က ပြုံး၍ လက်ဝှေ့ယမ်းပြကာ "ကောင်းပြီ၊ ဒါဆို မင်းတို့ ဆက်လုပ်ကြဦး" ဟု ပြောကာ ထွက်သွားသည်။

ကျိုးအန်းရန် : "......"

သူမ၏ မျက်နှာမှာ ပူနေဆဲပင်။ သူ ဘာလို့ ခုထိ မလွှတ်သေးတာလဲဟု မေးရန် ပြင်နေစဉ် နောက်ထပ် ကိစ္စတစ်ခုကို သတိရသွားသည် : "ငါတို့ အောင်ပွဲခံစားပွဲသွားရင် ကျုရန်က ဘယ်လိုလုပ်မလဲ"

"သူ့ဘာသာသူ ဖြစ်သလို နေပါစေ။" ချန်လော့ပိုင်က ပျင်းရိပျင်းတွဲ ပြန်ဖြေလိုက်သည်။

"လူလိုကျင့်စမ်းပါ ချန်လော့ပိုင်ရယ်။" ကျုရန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ကျိုးအန်းရန် လှည့်ကြည့်လိုက်သောအခါ သူသည်လည်း မည်သည့်အချိန်က ကွင်းထဲသို့ ရောက်နေသည် မသိရဘဲ သူမ၏ အနောက်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ချန်လော့ပိုင်သည် သူ့ကို စောစောစီးစီး မြင်ထားပုံရသည်။

ကျုရန်က စိတ်ပျက်လက်ပျက်ဖြင့် "မင်း မိန်းမဆီကနေ သင်ယူစမ်းပါ၊ သူကမှ အိမ်ရှင်ပီသတာ" ဟု ပြောလိုက်သည်။

ကျိုးအန်းရန် : "??"

သူမဆီက ဘာကို သင်ယူရမှာလဲ။

ချန်လော့ပိုင်သည် လက်တစ်ဖက်ဖြင့် သူမကို တင်းတင်းဖက်ထားဆဲဖြစ်ပြီး သူမကို ငုံ့ကြည့်လိုက်သောအခါ သူ၏ အကြည့်များထဲတွင် ထူးဆန်းသော အဓိပ္ပာယ်များ ပါဝင်နေသည် : "အဲ့ဒါကတော့ ငါ့မိန်းမက ငါ့ကို သင်ပေးချင်စိတ် ရှိ၊ မရှိပေါ်မှာ မူတည်တာပေါ့"

ကျိုးအန်းရန် : "......"

ကျုရန်က လျှောက်ပြောနေသည်ကို သူကလည်းလိုက်ပြီး အခေါ်အဝေါ်တွေ ပြောင်းနေပြန်ပြီ။

ကျိုးအန်းရန်၏ မျက်နှာမှာ ပို၍ ပူထူလာသဖြင့် သူ့စကားကို ပြန်မပြောတော့ဘဲ ကျုရန်ကိုသာ လှည့်ကြည့်လိုက်သည် : "မင်း ညစာကို ဘယ်လိုလုပ်မှာလဲ"

"တကယ်ပဲ ငါ့ကို စိတ်မပူပါနဲ့။ ငါက အစ်မချင်းရဲ့ အစမ်းလေ့ကျင့်တာကို သွားကြည့်မှာ၊ အပြင်ထွက်တဲ့အခါ လမ်းမှာ တစ်ခုခု ဝယ်စားလိုက်ရင် ရပါတယ်"

ချန်လော့ပိုင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း "ကြားတယ်မလား၊ သူက ပွဲလာကြည့်တာက အပိုပဲ၊ မင်းက သူ တကယ် ငါ့အတွက် လာတယ်လို့ ထင်နေတာလား"

"မင်းအတွက် လာရင်တော့ ငါ ငတ်သေမှာပေါ့။" ကျုရန်က မျက်စောင်းထိုးလိုက်သည်။

ချန်လော့ပိုင်က ရယ်ရင်း သူ့ကို တစ်ချက် ကန်လိုက်ကာ "ပြောလို့ပြီးရင်လည်း မြန်မြန် သွားတော့"

"ငါကလည်း မင်းကို အရေးလုပ်နေတာ မဟုတ်ဘူး။" ကျုရန်က သူ့ကို ထပ်မံ၍ မျက်စောင်းထိုးပြပြီးနောက် ကျိုးအန်းရန်ကို လက်ဝှေ့ယမ်းပြကာ "သွားပြီနော်" ဟု ပြော၍ ထွက်သွားလေသည်။

...

ကျုရန် ထွက်သွားပြီးနောက် ချန်လော့ပိုင်က သူမကို တစ်ချက် တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီးနောက် အနားယူရာနေရာရှိ ထိုင်ခုံကို မေးထိုးပြကာ ခပ်တိုးတိုး ပြောလိုက်သည် : "ဟိုမှာ ထိုင်ပြီး ငါ့ကို စောင့်နေပေးမလား။ ငါ သူတို့နဲ့သွားပြီး လက်ဆွဲနှုတ်ဆက်လိုက်ဦးမယ်၊ ပြီးရင် မင်းဆီ လာခဲ့မယ်"

ကျိုးအန်းရန် ခေါင်းညိတ်ပြလိုက်သည် : "ကောင်းပါပြီ။"

အနားယူရာနေရာတွင် ထိုင်လိုက်ပြီးနောက် ကျိုးအန်းရန်သည် ပူထူနေသော ပါးပြင်ကို လက်ဖြင့် ထိကြည့်လိုက်မိသည်။

...

ထိုစဉ် ဖုန်းသံ ထပ်မံမြည်လာသည်။

ကျိုးအန်းရန် WeChat ကို ဖွင့်ကြည့်လိုက်သောအခါ ရှဲ့ကျင့်ယွီက ဂရုထဲတွင် ဓာတ်ပုံတစ်ပုံ ပို့ထားသည်ကို တွေ့လိုက်ရသည်။

သူမ ဓာတ်ပုံကို ဖွင့်ကြည့်လိုက်သည်။

လူအပြည့်ရှိနေသော အားကစားကွင်းကြီးထဲတွင် အရပ်မျက်နှာအသီးသီးမှ ပရိသတ်အများစုမှာ မတ်တပ်ရပ်၍ လက်ခုပ်တီးနေကြသည်။ ကွင်းထဲ၌ CS အသင်းဝတ်စုံ ဝတ်ထားသော ကောင်လေးများမှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီး ဥပဒေကျောင်းအသင်းသား လေးဦးမှာမူ လက်ဝါးချင်းရိုက်၍ အောင်ပွဲခံနေကြသည်။

ထိုလူအုပ်ကြီး၏ အလယ်တည့်တည့်တွင် သူမသည် အဖြူရောင် ဘောလုံးဝတ်စုံဝတ်ထားသော ကောင်လေးနှင့် တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်။

ကျိုးအန်းရန်၏ လက်ချောင်းလေးများပင် ပူသွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှဲ့ကျင့်ယွီ : [အန်းရန်လေး၊ မင်း ဒီနေ့ တော်တော် သတ္တိရှိတာပဲ]

ရှဲ့ကျင့်ယွီ : [နင် ကွင်းထဲကို ပြေးဝင်သွားလိမ့်မယ်လို့ ငါ မထင်ထားဘူး]

ပိုင်လင်းယွင် : [ချန်လော့ပိုင်ကလည်း နင့်ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်လိုက်လိမ့်မယ်လို့ ငါလည်း မထင်ထားဘူး!!]

ပိုင်လင်းယွင် : [နင်တို့နှစ်ယောက်က အိုင်ဒေါဒရာမာရိုက်နေတာလား?]

အတန်ကြာကမှ WeChat ထဲသို့ အသစ်ရောက်လာသော နျဲ့ကျစ်ကျန်းကလည်း မမျှော်လင့်ဘဲ စာတစ်စောင် ပို့လာသည် : [နင်တို့နှစ်ယောက် လူအများကြီးရှေ့မှာ အဲ့လောက်တောင် အချစ်ပြနေဖို့ လိုလို့လား၊ ငါ့မျက်လုံးတွေတောင် ကျိန်းကုန်ပြီ]

ကျိုးအန်းရန် : "......?"

မျက်လုံးအစွန်မှနေ၍ ကွင်းထဲတွင် ချန်လော့ပိုင်သည် CS အသင်းသားများနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် အသင်းဖော်များကို တစ်ခုခုပြောကာ သူမရှိရာသို့ လှည့်လျှောက်လာသည်ကို မြင်လိုက်ရသည်။

ကျိုးအန်းရန်၏ မျက်နှာမှာ ထပ်မံ၍ ပူထူလာပြန်ရာ စာကို ပြန်မပြောတော့ဘဲ ဖုန်း Screen ကို ပိတ်လိုက်သည်။

ချန်လော့ပိုင်က သူမ၏ရှေ့သို့ လျင်မြန်စွာ ရောက်လာသည်။

ထိုကောင်လေး၏ အသက်ရှူသံမှာ ခုနကလောက် မပြင်းထန်တော့သော်လည်း နဖူး၊ မျက်နှာနှင့် ကိုယ်ပေါ်တွင် ချွေးများ စိုရွှဲနေဆဲ ဖြစ်သည်။

ကျိုးအန်းရန် သူ့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားသဖြင့် အိတ်ထဲမှ တစ်ရှူးတစ်ရွက်ကို ထုတ်ကာ မတ်တပ်ရပ်၍ သူ့ချွေးများကို သုတ်ပေးလိုက်သည်။

သူမသည် သူ့မေးစေ့လောက်သာ အရပ်ရှိသဖြင့် လက်ကို အမြင့်သို့ မြှောက်ထားရသည်။ လက်ကောက်ဝတ်ရှိ Rose Gold လက်ကောက်လေးမှာ မျက်စိရှေ့တွင် လှုပ်ခါနေပြီး တစ်ရှူးဖြင့် အုပ်ထားသော သူမ၏ လက်ချောင်းလေးများသည် သူ့နဖူးပေါ်သို့ အသာအယာ ကျရောက်သွားသည်။

ချန်လော့ပိုင်၏ လည်ချောင်းထဲတွင် ယားကျိကျိ ဖြစ်သွားကာ သူမ၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး လက်ကောက်လေးကို လက်ချောင်းဖြင့် အသာအယာ ပွတ်သပ်လိုက်ရင်း "မသုတ်ပေးနဲ့တော့" ဟု ပြောလိုက်သည်။

ကျိုးအန်းရန် မျက်တောင်လေး ခတ်လိုက်မိသည်။

"ခဏနေရင် ရေချိုးရမှာမို့လို့ပါ။" ချန်လော့ပိုင်က ခပ်တိုးတိုး ပြောလိုက်သည်။

သူ၏ ယခုပုံစံနှင့် သူမကို ကြည့်သည့် အကြည့်များမှာ ပထမပိုင်းအပြီး လမ်းကြားတွင် ရှိစဉ်ကနှင့် အလွန်တူနေသဖြင့် ဟော်မုန်းဓာတ်များက သူမကို ရင်ခုန်စေပြီး "ရေချိုး" ဆိုသည့် စကားလုံးကို ကြားလိုက်သောအခါ ကျိုးအန်းရန် တစ်မျိုးကြီး ခံစားလိုက်ရသည်။

သူမသည် အကြည့်ကို အောက်သို့ ချလိုက်ပြီး လက်ကို ရုန်းလိုက်သော်လည်း သူက မလွှတ်ဘဲ တင်းတင်းဆုပ်ထားဆဲ ဖြစ်သည်။ သူမက "ဪ" ဟု အသာအယာ ပြန်ဖြေလိုက်ပြီး "ဒါဆို အခု အဆောင်ပြန်ပြီး ရေချိုးမှာလား" ဟု မေးလိုက်သည်။

ချန်လော့ပိုင်၏အသံမှာ တိုးညင်းနေဆဲပင် : "အောင်ပွဲခံစားပွဲလုပ်မယ့် နေရာက တိုက်ခန်းနဲ့ အရမ်းနီးတယ်။ မင်း အဆောင်ပြန်မလား၊ မပြန်ဘူးဆိုရင် ငါနဲ့ တိုက်ခန်းကို လိုက်ခဲ့မလား"

ကျိုးအန်းရန်သည် သူ့လက်ထဲရှိ သူမ၏ လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်သည်။ ဘောလုံးကစားပြီးခါစ ဖြစ်သောကြောင့် သူ့လက်ဖမိုးပေါ်မှ အကြောစိမ်းများမှာ ထင်ရှားစွာ ပေါ်လွင်နေသည်။

သူမ အသာအယာ ခေါင်းညိတ်လိုက်မိသည်။

....

တိုက်ခန်းသို့ သွားသည့် လမ်းတစ်လျှောက်တွင် ချန်လော့ပိုင်က စကားသိပ်မပြောပေ။ တစ်ပွဲလုံး ကစားခဲ့ရသဖြင့် ပင်ပန်းနေ၍လား မသိရပေ။

ကျိုးအန်းရန်သည် တစ်ခါတစ်ရံ ခိုးကြည့်လိုက်လျှင် သူ့နှုတ်ခမ်းများမှာ တင်းတင်းစေ့ထားသည်ကို တွေ့ရသည်။

တိုက်ခန်းသို့ ရောက်ပြီးနောက် ချန်လော့ပိုင်က ရေချိုးခန်းထဲသို့ ဝင်သွားသည်။

ကျိုးအန်းရန်က အပြင်ရှိ ဧည့်ခန်းတွင် သူ့ကို စောင့်နေသည်။ သူမသည် ဖုန်းဖြင့် ရှဲ့ကျင့်ယွီနှင့် နျဲ့ကျစ်ကျန်းတို့၏ စာများကို ပြန်ပြောလိုက်ပြီး ချန်လော့ပိုင် ရေချိုးခန်းမှ ထွက်လာသည့်အထိ သူတို့နှင့် စကားပြောနေမိသည်။

အခန်းထဲတွင် Heater ဖွင့်ထားသဖြင့် ထိုကောင်လေးသည် အောက်ပိုင်းတွင် အနက်ရောင် ဘောင်းဘီအပွကို ဝတ်ထားပြီး အပေါ်ပိုင်းတွင်မူ သာမန် အဖြူရောင် T-shirt တစ်ထည်ကိုသာ ဝတ်ထားသည်။ ဆံပင်များကိုမူ ဖြစ်သလိုသာ သုတ်ထားပုံရပြီး ရေစက်များ ကျနေဆဲ ဖြစ်သည်။

သူသည် သူမ၏ ဘေးတွင် ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ပင်ပန်းနေဆဲ ပုံစံဖြင့် "ဒီကိုလာဦး" ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ကျိုးအန်းရန်သည် ဖုန်းကို ချလိုက်ပြီး သူခေါ်သည့်အတိုင်း အသာအယာ လျှောက်သွားကာ သူ့ရင်ခွင်ထဲတွင် ထိုင်လိုက်သည်။

ချန်လော့ပိုင်က စကားထပ်မပြောတော့ဘဲ ခေါင်းကို သူမ၏ ပခုံးပေါ်တွင် မှီထားလိုက်သည်။

သူ့ဆံပင်ဖျားမှ ရေစက်တစ်စက်မှာ သူမ၏ လည်ပင်းမှတစ်ဆင့် အတွင်းသို့ စီးဝင်သွားသဖြင့် သူမ၏ ရင်ထဲတွင် အေးစက်ပြီး တုန်လှုပ်သွားရသည်။

ကျိုးအန်းရန်သည် သူ့အင်္ကျီ၏ ပခုံးသားစကို ဆုပ်ကိုင်လိုက်ရင်း သူ့နာမည်ကို ခေါ်လိုက်သည် : "ချန်လော့ပိုင်။"

ချန်လော့ပိုင်က "အင်း" ဟု ခပ်တိုးတိုး ပြန်ဖြေရုံသာရှိပြီး ခေါင်းကို မမော့သေးပေ။

"နင် စိတ်မကောင်းဖြစ်နေတာလား" ကျိုးအန်းရန်က လေသံအေးအေးဖြင့် မေးလိုက်သည်။

ချန်လော့ပိုင်က ခေါင်းမော့လာသည်။ အနည်းငယ် အံ့သြသွားပုံရသော်လည်း မမျှော်လင့်ဘဲ သိသွားသည့် ပုံစံမျိုးလည်း ရှိနေသည်။

မည်သို့ပင်ဆိုစေ အထက်တန်းကျောင်းတုန်းကလည်း သူမသည် သူ စိတ်မကောင်းဖြစ်နေသည်ကို တိတ်တဆိတ် သတိပြုမိပြီး သူ့စားပွဲထဲသို့ သကြားလုံးများ တိတ်တဆိတ် ထည့်ပေးကာ ချော့မြှူခဲ့ဖူးသည် မဟုတ်ပါလား။

"နင် သိသွားတာပဲ။" ချန်လော့ပိုင်က သူမ၏ ပါးပြင်ကို လက်ဖြင့် ဆွဲလိုက်သည်။ ယနေ့ ညနေခင်း တစ်လျှောက်လုံး သူသည် ဤသို့ အကြိမ်ပေါင်းများစွာ လုပ်ချင်ခဲ့သော်လည်း သူမ၏ မျက်နှာလေးကို မညစ်ပေစေချင်၍ အောင့်ထားခဲ့ခြင်း ဖြစ်သည် : "နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်၊ ဒီနေ့ ကောင်းကောင်း မကစားနိုင်ခဲ့လို့"

ကျိုးအန်းရန် မျက်တောင်လေး ခတ်လိုက်သည် : "ချန်ပီယံ ရခဲ့တာပဲ မဟုတ်လား၊ ဘယ်နေရာမှာ မကောင်းတာရှိလို့လဲ"

ချန်လော့ပိုင်၏လက်မှာ သူမ၏မျက်နှာပေါ်တွင်ပင် ရှိနေဆဲဖြစ်သည် : "သူတို့ နောက်ဆုံးမှာ လျော့ရဲသွားလို့သာပေါ့၊ မဟုတ်ရင် ဒီပွဲက နိုင်ဖို့ မလွယ်ဘူး။ နင်က ငါ့ရည်းစားအနေနဲ့ ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို လာကြည့်တာလေ၊ ရှုံးလုနီးပါးဖြစ်သွားတာက နည်းနည်းတော့ အရှက်ရဖို့ ကောင်းတယ်"

ကျိုးအန်းရန် အနည်းငယ် ကြောင်သွားမိသည်။

သူ စိတ်မကောင်းဖြစ်နေတာက...

သူမရှေ့မှာ ရှုံးတော့မလို ဖြစ်ခဲ့လို့လား။

ကျိုးအန်းရန်သည် သူ့ပခုံးကို မသိမသာ ဆုပ်ကိုင်လိုက်ရင်း "ဒါပေမဲ့ CS အသင်းက လူအင်အားရော အရည်အချင်းရော နင်တို့ထက် သာနေတာပဲလေ" ဟု လေသံအေးအေးဖြင့် ပြောလိုက်သည်။

"Squad depth ကိုတောင် သိနေပြီလား" ချန်လော့ပိုင်က မျက်ခုံးပင့်လိုက်ရင်း မျက်ဝန်းထဲတွင် အပြုံးအချို့ ပေါ်လာသည်။ စိတ်အနည်းငယ် ပြန်ကောင်းလာပုံရသလို စနောက်လိုသည့် လေသံလည်း ပါဝင်နေသည် : "ငါ့ကြောင့်နဲ့ ဘတ်စကက်ဘောပွဲတွေကို အဲ့လောက်တောင် အလေးအနက် လေ့လာနေတာလား"

ကျိုးအန်းရန်၏ မျက်နှာမှာ ထပ်မံ၍ ပူလာပြန်သည် : "ငါက အတည်ပြောနေတာ"

ချန်လော့ပိုင်က ရယ်လိုက်ရင်း တိုးညင်းသော်လည်း အလိုလိုက်သည့် အသံဖြင့် "ကောင်းပါပြီ၊ ပြောပါဦး" ဟု ဆိုလိုက်သည်။

"ပြီးတော့ မင်းနိုင်ခဲ့တာက သူတို့ လျော့ရဲသွားလို့ မဟုတ်ပါဘူး၊ နင်က နောက်ဆုံးစက္ကန့်အထိ လက်မလျှော့ဘဲ ကြိုးစားခဲ့လို့ပါ။ ဒါကိုမှ မကောင်းဘူးလို့ ပြောရင် ကောင်းတယ်ဆိုတာ ဘာလဲဆိုတာ ငါလည်း မသိတော့ဘူး၊ ပြီးတော့ ... " ကျိုးအန်းရန် စကားခဏ ရပ်သွားသည်။

ချန်လော့ပိုင် : "ပြီးတော့ ဘာဖြစ်လဲ"

ကျိုးအန်းရန်သည် ရှက်ရှက်ဖြင့် ခေါင်းကို သူ့ပခုံးပေါ်တွင် ဝှက်ထားလိုက်သည် : "နိုင်နိုင် ရှုံးရှုံး၊ နင်က ငါ့စိတ်ထဲမှာ အမြဲတမ်း နံပါတ်တစ်ပဲ၊ အရှက်ရစရာ မရှိပါဘူး"

သူမသည် ခေါင်းကို သူ့ပခုံးပေါ်တွင် ဝှက်ထားလိုက်သဖြင့် ချန်လော့ပိုင်၏ လက်ချောင်းများမှာ သူမ၏မျက်နှာပေါ်မှ လွတ်ထွက်သွားသည်။

သူ့လက်မှာ လေထဲတွင် တစ်စက္ကန့်ခန့် တန့်သွားသည် : "ခုနက ဘာပြောလိုက်တာလဲ"

ကျိုးအန်းရန်သည် ဤကဲ့သို့သော စကားမျိုးပြောရန် အကျင့်မရှိသော်လည်း သူ့ကို ပြောပြချင်နေမိသည်။

သူမသည် သူ့ T-shirt စကို ဆုပ်ကိုင်လိုက်ရင်း သတ္တိမွေးကာ ရှက်ရွံ့စိတ်များကို ထိန်းချုပ်ပြီး ထပ်မံပြောလိုက်သည် : "နိုင်နိုင် ရှုံးရှုံး၊ နင်က ငါ့စိတ်ထဲမှာ အမြဲတမ်း နံပါတ်တစ်ပဲ"

ချန်လော့ပိုင်၏ အသက်ရှူသံမှာ ရုတ်တရက် ပြင်းထန်သွားပြန်သည်။

သူမသည် ယနေ့ တစ်နေ့လုံး သူ့ကို အံ့သြစရာများ ပေးနေသကဲ့သို့ပင်။

ပထမပိုင်းနှင့် ဒုတိယပိုင်းကြားတွင် သူမသည် သူ့လက်ကို စတင်၍ ဆွဲခဲ့သည်။

ပွဲဝက် အနားယူချိန်တွင် သူမသည် သူ့နောက်ကို လိုက်ထွက်လာခဲ့သည်။

တတိယပိုင်းနှင့် စတုတ္ထပိုင်းကြားတွင် သူမသည် ကွင်းထဲသို့ ပြေးဝင်လာပြီး သူ့ကို ရေပေးခဲ့သည်။

ပွဲပြီးဆုံးချိန်တွင် သူမသည် ပထမဆုံးအကြိမ် ပြေးလာပြီး သူ ဒဏ်ရာရ၊ မရကို စိုးရိမ်တကြီး မေးခဲ့သည်။

ယခုအခါ သူ စိတ်မကောင်းဖြစ်နေသည်ကို ရိပ်မိပြီး သူမ၏ အေးဆေးသော စရိုက်ကို ကျော်လွန်ကာ ဤကဲ့သို့သော စကားလုံးများဖြင့် သူ့ကို ချော့မြှူနေပြန်သည်။

သူ၏ ရင်ထဲတွင် သူမ ပေးအပ်သော နူးညံ့သည့် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေပြီး ထိုခံစားချက်များမှာ အရှိန်အဟုန်ပြင်းထန်လှသဖြင့် တစ်ခုခု မလုပ်လိုက်ရလျှင် ပေါက်ကွဲထွက်သွားတော့မည့်အတိုင်းပင်။

ချန်လော့ပိုင်က လက်ကို ဆွဲထုတ်လိုက်ကာ သူမ၏ မေးစေ့ကို ကိုင်၍ သူမ ခေါင်းမော့လာစေရန် အသာအယာ ဖိအားပေးလိုက်သည် : "ပွဲဝက်တုန်းက နင် ငါ့ကို ဘာပြောခဲ့လဲ မှတ်မိလား"

သူက ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်သဖြင့် ကျိုးအန်းရန် ကြောင်သွားပြီး ခဏမျှ စဉ်းစားမရဖြစ်သွားသည် : "ဘာစကားလဲ"

"သတိမရလည်း ကိစ္စမရှိပါဘူး။"

ကျိုးအန်းရန်က ဘာကို ကိစ္စမရှိတာလဲဟု ထပ်မေးရန် ပြင်စဉ်မှာပင်။

နောက်တစ်စက္ကန့်တွင် ထိုကောင်လေးက ခေါင်းငုံ့ကာ သူမကို နမ်းလိုက်လေသည်။

ယခုတစ်ကြိမ် အနမ်းမှာ လှေကားထောင့်ကထက် ပို၍ ပြင်းထန်လှသည်။

သူမ၏ အသက်ရှူသံများမှာ သူ့ထံတွင် လုံးဝ ပျောက်ကွယ်သွားရသည်။

ထိုအနမ်းကြောင့် ကျိုးအန်းရန်သည် ခုနက မေးခွန်း၏ အဖြေကို ရုတ်တရက် သတိရသွားသည်။

ပွဲဝက်တုန်းက သူမသည် သူ့ကို ပွဲပြီးမှ ဆက်နမ်းရအောင်ဟု ပြောခဲ့သည် မဟုတ်ပါလား။

ဖြစ်နိုင်သည်မှာ ယနေ့ သူ့ပုံစံက သူမကို အလွန်ဆွဲဆောင်နေ၍လား သို့မဟုတ် သူ စိတ်မကောင်းဖြစ်နေသည်ကို ရိပ်မိ၍လား မသိရပေ။ ယခုအခါ သူမသည် သူ့စားပွဲထဲသို့ သကြားလုံးများ တိတ်တဆိတ် ထည့်ပေးရုံသာ မဟုတ်ဘဲ...

ကျိုးအန်းရန်သည် သူ့ပခုံးကို ဆုပ်ကိုင်လိုက်ရင်း ပထမဆုံးအကြိမ်အဖြစ် အနမ်းကို ရှက်ရှက်နှင့် ပြန်လည် တုံ့ပြန်လိုက်မိသည်။

သူမ၏ နူးညံ့သော လျှာဖျားလေးက သူ့ကို ထိတွေ့လိုက်သည့် ခဏ၌ ချန်လော့ပိုင်၏ ဦးနှောက်ထဲမှ ဆင်ခြင်တုံတရားဟု ခေါ်သော ကြိုးမျှင်လေးမှာ ရုတ်တရက် ပြတ်တောက်သွားသကဲ့သို့ပင်။

သူသည် သူမ၏ လည်ပင်းနောက်ကို ကိုင်ထားသော လက်ကို တင်းကျပ်လိုက်ပြီးမှ ပြန်လွှတ်လိုက်သည်။

သတိဝင်လာချိန်တွင် သူမ၏ အဝတ်အစားများမှာ ဖရိုဖရဲဖြစ်နေပြီဖြစ်ပြီး နူးညံ့သော အသားစိုင်များမှာ သူ့လက်ချောင်းများကြားတွင် ခံစားနေရသည်။

ချန်လော့ပိုင်သည် ရုတ်တရက် သတိပြန်ဝင်လာသည်။

နှစ်စက္ကန့်အကြာတွင်။

သူသည် ကျိုးအန်းရန်၏ ပခုံးပေါ်တွင် မှီထားလိုက်ရင်း အလွန်အမင်း အက်ကွဲနေသော အသံဖြင့် "တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။

ကျိုးအန်းရန်သည် သူ့ T-shirt ကို တင်းတင်းဆုပ်ကိုင်ထားရင်း မျက်နှာတစ်ခုလုံး နီရဲနေပြီဖြစ်ကာ ခပ်တိုးတိုး "ကိစ္စမရှိပါဘူး" ဟု ပြန်ပြောလိုက်သည်။

ချန်လော့ပိုင်၏ အသက်ရှူသံများမှာ ထပ်မံ၍ ဖရိုဖရဲ ဖြစ်သွားပြန်သည်။

"ကျိုးအန်းရန်။"

သူ့စိတ်ခံစားချက်ကို ခဏမျှ ထိန်းညှိလိုက်သည် : "မင်းက အရမ်းလိမ္မာမနေပါနဲ့"

ကျိုးအန်းရန်၏ အသက်ရှူသံများမှာလည်း မမှန်တော့ပေ။ ယနေ့ သူ "လိမ္မာတယ်" ဟု ပြောသည်မှာ ဒုတိယအကြိမ် ရှိပြီဖြစ်သည်။ သူမ ခေါင်းကို အသာအယာ ခါလိုက်သည် : "လိမ္မာတာ မဟုတ်ပါဘူး"

"ဒါဆို ဘာလဲ" ချန်လော့ပိုင်က သူမပခုံးကို မှီထားရင်း မေးလိုက်သည်။

ကျိုးအန်းရန်သည် နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

သူမသည် သူ့ကို မည်မျှအထိ ချစ်သည်ကို သူ သိလိမ့်မည် မဟုတ်ပေ။

မည်မျှအထိ ချစ်သလဲဆိုလျှင် ခုနက သူသာ စည်းကျော်သွားလျှင်တောင် သူမ တားဆီးမိလိမ့်မည် မဟုတ်ပေ။ တိုက်ခန်းသို့ ပထမဆုံးအကြိမ် လာသည့်နေ့က သူ ထိုစကားပြောခဲ့စဉ်က သူသာ အတင်းအကျပ်လုပ်ခဲ့လျှင် သူမ ခေါင်းညိတ်မိနိုင်သည်။

သို့သော် ဤစကားများကို သူမ သူ့ကို ပြောပြရန် ရှက်နေမိသည်။

သူမဘက်မှ စကားပြန်မလာသဖြင့် ချန်လော့ပိုင်က ခေါင်းမော့ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းနှင့် မျက်ဝန်းများမှာ ရေငွေ့များဖြင့် စိုစွတ်နေပြီး အနိုင်ကျင့်ခံထားရသည့် ပုံစံမျိုး ပေါ်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ခုနက သူမ သူ့ကို မတားခဲ့ပေ။

"လိမ္မာတာ မဟုတ်ရင် ဘာလဲ"

"......"

"မပြောရင် ငါ ဆက်လုပ်မှာနော်"

ကျိုးအန်းရန် ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်ပြီး သူ့ကို မကြည့်တော့ပေ။

နှစ်စက္ကန့်ခန့် အကြာတွင် တိုးညင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

"အင်း။"

ဧည့်ခန်းထဲတွင် ခဏမျှ တိတ်ဆိတ်သွားပြီး မည်သူ့ဆီကမှန်း မသိရသော ပြင်းထန်သည့် အသက်ရှူသံများနှင့် သေးငယ်သော လှုပ်ရှားသံများသာ ကျန်ရှိတော့သည်။

ကျိုးအန်းရန်သည် သူ့လက်မောင်းကို တင်းတင်းဆုပ်ထားမိသည်။

တွန်းထုတ်ချင်သလိုလို၊ သို့မဟုတ် မိမိကိုယ်ကို သူ့ထံသို့ ပိုမို ပေးအပ်ချင်သလိုလိုပင်။

....

ခဏအကြာတွင်။

သို့မဟုတ် အချိန်အတော်ကြာသွားပြီးနောက်တွင်။

ချန်လော့ပိုင်က သူမ၏ နားရွက်လေးကို နမ်းလိုက်သည်ကို ကျိုးအန်းရန် ခံစားလိုက်ရသည်။ သူ့အသက်ရှူသံနှင့် အသံမှာ သူမ၏ နားနားတွင် ကပ်လျက်ရှိနေပြီး ပူလောင်လှသဖြင့် သူမ၏ နှလုံးသားကို ထပ်မံ၍ ခုန်မြန်စေသည် : "ပေါင်ပေ့၊ ကြည့်လို့ရမလား"

....

ထိုညက ဥပဒေကျောင်း၏ အောင်ပွဲခံစားပွဲတွင် ဘာတွေစားခဲ့သည်၊ အခြားသူများ ဘာတွေပြောခဲ့သည်ကို ကျိုးအန်းရန် သတိမထားမိခဲ့ပေ။

သူမသည် စားပွဲတွင် ထိုင်နေစဉ် တစ်ချိန်လုံး ချန်လော့ပိုင်၏ အနားတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ စားပွဲပေါ်မှ ဟင်းပွဲများ သူမရှေ့သို့ ရောက်လာလျှင်ဖြစ်စေ၊ သို့မဟုတ် ချန်လော့ပိုင်က သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလျှင်ဖြစ်စေ သူမသည် ဘာကိုမှ သတိမထားဘဲ စားနေမိသည်။ သူမ၏ စိတ်မှာ မည်သည့်နေရာသို့ ရောက်နေသည် မသိရပေ။

နောက်ထပ်တစ်ကြိမ် ဟင်းတစ်မျိုးကို ဖြစ်သလို ညှပ်လိုက်ပြီးနောက် ကျိုးအန်းရန်သည် ထုံးစံအတိုင်း မကြည့်ဘဲ စားရန် ပြင်စဉ် လက်ကောက်ဝတ်ကို အဆွဲခံလိုက်ရသည်။

ချန်လော့ပိုင်၏ အသံက ဘေးနားမှ ထွက်ပေါ်လာသည်။ တစ်ညလုံး သူသည် သူမကို အလွန်နူးညံ့စွာ ပြောဆိုနေခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ အပြုံးအချို့ ပါဝင်နေသည် : "ဘာဖြစ်လို့ တွေ့သမျှ အကုန် ပါးစပ်ထဲ ထည့်နေတာလဲ"

ကျိုးအန်းရန် ကြောင်သွားပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

အကြည့်များက မတော်တဆ သူ့နှုတ်ခမ်းပေါ်သို့ ကျရောက်သွားသောအခါ ပူလောင်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ချက်ချင်း ပြန်လွှဲလိုက်မိသည်။

ကျိုးအန်းရန် ခေါင်းပြန်ငုံ့လိုက်သောအခါမှ သူမ ညှပ်ထားသည်မှာ နာနတ်ပွင့်တစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူမ၏အကြည့်များက အနည်းငယ် ရွေ့လျားသွားသောအခါ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော သူ့လက်ကို မြင်လိုက်ရသည်။ ထိုလက်မှာ ဘောလုံးကစားပြီးစကဲ့သို့ မပူတော့သလို၊ ရေချိုးပြီးစကဲ့သို့လည်း မအေးတော့ပေ။

သူ့လက်ကောက်ဝတ်မှ အရိုးပေါ်တွင် သူမ အကြိမ်ပေါင်းများစွာ ခိုးကြည့်ခဲ့ဖူးသော မှဲ့နက်လေးတစ်ခု ရှိနေသည်။

ထိုမှဲ့နက်လေးသည် ယနေ့ည မကြာသေးမီကပင် ထိုလက်ချောင်းများ လှုပ်ရှားနေစဉ်၊ ဆုပ်နယ်နေစဉ်နှင့် ပွတ်သပ်နေစဉ်အတွင်း သူမ၏ မျက်စိရှေ့တွင် အချိန်အတော်ကြာအောင် လှုပ်ခါနေခဲ့ခြင်း ဖြစ်သည်။

ချန်လော့ပိုင်၏အသံမှာ နားထဲတွင် ထပ်မံထွက်ပေါ်လာသည်။

ထိုကောင်လေးက အရင်ဆုံး ခပ်တိုးတိုး ရယ်လိုက်ပြီးမှ မေးလိုက်သည် : "ဘာစားချင်လဲ၊ ငါ ညှပ်ပေးမယ်"

ကျိုးအန်းရန်သည် ဘာမှ မစားချင်တော့ပေ။

သူမ ခေါင်းခါပြလိုက်သည်။

"မစားတော့ဘူး။"

ချန်လော့ပိုင်က အလိုလိုက်သည့် ပုံစံဖြင့် "ကောင်းပါပြီ၊ ဗိုက်ဆာရင် ပြန်ကျွေးမယ်" ဟု ပြောလိုက်သည်။

ထမင်းမစားသော်လည်း ကျိုးအန်းရန်သည် သူတို့ စကားပြောနေသည်ကို အတင်းအကျပ် နားထောင်နေမိသည်။ စကားဝိုင်းမှာ နောက်ပိုင်းတွင် ဘောလုံးဝတ်စုံ နံပါတ်များအကြောင်းသို့ ရောက်ရှိသွားသည်။

သူမဘေးမှ ဤလူမှာ အဓိက စွမ်းဆောင်ရှင်ဖြစ်သဖြင့် ပထမဆုံး အမေးခံရခြင်းဖြစ်သည်။

"ဒါနဲ့ ချန်လော့ပိုင်၊ မင်းရဲ့ ဝတ်စုံနံပါတ်က ဘာလို့ ၂၆ ဖြစ်နေတာလဲ"

"Kyle Korver က ၂၆ နံပါတ် ဝတ်တယ်ထင်တယ်"

"ဟုတ်တယ်၊ သူ့ရဲ့ သုံးမှတ်တန်တွေက တကယ် မိုက်တာ"

"မဟုတ်ဘူး။" ကျိုးအန်းရန်၏ ပခုံးပေါ်သို့ လက်တစ်ဖက် ရုတ်တရက် ရောက်ရှိလာကာ ချန်လော့ပိုင်က သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရင်း အပြုံးများဖြင့် ပြောလိုက်သည် : "အဲ့ဒါက သူ့နာမည်ရဲ့ စုစုပေါင်း စုတ်ချက်အရေအတွက်"

***

လီမွန်ဆိုဒါသကြားလုံး

အခန်း ၆၀ ။ သကြားလုံး : နောက်ဆို ထာဝရ နင့်အနားမှာ ရှိနေတော့မှာ

ကျိုးအန်းရန် အဆောင်ပြန်ရောက်တော့ ရှဲ့ကျင့်ယွီနဲ့ ယွီရှင်းယွဲ့တို့ မအိပ်သေးဘူး။

ပိုင်လင်းယွင် ကုတင်နဲ့ စားပွဲကလွတ်နေတယ်။

ရှဲ့ကျင့်ယွီက သူမကို မြင်တော့ အံ့ဩသွားသည်။

"ငါထင်တာ နင်လည်း လင်းယွင်လိုပဲ ဒီည ပြန်လာတော့မှာ မဟုတ်ဘူးလို့လေ"

ပြီးခဲ့တဲ့အကြိမ်က အတွေ့အကြုံကြောင့် ကျိုးအန်းရန်က သူမဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သည်။ ဒါပေမဲ့ သူတို့နဲ့ အဲဒီလောက် ပွင့်လင်းတဲ့ ခေါင်းစဉ်တွေ မပြောရဲသေးလို့ နားမလည်ယောင်ဆောင်လိုက်သည်။

"ငါ ဘာလို့ ပြန်မလာရမှာလဲ"

ရှဲ့ကျင့်ယွီ - "ဒါဆို ဘာလို့ မျက်နှာရဲနေတာလဲ"

ကျိုးအန်းရန် - "......"

ထားလိုက်ပါတော့၊ သူမကို လိမ်လို့လည်း မရသလို၊ ပြောလို့လည်း မနိုင်ပါဘူး။

"ငါ မျက်နှာ သွားသစ်လိုက်ဦးမယ်"

ရေချိုးခန်းထဲ ပြေးဝင်သွားပြီး အရင်ဆုံး အတွင်းခံအင်္ကျီ (Bra) ချိတ်ကို ဖြုတ်လိုက်သည်။ ဒီညနေခင်း သူမ သက်သောင့်သက်သာ မဖြစ်ဘူး။ ရင်းနှီးသလို စိမ်းသက်သလို အထိအတွေ့တစ်ခုက အဲဒီနေရာမှာ စွဲကျန်နေသလို ခံစားရပြီး ရင်ထဲ တုန်လှုပ်နေတယ်။

အထူးသဖြင့် နောက်ပိုင်း သူမ သဘောတူလိုက်ပြီးတော့ တစ်ယောက်သောသူက အခွင့်ကောင်းယူပြီး ခေါင်းငုံ့နမ်းလိုက်တာလေ။

ကျိုးအန်းရန် ခေါင်းခါလိုက်သည်။

မှတ်ဉာဏ်ထဲက မျက်နှာပူစရာကောင်းတဲ့ ပုံရိပ်တွေကို အတင်းဖိနှိပ်ထားလိုက်သည်။

မျက်နှာသစ်ပြီး ကုတင်ပေါ် တက်လိုက်သည်။

ဖုန်းမြည်လာသည်။

C - [မအိပ်သေးဘူးလား]

ကျိုးအန်းရန် - [အင်း]

ကျိုးအန်းရန် - [အိပ်တော့မလို့ပါ]

ကျိုးအန်းရန် - [နင် အဆောင်ပြန်ရောက်ပြီလား]

C - [ရောက်ပြီ]

C - [နီနေလား]

ကျိုးအန်းရန် - "?"

ဘာနီတာလဲ။

မေးမလို့ လုပ်တုန်း နောက်ထပ် စာနှစ်စောင် ဝင်လာသည်။

C - [မထွက်ခင်တုန်းက ကြည့်လိုက်တော့ နည်းနည်း နီနေသလိုပဲ]

C - [နောက်တစ်ခါ ဖွဖွလေး လုပ်ပေးရမလား]

ကျိုးအန်းရန် သဘောပေါက်သွားပြီး မျက်နှာရော ဖုန်းပါ ပူထူသွားသည်။

ဖုန်းကို ဘေးပစ်လိုက်ပြီး ခေါင်းအုံးပေါ် မှောက်ချလိုက်သည်။

ဖုန်း ခဏငြိမ်သွားသည်။

သူမ အဖြေကို မရလို့လား မသိဘူး၊ ဟိုဘက်က စာဆက်ပို့လာသည်။

တစ်ချက် မြည်တယ်။

နှစ်ချက် မြည်တယ်။

သုံးချက် မြည်တယ်။

ကျိုးအန်းရန် ခေါင်းအုံးပေါ် မျက်နှာအပ်ထားရင်း စက္ကန့်အနည်းငယ်ကြာတော့ မနေနိုင်ဘဲ ဖုန်းကို စမ်းယူလိုက်သည်။

C - [ထားလိုက်ပါတော့]

C - [နင် ရှက်နေမှာ သေချာတယ်]

C - [မနက်ဖြန် ငါ့ဘာသာ ကြည့်လိုက်တော့မယ်]

ကျိုးအန်းရန် - "??"

ဖုန်းကို ဘေးပစ်လိုက်ပြန်သည်။

....

နောက်တစ်နေ့က တနင်္ဂနွေနေ့ ဖြစ်သည်။ မနက်စာစားပြီးတော့ ကျိုးအန်းရန် သူ့နောက်လိုက်ပြီး တိုက်ခန်းကို သွားလိုက်သည်။ အထဲရောက်ပြီး ဖိနပ်လဲပြီးတော့ စဉ်းစားလိုက်ပြီး မျက်နှာရဲရဲနဲ့ ပြောလိုက်သည်။

"ငါ ဒီနေ့ စာတမ်းရေးစရာ ရှိတယ်၊ မှတ်စုတွေ အများကြီး ဖတ်ရဦးမယ်"

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။ သူမမျက်နှာပေါ် တစ်ချက်ကြည့်ပြီး အကြည့်ကို အောက်နည်းနည်း ရွှေ့လိုက်သည်။ နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားပြီး ပျင်းရိရိ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး၊ နင့်စာ နင်ဖတ်၊ ငါ့စာ ငါဖတ်ပေါ့"

ကျိုးအန်းရန် - "......"

ဒါပေမဲ့ သူ့ကို မငြင်းရက်ဘူး။

စာတမ်းက တစ်ဝက်ကျော်လောက် ပြီးနေပါပြီ။ ဒီနေ့ တစ်နေ့လုံး အချိန်ရသေးတယ်။ အချိန်နည်းနည်း ကြန့်ကြာသွားလည်း ကိစ္စမရှိပါဘူး။

စာကြည့်ခန်းထဲ သူလက်ဆွဲခေါ်သွားပြီး စာအုပ်ဖွင့်၊ လက်ပ်တော့ဖွင့်ပြီးတော့မှ သူကလည်း သူမဘေးနားမှာ အေးအေးဆေးဆေး လက်ပ်တော့ဖွင့်နေတာ တွေ့လိုက်ရတယ်။ အဲဒီကျမှ ကျိုးအန်းရန် သဘောပေါက်လိုက်သည်။ ဒီလူ သူမကို စနေပြန်ပြီ။

နည်းနည်း စိတ်ဆိုးချင်ပေမယ့်၊ လေးစားခံရတဲ့ ချိုမြိန်တဲ့ ခံစားချက်လေးလည်း ရလိုက်သည်။

ကျိုးအန်းရန် စာတမ်းရေးတာ သိပ်အဆင်မပြေဘူး။ တစ်နေ့လုံး အလုပ်ရှုပ်နေရပြီး ညနေစာ စားပြီးတော့လည်း တစ်နာရီကျော်လောက် ထပ်ရေးလိုက်ရသည်။ ည ၈ နာရီနီးပါးမှ ပြီးသွားသည်။

အဲဒီအချိန် ကောင်းကင်က မှောင်နေပြီ။ မီးရောင်စုံတွေ လင်းလက်နေပြီး သူစိမ်းမဆန်တော့တဲ့ မြို့ပြကြီးကို အလင်းပေးနေတယ်။

ကျိုးအန်းရန် ဇက်ကြောဆန့်လိုက်ပြီး ဘေးလှည့်ကြည့်လိုက်တော့ ချန်လော့ပိုင်က သူမကို တိတ်ဆိတ်စွာ ကြည့်နေတာ တွေ့လိုက်ရသည်။

"ပြီးပြီလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။ ပါးချိုင့်လေးတွေ ပေါ်လာသည်။

"အပြင်ထွက်ပြီး တီဗီအတူကြည့်ကြမလား" ချန်လော့ပိုင် တိုးတိုးလေး မေးလိုက်သည်။

ကျိုးအန်းရန် - "နင် အိမ်စာ ပြီးပြီလား"

"အကြွေးတွေက များတယ်" ချန်လော့ပိုင် သူမကို ဆွဲထူပေးလိုက်သည်။ "ခဏလေး နားလို့ရပါတယ်"

ကျိုးအန်းရန် သူနဲ့တွဲတာ တစ်လကျော်လောက် ရှိပြီ။ တိုက်ခန်းကို လာတာလည်း မနည်းတော့ဘူး။ အတူတူ အားလပ်ချိန်ရပြီး တီဗီကြည့်ဖူးတာ မရှိသေးဘူး။ သူလည်း အနားယူသင့်တယ်ထင်ပြီး လိုက်ထလိုက်သည်။

ဧည့်ခန်းရောက်တော့ ချန်လော့ပိုင်က သူမလက်ဆွဲပြီး ဆိုဖာမှာ ထိုင်ခိုင်းလိုက်သည်။

ကျိုးအန်းရန် မေးလိုက်သည်။

"ငါတို့ ဘာကြည့်ကြမလဲ"

ချန်လော့ပိုင် တိုက်ရိုက် မဖြေဘူး။ တီဗီဖွင့်ပြီး လိုင်းပြောင်းနေသည်။ နောက်ဆုံး CCTV-5 (အားကစားလိုင်း) မှာ ရပ်လိုက်သည်။ ရီမုကို စားပွဲပေါ် ပစ်တင်လိုက်ပြီး သူမပခုံးပေါ် လက်တင်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ပြီးမှ ပြောလိုက်သည်။

"နင်နဲ့အတူ ဘောလုံးပွဲ ကြည့်ဖို့ အချိန်မရခဲ့ဘူး"

ကျိုးအန်းရန် တီဗီဖန်သားပြင်ကို ကြည့်လိုက်သည်။

ဘယ်ဘက်ထောင့်မှာ "CBA Regular Season Round 16" ဆိုတဲ့ စာသား ထင်ရှားနေသည်။

မတွဲခင်ကတည်းက အခုချိန်ထိ သူက သူမရဲ့ အတိတ်က နောင်တတွေကို အမြဲ ဖြည့်ဆည်းပေးနေခဲ့တာ။ တကယ်တော့ ကျင့်သားရနေသင့်ပါပြီ။ ဒါပေမဲ့ ဖန်သားပြင်ပေါ်က စာသားတွေကို ကြည့်ပြီး ကျိုးအန်းရန် နှာခေါင်းထိပ်လေး ရှုံ့သွားတယ်။

ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အသင်းနာမည်တောင် မသိ၊ လက်ရှိကစားသမား တစ်ယောက်တည်းပဲ သိပြီး ကျိုးချင်းဆွေနောက်လိုက်ကာ ပထမဆုံး ဘောလုံးပွဲ ကြည့်ခဲ့တဲ့ ကျိုးအန်းရန်လေးက တစ်နေ့ကျရင် သူ့ရင်ခွင်ထဲရောက်ပြီး ဘောလုံးပွဲ အတူကြည့်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။

ကျိုးအန်းရန် သူ့ခါးကို ဖက်လိုက်ပြီး ရင်ခွင်ထဲ တိုးဝင်လိုက်သည်။

ချန်လော့ပိုင် သူမရဲ့ အပြုအမူလေးကို သတိထားမိပြီး မျက်ခုံးပင့်လိုက်သည်။

"ဘာလို့ ရုတ်တရက် ကပ်ချွဲနေတာလဲ။ ဘောလုံးပွဲ အတူကြည့်ပေးရုံနဲ့ ငါ့ကို အရင်စဖက်နေပါလား"

ကျိုးအန်းရန် - "......"

ချန်လော့ပိုင် သူမပါးကို ဆွဲလိုက်သည်။ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"ဒါဆို နောက်ကျရင် များများ အတူကြည့်ပေးရမယ်"

ဒီလူက အခုဆိုရင် မိနစ်ပိုင်းလောက်တောင် တည်တည်ကြည်ကြည် မနေနိုင်တော့ဘူး။

ဝမ်းနည်းစိတ်တွေ ချက်ချင်း ပျောက်သွားသည်။

ကျိုးအန်းရန် မျက်နှာရဲရဲနဲ့ သူ့လက်ကို ဖယ်လိုက်ပြီး မူလနေရာမှာ ပြန်ထိုင်လိုက်သည်။

"ပွဲစတော့မယ်"

ကျိုးအန်းရန် အတန်းထဲမှာ သူနဲ့ ကျုရန် စကားပြောတုန်းက ညလယ်ခေါင် ဘောလုံးပွဲကြည့်ရင်း ဒေါသထွက်လို့ အိပ်မပျော်ဘူးဆိုတာ ကြားဖူးတယ်။ ဘောလုံးပွဲကြည့်ရင် သူ နည်းနည်းလောက်တော့ စိတ်လှုပ်ရှားမယ် ထင်ထားတာ။ တကယ်တမ်းကျတော့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့တစ်ပွဲက တကယ် ဆိုးရွားလို့ နေမှာပါ။ ဒီနေ့ပွဲက နှစ်သင်းလုံး ခြေစွမ်းသာမန်ပါပဲ။ သူလည်း အေးဆေး တည်ငြိမ်နေတယ်။

ရံဖန်ရံခါ သူမက နည်းစနစ်ပိုင်းဆိုင်ရာ မေးခွန်းလေးတွေမေးမှ ချန်လော့ပိုင်က သေချာရှင်းပြပေးတယ်။ ဒါမှမဟုတ် ပွဲတစ်ပိုင်းပြီးလို့ နားချိန်ရောက်ရင် အနားတိုးကပ်လာပြီး သူမပါးစပ်ထဲ သကြားလုံးတစ်လုံး ထည့်ပေးတယ်။

သူ့တိုက်ခန်းထဲက မုန့်တွေ အချိုရည်တွေက ပြောင်းလဲနေပေမယ့် အဲဒီလီမွန်ဆိုဒါသကြားလုံးကတော့ အမြဲတမ်း ပြည့်နေတယ်။

ည ၇ နာရီ ၃၅ မိနစ်မှာ စတဲ့ပွဲက ပြီးသွားတော့ ည ၁၀ နာရီ ထိုးနေပြီ။

ကျိုးအန်းရန်က သူ့ကို အိမ်စာလုပ်ဖို့ တိုက်တွန်းမလို့ လုပ်တုန်း တစ်ခုခု သတိရသွားသည်။

"ဒါနဲ့... မနေ့က ကျုရန် ပြောပြတယ်။ ထန်ကျန့်ရွေ့တို့ နောက်တစ်ပတ် လာမယ်တဲ့။ ရှင်းရှင်းတို့ကို လာတွေ့မလား မေးပေးပါဦးတဲ့"

ချန်လော့ပိုင် သူမဆံပင်ကို ကစားနေသည်။

"အင်း... ကျုရန် ငါ့ကို ပြောပြတယ်။ ဘာပဲဖြစ်ဖြစ် ငါ သူတို့ကို ထမင်းတစ်နပ် အကြွေးတင်နေတာ၊ ဒီတစ်ခါ တွေ့ဆုံပွဲကျရင် တစ်ခါတည်း ကျွေးလိုက်တော့မယ်။ နင် အရင်ဂရုလေးထဲမှာ မေးကြည့်လိုက်လေ၊ တုန်းချန်တို့ လိုက်ချင်လားလို့"

ကျိုးအန်းရန် ခေါင်းညိတ်ပြီး ဂရုဖွင့်လိုက်သည်။

ကျိုးအန်းရန် - [@All]

ကျိုးအန်းရန် - [ပိတ်ရက်ကျရင် နင်တို့ အားလား၊ အပြင်ထွက် ဆုံကြမလား]

ကျိုးအန်းရန် - [ထန်ကျန့်ရွေ့တို့ လာလောက်တယ်]

ကျိုးအန်းရန် - [သူ ပြောတာ နင်တို့ကို ထမင်းတစ်နပ် အကြွေးတင်နေတာ၊ ဒီတစ်ခါ တစ်ခါတည်း ကျွေးလိုက်မယ်တဲ့]

ယန်ရှင်းချန် - [သူက ဘယ်သူလဲ]

ကျန်းရူရှန်း - [ဟုတ်တယ်... နင်က ရှင်းရှင်းလင်းလင်း မပြောရင် ငါတို့ ဘယ်လိုသိမှာလဲ]

ရှန့်ရှောင်ဝမ် - [မသိဘူး +1]

တုန်းချန်ပါ ဝင်ပါလာသည်။

[ဟုတ်တယ်... ကျိုးအန်းရန်၊ နင်က ရှင်းရှင်းလင်းလင်း မပြောရင် ငါတို့ ဘယ်လိုသိမှာလဲ]

ကျိုးအန်းရန် - "......"

လက်တစ်ဖက်ကို လက်ကြီးတစ်ဖက်က လာဆုပ်ကိုင်လိုက်သည်။

ချန်လော့ပိုင်က သူမလက်ကို ကိုင်ထားပြီး Voice message ခလုတ်ကို ဖိလိုက်သည်။ ရယ်မောပြီး ပြောလိုက်သည်။

"ငါ ကျွေးမှာ"

သူ လက်လွှတ်လိုက်ပြီး မက်ဆေ့ခ်ျ ပို့လိုက်သည်။

တိုတိုလေး တစ်စောင်။

ဒါကြောင့် ဂရုထဲမှာ စာပြန်တာ မြန်လာသည်။

ယန်ရှင်းချန် - [ငါ မှားသွားပါတယ်၊ ခွေးစာကျွေးခံရမယ်မှန်း သိရင် မမေးခဲ့ပါဘူး]

ကျန်းရူရှန်း - [မမေးခဲ့သင့်ဘူး +1]

ရှန့်ရှောင်ဝမ် - [မမေးခဲ့သင့်ဘူး +2]

ကျိုးအန်းရန် စိတ်ပျက်လက်ပျက် - [နင်တို့ တည်တည်ကြည်ကြည် နေကြပါဦး]

ကျိုးအန်းရန် - [တကယ် အားလား၊ မအားဘူးလား]

ယန်ရှင်းချန် - [1]

ရှန့်ရှောင်ဝမ် - [သေချာပေါက် အားရမှာပေါ့၊ မအားရင်တောင် အားအောင် လုပ်ရမှာပေါ့]

ကျန်းရူရှန်း - [ငါလည်း အားတယ်!! နောက်တစ်ပတ် ပိတ်ရက် ငါ အားတယ်!!!!]

တုန်းချန် - [1]

ယန်ရှင်းချန် - [လိုက်တုနေပြန်ပြီ]

တုန်းချန် - [1 ပို့တာနဲ့ နင့်ကို လိုက်တုတာ ဖြစ်ရောလား၊ ယန်ရှင်းချန် နင် တော်တော် အထင်ကြီးနေတာပဲ]

တုန်းချန် - [နင့်ကို ငြင်းရတာ ပျင်းတယ်]

တုန်းချန် - [နင် လာမလား @ဟယ်မင်ယွီ]

ဟယ်မင်ယွီ - [မလာတော့ပါဘူး]

တုန်းချန် - [ဘာဖြစ်လို့လဲ]

တုန်းချန် - [မင်း နောက်တစ်ပတ် အားတယ်မလား]

ဟယ်မင်ယွီက အလုပ်ရှုပ်နေလို့လား မသိဘူး၊ ထပ်မပြန်တော့ဘူး။

ကျိုးအန်းရန် မျက်တောင်ခတ်လိုက်သည်။

"ဟယ်မင်ယွီ မလာဘူးတဲ့" သူမ တွန့်ဆုတ်နေသည်။ တစ်ယောက်သောသူက ဟယ်မင်ယွီကို နည်းနည်း သဝန်တိုဖူးတာ မှတ်မိနေတယ်။ အရင် မေးလိုက်သည်။ "မေးကြည့်လိုက်ရမလား"

ချန်လော့ပိုင် - "ငါ မေးလိုက်မယ်"

ကျိုးအန်းရန် သူ့သဘောထား တည်ငြိမ်နေတာ တွေ့လိုက်ရသည်။ အရင်တုန်းက သဝန်တိုတာက သူမ ကော်ဖီတစ်ခွက် ပိုဝယ်လာလို့ ဖြစ်လောက်တယ်။ သူမ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ဒါဆို ငါ ရူရှန်းကို မေးကြည့်လိုက်ဦးမယ်၊ ထန်ကျန့်ရွေ့တို့နဲ့ အတူလာမလားလို့၊ အဖော်ရတာပေါ့"

ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။ လက်တစ်ဖက်က သူမပခုံးပေါ် တင်ထားပြီး ကျန်လက်တစ်ဖက်နဲ့ ဖုန်းကိုင်ကာ စာရိုက်လိုက်သည်။

[တကယ် မလာဘူးလား]

ဂရုထဲမှာ တိတ်ဆိတ်နေတဲ့သူက ချက်ချင်း စာပြန်လာသည်။

[ငါ သူနဲ့ သူငယ်ချင်း မဖြစ်ချင်လို့ မဟုတ်ပါဘူး]

ချန်လော့ပိုင် - [စဉ်းစားကြည့်လိုက်တော့]

ချန်လော့ပိုင် - [အဲဒီလောက် ကပ်စေးနည်းလို့ မဖြစ်သေးပါဘူး]

ချန်လော့ပိုင် - [သူ အထက်တန်းတုန်းက ယောကျ်ားလေး သူငယ်ချင်းဆိုလို့ မင်းတို့နှစ်ယောက်ပဲ ရှိတာလေ]

ချန်လော့ပိုင် - [ပြီးတော့ မင်း လာရင်တောင် သူနဲ့ စကားတစ်ခွန်း ပြောရဖို့ မသေချာဘူး]

ဟယ်မင်ယွီ - [နောက်ဆုံးစာကြောင်းက အဓိကအကြောင်းရင်းပဲ ဖြစ်လောက်တယ်]

ချန်လော့ပိုင် နှုတ်ခမ်းထောင့်စွန်း ကွေးညွတ်သွားသည်။

[လာခဲ့ပါ]

[နောက်ဆို အားလုံး အလုပ်ရှုပ်လာကြရင် ဆုံဖို့ အခွင့်အရေး နည်းသွားလိမ့်မယ်]

ဟယ်မင်ယွီ - [ကောင်းပြီ]

ချန်လော့ပိုင် ဖုန်းသိမ်းလိုက်သည်။

"သူ လာလိမ့်မယ်"

ကျိုးအန်းရန် သိပ်မစဉ်းစားတော့ဘဲ "အိုကေ" ဟု ပြောလိုက်သည်။ ပြီးတော့ ဆက်ပြောသည်။

"နင် ထန်ကျန့်ရွေ့တို့ကို ဆွဲထည့်လိုက်လေ၊ ရူရှန်းဆီမှာ သူတို့ WeChat မရှိဘူး"

ချန်လော့ပိုင် "အင်း" ဟု ဖြေသည်။ တစ်ခုခု သတိရသွားပုံရသည်။

"နင့်အခန်းဖော်တွေကိုလည်း ငါ ဖိတ်သင့်တယ်မလား။ နောက်လ စာမေးပွဲရှိတော့မယ်၊ သူတို့ အားသေးလား။ အားရင် ဒီတစ်ခါ အတူခေါ်လိုက်မလား"

ကျိုးအန်းရန်လည်း ကိစ္စတစ်ခု သတိရသွားသည်။

"ရှောင်ဝမ်က ပြီးခဲ့တဲ့တစ်ခေါက် နင် ဒကာခံရင် နင့်အခန်းဖော်ကိုပါ ခေါ်လာပေးလို့ ပြောတယ်"

ချန်လော့ပိုင် နည်းနည်း အံ့ဩသွားသည်။

"သူ လက်မလျှော့သေးဘူးလား"

"သူ ပြောတာ စိတ်ချင်း ကိုက်ညီတာ ရှားလို့၊ သူငယ်ချင်း အရင်လုပ်ကြည့်ချင်လို့တဲ့၊ ခေါ်လို့ ရမလား" ကျိုးအန်းရန် သူ့လက်ကို ဆွဲလိုက်သည်။

ချန်လော့ပိုင် လည်စလုတ် လှုပ်ရှားသွားသည်။

"ရပါတယ်... ငါ မေးကြည့်လိုက်မယ်။ ဘယ်သူမှ စိတ်မရှိရင် အသင်းက လူတွေကိုပါ တစ်ခါတည်း ဖိတ်လိုက်မယ်လေ"

"ဒါဆို အကုန်လုံး မေးကြည့်လိုက်မယ်"

နှစ်ယောက်သား ခေါင်းငုံ့ပြီး သက်ဆိုင်ရာလူတွေကို လိုက်မေးလိုက်ကြသည်။

အားလုံး အတည်ပြုပြီးတော့ ည ၁၀ နာရီ ၄၀ ကျော်နေပြီ။

ကျိုးအန်းရန် ဖုန်းချလိုက်သည်။

ချန်လော့ပိုင် လှည့်ကြည့်လိုက်သည်။

"ပြောလို့ ပြီးပြီလား"

ကျိုးအန်းရန် ခေါင်းညိတ်လိုက်သည်။

ချန်လော့ပိုင်လည်း ဖုန်းကို ဘေးပစ်လိုက်ပြီး သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ စောစောက သူမ အမှတ်တမဲ့ လက်ဆွဲပြီး ချွဲတုန်းကတည်းက သူ ဒီလိုလုပ်ချင်နေတာ။

အသံကို နှိမ့်လိုက်သည်။

"ငါ ကြည့်မယ်နော်"

ကျိုးအန်းရန် - "......"

ဧည့်ခန်းထဲ ခဏတာ တိတ်ဆိတ်သွားသည်။

တစ်ယောက်သောသူ မျက်နှာ ချက်ချင်း ရဲတက်သွားသည်။

"တကယ် နည်းနည်း ရဲနေတာပဲ"

ချန်လော့ပိုင်က အပေါ်က အမှတ်အသား အနီရောင်ဖျော့ဖျော့လေးကို ကြည့်ပြီး လက်လှမ်းလိုက်သည်။

"မနေ့က ငါ သိပ်အားမသုံးမိပါဘူး"

ကျိုးအန်းရန် နှုတ်ခမ်းကို ကိုက်လိုက်သည်။

"နင် ဖွဖွလေး လုပ်ပါ"

ချန်လော့ပိုင် လှုပ်ရှားမှု နည်းနည်း ရပ်တန့်သွားသည်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ ဝေးကွာတဲ့ အမှတ်တရတစ်ခု ရုတ်တရက် ပြန်ပေါ်လာသည်။

"အဲဒီနေ့ကလည်း နင်ပဲမလား"

သူ့လက်က အဲဒီနေရာမှာ ရပ်နေတုန်းပဲ။ ကျိုးအန်းရန် စိတ်တွေ လွင့်မျောနေသည်။

"ဘယ်နေ့က ငါလဲ"

"အထက်တန်းပထမနှစ် ကျောင်းဖွင့်ကာစတုန်းကလေ" ချန်လော့ပိုင် ပြန်စဉ်းစားကြည့်လိုက်သည်။ "တစ်နေ့ ငါ စားပွဲပေါ်မှောက်အိပ်နေတုန်း မိန်းကလေးနှစ်ယောက် ငါ့နားက ဖြတ်သွားတယ်။ တစ်ယောက်က နောက်တစ်ယောက်ကို စကားတိုးတိုးပြောဖို့ သတိပေးလိုက်တာလေ။ အဲဒါ နင် မလား"

အဲဒီတုန်းက သူ မအိပ်ပျော်သေးဘူး။ အဲဒီအသံလေးက ထူးခြားပြီး နားထောင်လို့ကောင်းတယ်လို့ ခံစားလိုက်ရတယ်။ နူးညံ့ပြီး အက်ရှရှလေး။

အသံပိုင်ရှင်က သူ့အဖော်ထက် ပိုပြီး စိတ်သဘောထား နူးညံ့သိမ်မွေ့လိမ့်မယ်လို့ ထင်ခဲ့တယ်။

ဒါပေမဲ့ အဲဒီလောက်ပါပဲ၊ သိပ်ဂရုမစိုက်ခဲ့ဘူး။

သူက ပုံမှန်ဆို အတန်းထဲက မိန်းကလေးတွေအသံကို သေချာ နားမထောင်တတ်ဘူး။ နောက်ပိုင်း အဲဒီအမှတ်တရလေးက မှေးမှိန်ပျောက်ကွယ်သွားတယ်။

အဲဒီနေ့ ကျောင်းအမိုးပေါ်မှာ သူမငိုတာ တွေ့လိုက်ရတဲ့အထိပဲ။ သူမအသံက ရင်းနှီးနေသလို ခံစားရပေမယ့် မှတ်ဉာဏ်တွေ မှေးမှိန်နေလို့ ဘယ်မှာ ကြားဖူးလဲဆိုတာ ပြန်စဉ်းစားလို့ မရခဲ့ဘူး။

ကျိုးအန်းရန်ကတော့ မှတ်မိနေပါတယ်။

သူနဲ့ ကျုရန် ဘောလုံးပွဲအကြောင်းပြောနေတာ ကြားခဲ့ရတဲ့ နေ့လေ။

"ငါ ဖြစ်လောက်တယ်"

ချန်လော့ပိုင် လည်ချောင်း ခြောက်ကပ်သွားသည်။

အထက်တန်းတုန်းက သူ သူမနဲ့ အကြိမ်ကြိမ် လွဲချော်ခဲ့တာပဲ။

ကျိုးအန်းရန်က သူ မျက်လွှာချထားပြီး စကားမပြောဘဲ နေနေတာ၊ လက်ကလည်း မလှုပ်ရှားဘဲ ငြိမ်နေတာ တွေ့တော့ မျက်နှာရဲရဲနဲ့ တိုးတိုးလေး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ချန်လော့ပိုင် သတိပြန်ဝင်လာသည်။

သူမ မျက်နှာရဲရဲလေးနဲ့ အောက်မှာ လိမ်လိမ်မာမာ လှဲနေတာ တွေ့လိုက်ရသည်။ သူမအကြည့်ထဲမှာ နူးညံ့တဲ့ အချစ်တွေ ပြည့်နှက်နေသည်။

"ဘာမှ မဖြစ်ပါဘူး" သူ လက်ကို ဖြည်းဖြည်းချင်း ပြန်လှုပ်ရှားလိုက်သည်။ နာမည်ကို တိုးတိုးလေး ခေါ်လိုက်သည်။ "ကျိုးအန်းရန်... ငါ နင့်အတွက် နောင်တတစ်ခု ထပ်ဖြည့်ဆည်းပေးရမလား"

ကျိုးအန်းရန် မျက်စိရှေ့မှာ လှုပ်ရှားနေတဲ့ မှဲ့နက်ကလေးကို ကြည့်ပြီး စိတ်တွေ လွင့်မျောနေပြန်သည်။

"ဘာနောင်တလဲ"

သူမမှာ ဘာနောင်တ ရှိဦးမှာလဲ။

ချန်လော့ပိုင် - "၁၁ နာရီ ထိုးတော့မယ်၊ နင် ဒီည အဆောင်ပိတ်ချိန် မီတော့မှာ မဟုတ်ဘူး။ ပထမနှစ် ချန်လော့ပိုင်က အထက်တန်းပထမနှစ် ချန်လော့ပိုင်ကိုယ်စား နင်နဲ့အတူ အိပ်ပေးမယ်လေ"

ကျိုးအန်းရန် - "??"

သူမ မျက်နှာ မီးတောက်တော့မလို ဖြစ်သွားသည်။ ချန်လော့ပိုင်က သူမပခုံးပေါ် မျက်နှာအပ်ပြီး ရယ်မောလိုက်သည်။ ရင်ဘတ်တွေ တုန်ခါနေသည်။ လက်က မရပ်သေးဘူး။ အသံနိမ့်နိမ့်လေးနဲ့ ရယ်မောပြီး နားနားကပ်ပြောသည်။

"မျက်နှာက ဘာလို့ ဒီလောက် ရဲနေတာလဲ"

"ဘာတွေ တွေးနေတာလဲ"

"ငါ ပြောတာက အထက်တန်းတုန်းကလို စားပွဲပေါ်မှောက်ပြီး အတူအိပ်မယ်လို့ ပြောတာပါ"

ကျိုးအန်းရန် - "......"

"ချန်လော့ပိုင်!"

ချန်လော့ပိုင် "အင်း" ဟု ဖြေပြီး ခေါင်းစောင်းကာ သူမကို နမ်းလိုက်သည်။ အသံက နိမ့်နေဆဲ။

"စတာပါ... နင်က အိပ်ခန်းကြီးမှာ အိပ်၊ ငါက ဧည့်သည်ခန်းမှာ အိပ်မယ်"

"ချန်လော့ပိုင်က ဒီည နင်နဲ့အတူ မအိပ်ပေးနိုင်ပေမယ့်၊ ချန်လော့ပိုင်က နောက်ဆို ထာဝရ နင့်အနားမှာ ရှိနေပေးတော့မှာပါ"

***

All Chapters